Commando🍁(Complete)
By NandarMyintMoh
38.1K 3K 276
Zawgyi~ #Seke &Seke -ဘုန်းဆက်ရှိန်ဝါ (Zeus) -ညီစေမင်းသော်(Dragon) ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်... More
Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)
P - 24🍁
753 56 4
By NandarMyintMoh
Zawgyi
"အင်း ရိပ်မိတယ်ဆို ကိုယ့်ကိုဒီMissionကိုထမ်းဆောင်ဖို့တာဝန်ပေးတာက ဝန်ကြီးချုပ်ရဲ့ မိသားစုဆရာဝန်ဉီးနိုင်ဝင်းလေ သူကတော့ အိမ်တော်ရဲ့မိသားစုအကြောင်းကိုတီးမိခေါက်မိရှိလောက်ရုံသိထားတော့ အိမ်တော်ကသားအကြောင်းကိုလဲသူကသတိထားမိတယ် ၊အစကသံသယဖြစ်နေအုံးတော့ laptopကိုအသဲအသန်ပြန်ရဖို့အတွက်အတော်ဆုံးလူတွေကိုသာရှာပေးပြီး သူ့ဆီlaptopပါလာဖို့ပဲ အဓိကထားနေတော့ ဉီးနိုင်က သူထင်ထားတဲ့ဟာပဲဖြစ်ရမယ်ဆိုပြီး ကိုယ့်ကိုအခွင့်သာတာနဲ့အခု တစ်ခါတည်း ဖော်ထုပ်ခိုင်းတာပေါ့ "
"သြော်သြော် "
"အေးပါ "
"အေး Kristကဘာဖြစ်လဲ? "
"ဘာ!!!!!"
"ဘာ!!!..."
"လုပ်ဉီး ညီစေ့ကို ချော့ပါအုံး"
"ဘာ!!!!!"
"ညီစေမင်းသော်!!!!"
"ဟာ မင်းထက် မင်းထက် အဲ့ဒါအချစ်ကသင်ပေးတယ်လို့ခေါ်တယ်ကွ kristနဲ့မာန်ပြည့်အဆင်ပြေပြချေစ်ကြတော့မယ် ဟော ငါကလဲ အခုအချစ်အကြောင်းကို ကိုကို့ဆီမှာရေရေလည်လည်သင်တန်းတက်ပြီးပြီကွာ ....အခုငါက အရမ်းကို ချစ်တတ်နေပြီကွ ဟားဟား"
"ဟုတ်ကဲ့ပါ ကိုကိုရ အရင်တုန်းကဆိုရင် လေးယောက်စလုံး Missionတစ်ခုတည်းကိုအတူလုပ်ရတယ်လို့မရှိဘူးလေ တစ်ဖွဲ့ချင်းစီ ဉီးစီးပြီးMissionတွေသွားရတော့ အခုလိုပြန်လာပြီဆိုရင် ဘာနဲ့ပဲပြန်လာလာ ကျန်ခဲ့တဲ့၃ယောက်ကလာကြိုရစမြဲလေ အခုလဲ မင်းထက်က ကျွန်တော်စိတ်ဆိုးမှာ စိုးတာကိုသိပါတယ် လေယာဉ်ပေါ်ကြရင် သေချာလေးပြန်ချော့လိုက်ပါ့မယ် အခုကလဲ ဒီကောင်ကြီး စိတ်ဆိုးတဲ့ပုံကိုမမြင်ရတာကြာလို့ တစ်မင်စလိုက်တာပါ "
ညီစေသိတာပေါ့ ကိုကိုက သူ့အတွက်နဲ့သူငယ်ချင်းတွေနဲ့ကိုကိုကြား ညီစေဗျာများပြီး တစ်ဖက်မှာဂရုစိုက်မှုလျော့သွားမှာကို စိုးရိမ်နေတယ်ဆိုတာ.... ညီစေက မိသားစုဆီကအချစ်မခံရပဲ သူငယ်ချင်းအသစ်တွေရမှ မိသားစုရဲ့နွေးထွေးမှုကိုခံစားဖူးတော့ ချစ်သူရသွားမှ သူငယ်ချင်းတွေဘက်ကိုအလေးထားမှုလျော့သွားတယ်ဆိုပြီး သူငယ်ချင်းတွေကြား အပြစ်မြင်စရာတြွေဖစ်လာမှာကို ကိုကိုကစိုးရိမ်နေတာဖြစ်သည်။
တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းအပြည့်မျက်ဝန်းတွေနဲ့စိုက်ကြည့်လာခဲ့ပြီး နှစ်ဉီးအတူ စောင့်ကြိုနေတဲ့လေယာဉ်ပေါ်ကိုတက်လာခဲ့သည်။
သူတို့သူငယ်ချင်းအချင်းချင်း ပြေပြလေည်လည်ညှိနှိုင်းကြပါစေလေ....
"......."
"အပျိုကြီးရေ......"
"........"
"......"
ကိုယ်ပိုင်Barတစ်ခုကိုအသာလေးတည်ထောင်နိုင်လောက်အောင်ချမ်းသာတဲ့မင်းထက်က ပိုက်ဆံမရှိလို့အရက်Barမှာအလုပ်ဝင်တာမျိုးမဟုတ်ပဲ ဝါသနာပါလို့လုပ်တာဖြစ်သည်။
"ညီစေရာ...."
အခုချစ်ရတဲ့လူနဲ့ပျော်ရွှင်ရတော့မည့်အရေးကို မင်းထက်အနေနဲ့စိတ်ဆိုးစိတ်ကောက်နေမယ့်လူစားမျိုးမဟုတ်ပါ၊ သူ့အတွက်ပျော်ရွှင်လွန်းလို့သာ ၊နောက်ပြီး ညီစေချော့တဲ့အခါအရမ်းချစ်ဖို့ကောင်းလွန်းလို့ စိတ်ကောက်ချင်ယောင်ဆောင်နေရတာဖြစ်သည်။
*********
အဲ့နေ့ တောထဲကပြန်လာပြီးကတည်းက ဘုန်းဆက်နဲ့ညီစေက လူချင်းလဲမတွေ့ဖြစ်ခဲ့ကြသလို ဖုန်းအဆက်အသွယ်လဲမရြှိပတ်တောက်နေခဲ့တော့သည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
# 23. 7.2021
#Nandar Myint Moh
Unicode
တောထဲမှာ တစ်ပတ်လောက်နှစ်ယောက်အတူ ချစ်ကြည်နူး တစ်တစ်တူးပြီးတဲ့နောက်တစ်နေ့မနက်မှာတော့  ဂျက်လေယာဥ်သံတစ်ဝီဝီနဲ့ Logoအဖွဲ့က အခေါ်လွှတ်လိုက်တဲ့ အဖွဲ့ကရောက်လာတော့သည်။
ဒီကြားထဲမှာ မင်းထက်နဲ့ ညီစေကအဆက်အသွယ်ရှိနေတော့ တောထဲကအိမ်ကိုလဲမင်းထက်ကသိပြီးဖြစ်လို့ တဲအရှေ့အရောက်လေယာဥ်ကလာရပ်သည်။
ဒီရက်တွေအတွင်းမှာ ဘုန်းညီအတွဲကတော့ တောထဲမှာ ရာဇဝတ်သားလား Honeymoonထွက်လာသည့်အတွဲလား မသဲကွဲနိုင်အောင် ချစ်ကြည်နူးခဲ့ကြပြီးသာယာခဲ့ကြသည်။
ပြည်မကြီးထဲက Social mediaတွေမှာတော့ ဝန်ကြီးချုပ်ရဲ့သားက မုဒိန်းကောင်ဖြစ်နေတယ်ဆိုတဲ့ခေါင်းစဥ်ရယ် ၊ ပြည်သူတွေဆီက ငွေတွေကို ခေါင်းပုံဖြတ်ပြီးယူတဲ့ ဝန်ကြီးချုပ်နဲ့ လင်မယားရဲ့သတင်းတွေကဆိုရင် Facebook၊ Youtube ၊twitterနဲ့ social mediaအသုံးပြုနိုင်တဲ့နေရာတိုင်းမှာဟိုးလေးတစ်ကျော်ကျော်ဖြစ်နေပြီး ပြည်သူတွေကလဲ အကျင့်​​ပျက်ချစားနေတဲ့ဝန်ကြီးကို ပြင်းပြင်းထန်ထန်အရေးယူပေးရန် ဆန္ဒပြပွဲတွေနေ့စဥ်ရက်ဆက် ပြုလုပ်နေကြသည်။
ဖြစ်စဥ်အကြောင်းအစအဆုံးကို မင်းထက်ကဘုန်းဆက်နဲ့ ညီစေကို အကျယ်တဝင့်ရှင်းပြသည်။
ညီစေက ဒီကြားထဲမင်းထက်နဲ့အဆက်အသွယ်ရှိနေကြောင်းကို ဘုန်းဆက်ကိုပြောမပြသလို ဘုန်းဆက်ကလဲ တဲထဲမှာတွေ့ခဲ့တဲ့မူးယစ်ဆေးဝါးတွေနဲ့လက်နှက်တွေအကြောင်း ညီစေ့ကိုပြောမပြခဲ့ပါ ။
အံ့သြတဲ့အရိပ်အယောင်တစ်စက်ကလေးမှမပြပဲ ဘုန်းဆက်က မင်းထက်ကို အလေးပြုလာသည်။
"လေးစားပါတယ် Commando Kelvin "
"လေးစားပါတယ် Commando Zeus ဒါနဲ့ကိုဘုန်းဆက်ကနည်းနည်းလေးမှအံ့သြပုံမရဘူးနော် နဂိုကတည်းကရိပ်မိနေတာလား"
"အင်း ရိပ်မိတယ်ဆို ကိုယ့်ကိုဒီMissionကိုထမ်းဆောင်ဖို့တာဝန်ပေးတာက ဝန်ကြီးချုပ်ရဲ့ မိသားစုဆရာဝန်ဦးနိုင်ဝင်းလေ သူကတော့ အိမ်တော်ရဲ့မိသားစုအကြောင်းကိုတီးမိခေါက်မိရှိလောက်ရုံသိထားတော့ အိမ်တော်ကသားအကြောင်းကိုလဲသူကသတိထားမိတယ် ၊အစကသံသယဖြစ်နေအုံးတော့ laptopကိုအသဲအသန်ပြန်ရဖို့အတွက်အတော်ဆုံးလူတွေကိုသာရှာပေးပြီး သူ့ဆီlaptopပါလာဖို့ပဲ အဓိကထားနေတော့ ဦးနိုင်က သူထင်ထားတဲ့ဟာပဲဖြစ်ရမယ်ဆိုပြီး ကိုယ့်ကိုအခွင့်သာတာနဲ့အခု တစ်ခါတည်း ဖော်ထုပ်ခိုင်းတာပေါ့ "
"အင်း ဒါဆိုကိုဘုန်းဆက်က နဂိုကတည်းက Laptopထဲကအရေးကြီးအကြောင်းအရာကိုသိထားခဲ့တာပဲ "
"ကိုယ်က Videoကိစ္စပဲသိခဲ့တာ Accountနဲ့ငွေတွေကိုတော့မသိခဲ့ဘူးလေ"
"သြော်သြော် "
"တော်တော်ကို ဥာဏ်နီဥာဏ်နက်များပြီး တိုင်းပြည်အတွက်အန္တာရယ်များတဲ့လူကြီးပဲနော် "
"အင်း ဒီကိစ္စတွေကို ရဲဘက်ကမသိတာမဟုတ်ပဲ မျက်နှာလွှဲထားခဲ့ကြတာဆိုတော့ အခုလိုSocial mediaမှာတင်ပြီး လူအများသိအောင်ချပြရမှာပဲ...
Jole (မာန်ပြည့်)နဲ့Kelvin(မင်းထက်)တို့ပင်ပန်းသွားကြပြီ တာဝန်ကျေပါတယ် ညီလေးတို့"
"ဒါကမပြောပလောက်ပါဘူးဗျာ အကိုနဲ့ညီစေကသာ ကျွန်တော်တို့ကို အန္တာရယ်တွင်းထဲကနေ အသက်နဲ့ရင်းပြီး ကာကွယ်ပေးနိုင်ခဲ့လို့ကျွန်တော်တို့လဲအခုလို ဆောင်ရွက်နိုင်တာပါ ၊
ဒီတောထဲမှာစားစရာမရှိနေစရာမရှိနဲ့ခြင်ကိုက်ဖြုတ်ကိုက်ခံပြီးတစ်ပတ်လောက်ပုန်းနေရတာကို ကျွန်တော်ကအားနာနေတာ "
"ဘာမှမဖြစ်ဘူး ဒီမှာငါတို့နှစ်ယောက်လုံးဝအဆင်ပြေတယ် မင်းလဲစိတ်မကောင်းဖြစ်မနေနဲ့တော့"
ညီစေက အားတက်သရော ​အဆင်ပြေကြောင်းပြောလာသည်။
"အေးပါ "
"မင်းထက် ဘာလို့Kristကလိုက်မလာတာလဲ?"
ညီစေကဆူအောင့်အောင့်မေးလာတော့မင်းထက်မျက်နှာက အီလည်လည်နဲ့ ချီတစ်နေတဲ့ရုပ်ဖြစ်သွားသည်။
"ညီစေ အဲ့ဒါကလေ... ဟို Kristကလေ....."
"အေး Kristကဘာဖြစ်လဲ? "
"အဲ့ဒါက ဒီနေ့ကလေ မာန်ပြည့်ကအဖြေပေးမယ်ဆိုပြီး Dateလုပ်ထားလို့ အဲ့ဒါ....သူတို့ ကိုကြီးအောင်ရဲ့Barမှာ....Date......
"ဘာ!!!!!"
"အောင်မယ်လေး!!...လန့်လိုက်တာ ညီစေရယ် ဖြေးဖြေး ဘာ လဲရပါတယ်"
"ဘာ!!!..."
"ဟာ ဖြေးဖြေး ဘာလို့ရတယ်လို့ ညီစေကလဲ ငါနားကောင်းသေးတယ်လေ သူငယ်ချင်းကြီးကလဲ"
ဒေါသမီးတစ်ဟုန်းဟုန်းတောက်လောက်နေတဲ့မျက်နှာထားနဲ့ ညီစေက ဘာ ဘာ နဲ့ဘာမှဆက်ပြောမလာပဲ သူ့သူငယ်ချင်းတွေအတွက်သူ့မှာသွေးတက်နေပုံရသည်။
ဘေးကနေ မျက်နှာငယ်လေးနဲ့ရပ်နေတဲ့မင်းထက်ခမျာမှာ စောနက လေယာဥ်ပေါ်မှာ အမိန့်တွေပေးပြီး တည်ကြည်ခန့်ညားခဲ့တဲ့Commando Kelvin ကိုဘယ်သွားရှာရမှန်းမသိလောက်အောင် သူ့သူငယ်ချင်း ညီစေရဲ့အရှေ့မှာတော့ မျက်နှာငယ်လေးနဲ့ တံတွေးတွေ ခဏချင်း မျိုချနေပြီး မခုတ်တတ်တဲ့ကြောင်လို အသာလေးသာရပ်နေတော့သည်။
"လုပ်ဦး ညီစေ့ကို ချော့ပါအုံး"
"အမ်...ကိုယ်ကဘာလုပ်ရမှာလဲကွ မင်းသူငယ်ချင်းဒေါသထွက်ရင်ကိုယ်လဲကြောက်ရတယ်လေ..."
ဘုန်းဆက်အနားကိုအသာတိုးကပ်ပြီး မကြာခင်မှာပေါက်ကွဲတော့မယ့်ဗုံးကို စနက်တံမပြုတ်အောင်ကြိုးစားနေတော့သည်။
"Krist.. Krist မင်းက ငါ့ကိုမင်းလောင်တိုက်သွင်းချလိုက်ပြန်ရောလားကွာ...... အေးပါ မင်းကတော့အခုချိန်ဆိုရင် မာန်ပြည့်ဆီကချစ်အဖြေကိုရပြီး ချစ်ကြည်နူးတစ်တစ်တူးနေရောပေါ့......
မင်းလဲသိသလို ငါလဲသိခဲ့ပါတယ်ကွာ ညီစေကသူ့ကို လေးယောက်လုံး လာမကြိုရင် အခုလိုရွှေစိတ်တော်ညှိုးမယ်ဆိုတာ ငါသိလျှက်နဲ့မင်းတို့်ချစ်ခြင်းကိုငါဖြည့်ဆည်းပေးခဲ့မိတာ....အခုတော့....အခုတော့...ငါ့နားကဗုံးပေါက်တော့မယ်ကွ!!!!"
အပြင်ဘက်မှာတည်ငြိမ်သလောက် ရင်ထဲမှာတော့စကားလုံးတွေနဲ့ စစ်ဖြစ်နေခဲ့ပြီး ရင်ထဲမှာကြိုပြီးမီးလောင်နေတော့သည်။
"သြော်... သူများချစ်ခြင်းကို ကူညီလို့ ငါများ အချစ်ကံကောင်းလာမလား မှတ်ပါတယ်...... အခုတော့ စနက်တံပြုတ်တော့မယ့် ဗုံးနဲ့လာတွေ့နေရတယ်လို့ မင်းထက်ရယ် မင်းဘဝကဆိုးလိုက်တာကွာ!!!!......
ရင်ထဲမှာသာ ကုန်းအော်နေပေမယ့် အပြင်မှာတော့ မချိသွားဖြဲပုံစံနဲ့ မျက်နှာချိုသွေးရတော့သည်။
"ညီစေရယ် သူလဲ အခုမှ အကြာကြီးသဘောကျလာရတဲ့ချစ်သူဆီကနေအဖြေရတာဆိုတော့ ဒီနေ့လေးကိုဘယ်ရက်ရွှေ့ချင်ပါ့မလဲကွာ ညီစေလေးက နားလည်ပေးလိုက်ပါလားကွာ နော် ဒါမှမဟုတ်လို့!!မင်း မကျေနပ်ဘူးဆိုရင် ရန်ကုန်ပြန်ရောက်မှ အဲ့နှစ်ကောင်ကိုစိတ်ကြိုက် ဂုန်းဆင်းကြမယ်လေကွာ ဟင် ညီစေ"
"မင်းထက်ရာ ငါက ဝမ်းသာ သွားလို့ပါကွာ...."
"ဘာ!!!!!"
ဒီတစ်ခါ ဘာတာက မင်းထက်ဖြစ်နေသည်။ကိုယ့်မှာတော့ စိတ်ဆိုးပြီး ဟိုနှစ်ကောင်ကိုပါအောင်ခေါ်မလာတဲ့ကိုယ့်ကိုများ တစ်ခုခုနဲ့ထုတော့မလားဆိုပြီး အသင့်အနေအထားနဲ့နေနေပြီး မျက်နှာချိုတွေသွေးနေရတာ အမ်!!ဒင်းကတော့ ဝမ်းသာလို့တဲ့.....ဒါက ဘာသဘောလဲ!!
"ဟုတ်တယ်လေ ငါကဝမ်းသာလို့ အဲ့ကောင်ကြီး မာန်ပြည့်ကိုဘယ်လောက်တောင်ချစ်နေတာလဲဆိုတာ ငါတို့အသိဆုံးလေကွာ သူ့မှာ ဒီနေ့ ချစ်အဖြေရမယ်ဆိုတော့ ငါကအချစ်ငှက်ငယ်လေးနှစ်ကောင်အတွက်ဝမ်းသာပေးရမှာပေါ့ကွာ....နော...... "
နောက်ဆုံးက နော ဆိုပြီး မေးငေါ့ပြလိုက်တာက ဘုန်းဆက်ရှိန်ဝါဆိုတဲ့ ဘဲကြီးဘက်ကို...... ဆိုတော့ကာ....ဒီနှစ်ယောက်ကကော.....
"အင်းဟုတ်တာပေါ့ ပထမဆုံးdateလုပ်တဲ့နေ့ကို ဘယ်ရွှေ့လို့ဖြစ်ပါ့မလဲ? "
ဘုန်းဆက်ကပါ ခပ်တည်တည်နဲ့ညီစေ့ဘက်က ထောက်ခံပေးလာသည်။
"အင်းလေ အဲ့ဒီတော့ ငါ့ကိုလာမကြိုနိုင်တာ ကိစ္စမရှိဘူးကွာ Dateမှာအဆင်ပြေဖို့ပဲ လိုတာကွာ သိလား မင်းထက်"
"ညီစေမင်းသော်!!!!"
"ဗျာ!! အဲ......မဟုတ်.. ဟေ့ရောင်မင်းထက် မင်းကများ ငါ့နာမည်အပြည့်အစုံကိုတောင်ခေါ်နေလိုက်သေးတယ် ဘာထဖြစ်တာလဲကွ"
ညီစေက သူ့နာမည်အပြည့်အစုံကိုအကျယ်ကြီးခေါ်လိုက်တော့ အလန့်တကြား ဗျာနဲ့ထူးမိသွားသေးသည်။
မင်းထက်ကိုကြည့်လိုက်တော့ တစ်ကယ့်ကိုပေါက်ကွဲထွက်တော့မယ့်မျက်နှာကြီးကနီရဲနေပြီး သူ့ရဲ့ထင်ရှားပြီးမည်းနက်တဲ့ မျက်ခုံးတွေကိုတွန့်ချိုးပြီး နှာတွေလဲမှုတ်နေတော့သည်။
ဒီကောင်ကဘာထဖြစ်ပြန်တာလဲကွာ.....ဘုန်းဆက် ဒီနှစ်ယောက်နဲ့တစ်ကယ်ရူးချင်နေသည်။ ဒါတောင်၄ယောက်မစုံသေးဘူး နှစ်ယောက်ပဲရှိသေးတယ်... ဟူးးးးးးးဘုန်းဆက်ရှိန်ဝါရေ မင်းတော့ချစ်သူလေးတစ်ယောက်ရလိုက်ပါတယ်
ကလေးထိန်းကျောင်းဖွင့်စရာမလိုပဲ ကလေးကြီးလေးယောက်ကိုထိန်းရတော့မယ်ထင်တယ်ဟေ့......
"မင်းက... မင်းက...ဒေါသမထွက်ပဲအချစ်ငှက်တွေအတွက် ဝမ်းသာတယ်ဟုတ်လား ပြီးတော့ နောဆိုပြီးတော့လဲ ကိုဘုန်းဆက်ဘက်ကို မေ့ငေါ့ပြပြီးအတည်ပြုချက်ယူလိုက်သေးတယ်... ဘယ်တုန်းက မင်းကအဲ့လောက်ချစ်ခြင်းတရားကို နားလည်ပေးသွားတတ်တာလဲကွ အမ်....တောထဲမှာ ငှက်ဖျားမိပြီးဂေါက်သွားတာလား? ဟိုနှစ်ကောင် မင်းကိုလာမကြိုလို့ မင်းက စိတ်ဆိုးဒေါသထွက်ရမှာလေ မင်းစိတ်ဆိုးရမှာမေ့နေတာလား?"
"ဟာ မင်းထက် မင်းထက် အဲ့ဒါအချစ်ကသင်ပေးတယ်လို့ခေါ်တယ်ကွ kristနဲ့မာန်ပြည့်အဆင်ပြေပြေချစ်ကြတော့မယ် ဟော ငါကလဲ အခုအချစ်အကြောင်းကို ကိုကို့ဆီမှာရေရေလည်လည်သင်တန်းတက်ပြီးပြီကွာ ....အခုငါက အရမ်းကို ချစ်တတ်နေပြီကွ ဟားဟား"
"အမ်....ကိုကို!!...ဘယ်..ဘယ်သူက ကိုကိုလဲ?"
မင်းထက်မှာ ညီစေဆီက ကိုကိုအသံကြားလိုက်ရတာ မိုးချုန်းလိုက်လို့လန့်ဖြန့်သွားသလားထင်မှတ်ရအောင်နားကို လက်ညှိုးနဲ့ထိုးကလော်ပြီး ပြန်မေးနေရသည်။
"ကိုဘုန်းဆက်ရှိန်ဝါနဲ့ ငါနဲ့ချစ်သူဖြစ်သွားပြီလေ အဲ့တော့ ဒါငါ့ကိုကိုလေ "
"သြော်.....ဘာ!!!!ညီစေ မင်းနဲ့ကိုဘုန်းဆက်နဲ့ချစ်သူဖြစ်သွားပြီဟုတ်လား!!?"
"အေးလေ အခုဆိုငါတို့ထဲမှာကွာ FAဆိုလို့မင်းတစ်ယောက်ပဲကျန်တော့တယ်ကွာ သိလား ဂေါ်မစွံအဖိုးကြီးရယ်"
"ညီစေ!!မင်း..မင်းးငါ့ကိုဂေါ်မစွံလို့ပြောပြန်ပြီလား မင်းနော်...မင်းလင်ရှိလာပြီဆိုပြီး ငါ့ကိုမနှိမ်နဲ့ ...အေးမင်းလိုအခုမှ ဘဲရပြီး ဖင်ကျယ်တဲ့ကောင်တစ်သက်လုံး Bottomထိုင်ရပါစေကွာ!!.."
သူ့ကိုဂေါ်မစွံလို့ခေါ်လိုက်တိုင်းနဲ့FAလို့ပြောတိုင်းမင်းထက်ကအရမ်းကို စိတ်ဆိုးပြီးရန်တွေ့တတ်သည်။ ပြောပြောဆိုဆိုနဲ့သူလာခေါ်တဲ့Commandoနှစ်ယောက်ကိုဒီအတိုင်းထားခဲ့ပြီး လေယာဥ်ဆီကိုဘောက်ဆတ်ဘောက်ဆတ်နဲ့ခြေလှမ်းကျဲကြီးတွေနဲ့ပြန်သွားတက်နေတော့သည်။
"ဟားဟားဟားးးးးမင်းထက်တစ်ယောက်ကတော့လေ လည်လွန်းတဲ့ဘီးချီးလူးဆိုသလို အကုန်ပတ်တွဲနေပြီး တစ်ယောက်မှလဲလက်ရှိဖော်ပြစရာမရှိဘူး သေချာနေပါပြီ မင်းထက်ဒီကောင်ကြီးက ဂေါ်မစွံအပျိုကြီးဖြစ်မှာ...ဟားဟားဟားးးး"
"ညီ သူများကိုပြောရရင်အသံလေးကို စာ လို့နော် မင်းထက်က ညီစိတ်ဆိုးတယ်မှတ်ပြီး သူ့မှာ နေမထိထိုင်မသာဖြစ်နေရှာတာကို... သွားပြန်ချော့လိုက်အုံးနော်"
"ဟုတ်ကဲ့ပါ ကိုကိုရ အရင်တုန်းကဆိုရင် လေးယောက်စလုံး Missionတစ်ခုတည်းကိုအတူလုပ်ရတယ်လို့မရှိဘူးလေ တစ်ဖွဲ့ချင်းစီ ဦးစီးပြီးMissionတွေသွားရတော့ အခုလိုပြန်လာပြီဆိုရင် ဘာနဲ့ပဲပြန်လာလာ ကျန်ခဲ့တဲ့၃ယောက်ကလာကြိုရစမြဲလေ အခုလဲ မင်းထက်က ကျွန်တော်စိတ်ဆိုးမှာ စိုးတာကိုသိပါတယ် လေယာဥ်ပေါ်ကြရင် သေချာလေးပြန်ချော့လိုက်ပါ့မယ် အခုကလဲ ဒီကောင်ကြီး စိတ်ဆိုးတဲ့ပုံကိုမမြင်ရတာကြာလို့ တစ်မင်စလိုက်တာပါ "
"အင်းပါ ညီနဲ့ညီ့သူငယ်ချင်းတွေအဆင်ပြေတယ်ဆိုရင်ပြီးတာပဲ ကိုယ်က ကိုယ့်ကြောင့်ညီသူငယ်ချင်းတွေနဲ့သွေးကွဲသွားတာမျိုးမဖြစ်စေချင်ဘူး ကိုယ်ကလဲချစ်သူဖြစ်နေတဲ့အတွက်ချစ်ပေးရမယ် ၊ပြီးတော့ ညီကလဲသူငယ်ချင်းတွေကိုအရင်ကအတိုင်းချစ်နေရမယ် ကိုယ်ပြောတာနားလည်တယ်မလား ညီ"
"ဟုတ် နားလည်ပါတယ်ကိုကို သူတို့က ကျွန်တော့်အတွက်မိသားစုပါပဲ ဘယ်လိုအခြေအနေဖြစ်ဖြစ် သူတို့ကိုလွှတ်ချမထားခဲ့ပါဘူး ကိုကိုနဲ့ချစ်သူဖြစ်သွားလို့လဲသူတို့အပေါ်ချစ်ခင်မှုမလျော့စေရပါဘူး ကိုကိုမစိုးရိမ်နဲ့နော်..... "
"ဟုတ်ပါပြီဗျာ...ကိုကို့ ညီကလူကြီးဖြစ်နေပြီပဲ "
"ဟွန် ကိုကိုကလဲ ကျွန်တော့်အသက်က၂၅ပြည့်ပြီးပြီလေ လူကြီးဖြစ်ပြီပေါ့ဗျ"
"အာ...ဟုတ်ပါပြီကွာ ကိုကိုကလေးလေး လူကြီးလေးညီ့ကိုချစ်လိုက်တာကွာ"
ညီစေသိတာပေါ့ ကိုကိုက သူ့အတွက်နဲ့သူငယ်ချင်းတွေနဲ့ကိုကိုကြား ညီစေဗျာများပြီး တစ်ဖက်မှာဂရုစိုက်မှုလျော့သွားမှာကို စိုးရိမ်နေတယ်ဆိုတာ.... ညီစေက မိသားစုဆီကအချစ်မခံရပဲ သူငယ်ချင်းအသစ်တွေရမှ မိသားစုရဲ့နွေးထွေးမှုကိုခံစားဖူးတော့ ချစ်သူရသွားမှ သူငယ်ချင်းတွေဘက်ကိုအလေးထားမှုလျော့သွားတယ်ဆိုပြီး သူငယ်ချင်းတွေကြား အပြစ်မြင်စရာတွေဖြစ်လာမှာကို ကိုကိုကစိုးရိမ်နေတာဖြစ်သည်။
ကိုကိုက သူကိုယ်တိုင်က မိသားစုမရှိတဲ့အပြင်သူငယ်ချင်းလဲမထားဖူးတော့ ညီစေ့ကိုပါသူ့လို သူ့ကြောင့်အထီးကျန်မှုမျိုးဖြစ်သွားမှာကိုကြောက်နေတာဖြစ်သည်။
"စိတ်ချပါ ကိုကို ကျွန်တော်က ကျွန်တော်တို့နှစ်ယောက်စလုံးမရဖူးတဲ့နွေးထွေးပြီးသာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကို ကိုကိုနဲ့အတူ နောက်ပြီး ဘေးမှာအထောက်အပံ့ပေးနေမယ့်သူငယ်ချင်းတွေနဲ့အတူ ထူထောင်သွားမှာပါ "
"ညီ့ကို ကိုယ်ကဘာတွေပဲကြုံလာရပါစေ အမြဲပြုံးပျော်နေပြီး သူများတွေရဖူးတဲ့ပျော်ရွှင်မှုတွေမှန်သမျှကို ကိုကိုကအမြဲဖန်တီးပေးနေမှာ....ကိုယ့်ကြောင့် ညီပျော်ရွှင်မှုတွေပဲရစေရမည် ကိုကို့ကလေးလေး"
တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းအပြည့်မျက်ဝန်းတွေနဲ့စိုက်ကြည့်လာခဲ့ပြီး နှစ်ဦးအတူ စောင့်ကြိုနေတဲ့လေယာဥ်ပေါ်ကိုတက်လာခဲ့သည်။
စိတ်ဆိုးပြီးအပေါက်ဖက်ကိုကျောပေးပြီး ဟိုဘက်ကိုလှည့်နေတဲ့ မင်းထက်အနားကခုံမှာ ညီစေက သွားထိုင်ပြီး ဘုန်းဆက်ကတော့ လေယာဥ်မှူးရဲ့အနောက်ကခုံမှာပဲဝင်ထိုင်လိုက်သည်။
သူတို့သူငယ်ချင်းအချင်းချင်း ပြေပြေလည်လည်ညှိနှိုင်းကြပါစေလေ....
"မင်းထက် သားကြီး အသည်းလေး ကိုယ့်ကိုကြည့်ပါအုံးကွ "
စပါပြီ မိန်းမကြီးလိုစိတ်ကောက်နေတဲ့မင်းထက်ကို ညီစေရဲ့အချော့အမော့တွေစလာပါပြီ..... မင်းထက်ကအဖွဲ့ထဲမှာ စိတ်ဆိုးရင်အကြာဆုံးလူဖြစ်သည်။
ညီစေကတော့အဖွဲ့ထဲမှာအငယ်ဆုံးဖြစ်ပြီးအချွှဲဆုံးနဲ့အဆဲဆုံးဖြစ်သည်။လက်သံပြောင်တာကလဲနှစ်ယောက်မရှိလောက်အောင်မထင်ရင်မထင်သလို ထထပြီးစော်ပလော်တီးတတ်သည်။
အခုတော့ စိတ်ဆိုးနေတဲ့မင်းထက်ကို ချော့မော့ခြင်းMissionကို ညီစေက ထမ်းဆောင်ရန်နည်းဗျူဟာများစွာကိုထုပ်သုံးတော့သည်။
"မင်းထက်..... အသည်းရေ....အသက်ကလေးရေ....အသည်းအသက်လေးရေ..... သူငယ်ချင်းပူတူတူလေးရေ....."
"......."
"အပျိုကြီးရေ......"
"........"
အရင်တုန်းကဆိုရင်မင်းထက်က သူ့ကိုအပျိုကြီးလို့ခေါ်လိုက်တာနဲ့ နှုတ်ခမ်းကြီးစူထော်နေပြီးရန်တွေတွေ့တော့သည်။အခုတော့လှည့်တောင်ကြည့်မလာသေးပါ.....
"မင်းထက် မင်းကလဲကွာ ငါကအခုမှတောကြီးမက်မဲထဲကနေပြန်လာရတာလေ အဲ့ဒါကိုမင်းက အခုငါ့ကိုအဲ့လိုစကားမပြောပဲနေမလို့လား?"
"......"
"ငါကလေ ဒီမှာနေရတဲ့အတောတွင်းမှာ မင်းစပ်ပေးတဲ့အရက်ကိုအရမ်းကိုသောက်ချင်နေတာကွာ သိလား ဘာမှစားစရာမရှိနေတဲ့အချိန်မှာ ငါတောင်းတမိတဲ့တစ်ခုတည်းသောအစားအစာက မင်းစပ်ပေးတဲ့အရက်ကလေးတစ်ခွက်တည်းကို ငါသောက်ချင်နေခဲ့တာကွ "
ဘယ်လောက်ချော့ချော့မရဘူးဆိုရင် ဒီလိုလေးပြောလိုက် မင်းထက်ဆိုတာ နေပူပူမှာချထားတဲ့ရေခဲမုန့်လိုပဲ အရည်တွေတောက်တောက် တောက်တောက်ကျအောင်ပျော်စင်းလာရော....
မင်းထက်အရက်စပ်ပေးတာကအရမ်းသောက်လို့ကောင်းသည်။ သူစပ်ပေးတဲ့အရက်ကိုတစ်ခါသောက်မိပြီးရင်နောက်တစ်ခါသူများစပ်ပေးတာသောက်လို့မရလောက်အောင်ကိုကောင်းသည်။
အရင်က အရက်Barမှာအလုပ်လုပ်ခဲ့တာတဲ့၊
ကိုယ်ပိုင်Barတစ်ခုကိုအသာလေးတည်ထောင်နိူင်လောက်အောင်ချမ်းသာတဲ့မင်းထက်က ပိုက်ဆံမရှိလို့အရက်Barမှာအလုပ်ဝင်တာမျိုးမဟုတ်ပဲ ဝါသနာပါလို့လုပ်တာဖြစ်သည်။
"ညီစေရာ...."
ညီစေရာဆိုတဲ့အချိတင်ကဲအသံလေးနဲ့ခေါ်လာပြီး 
ကိုယ်တစ်ပိုင်းလုံး ညီစေ့ဘက်ကိုလှည့်လာပြီး ပုခုံးကနေသိုင်းဖက်ပြီး ညီစေ့ကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်လာသည်။
မင်းထက်ကတစ်ကယ်တော့ ညီစေ့ကိုစိတ်မဆိုးရက်ပါ ၊ညီစေက သူတောထဲမှာရာဇဝတ်သားအနေနဲ့ပြေးလွှားကျန်နေခဲ့ပြီး မင်းထက်တို့ကို သူ့အသက်နဲ့ရင်းပြီးကာကွယ်ပေးခဲ့တဲ့အတွက် မင်းထက်တို့က စိတ်မကောင်းဖြစ်နေကြတာကို ညီစေက ကြိုသိနေလို့ သူကဟာသတွေပြောပြီး မင်းထက်ကိုချော့နေတာဖြစ်သည် ။
ဒါကိုမင်းထက်က လဲသိပါတယ် ညီစေဆိုတာ သူဝမ်းနည်းပြီးငိုချင်ရင်တောင် သူ့သူငယ်ချင်းတွေအရှေ့မှာဆို ဟန်ဆောင်ပြုံးထားပြီး တတ်နိုင်သလောက်ပျော်ပျော်နေသည်။
ညီစေဆိုတာ သူ့အတွက်နဲ့ သူများတွေပါ စိတ်အနှောက်အယှက်ဖြစ်မှာကိုအလွန်စိုးရိမ်တဲ့ကောင်လေးလေ....
သူ့မိဘတွေက သူ့ကြောင့်စိတ်ဆင်းရဲနေခဲ့ရတာဆိုတဲ့အစွဲကြီးနဲ့ညီစေက သူ့ကြောင့်ဘယ်သူ့ကိုမှ စိတ်ဆင်းရဲမနေစေချင်ပဲအပြုံးတွေပဲပေးနေခဲ့တယ်ဆိုတာ ၅နှစ်တာခင်မင်ခဲ့ရတဲ့သက်တမ်းအတွင်းသိရှိခဲ့ရသည်။
အခုလို ချစ်ရတဲ့သူရရှိလာပြီးဆိုလို့လဲ ညီစေက သူငယ်ချင်းတွေအပေါ်အချစ်တွေလျော့သွားမယ့်လူမျိုးမဟုတ်ပါဘူး ၊ အရင်ကအချစ်မခံခဲ့ရတဲ့ဒီကောင်လေးကို ရင်ထဲကနေ နှစ်နှစ်ကာကာတန်ဖိုးထားပြီးချစ်ပေးမယ့်လူနဲ့တွေ့ပြီဆိုတော့ ညီစေ့ကို ကမ္ဘာပေါ်မှာအချစ်အခံရဆုံးနဲ့အပျော်ဆုံးလူသားလေးဖြစ်စေချင်နေခဲ့တာကြာလှပြီပေါ့၊
အရင်က သူ့အတွက်အချစ်တွေရှိမလားဆိုတဲ့အတွေးနဲ့ရည်းစားတွေထားခဲ့လဲ ငွေနဲ့ပေးဝယ်လို့ပြန်ရတာက သူတို့နဲ့အိပ်ချင်လို့လားဆိုတဲ့စကားတွေနဲ့ ညီစေ့ကိုထိုးနှက်စော်ကားသွားကြတာချည်းပဲဖြစ်နေခဲ့သည်။
အခုချစ်ရတဲ့လူနဲ့ပျော်ရွှင်ရတော့မည့်အရေးကို မင်းထက်အနေနဲ့စိတ်ဆိုးစိတ်ကောက်နေမယ့်လူစားမျိုးမဟုတ်ပါ၊ သူ့အတွက်ပျော်ရွှင်လွန်းလို့သာ ၊နောက်ပြီး ညီစေချော့တဲ့အခါအရမ်းချစ်ဖိူ့ကောင်းလွန်းလို့ စိတ်ကောက်ချင်ယောင်ဆောင်နေရတာဖြစ်သည်။
တောထဲမှာ စားစရာရှားပါးနေတဲ့အချိန်မှာ တောင်းတမိတဲ့အရာက သူကိုယ်တိုင်ဖျော်စပ်ပေးမယ့်အရက်တဲ့၊ မင်းထက်သိပ်သဘောကျတဲ့အရက်စပ်နည်းကို ညီစေကလွမ်းတယ်ဆိုတော့ ကျေနပ်ရတာပေါ့ ၊ဒါပါပဲသူငယ်ချင်းဆိုတာ ကိုယ်ဝမ်းနည်းနေချိန်အနားမှာအတူရှိပေးပြီးအတူဝမ်းနည်းပေးတယ် ၊နှစ်သိမ့်ပေးတယ်ပြီးရင် ပျော်ရွှင်အောင်ဖန်တီးပေးတတ်တယ် ၊ ပျော်စရာရှိရင်လဲအတူပျော်ကြမယ် ၊ငိုစရာရှိလဲ ပခုံးငှားပေးမယ် အတူတူငိုကြမယ် ဆိုတာမျိုးကိုသူငယ်ချင်းဟုခေါ်သည်။
နှစ်ယောက်သားတင်းတင်းကျက်ကျပ်ပွေ့ဖက်နေကြရင်း တစ်ယောက်ရင်ထဲကပြောချင်နေတဲ့စကားတွေကိုနောက်တစ်ယောက်ကလဲ ရင်ဘတ်ချင်းနီးနေသည့်အလျှောက် ရင်ဘတ်နဲ့ပဲနားထောင်ပြီး စကားလုံးတွေမဲ့နေခဲ့ကြသည်။
သူငယ်ချင်းနှစ်ယောက်အလွမ်းဖြေရင်း ညီစေမရှိနေတဲ့တစ်ပတ်အတွင်း kristနဲ့မာန်ပြည့်အကြောင်းကို စမြုပ်ပြန်နေကြလိုက်တာ
လေယာဥ်မထွက်ခင်  ​လေယာဥ်မှူးဆီက ဖုန်းငှားပြီး U.Sကိုဖုန်းခေါ်ပြီး စိတ်ပူပန်နေတဲ့မျက်နှာနဲ့ ရတက်မအေးဖြစ်နေရှာတဲ့ ဘုန်းဆက်ကိုသတိမထားမိခဲ့ကြပေ.....
"နောက်Missionတစ်ခု လက်ခံထားပြီးပြီ ညီစေ "
"ဘာ ကိုသက်နောင်က ငါ့ကိုအနားလေးတောင်မပေးတော့ဘူးလားကွာ"
"ဟွန် ဘာအနားပေးစရာလိုသေးလို့လဲ မင်းက မင်းလင်နဲ့တောထဲမှာစိတ်ကြိုက်ပျော်ခဲ့ပြီးပြီမဟုတ်ဘူးလား"
"ဟ ဒါတော့ဒါပေါ့ကွ.. ဒါပေမယ့်မတူဘူးလေကွာ ငါ့ဘေဘီလေးနဲ့ (ဆိုင်ကယ်အနီ​​)မြို့ပတ်ပြီး လေဟုန်စီးချင်သေးတယ်လေကွာ "
"ဒီတစ်ပတ်လုံးစိတ်ကြိုက်စီးလို့ရတယ်လေကွာ ညီစေရ နောက်အပတ် Sundayမှ စရမှာ ငါထင်တာတော့ ဒီတစ်ခါ missionကလနဲ့ချီကြာလောက်တယ်ကွ မင်းစိတ်ကြိုက်သူလျှိုလုပ်ရမှာကွ "
"ဟုတ်လား မိုက်တာပေါ့ မင်းတို့ကောလား?"
"ဟုတ်တယ် ငါတို့လေးယောက်လုံးကွ "
"ဝါး အကြာကြီးနေမှ ငါတို့လေးယောက်Missionတစ်ခုကိုအတူတူဆောင်ရွက်ရမှာပေါ့လေ ငါတော့စိတ်လှုပ်ရှားနေပြီ"
နှစ်ယောက်သားရယ်လိုက်မောလိုက်စကားတွေပြောနေကြရင်း ဘုန်းဆက်ကိုလုံးဝမေ့လျော့နေတော့သည် ။ မေ့လျော့သွားလောက်အောင်လဲ ဘုန်းဆက်ကအသံတိတ်နေခဲ့သည်။
"အင်းလေ ညီလဲMissionသွားရအုံးမှာပဲ U.Sပြန်မှာကိုမပြောပဲနေလိုက်တော့မယ် ညီတို့Missionပြီးပြန်လာတာနဲ့ ငါလဲ U.Sကပြန်အရောက်အကိုက်လောက်နေမှာပါ ကိုယ်မပြောပဲပြန်သွားလို့စိတ်မကောက်နဲ့နော် ညီ "
စိတ်ထဲကနေပဲညီ့ကို ခွင့်ပန်လိုက်သည်။တော်ကြာ ညီခမျာ ကိုယ့်အတွက်ပါ ပူပန်နေရမယ့်အဖြစ်မျိုးမဖြစ်စေချင်ပါ Missionကိုသာ ဘေးအန္တရယ်ကင်းကင်းဆောင်ရွက်ပြီးပြန်လာဖို့လိုသည်။
*********
လေယာဥ်က Logoကုမ္ပဏီရဲ့အဆောက်အအုံကြီးရဲ့ခေါင်မိုးထပ်မှာရပ်သွားပြီး လေးယောက်သားအတူဆင်းလာတော့ ကိုသက်နောင်နဲ့ ကိုကြီးအောင်က စောင့်ကြိုနေပြီး ဂုဏ်ပြုစကားပြောပြီး အကုန်လုံးကိုအဆင်ပြေကြောင်းနှုတ်ဆက်စကားပြောပြီး ဘုန်းဆက်နဲ့ ညီစေကို မင်းထက်က သူ့ကားနဲ့ပြန်လိုက်ပို့ပေးသည်။
ကားပေါ်မှာလဲ သုံးယောက်သားစကားတွေအများကြီးပြောနေကြပေမယ့် ဘုန်းဆက်ကတစ်ခါတစ်ခါ အကြာကြီးနှုတ်ဆိတ်နေတတ်သည်။
ညီစေ့ရဲ့condoကိုအရင်ရောက်တော့ ဘုန်းဆက်က Missionသွားရင်ဂရုစိုက်ဖို့အကြောင်းနဲ့ အောင်မြင်အောင်ဆောင်ရွက်ခဲ့ဖို့အကြောင်းပြောပြီးနှုတ်ဆက်ခဲ့ကြသည်။
အဲ့နေ့ တောထဲကပြန်လာပြီးကတည်းက ဘုန်းဆက်နဲ့ညီစေက လူချင်းလဲမတွေ့ဖြစ်ခဲ့ကြသလို ဖုန်းအဆက်အသွယ်လဲမရှိပြတ်တောက်နေခဲ့တော့သည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
# 23. 7.2021
#Nandar Myint Moh
I really want your Feedback and Voting😘
Continue Reading
You'll Also Like
37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...