ဝိုင် ( Y )
Part 46
Zawgyi
"ဖိုးမြေး တိုင်းတပါးမှာ အဆင်ပြေချောမွေ့ပါစေကွာ ၊ ကူညီမယ့်သူစောင့်ရှောက်မယ့်သူတွေနဲ့သာ ဆုံပြီး ရန်သူမျိုးငါးပါးရန်မှကင်းဝေးပါစေ "
လေဆိပ်မထွက်ခါမီ ဦး နဲ့ ဖိုးဖိုး တို့အား ဧည့်ခန်းထဲတွင် ဦးသုံးကြိမ်ချ၍ရှိခိုးတော့ ဖိုးဖိုးမှဆုပေးလာ၏ ။
"ကိုယ် လည်း ဖိုးဖိုး ဆုပေးသလိုပါပဲ ၊ ဝိုင် အစစအရာရာ အဆင်ပြေချောမွေ့ပါစေ "
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဖိုးဖိုး နဲ့ ဦး ၊ ကျန်းမာရေးဂရုစိုက်ကြပါနော် ၊ ကျွန်တော်လည်း အမြန်ဆုံးပြန်လာနိုင်အောင် ကြိုးစားပါ့မယ် "
"မီးမီးကိုလည်း စိတ်ချနော် ကိုကို ၊ ဖိုးဖိုး နဲ့ ဦးဦး တို့ စကားနားထောင်ပြီး စာလည်းကြိုးစားပါ့မယ် "
ဘေးတွင်ထိုင်နေသော ရတီလေးကပါ ဝိုင့် လက်ကိုဖက်ပြီးပြောလာတော့ ညီမလေးအားပွေ့ဖက်လိုက်ပြီး ပါးအိအိလေးနှစ်ဖက်ကို မွှေးကြူလိုက်သည် ။ သူ့ညီမလေးလည်း အသက်ငယ်ငယ်လေးနဲ့မလိုက်ဖက်နိုင်အောင်ကိုပဲ ရင့်ကျက်လာပါတယ်လေ ။
"ကဲ သွားကြစို့လေ "
ဦး သတိပေးလာမှသာ ဝိုင် လည်း ညီမလေးကိုဖက်ထားရာမှ ခွါလိုက်ပြီး ဦးရွှေ နှင့် ဒေါ်ထား တို့ကိုပါ နှုတ်ဆက်ပြီးမှ ကားပေါ်တက်လာခဲ့သည် ။
"အစစအရာရာ အဆင်ပြေပါစေ ဝိုင် "
ရှေ့ခန်းတွင် ကားမောင်းပေးသည့် ကိုရှိုင်းမှလည်း ဆုမွန်ကောင်းတောင်းပေးလာသည် ။ ဦး ကလည်း ဝိုင့် လက်ဖဝါး နှစ်ဖက်လုံးအား သူ့လက်ထဲတွင်ထည့်၍ အုပ်မိုးကာဆုပ်ကိုင်ထားသည် ။
"ကျေးဇူးပါ ကိုရှိုင်း..အန်တီ နဲ့ သည်းသည်း ကိုလည်း ကျွန်တော်ကသတိရနေပါတယ်ကျန်းမာရေးလည်းဂရုစိုက်ကြပါလို့ပြောပေးနော် "
"အစ်ကို ပြောလိုက်ပါမယ် "
ရှိုင်း မောင်းနှင်လာသော ကားလေးသည်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့တဖြေးဖြေးနီးကပ်လာသည် ။ သွေး ဒီကောင်လေး၏ အငွေ့အသက်လေးတွေကို အခုဆို လွမ်းနေရတော့မှာ ... ။ ခပ်အုပ်အုပ်ဆံပင်ဝါဝါလေးတွေကို နမ်းရှိုက်လိုက်တော့ ငြိမ်၍နေသည် ။
"ကျွန်တော် ဝင်တော့မယ်နော် ဦး .."
"စိတ်ချလက်ချ သွားပါ Bae "
"ကျွန်တော့်ကို သတိရတိုင်း ဒိုင်ယာရီ စာအုပ်လေး ထုတ်ဖတ်ပါ ဦး ၊ အဲ့ထဲမှာ ဦး ကိုစကားနဲ့မပြောဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ချရေးထားတယ် "
"ဒိုင်ယာရီ..? "
"အင်း..ဦး အိပ်ခန်းထဲက ပန်းအိုးတင်တဲ့စားပွဲပေါ်မှာ မနက်ကတင်ထားခဲ့တယ် "
ခပ်လှမ်းလှမ်း ကနေ ရှိုင်း ခွဲခွါကြတော့မည့် ချစ်သူနှစ်ဦး ကို လှမ်းကြည့်နေမိသည် ။ တော်ယုံ ထုတ်ဖော်မပြောတတ်သော ကိုသွေး သည် အခုတော့ ဝိုင့် ကိုကြည့်သည့်မျက်ဝန်းတွေကအစ အသက်ဝင်လွန်းလှပါသည် ။ ထိုနည်းတူ ဝိုင် ကလည်း ကိုသွေး အားချစ်ခြင်းတြွေဖင့်ပြည့်နေသော အကြည့်ဖြင့်သာ ကြည့်သည်ဆိုတာ ထုတ်ဖော်ပြောစရာမလိုဘဲ ဘေးလူဖြစ်သည့် ကိုယ်ပင်မြင်နိုင်သည် ။ နှစ်ယောက်သား ခဏအကြာ ဖက်လိုက်ပြီးမှသာ ဝိုင် ကနှုတ်ဆက်ပြီး အထဲသို့ဝင်သွားတော့သည် ။ ကိုသွေးကတော့ နေရာမှတင်ရပ်ကာ အထဲဝင်သွားသည့် ကောင်လေးအား မှန်နံရံတွေကြားမှရပ်ကြည့်နေဆဲ...။
✈️✈️✈️
.
.
.
________________
________________
"ဒီလအတွက် စာရင်းတွေပါ ကိုသွေး "
ရှိုင်း , လချုပ်စာရင်းစစ်ပြီးသား တို့အား ကိုသွေး အလုပ်စားပွဲပေါ်သို့ တင်ပေးလိုက်ကာ ပြောလိုက်သည် ။
"အင်း ထားခဲ့လေ "
အနည်းငယ်စိတ်ရှုပ်နေသည့် ပုံပေါက်နေသော ကိုသွေး က အရင်ကလိုစာရင်းပင်သေချာ မမေး မစစ်တော့ဘဲပြောလာသည် ။
"ဟို..ကျွန်တော့်ကိုလျှာရှည်တယ်လို့မထင်ပါနဲ့နော် ကိုသွေး ၊ ဘာများအဆင်မပြေတာရှိလို့လဲ ''
ကိုယ် နဲ့ ၈ နှစ်ကျော်အလုပ်အတူတူတွဲလုပ်လာသည့် ရှိုင်း သည်အခုတော့ အရိပ်အကဲပါကြည့်တတ်လာပြီ ။ ထို့ကြောင့် သွေး အနည်းငယ်တော့ ပြုံးမိသွားသည် ။
"မင်း တောင်အကဲခတ်တော်လာပြီပဲ ရှိုင်း "
"ကိုယ့် အာစရိပဲကို ကိုသွေး ရ "
"အေးကွာ.. Bae နဲ့ အဆက်အသွယ်မရတာ နှစ်ရက် တောင်ရှိနေပြီ ၊ ဖုန်းဆက်တော့လည်း မကိုင်ဘူးကွ ၊ အဲ့ကောင်လေးဘာတွေလုပ်နေလဲမသိဘူး "
ကျောင်းစာတစ်ဖက်နှင့်မအားတဲ့ကြားက အပိုဝင်ငွေရအောင် Part Time အလုပ်တွေလည်း ဝင်နေသေးသည် ဟု မကြာသေးခင်ကသိလိုက်ရသဖြင့် မေးမြန်းတော့ ဒီတိုင်းအချိန်တွေပိုနေတာကြောင့်ပါဟူ၍သာ ဖြေလာသည်လေ ။ ကိုယ် ရှာနေသည့် ပိုက်ဆံတွေအားလုံးက ဒီကောင်လေးအတွက်ပဲကို ဘာကြောင့်မှန်းမသိ အပင်ပန်းခံပြီး ငွေရှာနေသည်မှာ အခုကျောင်းသွားတက်နေသည့် သုံးနှစ်ကျော်ကာလပတ်လုံးပင် ။ အမြဲညစဉ် ဖုန်းပြောနေကျဖြစ်သော်လည်း အခုတော့ နှစ်ရက်တိတိ အဆက်အသွယ်ပင်မရတော့ လူကအလုပ်ထဲပင်စိတ်မဝင်စားနိုင်တော့..။အသက်ကြီးမှ ရည်းစားပူမိနေသည့်အဖြစ်ကို သော်ကတို့သာသိရင် ရယ်ကြဦးမှာမို့ ဘယ်သူမှလည်း မတိုင်ပင်ဖြစ်ပဲ နေနေတာ အခုတော့ ရှိုင်းမှမေးလာ၍ ထုတ်ပြောမိတော့သည် ။
"ဒါများ လိုက်သွားလိုက်ပေါ့ ကိုသွေး ရာ ၊ BKK နဲ့ Ygn နီးနီးလေးဟာ..အလုပ်ကိစ္စတွေ ခဏခေါင်းထဲကထုတ်ထားလိုက် ၊ ကျွန်တော် အဆင်ပြေအောင် လုပ်ထားပေးမယ် "
ဟုတ်ပါရဲ့..သူဒီအချက်ကို မေ့နေခဲ့တာ BKK မရောက်ဖြစ်တာ အခုဆို ၆ လဝန်းကျင် လောက်ပင်ရှိတော့မည် ။ တစ်နှစ်ကို အနည်းလေး ၃ခေါက်လောက် သွားတွေ့ဖြစ်သော်လည်း ဒီနှစ်တော့ အလုပ်ကိစ္စရှုပ်နေတာကော Bae ကလည်း ကျောင်းပြီးခါနီး Project တွေနဲ့မို့ မလာပါနဲ့ဦး ပြောထားတာကြောင့် သူ မသွားဖြစ်ခဲ့ ။
"ကျေးဇူး ရှိုင်း ၊ ငါ မေ့နေတာ လိုက်သွားလိုက်မယ် "
"ဟုတ်ကဲ့ ၊ ကျွန်တော် ခုပဲ လေယာဉ်လက်မှတ် အသွားအပြန် ဖြတ်လိုက်ပါမယ် "
"ကောင်းပြီ "
အခုမှပဲ ရွှင်ရွှင်လန်းလန်းရှိလာသည့် ကိုသွေး ကိုကြည့်ရင်း ရှိုင်း ပါပြုံးမိသွားသည် ။
🌾🌾🌾
"သစ် ရေ , စိမ့် ကို ဒါလေးပြောပြပါအုံး "
လားရှိုးသူလေး စိမ့် ဆိုသည့် မိန်းကလေးကလည်း ဝိုင့် ထက် ၂ နှစ်ဝန်းကျင်လောက်သာငယ်သည်လေ ။ မြန်မာချင်းမို့ ကိုယ့်ဘာသာမဟုတ်သည့် စကားနဲ့လေ့လာရသည့် ပညာရပ်တြွေဖစ်တာကြောင့် အကူအညီတောင်းလေ့ရှိသည် ။ ဝိုင့် အတွက်ကတော့ ဦး တို့ Company တွင် လုပ်သက်ရှိပြီးသားဖြစ်တာကြောင့် စာတွေ့ နဲ့ လက်တွေ့ တွေ့မှာ ခက်ခက်ခဲခဲမရှိဘဲ အဆင်ပြေချောမွေ့နေသည် ။ ထို့ကြောင့်လည်း အကူအညီတောင်းတဲ့အခါ သိသလောက်တော့ ပြန်လည်ဝေမျြှဖစ်ပါတယ် ။
"အာ.. ခေါပွန်းခ ၊ အခုမှပဲ နားလည်သွားတော့တယ်..သစ် သာမရှိရင်တော့ စိမ့် တစ်ယောက်တည်း တိုင်ပတ်နေတော့မှာ တော်ပါသေးရဲ့နော် "
"ရပါတယ်ဗျ..ကျွန်တော့် အတွက်လည်းမခက်ခဲတာမို့ပါ "
"အင်းပါ ..ပြန်ကြတော့မလား ၊ အတန်းလည်းမရှိတော့ဘူးလေ "
"ဟုတ် ပြန်တော့မယ်ဗျ ၊ နောက်တပတ်မှဆုံတာပေါ့ "
သောကြာနေ့ ဖြစ်သည်ကြောင့် နောက်တပတ်မှ ဆုံရန်သာ နှုတ်ဆက်ပြီး စက်ဘီးထားထားသည့်နေရာသို့ထွက်လာခဲ့လိုက်သည် ။ ကျောင်း နှင့် နေတဲ့နေရာကသိပ်မဝေးသောကြောင့် သွားရေးလာရေး အဆင်ပြေစေရန် စက်ဘီးလေးသာ ဝယ်စီးဖြစ်သည် ။ ဦးကတော့ လာလည်တိုင်း အန္တရာယ်များ၍ ကားဝယ်ပေးမည်ဟုသာ ပြောနေသော်လည်း ကားကောင်းကောင်းမမောင်းတတ်၍ မလိုချင်သေးဘူးဟုသာ ငြင်းထားမိသည် ။ အမှန်တော့ ခုဆို ဝိုင့် မှာ International License တောင်ရနေပြီဖြစ်သည် ။
"ဖောက်..! "
လမ်းတဝက်ရောက်ကာမှ စက်ဘီး က လမ်းမပေါ်ရှိ သံချွန်အားဖြတ်မိရာ ပေါက်သွားရသည် ။ ထိုကြောင့် ဆင်းပြီးသာ အသာတွန်းပြီးပြန်လာခဲ့လိုက်သည် ။
"ဟယ် သစ် ..ဘာဖြစ်တာလဲ "
"ဘီးပေါက်သွားလို့ စိမ့် "
"ဒါဖြင့် တက်လေ စက်ဘီး နောက်ခန်းထဲထည့်လိုက် ၊ စိမ့် လိုက်ပို့မယ် "
"ရပါတယ် သိပ်မှမဝေးတော့တာ ကျွန်တော့် ဘာသာပြန်လိုက်ပါတော့မယ် "
"ကဲ မတက်ရင် စိမ့် လည်း ကားကိုဒီမှာရပ်ထားပစ်လိုက်တော့မှာနော် "
ခုခေတ်မိန်းကလေးတွေသည် တဇွတ်ထိုးဆန်လွန်းသည်မို့ ဝိုင် လည်း စက်ဘီးလေးအား ခေါက်ကာ ကားနောက်ခန်းထဲသို့ ထည့်လိုက်ပြီးမှသာ မောင်းသူဘေးထိုင်ခုံတွင်ဝင်ထိုင်လိုက်တော့သည် ။
သွေး , ချစ်ရသူလေး နှင့် မကြာခင် တွေ့ရတော့မှာမို့ စိတ်လှုပ်ရှားနေမိသည် ။ အခန်းတစ်ခုလုံးကလည်း သပ်ရပ်စွာ တောက်ပြောင်လို့ပင် ။ လေယဉ်စီးခဲ့ရတာမို့ အညောင်းအညာပြေစေရန် ရေချိုးလိုက်သည် ။ ရေချိုးပြီးနောက်အချိန်က ကျောင်းဆင်းချိန်ဖြစ်တာကြောင့် ဝရန်တာတွင်ထွက်ကာ ချစ်ရသူလေးစက်ဘီးလေးဖြင့်ပြန်အလာအားစောင့်နေလိုက်သည် ။
"Byee~~သစ် , See you "
ကားနောက်ခန်းမှ စက်ဘီးအား ထုတ်ပေးရင် စိမ့် က အနောက်တိုင်း ဆန်ဆန် ဖက်ကာ နှုတ်ဆက်လာသည်မို့ ဝိုင် လည်း ပြန်ဖက်ရင်း နှုတ်ဆက်လိုက်သည် ။
"တောက်!!! "
မျက်စိရှေ့တွင် သဲသဲကွဲကွဲ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒီကောင်လေး အခုတလောခြေလှမ်းပျက်နေသည်ကို သွေး သိလိုက်ပါပြီ ။ ကိုယ့်လိုအသက်ကြီးကြီးယောကျာ်းတစ်ဦးထက် အမို့အမောက်တွေရှိကာ လှနေသော အမျိုးသမီးကို သာယာတတ်သည်မှာယောကျာ်းလေးတွေသဘာဝပင်ဖြစ်သည် ။
...ကိုယ့် ဆီကနေ ဘယ်ကိုမှ ထွက်သွားခွင့် မပြုနိုင်ဘူး Bae ...
.
.
To be continued...