(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

715K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(286) -《Profound Book of Poisons》

3.9K 861 47
By Xiao_Yiii

Unicode

အခန်း(၂၈၆)
《Profound Book of Poisons》

စေတန်နတ်ဆိုးမျိုးနွယ်စုကသဘာဝတရားကိုကသတ်ဖြတ်ရတာကိုနှစ်သက်ပြီးအလောင်းများဆီမှကျင့်ကြံဆင့်ကိုစုပ်ယူကြသည်။ဒါ့အပြင်သူတို့ကလူသားကိုယ်ထဲကဝိဉာဉ်သုံးခုနဲ့စိတ်ဝိဉာဉ်ခုနှစ်ပါးကိုစုပ်ယူခြင်းဖြင့်လည်းသူတို့ရဲ့ကိုယ်ပိုင်ကျင့်ကြံဆင့်ကိုတိုးမြှင့်လို့ရနိုင်၏။ထိုကဲ့သို့သောရက်စက်ယုတ်မာမှုများသည်ကောင်းကင်ဘုံရဲ့တာအိုကသည်းမခံနိုင်တဲ့အရာများဖြစ်သည်။

ထို့ကြောင့်လည်းစေတန်နတ်ဆိုးအနွယ်ဝင်တစ်ယောက်ယောက်အထွတ်အထိပ်ကိုရောက်တာနဲ့ထိုနတ်ဆိုးကိုသတ်ဖြတ်ပစ်မည့်ကောင်းကင်သားတော်တစ်တစ်ယောက်တော့အမြဲတမ်းရှိသည်။ထိုသူကနတ်ဆိုးမျိုးနွယ်စုပထမဆုံးပေါ်ပေါက်လာခဲ့တဲ့အချိန်တုန်းကလိုပဲစေတန်နတ်ဆိုးမျိုးနွယ်များကိုဖိနှိပ်လိမ့်မည်။

စေတန်နတ်ဆိုးများကကာလရှည်ကြာငြိမ်သက်နေကြပြီးပြန်လာနိုင်မယ့်အခွင့်အလမ်းကိုရှာဖွေကြသော်လည်းရှုံးနိမ့်မှုများနဲ့သာရင်ဆိုင်ကြရပြန်သည်။ရေရှည်မှာတော့အဲ့ဒါကကောင်းကင်ဘုံတာအိုကနေရှေးအချိန်တုန်းကတည်းကသတ်မှတ်ထားခဲ့သည့်သံသရာတစ်ခုနှင့်တူနေသည်။

ယန်ထျန်းဟန်ကရှေ့ဖြစ်ဟောမိသားစုရဲ့ကြိုတင်ဟောကိန်းများအားနေ့စဉ်နေ့တိုင်းဆက်တိုက်စဉ်းစားမိသည်။သူကစေတန်နတ်ဆိုးတစ်ယောက်ဖြစ်ပြီးဖျက်ဆီးခြင်းကြယ်စင်ပင်။လင်ရွှမ်းဇီကတော့ကယ်တင်ခြင်းကြယ်စင်ဖြစ်နေသည်။သူကတကယ့်ကိုစေတန်နတ်ဆိုးတစ်ယောက်ပဲဆိုတာနားလည်လိုက်တဲ့အချိန်မှာတစ်ချို့အရာများကိုရုတ်တရက်နားလည်သွားရသည်။

ပထမအချက်,သူ့ကိုယ်ရေးအကြောင်းအရာကနောက်ကြောင်းပြန်လှည့်လို့မရဘူး ; စေတန်နတ်ဆိုးကစေတန်နတ်ဆိုးပဲဖြစ်နေမှာပဲ။သူ့ကိုယ်ထဲမှာလူသားသွေးတစ်ဝက်စီးဆင်းနေတာနဲ့ပဲသူကစေတန်နတ်ဆိုးတွေရဲ့အင်အားကြီးလှတဲ့လူမျိုးရေးရာလက္ခဏာတွေကိုဆုံးရှုံးသွားမှာမဟုတ်ဘူး

ဒုတိယအချက်,ရှေ့ဖြစ်ဟောသူရဲ့အနာဂတ်ဟောကိန်းဖြစ်သည့်'ကမ္ဘာကြီးကိုရှုပ်ထွေးမှုတွေယူဆောင်လာမယ့်စေတန်နတ်ဆိုး'ဆိုတဲ့သဘောကရှေ့ဖြစ်ဟောသူတွေရဲ့စကားမမှန်သေးခင်မှာတင်သူကကမ္ဘာကြီးကိုရှုပ်ထွေးမှုတွေယူဆောင်လာတဲ့ပထမဆုံးသူဖြစ်နိုင်သည်။

အကယ်၍သာသူကနတ်ဆိုးလမ်းကြောင်းကိုမကျင့်ကြံဘူးဆိုရင်ပြီးတော့ကမ္ဘာကြီးကိုရှုပ်ထွေးမှုတွေမယူဆောင်လာဘူးဆိုရင်ရှေ့ဖြစ်ဟောသူရဲ့စကားတွေကထည့်တွက်လို့မရတော့ဘူး..သူ့အကိုကြီးကကယ်တင်ခြင်းကြယ်စင်ဆိုပေမယ့်ဒီကမ္ဘာကြီးကရှုပ်ထွေးမှုတွေမဖြစ်ပေါ်ဘူးပြီးတော့စေတန်နတ်ဆိုးလည်းမပေါ်လာဘူးဆိုရင်လင်ရွှမ်းဇီကလည်းကမ္ဘာကြီးကိုကယ်တင်စရာမလိုအပ်တော့ဘူး

ပြီးတော့နောက်ဆုံးအချက်,သူကသူရဲဘောကြောင်တဲ့သူ

သူစဉ်းစားလို့တောင်မရဘူး — အကယ်၍သူသာနတ်ဆိုးအနုပညာကိုဆက်ကျင့်ကြံနေပြီးတစ်နေ့မှာစေတန်နတ်ဆိုးတွေရဲ့အလေ့အကျင့်တွေ၊ရှုထောင့်တွေနဲ့ပတ်သတ်တာကိုသာသူစဉ်းစားမိသွားမယ်ဆိုရင်လက်တစ်ဖက်နဲ့မိုးတိမ်ကိုဖြစ်ပေါ်စေပြီးအခြားတစ်ဖက်နဲ့မိုးရွာစေနိုင်မယ့်ခွေးရူးတစ်ကောင်လိုမျိုးတကယ်ပဲရှုပ်ထွေးမှုတွေဖြစ်ပေါ်စေမိလိမ့်မယ်.....ဒါဆိုကောင်းကင်ဘုံတာအိုကနေရွေးချယ်ခံထားရတဲ့သူ့အကိုကြီးကလည်းသူ့ရဲ့သဘာဝရန်သူတစ်ယောက်ဖြစ်သွားမှာ;အဲ့ဒါဆိုသူ့အကိုကြီးကသူ့ကိုအတိတ်တုန်းကလိုမျိုးဆက်ဆံပါဦးမလား?

ယန်ထျန်းဟန်ကတော့အဲ့ဒီလိုမေးလာရင်ပြင်းပြင်းထန်ထန်နဲ့ယုံကြည်ချက်ရှိရှိ 'အင်း' လို့ဖြေနိုင်လိမ့်မယ်လို့တွေးမိပေမယ့်လည်းတကယ်တမ်းအဖြစ်မှန်ကတော့သူ့မှာဘယ်လိုများယုံကြည်ချက်ရှိပါ့မလဲ?

အကယ်၍သာလင်ရွှမ်းဇီအပေါ်သူ့ရဲ့ချစ်ခင်တွယ်တာမှုကမိသားစုဝင်အချင်းချင်းချစ်ခင်စုံမက်တာ၊လေးစားတာနဲ့အခြားရှုပ်ထွေးတဲ့ခံစားချက်တွေရောနှောသွားလို့နောက်ဆုံးမှာ'အချစ်'တစ်ခုဖြစ်ပေါ်လာတာဆိုရင်လင်ရွှမ်းဇီကရောသူ့အပေါ်ဘယ်လိုအကြောင်းအရင်းကြောင့်ချစ်သွားရတာလဲ?

အရင်ဆုံးစပြောရမယ်ဆိုရင် လင်ရွှမ်းဇီပြောတဲ့ 'အချစ်' ဆိုတဲ့အရာကရုတ်တရက်ဖြစ်ပြီး နားမလည်နိုင်စရာကောင်းတယ်

ပြောရမယ်ဆိုရင်အဲ့ဒီနေ့မတိုင်ခင်တုန်းကလင်ရွှမ်းဇီကသူ့ကိုရန်သူတစ်ယောက်လိုသတ်မှတ်ပြီးသူ့မျက်လုံးတွေကအေးစက်တဲ့အပြင်မုန်းတီးခြင်းတွေပါပြည့်နှက်နေခဲ့တာ..ဒါပေမဲ့အဲ့ဒီနေ့နောက်ပိုင်းမှာတော့သတိပေးချက်တစ်စုံတစ်ရာမရှိပဲလင်ရွှမ်းဇီကသူ့ကိုနွေးနွေးထွေးထွေးနဲ့ဆက်ဆံလာခဲ့တယ်....အဲ့ဒီအမုန်းတရားတွေပြည့်နှက်နေတဲ့မျက်လုံးတွေကတောင်သူ့အတွက်ဆိုချစ်ခင်မြတ်နိုးမှုတွေအလိုလိုက်မှုတွေပြည့်နှက်လာခဲ့တယ်..

အခုချိန်ထိယန်ထျန်းဟန်ကအကြောင်းပြချက်ကိုစဉ်းစားလို့မရသေးဘူး...

ဘာဖြစ်လို့လဲဆိုတော့ဘယ်လိုပဲဖြစ်နေပါစေလင်ရွှမ်းဇီရဲ့ခံစားချက်အကြီးအကျယ်ပြောင်းလဲမှုနဲ့သာမာန်မဟုတ်တဲ့အပြုအမူတွေကသူ့အတိတ်ဘဝတုန်းကမှတ်ဉာဏ်တွေနဲ့အတူပြန်လည်ရှင်သန်လာတာကြောင့်ဆိုတာကိုယန်ထျန်းဟန်ကဘယ်လိုမှထင်မိမှာမဟုတ်ဘူးလေ

ယန်ထျန်းဟန်ကအကြောင်းပြချက်ကိုနားမလည်နိုင်ဘူး...အဲ့ဒါကြောင့်လည်းသူကကြောက်လန့်မှုတွေတုန်လှုပ်မှုတွေနဲ့တုန်ယင်နေရတာ

ဒီရုတ်တရက်ချစ်ခြင်းမေတ္တာကမဝေးတော့တဲ့အနာဂတ်မှာရုတ်တရက်နောက်တစ်ကြိမ်ပျောက်ကွယ်သွားနိုင်မလားဆိုတာသူမသိဘူး

သူလောင်းကြေးမထပ်ရဲသလိုလောင်းလည်းမလောင်းနိုင်ဘူး.

သူ့မှာအခုလင်ရွှမ်းဇီတစ်ယောက်ပဲရှိတော့တာ...တစ်ယောက်နဲ့တစ်ယောက်ဓားခြင်းချိန်ထားဖို့မပြောနဲ့လင်ရွှမ်းဇီကသူ့ကိုဒီအတိုင်းအေးစက်စက်အမူအယာနဲ့ပဲဆက်ဆံရင်၊သူ့ကိုလုံးဝလစ်လျူရှုလိုက်ရင်ဆိုတာကို —စဉ်းစားမိယုံနဲ့တင်သူ့နှလုံးသားကိုအပိုင်းပိုင်းဖြတ်နေသလိုခံစားရပြီးသူ့တစ်ကိုယ်လုံးကနေလို့မကောင်းတော့ဘူး!

ထိုအချိန်သူစဉ်းစားနေတုန်းမှာပဲမဟာအကြီးအကဲဟွိုင်ယွီကဒေါသတကြီးနဲ့ပြန်လှည့်လာသည်။သူကယန်ထျန်းဟန်ရှေ့မှာရပ်လိုက်ပြီးသူ့အားအေးစက်စက်ကြည့်လာ၏။

"နတ်ဆိုးလမ်းကြောင်းကိုမကျင့်ကြံချင်ဘူးလား?"

ယန်ထျန်းဟန်ကခေါင်းညိတ်ပြသည်။

"ငါနဲ့လိုက်ခဲ့"

မဟာအကြီးအကဲဟွိုင်ယွီကယန်ထျန်းဟန်အားဝိညာဉ်စိုက်ခင်းရှိရာသို့ခေါ်လာသည်။သူကဒီရက်တွေမှာယန်ထျန်းဟန်ကိုနှိပ်စက်ပြီးဝိညာဉ်ပင်စိုက်ခင်းထဲကပေါင်းပင်တွေကိုနှုတ်ဖို့သာပြောခဲ့သော်လည်းသူကယန်ထျန်းဟန်ရဲ့အင်အားကိုလေ့လာနေခြင်းသာဖြစ်ပြီးသူ့ကိုဘာမှမသင်ကြားပေးခဲ့ပေ။

မဟာအကြီးအကဲဟွိုင်ယွီကပြောသည်။

"ငါ့စီနီယာအကိုကြီးကမင်းရဲ့နေ့ရက်တွေကိုလုံခြုံပြီးသက်တောင့်သက်သာရှိတဲ့နေ့ရက်တွေကိုဖြတ်သန်းစေဖို့၊လေတွေမိုးတွေကနေကာကွယ်နိုင်မယ့်နေရာတစ်ခုရှာတွေ့ဖို့တစ်ခုတည်းအတွက်နဲ့မင်းကိုငါ့ဆီပို့လိုက်တာမဟုတ်ဘူး...ငါကစည်းမျဉ်းစည်းကမ်းတွေအများကြီးကိုပြောခဲ့ပေမယ့်လည်းဘယ်တုန်းကမှတကယ်တမ်းလက်တွေ့မကျင့်သုံးခဲ့ဘူး...တကယ်တော့လည်းငါအမြဲတမ်းတွေးခဲ့တာကအဂ္ဂီရတ်ပညာရှင်လမ်းကြောင်းဆိုတာမင်းအတွက်အရန်လမ်းကြောင်းတစ်ခုသက်သက်ဖြစ်ပြီးတော့နတ်ဆိုးလမ်းကြောင်းကမှမင်းတကယ်ပဲလျှောက်သင့်တဲ့လမ်းလို့ထင်ခဲ့တာ...ဒါပေမဲ့မင်းကနတ်ဆိုးလမ်းကြောင်းကိုဆက်ကျင့်ဖို့ရည်ရွယ်ချက်မရှိဘူးဆိုမှာတော့မင်းရဲ့အဂ္ဂီရတ်ပညာလမ်းကြောင်းကိုပဲအင်အားပိုပြီးစိုက်ထုတ်ပေးရတော့မယ်"

ယန်ထျန်းဟန်ကသူ့အောက်နှုတ်ခမ်းလေးကိုကိုက်ပြီးတီးတိုးပြန်ပြောသည်။

"ကျေးဇူးတင်ပါတယ်ဆရာ"

ဟွိုင်ယွီကအေးစက်စက်ရယ်မောလေသည်။

"ငါ့ကိုမြန်မြန်ကြီးကျေးဇူးမတင်နဲ့ဦး...ငါကအဂ္ဂီရတ်လမ်းကြောင်းမှာပါရမီပါတယ်လို့သတ်မှတ်လို့ရပေမယ့်မင်းကြားဘူးတဲ့ဆေးလုံးမျိုးတွေကိုငါဘယ်တုန်းကမှမသန့်စင်ခဲ့ဘူးဘူး...ငါသန့်စင်တဲ့ဆေးတွေကလူတွေကိုထိခိုက်စေပြီးသေစေနိုင်တဲ့ဆိုးညစ်လွန်းတဲ့အဆိပ်ဆေးလုံးတွေ...အဲ့ဒီတော့,မင်းငါ့ဆီကသင်ကြားဖို့ဆန္ဒရှိသေးရဲ့လား?"

ယန်ထျန်းဟန်ကအံ့အားသင့်သွားမိသည်။မဟာအကြီးအကဲဟွိုင်ယွီကအဆိပ်သခင်တစ်ယောက်ဖြစ်နေမယ်လိ့သူဘယ်တုန်းကမှမထင်ထားခဲ့မိဘူးလေ။

သူကမဟာအကြီးအကဲဟွိုင်ယွီအားဗလာဖြစ်စွာဖြင့်စိုက်ကြည့်မိ၏။

"ဘာဖြစ်လို့လဲ?မဟာအကြီးအကဲလန်ယွဲ့ကဒါကိုမကန့်ကွက်ဘူးလား?"

"သူ့ကဘာကိုကန့်ကွက်နိုင်မှာလဲ?" ဟွိုင်ယွီကယန်ထျန်းဟန်အားမျက်လုံးလှန်ကြည့်သည်။

"မင်းဘာပဲကျင့်ကြံပါစေအဲ့ဒါကကျင့်ကြံခြင်းပဲမဟုတ်ဘူးလား?လူတွေကိုပေါ်တင်ထိခိုက်စေတာကလည်းထိခိုက်စေတာပဲ;အမှောင်ထဲကနေတိတ်တဆိတ်ထိခိုက်စေတာကလဲထိခိုက်စေတာပဲလေ...အဲ့ဒါကနည်းလမ်းကွာခြားမှုအပေါ်ပဲမူတည်တာ...ပြီးတော့လည်း,အဆိပ်သခင်တွေရဲ့ဈေးကွက်ပေါက်ဈေးကကောင်းတယ်...မိသားစုတွေအများကြီးကနေရာတိုင်းမှာအဆိပ်သခင်တွေကိုမြှုဆွယ်ပြီးလိုချင်နေကြတာ...တကယ်တမ်းကတော့အဆိပ်သခင်တွေရဲ့ဈေးကွက်ကအဂ္ဂီရတ်ပညာရှင်တွေထက်တောင်မြင့်သေးတယ်"

တိုက်ကြီးငါးတိုက်မှာရှိတဲ့အဆိပ်သခင်တွေရဲ့ဂုဏ်သတင်းကသိပ်မကောင်းသေ်ာလည်းရိုးရာအဂ္ဂီရတ်ပညာရှင်တွေနဲ့နှိုင်းယှဉ်လိုက်ရင်တော့သိပ်ပြီးမဆိုးဝါးပေ။အနည်းဆုံးအဲ့ဒါကကုပိုးသခင်လိုမျိုးတစ်ခြားသူတွေဆီကနေအသိအမှတ်ပြုခံထားရတဲ့သင့်တော်တဲ့လမ်းကြောင်းပဲဖြစ်သည်။လူများစွာကဒီအလုပ်ကိုရှောင်ကြဉ်ကြရင်တောင်ထိုဆေးပညာဆိုင်ရာလူများအားရိုက်မယ်သတ်မယ်လို့မအော်ဟစ်ကြဘူးဖြစ်သည်။တောင်ဘက်တိုက်မကြီးကကောင်းကင်ဘုံအဆင့်ဂိုဏ်းတွေကတောင်ထိုကျင့်ကြံမှုကိုအသိအမှတ်ပြုကြပြီးလူများအားကုပိုးသခင်လမ်းကြောင်းကိုကျင့်ကြံဖို့အတွက်အထူးတလှယ်ကမ်းလှမ်းကြသေးသည်ပင်။

"မင်းသင်မှာလားမသင်ဘူးလား?" မဟာအကြီးအကဲဟွိုင်ယွီကကြည့်ရတာအတော်လေးစိတ်မရှည်လက်မရှည်ဖြစ်နေပုံပေါ်သည်။

ယန်ထျန်းဟန်ကသူ့လည်ချောင်းကိုလှုပ်ရှားရတော့သည်။

"သင်မယ်"

"အနားတိုးလာခဲ့"

ယန်ထျန်းဟန်ကဟွိုင်ယွီအနားကိုခြေလှမ်းအနည်းငယ်ချဉ်းကပ်သွားသော်လည်းအရမ်းကြီးတော့တိုးမသွားပေ။မဟာအကြီးအကဲဟွိုင်ယီကရုတ်တရက်သူ့လက်ကိုဆန့်ထုတ်လိုက်ကာသူ့ညာဘက်လက်ညှိုးနဲ့လက်ခလယ်အားယန်ထျန်းဟန်ရဲ့နှဖူးအလယ်တည့်တည်ကိုထိလိုက်သည်။ယန်ထျန်းဟန်ကသူ့မျက်လုံးရှေ့မှာတောက်ပတဲ့အလင်းရောင်တစ်ခုကိုသာခံစားလိုက်ရပြီးရုတ်တရက်သူ့အသိစိတ်ထဲမှာပေလွှာတစ်ခုဖြစ်ပေါ်လာ၏။

၎င်းသည်အပိုင်းသုံးပိုင်းပါရှိသော 《Profound Book of Poisons》
ဟုခေါ်သည့်အဆိပ်ဆေးလုံးသန့်စင်သောလျို့ဝှက်အဂ္ဂီရတ်ဆေးကြမ်းဖြစ်သည်။ပထမအပိုင်းကဝိညာဉ်ချီများဖြတ်သန်းစီးဆင်းမည့်သွေးကြောဆုံမှတ်များနဲ့ဒီဂရီမျဉ်းများ၊အဆိပ်ဆေးများသန့်စင်ရန်အတွက်လိုအပ်သောအတွင်းပိုင်းတရားအားမှုနည်းစနစ်များပါသည့်အပြင်ထိုဆေးပြားများကိုသန့်စင်ဖို့အတွက်လက်စည်းတံဆိပ်တွေကိုပါပေါင်းစည်းထားခြင်းဖြစ်သည်။

ဒုတိယတစ်ပိုင်းကတော့ဆေးဝါးအဖြစ်အသုံးပြုနိုင်မယ့်ဝိညာဉ်ပင်များနဲ့အဆိပ်များပါဝင်သည်။တတိယအပိုင်းကတော့အဆိပ်ဆေးများအတွက်လျို့ဝှက်ဖော်စပ်နည်းများစွာကိုမှတ်တမ်းတင်ထားသည်။ကြည့်လိုက်မယ်ဆိုရင်အဆိပ်ဆေးဖော်စပ်နည်းကအမျိုးပေါင်း (၁၀၀)ထပ်မနည်းပေ။

ယန်ထျန်းဟန်မှာစကားလုံးတစ်လုံးပြောဖို့တောင်ခက်ခဲနေသည်။သူကထို
《Profound Book of Poisons》
ရဲ့အဆင့်ကိုပင်လုံးဝမမြင်လိုက်ပေ။အထဲမှာ ပါဝင်တဲ့အသိပညာတွေကကျယ်ဝန်းလှတဲ့ပင်လယ်ပြင်လိုကျယ်ပြန့်ပြီးဂင်္ဂါမြစ်မှသဲပွင့်တွေလိုမရေမတွက်နိုင်အောင်ရှိနေသည်။

အရင်တုန်းကသူဖတ်ဘူးခဲ့တဲ့ထဲမှာအဆိပ်သခင်တွေရဲ့လျို့ဝှက်ဆေးကြမ်းများစွာကိုပါဖတ်ဘူးသည်။သို့သော်လည်းသူတို့အားလုံးကဒီတစ်ခုနဲ့ယှဉ်လိုက်ရင်အိမ်မှာကစားနေတဲ့ကလေးတွေလိုပဲလုံးဝကိုနှိုင်းယှဉ်လို့မရဘူး

အကယ်၍သာဒီစာအုပ်ကိုအလုံးစုံလေ့လာပြီးသွားရင်အနည်းဆုံးကမ္ဘာအဆင့်အဆိပ်သခင်တစ်ယောက်ဖြစ်သွားမှာကိုပင်စိုးမိသည်။

ယန်ထျန်းဟန်ကမဟာအကြီးအကဲဟွိုင်ယွိအားအတော်လေးရှုပ်ထွေးနေတဲ့အမူအယာနဲ့လှမ်းကြည့်သည်။

"ဆရာ,ဒီလောက်ရှားပါးတဲ့ဆေးကြမ်းကို,ကျွန်တော့ကိုဒီအတိုင်းပဲပေးလိုက်တာလား?"

သိရမည်မှာဆရာနဲ့တပည့်ကြားထဲမှာတောင်သူတို့ရဲ့ဆက်ဆံရေးကအဆင့်တစ်ချို့ထိမရောက်သေးဘူးဆိုရင်ထိုဆရာကသူ့တပည့်အားသူ့ရဲ့တကယ့်စွမ်းရည်အစစ်အမှန်ကိုဘယ်တော့မှသင်ကြားပေးမှာမဟုတ်ပေ။'တပည့်တစ်ယောက်ကိုအောင်မြင်အောင်သင်ကြားပေးခြင်းကဆရာကိုသေခြင်းသို့ရောက်စေလိမ့်မည်'ဆိုတဲ့စကားမျိုးကအကြောင်းပြချက်မရှိပဲပေါ်ပေါက်လာခြင်းမဟုတ်ဘူးလေ။

မဟာအကြီးအကဲဟွိုင်ယွီမှာဘယ်လောက်တောင်စွမ်းရည်တွေရှိနေလဲယန်ထျန်းဟန်မသိပေမယ့်ဒီ《Profound Book of Poisons》ကတော့သေချာပေါက်သာမာန်ပစ္စည်းတစ်ခုမဟုတ်ဘူး

မဟာအကြီးအကဲဟွိုင်ယွီကသူ့နှုတ်ခမ်းကိုကွေးညွှတ်လိုက်ပြီးသူ့လက်ကိုလွှတ်လိုက်သည်။

"အစောကြီးပျော်မနေနဲ့, ရိုးရိုးသားသားပြောရရင်ဒီ
《Profound Book of Poisons》
ကနယ်မြေကြီးကိုးခုမှာထားရင်တောင် ရှားပါးတဲ့ရတနာဖြစ်နေဆဲပဲ...ငါမင်းကို ဘာကြောင့်ပေးရတာလည်းဆိုတဲ့ အကြောင်းပြချက်ကတော့ပထမအချက်, မင်းကငါ့တပည့်...အကယ်၍မင်းမှာကောင်းကောင်းမွန်မွန်ပြစရာဘာမှမရှိဘူးဆိုရင်အပြင်ထွက်တဲ့အချိန်ငါ့မျက်နှာပဲပျက်ရလိမ့်မယ်..ဒုတိယအချက်,ပွင့်ပွင့်လင်းလင်းပြောရရင်တော့ဒါကဒီအတိုင်းလျို့ဝှက်ကျမ်းတစ်ခုပါပဲ...မင်းဘယ်လောက်ထိနက်နက်နဲနဲကျင့်ကြံနိုင်မလဲဆိုတာကတော့မင်းရဲ့ကိုယ်ပိုင်ကံတရားပေါ်မှာပဲလုံးဝမူတည်နေတာ.....အဲ့ဒါအပြင်,တင်းကြပ်တဲ့ဆရာကထူးချွန်တဲ့ကျောင်းသားတွေမွေးထုတ်ပေးနိုင်တယ်ဆိုမှတော့ငါလည်းမင်းကိုအရမ်းကြင်နာနေမှာမဟုတ်ဘူး"

ယန်ထျန်းဟန်ကခေါင်းညိတ်ပြသည်။

"ဘယ်လိုပဲဖြစ်နေပါစေ,ကျွန်တော်ကျေးဇူးတင်ပါတယ်ဆရာ"

မဟာအကြီးအကဲဟွိုင်ယွီက'ဟမ့်'ခနဲနှာတစ်ချက်မှုတ်သည်။

"နောက်ပိုင်းမှအဲ့ဒီစကားပြော"

ပြောပြီးသည်နှင့်ဟွိုင်ယွီကသူ့ရှေ့ကဝိညာဉ်စိုက်ခင်းကိုလက်ညှိုးထိုးပြီးစကားဆက်သည်။

"မင်းလက်စည်းတံဆိပ်လေ့လာပြီးသွားပြီဆိုတာငါသိတယ်.အသုံးပြုရမယ့်အတွင်းပိုင်းတရားထိုင်နည်းတွေကဒီ
《Profound Book of Poisons》
ထဲကနဲ့အတူတူပဲ၊မနက်ဖြန်ကစပြီး, မင်းမလေ့လာရသေးဘူးဆိုရင်တောင်ဒီ
《Profound Book of Poisons》
ထဲမှာပြထားတဲ့အတွင်းပိုင်းတရားအားထုတ်တဲ့နည်းလမ်းတွေကိုသုံးပြီးပေါင်းပင်တွေကြိုးစားနှုတ်ဖို့လိုအပ်တယ်...အကယ်၍မင်းကစိုက်ခင်းထဲမှာငုတ်တုတ်ထိုင်ပြီးပေါင်းပင်တွေကိုတစ်ပင်ချင်းဆီနုှတ်နေတာတွေ့ရင်တော့ကြာပွတ်နဲ့အရိုက်မခံရအောင်သာဂရုစိုက်နေတော့ပဲ"

ယန်ထျန်းဟန်ကမနေနိုင်ပဲစိတ်ပူပန်စွာပြောရှာသည်။

"အကယ်၍ကျွန်တော်နည်းစနစ်တွေကိုဒီနေ့တစ်ညလုံးလေ့ကျင့်နေမယ်ဆိုရင်တောင်အကုန်လုံးလေ့လာပြီးသွားဖို့ကမဖြစ်နိုင်ဘူးလေ...ပြီးတော့လည်း,ကျွန်တော်လှုပ်ရှားမှုတွေကိုသိတယ်ဆိုရင်တောင်သူတို့ကိုအတူတကွချိတ်ဆက်နိုင်ဖို့လိုအပ်နေသေးတယ်..အကယ်၍ကျွန်တော်သာနည်းစနစ်တွေကိုတိုက်ရိုက်သုံးပစ်လိုက်ရင်ဒီကဝိညာဉ်ပင်တွေအများကြီးကိုသေချာပေါက်ဖျတ်ဆီးမိလိမ့်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ်လေ,မင်းမှာချမ်းသာတဲ့အကိုကြီးရှိနေတာပဲ...သူငါ့ကိုလျော်ကြေးမပေးနိုင်မှာကိုငါမစိုးရိမ်မိပါဘူး" မဟာအကြီးအကဲဟွိင်ယွီကခပ်အေးအေးပဲတုန့်ပြန်သည်။

ယန်ထျန်းဟန်, "...."

သူ့အကိုကြီးကိုနည်းနည်းတော့အားနာမိတယ်!

ဒါကအဆုံးမဟုတ်သေးဘူး

မဟာအကြီးအကဲဟွိုင်ယွီကသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။

"ငါမင်းကိုလဝက်အချိန်ပေးမယ်..မင်းဝိညာဉ်ဆေးပင်တွေရဲ့အပင်အမျိုးအစားတွေ၊ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိတွေ၊ကြီးထွားလာတဲ့အလေ့အကျင့်တွေအားလုံးကိုမှတ်ထားဖို့လိုတယ်..ပြီးတော့ဒီ《Profound Book of Poisons》ထဲကဆေးလုံးဖော်စပ်နည်း(၂၃၈)ခုကိုလည်းနှလုံးသားနဲ့မှတ်သားပြီးစကားလုံးတစ်လုံးတောင်လွဲလို့မရဘူး"

ကြောင်တောင်တောင်ဖြင့်ပင်ယန်ထျန်းဟန်ကသူ့ကိုမျက်လုံးပြူးပြီးစိုက်ကြည့်မိသည်။

"ဒါက....ဒါကသိပ်မဖြစ်နိုင်လောက်မှာပဲစိုးတယ်"

ဟွိုင်ယွီကသူ့နှုတ်ခမ်းကိုကွေးညွှတ်လိုက်လေသည်။

"အဲ့ဒါမဖြစ်နိုင်ဘူးလို့မင်းဘယ်လိုသိလဲ?ဒီလိုဆိုရင်ရော;ငါပေးထားတဲ့အိမ်စာတွေကိုပြီးမြောက်အောင်လုပ်ပြီးစာမေးပွဲကိုကျော်ဖြတ်နိုင်မယ်ဆိုရင်,ဒါဆိုလဝက်အကြာမှာ,မင်းအကိုကြီးကိုရှာပြီးတိုင်တောနိုင်ဖို့တောင်အောက်ကိုဆင်းခွင့်ပေးမယ်;အဲ့ဒီလိုဆိုရင်ရော?"

ယန်ထျန်းဟန်ရဲ့အမူအယာပြောင်းလဲသွားသည်။သူကသူ့လက်သန်းလေးကိုအလျင်အမြန်ထုတ်ပြီးမဟာအကြီးအကဲဟွိုင်ယွီအားတောက်ပနေတဲ့မျက်လုံးလေးများနဲ့စိုက်ကြည့်၏

"ကျွန်တော့်ကိုကတိပေး,လက်သန်းကတိ,နောက်နှစ်တစ်ရာတောင်ဆရာ့ရဲ့စကားကိုပြောင်းလဲဖို့ခွင့်မပြုဘူး!"

မဟာအကြီးအကဲဟွိုင်ယွီကမျက်စောင်းသာထိုးတော့သည်။

"ကလေးဆန်လိုက်တာ"

အဲဒီလိုပြောပေမယ့်လည်းသူကသူ့လက်သန်းကိုထုတ်ပြီးယန်ထျန်းဟန်နဲ့လက်သန်းကတိလုပ်ပေးဆဲပင်.

ယန်ထျန်းဟန်သည်ပင်လယ်ရေကဲ့သို့ကျယ်ပြန့်လှသည့်လျှို့ဝှက်လက်စွဲစာအုပ်ကိုအလွတ်ကျက်ရန်အတွက်ပြန်သွားဖို့မစောင့်နိုင်တော့သော်လည်းသူခြေလှမ်းတစ်ဝက်လောက်သာလှမ်းရသေးပြီးမဟာအကြီးအကဲဟွိုင်ယွီကပြန်လှည့်လာသည်ကိုမြင်လိုက်ရသည်။

"ဆရာ့မှာအကြံပေးစရာရှိသေးလား?" ယန်ထျန်းဟန်ကမေးသည်။

"မင်းရဲ့ငတုံးကျားပေါက်နှစ်ကောင်ကိုထိန်းထားဖို့မမေ့နဲ့ဦး" 

ဟွိုင်ယွီကသူ့ရဲ့ကြက်ခြံရှိရာကိုလက်ညှိုးထိုးပြပြီးသူ့အသံကတော့ဒေါသများနဲ့ပြည့်နှက်နေသည်။

"ဒီရက်တွေမှာသူတို့ကငါ့ကြက်တွေနဲ့ဘဲတွေကိုနေ့တိုင်းလိုက်ဖမ်းနေပြီးဥမဥနိုင်အောင်လုပ်နေတယ်..မင်းကမင်းဆရာကိုဘာစားစေချင်နေတာလဲ?"

ယန်ထျန်းဟန်ကချက်ချင်းပင်ရှက်ရွံ့မှုကြောင့်မျက်နှာရဲတက်လာပြီးအကြိမ်ကြိမ်ကတိပေးရှာသည်။

"ဆရာ.စိတ်ချပါ;ကျွန်တော်သေချာပေါက်သူတို့ကိုဂရုစိုက်ပါ့မယ်!"

ယန်ထျန်းဟန်ကမြေပြင်ပေါ်ကဝက်ခြေထောက်ကိုကြည့်လိုက်ပြီးကျယ်လောင်စွာဆက်ပြောသည်။

"ဆရာ,ညစာချက်ဖို့ကိစ္စက..."

"ငါ့ကိစ္စမို့လို့လား?" မဟာအကြီးအကဲဟွိုင်ယွီကပြန်ပြောသည်။
"မင်းပြဿနာလေ"

ယန်ထျန်းဟန်, "...."

ကောင်းပြီ,ရတယ်,တစ်ဖက်လူကိုတောင်းဆိုဖို့သူ့ကိုဘယ်သူကခွင့်ပြုလို့လဲ?

ယန်ထျန်းဟန်ကသက်ပြင်းချသည်။

"ကောင်းပြီ,ကျွန်တော်ဂရုတစိုက်ချက်လိုက်ပါ့မယ်"

ဟွိုင်ယွီကနှာခေါင်းရှုံ့လိုက်ပြီးယန်ထျန်းဟန်အားအတော်လေးကြာသည်အထိစိုက်ကြည့်နေသည်မှာဒီကောင်စုတ်လေးကအမှန်ပြောနေတာဟုတ်မဟုတ်အကဲဖြတ်နေသလိုပင်.

ခဏလောက်အကြာမှာမဟာအကြီးအကဲဟွိုင်ယွီကသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်၍လေးနက်တဲ့အဓိပ္ပါယ်နဲ့မေးလာသည်။

"အားဟန်,မင်းကံကြမ္မာဆိုတာကိုယုံလား?"

ယန်ထျန်းဟန်ကခဏလောက်စဉ်းစားလိုက်ပြီးနောက်သတိရှိရှိနဲ့ပြန်ဖြေသည်။

"အပိုင်းတစ်ခုလောက်ထိတော့ယုံပါတယ်ဒါပေမဲ့အားလုံးတော့မဟုတ်ဘူး...ကျွန်တော့အကိုကြီးတစ်ခါကပြောဘူးတယ်,အင်အားစိုက်ထုတ်မှုသာရှိရင်ဘာအရာမဆိုအောင်မြင်နိုင်တယ်တဲ့"

ဟွိုင်ယွီကနူးညံ့သိမ်မွေ့စွာဖြင့်ပြန်ပြောသည်။

"မင်းအကိုကြီးရဲ့စကားတွေထဲမှာမှန်တာတစ်ချို့ပါတယ်;ကံကြမ္မာဆိုတာပြောင်းလို့မရတာမဟုတ်ဘူး"

ယန်ထျန်းဟန်ကအတော်လေးအံ့အားသင့်သွားရသည်။

"ဆရာ,ဆရာကကျွန်တော့အကိုကြီးရဲ့စကားတွေကိုအတည်ပြုပေးလိမ့်မယ်လို့မထင်ထားမိဘူး"

အချိန်အများစုမှာမဟာအကြီးအကဲဟွိုင်ယွီကလူတွေရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးမမျှတမှုတွေလုပ်တတ်သည်။ဒါ့အပြင်သူ့ကိုကြည့်ရတာလင်ရွှမ်းဇီကိုမြင်မြင့်တွေးထားဟန်မတူဘူး

ဟွိုင်ယွီကအေးစက်စက်သာပြောသည်။

"သူကအစိတ်အပိုင်းတစ်ခုလောက်ပဲမှန်တာပါ,တစ်ချို့စေတန်နတ်ဆိုးတွေကလူသားကျင့်ကြံသူတွေနဲ့မိတ်ဆွေဖြစ်ပြီးငြိမ်းငြိမ်းချမ်းချမ်းအတူယှဉ်တွဲနေထိုင်နိုင်ကြသလိုပေါ့....ဒါကကံကြမ္မာဆိုတာကိုဆန့်ကျင်နိုင်တဲ့အရာပဲ...ဒါပေမဲ့လည်းလူမျိုးစုတစ်ခုလုံးကိုချုံပြီးပြောရရင်တော့စေတန်နတ်ဆိုးတွေနဲ့လူသားတွေကဘယ်တော့မှသဟဇာတမဖြစ်ဘူး...မင်းဘာလုပ်ချင်လဲဆိုတာဂရုတစိုက်စဉ်းစားချေ"

ထိုစကားပြောပြီးနောက်မဟာအကြီးအကဲဟွိုင်ယွီကအင်္ကျီလက်ကိုခါ၍ထွက်ခွာသွားတော့သည်။

အာရုံပျံ့လွင့်စွာပင်ယန်ထျန်းဟန်ကသူ့လက်အားဗလာဖြစ်စွာဖြင့်စိုက်ကြည့်နေမိသည်။

《Profound Book of Poisons》ကိုရတဲ့အချိန်ကစပြီးယန်ထျန်းဟန်ကအတွင်းစိတ်တရားအားထုတ်မှုနဲ့အသိပညာများစွာကိုအလွတ်ကျက်မှတ်ခြင်းအပေါ်မှာနှလုံးသားတစ်ခုလုံးနှစ်မြှုပ်ထားသည်။သူကလျို့ဝှက်ဆေးကြမ်းထဲကအဆိပ်တွေနဲ့ဆေးလုံးဖော်စပ်နည်းများစွာကိုလည်းဆာလောင်မွတ်သိပ်စွာနဲ့နှလုံးသားထဲထိုးထည့်နေပြီးဘယ်လောက်သေးငယ်တဲ့အရာဖြစ်နေပါစေလစ်လျူရှုခဲ့မိမှာစိုးရွံ့နေမိသည်။

မဟာအကြီးအကဲဟွိုင်ယွီကလည်းသူ့တိုးတက်မှုအားစစ်ဆေးရန်အတွက်အချိန်ယူပြီးနေ့တိုင်းလာကြည့်သည်။သူကယန်ထျန်းဟန်သူ့ဝိညာဉ်ပင်တွေကိုပါဆွဲနှုတ်နေတာအားတကယ့်ကိုဂရုစိုက်ပုံမပေါ်ပေ။နောက်ပိုင်းမှာယန်ထျန်းဟန်ကတွေးမိသည်။

ဖြစ်နိုင်တာမဟာအကြီးအကဲဟွိုင်ယွီကဒီပျက်စီးဆုံးရှုံးမှုတွေအားလုံးကိုသူ့အကိုကြီးခေါင်းပေါ်တင်ဖို့လေးလေးနက်နက်ရေတွက်နေတာများလား

သို့သော်လည်းယန်ထျန်းဟန်အတွက်စိတ်သက်သာရာရသွားစေသည်မှာမဟာအကြီးအကဲဟွိုင်ယွီကရက်တော်တော်များများရောက်မလာခဲ့ပဲကိစ္စတစ်ချို့ကိုဖြေရှင်းဖို့အတွက်ရက်အနည်းငယ်လောက်အပြင်ထွက်ဖို့လိုအပ်ပြီးတောင်ထွတ်ကိုပြန်မလာနိုင်သေးဘူးဟုပြောခဲ့ခြင်းပင်။

ထို့ကြောင့်ယန်ထျန်းဟန်ကအနားကတောင်ထွတ်သို့အမဲလိုက်ဖို့သွားစရာမလိုတော့ဘူး

သိရမှာကဒီအချိန်အတောအတွင်းမှာယန်ထျန်းဟန်ကအချိန်ကုန်သက်သာစေဖို့ဖုန်ကျင်းယွိကိုပဲဆန့်ကျက်ဘက်တောင်ကုန်းကိုလွှတ်ပြီးငှက်တွေသတ်ခိုင်းနေတယ်ဆိုတာပဲ

===============

Translator's Note

ဟွိုင်ယွီကအားပိုင်တို့ဟူပိုတို့ကြောင့်ကြက်ဥမစားရဘူးကိုယ်တွေလည်းဝယ်ရခက်လို့မစားရဘူး🥴

===============

Next Episode

ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း

==============
Zawgyi

အခန္း(၂၈၆) - 《Profound Book of Poisons》

ေစတန္နတ္ဆိုးမ်ိဳးႏြယ္စုကသဘာဝတရားကိုကသတ္ျဖတ္ရတာကိုႏွစ္သက္ၿပီးအေလာင္းမ်ားဆီမွက်င့္ၾကံဆင့္ကိုစုပ္ယူၾကသည္။ဒါ့အျပင္သူတို႔ကလူသားကိုယ္ထဲကဝိဉာဥ္သံုးခုနဲ႔စိတ္ဝိဉာဥ္ခုႏွစ္ပါးကိုစုပ္ယူျခင္းျဖင့္လည္းသူတို႔ရဲ႔ကိုယ္ပိုင္က်င့္ၾကံဆင့္ကိုတိုးႁမွင့္လို႔ရႏိုင္၏။ထိုကဲ့သို႔ေသာရက္စက္ယုတ္မာမႈမ်ားသည္ေကာင္းကင္ဘံုရဲ႔တာအိုကသည္းမခံႏိုင္တဲ့အရာမ်ားျဖစ္သည္။

ထို႔ေၾကာင့္လည္းေစတန္နတ္ဆိုးအႏြယ္ဝင္တစ္ေယာက္ေယာက္အထြတ္အထိပ္ကိုေရာက္တာနဲ႔ထိုနတ္ဆိုးကိုသတ္ျဖတ္ပစ္မည့္ေကာင္းကင္သားေတာ္တစ္တစ္ေယာက္ေတာ့အၿမဲတမ္းရွိသည္။ထိုသူကနတ္ဆိုးမ်ိဳးႏြယ္စုပထမဆံုးေပၚေပါက္လာခဲ့တဲ့အခ်ိန္တုန္းကလိုပဲေစတန္နတ္ဆိုးမ်ိဳးႏြယ္မ်ားကိုဖိႏွိပ္လိမ့္မည္။

ေစတန္နတ္ဆိုးမ်ားကကာလရွည္ၾကာၿငိမ္သက္ေနၾကၿပီးျပန္လာႏိုင္မယ့္အခြင့္အလမ္းကိုရွာေဖြၾကေသာ္လည္းရွံုးနိမ့္မႈမ်ားနဲ႔သာရင္ဆိုင္ၾကရျပန္သည္။ေရရွည္မွာေတာ့အဲ့ဒါကေကာင္းကင္ဘံုတာအိုကေနေရွးအခ်ိန္တုန္းကတည္းကသတ္မွတ္ထားခဲ့သည့္သံသရာတစ္ခုႏွင့္တူေနသည္။

ယန္ထ်န္းဟန္ကေရွ႕ျဖစ္ေဟာမိသားစုရဲ႔ႀကိဳတင္ေဟာကိန္းမ်ားအားေန႔စဥ္ေန႔တိုင္းဆက္တိုက္စဥ္းစားမိသည္။သူကေစတန္နတ္ဆိုးတစ္ေယာက္ျဖစ္ၿပီးဖ်က္ဆီးျခင္းၾကယ္စင္ပင္။လင္ရႊမ္းဇီကေတာ့ကယ္တင္ျခင္းၾကယ္စင္ျဖစ္ေနသည္။သူကတကယ့္ကိုေစတန္နတ္ဆိုးတစ္ေယာက္ပဲဆိုတာနားလည္လိုက္တဲ့အခ်ိန္မွာတစ္ခ်ိဳ႔အရာမ်ားကို႐ုတ္တရက္နားလည္သြားရသည္။

ပထမအခ်က္,သူ႔ကိုယ္ေရးအေၾကာင္းအရာကေနာက္ေၾကာင္းျပန္လွည့္လို႔မရဘူး ; ေစတန္နတ္ဆိုးကေစတန္နတ္ဆိုးပဲျဖစ္ေနမွာပဲ။သူ႔ကိုယ္ထဲမွာလူသားေသြးတစ္ဝက္စီးဆင္းေနတာနဲ႔ပဲသူကေစတန္နတ္ဆိုးေတြရဲ႔အင္အားႀကီးလွတဲ့လူမ်ိဳးေရးရာလကၡဏာေတြကိုဆံုးရွံုးသြားမွာမဟုတ္ဘူး

ဒုတိယအခ်က္,ေရွ႕ျဖစ္ေဟာသူရဲ႔အနာဂတ္ေဟာကိန္းျဖစ္သည့္'ကမာၻႀကီးကိုရွဳပ္ေထြးမႈေတြယူေဆာင္လာမယ့္ေစတန္နတ္ဆိုး'ဆိုတဲ့သေဘာကေရွ႕ျဖစ္ေဟာသူေတြရဲ႔စကားမမွန္ေသးခင္မွာတင္သူကကမာၻႀကီးကိုရႈပ္ေထြးမႈေတြယူေဆာင္လာတဲ့ပထမဆံုးသူျဖစ္ႏိုင္သည္။

အကယ္၍သာသူကနတ္ဆိုးလမ္းေၾကာင္းကိုမက်င့္ၾကံဘူးဆိုရင္ၿပီးေတာ့ကမာၻႀကီးကိုရႈပ္ေထြးမႈေတြမယူေဆာင္လာဘူးဆိုရင္ေရွ႕ျဖစ္ေဟာသူရဲ႔စကားေတြကထည့္တြက္လို႔မရေတာ့ဘူး..သူ႔အကိုႀကီးကကယ္တင္ျခင္းၾကယ္စင္ဆိုေပမယ့္ဒီကမာၻႀကီးကရႈပ္ေထြးမႈေတြမျဖစ္ေပၚဘူးၿပီးေတာ့ေစတန္နတ္ဆိုးလည္းမေပၚလာဘူးဆိုရင္လင္ရႊမ္းဇီကလည္းကမာၻႀကီးကိုကယ္တင္စရာမလိုအပ္ေတာ့ဘူး

ၿပီးေတာ့ေနာက္ဆံုးအခ်က္,သူကသူရဲေဘာေၾကာင္တဲ့သူ

သူစဥ္းစားလို႔ေတာင္မရဘူး — အကယ္၍သူသာနတ္ဆိုးအႏုပညာကိုဆက္က်င့္ၾကံေနၿပီးတစ္ေန႔မွာေစတန္နတ္ဆိုးေတြရဲ႔အေလ့အက်င့္ေတြ၊ရႈေထာင့္ေတြနဲ႔ပတ္သတ္တာကိုသာသူစဥ္းစားမိသြားမယ္ဆိုရင္လက္တစ္ဖက္နဲ႔မိုးတိမ္ကိုျဖစ္ေပၚေစၿပီးအျခားတစ္ဖက္နဲ႔မိုး႐ြာေစႏိုင္မယ့္ေခြး႐ူးတစ္ေကာင္လိုမ်ိဳးတကယ္ပဲရႈပ္ေထြးမႈေတြျဖစ္ေပၚေစမိလိမ့္မယ္.....ဒါဆိုေကာင္းကင္ဘံုတာအိုကေနေရြးခ်ယ္ခံထားရတဲ့သူ႔အကိုႀကီးကလည္းသူ႔ရဲ႔သဘာဝရန္သူတစ္ေယာက္ျဖစ္သြားမွာ;အဲ့ဒါဆိုသူ႔အကိုႀကီးကသူ႔ကိုအတိတ္တုန္းကလိုမ်ိဳးဆက္ဆံပါဦးမလား?

ယန္ထ်န္းဟန္ကေတာ့အဲ့ဒီလိုေမးလာရင္ျပင္းျပင္းထန္ထန္နဲ႔ယံုၾကည္ခ်က္ရွိရွိ 'အင္း' လို႔ေျဖႏိုင္လိမ့္မယ္လို႔ေတြးမိေပမယ့္လည္းတကယ္တမ္းအျဖစ္မွန္ကေတာ့သူ႔မွာဘယ္လိုမ်ားယံုၾကည္ခ်က္ရွိပါ့မလဲ?

အကယ္၍သာလင္ရႊမ္းဇီအေပၚသူ႔ရဲ႔ခ်စ္ခင္တြယ္တာမႈကမိသားစုဝင္အခ်င္းခ်င္းခ်စ္ခင္စုံမက္တာ၊ေလးစားတာနဲ႔အျခားရႈပ္ေထြးတဲ့ခံစားခ်က္ေတြေရာေႏွာသြားလို႔ေနာက္ဆုံးမွာ'အခ်စ္'တစ္ခုျဖစ္ေပၚလာတာဆိုရင္လင္ရႊမ္းဇီကေရာသူ႔အေပၚဘယ္လိုအေၾကာင္းအရင္းေၾကာင့္ခ်စ္သြားရတာလဲ?

အရင္ဆံုးစေျပာရမယ္ဆိုရင္ လင္ရႊမ္းဇီေျပာတဲ့ 'အခ်စ္' ဆိုတဲ့အရာက႐ုတ္တရက္ျဖစ္ၿပီး နားမလည္ႏိုင္စရာေကာင္းတယ္

ေျပာရမယ္ဆိုရင္အဲ့ဒီေန႔မတိုင္ခင္တုန္းကလင္ရႊမ္းဇီကသူ႔ကိုရန္သူတစ္ေယာက္လိုသတ္မွတ္ၿပီးသူ႔မ်က္လံုးေတြကေအးစက္တဲ့အျပင္မုန္းတီးျခင္းေတြပါျပည့္ႏွက္ေနခဲ့တာ..ဒါေပမဲ့အဲ့ဒီေန႔ေနာက္ပိုင္းမွာေတာ့သတိေပးခ်က္တစ္စံုတစ္ရာမရွိပဲလင္ရႊမ္းဇီကသူ႔ကိုေႏြးေႏြးေထြးေထြးနဲ႔ဆက္ဆံလာခဲ့တယ္....အဲ့ဒီအမုန္းတရားေတြျပည့္ႏွက္ေနတဲ့မ်က္လံုးေတြကေတာင္သူ႔အတြက္ဆိုခ်စ္ခင္ျမတ္ႏိုးမႈေတြအလိုလိုက္မွဳေတြျပည့္ႏွက္လာခဲ့တယ္..

အခုခ်ိန္ထိယန္ထ်န္းဟန္ကအေၾကာင္းျပခ်က္ကိုစဥ္းစားလို႔မရေသးဘူး...

ဘာျဖစ္လို႔လဲဆိုေတာ့ဘယ္လိုပဲျဖစ္ေနပါေစလင္ရႊမ္းဇီရဲ႔ခံစားခ်က္အႀကီးအက်ယ္ေျပာင္းလဲမႈနဲ႔သာမာန္မဟုတ္တဲ့အျပဳအမူေတြကသူ႔အတိတ္ဘဝတုန္းကမွတ္ဉာဏ္ေတြနဲ႔အတူျပန္လည္ရွင္သန္လာတာေၾကာင့္ဆိုတာကိုယန္ထ်န္းဟန္ကဘယ္လိုမွထင္မိမွာမဟုတ္ဘူးေလ

ယန္ထ်န္းဟန္ကအေၾကာင္းျပခ်က္ကိုနားမလည္ႏိုင္ဘူး...အဲ့ဒါေၾကာင့္လည္းသူကေၾကာက္လန္႔မႈေတြတုန္လွဳပ္မႈေတြနဲ႔တုန္ယင္ေနရတာ

ဒီ႐ုတ္တရက္ခ်စ္ျခင္းေမတၱာကမေဝးေတာ့တဲ့အနာဂတ္မွာ႐ုတ္တရက္ေနာက္တစ္ႀကိမ္ေပ်ာက္ကြယ္သြားႏိုင္မလားဆိုတာသူမသိဘူး

သူေလာင္းေၾကးမထပ္ရဲသလိုေလာင္းလည္းမေလာင္းႏိုင္ဘူး.

သူ႔မွာအခုလင္ရႊမ္းဇီတစ္ေယာက္ပဲရွိေတာ့တာ...တစ္ေယာက္နဲ႔တစ္ေယာက္ဓားျခင္းခ်ိန္ထားဖို႔မေျပာနဲ႔လင္ရႊမ္းဇီကသူ႔ကိုဒီအတိုင္းေအးစက္စက္အမူအယာနဲ႔ပဲဆက္ဆံရင္၊သူ႔ကိုလံုးဝလစ္လ်ဴရွဳလိုက္ရင္ဆိုတာကို —စဥ္းစားမိယံုနဲ႔တင္သူ႔ႏွလံုးသားကိုအပိုင္းပိုင္းျဖတ္ေနသလိုခံစားရၿပီးသူ႔တစ္ကိုယ္လံုးကေနလို႔မေကာင္းေတာ့ဘူး!

ထိုအခ်ိန္သူစဥ္းစားေနတုန္းမွာပဲမဟာအႀကီးအကဲဟြိဳင္ယြီကေဒါသတႀကီးနဲ႔ျပန္လွည့္လာသည္။သူကယန္ထ်န္းဟန္ေရွ႕မွာရပ္လိုက္ၿပီးသူ႔အားေအးစက္စက္ၾကည့္လာ၏။

"နတ္ဆိုးလမ္းေၾကာင္းကိုမက်င့္ၾကံခ်င္ဘူးလား?"

ယန္ထ်န္းဟန္ကေခါင္းညိတ္ျပသည္။

"ငါနဲ႔လိုက္ခဲ့"

မဟာအႀကီးအကဲဟြိဳင္ယြီကယန္ထ်န္းဟန္အားဝိညာဥ္စိုက္ခင္းရွိရာသို႔ေခၚလာသည္။သူကဒီရက္ေတြမွာယန္ထ်န္းဟန္ကိုႏွိပ္စက္ၿပီးဝိညာဥ္ပင္စိုက္ခင္းထဲကေပါင္းပင္ေတြကိုႏႈတ္ဖို႔သာေျပာခဲ့ေသာ္လည္းသူကယန္ထ်န္းဟန္ရဲ႔အင္အားကိုေလ့လာေနျခင္းသာျဖစ္ၿပီးသူ႔ကိုဘာမွမသင္ၾကားေပးခဲ့ေပ။

မဟာအႀကီးအကဲဟြိဳင္ယြီကေျပာသည္။

"ငါ့စီနီယာအကိုႀကီးကမင္းရဲ႔ေန႔ရက္ေတြကိုလံုျခံဳၿပီးသက္ေတာင့္သက္သာရွိတဲ့ေန႔ရက္ေတြကိုျဖတ္သန္းေစဖို႔၊ေလေတြမိုးေတြကေနကာကြယ္ႏိုင္မယ့္ေနရာတစ္ခုရွာေတြ႕ဖို႔တစ္ခုတည္းအတြက္နဲ႔မင္းကိုငါ့ဆီပို႔လိုက္တာမဟုတ္ဘူး...ငါကစည္းမ်ဥ္းစည္းကမ္းေတြအမ်ားႀကီးကိုေျပာခဲ့ေပမယ့္လည္းဘယ္တုန္းကမွတကယ္တမ္းလက္ေတြ႕မက်င့္သံုးခဲ့ဘူး...တကယ္ေတာ့လည္းငါအၿမဲတမ္းေတြးခဲ့တာကအဂၢီရတ္ပညာရွင္လမ္းေၾကာင္းဆိုတာမင္းအတြက္အရန္လမ္းေၾကာင္းတစ္ခုသက္သက္ျဖစ္ၿပီးေတာ့နတ္ဆိုးလမ္းေၾကာင္းကမွမင္းတကယ္ပဲေလွ်ာက္သင့္တဲ့လမ္းလို႔ထင္ခဲ့တာ...ဒါေပမဲ့မင္းကနတ္ဆိုးလမ္းေၾကာင္းကိုဆက္က်င့္ဖို႔ရည္ရြယ္ခ်က္မရွိဘူးဆိုမွာေတာ့မင္းရဲ႔အဂၢီရတ္ပညာလမ္းေၾကာင္းကိုပဲအင္အားပိုၿပီးစိုက္ထုတ္ေပးရေတာ့မယ္"

ယန္ထ်န္းဟန္ကသူ႔ေအာက္ႏႈတ္ခမ္းေလးကိုကိုက္ၿပီးတီးတိုးျပန္ေျပာသည္။

"ေက်းဇူးတင္ပါတယ္ဆရာ"

ဟြိဳင္ယြီကေအးစက္စက္ရယ္ေမာေလသည္။

"ငါ့ကိုျမန္ျမန္ႀကီးေက်းဇူးမတင္နဲ႔ဦး...ငါကအဂၢီရတ္လမ္းေၾကာင္းမွာပါရမီပါတယ္လို႔သတ္မွတ္လို႔ရေပမယ့္မင္းၾကားဘူးတဲ့ေဆးလံုးမ်ိဳးေတြကိုငါဘယ္တုန္းကမွမသန္႔စင္ခဲ့ဘူးဘူး...ငါသန္႔စင္တဲ့ေဆးေတြကလူေတြကိုထိခိုက္ေစၿပီးေသေစႏိုင္တဲ့ဆိုးညစ္လြန္းတဲ့အဆိပ္ေဆးလံုးေတြ...အဲ့ဒီေတာ့,မင္းငါ့ဆီကသင္ၾကားဖို႔ဆႏၵရွိေသးရဲ႔လား?"

ယန္ထ်န္းဟန္ကအံ့အားသင့္သြားမိသည္။မဟာအႀကီးအကဲဟြိဳင္ယြီကအဆိပ္သခင္တစ္ေယာက္ျဖစ္ေနမယ္လိ႔သူဘယ္တုန္းကမွမထင္ထားခဲ့မိဘူးေလ။

သူကမဟာအႀကီးအကဲဟြိဳင္ယြီအားဗလာျဖစ္စြာျဖင့္စိုက္ၾကည့္မိ၏။

"ဘာျဖစ္လို႔လဲ?မဟာအႀကီးအကဲလန္ယြဲ႔ကဒါကိုမကန္႔ကြက္ဘူးလား?"

"သူ႔ကဘာကိုကန္႔ကြက္ႏိုင္မွာလဲ?" ဟြိဳင္ယြီကယန္ထ်န္းဟန္အားမ်က္လံုးလွန္ၾကည့္သည္။

"မင္းဘာပဲက်င့္ၾကံပါေစအဲ့ဒါကက်င့္ၾကံျခင္းပဲမဟုတ္ဘူးလား?လူေတြကိုေပၚတင္ထိခိုက္ေစတာကလည္းထိခိုက္ေစတာပဲ;အေမွာင္ထဲကေနတိတ္တဆိတ္ထိခိုက္ေစတာကလဲထိခိုက္ေစတာပဲေလ...အဲ့ဒါကနည္းလမ္းကြာျခားမႈအေပၚပဲမူတည္တာ...ၿပီးေတာ့လည္း,အဆိပ္သခင္ေတြရဲ႔ေစ်းကြက္ေပါက္ေစ်းကေကာင္းတယ္...မိသားစုေတြအမ်ားႀကီးကေနရာတိုင္းမွာအဆိပ္သခင္ေတြကိုႁမွဳဆြယ္ၿပီးလိုခ်င္ေနၾကတာ...တကယ္တမ္းကေတာ့အဆိပ္သခင္ေတြရဲ႔ေစ်းကြက္ကအဂၢီရတ္ပညာရွင္ေတြထက္ေတာင္ျမင့္ေသးတယ္"

တိုက္ႀကီးငါးတိုက္မွာရွိတဲ့အဆိပ္သခင္ေတြရဲ႔ဂုဏ္သတင္းကသိပ္မေကာင္းေသ္ာလည္း႐ိုးရာအဂၢီရတ္ပညာရွင္ေတြနဲ႔ႏွိုင္းယွဥ္လိုက္ရင္ေတာ့သိပ္ၿပီးမဆိုးဝါးေပ။အနည္းဆံုးအဲ့ဒါကကုပိုးသခင္လိုမ်ိဳးတစ္ျခားသူေတြဆီကေနအသိအမွတ္ျပဳခံထားရတဲ့သင့္ေတာ္တဲ့လမ္းေၾကာင္းပဲျဖစ္သည္။လူမ်ားစြာကဒီအလုပ္ကိုေရွာင္ၾကဥ္ၾကရင္ေတာင္ထိုေဆးပညာဆိုင္ရာလူမ်ားအား႐ိုက္မယ္သတ္မယ္လို႔မေအာ္ဟစ္ၾကဘူးျဖစ္သည္။ေတာင္ဘက္တိုက္မႀကီးကေကာင္းကင္ဘံုအဆင့္ဂိုဏ္းေတြကေတာင္ထိုက်င့္ၾကံမႈကိုအသိအမွတ္ျပဳၾကၿပီးလူမ်ားအားကုပိုးသခင္လမ္းေၾကာင္းကိုက်င့္ၾကံဖို႔အတြက္အထူးတလွယ္ကမ္းလွမ္းၾကေသးသည္ပင္။

"မင္းသင္မွာလားမသင္ဘူးလား?" မဟာအႀကီးအကဲဟြိဳင္ယြီကၾကည့္ရတာအေတာ္ေလးစိတ္မရွည္လက္မရွည္ျဖစ္ေနပံုေပၚသည္။

ယန္ထ်န္းဟန္ကသူ႔လည္ေခ်ာင္းကိုလႈပ္ရွားရေတာ့သည္။

"သင္မယ္"

"အနားတိုးလာခဲ့"

ယန္ထ်န္းဟန္ကဟြိဳင္ယြီအနားကိုေျခလွမ္းအနည္းငယ္ခ်ဥ္းကပ္သြားေသာ္လည္းအရမ္းႀကီးေတာ့တိုးမသြားေပ။မဟာအႀကီးအကဲဟြိဳင္ယီက႐ုတ္တရက္သူ႔လက္ကိုဆန္႔ထုတ္လိုက္ကာသူ႔ညာဘက္လက္ၫွိုးနဲ႔လက္ခလယ္အားယန္ထ်န္းဟန္ရဲ႔ႏွဖူးအလယ္တည့္တည္ကိုထိလိုက္သည္။ယန္ထ်န္းဟန္ကသူ႔မ်က္လံုးေရွ႕မွာေတာက္ပတဲ့အလင္းေရာင္တစ္ခုကိုသာခံစားလိုက္ရၿပီး႐ုတ္တရက္သူ႔အသိစိတ္ထဲမွာေပလႊာတစ္ခုျဖစ္ေပၚလာ၏။

၎သည္အပိုင္းသံုးပိုင္းပါရွိေသာ 《Profound Book of Poisons》
ဟုေခၚသည့္အဆိပ္ေဆးလံုးသန္႔စင္ေသာလ်ိဳ႔ဝွက္အဂၢီရတ္ေဆးၾကမ္းျဖစ္သည္။ပထမအပိုင္းကဝိညာဥ္ခ်ီမ်ားျဖတ္သန္းစီးဆင္းမည့္ေသြးေၾကာဆံုမွတ္မ်ားနဲ႔ဒီဂရီမ်ဥ္းမ်ား၊အဆိပ္ေဆးမ်ားသန္႔စင္ရန္အတြက္လိုအပ္ေသာအတြင္းပိုင္းတရားအားမႈနည္းစနစ္မ်ားပါသည့္အျပင္ထိုေဆးျပားမ်ားကိုသန္႔စင္ဖို႔အတြက္လက္စည္းတံဆိပ္ေတြကိုပါေပါင္းစည္းထားျခင္းျဖစ္သည္။

ဒုတိယတစ္ပိုင္းကေတာ့ေဆးဝါးအျဖစ္အသံုးျပဳႏိုင္မယ့္ဝိညာဥ္ပင္မ်ားနဲ႔အဆိပ္မ်ားပါဝင္သည္။တတိယအပိုင္းကေတာ့အဆိပ္ေဆးမ်ားအတြက္လ်ိဳ႔ဝွက္ေဖာ္စပ္နည္းမ်ားစြာကိုမွတ္တမ္းတင္ထားသည္။ၾကည့္လိုက္မယ္ဆိုရင္အဆိပ္ေဆးေဖာ္စပ္နည္းကအမ်ိဳးေပါင္း (၁၀၀)ထပ္မနည္းေပ။

ယန္ထ်န္းဟန္မွာစကားလံုးတစ္လံုးေျပာဖို႔ေတာင္ခက္ခဲေနသည္။သူကထို
《Profound Book of Poisons》
ရဲ႔အဆင့္ကိုပင္လံုးဝမျမင္လိုက္ေပ။အထဲမွာ ပါဝင္တဲ့အသိပညာေတြကက်ယ္ဝန္းလွတဲ့ပင္လယ္ျပင္လိုက်ယ္ျပန္႔ၿပီးဂဂၤါျမစ္မွသဲပြင့္ေတြလိုမေရမတြက္ႏိုင္ေအာင္ရွိေနသည္။

အရင္တုန္းကသူဖတ္ဘူးခဲ့တဲ့ထဲမွာအဆိပ္သခင္ေတြရဲ႔လ်ိဳ႕ဝွက္ေဆးၾကမ္းမ်ားစြာကိုပါဖတ္ဘူးသည္။သို႔ေသာ္လည္းသူတို႔အားလံုးကဒီတစ္ခုနဲ႔ယွဥ္လိုက္ရင္အိမ္မွာကစားေနတဲ့ကေလးေတြလိုပဲလံုးဝကိုႏွိုင္းယွဥ္လို႔မရဘူး

အကယ္၍သာဒီစာအုပ္ကိုအလံုးစံုေလ့လာၿပီးသြားရင္အနည္းဆံုးကမာၻအဆင့္အဆိပ္သခင္တစ္ေယာက္ျဖစ္သြားမွာကိုပင္စိုးမိသည္။

ယန္ထ်န္းဟန္ကမဟာအႀကီးအကဲဟြိဳင္ယြိအားအေတာ္ေလးရႈပ္ေထြးေနတဲ့အမူအယာနဲ႔လွမ္းၾကည့္သည္။

"ဆရာ,ဒီေလာက္ရွားပါးတဲ့ေဆးၾကမ္းကို,ကၽြန္ေတာ့ကိုဒီအတိုင္းပဲေပးလိုက္တာလား?"

သိရမည္မွာဆရာနဲ႔တပည့္ၾကားထဲမွာေတာင္သူတို႔ရဲ႔ဆက္ဆံေရးကအဆင့္တစ္ခ်ိဳ႔ထိမေရာက္ေသးဘူးဆိုရင္ထိုဆရာကသူ႔တပည့္အားသူ႔ရဲ႔တကယ့္စြမ္းရည္အစစ္အမွန္ကိုဘယ္ေတာ့မွသင္ၾကားေပးမွာမဟုတ္ေပ။'တပည့္တစ္ေယာက္ကိုေအာင္ျမင္ေအာင္သင္ၾကားေပးျခင္းကဆရာကိုေသျခင္းသို႔ေရာက္ေစလိမ့္မည္'ဆိုတဲ့စကားမ်ိဳးကအေၾကာင္းျပခ်က္မရွိပဲေပၚေပါက္လာျခင္းမဟုတ္ဘူးေလ။

မဟာအႀကီးအကဲဟြိဳင္ယြီမွာဘယ္ေလာက္ေတာင္စြမ္းရည္ေတြရွိေနလဲယန္ထ်န္းဟန္မသိေပမယ့္ဒီ《Profound Book of Poisons》ကေတာ့ေသခ်ာေပါက္သာမာန္ပစၥည္းတစ္ခုမဟုတ္ဘူး

မဟာအႀကီးအကဲဟြိဳင္ယြီကသူ႔ႏႈတ္ခမ္းကိုေကြးၫႊတ္လိုက္ၿပီးသူ႔လက္ကိုလႊတ္လိုက္သည္။

"အေစာႀကီးေပ်ာ္မေနနဲ႔, ႐ိုး႐ိုးသားသားေျပာရရင္ဒီ
《Profound Book of Poisons》
ကနယ္ေျမႀကီးကိုးခုမွာထားရင္ေတာင္ ရွားပါးတဲ့ရတနာျဖစ္ေနဆဲပဲ...ငါမင္းကို ဘာေၾကာင့္ေပးရတာလည္းဆိုတဲ့ အေၾကာင္းျပခ်က္ကေတာ့ပထမအခ်က္, မင္းကငါ့တပည့္...အကယ္၍မင္းမွာေကာင္းေကာင္းမြန္မြန္ျပစရာဘာမွမရွိဘူးဆိုရင္အျပင္ထြက္တဲ့အခ်ိန္ငါ့မ်က္ႏွာပဲပ်က္ရလိမ့္မယ္..ဒုတိယအခ်က္,ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ဒါကဒီအတိုင္းလ်ိဳ႔ဝွက္က်မ္းတစ္ခုပါပဲ...မင္းဘယ္ေလာက္ထိနက္နက္နဲနဲက်င့္ၾကံႏိုင္မလဲဆိုတာကေတာ့မင္းရဲ႔ကိုယ္ပိုင္ကံတရားေပၚမွာပဲလံုးဝမူတည္ေနတာ.....အဲ့ဒါအျပင္,တင္းၾကပ္တဲ့ဆရာကထူးခၽြန္တဲ့ေက်ာင္းသားေတြေမြးထုတ္ေပးႏိုင္တယ္ဆိုမွေတာ့ငါလည္းမင္းကိုအရမ္းၾကင္နာေနမွာမဟုတ္ဘူး"

ယန္ထ်န္းဟန္ကေခါင္းညိတ္ျပသည္။

"ဘယ္လိုပဲျဖစ္ေနပါေစ,ကၽြန္ေတာ္ေက်းဇူးတင္ပါတယ္ဆရာ"

မဟာအႀကီးအကဲဟြိဳင္ယြီက'ဟမ့္'ခနဲႏွာတစ္ခ်က္မႈတ္သည္။

"ေနာက္ပိုင္းမွအဲ့ဒီစကားေျပာ"

ေျပာၿပီးသည္ႏွင့္ဟြိဳင္ယြီကသူ႔ေရွ႕ကဝိညာဥ္စိုက္ခင္းကိုလက္ၫွိုးထိုးၿပီးစကားဆက္သည္။

"မင္းလက္စည္းတံဆိပ္ေလ့လာၿပီးသြားၿပီဆိုတာငါသိတယ္.အသံုးျပဳရမယ့္အတြင္းပိုင္းတရားထိုင္နည္းေတြကဒီ
《Profound Book of Poisons》
ထဲကနဲ႔အတူတူပဲ၊မနက္ျဖန္ကစၿပီး, မင္းမေလ့လာရေသးဘူးဆိုရင္ေတာင္ဒီ
《Profound Book of Poisons》
ထဲမွာျပထားတဲ့အတြင္းပိုင္းတရားအားထုတ္တဲ့နည္းလမ္းေတြကိုသံုးၿပီးေပါင္းပင္ေတြႀကိဳးစားႏႈတ္ဖို႔လိုအပ္တယ္...အကယ္၍မင္းကစိုက္ခင္းထဲမွာငုတ္တုတ္ထိုင္ၿပီးေပါင္းပင္ေတြကိုတစ္ပင္ခ်င္းဆီႏုွတ္ေနတာေတြ႕ရင္ေတာ့ၾကာပြတ္နဲ႔အ႐ိုက္မခံရေအာင္သာဂ႐ုစိုက္ေနေတာ့ပဲ"

ယန္ထ်န္းဟန္ကမေနႏိုင္ပဲစိတ္ပူပန္စြာေျပာရွာသည္။

"အကယ္၍ကၽြန္ေတာ္နည္းစနစ္ေတြကိုဒီေန႔တစ္ညလံုးေလ့က်င့္ေနမယ္ဆိုရင္ေတာင္အကုန္လံုးေလ့လာၿပီးသြားဖို႔ကမျဖစ္ႏိုင္ဘူးေလ...ၿပီးေတာ့လည္း,ကၽြန္ေတာ္လႈပ္၇ွားမႈေတြကိုသိတယ္ဆိုရင္ေတာင္သူတို႔ကိုအတူတကြခ်ိတ္ဆက္ႏိုင္ဖို႔လိုအပ္ေနေသးတယ္..အကယ္၍ကၽြန္ေတာ္သာနည္းစနစ္ေတြကိုတိုက္႐ိုက္သံုးပစ္လိုက္ရင္ဒီကဝိညာဥ္ပင္ေတြအမ်ားႀကီးကိုေသခ်ာေပါက္ဖ်တ္ဆီးမိလိမ့္မယ္"

"ဘယ္လိုပဲျဖစ္ျဖစ္ေလ,မင္းမွာခ်မ္းသာတဲ့အကိုႀကီးရွိေနတာပဲ...သူငါ့ကိုေလ်ာ္ေၾကးမေပးႏိုင္မွာကိုငါမစိုးရိမ္မိပါဘူး" မဟာအႀကီးအကဲဟြိင္ယြီကခပ္ေအးေအးပဲတုန္႔ျပန္သည္။

ယန္ထ်န္းဟန္, "...."

သူ႔အကိုႀကီးကိုနည္းနည္းေတာ့အားနာမိတယ္!

ဒါကအဆံုးမဟုတ္ေသးဘူး

မဟာအႀကီးအကဲဟြိဳင္ယြီကသူ႔မ်က္လံုးမ်ားကိုက်ဥ္းေျမာင္းလိုက္သည္။

"ငါမင္းကိုလဝက္အခ်ိန္ေပးမယ္..မင္းဝိညာဥ္ေဆးပင္ေတြရဲ႔အပင္အမ်ိဳးအစားေတြ၊ေဆးဘက္ဆိုင္ရာဂုဏ္သတၱိေတြ၊ႀကီးထြားလာတဲ့အေလ့အက်င့္ေတြအားလံုးကိုမွတ္ထားဖို႔လိုတယ္..ၿပီးေတာ့ဒီ《Profound Book of Poisons》ထဲကေဆးလံုးေဖာ္စပ္နည္း(၂၃၈)ခုကိုလည္းႏွလံုးသားနဲ႔မွတ္သားၿပီးစကားလံုးတစ္လံုးေတာင္လြဲလို႔မရဘူး"

ေၾကာင္ေတာင္ေတာင္ျဖင့္ပင္ယန္ထ်န္းဟန္ကသူ႔ကိုမ်က္လံုးျပဴးၿပီးစိုက္ၾကည့္မိသည္။

"ဒါက....ဒါကသိပ္မျဖစ္ႏိုင္ေလာက္မွာပဲစိုးတယ္"

ဟြိဳင္ယြီကသူ႔ႏႈတ္ခမ္းကိုေကြးၫႊတ္လိုက္ေလသည္။

"အဲ့ဒါမျဖစ္ႏိုင္ဘူးလို႔မင္းဘယ္လိုသိလဲ?ဒီလိုဆိုရင္ေရာ;ငါေပးထားတဲ့အိမ္စာေတြကိုၿပီးေျမာက္ေအာင္လုပ္ၿပီးစာေမးပြဲကိုေက်ာ္ျဖတ္ႏိုင္မယ္ဆိုရင္,ဒါဆိုလဝက္အၾကာမွာ,မင္းအကိုႀကီးကိုရွာၿပီးတိုင္ေတာႏိုင္ဖို႔ေတာင္ေအာက္ကိုဆင္းခြင့္ေပးမယ္;အဲ့ဒီလိုဆိုရင္ေရာ?"

ယန္ထ်န္းဟန္ရဲ႔အမူအယာေျပာင္းလဲသြားသည္။သူကသူ႔လက္သန္းေလးကိုအလ်င္အျမန္ထုတ္ၿပီးမဟာအႀကီးအကဲဟြိဳင္ယြီအားေတာက္ပေနတဲ့မ်က္လံုးေလးမ်ားနဲ႔စိုက္ၾကည့္၏

"ကၽြန္ေတာ့္ကိုကတိေပး,လက္သန္းကတိ,ေနာက္ႏွစ္တစ္ရာေတာင္ဆရာ႔ရဲ႔စကားကိုေျပာင္းလဲဖို႔ခြင့္မျပဳဘူး!"

မဟာအႀကီးအကဲဟြိဳင္ယြီကမ်က္ေစာင္းသာထိုးေတာ့သည္။

"ကေလးဆန္လိုက္တာ"

အဲဒီလိုေျပာေပမယ့္လည္းသူကသူ႔လက္သန္းကိုထုတ္ၿပီးယန္ထ်န္းဟန္နဲ႔လက္သန္းကတိလုပ္ေပးဆဲပင္.

ယန္ထ်န္းဟန္သည္ပင္လယ္ေရကဲ့သို႔က်ယ္ျပန္႔လွသည့္လွ်ိဳ႕ဝွက္လက္စြဲစာအုပ္ကိုအလြတ္က်က္ရန္အတြက္ျပန္သြားဖို႔မေစာင့္ႏိုင္ေတာ့ေသာ္လည္းသူေျခလွမ္းတစ္ဝက္ေလာက္သာလွမ္းရေသးၿပီးမဟာအႀကီးအကဲဟြိဳင္ယြီကျပန္လွည့္လာသည္ကိုျမင္လိုက္ရသည္။

"ဆရာ႔မွာအၾကံေပးစရာရွိေသးလား?" ယန္ထ်န္းဟန္ကေမးသည္။

"မင္းရဲ႔ငတံုးက်ားေပါက္ႏွစ္ေကာင္ကိုထိန္းထားဖို႔မေမ့နဲ႔ဦး" 

ဟြိဳင္ယြီကသူ႔ရဲ႔ၾကက္ျခံရွိရာကိုလက္ၫွိုးထိုးျပၿပီးသူ႔အသံကေတာ့ေဒါသမ်ားနဲ႔ျပည့္ႏွက္ေနသည္။

"ဒီရက္ေတြမွာသူတို႔ကငါ့ၾကက္ေတြနဲ႔ဘဲေတြကိုေန႔တိုင္းလိုက္ဖမ္းေနၿပီးဥမဥႏိုင္ေအာင္လုပ္ေနတယ္..မင္းကမင္းဆရာကိုဘာစားေစခ်င္ေနတာလဲ?"

ယန္ထ်န္းဟန္ကခ်က္ခ်င္းပင္ရွက္ရြံ႔မႈေၾကာင့္မ်က္ႏွာရဲတက္လာၿပီးအႀကိမ္ႀကိမ္ကတိေပးရွာသည္။

"ဆရာ.စိတ္ခ်ပါ;ကၽြန္ေတာ္ေသခ်ာေပါက္သူတို႔ကိုဂ႐ုစိုက္ပါ့မယ္!"

ယန္ထ်န္းဟန္ကေျမျပင္ေပၚကဝက္ေျခေထာက္ကိုၾကည့္လိုက္ၿပီးက်ယ္ေလာင္စြာဆက္ေျပာသည္။

"ဆရာ,ညစာခ်က္ဖို႔ကိစၥက..."

"ငါ့ကိစၥမို႔လို႔လား?" မဟာအႀကီးအကဲဟြိဳင္ယြီကျပန္ေျပာသည္။
"မင္းျပႆနာေလ"

ယန္ထ်န္းဟန္, "...."

ေကာင္းၿပီ,ရတယ္,တစ္ဖက္လူကိုေတာင္းဆိုဖို႔သူ႔ကိုဘယ္သူကခြင့္ျပဳလို႔လဲ?

ယန္ထ်န္းဟန္ကသက္ျပင္းခ်သည္။

"ေကာင္းၿပီ,ကၽြန္ေတာ္ဂ႐ုတစိုက္ခ်က္လိုက္ပါ့မယ္"

ဟြိဳင္ယြီကႏွာေခါင္းရွံဳ႔လိုက္ၿပီးယန္ထ်န္းဟန္အားအေတာ္ေလးၾကာသည္အထိစိုက္ၾကည့္ေနသည္မွာဒီေကာင္စုတ္ေလးကအမွန္ေျပာေနတာဟုတ္မဟုတ္အကဲျဖတ္ေနသလိုပင္.

ခဏေလာက္အၾကာမွာမဟာအႀကီးအကဲဟြိဳင္ယြီကသူ႔မ်က္လံုးမ်ားကိုက်ဥ္းေျမာင္းလိုက္၍ေလးနက္တဲ့အဓိပၸါယ္နဲ႔ေမးလာသည္။

"အားဟန္,မင္းကံၾကမၼာဆိုတာကိုယံုလား?"

ယန္ထ်န္းဟန္ကခဏေလာက္စဥ္းစားလိုက္ၿပီးေနာက္သတိရွိရွိနဲ႔ျပန္ေျဖသည္။

"အပိုင္းတစ္ခုေလာက္ထိေတာ့ယံုပါတယ္ဒါေပမဲ့အားလံုးေတာ့မဟုတ္ဘူး...ကၽြန္ေတာ့အကိုႀကီးတစ္ခါကေျပာဘူးတယ္,အင္အားစိုက္ထုတ္မႈသာရွိရင္ဘာအရာမဆိုေအာင္ျမင္ႏိုင္တယ္တဲ့"

ဟြိဳင္ယြီကႏူးညံ့သိမ္ေမြ႕စြာျဖင့္ျပန္ေျပာသည္။

"မင္းအကိုႀကီးရဲ႔စကားေတြထဲမွာမွန္တာတစ္ခ်ိဳ႔ပါတယ္;ကံၾကမၼာဆိုတာေျပာင္းလို႔မရတာမဟုတ္ဘူး"

ယန္ထ်န္းဟန္ကအေတာ္ေလးအံ့အားသင့္သြားရသည္။

"ဆရာ,ဆရာကကၽြန္ေတာ့အကိုႀကီးရဲ႔စကားေတြကိုအတည္ျပဳေပးလိမ့္မယ္လို႔မထင္ထားမိဘူး"

အခ်ိန္အမ်ားစုမွာမဟာအႀကီးအကဲဟြိဳင္ယြီကလူေတြရဲ႔အားနည္းခ်က္ကိုအခြင့္ေကာင္းယူၿပီးမမွ်တမႈေတြလုပ္တတ္သည္။ဒါ့အျပင္သူ႔ကိုၾကည့္ရတာလင္ရႊမ္းဇီကိုျမင္ျမင့္ေတြးထားဟန္မတူဘူး

ဟြိဳင္ယြီကေအးစက္စက္သာေျပာသည္။

"သူကအစိတ္အပိုင္းတစ္ခုေလာက္ပဲမွန္တာပါ,တစ္ခ်ိဳ႔ေစတန္နတ္ဆိုးေတြကလူသားက်င့္ၾကံသူေတြနဲ႔မိတ္ေဆြျဖစ္ၿပီးၿငိမ္းၿငိမ္းခ်မ္းခ်မ္းအတူယွဥ္တြဲေနထိုင္ႏိုင္ၾကသလိုေပါ့....ဒါကကံၾကမၼာဆိုတာကိုဆန္႔က်င္ႏိုင္တဲ့အရာပဲ...ဒါေပမဲ့လည္းလူမ်ိဳးစုတစ္ခုလံုးကိုခ်ံုၿပီးေျပာရရင္ေတာ့ေစတန္နတ္ဆိုးေတြနဲ႔လူသားေတြကဘယ္ေတာ့မွသဟဇာတမျဖစ္ဘူး...မင္းဘာလုပ္ခ်င္လဲဆိုတာဂ႐ုတစိုက္စဥ္းစားေခ်"

ထိုစကားေျပာၿပီးေနာက္မဟာအႀကီးအကဲဟြိဳင္ယြီကအက်ႌလက္ကိုခါ၍ထြက္ခြာသြားေတာ့သည္။

အာရံုပ်ံ႔လြင့္စြာပင္ယန္ထ်န္းဟန္ကသူ႔လက္အားဗလာျဖစ္စြာျဖင့္စိုက္ၾကည့္ေနမိသည္။

《Profound Book of Poisons》ကိုရတဲ့အခ်ိန္ကစၿပီးယန္ထ်န္းဟန္ကအတြင္းစိတ္တရားအားထုတ္မႈနဲ႔အသိပညာမ်ားစြာကိုအလြတ္က်က္မွတ္ျခင္းအေပၚမွာႏွလံုးသားတစ္ခုလံုးႏွစ္ႁမွဳပ္ထားသည္။သူကလ်ိဳ႔ဝွက္ေဆးၾကမ္းထဲကအဆိပ္ေတြနဲ႔ေဆးလံုးေဖာ္စပ္နည္းမ်ားစြာကိုလည္းဆာေလာင္မြတ္သိပ္စြာနဲ႔ႏွလံုးသားထဲထိုးထည့္ေနၿပီးဘယ္ေလာက္ေသးငယ္တဲ့အရာျဖစ္ေနပါေစလစ္လ်ဴရႈခဲ့မိမွာစိုးရြံ႔ေနမိသည္။

မဟာအႀကီးအကဲဟြိဳင္ယြီကလည္းသူ႔တိုးတက္မႈအားစစ္ေဆးရန္အတြက္အခ်ိန္ယူၿပီးေန႔တိုင္းလာၾကည့္သည္။သူကယန္ထ်န္းဟန္သူ႔ဝိညာဥ္ပင္ေတြကိုပါဆြဲႏႈတ္ေနတာအားတကယ့္ကိုဂ႐ုစိုက္ပံုမေပၚေပ။ေနာက္ပိုင္းမွာယန္ထ်န္းဟန္ကေတြးမိသည္။

ျဖစ္ႏိုင္တာမဟာအႀကီးအကဲဟြိဳင္ယြီကဒီပ်က္စီးဆံုးရွံုးမႈေတြအားလံုးကိုသူ႔အကိုႀကီးေခါင္းေပၚတင္ဖို႔ေလးေလးနက္နက္ေရတြက္ေနတာမ်ားလား

သို႔ေသာ္လည္းယန္ထ်န္းဟန္အတြက္စိတ္သက္သာရာရသြားေစသည္မွာမဟာအႀကီးအကဲဟြိဳင္ယြီကရက္ေတာ္ေတာ္မ်ားမ်ားေရာက္မလာခဲ့ပဲကိစၥတစ္ခ်ိဳ႔ကိုေျဖရွင္းဖို႔အတြက္ရက္အနည္းငယ္ေလာက္အျပင္ထြက္ဖို႔လိုအပ္ၿပီးေတာင္ထြတ္ကိုျပန္မလာႏိုင္ေသးဘူးဟုေျပာခဲ့ျခင္းပင္။

ထို႔ေၾကာင့္ယန္ထ်န္းဟန္ကအနားကေတာင္ထြတ္သို႔အမဲလိုက္ဖို႔သြားစရာမလိုေတာ့ဘူး

သိရမွာကဒီအခ်ိန္အေတာအတြင္းမွာယန္ထ်န္းဟန္ကအခ်ိန္ကုန္သက္သာေစဖို႔ဖုန္က်င္းယြိကိုပဲဆန္႔က်က္ဘက္ေတာင္ကုန္းကိုလႊတ္ၿပီးငွက္ေတြသတ္ခိုင္းေနတယ္ဆိုတာပဲ

===============

Translator's Note

ဟြိဳင္ယြီကအားပိုင္တို႔ဟူပိုတို႔ေၾကာင့္ၾကက္ဥမစားရဘူးကိုယ္ေတြလည္းဝယ္ရခက္လို႔မစားရဘူး🥴

===============

Next Episode

ဟြိဳင္ယြီကသြားေရာက္လည္ပတ္ျခင္း

==============

Continue Reading

You'll Also Like

51.4K 5K 133
acc ထဲမှာ 1 ရှိပါတယ်
358K 53K 76
အခြားဝတ္ထုတွေမှာဆိုရင်ဒီဇာတ်ကွက်ကတစ်ခြားသူတွေရဲ့ဖျက်ဆီးခြင်းကြောင့်ပျက်စီးရမှာဖြစ်ပေမဲ့...ဇာတ်လိုက်ကျော်ကြီး ရှီရှန်းကတော့တစ်ခြားသူတွေဖျက်ဆီးဖို့အခွင...
522K 85.7K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
226K 14K 39
My priority /property/privacy