မောင်
By ThetHmue3
3M 251K 104K
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔 More
Intro💔
💔အမှာစာ💔
💔Part1💔
💔2💔
💔3💔
💔4💔(Part1)
💔4💔(Part2)
💔5💔
💔6💔
💔7💔
💔8💔
💔9💔
💔10💔(Part1)
💔10💔(Part2)
💔12💔
💔13💔
💔14💔
💔15💔
💔16💔(Part1)
💔16💔(Part2)
💔17💔;(Part1)
💔17💔(Part2)
💔18💔
💔19💔
💔20💔
💔21💔(Part1)
💔21💔(Part2)
💔22💔
💔23💔
💔24💔
💔25💔(Part1)
💔25💔(Part2)
💔26💔(Part1)
💔26💔(Part2)
❤️27❤️(Part1)
❤️27❤️(Part2)
💔28💔(Part1)
💔28💔(Part2)
💔29💔(Part1)
💔29💔(Part2)
💔30💔(Part1)
💔30💔(Part2)
❤️31❤️(Part1)
❤️31❤️(Part2)
💔32💔(Part1)
💔32💔(Part2)
💔33💔(Part1)
💔33💔(Part2)
💔34💔
🍂35🍂
💔36💔
💔37💔
💔38💔(Par1)
💔38💔(Part2)
💔39💔(Part1)
💔39💔(Part2)
💔40💔(Part1)
💔40💔(Part2)
🤍Ending🤍(Part1)
🤍Ending🤍(Part2)
Note
❤️Extra❤️
❤️Extra❤️2
Extra2💌
❤️Extra❤️
💔11💔
40.1K 3.5K 558
By ThetHmue3
"မြှားပစ်လေ့ကျင်မလို့ဆို"
"စိတ်မပါတော့လို့....Jeonငယ်ပုံတူဆွဲမလို့ဆို
ကိုယ်တော့်ပုံဆွဲလေ...."
ပန်းချီကားချပ်ပေါ်တွင်ခဲသားတို့ချလက်စက
ကချေသည်လေး၏ပုံစံငယ်......
အိမ်ရှေ့စံသည်ဓားတလက်ကိုင်ကာဘယ်လိုရောက်
လာမှန်းမသိ.....။
Jeonသည်ပန်းချီကားကိုအိမ်ရှေ့စံမြင်၍မဖြစ်
တာကြောင့်ပုံစံမပျက်နေနေရသည်။
မြှားပစ်လေ့ကျင့်ရမယ်....ဓားသိုင်းတွေလေ့ကျင့်ရမယ်
စစ်ရေးစစ်ရာ နန်းရေးနန်းရာအားလုံးကို
ငါ့ရဲ့ခေါင်းထဲကိုအလစ်အလပ်မရှိထိုးကြိတ်
ထည့်နေရတယ်..။မျက်စိနောက်စရာ
အိမ်ရှေ့စံမင်းသမီးတွေ ကြင်ယာတော်တွေရဲ့
နန်းဆောင်ကြွဖို့ မြူစွယ်ဖြားယောင်းမှုတွေကို
လည်းကွေ့ပတ်ရှောင်ရတယ်....။
မအားဘူး...မိုးလင်းထဲကအားမနေဘူး....
ရာဇဝတ်သားတွေ အမှုအခင်းတွေကို မင်းကြီးအစား
အမိန့်ချရမယ်...အာရုံတွေသိပ်ထွေပြားတယ်...။
Jeonဟာ နန်းတော်ပန်းခြံထဲငြိမ်ငြိမ်လေး
ပန်းချီဆွဲနေတယ်ဆိုလို့ ချစ်လို့လွှတ်ထားတာ
ဆွဲနေတာ ဘာပုံလဲမေးမိတော့
နန်းတော်တခုလုံးရဲ့အရေးကိစ္စအားလုံးကို
ပစ်ချပြီး အိမ်ရှေ့စံအပြေးနှင်လာရပြီ...။
မနာလိုခြင်း သဝန်တိုခြင်းသည် ပြင်းပြင်းပြပြ
နောင်ဘဝတွေတိုင်း ငါ့လိုမျိုးမင်းမဖြစ်ပါစေနဲ့
လို့ ဖြစ်အောင်သက်သက်ကျိန်စာတိုက်ပြီး
ပန်းချီဆွဲတဲ့သူရှေ့ရောက်လာခဲ့သည်။
အပြစ်မလုပ်ထားသလို...ခပ်တည်တည်နှင့်
Jeonသည် သူ့ကိုမေးခွန်းတောင်ပြန်ထုတ်နေသေးသည်။
"ခုဆွဲပေးရမှာလား...ဘာမှလည်းမပြင်ဆင်ရသေးဘဲ..."
"ဘာတွေကိုပြင်ဆင်ရမှာလဲ....Jeon
ကိုယ်တော်က ပြီးပြည့်စုံပီးသားလေ...."
ပြုံးယဲ့ယဲ့နူတ်ခမ်းထူထူတွေ...။
ဒါဟာ အစစ်အမှန်တွေမဟုတ်.....
စိတ်ဒုက္ခပေးဖို့ပဲဖြစ်သည်။
အသံသည် ပျစ်ချွဲချွဲ....
"အကုန်သတ်ပစ်...."လို့ မာန်ပါပါပြောတတ်သော
အိမ်ရှေ့စံမဟုတ်တော့သလိုအပြောင်းအလဲမြန်သည်။
"ကျတော်မျိုး...ဆွဲဖို့ကို အာရုံစုစည်းလို့
မဖြစ်နိုင်လို့ မတူညီရင် အိမ်ရှေ့စံ
စိတ်ငြိုငြင်မှာစိုးလို့ပါ....."
"ပန်းချီကားက တစ်ခြားတစ်ယောက်ရဲ့
မျက်နှာပေါ်လာစေအုန်းတော့
မင်းကိုယ်တော့်ကိုကြည့်ပီးဆွဲခဲ့တာဆိုတာ
နှင့်ရပီ..
မင်းပန်းချီကို ကိုယ်တော်ဘယ်တော့မှအကဲဖြတ်မှာ
မဟုတ်ဘူး....Jeonငယ်...."
"အိမ်ရှေ့စံ ဘာအရေးကိစ္စတွေဖြစ်နေတာလဲ...."
နန်းတော်တစ်ခုလုံးသေဆိုသေ ရှင်ဆိုရှင်
ဒူးကျိုးကျမတတ်ကြောက်ရသောအိမ်ရှေ့စံကို
နူတ်လှန်ထိုးလို့ရသည်မှာ Jeonတစ်ယောက်ထဲ...။
တခုခုပြန်ပြောဖို့ အားယူလိုက်ချိန်တွင်
ဩရှရှလေးအသံလေးတစ်ခုဖြတ်စီးလာခဲ့သည်။
"အိမ်ရှေ့စံကိုဂါဝရပြုပါတယ်..."
အိမ်ရှေ့စံသည်နောက်သို့လှည့်ကြည့်လိုက်
သော်အခါ ကချေသည်ယောင်း နှင့်အပေါင်းအပါးများ
တနေရာရာကိုသွားဖို့ကြံရွယ်ထားကြပုံရပီး
သူ့ကိုတွေ့လို့လာနူတ်ဆက်ဂါဝရပြုကြပုံရပါသည်။
ကိုယ့်လမ်းကိုယ်ဆက်သွားလိုက်လည်းရပေမယ့်
အိမ်ရှေ့စံကိုမြင်တာနဲ့ လှုပ်ရှားလာသော
နှလုံးသားသည်ထိန်းမရတာကြောင့်
ဘာမှမစဉ်းစားနိုင်အိမ်ရှေ့စံရှေ့မှောက်
ပြေးဦးညွှတ်လိုက်သူသည်..အစွမ်းကုန်ပြုံးရွှင်နေသည်။
အိမ်ရှေ့စံသည် သူ့ကိုမြင်တိုင်း
အေးစက်လှသောမျက်နှာသေဖြင့်
အမြဲလိုလိုစိုက်ကြည့်သည်....။
ယောင်းသည်....အေးစက်တယ်ရယ်လို့လည်း
မမြင်ခဲ့နိုင်ပါ...။
ညီလာခံတစ်ခုလုံးကိုခပ်တည်တည်ပစ်ထားခဲ့ပြီး
ပြေးလာခဲ့ရသောအဓိကအကြောင်းအရင်း
ဒီကချေသည်ကောင်လေးသည် လှပစွာပြုံးပြနေသည်။
ဘယ်တုန်းကမှပြုံးပြတယ်လို့မထင်ခဲ့....
လှောင်ပြောင်ပြနေသည်ဟုသာအိမ်ရှေ့တစ်သက်လုံး
တွေးခဲ့တာ...။
Jeonကိုလှမ်းကြည့်တဲ့အခါ....
ဓားထုတ်ပြီးခုတ်ပစ်လိုက်ချင်စရာမျက်နှာ....
အကြင်နာတွေ ယိုစီးနေလို့....
အချစ်တွေ ထင်ထင်ရှားရှားကိုမြင်နေရလို့....
ကချေသည်ကောင်လေးနဲ့ အိမ်ရှေ့စံမင်းသား
မိုးနဲ့မြေပါပဲ....
ကချေသည်ကောင်လေးမှာယပ်တောင်တစ်ချောင်း
ပဲရှိနေတာ...
အိမ်ရှေ့စံမှာ တိုင်းပြည်တစ်ခုလုံးရှိတယ်လေ...
Jeonငယ်ဟာ......သိပ်နာကျင်စရာသက်ရှိ...။
"ကပြဖျော်ဖြေပွဲရှိလို့လား...
ပြင်ဆင်ထားကြတာ...."
"မရှိပါဘူး မိဖုရားကြီးအခေါ်တော်ရှိလို့ပါ...."
"အော်....အလှအပရေးရာတွေမင်းကို
အမေးရှိတော့မယ်နဲ့တူတယ်...
ယောကျ်ားတစ်ယောက်ဖြစ်လာပြီး
စစ်မက်ရေးရာ ဓားရေး လှံရေးစိတ်မဝင်စားဘဲ
နုညက်နေအောင်နေချင်တဲ့စိတ်ကလည်း
ခက်သားနော်....မင်းယောကျ်ားသားတစ်ယောက်
အနေနဲ့ တခါတရံ အဆင်မပြေမဖြစ်ဘူးလား....."
ယောင်း ၏ ပြုံးရီနေသောမျက်နှာလေးသည်
မသိမသာပျက်ယွင်းသွားခဲ့သည်။
အိမ်ရှေ့စံသူ့အပေါ်သတ်မှတ်ထားသော
အယူအဆသည် သိပ်စိတ်ဓာတ်ကျစရာကောင်းလွန်း
စွာအကျီစလေးတွေကိုယောင်ယမ်းဆုပ်ကိုင်မိသွားသည်။
"မဖြစ်ပါဘူး အိမ်ရှေ့စံ......"
ဩရှရှအသံလေးသည်တိုးတိုးလေးသာ
ထွက်လာနိုင်ခဲ့သည်...။
"မင်းအချိန်ရှိသေးရင်...Jeonက
ကိုယ်တော့်ကိုပုံတူဆွဲပေးမလို့..
ကြည့်သွားပါလား....ကိုယ်တော်တို့နှစ်ယောက်
ထဲပျင်းရိနေတာ...."
Jeonဆိုသောပန်းချီဆရာလိုလိုလူငယ်လေးကို
ယောင်းလှမ်းကြည့်လိုက်တဲ့အခါ
ခပ်ယဲ့ယဲ့လေးပြုံးပြီးကြည့်နေတဲ့သူ....။
ရင်းရင်းနှီးနှီးကို နူတ်ခမ်းလေးတွေညွှတ်ကိုင်းပြီး
ပြုံးရီပြနေတာ...။
ဒါတွေကမဆန်းတော့....။
လူတိုင်းကသူ့ကိုမြင်ရင်ဒီလိုပဲ.....
မျက်စိရှေ့မှောက်က မင်းသားလေးက လွဲ၍....။
"အခွင့်ပေးရင် ကျတော်မျိုးလည်း
ပန်းချီကျွမ်းကျင်စွာဆွဲတတ်ပါတယ်
အိမ်ရှေ့စံကို ပုံတူတခုလောက်တော့
ဆက်သခွင့်ပြုပါ...."
"အခွင့်မရှိဘူး...
ဒီတိုင်းပြည်မှာကိုယ်တော်ပုံကို Jeonကလွဲပြီး
ဘယ်သူမှဆွဲခွင့်မရှိတာမို့....ထားလိုက်ပါ..."
ဘယ်တုန်းကသတ်မှတ်လိုက်တာလဲ...
ဘယ်တုန်းကမှမသတ်မှတ်ထားတဲ့ပုဒ်မကို
သူချက်ချင်းတပ်ချပစ်တာ...။
ပိုပျက်ယွင်းသွားတဲ့မျက်နှာလှလှလေးအား
Jeonပြေးကာနှစ်သိမ့်ပေးလိုက်ချင်ပေမယ့်
အခွင့်မသာခဲ့.....။
မလုပ်ရဲခဲ့....။
"ဟုတ်ကဲ့...မသိလို့လျှောက်တင်လိုက်မိတာ
စိုးရွံ့မိပါတယ် အိမ်ရှေ့စံ...."
"ဟို....ကျတော်မျိုး....သွားလိုက်ပါအုန်းမယ်...."
"ကောင်းပါပြီ..."
မျက်တောင်ရှည်လေးတွေလှုပ်လှုပ်ခတ်ခတ်နှင့်
အပြာနုရောင်ဝတ်ရုံလှလှလေးတွေ
ဆင်မြန်းလာသော ယောင်းဟာ
အိမ်ရှေ့စံအားထပ်မံ ရိုသေစွာဦးညွှတ်ခဲ့ပြီး
တဲ့နောက် ပုံမှန်ထက်မြန်သောခြေလှမ်းလေး
တွေနဲ့ထွက်ခွါသွားခဲ့သည်။
အိမ်ရှေ့စံသည် အလှဆုံးပြုံးလျှက်
ပန်းချီဆွဲရန်အာရုံမရနေပါဘူးဆိုတဲ့
လူသားဆီလက်နောက်ပစ်ကာတလှမ်းချင်း
လှမ်းသွားလိုက်သည်။
"မျက်နှာက ဟန်မဆောင်နိုင်အောင်
ပြိုလဲပျက်ဆီးပြနေလို့ဘယ်ဖြစ်ပါ့မလဲ...
ထိလွယ်ရှလွယ်ရင်...စိတ်ခံစားမှုမြန်လွန်းရင်
အားနည်းချက်ဖြစ်သွားတယ်...."
"မင်းက သူ့ကိုအကြင်နာတွေနဲ့ တခါကြည့်ရင်..
ကိုယ်တော်က ဝေဒနာ တလှေကြီး
ပုံပေးနိုင်တယ်....ယုံတယ်မလား Jeonငယ်...."
JEonဟာ ပန်းချီစာရွက်ကိုဆွဲစုတ်ဖြဲကာ
မြေပြင်ပေါ်သို့ပစ်ချပြီးနောက်ဒေါသမာန်တွေနှင့်
ဘာမှပြန်မပြောဘဲထွက်သွားခဲ့သည်။
ယောင်း ကို....မြတ်နိုးမိထဲက....
အိမ်ရှေ့စံ၏ နှလုံးသားကိုလည်း ပိုပြတ်သားစွာ
မြင်လာရသည်...အထူးသဖြင့်အိမ်ရှေ့စံက
ယောင်း ရောက် လာပီးနောက်ပိုင်းပိုမို
ဆိုးဝါးလာသည်....။
သူ့အတွက်ချစ်ခြင်းတရား၏ အရိပ်အယောင်တွေ
အိမ်ရှေ့စံ၏မျက်နှာလှလှလေးအပေါ်မြင်လာရတာ
မှန်ပေမယ့် အတ္တတွေ မာနတွေ ဒေါသတွေက
အဆမတန်ပိုများနေတာကြောင့်
Jeon က နည်းနည်းလေးမှမခံစားတတ်ခဲ့ပါ။
ရှောင်တိမ်းချင်သောစိတ်တစ်ခုထဲသာရှိခဲ့သည်။
အိမ်ရှေ့စံက သိပ်အတ္တကြီးပါသည်။
...............။
"ကျတော်အရမ်းအားနာပါတယ် MinYoongi...
ညထဲကဖျားတာ ခုထိအိပ်ယာထဲကမထနိုင်တော့
Company လာဖို့ကလည်းမဖြစ်နိုင်ဘူး...
မနက်ဖြန်တော့ ကျတော်သေချာပေါက်ပြန်ချိန်း
လိုက်ပါ့မယ်နော်..."
"မဟုတ်တာ....ကောင်းကောင်းအနားယူပါ
ကျန်းမာရေးဖြစ်သွားတာအားနာစရာမှမဟုတ်တာ
MD Parkလုံးဝပျောက်သွားတဲ့အချိန်မှ
ဆက်သွယ်ပါရတယ် ကျတော်အဆင်ပြေတယ်
မြန်မြန်သက်သာအောင်သာဂရုစိုက်ပါ...."
"နားလည်ပေးတာကျေးဇူးပါဗျာ...
ကျတော်ပုံမှန်ဆို အနည်းအကျဉ်းဆို
Company ကိုရောက်အောင်လာပါတယ် ခုဟာက..."
"ရတယ်...အေးဆေး....ဘာမှမဖြစ်ပါဘူး
အရှင်းပျောက်မှ အလုပ်လုပ်တာအကောင်းဆုံးပဲ..."
MinYoongi နဲ့ချိန်းထားသောအမှုကိစ္စပျက်ရုံမက
လူသည်ကုတင်ကိုမှီကာဖုန်းပင်မနည်း
ပြောနေရသည်။
အအေးတောထဲ ခိုက်ခိုက်တုန်စွာအရိုးထဲအထိ
နာကျင်မှုသည်ပြန်တွေးမိတိုင်း
လူစိတ်မရှိသောဟိုလူမိုက်ကိုမုန်းရသည်။
ဖုန်းချလိုက်ပြီး....ပြန်ခွေနေရန် ပြင်ဆင်လိုက်ချိန်တွင်
တံခါးဖွင့်သံတစ်ခုကြားလိုက်ရသည်။
စရင်းရှင်းစရာကိစ္စရှိနေတာမို့...
အိပ်ယာနိုးမည့်အချိန်ကိုစောင့်နေခဲ့သည်။
အခန်းထဲကဖုန်းပြောသံသဲ့သဲ့ကြားသည်နှင့်
အိမ်အကူတွေလာပို့သော ဆန်ပြုတ်ပန်းကန်နှင့်
ဆေးတွေကို တံခါးဝတွင်ဖြတ်ယူလိုက်သည်။
"စည်းမဲ့ကမ်းမဲ့ဒီအခန်းထဲကိုအလွယ်တကူ
ဝင်ထွက်နေတာ နင်တို့စောက်ရမ်းပျော်နေကြတာလား..."
"တခါမှ....မဝင်ဖူးပါဘူး...သခင်လေး..
ခုက ဆေး နဲ့ ဆန်ပြုတ်...လာပို့....."
"ငါ့ကိုပေး....."
မပေးချင်ကြပါ...။ဘာကိစ္စမပေးချင်နေကြသလဲ
တွေးလို့မရ ပေးဆိုပေးလိုက်တာပဲကြိုက်သည်။
ဖျက်ခနဲဆောင့်ဆွဲယူလိုက်ကာ
"ဒီအခန်းထဲကို ငါ့ခွင့်ပြုချက်မရှိဘဲ
တစ်ယောက်မှဝင်ဖို့မစဉ်းစားနဲ့..
သွားကြ...!!!!"
အေးအေးဆေးဆေးပြသနာလုပ်ချင်နေပါသည်။
တညလုံးရင်ခွင်ထဲဝင်ဘယ်ကကောင်ကို တပြီး
ငိုမှန်းမသိသော အကွက်တွေအတွက်
မိုးအလင်းအံကြိတ်ပြီးဒေါသကို
မျိူချခဲ့ပြီးပြီ....။
မျိုချရလွန်းလို့....ရင်ထဲကမွန်းကျပ်နေကာ
အသက်ရှူလို့ပင်မဝ...။
ကျန်းမာရေးမကောင်းလို့တော့မဖြစ်..
သွားလာပျော်ပါးရမည့်ကိစ္စတွေရှိသေးသည်။
အသက်ရှုချောင်အောင်.....နောက်ထပ်ဘယ်သော်အခါမှ
မငိုရဲအောင် မလုပ်ရဲတော့အောင်ဆုံးမပေးရမည်။
"Morning....."
အိပ်ယာထဲမှစူးခနဲကြည့်လာလေသော
မျက်လုံးတွေသည် ချက်ချင်းလွှဲဖယ်သွားသည်။
ကြည့်ဖို့တောင်မတန်တော့တဲ့JeonJungkook ပေါ့လေ။
ခပ်ပါးပါးပြုံးလိုက်ကာ ကုတင်ဆီသို့
ဆန်ပြုတ်ဗန်းကို ကိုင်လျှက်လျှောက်လိုက်သည်။
"ဆန်ပြုတ်သောက်ရအောင်..."
"မလိုဘူး....ထွက်သွား..."
"လိုလို့...လာတိုက်တာလေ...ဘယ်ကိုထွက်သွား
ခိုင်းနေတာလဲ...သောက်ရမယ်..."
"မင်းငါ့ကိုဘယ်လိုဆက်ဆံခဲ့သလဲဆိုတာမင်းအသိဆုံး
မင်းမှာ လူစိတ်သာရှိခဲ့ရင်....ငါဒီလောက်ဆိုးဝါး
စရာကိုမလိုဘူး...မင်းကိုငါလူရောအသံရော
မမြင်ချင်ဘူး....Jungkook.."
တဖက်လှည့်ကာ ဇွတ်ဇာတ်နာနေသော
အလှလေး၏မျက်နှာလှလှလေးကို
လက်တဖက်ဖြင့်အတင်းအကြပ်ဆွဲယူလိုက်သည်။
သွေးမရှိနေသောမျက်နှာလေးကို
စက္ကန့်တွေအကြာကြီး စေ့စေ့စပ်စပ်ကြည့်မိတဲ့နောက်
"ကျတော့်သူငယ်ချင်းတွေရှေ့မှာ
ခင်ဗျားလည်းကျတော့်ကိုလူလိုမဆက်ဆံခဲ့ဘူးလေ
နားထောင်ParkJimin...
နားထဲကိုစွဲထင်နေအောင်နားစိုက်ပြီးထောင်နော်"
"............."
"နောက်တစ်ခါ ဘယ်သူ့ရှေ့မှာမဆို
ဘယ်သူပဲဖြစ်ဖြစ်  ကလေကချေပဲဖြစ်ဖြစ်
ကျတော် ဘာခိုင်းခိုင်း ဘာပြောပြောအချိုးပြေပြေ
လုပ်ပေး..နားထောင်ပေး...မလုပ်ပေးရင်
အိမ်အပြင်ထုတ်သတိလစ်သွားရထက်
ဆိုးတဲ့ကိစ္စတွေကျတော်အားလုံးလုပ်နိုင်တယ်...."
"ခင်ဗျား တစ်ခါမှမကြားဖူး မမြင်ဖူးတဲ့
ရက်စက်ခြင်းတွေ နှိပ်စက်ခြင်းတွေနည်းအဖြာဖြာ
က ကျတော့်ဆီမှာအပြည့်ပဲ..."
အေးစက်စက်ပြောနေသောစကားသံသည်
အခန်းထဲတွင်တိတိပပထွက်ပေါ်လာသည်။
"ငါ့ကို လာခြိမ်းခြောက်နေတာလားJeonJungkook"
"ခြိမ်းခြောက်တာက လုပ်ချင်မှလုပ်မှာ
ကြောက်အောင်ပြောလိုက်ရုံ
ခုက တကယ်သေချာပေါက်လုပ်မဲ့ဟာမို့
ခင်ဗျားကိုသတိပေးနေတာ....."
"..........."
"ပြီးတော့..ခင်ဗျားရည်းစားဟောင်းကိုမမေ့နိုင်ဘူးလားParkJimin..
အင်း...အဲ့ဒီကိစ္စက ကျတော့်ကို
မလေးစားရာကျလွန်းနေတယ်ဗျာ
အဲ့တော့....."
"ငါမမေ့နိုင်ဘူး.....ငါသူ့ကိုမေ့လို့ရမယ့်
ကိစ္စတခုတောင်မရှိသေးဘူး
သူ့ကိုငါပူလောင်နေတဲ့အချိန်တွေမှာပိုလိုအပ်နေတုန်းပဲ
မင်းလို မြင်ကရာခေါ်အိပ်နေတဲ့ကောင်က
ဒါမျိုးတွေနားလည်မှာမဟုတ်ဘူး...."
"အော်......အဲ့လိုလား
ခင်ဗျားက ကျတော့်ကိုသိပ်လျှော့တွက်လွန်းတာပဲ..."
"မင်းကိုငါ ငွေကြေးကိစ္စပြေလည်ဖို့ကလွဲ
ဘယ်နေရာမှထည့်မတွက်ဖူးဘူး"
Jeonသည် လှစ်ခနဲပြုံးလိုက်သည်။
ကောင်းသောပြုံးပြခြင်းတွေမဟုတ်မှန်း
Jimin သိနေတာကြောင့်အကြည့်ကိုသာ
လွှဲမြဲလွှဲထားဆဲ...။
"ဆန်ပြုတ်သောက်ရအောင်.."
"မသောက်နိုင်ဘူး...ငါဘာမှစားချင်စိတ်မရှိဘူး..
မင်းသွားတော့...."
ParkJiminလက်တွေကာပြကာ
တကယ့်အရှုပ်ထုပ်တကောင်လို
သေးသေးနုတ်နုတ်ဆက်ဆံနေခဲ့တာ
Jeon၏လှိုက်စားနေသောဒေါသသည်
စုပြုံထားရတာတော်တော်ပင်ပမာနကြီးမားနေလျက်။
ဆန်ပြုတ်ပန်းကန်ကိုယူကာ
အိပ်ယာပေါ်သေသေချာချာတက်ထိုင်လိုက်သည်။
မကျေနပ်စွာစူးရဲကြည့်လာသော
မျက်လုံးတွေသည်ဘယ်လောက်များမုန်းဖို့
ကောင်းနေလိုက်လဲ...။စကားနဲ့ပင်Jeon
မပြောပြတတ်...။
ဆန်ပြုတ်တစ်ဇွန်းကိုခပ်ကာနူတ်ခမ်းနားသို့
တေ့လိုက်သည်။ချက်ချင်းရှောင်ဖယ်သွားသည်။
လိုချင်တာဒါ....။
"သောက်..နော် ကောင်းကောင်းတိုက်နေတုန်း.."
"မင်းလူစကားနားမလည်ဘူးလား
ငါမသောက်ဘူး......အ!!!"
ပါးစပ်ထဲသို့ကြမ်းကြမ်းတမ်းတမ်းရောက်
လာသောဇွန်းသည်ညှင်သာမှုမရှိ။
စေတနာရှိလို့မဟုတ် မကျေနပ်လို့သက်သက်
လုပ်နေတာသိတော့ပိုဆိုးသည်။
"JeonJungkook!!!!"
လက်တဖက်သည်ပါးနှစ်ဖက်လုံးကို
အားသုံးဖျစ်ညှစ်လာပြီးဆန်ပြုတ်တွေကို
မရမရပါးစပ်ထဲထည့်လာတော့သည်။
သူကလည်းရှောင်သည်..ပြန်ထွေးထုတ်သည်။
ခေါင်းတွေယမ်းကာခြေထောက်တွေလည်း
ကန်မိကန်ရာ....။
လက်တွေကတော့တိုးကပ်လာသော
ထွားကြိုင်းလှသည်ခန္ဓာကိုယ်ကြီးကိုတွန်းကန်နေရသည်။
"မသောက်ပါဘူးဆို!!!ဖယ်......ဟင့်အင်း...."
ဆန်ပြုတ်တွေသည်စိတ်ပျက်ဖို့ကောင်း
လောက်အောင်အပြင်တဝက် ပါးစပ်ထဲ
တဝက်နှင့် Jeonသည်အံကြိတ်ကာ
သက်သက်မဲ့ကို နာကျင်အောင်ပြုမူနေခဲ့သည်။
Jimin သည်လည်းခေါင်းတွေယမ်းကာ
အိပ်ယာပေါ်မှပြေးဆင်းဖို့ရန်လည်းအားအင်မရှိတာ
ကြောင့်ရသမျှတော့ရှောင်တိမ်းနေခဲ့သည်။
"သေဆေးတိုက်နေတာမှမဟုတ်တာ
ကိုယ့်ယောကျ်ားနေမကောင်းလို့
မောင်က စေတနာနဲ့ ပြုစုပေးရသေးတယ်....
ငြိမ်ငြိမ်သောက်စမ်းပါ...."
"တခြားလူတိုက်တဲ့သေဆေးပဲသောက်လိုက်မယ်
အရိုင်းအစိုင်းကောင်...သွားစမ်း!!!!"
Jimin သည်ရုန်းရင်းကန်ရင်းဆန်ပြုတ်ပန်းကန်
ကိုလက်ဖြင့်တိုင်ချမိကာအိပ်ယာပေါ်သို့
တချို့ဖိတ်စင်သွားတော့သည်....။
"အိပ်ယာကိုညစ်ပတ်အောင်မလုပ်ရဘူးဆိုတာ
နားမလည်ဘူးလားParkJimin...လက်ကလေးတွေက
ငြိမ်ငြိမ်မနေချင်ဘူးပေါ့လေ...ငြိမ်စေရမယ်
ငြိမ်စေရမယ်....."
JEonသည်အကျီကိုမကာခါးတွင်ပတ်ထား
သောခါးပတ်အားဖြုတ်နေသည်။
အပေါ်ထပ်ဝတ်ထားသောLeatherအကျီအနက်
ကိုပါချွတ်လိုက်ကာ Shirtအကျီအနက်ရောင်
တထည်သာကျန်တော့သည်။
တတောင်ဆစ်အထိ Shirtအကျီလက်တွေအား
ခေါက်တင်လိုက်တော့ တက်တူးတွေသည်
ကြွားကြွားဝါးဝါးပေါ်လာခဲ့သည်။
"မင်းဘာ..လုပ်မလို့လဲ........"
"ချည်ထားမလို့ငြိမ်ငြိမ်မနေလို့လေ
ရိုက်ဆိုလည်းရိုက်ပစ်နိုင်တယ်နော်
နေမကောင်းလို့ သနားနေလို့....."
ခါးပတ်ကိုသေချာကိုင်ကာသူရှောင်တိမ်း
ရုန်းကန်နေသည့်ကြားကလက်နှစ်ဖက်လုံး
ကိုတင်းကျပ်စွာစုပြီးချည်နှောင်နေတဲ့သူ။
ခါးပတ်နဲ့ချည်ကာအနိုင်ကျင့်ခံ
ရတော့မည့်ဘဝကိုတောင်ရောက်သွားပြီလား။
သူက ParkJimin လေ...
သူက ဒီလိုမျိုးတွေ တွေ့ကြုံခံစားရမည့်သူမဟုတ်။
Jimin သည် Jeonရဲ့ အေးစက်လွန်းသော
မျက်လုံးတွေနဲ့ အပြုအမူကြောင့်
နှလုံးသားထဲသို့ ကြောက်စိတ်တချို့စတင်ဝင်လာခဲ့သည်။
ယောကျ်ားအချင်းချင်းဆိုသော်ငြား
သူဘက်ပြိုင်ပြီး ဘယ်လိုမှမှယှဉ်ပြိုင်လို့မရနေတာ...။
တွန်းရင်းကန်ရင်းတင်းကျပ်စွာချည်ပြီးတဲ့အခါ
လက်နှစ်ဖက်လုံးကိုအပေါ်သို့မြှောက်ထားပြီး
ပါးစပ်ထဲရောက်လာပြန်သောစားစရာတွေ....။
"ဟင့်အင်း.....!!!!"
ချည်ထားသောလက်ကလည်းနာလှသည်။
ဖျားနေဆဲအခြေအနေမှာခန္ဓာကိုယ်ရဲ့
အခြေအနေသည်လည်းလုံးဝမကောင်းသေး။
မျက်စိရှေ့ကလူသည်လည်းမကောင်းဆိုးဝါး
တကောင်လို လုပ်ချင်ရာသာစွတ်လုပ်နေတာ
မို့Jimin မျက်ရည်စတွေဝဲလာပြီ။
ကြောက်လာခဲ့တာပါ....။
ဘဝမှာ မာမာကြောကြောတောင်ဘယ်သူ့ဆီကမှ
အကြည့်မခံခဲ့ရဖူးတော့ ဒီလိုမျိူး
အခြေအနေကြီးသည် ကူရာကယ်ရာမဲ့စွာ
ခံပြင်းဖို့လည်းကောင်းလှသည်။
"မျက်ရည်တွေလား....ကျမလာနဲ့နော်..
ကျရင်...တကိုယ်လုံးကိုချည်ထားလိုက်မှာ
ပြောစမ်း...လိုအပ်ရဲသေးလား....."
"ငါ့ဟာငါသူ့ကိုလိုအပ်အပ်
မလိုအပ်အပ်မင်းနဲ့ဘာဆိုင်လဲ
ဘာဆိုင်လို့...အထိနာပြနေတာလဲ....
ရူးနေတာလား....ရူးနေလို့လား........."
Jeonမျက်လုံးတွေပို၍စူးရဲသွားသည်။
အဲ့ဒီရူးနေလား ဆိုတဲ့စကားသည်
ထိရောက်လွန်းပါသည်။
"ဆေးသောက်ရမယ်....ဆေးသောက်ဖို့
အချိန်တန်ပြီ...."
Jeonသည် ခွက်ထဲကဆေးလုံးတွေကို
ပါးစပ်ထဲကောက်ထည့်လိုက်ကာ
Jimin မျက်နှာကိုဆွဲယူလျှက်
နူတ်ခမ်းတွေကိုဆွဲစုပ်ကာ
ဆေးတွေကိုJimin နူတ်ခမ်းတွေထဲသို့
အတင်းထိုးထည့်သည်။
အံတင်းတင်းကြိတ်ထားသူသည်
ပါးစပ်ကိုလုံးဝမဖွင့်ပေး....။
ဒါမှလည်း ParkJimin ပီသမှာပေါ့.။
အောက်နူတ်ခမ်းကိုဖြစ်ချင်သလောက်
ဖြစ် ကိုက်ချလိုက်တဲ့အခါ ဘယ်လောက်နာသွား
သလဲတောင်မသိ တကိုယ်လုံးတုန်တက်သွားကာ
ငြီးငြူသံခပ်ကျယ်ကျယ်ကြားလိုက်ရသည်။
ဖွင့်ဟသွားသောနူတ်ခမ်းတွေထဲ
ဆေးလုံးတွေကို ပို့ဆောင်လိုကိသည်။
မျက်ရည်တွေကိုထိတွေ့မိလိုက်သည်...။
ဘယ်ခံနိုင်ပါ့မလဲ...ငိုပီပေါ့..။
ဆေးတလုံးပါးစပ်ထဲရောက်သွား၍
ပြန်ခွါလိုက်ချိန်တွေ အောက်နူတ်ခမ်းက
တစက်စက်ကျနေသောသွေးတွေသည်
အိပ်ယာခင်းဖြူဖြူဆီသို့ဆက်တိုက်ကျနေသည်။
"ပြော....စကားကိုလွန်ဆန်အုန်းမလား...
ကလန်ကဆန် လုပ်ရပ်တွေလုပ်အုန်းမလား...ပြော!!"
"မပြောဘူးလား....အကြောကတင်းမြဲပေါ့လေ.."
နောက်ထပ်ဆေးတလုံးကိုပါးစပ်ထဲ
ထပ်ထည့်ကာ သွေးထွက်နေသော
နူတ်ခမ်းတွေဆီဒုတိယအကြိမ်ပြန်ထိတွေ့ကာ
ထပ်ကိုက်ချတော့ ငိုသံထွက်လာခဲ့သည်။
"ပြော..!!!!အချိုးပြေမှာလား...
ငါပြောရင် တခွန်းဆို ရမှာလား
အရေးအရာမပါတဲ့လွမ်းကြောင်းတွေနဲ့
ငါ့ရင်ခွင်ထဲဝင် စောက်ရူးလိုမင်းငိုအုန်းမှာလား
မင်းက်ုငါမြင်ထဲကမုန်းခဲ့တာ
ငါ့မှာအကြောင်းပြချက်မရှိခဲ့ဘူး....
မုန်းလို့ပဲ ယူခဲ့တာ...
မုန်းတာထက်ပိုတဲ့ ငါနားမလည်တဲ့ပူလောင်မှုတွေကို
ငါထပ်ပီး မခံစားနိုင်ဘူး ParkJimin
မင်းလိမ္မာမှဖြစ်မယ်....ပြော!!!!!"
Jimin သည်ဘယ်နေရာတွေနာလို့နာမှန်း
မသိရ...တချက်တချက်ထထအော်သော
အသံနက်ကြီးတွင် ခန္ဓာကိုယ်တခုလုံး
တုန်သွားသည်အထိလန့်သွားရကာ
စကားမပြောနိုင်တော့ လည်ချောင်းနှင့်
ရင်ဘက်တခုလုံးတစ်ဆို့ကာ
မျက်ရည်တွေသာပိုးပိုးပေါက်ပေါက်ကျလာနိုင်သည်။
"မရသေးဘူးနဲ့တူတယ်...
တကိုယ်လုံးစုတ်ပြတ်သတ်မှဖြစ်မှာလား
ထင်တာထက် ခံနိုင်ရည်ရှိတာပဲ...."
အကျီလည်ပင်းစကိုကြမ်းတမ်းစွာ
ဆွဲယူလိုက်ပြီးလည်တိုင်ဖွေးဖွေးသို့
ကိုက်ချပစ်ရန်  ရွယ်လိုက်ချိန်တွင်
ခေါင်းတဆက်ဆက်ညိမ့်ပြလာတဲ့သူ...။
ပြောသားပဲ
Jeon Jungkookမလုပ်နိုင်တာဘာတစ်ခုမှ
မရှိဘူး.လို့..... ။
"တော်ပါတော့....ငါ...ငါမင်းပြောသလိုနေပါ့မယ်..."
တဆက်ဆက်တုန်နေသောလက်ကလေး
တွေသည်ခါးပတ်ကြိုးတွေနှင့်အချူပ်နှောင်
ခံထားရတဲ့ကြားက ရင်ဘက်ကိုခပ်ဖြည်းဖြည်း
သာတွန်းလာသည်။
"ကတိနော်....ငါ့ကိုပီးပီရော မပြောနဲ့..."
"အင်း....ငါထပ်မလုပ်...တော့ဘူး...."
တုန်တုန်ရီပြောလာသောပုံစံငယ်သည်
ဟန်ဆောင်နေတာမျိုးမဟုတ်တာသေချာပါသည်။
တကယ်ကြောက်လန့်နာကျင်နေတာမျိူး။
"ကတိ...ပေး......"
စကားသည်ဆုံးခန်းမတိုင်ခဲ့ပါ...။
Jimin သည်ညစ်ပတ်နေပီဖြစ်သောအိပ်ယာထဲသို့
လဲကျသွားတော့သည်။
သတိလစ်မေ့မျောသွားတာမျိုးမဟုတ်ဘဲ
မတ်မတ်မထိုင်နိုင်​တော့တာကြောင့်
အားအင်မဲ့စွာပြိုလဲသွားခဲ့ခြင်း။
Jeon သည် ဆွဲထူဖို့လက်ရွယ်လိုက်ပေမယ့်
အကြောက်လွန်နေသူသည်
တက်တူးနဲ့လက်တွေကိုမြင်တာနဲ့တုန်ရီသွားကာ
ကိုယ်လုံးလေးကျုံ့သွားခဲ့သည်...။
ချမှတ်ခဲ့တဲ့ပုံစံခွက်သည်.ရက်စက်ရာသိပ်ကျခဲ့
ပေမယ့်ကျတော်လိုကောင်မျိုးက
အစွန်းထွက်တာမျိုးကိုတောင်လက်ခံမှာမဟုတ်။
အစက သူ့အကန့် ကိုယ့်အကန့် မသိသလို
မဆိုင်သလိုနေရင်ပီးပီပဲလို့တွေးခဲ့ပေမယ့်
ParkJimin ကိုမြင်တိုင်းကျတော်မှ
အကန့်ခွဲမနေနိုင်တာ.....။
အဲ့ဒီအတွက်...ကျတော်အားသုံးတယ်
ကြောက်အောင်ခြောက်တယ်
ကလေးတွေလိုနာကျင်အောင်ဆုံးမတယ်...
JeonJungkook ဆိုတာနဲ့အေးတိအေးစက်
အကြည့်မျိုးနဲ့တောင်လှန်မကြည့်ရဲအောင်
နှိပ်ကွပ်ခဲ့တယ်
သူ့ရဲ့ချစ်လှစွာသောရည်းစားဟောင်းကိစ္စကို
စကြားပြီးထဲက နတ်ဆိုးဝင်ပူးနေသလို
မြင်မြင်သမျှမီးရှို့ချင်နေသောကျတော့်
စိတ်ခန္ဓာဟာ မျက်ရည်တွေနဲ့ခေါင်းတဆက်ဆက်
ညိတ်ပြီး မလုပ်တော့ပါဘူး မပြောရဲတော့ပါဘူးလို့
ကတိတွေအထပ်ထပ်ပေးမှ  နေသာထိုင်သာရှိတယ်။
ဒါဆို နတ်ဆိုးကပြန်ထွက်သွားမယ်ပေါ့..။
မဟုတ်ဘူး....အဲ့ကစ နတ်ဆိုးကစတင်ပူးဝင်ခဲ့
တော့တာပဲ.....။
ကျတော့်ကိုသူ ကလန်ကဆန်အချိုးမချိုးရဲတော့ဘူး
လွမ်းခြင်းဆွေးခြင်းတွေကိုဘယ်တော့မှထပ်မပြော
တော့ဘူး....။
ထိထိရောက်ရောက်ပါပဲ...
..................................။
MD Parkနဲ့ချိန်းထားတဲ့ကိစ္စပျက်သွား၍
နောက်အလုပ်တစ်ခု ခေါင်းထဲအစီအစဉ်ချနေချိန်
တွင်ထပ်ဝင်လာသောဖုန်းကြောင့်
အတွေးစတို့ဖြတ်ကာကိုင်လိုက်ရသည်။
"အစ်ကိုYoongi...ထယ်ယောင်းချိန်းတွေ့နေပြန်ပီ
.......Barမှာ.....လာခေါ်သင့်တယ်ထင်တယ်..."
ထယ့်ကို ထယ်မသိအောင်လိုက်Check
ခိုင်းထားသောကောင်လေးသည်
အလောတကြီးဖုန်းဆက်လာတော့
Yoongi သည်သက်ပြင်းတချက်ချလိုက်ကာ
စောင့်ကြည့်ထားလို့ပြောပီးထွက်လာရတော့သည်။
ထယ် ဟာ...Relationship တစ်ခုတည်ဆောက်ခြင်းတွင်
မကောင်းသောအမူအကျင့်
သေးသေးလေးတွေကိုစုဆောင်းပြီး
လှလှလေးပြုံးတတ်သောမထုံတက်တေးကောင်ကလေး။
သိပ်ရှုပ်ပွေတတ်သည်...။
ဆိုးဆိုးဝါးဝါးဘောင်တွေကျော်လွန်တာမျိုး
မဟုတ်ပေမယ့် သူကသိပ်ချောလွန်းတော့
လူတိုင်းကတွေ့ဆုံလိုက်တာနဲ့ ချဉ်းကပ်ချင်ကြသည်။
ထယ်ဟာ...သိပ်ပြီးငြင်းလေ့မရှိ...
သူ့ စိတ်ထဲ ပျော်ရင် အဆင်ပြေရင်
အီစီကလီပြန်လုပ်ကာ အပျော်အပျက်
နှစ်ရက်သုံးရက်တွဲပြီး မေ့မေ့ပျောက်ပျောက်လုပ်ပစ်
တတ်တဲ့သူ...။
သိပ်သဘောကောင်းတယ် သိပ်ဖောရွေတယ်လို့
နာမည်ကြီးတယ်...သိပ်ပြီးလူမှုရေးကောင်းတယ်
အရမ်းချစ်စဖွယ်လူသားလို့အများအမြင်မှာ
စီးဝင်နေပေမယ့် ထယ်ဟာ သိပ်ကြောက်စရာ
ကောင်းကြောင်းသူ့အပြင်ဘယ်သူသိမှာလဲ..။
သူလိုလူကိုတောင် သွန်ချင်သလိုသွန်
မှောက်ချင်သလိုမှောက် နည်းနည်းတောင်
ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်နေတာပဲကြည့်...။
ဒီလို ကွယ်ရာမှာ ချိန်းတွေ့တာမျိုးလုပ်လို့
သွားသွားပြန်သိမ်းရတာ ဘယ်နှခါမှန်းမရေတွက်နိုင်။
ထယ့်ကို..တစုံတယောက်ကထိဖို့မပြောနဲ့
တက်မက်စွာကြည့်တာကိုတောင်MinYoongi
လက်မခံနိုင်.....။
အမြဲတမ်း လူကြမ်းကြီးပေါ့.....။
Barကိုရောက်တာနဲ့တလှမ်းချင်းလှမ်းဝင်
လာကာဟိုဟိုဒီဒီမျက်လုံးတွေကစား
လိုက်တော့ ထောင့်တနေရာတွင် သူ့ထက်
တော်တော်လေးငယ်မည့်ပုံပေါ်သော
ကောင်လေးတစ်ယောက်နှင့်ဝိုင်ခွက်ချင်းတိုက်နေတဲ့သူ။
သေချာကြည့်တော့မှ ခုဆောင်းCollection
အတွက် TaeHyung ဒီဇိုင်းတွေကိုModelလုပ်ပေးမယ့်
မော်ဒယ်ပေါက်စလေးပဲ....။
ကလေးသာသာလေးဆိုတော့လည်း
KimTaeHyungနဲ့ နှစ်ခါမျှသာတွေ့ရသေးတယ်
ဝဲဂယက်ထဲမျောရှာပြီ...။
သူများကိုကဲ့ရဲ့မိတော့ ကိုယ်ကရော.....။
သူ့တုန်းကတွေ့တွေ့ချင်းကိုရူးမတတ်ဖြစ်ခဲ့တာလေ..။
KimTaeHyungကသိပ်ဆိုးလွန်းတယ်...။
ကြည်နူးနေသောအတွဲလေးဆီတလှမ်းချင်းလှမ်း
လျှောက်သွားလိုက်ကာ စားပွဲခုံပေါ်
ဖုန်းနှင့်ကားသော့ကိုပစ်တင်လိုက်တော့
အလန့်တကြားမော့ကြည့်လာသူ KimTaeHyung...။
"YoongiHyung....!ဘယ်လိုလုပ်....."
TaeHyungလန့်ချင်ယောင်ဆောင်နေတာမှန်းကိုယ်က
သိပေမယ့်တဖက်ကကောင်လေးကမသိရှာ။
ဘုကြည့်ကြည့်လာသည်...။
"ခင်ဗျားဘာလုပ်တာလဲ...ရိုင်းလှချည်လား..."
"ပြန်မယ် ထယ်....."
"ဟို Hyung ကျတော်...ဒီမှာစကားပြောနေတုန်း..."
"TaeHyung Hyungကိုပြန်ခေါ်ရအောင်
ခင်ဗျားကဘာမလို့လဲ ဒီမှာစကားပြောနေတယ်လေ
မမြင်ဘူးလား...."
"ကိုယ် စောင့်ပေးရမှာလား ထယ်...
ထ ဆို ရင် ထလိုက်တော့လေ..."
KimTaeHyungသည်...မျက်စိမျက်နှာပျက်ရင်း
ကောင်လေးကို မကြည့်ရဲကြည့်ရဲပုံစံလေး
ဖြင့်လှမ်းကြည့်လိုက်သေးသည်။
မဖြစ်သာလို့ ကြောက်ရလွန်းလို့ထပြန်ရတော့မည့်
ပုံစံလေးပေါ့လေ...။
"Hyung...ပြန်လိုက်သွားမှဖြစ်မယ်...
တောင်းပန်ပါတယ်..နော်.."
"ဟာ...Hyung..သူကဘာမလို့လဲ...
ဘာမလို့ပြန်လိုက်ရမှာလဲ ကျတော်နဲ့Dateနေတာလေဗျာ
မပြန်ရဘူး..."
"သူကဘာကြီးလဲတော့Hyung လည်း
မသိဘူး ကလေးရယ်...
ဒါပေမယ့် ပြန်မှဖြစ်မှာတော့သေချာတယ်
See you နော် အများကြီးပျော်ခဲ့ရပါတယ်...."
အရစ်ရှည်နေသောသူ၏လက်ကောက်ဝတ်
တွေအားဆွဲခေါ်လိုက်ကာထွက်လာခဲ့သည်။
ဒါတောင်လှည့်ကြည့်လှည်ကြည့်နှင့်....။
ညိုးငယ်လွန်းသောမျက်နှာလေးသည်
တကယ်ပင်သနားစရာ..။
ကောင်လေးသည်လည်း
ပြေးလိုက်မလာသော်လည်း
မကျေမချမ်းဖြစ်ကျန်ခဲ့မှာသေချာသလောက်ပင်။
စကားတခွန်းမှမဆိုပဲကားကိုမိုင်ကုန်
တင်မောင်းကာအိမ်သို့ပြန်လာခဲ့သည်။
ထယ်ကသူစကားစမပြောရင်ဘယ်တော့မှ
မပြောတတ်။
အိပ်လိုက်လာသည်။
အစိမ်းရင့်ရောင်Fashionဖြင့်သမတ်တကျ
ထယ်သည် သစ်ရွက်ကလေးလိုပဲ...။
"ထယ်ယောင်း....မင်းရှုပ်ပွေမှုတွေကို
ဘယ်အချိန်လောက်မှရပ်မှာလဲ...
ငါအဲ့လိုလိုက်လိုက်ခေါ်နေရတာ အဆင်မပြေတော့ဘူးနော်"
"လူကြီး ကလိုက်ခေါ်တာလေ...
ထယ် လာခေါ်ခိုင်းလို့လား ဟိုမှာကောင်လေးနဲ့
စကားပြောတာဘယ်နေရာမှတောင်မရောက်
သေးဘူး ဒီကလည်းကျေနပ်နေတယ်ထင်လား.."
"ထယ်! မင်းမငယ်တော့ဘူးနော်....
ငါ့ကိုလက်ထပ်ဆိုတော့လည်း
နေ့ရွေ့ညရွေ့...ဘဝကိုဘယ်လိုဖြတ်သန်းချင်နေတာလဲ.."
အိမ်လည်ကောင်ခါးထောက်ကာစိတ်ဆိုး
မာန်ဆိုးဖြင့်အော်နေသောကျတော့်ဆီ
ထယ် ထမင်းစားခန်းထဲဝင်ရေတခွက်သောက်ပြီး
နောက်ပြေးလာကာ ဖွဖွလေးဖက်လာသည်။
"စိတ်မဆိုးပါနဲ့ လူကြီးရာ....
အီစီကလီလေးနည်းနည်းလုပ်တာပါ
အလုပ်မရှိလို့...အပျော်အပါးလေးရှာလိုက်တဲ့သဘောပဲ."
"ချိန်းတွေ့တာ အလုပ်လား....
ငါ့ကိုသေစေချင်နေတာပဲ..
ငါမင်းကို ဘယ်လောက်တွန့်တိုလဲမင်းသိလား..."
"မထိဘူး မထိဘူး ထယ့်ရဲ့ဘယ်နေရာကိုမှ
မထိပါဘူး..ထယ်လည်းသူစိမ်းလာထိတာ
မကြိုက်ပါဘူး ဖုန်းလေးပလီပလာပြော
Msgလေးတွေပို့ ဒါမျိုးလေးပဲလေ...
လူကြီးကမှ မလုပ်ပေးတာ...."
"ကိုယ်မအားဘူးလေကွာ...မင်းဒါကို
နားလည်ရမယ်လေ....ကိုယ်ရှာနေသမျှက
မင်းဖြုန်းဖို့ကြီးပဲ..."
"မဖြုန်းချင်ပါဘူး....ထယ်က လူကြီးနဲ့
အီစီကလီပဲလုပ်ချင်တာကြီးကို...."
ကျတော်ကပုံပြင်တွေကိုမကြိုက်ဘူး
တကယ်မဟုတ်ဘဲစိတ်ထဲရှိရာလျှောက်ရေးထား
တယ်ဆိုပြီးငယ်ငယ်ထဲကအထင်သေးစွာ
မဖတ်ဘဲနေတယ်...
ဒါပေမယ့် KimTaeHyung ပုံပြင်တွေကိုတော့
ဘယ်လောက်လျှောက်ပြောပြော
ရူးမတတ်ကြိုက်တယ်...။
"ဒါဆို ကိုယ်ဖုန်းခေါ်ရင် ဘာလို့မကိုင်တာလဲ...."
"အဲ့တာက...အဲ့တာက အဲ့တုန်းက....
ထယ် ရေချိုးနေတာလား ထမင်းစားနေတာလား
အိပ်နေတာလား....ဘာ..."
"မလိမ်နဲ့ထယ်....လူကြီးမကြိုက်ဘူး
မင်းစိတ်မကြည်တဲ့အချိန်ဖုန်းခေါ်တာမျိုးကို
မင်းမကြိုက်မှန်းသိလို့ ကိုယ်သေချာမှ
အမြဲခေါ်ခဲ့တယ်...မင်းဘယ်တော့မှ
အလေးအနက်ထားမကိုင်ခဲ့ဖူးပါဘူး..."
ဖက်ထားသောလက်ကလေးတွေပြေလျှော့
သွားတယ်...။နှာခေါင်းထိပ်ကာမှဲ့နေရာလေး
ကိုလက်ညိုးလေးနဲ့ကုတ်နေရင်းက
မျက်လုံးလေးလှန်ကြည့်လာတဲ့သူ။
KimTaeHyung အစစ်ရဲ့ပုံစံပဲ..။
ခပ်တည်တည် ခပ်အေးအေး မျက်လုံးတွေ..။
"မကျေနပ်ဘူး ထယ်အရမ်းဆိုးနေပီလို့
လူကြီးထင်လာရင်လည်းထားရစ်ခဲ့လို့ရပါတယ်
ထယ် လူကြီးကို လာပါလို့လည်းမခေါ်ခဲ့ဖူးသလို
ပြန်ပါလို့လည်းပြောမှာမဟုတ်ဘူး
ထယ့် ဘဝမှာ ထယ့်ကိုယ်ပိုင်ပျော်ရွှင်မှုထက်
ခုချိန်ထိတော့ ဘယ်အရာကမှအရေးမကြီးဘူး
စိတ်ချမ်းသာဖို့ကိုပဲရှေးရှူးနိုင်မယ်....
ထယ် ပျော်သလိုနေပါရစေ....
တခြားလူတွေရဲ့ဘဝတွေအဆင်ပြေဖို့ကိုပဲ
ထယ် တလျှောက်လုံးတွေးပေးခဲ့ရလို့လားမသိဘူး
ခုချိန်မှာတော့ ထိိန်းချူပ်မှုမဲ့ချင်တယ်..."
ထယ့်လက်တွေဟာ ခါးတွေဆီမှာလုံးဝဖြုတ်ချ
သွားပြီးလှည့်ထွက်ဖို့ကြံရွယ်လိုက်ချိန်တွင်
ထယ့်တကိုယ်လုံးကိုနောက်မှသိမ်းယူဖက်ထားလိုက်
မိသည်..။
ကျတော်တို့Relationship က
စားပွဲအစွန်းအဖျားလေးမှာတင်ထားတဲ့ဖန်ခွက်လို
ဘယ်အချိန်ကျကွဲမလဲလို့ရင်တထိတ်ထိတ်နေရတာမျိုး
လား...။
ဒါမှမဟုတ် ကျကွဲပြီးသွားတဲ့အပိုင်းအစတွေကို
မကွဲပါဘူးလိမ်လည်ကာ ထပ်ခါထပ်ခါ
ပြန်ဆက်နေရတာမျိုးလား....။
ခေါင်းစဉ်မဲ့Relationship
ကျတော့်အချစ်တွေနဲ့ပဲတဖက်သတ်တည်ဆောက်ခဲ့ရ
တဲ့ Relationship။
မလှခဲ့ဘူး ဘယ်သော်အခါကမှမလှပခဲ့ပါဘူး...။
"လူကြီးက မင်းမရှိရင် သေမှာ...ထယ်
လောကအမှန်တရားတွေထဲမှာ...
မင်းဒါကို ထပ်မှတ်သားထားလိုက်ပါအုန်း..."
MinYoongi က မင်းကိုထားခဲ့မယ့်အစား
သူ့ကိုယ်သူပဲထားခဲ့လိုက်မယ့်ကောင်ပါ ထယ်...
ကိုယ်ဒီလောက်ကြီးချစ်တာကွာ....
ဘာလို့များပြောထွက်ရသလဲ...."
ထယ်ဘာမှပြန်မပြော...။အသက်ကလေး
မှန်မှန်ရှူကာငြိမ်သက်နေဆဲပဲ။
ထယ် လည်တိုင်ကျော့ကျော့လေးတွေကို
တိုးဝှေ့နမ်းရှုံ့လိုက်တော့ကိုယ်လုံးလေးတွန့်သွားသည်။င
ဖြူစွတ်နေသောတွေသည် ထယ့်ခါးလေးထက်
မြဲမြံစွာတည်ရှိနေကာ Yoongi အသံသည်
အက်ကွဲကွဲ.....။
ချည်လို့မရ...ရတဲ့နည်းနဲ့ကျတော်ကချည်မှာပဲ....။
အကြင်နာတွေမှန်ရင် တနေ့ထယ်မြင်လာမှာပဲ...။
ဒီလောက်မေတ္တာအရှိန်အဟုန်ကြီးမားနေတာ
တနေ့တော့...လူကြီးကိုချစ်ပါတယ် လို့
ကောင်းကင်ငယ်လေးက ပြောပြလာမှာပဲ...
ဘယ်နေ့လဲမသိပေမယ့်.....ကျတော်မမှန်းဆနိုင်ပေမယ့်
စောင့်နေရတာကိုလည်းမမုန်းပါဘူး.....
ကျတော်KimTaeHyung ကိုသိပ်ချစ်ပါတယ်......။
.................
Character တွေကိုသေချာလေးရေးနေရလို့
လေးပွင့်ဆိုင်ဖို့ကတော့စိတ်ရှည်အုန်းနော်။
Character ကိုသေချာမပြဘဲ
တွေ့ပေးလိုက်ရင်အဆင်မပြေဘူးထင်လို့....။
ကျေးဇူးပါ...။🤍
ကိုယ်တော့်ပုံဆွဲလေ...."
ကချေသည်လေး၏ပုံစံငယ်......
လာမှန်းမသိ.....။
ထည့်နေရတယ်..။မျက်စိနောက်စရာ
အသံသည် ပျစ်ချွဲချွဲ....
နှင့်ရပီ..
မဟုတ်ဘူး....Jeonငယ်...."
မမြင်ခဲ့နိုင်ပါ...။
တွေးခဲ့တာ...။
မိုးနဲ့မြေပါပဲ....
ပဲရှိနေတာ...
ပြင်ဆင်ထားကြတာ...."
ယောက်ျားတစ်ယောက်ဖြစ်လာပြီး
ခက်သားနော်....မင်းယောက်ျားသားတစ်ယောက်
ထွက်လာနိုင်ခဲ့သည်...။
ထဲပျင်းရိနေတာ...."
ပြုံးရီပြနေတာ...။
ဒါတွေကမဆန်းတော့....။
ဆက်သခွင့်ပြုပါ...."
"အခွင့်မရှိဘူး...
အခွင့်မသာခဲ့.....။
မလုပ်ရဲခဲ့....။
"ကောင်းပါပြီ..."
လှမ်းသွားလိုက်သည်။
ဆိုးဝါးလာသည်....။
...............။
လိုက်ပါ့မယ်နော်..."
ပြောနေရသည်။
"ငါ့ကိုပေး....."
သွားကြ...!!!!"
မျိုချခဲ့ပြီးပြီ....။
အသက်ရှူလို့ပင်မဝ...။
"Morning....."
"ဆန်ပြုတ်သောက်ရအောင်..."
"မလိုဘူး....ထွက်သွား..."
နားထောင်ParkJimin...
"............."
"..........."
အဲ့တော့....."
"အော်......အဲ့လိုလား
လွှဲမြဲလွှဲထားဆဲ...။
"ဆန်ပြုတ်သောက်ရအောင်.."
မင်းသွားတော့...."
ကောင်းနေလိုက်လဲ...။စကားနဲ့ပင်Jeon
မပြောပြတတ်...။
လိုချင်တာဒါ....။
ငါမသောက်ဘူး......အ!!!"
"JeonJungkook!!!!"
ကန်မိကန်ရာ....။
ကိုယ့်ယောက်ျားနေမကောင်းလို့
ငြိမ်စေရမယ်....."
တထည်သာကျန်တော့သည်။
"မင်းဘာ..လုပ်မလို့လဲ........"
သူက ParkJimin လေ...
ယောက်ျားအချင်းချင်းဆိုသော်ငြား
"ဟင့်အင်း.....!!!!"
ကြောက်လာခဲ့တာပါ....။
အကြည့်မခံခဲ့ရဖူးတော့ ဒီလိုမျိုး
ထိရောက်လွန်းပါသည်။
အချိန်တန်ပြီ...."
အတင်းထိုးထည့်သည်။
"ပြော..!!!!အချိုးပြေမှာလား...
မုန်းလို့ပဲ ယူခဲ့တာ...
"မရသေးဘူးနဲ့တူတယ်...
ပြောသားပဲ
မရှိဘူး.လို့..... ။
သာတွန်းလာသည်။
တကယ်ကြောက်လန့်နာကျင်နေတာမျိုး။
"ကတိ...ပေး......"
လဲကျသွားတော့သည်။
အကြောက်လွန်နေသူသည်
အကန့်ခွဲမနေနိုင်တာ.....။
နှိပ်ကွပ်ခဲ့တယ်
တော့တာပဲ.....။
တော့ဘူး....။
ထိထိရောက်ရောက်ပါပဲ...
..................................။
မကောင်းသောအမူအကျင့်
သိပ်ရှုပ်ပွေတတ်သည်...။
တတ်တဲ့သူ...။
လက်မခံနိုင်.....။
မော်ဒယ်ပေါက်စလေးပဲ....။
ဝဲဂယက်ထဲမျောရှာပြီ...။
ဘုကြည့်ကြည့်လာသည်...။
"ပြန်မယ် ထယ်....."
မမြင်ဘူးလား...."
ထ ဆို ရင် ထလိုက်တော့လေ..."
ပုံစံလေးပေါ့လေ...။
တောင်းပန်ပါတယ်..နော်.."
"ဟာ...Hyung..သူကဘာမလို့လဲ...
မပြန်ရဘူး..."
မသိဘူး ကလေးရယ်...
တကယ်ပင်သနားစရာ..။
ကောင်လေးသည်လည်း
မပြောတတ်။
အိပ်လိုက်လာသည်။
လူကြီးကမှ မလုပ်ပေးတာ...."
မဖတ်ဘဲနေတယ်...
ရူးမတတ်ကြိုက်တယ်...။
အိပ်နေတာလား....ဘာ..."
ထယ် ပျော်သလိုနေပါရစေ....
ခုချိန်မှာတော့ ထိန်းချူပ်မှုမဲ့ချင်တယ်..."
မိသည်..။
လား...။
တဲ့ Relationship။
ထယ်ဘာမှပြန်မပြော...။အသက်ကလေး
အက်ကွဲကွဲ.....။
.................
ကျေးဇူးပါ...။🤍
Continue Reading
You'll Also Like
5.2M 344K 54
58.9K 11.5K 24
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
210K 14.8K 72
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
587K 6K 94
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...