မောင်

By ThetHmue3

3.1M 252K 104K

ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔 More

Intro💔
💔အမှာစာ💔
💔Part1💔
💔2💔
💔3💔
💔4💔(Part1)
💔4💔(Part2)
💔5💔
💔6💔
💔7💔
💔8💔
💔9💔
💔10💔(Part1)
💔10💔(Part2)
💔11💔
💔12💔
💔13💔
💔15💔
💔16💔(Part1)
💔16💔(Part2)
💔17💔;(Part1)
💔17💔(Part2)
💔18💔
💔19💔
💔20💔
💔21💔(Part1)
💔21💔(Part2)
💔22💔
💔23💔
💔24💔
💔25💔(Part1)
💔25💔(Part2)
💔26💔(Part1)
💔26💔(Part2)
❤️27❤️(Part1)
❤️27❤️(Part2)
💔28💔(Part1)
💔28💔(Part2)
💔29💔(Part1)
💔29💔(Part2)
💔30💔(Part1)
💔30💔(Part2)
❤️31❤️(Part1)
❤️31❤️(Part2)
💔32💔(Part1)
💔32💔(Part2)
💔33💔(Part1)
💔33💔(Part2)
💔34💔
🍂35🍂
💔36💔
💔37💔
💔38💔(Par1)
💔38💔(Part2)
💔39💔(Part1)
💔39💔(Part2)
💔40💔(Part1)
💔40💔(Part2)
🤍Ending🤍(Part1)
🤍Ending🤍(Part2)
Note
❤️Extra❤️
❤️Extra❤️2
Extra2💌
❤️Extra❤️

💔14💔

39.6K 3.5K 841
By ThetHmue3

"လူတွေကိုသိလည်းမသိ တစ်ခါမှမမြင်ဖူးနေခဲ့ဘဲနဲ့
မြင်မြင်ချင်းမုန်းနေတာမျိုး....
မျက်ရည်တွေဝဲမိတဲ့အထိ ဝမ်းနည်းသွားတာတာမျိုး
တွေက ကျတော့်ကိုယ်ကျတော်အရူးလို့
သတ်မှတ်လို့ရပီမလား"

SeokJin သည်ဆေးစာအုပ်တစ်ခုကိုဖတ်ကာ
ဝရံတာတွင်Noteထုတ်နေသည်။
Jungkook သည်မျက်နှာချင်းဆိုင်ခုံတွင်
ထိုင်နေကာပီကေထိုင်ဝါးလျှက်ခြေထောက်
တွေချိတ်ထားပြီးစကားတချို့ပြောနေသည်။

SeokJin သည်Jungkook ကိုပြန်စေချင်နေပီ။
တလစာ အိပ်ဆေးတွေ စိတ်ငြိမ်ဆေးတွေ
သူ့စိတ်ကျန်းမာရေးအတွက်လိုအပ်တာမှန်သမျှ
အားလုံးလုပ်ပေးပီးပီဖြစ်ပေမယ့်....
ထုံးစံအတိုင်း သူပြောချင်ရာထိုင်ပြောနေတုန်း...။

ပြောမယ့်အကြောင်းအရာများသည်
အက်ကြောင်းထပ်စွာ...ဒါတွေပဲအကြိမ်ကြိမ်အထပ်ထပ်။
ဒါပေမယ့် မင်းပြန်တော့ကွာ လို့ တော့
Seokjin ဘယ်တော့မှမနှင်ရက်ခဲ့ပါ။

ဒီကုဋေရှစ်ရာရှစ်ထောင် သူဌေးသားလေးရဲ့
စိတ်ပိုင်းဆိုင်ရာပြသနာတွေကိုဖြေရှင်းပေးဖို့
နားထောင်ပေးဖို့လူ တစ်ယောက်မှရှိမနေဘူးဆိုတာ
SeokJinသေချာစွာသိနေခဲ့လို့...။

၁၆နှစ်သားJungKookကိုသူ့အမေဖြစ်သူက
လက်ဆွဲကာ အိမ်မက်ဆိုးတွေအလွန်အကျွံမက်ပြီး
ဖျားလာတယ်...စိတ်ကြီးလာတယ်
သူ့စိတ်သူမထိန်းချူပ်နိုင်ဘဲ အိမ်မှာမကြာခဏ
သောင်းကျန်းလို့ငြိမ်သွားအောင်လုပ်ပေးဖို့
ကျတော့်ဆေးခန်းကိုခေါ်လာခဲ့တယ်....။

ကျတော်ကဆရာဝန်ဖြစ်ခါစ...။
ဒီကလေးလေးကို အိပ်ပျော်အောင်
အတွေးတွေအဆင်ပြေအောင် အတတ်နိုင်ဆုံး
ကူရာမဲ့နိုးမလာအောင်တတ်နိုင်သမျှကြိုးစားကုပေးခဲ့
တယ်...။

အရင်ထက်အများကြီးသက်သာလာပါတယ်
လို့ဆို၍ရပေမယ့် တခါတရံတော့ ထထသွေးဆိုး
တတ်သေးသည်။သို့သော်ဒါအများကြီးအဆင်ပြေ
သွားတယ်ဆိုရမယ်လေ....။

Jungkook ကသူ့အမေကိုသိပ်ချစ်တယ်
သိပ်ယုံကြည်တာကြောင့် သူ့အမေယုံကြည်တဲ့
ကျတော့်ကို အများကြီးအားကိုးခဲ့တယ်...။

"ဘယ်အရူးက ဒီလောက်ကြီးအကျင့်မကောင်း
နိုင်ပါလဲ ဆိုးနိုင်မှာလဲ...ငါ့ကိုအာရုံမနှောက်ဘဲ
တိတ်တိတ်လေးနေပေးပါ...."

"Hyung ဆေးကုတာ ကျတော်သေသွားရင်
တောင်ပျောက်မှာမဟုတ်ဘူး...."

SeokJin သည်Jungkook စကားကြောင့်
မှတ်သားနေသောလက်တွေတိခနဲရပ်သွားသည်။
မျက်လုံးချင်းဆုံကြည့်လိုက်တော့
Jungkook ကရီဝေဝေပြန်ကြည့်နေသည်။

"အိမ်မက်တွေက တနေ့တခြားပိုပိုဆိုးလာတယ်..."

"အိမ်မက်တွေကိုဂရုမစိုက်ဖို့မင်းငါ့ဆီကို
လာတိုင်းမှာပြောပီးသားပါ...
အနာဂါတ်မှာဖြစ်လာမယ့်အရာတွေကို
မြင်မက်ရမှာဆ်ုပေမယ့် မင်းအိမ်မက်တွေက
ပီးခဲ့ပီးသားအဖြစ်အပျက်တွေ အတိတ်တွေပဲJungkook
အတိတ်ဆိုတာ ဘာမှအသုံးမဝင်တော့ဘူး.."

"ဥပေက္ခာမပြုနိုင်ဘူး.....အိမ်မက်ဆိုးမက်မှာကို
ကြောက်တာမှန်ပေမယ့် ကျတော့်အိမ်မက်တွေက
အသုံးမဝင်တဲ့အတိတ်တစ်ခုတော့မဟုတ်ဘူး
ဆိုတာကျတော်သိတယ်....
ပြောရရင် ParkJimin......"

"တော်တော့....အိမ်မက်ကအိမ်မက်
Jimin က Jimin ပဲ....
မင်းမြင်ချင်တာတွေမြင်မက်နေတဲ့
အိမ်မက်ထဲ မင်းမုန်းတဲ့အရာတွေနဲ့ရောချပီး
Jimin ကို စိတ်ဒုက္ခပေးနေတာ
အဓိပ္ပာယ်ရှိတယ်လို့ထင်နေလား....."

"သူစိတ်ညစ်သွားရင်...သူဝမ်းနည်းသွားရင်
သူငိုချလိုက်ရင် သူနာကျင်သွားရင်
ကျတော်ပျော်တယ်....ဒါငါလုပ်ရမယ့်တာဝန်ကျေ
နေတာပဲလို့ခံစားရတယ် အဓိပ္ပာယ်ဘာလို့မရှိရမှာလဲ"

"လက်မထပ်ဘဲ မင်းအပိုင်မယူဘဲ
နှိပ်စက်ပစ်လိုက်လို့ရတဲ့နည်းလမ်းတွေ
အများကြီးပါ ဘာလို့အသက်၂၀စွန်းစွန်းပဲ
ရှိတဲ့မင်းက စိတ်ကြိုက်ရွက်လွှင့်လို့
ရအုန်းမယ့်ကလေးသာသာလေးက
တရားဝင်ယူခဲ့တာလဲ.....မသိစိတ်က
ဘယ်အရာကိုမှမမြင်နိုင် မတွက်ချက်နိုင်အောင်
Jimin ကိုသိပ်လိုချင်ခဲ့လို့လေ....."

"မဆိုင်ပါဘူး အမွေကိစ္စတွေ
အလကားနေဘဝင်မြင့်နေတဲ့မျက်နှာကို
မုန်းလို့ ယူခဲ့တာ...."

"Jungkook....အဓိပ္ပာယ်ရှိတဲ့အကြောင်းပြချက်တွေ
နဲ့လက်တွေ့ကျကျရှင်သန်ဖို့သင့်နေပီနော်
မင်း...အိမ်ထောင်ရှိတဲ့ယောကျ်ား
တစ်ယောက်ဖြစ်နေပြီ.....အိမ်မက်ဆိုးတွေကတကန့်
လက်တွေ့ဘဝမှာမင်းJimin ကိုလက်ထပ်ထားတာက
တကန့်ဒီလိုပုံစံမျိုးဆက်သွားရင်
မင်းဘဝမှာ တခါလေးမှပျော်ရမှာမဟုတ်တော့ဘူး..."

"ပျော်ရွှင်မှုက ဘာများအရေးကြီးလို့လဲ...."

"ပျော်ရွှင်မှုက ဘဝမှာ သိပ်အရေးကြီးတာပေါ့....
မင်း ပျော်ဖူးသွားရင် စီးကရက်စွဲသလိုစွဲသွားလိမ့်မယ်..."

ငယ်ရွယ်သောကောင်လေးက ပီကေကို
မထီတထီဝါးနေလျှက် မလေးမစားနားထောင်
နေသည်။ ရွဲ့စောင်းစောင်းအပြုံးတခုတောင်
ပြုံလိုက်ပြီး..ဝရံတာအပြင်ကိုမျက်နှာလွှဲသွားသည်။

ချမ်းသာကြွယ်ဝရုံကလွဲ
အိမ်တော်တစ်ခုရဲ့သခင်လေးJeonအဖြစ်
မွေးဖွားလာရုံကလွဲ...ဘယ်သူ့ဆီကမှ
စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ...ဂရုစိုက်မှုတွေ
ချစ်ခင်ယုယပေးမှုတွေ အကြင်နာတရားတွေ
အနီးစပ်ဆုံး မိဘနှစ်ပါးကတောင်
သူတို့ပြသနာတွေနဲ့ပဲပတ်ချာလည်နေခဲ့ပြီး
တစ်ယောက်ထဲ Jeonဟာ ရလာပြန်တော့လည်း
အတ္တဆေးရောင်ခြယ်စကားတွေ.....
ကလေးငယ်၏နှလုံးသားသည်ဝေခွဲနိုင်မှုမရှိခဲ့
အမေပြောတာအားလုံးအဟုတ်အမှန်ဟုဆိုကာ
ဒီနေ့ ဒီလို JeonJungkook ဖြစ်လာရတာပဲ....။
ပျော်ရွှင်မှုဆိုတာ ဘာမှန်းတောင်သိမယ့်ပုံ
မပေါ်ပါ.....။

"ငါ့သဘာဝအကြည်ဓာတ်လေးဆီသွား
မလို့လိုက်မလား...."

"သဘာဝအကြည်ဓာတ်ကဘာလဲ...."

"ငါကြိုက်နေတဲ့ကောင်လေး.ကိုခေါ်တာ
သတိရလာလို့ သွားချင်လာပီ...
လိုက်ချင်လိုက်ခဲ့လေ....."

"ဘယ် Bar လဲ....လိုက်မယ်လေ...."

"ဒီကောင်ကတော့.....Barမပြောနဲ့
Barရှေ့တောင်မဖြတ်ဖူးတဲ့ အဖိုးတန်လေးကွ..."

"Bar ရှေ့ကို မဖြတ်ရင် အဖိုးတန်တယ်လား...."

"စကားအဖြစ်ပြောတာကွ...ကပ်သပ်မနေနဲ့
မလိုက်ချင်ကျန်ခဲ့..."

သဘာဝအကြည်ဓာတ်ဆိုတဲ့စကားသည်
ကြားဖူးနားဝလည်းသိပ်မရှိတာကြောင့်
စိတ်ဝင်စားစွာJinHyungနောက်သို့လိုက်ခဲ့သည်။
ကားခဏလေးပဲမောင်းလိုက်ရပီးနောက်
စာအုပ်ဆိုင်လေးတစ်ခုရှေ့တွင်ရပ်သွားသည်။

"ရောက်ပီ ဆင်း...."

"ဘာကြီးလဲ....."

"စာအုပ်ဆိုင်လေ မမြင်ဖူးဘူးလား...."

"စာအုပ်ဆိုင်မှန်းတော့သိတာပေါ့
ဒါပေမယ့် Dateoutလွန်းတယ်
မဆင်းတော့ဘူး..ကျတော်ကားပေါ်မှာပဲ
စောင့်မယ်...."

"မကြီးကျယ်စမ်းနဲ့...ငါပြချင်လို့ပါဆို...."

"ဟင့်အင်း....မဝင်ချင်ဘူး
ပူမှာ..."

"မပူဘူး အတော်ပဲ...."

"ဖုန်တွေအရမ်းများမလား...."

"ခါပေးမယ်....ငါစိတ်မရှည်တော့ဘူးကွာ...."

အောက်ခြေလွတ်တာမျိုးမဟုတ်...
JeonJungkook ကမွေးထဲက အောက်ခြေရှိသေးတယ်
ဆိုတာလုံးဝကိုမသိသောလူစားမျိုး...။
Billionaire တစ်ယောက်ရဲ့သားပီသတာထက်ပီသလွန်းစွာဘဝင်မြင့်တာထက်ပိုဆိုးသောစကားရှိရင်တောင်
သူ့ကိုမေးငေါ့ပစ်ဖို့မလုံလောက်ဘူး...။
KimSeokJin လို ဆရာဝန်မျိုးတောင်
JeonJungkook တင်စီးသောဒဏ်ကိုမခံနိုင်ခဲ့ပါ။

စာအုပ်ဆိုင်ဆိုတာလည်းပျင်းစရာနေရာတစ်ခု
ဖြစ်ပီးသူနဲ့အက်စပ်သောနေရာမဟုတ်
ပြီးတော့ ရှေးရိုးဆန်ဆန်နေရာဟောင်းကြီးကို
လက်ရှိပျိုးပျိုးပျက်ပျက်သူ့ပုံစံနဲ့လည်းမဝင်ချင်နေ။
JinHyung ကိုမလွန်ဆန်နိုင်တာကြောင့်
လိုက်လာရတော့သည်။

"မင်္ဂလာပါ...ဒီနေ့စောသားပဲ...
ကဗျာစာအုပ်အသစ်လေးတွေရောက်တယ်...."

ကောင်တာမှာထိုင်ကာမျက်မှန်တလက်နှင့်
စာအုပ်ဖတ်နေရင်းမှသူတို့ကိုဝင်လာတာနှင့်
ယဉ်ကျေးစွာ
နူတ်ဆက်လိုက်တဲ့သူ...။

လူကဒီတစ်ယောက်ရှိတာမို့JinHyung
ပြောတဲ့သဘာဝဟာ ဒီလူပဲပေါ့...။

သာမာန်ပါပဲ.....သာမာန်ထက်တောင်သာမာန်ကျနေသေး။
ဘာမှလည်းစိတ်ဝင်စားစရာမရှိ။
ဘာမှလည်းအထင်ကြီးစရာမရှိ။

"နောက်ကျသွားရင်ကုန်သွားမှာပေါ့..
Hyung ကအမြဲအစောဆုံးပဲဖြစ်ချင်တာ....."

Joonကပြုံးကာခေါင်းညိတ်ပြပြီး
စာအုပ်အသစ်ရှိရာသို့ယဉ်ကျေးစွာလက်လှမ်းပြသည်။

စာအုပ်အသစ်တွေရော....မင်းနှလုံးသားကိုရော
ပေါ့Joon....။အစောဆုံးသိမ်းပိုက်ချင်တဲ့ဆရာဝန်ပါ။

SeokJin သည်ကြိတ်မှိတ်ပြုံးရင်း
စာအုပ်တွေအချိန်ဆွဲလျှောက်ရွေးနေချိန်
ဘာလုပ်ရမှန်းမသိနေတဲ့သူကJungKook။

"ဟိုမှာစားပွဲရှိတယ် သွားထိုင်လို့ရတယ်
ခဏလေးစောင့်....."

JungKook သည်seokJinညွှန်ပြရာ
စားပွဲနှင့်ထိုင်ခုံဆီသို့လျှောက်သွားလိုက်ကာ
ထိုင်လိုက်သည်။ထို့နောက်စီးကရက်တလိပ်ထုတ်ကာ
မီးညှိလိုက်သည်။
ဘာမှမှလုပ်စရာမရှိတာ...။
ခင်းထားသောအညိုရောင်စားပွဲခင်းကြောင့်
စိတ်ကပိုညီးညူးသည်။
အရောင်အမှိန်တွေနဲ့သူမတည့်...။

စာအုပ်ဖတ်နေရင်းဆေးလိပ်နံ့ကြောင့်
Namjoon မျက်နှာပျက်သွားသည်။
ဆိုင်နံရံမှာ No Smokeing လို့ရေးထားသော
တားမြစ်စာတွေရှိရက်နဲ့ဘယ်သူက
နားမလည်စွာသောက်နေတာလဲ...။

ဖျက်ခနဲမော့ကြည့်လိုက်တော့ ဒေါက်တာနဲ့အတူတူ
ပါလာသော ကောင်လေး....။
မျက်လုံးမှိတ်ကာစီးကရက်ကိုသေချာ
အရသာခံလျှက်သောက်နေသည်။

ကလေးသာအရင်လိုဆိုင်လာမွှေနှောက်နေရင်
သေချာပေါက်ဒီကောင်လေးပက်ပက်စက်စက်
အပြောခံရမှာ...။ကလေးကဆေးလိပ်နံ့တွေကို
သိပ်မုန်းတတ်ပြီး မခံနိုင်တဲ့သူမို့ ဆိုင်က
စာတန်းတွေကလည်းသူကပ်ပေးခဲ့တာ....။

"တချို့ကအလိုက်ကန်းဆိုးနားမလည်လို့
ဒီလိုနံရံတွေမှာကပ်ထားမှသိမှာHyungရ
အားနာမနေနဲ့...ကိုယ့်နေရာကိုယ့်စည်းကမ်းပဲ.."

အလွမ်းသည် စည်းကမ်းမဲ့စွာဆေးလိပ်သောက်
နေသောခပ်ဆိုးဆိုးပုံစံကောင်လေးကို
တွေ့ရင်လည်းတိုက်ခိုက်ပါသည်။
ခုလိုနေ့မျိုးပိုတိုက်ခိုက်တာပေါ့....
ကလေးအရူးအမူးကြိုက်တဲ့ စာရေးဆရာရဲ့
အတွေးအခေါ်ဆိုင်ရာစာအုပ်အသစ်ထွက်တဲ့နေ့...။
စာအနုအဖက်တွေမဖတ်ဘဲ စီးပွါးရေး နိုင်ငံရေးနဲ့
ဘဝရေးတွေကိုသာ ရင့်ကျက်စွာရွေးဖတ်တတ်သူ
သည် ခုတော့ အိမ်ထောင်သည်ဘဝလေးမှာ
စာအုပ်အသစ်ထွက်တာကိုတောင်သိပါ့မလား။
သိပ်အလုပ်တွေရှုပ်နေတော့မှာ....။

Hyung ကလေးကိုလွမ်းရင်ငရဲကြီးမှန်းသိပါတယ်...
ဒါပေမယ့်ကလေးအကြိုက်ဆုံးစာအုပ်သစ်လေးထွက်တဲ့
နေ့တော့....ငရဲကိုမသိချင်ယောင်ဆောင်ပါရစေ...။

SeokJin သည် ဖတ်ဖြစ်မှာမဟုတ်တဲ့
ဆရာဝန်တစ်ယောက်ရဲ့ဘဝမှာ
ထိုင်တွေးနေဖို့အချိန်မလောက်နိုင်လွန်းတဲ့
ကဗျာစာအုပ်တထပ်ကြီးကိုရွေးကာ
ကောင်တာပေါ်တင်လိုက်သည်။

"ဒီနေ့ဝယ်တာများတယ်နော်..."

"အကြိုက်တွေကြီးမလို့...ပြောရရင်
တဆိုင်လုံးကရှိသမျှအကုန်ကြိုက်တယ်..."

"ကျေးဇူးပါ.....ဒေါက်တာ...."

မင်းအပါအဝင်ပေါ့Joon.....။
ဒီဆရာဝန်က လူနာအပေါ်မှာတောင်
စိတ်ရှည်သည်းခံမှုမရှိတာ...
မင်းဆိုငါနုရွပီးသား....။

Jeonသည်ကောင်တာမှာပိုက်ဆံရှင်းနေပီမို့
စားပွဲမှာထလာကာကောင်တာကိုမှီပြီး
လက်ပိုက်လျှက်စောင့်နေသည်။

"Jungkook မင်းယောကျ်ားအတွက်ဝယ်အုန်းလေ..."

"ParkJimin က စာအုပ်ဖတ်စရာမလိုဘူး
သူအကုန်သိ အကုန်တတ်တယ်...."

ParkJimin.......။

Namjoon ရင်တွေပေါက်ကွဲ
သွားသလိုပဲ နှလုံးခုန်သံတစ်ခုဒိန်းခနဲဆောင့်ခုန်ကာ
Jeon ကို မြန်ဆန်စွာချက်ချင်းမော့ကြည့်လိုက်မိသည်။

ခြေဆုံးခေါင်းဆုံးကလေးမကြိုက်သော
လက်မခံနိုင်သော အရာတွေကြီးနဲ့
ဒီကောင်လေးဟာ ကလေးရဲ့ ယောကျ်ားလား..။

စာအုပ်စျေးတွေလည်းဘာမှန်းမသိ
ဘယ်နှအုပ်တွက်ပီးပီလဲမသိတော့...
ရင်တခုလုံးစို့နစ်လာသည်။

စီးကရက်ငွေ့တွေနဲ့ ကလေးတစ်ယောက်
ဘယ်လိုများနေနေလဲ.....။
မပတ်သတ်သင့်တော့ဘူးဆိုတဲ့စည်းမှာ
သူသာကြောင်းမာကြောင်းလေးတောင်မမေးခဲ့။

"မင်းတို့မင်္ဂလာဆောင်တုန်းက
ငါမလာဖြစ်ဘူးလေ လက်မဖွဲ့လိုက်ရတော့
စာအုပ်လက်ဆောင်ဝယ်ပေးလိုက်မယ်
Jimin ကိုပေးလိုက်နော်...."

"ရှုပ်ရှုပ်ယှက်ယှက် ကျတော်တို့
အဲ့လောက်အဆင်ပြေနေတာမဟုတ်ဘူး
ဟိုတခါရန်ဖြစ်ပီးထဲက မျက်နှာချင်းတောင်
မဆိုင်ရသေးဘူး အပိုတွေမလုပ်နဲ့..."

"စာအုပ်ကလေးပေးပီးပြန်ချော့လိုက်ပေါ့ကွာ.."

"ရူးနေလား...မမြင်ရလေအေးချမ်းလေ..."

Namjoon သည်မျက်တောင်တွေတဖျက်ဖျက်
ခတ်ကာအောက်နူတ်ခမ်းတွေကိုခိုးကိုက်ထားရသည်။
တွေးစရာတောင်မလိုပါဘူး ဒီလိုတစ်ခွန်းနှစ်ခွန်း
ကြားရုံနဲ့ အခြေအနေဟာ ကလေးအတွက်
သိပ်ခက်ခဲနေမယ်ဆိုတာသိခဲ့ပြီ။

"ငါပေးချင်တယ်ကွာပေးဆိုပေးလိုက်...
Joon...ဒီစာအုပ်လေးကိုသပ်သပ်ထုတ်ပေးပါ
လက်ဆောင်ပေးချင်လို့...."

ဒေါက်တာသည် ပန်းပင်တွေအကြောင်း
ရေးထားသောစာအုပ်လှလှလေးကို
ရွေးလိုက်ကာ ရှေ့သို့လာချပေးသည်။
ကလေးကြိုက်မှာမဟုတ်တာသူသိသည်။

သုံးနှစ်သုံးမိုးသံယောဇဉ်တွေကNamjoon
ကိုဒုက္ခကောင်းကောင်းပေးခဲ့သည်။
ကလေးကိုမပေးဖြစ်တော့သိပေမယ့်
ရည်ရွယ်ကာသပ်သပ်ဖယ်ထားသော
သူအကြိုက်ဆုံးစာရေးဆရာ၏စာအုပ်
အသစ်စက်စက်လေးကို တုန်ရီစွာယူလိုက်သည်။

"လက်ဆောင်ပေးမှာဆို ဒါပိုကောင်းမယ်
ထင်တယ်........ဒေါက်တာ....ဒါ...က
ဒီ..နေ့...မှ အသစ်ထွက်တော့...ဒါလေးပေးကြည့်ပါလား"

"ထူးထူးဆန်းဆန်းJoonပထမဆုံး
Recommendပေးတာပဲ....ထည့်လိုက်လေ
Joonကို Hyung ကယုံပီးသား..."

စာအုပ်ဆိုင်ပိုင်ရှင်က...JinHyungကို
ဆရာဝန်မလို့လေးစားရုံကလွဲဘာမှ
မရှိတာသူကဘေးကမြင်ပေမယ့်
Hyung ကမမြင်ပါ...။
ဒါနဲ့များ လက်တွေ့ကျကျအဓိပ္ပာယ်ရှိရှိနေဖို့
တရားပြနေတယ်..။
သူကျအဓိပ္ပာယ်မရှိတာတွေလုပ်နေပီး။

အားလုံးဝယ်ယူလို့ပီးတဲ့အခါ ရှေ့ဆက့်နောက်ဆင့်
နူတ်ဆက်ကာထွက်သွားကြသည်။

Namjoon သည်ဘယ်သူမှမရှိတော့ဘူးဆိုတာ
သေချာတဲ့အခါ မျက်နှာတခုလုံးကိုလက်တွေဖြင့်
အုပ်ချလိုက်သည်။

အသံတိတ်ငိုခြင်းတွေဟာ ပိုနာကျင်ရပါတယ်....။

မိုးဖွဲဖွဲကျပြီးအေးတိအေးစက်ရာသီဥတုမျိုး....။

ကားပေါ်မှာအကိုက်ခံရပီးထဲက
ရန်ပွဲတွေခဏနားသွားကာ ဘာတွေအလုပ်ရှုပ်
နေမှန်းမသိသောJeonJungkook နဲ့လည်း
မျက်နှာချင်းမဆိုင်ဖြစ်တာကြာပီ..။

အလုပ်တွေလည်းအတော်အသင့်ပြသနာမရှိဘဲ
အဆင်ပြေနေတယ်လို့ဆို၍ရသောအခြေအနေ...။
နည်းနည်းပေါ့ပါးတယ်ဟုခံစားရသော
နေ့တနေ့လို့ခံစားရတာကြောင့် Jimin
Hyung စာအုပ်ဆိုင်လေးဘက် လာခိုးကြည့်ဖြစ်သည်။

စိတ်တအားညစ်တဲ့နေ့တွေဆိုလည်းရောက်ရောက်
လာတတ်ပေမယ့် အေးချမ်းသောနေ့တွေလည်း
Hyung ကိုမေ့မနေပါဘူး......။

ဆယ်မိနစ်လောက် ကြည့်ပီးရင်ပြန်မယ်ဟု
တွေးကာကားမှန်ကိုခေါင်းလေးမှီလျှက်
ဆွေးမြေ့စွာငေးစိုက်နေခဲ့သည်။

ဟင်!!!!!!!!!

ငေးကြည့်နေတုန်းမျက်လုံးတွေထဲသို့မမျှော်လင့်
ထားသောမြင်ကွင်းတစ်ခုသည်ပါးစပ်က
အသံထွက်လန့်ရတဲ့အထိပေါ်ထွက်လာသည်။

Hyung ဆိုင်ထဲမှ ပေစောင်းစောင်းဖြင့်
ထွက်လာသောJeonJungkook...။

မျက်နှာကိုနေထိုး၍ အမြင်ကပ်စရာကောင်းစွာလက်ဖြင့်
ကွယ်လျက်ကားပေါ်တက်သွားသည့်မြင်ကွင်း။
နောက်ထပ်လူတစ်ယောက်လည်းပါကာ
ထိုလူသည်JeonJungkook ကိုစကားတွေ
ပြောနေပြီးကားပေါ်သို့တက်သွားခဲ့သည်။

Jiminသည်တကိုယ်လုံးတောင့်တင်းသွားတဲ့
အထိလန့်သွားခဲ့သည်။
JeonJungkook လိုလူမျိုးက
စာအုပ်ဆိုင်နဲ့ ဘာဆိုင်လို့လဲ
ဘာသွားလုပ်တာလဲ Hyungကိုများသိသွားလို့လား
သိတော့ရော သူနဲ့ဘာဆိုင်လို့လဲ....
ဘာကိစ္စနဲ့များ အေးအေးချမ်းချမ်းHyung
ဆီကို ထိုအပူသည်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်
သွားလဲ.....

စိတ်အာရုံတစ်ခုလုံးယောက်ယက်ခတ်လာကာ
Namjoon ကိုသိပ်စိုးရိမ်ပူပန်သော
အငွေ့အသက်တွေမျက်နှာတစ်ခုလုံးမှာအပြည့်။

ဘာမှမဆိုင်ပေမယ့်JeonJungkook က
ကောင်းတဲ့စိတ်နဲ့လူတစ်ယောက်မဟုတ်
သူ့ကိုကြည့်မရတာနဲ့Hyung ကိုသွားဒုက္ခပေးတာ
မျိုးဆိုရင်ရော......
JeonJungkook က တွေးကြည့်တာထက်ပိုလွန်ကြူး
တဲ့အရာတွေကိုဦးနှောက်မရှိသိပ်လုပ်တတ်လွန်းတာ
မို့ သူလန့်ပါသည်။

Jimin သည် အလွန်သွေးပျက်နေစွာ
ကားတံခါးlockကိုဖွင့်ပြီး ဆိုင်ထဲဝင်ကာ
မေးဖို့ ဆုံးဖြတ်လိုက်သည်....
မနေနိုင်ပါ....Hyung ခြစ်ရာတချက်တောင်
ဖြစ်၍မဖြစ်....။

ကားတံခါးဖွင့်လိုက်တဲ့အချိန်ကိုက်မှာ
ဆိုင်အပြင်သို့ထွက်လာသော
Hyung.....။
အေးအေးဆေးဆေးပါပဲ....အပြင်မှာချိတ်ထားတဲ့
ပန်းပင်တချို့ကိုဖြုတ်သိမ်းနေသည်။
Hyung မျက်နှာမှာ ဘာမှမရှိနေပါ....
အနည်းငယ် ညို့မှိုင်းနေတာလေးကလွဲလို့...။
လက်တွေပြန်ရုတ်လိုက်ကာ ကားပေါ်မှာပဲ
ဆက်ထိုင်နေလိုက်သည်။

"ဘာမှတော့မဟုတ်လောက်ပါဘူးလေ...."

ဒါပေမယ့် ဆိုးလ်မြို့တခုလုံးမှာစာအုပ်ဆိုင်
ရာချီရှိနေတာကို Hyung ဆီမှ တည့်တည့်မတ်မတ်
ရောက်ရခြင်းကို သူလက်မခံနိုင်....။
JeonJungkook ကသိပ်ဥာဏ်များတာ...
သူအသိဆုံး။

Jimin သည်အတွေးလွန်ခြင်းတွေနဲ့ပတ်ချာလည်
နေတုန်းNamjoon သည်Openဆိုသော
စာတန်းလေးကို Close ဟုပြောင်းလဲလိုက်သည်။
Jimin ဒုတိယအကြိမ်ထပ်လန့်သွားသည်။
နေ့လည်တောင်မရောက်သေးသောအချိန်မှာ
ဆိုင်ပိတ်တာဟာ ပုံမှန်ကိုလုံးဝမဟုတ်....။

Hyung တခုခုဖြစ်နေပြီ....
ဒါပေမယ့်ရုပ်ပိုင်းဆိုင်ရာ ဘာမှမဖြစ်တာမို့
စိတ်တော့အနည်းငယ်အေးရပီး
မိုးရွာရွာ နေပူပူ ဘာဖြစ်ဖြစ် ပိတ်ချိန်တန်မှပိတ်ကာ
ကြိုးကြိုးစားစားရောင်းတတ်သော
Hyung ဒီလိုခေါင်းငိုက်စိုက်ကျသွားရတာ
ဟို ဘဝင်ကောင်ကြောင့်သေချာနေပြီ။

ကားစက်နိူးလိုက်ကာJimin သည်အကြမ်းပတမ်း
ပင်ပြန်မောင်းထွက်သွားသည်။

.......................

Company ကိုခဏပြန်ဝင်ပြီးကြာကြာမနေနိုင်ပါ။
ရုံးဆင်းလာပြီး အိမ်ပြန်ခဲ့သည်။

လက်ထပ်ပြီးထဲက JeonJungkook အိမ်မှာနေနေ
မနေနေ ရှိရှိမရှိရှိ ဘယ်အချိန်တွေပြန်ရောက်ပီး
ဘယ်အချိန်တွေပြန်ထွက်သွားလဲ
တစ်ကြိမ်တစ်ခါမှစိတ်မဝင်စားခဲ့သော်လည်း
ပထမဆုံးအကြိမ်ညစာစားပီးတဲ့အခါ
ဧည့်ခန်းကဆိုဖာတွင်  ထိုင်စောင့်နေရသည်။

ပွင့်ပွင့်လင်းလင်းမေး ပွင့်ပွင့်လင်းလင်း
ပြောမှဖြစ်မည်....။
သူ့ကိုသာ ထိခိုက်တာ စော်ကားတာ
နာကျင်စေတာမျိုးကို ကိုယ်လျှောက်မိသော
လမ်းမို့လက်မခံနိုင်လည်းလက်ခံရနေပေမယ့်
Hyung နဲ့ကအဝေးကြီးလေ....။
တော်ရုံပဲကောင်းပါသည်။

အချိန်သည် ည၈:၀၀ကထိုင်နေခဲ့တာ
ညဆယ်နာရီသို့ပြောင်းလဲသွားသည်။
မျက်လုံးတွေစင်းလာကာ ထိုင်နေရင်းမှ
ဆိုဖာပေါ်လှဲချကာထပ်စောင့်ရသည်။
အရင်ကပြိုင်ကားအင်ဂျင်သံအကျယ်ကြီး
တွေခြံထဲမောင်းဝင်လာသံကြားတာနဲ့
သူအခန်းပိတ်ကာအိပ်လိုက်ပီ...။
သိက္ခာမဲ့လုပ်ရပ်တွေ ပေါပေါလောလော
စကားတွေမကြားချင်၍ရှောင်တိမ်းနေခဲ့ခြင်း။

ညနှစ်နာရီ........။

"Rom....ငါ့ကိုတရားလာချမနေနဲ့...
မင်းကိုငါအသေသတ်လို့ပြောခဲ့တာကို
မင်းတို့ကောင်တွေ သွေးကြောင်လွန်းတယ်
မနက်ဖြန် ထပ်သွားမယ်....
အကုန်အသေပဲ ...."

"အေး!!!!!! မင်းစော်နဲ့မကင်းရာတွေဆို
တော့ မင်း ကြောက်နေလိုက်
မိန်းမတွေဒီလောက်ပေါတာ
မင်းမျက်လုံးနှစ်လုံးကမမြင်ဘူး.....ချီးပဲ....."

ကားပေါ်မှာဖုန်းပြောလာရင်းခြံထဲကားထိုးပီးတဲ့
အထိJeonပေါက်ကွဲ၍မပီးသေးပါ။
ကားတံခါးကိုဆောင့်ပိတ်ကာ
မြင်သမျှအကုန်ကန်ကျောက်ရင်း
ဆူဆူညံညံအသံပေါင်းစုံနှင့်အိမ်ပြန်လာတဲ့သူ။

"မနက်ဖြန်လူစုထား ချိန်းလိုက်....
JeonJungkook က ဘာကောင်လဲတော့
သိဖို့ဒီကောင်တွေလိုတယ်...."

"မင်းပထွေးဘက်က ပါမနေနဲ့!!!!!!မင်း......"

အိမ်မကြီးတံခါးအားဆွဲဖွင့်ကာအိမ်ထဲသို့
ခြေလှမ်းတွေလှမ်းဝင်ပြီး
စိတ်ပေါက်စွာဖြင့်အသားကုန်ကျုံးအော်လိုက်တဲ့
အချိန်ဧည့်ခန်းကဆိုဖာတွင်
ကွေးကွေးလေးအိပ်မောကျနေသော
အထူးဆန်းဆုံးပုံရိပ်လေး......။

Jeon သည် နံရံကိုကပ်သွားမိသည်။
လန့်သွားတာကတဝက် နောက်တဝက်ကလည်းလန့်
သွားတာပါပဲ...။
အသံသည်တိခနဲတိတ်ကျသွားသည်။

ညဝတ်အကျီအရောင်နုနုလေးနဲ့
လက်မောင်းတွေကိုခွေလျှက်ခေါင်းအုံးကာ
အိပ်မောကျနေသောသူသည်
ဧည့်ခန်းထဲမှာဘာတွေအတတ်ဆန်းပီးအိပ်နေတာလဲ။
Aircon အေးလွန်းတာကြောင့်ကွေးထားသော
ခန္ဓာကိုယ်လေးသည် သေးသေးလေး။

ဒီဆိုဖာပေါ်မှာသူစီးကရက်သောက်ရင်း
အိပ်အိပ်ပျော်သွားတိုင်းအရပ်ရှည်တာ
ကြောင့်ခြေထောက်တွေဆန့်ဖို့သက်တောင့်
သက်သာမဖြစ်ခဲ့...။နိုးလာရင်ကိုယ်လက်နာတဲ့အထိ
ဒီဆိုဖာဟာ သူ့အရပ်နဲ့ဟိုမရောက်ဒီမရောက်။

ParkJimin အိပ်နေတာကျ အိပ်ယာသေးသေးလေး
ထဲထည့်သိပ်ထားသလိုအံဝင်ခွင်ကျ...။
တမျိုးပဲ....အိပ်နေတဲ့အချိန်တော့..
ထူးဆန်းစွာတမျိုးလေးပဲ....။
ပါးတဖက်ကိုဖိအိပ်ထားတာကြောင့်
နူတ်ခမ်းတွေကစုလုံးထွက်နေသေးသည်။

ဖုန်းချလိုက်ကာအသံမထွက်အောင်ပဲ
အပေါ်တက်သွားဖို့တွေးလိုက်သည်။
လန့်နိုးသွားရင် ရန်ဖြစ်ရင်ဖြစ်နေရအုန်းမှာမို့
ကိုယ့်ဟာကိုယ်နေတာအကောင်းဆုံး။

Jeonက ကြီးမားပီး လေးလံတဲ့အနက်ရောင်
ဖိနပ်ကြီးတွေကို စီးတတ်တယ်။
ဖိနပ်စာ တချက်မိရင် သတိလစ်သွားနိုင်သော
ထုနဲ့ထည်နဲ့ဖိနပ်တွေကိုပဲအမြဲရွေးချယ်တယ်။
လမ်းလျှောက်တဲ့အခါလည်းဖိနပ်သံကို
ကျယ်ကျယ်လောင်လောင်ကြားရတတ်ကာ
အိမ်ကို Jeonပြန်လာရင် အားလုံးကခြေသံကြားရုံ
နဲ့တန်းသိကြတာအဆန်းတော့မဟုတ်။

Jeonအဲ့ဒီဖိနပ်ကြီးတွေကိုချွတ်နေသည်။
ကျွတ်သွားတဲ့အခါ တနေရာရာကိုခြေထောက်
ဖြင့်တွန်းပစ်ထားခဲ့ပြီး အပေါ်ထပ်သို့
ခြေအိတ်အနက်ရောင်တခုထဲဖြင့်ကြမ်းကိုခပ်ဖွဖွ
နင်းကာတက်သွားသည်။

မောင်ဟာ....ဆိုးပါတယ်...
ဒါပေမယ့်...တခါတရံကျတော့လည်း
မောင်သည်...ဒီအိမ်ကြီးထဲက
လူတိုင်းရိုကျိုးကြောက်လန့်ရတဲ့
မောင့်အမှတ်အသားလို
ခမ်းခမ်းနားနားခြေသံတွေကိုတောင်
တိခနဲ တိတ်ကျသွားပေးခဲ့တဲ့သူပါ.....။

မသိစိတ်ကအိပ်သာအိပ်နေရသည်
စောင့်ကလည်းစောင့်နေတာကြောင့်
အရမ်းအေးစိမ့်လာတဲ့အခါအလွယ်တကူ
လှုပ်နိုးလိုက်သလိုဖြစ်သွားသည်။

"ဘယ်နှနာရီတွေရှိကုန်ပီလဲ......"

စားပွဲပေါ်ကဖုန်းကိုယူကာဖွင့်ကြည့်တော့
မနက်သုံးနာရီ.ထိုးခါနီးနေပီ။

"ငါတော့ဖျားတော့မှာပဲ........"

ဖုန်းယူကာအခန်းထဲပြန်တက်အိပ်ရန်
မတ်တပ်ထရပ်လိုက်တော့ မြင်လိုက်ရသော
ဖိနပ်တရံ...။
ပြန်ရောက်နေတာလား....။
ငါဘာလို့မသိလိုက်ရတာလဲ......။

Jimin သည်အစထဲကအရမ်းမေးချင်
ပြောချင် သိချင်လွန်းအားကြီးနေ၍
ထိုင်တောင်စောင့်ခဲ့တဲ့သူမို့ ဘာမှမစဉ်းစား
တော့ မနက်သုံးနာရီတွင်လည်း
အပေါ်သို့တက်ကာJeonနေသော
အခန်းဆီပြေးသွားတော့သည်။

အချိုးမပြေလုပ်ခဲ့ ပြောခဲ့တယ်ဆိုလို့ကတော့
ဘာကြီးပဲဖြစ်ဖြစ်....ဘာကောင်ဖြစ်ဖြစ်
ငါ့အကြောင်းကိုသိစေရမယ်။

တံခါးခေါက်ဖို့စဉ်းစားခဲ့ပေမယ့်ခေါက်မနေတော့
ဖွင့်ကြည့်တဲ့အခါLockလည်းမချထားတာကြောင့်
ဒီတိုင်းပဲဖွင့်ဝင်သွားလိုက်သည်။
သူ့ရုံးခန်းကိုလာတိုင်းJeon JungKook
တံခါးဆောင့်ဆောင့်ဖွင့်သောအသံနှင့်တစ်သံထဲ
ထွက်အောင်ဖွင့်ဝင်လိုက်သည်။

Bathrobe တခုထဲကို ရော့တိရောရဲဝတ်ထားကာ
အိပ်ယာပေါ်တွင်ဒူးတဖက်ထောင်လျှက်
Labtopထဲကတခုခုကိုကြည့်နေတဲ့သူ။

ဝင်ဝင်လာချင်း ကြိုဆိုနေတာသည်
အကာအကွယ်မရှိသောခြေသလုံးတွေနဲ့
ရေချိုးပီးခါစ Jeon JungKookရဲ့
ရေစက်လက်ဆံပင်တွေ....။

ရှိန်းခနဲ....မျက်နှာတစ်ခုလုံးရဲခနဲ....။
သေသေချာချာမဝတ်ထားသော
ရောတိရောရွဲအဝတ်အထည်သည်
သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို
လုံရုံလေး တင်ထားရုံလေးပဲ။

"ဘာဖြစ်လာတာလဲ....အခန်းတံခါးခေါက်ပီး
မှဝင်မှပေါ့ စည်းမဲ့ကမ်းမဲ့နိုင်လိုက်တာ...."

"မင်းဘာလုပ်နေလို့လဲ....!"

အချိန်မရှိအခါမရှိအခန်းထဲသို့ဝုန်းဒိုင်းကြဲ
ဝင်လာကာသက်သက်ကြီးကွိုင်ရှာချင်ပုံထောက်
သောParkJiminသည် စောစောက အိပ်ပျော်နေသော
လူပါဟုကျိန်ပြောရမည်။

"အဝတ်အစားမဝတ်ထားဘူးလေ....."

ရင်ဘက်ကိုလုံးဝဟထားသောBathrobeကို
ထပ်ဟပြကာ အိပ်ယာပေါ်လှဲနေရာမှ
ထထိုင်လိုက်တဲ့သူ။

သွေးပူနေတယ် သိချင်ဇောတွေကပ်နေသော
အချိန်မျိုးမှာတောင် ထထိုင်ကာဆံပင်တွေ
ခါလိုက်ပုံက ဘာဆက်ပြောရမှန်းမသိအောင်။

"ဘာမှမဝတ်ထားလည်းပြသနာမရှိဘူး..."

"တကယ်လား....."

JEonသည်စားပွဲပေါ်ကသောက်လက်စ
ဝိုင်ခွက်ကိုယူကာ အံ့အံ့ဩဩမေးတော့
မီးဟပ်နေသောမျက်နှာလေးနှင့်
ဇွတ် ပြသနာမရှိလုပ်နေသောသူသည်
မျက်နှာလွှဲသွားသည်။

အနေအထိုင်မတတ်၍မကြည့်ရဲကြည့်ရဲ
ဖြစ်နေတာကတကန့်...
မေးရမယ့်စကားကလည်းမေးရမှာမို့
Jimin သည် စိတ်ရောလူရောပြင်ဆင်ကာ
JungKookကို ခပ်တင်းတင်းပင်ကြည့်လိုက်ပီး

"ငါဒီနေ့ Company ကပြန်တော့.....
မင်းကို ......စာအုပ်ဆိုင်မှာတွေ့တယ်....
အဲ့တာ......"

" စာအုပ်ဆိုင်ဆိုလို့.....ခင်ဗျားကို
ကျတော့်ဆရာဝန်က လက်ဖွဲ့ပေးလိုက်တယ်
အခန်းထဲထားရတာရှုပ်နေတာ ရော့
ယူသွား...."

JEonသည်လက်ဆောင်အိတ်လှလှဘေးကို
Jimin ဆီသို့ပစ်ပေးလိုက်သည်။
လက်ထဲကိုရောက်လာသောအထုတ်လေး
ကြောင့်Jimin သည်ဒါပြသနာတခုတော့
မဟုတ်တော့ဘူးဆိုတာရေးရေးမြင်လာသည်။

"တွေ့တယ်လား...ဟုတ်တယ်ဒီနေ့
ဆေးသွားယူရင်းနဲ့ JinHyungခေါ်သွား
လို့လိုက်သွားတာ အဲ့တာဘာဖြစ်လို့လဲ
ဘာလဲ ဘာလဲ JinHyungနဲ့ တွဲတွေ့လို့
သဝန်တိုပြီး မနက်သုံးနာရီကြီး လာစစ်နေတာလား
ParkJiminရူးသွားတာလား..."

Jimin ဘာပြန်ဖြေလို့ဖြေရမှန်းမသိတော့။
အခြေအနေက ဘာမှပင်မစရသေး
အကုန်ရှင်းလင်းသွားသည်။
ပြန်ထွက်ပြေးလို့လည်းမရတော့..။

"လက်ဖွဲ့ဆိုလို့ JinHyungရွေးပေးတာမဟုတ်
ဘူးနော် ဆိုင်ပိုင်ရှင်ရွေးပေးတာ
တအားတွေတွေးမနေနဲ့..."

ဟုတ်ပါသည်..စာအုပ်ကိုများကြိုက်သွားရင်
JinHyungကဘယ်သူလဲ ဘာညာတွေနဲ့
ဇယားတွေရှုပ်မှာမကြိုက်တာကြောင့်
အလွယ်တကူ ဆိုင်ပိုင်ရှင်ရွေးပေးလိုက်တယ်ပဲ
ပြောလိုက်သည်။ဆိုင်ပိုင်ရှင်ဆိုတော့
ဘာမှကိစ္စမရှိတော့။

Jimin သည်Jungkook စကားဆုံးသည်နှင့်
အိတ်ထဲကစာအုပ်လေးကိုအလောတကြီး
ထုတ်ကြည့်မိတဲ့အခါ အရူးအမူးစွဲလန်းခဲ့ရသော
ကလောင်တစ်ခုကကြိုဆိုနေသည်။

အသစ်စက်စက်ထွက်ထားသောခေါင်းစဉ်အသစ်လေး
နဲ့ ရိုးရှင်းလှသောအတွေးအခေါ်စာအုပ်လေးက
ချက်ချင်းလက်ငင်းငိုချလိုက်ချင်စရာ။

Jungkook လက်ထဲကိုဘယ်လိုနှလုံးသားနဲ့
ဘယ်လိုအတွေးတွေးများတွေးပြီး
ဒီစာအုပ်ကိုထည့်ပေးခဲ့တာလဲ..။
မေးရင်
"ဖတ်စေချင်တဲ့စေတနာနဲ့ပါကွာ...."လို့လူအေးကြီးက
အေးအေးလူလူပြောအုန်းမှာ....။

ဒေါသတွေ ပူလောင်မှုတွေ ဘယ်တွေဆီလွင့်ပျံ
သွားလဲမသိ မောပန်းနေသောနေ့တိုင်း
အတွက် အမောပြေဆေးဗူးလေးရှာတွေ့လိုက်
သလိုစာအုပ်လေးကိုမျက်ရည်ဝဲမတတ်
စိုက်ကြည့်နေမိသည်။

မရိုးမသားစိတ်နဲ့မဟုတ်တော့ဘူး
ပူပူလောင်လောင်ကြီးတမ်းတနေရာမျိုးလည်း
မဟုတ်ပါဘူး...
ခေါင်းထဲတစ်ချိန်လုံးထည့်ထိုင်လွမ်းနေတာလည်း
မဟုတ်ရပါဘူး...

တိုက်ဆိုင်မှုတွေရှိလာတဲ့အခါ....
အမှတ်တရတွေမြင်လာတဲ့အခါမျိုးမှာ
အချစ်ဦးက တော့ အချစ်ဦးပါပဲ....

"ParkJimin ဘာပြောမလို့လဲ
ကျတော် အိပ်ချင်ပီ....."

စာအုပ်လေးနဲ့ကြေကွဲနေတုန်း အက်ရှရှအသံ
တခုဖြတ်ဝင်လာတော့မှသူသတိပြန်ဝင်လာသည်။

"အိပ် အိပ် အရေးသိပ်မကြီးပါဘူး
မနက်မှ သေချာပြောတော့မယ်..."

"စပီးရင် ပီးအောင်လုပ်...."

"ဘာလဲ!!!!"

"ခင်ဗျား အမျိုးမျိုးလုပ်နေလို့လေ..."

"စိတ်မကြည်လို့ရန်လာရှာတာ
ခု လက်ဆောင်ကြောင့်ငါစိတ်ကြည်သွားပီ
လက်ဖွဲ့ပေးတဲ့သူကို ငါကကျေးဇူးတင်ပါတယ်လို့.
ပြောပေးပါ..."

"ယူလာပေးတဲ့ မောင်ကရော...."

"မင်းကယူလာရုံလေ...မတင်နိုင်ဘူးသွားပီ.."

Jungkookရေကျေးဇူးတင်ပါတယ်လို့ပြောဖို့
ဆိုတာ နောက်ထပ်သုံးဘဝလောက်အရှိန်ယူရင်
တောင်အောင်မြင်မယ့်အလုပ်မဟုတ်....။
သူယူလာလို့ရတာမှန်ပေမယ့် ကိုယ်ကလျှော့လိုက်ရင်
ဒီကောင်လေးကခေါင်းပေါ်ချက်ချင်းတက်တော့မှာ။

"အဲ့တာဆို မောင့် စာအုပ်ပြန်ပေး
မောင်တို့က လက်ထပ်ထားတာလေ
လက်ဖွဲ့ဆိုတော့ နှစ်ယောက်ပိုင်ပစ္စည်းပဲ
မောင်လည်းဆိုင်တယ် မောင့်ကို Jimin
ကျေးဇူးမတင်ချင်ရင် မောင့်စာအုပ်ကိုမရဘူး...
မောင်က...."

"တော်ပါတော့...!!!!မောင် မောင် မောင်....
နားတွေတောင်ကိုက်လာပီ
မင်းကိုဘယ်သူက အဲ့လိုသုံးနူန်းဖို့အကြံပေးခဲ့တာလဲ
မင်းနဲ့နည်းနည်းလေးတောင်မလိုက်ဖက်ဘူး
နားလည်လား...."

"မောင်လို့ ကျတော်တချက်သုံးနူန်းတိုင်း
ပျက်ပျက်သွားတဲ့ ခင်ဗျားမျက်နှာက
ရီစရာကောင်းလို့...လာလာစာအုပ်လာပေး...
ကျေးဇူးမတင်နိုင်ရင်..."

"တခြားဟာခိုင်းပါ ငါလုပ်ပေးမယ်
စာအုပ်က ငါကြိုက်လို့ ယူပါရစေ..."

JEonသည်အကွက်ထဲသို့လုံးထွေး
ပြုတ်ကျလာသောလူသား
မသိအောင်ခိုးပြုံးလိုက်သည်။
ကိုယ့်ဟာကိုယ်အေးရာအေးကြောင်းနေနေတာ
မနက်သုံးနာရီကြီးလာရှုပ်တာသူမလို့
ဘာပဲဖြစ်ဖြစ်ဒီတခါ JeonJungkookမလွန်တော့ပါ။

"နှိပ်ပေး...."

"ဘာ..."

"Labtopကြည့်တာ ဇက်ကြောတွေတက်လာလို့...
ခေါင်းလျှော်တာကြာသွားလို့ထင်ပါတယ်
နည်းနည်းလောက် လာလျှော့ပေးပါ.."

"မင်း အိမ်အကူတွေရှိတယ်လေ...သူတို့ကိုခိုင်း..."

"ယောကျ်ားယူထားတာဒါလေးမှမခိုင်းရရင်
ဘယ်နေရာမှာသွားသုံးရမှာလဲ
ပိုက်ဆံရှာတတ်တာတခုထဲနဲ့ အိမ်ထောင်ဦးစီးကောင်း
ဖြစ်မလာနိုင်ဘူးနော်ParkJimin...."

"မင်းကရော မင်းလည်းယောကျ်ားပဲလေ
ငါကျမှ အကုန်ငါ့တာဝန်လား..."

"ဟုတ်တယ် အကုန်ခင်ဗျားတာဝန်
အဲ့တော့ လာနှိပ် မနှိပ်ချင်ရင်
စာအုပ်ထားပီး လစ်တော့..."

"ဝဋ်ကြွေးတွေ......!!!!"

Hyung နာနာကျင်ကျင်ထည့်သိုပေးလိုက်သည့်
စာအုပ်လေးကိုတော့ ထားကိုမထားခဲ့ပါ။
ထို့ကြောင့်ထိုလူဆိုး၏အိပ်ယာပေါ်သို့
ဆောင့်အောင့်ပြီးတက်လိုက်ရသည်။

Jeon သည် သေသေချာချာပြင်ဆင်ထိုင်ပြီး
La btopကိုပေါင်ပေါ်သို့တင်လိုက်သည်။
Jimin သည်Jeonနောက်ကျောတွင်နေရာယူလျှက်
နှိပ်ရမယ့်နေရာသို့လက်တွေနေရာယူလိုက်သည်။

"ထိရုံမရဘူးနော် စိတ်ပါလက်ပါနှိပ်..."

"လျှာမရှည်နဲ့!!!"

ပုခုံးတွေ ဂုတ်သားတွေကိုလက်သေးသေး
လေးတွေသည် မထိချင်သော်လည်း
အောင့်ကာနှိပ်ဆိုတဲ့အတိုင်း လိုက်လျှောက်သွား
နေသည်။

JinHyung ပြောသလို အိမ်မက်ကအိမ်မက်
ParkJiminက ParkJiminဆိုတာကဒါမျိုးလား...။

ခုလိုသူကလည်းစိတ်ကြည်နေ Jimin ကလည်း
စာအုပ်တစ်အုပ်လိုချင်တာနဲ့အလိုလိုက်ပေးနေတော့
မနက်သုံးနာရီကြီး မရိုးမရွနဲ့....။

လက်ထပ်ပြီးမှ....ပထမဆုံးလက်မပါခြေမပါရန်မဖြစ်ဘဲ
အခြေအနေက အနှိပ်ခံတောင်ခံနေရသော
ဘဝကိုရောက်နေတာကြောင့်အထူးအဆန်း...။

"အားထည့်စမ်းပါ နှိပ်နေတာနဲ့မတူဘူး
မြူစွယ်နေသလိုပဲ....မထိတထိနဲ့....."

"အားအကုန်ပဲ...မထိရောက်ရင် တက်နင်းပေးမယ်
လှဲအိပ်လိုက်...."

"လည်ပင်းတော့တက်နင်းလို့ဖြစ်မလား...
စကားကိုကပ်မ​ပြောနဲ့ ခေါင်းတွေပါနှိပ်ပေးပါ
ကိုက်လာပီ...."

"မင်းထက်ငါအသက်အများကြီးကြီးတယ်နော်...."

"ကြီးတော့ ဘာဖြစ်လဲ....ဂရုစိုက်မနေဘူး...."

နှိပ်ပေးနေရင်းကနေ ထိုလူဆိုးသည်နောက်သို့
မှီချလာသည်။

"ဘာလုပ်တာလဲ....လွန်မလာနဲ့နော်...!!!"

ရေမခြောက်တခြောက်ဆံပင်တွေက
Jimin ရင်ဘက်တနေရာကိုလာထိတွေ့ကာ
တကိုယ်လုံးလုံးဝကိုမှီချလာတဲ့သူ....။
Jimin သည်ချက်ချင်းပြန်တွန်းလွှတ်ပေမယ့်
အသက်နဲ့မလိုက်ကြီးထွားမှုနူန်းမြန်ဆန်သော
ခန္ဓာကိုယ်ကြီးကိုမနိုင်နင်းခဲ့ပါ...။

"နှိပ်တာက ပုံစံမှမကျတာ ငြိမ်ငြိမ်နေ
ကျတော် ရုပ်ရှင်ကြည့်မလို့.....
အမှီလေးနဲ့မှကြည့်ကောင်းတာ....
သွားချင်ရင်သွားလို့ရတယ် စာအုပ်ထားခဲ့..."

Jimin သည်ဖြစ်နိုင်ရင်လေးငါးဆယ်ချက်
လောက်ထုရိုက်လိုက်ပီးပီဖြစ်ပေမယ့်
NamJoonHyung၏မျက်နှာသည်ပေါ်ပေါ်လာသည်။

"ဒါအိပ်ချိန်လေ...ငါဒီလိုကြီးဘယ်လိုအဆင်ပြေမှာလဲ"

"ပြေအောင်နေ......"

အနိုင်ကျင့်ရတိုင်းမှာပျော်ပါသည်။အိပ်ချင်နေတာမအိပ်ရ
မျက်နှာချင်းမဆိုင်ချင်အောင်မုန်းတီးရသော
ကျတော့်ကိုသူရင်ခွင်ထဲထည့်ပြီးကြိတ်မှိတ်သည်းခံ
နေရတာဘယ်လောက်သွေးတိုးစရာများလဲ။

Jimin သည်မတတ်နိုင်တော့သက်ပြင်းတချက်ချကာ
ငြိမ်ငြိမ်သာနေပေးလိုက်သည်။
အမြင်ကပ်စရာကောင်းအောင်ရင်ဘက်ဟကွဲ
နှင့်ကောင်က ရုပ်ရှင်ဇာတ်ကားတကားကို
စိတ်ပါဝင်စားစွာကြည့်နေသည်။

ဒါပေမယ့်လည်း ဇာတ်တော့မသိမ်းသွား
တဝက်လောက်အရောက်တွင်JeonJungkook ၏
ခေါင်းသည်လုံးဝပြိုကျသွားပြီ။

"အိပ်အုန်းမှပဲ....ငါဝဋ်ကျွတ်ပြီ...."

ပေါင်ပေါ်ကLabtop ကိုဖယ်လိုက်ကာ
မနိုးသွားအောင်ခပ်ဖွဖွလှုပ်ရှားရသည်။
နိုးသွားရင်ထပ်ရစ်မှာစိုး၍ လုံးဝမနိုးအောင်
အသာအယာလုပ်သည်။

ခေါင်းအုံးပေါ်သေချာနေရာချလိုက်ကာ
အိုကေ ပြီးပြီဟု စာအုပ်ထုတ်ဆွဲကာ
ပြန်ပြေးတော့မည်ဟုစိတ်ထဲအပိုင်တွက်လိုက်သည်။
စေတနာမပါပေမယ့် မလုံမခြုံပုံစံသည်
မြင်မကောင်း၍စောင်လွှမ်းပေးလိုက်ကာ
ထွက်သွားတော့မည့်ဆဲဆဲJungkook ဖုန်း၏
Notificationအသံတစ်ခု....။

နောက်ထပ်အသံတခုထပ်ထွက်ရင်နိုးသွားမှာစိုး
၍မြန်မြန်ယူကာSilent Moodပြောင်းဖို့
Screen ကိုထိလိုက်ချိန် ပို့လိုက်သောVideoFile
ကိုထိမိပီးAutoပွင့်သွားခဲ့သည်။

Clubက CCTVမှတ်တမ်းတစ်ခု.....
ဘာမှဆန်းကြယ်သော Video တခုတော့မဟုတ်ပါ....။
Focusထားရာ နေရာသို့ကြည့်မိလိုက်တဲ့
အချိန် မြင်လိုက်ရသော စိမ်းပြာရောင်ဆံပင်တွေ....။
အတွေးထဲချက်ချင်းပြန်ဝင်လာတာက
ဟိုတစ်ခါတွေ့ခဲ့ရသော အနီရဲရဲဝတ်စုံနဲ့ကောင်လေး။
မှတ်မိသည်....နောက်ကပဲမြင်မြင်
ဘယ်လိုပဲမြင်ရမြင်ရ စွဲစွဲထင်ထင်မှတ်မိနေသည်။

Jeon JungKookဖုန်းထဲကိုတသီးတသန့်
Video လုပ်ကာပို့ထားသောပုံအရ
ဇာတ်ရှုပ်တစ်ခုကလွဲဘာရှိအုန်းမှာလဲ။

JeonJungkook နဲ့ဇာတ်ရှုပ်တွေက ဘာမှမဆန်းကြယ်
ပေမယ့်  စိမ်းပြာရောင်တွေဆိုတဲ့အခါ
Jimin သည် အသက်ရှူပင်မမှန်တော့ဘဲ
ဖုန်းကိုပစ်ချကာ စာအုပ်အိတ်ဆွဲလျှက်
အခန်းပြင်သို့ပြေးထွက်သွားခဲ့သည်။

။မုန်းတာပေါ့....ငါလိုချင်တာတွေအားလုံးကို
မျက်နှာလှလှလေးတခုရှိရုံနဲ့အကုန်သိမ်းယူ
သွားတဲ့.....မင်းကိုငါဘဝဆက်တိုင်း
မုန်းနေအုန်းမှာ....။
(အိမ်ရှေ့စံ)

.............................

"လူေတြကိုသိလည္းမသိ တစ္ခါမွမျမင္ဖူးေနခဲ့ဘဲနဲ႔
ျမင္ျမင္ခ်င္းမုန္းေနတာမ်ိဳး....
မ်က္ရည္ေတြဝဲမိတဲ့အထိ ဝမ္းနည္းသြားတာတာမ်ိဳး
ေတြက က်ေတာ့္ကိုယ္က်ေတာ္အ႐ူးလို႔
သတ္မွတ္လို႔ရပီမလား"

SeokJin သည္ေဆးစာအုပ္တစ္ခုကိုဖတ္ကာ
ဝရံတာတြင္Noteထုတ္ေနသည္။
Jungkook သည္မ်က္ႏွာခ်င္းဆိုင္ခုံတြင္
ထိုင္ေနကာပီေကထိုင္ဝါးလၽွက္ေျခေထာက္
ေတြခ်ိတ္ထားၿပီးစကားတခ်ိဳ႕ေျပာေနသည္။

SeokJin သည္Jungkook ကိုျပန္ေစခ်င္ေနပီ။
တလစာ အိပ္ေဆးေတြ စိတ္ၿငိမ္ေဆးေတြ
သူ႔စိတ္က်န္းမာေရးအတြက္လိုအပ္တာမွန္သမၽွ
အားလုံးလုပ္ေပးပီးပီျဖစ္ေပမယ့္....
ထုံးစံအတိုင္း သူေျပာခ်င္ရာထိုင္ေျပာေနတုန္း...။

ေျပာမယ့္အေၾကာင္းအရာမ်ားသည္
အက္ေၾကာင္းထပ္စြာ...ဒါေတြပဲအႀကိမ္ႀကိမ္အထပ္ထပ္။
ဒါေပမယ့္ မင္းျပန္ေတာ့ကြာ လို႔ ေတာ့
Seokjin ဘယ္ေတာ့မွမႏွင္ရက္ခဲ့ပါ။

ဒီကုေဋရွစ္ရာရွစ္ေထာင္ သူေဌးသားေလးရဲ့
စိတ္ပိုင္းဆိုင္ရာျပသနာေတြကိုေျဖရွင္းေပးဖို႔
နားေထာင္ေပးဖို႔လူ တစ္ေယာက္မွရွိမေနဘူးဆိုတာ
SeokJinေသခ်ာစြာသိေနခဲ့လို႔...။

၁၆ႏွစ္သားJungKookကိုသူ႔အေမျဖစ္သူက
လက္ဆြဲကာ အိမ္မက္ဆိုးေတြအလြန္အကၽြံမက္ၿပီး
ဖ်ားလာတယ္...စိတ္ႀကီးလာတယ္
သူ႔စိတ္သူမထိန္းခ်ဴပ္နိုင္ဘဲ အိမ္မွာမၾကာခဏ
ေသာင္းက်န္းလို႔ၿငိမ္သြားေအာင္လုပ္ေပးဖို႔
က်ေတာ့္ေဆးခန္းကိုေခၚလာခဲ့တယ္....။

က်ေတာ္ကဆရာဝန္ျဖစ္ခါစ...။
ဒီကေလးေလးကို အိပ္ေပ်ာ္ေအာင္
အေတြးေတြအဆင္ေျပေအာင္ အတတ္နိုင္ဆုံး
ကူရာမဲ့နိုးမလာေအာင္တတ္နိုင္သမၽွႀကိဳးစားကုေပးခဲ့
တယ္...။

အရင္ထက္အမ်ားႀကီးသက္သာလာပါတယ္
လို႔ဆို၍ရေပမယ့္ တခါတရံေတာ့ ထထေသြးဆိုး
တတ္ေသးသည္။သို႔ေသာ္ဒါအမ်ားႀကီးအဆင္ေျပ
သြားတယ္ဆိုရမယ္ေလ....။

Jungkook ကသူ႔အေမကိုသိပ္ခ်စ္တယ္
သိပ္ယုံၾကည္တာေၾကာင့္ သူ႔အေမယုံၾကည္တဲ့
က်ေတာ့္ကို အမ်ားႀကီးအားကိုးခဲ့တယ္...။

"ဘယ္အ႐ူးက ဒီေလာက္ႀကီးအက်င့္မေကာင္း
နိုင္ပါလဲ ဆိုးနိုင္မွာလဲ...ငါ့ကိုအာ႐ုံမေႏွာက္ဘဲ
တိတ္တိတ္ေလးေနေပးပါ...."

"Hyung ေဆးကုတာ က်ေတာ္ေသသြားရင္
ေတာင္ေပ်ာက္မွာမဟုတ္ဘူး...."

SeokJin သည္Jungkook စကားေၾကာင့္
မွတ္သားေနေသာလက္ေတြတိခနဲရပ္သြားသည္။
မ်က္လုံးခ်င္းဆုံၾကည့္လိုက္ေတာ့
Jungkook ကရီေဝေဝျပန္ၾကည့္ေနသည္။

"အိမ္မက္ေတြက တေန႔တျခားပိုပိုဆိုးလာတယ္..."

"အိမ္မက္ေတြကိုဂ႐ုမစိုက္ဖို႔မင္းငါ့ဆီကို
လာတိုင္းမွာေျပာပီးသားပါ...
အနာဂါတ္မွာျဖစ္လာမယ့္အရာေတြကို
ျမင္မက္ရမွာဆ္ုေပမယ့္ မင္းအိမ္မက္ေတြက
ပီးခဲ့ပီးသားအျဖစ္အပ်က္ေတြ အတိတ္ေတြပဲJungkook
အတိတ္ဆိုတာ ဘာမွအသုံးမဝင္ေတာ့ဘူး.."

"ဥေပကၡာမျပဳနိုင္ဘူး.....အိမ္မက္ဆိုးမက္မွာကို
ေၾကာက္တာမွန္ေပမယ့္ က်ေတာ့္အိမ္မက္ေတြက
အသုံးမဝင္တဲ့အတိတ္တစ္ခုေတာ့မဟုတ္ဘူး
ဆိုတာက်ေတာ္သိတယ္....
ေျပာရရင္ ParkJimin......"

"ေတာ္ေတာ့....အိမ္မက္ကအိမ္မက္
Jimin က Jimin ပဲ....
မင္းျမင္ခ်င္တာေတြျမင္မက္ေနတဲ့
အိမ္မက္ထဲ မင္းမုန္းတဲ့အရာေတြနဲ႔ေရာခ်ပီး
Jimin ကို စိတ္ဒုကၡေပးေနတာ
အဓိပၸာယ္ရွိတယ္လို႔ထင္ေနလား....."

"သူစိတ္ညစ္သြားရင္...သူဝမ္းနည္းသြားရင္
သူငိုခ်လိုက္ရင္ သူနာက်င္သြားရင္
က်ေတာ္ေပ်ာ္တယ္....ဒါငါလုပ္ရမယ့္တာဝန္ေက်
ေနတာပဲလို႔ခံစားရတယ္ အဓိပၸာယ္ဘာလို႔မရွိရမွာလဲ"

"လက္မထပ္ဘဲ မင္းအပိုင္မယူဘဲ
ႏွိပ္စက္ပစ္လိုက္လို႔ရတဲ့နည္းလမ္းေတြ
အမ်ားႀကီးပါ ဘာလို႔အသက္၂၀စြန္းစြန္းပဲ
ရွိတဲ့မင္းက စိတ္ႀကိဳက္ရြက္လႊင့္လို႔
ရအုန္းမယ့္ကေလးသာသာေလးက
တရားဝင္ယူခဲ့တာလဲ.....မသိစိတ္က
ဘယ္အရာကိုမွမျမင္နိုင္ မတြက္ခ်က္နိုင္ေအာင္
Jimin ကိုသိပ္လိုခ်င္ခဲ့လို႔ေလ....."

"မဆိုင္ပါဘူး အေမြကိစၥေတြ
အလကားေနဘဝင္ျမင့္ေနတဲ့မ်က္ႏွာကို
မုန္းလို႔ ယူခဲ့တာ...."

"Jungkook....အဓိပၸာယ္ရွိတဲ့အေၾကာင္းျပခ်က္ေတြ
နဲ႔လက္ေတြ႕က်က်ရွင္သန္ဖို႔သင့္ေနပီေနာ္
မင္း...အိမ္ေထာင္ရွိတဲ့ေယာက်္ား
တစ္ေယာက္ျဖစ္ေနၿပီ.....အိမ္မက္ဆိုးေတြကတကန့္
လက္ေတြ႕ဘဝမွာမင္းJimin ကိုလက္ထပ္ထားတာက
တကန့္ဒီလိုပုံစံမ်ိဳးဆက္သြားရင္
မင္းဘဝမွာ တခါေလးမွေပ်ာ္ရမွာမဟုတ္ေတာ့ဘူး..."

"ေပ်ာ္ရႊင္မွုက ဘာမ်ားအေရးႀကီးလို႔လဲ...."

"ေပ်ာ္ရႊင္မွုက ဘဝမွာ သိပ္အေရးႀကီးတာေပါ့....
မင္း ေပ်ာ္ဖူးသြားရင္ စီးကရက္စြဲသလိုစြဲသြားလိမ့္မယ္..."

ငယ္ရြယ္ေသာေကာင္ေလးက ပီေကကို
မထီတထီဝါးေနလၽွက္ မေလးမစားနားေထာင္
ေနသည္။ ရြဲ႕ေစာင္းေစာင္းအျပဳံးတခုေတာင္
ျပဳံလိုက္ၿပီး..ဝရံတာအျပင္ကိုမ်က္ႏွာလႊဲသြားသည္။

ခ်မ္းသာႂကြယ္ဝ႐ုံကလြဲ
အိမ္ေတာ္တစ္ခုရဲ့သခင္ေလးJeonအျဖစ္
ေမြးဖြားလာ႐ုံကလြဲ...ဘယ္သူ႔ဆီကမွ
စစ္မွန္တဲ့ ေပ်ာ္ရႊင္မွုေတြ...ဂ႐ုစိုက္မွုေတြ
ခ်စ္ခင္ယုယေပးမွုေတြ အၾကင္နာတရားေတြ
အနီးစပ္ဆုံး မိဘႏွစ္ပါးကေတာင္
သူတို႔ျပသနာေတြနဲ႔ပဲပတ္ခ်ာလည္ေနခဲ့ၿပီး
တစ္ေယာက္ထဲ Jeonဟာ ရလာျပန္ေတာ့လည္း
အတၱေဆးေရာင္ျခယ္စကားေတြ.....
ကေလးငယ္၏ႏွလုံးသားသည္ေဝခြဲနိုင္မွုမရွိခဲ့
အေမေျပာတာအားလုံးအဟုတ္အမွန္ဟုဆိုကာ
ဒီေန႔ ဒီလို JeonJungkook ျဖစ္လာရတာပဲ....။
ေပ်ာ္ရႊင္မွုဆိုတာ ဘာမွန္းေတာင္သိမယ့္ပုံ
မေပၚပါ.....။

"ငါ့သဘာဝအၾကည္ဓာတ္ေလးဆီသြား
မလို႔လိုက္မလား...."

"သဘာဝအၾကည္ဓာတ္ကဘာလဲ...."

"ငါႀကိဳက္ေနတဲ့ေကာင္ေလး.ကိုေခၚတာ
သတိရလာလို႔ သြားခ်င္လာပီ...
လိုက္ခ်င္လိုက္ခဲ့ေလ....."

"ဘယ္ Bar လဲ....လိုက္မယ္ေလ...."

"ဒီေကာင္ကေတာ့.....Barမေျပာနဲ႔
Barေရွ႕ေတာင္မျဖတ္ဖူးတဲ့ အဖိုးတန္ေလးကြ..."

"Bar ေရွ႕ကို မျဖတ္ရင္ အဖိုးတန္တယ္လား...."

"စကားအျဖစ္ေျပာတာကြ...ကပ္သပ္မေနနဲ႔
မလိုက္ခ်င္က်န္ခဲ့..."

သဘာဝအၾကည္ဓာတ္ဆိုတဲ့စကားသည္
ၾကားဖူးနားဝလည္းသိပ္မရွိတာေၾကာင့္
စိတ္ဝင္စားစြာJinHyungေနာက္သို႔လိုက္ခဲ့သည္။
ကားခဏေလးပဲေမာင္းလိုက္ရပီးေနာက္
စာအုပ္ဆိုင္ေလးတစ္ခုေရွ႕တြင္ရပ္သြားသည္။

"ေရာက္ပီ ဆင္း...."

"ဘာႀကီးလဲ....."

"စာအုပ္ဆိုင္ေလ မျမင္ဖူးဘူးလား...."

"စာအုပ္ဆိုင္မွန္းေတာ့သိတာေပါ့
ဒါေပမယ့္ Dateoutလြန္းတယ္
မဆင္းေတာ့ဘူး..က်ေတာ္ကားေပၚမွာပဲ
ေစာင့္မယ္...."

"မႀကီးက်ယ္စမ္းနဲ႔...ငါျပခ်င္လို႔ပါဆို...."

"ဟင့္အင္း....မဝင္ခ်င္ဘူး
ပူမွာ..."

"မပူဘူး အေတာ္ပဲ...."

"ဖုန္ေတြအရမ္းမ်ားမလား...."

"ခါေပးမယ္....ငါစိတ္မရွည္ေတာ့ဘူးကြာ...."

ေအာက္ေျခလြတ္တာမ်ိဳးမဟုတ္...
JeonJungkook ကေမြးထဲက ေအာက္ေျခရွိေသးတယ္
ဆိုတာလုံးဝကိုမသိေသာလူစားမ်ိဳး...။
Billionaire တစ္ေယာက္ရဲ့သားပီသတာထက္ပီသလြန္းစြာဘဝင္ျမင့္တာထက္ပိုဆိုးေသာစကားရွိရင္ေတာင္
သူ႔ကိုေမးေငါ့ပစ္ဖို႔မလုံေလာက္ဘူး...။
KimSeokJin လို ဆရာဝန္မ်ိဳးေတာင္
JeonJungkook တင္စီးေသာဒဏ္ကိုမခံနိုင္ခဲ့ပါ။

စာအုပ္ဆိုင္ဆိုတာလည္းပ်င္းစရာေနရာတစ္ခု
ျဖစ္ပီးသူနဲ႔အက္စပ္ေသာေနရာမဟုတ္
ၿပီးေတာ့ ေရွးရိုးဆန္ဆန္ေနရာေဟာင္းႀကီးကို
လက္ရွိပ်ိဳးပ်ိဳးပ်က္ပ်က္သူ႔ပုံစံနဲ႔လည္းမဝင္ခ်င္ေန။
JinHyung ကိုမလြန္ဆန္နိုင္တာေၾကာင့္
လိုက္လာရေတာ့သည္။

"မဂၤလာပါ...ဒီေန႔ေစာသားပဲ...
ကဗ်ာစာအုပ္အသစ္ေလးေတြေရာက္တယ္...."

ေကာင္တာမွာထိုင္ကာမ်က္မွန္တလက္ႏွင့္
စာအုပ္ဖတ္ေနရင္းမွသူတို႔ကိုဝင္လာတာႏွင့္
ယဥ္ေက်းစြာ
ႏူတ္ဆက္လိုက္တဲ့သူ...။

လူကဒီတစ္ေယာက္ရွိတာမို႔JinHyung
ေျပာတဲ့သဘာဝဟာ ဒီလူပဲေပါ့...။

သာမာန္ပါပဲ.....သာမာန္ထက္ေတာင္သာမာန္က်ေနေသး။
ဘာမွလည္းစိတ္ဝင္စားစရာမရွိ။
ဘာမွလည္းအထင္ႀကီးစရာမရွိ။

"ေနာက္က်သြားရင္ကုန္သြားမွာေပါ့..
Hyung ကအျမဲအေစာဆုံးပဲျဖစ္ခ်င္တာ....."

Joonကျပဳံးကာေခါင္းညိတ္ျပၿပီး
စာအုပ္အသစ္ရွိရာသို႔ယဥ္ေက်းစြာလက္လွမ္းျပသည္။

စာအုပ္အသစ္ေတြေရာ....မင္းႏွလုံးသားကိုေရာ
ေပါ့Joon....။အေစာဆုံးသိမ္းပိုက္ခ်င္တဲ့ဆရာဝန္ပါ။

SeokJin သည္ႀကိတ္မွိတ္ျပဳံးရင္း
စာအုပ္ေတြအခ်ိန္ဆြဲေလၽွာက္ေရြးေနခ်ိန္
ဘာလုပ္ရမွန္းမသိေနတဲ့သူကJungKook။

"ဟိုမွာစားပြဲရွိတယ္ သြားထိုင္လို႔ရတယ္
ခဏေလးေစာင့္....."

JungKook သည္seokJinညႊန္ျပရာ
စားပြဲႏွင့္ထိုင္ခုံဆီသို႔ေလၽွာက္သြားလိုက္ကာ
ထိုင္လိုက္သည္။ထို႔ေနာက္စီးကရက္တလိပ္ထုတ္ကာ
မီးညႇိလိုက္သည္။
ဘာမွမွလုပ္စရာမရွိတာ...။
ခင္းထားေသာအညိဳေရာင္စားပြဲခင္းေၾကာင့္
စိတ္ကပိုညီးညဴးသည္။
အေရာင္အမွိန္ေတြနဲ႔သူမတည့္...။

စာအုပ္ဖတ္ေနရင္းေဆးလိပ္နံ႔ေၾကာင့္
Namjoon မ်က္ႏွာပ်က္သြားသည္။
ဆိုင္နံရံမွာ No Smokeing လို႔ေရးထားေသာ
တားျမစ္စာေတြရွိရက္နဲ႔ဘယ္သူက
နားမလည္စြာေသာက္ေနတာလဲ...။

ဖ်က္ခနဲေမာ့ၾကည့္လိုက္ေတာ့ ေဒါက္တာနဲ႔အတူတူ
ပါလာေသာ ေကာင္ေလး....။
မ်က္လုံးမွိတ္ကာစီးကရက္ကိုေသခ်ာ
အရသာခံလၽွက္ေသာက္ေနသည္။

ကေလးသာအရင္လိုဆိုင္လာေမႊေႏွာက္ေနရင္
ေသခ်ာေပါက္ဒီေကာင္ေလးပက္ပက္စက္စက္
အေျပာခံရမွာ...။ကေလးကေဆးလိပ္နံ႔ေတြကို
သိပ္မုန္းတတ္ၿပီး မခံနိုင္တဲ့သူမို႔ ဆိုင္က
စာတန္းေတြကလည္းသူကပ္ေပးခဲ့တာ....။

"တခ်ိဳ႕ကအလိုက္ကန္းဆိုးနားမလည္လို႔
ဒီလိုနံရံေတြမွာကပ္ထားမွသိမွာHyungရ
အားနာမေနနဲ႔...ကိုယ့္ေနရာကိုယ့္စည္းကမ္းပဲ.."

အလြမ္းသည္ စည္းကမ္းမဲ့စြာေဆးလိပ္ေသာက္
ေနေသာခပ္ဆိုးဆိုးပုံစံေကာင္ေလးကို
ေတြ႕ရင္လည္းတိုက္ခိုက္ပါသည္။
ခုလိုေန႔မ်ိဳးပိုတိုက္ခိုက္တာေပါ့....
ကေလးအ႐ူးအမူးႀကိဳက္တဲ့ စာေရးဆရာရဲ့
အေတြးအေခၚဆိုင္ရာစာအုပ္အသစ္ထြက္တဲ့ေန႔...။
စာအႏုအဖက္ေတြမဖတ္ဘဲ စီးပြါးေရး နိုင္ငံေရးနဲ႔
ဘဝေရးေတြကိုသာ ရင့္က်က္စြာေရြးဖတ္တတ္သူ
သည္ ခုေတာ့ အိမ္ေထာင္သည္ဘဝေလးမွာ
စာအုပ္အသစ္ထြက္တာကိုေတာင္သိပါ့မလား။
သိပ္အလုပ္ေတြရွုပ္ေနေတာ့မွာ....။

Hyung ကေလးကိုလြမ္းရင္ငရဲႀကီးမွန္းသိပါတယ္...
ဒါေပမယ့္ကေလးအႀကိဳက္ဆုံးစာအုပ္သစ္ေလးထြက္တဲ့
ေန႔ေတာ့....ငရဲကိုမသိခ်င္ေယာင္ေဆာင္ပါရေစ...။

SeokJin သည္ ဖတ္ျဖစ္မွာမဟုတ္တဲ့
ဆရာဝန္တစ္ေယာက္ရဲ့ဘဝမွာ
ထိုင္ေတြးေနဖို႔အခ်ိန္မေလာက္နိုင္လြန္းတဲ့
ကဗ်ာစာအုပ္တထပ္ႀကီးကိုေရြးကာ
ေကာင္တာေပၚတင္လိုက္သည္။

"ဒီေန႔ဝယ္တာမ်ားတယ္ေနာ္..."

"အႀကိဳက္ေတြႀကီးမလို႔...ေျပာရရင္
တဆိုင္လုံးကရွိသမၽွအကုန္ႀကိဳက္တယ္..."

"ေက်းဇူးပါ.....ေဒါက္တာ...."

မင္းအပါအဝင္ေပါ့Joon.....။
ဒီဆရာဝန္က လူနာအေပၚမွာေတာင္
စိတ္ရွည္သည္းခံမွုမရွိတာ...
မင္းဆိုငါႏုရြပီးသား....။

Jeonသည္ေကာင္တာမွာပိုက္ဆံရွင္းေနပီမို႔
စားပြဲမွာထလာကာေကာင္တာကိုမွီၿပီး
လက္ပိုက္လၽွက္ေစာင့္ေနသည္။

"Jungkook မင္းေယာက်္ားအတြက္ဝယ္အုန္းေလ..."

"ParkJimin က စာအုပ္ဖတ္စရာမလိုဘူး
သူအကုန္သိ အကုန္တတ္တယ္...."

ParkJimin.......။

Namjoon ရင္ေတြေပါက္ကြဲ
သြားသလိုပဲ ႏွလုံးခုန္သံတစ္ခုဒိန္းခနဲေဆာင့္ခုန္ကာ
Jeon ကို ျမန္ဆန္စြာခ်က္ခ်င္းေမာ့ၾကည့္လိုက္မိသည္။

ေျခဆုံးေခါင္းဆုံးကေလးမႀကိဳက္ေသာ
လက္မခံနိုင္ေသာ အရာေတြႀကီးနဲ႔
ဒီေကာင္ေလးဟာ ကေလးရဲ့ ေယာက်္ားလား..။

စာအုပ္ေစ်းေတြလည္းဘာမွန္းမသိ
ဘယ္ႏွအုပ္တြက္ပီးပီလဲမသိေတာ့...
ရင္တခုလုံးစို႔နစ္လာသည္။

စီးကရက္ေငြ႕ေတြနဲ႔ ကေလးတစ္ေယာက္
ဘယ္လိုမ်ားေနေနလဲ.....။
မပတ္သတ္သင့္ေတာ့ဘူးဆိုတဲ့စည္းမွာ
သူသာေၾကာင္းမာေၾကာင္းေလးေတာင္မေမးခဲ့။

"မင္းတို႔မဂၤလာေဆာင္တုန္းက
ငါမလာျဖစ္ဘူးေလ လက္မဖြဲ႕လိုက္ရေတာ့
စာအုပ္လက္ေဆာင္ဝယ္ေပးလိုက္မယ္
Jimin ကိုေပးလိုက္ေနာ္...."

"ရွုပ္ရွုပ္ယွက္ယွက္ က်ေတာ္တို႔
အဲ့ေလာက္အဆင္ေျပေနတာမဟုတ္ဘူး
ဟိုတခါရန္ျဖစ္ပီးထဲက မ်က္ႏွာခ်င္းေတာင္
မဆိုင္ရေသးဘူး အပိုေတြမလုပ္နဲ႔..."

"စာအုပ္ကေလးေပးပီးျပန္ေခ်ာ့လိုက္ေပါ့ကြာ.."

"႐ူးေနလား...မျမင္ရေလေအးခ်မ္းေလ..."

Namjoon သည္မ်က္ေတာင္ေတြတဖ်က္ဖ်က္
ခတ္ကာေအာက္ႏူတ္ခမ္းေတြကိုခိုးကိုက္ထားရသည္။
ေတြးစရာေတာင္မလိုပါဘူး ဒီလိုတစ္ခြန္းႏွစ္ခြန္း
ၾကား႐ုံနဲ႔ အေျခအေနဟာ ကေလးအတြက္
သိပ္ခက္ခဲေနမယ္ဆိုတာသိခဲ့ၿပီ။

"ငါေပးခ်င္တယ္ကြာေပးဆိုေပးလိုက္...
Joon...ဒီစာအုပ္ေလးကိုသပ္သပ္ထုတ္ေပးပါ
လက္ေဆာင္ေပးခ်င္လို႔...."

ေဒါက္တာသည္ ပန္းပင္ေတြအေၾကာင္း
ေရးထားေသာစာအုပ္လွလွေလးကို
ေရြးလိုက္ကာ ေရွ႕သို႔လာခ်ေပးသည္။
ကေလးႀကိဳက္မွာမဟုတ္တာသူသိသည္။

သုံးႏွစ္သုံးမိုးသံေယာဇဥ္ေတြကNamjoon
ကိုဒုကၡေကာင္းေကာင္းေပးခဲ့သည္။
ကေလးကိုမေပးျဖစ္ေတာ့သိေပမယ့္
ရည္ရြယ္ကာသပ္သပ္ဖယ္ထားေသာ
သူအႀကိဳက္ဆုံးစာေရးဆရာ၏စာအုပ္
အသစ္စက္စက္ေလးကို တုန္ရီစြာယူလိုက္သည္။

"လက္ေဆာင္ေပးမွာဆို ဒါပိုေကာင္းမယ္
ထင္တယ္........ေဒါက္တာ....ဒါ...က
ဒီ..ေန႔...မွ အသစ္ထြက္ေတာ့...ဒါေလးေပးၾကည့္ပါလား"

"ထူးထူးဆန္းဆန္းJoonပထမဆုံး
Recommendေပးတာပဲ....ထည့္လိုက္ေလ
Joonကို Hyung ကယုံပီးသား..."

စာအုပ္ဆိုင္ပိုင္ရွင္က...JinHyungကို
ဆရာဝန္မလို႔ေလးစား႐ုံကလြဲဘာမွ
မရွိတာသူကေဘးကျမင္ေပမယ့္
Hyung ကမျမင္ပါ...။
ဒါနဲ႔မ်ား လက္ေတြ႕က်က်အဓိပၸာယ္ရွိရွိေနဖို႔
တရားျပေနတယ္..။
သူက်အဓိပၸာယ္မရွိတာေတြလုပ္ေနပီး။

အားလုံးဝယ္ယူလို႔ပီးတဲ့အခါ ေရွ႕ဆက့္ေနာက္ဆင့္
ႏူတ္ဆက္ကာထြက္သြားၾကသည္။

Namjoon သည္ဘယ္သူမွမရွိေတာ့ဘူးဆိုတာ
ေသခ်ာတဲ့အခါ မ်က္ႏွာတခုလုံးကိုလက္ေတြျဖင့္
အုပ္ခ်လိုက္သည္။

အသံတိတ္ငိုျခင္းေတြဟာ ပိုနာက်င္ရပါတယ္....။

မိုးဖြဲဖြဲက်ၿပီးေအးတိေအးစက္ရာသီဥတုမ်ိဳး....။

ကားေပၚမွာအကိုက္ခံရပီးထဲက
ရန္ပြဲေတြခဏနားသြားကာ ဘာေတြအလုပ္ရွုပ္
ေနမွန္းမသိေသာJeonJungkook နဲ႔လည္း
မ်က္ႏွာခ်င္းမဆိုင္ျဖစ္တာၾကာပီ..။

အလုပ္ေတြလည္းအေတာ္အသင့္ျပသနာမရွိဘဲ
အဆင္ေျပေနတယ္လို႔ဆို၍ရေသာအေျခအေန...။
နည္းနည္းေပါ့ပါးတယ္ဟုခံစားရေသာ
ေန႔တေန႔လို႔ခံစားရတာေၾကာင့္ Jimin
Hyung စာအုပ္ဆိုင္ေလးဘက္ လာခိုးၾကည့္ျဖစ္သည္။

စိတ္တအားညစ္တဲ့ေန႔ေတြဆိုလည္းေရာက္ေရာက္
လာတတ္ေပမယ့္ ေအးခ်မ္းေသာေန႔ေတြလည္း
Hyung ကိုေမ့မေနပါဘူး......။

ဆယ္မိနစ္ေလာက္ ၾကည့္ပီးရင္ျပန္မယ္ဟု
ေတြးကာကားမွန္ကိုေခါင္းေလးမွီလၽွက္
ေဆြးေျမ့စြာေငးစိုက္ေနခဲ့သည္။

ဟင္!!!!!!!!!

ေငးၾကည့္ေနတုန္းမ်က္လုံးေတြထဲသို႔မေမၽွာ္လင့္
ထားေသာျမင္ကြင္းတစ္ခုသည္ပါးစပ္က
အသံထြက္လန့္ရတဲ့အထိေပၚထြက္လာသည္။

Hyung ဆိုင္ထဲမွ ေပေစာင္းေစာင္းျဖင့္
ထြက္လာေသာJeonJungkook...။

မ်က္ႏွာကိုေနထိုး၍ အျမင္ကပ္စရာေကာင္းစြာလက္ျဖင့္
ကြယ္လ်က္ကားေပၚတက္သြားသည့္ျမင္ကြင္း။
ေနာက္ထပ္လူတစ္ေယာက္လည္းပါကာ
ထိုလူသည္JeonJungkook ကိုစကားေတြ
ေျပာေနၿပီးကားေပၚသို႔တက္သြားခဲ့သည္။

Jiminသည္တကိုယ္လုံးေတာင့္တင္းသြားတဲ့
အထိလန့္သြားခဲ့သည္။
JeonJungkook လိုလူမ်ိဳးက
စာအုပ္ဆိုင္နဲ႔ ဘာဆိုင္လို႔လဲ
ဘာသြားလုပ္တာလဲ Hyungကိုမ်ားသိသြားလို႔လား
သိေတာ့ေရာ သူနဲ႔ဘာဆိုင္လို႔လဲ....
ဘာကိစၥနဲ႔မ်ား ေအးေအးခ်မ္းခ်မ္းHyung
ဆီကို ထိုအပူသည္က ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္
သြားလဲ.....

စိတ္အာ႐ုံတစ္ခုလုံးေယာက္ယက္ခတ္လာကာ
Namjoon ကိုသိပ္စိုးရိမ္ပူပန္ေသာ
အေငြ႕အသက္ေတြမ်က္ႏွာတစ္ခုလုံးမွာအျပည့္။

ဘာမွမဆိုင္ေပမယ့္JeonJungkook က
ေကာင္းတဲ့စိတ္နဲ႔လူတစ္ေယာက္မဟုတ္
သူ႔ကိုၾကည့္မရတာနဲ႔Hyung ကိုသြားဒုကၡေပးတာ
မ်ိဳးဆိုရင္ေရာ......
JeonJungkook က ေတြးၾကည့္တာထက္ပိုလြန္ၾကဴး
တဲ့အရာေတြကိုဦးေႏွာက္မရွိသိပ္လုပ္တတ္လြန္းတာ
မို႔ သူလန့္ပါသည္။

Jimin သည္ အလြန္ေသြးပ်က္ေနစြာ
ကားတံခါးlockကိုဖြင့္ၿပီး ဆိုင္ထဲဝင္ကာ
ေမးဖို႔ ဆုံးျဖတ္လိုက္သည္....
မေနနိုင္ပါ....Hyung ျခစ္ရာတခ်က္ေတာင္
ျဖစ္၍မျဖစ္....။

ကားတံခါးဖြင့္လိုက္တဲ့အခ်ိန္ကိုက္မွာ
ဆိုင္အျပင္သို႔ထြက္လာေသာ
Hyung.....။
ေအးေအးေဆးေဆးပါပဲ....အျပင္မွာခ်ိတ္ထားတဲ့
ပန္းပင္တခ်ိဳ႕ကိုျဖဳတ္သိမ္းေနသည္။
Hyung မ်က္ႏွာမွာ ဘာမွမရွိေနပါ....
အနည္းငယ္ ညိဳ႕မွိုင္းေနတာေလးကလြဲလို႔...။
လက္ေတြျပန္႐ုတ္လိုက္ကာ ကားေပၚမွာပဲ
ဆက္ထိုင္ေနလိုက္သည္။

"ဘာမွေတာ့မဟုတ္ေလာက္ပါဘူးေလ...."

ဒါေပမယ့္ ဆိုးလ္ၿမိဳ႕တခုလုံးမွာစာအုပ္ဆိုင္
ရာခ်ီရွိေနတာကို Hyung ဆီမွ တည့္တည့္မတ္မတ္
ေရာက္ရျခင္းကို သူလက္မခံနိုင္....။
JeonJungkook ကသိပ္ဥာဏ္မ်ားတာ...
သူအသိဆုံး။

Jimin သည္အေတြးလြန္ျခင္းေတြနဲ႔ပတ္ခ်ာလည္
ေနတုန္းNamjoon သည္Openဆိုေသာ
စာတန္းေလးကို Close ဟုေျပာင္းလဲလိုက္သည္။
Jimin ဒုတိယအႀကိမ္ထပ္လန့္သြားသည္။
ေန႔လည္ေတာင္မေရာက္ေသးေသာအခ်ိန္မွာ
ဆိုင္ပိတ္တာဟာ ပုံမွန္ကိုလုံးဝမဟုတ္....။

Hyung တခုခုျဖစ္ေနၿပီ....
ဒါေပမယ့္႐ုပ္ပိုင္းဆိုင္ရာ ဘာမွမျဖစ္တာမို႔
စိတ္ေတာ့အနည္းငယ္ေအးရပီး
မိုးရြာရြာ ေနပူပူ ဘာျဖစ္ျဖစ္ ပိတ္ခ်ိန္တန္မွပိတ္ကာ
ႀကိဳးႀကိဳးစားစားေရာင္းတတ္ေသာ
Hyung ဒီလိုေခါင္းငိုက္စိုက္က်သြားရတာ
ဟို ဘဝင္ေကာင္ေၾကာင့္ေသခ်ာေနၿပီ။

ကားစက္နိူးလိုက္ကာJimin သည္အၾကမ္းပတမ္း
ပင္ျပန္ေမာင္းထြက္သြားသည္။

.......................

Company ကိုခဏျပန္ဝင္ၿပီးၾကာၾကာမေနနိုင္ပါ။
႐ုံးဆင္းလာၿပီး အိမ္ျပန္ခဲ့သည္။

လက္ထပ္ၿပီးထဲက JeonJungkook အိမ္မွာေနေန
မေနေန ရွိရွိမရွိရွိ ဘယ္အခ်ိန္ေတြျပန္ေရာက္ပီး
ဘယ္အခ်ိန္ေတြျပန္ထြက္သြားလဲ
တစ္ႀကိမ္တစ္ခါမွစိတ္မဝင္စားခဲ့ေသာ္လည္း
ပထမဆုံးအႀကိမ္ညစာစားပီးတဲ့အခါ
ဧည့္ခန္းကဆိုဖာတြင္  ထိုင္ေစာင့္ေနရသည္။

ပြင့္ပြင့္လင္းလင္းေမး ပြင့္ပြင့္လင္းလင္း
ေျပာမွျဖစ္မည္....။
သူ႔ကိုသာ ထိခိုက္တာ ေစာ္ကားတာ
နာက်င္ေစတာမ်ိဳးကို ကိုယ္ေလၽွာက္မိေသာ
လမ္းမို႔လက္မခံနိုင္လည္းလက္ခံရေနေပမယ့္
Hyung နဲ႔ကအေဝးႀကီးေလ....။
ေတာ္႐ုံပဲေကာင္းပါသည္။

အခ်ိန္သည္ ည၈:၀၀ကထိုင္ေနခဲ့တာ
ညဆယ္နာရီသို႔ေျပာင္းလဲသြားသည္။
မ်က္လုံးေတြစင္းလာကာ ထိုင္ေနရင္းမွ
ဆိုဖာေပၚလွဲခ်ကာထပ္ေစာင့္ရသည္။
အရင္ကၿပိဳင္ကားအင္ဂ်င္သံအက်ယ္ႀကီး
ေတြၿခံထဲေမာင္းဝင္လာသံၾကားတာနဲ႔
သူအခန္းပိတ္ကာအိပ္လိုက္ပီ...။
သိကၡာမဲ့လုပ္ရပ္ေတြ ေပါေပါေလာေလာ
စကားေတြမၾကားခ်င္၍ေရွာင္တိမ္းေနခဲ့ျခင္း။

ညႏွစ္နာရီ........။

"Rom....ငါ့ကိုတရားလာခ်မေနနဲ႔...
မင္းကိုငါအေသသတ္လို႔ေျပာခဲ့တာကို
မင္းတို႔ေကာင္ေတြ ေသြးေၾကာင္လြန္းတယ္
မနက္ျဖန္ ထပ္သြားမယ္....
အကုန္အေသပဲ ...."

"ေအး!!!!!! မင္းေစာ္နဲ႔မကင္းရာေတြဆို
ေတာ့ မင္း ေၾကာက္ေနလိုက္
မိန္းမေတြဒီေလာက္ေပါတာ
မင္းမ်က္လုံးႏွစ္လုံးကမျမင္ဘူး.....ခ်ီးပဲ....."

ကားေပၚမွာဖုန္းေျပာလာရင္းၿခံထဲကားထိုးပီးတဲ့
အထိJeonေပါက္ကြဲ၍မပီးေသးပါ။
ကားတံခါးကိုေဆာင့္ပိတ္ကာ
ျမင္သမၽွအကုန္ကန္ေက်ာက္ရင္း
ဆူဆူညံညံအသံေပါင္းစုံႏွင့္အိမ္ျပန္လာတဲ့သူ။

"မနက္ျဖန္လူစုထား ခ်ိန္းလိုက္....
JeonJungkook က ဘာေကာင္လဲေတာ့
သိဖို႔ဒီေကာင္ေတြလိုတယ္...."

"မင္းပေထြးဘက္က ပါမေနနဲ႔!!!!!!မင္း......"

အိမ္မႀကီးတံခါးအားဆြဲဖြင့္ကာအိမ္ထဲသို႔
ေျခလွမ္းေတြလွမ္းဝင္ၿပီး
စိတ္ေပါက္စြာျဖင့္အသားကုန္က်ဳံးေအာ္လိုက္တဲ့
အခ်ိန္ဧည့္ခန္းကဆိုဖာတြင္
ေကြးေကြးေလးအိပ္ေမာက်ေနေသာ
အထူးဆန္းဆုံးပုံရိပ္ေလး......။

Jeon သည္ နံရံကိုကပ္သြားမိသည္။
လန့္သြားတာကတဝက္ ေနာက္တဝက္ကလည္းလန့္
သြားတာပါပဲ...။
အသံသည္တိခနဲတိတ္က်သြားသည္။

ညဝတ္အက်ီအေရာင္ႏုႏုေလးနဲ႔
လက္ေမာင္းေတြကိုေခြလၽွက္ေခါင္းအုံးကာ
အိပ္ေမာက်ေနေသာသူသည္
ဧည့္ခန္းထဲမွာဘာေတြအတတ္ဆန္းပီးအိပ္ေနတာလဲ။
Aircon ေအးလြန္းတာေၾကာင့္ေကြးထားေသာ
ခႏၶာကိုယ္ေလးသည္ ေသးေသးေလး။

ဒီဆိုဖာေပၚမွာသူစီးကရက္ေသာက္ရင္း
အိပ္အိပ္ေပ်ာ္သြားတိုင္းအရပ္ရွည္တာ
ေၾကာင့္ေျခေထာက္ေတြဆန့္ဖို႔သက္ေတာင့္
သက္သာမျဖစ္ခဲ့...။နိုးလာရင္ကိုယ္လက္နာတဲ့အထိ
ဒီဆိုဖာဟာ သူ႔အရပ္နဲ႔ဟိုမေရာက္ဒီမေရာက္။

ParkJimin အိပ္ေနတာက် အိပ္ယာေသးေသးေလး
ထဲထည့္သိပ္ထားသလိုအံဝင္ခြင္က်...။
တမ်ိဳးပဲ....အိပ္ေနတဲ့အခ်ိန္ေတာ့..
ထူးဆန္းစြာတမ်ိဳးေလးပဲ....။
ပါးတဖက္ကိုဖိအိပ္ထားတာေၾကာင့္
ႏူတ္ခမ္းေတြကစုလုံးထြက္ေနေသးသည္။

ဖုန္းခ်လိုက္ကာအသံမထြက္ေအာင္ပဲ
အေပၚတက္သြားဖို႔ေတြးလိုက္သည္။
လန့္နိုးသြားရင္ ရန္ျဖစ္ရင္ျဖစ္ေနရအုန္းမွာမို႔
ကိုယ့္ဟာကိုယ္ေနတာအေကာင္းဆုံး။

Jeonက ႀကီးမားပီး ေလးလံတဲ့အနက္ေရာင္
ဖိနပ္ႀကီးေတြကို စီးတတ္တယ္။
ဖိနပ္စာ တခ်က္မိရင္ သတိလစ္သြားနိုင္ေသာ
ထုနဲ႔ထည္နဲ႔ဖိနပ္ေတြကိုပဲအျမဲေရြးခ်ယ္တယ္။
လမ္းေလၽွာက္တဲ့အခါလည္းဖိနပ္သံကို
က်ယ္က်ယ္ေလာင္ေလာင္ၾကားရတတ္ကာ
အိမ္ကို Jeonျပန္လာရင္ အားလုံးကေျခသံၾကား႐ုံ
နဲ႔တန္းသိၾကတာအဆန္းေတာ့မဟုတ္။

Jeonအဲ့ဒီဖိနပ္ႀကီးေတြကိုခၽြတ္ေနသည္။
ကၽြတ္သြားတဲ့အခါ တေနရာရာကိုေျခေထာက္
ျဖင့္တြန္းပစ္ထားခဲ့ၿပီး အေပၚထပ္သို႔
ေျခအိတ္အနက္ေရာင္တခုထဲျဖင့္ၾကမ္းကိုခပ္ဖြဖြ
နင္းကာတက္သြားသည္။

ေမာင္ဟာ....ဆိုးပါတယ္...
ဒါေပမယ့္...တခါတရံက်ေတာ့လည္း
ေမာင္သည္...ဒီအိမ္ႀကီးထဲက
လူတိုင္းရိုက်ိဳးေၾကာက္လန့္ရတဲ့
ေမာင့္အမွတ္အသားလို
ခမ္းခမ္းနားနားေျခသံေတြကိုေတာင္
တိခနဲ တိတ္က်သြားေပးခဲ့တဲ့သူပါ.....။

မသိစိတ္ကအိပ္သာအိပ္ေနရသည္
ေစာင့္ကလည္းေစာင့္ေနတာေၾကာင့္
အရမ္းေအးစိမ့္လာတဲ့အခါအလြယ္တကူ
လွုပ္နိုးလိုက္သလိုျဖစ္သြားသည္။

"ဘယ္ႏွနာရီေတြရွိကုန္ပီလဲ......"

စားပြဲေပၚကဖုန္းကိုယူကာဖြင့္ၾကည့္ေတာ့
မနက္သုံးနာရီ.ထိုးခါနီးေနပီ။

"ငါေတာ့ဖ်ားေတာ့မွာပဲ........"

ဖုန္းယူကာအခန္းထဲျပန္တက္အိပ္ရန္
မတ္တပ္ထရပ္လိုက္ေတာ့ ျမင္လိုက္ရေသာ
ဖိနပ္တရံ...။
ျပန္ေရာက္ေနတာလား....။
ငါဘာလို႔မသိလိုက္ရတာလဲ......။

Jimin သည္အစထဲကအရမ္းေမးခ်င္
ေျပာခ်င္ သိခ်င္လြန္းအားႀကီးေန၍
ထိုင္ေတာင္ေစာင့္ခဲ့တဲ့သူမို႔ ဘာမွမစဥ္းစား
ေတာ့ မနက္သုံးနာရီတြင္လည္း
အေပၚသို႔တက္ကာJeonေနေသာ
အခန္းဆီေျပးသြားေတာ့သည္။

အခ်ိဳးမေျပလုပ္ခဲ့ ေျပာခဲ့တယ္ဆိုလို႔ကေတာ့
ဘာႀကီးပဲျဖစ္ျဖစ္....ဘာေကာင္ျဖစ္ျဖစ္
ငါ့အေၾကာင္းကိုသိေစရမယ္။

တံခါးေခါက္ဖို႔စဥ္းစားခဲ့ေပမယ့္ေခါက္မေနေတာ့
ဖြင့္ၾကည့္တဲ့အခါLockလည္းမခ်ထားတာေၾကာင့္
ဒီတိုင္းပဲဖြင့္ဝင္သြားလိုက္သည္။
သူ႔႐ုံးခန္းကိုလာတိုင္းJeon JungKook
တံခါးေဆာင့္ေဆာင့္ဖြင့္ေသာအသံႏွင့္တစ္သံထဲ
ထြက္ေအာင္ဖြင့္ဝင္လိုက္သည္။

Bathrobe တခုထဲကို ေရာ့တိေရာရဲဝတ္ထားကာ
အိပ္ယာေပၚတြင္ဒူးတဖက္ေထာင္လၽွက္
Labtopထဲကတခုခုကိုၾကည့္ေနတဲ့သူ။

ဝင္ဝင္လာခ်င္း ႀကိဳဆိုေနတာသည္
အကာအကြယ္မရွိေသာေျခသလုံးေတြနဲ႔
ေရခ်ိဳးပီးခါစ Jeon JungKookရဲ့
ေရစက္လက္ဆံပင္ေတြ....။

ရွိန္းခနဲ....မ်က္ႏွာတစ္ခုလုံးရဲခနဲ....။
ေသေသခ်ာခ်ာမဝတ္ထားေသာ
ေရာတိေရာရြဲအဝတ္အထည္သည္
သူ႔ခႏၶာကိုယ္အစိတ္အပိုင္းတိုင္းကို
လုံ႐ုံေလး တင္ထား႐ုံေလးပဲ။

"ဘာျဖစ္လာတာလဲ....အခန္းတံခါးေခါက္ပီး
မွဝင္မွေပါ့ စည္းမဲ့ကမ္းမဲ့နိုင္လိုက္တာ...."

"မင္းဘာလုပ္ေနလို႔လဲ....!"

အခ်ိန္မရွိအခါမရွိအခန္းထဲသို႔ဝုန္းဒိုင္းၾကဲ
ဝင္လာကာသက္သက္ႀကီးကြိဳင္ရွာခ်င္ပုံေထာက္
ေသာParkJiminသည္ ေစာေစာက အိပ္ေပ်ာ္ေနေသာ
လူပါဟုက်ိန္ေျပာရမည္။

"အဝတ္အစားမဝတ္ထားဘူးေလ....."

ရင္ဘက္ကိုလုံးဝဟထားေသာBathrobeကို
ထပ္ဟျပကာ အိပ္ယာေပၚလွဲေနရာမွ
ထထိုင္လိုက္တဲ့သူ။

ေသြးပူေနတယ္ သိခ်င္ေဇာေတြကပ္ေနေသာ
အခ်ိန္မ်ိဳးမွာေတာင္ ထထိုင္ကာဆံပင္ေတြ
ခါလိုက္ပုံက ဘာဆက္ေျပာရမွန္းမသိေအာင္။

"ဘာမွမဝတ္ထားလည္းျပသနာမရွိဘူး..."

"တကယ္လား....."

JEonသည္စားပြဲေပၚကေသာက္လက္စ
ဝိုင္ခြက္ကိုယူကာ အံ့အံ့ဩဩေမးေတာ့
မီးဟပ္ေနေသာမ်က္ႏွာေလးႏွင့္
ဇြတ္ ျပသနာမရွိလုပ္ေနေသာသူသည္
မ်က္ႏွာလႊဲသြားသည္။

အေနအထိုင္မတတ္၍မၾကည့္ရဲၾကည့္ရဲ
ျဖစ္ေနတာကတကန့္...
ေမးရမယ့္စကားကလည္းေမးရမွာမို႔
Jimin သည္ စိတ္ေရာလူေရာျပင္ဆင္ကာ
JungKookကို ခပ္တင္းတင္းပင္ၾကည့္လိုက္ပီး

"ငါဒီေန႔ Company ကျပန္ေတာ့.....
မင္းကို ......စာအုပ္ဆိုင္မွာေတြ႕တယ္....
အဲ့တာ......"

" စာအုပ္ဆိုင္ဆိုလို႔.....ခင္ဗ်ားကို
က်ေတာ့္ဆရာဝန္က လက္ဖြဲ႕ေပးလိုက္တယ္
အခန္းထဲထားရတာရွုပ္ေနတာ ေရာ့
ယူသြား...."

JEonသည္လက္ေဆာင္အိတ္လွလွေဘးကို
Jimin ဆီသို႔ပစ္ေပးလိုက္သည္။
လက္ထဲကိုေရာက္လာေသာအထုတ္ေလး
ေၾကာင့္Jimin သည္ဒါျပသနာတခုေတာ့
မဟုတ္ေတာ့ဘူးဆိုတာေရးေရးျမင္လာသည္။

"ေတြ႕တယ္လား...ဟုတ္တယ္ဒီေန႔
ေဆးသြားယူရင္းနဲ႔ JinHyungေခၚသြား
လို႔လိုက္သြားတာ အဲ့တာဘာျဖစ္လို႔လဲ
ဘာလဲ ဘာလဲ JinHyungနဲ႔ တြဲေတြ႕လို႔
သဝန္တိုၿပီး မနက္သုံးနာရီႀကီး လာစစ္ေနတာလား
ParkJimin႐ူးသြားတာလား..."

Jimin ဘာျပန္ေျဖလို႔ေျဖရမွန္းမသိေတာ့။
အေျခအေနက ဘာမွပင္မစရေသး
အကုန္ရွင္းလင္းသြားသည္။
ျပန္ထြက္ေျပးလို႔လည္းမရေတာ့..။

"လက္ဖြဲ႕ဆိုလို႔ JinHyungေရြးေပးတာမဟုတ္
ဘူးေနာ္ ဆိုင္ပိုင္ရွင္ေရြးေပးတာ
တအားေတြေတြးမေနနဲ႔..."

ဟုတ္ပါသည္..စာအုပ္ကိုမ်ားႀကိဳက္သြားရင္
JinHyungကဘယ္သူလဲ ဘာညာေတြနဲ႔
ဇယားေတြရွုပ္မွာမႀကိဳက္တာေၾကာင့္
အလြယ္တကူ ဆိုင္ပိုင္ရွင္ေရြးေပးလိုက္တယ္ပဲ
ေျပာလိုက္သည္။ဆိုင္ပိုင္ရွင္ဆိုေတာ့
ဘာမွကိစၥမရွိေတာ့။

Jimin သည္Jungkook စကားဆုံးသည္ႏွင့္
အိတ္ထဲကစာအုပ္ေလးကိုအေလာတႀကီး
ထုတ္ၾကည့္မိတဲ့အခါ အ႐ူးအမူးစြဲလန္းခဲ့ရေသာ
ကေလာင္တစ္ခုကႀကိဳဆိုေနသည္။

အသစ္စက္စက္ထြက္ထားေသာေခါင္းစဥ္အသစ္ေလး
နဲ႔ ရိုးရွင္းလွေသာအေတြးအေခၚစာအုပ္ေလးက
ခ်က္ခ်င္းလက္ငင္းငိုခ်လိုက္ခ်င္စရာ။

Jungkook လက္ထဲကိုဘယ္လိုႏွလုံးသားနဲ႔
ဘယ္လိုအေတြးေတြးမ်ားေတြးၿပီး
ဒီစာအုပ္ကိုထည့္ေပးခဲ့တာလဲ..။
ေမးရင္
"ဖတ္ေစခ်င္တဲ့ေစတနာနဲ႔ပါကြာ...."လို႔လူေအးႀကီးက
ေအးေအးလူလူေျပာအုန္းမွာ....။

ေဒါသေတြ ပူေလာင္မွုေတြ ဘယ္ေတြဆီလြင့္ပ်ံ
သြားလဲမသိ ေမာပန္းေနေသာေန႔တိုင္း
အတြက္ အေမာေျပေဆးဗူးေလးရွာေတြ႕လိုက္
သလိုစာအုပ္ေလးကိုမ်က္ရည္ဝဲမတတ္
စိုက္ၾကည့္ေနမိသည္။

မရိုးမသားစိတ္နဲ႔မဟုတ္ေတာ့ဘူး
ပူပူေလာင္ေလာင္ႀကီးတမ္းတေနရာမ်ိဳးလည္း
မဟုတ္ပါဘူး...
ေခါင္းထဲတစ္ခ်ိန္လုံးထည့္ထိုင္လြမ္းေနတာလည္း
မဟုတ္ရပါဘူး...

တိုက္ဆိုင္မွုေတြရွိလာတဲ့အခါ....
အမွတ္တရေတြျမင္လာတဲ့အခါမ်ိဳးမွာ
အခ်စ္ဦးက ေတာ့ အခ်စ္ဦးပါပဲ....

"ParkJimin ဘာေျပာမလို႔လဲ
က်ေတာ္ အိပ္ခ်င္ပီ....."

စာအုပ္ေလးနဲ႔ေၾကကြဲေနတုန္း အက္ရွရွအသံ
တခုျဖတ္ဝင္လာေတာ့မွသူသတိျပန္ဝင္လာသည္။

"အိပ္ အိပ္ အေရးသိပ္မႀကီးပါဘူး
မနက္မွ ေသခ်ာေျပာေတာ့မယ္..."

"စပီးရင္ ပီးေအာင္လုပ္...."

"ဘာလဲ!!!!"

"ခင္ဗ်ား အမ်ိဳးမ်ိဳးလုပ္ေနလို႔ေလ..."

"စိတ္မၾကည္လို႔ရန္လာရွာတာ
ခု လက္ေဆာင္ေၾကာင့္ငါစိတ္ၾကည္သြားပီ
လက္ဖြဲ႕ေပးတဲ့သူကို ငါကေက်းဇူးတင္ပါတယ္လို႔.
ေျပာေပးပါ..."

"ယူလာေပးတဲ့ ေမာင္ကေရာ...."

"မင္းကယူလာ႐ုံေလ...မတင္နိုင္ဘူးသြားပီ.."

Jungkookေရေက်းဇူးတင္ပါတယ္လို႔ေျပာဖို႔
ဆိုတာ ေနာက္ထပ္သုံးဘဝေလာက္အရွိန္ယူရင္
ေတာင္ေအာင္ျမင္မယ့္အလုပ္မဟုတ္....။
သူယူလာလို႔ရတာမွန္ေပမယ့္ ကိုယ္ကေလၽွာ့လိုက္ရင္
ဒီေကာင္ေလးကေခါင္းေပၚခ်က္ခ်င္းတက္ေတာ့မွာ။

"အဲ့တာဆို ေမာင့္ စာအုပ္ျပန္ေပး
ေမာင္တို႔က လက္ထပ္ထားတာေလ
လက္ဖြဲ႕ဆိုေတာ့ ႏွစ္ေယာက္ပိုင္ပစၥည္းပဲ
ေမာင္လည္းဆိုင္တယ္ ေမာင့္ကို Jimin
ေက်းဇူးမတင္ခ်င္ရင္ ေမာင့္စာအုပ္ကိုမရဘူး...
ေမာင္က...."

"ေတာ္ပါေတာ့...!!!!ေမာင္ ေမာင္ ေမာင္....
နားေတြေတာင္ကိုက္လာပီ
မင္းကိုဘယ္သူက အဲ့လိုသုံးႏူန္းဖို႔အႀကံေပးခဲ့တာလဲ
မင္းနဲ႔နည္းနည္းေလးေတာင္မလိုက္ဖက္ဘူး
နားလည္လား...."

"ေမာင္လို႔ က်ေတာ္တခ်က္သုံးႏူန္းတိုင္း
ပ်က္ပ်က္သြားတဲ့ ခင္ဗ်ားမ်က္ႏွာက
ရီစရာေကာင္းလို႔...လာလာစာအုပ္လာေပး...
ေက်းဇူးမတင္နိုင္ရင္..."

"တျခားဟာခိုင္းပါ ငါလုပ္ေပးမယ္
စာအုပ္က ငါႀကိဳက္လို႔ ယူပါရေစ..."

JEonသည္အကြက္ထဲသို႔လုံးေထြး
ျပဳတ္က်လာေသာလူသား
မသိေအာင္ခိုးျပဳံးလိုက္သည္။
ကိုယ့္ဟာကိုယ္ေအးရာေအးေၾကာင္းေနေနတာ
မနက္သုံးနာရီႀကီးလာရွုပ္တာသူမလို႔
ဘာပဲျဖစ္ျဖစ္ဒီတခါ JeonJungkookမလြန္ေတာ့ပါ။

"ႏွိပ္ေပး...."

"ဘာ..."

"Labtopၾကည့္တာ ဇက္ေၾကာေတြတက္လာလို႔...
ေခါင္းေလၽွာ္တာၾကာသြားလို႔ထင္ပါတယ္
နည္းနည္းေလာက္ လာေလၽွာ့ေပးပါ.."

"မင္း အိမ္အကူေတြရွိတယ္ေလ...သူတို႔ကိုခိုင္း..."

"ေယာက်္ားယူထားတာဒါေလးမွမခိုင္းရရင္
ဘယ္ေနရာမွာသြားသုံးရမွာလဲ
ပိုက္ဆံရွာတတ္တာတခုထဲနဲ႔ အိမ္ေထာင္ဦးစီးေကာင္း
ျဖစ္မလာနိုင္ဘူးေနာ္ParkJimin...."

"မင္းကေရာ မင္းလည္းေယာက်္ားပဲေလ
ငါက်မွ အကုန္ငါ့တာဝန္လား..."

"ဟုတ္တယ္ အကုန္ခင္ဗ်ားတာဝန္
အဲ့ေတာ့ လာႏွိပ္ မႏွိပ္ခ်င္ရင္
စာအုပ္ထားပီး လစ္ေတာ့..."

"ဝဋ္ေႂကြးေတြ......!!!!"

Hyung နာနာက်င္က်င္ထည့္သိုေပးလိုက္သည့္
စာအုပ္ေလးကိုေတာ့ ထားကိုမထားခဲ့ပါ။
ထို႔ေၾကာင့္ထိုလူဆိုး၏အိပ္ယာေပၚသို႔
ေဆာင့္ေအာင့္ၿပီးတက္လိုက္ရသည္။

Jeon သည္ ေသေသခ်ာခ်ာျပင္ဆင္ထိုင္ၿပီး
La btopကိုေပါင္ေပၚသို႔တင္လိုက္သည္။
Jimin သည္Jeonေနာက္ေက်ာတြင္ေနရာယူလၽွက္
ႏွိပ္ရမယ့္ေနရာသို႔လက္ေတြေနရာယူလိုက္သည္။

"ထိ႐ုံမရဘူးေနာ္ စိတ္ပါလက္ပါႏွိပ္..."

"လၽွာမရွည္နဲ႔!!!"

ပုခုံးေတြ ဂုတ္သားေတြကိုလက္ေသးေသး
ေလးေတြသည္ မထိခ်င္ေသာ္လည္း
ေအာင့္ကာႏွိပ္ဆိုတဲ့အတိုင္း လိုက္ေလၽွာက္သြား
ေနသည္။

JinHyung ေျပာသလို အိမ္မက္ကအိမ္မက္
ParkJiminက ParkJiminဆိုတာကဒါမ်ိဳးလား...။

ခုလိုသူကလည္းစိတ္ၾကည္ေန Jimin ကလည္း
စာအုပ္တစ္အုပ္လိုခ်င္တာနဲ႔အလိုလိုက္ေပးေနေတာ့
မနက္သုံးနာရီႀကီး မရိုးမရြနဲ႔....။

လက္ထပ္ၿပီးမွ....ပထမဆုံးလက္မပါေျခမပါရန္မျဖစ္ဘဲ
အေျခအေနက အႏွိပ္ခံေတာင္ခံေနရေသာ
ဘဝကိုေရာက္ေနတာေၾကာင့္အထူးအဆန္း...။

"အားထည့္စမ္းပါ ႏွိပ္ေနတာနဲ႔မတူဘူး
ျမဴစြယ္ေနသလိုပဲ....မထိတထိနဲ႔....."

"အားအကုန္ပဲ...မထိေရာက္ရင္ တက္နင္းေပးမယ္
လွဲအိပ္လိုက္...."

"လည္ပင္းေတာ့တက္နင္းလို႔ျဖစ္မလား...
စကားကိုကပ္မ​ေျပာနဲ႔ ေခါင္းေတြပါႏွိပ္ေပးပါ
ကိုက္လာပီ...."

"မင္းထက္ငါအသက္အမ်ားႀကီးႀကီးတယ္ေနာ္...."

"ႀကီးေတာ့ ဘာျဖစ္လဲ....ဂ႐ုစိုက္မေနဘူး...."

ႏွိပ္ေပးေနရင္းကေန ထိုလူဆိုးသည္ေနာက္သို႔
မွီခ်လာသည္။

"ဘာလုပ္တာလဲ....လြန္မလာနဲ႔ေနာ္...!!!"

ေရမေျခာက္တေျခာက္ဆံပင္ေတြက
Jimin ရင္ဘက္တေနရာကိုလာထိေတြ႕ကာ
တကိုယ္လုံးလုံးဝကိုမွီခ်လာတဲ့သူ....။
Jimin သည္ခ်က္ခ်င္းျပန္တြန္းလႊတ္ေပမယ့္
အသက္နဲ႔မလိုက္ႀကီးထြားမွုႏူန္းျမန္ဆန္ေသာ
ခႏၶာကိုယ္ႀကီးကိုမနိုင္နင္းခဲ့ပါ...။

"ႏွိပ္တာက ပုံစံမွမက်တာ ၿငိမ္ၿငိမ္ေန
က်ေတာ္ ႐ုပ္ရွင္ၾကည့္မလို႔.....
အမွီေလးနဲ႔မွၾကည့္ေကာင္းတာ....
သြားခ်င္ရင္သြားလို႔ရတယ္ စာအုပ္ထားခဲ့..."

Jimin သည္ျဖစ္နိုင္ရင္ေလးငါးဆယ္ခ်က္
ေလာက္ထုရိုက္လိုက္ပီးပီျဖစ္ေပမယ့္
NamJoonHyung၏မ်က္ႏွာသည္ေပၚေပၚလာသည္။

"ဒါအိပ္ခ်ိန္ေလ...ငါဒီလိုႀကီးဘယ္လိုအဆင္ေျပမွာလဲ"

"ေျပေအာင္ေန......"

အနိုင္က်င့္ရတိုင္းမွာေပ်ာ္ပါသည္။အိပ္ခ်င္ေနတာမအိပ္ရ
မ်က္ႏွာခ်င္းမဆိုင္ခ်င္ေအာင္မုန္းတီးရေသာ
က်ေတာ့္ကိုသူရင္ခြင္ထဲထည့္ၿပီးႀကိတ္မွိတ္သည္းခံ
ေနရတာဘယ္ေလာက္ေသြးတိုးစရာမ်ားလဲ။

Jimin သည္မတတ္နိုင္ေတာ့သက္ျပင္းတခ်က္ခ်ကာ
ၿငိမ္ၿငိမ္သာေနေပးလိုက္သည္။
အျမင္ကပ္စရာေကာင္းေအာင္ရင္ဘက္ဟကြဲ
ႏွင့္ေကာင္က ႐ုပ္ရွင္ဇာတ္ကားတကားကို
စိတ္ပါဝင္စားစြာၾကည့္ေနသည္။

ဒါေပမယ့္လည္း ဇာတ္ေတာ့မသိမ္းသြား
တဝက္ေလာက္အေရာက္တြင္JeonJungkook ၏
ေခါင္းသည္လုံးဝၿပိဳက်သြားၿပီ။

"အိပ္အုန္းမွပဲ....ငါဝဋ္ကၽြတ္ၿပီ...."

ေပါင္ေပၚကLabtop ကိုဖယ္လိုက္ကာ
မနိုးသြားေအာင္ခပ္ဖြဖြလွုပ္ရွားရသည္။
နိုးသြားရင္ထပ္ရစ္မွာစိုး၍ လုံးဝမနိုးေအာင္
အသာအယာလုပ္သည္။

ေခါင္းအုံးေပၚေသခ်ာေနရာခ်လိုက္ကာ
အိုေက ၿပီးၿပီဟု စာအုပ္ထုတ္ဆြဲကာ
ျပန္ေျပးေတာ့မည္ဟုစိတ္ထဲအပိုင္တြက္လိုက္သည္။
ေစတနာမပါေပမယ့္ မလုံမျခဳံပုံစံသည္
ျမင္မေကာင္း၍ေစာင္လႊမ္းေပးလိုက္ကာ
ထြက္သြားေတာ့မည့္ဆဲဆဲJungkook ဖုန္း၏
Notificationအသံတစ္ခု....။

ေနာက္ထပ္အသံတခုထပ္ထြက္ရင္နိုးသြားမွာစိုး
၍ျမန္ျမန္ယူကာSilent Moodေျပာင္းဖို႔
Screen ကိုထိလိုက္ခ်ိန္ ပို႔လိုက္ေသာVideoFile
ကိုထိမိပီးAutoပြင့္သြားခဲ့သည္။

Clubက CCTVမွတ္တမ္းတစ္ခု.....
ဘာမွဆန္းၾကယ္ေသာ Video တခုေတာ့မဟုတ္ပါ....။
Focusထားရာ ေနရာသို႔ၾကည့္မိလိုက္တဲ့
အခ်ိန္ ျမင္လိုက္ရေသာ စိမ္းျပာေရာင္ဆံပင္ေတြ....။
အေတြးထဲခ်က္ခ်င္းျပန္ဝင္လာတာက
ဟိုတစ္ခါေတြ႕ခဲ့ရေသာ အနီရဲရဲဝတ္စုံနဲ႔ေကာင္ေလး။
မွတ္မိသည္....ေနာက္ကပဲျမင္ျမင္
ဘယ္လိုပဲျမင္ရျမင္ရ စြဲစြဲထင္ထင္မွတ္မိေနသည္။

Jeon JungKookဖုန္းထဲကိုတသီးတသန့္
Video လုပ္ကာပို႔ထားေသာပုံအရ
ဇာတ္ရွုပ္တစ္ခုကလြဲဘာရွိအုန္းမွာလဲ။

JeonJungkook နဲ႔ဇာတ္ရွုပ္ေတြက ဘာမွမဆန္းၾကယ္
ေပမယ့္  စိမ္းျပာေရာင္ေတြဆိုတဲ့အခါ
Jimin သည္ အသက္ရွူပင္မမွန္ေတာ့ဘဲ
ဖုန္းကိုပစ္ခ်ကာ စာအုပ္အိတ္ဆြဲလၽွက္
အခန္းျပင္သို႔ေျပးထြက္သြားခဲ့သည္။

။မုန္းတာေပါ့....ငါလိုခ်င္တာေတြအားလုံးကို
မ်က္ႏွာလွလွေလးတခုရွိ႐ုံနဲ႔အကုန္သိမ္းယူ
သြားတဲ့.....မင္းကိုငါဘဝဆက္တိုင္း
မုန္းေနအုန္းမွာ....။

.............................

Continue Reading

You'll Also Like

373K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
440K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
256K 6.8K 70
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...