ခွင့် (Unicode+Zawgyi)

By mg-yoe-shin

16.8K 978 864

တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။ More

Intro(U+Z)
Chapter-1(U+Z)
Chapter-2(U+Z)
Chapter-3(U+Z)
Chapter-4(U+Z)
Chapter-5(U+Z)
Chapter-6(U+Z)
Chapter-7(U+Z)
Chapter-8(U+Z)
Chapter-9(U+Z)
Chapter-10(U+Z)
Chapter-11(U+Z)
Chapter-12(U+Z)
Chapter-13(U+Z)
Chapter-14(U+Z)
Chapter-15(U+Z)
Chapter-16(U+Z)
Chapter-17(U+Z)
Chapter-18(U+Z)
Chapter-19(U+Z)
Chapter-20(U+Z)
Chapter-21(U+Z)
Chapter-22(U+Z)
Chapter-23(U+Z)
Chapter-24(U+Z)
Chapter-25(U+Z)
Chapter-26(U+Z)
Chapter-27(U+Z)
Chapter-28(U+Z)
Chapter-30(U+Z)
Chapter-31(U+Z)
Chapter-32(U+Z)
Chapter-33(U+Z)
Chapter-34(U+Z)
Chapter_35(U+Z)
Chapter-36(U+Z)
Chapter-37(U+Z)
Chapter_38(U+Z)
Chapter-39(U+Z)
Chapter-40(U+Z)
Chapter_41(U+Z)
Chapter-42(U+Z)
Chapter-43(U+Z)
Chapter-44(U+Z)
Chapter-45(U+Z)
Chapter-46(U+Z)
Chapter-47(U+Z)
Chapter-48(U+Z)

Chapter-29(U+Z)

206 25 40
By mg-yoe-shin

ခပ်မှန်မှန်မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးသည် စေတီအမွန်မြသလွန်၏ ခြေရင်းသို့ ရောက်လာခဲ့ကြလေသည်။

အဝင်ဝတွင် ဆိုင်ကယ်ရပ်ခဲ့ကာ ဘုရားစောင်းတန်းအတိုင်း ဘုရားပေါ်သို့ တက်ခဲ့ကြသည်။

ဘုရားစောင်းတန်းများတစ်လျှောက်တွင် ဘုရားဖူး အပြန်လက်ဆောင်ရောင်းချသည့် ဈေးသူ၊ဘုရားတွင်ကပ်လှူရန် ဘုရားပန်း၊တံခွန် ၊ကုက္ကားရောင်းချသူများနှင့်ဘုရားဖူးဧည့်သည်များဖြင့်စည်ကားလျက်ရှိသည်။

စောင်းတန်း လှေကားထစ်များမှတစ်ဆင့် ဘုရားရင်ပြင်ပေါ်သို့ ရောက်ရန် လျှောက်ရသည့်ခရီးက မနည်းလှပေ။ထို့ကြောင့် အတောင်နှစ်ဆယ်ဝတ်ယောကျာ်းများဖြစ်သည့် သူတို့ပင်လျှင် ခေတ္တမျှနားရင်း မှန်မှန်လျှောက်ကြရလေသည်။

"အမှတ်တရ ရင်ထဲရှိတယ် သူနဲ့ဆုံတွေ့ခဲ့ရာ တမာရနံ့လေးသင်းသင်း မွှေးတဲ့ အညာမြေကို ပြန်သတိရနေသည်...။ဆည်းဆာနေညိုချိန်မှာ
ဧရာဝတီ မြစ်ကမ်းနံဘေးက ငွေသောင်ယံ ကမ်းရဲ့အထက်မှာ မကွေး မြို့အစွန် မြသလွန်ကို အတူဖူးခဲ့တာတွေ မေ့မရနိုင်ပါပြီ အခွင့်ရယ်သာတဲ့ တစ်နေ့မှာ....အပြေးကလေးလာခဲ့ဦးမည်။ရွှေညာသူရေ ကိုယ်လာရင် ကြိုမာလားလို့ အတည်..."

သူ မြသလွန်ဘုရားသို့ ရောက်တိုင်း တေးသံရှင်အောင်သူရဲ့"ကိုယ်လာရင်ကြိုလာမှာလား"ဆိုတဲ့ သီချင်းလေးကို ခဏခဏ ညည်းမိသည်။

"ဘာလဲ ကိုထိန်က ငယ်ချစ်ဦးကို လွမ်းနေတာလား"

"မဟုတ်ပါဘူးကွာ။ဒီအတိုင်းပဲ ရောက်နေတဲ့ နေရာနဲ့ကိုက်ညီတဲ့သီချင်းလေးတွေ့လို့ ဆိုမိတာပါ"

"မသိပါဘူးဗျာ ရွာမှာ ကျန်ခဲ့တဲ့ စာဥတို့များလွမ်းနေလားလို့"

"ဟိဏ်းခန့် မင်းကတော့ ပြောရော့မယ်ကွာ"

"ဟုတ်သားပဲ ကိုခန့်ရာ။သူကလွမ်းချင်းလွမ်း စာဥဘယ်မလွမ်းနဲ့ ကောလိပ်ကမိန်းကလေးတွေပဲ လွမ်းမှာပေါ့ကွ"

"မင်းကရော လုပ်ပြန်ပြီ နောင်ရိုးရာ...။
ငါ့အကြောင်း မင်းမသိတာလည်း မဟုတ်ပဲနဲ့ကွာ ငါကကောလိပ်က ကောင်မလေးတွေ တစ်ယောက်မှ စိတ်မဝင်စားပါဘူးကွာ"

"ဒါဆို ကိုထိန်က အရိယာသူ‌ေတာ်စင်ကြီးပေါ့"

"လခွီးတဲ့ အရိယာဖြစ်စရာလေးကွ။ငါလည်းငါ့ရင်ထဲက တိတ်တခိုးချစ်နေခဲ့ရတဲ့သူရှိတာပေါ့"

"ဒါဆို ဖွင့်ပြောပြီး ချစ်ခွင့်ရဖို့ ကြိုးစားတော့လေဗျာ"

"အင်း ဖွင့်ပြောဖို့အချိန်တစ်ခုမရောက်သေးလို့ပါကွာ"

နောင်ရိုးမျက်နှာလေးအား အဓိပ္ပါယ်ပါပါ ကြည့်ရင်း ပြောလိုက်လေသည်။

နောင်ရိုးတစ်‌ေယာက် မျက်နှာထူအမ်းအမ်းဖြစ်သွားရသည်ထင့်။ဘာမှမ‌ေပြာ‌ေတာ့ပဲလှေကားထစ်များအတိုင်း သူတို့နှစ်ယောက်ကို မစောင့်ဘဲ တက်သုတ်တက်သွားလေသည်။

ထိန်လင်းတို့နောက်ကနေ အမှီလိုက်ရင်း သုံးယောက်သား ခရီးဆက်ခဲ့ကြ‌ေလသည်။စကားတပြောပြောနှင့် လျှောက်ကြရင်းဖြင့် ဘီလူးကြီးနှစ်ကောင်၏ ရုပ်ထုထွင်းထုထားသည့် ဘုရားမုခ်ပေါက်ဝသို့ ရောက်ခဲ့ရလေသည်။

ရင်ပြင်ပေါ်သို့ ခြေချမိသည်နှင့် ဘုရား၏ အထက်ပစ္စယံဆီမှ ဆည်းလည်းသံ တရွှင်ရွှင်ကြားရသည်။ဘုရားဖူးလာသူများ၏ ခေါင်းလောင်းထိုးသံကလည်း စိတ်ဘဝင်ကြည်နူးစေရပြန်သည်။

ဘုရား‌ေပါ်‌ရောက်သည့်နှင့် မွေးနံထောင့်များတွင် ထိုင်ကာ ဘုရားဝတ်ပြုကြလေ
သည်။

သူနှင့်နောင်ရိုးက စနေထောင့်တွင် ဘုရားရှိခိုးဝတ်ပြုသည်။ဟိဏ်းခန့်က‌ေတာ့ ကြာသပတေးထောင့်တွင် ဘုရားရှိခိုးဝတ်ပြုလေသည်။

ဘုရားရှိခိုးပြီးနောက် ရင်ပြင်တော် တစ်လျှောက် လှမ်းလျှောက်ကြရင်း ဘီလူးကြီးပြုံးနေသည်ဆိုသည့် နေရာသို့ သူတို့သုံးယောက်သွားကြည့်ကြလေသည်။

သောကြာထောင့်နှင့် တနင်္ဂနွေထောင့်အကြားရှိ အလယ်ဖောင်းရစ်နေရာတွင် ထွင်းထုထားသည့် ဘီလူးကြီးပြုံးနေဟန်က စိတ်ဝင်စား စရာကောင်းလှသည်။

"ဒီ‌ေထာင့်မှာရှိတဲ့ ဘီလူးရုပ်တစ်ခုတည်းသာ ပြုံးနေတာက ထူးခြားမှုတစ်ခုကြောင့်ပဲလား..ကိုထိန်"

တွေးတွေးဆဆ ပြောလာသည့် ဟိဏ်းခန့်၏အမေးကို ထိန်လင်းသဘောကျလှစွာဖြင့် လှစ်ခနဲပြုံးရင်းဖြင့်

"သက်ကြီးစကားသက်ငယ်ကြားဆိုတဲ့ စကားအတိုင်း ဒီဘုရားမှာလည်း သမိုင်းအစဉ်အလာတစ်ခုရှိတယ်တဲ့။ဘီလူးဘောကျော် နိဗ္ဗာန်ဝင်ရမှာ ကြိုသိလို့ ပြုံးတော်မူနေတာတဲ့"

"ဘောကျော် ဟုတ်လား ကိုထိန်"

"အင်း ဟုတ်တယ်ကွ။ပြောရရင်တော့ မြသလွန်ဘုရား သမိုင်းကြောင်းက အရှည်ကြီးပါပဲကွာ"

"ဆိုစမ်းပါဦး ကိုထိန်ရ။ကျွန်တော်သမိုင်းကြောင်းတွေဆို စိတ်ဝင်စားတယ်။ နောင်ရိုးရော သမိုင်းကြောင်းတွေ စိတ်ဝင်စားလား"

"အင်း စိတ်ဝင်စားပါတယ်"

မင်းဟိဏ်းခန့်သည် ရန်ကုန်သားမို့ မြသလွန်ဘုရားသမိုင်းအကြောင်းမသိတာတော့ အဆန်းမဟုတ်ပေ။

"ဒါဆိုလည်း ကျွန်တော့်ကို နောင်ရိုးရော ကိုထိန်ရော နှစ်ယောက်လုံး ရှင်းပြမှ ရတော့မယ်ထင်တယ်"

"အေးပါကွာ ပြောပြပါ့မယ် ဟိဏ်းခန့်ရာ"

သူတို့သုံးယောက် ဘုရားရင်ပြင်ပေါ်သို့ လမ်းလျှောက်ရင်းဖြင့်ပင် ထိန်လင်းကစ၍ ဘုရားသမိုင်းအကြောင်းပြောပြလေသည်။

"ဒီလိုကွ။သမိုင်းအဆိုအရ‌ေတာ့ မြသလွန်ဘုရားဟာ ကဿပဘုရား၏ ရွှေသလွန်တော်နှင့်ဂေါတမမြတ်စွာဘုရားရဲ့ မြသလွန်တော်တို့ကို ဌာပနာပြီး တည်ထားတယ်လို့ဆိုထားတယ်ကွ။ဂေါတမမြတ်စွာ ဘုရားဟာ ဘုရားဖြစ်တော်မူပြီးလို့ ဝါတော် နှစ်ဆယ် ရောက်တဲ့အခါမှာ သုနာပရန္တတိုင်းမှာရှိတဲ့ လယ်ကိုင်းသားတွေက စန္ဒကူးသားနဲ့ ဆောက်လုပ်ထားတဲ့ ကျောင်းတော်ကို အလှူခံတော်မူဖို့ မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားကြတယ်တဲ့။
ဘုရားသခင်လည်း မဟာသက္ကရာဇ်၁၂၃ ခုနှစ်၊ဝါဆိုလဆုတ်(၈)ရက်နေ့မှာ လယ်ကိုင်းစန္ဒကူးနံ့သာကျောင်းကို အလှူခံတော်မူပြီး၊ ခုနစ်ရက်ပတ်လုံး ဈာန်၏ ချမ်းသာခြင်းနဲ့ မွေ့လျော်တော်မူပြီး တရားဒေသနာ တိုက်ကျွေးတော်မူတယ်တဲ့။အဲဒီက‌ေနတစ်‌ဆင့် ရွှံ့ပွက်တောင်တွေနဲ့ ခြံရံလျက်ရှိတဲ့ မင်းဘူးမြို့က စက္ကတဲတောင်ထိပ်သို့ ကြွချီပြီး သိတင်းသုံးနေတော်မူသတဲ့။ဟိုး...အနောက်မှာ ရေးရေးလေးလှမ်းမြင်နေရတဲ့ ဘုရားဟာ စက္ကန်းတဲဘုရားပေါ့ကွာ"

ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းပေါ်တွင်ရှိသည့် စက္ကတဲဘုရားအား လက်ညိုးထိုးပြလိုက်လေသည်။မြသလွန်ဘုရားရင်ပြင်တော်မှ ခပ်ရေးရေးမြင်လှမ်းနေရသည့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ
စက္ကတဲဘုရားသည် သပ္ပါယ်လှစွာပင်။

"ရှေးဘုရားအဆူဆူပွင့်တော်မူစဉ်က အဲဒီတောင်ထိပ်သို့ ရောက်ခဲ့သည်ရှိရင် သိကြားနတ်မင်းက ရတနာသလွန်တော်ကို လှူဒါန်းမြဲပဲတဲ့...လှူဒါန်းနေကျပေါ့ကွာ။ဂေါတမမြတ်စွာဘုရားကိုလည်း မြသားအတိပြီးတဲ့ သလွန်တော်ကို လာရောက်လှူဒါန်းခဲ့တယ်တဲ့။အဲဒီ့အချိန်.....ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ခပ်လှမ်းလှမ်း တောနက်ကြီးတစ်ခုမှာနေကြတဲ့ ဘောသော၊ ဘောကျော်၊ ဘောသူ၊ဘောရသလို့ခေါ်တဲ့ ဘီလူးညီနောင်၄ယောက်က မြတ်စွာဘုရားထံမှာ ကြစုဖန်ခါးသီးများ သွားရောက်လှူဒါန်းကြပြီး ဘုရားသခင်၏ တရားတော်ကို နာကြားရလို့ အကျွတ်တရားရကုန်တယ်တဲ့လေ"

ဘုရားရင်ပြင်အား တစ်ပတ်ပတ်ရင်း ဘုရားသမိုင်းကြောင်းရှင်းပြသည်မှာ တစ်ပတ်ပြည့်သွား၍ ရင်ပြင်ပေါ်တွင် ထိုင်လိုက်ကြလေသည်။

"ဒါကြောင့် မကွေးကို ဖန်ခါးမြေလို့လည်း သမုတ်ကြ‌တာပေါ့"

"အင်း ဒါလည်းပါမှာပေါ့ကွာ"

"မှတ်သားစရာပါပဲကိုထိန်ရာ။
ဒါနဲ့ဆက်ပါဦး.."

"အင်း ဆက်‌ေပြာရရင် တရားနာပြီးတဲ့နောက် ဘုရားသခင်ကို ကိုးကွယ်ရာ အမွေတစ်စုံတစ်ခု ပေးသနားတော်မူပါဆိုပြီး လျှောက်ထားကြလို့ ဘုရားရှင်ကမြသားသလွန်တော်ကို ပေးအပ်ခဲ့တယ်တဲ့။ဘီလူးညီနောင်တို့လည်း အားရရွှင်လန်းစွာနဲ့ပဲ သလွန်တော်ကို ပင့်ဆောင်ခဲ့ကြပြီးတော့  မကွေးမြို့ဖက်ကမ်းမှာရှိတဲ့ သူတို့နေထိုင်ရာ တောကြီးအတွင်းမှာ သလွန်တော်ကို ဌာပနာပြီး ဘုရားတည်ကိုးကွယ်ခဲ့ကြတယ်တဲ့"

"ဒါဆို ခု ကျွန်တော်တို့ ရောက်နေတဲ့နေရာက ဘီလူးညီနောင်တို့နေထိုင်ပြီး ဘုရားတည်ခဲ့တဲ့နေရာပေါ့"

"မဟုတ်ဘူး ကိုခန့်ရ။သူတို့ဘုရားတည်ခဲ့တဲ့‌ေနရာဟာ နေရာမှန်မဟုတ်တဲ့အတွက် သိကြားမင်းက သူရဲ့ဘုန်းတန်ခိုးနဲ့ အဲဒီ့ဘုရားကိုဖြိုပြီး မြသလွန်တော်ကို ပင့်ဆောင်သွားခဲ့တယ်တဲ့။ယ‌ေန့ထက်ထိအောင် ဘုရားပြိုရှိခဲ့တဲ့နေရာကို အမှီပြု၍ ဘုရားပြိုရွာလို့ ခေါ်ကြ‌တယ်လေ"

"ဒါဆို ဘီလူးညီနောင်တို့ တည်ခဲ့တဲ့ဘုရားက အထမမြောက်ခဲ့တာပေါ့ ဟုတ်လားနောင်ရိုး"

"အင်းပေါ့....ကိုခန့်ရဲ့။ဒါ‌ေပမယ့် သိကြားမင်းက ဘီလူး‌ေတွ တည်ထားတဲ့ ဘုရားကိုဖျက်၊မြသားသလွန်တော်ကို ယူပြီး ဧရာဝတီမြစ်ကမ်းမှာ သိတင်းသုံးနေကြတဲ့ ဒိဗ္ဗစက္ခု၊ဒိဗ္ဗသောတ၊ဒ္ဒိဗ္ဗဃာနလို့ ခေါ်တဲ့ ရသေ့ကြီး သုံးဦးထံကို ပင့်ဆောင် သွားခဲ့တယ်တဲ့။ အဲဒီ့နောက်မှာ ကဿပဘုရား လက်ထက်တော်အခါက ရွှေသားသလွန်တော်ကို ဌပနာခဲ့ဖူးတဲ့ နဂုတ္တမတောင်ထိပ်မှာ မြသလွန်တော်ကိုလည်း ဌာပနာဖို့ စီမံခဲ့ကြတယ်တဲ့။မဟာသက္ကရာဇ် ၁၂၈ ခုနှစ် တပေါင်းလပြည့်နေ့မှာ ဧရာဝတီမြစ်ရေနှင့်အညီ စီမံပြီး သလွန်တော်ကိုဌာပနာတော်မူခဲ့တယ်တ‌ဲ့။နောက်ထပ် စေတီတည်ဖို့ကိုတော့ ဘီလူးညီနောင်တို့ စုတေပြီး လူသားစင်စစ်ဖြစ်တဲ့အခါမှသာ ဘုရားတည်ဖို့ သင့်တယ်လို့ ရသေ့တွေကို ပန်ကြားပြီး တာဝတိံသာသို့ ပြန်ကြွသွားတယ်တဲ့.."

"ဒါဆို ဘုရားတည်ဖို့အတွက် ဘီလူးတွေစုတေးပြီး လူသားစစ်စစ်ဖြစ်တဲ့အချိန်အထိ စောင့်ဆိုင်းရမယ့်သဘောပေါ့"

"အင်း ဟုတ်တယ်"

သူတို့နှစ်ယောက်ရှင်းပြသည့် ဘုရားသမိုင်းအကြောင်းအား စိတ်ပါဝင်စားစွာ နားထောင်နေသည့် ကိုခန့်အား နောင်ရိုးသဘောကျလှစွာပြုံးရင်း ‌ဆက်ပြောပြရလေသည်။

"အဲဒီရသေ့သုံးပါး သီတင်းသုံးတော်မူတဲ့ နေရာနဲ့ မကွာဝေးသောနေရာတွင် မဟာဂါမလို့‌ေခါ်တဲ့ရွာကြီးတစ်ရွာရှိတယ်တဲ့။အဲဒီရွာကြီးမှာ ကုဋေများစွာ ကြွယ်ဝသည့် သုဘောဂလို့ဆိုတဲ့ သူဌေးကြီးတစ်ဦးလည်း ရှိသေးတယ်။သူဌေးကြီးဟာ ရသေ့သုံးပါးရဲ့ ပစ္စည်းလေးပါးဒါယကာလည်းဖြစ်တယ်တဲ့။တစ်နေ့တော့ သူဌေးကြီးက ရသေ့သုံးဦးထံ ရောက်သွားပြီး ဘုရားသခင်ရဲ့ သလွန်တော် ဌာပနာထားတဲ့ နဂုတ္တမ တောင်ထိပ်မှာ စေတီတည်ဖို့ လျှောက်ထားတယ်တဲ့..ဒါပေမယ့် ဘီလူးညီနောင်လူဝင်စားဖြစ်ပြီး ပူးပေါင်းစေတီတည်မှ အထမြောက်မယ်လို့ မိန့်ခဲ့တယ်။သူဌေးကြီးက ဘီလူး‌ညီနောင်ကို ရှာဖွေပေမယ့် မတွေ့ခဲ့ဘူးလေ နောက်ပြီး...သူဌေးကြီးမှာ အဆင်းအင်္ဂါ တင့်တယ်လှပတဲ့ ပုဏ္ဏဝတီလို့‌ေခါ်တဲ့ သမီးတစ်ယောက် ရှိသေးတယ်။သူဌေးသမီးလည်း လူဝင်စားဘီလူးညီနောင်တို့ကိုညရွာစဉ် လျှောက်ပြီး ရှာဖွေ‌ေပမယ့်လည်း မတေွ့ခဲ့ဖူးတဲ့။မတွေ့တဲ့အဆုံး မြသားသလွန်ဌပနာထားသော နဂုတ္တမတောင်၏ တောင်ဖက်ကတစ်ခုသော ကုန်းမြင့်ပေါ်သို့ ရောက်သွားခဲ့တယ်တဲ့။ အဲဒီတောင်ကုန်းပေါ်မှာ အမျိုးမျိုးသော ပန်းတွေကို သီကုံးပြီး ပန်းကုံးတစ်ခု ပြုလုပ်တယ် ပန်းကုံးပြုလုပ်ပြီးတော့ အလိုရှိတဲ့ စာခွေကိုလည်း ရေးသားထားခဲ့တယ်။"ထိုစာခွေကို ပန်းကုံးဖြင့်ရစ်ပတ်ကာ ဘီလူးဝင်စားသော လူသားများသာလျှင် တွေ့မြင်နိုင်ပါစေသတည်း"ဟုလည်း သစ္စာအဓိဋ္ဌာန်ပြုပြီး အဲ့ဒီတောင်ပေါ်မှ ထားခဲ့တယ်တဲ့"

နောင်ရိုးပြောလက်စ စကားအား ခဏရပ်လိုက်သည်။

"ဟုတ်တယ် ဟိဏ်းခန့်ရ ခုငါတို့ထိုင်နေတဲ့ ဘုရားရင်ပြင်တော်ရဲ့ တောင်ဘက်နားက တောင်က ပန်းရစ်တောင်ပေါ့"

"ပန်းရစ်တောင်တော့ ကျွန်တော်မရောက်ဖူးသေးဘူး ကိုထိန်"

"နောက်အားမှ ငါတို့‌တွေ အတူတူသွားကြတာပေါ့ကွာ"

"ဟုတ်ကဲ့..။ဒါနဲ့ဆက်ပါဦး ကိုထိန်ရ"

"အင်းစောစောက နောင်ရိုးပြောပြတဲ့ ပုဏ္ဏဝတီက နဂုတ္တမတောင်ကို တက်ပြီး မြသားသလွန်ကို ရှိခိုးပူဇော်ပြီးတဲ့နောက် မြောက်ဖက်စူးစူး တစ်မိုင်ခန့် ဝေးသောကုန်းမြင့်တစ်ခုသို့ ရောက်တဲ့အခါမှာ ငါ၏လင်လောင်းလျာ ဘောကျော်ဆိုသူ လူဝင်စားသည် ယခုအခါ အဘယ်အရပ်တွင် ရှိလိမ့်မည်နည်းဟု မျှော်မှန်းတောင့်တခဲ့သတဲ့"

"အင်း အဆက်စပ်တော့ရှိလာပြီ..ဒါဆို ပုဏ္ဏဝတီရောက်သွားတဲ့ နောက်နေရာတစ်ခုက ဝါးတောချောင်းရွာ မြောက်ဘက်မှာရှိတဲ့ ရွှေလင်မျှော်ဘုရားလား ကိုထိန်"

"အေးဟုတ်တယ်ကွ...မင်းရောက်ဖူးလား"

"အင်း တစ်ခါတော့ ရောက်ဖူးတယ်။ ‌ဘုရားနာမည်ဆန်းဆန်‌းကြောင့် စူးစမ်းလိုစိတ်ကြောင့် ရောက်ခဲ့ရတယ်ပေါ့ဗျာ...ဟဲ ဟဲ"

ရယ်ကျယ်ကျယ်ပြောလာသည့် မင်းဟိဏ်းခန့်စ‌ကားကြောင့် ထိန်လင်းရော နောင်ရိုးပါ သဘောကျစွာဖြင့် အတူရယ်မိလေသည်။

ထိန်လင်း မောသွားဟန်ဖြင့် ရေဘူးလေးဖွင့်ကာ မော့ချလိုက်လေသည်။ပြီးနောက်

"လူဝင်စားများဖြစ်လာကြတဲ့ ဘောသော၊ ဘောကျော် ဘီလူးညီနောင်ဟာ အရွယ်ရောက်လာကြတဲ့အခါ ကုန်သည်ဘဝနဲ့  ရသေ့ကြီးသုံးဦးထံ ရောက်လာကြပြီးနောက် မြသလွန်ဌာပနာရာဖြစ်တဲ့ နဂုတ္တမ တောင်ထိပ်သို့ အသွားမှာ တောင်ဖက်ကုန်းမြင့်ကို ရောက်ခဲ့ကြတယ်တဲ့။အဲဒီကုန်းထက်မှာ ပုဏ္ဏဝတီအဓိဋ္ဌာန်ပြုခဲ့သည့် ပန်းကုံးရစ်ပတ်ထားတဲ့ စာခွေကို တွေ့ပြီးဖတ်ရှုကြည့်သဖြင့် အကြောင်းစုံသိရှိသွားကြတယ်တဲ့ ။အဲဒီနောက် သလွန်တော်ကို ဖူးပြီး...ပုဏ္ဏဝတီရှိရာ ရွာသို့သွားခဲ့ကြတယ်။ သူဌေးကြီးလည်း အနှစ်နှစ်က တောင့်တစောင့်မျှော်နေရသော ဘောသော၊ဘောကျော် လူဝင်စားညီနောင်တို့ကို တွေ့ရတဲ့အခါ ဝမ်းသာသွားတာ‌ေပါ့"

"ဘုရားတည်ခွင့်ရသွားတဲ့ သဘောပဲပေါ့"

"အင်း ဒါပေါ့။ရ‌ေသ့ကြီး‌ေတွဆီက စကားကိုနာခံပြီး သူဌေးကြီးနဲ့ ဘီလူးညီနောင်တို့က မြသလွန်ဘုရားကို တည်လိုက်ကြသတဲ့..။သူဌေးကြီးက ညီတော်ဘောသောကို ရွှေသားနွားဝန်တစ်တင်း၊ ငွေသားနွားဝန်တစ်တင်း တင်ဆောင်စေပြီး ပြန်လွှတ်လိုက်တယ်။နောင်တော် ဘောကျော်ကိုတော့  သမီးတော်နှင့် ထိမ်းမြားပေးလိုက်သတဲ့"

"မြသလွန်ဘုရားမှာ ဘီလူးကြီးပြုံးနေတယ်ဆိုတာကရော ကိုထိန် ဘယ်ကိုဆိုလိုတာလဲ"

"အင်း  ဒါကတော့ ဘုရားတည်နေစဉ်အချိန်အတွင်းမှာ ဘဝဟောင်းက ဆွေတော်မျိုးတော်ဘီလူးအပေါင်းတို့ဟာ ဝိုင်းဝန်းပြီးတည်ပေးကြတယ်တဲ့။ဘောကျော်က ပီတိထောပနာဖြစ်ပြီး သောတပန်တည်သွားခဲ့တယ်တဲ့။သောတပန်ပြီးနောက် ၇ ဘဝ မြောက်ရင် အမှန်ဧကန်နိဗ္ဗာန်စံဝင်ရမယ်ဆိုတာကိုသိရှိသွားပြီး ဝမ်းသာလွန်းတဲ့စိတ်ကြောင့် ပြုံးရယ်မိခဲ့တယ်လို့ဆိုတယ်ကွ။ မြသလွန်စေတီတော်ကြီးရဲ့ အလယ်ဖောင်းရစ်နေရာမှာ ဘီလူးခေါင်း ၂၁ ခေါင်း ထည့်သွင်း ထုလုပ်စေခဲ့သည့်အခါ သောကြာနဲ့ တနင်္ဂနွေ ထောင့်ကြားမှာရှိတဲ့ ဘီလူးခေါင်းဟာ ဘောကျော်ပြုံးရယ်နေတဲ့ပုံဖြစ်တယ်လို့ဆိုကြတယ်ကွ"

"ပြုံးရယ်နေပုံ တမင်သက်သက်ထုလုပ်ခဲ့ကြတာလား"

"ကိုခန့်က မင်းကလေ ‌စေ့စေ့ပေါက်ပေါက်မေးတော့မယ်..။ဘီလူးကြီးပြုံးရယ်နေတဲ့ပုံကို ပန်းရံဆရာတွေက အမျိုးမျိုးပြုပြင်ခဲ့ပေမယ့် မရတော့လို့ ထားလိုက်ရတာတဲ့"

"သမိုင်းကြောင်းတွေဆိုတာ  စိတ်ဝင်စရာကောင်းပြီး ဖျောက်ဖျက်လို့မရတ‌ဲ့အရာတွေပဲနော်"

"ဒါပေါ့ကွာ။ဒါကြောင့် ဆရာကြီးဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအ အောင်လို့လို့ ပြောခဲ့တာပေါ့ ဟိဏ်းခန့်ရ"

ဘုရားရင်ပြင်ပေါ်မှ လှမ်းမြင်နေရသည့် မိခင်ဧရာဝတီမြစ်ကြီးသည် တာဝန်ကျေပွန်စွာဖြင့် တသွင်သွင် စီးဆင်းနေသည်။ရေလုပ်သား တစ်ချို့၏ စက်လှေမောင်းသံ တဒုတ်ဒုတ်အား တစ်ချက်တစ်ချက် ကြားရပြန်သေးသည်။

မြစ်ကမ်းစပ်ရှိသောင်ထွန်းနေသည့် သဲခုံပေါ်တွင် တည်ထားသည့် အကြော်တဲလေးများ ဟိုတစ်စု ဒီတစ်စု....။သောင်ထွန်းနေသည့် သဲခုံကလေးပေါ်တွင် စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းကလေးများမှာ စိမ်းစိမ်းစိုနေသည်။

ဘုရားရင်ပြင်တော်မှ တစ်ဆင့် ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းတွင် ခပ်ရေးရေးလှမ်းမြင်နေရသည့် မင်းဘူးမှ စက္ကန်းတဲဘုရားအား စိတ်မှန်းဖြင့် လှမ်းကန်တော့မိကြလေသည်။

သူတို့သုံးယောက် ဘုရားရင်ပြင်မှ ဘေးဘီဝဲယာလျှောက်ကြည့်ရင်း အရိပ်ရသည့်နေရာတစ်ခုအောက်တွင် ခေတ္တမျှ နေခိုပြီးနောက် ဘုရားပေါ်မှ ဆင်းလာခဲ့ကြလေသည်။

ရပ်တန့်ထားခဲ့သည့် ဆိုင်ကယ်တွေဆီရောက်တော့ နေမင်းကြီး ပုစွန်ဆီရောင်သမ်းကာ အနောက်ဘက်ယွန်းယွန်းသို့ တရွေ့ရွေ့နှင့် ထွက်ခွါနေလေပြီ.....။

သူရိန်နေမင်းကြီးသည် မကြာခင် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာလောကကြီးအား နှုတ်ဆက်၍ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

************

ဒီနေ့လည်း အတန်းလည်းမရှိတာမို့ မနက်ဖြန်ရွာပြန်မည့် နောင်ရိုးသစ်အတွက် လိုအပ်သည့်  သင်ထောက်ကူပစ္စည်းများဝယ်ရန် လိုက်ပို့ရလေသည်။

ကိုထိန်က ကျောင်းသားသမဂ္ဂအစည်းအဝေးရှိတာမို့ မအားတာ‌ေကြာင့်
ကျွန်တော်နှင့် နောင်ရိုး နှစ်ယောက်တည်းသာ..။သူငယ်ချင်းမိတ်ဆွေတွေအနေန‌ဲ့သာ ရှိသွားကြမှာဆိုပေမယ့် လိုအပ်ချိန်တိုင်း ကိုယ့်ကို သတိရနေတာကပင် ဝမ်းမြောက်စရာပင်။

ဆိုင်ကယ်လေးအား ခပ်ဖြည်းဖြည်းမောင်းရင်း မြို့ထဲသို့ ထွက်လာခဲ့သည်။

"ကိုခန့်"

"အင်းပြောလေ နောင်ရိုး"

"ကျေးဇူးတင်ပါတယ်နော်"

"ဟာ နောင်ရိုးက သူစိမ်းဆန်နေပြန်ပါပြီ ကျွန်တော်တို့က အင်း သူငယ်ချင်းတွေလေ ဘာအားနာစရာလိုလို့လဲ နောင်ရိုးရ"

"အင်း ဆောရီး ကိုခန့်.."

ဟုတ်တယ် ကျွန်တော်တို့က ထာဝရသူငယ်ချင်းပဲပေါ့ နောင်ရိုးရာ...။မင်း လိုတဲ့အချိန်တိုင်းက ငါက အမြဲရှိနေမှာ မင်းသိလား နောင်ရိုး။မင်းမချစ်ချစ်၊ချစ်ချစ် ကျွန်တော်ကတော့ ချစ်နေဦးမယ်...။

ကိုယ်မြတ်နိုးရတဲ့ ပန်းပွင့်ကလေးက ကိုယ့်ဆီရောက်မလာချင်သောအခါ ကိုယ့်မှာ ပန်းပွင့်လေး လှပနေဖို့ထက် ဘာမှစွမ်းဆောင်ခွင့်မရှိ။

မြို့ထဲရောက်သည်နှင့် ဝယ်ရသည့် ပစ္စည်းက အတော်များသည်။ရွာက မိသားစုများအတွက် မုန့်ပဲသရေစာများလည်းပါသည်။စာသင်ရန် လွယ်ကူမည့် သင်ထောက်ကူပစ္စည်းများ၊ ကလေးငယ်များအတွက် ကျောက်သင်ပုန်းနှင့် ကျောက်တံများဖြင့်နောင်ရိုးသစ်လက်ထဲတွင် ပစ္စည်းများ ပြည့်နှက်နေတော့သည်။

ပစ္စည်းများ စိတ်ကြိုက်ဝယ်ပြီးသည်နှင့်

"ကိုခန့်"

"ခင်ဗျာ"

"ငါတို့ တစ်ခုခုဝင်စားကြမလား.."

"အင်း နောင်ရိုး စားချင်ရင် စားမယ်လေ.."

"လမ်းဘေးက ဆိုင်းထမ်းသည်တွေဆီမှာ စားချင်တယ်"

"ဒါဆိုလည်း ဆိုင်ကယ်ပေါ်တက်လေ အလာတုန်းက အရှေ့နားမှာ ဆိုင်းထမ်းသည်တွေ့ခဲ့တယ်"

"ဟုတ်လား"

"အင်း"

"ဒါ‌ဆို သွားမယ်လေ"

ဆ်ိုင်ကယ်၏ အနောက်ကယ်ရီယာခုံပေါ်သို့ နောင်ရိုးရောက်သည်နှင့် မင်းဟိဏ်းခန့် ဆိုင်ကယ်လေးအား အသာအယာနှိုးရင်း မောင်းထွက်လာခဲ့လေသည်။

"ကိုခန့် ဟိုမှာ"

နောင်ရိုးလက်ညိုးထိုးပြသည့် ရှေ့တူရှုသို့ ကြည့်မိတော့ ဆိုင်းထမ်းသည်တစ်ယောက်တွေ့ရလေသည်။

ဆိုင်းထမ်းကိုမြင်၍ ဝမ်းသာအားရပြောနေ‌သည့် နောင်ရိုးကို ဆိုင်ကယ်Backမှန်မှတစ်ဆင့် ခိုးကြည့်ရင်း ပြုံးမိလေသည်။

သူတို့ဆိုင်ကယ်လေးနှင့် ဆန့်ကျင်ဘက်လမ်းမှာ ရှိနေသည့် ဆိုင်းထမ်းသည်ဆီသို့ ဆိုင်ကယ်လေးကွေ့မည်အပြု

"ကိုခန့် လမ်းကွေ့ကစက်ဘီး"

အနောက်မှ အလန့်တကြားအော်လာသည့် နောင်ရိုးကြောင့် လူကခြေမကိုင် လက်မကိုင်ဖြစ်ကာ ရုတ်တရက်ဝင်လာသည့် စက်ဘီးအား ရှောင်ရင်း ဘရိတ်မအုပ်မိတော့ပဲ ဆိုင်ကယ်နှင့်လူပါ လုံးထွေးကာ လဲသွားလေသည်။

ဆိုင်ကယ်နှင့်လူပါ ရောကာ ပစ်လဲကျလေသည်။ လက်ထဲမှာ ပစ္စည်းများမှာလည်း မြေပေါ်ပြန့်ကျဲနေလေသည်။

"နောင် နောင်ရိုး ဘာဖြစ်သွားသေးလဲ ဆော ဆောရီး"

လဲကျနေသည့် နောင်ရိုး၏ လက်ကလေးအား ဆွဲထူရင်း အနားမှာ ပြန့်ကြဲနေသည့် ပစ္စည်းများအား ကောက်ယူရလေသည်။

"ဘာဖြစ်သွားသေးလဲ နောင်ရိုး ကျွန်တော် ကျွန်တော်တောင်းပန်ပါတယ်.."

"စိတ်မပူပါနဲ့ ငါဘာမှမဖြစ်ဘူး ကိုခန့်"

ခပ်ပြုံးပြုံးဖြင့် ပြောလာသည့် နောင်ရိုးမျက်နှာလေးကို ကြည့်ရသော်လည်း စိတ်ကမချမ်းမြေ့နိုင်။တံတောင်ဆစ်ဆီမှ ထွက်ကျလာသည့် သွေးစလေးများအတွက် ထူပူနေမိသည်။

"နောင်ရိုး မင်း လက်မှာသွေးတွေ"

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး အဆာင်ကျမှ ဆေးထည့်တော့မယ်"

"တကယ်ရော ရရဲ့လား"

"အင်း လာသွားမယ်။ဆိုင်းထမ်းသည်ဆီ ရောက်ရင်း အနာကအလိုလိုသက်သာသွားလိမ့်မယ်..."

"ကျွန်တော့်ကြောင့်နဲ့ နောင်ရိုးလက်မှာ အမာရွတ်ကျန်နေခဲ့တော့မယ်.."

"အင်း တံတောင်ဆစ်က အမာရွက်စမ်းမိတိုင်း မင်းကိုသတိရနေတော့မှာပဲ"

"ကျွန်တော်.."

ဘာမှမဖြစ်ပါဘူးဆိုကွာဟု ထပ်ခါတလဲလဲပြောလာသည့် နောင်ရိုးနှင့်အတူ ဆိုင်ကယ်လေးအား တွန်းရင်း ဆိုင်းထမ်းသည်ဆီသို့ ရောက်သွားလေသည်။

"မင်း ဘာစားမလဲ ကိုခန့်"

"ကျွန်တော် နောင်ရိုးစားတာပဲ စားမယ်လေ"

"ဒါဆို တို့ဟူးသုပ်နှစ်ပွဲပေးပါနော် ဦးလေး"

ဆိုင်းထမ်းသည်ဆီမှ ခုံပုလေးများယူကာ ထိုင်ရင်းမှပင်....

"ထိန်လင်းပါလာရင် သိပ်ကောင်းမှာပဲ"ဟု ခပ်တိုးတိုးပြောလာသည့် နောင်ရိုးကြောင့် သူ ရင်ထဲမချိလှစွာဖြင့် ပြုံးမိလေသည်။

ခဗျား ချစ်နေရတဲ့သူဆိုတာ ခဗျားမပြောပြပေမယ့် ကျွန်တော်သိနေပြီးသားပါ နောင်ရိုးရာ..။

စိတ်ချပါ။
ကျွန်တော်မြတ်နိုးရတဲ့ပန်းကလေးကို သူသက်ဆင်းချင်တဲ့ လက်ထဲရောက်အောင် ကျွန်တော်ကဖြည့်ဆည်းပေးဦးမှာ....။

ခဗျားပြောခဲ့ဖူးသလိုပါပဲ..
အချစ်ဆိုတာ ကိုယ်က ချစ်နေဖို့ပဲလိုတာလေ..။

_Feedbackလေးတွေ ပြန်လိုချင်လို့ပါ။
ဖတ်ပြီးရင် ကျွန်တော့်အတွက် feedbackလေးတွေ ပေးကြပါဦးခင်ဗျာ။


Zawgyi Version—

ခပ္မွန္မွန္ေမာင္းႏွင္လာသည့္ ဆိုင္ကယ္ႏွစ္စီးသည္ ေစတီအမြန္ျမသလြန္၏ ေျခရင္းသို႔ ေရာက္လာခဲ့ၾကေလသည္။

အဝင္ဝတြင္ ဆိုင္ကယ္ရပ္ခဲ့ကာ ဘုရားေစာင္းတန္းအတိုင္း ဘုရားေပၚသို႔ တက္ခဲ့ၾကသည္။

ဘုရားေစာင္းတန္းမ်ားတစ္ေလွ်ာက္တြင္ ဘုရားဖူး အျပန္လက္ေဆာင္ေရာင္းခ်သည့္ ေဈးသူ၊ဘုရားတြင္ကပ္လႉရန္ ဘုရားပန္း၊တံခြန္ ၊ကုကၠားေရာင္းခ်သဴမ်ားႏွင့္ဘုရားဖူးဧည့္သည္မ်ားျဖင့္စည္ကားလ်က္ရွိသည္။

ေစာင္းတန္း ေလွကားထစ္မ်ားမွတစ္ဆင့္ ဘုရားရင္ျပင္ေပၚသို႔ ေရာက္ရန္ ေလွ်ာက္ရသည့္ခရီးက မနည္းလွေပ။ထို႔ေၾကာင့္ အေတာင္ႏွစ္ဆယ္ဝတ္ေယာက်ာ္းမ်ားျဖစ္သည့္ သူတို႔ပင္လွ်င္ ေခတၱမွ်နားရင္း မွန္မွန္ေလွ်ာက္ၾကရေလသည္။

"အမွတ္တရ ရင္ထဲရွိတယ္ သူနဲ႕ဆုံေတြ႕ခဲ့ရာ တမာရနံ႕ေလးသင္းသင္း ေမႊးတဲ့ အညာေျမကို ျပန္သတိရေနသည္...။ဆည္းဆာေနညိုခ်ိန္မွာ
ဧရာဝတီ ျမစ္ကမ္းနံေဘးက ေငြေသာင္ယံ ကမ္းရဲ႕အထက္မွာ မေကြး ၿမိဳ႕အစြန္ ျမသလြန္ကို အတူဖူးခဲ့တာေတြ ေမ့မရနိုင္ပါၿပီ အခြင့္ရယ္သာတဲ့ တစ္ေန႕မွာ....အေျပးကေလးလာခဲ့ဦးမည္။ေ႐ႊညာသူေရ ကိုယ္လာရင္ ႀကိဳမာလားလို႔ အတည္..."

သူ ျမသလြန္ဘုရားသို႔ ေရာက္တိုင္း ေတးသံရွင္ေအာင္သူရဲ႕"ကိုယ္လာရင္ႀကိဳလာမွာလား"ဆိုတဲ့ သီခ်င္းေလးကို ခဏခဏ ညည္းမိသည္။

"ဘာလဲ ကိုထိန္က ငယ္ခ်စ္ဦးကို လြမ္းေနတာလား"

"မဟုတ္ပါဘူးကြာ။ဒီအတိုင္းပဲ ေရာက္ေနတဲ့ ေနရာနဲ႕ကိုက္ညီတဲ့သီခ်င္းေလးေတြ႕လို႔ ဆိုမိတာပါ"

"မသိပါဘူးဗ်ာ ႐ြာမွာ က်န္ခဲ့တဲ့ စာဥတို႔မ်ားလြမ္းေနလားလို႔"

"ဟိဏ္းခန႔္ မင္းကေတာ့ ေျပာေရာ့မယ္ကြာ"

"ဟုတ္သားပဲ ကိုခန႔္ရာ။သူကလြမ္းခ်င္းလြမ္း စာဥဘယ္မလြမ္းနဲ႕ ေကာလိပ္ကမိန္းကေလးေတြပဲ လြမ္းမွာေပါ့ကြ"

"မင္းကေရာ လုပ္ျပန္ၿပီ ေနာင္ရိုးရာ...။
ငါ့အေၾကာင္း မင္းမသိတာလည္း မဟုတ္ပဲနဲ႕ကြာ ငါကေကာလိပ္က ေကာင္မေလးေတြ တစ္ေယာက္မွ စိတ္မဝင္စားပါဘူးကြာ"

"ဒါဆို ကိုထိန္က အရိယာသူေတာ်စင်ကြီးပေါ့"

"လခြီးတဲ့ အရိယာျဖစ္စရာေလးကြ။ငါလည္းငါ့ရင္ထဲက တိတ္တခိုးခ်စ္ေနခဲ့ရတဲ့သူရွိတာေပါ့"

"ဒါဆို ဖြင့္ေျပာၿပီး ခ်စ္ခြင့္ရဖို႔ ႀကိဳးစားေတာ့ေလဗ်ာ"

"အင္း ဖြင့္ေျပာဖို႔အခ်ိန္တစ္ခုမေရာက္ေသးလို႔ပါကြာ"

ေနာင္ရိုးမ်က္ႏွာေလးအား အဓိပ္ပါယ်ပါပါ ၾကည့္ရင္း ေျပာလိုက္ေလသည္။

ေနာင္ရိုးတစ္ေယာက် မ်က္ႏွာထူအမ္းအမ္းျဖစ္သြားရသည္ထင့္။ဘာမွမေပြာေတာ့ပဲလှေကားထစ်များအတိုင်း သူတို႔ႏွစ္ေယာက္ကို မေစာင့္ဘဲ တက္သုတ္တက္သြားေလသည္။

ထိန္လင္းတို႔ေနာက္ကေန အမွီလိုက္ရင္း သုံးေယာက္သား ခရီးဆက္ခဲ့ၾကေလသည်။စကားတပြောပြောနှင့် ေလွ်ာက္ၾကရင္းျဖင့္ ဘီလူးႀကီးႏွစ္ေကာင္၏ ႐ုပ္ထုထြင္းထုထားသည့္ ဘုရားမုခ္ေပါက္ဝသို႔ ေရာက္ခဲ့ရေလသည္။

ရင္ျပင္ေပၚသို႔ ေျခခ်မိသည္ႏွင့္ ဘုရား၏ အထက္ပစၥယံဆီမွ ဆည္းလည္းသံ တ႐ႊင္႐ႊင္ၾကားရသည္။ဘုရားဖူးလာသူမ်ား၏ ေခါင္းေလာင္းထိုးသံကလည္း စိတ္ဘဝင္ၾကည္ႏူးေစရျပန္သည္။

ဘုရားေပါ်ေရာက္သည့္ႏွင့္ ေမြးနံေထာင့္မ်ားတြင္ ထိုင္ကာ ဘုရားဝတ္ျပဳၾကေလ
သည္။

သူႏွင့္ေနာင္ရိုးက စေနေထာင့္တြင္ ဘုရားရွိခိုးဝတ္ျပဳသည္။ဟိဏ္းခန႔္ကေတာ့ ၾကာသပေတးေထာင့္တြင္ ဘုရားရွိခိုးဝတ္ျပဳေလသည္။

ဘုရားရွိခိုးၿပီးေနာက္ ရင္ျပင္ေတာ္ တစ္ေလွ်ာက္ လွမ္းေလွ်ာက္ၾကရင္း ဘီလူးႀကီးၿပဳံးေနသည္ဆိုသည့္ ေနရာသို႔ သူတို႔သုံးေယာက္သြားၾကည့္ၾကေလသည္။

ေသာၾကာေထာင့္ႏွင့္ တနဂၤႏြေေထာင့္အၾကားရွိ အလယ္ေဖာင္းရစ္ေနရာတြင္ ထြင္းထုထားသည့္ ဘီလူးႀကီးၿပဳံးေနဟန္က စိတ္ဝင္စား စရာေကာင္းလွသည္။

"ဒီေထာင့်မှာရှိတဲ့ ဘီလူး႐ုပ္တစ္ခုတည္းသာ ၿပဳံးေနတာက ထူးျခားမႈတစ္ခုေၾကာင့္ပဲလား..ကိုထိန္"

ေတြးေတြးဆဆ ေျပာလာသည့္ ဟိဏ္းခန႔္၏အေမးကို ထိန္လင္းသေဘာက်လွစြာျဖင့္ လွစ္ခနဲၿပဳံးရင္းျဖင့္

"သက္ႀကီးစကားသက္ငယ္ၾကားဆိုတဲ့ စကားအတိုင္း ဒီဘုရားမွာလည္း သမိုင္းအစဥ္အလာတစ္ခုရွိတယ္တဲ့။ဘီလူးေဘာေက်ာ္ နိဗၺာန္ဝင္ရမွာ ႀကိဳသိလို႔ ၿပဳံးေတာ္မူေနတာတဲ့"

"ေဘာေက်ာ္ ဟုတ္လား ကိုထိန္"

"အင္း ဟုတ္တယ္ကြ။ေျပာရရင္ေတာ့ ျမသလြန္ဘုရား သမိုင္းေၾကာင္းက အရွည္ႀကီးပါပဲကြာ"

"ဆိုစမ္းပါဦး ကိုထိန္ရ။ကြၽန္ေတာ္သမိုင္းေၾကာင္းေတြဆို စိတ္ဝင္စားတယ္။ ေနာင္ရိုးေရာ သမိုင္းေၾကာင္းေတြ စိတ္ဝင္စားလား"

"အင္း စိတ္ဝင္စားပါတယ္"

မင္းဟိဏ္းခန႔္သည္ ရန္ကုန္သားမို႔ ျမသလြန္ဘုရားသမိုင္းအေၾကာင္းမသိတာေတာ့ အဆန္းမဟုတ္ေပ။

"ဒါဆိုလည္း ကြၽန္ေတာ့္ကို ေနာင္ရိုးေရာ ကိုထိန္ေရာ ႏွစ္ေယာက္လုံး ရွင္းျပမွ ရေတာ့မယ္ထင္တယ္"

"ေအးပါကြာ ေျပာျပပါ့မယ္ ဟိဏ္းခန႔္ရာ"

သူတို႔သုံးေယာက္ ဘုရားရင္ျပင္ေပၚသို႔ လမ္းေလွ်ာက္ရင္းျဖင့္ပင္ ထိန္လင္းကစ၍ ဘုရားသမိုင္းအေၾကာင္းေျပာျပေလသည္။

"ဒီလိုကြ။သမိုင္းအဆိုအရေတာ့ ျမသလြန္ဘုရားဟာ ကႆပဘုရား၏ ေ႐ႊသလြန္ေတာ္ႏွင့္ေဂါတမျမတ္စြာဘုရားရဲ႕ ျမသလြန္ေတာ္တို႔ကို ဌာပနာၿပီး တည္ထားတယ္လို႔ဆိုထားတယ္ကြ။ေဂါတမျမတ္စြာ ဘုရားဟာ ဘုရားျဖစ္ေတာ္မူၿပီးလို႔ ဝါေတာ္ ႏွစ္ဆယ္ ေရာက္တဲ့အခါမွာ သုနာပရႏၱတိုင္းမွာရွိတဲ့ လယ္ကိုင္းသားေတြက စႏၵကူးသားနဲ႕ ေဆာက္လုပ္ထားတဲ့ ေက်ာင္းေတာ္ကို အလႉခံေတာ္မူဖို႔ ျမတ္စြာဘုရားထံ သြားေရာက္ေလွ်ာက္ထားၾကတယ္တဲ့။
ဘုရားသခင္လည္း မဟာသကၠရာဇ္၁၂၃ ခုႏွစ္၊ဝါဆိုလဆုတ္(၈)ရက္ေန႕မွာ လယ္ကိုင္းစႏၵကူးနံ႕သာေက်ာင္းကို အလႉခံေတာ္မူၿပီး၊ ခုနစ္ရက္ပတ္လုံး ဈာန္၏ ခ်မ္းသာျခင္းနဲ႕ ေမြ႕ေလ်ာ္ေတာ္မူၿပီး တရားေဒသနာ တိုက္ေကြၽးေတာ္မူတယ္တဲ့။အဲဒီကေနတစ်ဆင့္ ႐ႊံ႕ပြက္ေတာင္ေတြနဲ႕ ၿခံရံလ်က္ရွိတဲ့ မင္းဘူးၿမိဳ႕က စကၠတဲေတာင္ထိပ္သို႔ ႂကြခ်ီၿပီး သိတင္းသုံးေနေတာ္မူသတဲ့။ဟိုး...အေနာက္မွာ ေရးေရးေလးလွမ္းျမင္ေနရတဲ့ ဘုရားဟာ စကၠန္းတဲဘုရားေပါ့ကြာ"

ဧရာဝတီျမစ္၏ အေနာက္ဘက္ကမ္းေပၚတြင္ရွိသည့္ စကၠတဲဘုရားအား လက္ညိုးထိုးျပလိုက္ေလသည္။ျမသလြန္ဘုရားရင္ျပင္ေတာ္မွ ခပ္ေရးေရးျမင္လွမ္းေနရသည့္ ဧရာဝတီျမစ္အေနာက္ဘက္ကမ္းရွိ
စကၠတဲဘုရားသည္ သပ္ပါယ်လှစွာပင်။

"ေရွးဘုရားအဆူဆူပြင့္ေတာ္မူစဥ္က အဲဒီေတာင္ထိပ္သို႔ ေရာက္ခဲ့သည္ရွိရင္ သိၾကားနတ္မင္းက ရတနာသလြန္ေတာ္ကို လႉဒါန္းၿမဲပဲတဲ့...လႉဒါန္းေနက်ေပါ့ကြာ။ေဂါတမျမတ္စြာဘုရားကိုလည္း ျမသားအတိၿပီးတဲ့ သလြန္ေတာ္ကို လာေရာက္လႉဒါန္းခဲ့တယ္တဲ့။အဲဒီ့အခ်ိန္.....ဧရာဝတီျမစ္ အေရွ႕ဘက္ကမ္း ခပ္လွမ္းလွမ္း ေတာနက္ႀကီးတစ္ခုမွာေနၾကတဲ့ ေဘာေသာ၊ ေဘာေက်ာ္၊ ေဘာသူ၊ေဘာရသလို႔ေခၚတဲ့ ဘီလူးညီေနာင္၄ေယာက္က ျမတ္စြာဘုရားထံမွာ ၾကစုဖန္ခါးသီးမ်ား သြားေရာက္လႉဒါန္းၾကၿပီး ဘုရားသခင္၏ တရားေတာ္ကို နာၾကားရလို႔ အကြၽတ္တရားရကုန္တယ္တဲ့ေလ"

ဘုရားရင္ျပင္အား တစ္ပတ္ပတ္ရင္း ဘုရားသမိုင္းေၾကာင္းရွင္းျပသည္မွာ တစ္ပတ္ျပည့္သြား၍ ရင္ျပင္ေပၚတြင္ ထိုင္လိုက္ၾကေလသည္။

"ဒါေၾကာင့္ မေကြးကို ဖန္ခါးေျမလို႔လည္း သမုတ္ၾကတာေပါ့"

"အင္း ဒါလည္းပါမွာေပါ့ကြာ"

"မွတ္သားစရာပါပဲကိုထိန္ရာ။
ဒါနဲ႕ဆက္ပါဦး.."

"အင္း ဆက္ေပြာရရင် တရားနာၿပီးတဲ့ေနာက္ ဘုရားသခင္ကို ကိုးကြယ္ရာ အေမြတစ္စုံတစ္ခု ေပးသနားေတာ္မူပါဆိုၿပီး ေလွ်ာက္ထားၾကလို႔ ဘုရားရွင္ကျမသားသလြန္ေတာ္ကို ေပးအပ္ခဲ့တယ္တဲ့။ဘီလူးညီေနာင္တို႔လည္း အားရ႐ႊင္လန္းစြာနဲ႕ပဲ သလြန္ေတာ္ကို ပင့္ေဆာင္ခဲ့ၾကၿပီးေတာ့ မေကြးၿမိဳ႕ဖက္ကမ္းမွာရွိတဲ့ သူတို႔ေနထိုင္ရာ ေတာႀကီးအတြင္းမွာ သလြန္ေတာ္ကို ဌာပနာၿပီး ဘုရားတည္ကိုးကြယ္ခဲ့ၾကတယ္တဲ့"

"ဒါဆို ခု ကြၽန္ေတာ္တို႔ ေရာက္ေနတဲ့ေနရာက ဘီလူးညီေနာင္တို႔ေနထိုင္ၿပီး ဘုရားတည္ခဲ့တဲ့ေနရာေပါ့"

"မဟုတ္ဘူး ကိုခန႔္ရ။သူတို႔ဘုရားတည္ခဲ့တဲ့ေနရာဟာ ေနရာမွန္မဟုတ္တဲ့အတြက္ သိၾကားမင္းက သူရဲ႕ဘုန္းတန္ခိုးနဲ႕ အဲဒီ့ဘုရားကိုၿဖိဳၿပီး ျမသလြန္ေတာ္ကို ပင့္ေဆာင္သြားခဲ့တယ္တဲ့။ယေန့ထက်ထိအောင် ဘုရားၿပိဳရွိခဲ့တဲ့ေနရာကို အမွီျပဳ၍ ဘုရားၿပိဳ႐ြာလို႔ ေခၚၾကတယ္ေလ"

"ဒါဆို ဘီလူးညီေနာင္တို႔ တည္ခဲ့တဲ့ဘုရားက အထမေျမာက္ခဲ့တာေပါ့ ဟုတ္လားေနာင္ရိုး"

"အင္းေပါ့....ကိုခန႔္ရဲ႕။ဒါေပမယ့် သိၾကားမင္းက ဘီလူးေတွ တည္ထားတဲ့ ဘုရားကိုဖ်က္၊ျမသားသလြန္ေတာ္ကို ယူၿပီး ဧရာဝတီျမစ္ကမ္းမွာ သိတင္းသုံးေနၾကတဲ့ ဒိဗၺစကၡဳ၊ဒိဗၺေသာတ၊ဒၵိဗၺဃာနလို႔ ေခၚတဲ့ ရေသ့ႀကီး သုံးဦးထံကို ပင့္ေဆာင္ သြားခဲ့တယ္တဲ့။ အဲဒီ့ေနာက္မွာ ကႆပဘုရား လက္ထက္ေတာ္အခါက ေ႐ႊသားသလြန္ေတာ္ကို ဌပနာခဲ့ဖူးတဲ့ နဂုတၱမေတာင္ထိပ္မွာ ျမသလြန္ေတာ္ကိုလည္း ဌာပနာဖို႔ စီမံခဲ့ၾကတယ္တဲ့။မဟာသကၠရာဇ္ ၁၂၈ ခုႏွစ္ တေပါင္းလျပည့္ေန႕မွာ ဧရာဝတီျမစ္ေရႏွင့္အညီ စီမံၿပီး သလြန္ေတာ္ကိုဌာပနာေတာ္မူခဲ့တယ္တဲ့။ေနာက္ထပ္ ေစတီတည္ဖို႔ကိုေတာ့ ဘီလူးညီေနာင္တို႔ စုေတၿပီး လူသားစင္စစ္ျဖစ္တဲ့အခါမွသာ ဘုရားတည္ဖို႔ သင့္တယ္လို႔ ရေသ့ေတြကို ပန္ၾကားၿပီး တာဝတႎသာသို႔ ျပန္ႂကြသြားတယ္တဲ့.."

"ဒါဆို ဘုရားတည္ဖို႔အတြက္ ဘီလူးေတြစုေတးၿပီး လူသားစစ္စစ္ျဖစ္တဲ့အခ်ိန္အထိ ေစာင့္ဆိုင္းရမယ့္သေဘာေပါ့"

"အင္း ဟုတ္တယ္"

သူတို႔ႏွစ္ေယာက္ရွင္းျပသည့္ ဘုရားသမိုင္းအေၾကာင္းအား စိတ္ပါဝင္စားစြာ နားေထာင္ေနသည့္ ကိုခန႔္အား ေနာင္ရိုးသေဘာက်လွစြာၿပဳံးရင္း ဆက္ေျပာျပရေလသည္။

"အဲဒီရေသ့သုံးပါး သီတင္းသုံးေတာ္မူတဲ့ ေနရာနဲ႕ မကြာေဝးေသာေနရာတြင္ မဟာဂါမလို႔ေခါ်တဲ့ရွာကြီးတစ်ရွာရှိတယ်တဲ့။အဲဒီရွာကြီးမှာ ကုေဋမ်ားစြာ ႂကြယ္ဝသည့္ သုေဘာဂလို႔ဆိုတဲ့ သူေဌးႀကီးတစ္ဦးလည္း ရွိေသးတယ္။သူေဌးႀကီးဟာ ရေသ့သုံးပါးရဲ႕ ပစၥည္းေလးပါးဒါယကာလည္းျဖစ္တယ္တဲ့။တစ္ေန႕ေတာ့ သူေဌးႀကီးက ရေသ့သုံးဦးထံ ေရာက္သြားၿပီး ဘုရားသခင္ရဲ႕ သလြန္ေတာ္ ဌာပနာထားတဲ့ နဂုတၱမ ေတာင္ထိပ္မွာ ေစတီတည္ဖို႔ ေလွ်ာက္ထားတယ္တဲ့..ဒါေပမယ့္ ဘီလူးညီေနာင္လူဝင္စားျဖစ္ၿပီး ပူးေပါင္းေစတီတည္မွ အထေျမာက္မယ္လို႔ မိန႔္ခဲ့တယ္။သူေဌးႀကီးက ဘီလူးညီေနာင္ကို ရွာေဖြေပမယ့္ မေတြ႕ခဲ့ဘူးေလ ေနာက္ၿပီး...သူေဌးႀကီးမွာ အဆင္းအဂၤါ တင့္တယ္လွပတဲ့ ပုဏၰဝတီလို႔ေခါ်တဲ့ သမီးတစ္ေယာက္ ရွိေသးတယ္။သူေဌးသမီးလည္း လူဝင္စားဘီလူးညီေနာင္တို႔ကိုည႐ြာစဥ္ ေလွ်ာက္ၿပီး ရွာေဖြေပမယ့်လည်း မတေွ့ခဲ့ဖူးတဲ့။မတွေ့တဲ့အဆုံး ျမသားသလြန္ဌပနာထားေသာ နဂုတၱမေတာင္၏ ေတာင္ဖက္ကတစ္ခုေသာ ကုန္းျမင့္ေပၚသို႔ ေရာက္သြားခဲ့တယ္တဲ့။ အဲဒီေတာင္ကုန္းေပၚမွာ အမ်ိဳးမ်ိဳးေသာ ပန္းေတြကို သီကုံးၿပီး ပန္းကုံးတစ္ခု ျပဳလုပ္တယ္ ပန္းကုံးျပဳလုပ္ၿပီးေတာ့ အလိုရွိတဲ့ စာေခြကိုလည္း ေရးသားထားခဲ့တယ္။"ထိုစာေခြကို ပန္းကုံးျဖင့္ရစ္ပတ္ကာ ဘီလူးဝင္စားေသာ လူသားမ်ားသာလွ်င္ ေတြ႕ျမင္နိုင္ပါေစသတည္း"ဟုလည္း သစၥာအဓိ႒ာန္ျပဳၿပီး အဲ့ဒီေတာင္ေပၚမွ ထားခဲ့တယ္တဲ့"

ေနာင္ရိုးေျပာလက္စ စကားအား ခဏရပ္လိုက္သည္။

"ဟုတ္တယ္ ဟိဏ္းခန႔္ရ ခုငါတို႔ထိုင္ေနတဲ့ ဘုရားရင္ျပင္ေတာ္ရဲ႕ ေတာင္ဘက္နားက ေတာင္က ပန္းရစ္ေတာင္ေပါ့"

"ပန္းရစ္ေတာင္ေတာ့ ကြၽန္ေတာ္မေရာက္ဖူးေသးဘူး ကိုထိန္"

"ေနာက္အားမွ ငါတို႔ေတြ အတူတူသြားၾကတာေပါ့ကြာ"

"ဟုတ္ကဲ့..။ဒါနဲ႕ဆက္ပါဦး ကိုထိန္ရ"

"အင္းေစာေစာက ေနာင္ရိုးေျပာျပတဲ့ ပုဏၰဝတီက နဂုတၱမေတာင္ကို တက္ၿပီး ျမသားသလြန္ကို ရွိခိုးပူေဇာ္ၿပီးတဲ့ေနာက္ ေျမာက္ဖက္စူးစူး တစ္မိုင္ခန႔္ ေဝးေသာကုန္းျမင့္တစ္ခုသို႔ ေရာက္တဲ့အခါမွာ ငါ၏လင္ေလာင္းလ်ာ ေဘာေက်ာ္ဆိုသူ လူဝင္စားသည္ ယခုအခါ အဘယ္အရပ္တြင္ ရွိလိမ့္မည္နည္းဟု ေမွ်ာ္မွန္းေတာင့္တခဲ့သတဲ့"

"အင္း အဆက္စပ္ေတာ့ရွိလာၿပီ..ဒါဆို ပုဏၰဝတီေရာက္သြားတဲ့ ေနာက္ေနရာတစ္ခုက ဝါးေတာေခ်ာင္း႐ြာ ေျမာက္ဘက္မွာရွိတဲ့ ေ႐ႊလင္ေမွ်ာ္ဘုရားလား ကိုထိန္"

"ေအးဟုတ္တယ္ကြ...မင္းေရာက္ဖူးလား"

"အင္း တစ္ခါေတာ့ ေရာက္ဖူးတယ္။ ဘုရားနာမည္ဆန္းဆန္းေၾကာင့္ စူးစမ္းလိုစိတ္ေၾကာင့္ ေရာက္ခဲ့ရတယ္ေပါ့ဗ်ာ...ဟဲ ဟဲ"

ရယ္က်ယ္က်ယ္ေျပာလာသည့္ မင္းဟိဏ္းခန႔္စကားေၾကာင့္ ထိန္လင္းေရာ ေနာင္ရိုးပါ သေဘာက်စြာျဖင့္ အတူရယ္မိေလသည္။

ထိန္လင္း ေမာသြားဟန္ျဖင့္ ေရဘူးေလးဖြင့္ကာ ေမာ့ခ်လိဳက္ေလသည္။ၿပီးေနာက္

"လူဝင္စားမ်ားျဖစ္လာၾကတဲ့ ေဘာေသာ၊ ေဘာေက်ာ္ ဘီလူးညီေနာင္ဟာ အ႐ြယ္ေရာက္လာၾကတဲ့အခါ ကုန္သည္ဘဝနဲ႕ ရေသ့ႀကီးသုံးဦးထံ ေရာက္လာၾကၿပီးေနာက္ ျမသလြန္ဌာပနာရာျဖစ္တဲ့ နဂုတၱမ ေတာင္ထိပ္သို႔ အသြားမွာ ေတာင္ဖက္ကုန္းျမင့္ကို ေရာက္ခဲ့ၾကတယ္တဲ့။အဲဒီကုန္းထက္မွာ ပုဏၰဝတီအဓိ႒ာန္ျပဳခဲ့သည့္ ပန္းကုံးရစ္ပတ္ထားတဲ့ စာေခြကို ေတြ႕ၿပီးဖတ္ရႈၾကည့္သျဖင့္ အေၾကာင္းစုံသိရွိသြားၾကတယ္တဲ့ ။အဲဒီေနာက္ သလြန္ေတာ္ကို ဖူးၿပီး...ပုဏၰဝတီရွိရာ ႐ြာသို႔သြားခဲ့ၾကတယ္။ သူေဌးႀကီးလည္း အႏွစ္ႏွစ္က ေတာင့္တေစာင့္ေမွ်ာ္ေနရေသာ ေဘာေသာ၊ေဘာေက်ာ္ လူဝင္စားညီေနာင္တို႔ကို ေတြ႕ရတဲ့အခါ ဝမ္းသာသြားတာေပါ့"

"ဘုရားတည္ခြင့္ရသြားတဲ့ သေဘာပဲေပါ့"

"အင္း ဒါေပါ့။ရေသ့ကြီးေတွဆီက စကားကိုနာခံၿပီး သူေဌးႀကီးနဲ႕ ဘီလူးညီေနာင္တို႔က ျမသလြန္ဘုရားကို တည္လိုက္ၾကသတဲ့..။သူေဌးႀကီးက ညီေတာ္ေဘာေသာကို ေ႐ႊသားႏြားဝန္တစ္တင္း၊ ေငြသားႏြားဝန္တစ္တင္း တင္ေဆာင္ေစၿပီး ျပန္လႊတ္လိုက္တယ္။ေနာင္ေတာ္ ေဘာေက်ာ္ကိုေတာ့ သမီးေတာ္ႏွင့္ ထိမ္းျမားေပးလိုက္သတဲ့"

"ျမသလြန္ဘုရားမွာ ဘီလူးႀကီးၿပဳံးေနတယ္ဆိုတာကေရာ ကိုထိန္ ဘယ္ကိုဆိုလိုတာလဲ"

"အင္း ဒါကေတာ့ ဘုရားတည္ေနစဥ္အခ်ိန္အတြင္းမွာ ဘဝေဟာင္းက ေဆြေတာ္မ်ိဳးေတာ္ဘီလူးအေပါင္းတို႔ဟာ ဝိုင္းဝန္းၿပီးတည္ေပးၾကတယ္တဲ့။ေဘာေက်ာ္က ပီတိေထာပနာျဖစ္ၿပီး ေသာတပန္တည္သြားခဲ့တယ္တဲ့။ေသာတပန္ၿပီးေနာက္ ၇ ဘဝ ေျမာက္ရင္ အမွန္ဧကန္နိဗၺာန္စံဝင္ရမယ္ဆိုတာကိုသိရွိသြားၿပီး ဝမ္းသာလြန္းတဲ့စိတ္ေၾကာင့္ ၿပဳံးရယ္မိခဲ့တယ္လို႔ဆိုတယ္ကြ။ ျမသလြန္ေစတီေတာ္ႀကီးရဲ႕ အလယ္ေဖာင္းရစ္ေနရာမွာ ဘီလူးေခါင္း ၂၁ ေခါင္း ထည့္သြင္း ထုလုပ္ေစခဲ့သည့္အခါ ေသာၾကာနဲ႕ တနဂၤႏြေ ေထာင့္ၾကားမွာရွိတဲ့ ဘီလူးေခါင္းဟာ ေဘာေက်ာ္ၿပဳံးရယ္ေနတဲ့ပုံျဖစ္တယ္လို႔ဆိုၾကတယ္ကြ"

"ၿပဳံးရယ္ေနပုံ တမင္သက္သက္ထုလုပ္ခဲ့ၾကတာလား"

"ကိုခန႔္က မင္းကေလ ေစ့ေစ့ေပါက္ေပါက္ေမးေတာ့မယ္..။ဘီလူးႀကီးၿပဳံးရယ္ေနတဲ့ပုံကို ပန္းရံဆရာေတြက အမ်ိဳးမ်ိဳးျပဳျပင္ခဲ့ေပမယ့္ မရေတာ့လို႔ ထားလိုက္ရတာတဲ့"

"သမိုင္းေၾကာင္းေတြဆိုတာ စိတ္ဝင္စရာေကာင္းၿပီး ေဖ်ာက္ဖ်က္လို႔မရတဲ့အရာေတြပဲေနာ္"

"ဒါေပါ့ကြာ။ဒါေၾကာင့္ ဆရာႀကီးေဒါက္တာသန္းထြန္းက သမိုင္းသင္တာ မအ ေအာင္လို႔လို႔ ေျပာခဲ့တာေပါ့ ဟိဏ္းခန႔္ရ"

ဘုရားရင္ျပင္ေပၚမွ လွမ္းျမင္ေနရသည့္ မိခင္ဧရာဝတီျမစ္ႀကီးသည္ တာဝန္ေက်ပြန္စြာျဖင့္ တသြင္သြင္ စီးဆင္းေနသည္။ေရလုပ္သား တစ္ခ်ိဳ႕၏ စက္ေလွေမာင္းသံ တဒုတ္ဒုတ္အား တစ္ခ်က္တစ္ခ်က္ ၾကားရျပန္ေသးသည္။

ျမစ္ကမ္းစပ္ရွိေသာင္ထြန္းေနသည့္ သဲခုံေပၚတြင္ တည္ထားသည့္ အေၾကာ္တဲေလးမ်ား ဟိုတစ္စု ဒီတစ္စု....။ေသာင္ထြန္းေနသည့္ သဲခုံကေလးေပၚတြင္ စိုက္ပ်ိဳးထားသည့္ သီးႏွံစိုက္ခင္းကေလးမ်ားမွာ စိမ္းစိမ္းစိုေနသည္။

ဘုရားရင္ျပင္ေတာ္မွ တစ္ဆင့္ ဧရာဝတီျမစ္၏ တစ္ဖက္ကမ္းတြင္ ခပ္ေရးေရးလွမ္းျမင္ေနရသည့္ မင္းဘူးမွ စကၠန္းတဲဘုရားအား စိတ္မွန္းျဖင့္ လွမ္းကန္ေတာ့မိၾကေလသည္။

သူတို႔သုံးေယာက္ ဘုရားရင္ျပင္မွ ေဘးဘီဝဲယာေလွ်ာက္ၾကည့္ရင္း အရိပ္ရသည့္ေနရာတစ္ခုေအာက္တြင္ ေခတၱမွ် ေနခိုၿပီးေနာက္ ဘုရားေပၚမွ ဆင္းလာခဲ့ၾကေလသည္။

ရပ္တန႔္ထားခဲ့သည့္ ဆိုင္ကယ္ေတြဆီေရာက္ေတာ့ ေနမင္းႀကီး ပုစြန္ဆီေရာင္သမ္းကာ အေနာက္ဘက္ယြန္းယြန္းသို႔ တေ႐ြ႕ေ႐ြ႕ႏွင့္ ထြက္ခြါေနေလၿပီ.....။

သူရိန္ေနမင္းႀကီးသည္ မၾကာခင္ ကြၽန္ေတာ္တို႔ေနထိုင္ရာ ကမၻာေလာကႀကီးအား ႏႈတ္ဆက္၍ ေပ်ာက္ကြယ္သြားေတာ့မည္ျဖစ္သည္။

************

ဒီေန႕လည္း အတန္းလည္းမရွိတာမို႔ မနက္ျဖန္႐ြာျပန္မည့္ ေနာင္ရိုးသစ္အတြက္ လိုအပ္သည့္ သင္ေထာက္ကူပစၥည္းမ်ားဝယ္ရန္ လိုက္ပို႔ရေလသည္။

ကိုထိန္က ေက်ာင္းသားသမဂၢအစည္းအေဝးရွိတာမို႔ မအားတာေကြာင့်
ကြၽန္ေတာ္ႏွင့္ ေနာင္ရိုး ႏွစ္ေယာက္တည္းသာ..။သူငယ္ခ်င္းမိတ္ေဆြေတြအေနနဲ့သာ ရွိသြားၾကမွာဆိုေပမယ့္ လိုအပ္ခ်ိန္တိုင္း ကိုယ့္ကို သတိရေနတာကပင္ ဝမ္းေျမာက္စရာပင္။

ဆိုင္ကယ္ေလးအား ခပ္ျဖည္းျဖည္းေမာင္းရင္း ၿမိဳ႕ထဲသို႔ ထြက္လာခဲ့သည္။

"ကိုခန႔္"

"အင္းေျပာေလ ေနာင္ရိုး"

"ေက်းဇူးတင္ပါတယ္ေနာ္"

"ဟာ ေနာင္ရိုးက သူစိမ္းဆန္ေနျပန္ပါၿပီ ကြၽန္ေတာ္တို႔က အင္း သူငယ္ခ်င္းေတြေလ ဘာအားနာစရာလိုလို႔လဲ ေနာင္ရိုးရ"

"အင္း ေဆာရီး ကိုခန႔္.."

ဟုတ္တယ္ ကြၽန္ေတာ္တို႔က ထာဝရသူငယ္ခ်င္းပဲေပါ့ ေနာင္ရိုးရာ...။မင္း လိုတဲ့အခ်ိန္တိုင္းက ငါက အၿမဲရွိေနမွာ မင္းသိလား ေနာင္ရိုး။မင္းမခ်စ္ခ်စ္၊ခ်စ္ခ်စ္ ကြၽန္ေတာ္ကေတာ့ ခ်စ္ေနဦးမယ္...။

ကိုယ္ျမတ္နိုးရတဲ့ ပန္းပြင့္ကေလးက ကိုယ့္ဆီေရာက္မလာခ်င္ေသာအခါ ကိုယ့္မွာ ပန္းပြင့္ေလး လွပေနဖို႔ထက္ ဘာမွစြမ္းေဆာင္ခြင့္မရွိ။

ၿမိဳ႕ထဲေရာက္သည္ႏွင့္ ဝယ္ရသည့္ ပစၥည္းက အေတာ္မ်ားသည္။႐ြာက မိသားစုမ်ားအတြက္ မုန႔္ပဲသေရစာမ်ားလည္းပါသည္။စာသင္ရန္ လြယ္ကူမည့္ သင္ေထာက္ကူပစၥည္းမ်ား၊ ကေလးငယ္မ်ားအတြက္ ေက်ာက္သင္ပုန္းႏွင့္ ေက်ာက္တံမ်ားျဖင့္ေနာင္ရိုးသစ္လက္ထဲတြင္ ပစၥည္းမ်ား ျပည့္ႏွက္ေနေတာ့သည္။

ပစၥည္းမ်ား စိတ္ႀကိဳက္ဝယ္ၿပီးသည္ႏွင့္

"ကိုခန႔္"

"ခင္ဗ်ာ"

"ငါတို႔ တစ္ခုခုဝင္စားၾကမလား.."

"အင္း ေနာင္ရိုး စားခ်င္ရင္ စားမယ္ေလ.."

"လမ္းေဘးက ဆိုင္းထမ္းသည္ေတြဆီမွာ စားခ်င္တယ္"

"ဒါဆိုလည္း ဆိုင္ကယ္ေပၚတက္ေလ အလာတုန္းက အေရွ႕နားမွာ ဆိုင္းထမ္းသည္ေတြ႕ခဲ့တယ္"

"ဟုတ္လား"

"အင္း"

"ဒါဆို သြားမယ္ေလ"

ဆ်ိုင်ကယ်၏ အေနာက္ကယ္ရီယာခုံေပၚသို႔ ေနာင္ရိုးေရာက္သည္ႏွင့္ မင္းဟိဏ္းခန႔္ ဆိုင္ကယ္ေလးအား အသာအယာႏွိုးရင္း ေမာင္းထြက္လာခဲ့ေလသည္။

"ကိုခန႔္ ဟိုမွာ"

ေနာင္ရိုးလက္ညိုးထိုးျပသည့္ ေရွ႕တူရႈသို႔ ၾကည့္မိေတာ့ ဆိုင္းထမ္းသည္တစ္ေယာက္ေတြ႕ရေလသည္။

ဆိုင္းထမ္းကိုျမင္၍ ဝမ္းသာအားရေျပာေနသည့္ ေနာင္ရိုးကို ဆိုင္ကယ္Backမွန္မွတစ္ဆင့္ ခိုးၾကည့္ရင္း ၿပဳံးမိေလသည္။

သူတို႔ဆိုင္ကယ္ေလးႏွင့္ ဆန႔္က်င္ဘက္လမ္းမွာ ရွိေနသည့္ ဆိုင္းထမ္းသည္ဆီသို႔ ဆိုင္ကယ္ေလးေကြ႕မည္အျပဳ

"ကိုခန႔္ လမ္းေကြ႕ကစက္ဘီး"

အေနာက္မွ အလန႔္တၾကားေအာ္လာသည့္ ေနာင္ရိုးေၾကာင့္ လူကေျခမကိုင္ လက္မကိုင္ျဖစ္ကာ ႐ုတ္တရက္ဝင္လာသည့္ စက္ဘီးအား ေရွာင္ရင္း ဘရိတ္မအုပ္မိေတာ့ပဲ ဆိုင္ကယ္ႏွင့္လူပါ လုံးေထြးကာ လဲသြားေလသည္။

ဆိုင္ကယ္ႏွင့္လူပါ ေရာကာ ပစ္လဲက်ေလသည္။ လက္ထဲမွာ ပစၥည္းမ်ားမွာလည္း ေျမေပၚျပန႔္က်ဲေနေလသည္။

"ေနာင္ ေနာင္ရိုး ဘာျဖစ္သြားေသးလဲ ေဆာ ေဆာရီး"

လဲက်ေနသည့္ ေနာင္ရိုး၏ လက္ကေလးအား ဆြဲထူရင္း အနားမွာ ျပန႔္ႀကဲေနသည့္ ပစၥည္းမ်ားအား ေကာက္ယူရေလသည္။

"ဘာျဖစ္သြားေသးလဲ ေနာင္ရိုး ကြၽန္ေတာ္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္.."

"စိတ္မပူပါနဲ႕ ငါဘာမွမျဖစ္ဘူး ကိုခန႔္"

ခပ္ၿပဳံးၿပဳံးျဖင့္ ေျပာလာသည့္ ေနာင္ရိုးမ်က္ႏွာေလးကို ၾကည့္ရေသာ္လည္း စိတ္ကမခ်မ္းေျမ့နိုင္။တံေတာင္ဆစ္ဆီမွ ထြက္က်လာသည့္ ေသြးစေလးမ်ားအတြက္ ထူပူေနမိသည္။

"ေနာင္ရိုး မင္း လက္မွာေသြးေတြ"

"ဟင့္အင္း ဘာမွမျဖစ္ပါဘူး အဆာင္က်မွ ေဆးထည့္ေတာ့မယ္"

"တကယ္ေရာ ရရဲ႕လား"

"အင္း လာသြားမယ္။ဆိုင္းထမ္းသည္ဆီ ေရာက္ရင္း အနာကအလိုလိုသက္သာသြားလိမ့္မယ္..."

"ကြၽန္ေတာ့္ေၾကာင့္နဲ႕ ေနာင္ရိုးလက္မွာ အမာ႐ြတ္က်န္ေနခဲ့ေတာ့မယ္.."

"အင္း တံေတာင္ဆစ္က အမာ႐ြက္စမ္းမိတိုင္း မင္းကိုသတိရေနေတာ့မွာပဲ"

"ကြၽန္ေတာ္.."

ဘာမွမျဖစ္ပါဘူးဆိုကြာဟု ထပ္ခါတလဲလဲေျပာလာသည့္ ေနာင္ရိုးႏွင့္အတူ ဆိုင္ကယ္ေလးအား တြန္းရင္း ဆိုင္းထမ္းသည္ဆီသို႔ ေရာက္သြားေလသည္။

"မင္း ဘာစားမလဲ ကိုခန႔္"

"ကြၽန္ေတာ္ ေနာင္ရိုးစားတာပဲ စားမယ္ေလ"

"ဒါဆို တို႔ဟူးသုပ္ႏွစ္ပြဲေပးပါေနာ္ ဦးေလး"

ဆိုင္းထမ္းသည္ဆီမွ ခုံပုေလးမ်ားယူကာ ထိုင္ရင္းမွပင္....

"ထိန္လင္းပါလာရင္ သိပ္ေကာင္းမွာပဲ"ဟု ခပ္တိုးတိုးေျပာလာသည့္ ေနာင္ရိုးေၾကာင့္ သူ ရင္ထဲမခ်ိလွစြာျဖင့္ ၿပဳံးမိေလသည္။

ခဗ်ား ခ်စ္ေနရတဲ့သူဆိုတာ ခဗ်ားမေျပာျပေပမယ့္ ကြၽန္ေတာ္သိေနၿပီးသားပါ ေနာင္ရိုးရာ..။

စိတ္ခ်ပါ။
ကြၽန္ေတာ္ျမတ္နိုးရတဲ့ပန္းကေလးကို သူသက္ဆင္းခ်င္တဲ့ လက္ထဲေရာက္ေအာင္ ကြၽန္ေတာ္ကျဖည့္ဆည္းေပးဦးမွာ....။

ခဗ်ားေျပာခဲ့ဖူးသလိုပါပဲ..
အခ်စ္ဆိုတာ ကိုယ္က ခ်စ္ေနဖို႔ပဲလိုတာေလ..။

_Feedbackေလးေတြ ျပန္လိုခ်င္လို႔ပါ။
ဖတ္ၿပီးရင္ ကြၽန္ေတာ့္အတြက္ feedbackေလးေတြ ေပးၾကပါဦးခင္ဗ်ာ။

Continue Reading

You'll Also Like

318K 31.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
38.6K 7K 106
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
278K 16.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"