ငါ့စိတ်အခြေနေတော်တော်မကောင်းဘူးဖြစ်နေတယ်၊ တကယ်လို့ငါသာ အခမ်းနားပွဲကိုမတက်ဘူးဆိုရင် Dukeနဲ့စကားပြောရမှာအသေချာဘဲ၊ ဒါပေမဲ့ခုကDerrickလေ...
ဒါပမေဲ့ငါသွားရင်လည်း၊ Derrick ရဲ့interest ကိုလျော့အောင်လုပ်သလိုဖြစ်သွားပြန်ရော...
သူ့နေရာမှာRennaldဆိုရင်တောင်ဒီလိုအလောင်းစားမျိုးငါမလုပ်နိုင်ဘူး၊
သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း Rennaldရဲ့interestကအနှုတ်ဘက်ကနေတိုးလာတာကိုပြန်စဥ်းစားနေမိတယ်၊
0%အတိုင်းလေးဘဲရှိဖို့တောင် အလုပ်ရှုပ်နေရတာ၊ Derrickကိုရင်ဆိုင်တာမျိုး၊ ဒီလိုစွန့်စားမှုမျိုးကိုစဥ်းစားလို့တောင်မရဘူး
"L,Lady.... အဆင်ပြေရဲ့လား? မျက်နှာကဖြူဖျော့နေတယ်..."
Emilyကငါ့မျက်နှာအမူယာကိုဖျတ်ခနဲကြည့်ပြီးသတိထားမိသလို မေးလာခဲ့တယ်၊
"အခန်းထဲကထွက်သွား၊ ငါ့မှာစဥ်းစာစရာတေွရှိနေတယ်..."
ငါလက်ဟန်နဲ့ပါထွက်သွားဖို့ပြလိုက်ပြီး၊ အသံကလည်းစိတ်ရှူပ်နေတဲ့ပုံဖြစ်နေတယ်
သူမထွက်သွားတာနဲ့ ချက်ချင်းဆိုသလိုဘဲသက်ပြင်းတစ်ချက်ရှိုက်ထုတ်မိပြန်တယ်...
ငါမသွားဘူးဆိုရင်ငါသေလိမ့်မယ်၊ သွားရင်လည်းသေမှာဘဲ...ဒီgameကဘယ်လောက်တောင်ကြောင်တောင်တောင်နိုင်လိုက်သလဲလို့...
ငါအနားယူရတဲ့ငြိမ်းချမ်းနေတဲ့နေ့ရက်လေးတေွ ကုန်ဆုံးတော့မှာဘဲ...
"ငါသူ့ကိုရေှာင်နိုင်သလောက်ရေှာင်နေသရေွ့ ငါအဆင်ပြေမှာပါ...ဟုတ်တယ်မလား..."
ငါဇာတ်ကြောင်းကိုပြန်ပြီးစဥ်းစားနေပေမဲ့ မှတ်မိတာတစ်ခုမှရှိမနေဘူး...
မင်းသားနဲ့နန်းတော်ဝင်္ကပါပန်းခြံမှာဆုံမယ်၊ စကားမည်မည်ရရမပြောရခင်မှာဘဲ အသတ်ခံရမယ်၊ ထပ်ကာထပ်ကာပေါ့...
ငါ5မိနစ်တစ်ခါ resetကိုပြန်နှိပ်နေရတယ်ဆိုတာ အပိုပြောတာမဟုတ်ဘူး...
"ငါနေမကောင်းလို့ ပွဲကိုမတက်နိုင်ပြောလိုက်တာအကောင်းဆုံး...အာ..."
ငါ့ရဲ့စိတ်ထဲမှာအရမ်းကောင်းတဲ့အကြံတစ်ခုရောက်လာခဲ့တယ်၊
"ငါသွားသေလိုက်ရမလား..."
ဒါကမကောင်းတဲ့အကြံတော့မဟုတ်ဘူး၊ ဘယ်သူသိမှာလဲငါဒီကမ္ဘာမှာသေဆုံးသွားမှ ငါ့ရဲ့အရင်ကမ္ဘာကိုပြန်သွားလို့ရမှာဆိုရင်ရော...
မျေှာ်လင့်စရာမရှိတဲ့ဇာတ်ကောင်တစ်ခုစီအတွက် gameဆုံးအောင်ဆော့ပြီးကြိုးစားမဲ့အစား ဒီလိုလုပ်လိုက်တာကပိုအဆင်ပြေတယ်လေ...
ပြီးတော့ဒီgameထဲမှာလည်း reset button
ရှိတယ်...
အသံလေးကတောင်ချစ်စရာလေး r.e.set.but.ton...
ဒီမှာတော့ ငါဆော့တုန်းကလိုph screen မှာ 'back' တို့တခြားလုပ်ဆောင်ချက်တေွတော့မမြင်ရဘူးပေါ့
ငါတေွ့တာဆိုလို့ လေးထောင့်ကွက်ထဲကရေွးချယ်စရယစာကြောင်းတေွဘဲ...ဒါပေမဲ့resetခလုပ်ကတော့ [ChoiceOn/Off] စနစ်ပွင့်ပြီးကတည်းကရှိနေပြီမဟုတ်လား...
'အရင်တုန်းကဘာလို့ဒီလိုမစဥ်းစားမိရတာလဲ...'
တကယ်လို့reset buttonသာရှိတယ်ဆိုအကောင်းဆုံးဘဲ ငါအားလံုးကိုမျက်နှာချင်းဆိုင်လို့ရပြီ၊
"မိုက်တယ်ဟ..."
ကဲ...အိမ်ရေှ့စံမင်းသားနဲ့တေွ့ပြီး... သေမယ်...
*****
ငါပုံမှန်ပိုစောထရပြီး ပြင်ဆင်မှုတချို့လုပ်ပြီးတဲ့နောက် သေတော့မလိုခံစားနေရတယ်
နို့နဲ့ရေရောထားပြီး အမေွှးနံ့တချို့ပါရှိနေတဲ့ ရေချိုးဇလုံထဲမှာရေချိုးလိုက်ပြီး နည်းနည်းလောက်အနှိပ်ခံလိုက်ရတယ်၊ ပြီးတော့ မျက်နှာကစပြီးခန္ဓာကိုယ်တစ်ခုလုံး ပေါင်းတင်တယ်၊ အဲ့လိုပျင်းစရာကောင်းတာတေွကိုအချိန်တော်တော်ကြာထပ်ခါထပ်ခါလုပ်နေရတယ်၊
ရေချိုးခန်းကထွက်ပြီး make upခုံမှာထိုင်လိုက်တဲ့အချိန်မှာတော့ ငါ့ရဲ့တစ်ဝက်လောက်ကသေလုမျောပါးဖြစ်နေတော့တယ်၊
အဲ့ဒါနဲ့လည်းပြီးမသွားပြန်ဘူး...
"Lady.ဒီဝတ်စုံလေးဘယ်လိုနေလဲ.... ဒါလေးကနောက်ဆံုးတစ်ခေါက်ဝယ်ပြီးတည်းကမဝတ်ရသေးဘူး လုံးဝအသစ်ကြီး..."
"ဒီနားဆွဲလေးဆိုရင်ရာ...ဒါလေးကဝတ်စုံနဲ့လိုက်လောက်မယ်..."
"ဆံပင်ကိုတစ်ဝက်စည်းပြီး တစ်ဝက်ချထားတာက အကုန်လုံးစည်းလိုက်တယထက်ပုိကောင်းမယ်ထင််တယ်နော်...Ladyရောဘယ်လိုသဘောရလဲ..."
"make upကိုရောဘယ်လိုပုံစံလေးလိုချင်လဲ..."
သူတို့တေွမေးပြီးရင်းမေးနေတော့တယ်၊
'သူတို့Penelopeကို တကယ်ကြီးမုန်းနေတာမဟုတ်ဘူးလား...'
သူတို့ကြည့်ရတာငါ့ထက်ပိုစိတ်လှုပ်ရှားနေသလိုဘဲ...
ငါ့ရဲ့ခေါင်းကိုမော့လိုက်ပြီး မှန်ထဲမှာကြည့်လိုက်တယ်...
ကြည့်ရတာတမနက်လုံးskincareတာအောငဩမြင်တဲ့ပုံဘဲ ငါ့မျက်နှာကြည့်ရတာ ပုံမှန်ပိုပြီးဝင်းဝင်းလေးဖြစ်နေတယ်...
'ကောင်းပြီ...မျက်နှာကိုဒီလိုပြင်ဆင်ရတာလဲကောင်းသားဘဲ...'
ခေါင်းကိုငြိမ့်လိုက်ပြီး သူတို့ဘာလို့ဒီလိုဖြစ်နေရတာကိုနားလည်သွားတယ် ပြီးတော့ပြောလိုက်တယ်၊
"အဲ့ဝတ်စုံကိုပြန်ယူသွား...ပြီးတော့ငါ့ရဲ့လည်ပင်းတစ်ခုလုံးကိုဖုံးနိုင်မဲ့တစ်စုံယူလာခဲ့...လက်ဝတ်လက်စားကိုလည်းနည်းနည်းဘဲဝတ်သင့်တယ်၊ တခြားဟာတေွကိုလည်းပေါ့ပေါ့ပါးပါးဘဲလုပ်ပေး..."
"ဟမ်......"
အစေခံတေွကငါ့ရဲ့စကားကိုကြားတာနဲ့အံ့သြကုန်ကြတယ်......
"Lady...ဒါပေမဲ့...ဒါက တော်ဝင်နန်းတော်ကလုပ်တဲ့ ပွဲလေ..."
အဲ့စကားကိ'တခြားသူတေွထက်ပိုလှအောင်ဝတ်သွားသင့်တာမဟုတ်ဘူးလား'လို့မေးချင်နေတဲ့ပုံဘဲ
အစေခံယူလာတဲ့ အနီဖျော့ဖျော့နဲ့ပန်းနုရောက်သမ်းနေတဲ့ ဝတ်စုံငါ့ရဲ့ လည်တိုင်ကိုပေါ်လွင်စေပြီးတော့ သေချာပေါက်Penelopeရဲ့ ကြက်သေွးရောင်ဆံနွယ်တေွနဲ့လိုက်ဖတ်မှာဘဲ...
ပြီးတော့လက်ဝတ်လက်စားတေွကဝတ်စုံနဲ့ လိုက်ဖတ်နေပြီးPenelopeရဲ့အလှကို တခမ်းတနားဖြစ်စေလိမ့်မယ်...
ဒါပေမဲ့ငါနန်းတော်ကိုသွားတာက ဒေါင်းတေွလိုအလှပြဖိုသွားတာမှမဟုတ်တာ...အတိကျကြီးမဟုတ်ပေမဲ့ငါကအဲ့မှာသွားသေမှာလေ .....
ဒါကြောင့်အရင်လိုPenelope လိုမျိုး ဘာဘာညာညာတေွလိုမှမလိုတာ
"မင်းတို့အရမ်းကြိုးစားနေစရာမလိုဘူး ငါပြောတဲ့အတိုင်းဘဲလုပ်စမ်းပါ..."
အစေခံတေွက လက်ခံဖို့ခက်ခဲနေပေမဲ့ငါ့ရဲ့အေးတိအေးစက်အသံကိုကြားတဲ့အချိန်မှာတော့.စိတ်မကောင်းတဲ့မျက်နှာတေွနဲ့ အဝတ်ဗီဒိုဆီလျှောက်သွားတော့တယ်...
အစေခံတေွကဝတ်စုံ3စုံယူလာပြီး ပြင်ဆင်ထားတာတေွက အရင်တစ်စုံလိုမဟုတ်ဘဲငြိမ်ငြိမ်သက်သက်နဲ့ဘဲဖြစ်တယ်
"ဒီတစ်စုံ..."
အစိမ်းရင့်ရောင် ညနေခင်းဝတ်စုံတစ်စုံကိုရေွးလိုက်တယ်... အဲ့တာကငါ့ရဲ့ညှပ်ရိုးတေွကိုဖုံးထားနိုင်ပြီး အစိမ်းရင့်ရောင်ဖြစ်တာမလို့ အရမ်းကြီးထင်းထွက်မနေဘူး...
ဝတ်စုံကိုဝတ်လိုက်ပြီးmake up ကိုလည်း ပုံမှန်ထက်ပေါ့ပေါ့ပါးပါးဘဲ ပြင်ဖို့ပြောလိုက်တယ်၊
Penelopeရဲ့မျက်လုံးတေွနဲ့ဆင်တူတဲ့ မြစိမ်းရောင်နားကပ်အသေးတစ်ခုကိုပါဝတ်လိုက်တယ်၊ ဒါပါပဲ
ပြီးသွားတဲ့အခါမှာတော့ မှန်ထဲကိုကြည့်လိုက်တော့မှ ပါတီပွဲတက်မဲ့အစား churchကိုသွားပြီး ဆုတောင်းမှုပြုမဲ့ မိန်းခလေး လိုမျိုး တည်ငြိမ်ပီးရှင်းသန့်နေတာကိုတေွ့ရတယ်
'
ဒါကတစ်ခါမှမမြင်ဖူးတဲ့ပုံစံမျိုးဘဲ'
ငါ့ရဲ့မျက်မှာကစိတ်ကျေနပ်မှုတေွနဲ့ပြည့်နေပြီး မျက်နှာကတောက်ပနေပေမဲ့ အစေခံတေွရဲ့မျက်နှာကတော့ မေှာင်မိုက်နေကြတယ်....
"Emilyနေခဲ့...ကျန်တဲ့သူတေွသွားလို့ရပြီ..."
ငါတို့ကိုထွက်သွားဖို့အမိန့်ပေးလိုက်ပြီး ငါ့ရဲ့ကိုယ်ပိုင်အစေခံဆီကို တစ်ခုမေးလိုက်တယ်၊
"Emily...ဒီဝတ်စုံနဲ့အရောင်တူတဲ့ လက်အိတ်တစ်စုံလောက်ပြင်ပေးလို့ရမလား..."
"Lady...လက်အိတ်ဝတ်မလို့လား..."
ငါဝတ်လိုက်ရင် ပြည့်စုံတာထက်တောင်ပုိသွားဦးမယ်...
Emilyကငနာမငြိမ်ဖြစ်နေပြီး ငါ့ကိုမဝတ်ဖို့တားချင်နေတယ်...
"ဒါဆို ဘာလဲ...ငါဒါတေွကိုလူမြင်ခံလို့မဖြစ်ဘူးလေ..."
ငါပြောရင်းနဲ့ လက်မှာရှိတဲ့ အပ်ရာတေွကိုပြလိုက်တယ်...အပ်ရာတေွကမှိန်နေပြီး ခုမြင်ရဖို့မလွယ်ဘူးဆိုပေမဲ့...တချို့မျိုးရိုးမြင့်တေွရဲ့ စပ်စုတတ်တဲ့မျက်လုံးတေွကတော့သတိထားမိမှာဘဲ
သူမကိုပြလိုက်တာနဲ့Emilyရဲ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားတော့တယ်...
"မြန်မြန်သွားယူခဲ့......."
"ဟုတ်.... ဟုတ်ကဲ့..."
ကျစ် နဲစုတ်သတ်လိုက်ရင်း သူမအလန့်တကြားပြေးထွက်သွားတာကိုကြည့်နေလိုက်တယ်...
သူမကိုဒီရက်ပိုင်းနည်းနည်းလောက်ကောင်းကောင်းဆက်ဆံလိုက်တာနဲ့ သူမကချီတုံချတုံနဲ့ ဖြစ်နေတော့တာဘဲ...
ခဏကြာတော့ ငါ့ရဲ့လက်အိတ်တေွကိုဝတ်လိုက်ပြီး ပြင်ဆင်မှုကိုအဆုံးသတ်လိုက်တယ်...
****
Derrick ကငါ့ကိုခြေဆုံးခေါင်းဆုံး သေချာကြည့်နေပြီး မြင်ရခဲတဲ့သူ့ရဲ့မျက်နှာကထူးဆန်းသလိုဖြစ်နေတယ်၊
အဲ့ဒါက အရင်ရက်တေွက အေးဆေးနေခဲ့ရတဲ့အချိန်တေွကပြီးသွားပြီလို့ပြောနေတဲ့အတိုင်းဘဲ၊
ဒီနေ့ကငါတို့နှစ်ယောက်လုံးပထမဆုံးတေွ့ရတဲ့ရက်ဖြစ်ပေမဲ့ Penelope အပေါ်သူ့ရဲ့သဘောထားကတော့အရင်လိုအေးစက်နေတုန်းဘဲ၊
ဒါပေမဲ့လည်း သူ့ရဲ့ခေါင်းပေါ်ကတလက်လက်တောက်ပနေတဲ့အရာကြောင့် သူ့ရဲ့အေးစက်မှုကိုအာရုံမစိုက်နိုင်ခဲ့ဘူး၊
[Interest.5%]
'ဘာလား၊ ဘာတေွဖြစ်ကုန်တာလဲဟ......'
သူ့ရဲ့စိတ်ဝင်းစားမှုကိုငါတောင်မသိဘဲ တိုးသွားတာလား......ပြီးတော့5%တောင်လေ!!!
ငါနည်းနည်းကြောင်တောင်တောင်ဖြစ်သွားတယ်၊ တကယ်လို့သူ့ရဲ့စိတ်ဝင်စားမှုကတိုးလာတယ်ဆိုရင်တောင် ငါနဲ့မတေွ့တဲ့အချိန်ကြီးမှာလေ၊
သူPenelopeကိုဒီလောက်မုန်းနေတဲ့ဟာကို...
'အစောကတည်းကဒီလိုမှန်းသာသိခဲ့ရင်သူ့ကိုနေမကောင်းလို့မလိုက်နိုင်ကြောင်းပြောလိုက်ရမှာ....
ငါ့ရဲ့ဆုံးဖြတ်ချက်ကိုတောင်နောင်တရလာသလိုဘဲ၊
ဒါပေမဲ့အရမ်းနာက်ကျသွားပြီ၊
Eckartအိမ်တော်တံဆိပ်နဲ့ အလှရထားလုံးက အိမ်တော်ရဲ့တံခါးမကြီးရေှ့ရောက်နှင့်နေပြီ၊
ငါနှုတ်ဆတ်တဲ့အနေနဲ့ခန္ဓာကိုယ်ကိုကေွးညွှတ်လိုက်ပြီး အနားမှာရှိတဲ့အစောင့်ကိုလက်ကမ်းပေးလိုက်တယ်၊ ဘာလို့ဆို ရထားလုံးကငါထင်ထားထက်တောင်မြင့်နေတယ်လေ၊
ရထားလုံးပေါ်တက်ဖို့ ဂါဝန်ကိိုမနေရတာနဲ့တင်အလုပ်များနေတာမလို့ Derrickတစ်ယောက်ဘာလုပ်နေလဲဆိုတာကိုသတိမထားမိခဲ့ဘူး၊
ရထားလုံးပေါ်ကိုအောင်အောင်မြင်မြင်တက်နိုင်ပြီဆိုမှ Derrickဘက်ကိုလှည့်ကြည့်လိုက်တယ်၊
သူကသူ့ရဲ့လက်ကိုဆန့်ထုတ်ထားပြီး မျက်နှာသေကြီးနဲ့ငါ့ကိုကြည့်နေလေရဲ့၊
'သူကဘာဖြစ်ရပြန်တာလဲ...'
ငါ့ရဲ့ခါင်းထဲမှာသူဘာလုပ်နေတာလဲဆိုပြီးမရေမရာတဲ့ခေါင်းစဥ်တေွ ဖြစ်လာပြန်တယ်၊ ဒါပေမဲ့ငါတို့ခုကတည်းကမြန်မြန်သွားသင့်နေပြီလေ၊ ဒါမှပွဲကိုအချိန်မှီရောက်မဲ့ဟာကို...
သူကငါနဲ့ရထားလုံးတူတူစီးစရာအကြောင်းမှမရှိတာ၊ ငါရှိနေလို့လေ၊ အာ့ကြောင့်ငါလည်းရထားလုံးတံခါးပိတ်မဲ့အချိန်ကိုစောင့်နေလိုက်တယ်၊
အဲ့အချိန်မှာဘဲ.Derrick ရဲ့ ခန္ဓာကိုယ်တောင့်တောင့်ကြီးက ရထားလုံးထဲကိုရောက်လာတော့တယ်၊
'ဘာ...ဘာတေွဘယ်လို...သူကဘာလို့ဒီကိုရောက်လာရပြန်တာလဲ...'
ငါ့ရဲ့မှတ်ဉာဏ်တေွထဲကနေ ငါဘာအမှားများလုပ်မိလဲဆိုပြီး ပြန်ရှာနေမိတယ်၊ ဒါပေမဲ့လည်းဘာမှထွက်မလာဘူး၊ ဒါကအသိသာကြီးငါတို့ကဒီနေ့မှတေွ့ပြီး နှုတ်ဆတ်ရုံလောက်ဘဲလုပ်ရသေးတာလေ၊
ငါစဥ်းစားနေတုန်းမှာဘဲDerrickက ငါ့ရဲ့မျက်နှာချင်းဆိုင်ခုံမှာ ထိုင်လိုက်တယ်...
"ရှင်...ရှင်ကကျမနဲ့တူတူစီးမှာလား..."
ငါ့ရဲ့မေးခွန်းကြောင့်သူ့ရဲ့မျက်ခုံးတေွ မြင့်တက်သွားတယ်၊
"မင်းမှာပြသနာရှိလို့လား..."
"မဟုတ်၊ အဲ့လိုမဟုတ်ပါဘူး..."
'ဘာဖြစ်နေတာလဲဟာ နင်တစ်ခါမှအဲ့လိုမလုပ်ဖူးဘူးလေ...'
ငါ့ရဲ့ခေါင်းကိုခါယမ်းလိုက်ပြီး၊ အဲ့စကားကိုအကျယ်ကြီးထုတ်မပြောမိအောင်တားလိုက်ရတယ်၊
ဒါပေမဲ့အဲ့လိုပြောလိုက်တာတောင်သူ့ရဲ့မျက်နှာကပြောင်းမသွားခဲ့ဘူး၊
"မင်းအဆင်မပြေဘူးဆိုရင်၊ တခြားရထားလုံးကိုပြောင်းစီးလို့ရတယ်..."
သူ့ရဲ့အေးစက်စက်အသံနဲ့ပြောလိုက်တယ်၊
ငါရထားလုံးရဲ့ပြတင်းဘက်ကို ဖျတ်ခနဲကြည့်လိုက်ပြီး သူပြောတဲ့အတိုင်းလုပ်ဖို့စဥ်းစားမိတယ်၊ ဒါပေမဲ့လည်း တံခါးကသူဝင်လာကတည်းက တစ်ခါတည်းပိတ်ပြီးသားဖြစ်နေပြီလေ ငါကခုမှပြန်ဖွင့်ပြီးဆင်းသွားမယ်ဆို ကြောင်တောင်တော်ကြီးဖြစ်နေမှာပေါ့
"ကျမမကြိုက်တာမဟုတ်ပါဘူး..."
Derrick ကတစ်ချက်ပြန်ကြည့်လိုက်ပြီး စိတ်ထဲကမပါတဲ့စကားကိုပြောလိုက်တယ်၊
"ကျမသဘောကျပါတယ်..."
ပြီးတော့ Derrickဘယ်လိုဖြစ်သွားမလဲဆိုပြီး ဖျတ်ခနဲကြည့်လိုက်တယ်၊
သူကခဏလောက်စိုက်ကြည့်နေပြီးမှ သူ့ရဲ့ခေါင်းကိုတစ်ဖက်ကိုလွှဲလိုက်တယ်၊
'ပြောချင်တာကဟာ နင်အဲ့လောက်တောင်မကြိုက်ဘူးဆိုရင်လည်း ဘာလို့များနှစ်ယောက်စလုံးနေရခက်တဲ့ ဒီလိုအချိုးမပြေတဲ့အခြေနေကြီးကိုလုပ်ရတာလဲ...'
ဒါကPenelopeကိုညှင်းဆဲဖို့နည်းအသစ်များလား၊
ဒီလိုအေးစက်စက်အခြေနေကြီးထဲမှာ.အနည်းငယ်မှင်သက်နေမိတယ်၊ ဒါပေမဲ့သိပ်မကြာတဲ့အချိန်တွင်းမှာဘဲ သူ့ရဲ့ခေါင်းပေါ်ကတစ်ခုခုပြောင်းလဲသွားတော့တယ်၊
[Interest.6%]
အဲ့ဒါကထပ်တိုးသွားတာလား...!!!
ရထားလုံးစရေွ့နေတာတောင် သူ့ရဲ့မျက်လုံးတေွကအဲ့ကိုဘဲစိုက်ကြည့်နေမိတယ်၊
'ဟုတ်တယ်၊ ရထားလုံးထဲမှာ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...'
6%တောင်ငါရနေပြီ...
ဒီရထားလုံးထဲမှာရှိနေတဲ့အချိန်တိုလေးတွင်းမှာ 6%ဖြစ်သွားလောက်အောင် ဘာကိစ္စများရှိခဲ့လိုလဲ...
သူမရေှာင်နိုင်မဲ့ စိတ်ဝင်စားလောက်မဲ့စကားတေွကိုမှတ်ထားတာက ကောင်းတဲ့အရာတေွဖြစ်လာလိမ့်မယ်လို့ ယူဆမိတယ်၊
ဒါပေမဲ့လည်းရထားလုံးထွက်ပြီးသိပ်မကြာခင်မှာဘဲ Derrickနဲ့တူတူစီးမိတာကိုနောင်တရနေမိပြီ
...
အရမ်းမွန်းကျပ်လွန်းတယ်! ကယ်ကြပါဦး!!
* ******
အတော်လေးကြာပြီးတဲ့နောက်မှာတော့ ငါတို့နန်းတော်ကိုရောက်လာခဲ့တယ်၊
ဒီအချိန်ကငါ့ရေှ့မှာခြေချိတ်ပြီးထိုင်နေတဲ့ အေးစက်စက်ကုိယ်တော်ချောလေးကိုသာ ထိုင်ကြည့်ဖို့ဘဲရှိတော့တယ်
ငြိမ်သက်နေတဲ့ရထားလုံးအတွင်းက တိတ်ဆိတ်နေတဲ့အခြေနေက ငါ့ကိုယ်ငါနိုးနိုးကြားကြားရှိစေတယ် အသက်ရှူနေတယ်ဆိုရင်တောင်မှပေါ့၊
တံခါးကိုဆွဲဖွင့်ဖို့ဆုံးဖြတ်လိုက်တယ် ဒါပေမဲ့ငါဘာမှတောင်မလုပ်လိုက်ရဘဲ လှုပ်ရှားလိုက်တာနဲ့ Derrickကငါ့ကိုစိုက်ကြည့်လာတာကြောင့် ဘာဆိုဘာမှမလုပ်နိုင်ပြန်ဘူး၊
ငါတွန့်ဆုတ်နေတဲ့အချိန်အတွင်းမှာဘဲသူ့ရဲ့မျက်လုံးတေွကရုတ်တရက်ပွင့်လာပြီး စူးစူးဝါးဝါးကြည့်နေပြန်တယ်၊
'အာ...ဘာလို့အဲ့လိုကြည့်နေရပြန်တာလဲ...'
ငါချေွးပြန်နေပြီး Interest 6%ကိုဖျတ်ခနဲကြည့်မိလိုက်တယ်၊ရထားလုံးကနန်းတော်ရေှ့မှာရပ်လိုက်တဲ့အခါငါ့စိတ်ထဲကနေအော်မိသွားတော့တယ်၊
နောက်ဆုံးတော့ဒီစိတ်ရှုပ်စရာရထားလုံးထဲကနေလွတ်မြောက်တော့မယ်၊
'ငါမြန်မြန်အပြင်ထွက်ပြီး၊ လေကောင်းလေသန့်ရှူမှဖြစ်မယ်...'
ကလစ်ခ်~~
ရထားလုံးရပ်တာနဲ့ Derrickကရုတ်တရက်ထရပ်လိုက်တယ်၊ ဒါပေမဲ့ငါဘာမှမလုပ်ဘူးနော်...
သူကတံခါးကိုဖွင့်လိုက်ပြီး၊ ငါမဆင်းရသေးခင် အရင်ထွက်သွားတော့တယ်၊
ပြီးတော့.......
"......ကိုင်လိုက်......"
CHAPTER.12
End
🤭