အချိန်ရဲ့တိုက်စားမှုနှင့်အတူ ရာသီအလီလီကူးပြောင်းပြီး ရွက်ဟောင်းတွေအကြိမ်ကြိမ်ကြွေခဲ့လေပြီ။
သို့သော်အချိန်ရဲ့တိုက်စားမှုကိုအံတုနိုင်သော ချစ်ခြင်းတရားတွေကတော့ ဝေမြဲဝေဆဲပင်ဖြစ်သည်။
ဆိုးလ်မြို့ရှိ နာမည်ကြီး Hotel တစ်ခုတွင် အငယ်တန်း Pastry chef တစ်ယောက်အဖြစ်ရပ်တည်နိုင်သည်အထိ ဂျီမင်းရဲ့ကြိုးစားမှုများအရာထင်ခဲ့သည်။
ဒါတွေကလည်း သူ့ရဲ့ချစ်လှစွာသော ယောကျာ်းဂျောင်ကုရဲ့ ကျေးဇူးတွေကြောင့်သာ။
ငါးနှစ်တာကာလအတွင်း ဂျီမင်းနှင့်ဂျောင်ကုတို့ရဲ့ ဘ၀ခရီးလမ်းက ထင်ထားတာထက်ခက်ခဲကြမ်းတမ်းခဲ့သည်။
မတော်တဆမှုတစ်ခုကြောင့် ဂျီမင်း မိခင်ကို ရုတ်တရက် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်တွေက လေလွင့်ချင်နေသောစိတ်တို့ကို ဂျောင်ကုကဘေးကနေမားမားမတ်မတ်ရပ်တည်ကာ တည့်မတ်ပေးခဲ့သည်။
ထို့နောက် သူတို့အကြောင်းကိုသိသွားသော ဂျောင်ကုအဖေရဲ့အပြင်းအထန်ကန့်ကွက်မှုတွေကြားက သူတို့နှစ်ယောက် ဘ၀တစ်ခုကိုထူထောင်ခဲ့ကြသည်။
အိမ်ထောင်ဦးစီး Webtoon ဆရာလေးကတော့ သူ့အိပ်မက်ကိုခဏခေါက်သိမ်းကာ Interior Designer တစ်ယောက် ဖြစ်လာခဲ့လေသည်။
တစ်ဖက်မှာလည်း အရင်လိုပွယောင်းယောင်းကောင်လေးမဟုတ်တော့တဲ့ ကင်မ်လုပ်ငန်းရဲ့ ဆက်ခံသူအလောင်းအလျာလေး ကင်မ်ထယ်က လုပ်ရည်ကိုင်ရည်ရှိသောသူအဖြစ် ဂုဏ်သတင်းကြီးမားသူတစ်ယောက်ဖြစ်လာသည်။
" သူဌေးလေး ကားအဆင်သင့်ဖြစ်ပါပြီ "
" အေး.. Sweet Night ကိုသွားမယ် "
သူဌေးလေးကင်မ်က ညတိုင်းခမ်းနားသောအိမ်ကြီးကိုထားကာ ကျဉ်းကျဉ်းကျုံ့ကျုံ့လမ်းထဲကကော်ဖီဆိုင်လေးဆီသို့ ပြန်တတ်ကြောင်းမှာ ကုမ္ပဏီတွင်ရေပန်းအစားဆုံး အတင်းအဖျင်းတစ်ခုလည်းဖြစ်သည်။
အချိန်၏တိုက်စားမှုကို ကြံ့ကြံ့ခံနိုင်ခဲ့သည်မှာ သူတို့ကော်ဖီဆိုင်လေးလည်းပါသည်။ Sweet Night ဆိုသောနာမည်လေးရသွားတာကလွဲလို့ ဘာမှပြောင်းလဲမှုမရှိပါ။ ကော်ဖီဆိုင်ပိုင်ရှင်လေးကလည်း မပြောင်းမလဲ အရင်အတိုင်းသာ။
ထို့ကြောင့်ကင်မ်ထယ်က ထိုနေရာလေးကိုရောက်ရင်တော့ သူဌေးသားမျက်နှာဖုံးကြီးကိုလွှင့်ပစ်ကာ အရင်က ဆိုင်ကယ်နဲ့ပွယောင်းယောင်းကောင်လေးပြန်ဖြစ်သွားတတ်သည်။
" ကိုကို ကိုကို "
ကင်မ်ထယ် အောက်မှာထဲကတကျော်ကျော်အော်ခေါ်ကာ အပေါ်ထပ်သို့တက်လာသည်။
" ကိုကိုအခန်းထဲမှာ "
ကင်မ်ထယ်ဝင်သွားသောအခါ အခုမှ ရေချိုးခန်းထဲမှထွက်ခါစ အပေါ်ပိုင်းဗလာဖြင့် အောက်ပိုင်းကို တဘက်ပိုင်းသာပတ်ထားသော သူ့အဖြူရောင်လူသားလေးကိုတွေ့လိုက်ရသည်။
သူပေးထားသောနာမည်နှင့်လိုက်အောင် စွတ်စွတ်ဖြူနေသောပခုံးနှင့်ရင်ဘတ်အပေါ်သို့ ဆံပင်ရေစိုမှရေလေးများ တတောက်တောက်ကျနေပုံမှာ လှလွန်းလို့ကင်မ်ထယ်ငေးစိုက်ကြည့်နေမိသည်။
" ထယ် လာလေ "
" ရေချိုးတာထယ့်ကိုတောင်မစောင့်ဘူး "
" ထယ်နဲ့ဆိုရင် နှစ်ယောက်လုံးအအေးပတ်ကုန်မယ် "
" ဟုတ်လား ဘာလို့လဲ "
ကင်မ်ထယ်က ခပ်အီအီအသံလေးဖြင့် ယွန်းဂီဗိုက်ပေါ်တွင်လက်ချောင်းလေးတွေကိုလျှောက်ပြေးပွတ်သပ်လိုက်ရင်းက မေးလိုက်သည်။ ညို့ယူနေသောမျက်လုံးများထဲတွင် ကင်မ်ထယ့်အကြံအစည်တွေကို ယွန်းဂီမြင်လိုက်ရပါသည်။
" ကိုကိုတော့ဒီအချိန်ရေချိုးမိတာမှားပြီထင်တယ် "
" အခုမှ မှားပြီမရတော့ဘူး "
" အ..ထယ် "
ကင်မ်ထယ်က ယွန်းဂီကိုပွေ့ချီကာအိပ်ယာပေါ်ပစ်တင်လိုက်သည်။
" ကလေး အလုပ်မပင်ပန်းလာဘူးလား "
" ပင်ပန်းလာတယ်..ဒါပေမယ့် ကိုကိုကအရမ်းဆွဲဆောင်မှုကောင်းလွန်းနေတယ်လေကွာ "
" အဲ့တာကြောင့်မှားပြီလို့ "
" မမှားပါဘူး..တစ်နေကုန်ဘယ်လောက်လွမ်းနေရတယ်မှတ်လဲ "
ကင်မ်ထယ်ကယွန်းဂီရဲ့ဆံပင်ရေစိုကြားထဲကိုလက်ဖြင့်ထိုးဖွလိုက်ရင်း နဖူးလေးကိုနမ်းလိုက်သည်။
ထို့နောက် ပါးနှစ်ဖက်နှင့် နှာခေါင်းလေး။
ထို့နောက် နှုတ်ခမ်းလေး။
နှုတ်ခမ်းလေးတွင်အနမ်းများရှည်ကြာလာသောအခါ ယစ်မူးလာသောအသက်ရှူသံတို့နှင့်အတူ ယွန်းဂီက ကင်မ်ထယ့်ကိုယ်ကအင်္ကျီများကို အလိုက်တသင့်ဖယ်ရှားပေးလိုက်သည်။
ထို့နောက် ကင်မ်ထယ့်ရဲ့အနမ်းတွေက လည်တိုင်ဖြူဖြူလေးတွေဆီသို့။
ထို့နောက် တစ်ခဏချင်းပင် နေရာအနှံ့တွင် နီရဲတွက်သွားသော ရင်ဘက်ဖွေးဖွေးလေး။
ထို့နောက် ကင်မ်ထယ်က ယွန်းဂီရဲ့တစ်ခုတည်းသောတဘက်အပိုင်းလေးကို ဆွဲဆောင့်ဖယ်ရှားပစ်လိုက်သည်။
အသက်တွေကြီးလာတာနဲ့အမျှ ယောကျာ်းအရင့်မာကြီးဖြစ်လာသော ကောင်လေးမှာ အရင်ကထက်ပိုပြီးသန်မာလာသော အင်အားများကို ထိန်းချုပ်မှုမရှိဘဲ လွှတ်သုံးတတ်လာသည်။
ထို့နောက်....ထို့နောက်....။
" အာ့..က လေး...ဖြေး ဖြေး "
" ကိုကိုကလည်း ဒါဘာမှမဟုတ်သေးဘူး "
" အင့်..ထယ်... "
ယွန်းဂီကညင်သာတတ်သလောက် ပြောလေကဲလေဖြစ်သော သူ့ကလေးကတော့ တကယ့်ကိုအကြမ်းပတမ်းလေးဖြစ်သည်။
ဘယ်လောက်ပဲကြမ်းတမ်းပါစေဦး ပြီးသွားလျှင် အသည်းပုံအပြုံးတွေဖြင့်အရည်ဖျော်လိုက်ရင်ပွဲပြတ်ပြီဖြစ်ကြောင်းသိနေသူက တစ်ခါလေးမှသက်ညှာပေးဖို့စိတ်ကူးမရှိပါ။
ဒီညလည်း ယွန်းဂီအတွက်ရှည်လျားသောညတစ်ညဖြစ်ပေဦးမည်။
#...☕...#
အခ်ိန္ရဲ႕တိုက္စားမႈႏွင့္အတူ ရာသီအလီလီကူးေျပာင္းၿပီး ႐ြက္ေဟာင္းေတြအႀကိမ္ႀကိမ္ေႂကြခဲ့ေလၿပီ။
သို႔ေသာ္အခ်ိန္ရဲ႕တိုက္စားမႈကိုအံတုနိုင္ေသာ ခ်စ္ျခင္းတရားေတြကေတာ့ ေဝၿမဲေဝဆဲပင္ျဖစ္သည္။
ဆိုးလ္ၿမိဳ႕ရွိ နာမည္ႀကီး Hotel တစ္ခုတြင္ အငယ္တန္း Pastry chef တစ္ေယာက္အျဖစ္ရပ္တည္နိုင္သည္အထိ ဂ်ီမင္းရဲ႕ႀကိဳးစားမႈမ်ားအရာထင္ခဲ့သည္။
ဒါေတြကလည္း သူ႕ရဲ႕ခ်စ္လွစြာေသာ ေယာက်ာ္းေဂ်ာင္ကုရဲ႕ ေက်းဇူးေတြေၾကာင့္သာ။
ငါးႏွစ္တာကာလအတြင္း ဂ်ီမင္းႏွင့္ေဂ်ာင္ကုတို႔ရဲ႕ ဘ၀ခရီးလမ္းက ထင္ထားတာထက္ခက္ခဲၾကမ္းတမ္းခဲ့သည္။
မေတာ္တဆမႈတစ္ခုေၾကာင့္ ဂ်ီမင္း မိခင္ကို ႐ုတ္တရက္ ဆုံးရႈံးခဲ့ရသည္။ ထိုအခ်ိန္ေတြက ေလလြင့္ခ်င္ေနေသာစိတ္တို႔ကို ေဂ်ာင္ကုကေဘးကေနမားမားမတ္မတ္ရပ္တည္ကာ တည့္မတ္ေပးခဲ့သည္။
ထို႔ေနာက္ သူတို႔အေၾကာင္းကိုသိသြားေသာ ေဂ်ာင္ကုအေဖရဲ႕အျပင္းအထန္ကန႔္ကြက္မႈေတြၾကားက သူတို႔ႏွစ္ေယာက္ ဘ၀တစ္ခုကိုထူေထာင္ခဲ့ၾကသည္။
အိမ္ေထာင္ဦးစီး Webtoon ဆရာေလးကေတာ့ သူ႕အိပ္မက္ကိုခဏေခါက္သိမ္းကာ Interior Designer တစ္ေယာက္ ျဖစ္လာခဲ့ေလသည္။
တစ္ဖက္မွာလည္း အရင္လိုပြေယာင္းေယာင္းေကာင္ေလးမဟုတ္ေတာ့တဲ့ ကင္မ္လုပ္ငန္းရဲ႕ ဆက္ခံသူအေလာင္းအလ်ာေလး ကင္မ္ထယ္က လုပ္ရည္ကိုင္ရည္ရွိေသာသူအျဖစ္ ဂုဏ္သတင္းႀကီးမားသူတစ္ေယာက္ျဖစ္လာသည္။
" သူေဌးေလး ကားအဆင္သင့္ျဖစ္ပါၿပီ "
" ေအး.. Sweet Night ကိုသြားမယ္ "
သူေဌးေလးကင္မ္က ညတိုင္းခမ္းနားေသာအိမ္ႀကီးကိုထားကာ က်ဥ္းက်ဥ္းက်ဳံ႕က်ဳံ႕လမ္းထဲကေကာ္ဖီဆိုင္ေလးဆီသို႔ ျပန္တတ္ေၾကာင္းမွာ ကုမၸဏီတြင္ေရပန္းအစားဆုံး အတင္းအဖ်င္းတစ္ခုလည္းျဖစ္သည္။
အခ်ိန္၏တိုက္စားမႈကို ႀကံ့ႀကံ့ခံနိုင္ခဲ့သည္မွာ သူတို႔ေကာ္ဖီဆိုင္ေလးလည္းပါသည္။ Sweet Night ဆိုေသာနာမည္ေလးရသြားတာကလြဲလို႔ ဘာမွေျပာင္းလဲမႈမရွိပါ။ ေကာ္ဖီဆိုင္ပိုင္ရွင္ေလးကလည္း မေျပာင္းမလဲ အရင္အတိုင္းသာ။
ထို႔ေၾကာင့္ကင္မ္ထယ္က ထိုေနရာေလးကိုေရာက္ရင္ေတာ့ သူေဌးသားမ်က္ႏွာဖုံးႀကီးကိုလႊင့္ပစ္ကာ အရင္က ဆိုင္ကယ္နဲ႕ပြေယာင္းေယာင္းေကာင္ေလးျပန္ျဖစ္သြားတတ္သည္။
" ကိုကို ကိုကို "
ကင္မ္ထယ္ ေအာက္မွာထဲကတေက်ာ္ေက်ာ္ေအာ္ေခၚကာ အေပၚထပ္သို႔တက္လာသည္။
" ကိုကိုအခန္းထဲမွာ "
ကင္မ္ထယ္ဝင္သြားေသာအခါ အခုမွ ေရခ်ိဳးခန္းထဲမွထြက္ခါစ အေပၚပိုင္းဗလာျဖင့္ ေအာက္ပိုင္းကို တဘက္ပိုင္းသာပတ္ထားေသာ သူ႕အျဖဴေရာင္လူသားေလးကိုေတြ႕လိုက္ရသည္။
သူေပးထားေသာနာမည္ႏွင့္လိုက္ေအာင္ စြတ္စြတ္ျဖဴေနေသာပခုံးႏွင့္ရင္ဘတ္အေပၚသို႔ ဆံပင္ေရစိုမွေရေလးမ်ား တေတာက္ေတာက္က်ေနပုံမွာ လွလြန္းလို႔ကင္မ္ထယ္ေငးစိုက္ၾကည့္ေနမိသည္။
" ထယ္ လာေလ "
" ေရခ်ိဳးတာထယ့္ကိုေတာင္မေစာင့္ဘူး "
" ထယ္နဲ႕ဆိုရင္ ႏွစ္ေယာက္လုံးအေအးပတ္ကုန္မယ္ "
" ဟုတ္လား ဘာလို႔လဲ "
ကင္မ္ထယ္က ခပ္အီအီအသံေလးျဖင့္ ယြန္းဂီဗိုက္ေပၚတြင္လက္ေခ်ာင္းေလးေတြကိုေလွ်ာက္ေျပးပြတ္သပ္လိုက္ရင္းက ေမးလိုက္သည္။ ညို႔ယူေနေသာမ်က္လုံးမ်ားထဲတြင္ ကင္မ္ထယ့္အႀကံအစည္ေတြကို ယြန္းဂီျမင္လိုက္ရပါသည္။
" ကိုကိုေတာ့ဒီအခ်ိန္ေရခ်ိဳးမိတာမွားၿပီထင္တယ္ "
" အခုမွ မွားၿပီမရေတာ့ဘူး "
" အ..ထယ္ "
ကင္မ္ထယ္က ယြန္းဂီကိုေပြ႕ခ်ီကာအိပ္ယာေပၚပစ္တင္လိုက္သည္။
" ကေလး အလုပ္မပင္ပန္းလာဘူးလား "
" ပင္ပန္းလာတယ္..ဒါေပမယ့္ ကိုကိုကအရမ္းဆြဲေဆာင္မႈေကာင္းလြန္းေနတယ္ေလကြာ "
" အဲ့တာေၾကာင့္မွားၿပီလို႔ "
" မမွားပါဘူး..တစ္ေနကုန္ဘယ္ေလာက္လြမ္းေနရတယ္မွတ္လဲ "
ကင္မ္ထယ္ကယြန္းဂီရဲ႕ဆံပင္ေရစိုၾကားထဲကိုလက္ျဖင့္ထိုးဖြလိုက္ရင္း နဖူးေလးကိုနမ္းလိုက္သည္။
ထို႔ေနာက္ ပါးႏွစ္ဖက္ႏွင့္ ႏွာေခါင္းေလး။
ထို႔ေနာက္ ႏႈတ္ခမ္းေလး။
ႏႈတ္ခမ္းေလးတြင္အနမ္းမ်ားရွည္ၾကာလာေသာအခါ ယစ္မူးလာေသာအသက္ရႉသံတို႔ႏွင့္အတူ ယြန္းဂီက ကင္မ္ထယ့္ကိုယ္ကအကၤ်ီမ်ားကို အလိုက္တသင့္ဖယ္ရွားေပးလိုက္သည္။
ထို႔ေနာက္ ကင္မ္ထယ့္ရဲ႕အနမ္းေတြက လည္တိုင္ျဖဴျဖဴေလးေတြဆီသို႔။
ထို႔ေနာက္ တစ္ခဏခ်င္းပင္ ေနရာအႏွံ႕တြင္ နီရဲတြက္သြားေသာ ရင္ဘက္ေဖြးေဖြးေလး။
ထို႔ေနာက္ ကင္မ္ထယ္က ယြန္းဂီရဲ႕တစ္ခုတည္းေသာတဘက္အပိုင္းေလးကို ဆြဲေဆာင့္ဖယ္ရွားပစ္လိုက္သည္။
အသက္ေတြႀကီးလာတာနဲ႕အမွ် ေယာက်ာ္းအရင့္မာႀကီးျဖစ္လာေသာ ေကာင္ေလးမွာ အရင္ကထက္ပိုၿပီးသန္မာလာေသာ အင္အားမ်ားကို ထိန္းခ်ဳပ္မႈမရွိဘဲ လႊတ္သုံးတတ္လာသည္။
ထို႔ေနာက္....ထို႔ေနာက္....။
" အာ့..က ေလး...ေျဖး ေျဖး "
" ကိုကိုကလည္း ဒါဘာမွမဟုတ္ေသးဘူး "
" အင့္..ထယ္... "
ယြန္းဂီကညင္သာတတ္သေလာက္ ေျပာေလကဲေလျဖစ္ေသာ သူ႕ကေလးကေတာ့ တကယ့္ကိုအၾကမ္းပတမ္းေလးျဖစ္သည္။
ဘယ္ေလာက္ပဲၾကမ္းတမ္းပါေစဦး ၿပီးသြားလွ်င္ အသည္းပုံအၿပဳံးေတြျဖင့္အရည္ေဖ်ာ္လိုက္ရင္ပြဲျပတ္ၿပီျဖစ္ေၾကာင္းသိေနသူက တစ္ခါေလးမွသက္ညွာေပးဖို႔စိတ္ကူးမရွိပါ။
ဒီညလည္း ယြန္းဂီအတြက္ရွည္လ်ားေသာညတစ္ညျဖစ္ေပဦးမည္။
#...☕...#