Way Back To You (completed)

By Dandelion0113

159K 17.7K 893

He's my ex! #JIMIN #JUNGKOOK More

WBTY - 1
WBTY - 2
WBTY - 4
WBTY - 5
WBTY - 6
WBTY - 7
WBTY - 8
WBTY - 9
WBTY - 10
WBTY - 11
WBTY - 12
WBTY - 13
WBTY - 14
WBTY - 15
WBTY - 16
WBTY - 17
WBTY - 18
WBTY - 19
WBTY - 20
WBTY - 21
WBTY - 22
WBTY - 23
WBTY - 24
WBTY - 25
WBTY - 26
WBTY - 27
announcement
WBTY - 28
WBTY - 29 (Final)
BOOK ANNOUNCEMENT
Pre order

WBTY - 3

6.5K 756 50
By Dandelion0113

တစ်ကိုယ်လုံး နုံးချိစွာနှင့်ပင် Jimin နိုးလာခဲ့သည်။ မီးရောင်မှိန်ဖျော့ဖျော့သည် အမြင်အာရုံအတွင်းသို့ တစ်စတစ်စ တိုးဝင်လာပြီးနောက် သူလှဲလျောင်းနေသော နေရာသည် မရင်းနှီးသော နေရာတစ်ခုဖြစ်ကြောင်း သိလိုက်ရ၏။ သူ ဘယ်ကိုရောက်နေသည်လဲ။ နောက်ဆုံးသိရှိခဲ့သော သူ့မှတ်ဉာဏ်သည် တိုက်ခန်းကိုပြန်နေသော ဓာတ်လှေကားအတွင်းမှာပင်။ သူ့နာမည်ခေါ်သံ တစ်ခုကို ဝိုးတဝါးကြားခဲ့သေးသလိုလို။ လေးလံနေသော ခန္ဓာကိုယ်တစ်ခုလုံးကို မ,ယူပြီး ထထိုင်လိုက်သည်။ ထိုအခါမှ သူ့လက်ဖမိုးက ဆစ်ကနဲဖြစ်မှုနဲအတူ ဆေးပိုက်တန်းလန်းကို မြင်လိုက်ရတော့၏။

ဝေ့ဝဲကြည့်မိသလောက် သူရောက်နေသော နေရာသည် ကုတင်တစ်ခုထက်မှာဖြစ်ပြီး အခန်းတွင်းအပြင်အဆင်အရ ဆေးရုံဆေးခန်းတစ်ခုလည်း မဟုတ်နေခဲ့ပါ။ သူ့ကိုယ်ပိုင်အခန်းလည်း မဟုတ်။ ချိတ်ထားသော ဆေးပုလင်းထဲတွင် ဆေးရည်မရှိတော့တာမို့ လက်ဖမိုးက အပ်ကိုဆွဲဖြုတ်လိုက်ပြီး အိပ်ရာထဲကနေ ထလိုက်သည်။ ရိပ်ခနဲဖြစ်သွားသော ခေါင်းကို ခါယမ်းလိုက်ပြီး အခန်းပြင်ကို ထွက်လာခဲ့လိုက်သည်။

အခန်းထဲက ထွက်လိုက်သည်နှင့် ဧည့်ခန်းကျယ်ကြီးကို အရင်ဆုံးမြင်တွေ့ရသည်။ အပြာရင့်ရင့်ကို အသားပေးဆင်ယင်ထားသော ဧည့်ခန်းကျယ်အတွင်း တိတ်ဆိတ်ငြိမ်သက်နေသည်။ ကြောင်တစ်ကောင် ကြွက်တစ်မြှီးတောင် မမြင်မကြားရသေးသော ဤနေရာတွင် Jimin တစ်ယောက်တည်းသာ ရှိနေသလိုမျိုး။ နံရံတစ်ဖက်တွင်တော့ ပန်းချီကားချပ်အချို့ရှိနေသည်။

ထိုအချိန် ဧည့်ခန်းနဲ့ မီးဖိုခန်းကို ခြားထားသော နံရံနောက်မှ ထွက်လာသော အရိပ်တစ်ခု။ ထိုအရိပ်ကို Jimin လှည့်ကြည့်မိလိုက်သည့်အခါ ပထမဆုံးတွေးမိလိုက်သည်က သူ အိမ်မက်များမက်နေသည်လား။

ဘယ်လိုမှ မထင်မှတ်ထားသောသူသည် Jimin ရပ်နေရာသို့ တစ်လှမ်းခြင်းတိုးလာနေသည်။ ပန်းကန်လုံးတစ်လုံးနှင့် ရေခွက်တင်ထားသော ဗန်းတစ်ချပ်ကိုလည်း လက်ထဲမှာ ကိုင်ထားသေး၏။ နေရာမှာတင် ကြက်သေသေနေမိသော Jimin ရှေ့ လက်တစ်ကမ်းစာအလိုလောက်မှာ ထိုသူက ရပ်သွားသည်။

'Jimin shi နိုးလာပြီလား။ သက်သာရဲ့လား။'

Jimin ယောင်ယမ်းပြီး ခေါင်းငြိမ့်ပြလိုက်မိသည်။ ဘယ်က ဘယ်လို။ သူ့ကို ကူညီပေးခဲ့သူက Jeon Jungkook တဲ့လား။ သူမရေမရာကြားလိုက်ရတဲ့ နာမည်ခေါ်သံက Jeon Jungkook ဆီကပေါ့။ ဒါဆို ဒါကလည်း သူ့အခန်း။ သူ အိပ်နေခဲ့မိတာ Jeon Jungkook ဆိုတဲ့သူရဲ့ အိပ်ယာထက်မှာ။ ဒါက အိပ်မက်တစ်ခုလား။ ကံတရားက သူတို့နှစ်ယောက်ကို ဘယ်လိုတောင် ဆုံစေလိုက်တာလဲ။

လူကို စူးစိုက်ကြည့်ပြီး အတွေးများနေပုံရတဲ့ သူကို Jungkook ပြန်ငေးလိုက်မိသည်။ ပျော့ခွေကျသွားတုန်းက သူ ဘယ်လောက်ထိစိုးရိမ်သွားလဲ သူသာသိသည်။ ပေါ့ပါးနေသော ကိုယ်လုံးငယ်လေးသည် ရက်အတော်ကြာ အစာအာဟာရပျက်နေခဲ့တဲ့ သူတစ်ယောက်လို။ Jimin ဒီတိုက်မှာ နေသည်ဆိုတာကို သိပေမဲ့ ကိုယ့်အခန်းထဲကိုပဲ ခေါ်လာခဲ့လိုက်သည်။ ညတွင်းချင်း ဆရာဝန်ခေါ်လိုက်ရပြီး ဆေးချိတ်ပေးလိုက်ရ၏။ အားနည်းပြီး ပင်ပန်းသွားသည်ဟု ဆရာဝန်က မှတ်ချက်ပေးပြီး အစားဝင်အောင်ကျွေးဖို့ကိုလည်း မှာသွားသေးသည်။ မနက်လင်းခါနီး နိုးလာရင်စားဖို့ ဆန်ပြုတ်ပြုတ်ပေးနေမိခြင်း။ နံရံပေါ်က နာရီကတော့ မနက် ၅နာရီဆိုတဲ့ အချိန်ကို ပြနေသည်။

Jungkook က ဆိုဖာခုံတွေဆီ လျှောက်သွားပြီး လက်ထဲက ဗန်းကို စားပွဲပေါ်တင်လိုက်သည်။

'ထိုင်ပါဦး'

Jimin က ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ပြီးမှ Jungkook ကို ကြည့်လာသည်။ Jungkook ကို မေးခွန်းတွေ မေးချင်နေပုံရ၏။ Jungkook က ဘာမှ မပြောသေးဘဲ ဆန်ပြုတ်ပန်းကန်ကို Jimin ရှေ့ ချပေးလိုက်သည်။

'အားရှိအောင် အရင်ဆုံးစားလိုက်ပါဦး။ ပြီးမှ ကျွန်တော်တို့ အေးဆေးပြောကြတာပေါ့။'

Jimin က ဆန်ပြုတ်ပန်းကန်ကို ငုံ့ကြည့်လိုက်မိသည်။ မွှေးပျံ့ပြီး စားချင်စဖွယ်ဖြစ်နေသော ဆန်ပြုတ်ပန်းကန်ကို ကြည့်ပြီး သူ့ရင်ထဲမကောင်းဖြစ်လာသည်။ ပျို့ချင်သလိုလို အန်ချင်သလိုလို။ သို့သော် Jimin ထိုခံစားချက်ကို အောင့်အီးကာ မြိုချထားလိုက်၏။ စေတနာနှင့် လုပ်ထားပေးသူရှေ့မှာ ဖြစ်ပျက်ပြနေလို့ မသင့်တော်ပါ။

'ဆန်ပြုတ်မကြိုက်လို့လား။'

'မဟုတ်ပါဘူး။'

Jimin အလျင်အမြန်ဖြေပြီး ဆန်ပြုတ်ပန်းကန်ကို ယူလိုက်သည်။ တစ်ဇွန်းခပ်သောက်ပြီးသည်နှင့် ပျို့တက်လာသော ခံစားချက်ကို ဆန်ပြုတ်နဲ့အတူ ကြိတ်မှိတ်မြိုချပစ်လိုက်၏။ သုံးဇွန်းမြောက်မှာ Jimin ဘယ်လိုမှ သည်းမခံနိုင်တော့။ ပန်းကန်ကို ပြန်ချထားလိုက်ပြီး ရေခွက်ဆွဲယူကာ သောက်လိုက်ရသည်။

မျက်ရည်တွေဝဲပြီး မျက်နှာမကောင်းဖြစ်နေတဲ့သူကို ကြည့်ရင်း Jungkook စိတ်မကောင်း။ ဆန်ပြုတ်မကြိုက်တာများလား။ ဒါမှမဟုတ် အရသာမကောင်းလို့လား။ သူ မြည်းကြည့်ထားတာတော့ အတော်ပါပဲ။

'ကျွန်တော် ဒီကို ဘယ်လိုရောက်လာတာလဲ။'

ဘယ်လိုမှ ဆက်မစားနိုင်တော့သည်မို့ Jimin စကားပြောဖို့ ဆုံးဖြတ်လိုက်သည်။

'Jimin shi ဘယ်အထိမှတ်မိလဲ။'

'ကျွန်တော် ရုံးကပြန်လာပြီး ကျွန်တော်နေတဲ့တိုက်ရဲ့ ဓာတ်လှေကားစီးတဲ့အထိ။'

'အင်း အဲ့ဓာတ်လှေကားထဲမှာ ကျွန်တော်လည်းရှိနေတယ်။ အပေါ်ကို တက်လာရင်း Jimin shi လဲကျသွားတော့ နေတဲ့ အခန်းကိုလည်း မသိတာနဲ့ ကျွန်တော့်အခန်းထဲ ခေါ်လာခဲ့လိုက်တာ။ ဆရာဝန်က ဆေးသွင်းပေးသွားတယ်။ အားနည်းပြီး ပင်ပန်းသွားတာလို့ ပြောတယ်။ အစားလည်း ဝင်အောင်ကျွေးဖို့မှာသွားတယ်။'

'ကျွန်တော့်ကြောင့် ကိုယ်စားလှယ် ဒုက္ခများသွားပြီ။ တောင်းပန်ပါတယ်။ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်။'

Jungkook ပြုံးပြီးပဲ ကြည့်နေလိုက်သည်။ ကိုယ်စားလှယ်ဆိုသည့် နာမ်စားကြောင့်လည်း ရယ်ချင်နေသည်။ စကားကို ယဉ်ကျေးစွာပြောနေသည်မှာလည်း သူက ကိုယ်စားလှယ်ဖြစ်နေတာကြောင့်ဆိုတာကိုလည်း တစ်ခါတည်း သိလိုက်ရ၏။ တစ်ချိန်က ရင်းနှီးခဲ့ဖူးသူတစ်ယောက်၊ ကိုယ့်ထက် အသက်ငယ်တဲ့သူတစ်ယောက် အနေနဲ့တော့ Jungkook ကို မမှတ်မိစရာ အကြောင်းတော့ မရှိနိုင်ပါ။ အရင်ရက်က သူ့ကို မြင်မြင်ချင်း အံ့ဩသွားတဲ့ ပုံရိပ်ကို သူကိုယ်တိုင် စိုက်ကြည့်ဖြစ်ခဲ့သေးတာပဲလေ။ စည်းတစ်ခုတားချင်နေပုံရ၏။

'ဒါဆို ကျွန်တော် ပြန်လိုက်ပါဦးမယ်။ ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ် ကိုယ်စားလှယ်။'

ဆိုဖာခုံပေါ်မှာပင် လွှားတင်ထားဖြစ်သည့် သူရဲ့ အပေါ်ဝတ်အင်္ကျီနှင့် အိတ်ကို ဆွဲယူပြီး နှုတ်ဆက်သည့်တိုင် Jungkook က ငြိမ်နေဆဲ။ Jimin က ကိုယ့်အထက်လူကြီးတစ်ယောက်ဖြစ်သည့်အပြင် ကိုယ့်ကိုကူညီပေးထားသည့် ကျေးဇူးရှင်တစ်ယောက်လည်းဖြစ်သည့်အလျောက် ခေါင်းလေးညွှတ်ကာ နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။

အခန်းအပြင်ဘက်ရောက်လာပြီး တံခါးချပ်ပိတ်သွားသည်နှင့် နံရံမှာကျောကပ်ကာမှီရပ်လိုက်သည်။ တုန်ယင်ခုန်လှုပ်နေသော ရင်ဘတ်ကို ဖိထားမိသည်။ အိပ်ရေးမဝသေးတာကြောင့်လို့ တွေးလိုက်ပြီး အားတင်းကာ ထရပ်လိုက်သည်။ နေရောင်ပင်မမြင်ရသေးသော ဝေလီဝေလင်း မနက်ခင်းမှာ ရုံးမသွားခင် တစ်ရေးလောက် ထပ်အိပ်လိုက်ဖို့ တွေးပြီး အခန်းဆီပြန်ခဲ့လိုက်သည်။ အံ့ဩစရာကောင်းစွာပင် Jimin ရဲ့ တိုက်ခန်းက Jungkook နေတဲ့အထပ်ရဲ့ အောက်တစ်ထပ်မှာ ဖြစ်သည်။ အလုပ်လုပ်သည့်နေရာတင်မက နေထိုင်ရာအရပ်ပါတူနေသည့် သူတို့နှစ်ယောက်ရဲ့ တိုက်ဆိုင်မှုက တွေးချင်စရာတော့ ကောင်းလှသည်။

သို့ပေမဲ့ ဒီနေ့ ဒီလိုအခြေအနေနဲ့ တွေ့ဆုံခဲ့ရတာနဲ့တင် လုံလောက်နေပြီ။ ထပ်ပြီးတော့ မျက်နှာချင်းမဆိုင်မိဖို့ Jimin မျှော်လင့်မိပါသည်။

---

ကိုယ်စားလှယ်ဖြစ်သူ၏ ရုံးခန်းသည် STAR A အဆောက်အဦးရဲ့ အထပ်မြင့်မှာ တည်ရှိတာဖြစ်သည်။ အလုပ်စားပွဲ၏နောက်ဖက်က နံရံတစ်ခုလုံးကို မှန်ချပ်တွေနဲ့ ကာရံထားသည်မို့ သူ့ရုံးခန်းကနေ မြို့ပြအဆောက်အဦးတွေကို လှမ်းမြင်နိုင်၏။ Jungkook တစ်ယောက် ထိုမှန်နံရံတွေရှေ့မှာ ရပ်နေမိသည်။ အဆောက်အဦးရှေ့ရှိ လမ်းမကြီးထက်က သွားလာနေသော ယာဉ်ကြီးယာဉ်ငယ်တွေကို ပုံမှန်ထက် အရွယ်အစားသေးငယ်စွာ တွေ့မြင်နေရသည်။ ဘယ်နေရာကြည့်ကြည့် အနိမ့်အမြင့်မတူညီသော အဆောက်အဦးတွေနှင့်သာ ပြည့်နှက်နေသော မြို့ပြသည် မွန်းကြပ်စရာကောင်းလှပါသည်။

သို့သော် Jungkook ရဲ့မျက်ခုံးတွေ အနည်းငယ်တွန့်ကျိုးကာဖြင့် အတွေးနက်လျက်ရှိနေရသည်က မွန်းကြပ်ဖွယ်မြင်ကွင်းကြောင့် မဟုတ်။ တိတ်ဆိတ်သော အခန်းအတွင်းမှာ ချန်ထားခံခဲ့ရသည့် ဆန်ပြုတ်ပန်းကန်တစ်ခုကြောင့်သာဖြစ်သည်။ ထို့နောက် မျက်ရည်တွေဝဲပြီး အတင်းကြိတ်မှိတ်မြိုချနေရရှာသော သူတစ်ယောက်ရဲ့ ပုံရိပ်။ အရောင်ဖျော့သော နှုတ်ခမ်းပါးတွေနှင့် သိသိသာသာကို ပိန်ပါးနေသော ကိုယ်ငယ်တစ်ခု။ သူစိမ်းတစ်ယောက်လို ဆက်ဆံသွားပါသော အပြုအမူတွေ။ မနက်ခင်းအစောပိုင်းက ဖြစ်ပျက်ခဲ့သမျှသည် Jungkook စိတ်ကို မကြည်မလင်ဖြစ်စေ၏။ နွမ်းလျနေသော သူသည် သက်သာပါရဲ့လား။ မနေနိုင်စွာတွေးမိရပြန်သည်။

တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာတော့မှ ရုံးခန်းကို ကျောပေးထားမိရာကနေ လှည့်ကြည့်လိုက်သည်။ ဝင်လာသူက သူရဲ့ အတွင်းရေးမှူးဖြစ်တဲ့ Jack။

အလုပ်စားပွဲမှာ နေရာပြန်ယူလိုက်တော့ ဖိုင်တွဲတစ်ခုက မျက်စိရှေ့ရောက်လာသည်။

'ကိုယ်စားလှယ်တောင်းထားတဲ့ Advertising (ကြော်ညာ) ဘက် လုပ်ငန်းပါတနာတွေပါ။'

Jungkook ခေါင်းငြိမ့်ပြလိုက်တော့ Jack က ထွက်သွားရန်ပြင်သည်။

'နေဦး'

'ဘာများအလိုရှိလို့လဲ ကိုယ်စားလှယ်'

Jack က ရောက်နေတဲ့ နေရာမှာ ချက်ချင်းရပ်ပြီး ဖြေ၏။ Jungkook က Jack ကို မကြည့်။ တစ်ခုခုကို ပြောချင်သော်လည်း‌ ပြောသင့်မပြောသင့် စဉ်းစားနေဟန်။ Jack စိတ်ရှည်စွာ ရပ်စောင့်ပေးနေလိုက်၏။

'Park Jimin ဒီနေ့ ရုံးတက်လား'

Jack ခဏတော့ ကြောင်သွားပေမဲ့ ရုပ်တည်နဲ့ စိုက်ကြည့်နေသာ ကိုယ်စားလှယ်ကို မြင်လိုက်ရတာမို့ ခပ်မြန်မြန်လေး ဖြေလိုက်မိသည်။

'ကျွန်တော် အပေါ်တက်မလာခင် တွေ့ခဲ့ပါသေးတယ်'

'အင်း သွားလို့ရပြီ'

တွေ့ခဲ့သည်ဆိုသောကြောင့် အသေးစိတ်ထပ်မေးချင်သေးပေမဲ့ မသင့်တော်ဘူးဟု ထင်မိ၍ ဘာမှဆက်မမေးတော့ပဲ Jack ကို ပြန်လွှတ်လိုက်သည်။ ရုံးတက်နိုင်တယ်ဆိုတော့ သက်သာသွားလို့ ဖြစ်ပါလိမ့်မည်။ ထို့နောက် ထွေပြားနေတဲ့ သူ့အာရုံတွေကို မျက်စိရှေ့က ဖိုင်တွဲတွေထံ ပြန်လည် စုစည်းလိုက်ရတော့သည်။

---

'အဆင်ပြေရဲ့လား။'

ဂျင်းဆင်းနီအားဆေးအထုပ်သေးလေးတစ်ခုကို ကမ်းပေးရင်း ဆိုလာတဲ့ သူငယ်ချင်းလေး Eunhee ကို Jimin ခေါင်းငြိမ့်ပြလိုက်သည်။

'ဘယ်လိုဖြစ်တာလဲ။'

'ပင်ပန်းသွားတာ။'

'နင် အစားတွေ ရှောင်ပြန်ပြီလား။'

Jimin အသံတိတ်နေလိုက်တော့သည်။ Eunhee က သူ့ဘေးကနေရင်း သက်ပြင်းချပြီး ဘာမှ ထပ်မပြောတော့။ ပြောလို့ရမှာ မဟုတ်မှန်းလည်း သူ(မ)သိသည်။

'မနက်ဖြန် အသစ်လေးတွေကို အကဲဖြတ်ပေးရဦးမှာနော်။'

'အင်း'

'နေကောင်းအောင်နေဦး။'

'ခုလည်း ကောင်းနေပါပြီ။'

'မပြောတော့ဘူး။ ဒါနဲ့ နင် Show တစ်ခုအတွက် Interviewer လုပ်ပေးရမယ်ဆို။'

'အင်း အခုသူတို့က Producing ဘက်ပိုင်းနဲ့ ညှိနေတုန်းမို့ အသေးစိတ်ကို အစည်းအဝေးပြီးမှ သိရမှာ'

အခု သူတို့နှစ်ယောက်က နားနေခန်းထဲက ဆိုဖာခုံပေါ်မှာ ဘေးချင်းကပ်ထိုင်ပြောနေကြတာဖြစ်သည်။ ၁၁နာရီ သတင်းအစီအစဉ်အတွက် Jimin က ပြင်ဆင်နေရချိန်လည်းဖြစ်သည်။ အနည်းငယ်နွမ်းလျနေသော Jimin ကို Eunhee က သတိထားမိသွားပြီး နေမကောင်းဘူးလား မေးရာကနေ မနေ့ညက ဆေးသွင်းလိုက်ရတဲ့အကြောင်းပါ ပြောပြဖြစ်လိုက်သည်။ မေ့လဲပြီး တခြားသူရဲ့ အခန်း ရောက်သွားကြောင်း အသေးစိတ်တော့ မပြောပြဖြစ်။ မလိုဘူးဟုလည်း ထင်သည်။

'Jimin shi'

Staff တစ်ယောက်က အခန်းဝကနေ လာခေါ်နေပြီမို့ Eunhee ကို ထားခဲ့ပြီး News Room ထဲ ဝင်လာခဲ့လိုက်သည်။ သက်ပြင်းပူတစ်ချက်ကို မှုတ်ထုတ်ရင်း အဆင်ပြေပြေပြီးသွားဖို့ကို မျှော်လင့်မိပါတော့သည်။

---

ချီးကျူးစရာကောင်းလှပါ၏။ ကင်မရာတွေရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ သတင်းကြေညာနေသူက မနက်ကတွေ့ခဲ့သည့် လေတိုက်လျှင် လှဲကျသွားတော့မည့်ပုံစံမျိုး လုံးဝမဟုတ်။ အရောင်တင်ထားသော နှုတ်ခမ်းစိုစိုတွေရဲ့ အထောက်အပံ့ကြောင့်ပဲလားမသိ။ နေမကောင်းဖြစ်နေသူတစ်ယောက်အသွင် ရှိမနေပါ။

ဒီနေ့တော့ ကိုယ်စားလှယ်က Control Room ကနေမဟုတ်ဘဲ ရိုက်ကွင်းအတွင်းရောက်လာသည်မို့ အကုန်လုံးက လှည့်တကြည့်ကြည့်။ လုပ်ငန်းခွင်အတွင်း အနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့် အားလုံးရဲ့ နောက် ထောင့်တစ်နေရာမှာ ရပ်နေတာတောင်မှ သတိမထားမိသူမရှိ။ အစီအစဉ်အစအဆုံး ရပ်ကြည့်နေတာမို့ တအံ့တဩလည်း ဖြစ်နေကြသေး၏။

Cut ဆိုတဲ့ အော်သံနောက်မှာ လူတွေ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြန်သည်။ ထို့နောက်မှာ Jungkook ထံကို ဝေ့ဝဲလာသော အကြည့်တစ်စုံ။ ခေါင်းလေးဆတ်ခနဲငြိမ့်ပြပြီး သူ့တည်ရှိမှုကို အသိအမှတ်ပြုခြင်းအား ခေါင်းငြိမ့်ပြပြီးသာ လက်ခံဖြစ်လိုက်သည်။

'ကိုယ်စားလှယ် သွားဖို့အချိန်ကျပါပြီ'

နောက်နားမှာ ရပ်နေသည့် Jack ဆီက အသံထွက်လာတော့မှ အခန်းတစ်ခုလုံးကို ကျောခိုင်းပစ်လိုက်တော့သည်။ ဒါတောင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောနေသူရဲ့ အပြုံးနုနုက အာရုံထဲ ကပ်ပါလာခဲ့သေးသည်။ သူကိုယ်တိုင်က ဖိတ်ခေါ်ခဲ့သည် ပြောရမလား။ ပုံရိပ်ငယ်အား ပျောက်ကွယ်သွားအောင် မကြိုးစားဖြစ်ခဲ့ပါ။ ဖြစ်နိုင်ရင် ထိုအပြုံးမျက်နှာအား တစ်နေကုန်ပင် ထိုင်ကြည့်နေချင်သေး၏။ ထိုသို့တွေးမိတော့ Jungkook မျက်နှာလေးက ပြုံးသွားသည်။

Park Jimin ဆိုသူသည် ဘယ်အချိန်ချိန်ပဲဖြစ်ဖြစ် သူ့အား ပြုစားနိုင်စွမ်းရှိ၏။ သူကပဲ ကျရှုံးလွယ်နေသည်လားတော့မသိ။ ဒါကိုလည်း မမူပါ။ ပျော်ပျော်ကြီးကို ကျရှုံးပစ်လိုက်ဖို့ကို သူ ဆန္ဒရှိနေသည်ပင်။ TV ဖန်သားပြင်မှာ အမှတ်မထင်ပြန်တွေ့မိခဲ့ကတည်းက။ ဖခင်ဖြစ်သူရဲ့ ကုမ္ပဏီကဆိုတာ သိလိုက်ရချိန်ကတည်းက။ ထိုသူနဲ့ အနီးဆုံးကို ပြန်ရောက်နိုင်ဖို့အတွက် သူ့စိတ်တွေ ထက်သန်နေခဲ့ရသည်ပဲ မဟုတ်လား။

အနီးဆုံးကို ရောက်နေတော့လည်း သူ့မှာ ချက်ချင်းမသွားနိုင်။ ပေးအပ်ခံလိုက်ရတဲ့ တာဝန်တွေက မနည်းမနှော။

မနေ့က ပုံစံကို တွေ့ပြီးနောက်မှာတော့ Jungkook အချိန်ထပ်မဆွဲချင်တော့ဘဲ ဆုံးဖြတ်ချက်ကို အလျင်အမြန်ချရတော့သည်။

မဖြစ်တော့ဘူး Park Jimin။ ဒီထက်ပိုပြီး တစ်ယောက်တည်း မထားနိုင်တော့ဘူး။ အမြန်ဆုံး ပြန်လာဖို့ လိုအပ်နေပြီဆိုတာကို သက်သေပြလိုက်သလိုပဲမို့ ဘယ်လိုမှ စိတ်ချနိုင်မယ် မထင်တော့ဘူး။ ကမ်းလင့်ကြိုနေဖို့ကိုလည်း မမျှော်လင့်ပါဘူး။ ကျွန်တော့်ဘက်က စိတ်ရှည်လက်ရှည် တံခါးခေါက်ဖို့ အသင့်ဖြစ်နေပြီမို့။

---

ဒီနေ့ News & Information ပိုင်းက အလုပ်သင်တွေကို နောက်ဆုံးအဆင့် On-cam အတွက် အကဲဖြတ်ပေးဖို့ရာ အစီအစဉ်ရှိသည်မို့ Jimin ဟောခန်းထဲကို ရောက်နေသည်။ သူနဲ့အတူ အကဲဖြတ်ပေးမည့် အကြီးပိုင်းကလူတွေအပြင် စီနီယာအချို့ကိုလည်း တွေ့ရသည်။ Producer တစ်ချို့ကိုလည်း တွေ့ရ၏။ ကင်မရာသမားတွေကလည်း နေရာယူထားပြီးပြီဖြစ်သည်။ လူအားလုံး ၁၁ ယောက်ရှိသည်။ ပေးထားတဲ့ သတင်းပိုဒ်ရှည်ကို Camera ရှေ့မှာ ဖတ်ပြရမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ TV screen ပေါ်က သတင်းအကြောင်းအရာကို လက်တန်းဖတ်ပြရမှာဖြစ်သည်။ ဝတ်စားဆင်ယင်မှု၊ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်သပ်ရပ်မှု အပြင် သတင်းကြေညာသူတစ်ယောက်အနေနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ Multi-tasking လို့ခေါ်သည့် တစ်ခုထက်ပိုသောအကြောင်းအရာတွေပေါ်မှာ ပြာယာမခတ်ဘဲ တစ်ပြိုင်နက် အာရုံစိုက်နိုင်မှု စတာတွေကိုပါ စမ်းသပ်တာဖြစ်သည်။ သတင်းပြောနေရင်း Breaking News ဝင်လာတာတွေ။ သတင်းပိုဒ်ကျော်ဖို့ အချက်ပြတာတွေ။ စက်ပစ္စည်းချို့ယွင်းမှု၊ system ချို့ယွင်းမှုတွေအတွက် တုံ့ပြန်နိုင်မှုတွေ စသဖြင့် အဆင့်ဆင့် အမှတ်ပေးရမည်ဖြစ်သည်။

အေးအေးဆေးဆေး ကျော်ဖြတ်နိုင်သူတွေလည်း ရှိသလို။ အလွဲလွဲအမှားမှားဖြစ်သူတွေလည်းရှိသည်။ တက်သစ်စကလေးတွေကိုကြည့်ရင်း အရင်အချိန်တွေကို Jimin သတိရမိသေးသည်။ ကြုံတွေ့ခဲ့ဖူးသော အလွဲတွေ အမှားတွေကို ပြန်မြင်ယောင်ရင်း ပြုံးမိပါသေး၏။ လူတိုင်းအမှားနဲ့ မကင်းနိုင်ပါ။ ထိုအမှားတွေကို သင်ခန်းစာယူပြီး ရှေ့ဆက်သွားနိုင်ဖို့က အရေးကြီးသည်ပင်။ ထိုအချိန်က အရှက်ရစရာတွေက နောင်တစ်ချိန် ပြန်တွေးမိရင်း ရယ်မောချင်စရာဖြစ်သွားပါလိမ့်မည်။ အကုန်လုံးက အမှားတွေကို အမှန်ဖြစ်အောင်သင်ရင်း ငယ်ရာကနေ ကြီးလာကြတာပါပဲ။

အားလုံးပြီးသွားချိန် နေ့လည်စာစားချိန်ပင် ကျော်သွားခဲ့ပြီဖြစ်သည်။

ဟောခန်းက တံခါးပေါက်နှစ်ပေါက်ရှိတာဖြစ်ပြီး စီနီယာတွေကို နှုတ်ဆက်ပြီးတာနဲ့ ရှေ့ဘက်တံခါးပေါက်ဆီကနေ ထွက်လာခဲ့လိုက်သည်။ ကန်တင်းသွားဖို့ တွေးမိပေမဲ့ ဘာမှစားချင်စိတ်မရှိတာမို့ ကိုယ်ပိုင်အလုပ်ခန်းကို ပြန်ဖို့သာ ရည်ရွယ်လိုက်သည်။ ထိုစဉ် ဟောခန်းရှည်ရဲ့ အနောက်ဘက်တံခါးပေါက်ဆီမှ လူတစ်ယောက်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုသူသည် Jimin ရဲ့ အရှေ့မှာ ပိတ်ရပ်သလိုဖြစ်နေတာမို့ Jimin ခြေလှမ်းတွေရပ်သွားသည်။ ခဏတော့ အံ့ဩသွားပေမဲ့ ဟောခန်းထဲကထွက်လာသည်ဆိုတော့ အလုပ်သင်တွေ Camera testing လုပ်တာကို လာကြည့်ပုံရသည်ဟု တွေးလိုက်မိပြီး Jimin က နှုတ်ဆက်လိုက်သည်။ အမူအရာနဲ့ပဲ နှုတ်ဆက်ပြီး ကျော်ဖြတ်သွားဖို့ လုပ်ပေမဲ့ တားတဲ့သူက တားသည်။

'Jimin shi'

ရောက်တဲ့နေရာမှာရပ်ပြီး Jimin ပြန်လှည့်ကြည့်လိုက်ရ၏။ ဘယ်လိုပဲ မျက်နှာချင်းမဆိုင်ချင်ပါဘူးဆိုဆို ကိုယ့်အထက်လူကြီးမို့ ငြိမ်နေလိုက်ရသည်။

'နေ့လည်စာ သွားစားကြမလား'

Jimin မျက်နှာလေးသည် ရုတ်တရက် နားမလည်နိုင်သလို အမူအရာလေးပြောင်းသွားသည်။

'Jimin shi ခုထိ နေ့လည်စာမစားရသေးဘူးထင်တယ် ကျွန်တော်လည်း မစားရသေးဘူး အတူသွားကြမလား'

ဘာကြောင့် သူ့ကို လာခေါ်နေရသလဲဆိုပြီး Jimin က Jungkook ကို ကြည့်နေသည်။ စားချင်စိတ်မရှိတာမို့ ငြင်းလိုက်ဖို့ ပြင်လိုက်သည်က မဖြစ်မြောက်။ နောက်ထပ်ပြောလာသည်က

'ကျွန်တော် တစ်ယောက်တည်းဖြစ်နေလို့ပါ' တဲ့။

အထက်လူကြီးတစ်ယောက်က အခုလို ခခယယတောင်းဆိုနေသည်ကို Jimin လျစ်လျူရှုပစ်ရင် ရိုင်းရာကျမည်။ ထို့ကြောင့် Jimin ခေါင်းငြိမ့်လိုက်ရပါသည်။

နေ့လည်စာစားချိန်ကျော်သွားပြီမို့ ကန်တင်းထဲ လူရှင်းသလောက်ဖြစ်နေပြီပင်။ ကိုယ်တိုင်ယူစနစ်နဲ့ အစားအသောက်တွေကို ထည့်ယူလိုက်ကြပြီးနောက် မျက်နှာချင်းဆိုင်နေရာယူဖြစ်ကြသည်။

Jungkook နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တဲ့ သူကို ကြည့်မိတော့ ယူထားသည်က ထမင်းအနည်းငယ်နှင့် စွပ်ပြုတ်တစ်ခွက်။ အရွက်ကြော်အနည်းငယ်နဲ့ ဒီလောက်ပဲဖြစ်သည်။ ထိုအခြင်းအရာကို မြင်တော့ Jungkook မျက်မှောင်ကျုံ့သွားသည်။ စားချင်စိတ်မရှိလို့များလား တွေးမိပြီး Jimin ကို မော့ကြည့်မိပြန်သည်။ ထမင်းကို ဖြည်းဖြည်းချင်းစားနေသူသည် သူ့ကို ကြည့်မနေ။

'Jimin shi က အစားနည်းတယ်နော်'

'စားချင်စိတ်မရှိလို့ပါ'

'ဘာလို့လဲ နေ့လည်စာမစားရသေးဘူး မဟုတ်လား'

'ဟုတ်ပါရဲ့ အဆာလွန်သွားတယ် ထင်တယ်'

မေးတဲ့သူက မျက်နှာကို ကြည့်ပြီး မေးနေပေမဲ့ ဖြေတဲ့သူက ထမင်းပန်းကန်ဆီက အကြည့်မလွဲပဲဖြေနေသည်။

Jungkook က Jimin ကို အတော်ကြာ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။

'အခုချိန်ထိ အစားရွေးနေတုန်းပဲလား Jiminie Hyung'

လှုပ်စိလှုပ်စိနဲ့ ထမင်းကို ထိုးဆွနေတဲ့ တူတစ်စုံက ရပ်သွားပြီး ဆတ်ခနဲ မော့ကြည့်လာတဲ့ မျက်နှာလေး။ Jungkook တစ်ယောက် သူ ဘာမှမလုပ်လိုက်ပါဘူးဆိုသည့် ရုပ်ကလေးနှင့် ပြုံးပြဖြစ်လိုက်သည်။ အရင်အချိန်တွေတုန်းကအတိုင်း။ ချစ်စရာလေးလို့ အမြဲချီးကျူးပေးခံခဲ့ရတဲ့ အပြုံးတွေအတိုင်း။ သူက ပြုံးပြလိုက်ရင် တစ်ယောက်ကပါ အလိုလိုပြုံးလာတတ်စေတဲ့ ထိုအပြုံးတွေအတိုင်း။

ဒါဟာ အရင်အိမ်ကလေးဆီကို ပြန်သွားနေတဲ့ သူရဲ့ ပထမဆုံးသော ခြေလှမ်း.......။



*******

N : "လဲကျ၊ လှဲကျ" မသဲကွဲလို့ အသုံးအနှုန်းက အမျိုးမျိုးဖြစ်သွားတာပါ။ မှားနေရင် ပြောကြပါဦး။ 

နောက်အပတ်ပြန်တွေ့မယ်နော်။ 

Zawgyi

တစ္ကိုယ္လုံး ႏုံးခ်ိစြာႏွင့္ပင္ Jimin ႏိုးလာခဲ့သည္။ မီးေရာင္မွိန္ေဖ်ာ့ေဖ်ာ့သည္ အျမင္အာ႐ုံအတြင္းသို႔ တစ္စတစ္စ တိုးဝင္လာၿပီးေနာက္ သူလွဲေလ်ာင္းေနေသာ ေနရာသည္ မရင္းႏွီးေသာ ေနရာတစ္ခုျဖစ္ေၾကာင္း သိလိုက္ရ၏။ သူ ဘယ္ကိုေရာက္ေနသည္လဲ။ ေနာက္ဆုံးသိ႐ွိခဲ့ေသာ သူ႕မွတ္ဉာဏ္သည္ တိုက္ခန္းကိုျပန္ေနေသာ ဓာတ္ေလွကားအတြင္းမွာပင္။ သူ႕နာမည္ေခၚသံ တစ္ခုကို ဝိုးတဝါးၾကားခဲ့ေသးသလိုလို။ ေလးလံေနေသာ ခႏၶာကိုယ္တစ္ခုလုံးကို မ,ယူၿပီး ထထိုင္လိုက္သည္။ ထိုအခါမွ သူ႕လက္ဖမိုးက ဆစ္ကနဲျဖစ္မႈနဲအတူ ေဆးပိုက္တန္းလန္းကို ျမင္လိုက္ရေတာ့၏။

ေဝ့ဝဲၾကည့္မိသေလာက္ သူေရာက္ေနေသာ ေနရာသည္ ကုတင္တစ္ခုထက္မွာျဖစ္ၿပီး အခန္းတြင္းအျပင္အဆင္အရ ေဆး႐ုံေဆးခန္းတစ္ခုလည္း မဟုတ္ေနခဲ့ပါ။ သူ႕ကိုယ္ပိုင္အခန္းလည္း မဟုတ္။ ခ်ိတ္ထားေသာ ေဆးပုလင္းထဲတြင္ ေဆးရည္မ႐ွိေတာ့တာမို႔ လက္ဖမိုးက အပ္ကိုဆြဲျဖဳတ္လိုက္ၿပီး အိပ္ရာထဲကေန ထလိုက္သည္။ ရိပ္ခနဲျဖစ္သြားေသာ ေခါင္းကို ခါယမ္းလိုက္ၿပီး အခန္းျပင္ကို ထြက္လာခဲ့လိုက္သည္။

အခန္းထဲက ထြက္လိုက္သည္ႏွင့္ ဧည့္ခန္းက်ယ္ႀကီးကို အရင္ဆုံးျမင္ေတြ႕ရသည္။ အျပာရင့္ရင့္ကို အသားေပးဆင္ယင္ထားေသာ ဧည့္ခန္းက်ယ္အတြင္း တိတ္ဆိတ္ၿငိမ္သက္ေနသည္။ ေၾကာင္တစ္ေကာင္ ႂကြက္တစ္ၿမႇီးေတာင္ မျမင္မၾကားရေသးေသာ ဤေနရာတြင္ Jimin တစ္ေယာက္တည္းသာ ႐ွိေနသလိုမ်ိဳး။ နံရံတစ္ဖက္တြင္ေတာ့ ပန္းခ်ီကားခ်ပ္အခ်ိဳ႕႐ွိေနသည္။

ထိုအခ်ိန္ ဧည့္ခန္းနဲ႔ မီးဖိုခန္းကို ျခားထားေသာ နံရံေနာက္မွ ထြက္လာေသာ အရိပ္တစ္ခု။ ထိုအရိပ္ကို Jimin လွည့္ၾကည့္မိလိုက္သည့္အခါ ပထမဆုံးေတြးမိလိုက္သည္က သူ အိမ္မက္မ်ားမက္ေနသည္လား။

ဘယ္လိုမွ မထင္မွတ္ထားေသာသူသည္ Jimin ရပ္ေနရာသို႔ တစ္လွမ္းျခင္းတိုးလာေနသည္။ ပန္းကန္လုံးတစ္လုံးႏွင့္ ေရခြက္တင္ထားေသာ ဗန္းတစ္ခ်ပ္ကိုလည္း လက္ထဲမွာ ကိုင္ထားေသး၏။ ေနရာမွာတင္ ၾကက္ေသေသေနမိေသာ Jimin ေ႐ွ႕ လက္တစ္ကမ္းစာအလိုေလာက္မွာ ထိုသူက ရပ္သြားသည္။

'Jimin shi ႏိုးလာၿပီလား။ သက္သာရဲ႕လား။'

Jimin ေယာင္ယမ္းၿပီး ေခါင္းၿငိမ့္ျပလိုက္မိသည္။ ဘယ္က ဘယ္လို။ သူ႕ကို ကူညီေပးခဲ့သူက Jeon Jungkook တဲ့လား။ သူမေရမရာၾကားလိုက္ရတဲ့ နာမည္ေခၚသံက Jeon Jungkook ဆီကေပါ့။ ဒါဆို ဒါကလည္း သူ႕အခန္း။ သူ အိပ္ေနခဲ့မိတာ Jeon Jungkook ဆိုတဲ့သူရဲ႕ အိပ္ယာထက္မွာ။ ဒါက အိပ္မက္တစ္ခုလား။ ကံတရားက သူတို႔ႏွစ္ေယာက္ကို ဘယ္လိုေတာင္ ဆုံေစလိုက္တာလဲ။

လူကို စူးစိုက္ၾကည့္ၿပီး အေတြးမ်ားေနပုံရတဲ့ သူကို Jungkook ျပန္ေငးလိုက္မိသည္။ ေပ်ာ့ေခြက်သြားတုန္းက သူ ဘယ္ေလာက္ထိစိုးရိမ္သြားလဲ သူသာသိသည္။ ေပါ့ပါးေနေသာ ကိုယ္လုံးငယ္ေလးသည္ ရက္အေတာ္ၾကာ အစာအာဟာရပ်က္ေနခဲ့တဲ့ သူတစ္ေယာက္လို။ Jimin ဒီတိုက္မွာ ေနသည္ဆိုတာကို သိေပမဲ့ ကိုယ့္အခန္းထဲကိုပဲ ေခၚလာခဲ့လိုက္သည္။ ညတြင္းခ်င္း ဆရာဝန္ေခၚလိုက္ရၿပီး ေဆးခ်ိတ္ေပးလိုက္ရ၏။ အားနည္းၿပီး ပင္ပန္းသြားသည္ဟု ဆရာဝန္က မွတ္ခ်က္ေပးၿပီး အစားဝင္ေအာင္ေကြၽးဖို႔ကိုလည္း မွာသြားေသးသည္။ မနက္လင္းခါနီး ႏိုးလာရင္စားဖို႔ ဆန္ျပဳတ္ျပဳတ္ေပးေနမိျခင္း။ နံရံေပၚက နာရီကေတာ့ မနက္ ၅နာရီဆိုတဲ့ အခ်ိန္ကို ျပေနသည္။

Jungkook က ဆိုဖာခုံေတြဆီ ေလွ်ာက္သြားၿပီး လက္ထဲက ဗန္းကို စားပြဲေပၚတင္လိုက္သည္။

'ထိုင္ပါဦး'

Jimin က ခုံတစ္ခုမွာ ဝင္ထိုင္လိုက္ၿပီးမွ Jungkook ကို ၾကည့္လာသည္။ Jungkook ကို ေမးခြန္းေတြ ေမးခ်င္ေနပုံရ၏။ Jungkook က ဘာမွ မေျပာေသးဘဲ ဆန္ျပဳတ္ပန္းကန္ကို Jimin ေ႐ွ႕ ခ်ေပးလိုက္သည္။

'အား႐ွိေအာင္ အရင္ဆုံးစားလိုက္ပါဦး။ ၿပီးမွ ကြၽန္ေတာ္တို႔ ေအးေဆးေျပာၾကတာေပါ့။'

Jimin က ဆန္ျပဳတ္ပန္းကန္ကို ငုံ႔ၾကည့္လိုက္မိသည္။ ေမႊးပ်ံ႕ၿပီး စားခ်င္စဖြယ္ျဖစ္ေနေသာ ဆန္ျပဳတ္ပန္းကန္ကို ၾကည့္ၿပီး သူ႕ရင္ထဲမေကာင္းျဖစ္လာသည္။ ပ်ိဳ႕ခ်င္သလိုလို အန္ခ်င္သလိုလို။ သို႔ေသာ္ Jimin ထိုခံစားခ်က္ကို ေအာင့္အီးကာ ၿမိဳခ်ထားလိုက္၏။ ေစတနာႏွင့္ လုပ္ထားေပးသူေ႐ွ႕မွာ ျဖစ္ပ်က္ျပေနလို႔ မသင့္ေတာ္ပါ။

'ဆန္ျပဳတ္မႀကိဳက္လို႔လား။'

'မဟုတ္ပါဘူး။'

Jimin အလ်င္အျမန္ေျဖၿပီး ဆန္ျပဳတ္ပန္းကန္ကို ယူလိုက္သည္။ တစ္ဇြန္းခပ္ေသာက္ၿပီးသည္ႏွင့္ ပ်ိဳ႕တက္လာေသာ ခံစားခ်က္ကို ဆန္ျပဳတ္နဲ႔အတူ ႀကိတ္မွိတ္ၿမိဳခ်ပစ္လိုက္၏။ သုံးဇြန္းေျမာက္မွာ Jimin ဘယ္လိုမွ သည္းမခံႏိုင္ေတာ့။ ပန္းကန္ကို ျပန္ခ်ထားလိုက္ၿပီး ေရခြက္ဆြဲယူကာ ေသာက္လိုက္ရသည္။

မ်က္ရည္ေတြဝဲၿပီး မ်က္ႏွာမေကာင္းျဖစ္ေနတဲ့သူကို ၾကည့္ရင္း Jungkook စိတ္မေကာင္း။ ဆန္ျပဳတ္မႀကိဳက္တာမ်ားလား။ ဒါမွမဟုတ္ အရသာမေကာင္းလို႔လား။ သူ ျမည္းၾကည့္ထားတာေတာ့ အေတာ္ပါပဲ။

'ကြၽန္ေတာ္ ဒီကို ဘယ္လိုေရာက္လာတာလဲ။'

ဘယ္လိုမွ ဆက္မစားႏိုင္ေတာ့သည္မို႔ Jimin စကားေျပာဖို႔ ဆုံးျဖတ္လိုက္သည္။

'Jimin shi ဘယ္အထိမွတ္မိလဲ။'

'ကြၽန္ေတာ္ ႐ုံးကျပန္လာၿပီး ကြၽန္ေတာ္ေနတဲ့တိုက္ရဲ႕ ဓာတ္ေလွကားစီးတဲ့အထိ။'

'အင္း အဲ့ဓာတ္ေလွကားထဲမွာ ကြၽန္ေတာ္လည္း႐ွိေနတယ္။ အေပၚကို တက္လာရင္း Jimin shi လဲက်သြားေတာ့ ေနတဲ့ အခန္းကိုလည္း မသိတာနဲ႔ ကြၽန္ေတာ့္အခန္းထဲ ေခၚလာခဲ့လိုက္တာ။ ဆရာဝန္က ေဆးသြင္းေပးသြားတယ္။ အားနည္းၿပီး ပင္ပန္းသြားတာလို႔ ေျပာတယ္။ အစားလည္း ဝင္ေအာင္ေကြၽးဖို႔မွာသြားတယ္။'

'ကြၽန္ေတာ့္ေၾကာင့္ ကိုယ္စားလွယ္ ဒုကၡမ်ားသြားၿပီ။ ေတာင္းပန္ပါတယ္။ ၿပီးေတာ့ ေက်းဇူးလည္းတင္ပါတယ္။'

Jungkook ျပဳံးၿပီးပဲ ၾကည့္ေနလိုက္သည္။ ကိုယ္စားလွယ္ဆိုသည့္ နာမ္စားေၾကာင့္လည္း ရယ္ခ်င္ေနသည္။ စကားကို ယဥ္ေက်းစြာေျပာေနသည္မွာလည္း သူက ကိုယ္စားလွယ္ျဖစ္ေနတာေၾကာင့္ဆိုတာကိုလည္း တစ္ခါတည္း သိလိုက္ရ၏။ တစ္ခ်ိန္က ရင္းႏွီးခဲ့ဖူးသူတစ္ေယာက္၊ ကိုယ့္ထက္ အသက္ငယ္တဲ့သူတစ္ေယာက္ အေနနဲ႔ေတာ့ Jungkook ကို မမွတ္မိစရာ အေၾကာင္းေတာ့ မ႐ွိႏိုင္ပါ။ အရင္ရက္က သူ႕ကို ျမင္ျမင္ခ်င္း အံ့ဩသြားတဲ့ ပုံရိပ္ကို သူကိုယ္တိုင္ စိုက္ၾကည့္ျဖစ္ခဲ့ေသးတာပဲေလ။ စည္းတစ္ခုတားခ်င္ေနပုံရ၏။

'ဒါဆို ကြၽန္ေတာ္ ျပန္လိုက္ပါဦးမယ္။ ထပ္ၿပီးေတာ့ ေက်းဇူးတင္ပါတယ္ ကိုယ္စားလွယ္။'

ဆိုဖာခုံေပၚမွာပင္ လႊားတင္ထားျဖစ္သည့္ သူရဲ႕ အေပၚဝတ္အက်ႌႏွင့္ အိတ္ကို ဆြဲယူၿပီး ႏႈတ္ဆက္သည့္တိုင္ Jungkook က ၿငိမ္ေနဆဲ။ Jimin က ကိုယ့္အထက္လူႀကီးတစ္ေယာက္ျဖစ္သည့္အျပင္ ကိုယ့္ကိုကူညီေပးထားသည့္ ေက်းဇူး႐ွင္တစ္ေယာက္လည္းျဖစ္သည့္အေလ်ာက္ ေခါင္းေလးၫႊတ္ကာ ႏႈတ္ဆက္လိုက္ၿပီး ထြက္လာခဲ့လိုက္သည္။

အခန္းအျပင္ဘက္ေရာက္လာၿပီး တံခါးခ်ပ္ပိတ္သြားသည္ႏွင့္ နံရံမွာေက်ာကပ္ကာမွီရပ္လိုက္သည္။ တုန္ယင္ခုန္လႈပ္ေနေသာ ရင္ဘတ္ကို ဖိထားမိသည္။ အိပ္ေရးမဝေသးတာေၾကာင့္လို႔ ေတြးလိုက္ၿပီး အားတင္းကာ ထရပ္လိုက္သည္။ ေနေရာင္ပင္မျမင္ရေသးေသာ ေဝလီေဝလင္း မနက္ခင္းမွာ ႐ုံးမသြားခင္ တစ္ေရးေလာက္ ထပ္အိပ္လိုက္ဖို႔ ေတြးၿပီး အခန္းဆီျပန္ခဲ့လိုက္သည္။ အံ့ဩစရာေကာင္းစြာပင္ Jimin ရဲ႕ တိုက္ခန္းက Jungkook ေနတဲ့အထပ္ရဲ႕ ေအာက္တစ္ထပ္မွာ ျဖစ္သည္။ အလုပ္လုပ္သည့္ေနရာတင္မက ေနထိုင္ရာအရပ္ပါတူေနသည့္ သူတို႔ႏွစ္ေယာက္ရဲ႕ တိုက္ဆိုင္မႈက ေတြးခ်င္စရာေတာ့ ေကာင္းလွသည္။

သို႔ေပမဲ့ ဒီေန႔ ဒီလိုအေျခအေနနဲ႔ ေတြ႕ဆုံခဲ့ရတာနဲ႔တင္ လုံေလာက္ေနၿပီ။ ထပ္ၿပီးေတာ့ မ်က္ႏွာခ်င္းမဆိုင္မိဖို႔ Jimin ေမွ်ာ္လင့္မိပါသည္။

---

ကိုယ္စားလွယ္ျဖစ္သူ၏ ႐ုံးခန္းသည္ STAR A အေဆာက္အဦးရဲ႕ အထပ္ျမင့္မွာ တည္႐ွိတာျဖစ္သည္။ အလုပ္စားပြဲ၏ေနာက္ဖက္က နံရံတစ္ခုလုံးကို မွန္ခ်ပ္ေတြနဲ႔ ကာရံထားသည္မို႔ သူ႕႐ုံးခန္းကေန ၿမိဳ႕ျပအေဆာက္အဦးေတြကို လွမ္းျမင္ႏိုင္၏။ Jungkook တစ္ေယာက္ ထိုမွန္နံရံေတြေ႐ွ႕မွာ ရပ္ေနမိသည္။ အေဆာက္အဦးေ႐ွ႕႐ွိ လမ္းမႀကီးထက္က သြားလာေနေသာ ယာဥ္ႀကီးယာဥ္ငယ္ေတြကို ပုံမွန္ထက္ အ႐ြယ္အစားေသးငယ္စြာ ေတြ႕ျမင္ေနရသည္။ ဘယ္ေနရာၾကည့္ၾကည့္ အနိမ့္အျမင့္မတူညီေသာ အေဆာက္အဦးေတြႏွင့္သာ ျပည့္ႏွက္ေနေသာ ၿမိဳ႕ျပသည္ မြန္းၾကပ္စရာေကာင္းလွပါသည္။

သို႔ေသာ္ Jungkook ရဲ႕မ်က္ခုံးေတြ အနည္းငယ္တြန္႔က်ိဳးကာျဖင့္ အေတြးနက္လ်က္႐ွိေနရသည္က မြန္းၾကပ္ဖြယ္ျမင္ကြင္းေၾကာင့္ မဟုတ္။ တိတ္ဆိတ္ေသာ အခန္းအတြင္းမွာ ခ်န္ထားခံခဲ့ရသည့္ ဆန္ျပဳတ္ပန္းကန္တစ္ခုေၾကာင့္သာျဖစ္သည္။ ထို႔ေနာက္ မ်က္ရည္ေတြဝဲၿပီး အတင္းႀကိတ္မွိတ္ၿမိဳခ်ေနရ႐ွာေသာ သူတစ္ေယာက္ရဲ႕ ပုံရိပ္။ အေရာင္ေဖ်ာ့ေသာ ႏႈတ္ခမ္းပါးေတြႏွင့္ သိသိသာသာကို ပိန္ပါးေနေသာ ကိုယ္ငယ္တစ္ခု။ သူစိမ္းတစ္ေယာက္လို ဆက္ဆံသြားပါေသာ အျပဳအမူေတြ။ မနက္ခင္းအေစာပိုင္းက ျဖစ္ပ်က္ခဲ့သမွ်သည္ Jungkook စိတ္ကို မၾကည္မလင္ျဖစ္ေစ၏။ ႏြမ္းလ်ေနေသာ သူသည္ သက္သာပါရဲ႕လား။ မေနႏိုင္စြာေတြးမိရျပန္သည္။

တံခါးေခါက္သံတစ္ခု ထြက္ေပၚလာေတာ့မွ ႐ုံးခန္းကို ေက်ာေပးထားမိရာကေန လွည့္ၾကည့္လိုက္သည္။ ဝင္လာသူက သူရဲ႕ အတြင္းေရးမႉးျဖစ္တဲ့ Jack။

အလုပ္စားပြဲမွာ ေနရာျပန္ယူလိုက္ေတာ့ ဖိုင္တြဲတစ္ခုက မ်က္စိေ႐ွ႕ေရာက္လာသည္။

'ကိုယ္စားလွယ္ေတာင္းထားတဲ့ Advertising (ေၾကာ္ညာ) ဘက္ လုပ္ငန္းပါတနာေတြပါ။'

Jungkook ေခါင္းၿငိမ့္ျပလိုက္ေတာ့ Jack က ထြက္သြားရန္ျပင္သည္။

'ေနဦး'

'ဘာမ်ားအလို႐ွိလို႔လဲ ကိုယ္စားလွယ္'

Jack က ေရာက္ေနတဲ့ ေနရာမွာ ခ်က္ခ်င္းရပ္ၿပီး ေျဖ၏။ Jungkook က Jack ကို မၾကည့္။ တစ္ခုခုကို ေျပာခ်င္ေသာ္လည္း‌ ေျပာသင့္မေျပာသင့္ စဥ္းစားေနဟန္။ Jack စိတ္႐ွည္စြာ ရပ္ေစာင့္ေပးေနလိုက္၏။

'Park Jimin ဒီေန႔ ႐ုံးတက္လား'

Jack ခဏေတာ့ ေၾကာင္သြားေပမဲ့ ႐ုပ္တည္နဲ႔ စိုက္ၾကည့္ေနသာ ကိုယ္စားလွယ္ကို ျမင္လိုက္ရတာမို႔ ခပ္ျမန္ျမန္ေလး ေျဖလိုက္မိသည္။

'ကြၽန္ေတာ္ အေပၚတက္မလာခင္ ေတြ႕ခဲ့ပါေသးတယ္'

'အင္း သြားလို႔ရၿပီ'

ေတြ႕ခဲ့သည္ဆိုေသာေၾကာင့္ အေသးစိတ္ထပ္ေမးခ်င္ေသးေပမဲ့ မသင့္ေတာ္ဘူးဟု ထင္မိ၍ ဘာမွဆက္မေမးေတာ့ပဲ Jack ကို ျပန္လႊတ္လိုက္သည္။ ႐ုံးတက္ႏိုင္တယ္ဆိုေတာ့ သက္သာသြားလို႔ ျဖစ္ပါလိမ့္မည္။ ထို႔ေနာက္ ေထြျပားေနတဲ့ သူ႕အာ႐ုံေတြကို မ်က္စိေ႐ွ႕က ဖိုင္တြဲေတြထံ ျပန္လည္ စုစည္းလိုက္ရေတာ့သည္။

---

'အဆင္ေျပရဲ႕လား။'

ဂ်င္းဆင္းနီအားေဆးအထုပ္ေသးေလးတစ္ခုကို ကမ္းေပးရင္း ဆိုလာတဲ့ သူငယ္ခ်င္းေလး Eunhee ကို Jimin ေခါင္းၿငိမ့္ျပလိုက္သည္။

'ဘယ္လိုျဖစ္တာလဲ။'

'ပင္ပန္းသြားတာ။'

'နင္ အစားေတြ ေ႐ွာင္ျပန္ၿပီလား။'

Jimin အသံတိတ္ေနလိုက္ေတာ့သည္။ Eunhee က သူ႕ေဘးကေနရင္း သက္ျပင္းခ်ၿပီး ဘာမွ ထပ္မေျပာေတာ့။ ေျပာလို႔ရမွာ မဟုတ္မွန္းလည္း သူ(မ)သိသည္။

'မနက္ျဖန္ အသစ္ေလးေတြကို အကဲျဖတ္ေပးရဦးမွာေနာ္။'

'အင္း'

'ေနေကာင္းေအာင္ေနဦး။'

'ခုလည္း ေကာင္းေနပါၿပီ။'

'မေျပာေတာ့ဘူး။ ဒါနဲ႔ နင္ Show တစ္ခုအတြက္ Interviewer လုပ္ေပးရမယ္ဆို။'

'အင္း အခုသူတို႔က Producing ဘက္ပိုင္းနဲ႔ ညႇိေနတုန္းမို႔ အေသးစိတ္ကို အစည္းအေဝးၿပီးမွ သိရမွာ'

အခု သူတို႔ႏွစ္ေယာက္က နားေနခန္းထဲက ဆိုဖာခုံေပၚမွာ ေဘးခ်င္းကပ္ထိုင္ေျပာေနၾကတာျဖစ္သည္။ ၁၁နာရီ သတင္းအစီအစဥ္အတြက္ Jimin က ျပင္ဆင္ေနရခ်ိန္လည္းျဖစ္သည္။ အနည္းငယ္ႏြမ္းလ်ေနေသာ Jimin ကို Eunhee က သတိထားမိသြားၿပီး ေနမေကာင္းဘူးလား ေမးရာကေန မေန႔ညက ေဆးသြင္းလိုက္ရတဲ့အေၾကာင္းပါ ေျပာျပျဖစ္လိုက္သည္။ ေမ့လဲၿပီး တျခားသူရဲ႕ အခန္း ေရာက္သြားေၾကာင္း အေသးစိတ္ေတာ့ မေျပာျပျဖစ္။ မလိုဘူးဟုလည္း ထင္သည္။

'Jimin shi'

Staff တစ္ေယာက္က အခန္းဝကေန လာေခၚေနၿပီမို႔ Eunhee ကို ထားခဲ့ၿပီး News Room ထဲ ဝင္လာခဲ့လိုက္သည္။ သက္ျပင္းပူတစ္ခ်က္ကို မႈတ္ထုတ္ရင္း အဆင္ေျပေျပၿပီးသြားဖို႔ကို ေမွ်ာ္လင့္မိပါေတာ့သည္။

---

ခ်ီးက်ဴးစရာေကာင္းလွပါ၏။ ကင္မရာေတြေ႐ွ႕မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ သတင္းေၾကညာေနသူက မနက္ကေတြ႕ခဲ့သည့္ ေလတိုက္လွ်င္ လွဲက်သြားေတာ့မည့္ပုံစံမ်ိဳး လုံးဝမဟုတ္။ အေရာင္တင္ထားေသာ ႏႈတ္ခမ္းစိုစိုေတြရဲ႕ အေထာက္အပံ့ေၾကာင့္ပဲလားမသိ။ ေနမေကာင္းျဖစ္ေနသူတစ္ေယာက္အသြင္ ႐ွိမေနပါ။

ဒီေန႔ေတာ့ ကိုယ္စားလွယ္က Control Room ကေနမဟုတ္ဘဲ ႐ိုက္ကြင္းအတြင္းေရာက္လာသည္မို႔ အကုန္လုံးက လွည့္တၾကည့္ၾကည့္။ လုပ္ငန္းခြင္အတြင္း အေႏွာင့္အယွက္ျဖစ္မွာစိုးတာေၾကာင့္ အားလုံးရဲ႕ ေနာက္ ေထာင့္တစ္ေနရာမွာ ရပ္ေနတာေတာင္မွ သတိမထားမိသူမ႐ွိ။ အစီအစဥ္အစအဆုံး ရပ္ၾကည့္ေနတာမို႔ တအံ့တဩလည္း ျဖစ္ေနၾကေသး၏။

Cut ဆိုတဲ့ ေအာ္သံေနာက္မွာ လူေတြ အားလုံး လႈပ္လႈပ္႐ွား႐ွားျဖစ္သြားၾကျပန္သည္။ ထို႔ေနာက္မွာ Jungkook ထံကို ေဝ့ဝဲလာေသာ အၾကည့္တစ္စုံ။ ေခါင္းေလးဆတ္ခနဲၿငိမ့္ျပၿပီး သူ႕တည္႐ွိမႈကို အသိအမွတ္ျပဳျခင္းအား ေခါင္းၿငိမ့္ျပၿပီးသာ လက္ခံျဖစ္လိုက္သည္။

'ကိုယ္စားလွယ္ သြားဖို႔အခ်ိန္က်ပါၿပီ'

ေနာက္နားမွာ ရပ္ေနသည့္ Jack ဆီက အသံထြက္လာေတာ့မွ အခန္းတစ္ခုလုံးကို ေက်ာခိုင္းပစ္လိုက္ေတာ့သည္။ ဒါေတာင္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စကားစျမည္ေျပာေနသူရဲ႕ အျပဳံးႏုႏုက အာ႐ုံထဲ ကပ္ပါလာခဲ့ေသးသည္။ သူကိုယ္တိုင္က ဖိတ္ေခၚခဲ့သည္ ေျပာရမလား။ ပုံရိပ္ငယ္အား ေပ်ာက္ကြယ္သြားေအာင္ မႀကိဳးစားျဖစ္ခဲ့ပါ။ ျဖစ္ႏိုင္ရင္ ထိုအျပဳံးမ်က္ႏွာအား တစ္ေနကုန္ပင္ ထိုင္ၾကည့္ေနခ်င္ေသး၏။ ထိုသို႔ေတြးမိေတာ့ Jungkook မ်က္ႏွာေလးက ျပဳံးသြားသည္။

Park Jimin ဆိုသူသည္ ဘယ္အခ်ိန္ခ်ိန္ပဲျဖစ္ျဖစ္ သူ႕အား ျပဳစားႏိုင္စြမ္း႐ွိ၏။ သူကပဲ က်႐ႈံးလြယ္ေနသည္လားေတာ့မသိ။ ဒါကိုလည္း မမူပါ။ ေပ်ာ္ေပ်ာ္ႀကီးကို က်႐ႈံးပစ္လိုက္ဖို႔ကို သူ ဆႏၵ႐ွိေနသည္ပင္။ TV ဖန္သားျပင္မွာ အမွတ္မထင္ျပန္ေတြ႕မိခဲ့ကတည္းက။ ဖခင္ျဖစ္သူရဲ႕ ကုမၸဏီကဆိုတာ သိလိုက္ရခ်ိန္ကတည္းက။ ထိုသူနဲ႔ အနီးဆုံးကို ျပန္ေရာက္ႏိုင္ဖို႔အတြက္ သူ႕စိတ္ေတြ ထက္သန္ေနခဲ့ရသည္ပဲ မဟုတ္လား။

အနီးဆုံးကို ေရာက္ေနေတာ့လည္း သူ႕မွာ ခ်က္ခ်င္းမသြားႏိုင္။ ေပးအပ္ခံလိုက္ရတဲ့ တာဝန္ေတြက မနည္းမေႏွာ။

မေန႔က ပုံစံကို ေတြ႕ၿပီးေနာက္မွာေတာ့ Jungkook အခ်ိန္ထပ္မဆြဲခ်င္ေတာ့ဘဲ ဆုံးျဖတ္ခ်က္ကို အလ်င္အျမန္ခ်ရေတာ့သည္။

မျဖစ္ေတာ့ဘူး Park Jimin။ ဒီထက္ပိုၿပီး တစ္ေယာက္တည္း မထားႏိုင္ေတာ့ဘူး။ အျမန္ဆုံး ျပန္လာဖို႔ လိုအပ္ေနၿပီဆိုတာကို သက္ေသျပလိုက္သလိုပဲမို႔ ဘယ္လိုမွ စိတ္ခ်ႏိုင္မယ္ မထင္ေတာ့ဘူး။ ကမ္းလင့္ႀကိဳေနဖို႔ကိုလည္း မေမွ်ာ္လင့္ပါဘူး။ ကြၽန္ေတာ့္ဘက္က စိတ္႐ွည္လက္႐ွည္ တံခါးေခါက္ဖို႔ အသင့္ျဖစ္ေနၿပီမို႔။

---

ဒီေန႔ News & Information ပိုင္းက အလုပ္သင္ေတြကို ေနာက္ဆုံးအဆင့္ On-cam အတြက္ အကဲျဖတ္ေပးဖို႔ရာ အစီအစဥ္႐ွိသည္မို႔ Jimin ေဟာခန္းထဲကို ေရာက္ေနသည္။ သူနဲ႔အတူ အကဲျဖတ္ေပးမည့္ အႀကီးပိုင္းကလူေတြအျပင္ စီနီယာအခ်ိဳ႕ကိုလည္း ေတြ႕ရသည္။ Producer တစ္ခ်ိဳ႕ကိုလည္း ေတြ႕ရ၏။ ကင္မရာသမားေတြကလည္း ေနရာယူထားၿပီးၿပီျဖစ္သည္။ လူအားလုံး ၁၁ ေယာက္႐ွိသည္။ ေပးထားတဲ့ သတင္းပိုဒ္႐ွည္ကို Camera ေ႐ွ႕မွာ ဖတ္ျပရမွာျဖစ္ၿပီး ဒုတိယအဆင့္အေနနဲ႔ TV screen ေပၚက သတင္းအေၾကာင္းအရာကို လက္တန္းဖတ္ျပရမွာျဖစ္သည္။ ဝတ္စားဆင္ယင္မႈ၊ ႐ုပ္ပိုင္းဆိုင္ရာ ျပင္ဆင္သပ္ရပ္မႈ အျပင္ သတင္းေၾကညာသူတစ္ေယာက္အေနနဲ႔ အေရးအႀကီးဆုံးျဖစ္တဲ့ Multi-tasking လို႔ေခၚသည့္ တစ္ခုထက္ပိုေသာအေၾကာင္းအရာေတြေပၚမွာ ျပာယာမခတ္ဘဲ တစ္ၿပိဳင္နက္ အာ႐ုံစိုက္ႏိုင္မႈ စတာေတြကိုပါ စမ္းသပ္တာျဖစ္သည္။ သတင္းေျပာေနရင္း Breaking News ဝင္လာတာေတြ။ သတင္းပိုဒ္ေက်ာ္ဖို႔ အခ်က္ျပတာေတြ။ စက္ပစၥည္းခ်ိဳ႕ယြင္းမႈ၊ system ခ်ိဳ႕ယြင္းမႈေတြအတြက္ တုံ႔ျပန္ႏိုင္မႈေတြ စသျဖင့္ အဆင့္ဆင့္ အမွတ္ေပးရမည္ျဖစ္သည္။

ေအးေအးေဆးေဆး ေက်ာ္ျဖတ္ႏိုင္သူေတြလည္း ႐ွိသလို။ အလြဲလြဲအမွားမွားျဖစ္သူေတြလည္း႐ွိသည္။ တက္သစ္စကေလးေတြကိုၾကည့္ရင္း အရင္အခ်ိန္ေတြကို Jimin သတိရမိေသးသည္။ ၾကဳံေတြ႕ခဲ့ဖူးေသာ အလြဲေတြ အမွားေတြကို ျပန္ျမင္ေယာင္ရင္း ျပဳံးမိပါေသး၏။ လူတိုင္းအမွားနဲ႔ မကင္းႏိုင္ပါ။ ထိုအမွားေတြကို သင္ခန္းစာယူၿပီး ေ႐ွ႕ဆက္သြားႏိုင္ဖို႔က အေရးႀကီးသည္ပင္။ ထိုအခ်ိန္က အ႐ွက္ရစရာေတြက ေနာင္တစ္ခ်ိန္ ျပန္ေတြးမိရင္း ရယ္ေမာခ်င္စရာျဖစ္သြားပါလိမ့္မည္။ အကုန္လုံးက အမွားေတြကို အမွန္ျဖစ္ေအာင္သင္ရင္း ငယ္ရာကေန ႀကီးလာၾကတာပါပဲ။

အားလုံးၿပီးသြားခ်ိန္ ေန႔လည္စာစားခ်ိန္ပင္ ေက်ာ္သြားခဲ့ၿပီျဖစ္သည္။

ေဟာခန္းက တံခါးေပါက္ႏွစ္ေပါက္႐ွိတာျဖစ္ၿပီး စီနီယာေတြကို ႏႈတ္ဆက္ၿပီးတာနဲ႔ ေ႐ွ႕ဘက္တံခါးေပါက္ဆီကေန ထြက္လာခဲ့လိုက္သည္။ ကန္တင္းသြားဖို႔ ေတြးမိေပမဲ့ ဘာမွစားခ်င္စိတ္မ႐ွိတာမို႔ ကိုယ္ပိုင္အလုပ္ခန္းကို ျပန္ဖို႔သာ ရည္႐ြယ္လိုက္သည္။ ထိုစဥ္ ေဟာခန္း႐ွည္ရဲ႕ အေနာက္ဘက္တံခါးေပါက္ဆီမွ လူတစ္ေယာက္ထြက္လာသည္ကို ျမင္လိုက္ရသည္။ ထိုသူသည္ Jimin ရဲ႕ အေ႐ွ႕မွာ ပိတ္ရပ္သလိုျဖစ္ေနတာမို႔ Jimin ေျခလွမ္းေတြရပ္သြားသည္။ ခဏေတာ့ အံ့ဩသြားေပမဲ့ ေဟာခန္းထဲကထြက္လာသည္ဆိုေတာ့ အလုပ္သင္ေတြ Camera testing လုပ္တာကို လာၾကည့္ပုံရသည္ဟု ေတြးလိုက္မိၿပီး Jimin က ႏႈတ္ဆက္လိုက္သည္။ အမူအရာနဲ႔ပဲ ႏႈတ္ဆက္ၿပီး ေက်ာ္ျဖတ္သြားဖို႔ လုပ္ေပမဲ့ တားတဲ့သူက တားသည္။

'Jimin shi'

ေရာက္တဲ့ေနရာမွာရပ္ၿပီး Jimin ျပန္လွည့္ၾကည့္လိုက္ရ၏။ ဘယ္လိုပဲ မ်က္ႏွာခ်င္းမဆိုင္ခ်င္ပါဘူးဆိုဆို ကိုယ့္အထက္လူႀကီးမို႔ ၿငိမ္ေနလိုက္ရသည္။

'ေန႔လည္စာ သြားစားၾကမလား'

Jimin မ်က္ႏွာေလးသည္ ႐ုတ္တရက္ နားမလည္ႏိုင္သလို အမူအရာေလးေျပာင္းသြားသည္။

'Jimin shi ခုထိ ေန႔လည္စာမစားရေသးဘူးထင္တယ္ ကြၽန္ေတာ္လည္း မစားရေသးဘူး အတူသြားၾကမလား'

ဘာေၾကာင့္ သူ႕ကို လာေခၚေနရသလဲဆိုၿပီး Jimin က Jungkook ကို ၾကည့္ေနသည္။ စားခ်င္စိတ္မ႐ွိတာမို႔ ျငင္းလိုက္ဖို႔ ျပင္လိုက္သည္က မျဖစ္ေျမာက္။ ေနာက္ထပ္ေျပာလာသည္က

'ကြၽန္ေတာ္ တစ္ေယာက္တည္းျဖစ္ေနလို႔ပါ' တဲ့။

အထက္လူႀကီးတစ္ေယာက္က အခုလို ခခယယေတာင္းဆိုေနသည္ကို Jimin လ်စ္လ်ဴ႐ႈပစ္ရင္ ႐ိုင္းရာက်မည္။ ထို႔ေၾကာင့္ Jimin ေခါင္းၿငိမ့္လိုက္ရပါသည္။

ေန႔လည္စာစားခ်ိန္ေက်ာ္သြားၿပီမို႔ ကန္တင္းထဲ လူ႐ွင္းသေလာက္ျဖစ္ေနၿပီပင္။ ကိုယ္တိုင္ယူစနစ္နဲ႔ အစားအေသာက္ေတြကို ထည့္ယူလိုက္ၾကၿပီးေနာက္ မ်က္ႏွာခ်င္းဆိုင္ေနရာယူျဖစ္ၾကသည္။

Jungkook နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္တဲ့ သူကို ၾကည့္မိေတာ့ ယူထားသည္က ထမင္းအနည္းငယ္ႏွင့္ စြပ္ျပဳတ္တစ္ခြက္။ အ႐ြက္ေၾကာ္အနည္းငယ္နဲ႔ ဒီေလာက္ပဲျဖစ္သည္။ ထိုအျခင္းအရာကို ျမင္ေတာ့ Jungkook မ်က္ေမွာင္က်ံဳ႕သြားသည္။ စားခ်င္စိတ္မ႐ွိလို႔မ်ားလား ေတြးမိၿပီး Jimin ကို ေမာ့ၾကည့္မိျပန္သည္။ ထမင္းကို ျဖည္းျဖည္းခ်င္းစားေနသူသည္ သူ႕ကို ၾကည့္မေန။

'Jimin shi က အစားနည္းတယ္ေနာ္'

'စားခ်င္စိတ္မ႐ွိလို႔ပါ'

'ဘာလို႔လဲ ေန႔လည္စာမစားရေသးဘူး မဟုတ္လား'

'ဟုတ္ပါရဲ႕ အဆာလြန္သြားတယ္ ထင္တယ္'

ေမးတဲ့သူက မ်က္ႏွာကို ၾကည့္ၿပီး ေမးေနေပမဲ့ ေျဖတဲ့သူက ထမင္းပန္းကန္ဆီက အၾကည့္မလြဲပဲေျဖေနသည္။

Jungkook က Jimin ကို အေတာ္ၾကာ စိုက္ၾကည့္ေနၿပီးမွ ေျပာလိုက္သည္။

'အခုခ်ိန္ထိ အစားေ႐ြးေနတုန္းပဲလား Jiminie Hyung'

လႈပ္စိလႈပ္စိနဲ႔ ထမင္းကို ထိုးဆြေနတဲ့ တူတစ္စုံက ရပ္သြားၿပီး ဆတ္ခနဲ ေမာ့ၾကည့္လာတဲ့ မ်က္ႏွာေလး။ Jungkook တစ္ေယာက္ သူ ဘာမွမလုပ္လိုက္ပါဘူးဆိုသည့္ ႐ုပ္ကေလးႏွင့္ ျပဳံးျပျဖစ္လိုက္သည္။ အရင္အခ်ိန္ေတြတုန္းကအတိုင္း။ ခ်စ္စရာေလးလို႔ အၿမဲခ်ီးက်ဴးေပးခံခဲ့ရတဲ့ အျပဳံးေတြအတိုင္း။ သူက ျပဳံးျပလိုက္ရင္ တစ္ေယာက္ကပါ အလိုလိုျပဳံးလာတတ္ေစတဲ့ ထိုအျပဳံးေတြအတိုင္း။

ဒါဟာ အရင္အိမ္ကေလးဆီကို ျပန္သြားေနတဲ့ သူရဲ႕ ပထမဆုံးေသာ ေျခလွမ္း.......။



*******

Continue Reading

You'll Also Like

454K 37.1K 28
๐Ÿฃ แ€œแ€ฐแ€€แ€ฑแ€ฌแ€„แ€บแ€•แ€ญแ€…แ€ญแ€€แ€ฝแ€ฑแ€ธแ€แ€ปแ€…แ€บแ€…แ€›แ€ฌแ€œแ€ฑแ€ธแ€•แ€ฑแ€™แ€ฒแ€ท แ€…แ€•แ€บแ€…แ€•แ€บแ€‘แ€ญแ€™แ€แ€ถ แ€…แ€ฝแ€ฌแ€…แ€ญแ€แ€ฑแ€ธแ€œแ€ฑแ€ธ Park Jimin ๐Ÿฐ แ€กแ€”แ€ฑแ€กแ€ฑแ€ธแ€•แ€ฑแ€™แ€ฒแ€ท แ€’แ€ฑแ€ซแ€žแ€œแ€ฒแ€€แ€ผแ€ฎแ€ธแ€žแ€œแ€ญแ€ฏ แ€—แ€œแ€œแ€ฒแ€€แ€ผแ€ฎแ€ธแ€แ€ฒแ€ท แ€แ€ปแ€…แ€บแ€…แ€›แ€ฌแ€šแ€ฏแ€”แ€บแ€™แ€ปแ€€แ€บแ€”แ€พแ€ฌแ€•แ€ฑแ€ซแ€€แ€บแ€œแ€ฑแ€ธแ€”แ€ฒแ€ท Jeon J...
5.6K 459 4
โ€ข kookmin Fanfiction แ€œแ€ฌแ€—แ€„แ€บแ€’แ€ซแแ€›แ€”แ€ถแ€„แ€šแ€บแ€Ÿแ€ฌ แ€žแ€ฐแแ€”แ€พแ€ฏแ€แ€บแ€แ€™แ€บแ€ธแ€‘แ€€แ€บแ€€แ€…แ€ฎแ€ธแ€€แ€›แ€€แ€บแ€‘แ€€แ€บแ€•แ€ญแ€ฏแ แ€…แ€ฝแ€ฒแ€™แ€€แ€บแ€–แ€ฝแ€šแ€บแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ฌแ€œแ€ฑแ€žแ€ฑแ€ฌแ€กแ€แ€ซ.... แ€กแ€…แ€™แ€บแ€ธแ€›แ€„แ€ทแ€บแ€›แ€ฑแ€ฌแ€„แ€บแ€™แ€ปแ€€แ€บแ€แ€”แ€บแ€ธแ€„แ€šแ€บแŒ แ€žแ€ฐแ€กแ€€แ€ผแ€ญแ€™แ€บแ€€แ€ผแ€ญแ€™แ€บแ€œแ€ฒแ€•แ€ผแ€ญแ€ฏแ€œแ€ฑแ€ž...
45.3K 3.5K 24
แ€€แ€แ€ญแ€†แ€ญแ€ฏแ€แ€ฌแ€•แ€ฑแ€ธแ€•แ€ผแ€ฎแ€ธแ€›แ€„แ€บแ€แ€Šแ€บแ€›แ€แ€šแ€บ แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€›แ€ฒแ€ท
243K 26.8K 36
แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€™แ€ฑแ€แ€นแ€แ€ฌแ€€แ€ญแ€ฏ แ€–แ€”แ€บแ€แ€ฎแ€ธแ€”แ€ญแ€ฏแ€„แ€บแ€…แ€ฝแ€™แ€บแ€ธแ€›แ€พแ€ญแ€žแ€ฐแ€€ แ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€›แ€ฒแ€ท แ€‘แ€ฌแ€แ€› HERO แ€•แ€ซแ€•แ€ฒ แ‹ แ€แ€บแ€…แ€นแ€ปแ€แ€„แ€นแ€ธแ€ฑแ€™แ€แฑแ€ฌแ€€แ€ญแ€ฏ แ€–แ€”แ€นแ€แ€ฎแ€ธแ€”แ€ญแ€ฏแ€„แ€นแ€…แ€ผแ€™แ€นแ€ธแ€›แ€ฝแ€ญแ€žแ€ฐแ€€ แ‚แ€ฝแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€›แ€ฒแ€ท แ€‘แ€ฌแ€แ€› HERO แ€•แ€ซแ€•แ€ฒ แ‹