မောင်
By ThetHmue3
3.1M 252K 104K
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔 More
Intro💔
💔အမှာစာ💔
💔Part1💔
💔2💔
💔3💔
💔4💔(Part1)
💔4💔(Part2)
💔5💔
💔6💔
💔7💔
💔8💔
💔9💔
💔10💔(Part1)
💔11💔
💔12💔
💔13💔
💔14💔
💔15💔
💔16💔(Part1)
💔16💔(Part2)
💔17💔;(Part1)
💔17💔(Part2)
💔18💔
💔19💔
💔20💔
💔21💔(Part1)
💔21💔(Part2)
💔22💔
💔23💔
💔24💔
💔25💔(Part1)
💔25💔(Part2)
💔26💔(Part1)
💔26💔(Part2)
❤️27❤️(Part1)
❤️27❤️(Part2)
💔28💔(Part1)
💔28💔(Part2)
💔29💔(Part1)
💔29💔(Part2)
💔30💔(Part1)
💔30💔(Part2)
❤️31❤️(Part1)
❤️31❤️(Part2)
💔32💔(Part1)
💔32💔(Part2)
💔33💔(Part1)
💔33💔(Part2)
💔34💔
🍂35🍂
💔36💔
💔37💔
💔38💔(Par1)
💔38💔(Part2)
💔39💔(Part1)
💔39💔(Part2)
💔40💔(Part1)
💔40💔(Part2)
🤍Ending🤍(Part1)
🤍Ending🤍(Part2)
Note
❤️Extra❤️
❤️Extra❤️2
Extra2💌
❤️Extra❤️
💔10💔(Part2)
39.1K 3.8K 684
By ThetHmue3
Jimin သည်စကားတွေဆက်မပြောနိုင်ခဲ့...။
မျက်နှာတခုလုံးကိုလက်ဖြင့်အုပ်လိုက်ကာ
ခုံပေါ်မှာတောင်မထိုင်နိုင်ကြမ်းပြင်ပေါ်သို့
ငုတ်တုတ်ထိုင်ချသွားသည်။
Jeon သည်ရက်ခြားလိုလိုရောင်စုံ
အရွယ်စုံကောင်မလေးတွေ
တစ်ယောက်ပီးတစ်ယောက်အိမ်ကိုခေါ်လာတတ်ကာ
စိတ်ရှိသလိုနေလေ့ရှိသည်။
ညဘက်တွေတိုင်းပျားရည်ဆမ်းသောစကားတွေ
နဲ့ဖုန်းပြောတတ်ကာ အားနာမှုမဲ့ ရီရီမောမော
နေလေ့လည်းရှိပါသည်။
Jimin သည်မကြားသလို မသိသလ်ို
မမြင်သလိုသာနေခဲ့ပြီး ယောင်မှား၍တောင်
တချက်မကြည့်ခဲ့ဖူးပါ..။
တစ်ယောက်နဲ့တစ်ယောက်မချစ်လို့
မုန်းလို့ စိတ်ဝင်စားမှုမဲ့လို့ ဘာလုပ်လုပ်
ဘာမှမခံစားရတာ မထူးဆန်းဘူးဟု
JEonကသတ်မှတ်ကာ Jimin လည်း
သူ့လိုမျိုးတွေလုပ်လာရင်မသိသလို
အေးရာအေးကြောင်းနေနိုင်လိမ့်မည်ဟု
တထစ်ချတွေးခဲ့ပါသည်။
ဒါပေမယ့်..ဒါပေမယ့်.လည်း..
အရိပ်အကောင်တောင်မမြင်ရသော
ချစ်သူဟောင်းကို Hyung လို့နူးညံ့စွာခေါ်ပြီး
သတိရနေတယ်ဆိုတာနဲ့တင်...
မီးတောင်ထဲပြုတ်ကျသွားသလိုပူပြင်းလိုက်တာ။
ဘာကြောင့်လဲ မဖြစ်ရဘူး
ဘာဆိုင်လို့ဖြစ်ရမှာလဲဟု ကိုယ့်ကိုကိုယ်
အချက်ပေါင်းများစွာရိုက်ကာသတိပေးခဲ့ပေမယ့်
Jeonဟာ Jimin နဲ့ပတ်သတ်လာရင်
စိတ်ထိန်းနိုင်ခဲ့တဲ့သူဘယ်တော့မှဖြစ်လာမှာမဟုတ်။
"ဖယ်စမ်း...အဲ့လက်တွေကိုဖယ်စမ်း
မင်းက မင်းအကောင်ကိုတမ်းတပီး
ငါ့အခန်းထဲမှာလာငိုရဲနေတာ...."
လုံးဝငိုနေပီဖြစ်၍မမြင်စေချင်သော
Jimin သည်မျက်နှာကိုလက်နှစ်ဖက်ဖြင့်
အတင်းအကျပ်ကိုအုပ်ထားသည်။
Jeonသည် အားသုံးကာအတင်းအကျပ်ဆွဲခွါ
နေသည်။
"ထွက်သွားပေးပါ....ငါစိတ်တွေအရမ်း
ပင်ပန်းနေတယ်....မင်းပြဿနာအရမ်းလုပ်ချင်
ရင်မနက်ကျမင်းကြိုက်တာလုပ်လို့ရတယ်
ငါသိတယ် မင်းအိမ်မှာငါဒီလိုလာမငိုသင့်ဘူး
ဆိုတာ...ငါသိပါတယ်
ဒါပေမယ့်...ဒါပေမယ့် ချစ်ခြင်းတရားဆိုတာ
ဘာလဲလို့သိမှာလုံးဝမဟုတ်တဲ့မင်းကို
ငါရှင်းပြလည်းမင်းနားလည်မှာမဟုတ်
ငါခဏလေးပဲငိုပီးရင် ......"
"ParkJimin!!!!!
ထပ်မပြောနဲ့...
ခင်ဗျားအသံလုံးဝထွက်မလာနဲ့....
လာ အရမ်းငို ချင်နေတယ်မလား...
အိမ်ပေါ်မှာတော့ မငိုနဲ့ အပြင်ထွက်ငို
ကျူပ် အခန်းထဲ...ကျူပ်အိမ်ပေါ်တော့
မျက်နှာလာမပြောင်နဲ့...."
စကားဆုံးတာနှင့်လက်ကောက်ဝတ်ကနေ
တရွတ်တိုက်ဆွဲသွားသောJungKook၏
လက်ချောင်းတွေသည်အားသန်လွန်းပါသည်။
"လွှတ်..!!!နာတယ်...ငါ့ကိုလွှတ်စမ်း......"
ဘယ်လိုပုံစံမျိုးနဲ့သူ့ဆွဲခေါ်ရာနောက်ကို
ပါသွားမှန်းကိုယ့်ကိုကိုယ်တောင်မသိတော့အောင်
ကြမ်းပြင်ပေါ်တရွတ်တိုက်အခန်းထဲကနေ
ပါလာခဲ့သည်။
"သခင်လေးJeon !!စိတ်ထိန်းပါ.."
အပြင်ထွက်လာသည်နှင့်အိမ်တော်ထိန်း
ဦးလေးကြီးသည်လန့်ဖျန့်ကာပြေးလာပြီး
Jimin ကိုဆွဲထူဖို့လုပ်သည်။
"မထိနဲ့!!!!သွားကြစမ်းငါ့မျက်စိရှေ့က....!!!"
"သခင်လေးJeon..အကိုလေးက
နေမကောင်းပါဘူး..စိတ်ကိုထိန်းပါ.."
"ငါသွားလို့ပြောနေတယ်နော်!!!!..."
သူစကားပြောနေတုန်းမတ်တပ်ရအောင်
ရပ်ကာဆွဲထားသောလက်တွေအား
အတင်းဖြုတ်ပြီးပြေးထွက်ရန်ကြံခဲ့ပေမယ့်
မအောင်မြင် ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး
စူးခနဲကြည့်လာသောမျက်လုံးတွေသည်
သိပ်ကြောက်စရာကောင်းလွန်းသည်။
"ငါ့ကိုလွှတ်ပေးပါ....မင်းလည်းမင်းကြိုက်တာ
တွေလုပ်ခဲ့တာပဲ ငါဘာပြောခဲ့လို့လဲ
ငါသတိရရုံပါ....ငါဘာမှားသွားလို့လဲ!!!!!"
အဲ့တာ....အဓိကအဲ့တာ...။
ဘာမှမဟုတ်တာလေး....ဘာအကြောင်းမှ
မဟုတ်တာလေးကို..သူဘာဖြစ်လို့
ဒီလောက်ကြီးထိန်းမရဖြစ်နေတာလည်း
သူကိုယ်တိုင်တောင်မသိ။
Hyung လို့..နူးနူးညံ့ညံ့ခေါ်ဆိုခြင်းအသံမှာ
ParkJimin ပြောပြခဲ့သောသုံးနှစ်တာ
ပတ်သတ်မှုတွေသည်လှပစွာစီးဆင်းနေသေးသည်။
သူမျက်နှာနုနု အားကုန်ရိုက်ခဲ့ဖူးတာတောင်
မငိုခဲ့သူက တင်းခံခဲ့သောသူက
အင်အားနည်းပြနေတာ ဒါကိုလည်းလက်မခံနိုင်ဘူး။
"ဖောက်ပြန်နေတာ...မှားတယ်လေ....!!"
"Jeon JungKook!!!!
လှေကားတွေအတိုင်းဆွဲခေါ်လာကာ
အိမ်မကြီးတံခါးကိုဆွဲဖွင့်ပြီးနောက်
ခြံထဲသို့ထပ်ဆွဲခေါ်လာတဲ့သူ....။
အေးစက်နေသောအပြင်လေထုသည်
ပြင်းထန်စွာစမိတ်ဆက်ခဲ့သည်။
ခြေထောက်မှာနှစ်ယောက်လုံးဖိနပ်ပင်ပါမလာခဲ့။
JEonဟာ အမှောင်ကျသော ခြံထောင့်တနေရာ
အထိဆွဲခေါ်လာကာ မြေပြင်ပေါ်သို့တွန်းချလိုက်သည်။
"ငို...ခင်ဗျားငိုချင်သလောက် အော်ငိုချင်လည်း
ငို ကျူပ်အိမ်နဲ့ ကျူပ်အခန်းထဲတော့
လာမငိုနဲ့...တညလုံး အိမ်ပေါ်တက်မလာနဲ့
ဝအောင်သာထိုင်ငိုနေလိုက်...."
JEonသည် အားကုန်နေပုံပေါက်သော
ဖြူလွှလွှအရိပ်ကလေးကို တွန်းလွှတ်ခဲ့ကာ
အိမ်ကြီးဆီသို့ပြန်လှည့်ပြန်သွားသည်။
အိမ်ထဲသို့ပြန်ဝင်လာပြီးတဲ့နောက်
ခုံတခုံတွင်ဝင်ထိုင်လိုက်ကာ...
လက်တွေတုန်နေခဲ့သည်။
အသက်ရှုတွေလည်းမြန်နေခဲ့ပါသည်။
စားပွဲပေါ်တွင်မသိမ်းရသေးသော
အရက်ခွက်ကိုယူသောက်လိုက်ကာ
ငြိမ်ငြိမ်နေလိုက်တာအကောင်းဆုံးဖြစ်လိမ့်မည်ဟု
သူတွေးလိုက်သည်။
အတိုင်းထက်အလွန်စိတ်လှုပ်ရှားမှုတွေ
သည်ရုပ်ပျက်ဆင်းပျက်နိုင်လိုက်တာ....
ParkJimin ဟာ...Clubမှာရန်ဖြစ်ခဲ့တဲ့သူ
မထင်မှတ်ဘဲ သူ့အိမ်ထောင်ဘက်အဖြစ်
ဒယ်ဒီရွေးပေးထားခဲ့တဲ့သူ
ဘာမှမစဉ်းစားဘဲအမြင်ကပ်ရုံနဲ့မင်္ဂလာဆောင်ခဲ့တဲ့သူ
ParkJimin ဆိုတာ သူ့အတွက်ဘာမှကိုမဟုတ်ခဲ့တာ။
ဖြစ်သလိုရေးဆွဲခဲ့တဲ့ ပန်းချီကားလိုပဲ
ပေါ့ပျက်ပျက်လေး.....။
ဒါပေမယ့် သူမင်္ဂလာဆောင်ဖို့ဆုံးဖြတ်ရန်
မသိစိတ်ကအတင်းနိုးဆော်ခဲ့တာတွေ...
နောက်ဆုံးတအိမ်ထဲအတူတူရှိသွားခဲ့ကြပြီ
အတူတူများနေရရင်စိတ်ငြီးငြူးစရာ
ဖြစ်မယ်ထင်ခဲ့ပေမယ့် မြင်တဲ့အတိုင်း
သူအဆင်ပြေနေခဲ့သည်။
စိတ်ကသိကအောက်ဖြစ်အောင်နေ့တိုင်း
မိုးလင်းမိုးချူပ်လုပ်ရင်းသူကျေနပ်နေနိုင်တာ။
တခုခုတော့လွဲချော်နေပြီ...
မုန်းသလားမေးရင် သေမတတ်မုန်းတယ်လို့
ချက်ချင်းဖြေပစ်နိုင်ပေမယ့်
အရက်ဝိုင်းထဲ နာမည်လေးတပ်ခေါ်တာတောင်
သူမကြိုက်တာမျိုးကျ ဘယ်လိုနားလည်ရမလဲ။
ချစ်သူဟောင်းကိုသတိရတယ်ပြောရုံနဲ့
တစစီဖျက်ဆီးပစ်လိုက်ချင်စိတ်တွေ
အလွမ်းငိုသံတွေကို မကြားနိုင်တာကျ
ဘယ်လိုနားလည်ရမလဲ....။
"မေမေ...ကျတော်ရူးနေပီလား ..
မေမေတော့သေသေချာချာသိမှာပါ ..."
JEonသည်အရက်တွေထပ်ထည့်ကာ
ဆက်သောက်နေခဲ့သည်။
အိမ်ကြီးသည်တိတ်ဆိတ်နေကာပိတ်ထားသော
တံခါးမကြီးကိုလည်းဘယ်သူကမှသွားမဖွင့်ရဲခဲ့။
အိမ်အကူနှင့်အိမ်တော်ထိန်းကအစခပ်ဝေးဝေးတွင်
ရပ်နေကြတာ အနားမကပ်ရဲ...။
ရန်ဖြစ်တိုင်းခံရသူက အကိုလေးJimin ပဲ...။
သခင်လေးက သိပ်နိုင်စားလွန်းလှသည်။
ချစ်ကြိုက်လို့ယူခဲ့တာမဟုတ်ဘူးပဲဆိုအုန်းတော့
အချိန်တိုင်းရန်လိုက်ရှာနေတာမျိုးတွေကတော့
ရုပ်ဆိုးလွန်းတယ်မလား....။
JEonသည်အရက်အရှိန်ကြောင့်
တဖြည်းဖြည်းမျက်လုံးတွေမှေးစင်းလာကာ
ခုံပေါ်တင်အိပ်ပျော်သွားခဲ့သည်။
အိမ်မက်ဆိုးတွေသည် ကြမ်းတမ်းလွန်းစွာ
မက်လာခဲ့ပြန်သည်။
နာရီလက်တံတွေသည်တချက်ချက်ရွေ့လျှားနေရင်း
အချိန်တွေသည်နာရီနဲ့ချီကုန်လာခဲ့သည်။
"တံခါးကို အသံမထွက်အောင်ဖွင့်ပြီး
အကိုလေးကို သွားခေါ်လာခဲ့...
လုံးဝမထွက်စေနဲ့နော် နိုးသွားရင်
ငါတို့အကုန်သေပီပဲ..ဒီရာသီဥတုနဲ့
အပြင်မှာသေသွားလိမ့်မယ်....."
"ဟုတ်ကဲ့.....အသံမထွက်အောင်လှုပ်ရှား
ပါ့မယ်....."
အိမ်အကူကောင်မလေးနှစ်ယောက်သည်
အိမ်မကြီးတံခါးကိုအသံမထွက်အောင်
ခပ်ဖွဖွဖွင့်ကာခြေသံလုံလုံဖြင့်ထွက်သွားခဲ့ကြသည်။
အိမ်တော်ထိန်းကြီးသည်Jeonကို
လှမ်းကြည့်ကာ
"သူ့အမေနဲ့တပုံစံထဲပါပဲလား..."
ခဏအကြာအိမ်အကူကောင်မလေး
နှစ်ယောက်သည်မျက်နှာကိုယ်စီပျက်ကာ
ပြန်ပြေးဝင်လာကြသည်
Jimin တော့ပါမလာခဲ့။
"ဦးလေး....အကိုလေး သတိလစ်နေပီ
တကိုယ်လုံးပူခြစ်နေတာပဲ
ဘယ်လိုခေါ်လာရမလဲမသိလို့
မြန်မြန်သွားခေါ်မှဖြစ်လိမ့်မယ်...ထင်တယ်..."
အိမ်တော်ထိန်းဦးလေးကြီးသည်
စကားပင်ဆုံးအောင်နားမထောင်တော့ဘဲ
အပြင်သို့ပြေးထွက်သွားတော့သည်။
ခြံထောင့်တနေရာစီမြန်မြန်ပြေးကာ
အတူတူနေတာမကြာပေမယ့် Jiminက
တရက်နေတရက်အလျှောက်သံယောဇဉ်တွယ်ဖို့
ကောင်းသောလူသားလေးမို့
စိုးရိမ်ပူပန်လှပါသည်။
"အကိုလေး...!အကိုလေး...!"
လဲကျနေသောကိုယ်လုံးလေးသည်
ကောက်ပွေ့လိုက်တဲ့အခါ ပူခြစ်နေပြီး
ပျော့ဖတ်နေသည်။
နူတ်ခမ်းတွေအထိပြာနေကာဒီအခြေအနေသည်
လုံးဝအရေးပေါ်မို့ တစ်ယောက်ကို
ဆရာဝန်ခေါ်ရန်အော်ပြောပီးအိမ်ထဲသို့
ပွေ့ချီပြေးလာရသည်။
အစကတော့ကြောက်လို့တံခါးအသံမြည်
အောင်မဖွင့်ရဲပေမယ့် ခုကတော့
သတိလက်လွတ်ဝုန်းဒိုင်းဖွင့်ကာ
အသံပေါင်းစုံခြေသံပေါင်းများစွာဖြင့်
အိမ်ထဲပြေးဝင်လာကြတော့သည်။
ဆူညံသံတွေစကားအော်ပြောသံတွေ
ကြောင့်မှေးခနဲအိပ်ပျော်သွားသူ၏
အာရုံတွေပြန်နိုးလာကာ မျက်မှောင်တွေကျုံ့လျက်
အိပ်နေသော်အချိန်
ဆူညံပူညံလုပ်ရဲသောလူတွေကိုအော်ဖို့
ပြင်ဆင်လိုက်ချိန်တွင် အိမ်တော်ထိန်း
လက်ထဲပါသွားသော သွေးမရှိတော့သော
လက်ဖြူဖြူလေးတဖက်....။
"သခင်လေး...!အကိုလေးလေ..
ခေါ်လို့လည်းမရတော့ဘူး
တကိုယ်လုံးပူခြစ်နေတာပဲ....
လာ...လာကြည့်ပါအုန်း....."
အိမ်အကူကောင်မလေးသည်
အကြောက်အလန့်မရှိတခါမှစကားရဲရဲ
မပြောရဲခဲ့ကြပေမယ့် လက်မောင်းတွေကို
ကျူးကျော်စွာကိုင်လာပြီးပြောတော့
JEonလက်မောင်းတွေကိုဆက်ခနဲဖယ်လိုက်သည်။
"ဘာကိစ္စနဲ့ပူခြစ်သွားရတာလဲ
သူ့ကိုငါဘာမှမလုပ်ရသေးဘူးလေ...."
"အစထဲက နေမကောင်းနေတာ...
တရှောင်ရှောင်နဲ့....သခင်လေးက
မသိဘဲ နေ့တိုင်း နှိပ်စက်......."
"သေချင်နေတာလား.....နင်...."
"မဟုတ်ပါဘူး...ပြောပြတာပါ...
လာ...လာကြည့်ပေးဖို့...."
အေးစိမ့်နေသောရာသီဥတုထဲ
အေးခဲနေမယ်ဆိုတာသိရက်နဲ့ထားရစ်ခဲ့တာသူမို့
စိုးရိမ်တကြီးပြေးကြည့်ဖို့ကိုလည်း
မလုပ်နိုင်...။
ကိုယ့်စိတ်ကိုယ်နိုင်နင်းစွာတအိမ်လုံး
ပြာပန်းခတ်ပြေးလွှားနေကြပေမယ့်
သူငုတ်တုတ်မေ့နေတုန်း...။
ပျော့ဖတ်စွာပါသွားသောလက်ဖြူဖြူ
လေးကိုပြန်မြင်ယောင်မိတော့
ရင်ဘက်တွေထဲထိုးအောင့်လာပါသည်။
မခံစားနိုင်လောက်အောင်ထိုးအောင့်လာတာမို့
လက်တွေနဲ့မသိမသာဖိကိုင်ထားရသည်။
ဆရာဝန်တစ်ယောက်အိတ်တအိတ်
ဆွဲကာအပေါ်ပြေးတက်သွားတာ
ကိုမြင်လိုက်သည်။
အရက်ပဲအေးစက်စွာဆက်သောက်မိနေသည်။
ထသွားပြီးကြည့်လိုက်ဖို့ကို
မကြည့်ချင်တာလား
မကြည့်နိုင်တာလား
မကြည့်ရက်တာလား....Jeonမဝေခွဲနိုင်...။
သူနဲ့လက်ထပ်ထားပြီး Hyung နဲ့အတူတူရှိနေရမှာ
လို့ပြောခြင်းသည် ကြားယောင်မိတိုင်း
ဒေါသကမထိန်းနိုင်လာတော့...။
စီးကရက်ငါးလိပ်လောက်အကုန်တွင်
ဆရာဝန်ပြန်သွားသည်။
သူ့ကိုတော့မမြင်လို့လား
မြင်ရက်သားနဲ့ နူတ်ကိုမနူတ်ဆက်ချင်လို့
လားမသိ ဒီတိုင်းပဲပြန်သွားသည်။
လူတစ်ယောက်အသဲအသန်ဖြစ်နေချိန်မှာ
အေးရာအေးကြောင်းစီးကရက်ထိုင်သောက်
နေသူကို မွန်မြတ်တဲ့ဆရာဝန်တွေရဲ့
နှလုံးသားက ပြန်နှစ်သက်တတ်ကြမလဲ...။
JEonသည်ခေါင်းတွေကိုဘယ်ညာချိုးကာ
ဆက်ထိုင်နေတုန်းပဲ....။
အစားအသောက်တွေယူကာပြေးတက်သွားကြသည်။
ပြေးဆင်းလာကြသည်။
အလုပ်ချိန်တွေပီးနေတဲ့အထိတောင်
တစ်ယောက်မှအိမ်မပြန်နိုင်ကြသေး။
တဖြည်းဖြည်းနဲ့အချိန်တွေကုန်ဆုံး
လာပြီးတဲ့အခါ ပြန်ဖို့သင့်လာတော့လည်း
ပြန်သွားကြသည်။တစ်ယောက်မှမရှိတော့တာ
သေချာမှ အိပ်ရန် အပေါ်ထပ်သို့တလှမ်းချင်း
တက်လာခဲ့သည်။
အိပ်ချိန်ရောက်ပီဆိုတော့အိပ်ရမယ်
ဒေါသတွေထွက်ခဲ့တာကြောင့်နည်းနည်းတောင်
ပင်ပန်းချင်နေပြီ။ဘောင်းဘီအိတ်ထဲ
လက်တဖက်ထည့်ကာခပ်အေးအေးပဲတက်လာခဲ့သည်။
သူတို့တစ်ခန်းထဲအတူတူမနေကြပါ...
အဖြေသည်...တစ်ယောက်နဲ့တစ်ယောက်
နည်းနည်းလေးမှမချစ်လို့.....။
JEonသည်တဖက်အခန်းထဲကိုဝင်ဖို့
လျှောက်လာတုန်းအနည်းငယ်ဟနေသော
တံခါးလေး၏နောက်တွင်မြင်နေရသော
မြင်ကွင်းလေး....။
စောင်ထူထူအောက်ငြိမ်သက်နေတဲ့သူ....။
ကျန်ခဲ့တဲ့နာရီတွေတုန်းကအထိ...
ပက်ခနဲရန်ပြန်တွေ့နေသေးပေမယ့်
သူ့လက်ချက်ကြောင့် ငြိမ်သက်သွားရသည်။
ဆိုးတာမကောင်းဘူး အနိုင်ကျင့်ဗိုလ်ကျတာ
မကောင်းဘူးလို့ဘယ်သူပြောလဲ....
မကြားချင်သော မုန်းစရာငိုသံတွေ
နားမထောင်နိုင်သောစကားတွေတိခနဲပိတ်ကျသွား
စေသည်။
မေမေပြောခဲ့တာတွေသိပ်ကိုမှန်နေသည်။
ခြေလှမ်းတွေသည်ကိုယ့်အခန်းကိုယ်
သွားဖို့ရန်လှမ်းခဲ့သော်လည်း
ဒီအိမ်ကြီးထဲခုဆိုနှစ်ယောက်ထဲ.....
သူဝင်ကြည့်လိုက်လည်း ဘယ်သူမှမဝေဖန်
နိုင်တော့ဘူးမလား....။
တမိနစ်လောက် သွားကြည့်လိုက်တာမျိုးက
အဆင်ပြေပါတယ်.....။
တံခါးကိုဖွင့်လိုက်ကာတလှမ်းချင်း
လှမ်းကာဝင်သွားလိုက်သည်။
အိပ်ယာထဲကလူသည် မျက်နှာပေါ်တွင်
အမဲ့လှိုင်းတွေအပြည့်.....။
ပူခြစ်နေတာကဘယ်လိုမျိုးလဲ....
အိမ်အကူတွေအော်ဟစ်ပြောခဲ့လို့
ခံစားကြည့်ချင်၍နှဖူးပေါ်ထိကြည့်လိုက်တော့
မီးခဲတမျှပဲ....။
JEonသည်လက်တွေကိုချက်ချင်းပြန်ရုတ်လိုက်ကာ
Jimin ကိုမတ်တပ်ရပ်လျှက်စိုက်ကြည့်နေသည်။
"မေမေ....ရေ....ရေပေးပါ...."
ကြည့်နေရင်း လက်ကလေးတွေယောင်းယမ်း
ထွက်လာကာ စကားတွေဗလုံးဗထွေး
ပြောလာတော့Jeonသည်လန့်သွားကာ
နောက်သို့ဆုတ်သွားခဲ့သည်။
"ရေ.....ရေ......"
ရေတဲ့.....။ဘာလုပ်ရမလဲ...။
ဘေးနားပတ်ပတ်လည်ကြည့်လိုက်တော့
သူ့အလုပ်စားပွဲပေါ်က KNJဆိုသော
စာတန်းလှလှလေးပါသောရေဗူးလေးကို
မြင်တာမို့Jeonသည်ဆက်ခနဲယူလိုက်သည်။
တခါမှဖျားနာနေသောလူတစ်ယောက်
အတိအကျဆို ဘယ်လိုလူမျိုးကိုမှ
နူးနူးညံ့ညံ့မလုပ်ပေးဖူးတာမို့
JEonသည် သိမ်မွေ့စွာထိတွေ့ရမည့်အရေးကို
ခက်နေသည်။
ရေဗူးအဖုံးကိုဖွင့်လိုက်ကာ
"ဒီမှာ ရေ......သောက်ချင်လို့လား......"
အဖျားတွေတက်နေသည့်ကြားက
အသံတချို့ကြားရတာမို့မျက်လုံးတွေဖွင့်ကြည့်တဲ့အခါ
ရေဗူးတဗူးကိုတွေ့လိုက်ရသည်။
ကောင်းသောအမှတ်တရလှလှလေးတွေနဲ့
ပစ္စည်းလေးမို့ မြင်လိုက်ရတိုင်းမှာအဆင်ပြေလှပါသည်။
ရေဆာလွန်းနေတာမို့ ဝေတေဝါးတားဆိုးဝါးလှသော
ဝေဒနာတွေကိုခံစားနေရရင်းမှ
ရေဗူးထဲကရေလေးကိုသောက်ရန်ကြိုးစားပမ်းစား
ထခဲ့သည်။
ပူခြစ်နေသောသူသည်ခက်ခက်ခဲခဲ
ထထိုင်ချင်နေတာမို့ရေဗူးကိုခုံပေါ်သို့
ခဏတင်လိုက်ကာကူပီးထူမပေးလိုက်သည်။
ထိုင်ပင်မထိုင်နိုင်ရင်ခွင်ထဲပြိုဆင်းလာသော
ခန္ဓာကိုယ်လေး....။
သေးသေးလေး.....အသက်၂၅နှစ်
ယောကျ်ားတစ်ယောက်လို့
ကျိန်ပြောရလောက်အောင်ကျတော်ဖျစ်ညှစ်
လိုက်ရင်နှစ်ချက်လောက်နဲ့တစစီဖြစ်သွား
နိုင်သည့်အချိုးအစားလေး...။
နှလုံးသားနေရာသို့မှီကာငြိမ်ငြိမ်လေးနေနေသည်။
ရေဗူးကိုနူတ်ခမ်းနားလေးတေ့ပေးကာ
အဆင်ပြေအောင်တိုက်လိုက်တော့
အနည်းငယ်သာသောက်ပြီးဆက်ပြီးမှီနေတုန်းပဲ....။
နေမကောင်းနေသောအချိန်တွေ
တခုခုဝမ်းနည်းလွန်းသောအချိန်တွေတိုင်းမှာ
ပြေးသတိရမိတဲ့သူသည်ကိုယ့်အတွက်
အေးချမ်းမှုအများဆုံးပေးနိုင်တဲ့သူမလို့
Jimin ၏အပြင်းဖျားနေချိန်မှာထွက်လာသော
နာမည်သည် KimNamJoonပါပဲ....။
"Hyung...ကျတော်ကြောက်တယ်....."
ရင်ခွင်ထဲဝင်တိုးကာအယောင်ယောင်အမှားမှား
ထွက်လာသောစကားသည်ဘယ်လောက်များ
သတ္တိတွေရှိနေပြန်သေးတာလဲ....။
အိပ်ယာပေါ်ကအံကြိတ်သံတခုသည်
သိသိသာသာပေါ်ထွက်လာသည်။
တစုံတစ်ခုပေါ့ တွန်းထုတ်လိုက်တာပဲဖြစ်ဖြစ်
တခုခုပေါ့ နာကျင်အောင်လုပ်ပစ်လိုက်ချင်ပေမယ့်
ရင်ခွင်ထဲကိုဝင်နေတာ....
ဒီParkJimin ကရင်ခွင်ထဲမှာ...
နူတ်ခမ်းဖူးဖူးတွေက JeonJungkook အစချီ
အော်ဆဲနေမယ်ဆိုရင်တောင်
သူထုတ်ချင်မှာမဟုတ်......။
ဘာတွေလဲ.....အထပ်ထပ်စိတ်ကိုခတ်လာသော
လက်ထိပ်တွေလား....။
"တောင်းပန်ပါတယ်...Hyung...
ကျတော်တောင်းပန်ပါတယ်...."
အိပ်ယာခင်းစကိုဆွဲဆုပ်လိုက်သည်။
ဒေါသသည်တကယ်ပင်ထိန်းမတော့ပေမယ့်
တချက်ကလေးများလှုပ်သွားရင်...
လန့်နိုးကာ ထွက်သွားမလားဆိုပြီး
မေးရိုးတွေတင်းလာသည်အထိအံကြိတ်ထားတဲ့သူ။
ရင်ဘက်မှာမျက်ရည်စတွေကိုခံစား
လိုက်ရသည်။
အော်သူက ငိုနေပြန်သေးတယ်....
ငိုနေသေးတယ်.....။
"ဖက်ထားပေးပါ....ချမ်းတယ်....
ချမ်းနေတယ်....."
လက်ကလေးတွေရင်ဘက်ပေါ်
ဟိုဟိုဒီဒီတွယ်ကပ်လာကာ
နွေးထွေးမှုကိုအငမ်းမရလိုက်ရှာတော့
Jeon သည် အိပ်ယာခင်းတွေကို
ဆုပ်ကိုင်ထားဆဲ....။
ကိုယ်လုံးသေးသေးလေးသည်တုန်ရီကာ
ရေနစ်နေသူလိုအကူအညီလိုက်ရှာနေသလို
ချမ်းတယ်အော်နေလည်း သူဒေါသတွေ
ထပ်ထွက်နေတာမို့ဘာဖြစ်ဖြစ်မထိတော့ဘူး
ဆုံးဖြတ်ထားလိုက်သည်။
ရင်ဘက်ပေါ်ကုတ်တွယ်နေသောလက်ကလေး
တွေရပ်သွားသည်....
ထို့နောက် ကြားလိုက်ရသောအသံလေး...
အဟင့်...
ကလေးတွေလိုပဲ....
ကလေးတွေလို MD Parkက
ချမ်းလို့မဖက်ပေးလာတဲ့အခါ မျက်နှာလေးသည်
တဖြည်းဖြည်းမဲ့ကျလာပြီး အသက်သေးသေး
လေးတွေအစပြုပြီးငိုတော့မှာလား.....
ခုနလိုကြိတ်မှိတ်ငိုနေတာမဟုတ်...
ရိုးရိုးသားသားဝမ်းနည်းစွာကိုငိုချတော့မဲ့ပုံ....
Jeon သည် အလန့်လန့်အဖျန့်ဖျန့်...
မမြင်ဖူးဘူး....
တခါမှဒီလိုမြင်ကွင်းမြင်ရလိမ့်မယ်လည်း
မထင်ဘူးလေ...။
ဘာလုပ်ရမှန်းမသိပြူးကြည့်နေတုန်းမှာပဲ
ဖျားနေရင်းက အေးလွန်းလို့ ထငိုသူသည်
အသံပင်တော်တော်လေးကျယ်နေပြီ..။
အိပ်ယာခင်းကလက်တွေကို
အမြန်လှုပ်ရှားလိုက်ကာပုခုံးလေးတွေကို
အလျှင်အမြန်သိမ်းဖက်ကာရင်ခွင်ထဲ
လုံလုံခြုံခြုံဆွဲသွင်းလိုက်မိသည်။
အငိုသည်မရပ်သွား....
ဝမ်းနည်းမှုခေါင်းစဉ်ဘယ်နှခုလောက်များရှိလို့
အသဲအသန်ငိုချနေရသလဲ....။
Jeonသည် ကျောပြင်သေးသေးလေးကို
ပုတ်ပေးလိုက်ရင်ကောင်းမလား
ဒီတိုင်းပဲထားရမလား စဉ်းစားနေရင်းက
လက်ချောင်းရှည်ရှည်များသည်
လှုပ်ခါနေသောကျောပြင်လေးပေါ်ရောက်လာခဲ့ပါသည်။
စကားလေးတစ်ခွန်းပါအစစ်ပါရင်းပေါ့..
"တိတ် ဗျာ.....သိပ်အေးတာလည်းမဟုတ်ဘဲနဲ့....."
စတွေ့ထဲက မုန်းခဲ့ရတာပါ...
မျက်လုံးတွေကစပြီး အရာအားလုံး
သူမုန်းတီးခဲ့တာ....။
တွေ့တိုင်းမြင်တိုင်းမှာ တခုခုနာကျင်ချင်စိတ်
ကအမြဲရှိခဲ့တာ...။
ဒီလိုဘက်ခြမ်းတွေကျ ကျတော်က
အရူးကြီးလိုပဲ.....။
JinHyungကို သေချာစစ်ဆေးပေးပါလို့
အမြဲပြောခဲ့ပေမယ့် JinHyungက
ကောင်းတယ်ကြီးပဲ ပြီးစလွယ်ပြောနေတာ...
ကျတော်မကောင်းဘူး....
ကျတော့်ဦးနှောက်နဲ့ ကျတော့်နှလုံးသားက
ParkJimin ကိုမြင်တာနဲ့အချိတ်အဆက်မမိတော့ဘူး။
စိတ်ရောဂါဖြစ်နေတာတကယ်သေချာနေပီမို့
ပျောက်ချင်လှပါပြီ။
မုန်းချင်လည်း အစွန်းအဆုံအထိမုန်းမှပေါ့
ဘာကြောင့် အစချီလာတဲ့ငိုသံလေးမှာ
ကမ္ဘာပြိုခြင်းတွေဖြစ်ရသလဲ...
မနက်အထိပဲ.....ကျတော်ကုတင်ပေါ်ငုတ်တုတ်
ဖက်ထားပေးခဲ့ရတာ....
ဖယ်ခွါလိုက်တာနဲ့ ကြောင်ပေါက်ကလေးလို
ပြန်ပြန်တွယ်ကပ်တတ်လာမို့
စောင်လေးနဲ့လုံးပြီး ရင်ခွင်ထဲထည့်ထားရတာ
မိုးအလင်းပဲ....။
သူက လွမ်းနေတာ ရည်းစားဟောင်း
ဆိုသော်ငြား ဒုက္ခကျ ယောကျ်ားဖြစ်သူကို
ပေးတတ်ပါသည်.....။
နေရာရွေးချယ်မှုသိပ်မှန်ကန်တဲ့သူ
အထားအသို အလိုအပိုမရှိ..ParkJimin..။
ယောင်၍တောင်လှုပ်လို့မရ....
စီးကရက်စွဲသူမို့ သောက်ဖို့ပြင်ဆင်ချိန်
မီးခြစ်ခြစ်သံမှာ ဖျားနေသူကိုယ်လုံးလေး
တုန်သွား၍အလန့်တကြား ရပ်လိုက်ရတဲ့အဖြစ်တွေ။
စီးကရက်တွေကိုငေးသာကြည့်နေရသည်။
မနက်ကျရင်တော့....
Hyung ကိုတိုင်တည်ကာ ကြောက်နေသောကိစ္စတွေ
တောင်းပန်ပါတယ်Hyung ဆိုသော
ဇယားကို အပြတ်ဖြတ်မည်.....။
နောက်ထပ်တခါ ParkJimin နူတ်က
ယောင်၍ပင်ထပ်ထွက်မလာအောင်
သေသေချာချာပုံစံချရမည်..။
ညနေခြောက်နာရီတိခနဲ နေ့တိုင်းအိမ်ပြန်ရောက်
လာနိုင်ပီးပီပဲ....ဒါကလည်းမခက်နိုင်ပါ။
ParkJimin ကJeonJungkook ရဲ့
အရုပ်ကလေး....
JeonJungkook ကParkJimin ရဲ့
ဘုရင်လိုမျိုး...ဖြစ်တည်မှုမျိုးပဲသေချာပေါက်
ဖြစ်ရပါလိမ့်မည်......။
.................
"အလွမ်းစာတွေတော့မဖတ်ချင်ဘူး
အချစ်စာတွေလည်းသိပ်တော့မကြိုက်ဘူး
Drama ကလည်း အဆင်မပြေဘူး....
ဘာဖတ်ရမလဲ ဘာဖတ်ရမလဲ...."
စာအုပ်ရွေးတာ စိတ်ကူးနဲ့ရွေးလို့ရပေမယ့်
စာအုပ်ဆိုင်ပိုင်ရှင်က ဒါလေးကောင်းတယ်လို့
Recommendလေးလုပ်ပေးတာကို
လိုချင်တာကြောင့် စာအုပ်ကလေးတွေကို
လက်ချောင်းလေးတွေနဲ့တခုချင်းလိုက်ထိကာ
ပါးစပ်ကလည်းတတွတ်တွတ်ပြောနေခဲ့သည်။
"ကဗျာတွေကလည်းနားလည်မှ
နားမလည်ရင်ဖတ်တာပဲရှိတာ...
ဘာဝယ်ရင်ကောင်းမလဲ
မရွေးတတ်တော့ဘူး...."
ကောင်တာမှာထိုင်နေသူ သဘာဝလေးက
မော့တောင်မကြည့် စာအုပ်တအုပ်ကို
စိတ်ဝင်တစားဖတ်နေသည်။
SeokJin သည် စိတ်လျှော့လိုက်ကာ
တွေ့ရာစာအုပ်တအုပ်ကိုဆွဲချလိုက်ပြီး
ကောင်တာဆီသို့သွားလိုက်သည်။
"ရှင်းချင်လို့...."
ပန်းနုရောင်စာအုပ်လေးတစ်အုပ်ကောင်တာ
ပေါ်ကျလာသည်။စာအုပ်ကမထူးဆန်းပေမယ့်
စာအုပ်ကိုချပေးလာတဲ့လက်ကလေးတွေ
ကြောင့်Namjoon သည် အံ့ဩသွားသည်။
ဖျက်ခနဲမော့ကြည့်လိုက်တော့
ပြုံးပြနေသောလူချောလေးတစ်ယောက်...။
အစိမ်းရင့်ရောင်Shirtအကျီနှင့်
မနက်စောစော တွင်လန်းလန်းဆန်းဆန်းလေး..။
"....... ကျပါတယ်."
"အင်း....ဟုတ်ပီ...."
ကျသင့်ငွေအတွက်ကဒ်ထုတ်ပေးလိုက်ကာ
SeokJin သည် သဘာဝလေး၏
လှုပ်ရှားမှုလေးတွေကိုတစ်ခုချင်းသဘော
တကျလိုက်ကြည့်နေသည်။
"ဒီ ကဗျာစာအုပ်လေးကကောင်းလား....."
"ဒါကဗျာ စာအုပ်မဟုတ်ဘူးလေ
ဝတ္တုစာအုပ်ပါ..."
ဘာယူလို့ယူလာမိမှန်းတောင်မသိ....
ပြောချင်းဇောများသွားခြင်းသည်
စမှားပြီ...။
"ဝတ္တုလား....ရပါတယ်အဆင်ပြေတယ်ကိုယ်ကDrama
အရမ်းမကြိုက်တော့ ဒါအဆင်ပြေပါတယ်နော်..."
"ပန်းနုရောင်သမုဒ္ဒရာ က
အစအဆုံးDrama တွေကြီးပဲ....."
"ဟုတ်လား...တော်ရုံလောက်ဆိုရင်
ခံနိုင်ရည်ရှိပါတယ်...."
"တော်ရုံပါပဲ...ဖတ်လို့ကောင်းပါတယ်"
"ကိုယ်ကဆရာဝန်ဆိုတော့ဇာတ်အိမ်ကြီး
တာမျိုးတွေလည်းစိတ်ဝင်စားတယ်..
အတွေးတွေချဲ့ထွင်နိုင်တာပေါ့..။
"ဇာတ်ကောင်နှစ်ကောင်နဲ့ကျောင်းတကျောင်း
အခန်းတစ်ခန်းပဲပါတာ...
ဇာတ်အိမ်မရှိဘူး ....."
ရွဲ့နေတာမဟုတ်...သူရိုးရိုးသားသားလေး
ပြောပြနေတာ ကိုယ်တိုင်ကိုယ်က
ဆေးစာအုပ်တွေကလွဲကျန်တာဘာမှမလေ့လာထား
တော့အရှက်ကကွဲပြီးရင်းကွဲပဲ....။
"ရပါတယ် ဇာတ်လိုက်မင်းသမီးလေး
လှရင် ဖတ်ရင်း အိုကေမှာပဲ....."
"ယောကျ်ားလေးနှစ်ယောက်ဇာတ်လမ်းပါ...."
SeokJin မျက်နှာလေးရဲခနဲ....။
"အိတ်လှလှလေးနဲ့ထည့်ပေးလိုက်ပါ့မယ်
ဒီနေ့က ကျတော့်မွေးနေ့မို့
Postcard လေးက လက်ဆောင်ပါ....
ကျေးဇူးပါ..."
စာအုပ်အိတ်ကိုမယူ Postcardကိုသာ
ယူလိုက်တာမို့Namjoon သည်
ကြောင်တောင်တောင်ရယ်...။
ပြီးမှ သတိဝင်လာပုံထောက်ကာ
ပန်းနုရောင်အိတ်ကလေးကိုဆွဲယူပြီး
ဆိုင်မှပြေးထွက်သွားသော
Customer သည်...Namjoon ကိုထိုနေ့မနက်က
ပြုံးသွားစေပါသည်။
............
ကျတော်တို့က လမင်းဆိုကောင်ကင်းမှာပဲ
တသတ်မတ်ထဲရှိတယ်ထင်ကြတာ....
တချို့လမင်းလေးတွေကျ....
Shirtအကျီအစိမ်းရင့်ရောင်လေးနဲ့
ကမ္ဘာမြေပေါ်လွတ်လွတ်လပ်လပ် လမ်းလျှောက်နေလို့..။
..................
လိုအပ်သွားရင်ဖြည့်စွက်ဖတ်ပေးပါနော်
ဇာတ်အိမ်နှစ်ခုစာကို တခုထဲရောသမမွှေ
ရေးနေရတော့ ဟာကွက်တွေလည်းရှိနေတယ်
သိပေမယ့် ပိုထပ်မရေးနိုင်တော့လို့
အားနာရပါတယ်...
Character တွေကလည်းခက်တော့
Sanမြင်သာအောင်ရေးထားပေမယ့်
အဆင်မပြေတဲ့အခါနားလည်ပေးပါ။
Update ကတော့ နေ့တိုင်းတော့မဖြစ်နိုင်ပေမယ့်
တတ်နိုင်သမျှမြန်မြန်ရေးပေးပါမယ်...
Comment လေးတွေပေးခဲ့ပါအုန်း🤍
နေလေ့လည်းရှိပါသည်။
Jimin သည်မကြားသလို မသိသလို
တချက်မကြည့်ခဲ့ဖူးပါ..။
တထစ်ချတွေးခဲ့ပါသည်။
နေသည်။
ဆိုတာ...ငါသိပါတယ်
ငါခဏလေးပဲငိုပီးရင် ......"
"ParkJimin!!!!!
ထပ်မပြောနဲ့...
မျက်နှာလာမပြောင်နဲ့...."
ပါလာခဲ့သည်။
"သခင်လေးJeon..အကိုလေးက
အဲ့တာ....အဓိကအဲ့တာ...။
"Jeon JungKook!!!!
လက်တွေတုန်နေခဲ့သည်။
သူတွေးလိုက်သည်။
ပေါ့ပျက်ပျက်လေး.....။
သူအဆင်ပြေနေခဲ့သည်။
ဘယ်လိုနားလည်ရမလဲ....။
ဆက်သောက်နေခဲ့သည်။
ရပ်နေကြတာ အနားမကပ်ရဲ...။
မက်လာခဲ့ပြန်သည်။
ပါ့မယ်....."
လှမ်းကြည့်ကာ
ပြန်ပြေးဝင်လာကြသည်
Jimin တော့ပါမလာခဲ့။
"အကိုလေး...!အကိုလေး...!"
ပျော့ဖတ်နေသည်။
ပွေ့ချီပြေးလာရသည်။
အိပ်နေသော်အချိန်
လက်ဖြူဖြူလေးတဖက်....။
"သခင်လေး...!အကိုလေးလေ..
လာ...လာကြည့်ပါအုန်း....."
အိမ်အကူကောင်မလေးသည်
"အစထဲက နေမကောင်းနေတာ...
"သေချင်နေတာလား.....နင်...."
လာ...လာကြည့်ပေးဖို့...."
မလုပ်နိုင်...။
ကိုမြင်လိုက်သည်။
မကြည့်ချင်တာလား
မကြည့်နိုင်တာလား
ဆရာဝန်ပြန်သွားသည်။
ဆက်ထိုင်နေတုန်းပဲ....။
ပြေးဆင်းလာကြသည်။
တက်လာခဲ့သည်။
ပင်ပန်းချင်နေပြီ။ဘောင်းဘီအိတ်ထဲ
မြင်ကွင်းလေး....။
စေသည်။
နိုင်တော့ဘူးမလား....။
အဆင်ပြေပါတယ်.....။
မီးခဲတမျှပဲ....။
"မေမေ....ရေ....ရေပေးပါ...."
"ရေ.....ရေ......"
ရေတဲ့.....။ဘာလုပ်ရမလဲ...။
ခက်နေသည်။
ထခဲ့သည်။
ခန္ဓာကိုယ်လေး....။
သေးသေးလေး.....အသက်၂၅နှစ်
ယောက်ျားတစ်ယောက်လို့
ရင်ခွင်ထဲကိုဝင်နေတာ....
သူထုတ်ချင်မှာမဟုတ်......။
လက်ထိပ်တွေလား....။
"တောင်းပန်ပါတယ်...Hyung...
လိုက်ရသည်။
ငိုနေသေးတယ်.....။
"ဖက်ထားပေးပါ....ချမ်းတယ်....
ချမ်းနေတယ်....."
ဆုပ်ကိုင်ထားဆဲ....။
ဆုံးဖြတ်ထားလိုက်သည်။
တွေရပ်သွားသည်....
အဟင့်...
ကလေးတွေလိုပဲ....
ကလေးတွေလို MD Parkက
မမြင်ဖူးဘူး....
မထင်ဘူးလေ...။
အငိုသည်မရပ်သွား....
အသဲအသန်ငိုချနေရသလဲ....။
သူမုန်းတီးခဲ့တာ....။
ကအမြဲရှိခဲ့တာ...။
အရူးကြီးလိုပဲ.....။
ကျတော်မကောင်းဘူး....
ပျောက်ချင်လှပါပြီ။
ဖက်ထားပေးခဲ့ရတာ....
မိုးအလင်းပဲ....။
ဆိုသော်ငြား ဒုက္ခကျ ယောက်ျားဖြစ်သူကို
ပေးတတ်ပါသည်.....။
မနက်ကျရင်တော့....
ဇယားကို အပြတ်ဖြတ်မည်.....။
အရုပ်ကလေး....
ဖြစ်ရပါလိမ့်မည်......။
.................
ဘာဖတ်ရမလဲ ဘာဖတ်ရမလဲ...."
ဘာဝယ်ရင်ကောင်းမလဲ
မရွေးတတ်တော့ဘူး...."
စိတ်ဝင်တစားဖတ်နေသည်။
"ရှင်းချင်လို့...."
"....... ကျပါတယ်."
"အင်း....ဟုတ်ပီ...."
SeokJin သည် သဘာဝလေး၏
တကျလိုက်ကြည့်နေသည်။
ဝတ္တုစာအုပ်ပါ..."
စမှားပြီ...။
ခံနိုင်ရည်ရှိပါတယ်...."
အခန်းတစ်ခန်းပဲပါတာ...
ဇာတ်အိမ်မရှိဘူး ....."
"ယောက်ျားလေးနှစ်ယောက်ဇာတ်လမ်းပါ...."
ကျေးဇူးပါ..."
ကြောင်တောင်တောင်ရယ်...။
ပြုံးသွားစေပါသည်။
............
တချို့လမင်းလေးတွေကျ....
..................
အားနာရပါတယ်...
Continue Reading
You'll Also Like
325K 12.9K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
509K 33.3K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary