Blood of MIN

By ibeingme

56.5K 3.3K 260

"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it."... More

Part 01
Part 02
Part 03
Part 04*
Part 05**
Part 06
Part 07
Part 08
Part 10*
Part 11
Part 12*
Part 13
Part 14
Part 15
Part 16
Correction: I apologize
Part 17
Part 18
MIN
Part 19

Part 09

2K 147 0
By ibeingme

(unicode)
ကုတင်ပေါ်မှ ကျုံးရုန်းထကာ လက်လှမ်းမှီသည့် အဝတ်တစ်စုံအား အမြန်ကောက်စွပ်မိသည်။ အခြေအနေတွေသည် ထင်ထားတာထက် ပိုဆိုးနေပြီ။

cocaine နှင့်ရောသုံးသည့် သာမန် filler များ​ကို ဖယ်လိုက်လျှင် ကျန်သည့်ခပ်ဆန်းဆန်း အမျိုးများကို ယေဘုယျအားဖြင့် (၃)မျိုးခွဲနိုင်သည်။

(၁) more psychoactive - လူ့စိတ်ကို ပိုမိုတက်ကြွစေသော

(၂) poisonous - အဆိပ်ဖြစ်စေသော

(၃) anaesthetic - အာရုံခံစားမှုမဲ့စေသော သို့မဟုတ် ထုံထိုင်းစေသော

သွေး စပ်ပေးလိုက်သည့် caffeine သည် နံပါတ်၁ အမျိုးအစားထဲက ဖြစ်သော်လည်း အပြင်းစားကြီးမဟုတ်။ သို့ပေမယ့် အခုဟာသည် fentanyl ။

fentanyl ဆိုတာသည် အနာသက်သာစေဖို့ သုံးသည့် ခပ်ပြင်းပြင်းဆေးဝါးတစ်မျိုး။ သူ့ effect က morphine လို၊ အာရုံကြောတွေကို ထုံထိုင်းယစ်မူးစေပြီး နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းကို လျော့ကျစေသည်။

သို့ရာတွင် cocaine နှင့် စပ်သုံးပါက ultimate euphoria ပင်။ သူသည်လည်း caffeine လို နံပါတ်၁ အမျိုးအစားပေမယ့် ပမာဏများပါက သေစေနိုင်သည့်အထဲတွင်ပါသည်။ cocaine နှင့် fentanyl တွဲလုံးလေးက ဖောက်သည်တွေကြား စောက်ရမ်းနာမည်ကြီးသလောက် ဆေးလွန်ပြီး တန်းလျှောစေသည့်အထဲတွင် ထိပ်ဆုံးကပင်။

Junior James ရှူမိလိုက်သော ပမာဏက ဘယ်လောက်မှန်းမသိရပေမယ့် Min ပြောပုံအရ အရက်ပါ သောက်လိုက်သေးသည်ဆိုတော့ ဂန့်ဖို့ရာခိုင်နှုန်းက ဆောင့်တက်သွားပြီ။

ထားပါလေ။ Junior James ဟာ နဂိုတည်းက အရက်ကလေး တမျမျနှင့် ဆန်ကုန်မြေလေးမို့ သေသွားတော့လည်း အေးတာပါပဲ။ သူ ဘယ်လိုသေလဲက အရေးမကြီး။ ကြားထဲက သွေးပစ္စည်းကို ဖြတ်ခုတ်သွားသည့်အပိုင်းကတော့ အရေးကြီးသည်။

ဘယ်ကောင် လက်သရမ်းတာလဲ။ ဒါမှမဟူတ် ဘယ်သူနဲ့ ဘာရန်ငြိုးတွေ ရှိဖူးလို့လဲ။ အတတ်နိုင်ဆုံး မရှိအောင်နေပေမယ့် အမြင်မကြည်တဲ့လူကတော့ အမြဲတမ်းချောင်းနေမှာ မဟုတ်လား။ စဉ်းစားနေလျှင် ကြာပေသည်မို့ အလုပ်နှင့်ပဲ ရှေ့ဆက်တော့မည်။

"Min..."

အဝတ်အစား အစုံအလင်ဝတ်အပြီး Min ကို ကြည့်မိတော့ အေးတိအေးစက် အကြည့်တွေနှင့် ပြန်ရင်ဆိုင်ရသည်။ ခုနက အဝတ်စလစ်နှင့် သွေးကို တစ်လျှောက်လုံး လိုက်ကြည့်နေတာများလား။ အနေနီးခဲ့ပြီးတာကြောင့် ရှက်သွေးတွေလည်း ဖြာမနေတော့ပြီ။ ခွင့်တောင်းရမည့်ကိစ္စမို့ Min နှင့် ခြေနှစ်လှမ်းအကွာတွင် တည့်တည့်ရပ်ပြီး လက်နှစ်ဖက်ကို နောက်သို့ရို့၏။

"သွေးကို အခန်းပြင် ထွက်ခွင့်ပြုပါ Min"

"ဘာလို့လဲ။ အကြောင်းပြချက်ပေး"

Min လေသံက သာမန်လိုမဟုတ်ဘဲ မာကျောနေသည်။ အမှန်အတိုင်းဝန်ခံရရင် သွေး လန့်ပါသည်။ သို့သော် နောက်ဆုတ်လို့မရပါ။

"သွေး ပေးလိုက်တဲ့နှင်းဖြူက caffeine နဲ့ရောထားတာ။ fentanyl မဟုတ်ဘူး။ ကြားထဲမှာတစ်ယောက်ယောက်က ပစ္စည်းလဲပြီး Mr.James နဲ့ သွေးကို ရန်တိုက်ပေးလိုက်တာဖြစ်မယ်။ Mr.James ရဲ့ဒေါသကို ဆွပြီး သွယ်ဝိုက်သောနည်းနဲ့ သွေးကိုဒုက္ခပေးဖို့ ကြံစည်နေတာပေါ့။ ဆိုတော့ အဲဒီကြားထဲကလူကို လိုက်မှရမယ်။ အဲဒီလူဆိုတာ နောက်ခံမရှိတဲ့ တစ်ကိုယ်တော် solo သမားဖြစ်နိုင်သလို အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်နိုင်တယ် Min"

"အင်း။ အဲ့တော့"

"အဲ့တော့ သွေး အပြင်ထွက်မှ လှုပ်ရှားလို့ရမယ်လေ"

"မလိုဘူး။ ဒီကိစ္စက သွေးကိုယ်တိုင် ဝင်ပါစရာ မလိုဘူး"

Min ဟာ သွေးကို အကြည့်လွှဲသွားပြီး ငှက်လှောင်အိမ်ဆီ ချီတက်တော့သည်။ ဒီပုံဆို အခြေအနေ မကောင်းပါ။ သာမန်အချိန်ဆို Min ကိုမကြောက်ပေမယ့် အခုလိုမျိုး လေသံအေးအေးနှင့် အဆက်ဆံခံရသည့်အခါ သွေး​၏စိတ်တွေ ဆောက်တည်ရာမဲ့ရသည်။ Min သွားသည့်နောက် သွေးလိုက်မှပဲ ရတော့မည်။ Min ဟာ တစ်ခုခုခွင့်တောင်းလျှင် သူ့နှင့်မျက်နှာချင်းဆိုင်ပြီးတောင်းမှ ကြိုက်တတ်သည်။ မဟုတ်ပါက ခွင့်မပြုသည့်အပြင် အဆူပါခံရတတ်သည်။

"Min... Mr.James လိုလူမျိုးက Jay လောက်နဲ့ ပြီးမယ့် ကိစ္စမဟုတ်ဘူး"

"သွေးကိုယ်တိုင် ဝင်ပါစရာ မလိုဘူးလို့ ကိုယ်ပြောနေတယ်"

လေသံသည် တိုးလျသလောက် မာကျောသည့်ဘက်မှ ခက်ထန်သည့်ဘက်သို့ ကူးပြောင်းသွားတော့ သွေး ဝမ်းနည်းချင်ချင် ဖြစ်လာရသည်။ တစ်ဆက်တည်းမှာပဲ Min ကို မကျေနပ်။ အလုပ်နှင့်ပတ်သက်လျှင် သွေးကို လိုက်လျောပေးဖို့ ဟိုးအစတည်းက သဘောတူပြီးသား မဟုတ်လား။ သွေးဟာ အလုပ်ကိုပစ်လို့ အချစ်နောက် ကောက်ကောက်ပါအောင် မလိုက်တတ်သည့် professional တစ်ဦးဖြစ်​၏။

"ကျေးဇူးပြု၍ Min ။ သွေးပြောတာကို နားထောင်ပေးပါ။ ဆေးဖြန့်တာက သွေးရဲ့အလုပ်။ ရှုပ်ထွေးတယ်။ နက်နဲတယ်။ အန္တရာယ်များတယ်။ ဘယ်လောက်သေးတဲ့ ကိစ္စလေးပဲဖြစ်နေပါစေ အချိန်မီမရှင်းနိုင်ရင် သွေးအပါအဝင် ဒီဂိုဏ်းထဲက လူတွေအကုန်လုံး ဂိမ်းသွားနိုင်တယ်။ Min ဘာမှမသိဘဲနဲ့ ပိုင်စိုးပိုင်နက် ဝင်မပြောပါနဲ့။ သွေး တောင်းဆိုတယ် Min"

နှစ်ဦးကြားထဲ တင်းမာမှုတွေ တိုးတိုးလာတော့ ငှက်နှစ်ကောင်ဟာ ပါးစပ်လေးတွေ ပိတ်လို့။ ထုံးစံအတိုင်းပါပဲ။ Min သည် ခပ်အေးအေးအမူအရာကို လက်ကိုင်ထားကာ ပူလောင်နေသော သွေး​၏ စကားအရှည်ကြီးအား စာနှစ်ကြောင်းတည်းဖြင့် တည်တည်ငြိမ်ငြိမ် အဆုံးသတ်​၏။

"တတိယအကြိမ် ထပ်ပြောမယ်။ ဒီကိစ္စက သွေးကိုယ်တိုင် ဝင်ပါစရာ မလိုဘူး"

"Min!"

သွားပြီ။ သွေး မှားသွားပြီ။ ပူပန်မှုက ငယ်ထိတ်ရောက်တော့ လေသံမြင့်မြင့်ဖြင့် အော်မိလိုက်​သည်။ စည်းဖောက်မိသွားသည့် နှုတ်ခမ်းကို တင်းတင်းစေ့လို့ ခေါင်းပြန်မငုံ့မီ Min မျက်လုံးတွေကို ဖျတ်ခနဲ မြင်လိုက်ရသည်။ ဒေါသရိပ်တွေ။ သွေး သေနေ့စေ့တော့မည်လား။

"ပြန်တောင်းပန်"

ငှက်လှောင်အိမ်ကို အသာချလို့ ပြတင်းတံခါးဘက် လှည့်သွားသည့် Min ကြောင့် သွေး သက်ပြင်းခိုးချရသည်။ တော်သေးသည်။ ဒီလောက်နှင့်ပဲ ပြီးသွားလို့ တော်သေးသည်။ အလုပ်ရှုပ်နေတာလည်း ပါမည်ပေါ့။ ဘာပဲဖြစ်ဖြစ် နောက်ဆက်တွဲအကျိုးဆက်တွေ လိုက်မလာတာကြောင့် သွေး ဘုရားသခင်ကို ပထမဦးဆုံးအကြိမ် ကျေးဇူးတင်မိသည်။

"Min ကို အော်မိလို့ သွေးတောင်းပန်ပါတယ်။ နောက်တစ်ကြိမ် မဖြစ်စေရအောင် သွေး ဆင်ခြင်ပါ့မယ်"

Min ​၏ နောက်ကျောကိုသာ မြင်ရသော သွေးက Min အခုဘာလုပ်နေလဲ ကောင်းကောင်းသိသည်။ အခုချိန်ထိ ထွက်ခဲ့သမျှ ဒေါသတွေကို သွေးအပေါ် ပုံမချမိစေဖို့ စိတ်လျှော့နေမည်ပေါ့။ နိမ့်ချည်မြင့်ချည်ဖြစ်နေသော ကျောပြင်ကျယ်ကျယ်ကြီးကို ပြေးဖက်ချင်ပေမယ့် အသက်ရှူသံတွေ ပုံမှန်ဖြစ်သွားတဲ့အထိ စိတ်ရှည်လက်ရှည် ရပ်စောင့်နေရသည်။

စိတ်ပြေသလောက် ရှိသွားပြီဆိုလေမှ Min က သွေးဘက် ပြန်လှည့်လာသည်။ မျက်နှာထားသည် ခုနကထက် ပိုမိုအေးစက်လျက်။ တဖြန်းဖြန်းထလာသည့် ကြက်သီးတွေကို လျစ်လျူရှုလိုက်ရသည်။

"သွေးဟာ ကိုယ့်စကားကို အလေးမထားဘူးဘဲ။ ကိုယ် သွေးကို ဘာပြောခဲ့လဲ"

Min သွေးကို ဘာပြောခဲ့သလဲ သွေးကောင်းကောင်း မှတ်မိတာပေါ့။ သို့ပေမယ့် အဲဒီစကားကို သွေးပါးစပ်မှ ပြန်ထုတ်မပြောလိုပါ။ ဒါကို Min က သိသည်။ သွေး ဘယ်လောက်ဖုံးဖိထားပါစေ၊ Min ဟာ သွေး​၏မျက်နှာကို စာအုပ်တစ်အုပ်လို ပိုဒ်စေ့တိုက်အောင် ဖတ်တတ်သည်။

"Mr.James ရဲ့ snow ကိစ္စကို ကိုယ်ရှင်းပေးမယ်လို့ ပြောခဲ့လား။ မပြောခဲ့ဘူးလား"

"ကိုယ် မေးနေတယ် သွေး"

"Min ပြောခဲ့ပါတယ်"

"ကိုယ်ပြောခဲ့တဲ့စကား။ အစအဆုံးပြန်ပြော"

အဲ့တာပါပဲ။ Min ဆိုသည်မှာ သူလိုချင်တာကို သွေးက ပေးလာအောင် နည်းမျိုးစုံသုံးတတ်သည်။

"Mr.James ရဲ့ snow ကိစ္စကို Min ရှင်းပေးမယ်လို့ သွေးကို ပြောခဲ့ပါတယ်"

"ကိုယ်တစ်ခွန်းတည်းမေးမယ်။ သွေး ကိုယ့်ကို ယုံလား"

Min ဟာ ခေါင်းမာသည်ဆို သွေးက ခေါင်းတောင့်သည်ဟု ဆိုရမလား။ Min နှင့်ပတ်သက်လျှင် သွေးဆိုသည်မှာ မုသားသုံးဖို့ အင်မတန် ဝန်လေး​၏။ မပြောချင် မပြောဘဲနေမည်၊ လိမ်တော့ မလိမ်။ ဒါသည် သွေး​၏ခံယူချက်မို့ Min ​၏ အခုအမေးအတွက် သွေးတွင် ပြန်ဖြေစရာ အဖြေမရှိပါ။

သွေးအကြောင်း နောကျေနေပြီးသော Min က တွန်းအားမပေး။ သူသိမ်းထားသော သွေး​၏ဖုန်းကို ကုတင်ပေါ် ပစ်တင်ပေးပြီး "Jay ကို ဖုန်းဆက်၊ အခြေအနေမေးကြည့်" ဟုဆိုကာ အခန်းအပြင် ထွက်သွားပြီ။

အခုနေ သွေး ဖုန်းကိုကောက်ကိုင်ပြီး Jay ဆီဆက်လိုက်လျှင် Min အပေါ် တကယ်ပဲ မယုံကြည်ရာ ရောက်သွားလိမ့်မည်။ သို့ပေမယ့် ယုံကြည်မှုကို ထိခိုက်မှာစိုးလို့တွေ ဘာတွေ သွေးမသိ။ သွေးအတွက် အလုပ်သည် အလုပ်ပဲ။

"Jay... ဘာအရောင်လဲ"

"Green"

"ဘာ!"

"ဟုတ်တယ် Blood ။ အခု ဘာမှ စိုးရိမ်စရာမရှိတော့ဘူး။ Mr.James ဘက်က ကျေအေးပေးလိုက်ပြီ"

"ပြန်ပြောစမ်း Jay"

"Mr.James ဘက်က ကျေအေးပေးလိုက်ပြီ Blood ။ ကျွန်တော်လည်း စစချင်းက မယုံနိုင်ဘူး။ ဒါပေမဲ့ Mr.James ဘက်က တကယ်ပဲ ကျေအေးပေးလိုက်တဲ့အပြင် သားဇောနဲ့ Blood ရဲ့စံအိမ်ကို ပြဿနာရှာမိလို့ အနူးအညွတ်တောင်းပန်ပါတယ်တဲ့။ စိတ်ကျေနပ်လောက်တဲ့ နစ်နာကြေးမျိုး ပြန်ပေးမှာမို့လို့ Blood ဘက်က ခွင့်လွှတ်ပေးပါတဲ့"

"ဘယ်လို ဘယ်လို။ ဂုဏ်မောက်နေတဲ့ စောက်အဖိုးကြီးက ငါ့ကို တောင်းပန်တယ်တဲ့လား။ အနူးအညွတ်တဲ့လေ"

"ဟုတ်တယ် Blood ။ ကြည့်ရတာ သူ့ဘက်က pressure တစ်ခုခုရခဲ့တဲ့ပုံပဲ"

"pressure?"

သွေး​၏မျက်လုံးတွေသည် Min ရှိရာ အခန်းတံခါးဝသို့ ရောက်ကုန်ရသည်။ Min သည် တိရစ္ဆာန်ဆေးကုဆရာဝန်။ သွေးကိုယ်တိုင် အထပ်ထပ် အခါခါ background check ထားပြီးဖြစ်တာမို့ မဟုတ်နိုင်ဘူးလို့ သိစိတ်က အထပ်ထပ် သတိပေးနေပေမယ့် မသိစိတ်က Min ကြောင့်ဟု အားကြီးလှုံ့ဆော်နေပြီ။

ဟင့်အင်း။ မဖြစ်နိုင်ဘူး။ ဖြစ်လည်း မဖြစ်ရဘူး။

သွေး အသံတိတ်သွားတာကြောင့်လား မသိ။ အပြင်ဘက်မှ Min ​၏ တံခါးဖွင့်သံကို ကြားလိုက်ရသည်။

"နောက်မှ ပြန်ခေါ်လိုက်မယ် Jay"

ဒိတ်ဒိတ်ကြဲ Drug Lord တစ်ဦးဖြစ်သည့် သွေးသည် လူကဲခတ်မညံ့။ Min ​၏ မျက်နှာနေ မျက်နှာထားအရ သွေးဖုန်းပြောနေတာကို ချောင်းနားထောင်ထားသည့်ပုံ။ ဒါသည် သူမြင်မြင်နေကျ Min ​၏ အကျင့်တွေ မဟုတ်ပါ။ အရင်နေ့တွေက Min ဟာ သွေးအလုပ်တွေနဲ့ ပတ်သက်ရင် ဂရုပိစိလေးတောင် စိုက်ခဲ့တာမဟုတ်။ အလုပ်ဆီက ဖုန်းဝင်လာလျှင် သူ့အကောင်တွေကို အစာသွားကျွေးဦးမယ်ဆိုပြီး ရှောင်ရှောင်ပေးတတ်သည်။

Relationship တစ်ခုတွင် သံသယဆိုသည့် အစက်တစ်ပေါက် စွန်းထင်းလျှင် နှစ်ဦးနှစ်ဖက် ထိတ်တိုက်တွေ့ပြီး အမြန်ဆုံး တိုက်ချွတ်ပစ်တာ အသင့်တော်ဆုံးဖြစ်သည်။  မဟုတ်ပါက တစ်ပေါက်မှ နှစ်ပေါက်၊ နှစ်ပေါက်မှ သုံးပေါက်ဖြင့် အရေတိုးကာ နောက်ဆုံး၌ အဲဒီ relationship ဆိုတာကြီးကို လွှင့်ပစ်လိုက်ရနိုင်​၏။

သွေးအနေနှင့် Min ကိုရော၊ နှစ်ဦးကြားထဲက relationship ဆိုတာကိုရော ဘာဆိုဘာမှ မစွန်းထင်းစေချင်မို့ တည့်ရှင်းမှ တော်ပေတော့မည်။ အေးတိအေးစက် မျက်လုံးတွေကို တည့်တည့်စိုက်လျက် လေးလေးနက်နက်ဆို​၏။

"သွေးကိုမှန်မှန်ပြော။ Min က ဘယ်သူလဲ"

"ကိုယ် စိတ်ပျက်တယ် သွေး"

"Min ။ သွေး ထပ်မေးမယ်။ Mr.James လိုလူမျိုးကို ဖုန်းတစ်ကောတည်းနဲ့ ပြားပြားဝပ်အောင် ချုပ်ကိုင်နိုင်တဲ့ Min ဟာ ဘယ်လိုလူမျိုးလဲ"

"ဟေး... သွေးတို့လို မှောင်ခိုသမားတွေကို ထိန်းချုပ်ဖို့ ကိုယ်ကိုယ်တိုင်မှောင်ခိုလုပ်နေစရာ မလိုဘူး။ စကားပရိယာယ်ကြွယ်ဖို့ပဲလိုတယ်။ သေတဲ့လူက သေပြီ။ သူနဲ့သွေးနဲ့ကြားက ဆက်ဆံရေး တင်းမာသွားရင် ရေရှည်ကျ အထိနာလာမှာ ဘယ်သူလဲလို့ပဲ ပြောလိုက်တာ။ ကိုယ့်အမြင်မှာ Mr.James ဟာ ဦးနှောက်ရှိတဲ့လူ။ မတော်တဆ အမှားလုပ်ခဲ့မိရင်တောင် ဒုတိယအကြိမ်ဆိုတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။ ဆိုတော့ သွေးရဲ့စောက်ရေးမပါတဲ့ အတွေးကို အခုချက်ချင်းရပ်လိုက်"

သွေး ပြန်ပြောစရာ စကားလုံးတွေ ရှာမရတော့ပါ။ တကယ်လည်း Min ပြောတာတွေသည် မမှား။ Mr.James ​၏ လုပ်ငန်းကြီး လည်ပတ်နိုင်ရခြင်း​၏ 50% မှာ သွေးကြောင့်၊ သွေး​၏ စစ်မှန်လှသည့်ကုန်ကြမ်းတွေကြောင့်ပဲဖြစ်သည်။ အကယ်၍ သွေးသာ မရှိတော့ဘူးဆို ချုံးချုံးကျအောင် ပြိုလဲမည့်အပြင် သွေးလိုလူမျိုးက ဒီအတိုင်း ကျော်သွားပေးမည်မဟုတ်။ ရေဆုံးမြေဆုံးအထိလိုက်၍ ဒုက္ခပေးမှာပဲဖြစ်သည်။

ဒါဆို Min အပေါ် သွေး ထပ်မှားပြန်ပြီပေါ့။ မဝံ့မရဲ မော့ကြည့်မိတော့ ဒေါသရိပ်သမ်းတဲ့ မျက်ဝန်းတွေကြား ရင်နာစွာမြင်လိုက်ရသည်က အားမလို အားမရ ယူကျုံးမရဖြစ်မှုတွေ။ သွေး ခေါင်းကိုသာ ပြန်ငုံ့ထားလိုက်တော့သည်။ ဆူချင်လည်း ဆူ။ ဆဲချင်လည်း ဆဲ။ သွေးကို စိတ်မကွက်သွားလျှင် ကျေနပ်ပြီ။

"ဒီလိုစောက်ရေးမပါတဲ့ အတွေးတစ်စအတွက် စကားတွေအများကြီးပြောလိုက်ရပြီ။ ထားတော့။ ကိုယ် စိတ်မဆိုးဘူး။ ဒါပေမဲ့ ကိုယ့်ကို မယုံကြည်တဲ့အတွက် သွေးကို ကိုယ် စိတ်ပျက်တယ်"

Min ဆီမှ ဒီလိုစကားမျိုးကြားရတာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ သို့ပေမယ့် ရင်ထဲအသည်းထဲထိအောင် နာသည်။ ကျင်သည်။ စပ်သည်။ စိတ်ပျက်တယ်ဟာ စကားလေး သုံးလုံးပေမယ့် Min ပါးစပ်မှထွက်လာတော့ သွေး ဘယ်လိုမှ မခံစားနိုင်။ Min စိတ်ပြေလိုပြေငြား တောင်းပန်ကြည့်ဖို့ ပါးစပ်ဟတော့ Min က လက်ထောင်ပြ​၏။ တိတ်စမ်းဆိုသည့်သဘောပါ။ အသံမထွက်တော့ပေမယ့် သွေး မျက်နှာလေး ငြိုးကုန်ရပြီ။

"သွေး အပြစ်တွေများနေပြီ။ တင်ပါးပေါ်က အရှိုးရာတွေ လတ်ဆတ်နေသေးတာ သွေးအမှတ်ရပါ။ ကိုယ် ထပ်ပြီး သတိပေးမယ်။ ဒီအခန်းရဲ့အပြင်ကို ခြေတစ်လှမ်းတောင် မချမိစေနဲ့။ ဘာကြောင့်လဲလို့ မမေးဘဲ ကိုယ်ပြောတဲ့အတိုင်းလုပ်။ သွေး မနစ်နာစေရဘူးလို့ ကိုယ် အာမခံတယ်။ ဒီလောက်ထိ အကြိမ်ကြိမ် သတိပေးထားရဲ့နဲ့ အပြင်ကို ခြေတစ်လှမ်းပဲ လှမ်းကြည့်စမ်း။ သွေးရဲ့ခြေချောင်းဆယ်ချောင်းကို တူနဲ့ထုပစ်မယ်။ ရှင်းလား"

"ဟုတ်ကဲ့။ သွေး သိပါပြီ"

"ကိုယ်ပြန်လာရင် သွေး လိမ္မာနေတာကိုပဲ မြင်ချင်တယ်"

အမှားလုပ်ထားသူက သွေးပေမို့ အနားမှာရှိနေပေးဖို့ တောင်းဆိုလို့မရ။ တောင်းဆိုခွင့် မရှိပါ။ ဤအခန်းတွင် တံခါးပိတ်ကာ ကိုယ့်အမှားကိုယ် သုံးသပ်ရမည်။ နောက်နောင်လည်း တစ်ခုခုကို တည့်မရှင်းမီ အကြောင်းအရာအလုံးစုံ သေချာအောင် စုံစမ်းဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရမည်။ သို့ပေမယ့် အဲဒါတွေမလုပ်မီ သွေး သေလောက်အောင် သိချင်နေတာတစ်ခုလည်း ရှိသေး​၏။

"Min... သွေး တစ်ခုလောက် မေးလို့ရမလား"

"ပြော"

"ယံရော။ သူ့ကို ဘယ်လို စီရင်လိုက်လဲ"

"လွှတ်ပေးလိုက်ပြီ"

"ဘာ!"

ထိုအခိုက်အတန့်။ စက္ကန့်ပိုင်းလောက်တောင်မရှိတဲ့ အခိုက်အတန့်လေးမှာပဲ သွေး​၏ခြေလှမ်းတွေဟာ တားမြစ်ထားသည့် အခန်း​အပြင်ခြမ်းဆီသို့။

----------

Love,
ibeingme
21.07.23

(Zawgyi)
ကုတင္ေပၚမွ က်ဳံး႐ုန္းထကာ လက္လွမ္းမွီသည့္ အဝတ္တစ္စုံအား အျမန္ေကာက္စြပ္မိသည္။ အေျခအေနေတြသည္ ထင္ထားတာထက္ ပိုဆိုးေနၿပီ။

cocaine ႏွင့္ေရာသုံးသည့္ သာမန္ filler မ်ား​ကို ဖယ္လိုက္လၽွင္ က်န္သည့္ခပ္ဆန္းဆန္း အမ်ိဳးမ်ားကို ေယဘုယ်အားျဖင့္ (၃)မ်ိဳးခြဲနိုင္သည္။

(၁) more psychoactive - လူ႔စိတ္ကို ပိုမိုတက္ႂကြေစေသာ

(၂) poisonous - အဆိပ္ျဖစ္ေစေသာ

(၃) anaesthetic - အာ႐ုံခံစားမွုမဲ့ေစေသာ သို႔မဟုတ္ ထုံထိုင္းေစေသာ

ေသြး စပ္ေပးလိုက္သည့္ caffeine သည္ နံပါတ္၁ အမ်ိဳးအစားထဲက ျဖစ္ေသာ္လည္း အျပင္းစားႀကီးမဟုတ္။ သို႔ေပမယ့္ အခုဟာသည္ fentanyl ။

fentanyl ဆိုတာသည္ အနာသက္သာေစဖို႔ သုံးသည့္ ခပ္ျပင္းျပင္းေဆးဝါးတစ္မ်ိဳး။ သူ႔ effect က morphine လို၊ အာ႐ုံေၾကာေတြကို ထုံထိုင္းယစ္မူးေစၿပီး ႏွလုံးခုန္ႏွုန္းႏွင့္ အသက္ရွူႏွုန္းကို ေလ်ာ့က်ေစသည္။

သို႔ရာတြင္ cocaine ႏွင့္ စပ္သုံးပါက ultimate euphoria ပင္။ သူသည္လည္း caffeine လို နံပါတ္၁ အမ်ိဳးအစားေပမယ့္ ပမာဏမ်ားပါက ေသေစနိုင္သည့္အထဲတြင္ပါသည္။ cocaine ႏွင့္ fentanyl တြဲလုံးေလးက ေဖာက္သည္ေတြၾကား ေစာက္ရမ္းနာမည္ႀကီးသေလာက္ ေဆးလြန္ၿပီး တန္းေလၽွာေစသည့္အထဲတြင္ ထိပ္ဆုံးကပင္။

Junior James ရွူမိလိုက္ေသာ ပမာဏက ဘယ္ေလာက္မွန္းမသိရေပမယ့္ Min ေျပာပုံအရ အရက္ပါ ေသာက္လိုက္ေသးသည္ဆိုေတာ့ ဂန႔္ဖို႔ရာခိုင္ႏွုန္းက ေဆာင့္တက္သြားၿပီ။

ထားပါေလ။ Junior James ဟာ နဂိုတည္းက အရက္ကေလး တမ်မ်ႏွင့္ ဆန္ကုန္ေျမေလးမို႔ ေသသြားေတာ့လည္း ေအးတာပါပဲ။ သူ ဘယ္လိုေသလဲက အေရးမႀကီး။ ၾကားထဲက ေသြးပစၥည္းကို ျဖတ္ခုတ္သြားသည့္အပိုင္းကေတာ့ အေရးႀကီးသည္။

ဘယ္ေကာင္ လက္သရမ္းတာလဲ။ ဒါမွမဟူတ္ ဘယ္သူနဲ႔ ဘာရန္ၿငိဳးေတြ ရွိဖူးလို႔လဲ။ အတတ္နိုင္ဆုံး မရွိေအာင္ေနေပမယ့္ အျမင္မၾကည္တဲ့လူကေတာ့ အျမဲတမ္းေခ်ာင္းေနမွာ မဟုတ္လား။ စဥ္းစားေနလၽွင္ ၾကာေပသည္မို႔ အလုပ္ႏွင့္ပဲ ေရွ႕ဆက္ေတာ့မည္။

"Min..."

အဝတ္အစား အစုံအလင္ဝတ္အၿပီး Min ကို ၾကည့္မိေတာ့ ေအးတိေအးစက္ အၾကည့္ေတြႏွင့္ ျပန္ရင္ဆိုင္ရသည္။ ခုနက အဝတ္စလစ္ႏွင့္ ေသြးကို တစ္ေလၽွာက္လုံး လိုက္ၾကည့္ေနတာမ်ားလား။ အေနနီးခဲ့ၿပီးတာေၾကာင့္ ရွက္ေသြးေတြလည္း ျဖာမေနေတာ့ၿပီ။ ခြင့္ေတာင္းရမည့္ကိစၥမို႔ Min ႏွင့္ ေျခႏွစ္လွမ္းအကြာတြင္ တည့္တည့္ရပ္ၿပီး လက္ႏွစ္ဖက္ကို ေနာက္သို႔ရို႔၏။

"ေသြးကို အခန္းျပင္ ထြက္ခြင့္ျပဳပါ Min"

"ဘာလို႔လဲ။ အေၾကာင္းျပခ်က္ေပး"

Min ေလသံက သာမန္လိုမဟုတ္ဘဲ မာေက်ာေနသည္။ အမွန္အတိုင္းဝန္ခံရရင္ ေသြး လန႔္ပါသည္။ သို႔ေသာ္ ေနာက္ဆုတ္လို႔မရပါ။

"ေသြး ေပးလိုက္တဲ့ႏွင္းျဖဴက caffeine နဲ႔ေရာထားတာ။ fentanyl မဟုတ္ဘူး။ ၾကားထဲမွာတစ္ေယာက္ေယာက္က ပစၥည္းလဲၿပီး Mr.James နဲ႔ ေသြးကို ရန္တိုက္ေပးလိုက္တာျဖစ္မယ္။ Mr.James ရဲ့ေဒါသကို ဆြၿပီး သြယ္ဝိုက္ေသာနည္းနဲ႔ ေသြးကိုဒုကၡေပးဖို႔ ႀကံစည္ေနတာေပါ့။ ဆိုေတာ့ အဲဒီၾကားထဲကလူကို လိုက္မွရမယ္။ အဲဒီလူဆိုတာ ေနာက္ခံမရွိတဲ့ တစ္ကိုယ္ေတာ္ solo သမားျဖစ္နိုင္သလို အင္အားႀကီးတဲ့ အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္နိုင္တယ္ Min"

"အင္း။ အဲ့ေတာ့"

"အဲ့ေတာ့ ေသြး အျပင္ထြက္မွ လွုပ္ရွားလို႔ရမယ္ေလ"

"မလိုဘူး။ ဒီကိစၥက ေသြးကိုယ္တိုင္ ဝင္ပါစရာ မလိုဘူး"

Min ဟာ ေသြးကို အၾကည့္လႊဲသြားၿပီး ငွက္ေလွာင္အိမ္ဆီ ခ်ီတက္ေတာ့သည္။ ဒီပုံဆို အေျခအေန မေကာင္းပါ။ သာမန္အခ်ိန္ဆို Min ကိုမေၾကာက္ေပမယ့္ အခုလိုမ်ိဳး ေလသံေအးေအးႏွင့္ အဆက္ဆံခံရသည့္အခါ ေသြး​၏စိတ္ေတြ ေဆာက္တည္ရာမဲ့ရသည္။ Min သြားသည့္ေနာက္ ေသြးလိုက္မွပဲ ရေတာ့မည္။ Min ဟာ တစ္ခုခုခြင့္ေတာင္းလၽွင္ သူ႔ႏွင့္မ်က္ႏွာခ်င္းဆိုင္ၿပီးေတာင္းမွ ႀကိဳက္တတ္သည္။ မဟုတ္ပါက ခြင့္မျပဳသည့္အျပင္ အဆူပါခံရတတ္သည္။

"Min... Mr.James လိုလူမ်ိဳးက Jay ေလာက္နဲ႔ ၿပီးမယ့္ ကိစၥမဟုတ္ဘူး"

"ေသြးကိုယ္တိုင္ ဝင္ပါစရာ မလိုဘူးလို႔ ကိုယ္ေျပာေနတယ္"

ေလသံသည္ တိုးလ်သေလာက္ မာေက်ာသည့္ဘက္မွ ခက္ထန္သည့္ဘက္သို႔ ကူးေျပာင္းသြားေတာ့ ေသြး ဝမ္းနည္းခ်င္ခ်င္ ျဖစ္လာရသည္။ တစ္ဆက္တည္းမွာပဲ Min ကို မေက်နပ္။ အလုပ္ႏွင့္ပတ္သက္လၽွင္ ေသြးကို လိုက္ေလ်ာေပးဖို႔ ဟိုးအစတည္းက သေဘာတူၿပီးသား မဟုတ္လား။ ေသြးဟာ အလုပ္ကိုပစ္လို႔ အခ်စ္ေနာက္ ေကာက္ေကာက္ပါေအာင္ မလိုက္တတ္သည့္ professional တစ္ဦးျဖစ္​၏။

"ေက်းဇူးျပဳ၍ Min ။ ေသြးေျပာတာကို နားေထာင္ေပးပါ။ ေဆးျဖန႔္တာက ေသြးရဲ့အလုပ္။ ရွုပ္ေထြးတယ္။ နက္နဲတယ္။ အႏၲရာယ္မ်ားတယ္။ ဘယ္ေလာက္ေသးတဲ့ ကိစၥေလးပဲျဖစ္ေနပါေစ အခ်ိန္မီမရွင္းနိုင္ရင္ ေသြးအပါအဝင္ ဒီဂိုဏ္းထဲက လူေတြအကုန္လုံး ဂိမ္းသြားနိုင္တယ္။ Min ဘာမွမသိဘဲနဲ႔ ပိုင္စိုးပိုင္နက္ ဝင္မေျပာပါနဲ႔။ ေသြး ေတာင္းဆိုတယ္ Min"

ႏွစ္ဦးၾကားထဲ တင္းမာမွုေတြ တိုးတိုးလာေတာ့ ငွက္ႏွစ္ေကာင္ဟာ ပါးစပ္ေလးေတြ ပိတ္လို႔။ ထုံးစံအတိုင္းပါပဲ။ Min သည္ ခပ္ေအးေအးအမူအရာကို လက္ကိုင္ထားကာ ပူေလာင္ေနေသာ ေသြး​၏ စကားအရွည္ႀကီးအား စာႏွစ္ေၾကာင္းတည္းျဖင့္ တည္တည္ၿငိမ္ၿငိမ္ အဆုံးသတ္​၏။

"တတိယအႀကိမ္ ထပ္ေျပာမယ္။ ဒီကိစၥက ေသြးကိုယ္တိုင္ ဝင္ပါစရာ မလိုဘူး"

"Min!"

သြားၿပီ။ ေသြး မွားသြားၿပီ။ ပူပန္မွုက ငယ္ထိတ္ေရာက္ေတာ့ ေလသံျမင့္ျမင့္ျဖင့္ ေအာ္မိလိုက္​သည္။ စည္းေဖာက္မိသြားသည့္ ႏွုတ္ခမ္းကို တင္းတင္းေစ့လို႔ ေခါင္းျပန္မငုံ႔မီ Min မ်က္လုံးေတြကို ဖ်တ္ခနဲ ျမင္လိုက္ရသည္။ ေဒါသရိပ္ေတြ။ ေသြး ေသေန႔ေစ့ေတာ့မည္လား။

"ျပန္ေတာင္းပန္"

ငွက္ေလွာင္အိမ္ကို အသာခ်လို႔ ျပတင္းတံခါးဘက္ လွည့္သြားသည့္ Min ေၾကာင့္ ေသြး သက္ျပင္းခိုးခ်ရသည္။ ေတာ္ေသးသည္။ ဒီေလာက္ႏွင့္ပဲ ၿပီးသြားလို႔ ေတာ္ေသးသည္။ အလုပ္ရွုပ္ေနတာလည္း ပါမည္ေပါ့။ ဘာပဲျဖစ္ျဖစ္ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြ လိုက္မလာတာေၾကာင့္ ေသြး ဘုရားသခင္ကို ပထမဦးဆုံးအႀကိမ္ ေက်းဇူးတင္မိသည္။

"Min ကို ေအာ္မိလို႔ ေသြးေတာင္းပန္ပါတယ္။ ေနာက္တစ္ႀကိမ္ မျဖစ္ေစရေအာင္ ေသြး ဆင္ျခင္ပါ့မယ္"

Min ​၏ ေနာက္ေက်ာကိုသာ ျမင္ရေသာ ေသြးက Min အခုဘာလုပ္ေနလဲ ေကာင္းေကာင္းသိသည္။ အခုခ်ိန္ထိ ထြက္ခဲ့သမၽွ ေဒါသေတြကို ေသြးအေပၚ ပုံမခ်မိေစဖို႔ စိတ္ေလၽွာ့ေနမည္ေပါ့။ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနေသာ ေက်ာျပင္က်ယ္က်ယ္ႀကီးကို ေျပးဖက္ခ်င္ေပမယ့္ အသက္ရွူသံေတြ ပုံမွန္ျဖစ္သြားတဲ့အထိ စိတ္ရွည္လက္ရွည္ ရပ္ေစာင့္ေနရသည္။

စိတ္ေျပသေလာက္ ရွိသြားၿပီဆိုေလမွ Min က ေသြးဘက္ ျပန္လွည့္လာသည္။ မ်က္ႏွာထားသည္ ခုနကထက္ ပိုမိုေအးစက္လ်က္။ တျဖန္းျဖန္းထလာသည့္ ၾကက္သီးေတြကို လ်စ္လ်ဴရွုလိုက္ရသည္။

"ေသြးဟာ ကိုယ့္စကားကို အေလးမထားဘူးဘဲ။ ကိုယ္ ေသြးကို ဘာေျပာခဲ့လဲ"

Min ေသြးကို ဘာေျပာခဲ့သလဲ ေသြးေကာင္းေကာင္း မွတ္မိတာေပါ့။ သို႔ေပမယ့္ အဲဒီစကားကို ေသြးပါးစပ္မွ ျပန္ထုတ္မေျပာလိုပါ။ ဒါကို Min က သိသည္။ ေသြး ဘယ္ေလာက္ဖုံးဖိထားပါေစ၊ Min ဟာ ေသြး​၏မ်က္ႏွာကို စာအုပ္တစ္အုပ္လို ပိုဒ္ေစ့တိုက္ေအာင္ ဖတ္တတ္သည္။

"Mr.James ရဲ့ snow ကိစၥကို ကိုယ္ရွင္းေပးမယ္လို႔ ေျပာခဲ့လား။ မေျပာခဲ့ဘူးလား"

"ကိုယ္ ေမးေနတယ္ ေသြး"

"Min ေျပာခဲ့ပါတယ္"

"ကိုယ္ေျပာခဲ့တဲ့စကား။ အစအဆုံးျပန္ေျပာ"

အဲ့တာပါပဲ။ Min ဆိုသည္မွာ သူလိုခ်င္တာကို ေသြးက ေပးလာေအာင္ နည္းမ်ိဳးစုံသုံးတတ္သည္။

"Mr.James ရဲ့ snow ကိစၥကို Min ရွင္းေပးမယ္လို႔ ေသြးကို ေျပာခဲ့ပါတယ္"

"ကိုယ္တစ္ခြန္းတည္းေမးမယ္။ ေသြး ကိုယ့္ကို ယုံလား"

Min ဟာ ေခါင္းမာသည္ဆို ေသြးက ေခါင္းေတာင့္သည္ဟု ဆိုရမလား။ Min ႏွင့္ပတ္သက္လၽွင္ ေသြးဆိုသည္မွာ မုသားသုံးဖို႔ အင္မတန္ ဝန္ေလး​၏။ မေျပာခ်င္ မေျပာဘဲေနမည္၊ လိမ္ေတာ့ မလိမ္။ ဒါသည္ ေသြး​၏ခံယူခ်က္မို႔ Min ​၏ အခုအေမးအတြက္ ေသြးတြင္ ျပန္ေျဖစရာ အေျဖမရွိပါ။

ေသြးအေၾကာင္း ေနာေက်ေနၿပီးေသာ Min က တြန္းအားမေပး။ သူသိမ္းထားေသာ ေသြး​၏ဖုန္းကို ကုတင္ေပၚ ပစ္တင္ေပးၿပီး "Jay ကို ဖုန္းဆက္၊ အေျခအေနေမးၾကည့္" ဟုဆိုကာ အခန္းအျပင္ ထြက္သြားၿပီ။

အခုေန ေသြး ဖုန္းကိုေကာက္ကိုင္ၿပီး Jay ဆီဆက္လိုက္လၽွင္ Min အေပၚ တကယ္ပဲ မယုံၾကည္ရာ ေရာက္သြားလိမ့္မည္။ သို႔ေပမယ့္ ယုံၾကည္မွုကို ထိခိုက္မွာစိုးလို႔ေတြ ဘာေတြ ေသြးမသိ။ ေသြးအတြက္ အလုပ္သည္ အလုပ္ပဲ။

"Jay... ဘာအေရာင္လဲ"

"Green"

"ဘာ!"

"ဟုတ္တယ္ Blood ။ အခု ဘာမွ စိုးရိမ္စရာမရွိေတာ့ဘူး။ Mr.James ဘက္က ေက်ေအးေပးလိုက္ၿပီ"

"ျပန္ေျပာစမ္း Jay"

"Mr.James ဘက္က ေက်ေအးေပးလိုက္ၿပီ Blood ။ ကၽြန္ေတာ္လည္း စစခ်င္းက မယုံနိုင္ဘူး။ ဒါေပမဲ့ Mr.James ဘက္က တကယ္ပဲ ေက်ေအးေပးလိုက္တဲ့အျပင္ သားေဇာနဲ႔ Blood ရဲ့စံအိမ္ကို ျပႆနာရွာမိလို႔ အႏူးအညြတ္ေတာင္းပန္ပါတယ္တဲ့။ စိတ္ေက်နပ္ေလာက္တဲ့ နစ္နာေၾကးမ်ိဳး ျပန္ေပးမွာမို႔လို႔ Blood ဘက္က ခြင့္လႊတ္ေပးပါတဲ့"

"ဘယ္လို ဘယ္လို။ ဂုဏ္ေမာက္ေနတဲ့ ေစာက္အဖိုးႀကီးက ငါ့ကို ေတာင္းပန္တယ္တဲ့လား။ အႏူးအညြတ္တဲ့ေလ"

"ဟုတ္တယ္ Blood ။ ၾကည့္ရတာ သူ႔ဘက္က pressure တစ္ခုခုရခဲ့တဲ့ပုံပဲ"

"pressure?"

ေသြး​၏မ်က္လုံးေတြသည္ Min ရွိရာ အခန္းတံခါးဝသို႔ ေရာက္ကုန္ရသည္။ Min သည္ တိရစၧာန္ေဆးကုဆရာဝန္။ ေသြးကိုယ္တိုင္ အထပ္ထပ္ အခါခါ background check ထားၿပီးျဖစ္တာမို႔ မဟုတ္နိုင္ဘူးလို႔ သိစိတ္က အထပ္ထပ္ သတိေပးေနေပမယ့္ မသိစိတ္က Min ေၾကာင့္ဟု အားႀကီးလွုံ႔ေဆာ္ေနၿပီ။

ဟင့္အင္း။ မျဖစ္နိုင္ဘူး။ ျဖစ္လည္း မျဖစ္ရဘူး။

ေသြး အသံတိတ္သြားတာေၾကာင့္လား မသိ။ အျပင္ဘက္မွ Min ​၏ တံခါးဖြင့္သံကို ၾကားလိုက္ရသည္။

"ေနာက္မွ ျပန္ေခၚလိုက္မယ္ Jay"

ဒိတ္ဒိတ္ၾကဲ Drug Lord တစ္ဦးျဖစ္သည့္ ေသြးသည္ လူကဲခတ္မညံ့။ Min ​၏ မ်က္ႏွာေန မ်က္ႏွာထားအရ ေသြးဖုန္းေျပာေနတာကို ေခ်ာင္းနားေထာင္ထားသည့္ပုံ။ ဒါသည္ သူျမင္ျမင္ေနက် Min ​၏ အက်င့္ေတြ မဟုတ္ပါ။ အရင္ေန႔ေတြက Min ဟာ ေသြးအလုပ္ေတြနဲ႔ ပတ္သက္ရင္ ဂ႐ုပိစိေလးေတာင္ စိုက္ခဲ့တာမဟုတ္။ အလုပ္ဆီက ဖုန္းဝင္လာလၽွင္ သူ႔အေကာင္ေတြကို အစာသြားေကၽြးဦးမယ္ဆိုၿပီး ေရွာင္ေရွာင္ေပးတတ္သည္။

Relationship တစ္ခုတြင္ သံသယဆိုသည့္ အစက္တစ္ေပါက္ စြန္းထင္းလၽွင္ ႏွစ္ဦးႏွစ္ဖက္ ထိတ္တိုက္ေတြ႕ၿပီး အျမန္ဆုံး တိုက္ခၽြတ္ပစ္တာ အသင့္ေတာ္ဆုံးျဖစ္သည္။  မဟုတ္ပါက တစ္ေပါက္မွ ႏွစ္ေပါက္၊ ႏွစ္ေပါက္မွ သုံးေပါက္ျဖင့္ အေရတိုးကာ ေနာက္ဆုံး၌ အဲဒီ relationship ဆိုတာႀကီးကို လႊင့္ပစ္လိုက္ရနိုင္​၏။

ေသြးအေနႏွင့္ Min ကိုေရာ၊ ႏွစ္ဦးၾကားထဲက relationship ဆိုတာကိုေရာ ဘာဆိုဘာမွ မစြန္းထင္းေစခ်င္မို႔ တည့္ရွင္းမွ ေတာ္ေပေတာ့မည္။ ေအးတိေအးစက္ မ်က္လုံးေတြကို တည့္တည့္စိုက္လ်က္ ေလးေလးနက္နက္ဆို​၏။

"ေသြးကိုမွန္မွန္ေျပာ။ Min က ဘယ္သူလဲ"

"ကိုယ္ စိတ္ပ်က္တယ္ ေသြး"

"Min ။ ေသြး ထပ္ေမးမယ္။ Mr.James လိုလူမ်ိဳးကို ဖုန္းတစ္ေကာတည္းနဲ႔ ျပားျပားဝပ္ေအာင္ ခ်ဳပ္ကိုင္နိုင္တဲ့ Min ဟာ ဘယ္လိုလူမ်ိဳးလဲ"

"ေဟး... ေသြးတို႔လို ေမွာင္ခိုသမားေတြကို ထိန္းခ်ဳပ္ဖို႔ ကိုယ္ကိုယ္တိုင္ေမွာင္ခိုလုပ္ေနစရာ မလိုဘူး။ စကားပရိယာယ္ႂကြယ္ဖို႔ပဲလိုတယ္။ ေသတဲ့လူက ေသၿပီ။ သူနဲ႔ေသြးနဲ႔ၾကားက ဆက္ဆံေရး တင္းမာသြားရင္ ေရရွည္က် အထိနာလာမွာ ဘယ္သူလဲလို႔ပဲ ေျပာလိုက္တာ။ ကိုယ့္အျမင္မွာ Mr.James ဟာ ဦးေႏွာက္ရွိတဲ့လူ။ မေတာ္တဆ အမွားလုပ္ခဲ့မိရင္ေတာင္ ဒုတိယအႀကိမ္ဆိုတာမ်ိဳး အျဖစ္ခံမွာ မဟုတ္ဘူး။ ဆိုေတာ့ ေသြးရဲ့ေစာက္ေရးမပါတဲ့ အေတြးကို အခုခ်က္ခ်င္းရပ္လိုက္"

ေသြး ျပန္ေျပာစရာ စကားလုံးေတြ ရွာမရေတာ့ပါ။ တကယ္လည္း Min ေျပာတာေတြသည္ မမွား။ Mr.James ​၏ လုပ္ငန္းႀကီး လည္ပတ္နိုင္ရျခင္း​၏ 50% မွာ ေသြးေၾကာင့္၊ ေသြး​၏ စစ္မွန္လွသည့္ကုန္ၾကမ္းေတြေၾကာင့္ပဲျဖစ္သည္။ အကယ္၍ ေသြးသာ မရွိေတာ့ဘူးဆို ခ်ဳံးခ်ဳံးက်ေအာင္ ၿပိဳလဲမည့္အျပင္ ေသြးလိုလူမ်ိဳးက ဒီအတိုင္း ေက်ာ္သြားေပးမည္မဟုတ္။ ေရဆုံးေျမဆုံးအထိလိုက္၍ ဒုကၡေပးမွာပဲျဖစ္သည္။

ဒါဆို Min အေပၚ ေသြး ထပ္မွားျပန္ၿပီေပါ့။ မဝံ့မရဲ ေမာ့ၾကည့္မိေတာ့ ေဒါသရိပ္သမ္းတဲ့ မ်က္ဝန္းေတြၾကား ရင္နာစြာျမင္လိုက္ရသည္က အားမလို အားမရ ယူက်ဳံးမရျဖစ္မွုေတြ။ ေသြး ေခါင္းကိုသာ ျပန္ငုံ႔ထားလိုက္ေတာ့သည္။ ဆူခ်င္လည္း ဆူ။ ဆဲခ်င္လည္း ဆဲ။ ေသြးကို စိတ္မကြက္သြားလၽွင္ ေက်နပ္ၿပီ။

"ဒီလိုေစာက္ေရးမပါတဲ့ အေတြးတစ္စအတြက္ စကားေတြအမ်ားႀကီးေျပာလိုက္ရၿပီ။ ထားေတာ့။ ကိုယ္ စိတ္မဆိုးဘူး။ ဒါေပမဲ့ ကိုယ့္ကို မယုံၾကည္တဲ့အတြက္ ေသြးကို ကိုယ္ စိတ္ပ်က္တယ္"

Min ဆီမွ ဒီလိုစကားမ်ိဳးၾကားရတာ ပထမဦးဆုံးအႀကိမ္ျဖစ္သည္။ သို႔ေပမယ့္ ရင္ထဲအသည္းထဲထိေအာင္ နာသည္။ က်င္သည္။ စပ္သည္။ စိတ္ပ်က္တယ္ဟာ စကားေလး သုံးလုံးေပမယ့္ Min ပါးစပ္မွထြက္လာေတာ့ ေသြး ဘယ္လိုမွ မခံစားနိုင္။ Min စိတ္ေျပလိုေျပျငား ေတာင္းပန္ၾကည့္ဖို႔ ပါးစပ္ဟေတာ့ Min က လက္ေထာင္ျပ​၏။ တိတ္စမ္းဆိုသည့္သေဘာပါ။ အသံမထြက္ေတာ့ေပမယ့္ ေသြး မ်က္ႏွာေလး ၿငိဳးကုန္ရၿပီ။

"ေသြး အျပစ္ေတြမ်ားေနၿပီ။ တင္ပါးေပၚက အရွိုးရာေတြ လတ္ဆတ္ေနေသးတာ ေသြးအမွတ္ရပါ။ ကိုယ္ ထပ္ၿပီး သတိေပးမယ္။ ဒီအခန္းရဲ့အျပင္ကို ေျခတစ္လွမ္းေတာင္ မခ်မိေစနဲ႔။ ဘာေၾကာင့္လဲလို႔ မေမးဘဲ ကိုယ္ေျပာတဲ့အတိုင္းလုပ္။ ေသြး မနစ္နာေစရဘူးလို႔ ကိုယ္ အာမခံတယ္။ ဒီေလာက္ထိ အႀကိမ္ႀကိမ္ သတိေပးထားရဲ့နဲ႔ အျပင္ကို ေျခတစ္လွမ္းပဲ လွမ္းၾကည့္စမ္း။ ေသြးရဲ့ေျခေခ်ာင္းဆယ္ေခ်ာင္းကို တူနဲ႔ထုပစ္မယ္။ ရွင္းလား"

"ဟုတ္ကဲ့။ ေသြး သိပါၿပီ"

"ကိုယ္ျပန္လာရင္ ေသြး လိမၼာေနတာကိုပဲ ျမင္ခ်င္တယ္"

အမွားလုပ္ထားသူက ေသြးေပမို႔ အနားမွာရွိေနေပးဖို႔ ေတာင္းဆိုလို႔မရ။ ေတာင္းဆိုခြင့္ မရွိပါ။ ဤအခန္းတြင္ တံခါးပိတ္ကာ ကိုယ့္အမွားကိုယ္ သုံးသပ္ရမည္။ ေနာက္ေနာင္လည္း တစ္ခုခုကို တည့္မရွင္းမီ အေၾကာင္းအရာအလုံးစုံ ေသခ်ာေအာင္ စုံစမ္းဖို႔ ကိုယ့္ကိုယ္ကိုယ္ သတိေပးရမည္။ သို႔ေပမယ့္ အဲဒါေတြမလုပ္မီ ေသြး ေသေလာက္ေအာင္ သိခ်င္ေနတာတစ္ခုလည္း ရွိေသး​၏။

"Min... ေသြး တစ္ခုေလာက္ ေမးလို႔ရမလား"

"ေျပာ"

"ယံေရာ။ သူ႔ကို ဘယ္လို စီရင္လိုက္လဲ"

"လႊတ္ေပးလိုက္ၿပီ"

"ဘာ!"

ထိုအခိုက္အတန႔္။ စကၠန႔္ပိုင္းေလာက္ေတာင္မရွိတဲ့ အခိုက္အတန႔္ေလးမွာပဲ ေသြး​၏ေျခလွမ္းေတြဟာ တားျမစ္ထားသည့္ အခန္း​အျပင္ျခမ္းဆီသို႔။

----------

Love,
ibeingme
21.07.23

Continue Reading

You'll Also Like

346K 8.1K 68
Amazing cover by Anel_Graphics Gabriella De'Luca is a cold fifteen year old girl, who has had to go through extreme hardships everyday of her life. C...
16.1K 640 39
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...
28.1K 3.8K 38
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
29.9K 443 51
"ᴛᴏ ʟɪᴠᴇ ꜰᴏʀ ᴛʜᴇ ʜᴏᴘᴇ ᴏꜰ ɪᴛ ᴀʟʟ. ᴄᴀɴᴄᴇʟ ᴘʟᴀɴs ᴊᴜsᴛ ɪɴᴄᴀsᴇ ʏᴏᴜ ᴄᴀʟʟ ᴀɴᴅ sᴀʏ "ᴍᴇᴇᴛ ᴍᴇ ʙᴇʜɪɴᴅ ᴛʜᴇ ᴍᴀʟʟ. sᴏ ᴍᴜᴄʜ ꜰᴏʀ sᴜᴍᴍᴇʀ ʟᴏᴠᴇ. sᴀʏɪɴɢ "ᴜs" ᴄᴀᴜsᴇ ʏᴏᴜ ᴡ...