ဆက်တိုက်မြည်နေတဲ့ Alarm ကို လက်နဲ့လှမ်းပိတ်ပြီး စောင်ကို ခေါင်းမြီးပါခြုံချလိုက်သည် ။ ခဏတာ အနားရသွားတဲ့ အကြားအာရုံဟာ ဖုန်း Ringtone ရဲ့ အနှောင့်အယှက်ကို ထပ်ခံရပြန်တယ် ။
" မောနင်း "
" မောနင်း ဟီဆွန်းနီးဟျောင်း"
တစ်ဖက်က ကြည်ကြည်လင်လင်ထွက်လာတဲ့ ဟီဆွန်းအသံကို အိပ်ချင်မူးတူးနဲ့ပြန်ဖြေရတာ အားနာစရာတော့ကောင်းသည် ။ သူ့ အသံက တအားသိသာနေလားတော့မသိ ။ သူအိပ်ရာထဲမှာပဲ ရှိသေးတယ်ဆိုတာ ဟျောင်းက တန်းသိသွားသည် ။
" ထသင့်နေပြီ ဂျယ်ယွန်းရဲ့ ၊ မနက်ပိုင်းအတန်းချိန်ရှိသေးတယ် မဟုတ်လား "
" အာ .. ဟုတ်တယ် ရှိတယ် ! ရှိတယ် သွားတော့မယ် ဟျောင်း တာတာ့"
" ဟေ့ကောင်လေး ! မနက်စာ စားသွားဦးနော် "
ဟီဆွန်းဖုန်းထဲက လှမ်းအော်တာကို သူမကြားတော့ ။
ဖုန်းကိုပစ်ချ ၊ ရေချိုးခန်းထဲပြေးဝင်ပြီး ဝုန်းဒိုင်းကျဲရတော့သည် ။ တိုက်ခန်းက သူတစ်ယောက်တည်းနေတာမို့ ပိုလို့တောင်ဆိုး ။ မနက်စာ ၊ ညစာ ကို ကျော်ချလိုက် ဖြစ်သလိုစားလိုက်နဲ့ သူ့နေရက်တွေက ဘယ်တော့မှအစီအစဉ်မကျ ။
အဲ့လိုနဲ့ပဲ ဒီနေ့မနက်လည်း ပေါင်မုန့်နဲ့ ပန်းသီးဂျူ့စ် နဲ့ပဲ နှစ်ပါးသွားရပြန်သည် ။ ညစာအတွက်ကတော့ Ramen ပေါ့ ။
သူ့ဘဝကို အထီးကျန်ဆန်တယ်လို့ လူတွေက သမုတ်လျှင် တကယ်မုန်းသည် ။ အမှန်တော့ အေးချမ်းတာမဟုတ်ဘူးလား ။
ဘတ်စ်ကားအနောက်ခုံမှာ တစ်ယောက်တည်းထိုင်ရင်း နားကြပ်တပ်ထားလိုက်တော့ သီချင်းသံလေးတွေက သူ့အဖော်ဖြစ်လာသည် ။ ဒီလိုမျိုးအတွေးတွေကို ခဏအနားပေးလိုက်တော့ ညက ပုံရိပ်တွေက မျက်လုံးထဲ အစီအရီ။
ပတ်ဆောင်ဟွန်း ။
သူ့ အတွေးတွေရဲ့ ပဲ့ကိုင်ရှင်ပဲ ။
သုံးနှစ်လောက် သဘောကျခဲ့ရတဲ့ ထိုအမျိူးသားကို အခုမှ သူသေချာမြင်ဖူးသည်တဲ့ ။ ရယ်တော့ရယ်ရသည် ။
နားထင်နားက မှဲ့နှစ်ခုကို မနေ့ညကမှ သူ စသတိထားမိသည်။ သူကလည်းသူပဲ ။ သုံးနှစ်လုံးလုံး social distancing လုပ်နေသည့်အလား ။ ဆောင်ဟွန်းအနားဆိုလျှင် ၆ ပေ အကွာက အလွန်ဆုံးပဲ ။
သူ လျှောက်မတွေးချင်တော့တာနဲ့ Instagram ကို ဖွင့်လိုက်သည် ။ ဖွင့်ဖွင့်ချင်းမှာတင် အကျင့်ပါနေတဲ့ သူ့လက်က Acc တစ်ခုကို အလိုလိုရှာပြီးသား ။
သူ ထင်ထားတဲ့အတိုင်း ညက ဝတ်စုံနဲ့ ဆောင်ဟွန်းကို ပါတီမှာ ပျော်နေတာတွေ့ရသည် ။ Myday တော့ ဝင်မကြည့်ဖြစ်တော့ ။ ကောင်မလေးတစ်ယောက်ယောက်နဲ့ နမ်းနေတဲ့ပုံ ဒါမှမဟုတ် ဖက်ထားတဲ့ပုံပဲဖြစ်မယ်ဆိုတာ သေချာသလောက် ။
ကျောင်းနားလည်းရောက်ပြီမို့ ဖုန်းကိုပိတ်ကာ လွယ်အိတ်ထဲပဲ ပြန်ထည့်လိုက်သည် ။
ဒီလိုနဲ့ပဲ နေ့စွဲမရှိတဲ့ ပျင်းစရာနေ့ရက်တစ်ရက်က စတင်ရပြန်တယ် ။
🎗️
ပထမဆုံးအတန်းချိန် နောက်ကျနေပြီဆိုတဲ့ အသိနဲ့ ဂျိတ်ခ်ဟာ ဇောချွေးတောင်ပြန်နေတယ် ။ ဆက်တိုက်ပြေးလာတဲ့ ခြေထောက်တွေက တစ်နေရာအရောက်မှာ အလိုလိုရပ်တန့်သွားမိတယ် ။
ရင်းနှီးမလိုလိုနဲ့ စိမ်းနေတဲ့မြင်ကွင်း ။
ပတ်ဆောင်ဟွန်း နဲ့ ဂင်ချွန်းဟယ် ။
နှစ်ယောက်တစ်ကမ္ဘာဖြစ်နေတဲ့ သူတို့နှစ်ယောက်က ဘေးနားကဖြတ်သွားဖြတ်လာတွေကို ဂရုမစိုက် ။
ဂင်ချွန်းဟယ် ခါးတွေပေါ်ရောက်နေတဲ့ ဆောင်ဟွန်းလက်တွေဆီ အကြည့်မရောက်ခင် သူအမြန်လှည့်ထွက်ခဲ့သည် ။
ဘယ်လိုပဲ ပတ်ဆောင်ဟွန်းနဲ့ ကင်းအောင်နေနေ ဒီလိုမြင်ကွင်းတွေကို မမြင်ချင်မှအဆုံး ။
သုံးနှစ်လုံးလုံး လုံးဝရိုးမသွားခဲ့တဲ့ မြင်ကွင်းတွေပေါ့။
ဒါပေမယ့် ဂင်ချွန်းဟယ် ။
ချွန်းဟယ် ဆိုတဲ့တစ်ယောက်က ဆောင်ဟွန်းအတွက် ထူးခြားတယ်ဆိုတာ တစ်ကျောင်းလုံးသိသည် ။
တစ်ပတ်ပြီးတစ်ပတ် ကောင်မလေးတွေကို ထည်လဲတွဲနေကြ ဆောင်ဟွန်းက ချွန်းဟယ်ကိုတော့ ဘယ်တော့မှ မငြီးငွေ့။မငြီးငွေ့သော်လည်း ချွန်းဟယ် ကိုပဲ စွဲလမ်းနေတာတော့ မဟုတ်။ ချွန်းဟယ် က ချွန်းဟယ်။ ဆောင်ဟွန်းက ဆောင်ဟွန်း ။ ချွန်းဟယ် ကို ဆောင်ဟွန်းက သူ့ဘဝထဲက မပယ်ထုတ်သော်လည်း တစ်ပတ်တစ်ခါတော့ ကောင်မလေးအသစ်တစ်ယောက်နဲ့ တွဲမြဲ ။ ချွန်းဟယ်လည်း ထိုနည်းတူပင် ။
ကျောင်းကလူတွေပြောကြတာတော့ ဆောင်ဟွန်းက ဘယ်ကောင်မလေးကိုမှ အတည်မတွဲနိုင်တာ ချွန်းဟယ် ကြောင့်တဲ့ ။ ငယ် သူငယ်ချင်းတစ်ဖြစ်လဲ ရည်းစားမကျတဲ့ သူတို့ဆက်ဆံရေးက လူတွေထင်ထားတာထက်တော့ ပိုနက်နဲလောက်မည် ။
ဘယ်လိုပဲဖြစ်ဖြစ်လေ ဘယ်ကကြည့်ကြည့် ဂျိတ်ခ်အတွက်ကတော့ အရှုံးကြီးပဲမလား ။
__________
" နီကီက အမြဲတမ်းအဲ့လိုပဲ ! "
ပထမအတန်းချိန်ပြီးရင် တွေ့မယ်လုပ်ထားတဲ့ နီကီ့ဆီက မက်ဆေ့ကြောင့် သူစိတ်တွေရှုပ်သွားသည် ။
*ဟျောင်း တကယ်ဆောရီး ㅠㅠ နေ့လည်စာ အတူမစားနိုင်လောက်တော့ဘူး*
" ဘာလို့လဲ" ဆိုတဲ့ နောက်ကွယ်က အကြောင်းပြချက်ကိုတော့ မမေးချင်တော့ ။ နီကီက အလကားသက်သက် သူ့ကိုတော့ ကတိဖျက်မှာမဟုတ် ။ အခုလောလောဆယ်တော့ သူတစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေပြီ ။ ဂျောင်ဝန်းကလည်း သူ့ လေ့ကျင့်ချိန်တွေနဲ့ပြည့်နေမှာမို့ အပူသွားမပေးချင် ။
" ဟွန့် ... စာကြည့်တိုက်ပဲသွားတော့မယ် "
ရှင်းဂျိတ်ခ်ရဲ့ ကိုယ်ပိုင်အမူအရာလေးလို့ပြောလို့ရမယ့် မျက်မှန်ဝိုင်းလေးကို လက်ညှိုးနဲ့ပင့်တင်ရင်း သူက မတ်တပ်ထရပ်လိုက်သည် ။
ညနေထိ အတန်းချိန်မရှိတာမို့ ဒီနေ့တော့စာဖတ်ရင်း အချိန်ကုန်သွားရမယ်ထင်တယ် ။ သူ့ဘေးနားက လူတွေကို တစ်ချက်ငဲ့ကြည့်လိုက်တော့ သက်ပြင်းတိုးတိုးချမိသည် ။
အားလုံးဟာ အဖော်ကိုယ်စီနဲ့ သူတို့ကမ္ဘာလေးတွေမှာ ကိုယ်စီ ပျော်နေကြတဲ့ပုံ ။
စာကြည့်တိုက်ထဲ စဝင်တာနဲ့ ရင်းနှီးနေတဲ့စာအုပ်အငွေ့အသက်တွေကို ရှုရှိုက်ရသည် ။ သိသိသာသာ လျော့ကျသွားတဲ့ ဆူညံမှုတွေကြောင့် နည်းနည်းတော့ရင်အေးသွားရသည် ။ ထောင့်တစ်နေရာမှာ လွယ်အိတ်ကိုချပြီး စာအုပ်ရွေးဖို့ လျှောက်လာခဲ့လိုက်သည် ။
ခေါင်းတစ်မော့မော့နဲ့ စာအုပ်တွေကိုပဲမော့ကြည့်ပြီးရွေးနေတာကြောင့် ဖြတ်သွားတဲ့လူတွေနဲ့ တိုက်မိရတာလည်း အခါခါ
" အာ ! တွေ့ပြီ "
သူ လွန်ခဲ့တဲ့တစ်ပတ်လောက်ထဲက ရှာနေရတဲ့ စာအုပ်ကို မထင်မှတ်ပဲတွေ့လိုက်ရတာမို့ လူက အူမြူးသွားသည် ။
ခြေဖျားကိုထောက် ၊ လက်ဖျားကို အစွမ်းကုန်မြှောက်ထားတာတောင် စာအုပ်ကို မမှီနိုင်သေး ။
နည်းနည်းလေး ။
နည်းနည်းလေး လိုသေးတာမို့ နည်းနည်းထပ်ကြိုးစားပြီး ရတော့မယ့် ဆဲဆဲမှာ ။
တစ်ကိုယ်လုံး နွေးထွေးသွားတဲ့ ခံစားမှူ ။
ပြီးတော့ သူ့အမြင်အာရုံထဲ ဝင်ရောက်လာတဲ့ ဖြူသွယ်သွယ်လက်တစ်စုံ ။
သူ ရယူဖို့ကြိုးစားနေတဲ့ စာအုပ်ကို ထိုသူက အသာအယာ ဆွဲယူလိုက်သည် ။
မသိစိတ်က ခန္ဓာကိုယ်ကို အမြန်လှည့်ပြီး ထိုလက်ပိုင်ရှင်ကို လှည့်ကြည့်လိုက်မိသည် ။
ဘုရားရေ ။
သူ ထိုနေရာမှာတင် အငွေ့ပျံကာ ပျောက်သွားချင်ပြီ။
ဒါဘယ်လိုအခြေအနေမျိုးလဲ ။
သူ့ကို ငုံ့ကြည့်နေတဲ့ ဆောင်ဟွန်းနဲ့ သူ့ရဲ့အကွာအဝေးက စင်တီမီတာအကွာလေးပဲရှိတော့မည် ။
အဲ့ကြားထဲ ပတ်ဆောင်ဟွန်းက လူကိုပေါက်ထွက်တတ်တော့မတတ် ဆက်တိုက်ကြည့်နေသည် ။
" ကျေး- ကျေးဇူး "
ဆောင်ဟွန်းရင်ဘတ်ကို မသိမသာတွန်းထုတ်ကာ လှစ်ထွက်လာဖို့လုပ်ပေမယ့် ဘယ်ဘက်လက်ကနေ တစ်ဆင့် တစ်ကိုယ်လုံးအနောက်ကိုအဆွဲခံလိုက်ရသလို ။
" စာအုပ်ယူသွားဦးလေ ဂျိတ်ခ်ီး"
အခုချိန်ဆို သူ့မျက်နှာတစ်ခုလုံး ဘယ်လောက်တောင်ရဲတွတ်နေလောက်ပြီလဲ ။ တစ်ဖြည်းဖြည်းနီးကပ်လာပြန်တဲ့ ဆောင်ဟွန်းကြောင့် သူဒူးတွေပါချောင်ချင်လာသည် ။
" အဟ ချစ်စရာလေး "
နီးက်လွန်းနေတဲ့ ဆောင်ဟွန်းကြောင့် သူမျက်လုံးတွေကို မသိစိတ်က မှိတ်လိုက်မိသည် ။ ဒါပေမယ့် သူ့နဖူးပေါ်ဖြတ်တိုက်သွားတဲ့ လေနုနုတစ်ချို့ကလွဲ ဘာမှမခံစားခဲ့ရ ။သူ နဖူးတည့်တည့်ကို လေတစ်ချက်မှုတ်ပြီး ပြန်လှည့်ထွက်သွားတဲ့ ဆောင်ဟွန်းက သေလောက်အောင်မိုက်တယ် ။
ဂျိတ်ခ်ကဖရိုဖရဲဖြစ်သွားတဲ့ သူ့ဆံပင်တွေကို ပြန်ဆွဲကိုင်ရင်း ထိုကျောပြင်ကို ဆက်တိုက်ငေးကြည့်နေမိသည် ။
အိပ်ကပ်ထဲ လက်ထည့်ပြီး ဖြည်းဖြည်းချင်းပြန်ထွက်သွားတဲ့ ဆောင်ဟွန်းက ခုနကထိ သူ့ကိုပြုံးပြီး ငေးကြည့်နေခဲ့တာ ။
မျက်မှန်ဝိုင်းလေးနဲ့ ကောင်လေးကတော့ ဒါကအိပ်မက်လား ဘာလားဆိုပြီး စိတ်ရှုပ်ရှုပ်နဲ့ကျန်ခဲ့ရသည် ။
ပတ်ဆောင်ဟွန်းကဘာလဲ ။
ပြီးတော့ သူ့ခြေလှမ်းတွေက ဘာလို့ ဂျိတ်ခ်ဆီလှည့်လာနေရတာလဲ ။ ထောက်ချောက်ဆိုရင်တောင် တိုးဝင်မိတော့မှာပဲ။
🎗️
" ဆောင်ဟွန်း ၊ မင်း အဲ့ကောင်လေးကို သွား စ နေတာလား"
ဂျေးက IG FEED မှာပျံ့နေတဲ့ စာကြည့်တိုက်ကဆောင်ဟွန်းနဲ့ ဂျိတ်ခ်ရဲ့ ပုံကို ပြရင်းမေးသည် ။ ပတ်ဆောင်ဟွန်းကတော့ အင်းမလုပ် အဲမလုပ် ၊ ဂရုတောင်စိုက်ပုံမပေါ် ။
" ဟေ့ကောင် ၊ ပြောနေတယ်လေ ဒီအတိုင်းကစားမယ်ဆို အခုတည်းကနောက်ဆုတ်လိုက်တော့"
" ဘာလို့လဲ "
သောက်လက်စ အအေးဘူးကို ချရင်း ဆောင်ဟွန်းက မျက်ခုံးတွန့်မေးသည် ။ ဂျေးရဲ့ ထူးဆန်းတဲ့စကားကြောင့်သူ့မျက်လုံးတွေထဲမှာ မယုံနိုင်ခြင်းတွေနဲ့ ။
" သူ့ကိုထိရင် အီဟီဆွန်းနဲ့ ငြိတာပဲ "
" အီဟီဆွန်း ! အီဟီဆွန်း ! အီဟီဆွန်း !
အဲ့လူနာမည်ကို အခုထိကြားနေရတုန်းလား "
ရုတ်ချည်းဒေါသထွက်လာတဲ့ ဆောင်ဟွန်းရဲ့ အကြောင်းရင်းကို သိတာမို့ ဆောနူရော ဂျေးရော ပါးစပ်ပိတ်သွားရသည်။ ဆောနူဆို အတန်းတက်စရာရှိသေးတယ် ဆိုကာ စားလက်စမုန့်ကို ပါးစပ်ထဲ မြန်မြန်ထိုးထည့်ပြီး ထထွက်လာခဲ့သည် ။
" ဆောင်ဟွန်း ငါပြောတာနားထောင် သူငယ်ချင်း ဂျိတ်ခ်ကိုတော့ လွှတ်ပေးထားလိုက် "
" အဲ့တာဆို ပြသာနာပဲ ... ငါကလည်း အဲ့ကောင်လေးကို စိတ်ရင်းနဲ့ စိတ်ဝင်စားတာ "
☁️
" ဆောင်ဟွန်းက ယောက်ျားလေးတွေကို သဘောကျတာအခုမှသိတယ် ခ်ခ် သူကဂေးလား"
" ဘယ်က ဂေးရမှာလဲ ၊ Bi လေ မသိဘူးလား"
" ကောင်မလေးတွေကို ကာဗာတွဲတာတော့မဟုတ်ပါဘူးနော် ဟီး "
" လျှောက်တွေးမနေနဲ့ ၊ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အချိန်တန်ရင် သူကထားခဲ့မှာပဲ ၊ အဲ့ကောင်လေးကိုလည်း အဲ့အတိုင်းပဲ ထားခဲ့မှာ ကြည့်နေ "
အမှန်ဆို ဆောင်ဟွန်းနဲ့ ဂျိတ်ခ် ရဲ့တွေ့ဆုံမှုအချိန်က နှစ်ရက်ပေါင်းတောင် ၁၀ မိနစ်မပြည့်ခဲ့ ။ ဒါပေမယ့် သူ့ဘဝကတော့ ပြောင်းပြန်လှန်လိုက်သလို လုံးဝပြောင်းလဲသွားခဲ့သည် ။ အေးဆေးလွန်းတဲ့ သူ့ဘဝထဲကို အားပြင်းမုန်တိုင်းတစ်ခု ဝင်မွှေလိုက်သလိုမျိုး ။
ဘယ်သွားသွား ဘယ်လာလာ အမြဲစောင့်ကြည့်နေတဲ့ မျက်လုံးတွေရယ် ၊ သူ ဖြတ်သွားတိုင်း ဘေးကနေကြားရတဲ့ တီးတိုးသံတွေရယ် အားလုံးရဲ့ အရင်းခံက SNS မှာ viral ဖြစ်သွားတဲ့ စာကြည့်တိုက်က video ပဲ ။
" ဟျောင်း ဒီမှာ "
ခေါင်းငုံ့ပြီး လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းလာတဲ့ သူ့ကို နီကီ ကလှမ်းနှုတ်ဆက်လိုက်သည် ။ သူ မှ မနှုတ်ဆက်ရင်လည်း ဂျိတ်ခ်က သူတို့ဝိုင်းကို ကျော်သွားတော့မယ့်ပုံ ။
ထိုင်ခုံမှာ ထိုင်ချလိုက်မှ တပ်ထားတဲ့ mask ကို ဂျိတ်ခ်က အဆုံးထိဆွဲချလိုက်သည် ။
" ဘယ်လိုဖြစ်လို့ တစ်ကိုယ်လုံး ဒီလိုဖြစ်လာရတာလဲ"
ဂျောင်ဝန်းက ရယ်ချင်တဲ့စိတ်ကို အောင့်ထားရတဲ့ မျက်နှာနဲ့ ထမေးသည် ။ သူတို့ပြောလည်း ပြောချင်စရာ ။မသိရင် ဂျိတ်ခ်က IDOL တစ်ယောက် ကျောင်းလာတက်တဲ့ ပုံနဲ့ ။
" သိရဲ့သားနဲ့ "
သူ့ ညီနှစ်ယောက် အဆင်သင့်မှာပေးထားတဲ့ အအေးကို ပိုက်နဲ့ စုပ်သောက်ရင်း ဂျိတ်ခ်က ပြန်ဖြေသည် ။ အမှန်ဆို ထိုကိစ္စကို ဒီနှစ်ကောင်လည်း သိပြီးသား ။ တစ်ကျောင်းလုံး ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေတဲ့ ကိစ္စပဲဟာ။
" ဟျောင်း အခုကော ဘာဆက်လုပ်မယ်စဉ်းစားထားလဲ"
ဂျိတ်ခ်က မျက်နှာငယ်လေးနဲ့ ခေါင်းခါပြသည် ။
သူ ကိုယ်တိုင်လည်း ဘာဆက်လုပ်ရမှန်းမသိ ။ လမ်းပျောက်နေတယ်ဆိုတာ သူ့ဘဝမှ သူ့ဘဝအစစ် ။
" ဟျောင်းအတွက် မှာပေးထားတာ အရင်စားလိုက်ဦး ရော့"
နီကီက ဂျင်ဆင်းကြက်သားစွပ်ပြုတ်ကို ရှေ့တိုးပေးလိုက်ရင်း ပြောသည် ။ အတန်းချိန်တွေ ဆက်တိုက်တက်နေရလို့ ချောင်ကျသွားတဲ့ ဂျိတ်ခ်ရဲ့ မျက်နှာက သေးသေးလေးသာကျန်တော့သည် ။
" ဂျိတ်ခီး "
စွပ်ပြုတ် ငုံ့သောက်နေတဲ့ သုံးယောက်သားလုံး မသီးရုံတမယ်ဖြစ်သွားရသည် ။ အဲ့ထဲမှာ အဆိုးဆုံးကတော့ ရှင်းဂျိတ်ခ် ။ လောကမှာ သူ့ကိုဂျိတ်ခီးလို့ခေါ်တာ တစ်ယောက်တည်းသာရှိသည် ။ အဲ့တစ်ယောက်ကလည်း .... ။
" ပတ်ဆောင်ဟွန်း ..? "
နှုတ်ခမ်းထောင့်နားက ဟင်းရည်ကို လက်ခုံနဲ့ ဖိသုပ်ရင်း ဂျိတ်ခ်က ကြောင်ပြီးကြည့်နေသည် ။ ဆောင်ဟွန်းကတော့ အရှေ့က နှစ်ယောက်ကို မမြင်သလိုမျိူး ဂျိတ်ခ်ကိုပဲဆက်တိုက်ပြုံးကြည့်နေပုံက အမြင်ကပ်စရာ ။
" ရော့ ... မင်း တအားပင်ပန်းနေတဲ့ပုံပေါက်လို့ "
ဆောင်ဟွန်း တိုးပေးလာတဲ့ Milktea ဘူးကို အယောင်ယောင်အမှားမှားနဲ့ ဆွဲယူမိသည် ။ ဒါ တတိယအကြိမ် ဆောင်ဟွန်းကို အနီးကပ်တွေ့ရခြင်းပဲ ။ မထင်မှတ်ပဲနဲ့ပေါ့။
" နေကောင်းအောင်နေနော် ဂျိတ်ခ်ီး"
ဆောင်ဟွန်းက စာကြည့်တိုက်တုန်းကလိုမျိုး မျက်နှာနားတိုးကာ ဂျိတ်ခ်ရဲ့ ဆံပင်လေးတွေကို လေနဲ့တစ်ချက်မှုတ်ထုတ်လိုက်သည် ။ ဒါကဘာလဲ ။ ကြောင်တောင်တောင်နိုင်တဲ့ ဆောင်ဟွန်းရဲ့ လူတွေကိုနှုတ်ဆက်တဲ့ပုံလား ။
လွင့်ခါသွားတဲ့ နဖူးပေါ်က ဆံပင်တွေနဲ့အတူ ရဲတွတ်သွားတဲ့ ဂျိတ်ခ်ရဲ့ နားနှစ်ဖက်ကို ဆောင်ဟွန်းမြင်ဖြစ်အောင်မြင်လိုက်သေးသည် ။
ပြီးတော့ သူမဟုတ်သလိုမျိုး ဘောင်းဘီအိတ်ကပ်ထဲ လက်ကိုထည့်ကာ စားသောက်ဆိုင်ထဲက ထွက်သွားပြန်သည် ။
" ဟင် ! ဟျောင်း သောက်နေကြ Milktea ကို သူကဘယ်လိုသိတာလဲ "
လေဟာနယ်ထဲရောက်နေသလိုမျိုး အသိစိတ်လွတ်နေတဲ့ ဂျိတ်ခ်က ဂျောင်ဝန်းအသံကြားမှ လက်ထဲက Milktea ကို ကြည့်မိသည် ။
Black Milktea ။
Sugar 70% နဲ့ Ice 50% ။
끝 ·
အရမ်းပျင်းစရာကောင်းနေတယ်လို့ ခံစားနေရတယ်😆
Zawgyi
ဆက္တိုက္ျမည္ေနတဲ့ Alarm ကို လက္နဲ႔လွမ္းပိတ္ၿပီး ေစာင္ကို ေခါင္းၿမီးပါၿခဳံခ်လိုက္သည္ ။ ခဏတာ အနားရသြားတဲ့ အၾကားအာ႐ုံဟာ ဖုန္း Ringtone ရဲ႕ အေႏွာင့္အယွက္ကို ထပ္ခံရျပန္တယ္ ။
" ေမာနင္း "
" ေမာနင္း ဟီဆြန္းနီးေဟ်ာင္း"
တစ္ဖက္က ၾကည္ၾကည္လင္လင္ထြက္လာတဲ့ ဟီဆြန္းအသံကို အိပ္ခ်င္မူးတူးနဲ႔ျပန္ေျဖရတာ အားနာစရာေတာ့ေကာင္းသည္ ။ သူ႔ အသံက တအားသိသာေနလားေတာ့မသိ ။ သူအိပ္ရာထဲမွာပဲ ရွိေသးတယ္ဆိုတာ ေဟ်ာင္းက တန္းသိသြားသည္ ။
" ထသင့္ေနၿပီ ဂ်ယ္ယြန္းရဲ႕ ၊ မနက္ပိုင္းအတန္းခ်ိန္ရွိေသးတယ္ မဟုတ္လား "
" အာ .. ဟုတ္တယ္ ရွိတယ္ ! ရွိတယ္ သြားေတာ့မယ္ ေဟ်ာင္း တာတာ့"
" ေဟ့ေကာင္ေလး ! မနက္စာ စားသြားဦးေနာ္ "
ဟီဆြန္းဖုန္းထဲက လွမ္းေအာ္တာကို သူမၾကားေတာ့ ။
ဖုန္းကိုပစ္ခ် ၊ ေရခ်ိဳးခန္းထဲေျပးဝင္ၿပီး ဝုန္းဒိုင္းက်ဲရေတာ့သည္ ။ တိုက္ခန္းက သူတစ္ေယာက္တည္းေနတာမို႔ ပိုလို႔ေတာင္ဆိုး ။ မနက္စာ ၊ ညစာ ကို ေက်ာ္ခ်လိုက္ ျဖစ္သလိုစားလိုက္နဲ႔ သူ႔ေနရက္ေတြက ဘယ္ေတာ့မွအစီအစဥ္မက် ။
အဲ့လိုနဲ႔ပဲ ဒီေန႔မနက္လည္း ေပါင္မုန႔္နဲ႔ ပန္းသီးဂ်ဴ႕စ္ နဲ႔ပဲ ႏွစ္ပါးသြားရျပန္သည္ ။ ညစာအတြက္ကေတာ့ Ramen ေပါ့ ။
သူ႔ဘဝကို အထီးက်န္ဆန္တယ္လို႔ လူေတြက သမုတ္လွ်င္ တကယ္မုန္းသည္ ။ အမွန္ေတာ့ ေအးခ်မ္းတာမဟုတ္ဘူးလား ။
ဘတ္စ္ကားအေနာက္ခုံမွာ တစ္ေယာက္တည္းထိုင္ရင္း နားၾကပ္တပ္ထားလိုက္ေတာ့ သီခ်င္းသံေလးေတြက သူ႔အေဖာ္ျဖစ္လာသည္ ။ ဒီလိုမ်ိဳးအေတြးေတြကို ခဏအနားေပးလိုက္ေတာ့ ညက ပုံရိပ္ေတြက မ်က္လုံးထဲ အစီအရီ။
ပတ္ေဆာင္ဟြန္း ။
သူ႔ အေတြးေတြရဲ႕ ပဲ့ကိုင္ရွင္ပဲ ။
သုံးႏွစ္ေလာက္ သေဘာက်ခဲ့ရတဲ့ ထိုအမ်ိဴးသားကို အခုမွ သူေသခ်ာျမင္ဖူးသည္တဲ့ ။ ရယ္ေတာ့ရယ္ရသည္ ။
နားထင္နားက မွဲ႔ႏွစ္ခုကို မေန႔ညကမွ သူ စသတိထားမိသည္။ သူကလည္းသူပဲ ။ သုံးႏွစ္လုံးလုံး social distancing လုပ္ေနသည့္အလား ။ ေဆာင္ဟြန္းအနားဆိုလွ်င္ ၆ ေပ အကြာက အလြန္ဆုံးပဲ ။
သူ ေလွ်ာက္မေတြးခ်င္ေတာ့တာနဲ႔ Instagram ကို ဖြင့္လိုက္သည္ ။ ဖြင့္ဖြင့္ခ်င္းမွာတင္ အက်င့္ပါေနတဲ့ သူ႔လက္က Acc တစ္ခုကို အလိုလိုရွာၿပီးသား ။
သူ ထင္ထားတဲ့အတိုင္း ညက ဝတ္စုံနဲ႔ ေဆာင္ဟြန္းကို ပါတီမွာ ေပ်ာ္ေနတာေတြ႕ရသည္ ။ Myday ေတာ့ ဝင္မၾကည့္ျဖစ္ေတာ့ ။ ေကာင္မေလးတစ္ေယာက္ေယာက္နဲ႔ နမ္းေနတဲ့ပုံ ဒါမွမဟုတ္ ဖက္ထားတဲ့ပုံပဲျဖစ္မယ္ဆိုတာ ေသခ်ာသေလာက္ ။
ေက်ာင္းနားလည္းေရာက္ၿပီမို႔ ဖုန္းကိုပိတ္ကာ လြယ္အိတ္ထဲပဲ ျပန္ထည့္လိုက္သည္ ။
ဒီလိုနဲ႔ပဲ ေန႔စြဲမရွိတဲ့ ပ်င္းစရာေန႔ရက္တစ္ရက္က စတင္ရျပန္တယ္ ။
🎗️
ပထမဆုံးအတန္းခ်ိန္ ေနာက္က်ေနၿပီဆိုတဲ့ အသိနဲ႔ ဂ်ိတ္ခ္ဟာ ေဇာေခြၽးေတာင္ျပန္ေနတယ္ ။ ဆက္တိုက္ေျပးလာတဲ့ ေျခေထာက္ေတြက တစ္ေနရာအေရာက္မွာ အလိုလိုရပ္တန႔္သြားမိတယ္ ။
ရင္းႏွီးမလိုလိုနဲ႔ စိမ္းေနတဲ့ျမင္ကြင္း ။
ပတ္ေဆာင္ဟြန္း နဲ႔ ဂင္ခြၽန္းဟယ္ ။
ႏွစ္ေယာက္တစ္ကမာၻျဖစ္ေနတဲ့ သူတို႔ႏွစ္ေယာက္က ေဘးနားကျဖတ္သြားျဖတ္လာေတြကို ဂ႐ုမစိုက္ ။
ဂင္ခြၽန္းဟယ္ ခါးေတြေပၚေရာက္ေနတဲ့ ေဆာင္ဟြန္းလက္ေတြဆီ အၾကည့္မေရာက္ခင္ သူအျမန္လွည့္ထြက္ခဲ့သည္ ။
ဘယ္လိုပဲ ပတ္ေဆာင္ဟြန္းနဲ႔ ကင္းေအာင္ေနေန ဒီလိုျမင္ကြင္းေတြကို မျမင္ခ်င္မွအဆုံး ။
သုံးႏွစ္လုံးလုံး လုံးဝ႐ိုးမသြားခဲ့တဲ့ ျမင္ကြင္းေတြေပါ့။
ဒါေပမယ့္ ဂင္ခြၽန္းဟယ္ ။
ခြၽန္းဟယ္ ဆိုတဲ့တစ္ေယာက္က ေဆာင္ဟြန္းအတြက္ ထူးျခားတယ္ဆိုတာ တစ္ေက်ာင္းလုံးသိသည္ ။
တစ္ပတ္ၿပီးတစ္ပတ္ ေကာင္မေလးေတြကို ထည္လဲတြဲေနၾက ေဆာင္ဟြန္းက ခြၽန္းဟယ္ကိုေတာ့ ဘယ္ေတာ့မွ မၿငီးေငြ႕။မၿငီးေငြ႕ေသာ္လည္း ခြၽန္းဟယ္ ကိုပဲ စြဲလမ္းေနတာေတာ့ မဟုတ္။ ခြၽန္းဟယ္ က ခြၽန္းဟယ္။ ေဆာင္ဟြန္းက ေဆာင္ဟြန္း ။ ခြၽန္းဟယ္ ကို ေဆာင္ဟြန္းက သူ႔ဘဝထဲက မပယ္ထုတ္ေသာ္လည္း တစ္ပတ္တစ္ခါေတာ့ ေကာင္မေလးအသစ္တစ္ေယာက္နဲ႔ တြဲၿမဲ ။ ခြၽန္းဟယ္လည္း ထိုနည္းတူပင္ ။
ေက်ာင္းကလူေတြေျပာၾကတာေတာ့ ေဆာင္ဟြန္းက ဘယ္ေကာင္မေလးကိုမွ အတည္မတြဲႏိုင္တာ ခြၽန္းဟယ္ ေၾကာင့္တဲ့ ။ ငယ္ သူငယ္ခ်င္းတစ္ျဖစ္လဲ ရည္းစားမက်တဲ့ သူတို႔ဆက္ဆံေရးက လူေတြထင္ထားတာထက္ေတာ့ ပိုနက္နဲေလာက္မည္ ။
ဘယ္လိုပဲျဖစ္ျဖစ္ေလ ဘယ္ကၾကည့္ၾကည့္ ဂ်ိတ္ခ္အတြက္ကေတာ့ အရႈံးႀကီးပဲမလား ။
__________
" နီကီက အၿမဲတမ္းအဲ့လိုပဲ ! "
ပထမအတန္းခ်ိန္ၿပီးရင္ ေတြ႕မယ္လုပ္ထားတဲ့ နီကီ့ဆီက မက္ေဆ့ေၾကာင့္ သူစိတ္ေတြရႈပ္သြားသည္ ။
*ေဟ်ာင္း တကယ္ေဆာရီး ㅠㅠ ေန႔လည္စာ အတူမစားႏိုင္ေလာက္ေတာ့ဘူး*
" ဘာလို႔လဲ" ဆိုတဲ့ ေနာက္ကြယ္က အေၾကာင္းျပခ်က္ကိုေတာ့ မေမးခ်င္ေတာ့ ။ နီကီက အလကားသက္သက္ သူ႔ကိုေတာ့ ကတိဖ်က္မွာမဟုတ္ ။ အခုေလာေလာဆယ္ေတာ့ သူတစ္ေယာက္တည္း ေၾကာင္ေတာင္ေတာင္ျဖစ္ေနၿပီ ။ ေဂ်ာင္ဝန္းကလည္း သူ႔ ေလ့က်င့္ခ်ိန္ေတြနဲ႔ျပည့္ေနမွာမို႔ အပူသြားမေပးခ်င္ ။
" ဟြန႔္ ... စာၾကည့္တိုက္ပဲသြားေတာ့မယ္ "
ရွင္းဂ်ိတ္ခ္ရဲ႕ ကိုယ္ပိုင္အမူအရာေလးလို႔ေျပာလို႔ရမယ့္ မ်က္မွန္ဝိုင္းေလးကို လက္ညႇိဳးနဲ႔ပင့္တင္ရင္း သူက မတ္တပ္ထရပ္လိုက္သည္ ။
ညေနထိ အတန္းခ်ိန္မရွိတာမို႔ ဒီေန႔ေတာ့စာဖတ္ရင္း အခ်ိန္ကုန္သြားရမယ္ထင္တယ္ ။ သူ႔ေဘးနားက လူေတြကို တစ္ခ်က္ငဲ့ၾကည့္လိုက္ေတာ့ သက္ျပင္းတိုးတိုးခ်မိသည္ ။
အားလုံးဟာ အေဖာ္ကိုယ္စီနဲ႔ သူတို႔ကမာၻေလးေတြမွာ ကိုယ္စီ ေပ်ာ္ေနၾကတဲ့ပုံ ။
စာၾကည့္တိုက္ထဲ စဝင္တာနဲ႔ ရင္းႏွီးေနတဲ့စာအုပ္အေငြ႕အသက္ေတြကို ရႈရႈိက္ရသည္ ။ သိသိသာသာ ေလ်ာ့က်သြားတဲ့ ဆူညံမႈေတြေၾကာင့္ နည္းနည္းေတာ့ရင္ေအးသြားရသည္ ။ ေထာင့္တစ္ေနရာမွာ လြယ္အိတ္ကိုခ်ၿပီး စာအုပ္ေ႐ြးဖို႔ ေလွ်ာက္လာခဲ့လိုက္သည္ ။
ေခါင္းတစ္ေမာ့ေမာ့နဲ႔ စာအုပ္ေတြကိုပဲေမာ့ၾကည့္ၿပီးေ႐ြးေနတာေၾကာင့္ ျဖတ္သြားတဲ့လူေတြနဲ႔ တိုက္မိရတာလည္း အခါခါ
" အာ ! ေတြ႕ၿပီ "
သူ လြန္ခဲ့တဲ့တစ္ပတ္ေလာက္ထဲက ရွာေနရတဲ့ စာအုပ္ကို မထင္မွတ္ပဲေတြ႕လိုက္ရတာမို႔ လူက အူျမဴးသြားသည္ ။
ေျခဖ်ားကိုေထာက္ ၊ လက္ဖ်ားကို အစြမ္းကုန္ေျမႇာက္ထားတာေတာင္ စာအုပ္ကို မမွီႏိုင္ေသး ။
နည္းနည္းေလး ။
နည္းနည္းေလး လိုေသးတာမို႔ နည္းနည္းထပ္ႀကိဳးစားၿပီး ရေတာ့မယ့္ ဆဲဆဲမွာ ။
တစ္ကိုယ္လုံး ေႏြးေထြးသြားတဲ့ ခံစားမႉ ။
ၿပီးေတာ့ သူ႔အျမင္အာ႐ုံထဲ ဝင္ေရာက္လာတဲ့ ျဖဴသြယ္သြယ္လက္တစ္စုံ ။
သူ ရယူဖို႔ႀကိဳးစားေနတဲ့ စာအုပ္ကို ထိုသူက အသာအယာ ဆြဲယူလိုက္သည္ ။
မသိစိတ္က ခႏၶာကိုယ္ကို အျမန္လွည့္ၿပီး ထိုလက္ပိုင္ရွင္ကို လွည့္ၾကည့္လိုက္မိသည္ ။
ဘုရားေရ ။
သူ ထိုေနရာမွာတင္ အေငြ႕ပ်ံကာ ေပ်ာက္သြားခ်င္ၿပီ။
ဒါဘယ္လိုအေျခအေနမ်ိဳးလဲ ။
သူ႔ကို ငုံ႔ၾကည့္ေနတဲ့ ေဆာင္ဟြန္းနဲ႔ သူ႔ရဲ႕အကြာအေဝးက စင္တီမီတာအကြာေလးပဲရွိေတာ့မည္ ။
အဲ့ၾကားထဲ ပတ္ေဆာင္ဟြန္းက လူကိုေပါက္ထြက္တတ္ေတာ့မတတ္ ဆက္တိုက္ၾကည့္ေနသည္ ။
" ေက်း- ေက်းဇူး "
ေဆာင္ဟြန္းရင္ဘတ္ကို မသိမသာတြန္းထုတ္ကာ လွစ္ထြက္လာဖို႔လုပ္ေပမယ့္ ဘယ္ဘက္လက္ကေန တစ္ဆင့္ တစ္ကိုယ္လုံးအေနာက္ကိုအဆြဲခံလိုက္ရသလို ။
" စာအုပ္ယူသြားဦးေလ ဂ်ိတ္ခ္ီး"
အခုခ်ိန္ဆို သူ႔မ်က္ႏွာတစ္ခုလုံး ဘယ္ေလာက္ေတာင္ရဲတြတ္ေနေလာက္ၿပီလဲ ။ တစ္ျဖည္းျဖည္းနီးကပ္လာျပန္တဲ့ ေဆာင္ဟြန္းေၾကာင့္ သူဒူးေတြပါေခ်ာင္ခ်င္လာသည္ ။
" အဟ ခ်စ္စရာေလး "
နီးက္လြန္းေနတဲ့ ေဆာင္ဟြန္းေၾကာင့္ သူမ်က္လုံးေတြကို မသိစိတ္က မွိတ္လိုက္မိသည္ ။ ဒါေပမယ့္ သူ႔နဖူးေပၚျဖတ္တိုက္သြားတဲ့ ေလႏုႏုတစ္ခ်ိဳ႕ကလြဲ ဘာမွမခံစားခဲ့ရ ။သူ နဖူးတည့္တည့္ကို ေလတစ္ခ်က္မႈတ္ၿပီး ျပန္လွည့္ထြက္သြားတဲ့ ေဆာင္ဟြန္းက ေသေလာက္ေအာင္မိုက္တယ္ ။
ဂ်ိတ္ခ္ကဖ႐ိုဖရဲျဖစ္သြားတဲ့ သူ႔ဆံပင္ေတြကို ျပန္ဆြဲကိုင္ရင္း ထိုေက်ာျပင္ကို ဆက္တိုက္ေငးၾကည့္ေနမိသည္ ။
အိပ္ကပ္ထဲ လက္ထည့္ၿပီး ျဖည္းျဖည္းခ်င္းျပန္ထြက္သြားတဲ့ ေဆာင္ဟြန္းက ခုနကထိ သူ႔ကိုၿပဳံးၿပီး ေငးၾကည့္ေနခဲ့တာ ။
မ်က္မွန္ဝိုင္းေလးနဲ႔ ေကာင္ေလးကေတာ့ ဒါကအိပ္မက္လား ဘာလားဆိုၿပီး စိတ္ရႈပ္ရႈပ္နဲ႔က်န္ခဲ့ရသည္ ။
ပတ္ေဆာင္ဟြန္းကဘာလဲ ။
ၿပီးေတာ့ သူ႔ေျခလွမ္းေတြက ဘာလို႔ ဂ်ိတ္ခ္ဆီလွည့္လာေနရတာလဲ ။ ေထာက္ေခ်ာက္ဆိုရင္ေတာင္ တိုးဝင္မိေတာ့မွာပဲ။
🎗️
" ေဆာင္ဟြန္း ၊ မင္း အဲ့ေကာင္ေလးကို သြား စ ေနတာလား"
ေဂ်းက IG FEED မွာပ်ံ႕ေနတဲ့ စာၾကည့္တိုက္ကေဆာင္ဟြန္းနဲ႔ ဂ်ိတ္ခ္ရဲ႕ ပုံကို ျပရင္းေမးသည္ ။ ပတ္ေဆာင္ဟြန္းကေတာ့ အင္းမလုပ္ အဲမလုပ္ ၊ ဂ႐ုေတာင္စိုက္ပုံမေပၚ ။
" ေဟ့ေကာင္ ၊ ေျပာေနတယ္ေလ ဒီအတိုင္းကစားမယ္ဆို အခုတည္းကေနာက္ဆုတ္လိုက္ေတာ့"
" ဘာလို႔လဲ "
ေသာက္လက္စ အေအးဘူးကို ခ်ရင္း ေဆာင္ဟြန္းက မ်က္ခုံးတြန႔္ေမးသည္ ။ ေဂ်းရဲ႕ ထူးဆန္းတဲ့စကားေၾကာင့္သူ႔မ်က္လုံးေတြထဲမွာ မယုံႏိုင္ျခင္းေတြနဲ႔ ။
" သူ႔ကိုထိရင္ အီဟီဆြန္းနဲ႔ ၿငိတာပဲ "
" အီဟီဆြန္း ! အီဟီဆြန္း ! အီဟီဆြန္း !
အဲ့လူနာမည္ကို အခုထိၾကားေနရတုန္းလား "
႐ုတ္ခ်ည္းေဒါသထြက္လာတဲ့ ေဆာင္ဟြန္းရဲ႕ အေၾကာင္းရင္းကို သိတာမို႔ ေဆာႏူေရာ ေဂ်းေရာ ပါးစပ္ပိတ္သြားရသည္။ ေဆာႏူဆို အတန္းတက္စရာရွိေသးတယ္ ဆိုကာ စားလက္စမုန႔္ကို ပါးစပ္ထဲ ျမန္ျမန္ထိုးထည့္ၿပီး ထထြက္လာခဲ့သည္ ။
" ေဆာင္ဟြန္း ငါေျပာတာနားေထာင္ သူငယ္ခ်င္း ဂ်ိတ္ခ္ကိုေတာ့ လႊတ္ေပးထားလိုက္ "
" အဲ့တာဆို ျပသာနာပဲ ... ငါကလည္း အဲ့ေကာင္ေလးကို စိတ္ရင္းနဲ႔ စိတ္ဝင္စားတာ "
☁️
" ေဆာင္ဟြန္းက ေယာက္်ားေလးေတြကို သေဘာက်တာအခုမွသိတယ္ ခ္ခ္ သူကေဂးလား"
" ဘယ္က ေဂးရမွာလဲ ၊ Bi ေလ မသိဘူးလား"
" ေကာင္မေလးေတြကို ကာဗာတြဲတာေတာ့မဟုတ္ပါဘူးေနာ္ ဟီး "
" ေလွ်ာက္ေတြးမေနနဲ႔ ၊ ေယာက္်ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ အခ်ိန္တန္ရင္ သူကထားခဲ့မွာပဲ ၊ အဲ့ေကာင္ေလးကိုလည္း အဲ့အတိုင္းပဲ ထားခဲ့မွာ ၾကည့္ေန "
အမွန္ဆို ေဆာင္ဟြန္းနဲ႔ ဂ်ိတ္ခ္ ရဲ႕ေတြ႕ဆုံမႈအခ်ိန္က ႏွစ္ရက္ေပါင္းေတာင္ ၁၀ မိနစ္မျပည့္ခဲ့ ။ ဒါေပမယ့္ သူ႔ဘဝကေတာ့ ေျပာင္းျပန္လွန္လိုက္သလို လုံးဝေျပာင္းလဲသြားခဲ့သည္ ။ ေအးေဆးလြန္းတဲ့ သူ႔ဘဝထဲကို အားျပင္းမုန္တိုင္းတစ္ခု ဝင္ေမႊလိုက္သလိုမ်ိဳး ။
ဘယ္သြားသြား ဘယ္လာလာ အၿမဲေစာင့္ၾကည့္ေနတဲ့ မ်က္လုံးေတြရယ္ ၊ သူ ျဖတ္သြားတိုင္း ေဘးကေနၾကားရတဲ့ တီးတိုးသံေတြရယ္ အားလုံးရဲ႕ အရင္းခံက SNS မွာ viral ျဖစ္သြားတဲ့ စာၾကည့္တိုက္က video ပဲ ။
" ေဟ်ာင္း ဒီမွာ "
ေခါင္းငုံ႔ၿပီး လွ်ာထိုးဦးထုပ္ကို ခပ္ငိုက္ငိုက္ေစာင္းလာတဲ့ သူ႔ကို နီကီ ကလွမ္းႏႈတ္ဆက္လိုက္သည္ ။ သူ မွ မႏႈတ္ဆက္ရင္လည္း ဂ်ိတ္ခ္က သူတို႔ဝိုင္းကို ေက်ာ္သြားေတာ့မယ့္ပုံ ။
ထိုင္ခုံမွာ ထိုင္ခ်လိုက္မွ တပ္ထားတဲ့ mask ကို ဂ်ိတ္ခ္က အဆုံးထိဆြဲခ်လိုက္သည္ ။
" ဘယ္လိုျဖစ္လို႔ တစ္ကိုယ္လုံး ဒီလိုျဖစ္လာရတာလဲ"
ေဂ်ာင္ဝန္းက ရယ္ခ်င္တဲ့စိတ္ကို ေအာင့္ထားရတဲ့ မ်က္ႏွာနဲ႔ ထေမးသည္ ။ သူတို႔ေျပာလည္း ေျပာခ်င္စရာ ။မသိရင္ ဂ်ိတ္ခ္က IDOL တစ္ေယာက္ ေက်ာင္းလာတက္တဲ့ ပုံနဲ႔ ။
" သိရဲ႕သားနဲ႔ "
သူ႔ ညီႏွစ္ေယာက္ အဆင္သင့္မွာေပးထားတဲ့ အေအးကို ပိုက္နဲ႔ စုပ္ေသာက္ရင္း ဂ်ိတ္ခ္က ျပန္ေျဖသည္ ။ အမွန္ဆို ထိုကိစၥကို ဒီႏွစ္ေကာင္လည္း သိၿပီးသား ။ တစ္ေက်ာင္းလုံး ဟိုးေလးတစ္ေက်ာ္ေက်ာ္ျဖစ္ေနတဲ့ ကိစၥပဲဟာ။
" ေဟ်ာင္း အခုေကာ ဘာဆက္လုပ္မယ္စဥ္းစားထားလဲ"
ဂ်ိတ္ခ္က မ်က္ႏွာငယ္ေလးနဲ႔ ေခါင္းခါျပသည္ ။
သူ ကိုယ္တိုင္လည္း ဘာဆက္လုပ္ရမွန္းမသိ ။ လမ္းေပ်ာက္ေနတယ္ဆိုတာ သူ႔ဘဝမွ သူ႔ဘဝအစစ္ ။
" ေဟ်ာင္းအတြက္ မွာေပးထားတာ အရင္စားလိုက္ဦး ေရာ့"
နီကီက ဂ်င္ဆင္းၾကက္သားစြပ္ျပဳတ္ကို ေရွ႕တိုးေပးလိုက္ရင္း ေျပာသည္ ။ အတန္းခ်ိန္ေတြ ဆက္တိုက္တက္ေနရလို႔ ေခ်ာင္က်သြားတဲ့ ဂ်ိတ္ခ္ရဲ႕ မ်က္ႏွာက ေသးေသးေလးသာက်န္ေတာ့သည္ ။
" ဂ်ိတ္ခီး "
စြပ္ျပဳတ္ ငုံ႔ေသာက္ေနတဲ့ သုံးေယာက္သားလုံး မသီး႐ုံတမယ္ျဖစ္သြားရသည္ ။ အဲ့ထဲမွာ အဆိုးဆုံးကေတာ့ ရွင္းဂ်ိတ္ခ္ ။ ေလာကမွာ သူ႔ကိုဂ်ိတ္ခီးလို႔ေခၚတာ တစ္ေယာက္တည္းသာရွိသည္ ။ အဲ့တစ္ေယာက္ကလည္း .... ။
" ပတ္ေဆာင္ဟြန္း ..? "
ႏႈတ္ခမ္းေထာင့္နားက ဟင္းရည္ကို လက္ခုံနဲ႔ ဖိသုပ္ရင္း ဂ်ိတ္ခ္က ေၾကာင္ၿပီးၾကည့္ေနသည္ ။ ေဆာင္ဟြန္းကေတာ့ အေရွ႕က ႏွစ္ေယာက္ကို မျမင္သလိုမ်ိဴး ဂ်ိတ္ခ္ကိုပဲဆက္တိုက္ၿပဳံးၾကည့္ေနပုံက အျမင္ကပ္စရာ ။
" ေရာ့ ... မင္း တအားပင္ပန္းေနတဲ့ပုံေပါက္လို႔ "
ေဆာင္ဟြန္း တိုးေပးလာတဲ့ Milktea ဘူးကို အေယာင္ေယာင္အမွားမွားနဲ႔ ဆြဲယူမိသည္ ။ ဒါ တတိယအႀကိမ္ ေဆာင္ဟြန္းကို အနီးကပ္ေတြ႕ရျခင္းပဲ ။ မထင္မွတ္ပဲနဲ႔ေပါ့။
" ေနေကာင္းေအာင္ေနေနာ္ ဂ်ိတ္ခ္ီး"
ေဆာင္ဟြန္းက စာၾကည့္တိုက္တုန္းကလိုမ်ိဳး မ်က္ႏွာနားတိုးကာ ဂ်ိတ္ခ္ရဲ႕ ဆံပင္ေလးေတြကို ေလနဲ႔တစ္ခ်က္မႈတ္ထုတ္လိုက္သည္ ။ ဒါကဘာလဲ ။ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ ေဆာင္ဟြန္းရဲ႕ လူေတြကိုႏႈတ္ဆက္တဲ့ပုံလား ။
လြင့္ခါသြားတဲ့ နဖူးေပၚက ဆံပင္ေတြနဲ႔အတူ ရဲတြတ္သြားတဲ့ ဂ်ိတ္ခ္ရဲ႕ နားႏွစ္ဖက္ကို ေဆာင္ဟြန္းျမင္ျဖစ္ေအာင္ျမင္လိုက္ေသးသည္ ။
ၿပီးေတာ့ သူမဟုတ္သလိုမ်ိဳး ေဘာင္းဘီအိတ္ကပ္ထဲ လက္ကိုထည့္ကာ စားေသာက္ဆိုင္ထဲက ထြက္သြားျပန္သည္ ။
" ဟင္ ! ေဟ်ာင္း ေသာက္ေနၾက Milktea ကို သူကဘယ္လိုသိတာလဲ "
ေလဟာနယ္ထဲေရာက္ေနသလိုမ်ိဳး အသိစိတ္လြတ္ေနတဲ့ ဂ်ိတ္ခ္က ေဂ်ာင္ဝန္းအသံၾကားမွ လက္ထဲက Milktea ကို ၾကည့္မိသည္ ။
Black Milktea ။
Sugar 70% နဲ႔ Ice 50% ။
끝 ·
အရမ္းပ်င္းစရာေကာင္းေနတယ္လို႔ ခံစားေနရတယ္😆