Before I Fall You[Completed]
By phyoewintwah
24.9K 1.3K 152
အပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက တရားမျှတမှုရှိတဲ့ အလျော်အစ... More
အပိုင်း(၁)ရပ်တန့်သွားသောတစ်စက္ကန့်
အပိုင်း(၂)မင်းဂုဏ်ယူသင့်တယ်
အပိုင်း(၃)ခြင်္သေ့ဂူထဲရောက်သွားတဲ့မြေခွေး🚨
အပိုင်း(၄)ငါတော့ချစ်မိသွားပြီထင်တယ်
အပိုင်း(၅)ငါကအထက်ကလူ(ငါကအထက္ကလူ)
အပိုင်း(၆)ကိုကို🚨
အပိုင်း(၇) ကိုယ်မင်းကိုချစ်တယ်(ကိုယ္မင္းကိုခ်စ္တယ္)
အပိုင်း(၈)အကယ်ဒမီရှော့(အကယ္ဒမီေရွာ့)
အပိုင်း(၉)သရုပ်မှန်(သ႐ုပ္မွန္)-၁
အပိုင်း(၁၀)အတိတ်၏အပိုင်းအစများ/အတိတ္၏အပိုင္းအစမ်ား
အပိုင်း(၁၁)လူသတ်သမား(လူသတ္သမား)
အပိုင်း(၁၂)နောက်ဆုံးသောအသက်ကယ်ဆေး
အပိုင်း(၁၃)တန်ပြန်ဝဋ်/တန်ပြန်ဝဋ်
အပိုင်း(၁၄)ကြား သုံး ကြား/ၾကား သုံး ၾကား
အပိုင်း(၁၆)phone call
အပိုင်း(၁၇)ရှာလကာရည်မှောက်ခြင်းနှင့် လွတ်သွားသောမြေခွေး
အပိုင်း(၁၈)စပရိုက်
အပိုင်း(၁၉)အတွေးနက်နက်ထဲက ခပ်ဖျော့ဖျော့ သံစဥ်လေးတစ်ခု-၁
အပိုင်း(၂၀)အတွေးနက်နက်ထဲက ခပ်ဖျော့ဖျော့သံစဥ်လေးတစ်ခု-၂
အပိုင်း(၂၁)နောက်ကျောဘက်မှဓါး
အပိုင်း(၂၂)တစ်စက္ကန့်စာ လေပြေလေး
အပိုင်း(၂၃)နေအဂ္ဂါကို လွှတ်ပေးပါ
ဝန်ခံချက်/ဝန္ခံခ်က္
အပိုင်း(၂၄)နေအဂ္ဂါက မိဘမဲ့
အပိုင်း(၂၅)အသဲကွဲနေတဲ့ ဂေးတစ်ယောက်
အပိုင်း(၂၆)ဇာတိမြေသို့ပြန်ခြင်း
အပိုင်း(၂၈)လမိုက်ညတွေမကုန်သေးဘူး
အပိုင်း(၂၉)ယုံကြည်မှုတွေက သေဆုံးသွားခဲ့ပြီးပြီ
အပိုင်း(၃၀)ကိုယ့်ကိုယ်ကို ရှက်ရွံ့မိခြင်း
အပိုင်း(၃၁)အလှလေးအားရှာဖွေခြင်း
အပိုင်း(၃၂)အလှလေးအား ကယ်တင်ခြင်း
အပိုင်း(၃၃)နောင်တ
အပိုင်း(၃၄)သမက်ကိုသူခိုးထင်
အပိုင်း(၃၅)မင်းက ငါ့အတွက်တန်ဖိုးအရှိဆုံး လူသားလေးပါ
အပိုင်း(၃၆)အစ်ကို...မင်းကဟိုဟာဖြစ်နေတယ်
အပိုင်း(၃၇)အလှလေးအား စားသုံးခြင်း
အပိုင်း (၃၈)Trauma
အပိုင်း(၃၉)
အပိုင်း(၄၀)🚍
အပိုင်း(၄၁)ကြိုတင်ကြံစည်ခြင်း
Extra-နေရောင်ခြည်ကောင်လေး
အပိုင်း(၂၇)သရုပ်မှန်-၂
486 29 6
By phyoewintwah
ဘီယာဘူးခွံတွေ အရက်ပုလင်းခွံတွေနဲ့ပြည့်နှက်နေတဲ့ အိပ်ခန်းကျယ်ကြီးက မသိရင်စွန့်ပစ်ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်ပျက်ကြီးတစ်ခုလိုပဲ အရက်ပုလင်းခွံတွေကြားထဲမှာတော့ အတော်လေးစိတ်ရှုပ်ထွေးနေပုံရတဲ့လူတစ်ယောက်က ဒူးခေါင်းနဲ့မျက်နှာကိုအပ်ပြီး ကျူံ့ကျူံ့လေးထိုင်နေတယ်။
ညဏ်းဧကရာဇ် အိပ်မရဖြစ်ခဲ့တာ ဒီနေ့နဲ့ဆို တစ်ပတ်ကျော်ကျော်လောက်ရှိခဲ့ပြီ နေအဂ္ဂါသူ့ကိုစွန့်ပစ်သွားခဲ့တာလည်း မကြာခင်မှာတစ်လဆိုတဲ့အချိန်ကိုရောက်လာတော့မည်။ နေအဂ္ဂါတစ်နေ့နေ့သူ့ဆီပြန်လာမှာပဲဆိုတဲ့အတွေးနဲ့ သူ့အိမ်တံခါးကိုဘဲလ်သွားတီးရတာလဲ သူ့ရဲ့နေ့စဥ်အလုပ်တစ်ခုလိုဖြစ်နေပြီ။ သူ့စိတ်ဓာတ်တွေကိုရိုက်ချိူးပစ်မဲ့ အဲ့ဒီ့နေ့မရောက်လာခင်အထိပေါ့။
တစ်နေ့ သူနေအဂ္ဂါ အိမ်ရှေ့မှာ ထုံးစံအတိုင်းဘဲလ်တီးခဲ့တယ် မထင်မှတ်ထားလောက်အောင် တံခါးကပွင့်လာခဲ့ပြီး တံခါးနောက်ကွယ်မှာရှိနေတဲ့ လူကတော့ နေအဂ္ဂါ မဟုတ်ပါပဲ သူ့ကိုမျက်လုံးရွဲကြီးတွေနဲ့ ငေးကြည့်နေတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်။ သူ့စိတ်ထဲ အချက်ပြသံတွေဝုန်းဒိုင်းကျဲပြီးတဲ့နောက်မှာတော့ နေအဂ္ဂါဒီအိမ်ကိုရောင်းသွားပြီဆိုတာ သဘောပေါက်လိုက်တယ်။ အဲ့ဒါကပဲ နေအဂ္ဂါဘယ်တော့မှသူ့ဆီပြန်မလာတော့ဘူးဆိုတာသေချာသွားခဲ့သလို နေအဂ္ဂါသူ့ကိုဘယ်လောက်တောင် စိတ်နာသွားခဲ့သလဲဆိုတာ တွေးမိရုံနဲ့သိသာတယ်။
နေအဂ္ဂါသူ့နားမှာမရှိတော့ဘူးဆိုတဲ့အတွေးက သူ့ခန္ဓာကိုယ်ကို ဘယ်ကမှန်းမသိတဲ့ အရိပ်လိုလက်မဲတွေက ချောက်ကမ်းပါးတစ်ခုထဲကိုတွန်းပို့နေသလိုကြောက်ရွံ့ဖွယ်အတိနဲ့။ ကြောက်ရွံ့လွန်းလို့ အိပ်မရတဲ့ညဆိုးတွေက သူ့ခန္ဓာကိုယ်ကို အနိုင်ယူသွားခဲ့တယ်ထင်တယ် သူတို့နှစ်​ယောက်ရဲ့ညစ်ထွေးမှုတွေနဲ့ တစ်ခါတစ်ရံ ကြည်နူးဆွတ်ပျံ့ဖွယ်အခိုက်အတန့်လေးတွေ နေအဂ္ဂါရဲ့ခပ်ထေ့ထေ့ရယ်သံလေးတွေနဲ့ ဒေါသဖြစ်လွန်းလို့ မိုးမွှန်အောင်ဆဲရေးသံလေးတွေ ကောင်းကောင်းဆိုးဆိုးအမှတ်တရတွေအားလုံးက ဒီအိမ်ထဲမှာပဲဖြစ်တည်ခဲ့တာမို့ သူ့အတွက်ဒီအိမ်ကိုစွန့်လွှတ်ဖို့ခက်ခဲတယ်။ အဲ့ဒါ​ကြောင့်ပဲ နည်းမျိူးစုံသုံးပြီး မနည်းပြန်ရအောင်ဝယ်ထားခဲ့ရတယ်။
ဒီရက်ပိုင်း ထွဋ်ခေါင်ဆီသွားတွေ့မိတာလဲ အခါတစ်ရာမကတော့။ အနေအေးတဲ့ထွဋ်ခေါင်မိဘတွေနဲ့တောင် အနည်းငယ်လေးခေါ်ခေါ်ပြောပြောဖြစ်လာပြီ။ ထွဋ်ခေါင်ကတော့" ဘူးတစ်လုံးဆောင်အိုတောင်မဆင်းရဲ"ဆိုတဲ့စကားကိုများ လက်ကိုင်ထားသလားအောင်းမေ့ရအောင် သူဘာမေးမေးဘူးခံပြီးငြင်းတာနဲ့ပဲအဆုံးသတ်တာပဲ။ ကြာတော့လဲ ထွဋ်ခေါင်ကိုမေးမဲ့အစား ကျားဖင်ပြေးနှိုက်တာမှ တော်ကာကြဦးမည်လို့တွေ့မိပြီး သူ့အားသူကိုးပြီးသာ စုံစမ်းရတော့တယ်။ သူ့အမေနဲ့ စစ်အေးတိုက်ပွဲကျင်းပနေတာလည်း အခုအချိန်ထိမ​ပြီးဆုံးသေး။ တစ်နေ့ သူ့ဒယ်ဒီကသူ့အခန်းထဲဝင်လာပြီး သူ့ကိုသတိပေးခဲ့တယ် "မင်းမာမီကိုနားလည်ပေးလိုက်ပါ"တဲ့​လေ။
အဲ့ဒီ့နေ့ကထုံးစံအတိုင်း သူအလုပ်မသွားပဲ အောက်ထပ်ကိုလည်း ထမင်းဆင်းမစား​​ဖြစ်ဘူး။
မတိုင်ခင်ညကမူးပြဲနေအောင်သောက်ထားတဲ့အရှိန်ကြောင့် သူ့အသိညဏ်တွေက နဝေတိန်တောင်ဖြစ်နေချိန် တံခါးခေါက်သံ နှစ်ချက်ပေးပြီး သူ့ဒယ်ဒီသူ့အခန်းထဲကိုဝင်လာခဲ့တယ်
"သား....ဒယ်ဒီပြောတဲ့စကားကိုနားထောင်ပြီးရင်တော့ မင်းမာမီကိုမုန်းသင့်မမုန်းသင့်စဥ်းစားပေါ့"
သူ့ဒယ်ဒီက သူ့ကုတင်ရဲ့ အစွန်းပိုင်းမှာထိုင်နေပြီး သူကတော့ အိပ်ယာပေါ်ကထထိုင်ဖို့ရန်တောင် စိတ်မပါတာကြောင့် သူ့အဖေကို ကျောပေးပြီးတော့သာ လှဲအိပ်နေလိုက်တယ်။
"ဟိုးအရင်တုန်းက.. သားမမွေးခင်တုန်းကပေါ့ သားမာမီမှာသူ့ထက်ဆယ်နှစ်ကြီးတဲ့အစ်ကိုတစ်ယောက်ရှိခဲ့ဖူးတယ် သူ့နာမည်က မင်းဒီပါတဲ့ သူကသားလိုပဲ အတန်းထဲမှာဆိုလည်းအမြဲတမ်းပထမ ကျောင်းမှာဆိုလည်း မိန်းကလေးတွေ
အသဲစွဲ ပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့ မိဘတွေနဲ့ညီမလေးကိုလည်း အရမ်းသိတက်ပြီး အရမ်းကြင်နာနွေးထွေးတဲ့လူတစ်ယောက်ပေါ့ သားမာမီကိုလည်း အရမ်းချစ်ပြီးအရမ်းဂရုစိုက်ခဲ့တာ အဲ့ဒီ့အချိန်တုန်းက ဒယ်ဒီတို့ရဲ့ကောင်းကင်ဘုံ ကော်ပရေးရှင်းကြီးက တော်တော်လေးကိုအခြေယိုင်နဲ့နေပြီ ဒယ်ဒီလည်းကျောင်းတက်နေတုန်းအချိန်မို့သိပ်မသိပေမဲ့ သားအဖိုးကဒါရိုက်တာအဖွဲ့ဝင်ဆိုတော့ ဒယ်ဒီသဲ့သဲ့လေးကြားမိတာပေါ့ သားဦးလေးက အသက်နှစ်ဆယ်စွန်းစွန်းလောက်မှာပဲ ဒီလုပ်ငန်းကိုဦးစီးခဲ့တယ် သူဦးဆောင်တဲ့အချိန်ကစပြီး ဒီလုပ်ငန်းကြီးက တဖြေးဖြေးနဲ့နယ်ပယ်ကျယ်ပျံ့လာတယ် ဆယ်နှစ်ကျော်အ​တောအတွင်းမှာ ဘယ်သူမှလိုက်မမှီတော့တဲ့အခြေအနေတစ်ခုကိုရောက်ခဲ့တယ် အဲ့ဒီ့အချိန်မှာ သားမာမီနဲ့ဒယ်ဒီကလပ်ထပ်ပြီးပြီ အစပိုင်းတော့ မင်းဦးလေးကဒယ်ဒီ့ကိုတဖြေးဖြေး အလုပ်ထဲခေါ်သွင်းတယ် စိတ်ချရပြီလို့ထင်တဲ့အချိန်မှာ ဒီလုပ်ငန်းကြီးတစ်ခုလုံးကို ဒယ်ဒီ့လက်ထဲကိုလွှဲပြောင်းပေးခဲ့တယ် သူကတော့ သူ့ဝါသနာပါရာနောက်ကိုလိုက်မယ်ပေါ့ ဒါ​ပေမဲ့မင်းမာမီရဲ့ ဖေဖေနဲ့မေမေကလက်မခံချင်ခဲ့ဘူး သူတို့တွေကမင်းဦးလေးကိုပဲဒီလုပ်ငန်းကို ဦးဆောင်စေချင်တယ် နောက်ပိုင်းတော့ သူ့ကိုမိန်းမတစ်ယောက်ပေးစားပြီး ခြေငြိမ်အောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ မင်းဦးလေးကိုအတင်းကာရော လပ်ထပ်ဖို့စေခိုင်းကြတယ် အစ်ကိုမင်းဒီပါကလက်မခံတဲ့အပြင် သူ့ကိုယ်သူဂေးဖြစ်ကြောင်း သူ့မိဘတွေရှေ့မှာဒူးထောက်ပြီးဝန်ခံခဲ့တယ်"
ဂေးဆိုတဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့ ညဏ်းဧကရာဇ်က ခပ်ဖွဖွမှိတ်ထားတဲ့ သူ့မျက်လုံးတွေကို ဖွင့်ကြည့်မိတယ်။
သူ့အဖေက ဆက်ပြောလာတယ်။
"ဒါပေမဲ့ မင်းအဖိုးနဲ့အဖွားကလက်မခံဘူး မင်းဦးလေးကိုအိမ်ပေါ်ကနှင်ချပြီး နောက်တစ်နေ့မှာ သားအဖြစ်မှအမွေပျက်စွန့်ခြင်းဆိုတဲ့ခေါင်းစဥ်နဲ့ မင်းဦးလေးနာမည်ပါလာခဲ့တယ် အဲ့ဒီ့ကစပြီးမင်းဦးလေးကို အရိပ်အယောင်လေးတောင်ရှာမတွေ့တော့တာပဲ သားကိုမွေးပြီး သုံးနှစ်အကြာမှာ မင်းဦးလေးက ကလေးတစ်ယောက်ကိုလက်ဆွဲပြီးသူ့မိဘတွေအိမ်ကို ရောက်လာတယ် အဲ့ဒီ့ကလေးကသူ့သားဆိုတဲ့ခေါင်းစဥ်တစ်ခုနဲ့ ကလေးကိုအသိအမှတ်ပြုပေးဖို့ပေါ့ ထုံးစံအတိုင်းပဲ မင်းအဖိုးနဲ့အဖွားကလက်မခံပြန်ဘူး အဲ့ကလေးကိုထားခဲ့ပြီး သူတို့ဆီကိုပြန်လာရင် လက်ခံမယ်ဆိုတဲ့အကြောင်းပြောလာတယ် မင်းဦးလေးကမလုပ်ခဲ့ဘူး သူဒီကလေးကိုဘယ်တော့မှစွန့်လွှတ်မှာမဟုတ်ကြောင်း အဲ့ဒီ့အစားဒီမိသားစုနဲ့သူနဲ့ဘာမှမသက်ဆိုင်တော့ဘူးဆိုတဲ့အကြောင်း ​ပြောပြီးပြီးချင်းအိမ်ထဲကနေလှည့်ထွက်သွားတာပဲ"
"အဲဒီ့ကလေးက ဘယ်သူလဲသားသိလား... "
ညဏ်းဧကရာဇ် နည်းနည်းတော့စိတ်ဝင်စားမိပေမဲ့ အရင်အတိုင်း စိတ်မဝင်စားယောင်ဆောင်ပြီး သူ့အဖေကိုကျောခိုင်းထားလိုက်တယ်။ အဲ့ဒါကလည်း သိပ်ကြာရှည်မခံပါဘူး သူ့အဖေဆီက "နေအဂ္ဂါ"ဆိုတဲ့နာမည်ထွက်မလာခင်အထိပေါ့ သူစိတ်လှုပ်ရှားလွန်းလို့ အိပ်နေရာကနေဝုန်းခနဲထထိုင်ရင်း သူ့အဖေကိုစိတ်ဝင်တစားအကြည့်တွေနဲ့ကြည့်တော့ သူ့အဖေဆီက တဟားဟားအော်ရယ်တဲ့ တုန့်ပြန်သံတွေကိုရရှိလိုက်တယ်
"ဘာဖြစ်သွားလဲ.... "
သူမရဲတရဲမေးမိတော့ သူ့အဖေက သူ့ရယ်သံတွေကို မနည်းအဆုံးသတ်လိုက်ပြီး လေးတိလေးကန်ပြောလာတယ်
"အင်း....သိပ်မကြာဘူး မင်းဦးလေး ဒါရိုက်တာအဖြစ်နဲ့ပွဲဦးထွက်တဲ့ရုပ်ရှင်က တရှိန်ထိုးအောင်မြင်လာတယ် ငါးနှစ်လောက်ကြာတော့ မင်းအဖွားကနေမကောင်းဖြစ်တယ် ဒယ်ဒီကလည်းအလုပ်ကိစ္စနဲ့နိုင်ငံခြားရောက်နေတဲ့အချိန်ဆိုတော့ မင်းမာမီကိုယ်တိုင် မင်းဦးလေးကိုခေါ်ဖို့ သူရိုက်ကူးရေးလုပ်ဖို့ရောက်နေတဲ့ နယ်မြို့လေးကိုလိုက်သွားခဲ့တယ် အပြောမတက်တော့ဆဲသလိုဆိုသလို မင်းမာမီရဲ့အပြောမတက်မှုတွေကြောင့် မင်းဦးလေးနဲ့အကြီးအကျယ်ရန်ဖြစ်တယ် အဲ့ဒီ့နေ့ကရိုက်ကူးရေးနောက်ဆုံးနေ့ဆိုတော့ မင်းမာမီနဲ့ရန်ဖြစ်ပြီး မင်းဦးလေးကညတွင်းချင်းရန်ကုန်ကိုပြန်ဆင်းလာတုန်း လမ်းမှာကားမှောက်ပြီး ဆုံးတာပဲ အဲ့ဒီ့တုန်းက ကားထဲမှာနေအဂ္ဂါလည်းပါတယ်... "
နေအဂ္ဂါပါတယ်ဆိုတဲ့စကားကြောင့် ညဏ်းဧကရာဇ် အလိုလိုမျက်မှောင်ကြုတ်မိပြီး စိတ်လှုပ်ရှားမှုကြောင့်သူ့ရင်တွေက တဒိန်းဒိန်းနဲ့ဆောင့်ခုန်နေသည်
"မင်းမာမီပြောတာတော့ ကားကိုနေအဂ္ဂါမောင်းသွားတာ သူကိုယ်တိုင်မြင်လိုက်တယ်တဲ့ ဒါပေမဲ့ အခင်းဖြစ်တဲ့နေရာမှာတွေ့ရတာတော့ အမောင်းထိုင်ခုံနေရာမှာထိုင်တဲ့သူက မင်းဦးလေးပဲ အသက်မပြည့်သေးပဲကားမောင်းတယ် လိုင်စင်မရှိပဲကားမောင်းတယ်ဆိုပြီးမင်းအမေကနေအဂ္ဂါကိုတရားဆွဲဖို့ကြိုးစားခဲ့သေးတယ် ဒါပေမဲ့ သက်သေမခိုင်လုံတဲ့အတွက် တရားရုံးကပယ်ချတာကိုခံခဲ့ရတယ်အဲ့ဒီ့နေ့ကစပြီး မင်းအမေကနေအဂ္ဂါကိုမုန်းတော့တာပဲ သူအရမ်းချစ်တဲ့သူ့အစ်ကိုကို သူ့ရင်ထဲကဆွဲထုတ်သွားရုံမက ဒီလောကကြီးထဲကပါဆွဲထုတ်သွားတယ်ဆိုပြီး မင်းအမေကအငြှိုးထားခဲ့တာ"
"မင်းအမေကို နားလည်ပေးလိုက်ပါကွာ.. နော်"
ညဏ်းဧကရာဇ်က အဲ့ဒီ့နေရာမှာပဲ ငိုင်ငိုင်ကြီးထိုင်နေပြီး တံ​ခါးဖွင့်ပြီး​ထွက်သွားဖို့ကြိုးစားနေတဲ့သူ့အဖေ ကြောင့်သာပသိဝင်လာရတယ်
"နေအဂ္ဂါရော....နေအဂ္ဂါဘာဖြစ်သွားသေးလဲ"
သူ့အဖေကပြန်ဖို့လှမ်းနေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ပြီးသူ့အိပ်ယာပေါ်မှာပြန်ထိုင်ရင်း ညဏ်းဧကရာဇ်ရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေကိုသပ်ပေးလိုက်တယ်
"နံရိုးနှစ်ချောင်းထက်မကကျိူးသွားတယ်  ဆေးရုံပေါ်မှာ တစ်လလုံးလုံးမလှုပ်မရှပ်လှဲနေခဲ့ရတာ"
ညဏ်းဧကရာဇ် သူ့လက်သီးတွေကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီး သူ့နှလုံးသားက တဆစ်ဆစ်နဲ့နာကျင်နေတယ် မျက်ရည်စတွေက သူတောင်မသိလိုက်ပါပဲ သူ့ပါးပြင်ပေါ် တာကျိူးပြီးကျလာတဲ့ ရေအလျှင်လို တဟုန်ထိုး လိမ့်ဆင်းတလာတယ် သူ့အဖေက အပြုံးတစ်ခုနဲ့သူ့ကိုကြည့်နေပြီး နောက်ဆုံးပြောသွားတဲ့စကားက
"ငါ့သားတစ်ကယ်ချစ်မိသွားပြီပဲ"တဲ့ အဲ့ဒီ့စကား ကြောင့် သူ့နှလုံးသားထဲမှာအချိန်အကြာကြီးအိပ်ပျော်နေခဲ့တဲ့ ခြင်္သေ့တစ်ကောင်နိုးထလာသလိုပဲ သူ့ကိုယ်သူအပြန်ပြန်အလှန်လှန် မေးခွန်းထုတ်ခဲ့တယ် "မင်းနေအဂ္ဂါကိုချစ်ရဲ့လား"လို့ တကယ်ဟုတ်ဖို့လဲ မျှော်လင့်မိသလို မဖြစ်ပါစေနဲ့လို့လဲ သူဆုတောင်းမိတယ် ဆုတောင်းတွေက တကယ်မပြည့်နိုင်ဘူးတဲ့ ဟုတ်တယ်  အဲ့ဒီ့အချိန်မှာသူသိလိုက်ရတာက နေအဂ္ဂါကိုသူ ရူးရူးမူးမူးချစ်နေမိပြီဆိုတာပါပဲ
Zawgyi
သရုပ်မှန်-၂
အသဲစွဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့ မိဘတွေနဲ့ညီမလေးကိုလည်း အရမ်းသိတက်ပြီး အရမ်းကြင်နာနွေးထွေးတဲ့လူတစ်ယောက်ပေါ့ သားမာမီကိုလည်း အရမ်းချစ်ပြီးအရမ်းဂရုစိုက်ခဲ့တာ အဲ့ဒီ့အချိန်တုန်းက ဒယ်ဒီတို့ရဲ့ကောင်းကင်ဘုံ ကော်ပရေးရှင်းကြီးက တော်တော်လေးကိုအခြေယိုင်နဲ့နေပြီ ဒယ်ဒီလည်းကျောင်းတက်နေတုန်းအချိန်မို့သိပ်မသိပေမဲ့ သားအဖိုးကဒါရိုက်တာအဖွဲ့ဝင်ဆိုတော့ ဒယ်ဒီသဲ့သဲ့လေးကြားမိတာပေါ့ သားဦးလေးက အသက်နှစ်ဆယ်စွန်းစွန်းလောက်မှာပဲ ဒီလုပ်ငန်းကိုဦးစီးခဲ့တယ် သူဦးဆောင်တဲ့အချိန်ကစပြီး ဒီလုပ်ငန်းကြီးက တဖြေးဖြေးနဲ့နယ်ပယ်ကျယ်ပျံ့လာတယ် ဆယ်နှစ်ကျော်အတောအတွင်းမှာ ဘယ်သူမှလိုက်မမှီတော့တဲ့အခြေအနေတစ်ခုကိုရောက်ခဲ့တယ် အဲ့ဒီ့အချိန်မှာ သားမာမီနဲ့ဒယ်ဒီကလပ်ထပ်ပြီးပြီ အစပိုင်းတော့ မင်းဦးလေးကဒယ်ဒီ့ကိုတဖြေးဖြေး အလုပ်ထဲခေါ်သွင်းတယ် စိတ်ချရပြီလို့ထင်တဲ့အချိန်မှာ ဒီလုပ်ငန်းကြီးတစ်ခုလုံးကို ဒယ်ဒီ့လက်ထဲကိုလွှဲပြောင်းပေးခဲ့တယ် သူကတော့ သူ့ဝါသနာပါရာနောက်ကိုလိုက်မယ်ပေါ့ ဒါပေမဲ့မင်းမာမီရဲ့ ဖေဖေနဲ့မေမေကလက်မခံချင်ခဲ့ဘူး သူတို့တွေကမင်းဦးလေးကိုပဲဒီလုပ်ငန်းကို ဦးဆောင်စေချင်တယ် နောက်ပိုင်းတော့ သူ့ကိုမိန်းမတစ်ယောက်ပေးစားပြီး ခြေငြိမ်အောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ မင်းဦးလေးကိုအတင်းကာရော လပ်ထပ်ဖို့စေခိုင်းကြတယ် အစ်ကိုမင်းဒီပါကလက်မခံတဲ့အပြင် သူ့ကိုယ်သူဂေးဖြစ်ကြောင်း သူ့မိဘတွေရှေ့မှာဒူးထောက်ပြီးဝန်ခံခဲ့တယ်"
သူ့အဖေက ဆက်ပြောလာတယ်။
"ဘာဖြစ်သွားလဲ.... "
"နေအဂ္ဂါရော....နေအဂ္ဂါဘာဖြစ်သွားသေးလဲ"
"နံရိုးနှစ်ချောင်းထက်မကကျိုးသွားတယ် ဆေးရုံပေါ်မှာ တစ်လလုံးလုံးမလှုပ်မရှပ်လှဲနေခဲ့ရတာ"
ညဏ်းဧကရာဇ် သူ့လက်သီးတွေကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီး သူ့နှလုံးသားက တဆစ်ဆစ်နဲ့နာကျင်နေတယ် မျက်ရည်စတွေက သူတောင်မသိလိုက်ပါပဲ သူ့ပါးပြင်ပေါ် တာကျိုးပြီးကျလာတဲ့ ရေအလျှင်လို တဟုန်ထိုး လိမ့်ဆင်းတလာတယ် သူ့အဖေက အပြုံးတစ်ခုနဲ့သူ့ကိုကြည့်နေပြီး နောက်ဆုံးပြောသွားတဲ့စကားက
Continue Reading
You'll Also Like
439K 83.9K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
864K 17.2K 83
ကောင်မလေးကိုချစ်ပါသည်။