Uni
“ ကျန်းဝူ ” ဟု လင်းထျန်း ခေါ်လိုက်သည်။
ကျန်းဝူ အနောက်ဘက်လှည့်လိုက်ပြီး လင်းထျန် နဲ့ လီထူတို့ကို ကြည့်ရတာအကျွမ်းတဝင်ရှိတယ်လို့ ကျန်းဝူ ထင်ခဲ့သည်။
“ဘာရှိလို့လဲ?” လို့ကျန်းဝူမေးလိုက်သည်။
“ နင့်ကိုကျောင်းကောင်စီမှာ ဝင်ခိုင်းစေချင်တယ်”
လင်းထျန်က ကျန်းဝူကို နွေးထွေးစွာစကားပြောနေတာကြောင့် လီထူမနာလို ဖြစ်နေသည်။
“စိတ်မကောင်းပါဘူး။ ငါစိတ်မဝင်စားဘူး ”
“ ကျောင်းကောင်စီ ၀င်ဖြစ်ရတဲ့အတွက် အကျိုးကျေးဇူးတွေရှိတယ်လေ ”
ကျန်းဝူက ကောလိပ်ရှေ့တံခါး အပြင်ဘက်ကို လျှောက်သွားခဲ့သည်။ ဟူရန်းဒီက သူ့ကိုကားဖြင့်တင်ခေါ်ပြီး ယွဲ့ ကုမ္ပဏီဆီကို သွားဖို့လာခေါ်နေပြီ။
“တကယ်လို့ ငါကနင့်ကိုကျောင်းကောင်စီထဲ ဝင်စေချင်တာပါဆိုရင် နင်ဘာလုပ်မှာလဲ”
ကျန်းဝူ ဟာ ဆင်းရဲပေမဲ့ သူကကျောင်းဝင်းထဲမှာ အချောဆုံးယောက်ျားလေးလို့ လင်းထျန်ထင်မိတယ်။ အကယ်၍ ကျန်းဝူက သူမကို တိတ်တိတ်လေး ချစ်နေမယ်ဆိုရင် သူကသူမအတွက် ကျောင်းကောင်စီတွင် ရှိလိမ့်မည်ဟု ထင်ခဲ့သည်။
“စိတ်မကောင်းပါဘူး”လို့ ကျန်းဝူ ပြောလိုက်သည်။ သူကယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ “ ငါကျောင်းကောင်စီထဲကိုဝင်ဖို့ကို တကယ်စိတ်မဝင်စားလို့ပါ ”
ကျန်းဝူရဲ့အပြုံးက လင်းထျန်ရဲ့ နှလုံးသားကို အခုန်မြန်စေခဲ့သည်။
ကျန်းဝူ က ဟူရန်းဒီ ရဲ့ကားကို တွေ့လိုက်တယ်။ ဟူရန်းဒီရဲ့ ရည်းစားက ဟူရန်းဒီရဲ့ ကားအပြင်ဘက်တွင် စောင့်နေသည်။
"မဂႅလာပါ " စုရှောင်းယာ နှုတ်ဆက်လိုက်သည်။
ကျန်းဝူက သူမရဲ့ CEOဆိုတာကို စုရှောင်းယာ ရှာဖွေတွေ့ရှိခဲ့သည်။
“ မဂႅလာပါ ။ဦးလေး ဟူရန်းကော”
“ သူတိတ်ဆိတ်တဲ့နေရာမှာ ဖုန်းပြောနေတယ်”
ကျန်းဝူ ပြုံးလိုက်ရင် အရမ်းချောတယ်လို့ စုရှောင်းယာ ထင်မိသည်။ ဒါပေမယ့် သူမရဲ့CEOကို ငေးမကြည့်ရဲဘူး။ သူမရဲ့ခေါင်းကို ငုံ့ထားလိုက်သည်။သူမ ကလေးကိုဆေးစစ်ဖို့ ဆေးရုံသို့သွားသောအခါ ဟူရန်းဒီက ဆေးရုံတွင်ရှိနေပြီး သူမကို ယွဲ့ ကုမ္ပဏီသို့ ပို့ဆောင်ချင်ကြောင်းကို သူဘာကြောင့်ပြောခဲ့တာလဲဆိုတာ သူမ မသိခဲ့ပေ။
လင်းထျန် နဲ့ လီထူတို့ ကျန်းဝူနောက်လိုက်လာခဲ့ကြသည်။ အကြောင်းမှာ သူတို့က ကျန်းဝူနဲ့စကားပြောနေတဲ့သူကို သိချင်သောကြောင့်ဖြစ်သည်။ ကျန်းဝူက စုရှောင်းယာနဲ့ စကားပြောနေတာကို မြင်တော့ လီထူ အံ့အားသင့်သွားခဲ့ပြီး သူက စုရှောင်းယာ ကို သီးသန့်စကားပြောဖို့ ဘေးဘက်သို့ ဆွဲခေါ်သွားသည်။
“ အစ်မ ၊ဒီမှာဘာလုပ်နေတာလဲ”လို့ လီထူ မေးလိုက်သည်။“ကျွန်တော့အစ်ကိုက အစ်မကို ပိုက်ဆံမပေးနိုင်တာကြောင့် ကျွန်တော့်ဆီမှာ ပိုက်ဆံလာတောင်းတာလား။မနှောင့်အယှက်မပေးပါနဲ့တော့။ လီ မိသားစုက ဘယ်သူကမှ အစ်မကိုနောက်ထပ် ဒေါ်လာတွေပေးမှာမဟုတ်ဘူး။ အစ်မလိုမျိုး လောဘကြီးတဲ့လူတစ်ယောက်ကို ပိုက်ဆံတွေပေးနေတဲ့ ကျွန်တော့်အစ်ကိုကသာ မျက်စိကန်းနေတာ။ အစ်မကို တစ်ဒေါ်လာတောင် ကျွန်တော်ပေးမှာမဟုတ်ဘူး။ ကျွန်တော့်အစ်ကိုက နောက်ထပ်မိန်းမတစ်ယောက်နဲ့ လက်ထပ်သွားပြီ။သူ့ရဲ့အချစ်ရေးမှာ ဝင်မစွက်ဖက်ပါနဲ့တော့”
“ ဘာပြဿနာရှိလို့လဲ ”ဟူရန်းဒီက စုရှောင်းယာကို မေးလိုက်သည်။
“ ဘာမှမရှိပါဘူး ”လို့ စုရှောင်းယာ ပြန်ပြောလိုက်သည်။ “ လီထု ၊ မောင်လေးရဲ့ အစ်ကိုနဲ့အစ်မ ကြားမှာဖြစ်ခဲ့တာက မောင်လေးနဲ့ဘာမှမဆိုင်ပါဘူး ။အစ်မဒီကိုလာတာက မောင်လေးကို တွေ့ဖို့မဟုတ်ဘူး။ မောင်လေးရဲ့ အစ်ကို နဲ့ အစ်မက ကွာရှင်းပြီးသွားပြီ။ သူလိုချင်တဲ့သူ ဘယ်သူမဆိုကို သူလွတ်လွတ်လပ်လပ် လက်ထပ်နိုင်တယ်။မောင်လေးရဲ့အစ်ကိုလို အေးစက်တဲ့နှလုံးသားနဲ့လူကို အစ်မလည်း ဘာမှလုပ်ချင်မနေပါဘူး”
စုရှောင်းယာရဲ့ အနောက်ဘက်တွင် ဟူရန်းဒီ ရပ်နေတာကို လီထူ မြင်သောအခါ ဘာကြောင့်မို့ စုရှောင်းယာက သူ့အား အသံကိုလွှမ်းနေအောင် ပြောရဲနေရတာလဲဆိုတာကို သူသဘောပေါက်သွားခဲ့သည်။
“ အစ်မ ၊ အစ်မဘာကြောင့် သွေးကြီးသလိုသရုပ်ဆောင်နေရတာလဲဆိုတာကို ကျွန်တော် မြင်ပါတယ်။ အစ်မကိုထောက်ပံ့ပေးမယ့် သူတစ်ယောက်ကို အစ်မရှာတွေ့သွားပြီပဲ။ အစ်မက အရှက်မရှိဘူး။ကျွန်တော့်အစ်ကို နဲ့ အစ်မနဲ့ ကွာရှင်းလိုက်တာတောင် ဘယ်လောက်မှမရှိသေးဘူး နောက်ထပ်ယောကျ်ားတစ်ယောက်ကိုတောင် အစ်မက ဖျားယောင်းသွေးဆောင်ပြီးနေပြီ။ယောကျ်ားတစ်ယောက် မရှိဘဲ တစ်ရက်လောက်မနေနိုင်ဘူးလား? ဘယ်ယောကျ်ားနဲ့မဆို ငွေအတွက်နဲ့ ဘယ်လိုတောင်အိပ်နိုင်ရတာလဲ။သူက အစ်မကို တစ်လဘယ်လောက်ပေးလဲ။ကျွန်တော် အစ်ကိုလို ဒေါ်လာ၃သောင်းလား ဒါမှမဟုတ် အဲ့ထက်ပိုများလား ”
စုရှောင်းယာ လီထူရဲ့ပါးကို ရိုက်ပစ်လိုက်သည်။
“ တကယ်လို့ မင်းကိုလူတွေ လေးစားတာလိုချင်တယ်ဆိုရင်၊ အရင်ဆုံး တခြားသူတွေကို ဘယ်လိုလေးစားရမလဲဆိုတာကို သင်ယူဖို့လိုတယ် ။ ဒါပေမယ့် လီ မိသားစု မှာ ဘယ်သူကမှ ရိုသေလေးစားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး။စိတ်မပူပါနဲ့။အစ်မကလည်း လီ မိသားစုနဲ့ ဘာမှလည်းလုပ်ချင်မနေပါဘူး ။ မင်းတို့ကငါ့အတွက်တော့ သူစိမ်းတွေပဲ”
“ ခင်များက ကျွန်တော့်ကိုရိုက်ရဲတာလား'။ ခင်များမှာ သေဖို့ဆန္ဒရှိနေတာလား”
လီထူက စုရှောင်းယာကိုရိုက်ဖို့ လက်ကိုမြှောက်လိုက်ပေမယ့် ဟူရန်းဒီ က စုရှောင်းယာရဲ့ အနောက်မှာရပ်နေတာကြောင့် သူ့ရဲ့လက်ကိုချလိုက်တယ်။
“ ခင်ဗျားဒီအမျိုးသမီးနဲ့နေမယ်ဆိုတာကို ပြန်စဉ်းစားသင့်တယ်။ ဒီအမျိုးသမီးနဲ့ အတူနေပြီး လီ မိသားစုကို အမှားမလုပ်ချင်ဘူးဆိုရင်ပေါ့”
“ငါကစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်တယ်ဆိုရင်ကော မင်းကဘာလုပ်မှာလဲ?” လို့ ဟူရန်းဒီမေးလိုက်သည်။
စုရှောင်းယာက ဟူရန်းဒီကို သူမရဲ့ရှုပ်ထွေးမှုထဲ မပါဝင်စေချင်ဘူး။ သူမ ဟူရန်းဒီရဲ့ လက်ကိုဆွဲလိုက်ပြီး သူ့ကားဆီသို့ ပြန်ဆွဲခေါ်သွားလိုက်သည်။
“သွားရအောင် ” လို့ စုရှောင်းယာပြောလိုက်သည်။
ကျန်းဝူက ဟူရန်းဒီရဲ့ကားထဲမှ အနောက်ခုံကနေ တိုက်ရိုက်လွှင့်နေတဲ့ ဒရမ်မာကို ကြည့်နေသည်။ ကျန်းဝူက ဟူရန်းဒီကို လီထူ အား ရိုက်နှက်ခြင်းမပြုခဲ့သည့်အတွက် စိတ်ပျက်ခဲ့သည်။ဟူရန်းဒီက စုရှောင်းယာ နှင့်အတူ ကားဆီသို့ပြန်လာပြီးနောက် ဟူရန်းဒီ ကသူတို့ကို ယွဲ့ ကုမ္ပဏီသို့ ပို့ဆောင်ပေးလိုက်သည်။
လင်းထျန်က ကျန်းဝူရဲ့နာမည်ကို ခေါ်ဖို့နဲ့ သူ့ကိုနေဖို့ တောင်းဆိုခဲ့ရတာကြောင့် သူအရမ်းဂုဏ်ယူနေသည်။ဘာကြောင့်လဲဆိုတော့ ကျန်းဝူက သူမကို ၂ ကြိမ် ငြင်းပယ်ခဲ့တာကြောင့်ဖြစ်သည်။
ယွဲ့ ကုမ္ပဏီမှ ကျန်းဝူ အိမ်သို့ပြန်ရောက်ချိန်တွင် ယွဲ့နီက CD(ခွေ) များကိုလှန်လှောနေပြ်ိီး ကျန်းကျန်းက ယွဲ့ဒီရိကို နို့ဘူးတိုက်နေသည်။ယွဲ့ဒီရိက ၁၄ လ အရွယ်ရှိပြီး ကျန်းမာတဲ့ ကလေးငယ်တစ်ဦး ဖြစ်သည်။ ယွဲ့ဒီရိ သူတို့မိသားစုထဲ ဝင်လာကတည်းက ယွဲ့ဂူးဇွေရဲ့ စိတ်အခြေအနေက တိုးတက်လာတယ်။ဘာကြောင့်လဲဆိုတော့ ကျန်းကျန်း ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုလုပ်နေစဥ် ယွဲ့ဂူးဇွေက ယွဲ့ဒီရိကို ကြည့်ရှု့စောင့်ရှောက်ပြီး အလုပ်များနေတာကြောင့်ဖြစ်တယ်။
“ ကျန်းဝူ ၊သားရဲ့ညီမ ဘာတွေရှာနေတာလဲ?”လို့ ကျန်းကျန်း မေးလိုက်သည်။
“ သက်သေအထောက်အထားနဲ့ ပတ်သက်တဲ့တစ်ခုခုကို ရှာနေတာလေ ။သူမကို လွှတ်ထားလိုက်ပါ”
ယွဲ့ဒီရိရဲ့ ဗိုက်လေးကို ကျန်းဝူကလိထိုးလိုက်သည်။
“ ရှောင်ဒီရိ ၊ကောကော လို့ ပြောနိုင်လား?”
“ ကျန်းဝူ ၊ရှောင်ဒီရိက စကားပြောဖို့ အရမ်းငယ်သေးတယ်”
“ မာမား ၊ သားတို့ရဲ့ ရှောင်ဒီရိက စမတ်ကျတဲ့ကလေးပဲ”
ကျန်းဝူက ယွဲ့ဒီရိရဲ့ ဗိုက်ကိုကလိထိုးလိုက်တော့ ယွဲ့ဒီရိက ရယ်ခဲ့သည်။
ယွဲ့ဒီရိက ကျန်းဝူ သူ့အားစကားပြောစေချင်တာကိုတော့ နားမလည်ပေ။ ဒါပေမယ့် သူ ကျန်းဝူ ကို တွေ့ရတာကိုတော့ ပျော်သည်။
ယွဲ့ဒီရိက ကျန်းဝူနဲ့ ရယ်နေတာကြောင့် ကျန်းကျန်း
မနာလိုဖြစ်နေတယ်။နေ့စဥ်နေ့တိုင်း သူမကယွဲ့ဒီရိကို နို့ဘူးတိုက်ပေးပြီး ကစားနေခဲ့ပေမယ့် ယွဲ့ဒီရိက သူမနဲ့ရှိနေရင် ရယ်မောခြင်းမရှိပေ။
“ ကိုကိုရေ ညီမလေး အဲ့တာကို ရှာတွေ့ပြီ! ”
ကျန်းကျန်းက ယွဲ့နီရဲ့ နောက်တီးနောက်တောက်ဟန်ကို အသုံးပြုခဲ့သည်။ သူမက ယွဲ့ဒီရိနဲ့ ဆက်ပြီးကစားနေကာ ကျန်းဝူကို ယွဲ့နီနဲ့ တွေ့ဆုံခွင့်ပြုခဲ့သည်။
“ ကိုကို ၊ ပိုင်း fox ရိုက်ထားတာကို ကြည့်ပါ ဦး” “အဲ့တာက ဒယ့်ဒီ့ရဲ့ပါး နဲ့ တခြားအမျိုးသမီးရဲ့ နောက်ကျောပဲ။ငါ့ဒယ်ဒီကတော့ ဘဝနှစ်ခုနဲ့ နေနေတာကို ငါမယုံနိုင်ဘူး။ မားမားရဲ့ နောက်ကွယ်မှာ ဒယ်ဒီက တခြားမိန်းမနဲ့ လက်ထပ်ထားတယ်”
“ယွဲ့နီ ၊ညီမလေးကတော့ ကန်းသွားပြီ ”လို့ ကျန်းဝူပြောလိုက်သည်။ဒီအမျိုးသမီးရဲ့ နောက်ကျောက ကျန်းကျန်းငယ်ငယ်တုန်းကဆိုတာကို ကျန်းဝူ သတိပြုမိခဲ့တယ်။ “ ပါးပါးကလက်ထပ်ထားတဲ့သူက မားမား တစ်ယောက်တည်းပဲ”
“ကိုကိုရယ် ကြည့်လိုက်စမ်းပါဦး ။ ဒယ်ဒီကလှည့်ပြီး တခြားမိန်းမကို အမြတ်တနိုးနဲ့ကြည့်နေတယ် ။ဒယ်ဒီက မားမားကို ဒီလိုမျိုးဘယ်လိုကြည့်မှာလဲ? ဒီ CD ကို မားမားကိုသွားပြမယ်”
“ တခြားမိန်းမဆိုတာက ဘာလဲ?”ကျန်းကျန်း မေးလိုက်သည်။
ကျန်းကျန်းက ယွဲ့ဒီရိကို ယွဲ့နီ နဲ့ ကျန်းဝူ တို့ laptopကြည့်နေသည့်နေရာဆီကို သယ်ဆောင်လာခဲ့သည်။
“မား ကြည့်လိုက်ပါဦး ၊ဒယ်ဒီက တခြားမိန်းမကို လက်ထပ်ခဲ့တယ်”
ကျန်းကျန်းဟာ ဒီဗီဒီယိုကိုကြည့်လိုက်တော့ ငယ်ရွယ်တဲ့သူမကိုယ်တိုင်က ငယ်ရွယ်တဲ့ ယွဲ့ဂူးဇွေကို လှည့်ပြီးပြုံးပြနေတာကို တွေ့လိုက်ရသည်။အဲ့တာက သူတို့ရဲ့ ပထမဆုံးမင်္ဂလာဆောင်တဲ့နေ့ ဖြစ်သည်။
မှတ်ဥာဏ်တွေပျောက်ဆုံးသွားတဲ့အချိန်မှာ ကျန်းကျန်း ကသူမရဲ့ငယ်ရွယ်တဲ့ကိုယ့်ကိုယ်ကိုပြုံးပြခဲ့တယ် ။ ငယ်ရွယ်တဲ့ ယွဲ့ဂူးဇွေ က ငယ်ရွယ်နေဆဲ ဖြစ်တဲ့သူမကို လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးချင်လား လို့မေးခဲ့တယ် ။ အဲ့အချိန်မှာ သူမရဲ့ငယ်ရွယ်တဲ့ပုံရိပ်လေးက အရူးတစ်ယောက်လို ခေါင်းညိမ့်ခဲ့တယ် ။ သူမရဲ့ငယ်ရွယ်တဲ့ ပုံရိပ်လေးက လက်မှတ်ထိုးပြီးသွားချိန်မှာ ယွဲ့ဂူးဇွေ က သူ့နဲ့လက်ထပ်လိုက်တာကို နောင်တရလားလို့မေးခဲ့ပြီး ငယ်ရွယ်နေသေးတဲ့ သူမကိုယ်တိုင်က သူမရဲ့ ခေါင်းကိုခါခဲ့တယ်။
“ ယွဲ့ဂူးဇွေ!”
ကျန်းကျန်းရဲ့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့အချိန်မှာ ပထမဆုံးအကြိမ် ယွဲ့ဂူးဇွေက သူ့ကိုလက်ထပ်ထိမ်းမြားဖို့ လှည့်စားခဲ့တယ်ဆိုတဲ့ အထောက်အထားကျန်းကျန်းမှာ ရှိနေပြီ။
“ ကိုကို ၊ဖေဖေလေးက ညီမလေးကို တွေ့ချင်တယ်လို့ပြောတာကို အခုမှသတိရတယ်။ ညီမလေး ဖေဖေလေးရဲ့ အိမ်ကိုသွားပြီနော်။Bye ”
ကျန်းဝူ ခေါင်းခါလိုက်သည်။ ယွဲ့နီ ပြဿနာရှာပြီး ထွက်ပြေးတာက ပုံမှန်အတိုင်းပါပဲ။ သူ ယွဲ့ဒီရိကို လက်ထဲမှာချီထားပြီး ယွဲ့ဒီရိ ရဲ့ ပါးကိုနမ်းလိုက်တယ်။
“ ရှောင်ဒီရိ ၊ ကောကောက ရှောင်ဒီရိလေးကို ညစာကျွေးမယ်နော် ။မားမားက အချိန်တော်တော်ကြာ အလုပ်ရှုပ်နေဦးမှာ”
ယွဲ့ဒီရိက ကျန်းဝူနဲ့ ရယ်နေခဲ့သည်။
ကျန်းကျန်းက ယွဲ့ဂူးဇွေကို စိတ်ဆိုးနေတာကြောင့် ဓာတ်ခွဲခန်းထဲသို့ ပြန်သွားခဲ့သည်။
ကျန်းဝူက ယွဲ့ဒီရိ ကို ထမင်းစားခန်းထဲ သယ်ဆောင်လာသည်။
“ မင်းရဲ့ညီမကော ”
“ သူ့ရဲ့ဖေဖေလေးအိမ်ကို သွားလိုက်တယ်”
“ကျန်းဝူ ၊ သားနဲ့ ရှောင်ဒီရိ တို့ ညစာစားသင့်ပြီ” လို့ပြောပြီး ယွဲ့ဂူးဇွေ မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းဝူက ထမင်းစားပွဲဝိုင်တွင် ထိုင်ပြီး ယွဲ့ဒီရိကို သူ့ရဲ့ပေါင်ပေါ်တင်၌တင်ကာ မြှောက်ချည်ချချည်(တကူးကူးစီးတမ်း)ကစားနေခဲ့သည်။
“ ကျန်းဝူ ၊ မင်းရဲ့ဦးလေး ဝို က နောက်လမှာ သတင်းစာရှင်းလင်းပွဲ လုပ်ချင်နေတယ်။ သူကမင်းကို ယွဲ့ ကုမ္ပဏီရဲ့စီအီးအိုဆိုတာ လူသိရှင်ကြားကြေညာချင်တယ်တဲ့ ”
“ဘာလို့လဲ?”
“မင်းရဲ့ ဦးလေး ဝို က အိမ်ထောင်ပြုပြီး သူ့ဇနီးနဲ့ကလေးတွေကို အာရုံစိုက်ချင်လို့တဲ့လေ”
ဝိုတထျန်းက အပြင်လူဖြစ်သော်လည်း သူကလူးဝစ်အပေါ်မှာ အမြဲသစ္စာရှိတယ်ဆိုတာကို ယွဲ့ဂူးဇွေသိတယ်။ ယွဲ့ ကုမ္ပဏီရဲ့မန်နေဂျာအဖြစ် ဝိုတထျန်းက ကျန်းဝူ ကို ကူညီလိမ့်မယ်လို့ ယွဲ့ဂူးဇွေ ယုံကြည်ခဲ့တယ်။ဝိုတထျန်းက ယွဲ့ ကုမ္ပဏီမှ တရားဝင်ထွက်ခွာသွားတော့မှာကို မြင်ရတော့မှာဖြစ်တဲ့အတွက် ယွဲ့ဂူးဇွေ စိတ်မကောင်းဖြစ်မိတယ်။ဘာကြောင့်လဲဆိုတော့ သစ္စာရှိပြီး အလုပ်ကြိုးစားတဲ့ ၀န်ထမ်းတစ်ဦးကိုရှာတွေ့ဖို့က ခဲယဉ်းတာကြောင့်ဖြစ်တယ်။
“ ဦးလေး ဝို ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် ထောက်ခံတယ်”
အင်္ဂါနေ့တွင် ကျန်းဝုက ကောလိပ်တွင် စက်ဘီးကိုသော့ခတ်နေတဲ့အချိန်မှာ လူတစ်ယောက်က ကျန်းဝူကို ဓားဖြင့်ခြိမ်းခြောက်ခဲ့သည်။
“ ခင်များကို ဘယ်သူလွှတ်လိုက်တာလဲ?”လို့ ကျန်းဝူမေးလိုက်သည်။
ထိုလူက ကျန်းဝူရဲ့ မျက်နှာရှေ့မှာ ဓားကိုဝှေ့ယမ်းနေသည်။
“ကျွန်တော်ဓားတွေနဲ့ ကစားရတာကို ဘာကြောင့်ကြိုက်လဲဆိုတာ ခင်များသိလား? ခင်များရဲ့ ဓားကိုမသိမ်းဘူးဆိုရင် ဘာကြောင့်ကျွန်တော်ကြိုက်ရတာလဲဆိုတာကို ပြရတာပေါ့။ခင်များရဲ့ မျက်နှာကိုအပိုင်း၂၀၀လောက် အစိတ်စိတ်အပိုင်းပိုင်းဖြတ်ပေးပြီး လက်ရာမြောက်တဲ့ အနုပညာလက်ရာတစ်ခုလုပ်ဖို့ ကျွန်တော်သုံးပေးပါ့မယ်”
“ မိန်ကျား နဲ့ လီထူတို့က မင်းကိုသင်ခန်းစာပေးပေးဖို့ ငါ့ကိုပြောလာလို့ပါ”
“ဘာကြောင့်လဲ?”
“မင်းကို ကျောင်းကောင်စီအဖွဲဝင်မဖြစ်လာဖို့အတွက် ငါဘယ်နည်းလမ်းဘဲသုံးသုံး သူတို့ဂရုမစိုက်ဘူးလို့ ပြောတယ်”
ကျန်းဝူရဲ့ လျှို့ဝှက်အစောင့်နှစ်ယောက်က အရိပ်တွေထဲမှ ထွက်လာသည်။
“ ဒီလူကို ကိုင်တွယ်ဖြေရှင်းလိုက်”
“ဟုတ်ကဲ့ သခင်လေး ” အစောင့်နှစ်ယောက်က တစ်ပြိုင်တည်းဖြေလိုက်ကြသည်။
မိန်ကျား နဲ့ လီထူ တို့က သူ့ကိုသတ်ဖို့ တစ်စုံတစ်ယောက်ကို လွှတ်ပြီး ဘာအကွက်တွေရွှေ့ဖို့ လုပ်နေတာလဲဆိုတာကို ကျန်းဝူ မသိပေ။ တကယ်လို့သူ ကျောင်းကောင်စီထဲဝင်ပြီး အဖြေရှာမယ်ဆိုရင် အဲ့တာက ကျန်းဝူအတွက်တော့ မခက်ခဲပေ။
ကျန်းဝူ tutorialခန်းထဲဝင်လာတဲ့အခါ ကျန်းဝူက နောက်ဆုံးမှာတော့ ကျောင်းကောင်စီထဲဝင်ဖို့ သဘောတူလိုက်တာကို လူစီ ၀မ်းသာနေသည်။
လူစီ ကျန်းဝူကို ဖက်လိုက်ပြီး သူ့ကိုပြုံးပြလိုက်သည်။
“ ကျန်းဝူ ၊ နင်သဘောတူမယ်ဆိုတာ ငါသိတယ်။ နင်ကျောင်းကောင်စီထဲ ၀င်လာပေးတဲ့အတွက် ငါအရမ်းဝမ်းသာတယ်”
ကျန်းဝူက အခြားလူတွေ သူ့ကိုလာဖက်တာကို မကြိုက်ပေ။ ဒါပေမယ့် လူစီ ပျော်နေတာကိုမြင်တော့ သူလည်းပျော်မိတယ်။ဒါကြောင့် အချိန်ဘယ်လောက်ကြာကြာ သူမလိုချင်သလောက် သူ့ကိုဖက်ခွင့်ပြုလိုက်သည်။
နောက်တော့ ကျောင်းကောင်စီအစည်းအဝေးခန်းမ၌ ကျောင်းကောင်စီမှ လူတိုင်းက မိန်ကျားနဲ့ လီထူတို့မှအပ ကျန်းဝူကို အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ကြသည်။
ညအချိန်တွင် ကျန်းဝူက ကောလိပ်ထဲကို ခိုးဝင်ချင်ခဲ့တယ်။
“ နင် အထဲကို ဝင်ချင်လို့လား?”လို့ လူစီ မေးလိုက်သည်။
ကျန်းဝူ လှည့်ကြည့်လိုက်သည်။ သူ လူစီကို တွေ့လိုက်ရတော့ မျက်မှောင်ကြုတ်လိုက်သည်။
“ မင်းဘာလို့ဒီမှာရှိနေတာလဲ?”
“ ငါဖြတ်သွားနေတုန်း နင့်ကိုမြင်လိုက်လို့ အနောက်ကနေလိုက်လာတာ” “ ဒီလောက်နောက်ကျနေခါမှ နင်ကဘာကြောင့်မို့ အထဲကို ဝင်ချင်ရတာလဲ?”
“ အိမ်ပြန်တော့ ”
“ ငါအိမ်မပြန်ချင်ဘူး။ ငါနင့်ရဲ့နောက်ကို လိုက်ချင်တယ်”
လူစီရဲ့ လှပတဲ့မျက်နှာက ငါခြိမ်းခြောက်ရင်တောင် ကြောက်မယ့်ပုံမပေါ်ဘူး လို့ကျန်းဝူ တွေးလိုက်တယ်။ကျန်းဝူက သူ့ရဲ့လက်တော့ပ်ကိုဖွင့်ပြီး ကောလိပ်ရဲ့လုံခြုံရေးစနစ်ကို ပိတ်လိုက်တယ်။ သူနဲ့လူစီတို့ အစောင့်တွေရှာမတွေ့ခင် ကောလိပ်ထဲသို့ ဝင်ခဲ့ကြသည်။သူကလူစီရဲ့လက်ကိုကိုင်ပြီး ကျောင်းကောင်စီအဆောက်အအုံဆီကို အရိပ်တွေရဲ့အောက်ကနေ အတူတူလျှောက်သွားခဲ့ကြတယ်။ လင်းနေသောပြတင်းပေါက်တွေဖြတ်ပြီး ဆေးလိပ်သောက်ရန် opium pipe များ အသုံးပြုနေသည့် မိန်ကျား နဲ့ လီထူတို့ကို သူတွေ့လိုက်ရသည်။ မိန်ကျား နဲ့ လီထူတို့ အနောက်တံခါးဘက်မှ ဖြတ်သွားတဲ့နောက်မှာ လူစီ ကသူရဲ့လက်ကိုကိုင်ကာ ကျောင်းကောင်စီအစည်းအဝေးခန်းမထဲကို သူတို့တိတ်တိတ်လေး ဝင်လိုက်ကြသည်။
(Opium pipe က ဘိန်းရှူတဲ့အခါမှာသုံးတဲ့ဟာပါ။ ခက်ခူး လို့ခေါ်ကြတယ်တဲ့)
“ ကျောင်းကောင်စီထဲမှာ သူတို့ဘာတွေလုပ်နေတယ်လို့ နင်ထင်လဲ?”လို့ လူစီမေးလိုက်တယ်။
ကျန်းဝူ ကျောင်းကောင်စီရဲ့ ယူနီဖောင်းတွေကို မကြည့်လိုက်တဲ့အခါ အောက်၌ ဘိန်းအိတ်များကို ဝှက်ထားသည်။
“ ဒါကဘာလဲ?”လို့ လူစီမေးလိုက်တယ်။
ကျန်းဝူ က အိတ်တစ်ခုကိုဖြတ်ပြီး ဖွင့်လိုက်တော့ အဲ့တာကဘိန်းဆိုတာကို သူအတည်ပြုလိုက်တယ်။
“ဘိန်း ”လို့ ကျန်းဝူပြောလိုက်သည်။
မိန်ကျား နှင့် လီထူတို့ သူ့ကိုဘာကြောင့်မို့ ကျောင်းကောင်စီမှာ မပါဝင်စေချင်တာလဲဆိုတာကို ကျန်းဝူ နားလည်သွားခဲ့သည်။သူတို့က သူဘိန်းနဲ့ပတ်သတ်ပြီး ရှာတွေ့သွားပြီးတော့ မိန်းကျားနဲ့ လီထူတို့ ဒေါ်လာပေါင်းရာနဲ့ထောင်နဲ့ချီပြီး ဆုံးရှုံးသွားကြမှာကို သူတို့ယုံမှားသံသယလွန်ကဲနေခဲ့ကြသည်။
ကျောင်းကောင်စီအဆောက်အဦး အပြင်ဘက်တွင် မိန်ကျား နဲ့လီထူတို့က အရောင်းကိုယ်စားလှယ်တွေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
“သူတို့ကို ဘာလို့ဒီလောက်ကြာနေကြတာလဲ?” မိန်ကျား မေးလိုက်သည်။
“ သူတို့ဒီမှာရောက်နေပြီ”
မိန်ကျား နဲ့ လီထူ တို့က အရောင်းအဝယ်ကိုယ်စားလှယ်များကို ကျောင်းကောင်စီအဆောက်အအုံဆီ ဦးဆောင်ခေါ်သွားခဲ့ကြသည်။
“မြန်မြန် ပစ္စည်းတွေကို စစ်ဆေးလိုက်”လီထူက အရောင်းအဝယ်ကိုယ်စားလှယ်တွေကို ပြောလိုက်သည်။
အရောင်းအဝယ်ကိုယ်စားလှယ် နှစ်ယောက်က
ဘိန်းအိတ်များကို ကောက်ယူသောအခါ ကျန်းဝူ က သူတို့နှစ်ယောက်ကို သေနတ်နဲ့ပစ်လိုက်တော့ သူတို့နှစ်ယောက်လုံး ကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။
“အဲဒီမှာ ဘယ်သူလဲ?” လီထူမေးလိုက်တယ် “မင်းမှာသတ္တိရှိရင် အပြင်ထွက်ပြီးလာပြလိုက်”
လီထူက သေရမှာကို ကြောက်သော်လည်း သူက မိန်ကျား ထက်ပိုပြီး ပုန်းတဲ့နေရာမှာတော်သည်။
ကျန်းဝူက လူစီကို သူ့နောက်မှာ သေချာဝှက်ထားတယ်။ သူတို့ပုန်းခိုတဲ့နေရာမှထွက်လာကြပြီး သေနတ်ကို လီထူ နဲ့ မိန်ကျားဆီ ချိန်ရွယ်ထားခဲ့သည်။
လီထူ ကလည်း သူ့ရဲ့သေနတ်ကိုထုတ်ပြီး ကျန်းဝူကို ချန်ထားသည်။
“မင်းဘာလို့ဒီမှာရှိနေတာလဲ?” လီထူ မေးလိုက်တယ်။
“မင်းတို့နှစ်ယောက် ငှားထားတဲ့လူက ငါ့ကိုသတ်ဖို့ကို ကျရှုံးသွားတယ် ” ကျန်းဝူ အေးစက်စွာ ပြောလိုက်တယ်။ “ငါ ကျောင်းကောင်စီထဲမ၀င်ချင်ပါဘူး ဒါပေမယ့် မင်းတို့နှစ်ယောက်ရဲ့ သံသယဝင်စရာကောင်းတဲ့လုပ်ရပ်က ငါ့ကိုဝင်ချင်လာအောင် ဖြားယောင်းခဲ့တယ် ”
“ ငါတို့တို့ဘိန်းမှောင်ခိုလုပ်နေတယ်ဆိုတာ မင်းရှာတွေ့သွားပြီဆိုရင် ရဲကိုဘာလို့မခေါ်တာလဲ ?” လီထူ မေးလိုက်သည်။“ ငါတို့ဘိန်းကို ခိုးမလို့လား?”
“ ဘိန်းရောင်းပြီး ရတဲ့ငွေက ငါ့အတွက် မျက်စိဆံပင်မွေးစူးစရာပဲ”
ကျန်းဝူ တဲ့ ယွဲ့ဂူးဇွေတို့က မူးယစ်ဆေးဝါး ကုန်ကူးသူတွေကို အမုန်းဆုံးဖြစ်သည်။
“ လက်နက်ရောင်းတာနဲ့ နှိုင်းယှဉ်ရင် ဘိန်းရောင်းတာက ဘာမှမဟုတ်ဘူး”လို့ လီထူ ပြောလိုက်သည်။“ နီရှန့် နဲ့ ထန်းလောင် တို့က လက်နက်စျေးကွက်ကို လက်ဝါးကြီးအုပ်ထားကြတယ်။ ငါတို့ဘိန်းစျေးကွက်ရဲ့ ဝေစုကို စွန့်လွှတ်မှာမဟုတ်ဘူး”
“ ငါ့ရဲ့နယ်မြေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ငါမုန်းတယ်။ မင်းတို့နှစ်ယောက်လုံး ရဲတွေဆီမှာ ကိုယ်တိုင်လက်နက်ချအညံ့ခံသင့်တယ်”
“လက်နက်ချရမယ် ?” မိန်ကျား မေးလိုက်သည် ။ သူလည်းပဲ သူ့သေနတ်ကိုထုတ်ပြီး ကျန်းဝူကို ချိန်ထားသည်။ “ နုံအလိုက်တဲ့ကောင်လေး ”
ကျန်းဝူက မိန်ကျားနဲ့ လီထူတို့ရဲ့ နုံအခြင်းကို ရယ်မောလိုက်တယ်။
ကျန်းဝူက လက်တစ်ဖက်နဲ့ လူစီရဲ့မျက်လုံးကို ကာလိုက်သည်။သူမ သေနတ်သံနှစ်ချက်ချက်ကို ကြားပြီးနောက် လီထူ နဲ့ မိန်ကျားတို့ရဲ့ အော်သံကိုကြားလိုက်ရတယ်
“ အရမ်းဒုက္ခမရောက်ခင် မင်းတို့နှစ်ယောက်ကို ကိုယ်တိုင်လက်နက်ချဖို့ ငါ ပြောနေတာပဲ။မင်းတို့နှစ်ယောက်အတွက် ငါရဲတွေခေါ်ထားတယ်။ရဲတွေ ဒီကိုမရောက်ခင် မင်းတို့ရဲ့ဒဏ်ရာတွေက မင်းတို့ကိုမသတ်ပါဘူး ”
ကျန်းဝူက လူစီရဲ့ခါးကို သူ့ရဲ့လက်နဲ့ပတ်လိုက်ပြီး သူတို့ကို အပြင်သို့ ဦးဆောင်ခေါ်သွားလိုက်သည်။
ရဲတွေရောက်လာပြီးနောက်တွင် သူတို့က လီထူ နဲ့ မိန်ကျားတို့ထံမှ လာဘ်ထိုးမှုများကို လက်မခံခဲ့ပေ။
“ကျန်းဝူက ဘယ်သူလဲဆိုတာ မင်းတို့နှစ်ယောက်သိကြလား? ”လို့ ရဲတစ်ဦးက မေးလိုက်တယ်။ “ကျန်းဝူ ရဲ့အဖေက နီရှန့် ခေါင်းဆောင်ဖြစ်ပြီး အမျိုးသားလုံခြုံရေးဌာနရဲ့ အကြီးအကဲပဲ။သူ့အဖေ အငြိမ်းစားယူပြီးတဲ့နောက် ကျန်းဝူက သူ့ရဲ့ဆက်ခံသူဖြစ်လာလိမ့်မယ်။ဒီသေးငယ်တဲ့ ဘိန်းလာဘ်ထိုးမှုလေးက မင်းတို့နှစ်ယောက်ကို ကယ်တင်ဖို့မလောက်ဘူး။ငါ့ကို မင်းတို့နှစ်ယောက်ကို ဖမ်းဆီးခွင့်ပြုတဲ့ ကျန်းဝူကို မင်းတို့နှစ်ယောက် ကျေးဇူးတင်သင့်တယ်။ တကယ်လို့ မင်းတို့နှစ်ယောက် နီရှန့်လက်ထဲကို ရောက်သွားရင်တော့ မင်းနှစ်ယောက်အတွက် သေခြင်းက ပေါ့ပေါ့ပါးပါးအပြစ်ပေးလိမ့်မယ်။မင်းတို့အဖေတွေက ဘဝအတွက် ထောင်ချခံထားရတဲ့ မင်းတို့နှစ်ယောက်ကို ကယ်ဖို့မတတ်နိုင်တော့ဘူး။ ဒါက နီရှန့် ခေါင်းဆောင်တစ်ယောက်ကို တစ်ယောက်ယောက်က စိတ်ဆိုးအောင်လုပ်တဲ့အခါ ဘာဖြစ်လာသလဲဆိုတာပဲ”
“ ဒီလူမိုက်နှစ်ယောက်ကို စကားပြောဖို့ မင်းရဲ့ဝင်သက်ထွက်သက်ကို ဖြုန်းစရာမလိုပါဘူး ”လို့ တခြားရဲက ပြောလိုက်တယ်။
ရဲများက သွေးထွက်နေသော လီထူ နှင့် မိန်ကျားတို့ကို ရဲကားနောက်သို့ ချပစ်လိုက်သည်။
ကျန်းဝူက လူစီနဲ့အတူ သူမရဲ့အိမ်သို့ လမ်းလျှောက်သွားခဲ့တယ်။ သူမက ရုတ်တရက်လှည့်လာပြီး သူ့ရဲ့ပါးကိုနမ်းလိုက်တယ်။ လပြည့်ညမှာ သူမကလှပနေတယ်လို့ သူထင်မိတယ် ပြီးတော့ သူမနမ်းတာလိုက်ကို သူနှစ်သက်တယ်။
“ ဒါကကံကောင်းတဲ့ အနမ်းပဲ”လို့ လူစီ ပြောလိုက်တယ်။
တစ်ချိန်တုန်းက ပြိုင်ပွဲမတိုင်မီ မိန်းကလေးငယ်တစ်ဦးက သူ့ရဲ့ပါးကိုနမ်းပြီး သူမရဲ့အနမ်းက ကံကောင်းတဲ့အနမ်းဖြစ်လို့ သူ့ရဲ့အောင်မြင်မှုကို ကူညီလိမ့်မည်လို့ ပြောခဲ့တာကို ကျန်းဝူ သတိရသွားခဲ့တယ်။
“ နင် ကျောင်းကောင်စီထဲ ဝင်မယ်လို့ကတိပေးထားတယ်နော်။နင့်ရဲ့ကတိကို ဖောက်ဖျက်လို့မရဘူး။ခွေးလေးတွေပဲ ကတိတွေကို ဖောက်ဖျက်လို့ရတယ်။ နင် ဘာလို့ပြုံးနေတာလဲ ?”
ကျန်းဝူ ပြုံးပြီး လူစီ နဲ့ တိတ်ဆိတ်စွာ လမ်းလျှောက်နေခဲ့တယ်။
💙17.7.2021
...........................................................................
Zawgyi
“ က်န္းဝူ ” ဟု လင္းထ်န္း ေခၚလိုက္သည္။
က်န္းဝူ အေနာက္ဘက္လွည့္လိုက္ၿပီး လင္းထ်န္ နဲ႔ လီထူတို႔ကို ၾကည့္ရတာအကြၽမ္းတဝင္႐ွိတယ္လို႔ က်န္းဝူ ထင္ခဲ့သည္။
“ဘာ႐ွိလို႔လဲ?” လို႔က်န္းဝူေမးလိုက္သည္။
“ နင့္ကိုေက်ာင္းေကာင္စီမွာ ဝင္ခိုင္းေစခ်င္တယ္”
လင္းထ်န္က က်န္းဝူကို ေႏြးေထြးစြာစကားေျပာေနတာေၾကာင့္ လီထူမနာလို ျဖစ္ေနသည္။
“စိတ္မေကာင္းပါဘူး။ ငါစိတ္မဝင္စားဘူး ”
“ ေက်ာင္းေကာင္စီ ၀င္ျဖစ္ရတဲ့အတြက္ အက်ိဳးေက်းဇူးေတြ႐ွိတယ္ေလ ”
က်န္းဝူက ေကာလိပ္ေ႐ွ႕တံခါး အျပင္ဘက္ကို ေလွ်ာက္သြားခဲ့သည္။ ဟူရန္းဒီက သူ႕ကိုကားျဖင့္တင္ေခၚၿပီး ယြဲ႕ ကုမၸဏီဆီကို သြားဖို႔လာေခၚေနၿပီ။
“တကယ္လို႔ ငါကနင့္ကိုေက်ာင္းေကာင္စီထဲ ဝင္ေစခ်င္တာပါဆိုရင္ နင္ဘာလုပ္မွာလဲ”
က်န္းဝူ ဟာ ဆင္းရဲေပမဲ့ သူကေက်ာင္းဝင္းထဲမွာ အေခ်ာဆုံးေယာက်္ားေလးလို႔ လင္းထ်န္ထင္မိတယ္။ အကယ္၍ က်န္းဝူက သူမကို တိတ္တိတ္ေလး ခ်စ္ေနမယ္ဆိုရင္ သူကသူမအတြက္ ေက်ာင္းေကာင္စီတြင္ ႐ွိလိမ့္မည္ဟု ထင္ခဲ့သည္။
“စိတ္မေကာင္းပါဘူး”လို႔ က်န္းဝူ ေျပာလိုက္သည္။ သူကယဥ္ေက်းစြာ ျပဳံးျပလိုက္သည္။ “ ငါေက်ာင္းေကာင္စီထဲကိုဝင္ဖို႔ကို တကယ္စိတ္မဝင္စားလို႔ပါ ”
က်န္းဝူရဲ႕အျပဳံးက လင္းထ်န္ရဲ႕ ႏွလုံးသားကို အခုန္ျမန္ေစခဲ့သည္။
က်န္းဝူ က ဟူရန္းဒီ ရဲ႕ကားကို ေတြ႕လိုက္တယ္။ ဟူရန္းဒီရဲ႕ ရည္းစားက ဟူရန္းဒီရဲ႕ ကားအျပင္ဘက္တြင္ ေစာင့္ေနသည္။
"မဂႅလာပါ " စုေ႐ွာင္းယာ ႏႈတ္ဆက္လိုက္သည္။
က်န္းဝူက သူမရဲ႕ CEOဆိုတာကို စုေ႐ွာင္းယာ ႐ွာေဖြေတြ႕႐ွိခဲ့သည္။
“ မဂႅလာပါ ။ဦးေလး ဟူရန္းေကာ”
“ သူတိတ္ဆိတ္တဲ့ေနရာမွာ ဖုန္းေျပာေနတယ္”
က်န္းဝူ ျပဳံးလိုက္ရင္ အရမ္းေခ်ာတယ္လို႔ စုေ႐ွာင္းယာ ထင္မိသည္။ ဒါေပမယ့္ သူမရဲ႕CEOကို ေငးမၾကည့္ရဲဘူး။ သူမရဲ႕ေခါင္းကို ငုံ႔ထားလိုက္သည္။သူမ ကေလးကိုေဆးစစ္ဖို႔ ေဆး႐ုံသို႔သြားေသာအခါ ဟူရန္းဒီက ေဆး႐ုံတြင္႐ွိေနၿပီး သူမကို ယြဲ႕ ကုမၸဏီသို႔ ပို႔ေဆာင္ခ်င္ေၾကာင္းကို သူဘာေၾကာင့္ေျပာခဲ့တာလဲဆိုတာ သူမ မသိခဲ့ေပ။
လင္းထ်န္ နဲ႔ လီထူတို႔ က်န္းဝူေနာက္လိုက္လာခဲ့ၾကသည္။ အေၾကာင္းမွာ သူတို႔က က်န္းဝူနဲ႔စကားေျပာေနတဲ့သူကို သိခ်င္ေသာေၾကာင့္ျဖစ္သည္။ က်န္းဝူက စုေ႐ွာင္းယာနဲ႔ စကားေျပာေနတာကို ျမင္ေတာ့ လီထူ အံ့အားသင့္သြားခဲ့ၿပီး သူက စုေ႐ွာင္းယာ ကို သီးသန္႔စကားေျပာဖို႔ ေဘးဘက္သို႔ ဆြဲေခၚသြားသည္။
“ အစ္မ ၊ဒီမွာဘာလုပ္ေနတာလဲ”လို႔ လီထူ ေမးလိုက္သည္။“ကြၽန္ေတာ့အစ္ကိုက အစ္မကို ပိုက္ဆံမေပးႏိုင္တာေၾကာင့္ ကြၽန္ေတာ္႕ဆီမွာ ပိုက္ဆံလာေတာင္းတာလား။မေႏွာင့္အယွက္မေပးပါနဲ႔ေတာ့။ လီ မိသားစုက ဘယ္သူကမွ အစ္မကိုေနာက္ထပ္ ေဒၚလာေတြေပးမွာမဟုတ္ဘူး။ အစ္မလိုမ်ိဳး ေလာဘႀကီးတဲ့လူတစ္ေယာက္ကို ပိုက္ဆံေတြေပးေနတဲ့ ကြၽန္ေတာ့္အစ္ကိုကသာ မ်က္စိကန္းေနတာ။ အစ္မကို တစ္ေဒၚလာေတာင္ ကြၽန္ေတာ္ေပးမွာမဟုတ္ဘူး။ ကြၽန္ေတာ့္အစ္ကိုက ေနာက္ထပ္မိန္းမတစ္ေယာက္နဲ႔ လက္ထပ္သြားၿပီ။သူ႕ရဲ႕အခ်စ္ေရးမွာ ဝင္မစြက္ဖက္ပါနဲ႔ေတာ့”
“ ဘာျပႆနာ႐ွိလို႔လဲ ”ဟူရန္းဒီက စုေ႐ွာင္းယာကို ေမးလိုက္သည္။
“ ဘာမွမ႐ွိပါဘူး ”လို႔ စုေ႐ွာင္းယာ ျပန္ေျပာလိုက္သည္။ “ လီထု ၊ ေမာင္ေလးရဲ႕ အစ္ကိုနဲ႔အစ္မ ၾကားမွာျဖစ္ခဲ့တာက ေမာင္ေလးနဲ႔ဘာမွမဆိုင္ပါဘူး ။အစ္မဒီကိုလာတာက ေမာင္ေလးကို ေတြ႕ဖို႔မဟုတ္ဘူး။ ေမာင္ေလးရဲ႕ အစ္ကို နဲ႔ အစ္မက ကြာ႐ွင္းၿပီးသြားၿပီ။ သူလိုခ်င္တဲ့သူ ဘယ္သူမဆိုကို သူလြတ္လြတ္လပ္လပ္ လက္ထပ္ႏိုင္တယ္။ေမာင္ေလးရဲ႕အစ္ကိုလို ေအးစက္တဲ့ႏွလုံးသားနဲ႔လူကို အစ္မလည္း ဘာမွလုပ္ခ်င္မေနပါဘူး”
စုေ႐ွာင္းယာရဲ႕ အေနာက္ဘက္တြင္ ဟူရန္းဒီ ရပ္ေနတာကို လီထူ ျမင္ေသာအခါ ဘာေၾကာင့္မို႔ စုေ႐ွာင္းယာက သူ႕အား အသံကိုလႊမ္းေနေအာင္ ေျပာရဲေနရတာလဲဆိုတာကို သူသေဘာေပါက္သြားခဲ့သည္။
“ အစ္မ ၊ အစ္မဘာေၾကာင့္ ေသြးႀကီးသလိုသ႐ုပ္ေဆာင္ေနရတာလဲဆိုတာကို ကြၽန္ေတာ္ ျမင္ပါတယ္။ အစ္မကိုေထာက္ပံ့ေပးမယ့္ သူတစ္ေယာက္ကို အစ္မ႐ွာေတြ႕သြားၿပီပဲ။ အစ္မက အ႐ွက္မ႐ွိဘူး။ကြၽန္ေတာ္႕အစ္ကို နဲ႔ အစ္မနဲ႔ ကြာ႐ွင္းလိုက္တာေတာင္ ဘယ္ေလာက္မွမ႐ွိေသးဘူး ေနာက္ထပ္ေယာက်္ားတစ္ေယာက္ကိုေတာင္ အစ္မက ဖ်ားေယာင္းေသြးေဆာင္ၿပီးေနၿပီ။ေယာက်္ားတစ္ေယာက္ မ႐ွိဘဲ တစ္ရက္ေလာက္မေနႏိုင္ဘူးလား? ဘယ္ေယာက်္ားနဲ႔မဆို ေငြအတြက္နဲ႔ ဘယ္လိုေတာင္အိပ္ႏိုင္ရတာလဲ။သူက အစ္မကို တစ္လဘယ္ေလာက္ေပးလဲ။ကြၽန္ေတာ္ အစ္ကိုလို ေဒၚလာ၃ေသာင္းလား ဒါမွမဟုတ္ အဲ့ထက္ပိုမ်ားလား ”
စုေ႐ွာင္းယာ လီထူရဲ႕ပါးကို ႐ိုက္ပစ္လိုက္သည္။
“ တကယ္လို႔ မင္းကိုလူေတြ ေလးစားတာလိုခ်င္တယ္ဆိုရင္၊ အရင္ဆုံး တျခားသူေတြကို ဘယ္လိုေလးစားရမလဲဆိုတာကို သင္ယူဖို႔လိုတယ္ ။ ဒါေပမယ့္ လီ မိသားစု မွာ ဘယ္သူကမွ ႐ိုေသေလးစားဆိုတဲ့ သေဘာတရားကို နားမလည္ၾကဘူး။စိတ္မပူပါနဲ႔။အစ္မကလည္း လီ မိသားစုနဲ႔ ဘာမွလည္းလုပ္ခ်င္မေနပါဘူး ။ မင္းတို႔ကငါ့အတြက္ေတာ့ သူစိမ္းေတြပဲ”
“ ခင္မ်ားက ကြၽန္ေတာ္႕ကို႐ိုက္ရဲတာလား'။ ခင္မ်ားမွာ ေသဖို႔ဆႏၵ႐ွိေနတာလား”
လီထူက စုေ႐ွာင္းယာကို႐ိုက္ဖို႔ လက္ကိုေျမႇာက္လိုက္ေပမယ့္ ဟူရန္းဒီ က စုေ႐ွာင္းယာရဲ႕ အေနာက္မွာရပ္ေနတာေၾကာင့္ သူ႕ရဲ႕လက္ကိုခ်လိုက္တယ္။
“ ခင္ဗ်ားဒီအမ်ိဳးသမီးနဲ႔ေနမယ္ဆိုတာကို ျပန္စဥ္းစားသင့္တယ္။ ဒီအမ်ိဳးသမီးနဲ႔ အတူေနၿပီး လီ မိသားစုကို အမွားမလုပ္ခ်င္ဘူးဆိုရင္ေပါ့”
“ငါကစိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္ခ်င္တယ္ဆိုရင္ေကာ မင္းကဘာလုပ္မွာလဲ?” လို႔ ဟူရန္းဒီေမးလိုက္သည္။
စုေ႐ွာင္းယာက ဟူရန္းဒီကို သူမရဲ႕႐ႈပ္ေထြးမႈထဲ မပါဝင္ေစခ်င္ဘူး။ သူမ ဟူရန္းဒီရဲ႕ လက္ကိုဆြဲလိုက္ၿပီး သူ႕ကားဆီသို႔ ျပန္ဆြဲေခၚသြားလိုက္သည္။
“သြားရေအာင္ ” လို႔ စုေ႐ွာင္းယာေျပာလိုက္သည္။
က်န္းဝူက ဟူရန္းဒီရဲ႕ကားထဲမွ အေနာက္ခုံကေန တိုက္႐ိုက္လႊင့္ေနတဲ့ ဒရမ္မာကို ၾကည့္ေနသည္။ က်န္းဝူက ဟူရန္းဒီကို လီထူ အား ႐ိုက္ႏွက္ျခင္းမျပဳခဲ့သည့္အတြက္ စိတ္ပ်က္ခဲ့သည္။ဟူရန္းဒီက စုေ႐ွာင္းယာ ႏွင့္အတူ ကားဆီသို႔ျပန္လာၿပီးေနာက္ ဟူရန္းဒီ ကသူတို႔ကို ယြဲ႕ ကုမၸဏီသို႔ ပို႔ေဆာင္ေပးလိုက္သည္။
လင္းထ်န္က က်န္းဝူရဲ႕နာမည္ကို ေခၚဖို႔နဲ႔ သူ႕ကိုေနဖို႔ ေတာင္းဆိုခဲ့ရတာေၾကာင့္ သူအရမ္းဂုဏ္ယူေနသည္။ဘာေၾကာင့္လဲဆိုေတာ့ က်န္းဝူက သူမကို ၂ ႀကိမ္ ျငင္းပယ္ခဲ့တာေၾကာင့္ျဖစ္သည္။
ယြဲ႕ ကုမၸဏီမွ က်န္းဝူ အိမ္သို႔ျပန္ေရာက္ခ်ိန္တြင္ ယြဲ႕နီက CD(ေခြ) မ်ားကိုလွန္ေလွာေနျပ္ိီး က်န္းက်န္းက ယြဲ႕ဒီရိကို ႏို႔ဘူးတိုက္ေနသည္။ယြဲ႕ဒီရိက ၁၄ လ အ႐ြယ္႐ွိၿပီး က်န္းမာတဲ့ ကေလးငယ္တစ္ဦး ျဖစ္သည္။ ယြဲ႕ဒီရိ သူတို႔မိသားစုထဲ ဝင္လာကတည္းက ယြဲ႕ဂူးေဇြရဲ႕ စိတ္အေျခအေနက တိုးတက္လာတယ္။ဘာေၾကာင့္လဲဆိုေတာ့ က်န္းက်န္း ဓာတ္ခြဲခန္းထဲမွာ စမ္းသပ္မႈလုပ္ေနစဥ္ ယြဲ႕ဂူးေဇြက ယြဲ႕ဒီရိကို ၾကည့္႐ႈ႕ေစာင့္ေ႐ွာက္ၿပီး အလုပ္မ်ားေနတာေၾကာင့္ျဖစ္တယ္။
“ က်န္းဝူ ၊သားရဲ႕ညီမ ဘာေတြ႐ွာေနတာလဲ?”လို႔ က်န္းက်န္း ေမးလိုက္သည္။
“ သက္ေသအေထာက္အထားနဲ႔ ပတ္သက္တဲ့တစ္ခုခုကို ႐ွာေနတာေလ ။သူမကို လႊတ္ထားလိုက္ပါ”
ယြဲ႕ဒီရိရဲ႕ ဗိုက္ေလးကို က်န္းဝူကလိထိုးလိုက္သည္။
“ ေ႐ွာင္ဒီရိ ၊ေကာေကာ လို႔ ေျပာႏိုင္လား?”
“ က်န္းဝူ ၊ေ႐ွာင္ဒီရိက စကားေျပာဖို႔ အရမ္းငယ္ေသးတယ္”
“ မာမား ၊ သားတို႔ရဲ႕ ေ႐ွာင္ဒီရိက စမတ္က်တဲ့ကေလးပဲ”
က်န္းဝူက ယြဲ႕ဒီရိရဲ႕ ဗိုက္ကိုကလိထိုးလိုက္ေတာ့ ယြဲ႕ဒီရိက ရယ္ခဲ့သည္။
ယြဲ႕ဒီရိက က်န္းဝူ သူ႕အားစကားေျပာေစခ်င္တာကိုေတာ့ နားမလည္ေပ။ ဒါေပမယ့္ သူ က်န္းဝူ ကို ေတြ႕ရတာကိုေတာ့ ေပ်ာ္သည္။
ယြဲ႕ဒီရိက က်န္းဝူနဲ႔ ရယ္ေနတာေၾကာင့္ က်န္းက်န္း
မနာလိုျဖစ္ေနတယ္။ေန႔စဥ္ေန႔တိုင္း သူမကယြဲ႕ဒီရိကို ႏို႔ဘူးတိုက္ေပးၿပီး ကစားေနခဲ့ေပမယ့္ ယြဲ႕ဒီရိက သူမနဲ႔႐ွိေနရင္ ရယ္ေမာျခင္းမ႐ွိေပ။
“ ကိုကိုေရ ညီမေလး အဲ့တာကို ႐ွာေတြ႕ၿပီ! ”
က်န္းက်န္းက ယြဲ႕နီရဲ႕ ေနာက္တီးေနာက္ေတာက္ဟန္ကို အသုံးျပဳခဲ့သည္။ သူမက ယြဲ႕ဒီရိနဲ႔ ဆက္ၿပီးကစားေနကာ က်န္းဝူကို ယြဲ႕နီနဲ႔ ေတြ႕ဆုံခြင့္ျပဳခဲ့သည္။
“ ကိုကို ၊ ပိုင္း fox ႐ိုက္ထားတာကို ၾကည့္ပါ ဦး” “အဲ့တာက ဒယ့္ဒီ့ရဲ႕ပါး နဲ႔ တျခားအမ်ိဳးသမီးရဲ႕ ေနာက္ေက်ာပဲ။ငါ့ဒယ္ဒီကေတာ့ ဘဝႏွစ္ခုနဲ႔ ေနေနတာကို ငါမယုံႏိုင္ဘူး။ မားမားရဲ႕ ေနာက္ကြယ္မွာ ဒယ္ဒီက တျခားမိန္းမနဲ႔ လက္ထပ္ထားတယ္”
“ယြဲ႕နီ ၊ညီမေလးကေတာ့ ကန္းသြားၿပီ ”လို႔ က်န္းဝူေျပာလိုက္သည္။ဒီအမ်ိဳးသမီးရဲ႕ ေနာက္ေက်ာက က်န္းက်န္းငယ္ငယ္တုန္းကဆိုတာကို က်န္းဝူ သတိျပဳမိခဲ့တယ္။ “ ပါးပါးကလက္ထပ္ထားတဲ့သူက မားမား တစ္ေယာက္တည္းပဲ”
“ကိုကိုရယ္ ၾကည့္လိုက္စမ္းပါဦး ။ ဒယ္ဒီကလွည့္ၿပီး တျခားမိန္းမကို အျမတ္တႏိုးနဲ႔ၾကည့္ေနတယ္ ။ဒယ္ဒီက မားမားကို ဒီလိုမ်ိဳးဘယ္လိုၾကည့္မွာလဲ? ဒီ CD ကို မားမားကိုသြားျပမယ္”
“ တျခားမိန္းမဆိုတာက ဘာလဲ?”က်န္းက်န္း ေမးလိုက္သည္။
က်န္းက်န္းက ယြဲ႕ဒီရိကို ယြဲ႕နီ နဲ႔ က်န္းဝူ တို႔ laptopၾကည့္ေနသည့္ေနရာဆီကို သယ္ေဆာင္လာခဲ့သည္။
“မား ၾကည့္လိုက္ပါဦး ၊ဒယ္ဒီက တျခားမိန္းမကို လက္ထပ္ခဲ့တယ္”
က်န္းက်န္းဟာ ဒီဗီဒီယိုကိုၾကည့္လိုက္ေတာ့ ငယ္႐ြယ္တဲ့သူမကိုယ္တိုင္က ငယ္႐ြယ္တဲ့ ယြဲ႕ဂူးေဇြကို လွည့္ၿပီးျပဳံးျပေနတာကို ေတြ႕လိုက္ရသည္။အဲ့တာက သူတို႔ရဲ႕ ပထမဆုံးမဂၤလာေဆာင္တဲ့ေန႔ ျဖစ္သည္။
မွတ္ဥာဏ္ေတြေပ်ာက္ဆုံးသြားတဲ့အခ်ိန္မွာ က်န္းက်န္း ကသူမရဲ႕ငယ္႐ြယ္တဲ့ကိုယ့္ကိုယ္ကိုျပဳံးျပခဲ့တယ္ ။ ငယ္႐ြယ္တဲ့ ယြဲ႕ဂူးေဇြ က ငယ္႐ြယ္ေနဆဲ ျဖစ္တဲ့သူမကို လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးခ်င္လား လို႔ေမးခဲ့တယ္ ။ အဲ့အခ်ိန္မွာ သူမရဲ႕ငယ္႐ြယ္တဲ့ပုံရိပ္ေလးက အ႐ူးတစ္ေယာက္လို ေခါင္းညိမ့္ခဲ့တယ္ ။ သူမရဲ႕ငယ္႐ြယ္တဲ့ ပုံရိပ္ေလးက လက္မွတ္ထိုးၿပီးသြားခ်ိန္မွာ ယြဲ႕ဂူးေဇြ က သူ႕နဲ႔လက္ထပ္လိုက္တာကို ေနာင္တရလားလို႔ေမးခဲ့ၿပီး ငယ္႐ြယ္ေနေသးတဲ့ သူမကိုယ္တိုင္က သူမရဲ႕ ေခါင္းကိုခါခဲ့တယ္။
“ ယြဲ႕ဂူးေဇြ!”
က်န္းက်န္းရဲ႕ မွတ္ဉာဏ္ေတြေပ်ာက္ဆုံးေနတဲ့အခ်ိန္မွာ ပထမဆုံးအႀကိမ္ ယြဲ႕ဂူးေဇြက သူ႕ကိုလက္ထပ္ထိမ္းျမားဖို႔ လွည့္စားခဲ့တယ္ဆိုတဲ့ အေထာက္အထားက်န္းက်န္းမွာ ႐ွိေနၿပီ။
“ ကိုကို ၊ေဖေဖေလးက ညီမေလးကို ေတြ႕ခ်င္တယ္လို႔ေျပာတာကို အခုမွသတိရတယ္။ ညီမေလး ေဖေဖေလးရဲ႕ အိမ္ကိုသြားၿပီေနာ္။Bye ”
က်န္းဝူ ေခါင္းခါလိုက္သည္။ ယြဲ႕နီ ျပႆနာ႐ွာၿပီး ထြက္ေျပးတာက ပုံမွန္အတိုင္းပါပဲ။ သူ ယြဲ႕ဒီရိကို လက္ထဲမွာခ်ီထားၿပီး ယြဲ႕ဒီရိ ရဲ႕ ပါးကိုနမ္းလိုက္တယ္။
“ ေ႐ွာင္ဒီရိ ၊ ေကာေကာက ေ႐ွာင္ဒီရိေလးကို ညစာေကြၽးမယ္ေနာ္ ။မားမားက အခ်ိန္ေတာ္ေတာ္ၾကာ အလုပ္႐ႈပ္ေနဦးမွာ”
ယြဲ႕ဒီရိက က်န္းဝူနဲ႔ ရယ္ေနခဲ့သည္။
က်န္းက်န္းက ယြဲ႕ဂူးေဇြကို စိတ္ဆိုးေနတာေၾကာင့္ ဓာတ္ခြဲခန္းထဲသို႔ ျပန္သြားခဲ့သည္။
က်န္းဝူက ယြဲ႕ဒီရိ ကို ထမင္းစားခန္းထဲ သယ္ေဆာင္လာသည္။
“ မင္းရဲ႕ညီမေကာ ”
“ သူ႕ရဲ႕ေဖေဖေလးအိမ္ကို သြားလိုက္တယ္”
“က်န္းဝူ ၊ သားနဲ႔ ေ႐ွာင္ဒီရိ တို႔ ညစာစားသင့္ၿပီ” လို႔ေျပာၿပီး ယြဲ႕ဂူးေဇြ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
က်န္းဝူက ထမင္းစားပြဲဝိုင္တြင္ ထိုင္ၿပီး ယြဲ႕ဒီရိကို သူ႕ရဲ႕ေပါင္ေပၚတင္၌တင္ကာ ေျမႇာက္ခ်ည္ခ်ခ်ည္(တကူးကူးစီးတမ္း)ကစားေနခဲ့သည္။
“ က်န္းဝူ ၊ မင္းရဲ႕ဦးေလး ဝို က ေနာက္လမွာ သတင္းစာ႐ွင္းလင္းပြဲ လုပ္ခ်င္ေနတယ္။ သူကမင္းကို ယြဲ႕ ကုမၸဏီရဲ႕စီအီးအိုဆိုတာ လူသိ႐ွင္ၾကားေၾကညာခ်င္တယ္တဲ့ ”
“ဘာလို႔လဲ?”
“မင္းရဲ႕ ဦးေလး ဝို က အိမ္ေထာင္ျပဳၿပီး သူ႕ဇနီးနဲ႔ကေလးေတြကို အာ႐ုံစိုက္ခ်င္လို႔တဲ့ေလ”
ဝိုတထ်န္းက အျပင္လူျဖစ္ေသာ္လည္း သူကလူးဝစ္အေပၚမွာ အၿမဲသစၥာ႐ွိတယ္ဆိုတာကို ယြဲ႕ဂူးေဇြသိတယ္။ ယြဲ႕ ကုမၸဏီရဲ႕မန္ေနဂ်ာအျဖစ္ ဝိုတထ်န္းက က်န္းဝူ ကို ကူညီလိမ့္မယ္လို႔ ယြဲ႕ဂူးေဇြ ယုံၾကည္ခဲ့တယ္။ဝိုတထ်န္းက ယြဲ႕ ကုမၸဏီမွ တရားဝင္ထြက္ခြာသြားေတာ့မွာကို ျမင္ရေတာ့မွာျဖစ္တဲ့အတြက္ ယြဲ႕ဂူးေဇြ စိတ္မေကာင္းျဖစ္မိတယ္။ဘာေၾကာင့္လဲဆိုေတာ့ သစၥာ႐ွိၿပီး အလုပ္ႀကိဳးစားတဲ့ ၀န္ထမ္းတစ္ဦးကို႐ွာေတြ႕ဖို႔က ခဲယဥ္းတာေၾကာင့္ျဖစ္တယ္။
“ ဦးေလး ဝို ရဲ႕ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္ ေထာက္ခံတယ္”
အဂၤါေန႔တြင္ က်န္းဝုက ေကာလိပ္တြင္ စက္ဘီးကိုေသာ့ခတ္ေနတဲ့အခ်ိန္မွာ လူတစ္ေယာက္က က်န္းဝူကို ဓားျဖင့္ၿခိမ္းေျခာက္ခဲ့သည္။
“ ခင္မ်ားကို ဘယ္သူလႊတ္လိုက္တာလဲ?”လို႔ က်န္းဝူေမးလိုက္သည္။
ထိုလူက က်န္းဝူရဲ႕ မ်က္ႏွာေ႐ွ႕မွာ ဓားကိုေဝွ႔ယမ္းေနသည္။
“ကြၽန္ေတာ္ဓားေတြနဲ႔ ကစားရတာကို ဘာေၾကာင့္ႀကိဳက္လဲဆိုတာ ခင္မ်ားသိလား? ခင္မ်ားရဲ႕ ဓားကိုမသိမ္းဘူးဆိုရင္ ဘာေၾကာင့္ကြၽန္ေတာ္ႀကိဳက္ရတာလဲဆိုတာကို ျပရတာေပါ့။ခင္မ်ားရဲ႕ မ်က္ႏွာကိုအပိုင္း၂၀၀ေလာက္ အစိတ္စိတ္အပိုင္းပိုင္းျဖတ္ေပးၿပီး လက္ရာေျမာက္တဲ့ အႏုပညာလက္ရာတစ္ခုလုပ္ဖို႔ ကြၽန္ေတာ္သုံးေပးပါ့မယ္”
“ မိန္က်ား နဲ႔ လီထူတို႔က မင္းကိုသင္ခန္းစာေပးေပးဖို႔ ငါ့ကိုေျပာလာလို႔ပါ”
“ဘာေၾကာင့္လဲ?”
“မင္းကို ေက်ာင္းေကာင္စီအဖြဲဝင္မျဖစ္လာဖို႔အတြက္ ငါဘယ္နည္းလမ္းဘဲသုံးသုံး သူတို႔ဂ႐ုမစိုက္ဘူးလို႔ ေျပာတယ္”
က်န္းဝူရဲ႕ လွ်ိဳ႕ဝွက္အေစာင့္ႏွစ္ေယာက္က အရိပ္ေတြထဲမွ ထြက္လာသည္။
“ ဒီလူကို ကိုင္တြယ္ေျဖ႐ွင္းလိုက္”
“ဟုတ္ကဲ့ သခင္ေလး ” အေစာင့္ႏွစ္ေယာက္က တစ္ၿပိဳင္တည္းေျဖလိုက္ၾကသည္။
မိန္က်ား နဲ႔ လီထူ တို႔က သူ႕ကိုသတ္ဖို႔ တစ္စုံတစ္ေယာက္ကို လႊတ္ၿပီး ဘာအကြက္ေတြေ႐ႊ႕ဖို႔ လုပ္ေနတာလဲဆိုတာကို က်န္းဝူ မသိေပ။ တကယ္လို႔သူ ေက်ာင္းေကာင္စီထဲဝင္ၿပီး အေျဖ႐ွာမယ္ဆိုရင္ အဲ့တာက က်န္းဝူအတြက္ေတာ့ မခက္ခဲေပ။
က်န္းဝူ tutorialခန္းထဲဝင္လာတဲ့အခါ က်န္းဝူက ေနာက္ဆုံးမွာေတာ့ ေက်ာင္းေကာင္စီထဲဝင္ဖို႔ သေဘာတူလိုက္တာကို လူစီ ၀မ္းသာေနသည္။
လူစီ က်န္းဝူကို ဖက္လိုက္ၿပီး သူ႕ကိုျပဳံးျပလိုက္သည္။
“ က်န္းဝူ ၊ နင္သေဘာတူမယ္ဆိုတာ ငါသိတယ္။ နင္ေက်ာင္းေကာင္စီထဲ ၀င္လာေပးတဲ့အတြက္ ငါအရမ္းဝမ္းသာတယ္”
က်န္းဝူက အျခားလူေတြ သူ႕ကိုလာဖက္တာကို မႀကိဳက္ေပ။ ဒါေပမယ့္ လူစီ ေပ်ာ္ေနတာကိုျမင္ေတာ့ သူလည္းေပ်ာ္မိတယ္။ဒါေၾကာင့္ အခ်ိန္ဘယ္ေလာက္ၾကာၾကာ သူမလိုခ်င္သေလာက္ သူ႕ကိုဖက္ခြင့္ျပဳလိုက္သည္။
ေနာက္ေတာ့ ေက်ာင္းေကာင္စီအစည္းအေဝးခန္းမ၌ ေက်ာင္းေကာင္စီမွ လူတိုင္းက မိန္က်ားနဲ႔ လီထူတို႔မွအပ က်န္းဝူကို အတြင္းေရးမႉးအျဖစ္ ေ႐ြးခ်ယ္ခဲ့ၾကသည္။
ညအခ်ိန္တြင္ က်န္းဝူက ေကာလိပ္ထဲကို ခိုးဝင္ခ်င္ခဲ့တယ္။
“ နင္ အထဲကို ဝင္ခ်င္လို႔လား?”လို႔ လူစီ ေမးလိုက္သည္။
က်န္းဝူ လွည့္ၾကည့္လိုက္သည္။ သူ လူစီကို ေတြ႕လိုက္ရေတာ့ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“ မင္းဘာလို႔ဒီမွာ႐ွိေနတာလဲ?”
“ ငါျဖတ္သြားေနတုန္း နင့္ကိုျမင္လိုက္လို႔ အေနာက္ကေနလိုက္လာတာ” “ ဒီေလာက္ေနာက္က်ေနခါမွ နင္ကဘာေၾကာင့္မို႔ အထဲကို ဝင္ခ်င္ရတာလဲ?”
“ အိမ္ျပန္ေတာ့ ”
“ ငါအိမ္မျပန္ခ်င္ဘူး။ ငါနင့္ရဲ႕ေနာက္ကို လိုက္ခ်င္တယ္”
လူစီရဲ႕ လွပတဲ့မ်က္ႏွာက ငါၿခိမ္းေျခာက္ရင္ေတာင္ ေၾကာက္မယ့္ပုံမေပၚဘူး လို႔က်န္းဝူ ေတြးလိုက္တယ္။က်န္းဝူက သူ႕ရဲ႕လက္ေတာ့ပ္ကိုဖြင့္ၿပီး ေကာလိပ္ရဲ႕လုံျခဳံေရးစနစ္ကို ပိတ္လိုက္တယ္။ သူနဲ႔လူစီတို႔ အေစာင့္ေတြ႐ွာမေတြ႕ခင္ ေကာလိပ္ထဲသို႔ ဝင္ခဲ့ၾကသည္။သူကလူစီရဲ႕လက္ကိုကိုင္ၿပီး ေက်ာင္းေကာင္စီအေဆာက္အအုံဆီကို အရိပ္ေတြရဲ႕ေအာက္ကေန အတူတူေလွ်ာက္သြားခဲ့ၾကတယ္။ လင္းေနေသာျပတင္းေပါက္ေတြျဖတ္ၿပီး ေဆးလိပ္ေသာက္ရန္ opium pipe မ်ား အသုံးျပဳေနသည့္ မိန္က်ား နဲ႔ လီထူတို႔ကို သူေတြ႕လိုက္ရသည္။ မိန္က်ား နဲ႔ လီထူတို႔ အေနာက္တံခါးဘက္မွ ျဖတ္သြားတဲ့ေနာက္မွာ လူစီ ကသူရဲ႕လက္ကိုကိုင္ကာ ေက်ာင္းေကာင္စီအစည္းအေဝးခန္းမထဲကို သူတို႔တိတ္တိတ္ေလး ဝင္လိုက္ၾကသည္။
(Opium pipe က ဘိန္း႐ွဴတဲ့အခါမွာသုံးတဲ့ဟာပါ။ ခက္ခူး လို႔ေခၚၾကတယ္တဲ့)
“ ေက်ာင္းေကာင္စီထဲမွာ သူတို႔ဘာေတြလုပ္ေနတယ္လို႔ နင္ထင္လဲ?”လို႔ လူစီေမးလိုက္တယ္။
က်န္းဝူ ေက်ာင္းေကာင္စီရဲ႕ ယူနီေဖာင္းေတြကို မၾကည့္လိုက္တဲ့အခါ ေအာက္၌ ဘိန္းအိတ္မ်ားကို ဝွက္ထားသည္။
“ ဒါကဘာလဲ?”လို႔ လူစီေမးလိုက္တယ္။
က်န္းဝူ က အိတ္တစ္ခုကိုျဖတ္ၿပီး ဖြင့္လိုက္ေတာ့ အဲ့တာကဘိန္းဆိုတာကို သူအတည္ျပဳလိုက္တယ္။
“ဘိန္း ”လို႔ က်န္းဝူေျပာလိုက္သည္။
မိန္က်ား ႏွင့္ လီထူတို႔ သူ႕ကိုဘာေၾကာင့္မို႔ ေက်ာင္းေကာင္စီမွာ မပါဝင္ေစခ်င္တာလဲဆိုတာကို က်န္းဝူ နားလည္သြားခဲ့သည္။သူတို႔က သူဘိန္းနဲ႔ပတ္သတ္ၿပီး ႐ွာေတြ႕သြားၿပီးေတာ့ မိန္းက်ားနဲ႔ လီထူတို႔ ေဒၚလာေပါင္းရာနဲ႔ေထာင္နဲ႔ခ်ီၿပီး ဆုံး႐ႈံးသြားၾကမွာကို သူတို႔ယုံမွားသံသယလြန္ကဲေနခဲ့ၾကသည္။
ေက်ာင္းေကာင္စီအေဆာက္အဦး အျပင္ဘက္တြင္ မိန္က်ား နဲ႔လီထူတို႔က အေရာင္းကိုယ္စားလွယ္ေတြကို စိုးရိမ္တႀကီး ေစာင့္ဆိုင္းေနၾကသည္။
“သူတို႔ကို ဘာလို႔ဒီေလာက္ၾကာေနၾကတာလဲ?” မိန္က်ား ေမးလိုက္သည္။
“ သူတို႔ဒီမွာေရာက္ေနၿပီ”
မိန္က်ား နဲ႔ လီထူ တို႔က အေရာင္းအဝယ္ကိုယ္စားလွယ္မ်ားကို ေက်ာင္းေကာင္စီအေဆာက္အအုံဆီ ဦးေဆာင္ေခၚသြားခဲ့ၾကသည္။
“ျမန္ျမန္ ပစၥည္းေတြကို စစ္ေဆးလိုက္”လီထူက အေရာင္းအဝယ္ကိုယ္စားလွယ္ေတြကို ေျပာလိုက္သည္။
အေရာင္းအဝယ္ကိုယ္စားလွယ္ ႏွစ္ေယာက္က
ဘိန္းအိတ္မ်ားကို ေကာက္ယူေသာအခါ က်န္းဝူ က သူတို႔ႏွစ္ေယာက္ကို ေသနတ္နဲ႔ပစ္လိုက္ေတာ့ သူတို႔ႏွစ္ေယာက္လုံး ၾကမ္းျပင္ေပၚလဲက်သြားခဲ့သည္။
“အဲဒီမွာ ဘယ္သူလဲ?” လီထူေမးလိုက္တယ္ “မင္းမွာသတၱိ႐ွိရင္ အျပင္ထြက္ၿပီးလာျပလိုက္”
လီထူက ေသရမွာကို ေၾကာက္ေသာ္လည္း သူက မိန္က်ား ထက္ပိုၿပီး ပုန္းတဲ့ေနရာမွာေတာ္သည္။
က်န္းဝူက လူစီကို သူ႕ေနာက္မွာ ေသခ်ာဝွက္ထားတယ္။ သူတို႔ပုန္းခိုတဲ့ေနရာမွထြက္လာၾကၿပီး ေသနတ္ကို လီထူ နဲ႔ မိန္က်ားဆီ ခ်ိန္႐ြယ္ထားခဲ့သည္။
လီထူ ကလည္း သူ႕ရဲ႕ေသနတ္ကိုထုတ္ၿပီး က်န္းဝူကို ခ်န္ထားသည္။
“မင္းဘာလို႔ဒီမွာ႐ွိေနတာလဲ?” လီထူ ေမးလိုက္တယ္။
“မင္းတို႔ႏွစ္ေယာက္ ငွားထားတဲ့လူက ငါ့ကိုသတ္ဖို႔ကို က်႐ႈံးသြားတယ္ ” က်န္းဝူ ေအးစက္စြာ ေျပာလိုက္တယ္။ “ငါ ေက်ာင္းေကာင္စီထဲမ၀င္ခ်င္ပါဘူး ဒါေပမယ့္ မင္းတို႔ႏွစ္ေယာက္ရဲ႕ သံသယဝင္စရာေကာင္းတဲ့လုပ္ရပ္က ငါ့ကိုဝင္ခ်င္လာေအာင္ ျဖားေယာင္းခဲ့တယ္ ”
“ ငါတို႔တို႔ဘိန္းေမွာင္ခိုလုပ္ေနတယ္ဆိုတာ မင္း႐ွာေတြ႕သြားၿပီဆိုရင္ ရဲကိုဘာလို႔မေခၚတာလဲ ?” လီထူ ေမးလိုက္သည္။“ ငါတို႔ဘိန္းကို ခိုးမလို႔လား?”
“ ဘိန္းေရာင္းၿပီး ရတဲ့ေငြက ငါ့အတြက္ မ်က္စိဆံပင္ေမြးစူးစရာပဲ”
က်န္းဝူ တဲ့ ယြဲ႕ဂူးေဇြတို႔က မူးယစ္ေဆးဝါး ကုန္ကူးသူေတြကို အမုန္းဆုံးျဖစ္သည္။
“ လက္နက္ေရာင္းတာနဲ႔ ႏိႈင္းယွဥ္ရင္ ဘိန္းေရာင္းတာက ဘာမွမဟုတ္ဘူး”လို႔ လီထူ ေျပာလိုက္သည္။“ နီ႐ွန္႔ နဲ႔ ထန္းေလာင္ တို႔က လက္နက္ေစ်းကြက္ကို လက္ဝါးႀကီးအုပ္ထားၾကတယ္။ ငါတို႔ဘိန္းေစ်းကြက္ရဲ႕ ေဝစုကို စြန္႔လႊတ္မွာမဟုတ္ဘူး”
“ ငါ့ရဲ႕နယ္ေျမမွာ မူးယစ္ေဆးဝါးေရာင္းဝယ္သူေတြကို ငါမုန္းတယ္။ မင္းတို႔ႏွစ္ေယာက္လုံး ရဲေတြဆီမွာ ကိုယ္တိုင္လက္နက္ခ်အညံ့ခံသင့္တယ္”
“လက္နက္ခ်ရမယ္ ?” မိန္က်ား ေမးလိုက္သည္ ။ သူလည္းပဲ သူ႕ေသနတ္ကိုထုတ္ၿပီး က်န္းဝူကို ခ်ိန္ထားသည္။ “ ႏုံအလိုက္တဲ့ေကာင္ေလး ”
က်န္းဝူက မိန္က်ားနဲ႔ လီထူတို႔ရဲ႕ ႏုံအျခင္းကို ရယ္ေမာလိုက္တယ္။
က်န္းဝူက လက္တစ္ဖက္နဲ႔ လူစီရဲ႕မ်က္လုံးကို ကာလိုက္သည္။သူမ ေသနတ္သံႏွစ္ခ်က္ခ်က္ကို ၾကားၿပီးေနာက္ လီထူ နဲ႔ မိန္က်ားတို႔ရဲ႕ ေအာ္သံကိုၾကားလိုက္ရတယ္
“ အရမ္းဒုကၡမေရာက္ခင္ မင္းတို႔ႏွစ္ေယာက္ကို ကိုယ္တိုင္လက္နက္ခ်ဖို႔ ငါ ေျပာေနတာပဲ။မင္းတို႔ႏွစ္ေယာက္အတြက္ ငါရဲေတြေခၚထားတယ္။ရဲေတြ ဒီကိုမေရာက္ခင္ မင္းတို႔ရဲ႕ဒဏ္ရာေတြက မင္းတို႔ကိုမသတ္ပါဘူး ”
က်န္းဝူက လူစီရဲ႕ခါးကို သူ႕ရဲ႕လက္နဲ႔ပတ္လိုက္ၿပီး သူတို႔ကို အျပင္သို႔ ဦးေဆာင္ေခၚသြားလိုက္သည္။
ရဲေတြေရာက္လာၿပီးေနာက္တြင္ သူတို႔က လီထူ နဲ႔ မိန္က်ားတို႔ထံမွ လာဘ္ထိုးမႈမ်ားကို လက္မခံခဲ့ေပ။
“က်န္းဝူက ဘယ္သူလဲဆိုတာ မင္းတို႔ႏွစ္ေယာက္သိၾကလား? ”လို႔ ရဲတစ္ဦးက ေမးလိုက္တယ္။ “က်န္းဝူ ရဲ႕အေဖက နီ႐ွန္႔ ေခါင္းေဆာင္ျဖစ္ၿပီး အမ်ိဳးသားလုံျခဳံေရးဌာနရဲ႕ အႀကီးအကဲပဲ။သူ႕အေဖ အၿငိမ္းစားယူၿပီးတဲ့ေနာက္ က်န္းဝူက သူ႕ရဲ႕ဆက္ခံသူျဖစ္လာလိမ့္မယ္။ဒီေသးငယ္တဲ့ ဘိန္းလာဘ္ထိုးမႈေလးက မင္းတို႔ႏွစ္ေယာက္ကို ကယ္တင္ဖို႔မေလာက္ဘူး။ငါ့ကို မင္းတို႔ႏွစ္ေယာက္ကို ဖမ္းဆီးခြင့္ျပဳတဲ့ က်န္းဝူကို မင္းတို႔ႏွစ္ေယာက္ ေက်းဇူးတင္သင့္တယ္။ တကယ္လို႔ မင္းတို႔ႏွစ္ေယာက္ နီ႐ွန္႔လက္ထဲကို ေရာက္သြားရင္ေတာ့ မင္းႏွစ္ေယာက္အတြက္ ေသျခင္းက ေပါ့ေပါ့ပါးပါးအျပစ္ေပးလိမ့္မယ္။မင္းတို႔အေဖေတြက ဘဝအတြက္ ေထာင္ခ်ခံထားရတဲ့ မင္းတို႔ႏွစ္ေယာက္ကို ကယ္ဖို႔မတတ္ႏိုင္ေတာ့ဘူး။ ဒါက နီ႐ွန္႔ ေခါင္းေဆာင္တစ္ေယာက္ကို တစ္ေယာက္ေယာက္က စိတ္ဆိုးေအာင္လုပ္တဲ့အခါ ဘာျဖစ္လာသလဲဆိုတာပဲ”
“ ဒီလူမိုက္ႏွစ္ေယာက္ကို စကားေျပာဖို႔ မင္းရဲ႕ဝင္သက္ထြက္သက္ကို ျဖဳန္းစရာမလိုပါဘူး ”လို႔ တျခားရဲက ေျပာလိုက္တယ္။
ရဲမ်ားက ေသြးထြက္ေနေသာ လီထူ ႏွင့္ မိန္က်ားတို႔ကို ရဲကားေနာက္သို႔ ခ်ပစ္လိုက္သည္။
က်န္းဝူက လူစီနဲ႔အတူ သူမရဲ႕အိမ္သို႔ လမ္းေလွ်ာက္သြားခဲ့တယ္။ သူမက ႐ုတ္တရက္လွည့္လာၿပီး သူ႕ရဲ႕ပါးကိုနမ္းလိုက္တယ္။ လျပည့္ညမွာ သူမကလွပေနတယ္လို႔ သူထင္မိတယ္ ၿပီးေတာ့ သူမနမ္းတာလိုက္ကို သူႏွစ္သက္တယ္။
“ ဒါကကံေကာင္းတဲ့ အနမ္းပဲ”လို႔ လူစီ ေျပာလိုက္တယ္။
တစ္ခ်ိန္တုန္းက ၿပိဳင္ပြဲမတိုင္မီ မိန္းကေလးငယ္တစ္ဦးက သူ႕ရဲ႕ပါးကိုနမ္းၿပီး သူမရဲ႕အနမ္းက ကံေကာင္းတဲ့အနမ္းျဖစ္လို႔ သူ႕ရဲ႕ေအာင္ျမင္မႈကို ကူညီလိမ့္မည္လို႔ ေျပာခဲ့တာကို က်န္းဝူ သတိရသြားခဲ့တယ္။
“ နင္ ေက်ာင္းေကာင္စီထဲ ဝင္မယ္လို႔ကတိေပးထားတယ္ေနာ္။နင့္ရဲ႕ကတိကို ေဖာက္ဖ်က္လို႔မရဘူး။ေခြးေလးေတြပဲ ကတိေတြကို ေဖာက္ဖ်က္လို႔ရတယ္။ နင္ ဘာလို႔ျပဳံးေနတာလဲ ?”
က်န္းဝူ ျပဳံးၿပီး လူစီ နဲ႔ တိတ္ဆိတ္စြာ လမ္းေလွ်ာက္ေနခဲ့တယ္။
💙17.7.2021