Flying Gulls Never Land [ဘာသာ...

By noya_shimizu

534K 71.1K 5.1K

English Title - Flying Gulls Never Land Original Author: Hui Nan Que (回南雀) Eng Translator : Jiraiya Status :... More

Characters Info
Synopsis
1.1
1.2
2.1
2.2
3.1
3.2
4.1
4.2
5.1
5.2
6.1
6.2
7.1
7.2
8.1
8.2
9.1
9.2
10.1
10.2
11
Announcement ⚠️❗️
MANHUA ⚠️❗️
12
13
14
15
16
17
18
19
20 ⚠️
21
22
23.1
23.2
Stay Safe
24
25
26
27 - LADY JUSTICE
28- DO ME A FAVOR
29 - DON'T BE TOO FULL OF YOURSELF
30 - MY BELOVED ELDER BROTHER
31- THIS WAS HIS KINGDOM
32 - A TASTE OF THE HUMAN WORLD
33.1 - ONE, TWO , THREE
33.2 - ONE ,TWO , THREE
34-BE ON YOUR WAY NOW
35-A GOOD PERSON SUFFERING A BAD LIFE
36-DOES IT FEEL GOOD,TOYING WITH ME LIKE THIS
37- I WANT TO BE THAT CAT
38 - I'VE ALREADY LEFT THAT CLUB AGES AGO,OKAY?
39- I CAN WIN ANYWAYS
41-WIND CHARACTER AND WOOD CHARACTER
42- SOME THINGS REALLY COULD NOT BE FORCED
43- I ALSO HAVE SOMETHING THAT I'VE BEEN KEEPING FROM YOU
44- IT'S NOT LIKE I'M THE ONLY ONE FOR YOU
45-WHY DO YOU HAVE A PICTURE OF HIM
46- LURING HIM TOWARDS THE DEPTHS OF THE ABYSS
47 - THE DOOR OPENED
48 - I GIVE UP
49-UH OH, THE KING GOT ANGRY
50- A GRAVE ILLNESS REQUIRES A SERIOUS DOSE OF MEDICINE
51 - TEN YEARS
52 - SOMETHING WAS OFF
53 - THE MARTYR [NSFW⚠️]
54 - THE DEVIL'S DIARY
55- MY DARLING
56 - WAS THAT SINCERE ENOUGH?
57 - STRONG FUCKBOY VIBES
58 - YES
59- I'LL THINK ABOUT IT
60 - IF YOU HAVE ME YOU WON'T BE BITTER ANYMORE
61 - JEALOUSY INCARNATE
62 - IT FEELS LIKE I'M DREAMIMG RIGHT NOW [NSFW]
63 - LIKE FAIRY LOSS
64 - I'M RIGHT HERE

40-EVEN IF EVERYONE DISAGRESS,I WILL STILL FORGE MY WAY

4.2K 714 39
By noya_shimizu

SCROLL DOWN FOR ZAWGYI

UNICODE

CH40- EVEN IF EVERYONE DISAGREES, I WILL STILL FORGE MY WAY

"ဖုန်းကော ၊ ကျွန်တော် ဒီလိုဝတ်စားထားတာနဲ့ အဆင်ပြေရဲ့လား ?

ရိတကျွမ့်ကား နှစ်ပေါင်းများစွာ ပုန်းခိုစောင့်ဆိုင်းရသည့်အလုပ်ကိုလုပ်ကိုင်ခဲ့ရသူဖြစ်ရာ နေရောင်ခြည်များ၏ထိတွေ့လာခြင်းကို အတော်အတန်ခံရဖူး၏ ။ သူ၏အသားအရေများမှာ နေရောင်ကြောင့်ညိုခြောက်ကာ အရေပြားတွန့်ခြင်းအချို့ရှိနေရုံသာမက ခန္ဓာကိုယ်ကလည်း ပိန်ပါးသည့်အသွင်ဘက် ရောက်နေသောကြောင့် ရိတကျွမ့်ကား လက်ရှိအသက်ထက် ပိုကြီးနေသည့်ပုံပေါ်နေတော့သည် ။ ယခုလက်ရှိ နက်ပြာရောင်အလုပ်သမားဝတ်စုံနှင့် ဟောင်းနွမ်းနေသောဖိနပ်တို့ကိုဝတ်ဆင်လိုက်သောအခါ ရိတကျွမ့်တစ်ယောက် နေပူမရှောင်မိုးရွာမရှောင် အလုပ်လုပ်ရသော အလုပ်ကြမ်းသမားတစ်ယောက်နှင့် တူသွားချေပြီ ။

ရိတကျွမ့်၏အပေါ်ထပ်အင်္ကျီကို လုဖုန်း ကူဝတ်ပေးလိုက်ကာ ပုခုံးပေါ်လက်တင်လိုက်ပြီး နှစ်ယောက်သား ခုံပေါ်အတူထိုင်လိုက်ကြသည် ။

"မင်း စကားပြောတဲ့အခါ ဝဲတဲတဲအသံလေးနည်းနည်းပါးပါးထည့်ပြောဖို့ သတိမမေ့စေနဲ့ "

အခန်းအတွင်းရှိထောင့်များနှင့် စားပွဲထက်ရှိ တစ်သျှူးဘူးကို လုဖုန်းညွှန်ပြလိုက်ကာ

"ဒီအခန်းထဲမှာ လျှို့ဝှက်ကင်မရာလေးလုံးရှိတယ် ၊ တစ်ခန်းလုံးအပြည့် ကြည့်လို့ရတယ် ၊ မျက်ကွယ်နေရာမရှိဘူး ၊ ငါ အိပ်ခန်းထဲကနေ စောင့်ကြည့်နေမယ် ၊ အဲ့ဒါကြောင့် ထိန်းချုပ်မထားဘဲနဲ့ မင်းရဲ့သရုပ်ဆောင်စကေးလ်ကို ပြလိုက်စမ်းပါ "

ရိတကျွမ့်ကား အတန်ငယ်​စိုးရိမ်မှုနှင့်အတူ မျက်နှာကိုပွတ်သပ်နေတော့၏ ။

"ဒါကြီးက စိန်ခေါ်မှုအသစ် ၊ စတင်မှုအသစ်လိုပဲ... ပါပါရာဇီအလုပ်ကနေထွက်ပြီး ရုပ်ရှင်တွေဘာတွေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ် လုပ်ချင်ရင်လုပ်လို့ရလောက်တယ်"

လုဖုန်း ရိတကျွမ့်ပုခုံးထက်ပုတ်လိုက်ကာ

"မင်း လုပ်နိုင်မှာပါ "

တံခါးဘဲလ်မြည်လာခြင်းနှင့်အတူ ရိတကျွမ့်နှင့် လုဖုန်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိသည် ။ ထို့နောက် လုဖုန်းက အိပ်ခန်းဆီအလျင်အမြန်လျှောက်သွားလျက် ရိတကျွမ့်ကမူ 'လာပြီ ၊ လာပြီ'ဟုအော်ကာ တံခါးဆီဦးတည်လျက် ။

မိမိနောက်ပါးဆီမှတံခါးကို အသာအယာစေ့ပိတ်လိုက်ချိန်တွင် အိမ်အဝင်ဝဆီမှ ရိတကျွမ့်၏အသံကလည်း ထွက်ပေါ်လာခဲ့ပြီ ။

"မင်္ဂလာပါ ၊ မင်္ဂလာပါ ၊ ခင်ဗျားက အာမခံကုမ္ပဏီကလူပဲဖြစ်ရမယ် ၊ အထဲကိုကြွပါ "

လုဖုန်း ကုတင်ခြေရင်းတွင်ထိုင်ကာ နံရံထက် ကပ်ထားသောတီဗွီကိုကြည့်နေမိသည် ။ ၄၂လက်မရှိသောတီဗွီမျက်နှာပြင်ထက် အပိုင်းလေးပိုင်း,ပိုင်းခြားထားပြီး တစ်ပိုင်းစီတွင် သက်ဆိုင်ရာလျှို့ဝှက်ကင်မရာမှ ပုံရိပ်များကိုပြသထား၏ ။

အာမခံကုမ္ပဏီမှ ငယ်ငယ်ရွယ်ရွယ်ပုံစံရှိသော ထိုလူက ရိတကျွမ့်နှင့်အတူ စားပွဲခုံတွင်ဝင်ထိုင်လျက် အိတ်ထဲမှ ထူထဲသောစာရွက်စာတမ်းများကို ထုတ်ယူဖို့ရန်ပြင်နေ၏ ။

"ဒါက ကျွန်တော်တို့ဖုန်းနဲ့ပြောခဲ့တဲ့ စီးပွားရေးအာမခံစာချုပ်ပါ ၊ အဆင်မပြေတာရှိမရှိ တစ်ချက်လောက်ကြည့်ပေးပါ "

ထိုလူက ရိတကျွမ့်ဆီ စာရွက်စာတမ်းကို ကမ်းပေးကာ ဆက်ပြောလာခဲ့၏ ။

"စုစုပေါင်းဆိုရင်တော့..."

ထိုလူက ဂဏန်းပေါင်းစက်ထက်မှ နံပါတ်ပေါင်းများစွာနှိပ်ပြီးနောက် စုစုပေါင်းတန်ဖိုးကို ရိတကျွမ့်အားပြ၏ ။

ရိတကျွမ့်ကား စာချုပ်ကို အကြမ်းဖျင်းပုံစံကြည့်ဟန်ဆောင်ပြီးနောက် ရုတ်တရက် နှာတံရိုးကိုလက်ဖြင့်ညှစ်ကာ

"ဘုရားရေ ၊ ကြည့်ရုံနဲ့တင် ခေါင်းမူးလာသလိုပဲ ၊ စာလုံးတွေက အရမ်းသေးနေ​ေတာ့ ကြည့်ရတာအဆင်​မပြေဘူး ၊ ကျွန်တော် ခင်ဗျားတို့ကိုယုံပါတယ် ၊ ခင်ဗျားတို့လို ကုမ္ပဏီကြီးတွေက ကျွန်တော်တို့လို သာမန်ပြည်သူတွေကို လိမ်မှာမဟုတ်လောက်ပါဘူး ၊ ခင်ဗျားပြောထားတဲ့အတိုင်း ကျွန်တော်လက်မှတ်ထိုးမယ် "

အာမခံကုမ္ပဏီမှဝန်ထမ်းကား ဤမျှလောက်ထိ သဘောတူညီချက် မြန်မြန်ရသွားလိမ့်မည်ဟု ထင်မှတ်ထားပုံမရ ။ လက်မှတ်ထိုးဖို့ရန် အလျင်အမြန်ပင် ဘောပင်ထုတ်ပေးလာခဲ့ပြီး မျက်ဝန်းများမှာ ပီတိဝမ်းသာမှုတို့ဖြင့် တလက်လက်တောက်ပနေခဲ့၏ ။

"ဒါပေါ့ သေချာတာပေါ့ ၊ ကျွန်တော်တို့ ကုမ္ပဏီက ဒီနယ်ပယ်ရဲ့ထိပ်ဆုံးဆယ်ခုစာရင်းဝင်တယ်လေ ၊ ကျွန်တော်တို့ဝန်ဆောင်မှုကိုလည်း ယုံကြည်လို့ရပါတယ် ၊ အဲ့ဒါကြောင့် စိတ်ချထားလိုက်ပါ ၊ ဒီကလူကြီးမင်းအနေနဲ့ ကိုယ့်ရဲ့ယာဥ်နဲ့ပတ်သက်ပြီးတော့ အချက်အလက်တွေ ဖြည့်ပေးရပါမယ် ၊ ပြီးတော့ သက်သေခံကတ်ပြားရယ် ကားလိုင်စင်လေးရယ် တစ်ချက်လောက်ပေးလို့ရမလား ..."

ရိတကျွမ့်က မတ်တပ်ထရပ်လိုက်ကာ ဘောင်းဘီအိတ်ကပ်များကို စမ်း၍ရှာဖွေတော့၏ ။ အတန်ကြာ ရှာပြီးပါသော်ငြား ဘာကိုမျှ ရှာမတွေ့ ။ ရိတကျွမ့်၏မျက်ခုံးအစုံမှာ ပို၍ပို၍ တွန့်ကွေးလာခဲ့ပြီး

"ထူးဆန်းလိုက်တာ ၊ ဘယ်လိုဖြစ်လို့ ပျောက်သွားရတာလဲ ?"

ရိတကျွမ့်မှာ အပြင်ဝတ်အင်္ကျီများပါမကျန် နှံ့နှံ့စပ်စပ်ရှာဖွေပြီးသည့်တိုင် ဘာတစ်ခုမှ မတွေ့ရသေး ။

ရိတကျွမ့်တစ်ယောက် ဦးနှောက်ကိုအလျင်အမြန် အလုပ်ပေးလိုက်ပြီး ချက်ချင်းဆိုသလိုပင် တစ်ခုခုကို သတိရသွားဟန်ဖြင့် အာမခံကုမ္ပဏီမှလူကို မလုံမလဲ ပြုံးပြလိုက်လေသည် ။

"အာ...တောင်းပန်ပါတယ် ၊ မနေ့ညက ကျွန်တော့်သူငယ်ချင်းအိမ်မှာ သွားသောက်တာ နည်းနည်းများသွားတယ် ၊ အဲ့အိမ်မှာ သက်သေခံကတ်တွေကျန်ခဲ့လောက်တယ် ထင်တာပဲ ၊ ဒီနေ့တော့ ကျွန်တော်တို့လက်မှတ်မထိုးဖြစ်လောက်ဘူးထင်တယ်  ၊ နောက်နေ့ ၊ နောက်နေ့မှ ကျွန်တော် ခင်ဗျားကို ထပ်လာရှာလိုက်ပါ့မယ် ..."

အာမခံကုမ္ပဏီမှဝန်ထမ်းက တုံ့ပြန်ခြင်းမပြုနိုင်ခင်မှာပင် ရိတကျွမ့်က ထိုလူအား ထိုင်ခုံပေါ်မှဆွဲထူကာ တံတောင်ဆစ်နေရာမှဆုပ်ကိုင်ပြီးနောက် တံခါးရှိရာသို့ ဆွဲခေါ်သွားတော့သည် ။

"မစ္စတာရိ ၊ ကျွန်တော့်ကိုအရင်ဆုံး စာချုပ်လေးပြန်ပေး...ပြန်ပေးပါ"

တံခါးအပြင်ဘက်ဆီ တွန်းထုတ်ခြင်းခံလိုက်ရပြီးနောက် ထိုလူက စာချုပ်ပြန်တောင်းဖို့ သတိရပုံပေါ်သည် ။

ရိတကျွမ့်က ပျာပျာသလဲပင် စားပွဲဆီပြန်လာခဲ့၏ ။ စားပွဲထက်မှ စာချုပ်ကိုကောက်ယူနေစဥ်အတွင်းမှာပင် လျှို့ဝှက်ကင်မရာတပ်ထားသောဘက်ခြမ်းဆီ မျက်နှာမော့ကာ ပြီတီတီအပြုံးတစ်ပွင့် ဖန်တီးလိုက်လျက် ။

အာမခံကုမ္ပဏီမှလူကို အပြင်ဘက်ပြန်ပို့ပေးပြီးနောက် တံခါးပိတ်လိုက်ချိန်တွင် လုဖုန်းကလည်း အိပ်ခန်းထဲမှထွက်လာသကဲ့သို့ ရိတကျွမ့်ကလည်း အိမ်ဝင်ပေါက်လျှောက်လမ်းထက်တွင် ။

"ဘယ်လိုလဲ ၊ အဆင်ပြေရဲ့လား ?"

"အဆင်ပြေပါတယ် "

ရိတကျွမ့်ကား ခြေဆန့်လက်ဆန့်လုပ်ပြီးနောက် အပေါ်ထပ်အဝတ်အစားများကို ချွတ်ဖို့ပြင်နေလေ၏ ။ နောက်တစ်ကြိမ် စကားထပ်မပြောမီ နံရံထက်တပ်ဆင်ထားသောနာရီကို တစ်ချက်ကြည့်လိုက်ကာ

"ဒါပေမဲ့ ပြည့်တော့မပြည့်စုံသေးဘူး"

ရိတကျွမ့်၏လှုပ်ရှားမှုများမှာ ရပ်တန့်သွားခဲ့ပြီး
"ဟမ် ??"

​"မြွေတစ်ကောင်ကိုရိုက်မယ်ဆိုရင် သူ့ရဲ့ ခုနစ်လက်မမြောက်ကို ရိုက်ရလိမ့်မယ် "

[T/N တရုတ်မှာ နာမည်ကြီးတဲ့စကားစုတစ်ခုပါ ၊ မြွေတစ်ကောင်ရဲ့နှလုံးက ခုနစ်လက်မမြောက်နေရာမှာရှိတာကြောင့် အဲ့နေရာကိုသာရိုက်ရင် သေစေနိုင်ပါတယ်]

"တစ်ကြိမ်မလုံလောက်ရင် နှစ်ကြိမ်ရိုက်ရမယ် ၊ နှစ်ကြိမ် မလုံလောက်သေးရင် သုံးလေးငါးခြောက်ခုနစ်ကြိမ် ရှစ်ကြိမ်ရိုက်နှက်မှရမယ် ၊ တကယ်လို့ မသေရင်တောင်မှ အဲ့မြွေက မသန်မစွမ်းတော့ ဖြစ်သွားမှာပဲ "

ရိတကျွမ့်က လုဖုန်း၏စကားအဓိပ္ပာယ်ကိုနားမလည် ။ ဇဝေဇဝါဖြစ်နေဟန် အမူအရာက မျက်နှာထက်တွင် အထင်းသား ။

လုဖုန်း ဝေ့လည်ကြောင်ပတ်ပြောမနေတော့ဘဲ တည့်တိုးဆန်ဆန်သာ ပြောလိုက်တော့သည် ။

"ဒီနေ့ အန်းချီက ဝန်ထမ်းငါးယောက်နဲ့တွေ့ဖို့ စီစဥ်ထားတယ် ၊ အချိန်မထပ်ရအောင်လို့ တစ်ယောက်ချင်းစီနဲ့ တစ်နာရီအတွင်း စကားပြောလို့ပြီးအောင် လုပ်ထား "

ရိတကျွမ့်ကား လက်ငါးချောင်းထောင်ကာ မျက်လုံးများပြူးကျယ်လာလျက်

"ငါး ၊ ငါးယောက်တောင် ? "

လုဖုန်း ခေါင်းညိတ်ပြလိုက်ကာ ဆက်ပြောလိုက်သည် ။

"မနက်ဖြန်ကျရင် နောက်ထပ်ငါးယောက်ထပ်တွေ့ရမယ်"

ရိတကျွမ့်ကား ဆိုဖာပေါ်သို့ လဲကျသွားတော့၏ ။ ခြေလက်များဆန့်ထွက်လျက် ၊ မျက်ဖြူလန်လျက် ၊ ဆားနယ်ကာ အခြောက်လှန်းခံထားရသော ငါးတစ်ယောက်နှယ် ။

"ကျွန်တော့်ကို ခိုင်းလို့ရသမျှ ခိုင်းနေတော့တာပဲ ၊ ရပါတယ် ၊ ဂရုမစိုက်ဘူး ၊ ဒီကိစ္စတွေပြီးရင်တော့ ကျွန်တော့်ကို ကောင်းကောင်းဒကာခံရမယ် ၊ မဟုတ်ရင် ကျွန်တော့်ရဲ့သွေးချွေးမျက်ရည်တွေကို ဆပ်လို့ကုန်မှာမဟုတ်တော့ဘူး "

ထိုနှစ်ရက်လုံး လုဖုန်းနှင့်ရိတကျွမ့်နှစ်ယောက်သား ငှားရမ်းထားသောအခန်းငယ်ထဲပုန်းအောင်းကာ အာမခံကုမ္ပဏီမှ ဝန်ထမ်းတစ်ယောက်ပြီးတစ်ယောက်နှင့် တွေ့ဆုံတော့၏ ။

၎င်းတို့အားလုံး တူညီသောတစ်နေရာတည်းတွင် ထိုင်ခဲ့ကြသော်ငြား အသက်အရွယ် ၊ ကျားမ ၊ ဝတ်ပုံစားပုံတို့ ကွာခြားကြပေသည် ။ အားလုံးသူများသည် ဤအာမခံလုပ်ငန်းနယ်ပယ်ထဲတွင် အတွေ့အကြုံငါးနှစ်ကျော်ရှိကြပြီး ၎င်းတို့အာမခံ၏အကြောင်းအရာများ စည်းမျဥ်းများနှင့် ပတ်သက်လာလျှင် စိတ်အားထက်သန်စွာ ပါးစပ်ထဲမှ တံတွေးစင်မတတ်ပြောတတ်ကြပြီး တစ်ဖက်လူအား ပို​၍ကြေးကြီးသောအာမခံထားရန် ကြိုးပမ်းကြလိမ့်မည် ။ သူတို့ပြောသမျှ အချက်အလက်များကြောင့် တစ်ဖက်လူ ခေါင်းချာချာလည်မတတ်ဖြစ်လာသောအခါ မေးစရာကျန်သေးသလားဟူ၍ မေးကြပေလိမ့်ဦးမည် ။

ရိတကျွမ့်က

"ဒီက...သူတစ်ပါးကို ထိခိုက်နစ်နာစေမှုအတွက် စာပိုဒ်အတိုင်းဆိုရင် ၊ ကျွန်တော်က တစ်စုံတစ်ယောက်ကို ကားနဲ့တိုက်လိုက်မိရင် နစ်နာသူကို ကျွန်တော့်အစား ကုမ္ပဏီဘက်က လျော်ကြေးပေးမှာပေါ့ ? ဟုတ်တယ်မလား ?"

အသက်အရွယ် ၊ ကျားမစသည့် လိင်အမျိုးအစား ၊ ဝတ်ပုံစားပုံကွာခြားသော အာမခံကုမ္ပဏီမှ ဝန်ထမ်းဆယ်ယောက် ၊ တူညီသောနေရာတစ်ခုတည်းတွင် ထိုင်သွားကြသော ထိုဝန်ထမ်းဆယ်ယောက်မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန်  အပြုံးတစ်ခုပြုံးပြကာ ထပ်တူကျတူညီလှသည့် အဖြေတစ်ခုတည်းကိုသာ ပြန်ဖြေလာခဲ့ကြ၏ ။

"ဟုတ်ပါတယ်"

အာမခံကုမ္ပဏီမှလူက ရိတကျွမ့်အား စာချုပ်ကိုကမ်းပေးလာပြီးနောက် စည်းမျဥ်းစည်းကမ်းများကို ကြည့်ရှုစေကာ ပြဿနာတစ်စုံတစ်ရာမရှိပါက လက်မှတ်ထိုးကာ အပြီးသတ်ဖို့ပြင်၏ ။ ရိတကျွမ့်ကား ဆယ်ကြိမ်စလုံး စာချုပ်ကိုသေသေချာချာမဖတ်ရှုနိုင်သည့်အကြောင်း တူညီသောအကြောင်းပြချက်ကိုသာ အသုံးပြု၍ စာရွက်အချို့လှန်ကြည့်ပြီးနောက် ပြန်ပေးလိုက်တော့သည် ။

ဝန်ထမ်းဆယ်ယောက်အနက်မှ နှစ်ယောက်သာလျှင် ကုမ္ပဏီဘက်မှ တာဝန်မယူနိုင်သောအချက်များရှိကြောင်း​ ပြောပြကြ၏ ။ သို့သော်ငြား ရိတကျွမ့်အား 'စာချုပ်ကိုကြည့်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်'ဟု အကြံပေးကြခြင်းမျိုးသာ ။ ဥပဒေလိုအပ်ချက်များကို လိုက်နာနိုင်ခြင်းမရှိကြသေး ။ စည်းမျဥ်းစည်းကမ်းများနှင့် ပတ်သက်၍ အသေးစိတ်အ​ချက်အလက်များကို ပြောဆိုရှင်းပြခြင်းမျိုးမရှိဘဲ ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်ကြတော့၏ ။

ထိုဝန်ထမ်းအားလုံးကား သူမတူထူးကဲစွာ ပရိယာယ်ကြွယ်ကြသူများပင် ။ ကုန်ပိုတင်ဆောင်ခြင်းကဲ့သို့သော ကိစ္စမျိုးတွင် ကုမ္ပဏီဘက်မှ လျော်ကြေးမပေးဟူသောအချင်းအရာများကို အတိအလင်းပြောကြားလိုက်လျှင် အာမခံဝယ်ယူသူနှင့် သဘောတူညီထားမှု ပျက်စီးသွားလိမ့်မည်ကို သိထားကြ၏ ။ ထို့ကြောင့်လည်း ထိုအချက်ကို အကြမ်းဖျင်းသာရှင်းပြရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြတော့၏ ။

တစ်နေ့ မတော်တဆမှုတစ်ခုဖြစ်လာခဲ့သော် အနက်ရောင်မင်ဖြင့်ရေးထိုးထားသော လက်မှတ်များက စာရွက်ဖြူဖြူထက် တည်ရှိနေခဲ့ပြီးချေပြီ ။ အရာရာတိုင်းကို စာချုပ်၏စည်းမျဥ်းစည်းကမ်းအတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ပြီး မှတ်တမ်းယူထားသောဗီဒီယို သို့မဟုတ် အသံဖိုင်ပင် မရှိလေသောအခါ မည်သူက ၎င်းတို့၏အမှားဟု လာရောက်အပြစ်တင်နိုင်လိမ့်မည်နည်း ?

လုဖုန်း ရိတကျွမ့်အား ဗီဒီယိုတည်းဖြတ်ရာ၌ ကူညီစေပြီး ထိုညတွင်ပင် စာလုံးပေါင်းရှစ်ထောင်ကျော်ပါဝင်သော စာအရှည်တစ်စောင်ရေးကာ မစ္စယန်၏ဒုတိယရုံးချိန်းမတိုင်မီ အချိန်မှီအောင် မြန်မြန်သွက်သွက် ပရင့်ပြေးထုတ်လိုက်၏ ။ ပြီးနောက် ထိုစာနှင့်အတူ ဗီဒီယိုပါဝင်သောUSBကိုယူကာ တရားရုံးဆီသို့ လုဖုန်း အလျင်အမြန် ဦးတည်ရတော့သည် ။

လုဖုန်း နောက်များကျလေမလားဟု စိုးရိမ်ကာ တရားရုံးဆီလာနေစဥ်လမ်းမှာပင် ရှန့်မင်အော်အား တရားရုံးသို့ရောက်နှင့်ပြီ မရောက်နှင့်သေး အကျိုးအကြောင်းကို ဖုန်းဆက်မေးရသေး၏ ။

ရှန့်မင်အော်ကား သူနှင့် ဖုန်းပြောနေသည့်အချိန်တွင် လမ်းလျှောက်နေဆဲဖြစ်ပုံရပြီး ရှန့်မင်အော်ဘက်ခြမ်းမှ လေတိုးသံသဲ့သဲ့ကို လုဖုန်း ကြားနေရသည် ။

"....ငါ အခုပဲရောက်တာ "

"တရားခံရှေ့နေရော ရောက်ပြီလား ?"

"သေချာမသိဘူး ၊ သူတို့ကို ငါမတွေ့ရသေးဘူး "

ထိုခဏချက်ချင်းမှာပင် လေတိုးသံသဲ့သဲ့ကား တမုဟုတ်ချင်းပျောက်ကွယ်သွားခဲ့တော့၏ ။ ရှန့်မင်အော် အဆောက်အအုံအတွင်းသို့ ရောက်နှင့်ပြီထင်သည် ။

"မင်း အဲ့ဒါတွေ ဘာလို့မေးနေတာလဲ ?"

"ကျွန်တော် ငါးမိနစ်အတွင်း တရားရုံးကိုရောက်မယ် ၊ ကျွန်တော့်ကို ဝင်ပေါက်မှာစောင့်နေပေး ၊ အကို့ကို ကျွန်တော် ပေးစရာရှိလို့ "

သူပြောသည့်စကားကို ရှန့်မင်အော်တစ်ယောက် ဆန့်ကျင်မည်ကို လုဖုန်းစိုးရိမ်သည်ဖြစ်ရာ စကားလုံးများပေါ် အသံဖိ၍ အလေးအနက်ပုံစံမျိုးဖြင့် ပြောပြရတော့သည် ။

"အဲ့တာက အရမ်းအရေးကြီးတယ် ၊အကို ကျွန်တော့်ကို ဆက်ဆက်စောင့်နေပါ ၊ ဟုတ်ပြီလား ?"

လုဖုန်း၏စကားလုံးများအပေါ် တုံ့ပြန်မှုကား ဖုန်းခေါ်ဆိုမှုတစ်ခု အဆုံးသတ်သွားသောကြောင့် ထွက်ပေါ်လာသည့်အသံတစ်ခုသာ ။ ရှန့်မင်အော်ကား ယတိပြတ် ဖုန်းချသွားခဲ့လေပြီ ။

လုဖုန်း လက်ထဲရှိ ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်ကာ အံကြိတ်မိသည် ။ ထို့နောက် တက္ကစီသမားအား မိမိပါဝင်ဖို့လိုအပ်သော သေရေးရှင်ရေးတစ်မျှအရေးကြီးသည့် အမှုကိစ္စတစ်ခုရှိကြောင်း ၊ နောက်ကျပါက နောက်ဆက်တွဲရလဒ်မှာ ကြောက်မက်ဖွယ်ဖြစ်ကြောင်း ပြောပြကာ မြန်မြန်မောင်းပေးဖို့ရန် တောင်းဆိုရတော့၏ ။

တရားရုံးဆီ အသွားခရီးမှာ ငါးမိနစ်မျှကြာမည်ဖြစ်သော်ငြား ကားကိုအရှိန်တင်လိုက်သော တက္ကစီသမားကြောင့် လေးမိနစ်တည်းဖြင့် ရောက်သွားခဲ့၏ ။ လုဖုန်း အလင်း၏အလျင်မျိုးဖြင့် ငွေစက္ကူကိုထုတ်ပေးကာ တက္ကစီပေါ်မှ ခုန်ချမတတ် အမြန်ဆင်းပြီးနောက် တရားရုံးဆီ အမြန်ပြေးသွားတော့သည် ။ ရှန့်မင်အော်အနေဖြင့် သေချာပေါက် သူ့ကိုမစောင့်ဘဲထွက်သွားမည်ဖြစ်ရာ အစကနဦး လုဖုန်း၌ မျှော်လင့်ချက်ပင်ရှိမနေခဲ့ ။

သို့သော် တရားရုံးအပြင်ဘက်တွင် လက်ပတ်နာရီကို ငုံ့ကြည့်နေသော ဆင်တူတူလူပုံစံတစ်ခုကို မြင်လိုက်သည့်အခါမှ မျှော်လင့်ချက်တစ်မျှင် ဆွဲကိုင်ထားနိုင်သေးကြောင်း လုဖုန်းသိလာရတော့၏ ။ ယခုလက်ရှိ အမှုကဲ့သို့ အရေးကြီးသောကိစ္စမျိုးကို လုဖုန်းပေါ့ပြက်ပြက်လုပ်မည်မဟုတ်ကြောင်း ရှန့်မင်အော်ယုံကြည်ဖို့ သူမျှော်လင့်သည် ။

လုဖုန်း ရှန့်မင်အော်ထံ အမောတကောပြေးလျက် တွဲချုပ်ထားသော စာရွက်စာတမ်းများနှင့်အတူ USB တစ်ခုကို ကမ်းပေးလိုက်သည် ။

"ဒီမှာ!"

ရှန့်မင်အော်က သူ့ကိုစောင့်ဆိုင်းနေခြင်းကား လုံးဝထင်မှတ်မထားသည့်အရာပင်ဖြစ်ရာ နဂိုကပင် ကသုတ်ကရက်နိုင်သော နှလုံးခုန်သံများမှာ ပိုလိူ့ပင် မြန်ဆန်လာခဲ့လျက် ။ ရင်ဘတ်ပေါ် လက်တစ်ဖက်ဖြင့် အုပ်ကိုင်ထားရုံကလွဲ၍ လုဖုန်း၌ရွေးချယ်စရာမရှိ ။ ထိုသို့ အုပ်ကိုင်ထားခြင်းကသာ နှလုံးခုန်မြန်ဆန်နေခြင်းအား တစ်ဖြည်းဖြည်းသက်သာလာစေခဲ့ပါ၏ ။

ရှန့်မင်အော်က လုဖုန်းကမ်းပေးသော စာရွက်စာတမ်းများကိုလက်ခံကာ အလျင်စလိုပင် ပါဝင်သောအကြောင်းအရာများကို လှန်လှောကြည့်လျက် ။ ရှန့်မင်အော်ဘေးရပ်နေသော ရှေ့နေအမျိုးသမီးမှာ သိချင်စိတ်ကို မထိန်းချုပ်ထားနိုင်တော့ဘဲ ရှန့်မင်အော်လက်ထဲရှိ စာရွက်စာတမ်းများကို ကြည့်လိုက်ပြီးနောက် ခေါင်းစဥ်ကို အနည်းငယ်အသံထွက်ကာ ဖတ်လေတော့သည်။

"ချင်းဝမ်မြို့ အာမခံဋ္ဌာနမှ ကြီးကြပ်အုပ်ချုပ်ရေးမှူးများထံသို့ : အန်းချီအာမခံလုပ်ငန်း၏ ဥပဒေချိုးဖောက်ခြင်း ၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းတို့နှင့်စပ်လျဥ်း၍ တိုင်ကြားခြင်း ။ အန်းချီအာမခံသည် ဝန်ထမ်းများကို ကျေနပ်ဖွယ်ရာမရှိသော လေ့ကျင့်ရေးအစီအစဥ်များဖြင့် စီမံခန့်ခွဲခဲ့ရုံသာမက စာချုပ်ပါစည်းမျဥ်းစည်းကမ်းများကို ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်မှုဖြင့် ကျော်ချခြင်းမျိုးကိုလည်း ပြုလုပ်စေခဲ့ပါသည်....ဒါ တိုင်တန်းတဲ့စာလား ?"

မြွေတစ်ကောင်ကို တိုက်ခိုက်မည်ဆိုပါက ၎င်း၏ခုနစ်လက်မမြောက်နေရာကို တိုက်ခိုက်ရပေမည် ။ ကြီးကြပ်အုပ်ချုပ်ရေးရုံးကား အစိုးရလက်အောက်တွင် လည်ပတ်နေခြင်းဖြစ်ပြီး အာမခံနယ်ပယ်ထဲတွင်ပါရှိသော အာမခံလုပ်ငန်းတိုင်းကို ထိန်းသိမ်းကြပ်မတ်ရသည် ။ ဤကိစ္စက ထိုအုပ်ချုပ်ရေးရုံး၏အာရုံစိုက်မှုကို ရရှိခဲ့သော် ၊ နောက်ဆက်တွဲအနေဖြင့် ထိုထိုသော တရားမဝင်အပြုအမူများကို စုံစမ်းစစ်ဆေးရန်အဖွဲ့များ ဖြစ်ပေါ်လာခဲ့သည်ရှိသော် ၊ ဤကိစ္စတွင် အာမခံလုပ်ငန်းနယ်ပယ်တစ်ခုလုံး ပါဝင်လာနိုင်သည် ။ ထိုသို့ဆိုလျှင် ဒဏ်ကြေးငွေပမာဏမှာ ယွမ်တစ်သန်းပေးရုံလောက်မျှ ရိုးရှင်းတော့မည်မဟုတ် ။

"ဒီထဲမှာ ဘာပါတာလဲ ?"

လုဖုန်း တစ်ညလုံး စာစီထားခဲ့ရသော တိုင်ကြားစာကို ရှန့်မင်အော်က နှစ်မိနစ်မပြည့်သေးခင်မှာပင် အကြမ်းဖျင်းဖတ်လို့ပြီးသွားခဲ့ချေပြီ ။ ရှန့်မင်အော်က USB ကို လက်ထဲကိုင်ကာ လုဖုန်းအားမေးလာခဲ့၏ ။

"သက်သေ "

လုဖုန်း မတ်မတ်ပြန်ရပ်လိုက်၏ ။ နှလုံးခုန်သံကလည်း သိသိသာသာပင် ပုံမှန်ဖြစ်သွားခဲ့လေပြီ ။ လုဖုန်း ရှန့်မင်အော်မြင်နိုင်ရန် ဖုန်းဖွင့်ပြလိုက်ပြီး

"ကျွန်တော့်ဖုန်းထဲကဟာနဲ့ USB ထဲကဟာနဲ့ တူတူပဲ ၊ တစ်ခုပဲ ၊ ကျွန်တော့်ဖုန်းထဲမှာက တစ်ချို့အချက်အလက်တွေကို တည်းဖြတ်ထားတယ် ၊ USB ထဲကဟာက မတည်းဖြတ်ထားတဲ့ဟာ "

ရှန့်မင်အော်က ဖုန်းကိုယူကာ အလျင်အမြန်ပင် ကြည့်ရှုခြင်းကိုအပြီးသတ်လိုက်ပြီး အခုထိအခြေအနေကို လုံးစေ့ပတ်စေ့သဘောမပေါက်သေးသော ရှေ့နေအမျိုးသမီးအား တည်တည်ငြိမ်ငြိမ်ပင်လှမ်းခေါ်ကာ ကြားနာစစ်ဆေးခြင်းအတွက် ငါးမိနစ်ရွှေ့ဆိုင်းဖို့ရန် ခွင့်တောင်းစေသည် ။

ရှေ့နေအမျိုးသမီးက ခေါင်းညိတ်ပြပြီး ချက်ချင်းပင် တရားရုံး သစ်သားတံခါးကြီးများကို တွန်းဖွင့်ကာဝင်သွားပြီးနောက် လုဖုန်းတို့၏မျက်စိရှေ့မှပျောက်ကွယ်သွားတော့သည် ။

"ဒါက မင်းစဥ်းစားထားတဲ့ အကြံဉာဏ်လား ?"

ရှန့်မင်အော်က လက်ထဲရှိ စာရွက်စာတမ်းများကို အသေအချာပြန်စီပြီးနောက် လုဖုန်းအား မေးလာခဲ့ခြင်း ။

"ကျွန်တော့်နည်းလမ်းတွေက ကြည့်မကောင်းဘူး ၊ အဓိပ္ပာယ်မရှိဘူးဆိုပြီး ဝေဖန်ဦးမလို့လား ?"

လုဖုန်းက ရှန့်မင်အော်၏ လက်ထဲရှိ တိုင်ကြားစာကို ဆတ်ခနဲကြည့်ကာ ရယ်မောလျက် ပြောမိတော့သည် ။

"ကျွန်တော်ပြောပြမယ် ၊ တစ်ချို့အရာတွေက 'လူတိုင်းကသဘောမတူရင်တောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှေ့ဆက်မယ်' ဆိုတဲ့စကားလိုပဲ ၊ အောင်မြင်တာ မအောင်မြင်တာ ၊ တစ်စုံတစ်ခုကိုကြိုးစားနေရင်း လမ်းတစ်ဝက်မှာသေသွားတာက တစ်ခုစီပဲ ၊ ကျွန်တော်ပျော်နေတာ မပျော်နေတာကသာ အဓိကကျတယ် "

အားလုံးသောသူများက မိမိအား တားဆီးနေလျှင်တောင် ၊ အားလုံးသောသူများက 'မလုပ်ရ'ဟုဆိုလျှင်တောင် ၊ အားလုံးသောသူများက သူ့လုပ်ရပ်များကို သဘောမတူလျှင်တောင် မည်သို့သောတားဆီးမှုမျိုးကမှ အရေးမပါလှ ။ မိမိလုပ်လိုသော တစ်ခုံတစ်ခုဖြစ်လျှင် မိမိတစ်ကိုယ်တည်းအားဖြင့် ပြီးဆုံးအောင် လုပ်ဆောင်မည်ပေ ။

ရှန့်မင်အော်က လုဖုန်းကို ခေတ္တမျှစိုက်ကြည့်နေပြီးနောက် အကြည့်တို့ကိုအောက်စိုက်ကာ နှုတ်ဆိတ်နေသည် ။ လုဖုန်းကလည်း တစ်ခွန်းမျှမဟဘဲ ရှန့်မင်အော်ကို ဆက်ကြည့်မြဲကြည့်နေခဲ့၏ ။

ရုတ်ချည်းဆိုသလိုပင် ခပ်လှမ်းလှမ်းတစ်နေရာမှ ခြေသံများနှင့်အတူ စကားပြောသံများပါ ထွက်ပေါ်လာခဲ့ပြီး လုဖုန်းနှင့်ရှန့်မင်အော်နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်းလှည့်ကြည့်မိကြ၏ ။ သူတို့နှစ်ယောက်ဆီ ဦးတည်လျှောက်လာသည်မှာ အခြားသူများတော့မဟုတ် ။  အန်းချီအာမခံကုမ္ပဏီ၏ရှေ့နေနှင့် ကိုယ်စားလှယ်ပင် ။

"ငါ့ကို မင်းဖုန်း ခဏငှားလိုက် "

၎င်းတို့နှစ်ယောက်ထံ ရှန့်မင်အော်တစ်ယောက် ခြေလှမ်းကျယ်ကျယ်ဖြင့် ဦးတည်မသွားခင် လုဖုန်းအားပြောလာခဲ့ခြင်း ။

လုဖုန်း ရှန့်မင်အော် နား,နားကပ်ကာ တိုးတိုးသာသာ တုံ့ပြန်လိုက်၏ ။

"ကျွန်တော် ဒီကိစ္စကို အကို့လက်ထဲ အပ်ထားခဲ့လိုက်တော့မယ် "

လုဖုန်းကား ထိုလူနှစ်ယောက်၏အနားသို့တိုးကပ်မသွားဘဲ မူလနေရာ၌သာ ရပ်ကျန်နေခဲ့၏ ။ ခပ်လှမ်းလှမ်းတစ်နေရာ၌မူ ရှန့်မင်အော်နှင့် တစ်ဖက်လူနှစ်ယောက်က ရင်းရင်းနှီးနှီးပုံစံမျိုးဖြင့် အပြန်အလှန်စကားပြောနေကြဆဲ ။ ထိုအချင်းအရာက သိပ်တော့မကြာလိုက် ။ မကြာမီအချိန်တိုလေးအတွင်းမှာပင် ယုံရခက်သောမျက်နှာအမူအရာမျိုးဖြင့် လက်ထဲတွင်ဖုန်းကိုကိုင်ကာ ရှုံ့မဲ့နေသော အာမခံကုမ္ပဏီ၏ကိုယ်စားလှယ်ဖြစ်သူကို တွေ့မြင်ရတော့သည် ။

ရှန့်မင်အော်က ထိုကိုယ်စားလှယ်ထံ တိုင်ကြားစာကိုလက်ကမ်းပေးလိုက်၏ ။ စာရွက်များကိုလှန်လှောကြည့်နေရင်းပင် အာမခံကုမ္ပဏီမှလူ၏မျက်နှာအမူအရာမှာ ပို၍ပို၍ဒေါသထွက်ဟန်ပေါ်လာပြီး စာရွက်အချို့တွန့်ကြေသည်အထိ လက်ဖြင့်ဆုပ်ထားတော့သည် ။

ရှေ့နေဖြစ်သူမှာ ရှန့်မင်အော်အား စိတ်ရှုပ်ထွေးသလိုကြည့်နေပြီး ဤကဲ့သို့မထင်မှတ်ထားသော ကိစ္စမျိုးအပေါ် မည်သို့တုံ့ပြန်ရမည်ကို အချိန်အတော်ကြာ စဥ်းစားနေရပုံပေါ်သည် ။

ရှန့်မင်အော်ကား အာမခံကုမ္ပဏီကိုယ်စားလှယ်၏အရပ်အမြင့်ကို ထောက်ထားညှာတာသောအားဖြင့် ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး မျက်နှာထက် လူကြီးလူကောင်းဆန်ဆန် အပြုံးတစ်ပွင့်ကိုဆင်မြန်းလျက်ပင် ထိုကိုယ်စားလှယ်ဖြစ်သူ၏နား,နားကပ်ကာ တစ်စုံတစ်ခုကိုတီးတိုးပြောဆိုနေတော့သည် ။ ရှန့်မင်အော်ပြောသည်ကို နားထောင်နေသော ကုမ္ပဏီကိုယ်စားလှယ်ကလည်း ခေါင်းတဆတ်ဆတ်ညိတ်လျက် ။

USB ကိုလက်ထဲ ကိုင်လှည့်ကာ ထိုနေရာမှ လှည့်ထွက်လာသောရှန့်မင်အော် ။ ခြေလှမ်းနှစ်လှမ်းကိုပင် လှမ်းရသေးသည် ။ရုတ်တရက် တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ရှန့်မင်အော်က ပြန်လှည့်သွားခဲ့၏ ။ ရည်ရွယ်ချက်ကား အာမခံကုမ္ပဏီကိုယ်စားလှယ်၏လက်ထဲမှ လုဖုန်း၏ဖုန်းကို ပြန်ယူရန်ပင် ။ နောက်ဆုံးအကြိမ် ပြန်လှည့်ထွက်လာခဲ့သော ရှန့်မင်အော်၏မျက်နှာထက်ဝယ် ရည်မွန်သောအပြုံးတို့အစား ဝံ့ကြွားဟန် ၊ တစ်ပါးသူအားအထင်သေးဟန် ၊ ပမာမခန့်ပြုဟန်အပြုံးတို့ကသာ တစတစ အစားထိုးတင်ကျန်ခဲ့ချေပြီ ။

ရှန့်မင်အော်ကား အောင်မြင်မှုကြီးကြီးမားမားတစ်ခု ရရှိလာသော ဘုရင်တစ်ပါးနှယ် ။ ရင်ကိုကော့ ခေါင်းကိုမော့လျက် နေရောင်ခြည်တို့ပြည့်လျှမ်းဖြာကျနေသော လျှောက်လမ်းတစ်ယောက် ခြေလှမ်းကျယ်တို့ဖြင့် လျှောက်လှမ်းလာခဲ့၏ ။ ဦးခေါင်းထက်ဝယ် မမြင်နိုင်သော သရဖူက တည်ရှိနေခဲ့ပြီး အနီတောက်တောက်ဝတ်ရုံရှည်ကို ဆင်မြန်ထားကာ ခြေလှမ်းတစ်လှမ်းစီတိုင်းသည် ပြတ်သားတိကျလျက် ၊ ယုံကြည်မှုအပြည့်ဖြင့် ။

[T/N - ဒီမှာ သရဖူဆိုတာက တရုတ်နန်းတွင်းဇာတ်လမ်းတွေထဲက ဘုရင်တွေဝတ်ဆင်တဲ့ဟာမျိုးပါ ]

"ငါ မင်းကို ဒီဟာပြန်ပေးလိုက်မယ် "

ရှန့်မင်အော်က လုဖုန်းထံ ဖုန်းကိုပြန်ပေးရင်း ပြောလာခဲ့၏ ။

"အကို အားလုံးဖြေရှင်းပြီးခဲ့ပြီလား?"

ရှန့်မင်အော်က သူ့ကို မကြည်သလိုကြည့်လာခဲ့၏ ။ 'ဘယ်လိုအဓိပ္ပာယ်မရှိသော အကြောင်းအ ရာမျိုးကို အစချီနေသနည်း'ဟူ၍ ပြောချင်နေသကဲ့သို့ပင် ။

ရှန့်မင်အော်၏တုံ့ပြန်မှုကိုမြင်သွားသော လုဖုန်းမှာ နားလည်သွားရပြီး မိမိနှာခေါင်းကိုမိမိ လက်ဖြင့်တို့ထိဟန်ပြုကာ ရှန့်မင်အော်ပြောလာမည့်အရာကို စောင့်ဆိုင်းနေလိုက်၏ ။

"အချိန်အကန့်အသတ်အတွင်းမှာ ပြန်ပြင်ဖို့ သဘောတူလိုက်ကြတယ် ၊ စာချုပ်အပြင်အဆင်တွေ ပြန်စစ်ဆေးပြီးတော့ လျော်ကြေးငွေပမာဏကိုပါ ထပ်တိုးပေးလိမ့်မယ် ၊ ဒါပေမဲ့ ဗီဒီယိုရယ် တိုင်ကြားစာရယ်ကိုတော့ လုံးဝ လူရှေ့ချပြလို့မရဘူး "

မည်သို့ပင်ဖြစ်စေ လုဖုန်း၏ရည်ရွယ်ချက်ကား ရှန့်မင်အော်၏အမှုကိစ္စ မြန်မြန်အပြီးသတ်ဖို့ရန်ပင်ဖြစ်လေရာ ၎င်းတို့တောင်းဆိုသည့်အချင်းအရာသည် ကိစ္စကြီးတော့မဟုတ် ။ ရိုးရိုးသားသားဝန်ခံရသော် လုဖုန်းလုပ်ဆောင်နိုင်သောအရာ ၊ အောင်မြင်နိုင်သောအရာ၌လည်း ကန့်သတ်ချက်ရှိသေးသည် ။ ကမ္ဘာကြီးပြောင်းလဲသွားဖို့ရန် ၊ စည်းမျဥ်းဥပဒေအသစ်များပြဋ္ဌာန်းရန် သည်အမှုကိစ္စလေးတစ်ခုပေါ်တွင် အမှီသဟဲပြု၍မရကြောင်း လုဖုန်း ကောင်းကောင်းသိထားခဲ့၏ ။

နောက်ဆုံးတွင်မူ အမှုကိစ္စကား တရားသူကြီး၏ညွှန်ကြားမှုအောက်ဝယ် နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိသွားခဲ့လေပြီ ။ အန်းချီအာမခံကုမ္ပဏီအနေဖြင့် မူလလျော်ကြေးအပြင် အပိုထပ်ဆောင်း ယွမ်ခြောက်သိန်းပါ ထပ်ပေါင်းပေးခဲ့သည်  ။

ဆွေးနွေးခန်းထဲ လုဖုန်းဝင်ရောက်ခွင့်မရှိသည့်တိုင် အပြင်ဘက်လျှောက်လမ်းထက်မှပင် မစ္စယန်၏ငိုကြွေးသံကို ကြားနိုင်ပါသေး၏ ။ ထိုစဥ်အချိန်အခါက မတရားခံရမှု၊ ခံပြင်းမှုတို့ပြည့်နှက်နေသော မိခင်ဖြစ်သူ၏ငိုကြွေးသံနှင့်ခြားနားစွာ မစ္စယန်၏ငိုကြွေးသံ၌မူ ပျော်ရွှင်ခြင်းတစွန်းတစ ပါဝင်နေခဲ့ပါ၏ ။

ဤငိုကြွေးခြင်းကား နေ့စဥ်ရက်ဆက် ညစဥ်ညတိုင်း  မိမိကိုယ်မိမိ မေးခွန်းထုတ်ခဲ့ခြင်းများအတွက်ပင် ။ 'အဘယ်ကြောင့် မိမိထံ၌ ဤသို့သောကိစ္စရပ်များ လာဖြစ်ရသနည်း ?' 'အဘယ်ကြောင့် မိမိမဟုတ်ဘဲ အခြားတစ်ယောက်မဖြစ်ခဲ့ရသနည်း' ဟူသော မရေမတွက်နိုင်သော မေးခွန်းအဖုံဖုံ ။ ကောင်းကင်ဘုံသည် ထိုမေးခွန်းများအတွက် အဖြေတစ်ခုတစ်လေကိုတောင် မပြောနိုင်သကဲ့သို့ ဘဝတစ်ပါးကူးပြောင်းသွားသူသည်လည်း ပြန်မလာနိုင်တော့ ။ ဘဝ၏ စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ရသောအခါ မိမိ၏ကလေးငယ်ကို မြင်တွေ့ရသောအခါ စိတ်ပျက်အားငယ်မှုတို့သည် မျက်ရည်အသွင်ပေါင်းစု၏ ။ စိတ်ပျက်အားငယ်မှုတို့သည် နှလုံးသည်းပွတ်ညွတ်ကိုင်းသည်အထိ လေးလံလာစေ၏ ။

ထိုငွေပမာဏသည် လျော်ကြေးငွေသာဖြစ်သော်ငြား အနည်းဆုံး အရာအားလုံးအတွက် အဖြေတစ်ခုရှိနေခဲ့​ချေပြီ ။ ဒဏ်ရာဟောင်း အမာရွတ်ဟောင်းကို တစ်ဖန်တို့ထိရန် ၊ သွေးစက်စက်ကျနေသော ဒဏ်ရာအနာတရကို တစ်ပါးသူအား ဖွင့်ထုတ်ပြဖို့ရန် ၊ တရားမျှတမှုအတွက် နေရာတကာလိုက်လံ အသနားခံရန် မလိုအပ်တော့ပေ  ။ နောက်ဆုံး၌ အရာအားလုံးကို နောက်ချန်ထားခဲ့ကာ ဘဝသစ်တစ်ခု ပြန်လည်စတင်နိုင်လေပြီ ။

ကြားနာစစ်ဆေးမှုပြီးနောက် ရှေ့နေ့အမျိုးသမီးက မစ္စယန်ကို အမှုကိစ္စ၏နောက်ဆုံးရလဒ်အား ရှင်းပြကာ  တရားရုံး၏မီခိုးရောင်လှေကားများထက် အတူလမ်းလျှောက်ဆင်းလာကြ၏  ။ နေရောင်ခြည်ဖြာကျမှုအောက်ဝယ် လုဖုန်း၏ခန္ဓာကိုယ်မှာ နွေးထွေးကာ သက်တောင့်သက်သာဖြစ်နေခဲ့ပြီး ယခုလက်ရှိ သူအလုပ်ချင်ဆုံးအရာမှာ နေ့လည်နေ့ခင်းတစ်ရေးအိပ်လိုက်ဖို့ပင် ။

မျှော်လင့်ချက်များဖြင့် ပြည့်နှမ်းနေသည့်ခံစားချက်က အမှန်တကယ်ကောင်းလှ၏ ။

အမှုကိစ္စလည်း အပြီးသတ်ခဲ့ပြီဖြစ်ရာ လုဖုန်း ခြေဆန့်လက်ဆန့်တစ်ချက်လုပ်ပြီးနောက် အိမ်ပြန်ကာအိပ်ဖို့ရန် ပြင်လိုက်သည် ။

"အကို!"

လုဖုန်း ထွက်မသွားခင် ရှန့်မင်အော်အား အော်ခေါ်လိုက်၏ ။

လမ်းလျှောက်နေဆဲ ခြေလှမ်းတို့ကိုရပ်လိုက်သော ရှန့်မင်အော်က နောက်ပြန်လှည့်ကာ လုဖုန်းအားကြည့်လာခဲ့၏ ။

"ကျွန်တော် အကို့ကိုပြောစရာရှိတယ် "

ရှန့်မင်အော်က ယခင်နေရာမှာပင် ရပ်နေကာ လုဖုန်းကာ ဆက်ကြည့်နေဆဲ ။

"အဲ့ဒါဆို ကျွန်မတို့ ပြန်နှင့်ဦးမယ် "

ရှေ့နေအမျိုးသမီးကား အတော်ပင် အကင်းပါးလှသည်ဟု ဆိုရမည် ။ သူမနှင့်အတူ မစ္စယန်ကိုဆွဲခေါ်ကာ ထိုနေရာမှထွက်သွားတော့၏ ။

လုဖုန်း လှေကားထစ်အချို့ပေါ်မှ လျှောက်လှမ်းလာပြီးနောက် ရှန့်မင်အော်ကိုမျက်နှာမူလိုက်၏ ။ နောက်ဆုံး ဘဝတွင် တစ်ကြိမ်တစ်ခါမျှ ရှန့်မင်အော်အား အပေါ်စီးမှ ကြည့်ဖူးခဲ့လေပြီ ။

"ကျွန်တော့်ကို ကျေးဇူးပြန်ဆပ်ဦး"

"ဘာလဲ ?"

ရှန့်မင်အော်က ယတိပြတ်တုံ့ပြန်၏ ။ လုဖုန်းအပေါ် ကျေးဇူးကြွေးရှိသည်ဆိုသောအချက်ကိုတော့ လက်ခံသည့်ပုံပင် ။

"ရှန်းရှောင်ရှဲက ခုခံချေပပေးမဲ့ ရှေ့နေတစ်ယောက်လိုအပ်နေတယ် ၊ သူ့အမေဆီမှာအခု ...ကိစ္စတစ်ချို့ရှိနေလို့..."

"မနက်ဖြန်နေ့လည်တစ်နာရီ ငါ့ရုံးခန်းမှာလာတွေ့ဖို့ သူ့ကိုပြောလိုက် "

ရှန့်မင်အော်ကား ထိုစကားတစ်ခွန်းသာတုံ့ပြန်ပြီးနောက် လှည့်ထွက်သွားဖို့ ပြင်တော့သည် ။

လုဖုန်းနှင့် လိုအပ်သည်ထက်ပို၍ စကားပြောချင်ဟန်မရှိသော ရှန့်မင်အော်၏အပြုအမူကိုကြည့်ကာ မကျေမနပ်ဖြစ်လျက် လုဖုန်း ခပ်ကြိတ်ကြိတ်သာဆဲရေးမိသည် ။

"​သြော် , ဟုတ်သားပဲ "

လုဖုန်း ရှန့်မင်အော်၏နောက်ကျောကိုကြည့်ကာ အော်ပြောလိုက်ခြင်း ။

"အဖေဆုံးတဲ့နေ့က အကို့ကိုဘာပြောခဲ့လဲ ကျွန်တော် အမြဲတမ်းသိချင်နေခဲ့တာ "

ရှန့်မင်အော်က ခေါင်းကိုအနောက်ဘက်သို့ အနည်းငယ် လှည့်လာခဲ့သည်  ။ မျက်နှာသွင်ပြင်ကိုတော့ လုဖုန်းမြင်နေရ၏ ။ အချိန်အတော်ကြာသည်အထိ ရှန့်မင်အော်တစ်ယောက် စကားတစ်ခွန်းမဆိုဘဲ နှုတ်ဆိတ်နေလျက် ။ လုဖုန်း ဤမေးခွန်းအား ရုတ်တရက်ကြီးကောက်မေးလိုက်သည်ဖြစ်ရာ ရှန့်မင်အော်မဖြေချင်လျှင် မည်သည့်နည်းနှင့်မျှ ဖွင့်ဟပြောပြလာအောင် လုဖုန်းလုပ်နိုင်မည်မဟုတ် ။

"အိုခေ..."

မပြောလျှင်လည်း အဆင်ပြေကြောင်း ၊ သွားနိုင်ပြီဖြစ်ကြောင်း လုဖုန်းပြောဖို့ပြင်ကာရှိသေးသည် ။ ရှန့်မင်အော်က ရုတ်ချည်းပင် စကားတစ်ခွန်းဆိုလာခဲ့၏ ။

"မင်း လူကောင်းတစ်ယောက် မဖြစ်နိုင်ရင်လည်း အဆင်ပြေတယ် ၊ တစ်ခြားသူကို မထိခိုက်စေတဲ့လူ ၊ အခြားသူတွေဆီက တိုက်ခိုက်မခံရတဲ့သူပဲ ဖြစ်အောင်လုပ် ၊ အဲ့လို သာမန်လူတစ်ယောက်ဖြစ်ရင် လုံလောက်ပြီ "

လုဖုန်း ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး ဖခင်ဖြစ်သူမဆုံးပါးခင်က ရှန့်မင်အော်ကိုပြောခဲ့သောစကားလုံးများကို ဆက်စပ်တွေးတောမိသည် ။

"မင်းက အရမ်းအရမ်းကိုတော်တဲ့ လူကောင်းတစ်ယောက်ဖြစ်လာမယ်လို့ အဖေယုံကြည်တယ် ...ဒါပေမဲ့ လူကောင်းတစ်ယောက် မဖြစ်နိုင်ရင်လည်း အဆင်ပြေတယ် ၊ တစ်ခြားသူကို မထိခိုက်စေတဲ့လူ ၊ အခြားသူတွေဆီက တိုက်ခိုက်မခံရတဲ့သူပဲ ဖြစ်အောင်လုပ် ၊ အဲ့လို သာမန်လူတစ်ယောက်ဖြစ်ရင် လုံလောက်ပြီ "

"အဖေက သိနေခဲ့တယ်ပေါ့..."

လုဖုန်း ရှန့်မင်အော်၏မျက်နှာကို စေ့စေ့ကြည့်ကာ ကွဲအက်သောအသံဖြင့် တိုးတိုးရေရွတ်မိသည် ။

ဖခင်ဖြစ်သူက ဤသို့သောစကားများကိုပြောခဲ့ခြင်း၏အဓိပ္ပာယ်ကား ရှန့်မင်အော်အကြောင်း သိနေခဲ့သည်ဟု ဆိုလိုခြင်းမဟုတ်ပါလား....

"ဟုတ်တယ် ၊ သူအားလုံးကို သိနေခဲ့တယ် "

ရှန့်မင်အော်က ခေါင်းကိုငုံ့ကာ တိုးတိမ်သောအသံဖြင့် ဆိုလာခဲ့၏ ။

"ငါက သာမန်မဟုတ်ဘူးဆိုတာ သူသိနေခဲ့တယ် "

ထိုစကားကိုပြောပြီးပြီးချင်းပင် ရှန့်မင်အော်ကား လုဖုန်းဆီမှတုံ့ပြန်စကားကိုပင် မစောင့်ဆိုင်းတော့ပဲ ၊ နောက်ထပ်စကားတစ်လုံးပင် မဆိုတော့ဘဲ လှည့်ထွက်သွားခဲ့တော့သည် ။ လှေကားထက် ရပ်ကျန်နေခဲ့သောသူနှင့် ရှန့်မင်အော်အကြား အကွာအဝေးတို့ တစတစကြီးထွားလာလျက် ။

ထွက်ခွာသွားသော နောက်ကျောပုံရိပ်ကိုကြည့်ရင်း လုဖုန်းရင်ထဲ ခံစားချက်တို့ရှုပ်ထွေးကုန်သည် ။ ရုတ်ချည်းပင် ဆေးလိပ်သောက်ချင်စိတ်ပေါက်လာပြန်တော့၏ ။

T/N
ဒီအပိုင်း အတော်လေးကြာသွား
နိုယာနေမကောင်းဖြစ်နေတော့ မရေးနိုင်လို့ပါ TT
အားလုံးပဲ ဂရုစိုက်ကြနော် ကိုယ်ခံအားကောင်းအောင် ကောင်းကောင်းစားပြီး အိပ်ရေးဝဝအိပ်ကြပါ

ZAWGYI

CH40- EVEN IF EVERYONE DISAGREES, I WILL STILL FORGE MY WAY

"ဖုန္းေကာ ၊ ကြၽန္ေတာ္ ဒီလိုဝတ္စားထားတာနဲ႕ အဆင္ေျပရဲ႕လား ?

ရိတကြၽမ့္ကား ႏွစ္ေပါင္းမ်ားစြာ ပုန္းခိုေစာင့္ဆိုင္းရသည့္အလုပ္ကိုလုပ္ကိုင္ခဲ့ရသူျဖစ္ရာ ေနေရာင္ျခည္မ်ား၏ထိေတြ႕လာျခင္းကို အေတာ္အတန္ခံရဖူး၏ ။ သူ၏အသားအေရမ်ားမွာ ေနေရာင္ေၾကာင့္ညိုေျခာက္ကာ အေရျပားတြန့္ျခင္းအခ်ိဳ႕ရွိေန႐ုံသာမက ခႏၶာကိုယ္ကလည္း ပိန္ပါးသည့္အသြင္ဘက္ ေရာက္ေနေသာေၾကာင့္ ရိတကြၽမ့္ကား လက္ရွိအသက္ထက္ ပိုႀကီးေနသည့္ပုံေပၚေနေတာ့သည္ ။ ယခုလက္ရွိ နက္ျပာေရာင္အလုပ္သမားဝတ္စုံႏွင့္ ေဟာင္းႏြမ္းေနေသာဖိနပ္တို႔ကိုဝတ္ဆင္လိုက္ေသာအခါ ရိတကြၽမ့္တစ္ေယာက္ ေနပူမေရွာင္မိုး႐ြာမေရွာင္ အလုပ္လုပ္ရေသာ အလုပ္ၾကမ္းသမားတစ္ေယာက္ႏွင့္ တူသြားေခ်ၿပီ ။

ရိတကြၽမ့္၏အေပၚထပ္အကၤ်ီကို လုဖုန္း ကူဝတ္ေပးလိုက္ကာ ပုခုံးေပၚလက္တင္လိုက္ၿပီး ႏွစ္ေယာက္သား ခုံေပၚအတူထိုင္လိုက္ၾကသည္ ။

"မင္း စကားေျပာတဲ့အခါ ဝဲတဲတဲအသံေလးနည္းနည္းပါးပါးထည့္ေျပာဖို႔ သတိမေမ့ေစနဲ႕ "

အခန္းအတြင္းရွိေထာင့္မ်ားႏွင့္ စားပြဲထက္ရွိ တစ္သ်ႉးဘူးကို လုဖုန္းၫႊန္ျပလိုက္ကာ

"ဒီအခန္းထဲမွာ လွ်ို႔ဝွက္ကင္မရာေလးလုံးရွိတယ္ ၊ တစ္ခန္းလုံးအျပည့္ ၾကည့္လို႔ရတယ္ ၊ မ်က္ကြယ္ေနရာမရွိဘူး ၊ ငါ အိပ္ခန္းထဲကေန ေစာင့္ၾကည့္ေနမယ္ ၊ အဲ့ဒါေၾကာင့္ ထိန္းခ်ဳပ္မထားဘဲနဲ႕ မင္းရဲ႕သ႐ုပ္ေဆာင္စေကးလ္ကို ျပလိုက္စမ္းပါ "

ရိတကြၽမ့္ကား အတန္ငယ္​စိုးရိမ္မႈႏွင့္အတူ မ်က္ႏွာကိုပြတ္သပ္ေနေတာ့၏ ။

"ဒါႀကီးက စိန္ေခၚမႈအသစ္ ၊ စတင္မႈအသစ္လိုပဲ... ပါပါရာဇီအလုပ္ကေနထြက္ၿပီး ႐ုပ္ရွင္ေတြဘာေတြနဲ႕ အသက္ေမြးဝမ္းေၾကာင္းအလုပ္ လုပ္ခ်င္ရင္လုပ္လို႔ရေလာက္တယ္"

လုဖုန္း ရိတကြၽမ့္ပုခုံးထက္ပုတ္လိုက္ကာ

"မင္း လုပ္နိုင္မွာပါ "

တံခါးဘဲလ္ျမည္လာျခင္းႏွင့္အတူ ရိတကြၽမ့္ႏွင့္ လုဖုန္း တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္မိသည္ ။ ထို႔ေနာက္ လုဖုန္းက အိပ္ခန္းဆီအလ်င္အျမန္ေလွ်ာက္သြားလ်က္ ရိတကြၽမ့္ကမူ 'လာၿပီ ၊ လာၿပီ'ဟုေအာ္ကာ တံခါးဆီဦးတည္လ်က္ ။

မိမိေနာက္ပါးဆီမွတံခါးကို အသာအယာေစ့ပိတ္လိုက္ခ်ိန္တြင္ အိမ္အဝင္ဝဆီမွ ရိတကြၽမ့္၏အသံကလည္း ထြက္ေပၚလာခဲ့ၿပီ ။

"မဂၤလာပါ ၊ မဂၤလာပါ ၊ ခင္ဗ်ားက အာမခံကုမၸဏီကလူပဲျဖစ္ရမယ္ ၊ အထဲကိုႂကြပါ "

လုဖုန္း ကုတင္ေျခရင္းတြင္ထိုင္ကာ နံရံထက္ ကပ္ထားေသာတီဗြီကိုၾကည့္ေနမိသည္ ။ ၄၂လက္မရွိေသာတီဗြီမ်က္ႏွာျပင္ထက္ အပိုင္းေလးပိုင္း,ပိုင္းျခားထားၿပီး တစ္ပိုင္းစီတြင္ သက္ဆိုင္ရာလွ်ို႔ဝွက္ကင္မရာမွ ပုံရိပ္မ်ားကိုျပသထား၏ ။

အာမခံကုမၸဏီမွ ငယ္ငယ္႐ြယ္႐ြယ္ပုံစံရွိေသာ ထိုလူက ရိတကြၽမ့္ႏွင့္အတူ စားပြဲခုံတြင္ဝင္ထိုင္လ်က္ အိတ္ထဲမွ ထူထဲေသာစာ႐ြက္စာတမ္းမ်ားကို ထုတ္ယူဖို႔ရန္ျပင္ေန၏ ။

"ဒါက ကြၽန္ေတာ္တို႔ဖုန္းနဲ႕ေျပာခဲ့တဲ့ စီးပြားေရးအာမခံစာခ်ဳပ္ပါ ၊ အဆင္မေျပတာရွိမရွိ တစ္ခ်က္ေလာက္ၾကည့္ေပးပါ "

ထိုလူက ရိတကြၽမ့္ဆီ စာ႐ြက္စာတမ္းကို ကမ္းေပးကာ ဆက္ေျပာလာခဲ့၏ ။

"စုစုေပါင္းဆိုရင္ေတာ့..."

ထိုလူက ဂဏန္းေပါင္းစက္ထက္မွ နံပါတ္ေပါင္းမ်ားစြာႏွိပ္ၿပီးေနာက္ စုစုေပါင္းတန္ဖိုးကို ရိတကြၽမ့္အားျပ၏ ။

ရိတကြၽမ့္ကား စာခ်ဳပ္ကို အၾကမ္းဖ်င္းပုံစံၾကည့္ဟန္ေဆာင္ၿပီးေနာက္ ႐ုတ္တရက္ ႏွာတံရိုးကိုလက္ျဖင့္ညွစ္ကာ

"ဘုရားေရ ၊ ၾကည့္႐ုံနဲ႕တင္ ေခါင္းမူးလာသလိုပဲ ၊ စာလုံးေတြက အရမ္းေသးေန​ေတာ့ ၾကည့္ရတာအဆင္​မေျပဘူး ၊ ကြၽန္ေတာ္ ခင္ဗ်ားတို႔ကိုယုံပါတယ္ ၊ ခင္ဗ်ားတို႔လို ကုမၸဏီႀကီးေတြက ကြၽန္ေတာ္တို႔လို သာမန္ျပည္သူေတြကို လိမ္မွာမဟုတ္ေလာက္ပါဘူး ၊ ခင္ဗ်ားေျပာထားတဲ့အတိုင္း ကြၽန္ေတာ္လက္မွတ္ထိုးမယ္ "

အာမခံကုမၸဏီမွဝန္ထမ္းကား ဤမွ်ေလာက္ထိ သေဘာတူညီခ်က္ ျမန္ျမန္ရသြားလိမ့္မည္ဟု ထင္မွတ္ထားပုံမရ ။ လက္မွတ္ထိုးဖို႔ရန္ အလ်င္အျမန္ပင္ ေဘာပင္ထုတ္ေပးလာခဲ့ၿပီး မ်က္ဝန္းမ်ားမွာ ပီတိဝမ္းသာမႈတို႔ျဖင့္ တလက္လက္ေတာက္ပေနခဲ့၏ ။

"ဒါေပါ့ ေသခ်ာတာေပါ့ ၊ ကြၽန္ေတာ္တို႔ ကုမၸဏီက ဒီနယ္ပယ္ရဲ႕ထိပ္ဆုံးဆယ္ခုစာရင္းဝင္တယ္ေလ ၊ ကြၽန္ေတာ္တို႔ဝန္ေဆာင္မႈကိုလည္း ယုံၾကည္လို႔ရပါတယ္ ၊ အဲ့ဒါေၾကာင့္ စိတ္ခ်ထားလိုက္ပါ ၊ ဒီကလူႀကီးမင္းအေနနဲ႕ ကိုယ့္ရဲ႕ယာဥ္နဲ႕ပတ္သက္ၿပီးေတာ့ အခ်က္အလက္ေတြ ျဖည့္ေပးရပါမယ္ ၊ ၿပီးေတာ့ သက္ေသခံကတ္ျပားရယ္ ကားလိုင္စင္ေလးရယ္ တစ္ခ်က္ေလာက္ေပးလို႔ရမလား ..."

ရိတကြၽမ့္က မတ္တပ္ထရပ္လိုက္ကာ ေဘာင္းဘီအိတ္ကပ္မ်ားကို စမ္း၍ရွာေဖြေတာ့၏ ။ အတန္ၾကာ ရွာၿပီးပါေသာ္ျငား ဘာကိုမွ် ရွာမေတြ႕ ။ ရိတကြၽမ့္၏မ်က္ခုံးအစုံမွာ ပို၍ပို၍ တြန့္ေကြးလာခဲ့ၿပီး

"ထူးဆန္းလိုက္တာ ၊ ဘယ္လိုျဖစ္လို႔ ေပ်ာက္သြားရတာလဲ ?"

ရိတကြၽမ့္မွာ အျပင္ဝတ္အကၤ်ီမ်ားပါမက်န္ ႏွံ႕ႏွံ႕စပ္စပ္ရွာေဖြၿပီးသည့္တိုင္ ဘာတစ္ခုမွ မေတြ႕ရေသး ။

ရိတကြၽမ့္တစ္ေယာက္ ဦးေႏွာက္ကိုအလ်င္အျမန္ အလုပ္ေပးလိုက္ၿပီး ခ်က္ခ်င္းဆိုသလိုပင္ တစ္ခုခုကို သတိရသြားဟန္ျဖင့္ အာမခံကုမၸဏီမွလူကို မလုံမလဲ ၿပဳံးျပလိုက္ေလသည္ ။

"အာ...ေတာင္းပန္ပါတယ္ ၊ မေန႕ညက ကြၽန္ေတာ့္သူငယ္ခ်င္းအိမ္မွာ သြားေသာက္တာ နည္းနည္းမ်ားသြားတယ္ ၊ အဲ့အိမ္မွာ သက္ေသခံကတ္ေတြက်န္ခဲ့ေလာက္တယ္ ထင္တာပဲ ၊ ဒီေန႕ေတာ့ ကြၽန္ေတာ္တို႔လက္မွတ္မထိုးျဖစ္ေလာက္ဘူးထင္တယ္  ၊ ေနာက္ေန႕ ၊ ေနာက္ေန႕မွ ကြၽန္ေတာ္ ခင္ဗ်ားကို ထပ္လာရွာလိုက္ပါ့မယ္ ..."

အာမခံကုမၸဏီမွဝန္ထမ္းက တုံ႕ျပန္ျခင္းမျပဳနိုင္ခင္မွာပင္ ရိတကြၽမ့္က ထိုလူအား ထိုင္ခုံေပၚမွဆြဲထူကာ တံေတာင္ဆစ္ေနရာမွဆုပ္ကိုင္ၿပီးေနာက္ တံခါးရွိရာသို႔ ဆြဲေခၚသြားေတာ့သည္ ။

"မစၥတာရိ ၊ ကြၽန္ေတာ့္ကိုအရင္ဆုံး စာခ်ဳပ္ေလးျပန္ေပး...ျပန္ေပးပါ"

တံခါးအျပင္ဘက္ဆီ တြန္းထုတ္ျခင္းခံလိုက္ရၿပီးေနာက္ ထိုလူက စာခ်ဳပ္ျပန္ေတာင္းဖို႔ သတိရပုံေပၚသည္ ။

ရိတကြၽမ့္က ပ်ာပ်ာသလဲပင္ စားပြဲဆီျပန္လာခဲ့၏ ။ စားပြဲထက္မွ စာခ်ဳပ္ကိုေကာက္ယူေနစဥ္အတြင္းမွာပင္ လွ်ို႔ဝွက္ကင္မရာတပ္ထားေသာဘက္ျခမ္းဆီ မ်က္ႏွာေမာ့ကာ ၿပီတီတီအၿပဳံးတစ္ပြင့္ ဖန္တီးလိုက္လ်က္ ။

အာမခံကုမၸဏီမွလူကို အျပင္ဘက္ျပန္ပို႔ေပးၿပီးေနာက္ တံခါးပိတ္လိုက္ခ်ိန္တြင္ လုဖုန္းကလည္း အိပ္ခန္းထဲမွထြက္လာသကဲ့သို႔ ရိတကြၽမ့္ကလည္း အိမ္ဝင္ေပါက္ေလွ်ာက္လမ္းထက္တြင္ ။

"ဘယ္လိုလဲ ၊ အဆင္ေျပရဲ႕လား ?"

"အဆင္ေျပပါတယ္ "

ရိတကြၽမ့္ကား ေျခဆန့္လက္ဆန့္လုပ္ၿပီးေနာက္ အေပၚထပ္အဝတ္အစားမ်ားကို ခြၽတ္ဖို႔ျပင္ေနေလ၏ ။ ေနာက္တစ္ႀကိမ္ စကားထပ္မေျပာမီ နံရံထက္တပ္ဆင္ထားေသာနာရီကို တစ္ခ်က္ၾကည့္လိုက္ကာ

"ဒါေပမဲ့ ျပည့္ေတာ့မျပည့္စုံေသးဘူး"

ရိတကြၽမ့္၏လႈပ္ရွားမႈမ်ားမွာ ရပ္တန့္သြားခဲ့ၿပီး
"ဟမ္ ??"

​"ေႁမြတစ္ေကာင္ကိုရိုက္မယ္ဆိုရင္ သူ႕ရဲ႕ ခုနစ္လက္မေျမာက္ကို ရိုက္ရလိမ့္မယ္ "

[T/N တ႐ုတ္မွာ နာမည္ႀကီးတဲ့စကားစုတစ္ခုပါ ၊ ေႁမြတစ္ေကာင္ရဲ႕ႏွလုံးက ခုနစ္လက္မေျမာက္ေနရာမွာရွိတာေၾကာင့္ အဲ့ေနရာကိုသာရိုက္ရင္ ေသေစနိုင္ပါတယ္]

"တစ္ႀကိမ္မလုံေလာက္ရင္ ႏွစ္ႀကိမ္ရိုက္ရမယ္ ၊ ႏွစ္ႀကိမ္ မလုံေလာက္ေသးရင္ သုံးေလးငါးေျခာက္ခုနစ္ႀကိမ္ ရွစ္ႀကိမ္ရိုက္ႏွက္မွရမယ္ ၊ တကယ္လို႔ မေသရင္ေတာင္မွ အဲ့ေႁမြက မသန္မစြမ္းေတာ့ ျဖစ္သြားမွာပဲ "

ရိတကြၽမ့္က လုဖုန္း၏စကားအဓိပၸာယ္ကိုနားမလည္ ။ ဇေဝဇဝါျဖစ္ေနဟန္ အမူအရာက မ်က္ႏွာထက္တြင္ အထင္းသား ။

လုဖုန္း ေဝ့လည္ေၾကာင္ပတ္ေျပာမေနေတာ့ဘဲ တည့္တိုးဆန္ဆန္သာ ေျပာလိုက္ေတာ့သည္ ။

"ဒီေန႕ အန္းခ်ီက ဝန္ထမ္းငါးေယာက္နဲ႕ေတြ႕ဖို႔ စီစဥ္ထားတယ္ ၊ အခ်ိန္မထပ္ရေအာင္လို႔ တစ္ေယာက္ခ်င္းစီနဲ႕ တစ္နာရီအတြင္း စကားေျပာလို႔ၿပီးေအာင္ လုပ္ထား "

ရိတကြၽမ့္ကား လက္ငါးေခ်ာင္းေထာင္ကာ မ်က္လုံးမ်ားျပဴးက်ယ္လာလ်က္

"ငါး ၊ ငါးေယာက္ေတာင္ ? "

လုဖုန္း ေခါင္းညိတ္ျပလိုက္ကာ ဆက္ေျပာလိုက္သည္ ။

"မနက္ျဖန္က်ရင္ ေနာက္ထပ္ငါးေယာက္ထပ္ေတြ႕ရမယ္"

ရိတကြၽမ့္ကား ဆိုဖာေပၚသို႔ လဲက်သြားေတာ့၏ ။ ေျခလက္မ်ားဆန့္ထြက္လ်က္ ၊ မ်က္ျဖဴလန္လ်က္ ၊ ဆားနယ္ကာ အေျခာက္လွန္းခံထားရေသာ ငါးတစ္ေယာက္ႏွယ္ ။

"ကြၽန္ေတာ့္ကို ခိုင္းလို႔ရသမွ် ခိုင္းေနေတာ့တာပဲ ၊ ရပါတယ္ ၊ ဂ႐ုမစိုက္ဘူး ၊ ဒီကိစၥေတြၿပီးရင္ေတာ့ ကြၽန္ေတာ့္ကို ေကာင္းေကာင္းဒကာခံရမယ္ ၊ မဟုတ္ရင္ ကြၽန္ေတာ့္ရဲ႕ေသြးေခြၽးမ်က္ရည္ေတြကို ဆပ္လို႔ကုန္မွာမဟုတ္ေတာ့ဘူး "

ထိုႏွစ္ရက္လုံး လုဖုန္းႏွင့္ရိတကြၽမ့္ႏွစ္ေယာက္သား ငွားရမ္းထားေသာအခန္းငယ္ထဲပုန္းေအာင္းကာ အာမခံကုမၸဏီမွ ဝန္ထမ္းတစ္ေယာက္ၿပီးတစ္ေယာက္ႏွင့္ ေတြ႕ဆုံေတာ့၏ ။

၎တို႔အားလုံး တူညီေသာတစ္ေနရာတည္းတြင္ ထိုင္ခဲ့ၾကေသာ္ျငား အသက္အ႐ြယ္ ၊ က်ားမ ၊ ဝတ္ပုံစားပုံတို႔ ကြာျခားၾကေပသည္ ။ အားလုံးသူမ်ားသည္ ဤအာမခံလုပ္ငန္းနယ္ပယ္ထဲတြင္ အေတြ႕အႀကဳံငါးႏွစ္ေက်ာ္ရွိၾကၿပီး ၎တို႔အာမခံ၏အေၾကာင္းအရာမ်ား စည္းမ်ဥ္းမ်ားႏွင့္ ပတ္သက္လာလွ်င္ စိတ္အားထက္သန္စြာ ပါးစပ္ထဲမွ တံေတြးစင္မတတ္ေျပာတတ္ၾကၿပီး တစ္ဖက္လူအား ပို​၍ေၾကးႀကီးေသာအာမခံထားရန္ ႀကိဳးပမ္းၾကလိမ့္မည္ ။ သူတို႔ေျပာသမွ် အခ်က္အလက္မ်ားေၾကာင့္ တစ္ဖက္လူ ေခါင္းခ်ာခ်ာလည္မတတ္ျဖစ္လာေသာအခါ ေမးစရာက်န္ေသးသလားဟူ၍ ေမးၾကေပလိမ့္ဦးမည္ ။

ရိတကြၽမ့္က

"ဒီက...သူတစ္ပါးကို ထိခိုက္နစ္နာေစမႈအတြက္ စာပိုဒ္အတိုင္းဆိုရင္ ၊ ကြၽန္ေတာ္က တစ္စုံတစ္ေယာက္ကို ကားနဲ႕တိုက္လိုက္မိရင္ နစ္နာသူကို ကြၽန္ေတာ့္အစား ကုမၸဏီဘက္က ေလ်ာ္ေၾကးေပးမွာေပါ့ ? ဟုတ္တယ္မလား ?"

အသက္အ႐ြယ္ ၊ က်ားမစသည့္ လိင္အမ်ိဳးအစား ၊ ဝတ္ပုံစားပုံကြာျခားေသာ အာမခံကုမၸဏီမွ ဝန္ထမ္းဆယ္ေယာက္ ၊ တူညီေသာေနရာတစ္ခုတည္းတြင္ ထိုင္သြားၾကေသာ ထိုဝန္ထမ္းဆယ္ေယာက္မွာ ပေရာ္ဖက္ရွင္နယ္ဆန္ဆန္  အၿပဳံးတစ္ခုၿပဳံးျပကာ ထပ္တူက်တဴညီလွသည့္ အေျဖတစ္ခုတည္းကိုသာ ျပန္ေျဖလာခဲ့ၾက၏ ။

"ဟုတ္ပါတယ္"

အာမခံကုမၸဏီမွလူက ရိတကြၽမ့္အား စာခ်ဳပ္ကိုကမ္းေပးလာၿပီးေနာက္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ၾကည့္ရႈေစကာ ျပႆနာတစ္စုံတစ္ရာမရွိပါက လက္မွတ္ထိုးကာ အၿပီးသတ္ဖို႔ျပင္၏ ။ ရိတကြၽမ့္ကား ဆယ္ႀကိမ္စလုံး စာခ်ဳပ္ကိုေသေသခ်ာခ်ာမဖတ္ရႈနိုင္သည့္အေၾကာင္း တူညီေသာအေၾကာင္းျပခ်က္ကိုသာ အသုံးျပဳ၍ စာ႐ြက္အခ်ိဳ႕လွန္ၾကည့္ၿပီးေနာက္ ျပန္ေပးလိုက္ေတာ့သည္ ။

ဝန္ထမ္းဆယ္ေယာက္အနက္မွ ႏွစ္ေယာက္သာလွ်င္ ကုမၸဏီဘက္မွ တာဝန္မယူနိုင္ေသာအခ်က္မ်ားရွိေၾကာင္း​ ေျပာျပၾက၏ ။ သို႔ေသာ္ျငား ရိတကြၽမ့္အား 'စာခ်ဳပ္ကိုၾကည့္လိုက္ျခင္းက အေကာင္းဆုံးျဖစ္သည္'ဟု အႀကံေပးၾကျခင္းမ်ိဳးသာ ။ ဥပေဒလိုအပ္ခ်က္မ်ားကို လိုက္နာနိုင္ျခင္းမရွိၾကေသး ။ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ပတ္သက္၍ အေသးစိတ္အ​ခ်က္အလက္မ်ားကို ေျပာဆိုရွင္းျပျခင္းမ်ိဳးမရွိဘဲ ဆက္လက္လုပ္ေဆာင္ရန္ ျပင္ဆင္ၾကေတာ့၏ ။

ထိုဝန္ထမ္းအားလုံးကား သူမတူထူးကဲစြာ ပရိယာယ္ႂကြယ္ၾကသူမ်ားပင္ ။ ကုန္ပိုတင္ေဆာင္ျခင္းကဲ့သို႔ေသာ ကိစၥမ်ိဳးတြင္ ကုမၸဏီဘက္မွ ေလ်ာ္ေၾကးမေပးဟူေသာအခ်င္းအရာမ်ားကို အတိအလင္းေျပာၾကားလိုက္လွ်င္ အာမခံဝယ္ယူသူႏွင့္ သေဘာတူညီထားမႈ ပ်က္စီးသြားလိမ့္မည္ကို သိထားၾက၏ ။ ထို႔ေၾကာင့္လည္း ထိုအခ်က္ကို အၾကမ္းဖ်င္းသာရွင္းျပရန္ အစြမ္းကုန္ႀကိဳးပမ္းအားထုတ္ၾကေတာ့၏ ။

တစ္ေန႕ မေတာ္တဆမႈတစ္ခုျဖစ္လာခဲ့ေသာ္ အနက္ေရာင္မင္ျဖင့္ေရးထိုးထားေသာ လက္မွတ္မ်ားက စာ႐ြက္ျဖဴျဖဴထက္ တည္ရွိေနခဲ့ၿပီးေခ်ၿပီ ။ အရာရာတိုင္းကို စာခ်ဳပ္၏စည္းမ်ဥ္းစည္းကမ္းအတိုင္းသာ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး မွတ္တမ္းယူထားေသာဗီဒီယို သို႔မဟုတ္ အသံဖိုင္ပင္ မရွိေလေသာအခါ မည္သူက ၎တို႔၏အမွားဟု လာေရာက္အျပစ္တင္နိုင္လိမ့္မည္နည္း ?

လုဖုန္း ရိတကြၽမ့္အား ဗီဒီယိုတည္းျဖတ္ရာ၌ ကူညီေစၿပီး ထိုညတြင္ပင္ စာလုံးေပါင္းရွစ္ေထာင္ေက်ာ္ပါဝင္ေသာ စာအရွည္တစ္ေစာင္ေရးကာ မစၥယန္၏ဒုတိယ႐ုံးခ်ိန္းမတိုင္မီ အခ်ိန္မွီေအာင္ ျမန္ျမန္သြက္သြက္ ပရင့္ေျပးထုတ္လိုက္၏ ။ ၿပီးေနာက္ ထိုစာႏွင့္အတူ ဗီဒီယိုပါဝင္ေသာUSBကိုယူကာ တရား႐ုံးဆီသို႔ လုဖုန္း အလ်င္အျမန္ ဦးတည္ရေတာ့သည္ ။

လုဖုန္း ေနာက္မ်ားက်ေလမလားဟု စိုးရိမ္ကာ တရား႐ုံးဆီလာေနစဥ္လမ္းမွာပင္ ရွန့္မင္ေအာ္အား တရား႐ုံးသို႔ေရာက္ႏွင့္ၿပီ မေရာက္ႏွင့္ေသး အက်ိဳးအေၾကာင္းကို ဖုန္းဆက္ေမးရေသး၏ ။

ရွန့္မင္ေအာ္ကား သူႏွင့္ ဖုန္းေျပာေနသည့္အခ်ိန္တြင္ လမ္းေလွ်ာက္ေနဆဲျဖစ္ပုံရၿပီး ရွန့္မင္ေအာ္ဘက္ျခမ္းမွ ေလတိုးသံသဲ့သဲ့ကို လုဖုန္း ၾကားေနရသည္ ။

"....ငါ အခုပဲေရာက္တာ "

"တရားခံေရွ႕ေနေရာ ေရာက္ၿပီလား ?"

"ေသခ်ာမသိဘူး ၊ သူတို႔ကို ငါမေတြ႕ရေသးဘူး "

ထိုခဏခ်က္ခ်င္းမွာပင္ ေလတိုးသံသဲ့သဲ့ကား တမုဟုတ္ခ်င္းေပ်ာက္ကြယ္သြားခဲ့ေတာ့၏ ။ ရွန့္မင္ေအာ္ အေဆာက္အအုံအတြင္းသို႔ ေရာက္ႏွင့္ၿပီထင္သည္ ။

"မင္း အဲ့ဒါေတြ ဘာလို႔ေမးေနတာလဲ ?"

"ကြၽန္ေတာ္ ငါးမိနစ္အတြင္း တရား႐ုံးကိုေရာက္မယ္ ၊ ကြၽန္ေတာ့္ကို ဝင္ေပါက္မွာေစာင့္ေနေပး ၊ အကို႔ကို ကြၽန္ေတာ္ ေပးစရာရွိလို႔ "

သူေျပာသည့္စကားကို ရွန့္မင္ေအာ္တစ္ေယာက္ ဆန့္က်င္မည္ကို လုဖုန္းစိုးရိမ္သည္ျဖစ္ရာ စကားလုံးမ်ားေပၚ အသံဖိ၍ အေလးအနက္ပုံစံမ်ိဳးျဖင့္ ေျပာျပရေတာ့သည္ ။

"အဲ့တာက အရမ္းအေရးႀကီးတယ္ ၊အကို ကြၽန္ေတာ့္ကို ဆက္ဆက္ေစာင့္ေနပါ ၊ ဟုတ္ၿပီလား ?"

လုဖုန္း၏စကားလုံးမ်ားအေပၚ တုံ႕ျပန္မႈကား ဖုန္းေခၚဆိုမႈတစ္ခု အဆုံးသတ္သြားေသာေၾကာင့္ ထြက္ေပၚလာသည့္အသံတစ္ခုသာ ။ ရွန့္မင္ေအာ္ကား ယတိျပတ္ ဖုန္းခ်သြားခဲ့ေလၿပီ ။

လုဖုန္း လက္ထဲရွိ ဖုန္းမ်က္ႏွာျပင္ကို တစ္ခ်က္ၾကည့္ကာ အံႀကိတ္မိသည္ ။ ထို႔ေနာက္ တကၠစီသမားအား မိမိပါဝင္ဖို႔လိုအပ္ေသာ ေသေရးရွင္ေရးတစ္မွ်အေရးႀကီးသည့္ အမႈကိစၥတစ္ခုရွိေၾကာင္း ၊ ေနာက္က်ပါက ေနာက္ဆက္တြဲရလဒ္မွာ ေၾကာက္မက္ဖြယ္ျဖစ္ေၾကာင္း ေျပာျပကာ ျမန္ျမန္ေမာင္းေပးဖို႔ရန္ ေတာင္းဆိုရေတာ့၏ ။

တရား႐ုံးဆီ အသြားခရီးမွာ ငါးမိနစ္မွ်ၾကာမည္ျဖစ္ေသာ္ျငား ကားကိုအရွိန္တင္လိုက္ေသာ တကၠစီသမားေၾကာင့္ ေလးမိနစ္တည္းျဖင့္ ေရာက္သြားခဲ့၏ ။ လုဖုန္း အလင္း၏အလ်င္မ်ိဳးျဖင့္ ေငြစကၠဴကိုထုတ္ေပးကာ တကၠစီေပၚမွ ခုန္ခ်မတတ္ အျမန္ဆင္းၿပီးေနာက္ တရား႐ုံးဆီ အျမန္ေျပးသြားေတာ့သည္ ။ ရွန့္မင္ေအာ္အေနျဖင့္ ေသခ်ာေပါက္ သူ႕ကိုမေစာင့္ဘဲထြက္သြားမည္ျဖစ္ရာ အစကနဦး လုဖုန္း၌ ေမွ်ာ္လင့္ခ်က္ပင္ရွိမေနခဲ့ ။

သို႔ေသာ္ တရား႐ုံးအျပင္ဘက္တြင္ လက္ပတ္နာရီကို ငုံ႕ၾကည့္ေနေသာ ဆင္တူတူလူပုံစံတစ္ခုကို ျမင္လိုက္သည့္အခါမွ ေမွ်ာ္လင့္ခ်က္တစ္မွ်င္ ဆြဲကိုင္ထားနိုင္ေသးေၾကာင္း လုဖုန္းသိလာရေတာ့၏ ။ ယခုလက္ရွိ အမႈကဲ့သို႔ အေရးႀကီးေသာကိစၥမ်ိဳးကို လုဖုန္းေပါ့ျပက္ျပက္လုပ္မည္မဟုတ္ေၾကာင္း ရွန့္မင္ေအာ္ယုံၾကည္ဖို႔ သူေမွ်ာ္လင့္သည္ ။

လုဖုန္း ရွန့္မင္ေအာ္ထံ အေမာတေကာေျပးလ်က္ တြဲခ်ဳပ္ထားေသာ စာ႐ြက္စာတမ္းမ်ားႏွင့္အတူ USB တစ္ခုကို ကမ္းေပးလိုက္သည္ ။

"ဒီမွာ!"

ရွန့္မင္ေအာ္က သူ႕ကိုေစာင့္ဆိုင္းေနျခင္းကား လုံးဝထင္မွတ္မထားသည့္အရာပင္ျဖစ္ရာ နဂိုကပင္ ကသုတ္ကရက္နိုင္ေသာ ႏွလုံးခုန္သံမ်ားမွာ ပိုလိူ႕ပင္ ျမန္ဆန္လာခဲ့လ်က္ ။ ရင္ဘတ္ေပၚ လက္တစ္ဖက္ျဖင့္ အုပ္ကိုင္ထား႐ုံကလြဲ၍ လုဖုန္း၌ေ႐ြးခ်ယ္စရာမရွိ ။ ထိုသို႔ အုပ္ကိုင္ထားျခင္းကသာ ႏွလုံးခုန္ျမန္ဆန္ေနျခင္းအား တစ္ျဖည္းျဖည္းသက္သာလာေစခဲ့ပါ၏ ။

ရွန့္မင္ေအာ္က လုဖုန္းကမ္းေပးေသာ စာ႐ြက္စာတမ္းမ်ားကိုလက္ခံကာ အလ်င္စလိုပင္ ပါဝင္ေသာအေၾကာင္းအရာမ်ားကို လွန္ေလွာၾကည့္လ်က္ ။ ရွန့္မင္ေအာ္ေဘးရပ္ေနေသာ ေရွ႕ေနအမ်ိဳးသမီးမွာ သိခ်င္စိတ္ကို မထိန္းခ်ဳပ္ထားနိုင္ေတာ့ဘဲ ရွန့္မင္ေအာ္လက္ထဲရွိ စာ႐ြက္စာတမ္းမ်ားကို ၾကည့္လိုက္ၿပီးေနာက္ ေခါင္းစဥ္ကို အနည္းငယ္အသံထြက္ကာ ဖတ္ေလေတာ့သည္။

"ခ်င္းဝမ္ၿမိဳ႕ အာမခံ႒ာနမွ ႀကီးၾကပ္အုပ္ခ်ဳပ္ေရးမႉးမ်ားထံသို႔ : အန္းခ်ီအာမခံလုပ္ငန္း၏ ဥပေဒခ်ိဳးေဖာက္ျခင္း ၊ စီမံခန့္ခြဲမႈညံ့ဖ်င္းျခင္းတို႔ႏွင့္စပ္လ်ဥ္း၍ တိုင္ၾကားျခင္း ။ အန္းခ်ီအာမခံသည္ ဝန္ထမ္းမ်ားကို ေက်နပ္ဖြယ္ရာမရွိေသာ ေလ့က်င့္ေရးအစီအစဥ္မ်ားျဖင့္ စီမံခန့္ခြဲခဲ့႐ုံသာမက စာခ်ဳပ္ပါစည္းမ်ဥ္းစည္းကမ္းမ်ားကို ရည္႐ြယ္ခ်က္ရွိရွိ ႀကိဳတင္ႀကံစည္မႈျဖင့္ ေက်ာ္ခ်ျခင္းမ်ိဳးကိုလည္း ျပဳလုပ္ေစခဲ့ပါသည္....ဒါ တိုင္တန္းတဲ့စာလား ?"

ေႁမြတစ္ေကာင္ကို တိုက္ခိုက္မည္ဆိုပါက ၎၏ခုနစ္လက္မေျမာက္ေနရာကို တိုက္ခိုက္ရေပမည္ ။ ႀကီးၾကပ္အုပ္ခ်ဳပ္ေရး႐ုံးကား အစိုးရလက္ေအာက္တြင္ လည္ပတ္ေနျခင္းျဖစ္ၿပီး အာမခံနယ္ပယ္ထဲတြင္ပါရွိေသာ အာမခံလုပ္ငန္းတိုင္းကို ထိန္းသိမ္းၾကပ္မတ္ရသည္ ။ ဤကိစၥက ထိုအုပ္ခ်ဳပ္ေရး႐ုံး၏အာ႐ုံစိုက္မႈကို ရရွိခဲ့ေသာ္ ၊ ေနာက္ဆက္တြဲအေနျဖင့္ ထိုထိုေသာ တရားမဝင္အျပဳအမူမ်ားကို စုံစမ္းစစ္ေဆးရန္အဖြဲ႕မ်ား ျဖစ္ေပၚလာခဲ့သည္ရွိေသာ္ ၊ ဤကိစၥတြင္ အာမခံလုပ္ငန္းနယ္ပယ္တစ္ခုလုံး ပါဝင္လာနိုင္သည္ ။ ထိုသို႔ဆိုလွ်င္ ဒဏ္ေၾကးေငြပမာဏမွာ ယြမ္တစ္သန္းေပး႐ုံေလာက္မွ် ရိုးရွင္းေတာ့မည္မဟုတ္ ။

"ဒီထဲမွာ ဘာပါတာလဲ ?"

လုဖုန္း တစ္ညလုံး စာစီထားခဲ့ရေသာ တိုင္ၾကားစာကို ရွန့္မင္ေအာ္က ႏွစ္မိနစ္မျပည့္ေသးခင္မွာပင္ အၾကမ္းဖ်င္းဖတ္လို႔ၿပီးသြားခဲ့ေခ်ၿပီ ။ ရွန့္မင္ေအာ္က USB ကို လက္ထဲကိုင္ကာ လုဖုန္းအားေမးလာခဲ့၏ ။

"သက္ေသ "

လုဖုန္း မတ္မတ္ျပန္ရပ္လိုက္၏ ။ ႏွလုံးခုန္သံကလည္း သိသိသာသာပင္ ပုံမွန္ျဖစ္သြားခဲ့ေလၿပီ ။ လုဖုန္း ရွန့္မင္ေအာ္ျမင္နိုင္ရန္ ဖုန္းဖြင့္ျပလိုက္ၿပီး

"ကြၽန္ေတာ့္ဖုန္းထဲကဟာနဲ႕ USB ထဲကဟာနဲ႕ တူတူပဲ ၊ တစ္ခုပဲ ၊ ကြၽန္ေတာ့္ဖုန္းထဲမွာက တစ္ခ်ိဳ႕အခ်က္အလက္ေတြကို တည္းျဖတ္ထားတယ္ ၊ USB ထဲကဟာက မတည္းျဖတ္ထားတဲ့ဟာ "

ရွန့္မင္ေအာ္က ဖုန္းကိုယူကာ အလ်င္အျမန္ပင္ ၾကည့္ရႈျခင္းကိုအၿပီးသတ္လိုက္ၿပီး အခုထိအေျခအေနကို လုံးေစ့ပတ္ေစ့သေဘာမေပါက္ေသးေသာ ေရွ႕ေနအမ်ိဳးသမီးအား တည္တည္ၿငိမ္ၿငိမ္ပင္လွမ္းေခၚကာ ၾကားနာစစ္ေဆးျခင္းအတြက္ ငါးမိနစ္ေ႐ႊ႕ဆိုင္းဖို႔ရန္ ခြင့္ေတာင္းေစသည္ ။

ေရွ႕ေနအမ်ိဳးသမီးက ေခါင္းညိတ္ျပၿပီး ခ်က္ခ်င္းပင္ တရား႐ုံး သစ္သားတံခါးႀကီးမ်ားကို တြန္းဖြင့္ကာဝင္သြားၿပီးေနာက္ လုဖုန္းတို႔၏မ်က္စိေရွ႕မွေပ်ာက္ကြယ္သြားေတာ့သည္ ။

"ဒါက မင္းစဥ္းစားထားတဲ့ အႀကံဉာဏ္လား ?"

ရွန့္မင္ေအာ္က လက္ထဲရွိ စာ႐ြက္စာတမ္းမ်ားကို အေသအခ်ာျပန္စီၿပီးေနာက္ လုဖုန္းအား ေမးလာခဲ့ျခင္း ။

"ကြၽန္ေတာ့္နည္းလမ္းေတြက ၾကည့္မေကာင္းဘူး ၊ အဓိပၸာယ္မရွိဘူးဆိုၿပီး ေဝဖန္ဦးမလို႔လား ?"

လုဖုန္းက ရွန့္မင္ေအာ္၏ လက္ထဲရွိ တိုင္ၾကားစာကို ဆတ္ခနဲၾကည့္ကာ ရယ္ေမာလ်က္ ေျပာမိေတာ့သည္ ။

"ကြၽန္ေတာ္ေျပာျပမယ္ ၊ တစ္ခ်ိဳ႕အရာေတြက 'လူတိုင္းကသေဘာမတူရင္ေတာင္ ကိုယ့္နည္းကိုယ့္ဟန္နဲ႕ေရွ႕ဆက္မယ္' ဆိုတဲ့စကားလိုပဲ ၊ ေအာင္ျမင္တာ မေအာင္ျမင္တာ ၊ တစ္စုံတစ္ခုကိုႀကိဳးစားေနရင္း လမ္းတစ္ဝက္မွာေသသြားတာက တစ္ခုစီပဲ ၊ ကြၽန္ေတာ္ေပ်ာ္ေနတာ မေပ်ာ္ေနတာကသာ အဓိကက်တယ္ "

အားလုံးေသာသူမ်ားက မိမိအား တားဆီးေနလွ်င္ေတာင္ ၊ အားလုံးေသာသူမ်ားက 'မလုပ္ရ'ဟုဆိုလွ်င္ေတာင္ ၊ အားလုံးေသာသူမ်ားက သူ႕လုပ္ရပ္မ်ားကို သေဘာမတူလွ်င္ေတာင္ မည္သို႔ေသာတားဆီးမႈမ်ိဳးကမွ အေရးမပါလွ ။ မိမိလုပ္လိုေသာ တစ္ခုံတစ္ခုျဖစ္လွ်င္ မိမိတစ္ကိုယ္တည္းအားျဖင့္ ၿပီးဆုံးေအာင္ လုပ္ေဆာင္မည္ေပ ။

ရွန့္မင္ေအာ္က လုဖုန္းကို ေခတၱမွ်စိုက္ၾကည့္ေနၿပီးေနာက္ အၾကည့္တို႔ကိုေအာက္စိုက္ကာ ႏႈတ္ဆိတ္ေနသည္ ။ လုဖုန္းကလည္း တစ္ခြန္းမွ်မဟဘဲ ရွန့္မင္ေအာ္ကို ဆက္ၾကည့္ၿမဲၾကည့္ေနခဲ့၏ ။

႐ုတ္ခ်ည္းဆိုသလိုပင္ ခပ္လွမ္းလွမ္းတစ္ေနရာမွ ေျခသံမ်ားႏွင့္အတူ စကားေျပာသံမ်ားပါ ထြက္ေပၚလာခဲ့ၿပီး လုဖုန္းႏွင့္ရွန့္မင္ေအာ္ႏွစ္ေယာက္စလုံး တစ္ၿပိဳင္နက္တည္းလွည့္ၾကည့္မိၾက၏ ။ သူတို႔ႏွစ္ေယာက္ဆီ ဦးတည္ေလွ်ာက္လာသည္မွာ အျခားသူမ်ားေတာ့မဟုတ္ ။  အန္းခ်ီအာမခံကုမၸဏီ၏ေရွ႕ေနႏွင့္ ကိုယ္စားလွယ္ပင္ ။

"ငါ့ကို မင္းဖုန္း ခဏငွားလိုက္ "

၎တို႔ႏွစ္ေယာက္ထံ ရွန့္မင္ေအာ္တစ္ေယာက္ ေျခလွမ္းက်ယ္က်ယ္ျဖင့္ ဦးတည္မသြားခင္ လုဖုန္းအားေျပာလာခဲ့ျခင္း ။

လုဖုန္း ရွန့္မင္ေအာ္ နား,နားကပ္ကာ တိုးတိုးသာသာ တုံ႕ျပန္လိုက္၏ ။

"ကြၽန္ေတာ္ ဒီကိစၥကို အကို႔လက္ထဲ အပ္ထားခဲ့လိုက္ေတာ့မယ္ "

လုဖုန္းကား ထိုလူႏွစ္ေယာက္၏အနားသို႔တိုးကပ္မသြားဘဲ မူလေနရာ၌သာ ရပ္က်န္ေနခဲ့၏ ။ ခပ္လွမ္းလွမ္းတစ္ေနရာ၌မူ ရွန့္မင္ေအာ္ႏွင့္ တစ္ဖက္လူႏွစ္ေယာက္က ရင္းရင္းႏွီးႏွီးပုံစံမ်ိဳးျဖင့္ အျပန္အလွန္စကားေျပာေနၾကဆဲ ။ ထိုအခ်င္းအရာက သိပ္ေတာ့မၾကာလိုက္ ။ မၾကာမီအခ်ိန္တိုေလးအတြင္းမွာပင္ ယုံရခက္ေသာမ်က္ႏွာအမူအရာမ်ိဳးျဖင့္ လက္ထဲတြင္ဖုန္းကိုကိုင္ကာ ရႈံ႕မဲ့ေနေသာ အာမခံကုမၸဏီ၏ကိုယ္စားလွယ္ျဖစ္သူကို ေတြ႕ျမင္ရေတာ့သည္ ။

ရွန့္မင္ေအာ္က ထိုကိုယ္စားလွယ္ထံ တိုင္ၾကားစာကိုလက္ကမ္းေပးလိုက္၏ ။ စာ႐ြက္မ်ားကိုလွန္ေလွာၾကည့္ေနရင္းပင္ အာမခံကုမၸဏီမွလူ၏မ်က္ႏွာအမူအရာမွာ ပို၍ပို၍ေဒါသထြက္ဟန္ေပၚလာၿပီး စာ႐ြက္အခ်ိဳ႕တြန့္ေၾကသည္အထိ လက္ျဖင့္ဆုပ္ထားေတာ့သည္ ။

ေရွ႕ေနျဖစ္သူမွာ ရွန့္မင္ေအာ္အား စိတ္ရႈပ္ေထြးသလိုၾကည့္ေနၿပီး ဤကဲ့သို႔မထင္မွတ္ထားေသာ ကိစၥမ်ိဳးအေပၚ မည္သို႔တုံ႕ျပန္ရမည္ကို အခ်ိန္အေတာ္ၾကာ စဥ္းစားေနရပုံေပၚသည္ ။

ရွန့္မင္ေအာ္ကား အာမခံကုမၸဏီကိုယ္စားလွယ္၏အရပ္အျမင့္ကို ေထာက္ထားညွာတာေသာအားျဖင့္ ကိုယ္ကိုကိုင္းၫြတ္လိုက္ၿပီး မ်က္ႏွာထက္ လူႀကီးလူေကာင္းဆန္ဆန္ အၿပဳံးတစ္ပြင့္ကိုဆင္ျမန္းလ်က္ပင္ ထိုကိုယ္စားလွယ္ျဖစ္သူ၏နား,နားကပ္ကာ တစ္စုံတစ္ခုကိုတီးတိုးေျပာဆိုေနေတာ့သည္ ။ ရွန့္မင္ေအာ္ေျပာသည္ကို နားေထာင္ေနေသာ ကုမၸဏီကိုယ္စားလွယ္ကလည္း ေခါင္းတဆတ္ဆတ္ညိတ္လ်က္ ။

USB ကိုလက္ထဲ ကိုင္လွည့္ကာ ထိုေနရာမွ လွည့္ထြက္လာေသာရွန့္မင္ေအာ္ ။ ေျခလွမ္းႏွစ္လွမ္းကိုပင္ လွမ္းရေသးသည္ ။႐ုတ္တရက္ တစ္စုံတစ္ခုကို သတိရဟန္ျဖင့္ ရွန့္မင္ေအာ္က ျပန္လွည့္သြားခဲ့၏ ။ ရည္႐ြယ္ခ်က္ကား အာမခံကုမၸဏီကိုယ္စားလွယ္၏လက္ထဲမွ လုဖုန္း၏ဖုန္းကို ျပန္ယူရန္ပင္ ။ ေနာက္ဆုံးအႀကိမ္ ျပန္လွည့္ထြက္လာခဲ့ေသာ ရွန့္မင္ေအာ္၏မ်က္ႏွာထက္ဝယ္ ရည္မြန္ေသာအၿပဳံးတို႔အစား ဝံ့ႂကြားဟန္ ၊ တစ္ပါးသူအားအထင္ေသးဟန္ ၊ ပမာမခန့္ျပဳဟန္အၿပဳံးတို႔ကသာ တစတစ အစားထိုးတင္က်န္ခဲ့ေခ်ၿပီ ။

ရွန့္မင္ေအာ္ကား ေအာင္ျမင္မႈႀကီးႀကီးမားမားတစ္ခု ရရွိလာေသာ ဘုရင္တစ္ပါးႏွယ္ ။ ရင္ကိုေကာ့ ေခါင္းကိုေမာ့လ်က္ ေနေရာင္ျခည္တို႔ျပည့္လွ်မ္းျဖာက်ေနေသာ ေလွ်ာက္လမ္းတစ္ေယာက္ ေျခလွမ္းက်ယ္တို႔ျဖင့္ ေလွ်ာက္လွမ္းလာခဲ့၏ ။ ဦးေခါင္းထက္ဝယ္ မျမင္နိုင္ေသာ သရဖူက တည္ရွိေနခဲ့ၿပီး အနီေတာက္ေတာက္ဝတ္႐ုံရွည္ကို ဆင္ျမန္ထားကာ ေျခလွမ္းတစ္လွမ္းစီတိုင္းသည္ ျပတ္သားတိက်လ်က္ ၊ ယုံၾကည္မႈအျပည့္ျဖင့္ ။

[T/N - ဒီမွာ သရဖူဆိုတာက တ႐ုတ္နန္းတြင္းဇာတ္လမ္းေတြထဲက ဘုရင္ေတြဝတ္ဆင္တဲ့ဟာမ်ိဳးပါ ]

"ငါ မင္းကို ဒီဟာျပန္ေပးလိုက္မယ္ "

ရွန့္မင္ေအာ္က လုဖုန္းထံ ဖုန္းကိုျပန္ေပးရင္း ေျပာလာခဲ့၏ ။

"အကို အားလုံးေျဖရွင္းၿပီးခဲ့ၿပီလား?"

ရွန့္မင္ေအာ္က သူ႕ကို မၾကည္သလိုၾကည့္လာခဲ့၏ ။ 'ဘယ္လိုအဓိပၸာယ္မရွိေသာ အေၾကာင္းအ ရာမ်ိဳးကို အစခ်ီေနသနည္း'ဟူ၍ ေျပာခ်င္ေနသကဲ့သို႔ပင္ ။

ရွန့္မင္ေအာ္၏တုံ႕ျပန္မႈကိုျမင္သြားေသာ လုဖုန္းမွာ နားလည္သြားရၿပီး မိမိႏွာေခါင္းကိုမိမိ လက္ျဖင့္တို႔ထိဟန္ျပဳကာ ရွန့္မင္ေအာ္ေျပာလာမည့္အရာကို ေစာင့္ဆိုင္းေနလိုက္၏ ။

"အခ်ိန္အကန့္အသတ္အတြင္းမွာ ျပန္ျပင္ဖို႔ သေဘာတူလိုက္ၾကတယ္ ၊ စာခ်ဳပ္အျပင္အဆင္ေတြ ျပန္စစ္ေဆးၿပီးေတာ့ ေလ်ာ္ေၾကးေငြပမာဏကိုပါ ထပ္တိုးေပးလိမ့္မယ္ ၊ ဒါေပမဲ့ ဗီဒီယိုရယ္ တိုင္ၾကားစာရယ္ကိုေတာ့ လုံးဝ လူေရွ႕ခ်ျပလို႔မရဘူး "

မည္သို႔ပင္ျဖစ္ေစ လုဖုန္း၏ရည္႐ြယ္ခ်က္ကား ရွန့္မင္ေအာ္၏အမႈကိစၥ ျမန္ျမန္အၿပီးသတ္ဖို႔ရန္ပင္ျဖစ္ေလရာ ၎တို႔ေတာင္းဆိုသည့္အခ်င္းအရာသည္ ကိစၥႀကီးေတာ့မဟုတ္ ။ ရိုးရိုးသားသားဝန္ခံရေသာ္ လုဖုန္းလုပ္ေဆာင္နိုင္ေသာအရာ ၊ ေအာင္ျမင္နိုင္ေသာအရာ၌လည္း ကန့္သတ္ခ်က္ရွိေသးသည္ ။ ကမာၻႀကီးေျပာင္းလဲသြားဖို႔ရန္ ၊ စည္းမ်ဥ္းဥပေဒအသစ္မ်ားျပ႒ာန္းရန္ သည္အမႈကိစၥေလးတစ္ခုေပၚတြင္ အမွီသဟဲျပဳ၍မရေၾကာင္း လုဖုန္း ေကာင္းေကာင္းသိထားခဲ့၏ ။

ေနာက္ဆုံးတြင္မူ အမႈကိစၥကား တရားသူႀကီး၏ၫႊန္ၾကားမႈေအာက္ဝယ္ ႏွစ္ဦးႏွစ္ဖက္ေျပလည္မႈရရွိသြားခဲ့ေလၿပီ ။ အန္းခ်ီအာမခံကုမၸဏီအေနျဖင့္ မူလေလ်ာ္ေၾကးအျပင္ အပိုထပ္ေဆာင္း ယြမ္ေျခာက္သိန္းပါ ထပ္ေပါင္းေပးခဲ့သည္  ။

ေဆြးေႏြးခန္းထဲ လုဖုန္းဝင္ေရာက္ခြင့္မရွိသည့္တိုင္ အျပင္ဘက္ေလွ်ာက္လမ္းထက္မွပင္ မစၥယန္၏ငိုေႂကြးသံကို ၾကားနိုင္ပါေသး၏ ။ ထိုစဥ္အခ်ိန္အခါက မတရားခံရမႈ၊ ခံျပင္းမႈတို႔ျပည့္ႏွက္ေနေသာ မိခင္ျဖစ္သူ၏ငိုေႂကြးသံႏွင့္ျခားနားစြာ မစၥယန္၏ငိုေႂကြးသံ၌မူ ေပ်ာ္႐ႊင္ျခင္းတစြန္းတစ ပါဝင္ေနခဲ့ပါ၏ ။

ဤငိုေႂကြးျခင္းကား ေန႕စဥ္ရက္ဆက္ ညစဥ္ညတိုင္း  မိမိကိုယ္မိမိ ေမးခြန္းထုတ္ခဲ့ျခင္းမ်ားအတြက္ပင္ ။ 'အဘယ္ေၾကာင့္ မိမိထံ၌ ဤသို႔ေသာကိစၥရပ္မ်ား လာျဖစ္ရသနည္း ?' 'အဘယ္ေၾကာင့္ မိမိမဟုတ္ဘဲ အျခားတစ္ေယာက္မျဖစ္ခဲ့ရသနည္း' ဟူေသာ မေရမတြက္နိုင္ေသာ ေမးခြန္းအဖုံဖုံ ။ ေကာင္းကင္ဘုံသည္ ထိုေမးခြန္းမ်ားအတြက္ အေျဖတစ္ခုတစ္ေလကိုေတာင္ မေျပာနိုင္သကဲ့သို႔ ဘဝတစ္ပါးကူးေျပာင္းသြားသူသည္လည္း ျပန္မလာနိုင္ေတာ့ ။ ဘဝ၏ စိတ္ဖိစီးမႈမ်ားႏွင့္ ရင္ဆိုင္ရေသာအခါ မိမိ၏ကေလးငယ္ကို ျမင္ေတြ႕ရေသာအခါ စိတ္ပ်က္အားငယ္မႈတို႔သည္ မ်က္ရည္အသြင္ေပါင္းစု၏ ။ စိတ္ပ်က္အားငယ္မႈတို႔သည္ ႏွလုံးသည္းပြတ္ၫြတ္ကိုင္းသည္အထိ ေလးလံလာေစ၏ ။

ထိုေငြပမာဏသည္ ေလ်ာ္ေၾကးေငြသာျဖစ္ေသာ္ျငား အနည္းဆုံး အရာအားလုံးအတြက္ အေျဖတစ္ခုရွိေနခဲ့​ေခ်ၿပီ ။ ဒဏ္ရာေဟာင္း အမာ႐ြတ္ေဟာင္းကို တစ္ဖန္တို႔ထိရန္ ၊ ေသြးစက္စက္က်ေနေသာ ဒဏ္ရာအနာတရကို တစ္ပါးသူအား ဖြင့္ထုတ္ျပဖို႔ရန္ ၊ တရားမွ်တမႈအတြက္ ေနရာတကာလိုက္လံ အသနားခံရန္ မလိုအပ္ေတာ့ေပ  ။ ေနာက္ဆုံး၌ အရာအားလုံးကို ေနာက္ခ်န္ထားခဲ့ကာ ဘဝသစ္တစ္ခု ျပန္လည္စတင္နိုင္ေလၿပီ ။

ၾကားနာစစ္ေဆးမႈၿပီးေနာက္ ေရွ႕ေန႕အမ်ိဳးသမီးက မစၥယန္ကို အမႈကိစၥ၏ေနာက္ဆုံးရလဒ္အား ရွင္းျပကာ  တရား႐ုံး၏မီခိုးေရာင္ေလွကားမ်ားထက္ အတူလမ္းေလွ်ာက္ဆင္းလာၾက၏  ။ ေနေရာင္ျခည္ျဖာက်မႈေအာက္ဝယ္ လုဖုန္း၏ခႏၶာကိုယ္မွာ ေႏြးေထြးကာ သက္ေတာင့္သက္သာျဖစ္ေနခဲ့ၿပီး ယခုလက္ရွိ သူအလုပ္ခ်င္ဆုံးအရာမွာ ေန႕လည္ေန႕ခင္းတစ္ေရးအိပ္လိုက္ဖို႔ပင္ ။

ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ျပည့္ႏွမ္းေနသည့္ခံစားခ်က္က အမွန္တကယ္ေကာင္းလွ၏ ။

အမႈကိစၥလည္း အၿပီးသတ္ခဲ့ၿပီျဖစ္ရာ လုဖုန္း ေျခဆန့္လက္ဆန့္တစ္ခ်က္လုပ္ၿပီးေနာက္ အိမ္ျပန္ကာအိပ္ဖို႔ရန္ ျပင္လိုက္သည္ ။

"အကို!"

လုဖုန္း ထြက္မသြားခင္ ရွန့္မင္ေအာ္အား ေအာ္ေခၚလိုက္၏ ။

လမ္းေလွ်ာက္ေနဆဲ ေျခလွမ္းတို႔ကိုရပ္လိုက္ေသာ ရွန့္မင္ေအာ္က ေနာက္ျပန္လွည့္ကာ လုဖုန္းအားၾကည့္လာခဲ့၏ ။

"ကြၽန္ေတာ္ အကို႔ကိုေျပာစရာရွိတယ္ "

ရွန့္မင္ေအာ္က ယခင္ေနရာမွာပင္ ရပ္ေနကာ လုဖုန္းကာ ဆက္ၾကည့္ေနဆဲ ။

"အဲ့ဒါဆို ကြၽန္မတို႔ ျပန္ႏွင့္ဦးမယ္ "

ေရွ႕ေနအမ်ိဳးသမီးကား အေတာ္ပင္ အကင္းပါးလွသည္ဟု ဆိုရမည္ ။ သူမႏွင့္အတူ မစၥယန္ကိုဆြဲေခၚကာ ထိုေနရာမွထြက္သြားေတာ့၏ ။

လုဖုန္း ေလွကားထစ္အခ်ိဳ႕ေပၚမွ ေလွ်ာက္လွမ္းလာၿပီးေနာက္ ရွန့္မင္ေအာ္ကိုမ်က္ႏွာမူလိုက္၏ ။ ေနာက္ဆုံး ဘဝတြင္ တစ္ႀကိမ္တစ္ခါမွ် ရွန့္မင္ေအာ္အား အေပၚစီးမွ ၾကည့္ဖူးခဲ့ေလၿပီ ။

"ကြၽန္ေတာ့္ကို ေက်းဇူးျပန္ဆပ္ဦး"

"ဘာလဲ ?"

ရွန့္မင္ေအာ္က ယတိျပတ္တုံ႕ျပန္၏ ။ လုဖုန္းအေပၚ ေက်းဇူးေႂကြးရွိသည္ဆိုေသာအခ်က္ကိုေတာ့ လက္ခံသည့္ပုံပင္ ။

"ရွန္းေရွာင္ရွဲက ခုခံေခ်ပေပးမဲ့ ေရွ႕ေနတစ္ေယာက္လိုအပ္ေနတယ္ ၊ သူ႕အေမဆီမွာအခု ...ကိစၥတစ္ခ်ိဳ႕ရွိေနလို႔..."

"မနက္ျဖန္ေန႕လည္တစ္နာရီ ငါ့႐ုံးခန္းမွာလာေတြ႕ဖို႔ သူ႕ကိုေျပာလိုက္ "

ရွန့္မင္ေအာ္ကား ထိုစကားတစ္ခြန္းသာတုံ႕ျပန္ၿပီးေနာက္ လွည့္ထြက္သြားဖို႔ ျပင္ေတာ့သည္ ။

လုဖုန္းႏွင့္ လိုအပ္သည္ထက္ပို၍ စကားေျပာခ်င္ဟန္မရွိေသာ ရွန့္မင္ေအာ္၏အျပဳအမူကိုၾကည့္ကာ မေက်မနပ္ျဖစ္လ်က္ လုဖုန္း ခပ္ႀကိတ္ႀကိတ္သာဆဲေရးမိသည္ ။

"​ေၾသာ္ , ဟုတ္သားပဲ "

လုဖုန္း ရွန့္မင္ေအာ္၏ေနာက္ေက်ာကိုၾကည့္ကာ ေအာ္ေျပာလိုက္ျခင္း ။

"အေဖဆုံးတဲ့ေန႕က အကို႔ကိုဘာေျပာခဲ့လဲ ကြၽန္ေတာ္ အၿမဲတမ္းသိခ်င္ေနခဲ့တာ "

ရွန့္မင္ေအာ္က ေခါင္းကိုအေနာက္ဘက္သို႔ အနည္းငယ္ လွည့္လာခဲ့သည္  ။ မ်က္ႏွာသြင္ျပင္ကိုေတာ့ လုဖုန္းျမင္ေနရ၏ ။ အခ်ိန္အေတာ္ၾကာသည္အထိ ရွန့္မင္ေအာ္တစ္ေယာက္ စကားတစ္ခြန္းမဆိုဘဲ ႏႈတ္ဆိတ္ေနလ်က္ ။ လုဖုန္း ဤေမးခြန္းအား ႐ုတ္တရက္ႀကီးေကာက္ေမးလိုက္သည္ျဖစ္ရာ ရွန့္မင္ေအာ္မေျဖခ်င္လွ်င္ မည္သည့္နည္းႏွင့္မွ် ဖြင့္ဟေျပာျပလာေအာင္ လုဖုန္းလုပ္နိုင္မည္မဟုတ္ ။

"အိုေခ..."

မေျပာလွ်င္လည္း အဆင္ေျပေၾကာင္း ၊ သြားနိုင္ၿပီျဖစ္ေၾကာင္း လုဖုန္းေျပာဖို႔ျပင္ကာရွိေသးသည္ ။ ရွန့္မင္ေအာ္က ႐ုတ္ခ်ည္းပင္ စကားတစ္ခြန္းဆိုလာခဲ့၏ ။

"မင္း လူေကာင္းတစ္ေယာက္ မျဖစ္နိုင္ရင္လည္း အဆင္ေျပတယ္ ၊ တစ္ျခားသူကို မထိခိုက္ေစတဲ့လူ ၊ အျခားသူေတြဆီက တိုက္ခိုက္မခံရတဲ့သူပဲ ျဖစ္ေအာင္လုပ္ ၊ အဲ့လို သာမန္လူတစ္ေယာက္ျဖစ္ရင္ လုံေလာက္ၿပီ "

လုဖုန္း ေခတၱမွ် ၾကက္ေသေသသြားခဲ့ၿပီး ဖခင္ျဖစ္သူမဆုံးပါးခင္က ရွန့္မင္ေအာ္ကိုေျပာခဲ့ေသာစကားလုံးမ်ားကို ဆက္စပ္ေတြးေတာမိသည္ ။

"မင္းက အရမ္းအရမ္းကိုေတာ္တဲ့ လူေကာင္းတစ္ေယာက္ျဖစ္လာမယ္လို႔ အေဖယုံၾကည္တယ္ ...ဒါေပမဲ့ လူေကာင္းတစ္ေယာက္ မျဖစ္နိုင္ရင္လည္း အဆင္ေျပတယ္ ၊ တစ္ျခားသူကို မထိခိုက္ေစတဲ့လူ ၊ အျခားသူေတြဆီက တိုက္ခိုက္မခံရတဲ့သူပဲ ျဖစ္ေအာင္လုပ္ ၊ အဲ့လို သာမန္လူတစ္ေယာက္ျဖစ္ရင္ လုံေလာက္ၿပီ "

"အေဖက သိေနခဲ့တယ္ေပါ့..."

လုဖုန္း ရွန့္မင္ေအာ္၏မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ ကြဲအက္ေသာအသံျဖင့္ တိုးတိုးေရ႐ြတ္မိသည္ ။

ဖခင္ျဖစ္သူက ဤသို႔ေသာစကားမ်ားကိုေျပာခဲ့ျခင္း၏အဓိပၸာယ္ကား ရွန့္မင္ေအာ္အေၾကာင္း သိေနခဲ့သည္ဟု ဆိုလိုျခင္းမဟုတ္ပါလား....

"ဟုတ္တယ္ ၊ သူအားလုံးကို သိေနခဲ့တယ္ "

ရွန့္မင္ေအာ္က ေခါင္းကိုငုံ႕ကာ တိုးတိမ္ေသာအသံျဖင့္ ဆိုလာခဲ့၏ ။

"ငါက သာမန္မဟုတ္ဘူးဆိုတာ သူသိေနခဲ့တယ္ "

ထိုစကားကိုေျပာၿပီးၿပီးခ်င္းပင္ ရွန့္မင္ေအာ္ကား လုဖုန္းဆီမွတုံ႕ျပန္စကားကိုပင္ မေစာင့္ဆိုင္းေတာ့ပဲ ၊ ေနာက္ထပ္စကားတစ္လုံးပင္ မဆိုေတာ့ဘဲ လွည့္ထြက္သြားခဲ့ေတာ့သည္ ။ ေလွကားထက္ ရပ္က်န္ေနခဲ့ေသာသူႏွင့္ ရွန့္မင္ေအာ္အၾကား အကြာအေဝးတို႔ တစတစႀကီးထြားလာလ်က္ ။

ထြက္ခြာသြားေသာ ေနာက္ေက်ာပုံရိပ္ကိုၾကည့္ရင္း လုဖုန္းရင္ထဲ ခံစားခ်က္တို႔ရႈပ္ေထြးကုန္သည္ ။ ႐ုတ္ခ်ည္းပင္ ေဆးလိပ္ေသာက္ခ်င္စိတ္ေပါက္လာျပန္ေတာ့၏ ။

T/N
ဒီအပိုင္း အေတာ္ေလးၾကာသြား
နိုယာေနမေကာင္းျဖစ္ေနေတာ့ မေရးနိုင္လို႔ပါ TT
အားလုံးပဲ ဂ႐ုစိုက္ၾကေနာ္ ကိုယ္ခံအားေကာင္းေအာင္ ေကာင္းေကာင္းစားၿပီး အိပ္ေရးဝဝအိပ္ၾကပါ

Continue Reading

You'll Also Like

271K 22K 28
Mini Story Uni Life Style Sweet Romance
1.3M 171K 149
BL
971K 40.4K 52
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...