" မင်း တစ်ခုခုဖြစ်နေတာသေချာတယ် "
" မဟုတ်ပါဘူးဆိုဗျာ ... ဟျောင်းစိတ်ထင်နေလို့ "
" ရှင်းဂျယ်ယွန်း ... မလိမ်တတ်ပဲနဲ့ မလိမ်စမ်းနဲ့"
" ဟျောင်းလည်း မရစ်တတ်ပဲနဲ့ ရစ်မနေနဲ့ "
ဂျိတ်ခ်က ဟီဆွန်းဟျောင်းကိုဆို အားမနာပါးမနာ ပြောနေကြပဲ ။ စတွေ့တာ သုံးနှစ်လောက်ပဲရှိသေးပေမယ့် ဟျောင်းက သူ့အကြောင်းဆို အူမချေးခါးအကုန်သိသည် ။ အခုလည်းကြည့် ။ Facetime လုပ်နေရင်းနဲ့ကို သူ့မျက်နှာ အခြေအနေကို ခန့်မှန်းနိုင်သည် ။
Stand ပေါ်တင်ထားတဲ့ ဖုန်းဆီကနေ အကြည့်လွှဲလိုက်ပြီး ဂျိတ်ခ်က စာငုံ့ရေးနေလိုက်သည် ။
နိုင်ငံချင်း ကျောင်းချင်း မတူပေမယ့် စာလုပ်နေတဲ့အချိန်တိုင်း ဒီလိုဖုန်းခေါ်ပြီး အတူတူလုပ်ကြမယ်လို့ ဟျောင်းက စတင်အကြံပေးတာဖြစ်တယ် ။
" မင်းမပြောလည်း နီကီတို့ ဂျောင်ဝန်းတို့ကို ဖုန်းဆက်မေးရုံပေါ့ "
" အာ - မဖြစ်ဘူး မဖြစ်ဘူး ဟျောင်း"
သူ အသည်းအသန်တားလိုက်ရသည် ။
မတားလို့လည်းမဖြစ် ။ ကိစ္စသေးသေးလေးတွေကို ပုံကြီးချဲ့ပြောတတ်တဲ့နေရာမှာ အဲ့နှစ်ယောက်ကအတော်ဆုံး။အထူးသဖြင့် ဂျိတ်ခ်နဲ့ ပတ်သက်ပြီး ဟျောင်းကို လှမ်းတိုင်တဲ့ အချိန် ။
" တွေ့လား ၊ ကြည့် ! မင်းမှာ ကိစ္စတစ်ခုခုရှိနေတာ ကိုယ်သိတယ် "
" ဟျောင်းင်းင်းင်း ဗျာာာာာာာာာ "
လေသံကိုအတတ်နိုင်ဆုံးဆွဲပြီး ချစ်စရာမကောင်းကောင်းတဲ့ပုံစံနဲ့ ချွဲလိုက်ပေမယ့်လည်း မအောင်မြင်ခဲ့။
ဟျောင်းက ဒီတစ်ခါတော့ အလျှော့ပေးမယ့်ပုံမပေါ် ။
" ဟျောင်း IT က ပတ်ဆောင်ဟွန်းကို သိတယ်မလား"
" အင်း ဘာဖြစ်လဲ "
ဟျောင်းက ရုပ်ကောအသံပါ ချက်ချင်းတည်သွားတာမို့ ပြောချင်တဲ့စကားတွေ လည်ချောင်းမှာတစ်သွားရသည် ။ဟျောင်းရဲ့ ဒီလိုပုံစံကို သူတကယ်ကြောက်တယ် ။
" သူ-သူနဲ့လေ မထင်မှတ်ပဲတွေ့မိပြီး ကျောင်းကလူတွေကြားမှာ ကောလာဟလ တွေပျံ့နေလို့ "
" ရှင်းဂျယ်ယွန်း ... မင်းကို ပတ်ဆောင်ဟွန်းဆိုတဲ့လူကို ဝေးဝေးရှောင်ဖို့ သင်ပေးရလောက်တဲ့အထိ ဦးနှောက်မမဲ့ဘူးထင်နေတာ "
" ဟျောင်းကလည်း မတော်တဆပါဆို- "
" သူနဲ့ ထပ်မပတ်သက်နဲ့ ကိုယ်မကြိုက်ဘူး"
" ဟုတ် .. ဟျောင်း "
ဂျိတ်ခ်ကတော့ ရွေးချယ်စရာမရှိ၍ ဒီအတိုင်းခေါင်းငြိမ့်ပြလိုက်ရသည်။ ဟျောင်းက သူနဲ့ပတ်သက်လျှင် တအားစိတ်ဆတ်လွန်းသည် ။ အခုချိန်မှာသာ " ကျွန်တော် ဆောင်ဟွန်းကို သဘောကျနေတာ သုံးနှစ်လောက်ရှိပြီ" လို့ပြောချလိုက်ရင် ဟီဆွန်းဟျောင်းမျက်နှာ ဘယ်လိုဖြစ်သွားလောက်မလဲ ။
➖
အမှန်ဆို ဒီ Computer Science Class ပြီးဖို့ နာရီဝက်တောင် လိုသေးသည် ။ ဒါပေမယ့် အခန်းထဲက ကောင်မလေးတွေကတော့ လှုပ်လှုပ်ရွရွနဲ့ ။
အကြောင်းရင်းကတော့ အတန်းရှေ့မှာ လာစောင့်နေတဲ့ ပတ်ဆောင်ဟွန်း ။
ကောင်မလေးတွေကို ထားဦး ။
ဂျိတ်ခ်အတွက်လည်း လွယ်အိတ်ကို တစ်ဖက်တည်းလွယ်ကာ လာစောင့်နေတဲ့ ခပ်မိုက်မိုက် လူဆိုးကောင်လေး ဆီအကြည့်မရောက်ဖို့ ခက်ခဲလှသည် ။
" အား shit ! သေမလိုကြည့်ကောင်းနေတာပဲ "
ဂျိတ်ခ်က မခံစားနိုင်စွာ တိုးတိုးလေး ရေရွတ်မိသည် ။
စာကိုလည်း အာရုံစိုက်မရတော့ ။ ဆရာပြောနေတဲ့ lecture တွေအစား ပတ်ဆောင်ဟွန်း အခုဝါးနေတဲ့ ပီကေ brand ကို သူပိုစိတ်ဝင်စားနေသည် ။
" ဘယ်သူ့ကိုလာစောင့်နေတာလဲ မသိဘူး "
" နင့်ဆီ မဟုတ်တာတော့ သေချာတယ် ၊ စိတ်ကူးယဉ်မနေနဲ့ "
ဆရာ စကားပြောခဏရပ်သွားတဲ့အချိန် အနောက်နားက ကောင်မလေးနှစ်ယောက်ရဲ့ စကားပြောသံကို ကြားလိုက်ရသည် ။
ဆောင်ဟွန်း ဒီတစ်ပတ် တွဲနေတဲ့ ကောင်မလေးက ဂျိတ်ခ်တို့အတန်းထဲက ဖြစ်ရမည် ။ အဲ့တာကြောင့်လည်း အဲ့ကောင်မလေးကို သူ လာစောင့်နေတာပေါ့ ။
ဘယ်သူများဖြစ်လောက်မလဲ ။
ဟို cheerleader ကောင်မလေး Fera လား ။
ဆရာမတွေရဲ့ အချစ်တော် ခပ်သွက်သွက်နဲ့ မာရီ လား ။
ဒါမှမဟုတ် ကျောင်းသူသစ် ဒါနီကာလား ။
အတန်းထဲက ကောင်မလေးတွေကို ဂျိတ်ခ် သိပ်မသိ ။
အဲ့တာကြောင့်လည်း ဆောင်ဟွန်းတွဲလောက်မယ့် ကောင်မလေးကို စဉ်းစားရင်းစဉ်းစားရင်း နာရီဝက်ကုန်သွားသည် ။
ဆရာအတန်းထဲက နှုတ်ဆက်ပြီး ထွက်သွားတာနဲ့ အသံတွေက ပိုဆူညံလာသည် ။ စိတ်ရှုပ်လူရှုပ်ကို နဂိုတည်းက မုန်းတဲ့ ဂျိတ်ခ်က အခန်းထဲက အမြန်ဆုံးထွက်ဖို့ပြင်မိသည် ။ ဆောင်ဟွန်း လာစောင့်နေတဲ့ ကောင်မလေးက ဘယ်သူများဖြစ်မလဲ ဆိုပြီး စိတ်မဝင်စားနိုင်တော့ ။
ဘာပဲဖြစ်ဖြစ် အဲ့ကောင်မလေးလည်း တစ်ပတ်ပဲ ခံမှာမလား။
" စာကြည့်တိုက်သွားချင်လို့ ခဏလိုက်ခဲ့ပေးပါလား ဂျိတ်ခ်"
Reno အပြောကို သူခေါင်းငြိမ့်ပြရင်း လွယ်အိတ်ကိုကောက်လွယ်လိုက်သည် ။ ပြီးတာနဲ့ အတန်းထဲကနေ ချက်ချင်းလစ်ထွက်ခဲ့သည် ။
" ဂျိတ်ခီး "
နာမည်ခေါ်သံကို ကြားလိုက်ရတာနဲ့ အတူ သူ့တစ်ကိုယ်လုံး အေးစက်သွားသည် ။
" ဂျိတ်ခီး " ဆိုတဲ့ ခေါ်သံကြောင့်လား ။
သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လာတဲ့ ဆောင်ဟွန်းကြောင့်လား ။
အတန်းထဲက ကောင်မလေးတွေရဲ့ တအံ့တဩ အော်သံကြောင့်လား ။
အကြောင်းရင်းကို မသိပေမယ့် သူ့ သွေးတွေပြောင်းပြန်လှန်သွားသလိုမျိုး ခံစားနေရသည် ။
" ညနေအားရင် ကိုယ်နဲ့ ညစာအတူတူ ထွက်စားမလားဟင် "
" အိုးမိုင်ဂေါ့ ပတ်ဆောင်ဟွန်းလာစောင့်နေတာ ရှင်းဂျိတ်ခ်ကိုလား "
" မဖြစ်နိုင်တာ "
" ဘုရားရေ ဆောင်ဟွန်းက တကယ်ကြီး ယောက်ျားလေးတစ်ယောက်ကို တွဲတော့မှာလား "
ဂျိတ်ခ် ခေါင်းတွေရှုပ်လာသည် ။
အတန်းထဲက လူတွေရဲ့ စကားတွေကို သူအတိုင်းသား ကြားနေရသည် ။
ဘေးနားက Reno က သူ့ကိုမျက်လုံးပြူးကြည့်နေသည် ။
ပြီးတော့ " ငါကြိုသွားတော့မယ်" ဟုဆိုကာ ချက်ချင်းပြေးထွက်သွားသည် ။
အခုကျန်ခဲ့တာက ကော်ရစ်တာ တစ်လျှောက်မှာ သူနဲ့ ဆောင်ဟွန်း ရယ် ။
ခိုးကြည့်နေတဲ့ မျက်လုံးပေါင်း သောင်းခြောက်ထောင်ရယ် ။
သူ ဆောင်ဟွန်းကို မော့ကြည့်လိုက်တော့ ဝါးလက်စ ပီကေကို ဒီဘက်ပါးစောင်ထဲ ပြောင်းထည့်ရင်း သူ့ကိုပြုံးကြည့်နေသည် ။
ချီးထဲမှပဲ .. ဒီလူက ပီကေဝါးတာတောင် အရမ်းချောနေတယ်
" ကိုယ်နဲ့ လိုက်မယ်မလား ဂျိတ်ခီး နော် ? "
သူ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့အထိအတွေ့က နူးညံ့သယောင်နဲ့ ပိုမိုတင်းကျပ်လာသည် ။
" ဘာလို့ငါလဲ ဆောင်ဟွန်း .. ငါစာလုပ်စရာရှိသေးတယ် "
" ခဏပါ .. ခဏလေးပဲ ၊ ကိုယ်မင်းနဲ့ ညစာအတူစားချင်တာလေးပါပဲ "
အဲ့ ညစာက နေ ရလာမယ့် အကျိူးဆက်ကို ဂျိတ်ခ်သိသည် ။ ဂျိတ်ခ် သိသလို တစ်ကျောင်းလုံးလည်း သိသည် ။ဒါပေမယ့် ထိုအန္တရာယ်သည် တအားလှပလွန်းနေသည် ။
" ခေါင်းငြိမ့်တာလား အခု ? အိုး ရက်စ် ဒါဆို ကိုယ် ၇ နာရီလောက် မင်းတိုက်ခန်းရှေ့က စောင့်နေမယ်နော် "
ဆောင်ဟွန်းက ထုံးစံအတိုင်း သူ့နဖူးပေါ်က ဆံပင်တွေကို လေမှုတ်ပြီး ဆွဲဖွသွားပြန်သည် ။ ပြီးတော့ မျက်စိတစ်ဖက်မှိတ်ပြပြီး သူမဟုတ်သလို ထွက်သွားသည် ။
ဂျိတ်ခ်က ပူတက်လာတဲ့ပါးနှစ်ဖက်ကို မသိမသာ ကိုင်ကြည့်ရင်း ခေါင်းငုံ့ကာ စာကြည့်တိုက်ဘက် လျှောက်လာခဲ့သည် ။ ဖြတ်သွားဖြတ်လာ လူတွေရဲ့ တီးတိုးသံတွေကို သူနားမစွင့်တော့ ။
အခုလောလောဆယ်တော့ သူသိချင်တာ တစ်ခုတည်း။
သူ့ရဲ့ တိုက်ခန်းလိပ်စာကို ဆောင်ဟွန်းက ဘယ်လိုသိတာလဲ ။
➖
" ဂိုး !!!!!! "
နောက်ထပ် အနိုင်ဂိုးတစ်ခုကို ဆောင်ဟွန်းထပ်သွင်းလိုက်သည် ။ အပြတ်အသတ်ရှုံးသွားတဲ့ ဟိုဘက်အသင်းရဲ့ နည်းပြက သူ့ကို မျက်စောင်းခဲကြည့်သွားသည် ။ ထို နည်းပြရဲ့ သမီးက ဆောင်ဟွန်းကိုသူမနဲ့ အတူတူအိပ်ဖို့ လာလာတောင်းဆိုနေတာကို ထို နည်းပြ မသိ ။
ချွေးရွှဲနေတဲ့ ဆံပင်ကို သူ တစ်ချက်ခါတင်လိုက်သည် ။
ပရိသတ်ဘက်ခြမ်းက စူး ခနဲထွက်ပေါ်လာတဲ့ အော်သံကိုသူလျစ်လျူရှုတတ်နေပြီ ။
" ဆောင်ဟွန်း ဒီညလုပ်စရာမရှိရင် - "
" ဟင့်အင်း ငါမအားဘူး "
ဂျေးရဲ့ စကားသံတို့က လေထဲမှာ တစ်ဝက်တစ်ပျက်နဲ့ ပြီးသွားရသည် ။ ပြီးတော့ ဂျေးက မျက်လုံးပြူးတွေနဲ့ ထူးဆန်းသလိုကြည့်နေသည် ။
" ဒီည fera ရဲ့ ပါတီကို မင်းမလာဖူးလို့တော့ မပြောနဲ့ ဟေ့ကောင် "
" ငါမလာတော့ဘူး "
" ဘာ "
" တကယ် .. ငါမလာတော့ဘူး ၊ ချိန်းထားတာ ရှိလို့"
" ပါတီကိုမလာပဲ ချိန်းထားတာရှိတယ်ဆိုတော့ ဘာလဲ မင်း ဖားသား ကြီး လှမ်းခေါ်ထားလို့လား "
ဆောင်ဟွန်း ခေါင်းခါပြလိုက်သည် ။ အဲ့တော့မှ အနားရောက်လာတဲ့ ဆောနူက အရာအားလုံးကို နားလည်တယ် ဆိုတဲ့ အပြုံးနဲ့ လှမ်းကြည့်သည် ။
" ဂျိတ်ခ်ဟျောင်းကို ဒီည ညစာ အတူစားဖို့ သွားခေါ်ထားတယ်ဆို "
" ဘာရယ်... ဆောင်ဟွန်း ! မင်း - "
ဂျိတ်ခ် ဆိုတဲ့ နာမည်ကြားတော့ နေ့ခင်းတုန်းက ပုံရိပ်လေးက ခေါင်းထဲပေါ်လာသည် ။ မျက်မှန်ဝိုင်းလေး အောက်က မျက်ဝန်းတစ်စုံ ။ နီရဲရဲ ပါးနှစ်ဖက်ရဲ့ အကြောင်းပြချက်ကတော့ သူ့ကြောင့်ပဲဖြစ်လိ့မ်မည် ။ စိတ်ရှုပ်လာပြီဆိုရင် ချက်ချင်းပျက်သွားတဲ့ ထိုမျက်နှာလေးက လုံးဝဟန်မဆောင်တတ် ။
" တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ ဟေ့ကောင် ငါမေးတာဖြေဦး "
" ဘာလဲ ဘာလဲ ပြောပြော "
" မင်း ငါသတိပေးတာကို နားမထောင်ဘူးလား ဆောင်ဟွန်း ... ၊ အီဟီဆွန်းနဲ့ အဝေးဆုံးမှာနေချင်ရင် ဂျိတ်ခ်ကို လွှတ်ပေးထားပါဆို "
ဆောင်ဟွန်းက ပုခုံးပဲတွန့်ပြသည် ။ သူ ဂရုမစိုက်ဘူး ဆိုတဲ့ ပုံစံနဲ့ ။
" အဲ့ကောင်လေးက ဒီလောက်ပျင်းစရာကောင်းတာကို မင်းဘာလို့ သွားပတ်သက်နေတာလဲ ဆောင်ဟွန်း "
" ငါကိုယ်တိုင်တောင် မသိဘူး "
" မင်းတကယ်အရူးပဲ "
တကယ် ဆောင်ဟွန်းကိုယ်တိုင်တောင် မသိ ။
သူ ရုတ်တရက်ကြီး အဲ့ကောင်လေးကို တွေ့ချင်လာရင် ဘာမှစဉ်းစားမနေပဲ သွားတွေ့သည် ။ တစ်ခါတစ်လေ ပေါ်တင်သွားတွေ့သည် ။တစ်ခါတစ်လေ သူ့လှုပ်ရှားမှုတွေကို အဝေးကနေပဲ ကြည့်သည် ။
" ဒါနဲ့ ဂျေး ... အီဟီဆွန်း နဲ့ ဂျိတ်ခ်က ဘာတွေလဲ "
ချွေးစိုနေတဲ့ သူ့ခန္ဓာကိုယ်က လေတစ်ချက်တိုက်တော့ စိမ့်ပြီးအေးသွားသည် ။ အအေးမပတ်ခင် သူ အမြန်အင်္ကျီလဲမှဖြစ်မည် ။
" မင်း မသိဘူးလား ဆောင်ဟွန်း ၊ ဟီဆွန်း ဂျိတ်ခ်ကို သဘောကျနေတာ တစ်ကျောင်းလုံးသိတယ် ၊ မသိတာဆိုရင် မင်းနဲ့ ဂျိတ်ခ်ပဲ ကျန်တော့မယ် "
'တောက်' မခေါက်ရုံတမယ် လက်ထဲက အိတ်ကို သူ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်သွားမိသည် ။
သူ ဒေါသတော့ထွက်သွားမိသည် ။
ဘယ်သူ့ကို စိတ်တိုသွားမိလဲ သူမသိ ။
ဘာကြောင့် စိတ်တိုသွားရလဲ လည်း သူမသိ ။
__________
" ဒီဟာဝတ် "
" ဟင့်အင်း ဒီဟာဝတ် "
ရှုပ်ပွနေတဲ့ အင်္ကျီပုံကြားထဲမှာ ဂျိတ်ခ်က မျက်နှာငယ်လေးနှင့် ။ နီကီနဲ့ ဂျောင်ဝန်းနဲ့ကတော့ ဗီရိုထဲက ဝတ်စုံတွေကို တစ်စုံပြီးတစ်စုံ ရှယ်ဖွနေသည် ။
" တော်ကြပါတော့ .. ဒီအတိုင်း သူငယ်ချင်းနဲ့ မုန့်ထွက်စားတာ အဲ့လောက်ထိ မလိုပါဘူး ! "
ဂျိတ်ခ် ကလှမ်းအော်လည်း ဟိုနှစ်ယောက်က ဂရုမစိုက် ။ အလိုက်ဖက်ဆုံးဖြစ်မည့် ဝတ်စုံကိုရွေးနေဆဲ ။
" ဟျောင်းအခုသွားတွေ့မှာက ဆောင်ဟွန်းလေ ၊ ပတ်ဆောင်ဟွန်း ၊ ရိုးရိုးလူမှမဟုတ်တာ "
" အေးလေ ၊ ဟျောင်း ထ ထ ဒီဟာသွားဝတ်ကြည့် "
ဂျောင်ဝန်း ကမ်းပေးလာတဲ့ အင်္ကျီကိုလှမ်းယူပြီး ရေချိုးခန်းထဲ ထွက်လာခဲ့လိုက်သည် ။ ဒီတစ်စုံက ၁၇ ထည်မြောက်ပဲ ။
နောက်ဆုံး ရွေးရင်းရွေးရင်းနဲ့ ပြီးသွားတာက ရိုးရိုး နို့နှစ်ရောင် တီရှပ်နဲ့ အဖြူရောင်အပေါ်ထပ်လေး ။
ဒီိလို ပေါ့ပေါ့ပါးပါး ဝတ်ရဖို့ ဟိုနှစ်ယောက်နဲ့ မနည်းရန်ဖြစ်လိုက်ရသည် ။
အားလုံးဝတ်ပြီးတော့ မှန်ထဲကိုယ့်ပုံရိပ်ကိုယ် ပြန်ကြည့်လိုက်တော့ နည်းနည်းပြုံးမိသွားသည် ။
ဖြူဝင်းဝင်း အသားရည်ကြောင့် ဖြစ်မည် ။ဒီလိုအရောင်နုနုနဲ့ဆို ဂျိတ်ခ်က နူးနူးညံ့ညံ့လေးနဲ့ တအားလှသည် ။
အဆီပိုမရှိတဲ့ ထိုပိန်သွယ်သွယ် ခန္ဓာကိုယ်လေးက အိတ်ကပ်ထဲ ကောက်ထည့်ထားချင်စရာ ။
၇ နာရီထိုးဖို့ ၁၀ မိနစ်ပဲလိုတော့သည် ။
" ဆောင်ဟွန်း ဟျောင်း ရောက်နေပြီ "
သူဘာမှတွေးမနေတော့ပဲ တိုက်အောက်ကို အမြန်ပြေးဆင်းခဲ့သည် ။ ဘောင်းဘီ အိတ်ထဲလက်ထည့်ကာ ကားကိုမှီပြီး သူ့ကိုစောင့်နေတဲ့လူဆီ အမြန်ဆုံးရောက်ချင်လှပြီ ။
끝 •
မီ ဒီဟာကိုရေးရတာ အရမ်းပျော်နေလို့ ㅎㅎ
Zawgyi
" မင္း တစ္ခုခုျဖစ္ေနတာေသခ်ာတယ္ "
" မဟုတ္ပါဘူးဆိုဗ်ာ ... ေဟ်ာင္းစိတ္ထင္ေနလို႔ "
" ရွင္းဂ်ယ္ယြန္း ... မလိမ္တတ္ပဲနဲ႔ မလိမ္စမ္းနဲ႔"
" ေဟ်ာင္းလည္း မရစ္တတ္ပဲနဲ႔ ရစ္မေနနဲ႔ "
ဂ်ိတ္ခ္က ဟီဆြန္းေဟ်ာင္းကိုဆို အားမနာပါးမနာ ေျပာေနၾကပဲ ။ စေတြ႕တာ သုံးႏွစ္ေလာက္ပဲရွိေသးေပမယ့္ ေဟ်ာင္းက သူ႔အေၾကာင္းဆို အူမေခ်းခါးအကုန္သိသည္ ။ အခုလည္းၾကည့္ ။ Facetime လုပ္ေနရင္းနဲ႔ကို သူ႔မ်က္ႏွာ အေျခအေနကို ခန႔္မွန္းႏိုင္သည္ ။
Stand ေပၚတင္ထားတဲ့ ဖုန္းဆီကေန အၾကည့္လႊဲလိုက္ၿပီး ဂ်ိတ္ခ္က စာငုံ႔ေရးေနလိုက္သည္ ။
ႏိုင္ငံခ်င္း ေက်ာင္းခ်င္း မတူေပမယ့္ စာလုပ္ေနတဲ့အခ်ိန္တိုင္း ဒီလိုဖုန္းေခၚၿပီး အတူတူလုပ္ၾကမယ္လို႔ ေဟ်ာင္းက စတင္အႀကံေပးတာျဖစ္တယ္ ။
" မင္းမေျပာလည္း နီကီတို႔ ေဂ်ာင္ဝန္းတို႔ကို ဖုန္းဆက္ေမး႐ုံေပါ့ "
" အာ - မျဖစ္ဘူး မျဖစ္ဘူး ေဟ်ာင္း"
သူ အသည္းအသန္တားလိုက္ရသည္ ။
မတားလို႔လည္းမျဖစ္ ။ ကိစၥေသးေသးေလးေတြကို ပုံႀကီးခ်ဲ႕ေျပာတတ္တဲ့ေနရာမွာ အဲ့ႏွစ္ေယာက္ကအေတာ္ဆုံး။အထူးသျဖင့္ ဂ်ိတ္ခ္နဲ႔ ပတ္သက္ၿပီး ေဟ်ာင္းကို လွမ္းတိုင္တဲ့ အခ်ိန္ ။
" ေတြ႕လား ၊ ၾကည့္ ! မင္းမွာ ကိစၥတစ္ခုခုရွိေနတာ ကိုယ္သိတယ္ "
" ေဟ်ာင္းင္းင္းင္း ဗ်ာာာာာာာာာ "
ေလသံကိုအတတ္ႏိုင္ဆုံးဆြဲၿပီး ခ်စ္စရာမေကာင္းေကာင္းတဲ့ပုံစံနဲ႔ ခြၽဲလိုက္ေပမယ့္လည္း မေအာင္ျမင္ခဲ့။
ေဟ်ာင္းက ဒီတစ္ခါေတာ့ အေလွ်ာ့ေပးမယ့္ပုံမေပၚ ။
" ေဟ်ာင္း IT က ပတ္ေဆာင္ဟြန္းကို သိတယ္မလား"
" အင္း ဘာျဖစ္လဲ "
ေဟ်ာင္းက ႐ုပ္ေကာအသံပါ ခ်က္ခ်င္းတည္သြားတာမို႔ ေျပာခ်င္တဲ့စကားေတြ လည္ေခ်ာင္းမွာတစ္သြားရသည္ ။ေဟ်ာင္းရဲ႕ ဒီလိုပုံစံကို သူတကယ္ေၾကာက္တယ္ ။
" သူ-သူနဲ႔ေလ မထင္မွတ္ပဲေတြ႕မိၿပီး ေက်ာင္းကလူေတြၾကားမွာ ေကာလာဟလ ေတြပ်ံ႕ေနလို႔ "
" ရွင္းဂ်ယ္ယြန္း ... မင္းကို ပတ္ေဆာင္ဟြန္းဆိုတဲ့လူကို ေဝးေဝးေရွာင္ဖို႔ သင္ေပးရေလာက္တဲ့အထိ ဦးေႏွာက္မမဲ့ဘူးထင္ေနတာ "
" ေဟ်ာင္းကလည္း မေတာ္တဆပါဆို- "
" သူနဲ႔ ထပ္မပတ္သက္နဲ႔ ကိုယ္မႀကိဳက္ဘူး"
" ဟုတ္ .. ေဟ်ာင္း "
ဂ်ိတ္ခ္ကေတာ့ ေ႐ြးခ်ယ္စရာမရွိ၍ ဒီအတိုင္းေခါင္းၿငိမ့္ျပလိုက္ရသည္။ ေဟ်ာင္းက သူနဲ႔ပတ္သက္လွ်င္ တအားစိတ္ဆတ္လြန္းသည္ ။ အခုခ်ိန္မွာသာ " ကြၽန္ေတာ္ ေဆာင္ဟြန္းကို သေဘာက်ေနတာ သုံးႏွစ္ေလာက္ရွိၿပီ" လို႔ေျပာခ်လိုက္ရင္ ဟီဆြန္းေဟ်ာင္းမ်က္ႏွာ ဘယ္လိုျဖစ္သြားေလာက္မလဲ ။
➖
အမွန္ဆို ဒီ Computer Science Class ၿပီးဖို႔ နာရီဝက္ေတာင္ လိုေသးသည္ ။ ဒါေပမယ့္ အခန္းထဲက ေကာင္မေလးေတြကေတာ့ လႈပ္လႈပ္႐ြ႐ြနဲ႔ ။
အေၾကာင္းရင္းကေတာ့ အတန္းေရွ႕မွာ လာေစာင့္ေနတဲ့ ပတ္ေဆာင္ဟြန္း ။
ေကာင္မေလးေတြကို ထားဦး ။
ဂ်ိတ္ခ္အတြက္လည္း လြယ္အိတ္ကို တစ္ဖက္တည္းလြယ္ကာ လာေစာင့္ေနတဲ့ ခပ္မိုက္မိုက္ လူဆိုးေကာင္ေလး ဆီအၾကည့္မေရာက္ဖို႔ ခက္ခဲလွသည္ ။
" အား shit ! ေသမလိုၾကည့္ေကာင္းေနတာပဲ "
ဂ်ိတ္ခ္က မခံစားႏိုင္စြာ တိုးတိုးေလး ေရ႐ြတ္မိသည္ ။
စာကိုလည္း အာ႐ုံစိုက္မရေတာ့ ။ ဆရာေျပာေနတဲ့ lecture ေတြအစား ပတ္ေဆာင္ဟြန္း အခုဝါးေနတဲ့ ပီေက brand ကို သူပိုစိတ္ဝင္စားေနသည္ ။
" ဘယ္သူ႔ကိုလာေစာင့္ေနတာလဲ မသိဘူး "
" နင့္ဆီ မဟုတ္တာေတာ့ ေသခ်ာတယ္ ၊ စိတ္ကူးယဥ္မေနနဲ႔ "
ဆရာ စကားေျပာခဏရပ္သြားတဲ့အခ်ိန္ အေနာက္နားက ေကာင္မေလးႏွစ္ေယာက္ရဲ႕ စကားေျပာသံကို ၾကားလိုက္ရသည္ ။
ေဆာင္ဟြန္း ဒီတစ္ပတ္ တြဲေနတဲ့ ေကာင္မေလးက ဂ်ိတ္ခ္တို႔အတန္းထဲက ျဖစ္ရမည္ ။ အဲ့တာေၾကာင့္လည္း အဲ့ေကာင္မေလးကို သူ လာေစာင့္ေနတာေပါ့ ။
ဘယ္သူမ်ားျဖစ္ေလာက္မလဲ ။
ဟို cheerleader ေကာင္မေလး Fera လား ။
ဆရာမေတြရဲ႕ အခ်စ္ေတာ္ ခပ္သြက္သြက္နဲ႔ မာရီ လား ။
ဒါမွမဟုတ္ ေက်ာင္းသူသစ္ ဒါနီကာလား ။
အတန္းထဲက ေကာင္မေလးေတြကို ဂ်ိတ္ခ္ သိပ္မသိ ။
အဲ့တာေၾကာင့္လည္း ေဆာင္ဟြန္းတြဲေလာက္မယ့္ ေကာင္မေလးကို စဥ္းစားရင္းစဥ္းစားရင္း နာရီဝက္ကုန္သြားသည္ ။
ဆရာအတန္းထဲက ႏႈတ္ဆက္ၿပီး ထြက္သြားတာနဲ႔ အသံေတြက ပိုဆူညံလာသည္ ။ စိတ္ရႈပ္လူရႈပ္ကို နဂိုတည္းက မုန္းတဲ့ ဂ်ိတ္ခ္က အခန္းထဲက အျမန္ဆုံးထြက္ဖို႔ျပင္မိသည္ ။ ေဆာင္ဟြန္း လာေစာင့္ေနတဲ့ ေကာင္မေလးက ဘယ္သူမ်ားျဖစ္မလဲ ဆိုၿပီး စိတ္မဝင္စားႏိုင္ေတာ့ ။
ဘာပဲျဖစ္ျဖစ္ အဲ့ေကာင္မေလးလည္း တစ္ပတ္ပဲ ခံမွာမလား။
" စာၾကည့္တိုက္သြားခ်င္လို႔ ခဏလိုက္ခဲ့ေပးပါလား ဂ်ိတ္ခ္"
Reno အေျပာကို သူေခါင္းၿငိမ့္ျပရင္း လြယ္အိတ္ကိုေကာက္လြယ္လိုက္သည္ ။ ၿပီးတာနဲ႔ အတန္းထဲကေန ခ်က္ခ်င္းလစ္ထြက္ခဲ့သည္ ။
" ဂ်ိတ္ခီး "
နာမည္ေခၚသံကို ၾကားလိုက္ရတာနဲ႔ အတူ သူ႔တစ္ကိုယ္လုံး ေအးစက္သြားသည္ ။
" ဂ်ိတ္ခီး " ဆိုတဲ့ ေခၚသံေၾကာင့္လား ။
သူ႔လက္ေကာက္ဝတ္ကို ဆြဲကိုင္လာတဲ့ ေဆာင္ဟြန္းေၾကာင့္လား ။
အတန္းထဲက ေကာင္မေလးေတြရဲ႕ တအံ့တဩ ေအာ္သံေၾကာင့္လား ။
အေၾကာင္းရင္းကို မသိေပမယ့္ သူ႔ ေသြးေတြေျပာင္းျပန္လွန္သြားသလိုမ်ိဳး ခံစားေနရသည္ ။
" ညေနအားရင္ ကိုယ္နဲ႔ ညစာအတူတူ ထြက္စားမလားဟင္ "
" အိုးမိုင္ေဂါ့ ပတ္ေဆာင္ဟြန္းလာေစာင့္ေနတာ ရွင္းဂ်ိတ္ခ္ကိုလား "
" မျဖစ္ႏိုင္တာ "
" ဘုရားေရ ေဆာင္ဟြန္းက တကယ္ႀကီး ေယာက္်ားေလးတစ္ေယာက္ကို တြဲေတာ့မွာလား "
ဂ်ိတ္ခ္ ေခါင္းေတြရႈပ္လာသည္ ။
အတန္းထဲက လူေတြရဲ႕ စကားေတြကို သူအတိုင္းသား ၾကားေနရသည္ ။
ေဘးနားက Reno က သူ႔ကိုမ်က္လုံးျပဴးၾကည့္ေနသည္ ။
ၿပီးေတာ့ " ငါႀကိဳသြားေတာ့မယ္" ဟုဆိုကာ ခ်က္ခ်င္းေျပးထြက္သြားသည္ ။
အခုက်န္ခဲ့တာက ေကာ္ရစ္တာ တစ္ေလွ်ာက္မွာ သူနဲ႔ ေဆာင္ဟြန္း ရယ္ ။
ခိုးၾကည့္ေနတဲ့ မ်က္လုံးေပါင္း ေသာင္းေျခာက္ေထာင္ရယ္ ။
သူ ေဆာင္ဟြန္းကို ေမာ့ၾကည့္လိုက္ေတာ့ ဝါးလက္စ ပီေကကို ဒီဘက္ပါးေစာင္ထဲ ေျပာင္းထည့္ရင္း သူ႔ကိုၿပဳံးၾကည့္ေနသည္ ။
ခ်ီးထဲမွပဲ .. ဒီလူက ပီေကဝါးတာေတာင္ အရမ္းေခ်ာေနတယ္
" ကိုယ္နဲ႔ လိုက္မယ္မလား ဂ်ိတ္ခီး ေနာ္ ? "
သူ႔ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားတဲ့အထိအေတြ႕က ႏူးညံ့သေယာင္နဲ႔ ပိုမိုတင္းက်ပ္လာသည္ ။
" ဘာလို႔ငါလဲ ေဆာင္ဟြန္း .. ငါစာလုပ္စရာရွိေသးတယ္ "
" ခဏပါ .. ခဏေလးပဲ ၊ ကိုယ္မင္းနဲ႔ ညစာအတူစားခ်င္တာေလးပါပဲ "
အဲ့ ညစာက ေန ရလာမယ့္ အက်ိဴးဆက္ကို ဂ်ိတ္ခ္သိသည္ ။ ဂ်ိတ္ခ္ သိသလို တစ္ေက်ာင္းလုံးလည္း သိသည္ ။ဒါေပမယ့္ ထိုအႏၲရာယ္သည္ တအားလွပလြန္းေနသည္ ။
" ေခါင္းၿငိမ့္တာလား အခု ? အိုး ရက္စ္ ဒါဆို ကိုယ္ ၇ နာရီေလာက္ မင္းတိုက္ခန္းေရွ႕က ေစာင့္ေနမယ္ေနာ္ "
ေဆာင္ဟြန္းက ထုံးစံအတိုင္း သူ႔နဖူးေပၚက ဆံပင္ေတြကို ေလမႈတ္ၿပီး ဆြဲဖြသြားျပန္သည္ ။ ၿပီးေတာ့ မ်က္စိတစ္ဖက္မွိတ္ျပၿပီး သူမဟုတ္သလို ထြက္သြားသည္ ။
ဂ်ိတ္ခ္က ပူတက္လာတဲ့ပါးႏွစ္ဖက္ကို မသိမသာ ကိုင္ၾကည့္ရင္း ေခါင္းငုံ႔ကာ စာၾကည့္တိုက္ဘက္ ေလွ်ာက္လာခဲ့သည္ ။ ျဖတ္သြားျဖတ္လာ လူေတြရဲ႕ တီးတိုးသံေတြကို သူနားမစြင့္ေတာ့ ။
အခုေလာေလာဆယ္ေတာ့ သူသိခ်င္တာ တစ္ခုတည္း။
သူ႔ရဲ႕ တိုက္ခန္းလိပ္စာကို ေဆာင္ဟြန္းက ဘယ္လိုသိတာလဲ ။
➖
" ဂိုး !!!!!! "
ေနာက္ထပ္ အႏိုင္ဂိုးတစ္ခုကို ေဆာင္ဟြန္းထပ္သြင္းလိုက္သည္ ။ အျပတ္အသတ္ရႈံးသြားတဲ့ ဟိုဘက္အသင္းရဲ႕ နည္းျပက သူ႔ကို မ်က္ေစာင္းခဲၾကည့္သြားသည္ ။ ထို နည္းျပရဲ႕ သမီးက ေဆာင္ဟြန္းကိုသူမနဲ႔ အတူတူအိပ္ဖို႔ လာလာေတာင္းဆိုေနတာကို ထို နည္းျပ မသိ ။
ေခြၽး႐ႊဲေနတဲ့ ဆံပင္ကို သူ တစ္ခ်က္ခါတင္လိုက္သည္ ။
ပရိသတ္ဘက္ျခမ္းက စူး ခနဲထြက္ေပၚလာတဲ့ ေအာ္သံကိုသူလ်စ္လ်ဴရႈတတ္ေနၿပီ ။
" ေဆာင္ဟြန္း ဒီညလုပ္စရာမရွိရင္ - "
" ဟင့္အင္း ငါမအားဘူး "
ေဂ်းရဲ႕ စကားသံတို႔က ေလထဲမွာ တစ္ဝက္တစ္ပ်က္နဲ႔ ၿပီးသြားရသည္ ။ ၿပီးေတာ့ ေဂ်းက မ်က္လုံးျပဴးေတြနဲ႔ ထူးဆန္းသလိုၾကည့္ေနသည္ ။
" ဒီည fera ရဲ႕ ပါတီကို မင္းမလာဖူးလို႔ေတာ့ မေျပာနဲ႔ ေဟ့ေကာင္ "
" ငါမလာေတာ့ဘူး "
" ဘာ "
" တကယ္ .. ငါမလာေတာ့ဘူး ၊ ခ်ိန္းထားတာ ရွိလို႔"
" ပါတီကိုမလာပဲ ခ်ိန္းထားတာရွိတယ္ဆိုေတာ့ ဘာလဲ မင္း ဖားသား ႀကီး လွမ္းေခၚထားလို႔လား "
ေဆာင္ဟြန္း ေခါင္းခါျပလိုက္သည္ ။ အဲ့ေတာ့မွ အနားေရာက္လာတဲ့ ေဆာႏူက အရာအားလုံးကို နားလည္တယ္ ဆိုတဲ့ အၿပဳံးနဲ႔ လွမ္းၾကည့္သည္ ။
" ဂ်ိတ္ခ္ေဟ်ာင္းကို ဒီည ညစာ အတူစားဖို႔ သြားေခၚထားတယ္ဆို "
" ဘာရယ္... ေဆာင္ဟြန္း ! မင္း - "
ဂ်ိတ္ခ္ ဆိုတဲ့ နာမည္ၾကားေတာ့ ေန႔ခင္းတုန္းက ပုံရိပ္ေလးက ေခါင္းထဲေပၚလာသည္ ။ မ်က္မွန္ဝိုင္းေလး ေအာက္က မ်က္ဝန္းတစ္စုံ ။ နီရဲရဲ ပါးႏွစ္ဖက္ရဲ႕ အေၾကာင္းျပခ်က္ကေတာ့ သူ႔ေၾကာင့္ပဲျဖစ္လိ့မ္မည္ ။ စိတ္ရႈပ္လာၿပီဆိုရင္ ခ်က္ခ်င္းပ်က္သြားတဲ့ ထိုမ်က္ႏွာေလးက လုံးဝဟန္မေဆာင္တတ္ ။
" တစ္ေယာက္တည္း ဘာေတြၿပဳံးေနတာလဲ ေဟ့ေကာင္ ငါေမးတာေျဖဦး "
" ဘာလဲ ဘာလဲ ေျပာေျပာ "
" မင္း ငါသတိေပးတာကို နားမေထာင္ဘူးလား ေဆာင္ဟြန္း ... ၊ အီဟီဆြန္းနဲ႔ အေဝးဆုံးမွာေနခ်င္ရင္ ဂ်ိတ္ခ္ကို လႊတ္ေပးထားပါဆို "
ေဆာင္ဟြန္းက ပုခုံးပဲတြန႔္ျပသည္ ။ သူ ဂ႐ုမစိုက္ဘူး ဆိုတဲ့ ပုံစံနဲ႔ ။
" အဲ့ေကာင္ေလးက ဒီေလာက္ပ်င္းစရာေကာင္းတာကို မင္းဘာလို႔ သြားပတ္သက္ေနတာလဲ ေဆာင္ဟြန္း "
" ငါကိုယ္တိုင္ေတာင္ မသိဘူး "
" မင္းတကယ္အ႐ူးပဲ "
တကယ္ ေဆာင္ဟြန္းကိုယ္တိုင္ေတာင္ မသိ ။
သူ ႐ုတ္တရက္ႀကီး အဲ့ေကာင္ေလးကို ေတြ႕ခ်င္လာရင္ ဘာမွစဥ္းစားမေနပဲ သြားေတြ႕သည္ ။ တစ္ခါတစ္ေလ ေပၚတင္သြားေတြ႕သည္ ။တစ္ခါတစ္ေလ သူ႔လႈပ္ရွားမႈေတြကို အေဝးကေနပဲ ၾကည့္သည္ ။
" ဒါနဲ႔ ေဂ်း ... အီဟီဆြန္း နဲ႔ ဂ်ိတ္ခ္က ဘာေတြလဲ "
ေခြၽးစိုေနတဲ့ သူ႔ခႏၶာကိုယ္က ေလတစ္ခ်က္တိုက္ေတာ့ စိမ့္ၿပီးေအးသြားသည္ ။ အေအးမပတ္ခင္ သူ အျမန္အက်ႌလဲမွျဖစ္မည္ ။
" မင္း မသိဘူးလား ေဆာင္ဟြန္း ၊ ဟီဆြန္း ဂ်ိတ္ခ္ကို သေဘာက်ေနတာ တစ္ေက်ာင္းလုံးသိတယ္ ၊ မသိတာဆိုရင္ မင္းနဲ႔ ဂ်ိတ္ခ္ပဲ က်န္ေတာ့မယ္ "
'ေတာက္' မေခါက္႐ုံတမယ္ လက္ထဲက အိတ္ကို သူ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္သြားမိသည္ ။
သူ ေဒါသေတာ့ထြက္သြားမိသည္ ။
ဘယ္သူ႔ကို စိတ္တိုသြားမိလဲ သူမသိ ။
ဘာေၾကာင့္ စိတ္တိုသြားရလဲ လည္း သူမသိ ။
__________
" ဒီဟာဝတ္ "
" ဟင့္အင္း ဒီဟာဝတ္ "
ရႈပ္ပြေနတဲ့ အက်ႌပုံၾကားထဲမွာ ဂ်ိတ္ခ္က မ်က္ႏွာငယ္ေလးႏွင့္ ။ နီကီနဲ႔ ေဂ်ာင္ဝန္းနဲ႔ကေတာ့ ဗီ႐ိုထဲက ဝတ္စုံေတြကို တစ္စုံၿပီးတစ္စုံ ရွယ္ဖြေနသည္ ။
" ေတာ္ၾကပါေတာ့ .. ဒီအတိုင္း သူငယ္ခ်င္းနဲ႔ မုန႔္ထြက္စားတာ အဲ့ေလာက္ထိ မလိုပါဘူး ! "
ဂ်ိတ္ခ္ ကလွမ္းေအာ္လည္း ဟိုႏွစ္ေယာက္က ဂ႐ုမစိုက္ ။ အလိုက္ဖက္ဆုံးျဖစ္မည့္ ဝတ္စုံကိုေ႐ြးေနဆဲ ။
" ေဟ်ာင္းအခုသြားေတြ႕မွာက ေဆာင္ဟြန္းေလ ၊ ပတ္ေဆာင္ဟြန္း ၊ ႐ိုး႐ိုးလူမွမဟုတ္တာ "
" ေအးေလ ၊ ေဟ်ာင္း ထ ထ ဒီဟာသြားဝတ္ၾကည့္ "
ေဂ်ာင္ဝန္း ကမ္းေပးလာတဲ့ အက်ႌကိုလွမ္းယူၿပီး ေရခ်ိဳးခန္းထဲ ထြက္လာခဲ့လိုက္သည္ ။ ဒီတစ္စုံက ၁၇ ထည္ေျမာက္ပဲ ။
ေနာက္ဆုံး ေ႐ြးရင္းေ႐ြးရင္းနဲ႔ ၿပီးသြားတာက ႐ိုး႐ိုး ႏို႔ႏွစ္ေရာင္ တီရွပ္နဲ႔ အျဖဴေရာင္အေပၚထပ္ေလး ။
ဒီိလို ေပါ့ေပါ့ပါးပါး ဝတ္ရဖို႔ ဟိုႏွစ္ေယာက္နဲ႔ မနည္းရန္ျဖစ္လိုက္ရသည္ ။
အားလုံးဝတ္ၿပီးေတာ့ မွန္ထဲကိုယ့္ပုံရိပ္ကိုယ္ ျပန္ၾကည့္လိုက္ေတာ့ နည္းနည္းၿပဳံးမိသြားသည္ ။
ျဖဴဝင္းဝင္း အသားရည္ေၾကာင့္ ျဖစ္မည္ ။ဒီလိုအေရာင္ႏုႏုနဲ႔ဆို ဂ်ိတ္ခ္က ႏူးႏူးညံ့ညံ့ေလးနဲ႔ တအားလွသည္ ။
အဆီပိုမရွိတဲ့ ထိုပိန္သြယ္သြယ္ ခႏၶာကိုယ္ေလးက အိတ္ကပ္ထဲ ေကာက္ထည့္ထားခ်င္စရာ ။
၇ နာရီထိုးဖို႔ ၁၀ မိနစ္ပဲလိုေတာ့သည္ ။
" ေဆာင္ဟြန္း ေဟ်ာင္း ေရာက္ေနၿပီ "
သူဘာမွေတြးမေနေတာ့ပဲ တိုက္ေအာက္ကို အျမန္ေျပးဆင္းခဲ့သည္ ။ ေဘာင္းဘီ အိတ္ထဲလက္ထည့္ကာ ကားကိုမွီၿပီး သူ႔ကိုေစာင့္ေနတဲ့လူဆီ အျမန္ဆုံးေရာက္ခ်င္လွၿပီ ။
끝 •
မီ ဒီဟာကိုေရးရတာ အရမ္းေပ်ာ္ေနလို႔ ㅎㅎ