Unicode
နွေလယ်နေ့တစ်နေ့၏ မွန်းတည့်ချိန်၌ လမ်းမများထက်တွင် မည်သူမျှမရှိသလောက်ပင်။
လမ်းထောင့်တွင်ဖွင့်ထားသည့် milk teaဆိုင်တစ်ဆိုင်၌ အမျိုးသမီးဝန်ထမ်းတစ်ဦးက ဆိုင်ရှေ့ပြတင်းနားက ကောင်တာတွင်ထိုင်ကာ အိပ်ငိုက်နေ၏။
"ပုလဲမစ်တီးတစ်ခွက်၊ ကျေးဇူး"
"အာ!" ထိုစကားများကို ကြားသည့်အခါ အိပ်ငိုက်နေသည့် အမျိုးသမီးက ခေါင်းကိုအမြန်မော့လိုက်ပြီး အကျင့်ပါနေသည့်အတိုင်း ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ဘာများ....."
သူမ၏ ပြောလက်စစကားများ ရပ်တန့်ကုန်၏။
နေက မီးကျွမ်းနေသကဲ့သို့ ပူလောင်လျက်ရှိပြီး လေကလည်း နည်းနည်းလေးတောင် တိုက်မနေခဲ့။ မြေပြင်က အပူရှိန်ကြောင့်ပင် တရှဲရှဲမြည်နေသယောင် ထင်ရစေသည်။
လူငယ်လေးက နေပူပူထဲတွင် မည်သည့်အမိုးအကာမျှမပါဘဲ ရပ်နေခဲ့သည်၊ နွေနေ၏အပူရှိန်ကို လုံးဝမခံစားမိသလိုပင်။ သူက မျက်လုံးကိုအနည်းငယ်စောင်းကာ ပြတင်းပေါက်မှတဆင့် လှမ်းကြည့်လိုက်သည်။
သူ့အသားအရေက အလွန်ဖြူဖျော့နေပြီး ပိန်ပါးပါးကိုယ်ထည်ကို ပိုင်ဆိုင်ထား၏။ သူ့မျက်လုံးများနှင့် ဆံပင်အရောင်က အရောင်ဖျော့သည့်ဘက်ကိုသွားပြီး နေရောင်အောက်တွင် ပယင်းရောင်ထနေသည်။ သူ၏ အလွန်အမင်းဖြူဖွေးနေသည့် အသားအရေက နေရောင်နှင့်ထိတွေ့ဖူးသည့် အရိပ်အယောင်မရှိသည့်အပြင် သူ့နဖူးနှင့်နှာခေါင်းထိပ်တွင်လည်း ချွေးတစ်စက်မှရှိမနေချေ။
တစ်ဖက်လူဘက်မှ မည်သည့်စကားမှ ပြန်မပြောသည်ကို မြင်သည့်အခါ ယဲ့ကျား ယဉ်ယဉ်ကျေးကျေးပင် ချောင်းဟန့်လိုက်သည်။
"ဒီမှာခင်ဗျ?"
အမျိုးသမီးဝန်ထမ်းက မြန်မြန်ဆန်ဆန်ပင် သတိပြန်ဝင်လာပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"အို..အိုး! ကျွန်မလုပ်ပေးပါ့မယ်!"
သူမကနောက်လှည့်ကာ တစ်ဖက်မှာရှိသည့် စက္ကူခွက်လေးကို လှမ်းယူပြီး မေးလိုက်သည်။
"ပုံမှန်အပူပဲလား၊ အအေးလား?"
"အပူပဲပေးပါ"
ယဲ့ကျား ပိုက်ဆံနှစ်ရွက်ကိုထုတ်ကာ ကောင်တာပေါ်တင်ပေးလိုက်သည်။
__ဒီလောက်ပူနေတဲ့အချိန်မှာ မစ်တီအပူသောက်တယ်လား?
ပြီးတော့ ဒီလိုခေတ်ကြီးမှာ ဖုန်းနဲ့ပိုက်ဆံမရှင်းတဲ့ လူငယ်တွေ ရှိနေသေးတယ်ပေါ့?
အမျိုးသမီးဝန်ထမ်းက စိတ်ထဲတွင်တီးတိုးရေရွတ်နေရင်းက တစ်ဖက်လှည့်ကာ စတင်ဖျော်တော့သည်။
ငါးမိနစ်ကြာပြီးနောက်__
ယဲ့ကျား မစ်တီးအပူခွက်လေးကိုကိုင်ကာ အနီးနားတွင်ရှိသည့် အထပ်မြင့်အဆောက်အဦးဆီသို့ အလျင်မလိုသည့်ပုံဖြင့် လျှောက်လှမ်းသွားလိုက်သည်။
အဆောက်အဦး၏အရိပ်အောက်တွင် လူနှစ်ယောက် မတ်တပ်ရပ်နေကြသည်။ သူတို့ခေါင်းများက အောက်ကိုငိုက်စိုက်ကျနေကာ တစ်စုံတစ်ရာ ဆွေးနွေးနေကြပုံပေါ်သည်။
ကျောက်တုန်း ခေါင်းကိုမော့ကာ တစ်ဖက်တွင်ရပ်နေသည့် ယဲ့ကျားကိုကြည့်လိုက်သည်။ သူ့အကြည့်များက ယဲ့ကျားလက်ထဲရှိ မစ်တီးခွက်ဆီရောက်သွားပြီးနောက် ရယ်ကာမောကာဖြင့် စနောက်လိုက်သည်။
"ဒီဘာမဟုတ်တဲ့ ချိုချိုရဲရဲတွေကို မငြီးငွေ့သေးဘူးလား?"
"ခင်ဗျားနားမလည်ပါဘူး"
ယဲ့ကျား ပုခုံးကိုတွန့်ကာဖြင့် ပါးနပ်စွာပြန်ဖြေလိုက်သည်။
"ဒါကို မစ်တီးဆိုင်တစ်ဆိုင်ရဲ့ စီးပွားရေးပုံစံကို ကြိုတင်လေ့လာတာလို့ခေါ်တယ်"
သူတို့ဘေးတွင်ရပ်နေသည့် ချန်းစဲ့ကျီက ဒီစကားကိုကြားသည့်အခါ သူ့ခေါင်းကိုမော့ပြီး သူတို့နှစ်ယောက်ကို ဗလာသက်သက်ကြည့်ကာ.....
"....ဘာ?"
ကျောက်တုန်းက ရယ်လိုက်ပြီး...
"မင်းတော့သိမှာမဟုတ်ဘူး၊ ဒီက ငါ့တို့ရဲ့ယဲ့သခင်လေးက သူအနားယူပြီးတဲ့အချိန်ကျရင် မစ်တီးဆိုင်ဖွင့်ဖို့ စိတ်ကူးနေတာလေ၊ သူ့ရဲ့အနာဂတ်အတွက်တောင် အစီအစဉ်ချပြီးနေပြီ"
ချန်းစဲ့ကျီ - "......."
နေပါဦး၊ သူ့ကြည့်ရတာ အများဆုံးမှ နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိဦးမယ့်ပုံပါ။
သူမအောင့်နိုင်တော့တာကြောင့် ထုတ်မေးလိုက်တော့သည်။
"ဒါပေမဲ့ အဲဒါက အနည်းဆုံး နှစ်လေးဆယ်လောက်ကြာပြီးမှမဟုတ်လား?"
ယဲ့ကျား အမူအရာတစ်ချက်မပြောင်းဘဲ ပြန်ဖြေလိုက်သည်။
"အစိုးရက လူပျင်းတွေကို ထောက်ပံ့မပေးဘူးလေ၊ ဝန်ထမ်းတွေကို ထုတ်ပယ်တဲ့အချိန်ရောက်ရင် ကျွန်တော်ပဲ အရင်ဆုံး အလုပ်ထုတ်ခံရမယ့်သူဖြစ်မှာ"
သူက မစ်တီးနောက်တစ်ငုံကို ဖြည်းဖြည်းချင်း စုပ်သောက်လိုက်ပြီး...
"ကျွန်တော့်အတွက်တော့ ဒါကို ကြိုတင်စီစဉ်တာလို့ ခေါ်တယ်"
ကျောက်တုန်း - "......."
ချန်းစဲ့ကျီ _ "........."
ဘာလို့ဒီလူက သူပဲသိပ်မှန်ကန်နေတဲ့ပုံနဲ့ အလုပ်ထုတ်ခံရဖို့ စောင့်ဆိုင်းနေတဲ့အကြောင်း ပြောနေရတာလဲ?
ယဲ့ကျား ခေါင်းစဉ်ပြန်ပြောင်းလိုက်သည်။
"တိုင်းတာမှုတွေ အခြေအနေ ဘယ်လိုရှိလဲ?"
"သိပ်မကောင်းဘူး"
ချန်းစဲ့ကျီက ခေါင်းငုံ့ကာ သူ့လက်ထဲတွင်ရှိသည့် ရှာဖွေစက်နှင့်တူသည့် အနက်ရောင်ကိရိယာလေးကို ကြည့်လိုက်သည်။ သူက မျက်မှောင်ကျုံ့လိုက်ပြီး.....
"ဒီမှာ အသုံးဝင်တဲ့အချက်အလက် မရှိသလောက်ပဲ"
ကျောက်တုန်း မျက်မှောင်ကျုံ့သွားသည်။
"လှိုင်းတွေကနိမ့်လွန်းတယ်၊ ငါတို့အထဲဝင်ရမယ့်ပုံပဲ"
ယဲ့ကျား၏အကြည့်များက အောက်ကိုနည်းနည်းနိမ့်ဆင်းသွားကာ ကိရိယာပေါ်က ဖတ်မိသည့်လှိုင်းများအပေါ် ခွဲခြမ်းစိတ်ဖြာနေသည့် သူ့ရှေ့ကလူနှစ်ယောက်ကို ကြည့်လိုက်ပြီး မစ်တီးနောက်တစ်ငုံကို စုပ်သောက်လိုက်သည်။
လတ်ဆတ်ကာ အီအီလေးဖြစ်နေသည့် နို့အရသာလေးနှင့် လန်းဆန်းစေသည့် လက်ဖက်နံ့လေးက လှပစွာ အတူတကွ ရောနှောပေါင်းစပ်နေသည်။ နည်းနည်းပူနေပေမဲ့ ပြဿနာကြီးတော့လည်း မဟုတ်ပေ။
သူပြောခဲ့သည့်အတိုင်းပင်၊ ယဲ့ကျား သဘာဝလွန်ဖြစ်ရပ် စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရိုတွင် အလုပ်လုပ်နေခဲ့သည်မှာ နှစ်နှစ်ရှိခဲ့ပြီဖြစ်၏။
သဘာဝလွန်ဖြစ်ရပ် စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရိုက သူ၏နာမည်အတိုင်းပင် သဘာဝလွန်ဖြစ်ရပ်များကို အဓိကထား စုံစမ်းစစ်ဆေးရသည့် အစိုးရလက်အောက်ခံ လျှို့ဝှက်ဌာနတစ်ခုဖြစ်သည်။
ဒီဌာနက များသောအားဖြင့် ရံဖန်ရံခါထူးဆန်းသည့်အသံများနှင့် ပုံသဏ္ဍာန်များကို ပြုလုပ်တတ်သည့် လေ့လွင့်ဝိဉာဉ်များကို ကိုင်တွယ်ဖြေရှင်းရသည်။ စွမ်းအားပြည့်တစ္ဆေများနှင့် မကောင်းဆိုးဝါးဝိဉာဉ်များက တစ်ခါတရံမှသာ ပေါ်လာတတ်ပြီး သူတို့နှင့် ပက်ပင်းတိုးနိုင်သည့် အခွင့်အရေးမှာလည်း ထီပေါက်နိုင်သည့် အခွင့်အရေးနှင့်ပင် နှိုင်းယှဉ်၍ရသည်။
ဗျူရို၏တာဝန်က ဒီလိုသဘာဝလွန်ဖြစ်ရပ်များကို ပြည်သူလူထုမသိခင်ဖြေရှင်းပြီး သူတို့ နေ့စဉ်သွားလာနေသည့်နေရာတွင် ဤကဲ့သို့သော အမှောင်ကမ္ဘာကြီး တည်ရှိနေသည့်အကြောင်း သာမန်လူသားများ ရှာတွေ့သွားခြင်းမှ ကာကွယ်ဖို့ရန်အတွက် သိပ္ပံနည်းကျကျ ပြန်ရှင်းပြပေးဖို့ပင်ဖြစ်သည်။ ကောင်းကောင်းဖုံးဖိထားခြင်းက အရပ်သားများကို ကာကွယ်ဖို့အတွက်ဆိုပေမဲ့ ယဲ့ကျားကတော့ ထိုအရာနှင့်ပတ်သက်ပြီး သံသယများရှိသည်။
အရည်အချင်းရှိသည့်သူများ ရှိနေသော်လည်း အခြေခံအားဖြင့်ပြောရလျှင် ထိုလူများအားလုံးမှာ ဌာနချုပ်တွင်သာ အလုပ်လုပ်ကိုင်ကြ၏။
ယဲ့ကျားလုပ်နေသည့် ထောက်ပံ့ပို့ဆောင်ရေးဌာနတွင်တော့ စာရွက်စာတမ်းကိစ္စများအပါအဝင် အမျိုးမျိုးသောတာဝန်ရပ်များကို လုပ်ဆောင်ရန် သာမာန်လူများဖြင့်သာ ပြည့်နှက်နေသည်။ တခါတလေ အပြင်ကိုထွက်ကာ တစ်ခါနှစ်ခါမျှ ကွင်းဆင်းဂျူတီကျတတ်သော်လည်း အခင်းဖြစ်သည့်နေရာကို သန့်ရှင်းရေးလုပ်ရတာမျိုး၊ ဒေတာများစုဆောင်းရသည့် တာဝန်မျိုးသာ လုပ်ကိုင်ရတတ်သည်။
___အတိုချုံးပြောရလျှင်တော့ သူတို့အားလုံးက ကျွန်အဖွဲ့သားများပင်ဖြစ်၏။
"ဒီလောက်ပူတဲ့နေ့မှာ ကွင်းဆင်းတာဝန်ကျတာ ငါတို့အတော်ကံမကောင်းတာပဲ"
ကျောက်တုန်းက သူ့နဖူးကချွေးများကို သုတ်လိုက်ကာ အားမရှိသည့်အသံဖြင့်....
"အထဲမှာတော့ လေအေးပေးစက်ရှိဖို့ မျှော်လင့်တယ်"
သူက ဘေးတွင်ရပ်နေသည့် ယဲ့ကျားဘက်သို့လှည့်ကြည့်ကာ မနာလိုစွာဖြင့် သက်ပြင်းချလိုက်သည်။
"ငါသာမင်းလို အပူမကြောက်တတ်ရင်...."
ယဲ့ကျား ထိုသူ့ကို အဖတ်လုပ်ပြီး ပြန်ဖြေမနေတော့။
သူနောက်တစ်ကြိမ် သမ်းဝေလိုက်ပြီး မစ်တီးကိုအကုန်သောက်လိုက်ကာ ခွက်ကိုအနီးနားတွင်ရှိသည့် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။
"သွားပြီး အပြီးသတ်လိုက်ရအောင်"
စက္ကူခွက်က ဘာမှမရှိသည့် အမှိုက်ပုံးအောက်ခြေကိုထိပြီး အသံမြည်သွားသည်။
နေရောင်အောက်က မီးကျွမ်းသလိုပူလောင်နေသည့် လေနှင့်အတူ အထပ်မြင့်အဆောက်အဦးဘေးရှိ လျှပ်စစ်ပစ္စည်းဆိုင်တွင်ဖွင့်ထားသည့် TVမှသတင်းအကြောင်းအရာများကို မသဲမကွဲ ပြတ်တောင်းပြတ်တောင်း ကြားနေရသည်။ သေချာဂရုတစိုက် နားမထောင်ဘူးဆိုလျှင် သတင်းကြေညာသူ ဘာပြောနေသည်ကို လုံးဝမသိနိုင်လုနီးပါးပင်။
".....မကြာသေးခင်အချိန်က ....မြို့ထဲမှာ ဆန်းကြယ်တဲ့ လူပျောက်ဆုံးမှုတွေ ဖြစ်ပွားခဲ့.... ရဲတွေဘက်ကလည်း အတတ်နိုင်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြ........."
ပစ္စည်းကိရိယာများထည့်ထားသည့် သေတ္တာတစ်လုံးကိုသယ်ကာ သူတို့သုံးယောက် အဆောက်အဦးတွင်းသို့ ဝင်လိုက်ကြသည်။
အဆောက်အဦးအတွင်းပိုင်းက မှောင်မဲအုံ့မှိုင်းနေသည်။
အပြင်ဘက်ရှိ မီးရောင်လိုတလက်လက်ထနေသည့် အလင်းရောင်နှင့်ယှဉ်လျှင် အဆောက်အဦးအတွင်းပိုင်းက အများကြီးပိုမှောင်မဲနေသည်။ သို့ပေမဲ့ ပူလောင်အိုက်စပ်နေမှုကြီးကတော့ အတွင်းရောအပြင်ရော အတူတူပင်။
အဆောက်အဦးဟောင်းကြီးတစ်ခု၏ လက္ခဏာရပ်များအရ လေထုကြီးက စိုထိုင်းထိုင်း အောက်သိုးသိုးအနံ့များဖြင့် ပြည့်နှက်နေသည်။ သူတို့မှာ အသက်ကိုတောင် ခက်ခက်ခဲခဲ ရှူနေရသည်။
ကျောက်တုန်း သူ့မျက်နှာကို ပွတ်သုတ်လိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ကျိန်ဆဲတော့သည်။
လေအေးပေးစက်လည်း မရှိဘူး။
ချန်းစဲ့ကျီက သူ့လက်ထဲတွင်ရှိသည့် ရှာဖွေစက်ပေါ်တွင်သာ အာရုံစိုက်ထားသည်၊ __ထိုပစ္စည်းက ဗျူရိုကထောက်ပံ့ပေးထားသည့် ပစ္စည်းဖြစ်ပြီး သဘာဝလွန်စွမ်းအားများကို ရှာဖွေစုဆောင်းသည့်နေရာတွင် သုံးသည်။ သို့ပေမဲ့ အခုအချိန်မှာတော့ မျက်နှာပြင်ပေါ်တွင်ပြနေသည့် လှိုင်းတိုလေးက လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည်။ သူတို့အပြင်ဘက်မှာ စမ်းခဲ့တုန်းကလိုပင် နည်းနည်းမျှ ပြောင်းလဲမှုမရှိချေ။
သူခေါင်းကိုခါရမ်းကာ ရှာနေတာကို လက်လျှော့လိုက်သည်။
"သွားရအောင်၊ အပေါ်ထပ်ကို"
ဒီနေရာက ဓာတ်လှေကားက သိသိသာသာကို အိုးဟောင်းလွန်းနေသည်။ သံချေးရာများနှင့် အစွန်းအထင်းများက ဓာတ်လှေကားထဲကနံရံများပေါ်တွင် အပြည့်ဖြစ်နေသည့်အပြင် ကြော်ညာစာရွက်သေးသေးလေးများကိုလည်း အထပ်ထပ် ကပ်ထားသေးသည်။ ဓာတ်လှေကားက လှုပ်ခါသွားပြီးနောက် ဖြည်းဖြည်းချင်း မြင့်တက်သွားသည်။ ဓာတ်လှေကားကိုဆွဲထားသည့် စတီးကြိုးဆီမှလည်း ကြောက်စရာကောင်းလောက်အောင် ကျယ်လောင်သည့် တကျွီကျွီမြည်သံများ ထွက်ပေါ်နေသည်။ အချိန်မရွေး ပြုတ်ထွက်သွားတော့မလိုပင်။
အလွှာနံပါတ်များ တစ်ခုပြီးတစ်ခု မြင့်တက်လာနေသည်ကိုကြည့်ပြီး ယဲ့ကျား မေးလိုက်သည်။
"ဒီတစ်ခေါက် ဘယ်ဆိုက်ထဲကို သွားရမှာလဲ?"
ချန်းစဲ့ကျီ အံ့ဩသွား၏။
"မဖြစ်နိုင်တာ၊ အစ်ကိုယဲ့ ဒီကိုမလာခင်က မစ်ရှင်အကြောင်း မဖတ်ခဲ့ဘူးလား?"
ယဲ့ကျား ဖြည်းဖြည်းအေးအေး ပြန်ဖြေလိုက်သည်။
"ရှည်လွန်းတယ်"
ချန်းစဲ့ကျီ - "........."
သူ့လုပ်ဖော်ကိုင်ဖက်၏ မသမာသည့် အလုပ်ကျင့်ဝတ်များကို သူအခု ကောင်းကောင်းနားလည်နေပြီဖြစ်သော်လည်း လက်ခံလိုက်ဖို့ရာတော့ နည်းနည်းခက်ခဲနေသေးသည်။
သက်ပြင်းချကာ သူ့ကံတရားကို လက်ခံလိုက်ပြီး တစ်ဖက်လူကို မစ်ရှင်အကြောင်း အတိုချုံးကာ ပြောပြလိုက်သည်။
ကောင်မလေးတစ်ယောက် ဤအဆောက်အဦးကြီးအတွင်းသို့ ဝင်သွားပြီးနောက်ပိုင်း လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်။ ဝင်ပေါက်ကစောင့်ကြည့်ကင်မရာတွင် ထိုကောင်မလေး ဝင်သွားသည့်ပုံကိုသာ မှတ်တမ်းတင်ထားခဲ့ပြီး ပြန်ထွက်လာသည့်ပုံတော့ လုံးဝမရှိချေ။ တစ်ပတ်ကြာသည်အထိ သူမပြန်ထွက်မလာခဲ့။ နောက်မှ ဒေသခံများက အပုပ်နံ့ရသည်ဟု သတင်းပေးလာသောကြောင့် ရဲများက သွားရောက်စစ်ဆေးကြည့်ခဲ့ကြသည်။ ထိုအခါမှ ကောင်မလေး၏ရုပ်အလောင်းကို အခန်းနံပါတ်(၄၀၄)တွင် ရှာတွေ့ခဲ့ကြသည်။ သူမ၏ခန္ဓာကိုယ်မှ အရေပြားတွေအကုန် ဆွဲခွာခံထားရပြီး ပုပ်နေပြီဖြစ်တာကြောင့် ဗိုက်ကဖောင်းထွက်နေသည်။ သို့ပေမဲ့ ထူးဆန်းစွာပင် သူမက အိပ်ရာပေါ်တွင်သာ ငြိမ်းငြိမ်းချမ်းချမ်း လဲလျောင်းနေခဲ့သည်။ ရုန်းကန်သည့် အရိပ်အယောင်မရှိသလို၊ ကြိုးဖြင့်ချည်တုပ်ထားသည့် အရိပ်အယောင်လည်း မရှိချေ။
ချန်းစဲ့ကျီ ခေါင်းကုတ်လိုက်ပြီး....
"သိပ်မကြာခင်ကလည်း မြို့ထဲမှာ ဆင်တူတဲ့ လူပျောက်ဆုံးမှုတွေ ဖြစ်ခဲ့တာမို့လို့ အထက်ကလူတွေက ဒီအမှုကို အရမ်းအရေးကြီးတယ်လို့ သတ်မှတ်လိုက်ပြီး စုံစမ်းစစ်ဆေးဖို့ အထူးစုံစမ်းရေးတပ်ဖွဲ့ကို တကူးတကလွှတ်လိုက်တာ၊ သူတို့အခင်းနေရာကို စစ်ဆေးခဲ့ပေမဲ့ မှားယွင်းနေတဲ့အရာတစ်ခုမှ ရှာမတွေ့ခဲ့ဘူး၊ အဲဒါကြောင့် သူတို့ ကောင်မလေးရဲ့ဝိဉာဉ်ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တယ်"
ဝိဉာဉ်ကိုလွှတ်ပေးလိုက်သည်ဟု ပြောပေမဲ့ ထိုအရာက သတ်ပစ်လိုက်သည်နှင့် အများကြီးပိုတူသည်။ အချည်းနှီးသေဆုံးသွားရသော တစ်စုံတစ်ယောက်ထံမှထွက်လာသည့် ဒီလိုဝိဉာဉ်မျိုးက အနာဂတ်တွင် ကြောက်ဖို့ကောင်းသည့် တစ္ဆေသရဲအဖြစ် လွယ်လွယ်ကူကူ ပြောင်းသွားနိုင်သည်။ ထို့ကြောင့် အဖွဲ့အစည်းက အဖူးအပွင့်ဘဝမှာကတည်းက အရင်ဖျက်စီးပစ်ဖို့ လုပ်လေ့ရှိသည်။
"ဒါဆို ဒီတစ်ခေါက် ဒီကိုလာရတဲ့အကြောင်းအရင်းက.......?"
ယဲ့ကျား ချန်းစဲ့ကျီလက်ထဲမှ ရှာဖွေစက်ကိုလှမ်းကြည့်လိုက်သည်။
"အကြွင်းအကျန်စွမ်းအင်တွေကို စုဆောင်းဖို့"
ချန်းစဲ့ကျီ ပြန်ဖြေလိုက်သည်။
"အဲဒါကို ပြန်ယူသွားပြီး ခွဲခြမ်းစိတ်ဖြာဖို့ တန်မတန်ကြည့်မှာ"
ထိုအချိန်မှာပဲ သူတို့'ဒင်'ဆိုသည့်အသံကို ကြားလိုက်ရသည်။
တုန်ခါမှုနည်းနည်းနှင့်အတူ ဓာတ်လှေကားက ရပ်တန့်သွားခဲ့သည်။ တံခါးက တစ်ခဏမျှထစ်နေခဲ့ပေမဲ့ နောက်ဆုံးတွင် နှစ်ဖက်လုံးသို့ ဖြည်းဖြည်းချင်း ပွင့်သွားခဲ့သည်။
အခန်းနံပါတ်(၄၀၄)၏ အခန်းတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထား၏။ တံခါးပေါ်မှ တိတ်အဝါများကိုပင် မဖယ်ရသေးချေ။ သူတို့နှင့် တံခါးတစ်ချပ်ခြားနေပေမဲ့ ခပ်ပြင်းပြင်း ပိုးသတ်ဆေးအနံ့ကတောင် ဖုံးမထားနိုင်သည့် ချဉ်စုတ်စုတ်အနံ့တစ်ခုကို ရနေသေးသည်။
ချန်းစဲ့ကျီ နည်းနည်း စက်ဆုပ်ရွံရှာသလို ခံစားလိုက်ရသည်။
သူ သတ္တိမွေးလိုက်ပြီး.....
"သွား...သွားရအောင်"
အခန်း(၄၀၄)ထဲမှ ပရိဘောဂအများစုကို ရှင်းထုတ်ထားပြီးသားပင်။ ကြမ်းပြင်ပေါ်တွင်တော့ လူပုံသဏ္ဍာန်တစ်ခုကို လိုင်းများဖြင့်ပုံဖော်ထားသည်။ အပုပ်နံ့က ဒီနေရာရောက်တော့ ပိုပိုပြင်းလာသည်။
ယဲ့ကျား မျက်လုံးကိုမှေးစင်းကာ အကြောင်းပြချက်မရှိ နံရံကိုမှီလိုက်ပြီး အလုပ်ရှုပ်နေကြသည့် တခြားနှစ်ယောက်ကို ကြည့်နေလိုက်သည်။
ကျောက်တုန်း လက်အိတ်ကိုဝတ်လိုက်ပြီး သူနှင့်အမြဲသယ်လာတတ်သည့် မှတ်စုစာအုပ်ကိုထုတ်ကာ စရေးလိုက်သည်။ ချန်းစဲ့ကျီကလည်း ရှာဖွေစက်ကိုသုံးကာ အခန်း၏တစ်လက်မချင်းစီတိုင်းကို စကန်လိုက်ဖတ်ကာ အတက်အကျ နည်းနည်းလေးဖြစ်ဖြစ် လိုက်ရှာနေ၏။
တကယ်ပင်ထူးဆန်းလွန်းနေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဝိဉာဉ်တစ်ခုကို လွှတ်ပေးလိုက်သည်နှင့် အကြွင်းအကျန်စွမ်းအင်တချို့ ကျန်နေကျပင်။ နာကြည်းမှုက ကြီးမားလေ၊ အကြွင်းအကျန်စွမ်းအင် ပိုများလေဖြစ်၏။ ယုတ္တိရှိရှိပြောရလျှင် ဒီကောင်မလေးက အချည်းနှီးသေဆုံးသွားခဲ့ရတာဖြစ်တာကြောင့် ဒီလောက်ထိ ရှင်းလင်းမနေသင့်ချေ။
ချန်းစဲ့ကျီ တံခါးနားကိုရောက်တော့ ရုတ်တရက် screenပေါ်တွင် အတက်အကျလှုပ်ရှားမှုလေးတစ်ခု ဖမ်းမိလိုက်သည်။
နည်းနည်းလေးသာ လှုပ်ရှားသွားခဲ့ပေမဲ့ သူ အဲဒီလှိုင်းလေး တစ်ကြိမ်မြင့်တက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရင်ထဲတွင်အပျော်လုံးစို့ပြီး စွမ်းအင်အတက်အကျဖြစ်သည့် ဦးတည်ရာဘက်သို့ သူလမ်းလျှောက်သွားလိုက်သည်။ အချက်အလက်များ ပိုမိုစုဆောင်းနိုင်စေရန် အကောင်းဆုံးရှုထောင့်ကို ရှာလိုက်သည်။
ဒီလိုနှင့် သူ အမှုမဲ့အမှတ်မဲ့ အခန်းထဲမှ ထွက်သွားမိလေသည်။
သူ့အာရုံတစ်ခုလုံးက လက်ထဲကကိရိယာအပေါ်တွင်သာရှိနေပြီး တစ်လှမ်းချင်းတစ်လှမ်းချင်း ကော်ရစ်ဒါ၏ မှောင်မိုက်နေသည့်အစွန်းပိုင်းနားသို့ လျှောက်လှမ်းသွားတော့သည်။
ရုတ်တရက် ချန်းစဲ့ကျီ သွားနေရင်းမှ ရုတ်ကနဲရပ်တန့်လိုက်၏။
သူခေါင်းမော့ကြည့်လိုက်သည့်အခါ မမျှော်လင့်ဘဲ သူ့ကိုယ်သူ ဓာတ်လှေကားအရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
မဟုတ်သေး၊..... ဓာတ်လှေကား၏ဆန့်ကျင်ဘက်တွင် လမ်းလျှောက်နေသည်ကို သူရှင်းရှင်းလင်းလင်း မှတ်မိသည်၊ ဘယ်လိုလုပ် သူ.....?
ကော်ရစ်ဒါက သေလောက်အောင် တိတ်ဆိတ်နေသည်။
အဆောက်အဦးအပြင်ဘက်မှ တလက်လက်ထနေသည့်နေရောင်က မှုန်ဝါးညစ်ပတ်နေသည့် ပြတင်းမှန်များကို ထိုးမဖောက်နိုင်သည့်ပုံပင်။ ထိုကျဉ်းမြောင်းကာ မှောင်မဲနေသည့်နေရာကို အပေါ်ဘက်မှ တဖျတ်ဖျတ်ဖြစ်နေသည့် မီးလုံးလေးတစ်လုံးကသာ အဓိကအလင်းပေးနေ၏။ အစက်အပြောက် အစွန်းအထင်းများနှင့်နံရံများက တဖျတ်ဖျတ်ဖြစ်နေသည့် မီးရောင်မှိန်မှိန်အောက်တွင် ပေါ်လာလိုက် ပျောက်သွားလိုက်။
ချန်းစဲ့ကျီ မတတ်သာဘဲ ကြက်သီးဖြန်းဖြန်းထလာသည်။
ခဏနေပါဦး၊ ဘာလို့ တအားအေးနေရတာလဲ?
အောက်ထပ်က ပူလောင်အိုက်စပ်နေသည့် ရာသီဥတုကြီးက လွန်ခဲ့သည့်နှစ်ရာစုတစ်ခုလောက်တုန်းက ဖြစ်ပျက်ခဲ့သလိုပင်။
လေလုံးဝတိုက်မနေသည်မှာ သေချာသော်လည်း အလွန်တရာအေးသည့် အေးစက်မှုများက သူ့အရေပြားကို ထိုးဖောက်ဝင်ရောက်လာပြီး အလွန်လျင်မြန်စွာပင် အရိုးထဲထိတိုင် အေးစိမ့်လာခဲ့သည်။ သူ၏ကျောရိုးနက်နက်ထဲထိ အေးစက်မှုများ မြင့်တက်လာခဲ့ခြင်းက သူ့ကိုအထိတ်တလန့်ဖြစ်လာစေသည်။
ထို့အပြင် သိပ်ကိုတိတ်ဆိတ်လွန်းနေသည်။
ချန်းစဲ့ကျီ ကြောက်ရွံ့စွာဖြင့် အနောက်ကိုလှည့်ကြည့်လိုက်သည့်အခါတွင်တော့ အခန်း(၄၀၄)၏တံခါးက ပိတ်နေပြီး သူနှင့်အတူဝင်လာသည့် နှစ်ယောက်ကိုလည်း မတွေ့ရတော့ပေ။
ရုတ်တရက် အသိပေးခြင်းမရှိဘဲ သူ့လက်ထဲမှရှာဖွေစက်က တတီတီနှင့် အဆက်မပြတ် အော်မြည်လာသည်။
စူးရှသည့်အသံက အေးစက်ကာ ဘာမှရှိမနေသည့် ကော်ရစ်ဒါတလျှောက် ပဲ့တင်ထပ်သွား၏။ ချန်းစဲ့ကျီ အလွန်အမင်း ကြောက်ရွံ့သွားခဲ့သည်။ မသိစိတ်၏စေခိုင်းချက်အရ သူ့လက်ထဲမှရှာဖွေစက်ကို ငုံ့ကြည့်လိုက်သည့်အခါတွင်တော့ screenပေါ်က လှိုင်းတိုလေးက အတော်လေးမြင့်တက်နေတာ တွေ့လိုက်ရသည်။ လိုင်းလေးက အဆုံးစွန်ထိ လှုပ်ရမ်းနေသည်၊ သူ့ကို စိုးရိမ်တကြီး သတိပေးနေသလိုပင်။
နောက်တစ်စက္ကန့်မှာတော့ ရုတ်တရက် သူ့နောက်ကနေ အသံတစ်ခုထွက်ပေါ်လာသည်။
'ဒင်'
ဘယ်သူမှ ခလုတ်ကိုမနှိပ်လိုက်ပါဘဲနှင့် ဓာတ်လှေကားတံခါးက သူ့အလိုလို တဖြည်းဖြည်းချင်း တိတ်တဆိတ် ပွင့်လာ၏။
မရေတွက်နိုင်သည့် အနက်ရောင်လက်သေးသေးလေးတွေက ဓာတ်လှေကားထဲကနေ ဆန့်ထွက်လာကြသည်။ လက်တစ်ခုချင်းစီတိုင်းက ရေခဲလိုအေးစက်နေ၏။ သူတို့က ချန်းစဲ့ကျီ၏ ပေါ်နေသည့်အရေပြားပေါ်သို့ တင်းတင်းကြပ်ကြပ် ဖိကပ်လာကြပြီး သူ့ခန္ဓာကိုယ်၏အပူချိန်ကို စုပ်ယူသွားကြသည်။
ဟီးးးဟီးးး
တစ်ခုပြီးတစ်ခု သူ့ခန္ဓာကိုယ်ပေါ်ကို ရစ်သိုင်းလာကြသည်။
ချန်းစဲ့ကျီ၏သွားများက တဂတ်ဂတ်ရိုက်နေ၏။ သူရှူထုတ်လိုက်သည့်လေများက လေထဲတွင် အဖြူရောင်မြူခိုးသဖွယ် စုစည်းသွားပြီး သူ့နှာခေါင်းထိပ်ဖျားကို စိုစွတ်သွားစေသည်။
သူ့မျက်လုံးများက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်လာခဲ့ပေမဲ့ ကြောက်လန့်တကြား အော်ဟစ်သံများကတော့ ရေခဲတုံးတစ်တုံးကဲ့သို့ပင် သူ့လည်ချောင်းထဲတွင် တစ်ဆို့နေခဲ့သည်။ သူလုပ်နိုင်သမျှက တပွက်ပွက်မြည်နေသည့် လည်ချောင်းသံများပင်။
အဲဒီနောက်မှာတော့ ရုတ်ချည်း ချန်းစဲ့ကျီ သူ့နားနားတွင် ကပ်ပြီးပြောနေသည့် အသံသေးသေးလေးများကို ကြားလိုက်ရသည်။ ပုန်းလျှိုးကွယ်လျှိုး အန္တရာယ်ပြုချင်နေသည့် ယုတ်မာသည့်ဆန္ဒများကို သယ်ဆောင်ထားပြီး တိုးညင်းသည့်လေသံဖြင့် ၎င်းကတီးတိုးပြောလာ၏။
"ဆာတယ်၊ အရမ်းဆာတယ်.... ဟီးးးဟီးးး"
သူ့ရှေ့တွင်ဖြစ်ပျက်နေသည့်မြင်ကွင်းက ရုန်းထွက်မရနိုင်သည့် အိပ်မက်ဆိုးတစ်ခုလိုပင်။
အလွန်အမင်း ထိတ်လန့်နေမှုကြောင့် ချန်းစဲ့ကျီ မျက်လုံးများလည်ထွက်ကာ မေ့လဲသွားတော့သည်။
ပိုများပြားသည့် အနက်ရောင်လက်များက ဓာတ်လှေကားထဲကနေ ထပ်ထွက်လာပြီး ချန်းစဲ့ကျီကို အတူတကွ အမှောင်ထုဆီ ခေါ်ဆောင်သွားကြသည်။ ထိုအခိုက်တွင် ပျင်းရိပျင်းတွဲအသံတစ်ခုက အဝေးတစ်နေရာမှ ထွက်ပေါ်လာပြီး ရုတ်တရက် တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်။
"ဟေးး"
ဖောက်ထွင်းမြင်နိုင်လုနီးပါး အလွန်အမင်းဖြူဖျော့နေသည့် အသားအရေနှင့်လူငယ်လေးက မျက်တောင်များကို အောက်စိုက်ထားပြီး သူ၏ခပ်ဖျော့ဖျော့မျက်လုံးများကို တစ်စိတ်တစ်ပိုင်း ဖုံးကာထား၏။ သူက သိပ်မဝေးလှသည့် ကော်ရစ်ဒါ၏ဝင်ပေါက်တွင် မတ်တပ်ရပ်နေပြီး အလျင်မလိုသည့်ပုံဖြင့် ပြောလိုက်သည်။
"သူက ငါ့လုပ်ဖော်ကိုင်ဖက်၊ မင်းအဲဒီလို လုပ်လို့မရဘူး"
"မွှေးတယ်၊ မွှေးတယ်....."
အနက်ရောင်လက်သေးသေးလေးများက တွန့်လိမ်တွန့်လိမ်နှင့် ဝိုင်းပတ်သွားနေပြီး တတွတ်တွတ်ရေရွတ်နေသည်။
"သူ့အနံ့ကအရမ်းမွှေးတယ်"
"ငါသူ့ကို နောက်ဆုံးမှစားဖို့ လုပ်ထားတာ"
"ဒါပေမဲ့ သူတွေ့သွားပြီ"
"ငါသူ့ကို အခုစားလိုက်သင့်တယ်!"
နောက်တစ်စက္ကန့်တွင် မရေတွက်နိုင်သည့် အနက်ရောင်လက်များက ဓာတ်လှေကားထဲမှ ထပ်ထွက်လာပြီး ကြမ်းပြင်နှင့်နံရံများမှတဆင့် သိပ်မဝေးသည့်နေရာတွင် ရပ်နေသည့်လူငယ်လေးထံသို့ ဦးတည်သွားနေကြသည်။
"အရမ်းဆာတယ်၊ အရမ်းဆာတယ်၊ အရမ်းဆာတယ်!"
အသံက ပိုမိုစူးရှကာ ကြမ်းတမ်းလာသည်။ လက်သည်းများဖြင့် မှန်ကိုကုတ်ခြစ်နေသလိုပင်။
"စားချင်တယ်၊ စားချင်တယ်၊ စားချင်တယ်..."
မမျှော်လင့်ဘဲ လူငယ်လေးက ထွက်ပြေးတိမ်းရှောင်တာမျိုး မလုပ်ခဲ့ပေ။
အနက်ရောင်လက်များက သူ၏ပိန်ပါးပြီးဖြူဖျော့နေသည့် လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နှင့် စတင်စားသောက်တော့သည်__
သိပ်မကြာခင်မှာပင် အနက်ရောင်လက်များက စူးစူးဝါးဝါး အော်ဟစ်လာသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါဘာကြီးလဲ?! ဒါဘာကြီးလဲ?! "
အသက်ရှင်နေသည့်လူတွင် ဝိဉာဉ်စွမ်းအားရှိပြီး သေပြီးသူများတွင် ယင်စွမ်းအင်ရှိ၏။
ယင်စွမ်းအင် သိပ်သည်းသွားသည်နှင့်တပြိုင်နက် နာကြည်းမှုများက စုပုံလာပြီး ၎င်းက ရက်စက်ကြမ်းကြုတ်သည့် တစ္ဆေသရဲတစ်ကောင်ဖြစ်သွားသည်။
___ဒီအသက်ရှင်နေသည့် လူငယ်လေး၏ခန္ဓာကိုယ်ထဲတွင်တော့ နက်မှောင်အေးစက်သည့် တစ္ဆေစွမ်းအားများ ကိန်းဝပ်နေ၏။
စေးကပ်ပြီးမဲမှောင်သည်၊ အေးစက်ကာ မကောင်းဆိုးဝါးဆန်သည်။
သူက တည်တည်ငြိမ်ငြိမ်ပင် မျက်လုံးကိုမှေးစင်းလိုက်သည်။ မျက်နှာပေါ်တွင် တခြားမည်သည့်အမူအရာမှ ရှိမနေချေ။ သူ့ဖြစ်တည်မှုတစ်ခုလုံးက ဒီကမ္ဘာ၏အဝေးတစ်နေရာတွင် မတ်တပ်ရပ်နေသည့် အရာခပ်သိမ်းကိုသိရှိနိုင်သည့် ပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ပင် သူ့ရှေ့ကသရဲအား အပေါ်စီးမှငုံ့ကြည့်နေခဲ့သည်။
သူ၏လူသားခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းကြီးမားလှသည့် စွမ်းအင်တစ်မျိုး ထွက်ပေါ်လာပြီး သူ၏ချွန်ထက်ပြီး ကြောက်စရာကောင်းလှသည့် လက်သည်းများကို တိတ်တဆိတ်လှစ်ဟပြလာသည်။၊
***********
T/N: ကိုယ်က supernatural fanမို့လို့လားတော့မသိ၊ ရှာဖွေစက်ဆိုတာနဲ့ EMFအသံလေးကိုပဲ နားထဲမှာ တတီတီနဲ့ကြားနေတယ်၊ ဟိဟိ
အပိုင်းတစ်ကို တင်ပြီးပြီဆိုတော့ ဝေဖန်ပေးကြပါဦး၊ အရေးအသားလိုအပ်တဲ့နေရာရှိရင် ပြုပြင်ပြောင်းလဲနိုင်အောင်လို့။
ဟု ဒါပါပဲ၊ ကျိုင်းဇူး။
************
Zawgyi
ေႏြလယ္ေန႔တစ္ေန႔၏ မြန္းတည့္ခ်ိန္၌ လမ္းမမ်ားထက္တြင္ မည္သူမွ်မ႐ွိသေလာက္ပင္။
လမ္းေထာင့္တြင္ဖြင့္ထားသည့္ milk teaဆိုင္တစ္ဆိုင္၌ အမ်ိဳးသမီးဝန္ထမ္းတစ္ဦးက ဆိုင္ေ႐ွ႕ျပတင္းနားက ေကာင္တာတြင္ထိုင္ကာ အိပ္ငိုက္ေန၏။
"ပုလဲမစ္တီးတစ္ခြက္၊ ေက်းဇူး"
"အာ!" ထိုစကားမ်ားကို ၾကားသည့္အခါ အိပ္ငိုက္ေနသည့္ အမ်ိဳးသမီးက ေခါင္းကိုအျမန္ေမာ့လိုက္ၿပီး အက်င့္ပါေနသည့္အတိုင္း ေျပာလိုက္သည္။ "ကိစၥမ႐ွိပါဘူး၊ ဘာမ်ား....."
သူမ၏ ေျပာလက္စစကားမ်ား ရပ္တန္႔ကုန္၏။
ေနက မီးကြၽမ္းေနသကဲ့သို႔ ပူေလာင္လ်က္႐ွိၿပီး ေလကလည္း နည္းနည္းေလးေတာင္ တိုက္မေနခဲ့။ ေျမျပင္က အပူ႐ွိန္ေၾကာင့္ပင္ တ႐ွဲ႐ွဲျမည္ေနသေယာင္ ထင္ရေစသည္။
လူငယ္ေလးက ေနပူပူထဲတြင္ မည္သည့္အမိုးအကာမွ်မပါဘဲ ရပ္ေနခဲ့သည္၊ ေႏြေန၏အပူ႐ွိန္ကို လုံးဝမခံစားမိသလိုပင္။ သူက မ်က္လုံးကိုအနည္းငယ္ေစာင္းကာ ျပတင္းေပါက္မွတဆင့္ လွမ္းၾကည့္လိုက္သည္။
သူ႕အသားအေရက အလြန္ျဖဴေဖ်ာ့ေနၿပီး ပိန္ပါးပါးကိုယ္ထည္ကို ပိုင္ဆိုင္ထား၏။ သူ႕မ်က္လုံးမ်ားႏွင့္ ဆံပင္အေရာင္က အေရာင္ေဖ်ာ့သည့္ဘက္ကိုသြားၿပီး ေနေရာင္ေအာက္တြင္ ပယင္းေရာင္ထေနသည္။ သူ၏ အလြန္အမင္းျဖဴေဖြးေနသည့္ အသားအေရက ေနေရာင္ႏွင့္ထိေတြ႕ဖူးသည့္ အရိပ္အေယာင္မ႐ွိသည့္အျပင္ သူ႕နဖူးႏွင့္ႏွာေခါင္းထိပ္တြင္လည္း ေခြၽးတစ္စက္မွ႐ွိမေနေခ်။
တစ္ဖက္လူဘက္မွ မည္သည့္စကားမွ ျပန္မေျပာသည္ကို ျမင္သည့္အခါ ယဲ့က်ား ယဥ္ယဥ္ေက်းေက်းပင္ ေခ်ာင္းဟန္႔လိုက္သည္။
"ဒီမွာခင္ဗ်?"
အမ်ိဳးသမီးဝန္ထမ္းက ျမန္ျမန္ဆန္ဆန္ပင္ သတိျပန္ဝင္လာၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။
"အို..အိုး! ကြၽန္မလုပ္ေပးပါ့မယ္!"
သူမကေနာက္လွည့္ကာ တစ္ဖက္မွာ႐ွိသည့္ စကၠဴခြက္ေလးကို လွမ္းယူၿပီး ေမးလိုက္သည္။
"ပုံမွန္အပူပဲလား၊ အေအးလား?"
"အပူပဲေပးပါ"
ယဲ့က်ား ပိုက္ဆံႏွစ္႐ြက္ကိုထုတ္ကာ ေကာင္တာေပၚတင္ေပးလိုက္သည္။
__ဒီေလာက္ပူေနတဲ့အခ်ိန္မွာ မစ္တီအပူေသာက္တယ္လား?
ၿပီးေတာ့ ဒီလိုေခတ္ႀကီးမွာ ဖုန္းနဲ႔ပိုက္ဆံမ႐ွင္းတဲ့ လူငယ္ေတြ ႐ွိေနေသးတယ္ေပါ့?
အမ်ိဳးသမီးဝန္ထမ္းက စိတ္ထဲတြင္တီးတိုးေရ႐ြတ္ေနရင္းက တစ္ဖက္လွည့္ကာ စတင္ေဖ်ာ္ေတာ့သည္။
ငါးမိနစ္ၾကာၿပီးေနာက္__
ယဲ့က်ား မစ္တီးအပူခြက္ေလးကိုကိုင္ကာ အနီးနားတြင္႐ွိသည့္ အထပ္ျမင့္အေဆာက္အဦးဆီသို႔ အလ်င္မလိုသည့္ပုံျဖင့္ ေလွ်ာက္လွမ္းသြားလိုက္သည္။
အေဆာက္အဦး၏အရိပ္ေအာက္တြင္ လူႏွစ္ေယာက္ မတ္တပ္ရပ္ေနၾကသည္။ သူတို႔ေခါင္းမ်ားက ေအာက္ကိုငိုက္စိုက္က်ေနကာ တစ္စုံတစ္ရာ ေဆြးေႏြးေနၾကပုံေပၚသည္။
ေက်ာက္တုန္း ေခါင္းကိုေမာ့ကာ တစ္ဖက္တြင္ရပ္ေနသည့္ ယဲ့က်ားကိုၾကည့္လိုက္သည္။ သူ႕အၾကည့္မ်ားက ယဲ့က်ားလက္ထဲ႐ွိ မစ္တီးခြက္ဆီေရာက္သြားၿပီးေနာက္ ရယ္ကာေမာကာျဖင့္ စေနာက္လိုက္သည္။
"ဒီဘာမဟုတ္တဲ့ ခ်ိဳခ်ိဳရဲရဲေတြကို မၿငီးေငြ႕ေသးဘူးလား?"
"ခင္ဗ်ားနားမလည္ပါဘူး"
ယဲ့က်ား ပုခုံးကိုတြန္႔ကာျဖင့္ ပါးနပ္စြာျပန္ေျဖလိုက္သည္။
"ဒါကို မစ္တီးဆိုင္တစ္ဆိုင္ရဲ႕ စီးပြားေရးပုံစံကို ႀကိဳတင္ေလ့လာတာလို႔ေခၚတယ္"
သူတို႔ေဘးတြင္ရပ္ေနသည့္ ခ်န္းစဲ့က်ီက ဒီစကားကိုၾကားသည့္အခါ သူ႕ေခါင္းကိုေမာ့ၿပီး သူတို႔ႏွစ္ေယာက္ကို ဗလာသက္သက္ၾကည့္ကာ.....
"....ဘာ?"
ေက်ာက္တုန္းက ရယ္လိုက္ၿပီး...
"မင္းေတာ့သိမွာမဟုတ္ဘူး၊ ဒီက ငါ့တို႔ရဲ႕ယဲ့သခင္ေလးက သူအနားယူၿပီးတဲ့အခ်ိန္က်ရင္ မစ္တီးဆိုင္ဖြင့္ဖို႔ စိတ္ကူးေနတာေလ၊ သူ႕ရဲ႕အနာဂတ္အတြက္ေတာင္ အစီအစဥ္ခ်ၿပီးေနၿပီ"
ခ်န္းစဲ့က်ီ - "......."
ေနပါဦး၊ သူ႕ၾကည့္ရတာ အမ်ားဆုံးမွ ႏွစ္ဆယ္ဝန္းက်င္ေလာက္ပဲ ႐ွိဦးမယ့္ပုံပါ။
သူမေအာင့္ႏိုင္ေတာ့တာေၾကာင့္ ထုတ္ေမးလိုက္ေတာ့သည္။
"ဒါေပမဲ့ အဲဒါက အနည္းဆုံး ႏွစ္ေလးဆယ္ေလာက္ၾကာၿပီးမွမဟုတ္လား?"
ယဲ့က်ား အမူအရာတစ္ခ်က္မေျပာင္းဘဲ ျပန္ေျဖလိုက္သည္။
"အစိုးရက လူပ်င္းေတြကို ေထာက္ပံ့မေပးဘူးေလ၊ ဝန္ထမ္းေတြကို ထုတ္ပယ္တဲ့အခ်ိန္ေရာက္ရင္ ကြၽန္ေတာ္ပဲ အရင္ဆုံး အလုပ္ထုတ္ခံရမယ့္သူျဖစ္မွာ"
သူက မစ္တီးေနာက္တစ္ငုံကို ျဖည္းျဖည္းခ်င္း စုပ္ေသာက္လိုက္ၿပီး...
"ကြၽန္ေတာ့္အတြက္ေတာ့ ဒါကို ႀကိဳတင္စီစဥ္တာလို႔ ေခၚတယ္"
ေက်ာက္တုန္း - "......."
ခ်န္းစဲ့က်ီ _ "........."
ဘာလို႔ဒီလူက သူပဲသိပ္မွန္ကန္ေနတဲ့ပုံနဲ႔ အလုပ္ထုတ္ခံရဖို႔ ေစာင့္ဆိုင္းေနတဲ့အေၾကာင္း ေျပာေနရတာလဲ?
ယဲ့က်ား ေခါင္းစဥ္ျပန္ေျပာင္းလိုက္သည္။
"တိုင္းတာမႈေတြ အေျခအေန ဘယ္လို႐ွိလဲ?"
"သိပ္မေကာင္းဘူး"
ခ်န္းစဲ့က်ီက ေခါင္းငုံ႔ကာ သူ႕လက္ထဲတြင္႐ွိသည့္ ႐ွာေဖြစက္ႏွင့္တူသည့္ အနက္ေရာင္ကိရိယာေလးကို ၾကည့္လိုက္သည္။ သူက မ်က္ေမွာင္က်ံဳ႕လိုက္ၿပီး.....
"ဒီမွာ အသုံးဝင္တဲ့အခ်က္အလက္ မ႐ွိသေလာက္ပဲ"
ေက်ာက္တုန္း မ်က္ေမွာင္က်ံဳ႕သြားသည္။
"လိႈင္းေတြကနိမ့္လြန္းတယ္၊ ငါတို႔အထဲဝင္ရမယ့္ပုံပဲ"
ယဲ့က်ား၏အၾကည့္မ်ားက ေအာက္ကိုနည္းနည္းနိမ့္ဆင္းသြားကာ ကိရိယာေပၚက ဖတ္မိသည့္လိႈင္းမ်ားအေပၚ ခြဲျခမ္းစိတ္ျဖာေနသည့္ သူ႕ေ႐ွ႕ကလူႏွစ္ေယာက္ကို ၾကည့္လိုက္ၿပီး မစ္တီးေနာက္တစ္ငုံကို စုပ္ေသာက္လိုက္သည္။
လတ္ဆတ္ကာ အီအီေလးျဖစ္ေနသည့္ ႏို႔အရသာေလးႏွင့္ လန္းဆန္းေစသည့္ လက္ဖက္နံ႔ေလးက လွပစြာ အတူတကြ ေရာေႏွာေပါင္းစပ္ေနသည္။ နည္းနည္းပူေနေပမဲ့ ျပႆနာႀကီးေတာ့လည္း မဟုတ္ေပ။
သူေျပာခဲ့သည့္အတိုင္းပင္၊ ယဲ့က်ား သဘာဝလြန္ျဖစ္ရပ္ စုံစမ္းစစ္ေဆးေရးႏွင့္ စီမံခန္႔ခြဲမႈဗ်ဴ႐ိုတြင္ အလုပ္လုပ္ေနခဲ့သည္မွာ ႏွစ္ႏွစ္႐ွိခဲ့ၿပီျဖစ္၏။
သဘာဝလြန္ျဖစ္ရပ္ စုံစမ္းစစ္ေဆးေရးႏွင့္ စီမံခန္႔ခြဲမႈဗ်ဴ႐ိုက သူ၏နာမည္အတိုင္းပင္ သဘာဝလြန္ျဖစ္ရပ္မ်ားကို အဓိကထား စုံစမ္းစစ္ေဆးရသည့္ အစိုးရလက္ေအာက္ခံ လွ်ိဳ႕ဝွက္ဌာနတစ္ခုျဖစ္သည္။
ဒီဌာနက မ်ားေသာအားျဖင့္ ရံဖန္ရံခါထူးဆန္းသည့္အသံမ်ားႏွင့္ ပုံသ႑ာန္မ်ားကို ျပဳလုပ္တတ္သည့္ ေလ့လြင့္ဝိဉာဥ္မ်ားကို ကိုင္တြယ္ေျဖ႐ွင္းရသည္။ စြမ္းအားျပည့္တေစၧမ်ားႏွင့္ မေကာင္းဆိုးဝါးဝိဉာဥ္မ်ားက တစ္ခါတရံမွသာ ေပၚလာတတ္ၿပီး သူတို႔ႏွင့္ ပက္ပင္းတိုးႏိုင္သည့္ အခြင့္အေရးမွာလည္း ထီေပါက္ႏိုင္သည့္ အခြင့္အေရးႏွင့္ပင္ ႏိႈင္းယွဥ္၍ရသည္။
ဗ်ဴ႐ို၏တာဝန္က ဒီလိုသဘာဝလြန္ျဖစ္ရပ္မ်ားကို ျပည္သူလူထုမသိခင္ေျဖ႐ွင္းၿပီး သူတို႔ ေန႔စဥ္သြားလာေနသည့္ေနရာတြင္ ဤကဲ့သို႔ေသာ အေမွာင္ကမ႓ာႀကီး တည္႐ွိေနသည့္အေၾကာင္း သာမန္လူသားမ်ား ႐ွာေတြ႕သြားျခင္းမွ ကာကြယ္ဖို႔ရန္အတြက္ သိပၸံနည္းက်က် ျပန္႐ွင္းျပေပးဖို႔ပင္ျဖစ္သည္။ ေကာင္းေကာင္းဖုံးဖိထားျခင္းက အရပ္သားမ်ားကို ကာကြယ္ဖို႔အတြက္ဆိုေပမဲ့ ယဲ့က်ားကေတာ့ ထိုအရာႏွင့္ပတ္သက္ၿပီး သံသယမ်ား႐ွိသည္။
အရည္အခ်င္း႐ွိသည့္သူမ်ား ႐ွိေနေသာ္လည္း အေျခခံအားျဖင့္ေျပာရလွ်င္ ထိုလူမ်ားအားလုံးမွာ ဌာနခ်ဳပ္တြင္သာ အလုပ္လုပ္ကိုင္ၾက၏။
ယဲ့က်ားလုပ္ေနသည့္ ေထာက္ပံ့ပို႔ေဆာင္ေရးဌာနတြင္ေတာ့ စာ႐ြက္စာတမ္းကိစၥမ်ားအပါအဝင္ အမ်ိဳးမ်ိဳးေသာတာဝန္ရပ္မ်ားကို လုပ္ေဆာင္ရန္ သာမာန္လူမ်ားျဖင့္သာ ျပည့္ႏွက္ေနသည္။ တခါတေလ အျပင္ကိုထြက္ကာ တစ္ခါႏွစ္ခါမွ် ကြင္းဆင္းဂ်ဴတီက်တတ္ေသာ္လည္း အခင္းျဖစ္သည့္ေနရာကို သန္႔႐ွင္းေရးလုပ္ရတာမ်ိဳး၊ ေဒတာမ်ားစုေဆာင္းရသည့္ တာဝန္မ်ိဳးသာ လုပ္ကိုင္ရတတ္သည္။
___အတိုခ်ံဳးေျပာရလွ်င္ေတာ့ သူတို႔အားလုံးက ကြၽန္အဖြဲ႕သားမ်ားပင္ျဖစ္၏။
"ဒီေလာက္ပူတဲ့ေန႔မွာ ကြင္းဆင္းတာဝန္က်တာ ငါတို႔အေတာ္ကံမေကာင္းတာပဲ"
ေက်ာက္တုန္းက သူ႕နဖူးကေခြၽးမ်ားကို သုတ္လိုက္ကာ အားမ႐ွိသည့္အသံျဖင့္....
"အထဲမွာေတာ့ ေလေအးေပးစက္႐ွိဖို႔ ေမွ်ာ္လင့္တယ္"
သူက ေဘးတြင္ရပ္ေနသည့္ ယဲ့က်ားဘက္သို႔လွည့္ၾကည့္ကာ မနာလိုစြာျဖင့္ သက္ျပင္းခ်လိုက္သည္။
"ငါသာမင္းလို အပူမေၾကာက္တတ္ရင္...."
ယဲ့က်ား ထိုသူ႕ကို အဖတ္လုပ္ၿပီး ျပန္ေျဖမေနေတာ့။
သူေနာက္တစ္ႀကိမ္ သမ္းေဝလိုက္ၿပီး မစ္တီးကိုအကုန္ေသာက္လိုက္ကာ ခြက္ကိုအနီးနားတြင္႐ွိသည့္ အမိႈက္ပုံးထဲသို႔ ပစ္ထည့္လိုက္သည္။
"သြားၿပီး အၿပီးသတ္လိုက္ရေအာင္"
စကၠဴခြက္က ဘာမွမ႐ွိသည့္ အမိႈက္ပုံးေအာက္ေျခကိုထိၿပီး အသံျမည္သြားသည္။
ေနေရာင္ေအာက္က မီးကြၽမ္းသလိုပူေလာင္ေနသည့္ ေလႏွင့္အတူ အထပ္ျမင့္အေဆာက္အဦးေဘး႐ွိ လွ်ပ္စစ္ပစၥည္းဆိုင္တြင္ဖြင့္ထားသည့္ TVမွသတင္းအေၾကာင္းအရာမ်ားကို မသဲမကြဲ ျပတ္ေတာင္းျပတ္ေတာင္း ၾကားေနရသည္။ ေသခ်ာဂ႐ုတစိုက္ နားမေထာင္ဘူးဆိုလွ်င္ သတင္းေၾကညာသူ ဘာေျပာေနသည္ကို လုံးဝမသိႏိုင္လုနီးပါးပင္။
".....မၾကာေသးခင္အခ်ိန္က ....ၿမိဳ႕ထဲမွာ ဆန္းၾကယ္တဲ့ လူေပ်ာက္ဆုံးမႈေတြ ျဖစ္ပြားခဲ့.... ရဲေတြဘက္ကလည္း အတတ္ႏိုင္ဆုံး စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၾက........."
ပစၥည္းကိရိယာမ်ားထည့္ထားသည့္ ေသတၱာတစ္လုံးကိုသယ္ကာ သူတို႔သုံးေယာက္ အေဆာက္အဦးတြင္းသို႔ ဝင္လိုက္ၾကသည္။
အေဆာက္အဦးအတြင္းပိုင္းက ေမွာင္မဲအုံ႔မိႈင္းေနသည္။
အျပင္ဘက္႐ွိ မီးေရာင္လိုတလက္လက္ထေနသည့္ အလင္းေရာင္ႏွင့္ယွဥ္လွ်င္ အေဆာက္အဦးအတြင္းပိုင္းက အမ်ားႀကီးပိုေမွာင္မဲေနသည္။ သို႔ေပမဲ့ ပူေလာင္အိုက္စပ္ေနမႈႀကီးကေတာ့ အတြင္းေရာအျပင္ေရာ အတူတူပင္။
အေဆာက္အဦးေဟာင္းႀကီးတစ္ခု၏ လကၡဏာရပ္မ်ားအရ ေလထုႀကီးက စိုထိုင္းထိုင္း ေအာက္သိုးသိုးအနံ႔မ်ားျဖင့္ ျပည့္ႏွက္ေနသည္။ သူတို႔မွာ အသက္ကိုေတာင္ ခက္ခက္ခဲခဲ ႐ွဴေနရသည္။
ေက်ာက္တုန္း သူ႕မ်က္ႏွာကို ပြတ္သုတ္လိုက္ၿပီးေနာက္ စိတ္ဆိုးမာန္ဆိုးျဖင့္ က်ိန္ဆဲေတာ့သည္။
ေလေအးေပးစက္လည္း မ႐ွိဘူး။
ခ်န္းစဲ့က်ီက သူ႕လက္ထဲတြင္႐ွိသည့္ ႐ွာေဖြစက္ေပၚတြင္သာ အာ႐ုံစိုက္ထားသည္၊ __ထိုပစၥည္းက ဗ်ဴ႐ိုကေထာက္ပံ့ေပးထားသည့္ ပစၥည္းျဖစ္ၿပီး သဘာဝလြန္စြမ္းအားမ်ားကို ႐ွာေဖြစုေဆာင္းသည့္ေနရာတြင္ သုံးသည္။ သို႔ေပမဲ့ အခုအခ်ိန္မွာေတာ့ မ်က္ႏွာျပင္ေပၚတြင္ျပေနသည့္ လိႈင္းတိုေလးက လႈပ္႐ွားမႈမ႐ွိဘဲ ၿငိမ္သက္ေနသည္။ သူတို႔အျပင္ဘက္မွာ စမ္းခဲ့တုန္းကလိုပင္ နည္းနည္းမွ် ေျပာင္းလဲမႈမ႐ွိေခ်။
သူေခါင္းကိုခါရမ္းကာ ႐ွာေနတာကို လက္ေလွ်ာ့လိုက္သည္။
"သြားရေအာင္၊ အေပၚထပ္ကို"
ဒီေနရာက ဓာတ္ေလွကားက သိသိသာသာကို အိုးေဟာင္းလြန္းေနသည္။ သံေခ်းရာမ်ားႏွင့္ အစြန္းအထင္းမ်ားက ဓာတ္ေလွကားထဲကနံရံမ်ားေပၚတြင္ အျပည့္ျဖစ္ေနသည့္အျပင္ ေၾကာ္ညာစာ႐ြက္ေသးေသးေလးမ်ားကိုလည္း အထပ္ထပ္ ကပ္ထားေသးသည္။ ဓာတ္ေလွကားက လႈပ္ခါသြားၿပီးေနာက္ ျဖည္းျဖည္းခ်င္း ျမင့္တက္သြားသည္။ ဓာတ္ေလွကားကိုဆြဲထားသည့္ စတီးႀကိဳးဆီမွလည္း ေၾကာက္စရာေကာင္းေလာက္ေအာင္ က်ယ္ေလာင္သည့္ တကြၽီကြၽီျမည္သံမ်ား ထြက္ေပၚေနသည္။ အခ်ိန္မေ႐ြး ျပဳတ္ထြက္သြားေတာ့မလိုပင္။
အလႊာနံပါတ္မ်ား တစ္ခုၿပီးတစ္ခု ျမင့္တက္လာေနသည္ကိုၾကည့္ၿပီး ယဲ့က်ား ေမးလိုက္သည္။
"ဒီတစ္ေခါက္ ဘယ္ဆိုက္ထဲကို သြားရမွာလဲ?"
ခ်န္းစဲ့က်ီ အံ့ဩသြား၏။
"မျဖစ္ႏိုင္တာ၊ အစ္ကိုယဲ့ ဒီကိုမလာခင္က မစ္႐ွင္အေၾကာင္း မဖတ္ခဲ့ဘူးလား?"
ယဲ့က်ား ျဖည္းျဖည္းေအးေအး ျပန္ေျဖလိုက္သည္။
"႐ွည္လြန္းတယ္"
ခ်န္းစဲ့က်ီ - "........."
သူ႕လုပ္ေဖာ္ကိုင္ဖက္၏ မသမာသည့္ အလုပ္က်င့္ဝတ္မ်ားကို သူအခု ေကာင္းေကာင္းနားလည္ေနၿပီျဖစ္ေသာ္လည္း လက္ခံလိုက္ဖို႔ရာေတာ့ နည္းနည္းခက္ခဲေနေသးသည္။
သက္ျပင္းခ်ကာ သူ႕ကံတရားကို လက္ခံလိုက္ၿပီး တစ္ဖက္လူကို မစ္႐ွင္အေၾကာင္း အတိုခ်ံဳးကာ ေျပာျပလိုက္သည္။
ေကာင္မေလးတစ္ေယာက္ ဤအေဆာက္အဦးႀကီးအတြင္းသို႔ ဝင္သြားၿပီးေနာက္ပိုင္း လွ်ိဳ႕ဝွက္ဆန္းၾကယ္စြာ ေပ်ာက္ဆုံးသြားခဲ့သည္။ ဝင္ေပါက္ကေစာင့္ၾကည့္ကင္မရာတြင္ ထိုေကာင္မေလး ဝင္သြားသည့္ပုံကိုသာ မွတ္တမ္းတင္ထားခဲ့ၿပီး ျပန္ထြက္လာသည့္ပုံေတာ့ လုံးဝမ႐ွိေခ်။ တစ္ပတ္ၾကာသည္အထိ သူမျပန္ထြက္မလာခဲ့။ ေနာက္မွ ေဒသခံမ်ားက အပုပ္နံ႔ရသည္ဟု သတင္းေပးလာေသာေၾကာင့္ ရဲမ်ားက သြားေရာက္စစ္ေဆးၾကည့္ခဲ့ၾကသည္။ ထိုအခါမွ ေကာင္မေလး၏႐ုပ္အေလာင္းကို အခန္းနံပါတ္(၄၀၄)တြင္ ႐ွာေတြ႕ခဲ့ၾကသည္။ သူမ၏ခႏၶာကိုယ္မွ အေရျပားေတြအကုန္ ဆြဲခြာခံထားရၿပီး ပုပ္ေနၿပီျဖစ္တာေၾကာင့္ ဗိုက္ကေဖာင္းထြက္ေနသည္။ သို႔ေပမဲ့ ထူးဆန္းစြာပင္ သူမက အိပ္ရာေပၚတြင္သာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း လဲေလ်ာင္းေနခဲ့သည္။ ႐ုန္းကန္သည့္ အရိပ္အေယာင္မ႐ွိသလို၊ ႀကိဳးျဖင့္ခ်ည္တုပ္ထားသည့္ အရိပ္အေယာင္လည္း မ႐ွိေခ်။
ခ်န္းစဲ့က်ီ ေခါင္းကုတ္လိုက္ၿပီး....
"သိပ္မၾကာခင္ကလည္း ၿမိဳ႕ထဲမွာ ဆင္တူတဲ့ လူေပ်ာက္ဆုံးမႈေတြ ျဖစ္ခဲ့တာမို႔လို႔ အထက္ကလူေတြက ဒီအမႈကို အရမ္းအေရးႀကီးတယ္လို႔ သတ္မွတ္လိုက္ၿပီး စုံစမ္းစစ္ေဆးဖို႔ အထူးစုံစမ္းေရးတပ္ဖြဲ႕ကို တကူးတကလႊတ္လိုက္တာ၊ သူတို႔အခင္းေနရာကို စစ္ေဆးခဲ့ေပမဲ့ မွားယြင္းေနတဲ့အရာတစ္ခုမွ ႐ွာမေတြ႕ခဲ့ဘူး၊ အဲဒါေၾကာင့္ သူတို႔ ေကာင္မေလးရဲ႕ဝိဉာဥ္ကို ဒီတိုင္းပဲ လႊတ္ေပးလိုက္တယ္"
ဝိဉာဥ္ကိုလႊတ္ေပးလိုက္သည္ဟု ေျပာေပမဲ့ ထိုအရာက သတ္ပစ္လိုက္သည္ႏွင့္ အမ်ားႀကီးပိုတူသည္။ အခ်ည္းႏွီးေသဆုံးသြားရေသာ တစ္စုံတစ္ေယာက္ထံမွထြက္လာသည့္ ဒီလိုဝိဉာဥ္မ်ိဳးက အနာဂတ္တြင္ ေၾကာက္ဖို႔ေကာင္းသည့္ တေစၧသရဲအျဖစ္ လြယ္လြယ္ကူကူ ေျပာင္းသြားႏိုင္သည္။ ထို႔ေၾကာင့္ အဖြဲ႕အစည္းက အဖူးအပြင့္ဘဝမွာကတည္းက အရင္ဖ်က္စီးပစ္ဖို႔ လုပ္ေလ့႐ွိသည္။
"ဒါဆို ဒီတစ္ေခါက္ ဒီကိုလာရတဲ့အေၾကာင္းအရင္းက.......?"
ယဲ့က်ား ခ်န္းစဲ့က်ီလက္ထဲမွ ႐ွာေဖြစက္ကိုလွမ္းၾကည့္လိုက္သည္။
"အႂကြင္းအက်န္စြမ္းအင္ေတြကို စုေဆာင္းဖို႔"
ခ်န္းစဲ့က်ီ ျပန္ေျဖလိုက္သည္။
"အဲဒါကို ျပန္ယူသြားၿပီး ခြဲျခမ္းစိတ္ျဖာဖို႔ တန္မတန္ၾကည့္မွာ"
ထိုအခ်ိန္မွာပဲ သူတို႔'ဒင္'ဆိုသည့္အသံကို ၾကားလိုက္ရသည္။
တုန္ခါမႈနည္းနည္းႏွင့္အတူ ဓာတ္ေလွကားက ရပ္တန္႔သြားခဲ့သည္။ တံခါးက တစ္ခဏမွ်ထစ္ေနခဲ့ေပမဲ့ ေနာက္ဆုံးတြင္ ႏွစ္ဖက္လုံးသို႔ ျဖည္းျဖည္းခ်င္း ပြင့္သြားခဲ့သည္။
အခန္းနံပါတ္(၄၀၄)၏ အခန္းတံခါးကို တင္းတင္းၾကပ္ၾကပ္ ပိတ္ထား၏။ တံခါးေပၚမွ တိတ္အဝါမ်ားကိုပင္ မဖယ္ရေသးေခ်။ သူတို႔ႏွင့္ တံခါးတစ္ခ်ပ္ျခားေနေပမဲ့ ခပ္ျပင္းျပင္း ပိုးသတ္ေဆးအနံ႔ကေတာင္ ဖုံးမထားႏိုင္သည့္ ခ်ဥ္စုတ္စုတ္အနံ႔တစ္ခုကို ရေနေသးသည္။
ခ်န္းစဲ့က်ီ နည္းနည္း စက္ဆုပ္႐ြံ႐ွာသလို ခံစားလိုက္ရသည္။
သူ သတၱိေမြးလိုက္ၿပီး.....
"သြား...သြားရေအာင္"
အခန္း(၄၀၄)ထဲမွ ပရိေဘာဂအမ်ားစုကို ႐ွင္းထုတ္ထားၿပီးသားပင္။ ၾကမ္းျပင္ေပၚတြင္ေတာ့ လူပုံသ႑ာန္တစ္ခုကို လိုင္းမ်ားျဖင့္ပုံေဖာ္ထားသည္။ အပုပ္နံ႔က ဒီေနရာေရာက္ေတာ့ ပိုပိုျပင္းလာသည္။
ယဲ့က်ား မ်က္လုံးကိုေမွးစင္းကာ အေၾကာင္းျပခ်က္မ႐ွိ နံရံကိုမွီလိုက္ၿပီး အလုပ္႐ႈပ္ေနၾကသည့္ တျခားႏွစ္ေယာက္ကို ၾကည့္ေနလိုက္သည္။
ေက်ာက္တုန္း လက္အိတ္ကိုဝတ္လိုက္ၿပီး သူႏွင့္အၿမဲသယ္လာတတ္သည့္ မွတ္စုစာအုပ္ကိုထုတ္ကာ စေရးလိုက္သည္။ ခ်န္းစဲ့က်ီကလည္း ႐ွာေဖြစက္ကိုသုံးကာ အခန္း၏တစ္လက္မခ်င္းစီတိုင္းကို စကန္လိုက္ဖတ္ကာ အတက္အက် နည္းနည္းေလးျဖစ္ျဖစ္ လိုက္႐ွာေန၏။
တကယ္ပင္ထူးဆန္းလြန္းေနသည္။
ပုံမွန္အားျဖင့္ဆိုလွ်င္ ဝိဉာဥ္တစ္ခုကို လႊတ္ေပးလိုက္သည္ႏွင့္ အႂကြင္းအက်န္စြမ္းအင္တခ်ိဳ႕ က်န္ေနက်ပင္။ နာၾကည္းမႈက ႀကီးမားေလ၊ အႂကြင္းအက်န္စြမ္းအင္ ပိုမ်ားေလျဖစ္၏။ ယုတၱိ႐ွိ႐ွိေျပာရလွ်င္ ဒီေကာင္မေလးက အခ်ည္းႏွီးေသဆုံးသြားခဲ့ရတာျဖစ္တာေၾကာင့္ ဒီေလာက္ထိ ႐ွင္းလင္းမေနသင့္ေခ်။
ခ်န္းစဲ့က်ီ တံခါးနားကိုေရာက္ေတာ့ ႐ုတ္တရက္ screenေပၚတြင္ အတက္အက်လႈပ္႐ွားမႈေလးတစ္ခု ဖမ္းမိလိုက္သည္။
နည္းနည္းေလးသာ လႈပ္႐ွားသြားခဲ့ေပမဲ့ သူ အဲဒီလိႈင္းေလး တစ္ႀကိမ္ျမင့္တက္သြားသည္ကို ႐ွင္း႐ွင္းလင္းလင္း ျမင္လိုက္ရသည္။
ရင္ထဲတြင္အေပ်ာ္လုံးစို႔ၿပီး စြမ္းအင္အတက္အက်ျဖစ္သည့္ ဦးတည္ရာဘက္သို႔ သူလမ္းေလွ်ာက္သြားလိုက္သည္။ အခ်က္အလက္မ်ား ပိုမိုစုေဆာင္းႏိုင္ေစရန္ အေကာင္းဆုံး႐ႈေထာင့္ကို ႐ွာလိုက္သည္။
ဒီလိုႏွင့္ သူ အမႈမဲ့အမွတ္မဲ့ အခန္းထဲမွ ထြက္သြားမိေလသည္။
သူ႕အာ႐ုံတစ္ခုလုံးက လက္ထဲကကိရိယာအေပၚတြင္သာ႐ွိေနၿပီး တစ္လွမ္းခ်င္းတစ္လွမ္းခ်င္း ေကာ္ရစ္ဒါ၏ ေမွာင္မိုက္ေနသည့္အစြန္းပိုင္းနားသို႔ ေလွ်ာက္လွမ္းသြားေတာ့သည္။
႐ုတ္တရက္ ခ်န္းစဲ့က်ီ သြားေနရင္းမွ ႐ုတ္ကနဲရပ္တန္႔လိုက္၏။
သူေခါင္းေမာ့ၾကည့္လိုက္သည့္အခါ မေမွ်ာ္လင့္ဘဲ သူ႕ကိုယ္သူ ဓာတ္ေလွကားအေ႐ွ႕တြင္ ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။
မဟုတ္ေသး၊..... ဓာတ္ေလွကား၏ဆန္႔က်င္ဘက္တြင္ လမ္းေလွ်ာက္ေနသည္ကို သူ႐ွင္း႐ွင္းလင္းလင္း မွတ္မိသည္၊ ဘယ္လိုလုပ္ သူ.....?
ေကာ္ရစ္ဒါက ေသေလာက္ေအာင္ တိတ္ဆိတ္ေနသည္။
အေဆာက္အဦးအျပင္ဘက္မွ တလက္လက္ထေနသည့္ေနေရာင္က မႈန္ဝါးညစ္ပတ္ေနသည့္ ျပတင္းမွန္မ်ားကို ထိုးမေဖာက္ႏိုင္သည့္ပုံပင္။ ထိုက်ဥ္းေျမာင္းကာ ေမွာင္မဲေနသည့္ေနရာကို အေပၚဘက္မွ တဖ်တ္ဖ်တ္ျဖစ္ေနသည့္ မီးလုံးေလးတစ္လုံးကသာ အဓိကအလင္းေပးေန၏။ အစက္အေျပာက္ အစြန္းအထင္းမ်ားႏွင့္နံရံမ်ားက တဖ်တ္ဖ်တ္ျဖစ္ေနသည့္ မီးေရာင္မွိန္မွိန္ေအာက္တြင္ ေပၚလာလိုက္ ေပ်ာက္သြားလိုက္။
ခ်န္းစဲ့က်ီ မတတ္သာဘဲ ၾကက္သီးျဖန္းျဖန္းထလာသည္။
ခဏေနပါဦး၊ ဘာလို႔ တအားေအးေနရတာလဲ?
ေအာက္ထပ္က ပူေလာင္အိုက္စပ္ေနသည့္ ရာသီဥတုႀကီးက လြန္ခဲ့သည့္ႏွစ္ရာစုတစ္ခုေလာက္တုန္းက ျဖစ္ပ်က္ခဲ့သလိုပင္။
ေလလုံးဝတိုက္မေနသည္မွာ ေသခ်ာေသာ္လည္း အလြန္တရာေအးသည့္ ေအးစက္မႈမ်ားက သူ႕အေရျပားကို ထိုးေဖာက္ဝင္ေရာက္လာၿပီး အလြန္လ်င္ျမန္စြာပင္ အ႐ိုးထဲထိတိုင္ ေအးစိမ့္လာခဲ့သည္။ သူ၏ေက်ာ႐ိုးနက္နက္ထဲထိ ေအးစက္မႈမ်ား ျမင့္တက္လာခဲ့ျခင္းက သူ႕ကိုအထိတ္တလန္႔ျဖစ္လာေစသည္။
ထို႔အျပင္ သိပ္ကိုတိတ္ဆိတ္လြန္းေနသည္။
ခ်န္းစဲ့က်ီ ေၾကာက္႐ြံ႕စြာျဖင့္ အေနာက္ကိုလွည့္ၾကည့္လိုက္သည့္အခါတြင္ေတာ့ အခန္း(၄၀၄)၏တံခါးက ပိတ္ေနၿပီး သူႏွင့္အတူဝင္လာသည့္ ႏွစ္ေယာက္ကိုလည္း မေတြ႕ရေတာ့ေပ။
႐ုတ္တရက္ အသိေပးျခင္းမ႐ွိဘဲ သူ႕လက္ထဲမွ႐ွာေဖြစက္က တတီတီႏွင့္ အဆက္မျပတ္ ေအာ္ျမည္လာသည္။
စူး႐ွသည့္အသံက ေအးစက္ကာ ဘာမွ႐ွိမေနသည့္ ေကာ္ရစ္ဒါတေလွ်ာက္ ပဲ့တင္ထပ္သြား၏။ ခ်န္းစဲ့က်ီ အလြန္အမင္း ေၾကာက္႐ြံ႕သြားခဲ့သည္။ မသိစိတ္၏ေစခိုင္းခ်က္အရ သူ႕လက္ထဲမွ႐ွာေဖြစက္ကို ငုံ႔ၾကည့္လိုက္သည့္အခါတြင္ေတာ့ screenေပၚက လိႈင္းတိုေလးက အေတာ္ေလးျမင့္တက္ေနတာ ေတြ႕လိုက္ရသည္။ လိုင္းေလးက အဆုံးစြန္ထိ လႈပ္ရမ္းေနသည္၊ သူ႕ကို စိုးရိမ္တႀကီး သတိေပးေနသလိုပင္။
ေနာက္တစ္စကၠန္႔မွာေတာ့ ႐ုတ္တရက္ သူ႕ေနာက္ကေန အသံတစ္ခုထြက္ေပၚလာသည္။
'ဒင္'
ဘယ္သူမွ ခလုတ္ကိုမႏွိပ္လိုက္ပါဘဲႏွင့္ ဓာတ္ေလွကားတံခါးက သူ႕အလိုလို တျဖည္းျဖည္းခ်င္း တိတ္တဆိတ္ ပြင့္လာ၏။
မေရတြက္ႏိုင္သည့္ အနက္ေရာင္လက္ေသးေသးေလးေတြက ဓာတ္ေလွကားထဲကေန ဆန္႔ထြက္လာၾကသည္။ လက္တစ္ခုခ်င္းစီတိုင္းက ေရခဲလိုေအးစက္ေန၏။ သူတို႔က ခ်န္းစဲ့က်ီ၏ ေပၚေနသည့္အေရျပားေပၚသို႔ တင္းတင္းၾကပ္ၾကပ္ ဖိကပ္လာၾကၿပီး သူ႕ခႏၶာကိုယ္၏အပူခ်ိန္ကို စုပ္ယူသြားၾကသည္။
ဟီးးးဟီးးး
တစ္ခုၿပီးတစ္ခု သူ႕ခႏၶာကိုယ္ေပၚကို ရစ္သိုင္းလာၾကသည္။
ခ်န္းစဲ့က်ီ၏သြားမ်ားက တဂတ္ဂတ္႐ိုက္ေန၏။ သူ႐ွဴထုတ္လိုက္သည့္ေလမ်ားက ေလထဲတြင္ အျဖဴေရာင္ျမဴခိုးသဖြယ္ စုစည္းသြားၿပီး သူ႕ႏွာေခါင္းထိပ္ဖ်ားကို စိုစြတ္သြားေစသည္။
သူ႕မ်က္လုံးမ်ားက ေၾကာက္႐ြံ႕မႈေၾကာင့္ ျပဴးက်ယ္လာခဲ့ေပမဲ့ ေၾကာက္လန္႔တၾကား ေအာ္ဟစ္သံမ်ားကေတာ့ ေရခဲတုံးတစ္တုံးကဲ့သို႔ပင္ သူ႕လည္ေခ်ာင္းထဲတြင္ တစ္ဆို႔ေနခဲ့သည္။ သူလုပ္ႏိုင္သမွ်က တပြက္ပြက္ျမည္ေနသည့္ လည္ေခ်ာင္းသံမ်ားပင္။
အဲဒီေနာက္မွာေတာ့ ႐ုတ္ခ်ည္း ခ်န္းစဲ့က်ီ သူ႕နားနားတြင္ ကပ္ၿပီးေျပာေနသည့္ အသံေသးေသးေလးမ်ားကို ၾကားလိုက္ရသည္။ ပုန္းလွ်ိဳးကြယ္လွ်ိဳး အႏၲရာယ္ျပဳခ်င္ေနသည့္ ယုတ္မာသည့္ဆႏၵမ်ားကို သယ္ေဆာင္ထားၿပီး တိုးညင္းသည့္ေလသံျဖင့္ ၎ကတီးတိုးေျပာလာ၏။
"ဆာတယ္၊ အရမ္းဆာတယ္.... ဟီးးးဟီးးး"
သူ႕ေ႐ွ႕တြင္ျဖစ္ပ်က္ေနသည့္ျမင္ကြင္းက ႐ုန္းထြက္မရႏိုင္သည့္ အိပ္မက္ဆိုးတစ္ခုလိုပင္။
အလြန္အမင္း ထိတ္လန္႔ေနမႈေၾကာင့္ ခ်န္းစဲ့က်ီ မ်က္လုံးမ်ားလည္ထြက္ကာ ေမ့လဲသြားေတာ့သည္။
ပိုမ်ားျပားသည့္ အနက္ေရာင္လက္မ်ားက ဓာတ္ေလွကားထဲကေန ထပ္ထြက္လာၿပီး ခ်န္းစဲ့က်ီကို အတူတကြ အေမွာင္ထုဆီ ေခၚေဆာင္သြားၾကသည္။ ထိုအခိုက္တြင္ ပ်င္းရိပ်င္းတြဲအသံတစ္ခုက အေဝးတစ္ေနရာမွ ထြက္ေပၚလာၿပီး ႐ုတ္တရက္ တိတ္ဆိတ္ေနမႈကို ၿဖိဳခြင္းလိုက္သည္။
"ေဟးး"
ေဖာက္ထြင္းျမင္ႏိုင္လုနီးပါး အလြန္အမင္းျဖဴေဖ်ာ့ေနသည့္ အသားအေရႏွင့္လူငယ္ေလးက မ်က္ေတာင္မ်ားကို ေအာက္စိုက္ထားၿပီး သူ၏ခပ္ေဖ်ာ့ေဖ်ာ့မ်က္လုံးမ်ားကို တစ္စိတ္တစ္ပိုင္း ဖုံးကာထား၏။ သူက သိပ္မေဝးလွသည့္ ေကာ္ရစ္ဒါ၏ဝင္ေပါက္တြင္ မတ္တပ္ရပ္ေနၿပီး အလ်င္မလိုသည့္ပုံျဖင့္ ေျပာလိုက္သည္။
"သူက ငါ့လုပ္ေဖာ္ကိုင္ဖက္၊ မင္းအဲဒီလို လုပ္လို႔မရဘူး"
"ေမႊးတယ္၊ ေမႊးတယ္....."
အနက္ေရာင္လက္ေသးေသးေလးမ်ားက တြန္႔လိမ္တြန္႔လိမ္ႏွင့္ ဝိုင္းပတ္သြားေနၿပီး တတြတ္တြတ္ေရ႐ြတ္ေနသည္။
"သူ႕အနံ႔ကအရမ္းေမႊးတယ္"
"ငါသူ႕ကို ေနာက္ဆုံးမွစားဖို႔ လုပ္ထားတာ"
"ဒါေပမဲ့ သူေတြ႕သြားၿပီ"
"ငါသူ႕ကို အခုစားလိုက္သင့္တယ္!"
ေနာက္တစ္စကၠန္႔တြင္ မေရတြက္ႏိုင္သည့္ အနက္ေရာင္လက္မ်ားက ဓာတ္ေလွကားထဲမွ ထပ္ထြက္လာၿပီး ၾကမ္းျပင္ႏွင့္နံရံမ်ားမွတဆင့္ သိပ္မေဝးသည့္ေနရာတြင္ ရပ္ေနသည့္လူငယ္ေလးထံသို႔ ဦးတည္သြားေနၾကသည္။
"အရမ္းဆာတယ္၊ အရမ္းဆာတယ္၊ အရမ္းဆာတယ္!"
အသံက ပိုမိုစူး႐ွကာ ၾကမ္းတမ္းလာသည္။ လက္သည္းမ်ားျဖင့္ မွန္ကိုကုတ္ျခစ္ေနသလိုပင္။
"စားခ်င္တယ္၊ စားခ်င္တယ္၊ စားခ်င္တယ္..."
မေမွ်ာ္လင့္ဘဲ လူငယ္ေလးက ထြက္ေျပးတိမ္းေ႐ွာင္တာမ်ိဳး မလုပ္ခဲ့ေပ။
အနက္ေရာင္လက္မ်ားက သူ၏ပိန္ပါးၿပီးျဖဴေဖ်ာ့ေနသည့္ လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လိုက္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ စတင္စားေသာက္ေတာ့သည္__
သိပ္မၾကာခင္မွာပင္ အနက္ေရာင္လက္မ်ားက စူးစူးဝါးဝါး ေအာ္ဟစ္လာသည္။
"မဟုတ္ဘူး၊ မဟုတ္ဘူး၊ ဒါဘာႀကီးလဲ?! ဒါဘာႀကီးလဲ?! "
အသက္႐ွင္ေနသည့္လူတြင္ ဝိဉာဥ္စြမ္းအား႐ွိၿပီး ေသၿပီးသူမ်ားတြင္ ယင္စြမ္းအင္႐ွိ၏။
ယင္စြမ္းအင္ သိပ္သည္းသြားသည္ႏွင့္တၿပိဳင္နက္ နာၾကည္းမႈမ်ားက စုပုံလာၿပီး ၎က ရက္စက္ၾကမ္းၾကဳတ္သည့္ တေစၧသရဲတစ္ေကာင္ျဖစ္သြားသည္။
___ဒီအသက္႐ွင္ေနသည့္ လူငယ္ေလး၏ခႏၶာကိုယ္ထဲတြင္ေတာ့ နက္ေမွာင္ေအးစက္သည့္ တေစၧစြမ္းအားမ်ား ကိန္းဝပ္ေန၏။
ေစးကပ္ၿပီးမဲေမွာင္သည္၊ ေအးစက္ကာ မေကာင္းဆိုးဝါးဆန္သည္။
သူက တည္တည္ၿငိမ္ၿငိမ္ပင္ မ်က္လုံးကိုေမွးစင္းလိုက္သည္။ မ်က္ႏွာေပၚတြင္ တျခားမည္သည့္အမူအရာမွ ႐ွိမေနေခ်။ သူ႕ျဖစ္တည္မႈတစ္ခုလုံးက ဒီကမ႓ာ၏အေဝးတစ္ေနရာတြင္ မတ္တပ္ရပ္ေနသည့္ အရာခပ္သိမ္းကိုသိ႐ွိႏိုင္သည့္ ပုဂၢိဳလ္တစ္ေယာက္ကဲ့သို႔ပင္ သူ႕ေ႐ွ႕ကသရဲအား အေပၚစီးမွငုံ႔ၾကည့္ေနခဲ့သည္။
သူ၏လူသားခႏၶာကိုယ္မွ လႊမ္းမိုးႏိုင္စြမ္းႀကီးမားလွသည့္ စြမ္းအင္တစ္မ်ိဳး ထြက္ေပၚလာၿပီး သူ၏ခြၽန္ထက္ၿပီး ေၾကာက္စရာေကာင္းလွသည့္ လက္သည္းမ်ားကို တိတ္တဆိတ္လွစ္ဟျပလာသည္။၊
***********
T/N: ကိုယ္က supernatural fanမို႔လို႔လားေတာ့မသိ၊ ႐ွာေဖြစက္ဆိုတာနဲ႔ EMFအသံေလးကိုပဲ နားထဲမွာ တတီတီနဲ႔ၾကားေနတယ္၊ ဟိဟိ
အပိုင္းတစ္ကို တင္ၿပီးၿပီဆိုေတာ့ ေဝဖန္ေပးၾကပါဦး၊ အေရးအသားလိုအပ္တဲ့ေနရာ႐ွိရင္ ျပဳျပင္ေျပာင္းလဲႏိုင္ေအာင္လို႔။
ဟု ဒါပါပဲ၊ က်ိဳင္းဇူး။
************
ေႏြလယ္ေန႔တစ္ေန႔၏ မြန္းတည့္ခ်ိန္၌ လမ္းမမ်ားထက္တြင္ မည္သူမွ်မ႐ွိသေလာက္ပင္။
လမ္းေထာင့္တြင္ဖြင့္ထားသည့္ milk teaဆိုင္တစ္ဆိုင္၌ အမ်ိဳးသမီးဝန္ထမ္းတစ္ဦးက ဆိုင္ေ႐ွ႕ျပတင္းနားက ေကာင္တာတြင္ထိုင္ကာ အိပ္ငိုက္ေန၏။
"ပုလဲမစ္တီးတစ္ခြက္၊ ေက်းဇူး"
"အာ!" ထိုစကားမ်ားကို ၾကားသည့္အခါ အပ္ငိုက္ေနသည့္ အမ်ိဳးသမီးက ေခါင္းကိုအျမန္ေမာ့လိုက္ၿပီး အက်င့္ပါေနသည့္အတိုင္း ေျပာလိုက္သည္။ "ကိစၥမ႐ွိပါဘူး၊ ဘာမ်ား....."
သူမ၏ ေျပာလက္စစကားမ်ား ရပ္တန္႔ကုန္၏။
ေနက မီးကြၽမ္းေနသကဲ့သို႔ ပူေလာင္လ်က္႐ွိၿပီး ေလကလည္း နည္းနည္းေလးေတာင္ တိုက္မေနခဲ့။ ေျမျပင္က အပူ႐ွိန္ေၾကာင့္ပင္ တ႐ွဲ႐ွဲျမည္ေနသေယာင္ ထင္ရေစသည္။
လူငယ္ေလးက ေနပူပူထဲတြင္ မည္သည့္အမိုးအကာမွ်မပါဘဲ ရပ္ေနခဲ့သည္၊ ေႏြေန၏အပူ႐ွိန္ကို လုံးဝမခံစားမိသလိုပင္။ သူက မ်က္လုံးကိုအနည္းငယ္ေစာင္းကာ ျပတင္းေပါက္မွတဆင့္ လွမ္းၾကည့္လိုက္သည္။
သူ႕အသားအေရက အလြန္ျဖဴေဖ်ာ့ေနၿပီး ပိန္ပါးပါးကိုယ္ထည္ကို ပိုင္ဆိုင္ထား၏။ သူ႕မ်က္လုံးမ်ားႏွင့္ ဆံပင္အေရာင္က အေရာင္ေဖ်ာ့သည့္ဘက္ကိုသြားၿပီး ေနေရာင္ေအာက္တြင္ ပယင္းေရာင္ထေနသည္။ သူ၏ အလြန္အမင္းျဖဴေဖြးေနသည့္ အသားအေရက ေနေရာင္ႏွင့္ထိေတြ႕ဖူးသည့္ အရိပ္အေယာင္မ႐ွိသည့္အျပင္ သူ႕နဖူးႏွင့္ႏွာေခါင္းထိပ္တြင္လည္း ေခြၽးတစ္စက္မွ႐ွိမေနေခ်။
တစ္ဖက္လူဘက္မွ မည္သည့္စကားမွ ျပန္မေျပာသည္ကို ျမင္သည့္အခါ ယဲ့က်ား ယဥ္ယဥ္ေက်းေက်းပင္ ေခ်ာင္းဟန္႔လိုက္သည္။
"ဒီမွာခင္ဗ်?"
အမ်ိဳးသမီးဝန္ထမ္းက ျမန္ျမန္ဆန္ဆန္ပင္ သတိျပန္ဝင္လာၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။
"အို..အိုး! ကြၽန္မလုပ္ေပးပါ့မယ္!"
သူမကေနာက္လွည့္ကာ တစ္ဖက္မွာ႐ွိသည့္ စကၠဴခြက္ေလးကို လွမ္းယူၿပီး ေမးလိုက္သည္။
"ပုံမွန္အပူပဲလား၊ အေအးလား?"
"အပူပဲေပးပါ"
ယဲ့က်ား ပိုက္ဆံႏွစ္႐ြက္ကိုထုတ္ကာ ေကာင္တာေပၚတင္ေပးလိုက္သည္။
__ဒီေလာက္ပူေနတဲ့အခ်ိန္မွာ မစ္တီအပူေသာက္တယ္လား?
ၿပီးေတာ့ ဒီလိုေခတ္ႀကီးမွာ ဖုန္းနဲ႔ပိုက္ဆံမ႐ွင္းတဲ့ လူငယ္ေတြ ႐ွိေနေသးတယ္ေပါ့?
အမ်ိဳးသမီးဝန္ထမ္းက စိတ္ထဲတြင္တီးတိုးေရ႐ြတ္ေနရင္းက တစ္ဖက္လွည့္ကာ စတင္ေဖ်ာ္ေတာ့သည္။
ငါးမိနစ္ၾကာၿပီးေနာက္__
ယဲ့က်ား မစ္တီးအပူခြက္ေလးကိုကိုင္ကာ အနီးနားတြင္႐ွိသည့္ အထပ္ျမင့္အေဆာက္အဦးဆီသို႔ အလ်င္မလိုသည့္ပုံျဖင့္ ေလွ်ာက္လွမ္းသြားလိုက္သည္။
အေဆာက္အဦး၏အရိပ္ေအာက္တြင္ လူႏွစ္ေယာက္ မတ္တပ္ရပ္ေနၾကသည္။ သူတို႔ေခါင္းမ်ားက ေအာက္ကိုငိုက္စိုက္က်ေနကာ တစ္စုံတစ္ရာ ေဆြးေႏြးေနၾကပုံေပၚသည္။
ေက်ာက္တုန္း ေခါင္းကိုေမာ့ကာ တစ္ဖက္တြင္ရပ္ေနသည့္ ယဲ့က်ားကိုၾကည့္လိုက္သည္။ သူ႕အၾကည့္မ်ားက ယဲ့က်ားလက္ထဲ႐ွိ မစ္တီးခြက္ဆီေရာက္သြားၿပီးေနာက္ ရယ္ကာေမာကာျဖင့္ စေနာက္လိုက္သည္။
"ဒီဘာမဟုတ္တဲ့ ခ်ိဳခ်ိဳရဲရဲေတြကို မၿငီးေငြ႕ေသးဘူးလား?"
"ခင္ဗ်ားနားမလည္ပါဘူး"
ယဲ့က်ား ပုခုံးကိုတြန္႔ကာျဖင့္ ပါးနပ္စြာျပန္ေျဖလိုက္သည္။
"ဒါကို မစ္တီးဆိုင္တစ္ဆိုင္ရဲ႕ စီးပြားေရးပုံစံကို ႀကိဳတင္ေလ့လာတာလို႔ေခၚတယ္"
သူတို႔ေဘးတြင္ရပ္ေနသည့္ ခ်န္းစဲ့က်ီက ဒီစကားကိုၾကားသည့္အခါ သူ႕ေခါင္းကိုေမာ့ၿပီး သူတို႔ႏွစ္ေယာက္ကို ဗလာသက္သက္ၾကည့္ကာ.....
"....ဘာ?"
ေက်ာက္တုန္းက ရယ္လိုက္ၿပီး...
"မင္းေတာ့သိမွာမဟုတ္ဘူး၊ ဒီက ငါ့တို႔ရဲ႕ယဲ့သခင္ေလးက သူအနားယူၿပီးတဲ့အခ်ိန္က်ရင္ မစ္တီးဆိုင္ဖြင့္ဖို႔ စိတ္ကူးေနတာေလ၊ သူ႕ရဲ႕အနာဂတ္အတြက္ေတာင္ အစီအစဥ္ခ်ၿပီးေနၿပီ"
ခ်န္းစဲ့က်ီ - "......."
ေနပါဦး၊ သူ႕ၾကည့္ရတာ အမ်ားဆုံးမွ ႏွစ္ဆယ္ဝန္းက်င္ေလာက္ပဲ ႐ွိဦးမယ့္ပုံပါ။
သူမေအာင့္ႏိုင္ေတာ့တာေၾကာင့္ ထုတ္ေမးလိုက္ေတာ့သည္။
"ဒါေပမဲ့ အဲဒါက အနည္းဆုံး ႏွစ္ေလးဆယ္ေလာက္ၾကာၿပီးမွမဟုတ္လား?"
ယဲ့က်ား အမူအရာတစ္ခ်က္မေျပာင္းဘဲ ျပန္ေျဖလိုက္သည္။
"အစိုးရက လူပ်င္းေတြကို ေထာက္ပံ့မေပးဘူးေလ၊ ဝန္ထမ္းေတြကို ထုတ္ပယ္တဲ့အခ်ိန္ေရာက္ရင္ ကြၽန္ေတာ္ပဲ အရင္ဆုံး အလုပ္ထုတ္ခံရမယ့္သူျဖစ္မွာ"
သူက မစ္တီးေနာက္တစ္ငုံကို ျဖည္းျဖည္းခ်င္း စုပ္ေသာက္လိုက္ၿပီး...
"ကြၽန္ေတာ့္အတြက္ေတာ့ ဒါကို ႀကိဳတင္စီစဥ္တာလို႔ ေခၚတယ္"
ေက်ာက္တုန္း - "......."
ခ်န္းစဲ့က်ီ _ "........."
ဘာလို႔ဒီလူက သူပဲသိပ္မွန္ကန္ေနတဲ့ပုံနဲ႔ အလုပ္ထုတ္ခံရဖို႔ ေစာင့္ဆိုင္းေနတဲ့အေၾကာင္း ေျပာေနရတာလဲ?
ယဲ့က်ား ေခါင္းစဥ္ျပန္ေျပာင္းလိုက္သည္။
"တိုင္းတာမႈေတြ အေျခအေန ဘယ္လို႐ွိလဲ?"
"သိပ္မေကာင္းဘူး"
ခ်န္းစဲ့က်ီက ေခါင္းငုံ႔ကာ သူ႕လက္ထဲတြင္႐ွိသည့္ ႐ွာေဖြစက္ႏွင့္တူသည့္ အနက္ေရာင္ကိရိယာေလးကို ၾကည့္လိုက္သည္။ သူက မ်က္ေမွာင္က်ံဳ႕လိုက္ၿပီး.....
"ဒီမွာ အသုံးဝင္တဲ့အခ်က္အလက္ မ႐ွိသေလာက္ပဲ"
ေက်ာက္တုန္း မ်က္ေမွာင္က်ံဳ႕သြားသည္။
"လိႈင္းေတြကနိမ့္လြန္းတယ္၊ ငါတို႔အထဲဝင္ရမယ့္ပုံပဲ"
ယဲ့က်ား၏အၾကည့္မ်ားက ေအာက္ကိုနည္းနည္းနိမ့္ဆင္းသြားကာ ကိရိယာေပၚက ဖတ္မိသည့္လိႈင္းမ်ားအေပၚ ခြဲျခမ္းစိတ္ျဖာေနသည့္ သူ႕ေ႐ွ႕ကလူႏွစ္ေယာက္ကို ၾကည့္လိုက္ၿပီး မစ္တီးေနာက္တစ္ငုံကို စုပ္ေသာက္လိုက္သည္။
လတ္ဆက္ကာ အီအီေလးျဖစ္ေနသည့္ ႏို႔အရသာေလးႏွင့္ လန္းဆန္းေစသည့္ လက္ဖက္နံ႔ေလးက လွပစြာ အတူတကြ ေရာေႏွာေပါင္းစပ္ေနေလသည္။ နည္းနည္းပူေနေပမဲ့ ျပႆနာႀကီးေတာ့လည္း မဟုတ္ေပ။
သူေျပာခဲ့သည့္အတိုင္းပင္၊ ယဲ့က်ား သဘာဝလြန္ျဖစ္ရပ္ စုံစမ္းစစ္ေဆးေရးႏွင့္ စီမံခန္႔ခြဲမႈဗ်ဴ႐ိုတြင္ အလုပ္လုပ္ေနခဲ့သည္မွာ ႏွစ္ႏွစ္႐ွိခဲ့ၿပီျဖစ္၏။
သဘာဝလြန္ျဖစ္ရပ္ စုံစမ္းစစ္ေဆးေရးႏွင့္ စီမံခန္႔ခြဲမႈဗ်ဴ႐ိုက သူ၏နာမည္အတိုင္းပင္ သဘာဝလြန္ျဖစ္ရပ္မ်ားကို အဓိကထား စုံစမ္းစစ္ေဆးရသည့္ အစိုးရလက္ေအာက္ခံ လွ်ိဳ႕ဝွက္ဌာနတစ္ခုျဖစ္သည္။
ဒီဌာနက မ်ားေသာအားျဖင့္ ရံဖန္ရံခါထူးဆန္းသည့္အသံမ်ားႏွင့္ ပုံသ႑ာန္မ်ားကို ျပဳလုပ္တတ္သည့္ ေလ့လြင့္ဝိဉာဥ္မ်ားကို ကိုင္တြယ္ေျဖ႐ွင္းရသည္။ စြမ္းအားျပည့္တေစၧမ်ားႏွင့္ မေကာင္းဆိုးဝါးဝိဉာဥ္မ်ားက တစ္ခါတရံမွသာ ေပၚလာတတ္ၿပီး သူတို႔ႏွင့္ ပက္ပင္းတိုးႏိုင္သည့္ အခြင့္အေရးမွာလည္း ထီေပါက္ႏိုင္သည့္ အခြင့္အေရးႏွင့္ပင္ ႏိႈင္းယွဥ္၍ရသည္။
ဗ်ဴ႐ို၏တာဝန္က ဒီလိုသဘာဝလြန္ျဖစ္ရပ္မ်ားကို ျပည္သူလူထုမသိခင္ေျဖ႐ွင္းၿပီး သူတို႔ ေန႔စဥ္သြားလာေနသည့္ေနရာတြင္ ဤကဲ့သို႔ေသာ အေမွာင္ကမ႓ာႀကီး တည္႐ွိေနသည့္အေၾကာင္း သာမန္လူသားမ်ား ႐ွာေတြ႕သြားျခင္းမွ ကာကြယ္ဖို႔ရန္အတြက္ သိပၸံနည္းက်က် ျပန္႐ွင္းျပေပးဖို႔ပင္ျဖစ္သည္။ ေကာင္းေကာင္းဖုံးဖိထားျခင္းက အရပ္သားမ်ားကို ကာကြယ္ဖို႔အတြက္ဆိုေပမဲ့ ယဲ့က်ားကေတာ့ ထိုအရာႏွင့္ပတ္သက္ၿပီး သံသယမ်ား႐ွိသည္။
အရည္အခ်င္း႐ွိသည့္သူမ်ား ႐ွိေနေသာ္လည္း အေျခခံအားျဖင့္ေျပာရလွ်င္ ထိုလူမ်ားအားလုံးမွာ ဌာနခ်ဳပ္တြင္သာ အလုပ္လုပ္ကိုင္ၾက၏။
ယဲ့က်ားလုပ္ေနသည့္ ေထာက္ပံ့ပို႔ေဆာင္ေရးဌာနတြင္ေတာ့ စာ႐ြက္စာတမ္းကိစၥမ်ားအပါအဝင္ အမ်ိဳးမ်ိဳးေသာတာဝန္ရပ္မ်ားကို လုပ္ေဆာင္ရန္ သာမာန္လူမ်ားျဖင့္သာ ျပည့္ႏွက္ေနသည္။ တခါတေလ အျပင္ကိုထြက္ကာ တစ္ခါႏွစ္ခါမွ် ကြင္းဆင္းဂ်ဴတီက်တတ္ေသာ္လည္း အခင္းျဖစ္သည့္ေနရာကို သန္႔႐ွင္းေရးလုပ္ရတာမ်ိဳး၊ ေဒတာမ်ားစုေဆာင္းရသည့္ တာဝန္မ်ိဳးသာ လုပ္ကိုင္ရတတ္သည္။
___အတိုခ်ံဳးေျပာရလွ်င္ေတာ့ သူတို႔အားလုံးက ကြၽန္အဖြဲ႕သားမ်ားပင္ျဖစ္၏။
"ဒီေလာက္ပူတဲ့ေန႔မွာ ကြင္းဆင္းတာဝန္က်တာ ငါတို႔အေတာ္ကံမေကာင္းတာပဲ"
ေက်ာက္တုန္း သူ႕နဖူးကေခြၽးမ်ားကို သုတ္လိုက္ကာ အားမ႐ွိသည့္အသံျဖင့္....
"အထဲမွာေတာ့ ေလေအးေပးစက္႐ွိဖို႔ ေမွ်ာ္လင့္တယ္"
သူက ေဘးတြင္ရပ္ေနသည့္ ယဲ့က်ားဘက္သို႔လွည့္ၾကည့္ကာ မနာလိုစြာျဖင့္ သက္ျပင္းခ်လိုက္သည္။
"ငါသာမင္းလို အပူမေၾကာက္တတ္ရင္...."
ယဲ့က်ား ထိုသူ႕ကို အဖတ္လုပ္ၿပီး ျပန္ေျဖမေနေတာ့။
သူေနာက္တစ္ႀကိမ္ သမ္းေဝလိုက္ၿပီး မစ္တီးကိုအကုန္ေသာက္လိုက္ကာ ခြက္ကိုအနီးနားတြင္႐ွိသည့္ အမိႈက္ပုံးထဲသို႔ ပစ္ထည့္လိုက္သည္။
"သြားၿပီး အၿပီးသတ္လိုက္ရေအာင္"
စကၠဴခြက္က ဘာမွမ႐ွိသည့္ အမိႈက္ပုံးေအာက္ေျခကိုထိၿပီး အသံျမည္သြားသည္။
ေနေရာင္ေအာက္က မီးကြၽမ္းသလိုပူေလာင္ေနသည့္ ေလႏွင့္အတူ အထပ္ျမင့္အေဆာက္အဦးေဘး႐ွိ လွ်ပ္စစ္ပစၥည္းဆိုင္တြင္ဖြင့္ထားသည့္ TVမွသတင္းအေၾကာင္းအရာမ်ားကို မသဲမကြဲ ျပတ္ေတာင္းျပတ္ေတာင္း ၾကားေနရသည္။ ေသခ်ာဂ႐ုတစိုက္ နားမေထာင္ဘူးဆိုလွ်င္ သတင္းေၾကညာသူ ဘာေျပာေနသည္ကို လုံးဝမသိႏိုင္လုနီးပါးပင္။
".....မၾကာေသးခင္အခ်ိန္က ....ၿမိဳ႕ထဲမွာ ဆန္းၾကယ္တဲ့ လူေပ်ာက္ဆုံးမႈေတြ ျဖစ္ပြားခဲ့.... ရဲေတြဘက္ကလည္း အတတ္ႏို္ငဆုံး စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၾက........."
ပစၥည္းကိရိယာမ်ားထည့္ထားသည့္ ေသတၱာတစ္လုံးကိုသယ္ကာ သူတို႔သုံးေယာက္ အေဆာက္အဦးတြင္းသို႔ ဝင္လိုက္ၾကသည္။
အေဆာက္အဦးအတြင္းပိုင္းက ေမွာင္မဲအုံ႔မိႈင္းေနသည္။
အျပင္ဘက္႐ွိ မီးေရာင္လိုတလက္လက္ထေနသည့္ အလင္းေရာင္ႏွင့္ယွဥ္လွ်င္ အေဆာက္အဦးအတြင္းပိုင္းက အမ်ားႀကီးပိုေမွာင္မဲေနသည္။ သို႔ေပမဲ့ ပူေလာင္အိုက္စပ္ေနမႈႀကီးကေတာ့ အတြင္းေရာအျပင္ေရာ အတူတူပင္။
အေဆာက္အဦးေဟာင္းႀကီးတစ္ခု၏ လကၡဏာရပ္မ်ားအရ ေလထုႀကီးက စိုထိုင္းထိုင္း ေအာက္သိုးသိုးအနံ႔မ်ားျဖင့္ ျပည့္ႏွက္ေနသည္။ သူတို႔မွာ အသက္ကိုေတာင္ ခက္ခက္ခဲခဲ ႐ွဴေနရသည္။
ေက်ာက္တုန္း သူ႕မ်က္ႏွာကို ပြတ္သုတ္လိုက္ၿပီးေနာက္ စိတ္ဆိုးမာန္ဆိုးျဖင့္ က်ိန္ဆဲေတာ့သည္။
ေလေအးေပးစက္လည္း မ႐ွိဘူး။
ခ်န္းစဲ့က်ီက သူ႕လက္ထဲတြင္႐ွိသည့္ ႐ွာေဖြစက္ေပၚတြင္သာ အာ႐ုံစိုက္ထားသည္၊ __ထိုပစၥည္းက ဗ်ဴ႐ိုကေထာက္ပံ့ေပးထားသည့္ ပစၥည္းျဖစ္ၿပိး သဘာဝလြန္စြမ္းအားမ်ားကို ႐ွာေဖြစုေဆာင္းသည့္ေနရာတြင္ သုံးသည္။ သို႔ေပမဲ့ အခုအခ်ိန္မွာေတာ့ မ်က္ႏွာျပင္ေပၚတြင္ျပေနသည့္ လိႈင္းတိုေလးက လႈပ္႐ွားမႈမ႐ွိဘဲ ၿငိမ္သက္ေနသည္။ သူတို႔အျပင္ဘက္မွာ စမ္းခဲ့တုန္းကလိုပင္ နည္းနည္းမွ် ေျပာင္းလဲမႈမ႐ွိေခ်။
သူေခါင္းကိုခါရမ္းကာ ႐ွာေနတာကို လက္ေလွ်ာ့လိုက္သည္။
"သြားရေအာင္၊ အေပၚထပ္ကို"
ဒီေနရာက ဓာတ္ေလွကားက သိသိသာသာကို အိုးေဟာင္းလြန္းေနသည္။ သံေခ်းရာမ်ားႏွင့္ အစြန္းအထင္းမ်ားက ဓာတ္ေလွကားထဲကနံရံမ်ားေပၚတြင္ အျပည့္ျဖစ္ေနသည့္အျပင္ ေၾကာ္ညာစာ႐ြက္ေသးေသးေလးမ်ားကိုလည္း အထပ္ထပ္ ကပ္ထားေသးသည္။ ဓာတ္ေလွကားက လႈပ္ခါသြားၿပီးေနာက္ ျဖည္းျဖည္းခ်င္း ျမင့္တက္သြားသည္။ ဓာတ္ေလွကားကိုဆြဲထားသည့္ စတီးႀကိဳးဆီမွလည္း ေၾကာက္စရာေကာင္းေလာက္ေအာင္ က်ယ္ေလာင္သည့္ တကြၽီကြၽီျမည္သံမ်ား ထြက္ေပၚေနသည္။ အခ်ိန္မေ႐ြး ျပဳတ္ထြက္သြားေတာ့မလိုပင္။
အလႊာနံပါတ္မ်ား တစ္ခုၿပီးတစ္ခု ျမင့္တက္လာေနသည္ကိုၾကည့္ၿပီး ယဲ့က်ား ေမးလိုက္သည္။
"ဒီတစ္ေခါက္ ဘယ္ဆိုက္ထဲကို သြားရမွာလဲ?"
ခ်န္းစဲ့က်ီ အံ့ဩသြား၏။
"မျဖစ္ႏိုင္တာ၊ အစ္ကိုယဲ့ ဒီကိုမလာခင္က မစ္႐ွင္အေၾကာင္း မဖတ္ခဲ့ဘူးလား?"
ယဲ့က်ား ျဖည္းျဖည္းေအးေအး ျပန္ေျဖလိုက္သည္။
"႐ွည္လြန္းတယ္"
ခ်န္းစဲ့က်ီ - "........."
သူ႕လုပ္ေဖာ္ကိုင္ဖက္၏ မသမာသည့္ အလုပ္က်င့္ဝတ္မ်ားကို သူအခု ေကာင္းေကာင္းနားလည္ေနၿပီျဖစ္ေသာ္လည္း လက္ခံလိုက္ဖို႔ရာေတာ့ နည္းနည္းခက္ခဲေနေသးသည္။
သက္ျပင္းခ်ကာ သူ႕ကံတရားကို လက္ခံလိုက္ၿပီး တစ္ဖက္လူကို မစ္႐ွင္အေၾကာင္း အတိုခ်ံဳးကာ ေျပာျပလိုက္သည္။
ေကာင္မေလးတစ္ေယာက္ ဤအေဆာက္အဦးႀကီးအတြင္းသို႔ ဝင္သြားၿပီးေနာက္ပိုင္း လွ်ိဳ႕ဝွက္ဆန္းၾကယ္စြာ ေပ်ာက္ဆုံးသြားခဲ့သည္။ ဝင္ေပါက္ကေစာင့္ၾကည့္ကင္မရာတြင္ ထိုေကာင္မေလး ဝင္သြားသည့္ပုံကိသာ မွတ္တမ္းတင္ထားခဲ့ၿပီး ျပန္ထြက္လာသည့္ပုံေတာ့ လုံးဝမ႐ွိေခ်။ တစ္ပတ္ၾကာသည္အထိ သူမျပန္ထြက္မလာခဲ့။ ေနာက္မွ ေဒသခံမ်ားက အပုပ္နံ႔ရသည္ဟု သတင္းေပးလာေသာေၾကာင့္ ရဲမ်ားက သြားစစ္ေဆးၾကည့္ခဲ့သည္။ ထိုအခါမွ ေကာင္မေလး၏႐ုပ္အေလာင္းကို အခန္းနံပါတ္(၄၀၄)တြင္ ႐ွာေတြ႕ခဲ့ၾကသည္။ သူမ၏ခႏၶာကိုယ္မွ အေရျပားေတြအကုန္ ဆြဲခြာခံထားရၿပီး ပုပ္ေနၿပီျဖစ္တာေၾကာင့္ ဗိုက္ကေဖာင္းထြက္ေနသည္။ သို႔ေပမဲ့ ထူးဆန္းစြာပင္ သူမက အိပ္ရာေပၚတြင္သာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း လဲေလ်ာင္းေနခဲ့သည္။ ႐ုန္းကန္းသည့္ အရိပ္အေယာင္မ႐ွိသလို၊ ႀကိဳးျဖင့္ခ်ည္တုပ္ထားသည့္ အရိပ္အေယာင္လည္း မ႐ွိေခ်။
ခ်န္းစဲ့က်ီ ေခါင္းကုတ္လိုက္ၿပီး....
"သိပ္မၾကာခင္ကလည္း ၿမိဳ႕ထဲမွာ ဆင္တူတဲ့ လူေပ်ာက္ဆုံးမႈေတြ ျဖစ္ခဲ့တာမို႔လို႔ အထက္ကလူေတြက ဒီအမႈကို အရမ္းအေရးႀကီးတယ္လို႔ သတ္မွတ္လိုက္ၿပီး စုံစမ္းစစ္ေဆးဖို႔ အထူးစုံစမ္းေရးတပ္ဖြဲ႕ကို တကူးတကလႊတ္လိုက္တာ၊ သူတို႔အခင္းေနရာကို စစ္ေဆးခဲ့ေပမဲ့ မွားယြင္းေနတဲ့အရာတစ္ခုမွ ႐ွာမေတြ႕ခဲ့ဘူး၊ အဲဒါေၾကာင့္ သူတို႔ ေကာင္မေလးရဲ႕ဝိဉာဥ္ကို ဒီတိုင္းပဲ လႊတ္ေပးလိုက္တယ္"
ဝိဉာဥ္ကိုလႊတ္ေပးလိုက္သည္ဟု ေျပာေပမဲ့ ထိုအရာက သတ္ပစ္လိုက္သည္ႏွင့္ အမ်ားႀကီးပိုတူသည္။ အခ်ည္းႏွီးေသဆုံးသြားရေသာ တစ္စုံတစ္ေယာက္ထံမွထြက္လာသည့္ ဒီလိုဝိဉာဥ္မ်ိဳးက အနာဂတ္တြင္ ေၾကာက္ဖို႔ေကာင္းသည့္ တေစၧသရဲအျဖစ္ လြယ္လြယ္ကူကူ ေျပာင္းသြားႏိုင္သည္။ ထို႔ေၾကာင့္ အဖြဲ႕အစည္းက အဖူးအပြင့္ဘဝမွာကတည္းက အရင္ဖ်က္စီးပစ္ဖို႔ လုပ္ေလ့႐ွိသည္။
"ဒါဆို ဒီတစ္ေခါက္ ဒီကိုလာရတဲ့အေၾကာင္းအရင္းက.......?"
ယဲ့က်ား ခ်န္းစဲ့က်ီလက္ထဲမွ ႐ွာေဖြစက္ကိုလွမ္းၾကည့္လိုက္သည္။
"အႂကြင္းအက်န္စြမ္းအင္ေတြကို စုေဆာင္းဖို႔"
ခ်န္းစဲ့က်ီ ျပန္ေျဖလိုက္သည္။
"အဲဒါကို ျပန္ယူသြားၿပီး ခြဲျခမ္းစိတ္ျဖာဖို႔ တန္မတန္ၾကည့္မွာ"
ထိုအခ်ိန္မွာပဲ သူတို႔'ဒင္'ဆိုသည့္အသံကို ၾကားလိုက္ရသည္။
တုန္ခါမႈနည္းနည္းႏွင့္အတူ ဓာတ္ေလွကားက ရပ္တန္႔သြားခဲ့သည္။ တံခါးက တစ္ခဏမွ်ထစ္ေနခဲ့ေပမဲ့ ေနာက္ဆုံးတြင္ ႏွစ္ဖက္လုံးသို႔ ျဖည္းျဖည္းခ်င္း ပြင့္သြားခဲ့သည္။
အခန္းနံပါတ္(၄၀၄)၏ အခန္းတံခါးကို တင္းတင္းၾကပ္ၾကပ္ ပိတ္ထား၏။ တံခါးေပၚမွ တိတ္အဝါမ်ားကိုပင္ မဖယ္ရေသးေခ်။ သူတို႔ႏွင့္ တံခါးတစ္ခ်ပ္ျခားေနေပမဲ့ ခပ္ျပင္းျပင္း ပိုးသတ္ေဆးအနံ႔ကေတာင္ ဖုံးမထားႏိုင္သည့္ ခ်ဥ္စုတ္စုတ္အနံ႔တစ္ခုကို ရေနေသးသည္။
ခ်န္းစဲ့က်ီ နည္းနည္း စက္ဆုပ္႐ြံ႐ွာသလို ခံစားလိုက္ရသည္။
သူ သတၱိေမြးလိုက္ၿပီး.....
"သြား...သြားရေအာင္"
အခန္း(၄၀၄)ထဲမွ ပရိေဘာဂအမ်ားစုကို ႐ွင္းထုတ္ထားၿပီးသားပင္။ ၾကမ္းျပင္ေပၚတြင္ေတာ့ လူပုံသ႑ာန္တစ္ခုကို လိုင္းမ်ားျဖင့္ပုံေဖာ္ထားသည္။ အပုပ္နံ႔က ဒီေနရာေရာက္ေတာ့ ပိုပိုျပင္းလာသည္။
ယဲ့က်ား မ်က္လုံးကိုေမွးစင္းကာ အေၾကာင္းျပခ်က္မ႐ွိ နံရံကိုမွီလိုက္ၿပီး အလုပ္႐ႈပ္ေနၾကသည့္ တျခားႏွစ္ေယာက္ကို ၾကည့္ေနလိုက္သည္။
ေက်ာက္တုန္း လက္အိတ္ကိုဝတ္လိုက္ၿပီး သူႏွင့္အၿမဲသယ္လာတတ္သည့္ မွတ္စုစာအုပ္ကိုထုတ္ကာ စေရးလိုက္သည္။ ခ်န္းစဲ့က်ီကလည္း ႐ွာေဖြစက္ကိုသုံးကာ အခန္း၏တစ္လက္မခ်င္းစီတိုင္းကို စကန္လိုက္ဖတ္ကာ အတက္အက် နည္းနည္းေလးျဖစ္ျဖစ္ လိုက္႐ွာေန၏။
တကယ္ပင္ထူးဆန္းလြန္းေနသည္။
ပုံမွန္အားျဖင့္ဆိုလွ်င္ ဝိဉာဥ္တစ္ခုကို လႊတ္ေပးလိုက္သည္ႏွင့္ အႂကြင္းအက်န္စြမ္းတခ်ိဳ႕ က်န္ေနက်ပင္။ နာၾကည္းမႈက ႀကီးမားေလ၊ အႂကြင္းအက်န္စြမ္းအင္ ပိုမ်ားေလျဖစ္၏။ ယုတၱိ႐ွိ႐ွိေျပာရလွ်င္ ဒီေကာင္မေလးက အခ်ည္းႏွီးေသဆုံးသြားခဲ့ရတာျဖစ္တာေၾကာင့္ ဒီေလာက္ထိ ႐ွင္းလင္းမေနသင့္ေခ်။
ခ်န္းစဲ့က်ီ တံခါးနားကိုေရာက္ေတာ့ ႐ုတ္တရက္ screenေပၚတြင္ အတက္အက်လႈပ္႐ွားမႈေလးတစ္ခု ဖမ္းမိလိုက္သည္။
နည္းနည္းေလးသာ လႈပ္႐ွားသြားခဲ့ေပမဲ့ သူ အဲဒီလိႈင္းေလး တစ္ႀကိမ္ျမင့္တက္သြားသည္ကို ႐ွင္း႐ွင္းလင္းလင္း ျမင္လိုက္ရသည္။
ရင္ထဲတြင္အေပ်ာ္လုံးစို႔ၿပီး စြမ္းအင္အတက္အက်ျဖစ္သည့္ ဦးတည္ရာဘက္သို႔ သူလမ္းေလွ်ာက္သြားလိုက္သည္။ အခ်က္အလက္မ်ား ပိုမိုစုေဆာင္းႏိုင္ေစရန္ အေကာင္းဆုံး႐ႈေထာင့္ကို ႐ွာလိုက္သည္။
ဒီလိုႏွင့္ သူ အမႈမဲ့အမွတ္မဲ့ အခန္းထဲမွ ထြက္သြားမိေလသည္။
သူ႕အာ႐ုံတစ္ခုလုံးက လက္ထဲကကိရိယာအေပၚတြင္သာ႐ွိေနၿပီး တစ္လွမ္းခ်င္းတစ္လွမ္းခ်င္း ေကာ္ရစ္ဒါ၏ ေမွာင္မိုက္ေနသည့္အစြန္းပိုင္းနားသို႔ ေလွ်ာက္လွမ္းသြားေတာ့သည္။
႐ုတ္တရက္ ခ်န္းစဲ့က်ီ သြားေနရင္းမွ ႐ုတ္ကနဲရပ္တန္႔လိုက္၏။
သူေခါင္းေမာ့ၾကည့္လိုက္သည့္အခါ မေမွ်ာ္လင့္ဘဲ သူ႕ကိုယ္သူ ဓတ္ေလွကားအေ႐ွ႕တြင္ ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။
မဟုတ္ေသး၊..... ဓာတ္ေလွကား၏ဆန္႔က်င္ဘက္တြင္ လမ္းေလွ်ာက္ေနသည္ကို သူ႐ွင္း႐ွင္းလင္းလင္း မွတ္မိသည္၊ ဘယ္လိုလုပ္ သူ.....?
ေကာ္ရစ္ဒါက ေသေလာက္ေအာင္ တိတ္ဆိတ္ေနသည္။
အေဆာက္အဦးအျပင္ဘက္မွ တလက္လက္ထေနသည့္ေနေရာင္က မႈန္ဝါးညစ္ပတ္ေနသည့္ ျပတင္းမွန္မ်ားကို ထိုးမေဖာက္ႏိုင္သည့္ပုံပင္။ ထိုက်ဥ္းေျမာင္းကာ ေမွာင္မဲေနသည့္ေနရာကို အေပၚဘက္မွ တဖ်တ္ဖ်တ္ျဖစ္ေနသည့္ မီးလုံးေလးတစ္လုံးကသာ အဓိကအလင္းေပးေန၏။ အစက္အေျပာက္ အစြန္းအထင္းမ်ားႏွင့္နံရံမ်ားက တဖ်တ္ဖ်တ္ျဖစ္ေနသည့္ မီးေရာင္မွိန္မွိန္ေအာက္တြင္ ေပၚလာလိုက္ ေပ်ာက္သြားလိုက္။
ခ်န္းစဲ့က်ီ မတတ္သာဘဲ ၾကက္သီးျဖန္းျဖန္းထလာသည္။
ခဏေနပါဦး၊ ဘာလို႔ တအားေအးေနရတာလဲ?
ေအာက္ထပ္က ပူေလာင္အိုက္စပ္ေနသည့္ ရာသီဥတုႀကီးက လြန္ခဲ့သည့္ႏွစ္ရာစုတစ္ခုေလာက္တုန္းက ျဖစ္ပ်က္ခဲ့သလိုပင္။
ေလလုံးဝတိုက္မေနသည္မွာ ေသခ်ာေသာ္လည္း အလြန္တရာေအးသည့္ ေအးစက္မႈမ်ားက သူ႕အေရျပားကို ထိုးေဖာက္ဝင္ေရာက္လာၿပီး အလြန္လ်င္ျမန္စြာပင္ အ႐ိုးထဲထိတိုင္ ေအးစိမ့္လာခဲ့သည္။ သူ၏ေက်ာ႐ိုးနက္နက္ထဲထိ ေအးစက္မႈမ်ား ျမင့္တက္လာခဲ့ျခင္းက သူ႕ကိုအထိတ္တလန္႔ျဖစ္လာေစသည္။
ထို႔အျပင္ သိပ္ကိုတိတ္ဆိတ္လြန္းေနသည္။
ခ်န္းစဲ့က်ီ ေၾကာက္႐ြံ႕စြာျဖင့္ အေနာက္ကိုလွည့္ၾကည့္လိုက္သည့္အခါတြင္ေတာ့ အခန္း(၄၀၄)၏တံခါးက ပိတ္ေနၿပီး သူႏွင့္အတူဝင္လာသည့္ ႏွစ္ေယာက္ကိုလည္း မေတြ႕ရေတာ့ေပ။
႐ုတ္တရက္ အသိေပးျခင္းမ႐ွိဘဲ သူ႕လက္ထဲမွ႐ွာေဖြစက္က တတီတီႏွင့္ အဆက္မျပတ္ ေအာ္ျမည္လာသည္။
စူး႐ွသည့္အသံက ေအးစက္ကာ ဘာမွ႐ွိမေနသည့္ ေကာ္ရစ္ဒါတေလွ်ာက္ ပဲ့တင္ထပ္သြား၏။ ခ်န္းစဲ့က်ီ အလြန္အမင္း ေၾကာက္႐ြံ႕သြားခဲ့သည္။ မသိစိတ္၏ေစခိုင္းခ်က္အရ သူ႕လက္ထဲမွ႐ွာေဖြစက္ကို ငုံ႔ၾကည့္လိုက္သည့္အခါတြင္ေတာ့ screenေပၚက လိႈင္းတိုေလးက အေတာ္ေလးျမင့္တက္ေနတာ ေတြ႕လိုက္ရသည္။ လို္ငးေလးက အဆုံးစြန္ထိ လႈပ္ရန္းေနသည္၊ သူ႕ကို စိုးရိမ္တႀကီး သတိေပးေနသလိုပင္။
ေနာက္တစ္စကၠန္႔မွာေတာ့ ႐ုတ္တရက္ သူ႕ေနာက္ကေန အသံတစ္ခုထြက္ေပၚလာသည္။
'ဒင္'
ဘယ္သူမွ ခလုတ္ကိုမႏွိပ္လိုက္ပါဘဲႏွင့္ ဓာတ္ေလွကားတံခါးက သူ႕အလိုလို တျဖည္းျဖည္းခ်င္း တိတ္တဆိတ္ ပြင့္လာ၏။
မေရတြက္ႏိုင္သည့္ အနက္ေရာင္လက္ေသးေသးေလးေတြက ဓာတ္ေလွကားထဲကေန ဆန္႔ထြက္လာၾကသည္။ လက္တစ္ခုခ်င္းစီတိုင္းက ေရခဲလိုေအးစက္ေန၏။ သူတို႔က ခ်န္းစဲ့က်ီ၏ ေပၚေနသည့္အေရျပားေပၚသို႔ တင္းတင္းၾကပ္ၾကပ္ ဖိကပ္လာၾကၿပီး သူ႕ခႏၶာကိုယ္၏အပူခ်ိန္ကို စုပ္ယူသြားၾကသည္။
ဟီးးးဟီးးး
တစ္ခုၿပီးတစ္ခု သူ႕ခႏၶာကိုယ္ေပၚကို ရစ္သိုင္းလာၾကသည္။
ခ်န္းစဲ့က်ီ၏သြားမ်ားက တဂတ္ဂတ္႐ိုက္ေန၏။ သူ႐ွဴထုတ္လိုက္သည့္ေလမ်ားက ေလထဲတြင္ အျဖဴေရာင္ျမဴခိုးသဖြယ္ စုစည္းသြားၿပီး သူ႕ႏွာေခါင္းထိပ္ဖ်ားကို စိုစြတ္သြားေစသည္။
သူ႕မ်က္လုံးမ်ားက ေၾကာက္႐ြံ႕မႈေၾကာင့္ ျပဴးက်ယ္လာခဲ့ေပမဲ့ ေၾကာက္လန္႔တၾကား ေအာ္ဟစ္သံမ်ားကေတာ့ ေရခဲတုံးတစ္တုံးကဲ့သို႔ပင္ သူ႕လည္ေခ်ာင္းထဲတြင္ တစ္ဆို႔ေနခဲ့သည္။ သူလုပ္ႏိုင္သမွ်က တပြက္ပြက္ျမည္ေနသည့္ လည္ေခ်ာင္းသံမ်ားပင္။
အဲဒီေနာက္မွာေတာ့ ႐ုတ္ခ်ည္း ခ်န္းစဲ့က်ီ သူ႕နားနားတြင္ ကပ္ၿပီးေျပာေနသည့္ အသံေသးေသးေလးမ်ားကို ၾကားလိုက္ရသည္။ ပုန္းလွ်ိဳးကြယ္လွ်ိဳး အႏၲရာယ္ျပဳခ်င္ေနသည့္ ယုတ္မာသည့္ဆႏၵမ်ားကို သယ္ေဆာင္ထားၿပီး တိုးညင္းသည့္ေလသံျဖင့္ ၎ကတီးတိုးေျပာလာ၏။
"ဆာတယ္၊ အရမ္းဆာတယ္.... ဟီးးးဟီးးး"
သူ႕ေ႐ွ႕တြင္ျဖစ္ပ်က္ေနသည့္ျမင္ကြင္းက ႐ုန္းထြက္မရႏိုင္သည့္ အိပ္မက္ဆိုးတစ္ခုလိုပင္။
အလြန္အမင္း ထိတ္လန္႔ေနမႈေၾကာင့္ ခ်န္းစဲ့က်ီ မ်က္လုံးမ်ားလည္ထြက္ကာ ေမ့လဲသြားေတာ့သည္။
ပိုမ်ားျပားသည့္ အနက္ေရာက္လက္မ်ားက ဓာတ္ေလွကားထဲကေန ထပ္ထြက္လာၿပီး ခ်န္းစဲ့က်ီကို အတူတကြ အေမွာင္ထုဆီ ေခၚေဆာင္သြားၾကသည္။ ထိုအခိုက္တြင္ ပ်င္းရိပ်င္းတြဲအသံတစ္ခုက အေဝးတစ္ေနရာမွ ထြက္ေပၚလာၿပီး ႐ုတ္တရက္ တိတ္ဆိတ္ေနမႈကို ၿဖိဳခြင္းလိုက္သည္။
"ေဟးး"
ေဖာက္ထြင္းျမင္ႏိုင္လုနီးပါး အလြန္အမင္းျဖဴေဖ်ာ့ေနသည့္ အသားအေရႏွင့္လူငယ္ေလးက မ်က္ေတာင္မ်ားကို ေအာက္စိုက္ထားၿပီး သူ၏ခပ္ေဖ်ာ့ေဖ်ာ့မ်က္လုံးမ်ားကို တစ္စိတ္တစ္ပိုင္း ဖုံးကားထား၏။ သူက သိပ္မေဝးလွသည့္ ေကာ္ရစ္ဒါ၏ဝင္ေပါက္တြင္ မတ္တပ္ရပ္ေနၿပီး အလ်င္မလိုသည့္ပုံျဖင့္ ေျပာလိုက္သည္။
"သူက ငါ့လုပ္ေဖာ္ကိုင္ဖက္၊ မင္းအဲဒီလို လုပ္လို႔မရဘူး"
"ေမႊးတယ္၊ ေမႊးတယ္....."
အနက္ေရာက္လက္ေသးေသးေလးမ်ားက တြန္႔လိမ္တြန္႔လိမ္ႏွင့္ ဝိုင္းပတ္သြားေနၿပီး တတြတ္တြတ္ေရ႐ြတ္ေနသည္။
"သူ႕အနံ႔ကအရမ္းေမႊးတယ္"
"ငါသူ႕ကို ေနာက္ဆုံးမွစားဖို႔ လုပ္ထားတာ"
"ဒါေပမဲ့ သူေတြ႕သြားၿပီ"
"ငါသူ႕ကို အခုစားလိုက္သင့္တယ္!"
ေနာက္တစ္စကၠန္႔တြင္ မေရတြက္ႏိုင္သည့္ အနက္ေရာင္လက္မ်ားက ဓာတ္ေလွကားထဲမွ ထပ္ထြက္လာၿပီး ၾကမ္းျပင္ႏွင့္နံရံမ်ားမွတဆင့္ သိပ္မေဝးသည့္ေနရာတြင္ ရပ္ေနသည့္လူငယ္ေလးထံသို႔ ဦးတည္သြားေနၾကသည္။
"အရမ္းဆာတယ္၊ အရမ္းဆာတယ္၊ အရမ္းဆာတယ္!"
အသံက ပိုမိုစူး႐ွကာ ၾကမ္းတမ္းလာသည္။ လက္သည္းမ်ားျဖင့္ မွန္ကိုကုတ္ျခစ္ေနသလိုပင္။
"စားခ်င္တယ္၊ စားခ်င္တယ္၊ စားခ်င္တယ္..."
မေမွ်ာ္လင့္ဘဲ လူငယ္ေလးက ထြက္ေျပးတိမ္းေ႐ွာင္တာမ်ိဳး မလုပ္ခဲ့ေပ။
အနက္ေရာင္လက္မ်ားက သူ၏ပိန္ပါးၿပီးျဖဴေဖ်ာ့ေနသည့္ လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လိုက္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ စတင္စားေသာက္ေတာ့သည္__
သိပ္မၾကာခင္မွာပင္ အနက္ေရာင္လက္မ်ားက စူးစူးဝါးဝါး ေအာ္ဟစ္လာသည္။
"မဟုတ္ဘူး၊ မဟုတ္ဘူး၊ ဒါဘာႀကီးလဲ?! ဒါဘာႀကီးလဲ?! "
အသက္႐ွင္ေနသည့္လူတြင္ ဝိဉာဥ္စြမ္းအား႐ွိၿပီး ေသၿပီးသူမ်ားတြင္ ယင္စြမ္းအင္႐ွိ၏။
ယင္စြမ္းအင္ သိပ္သည္းသြားသည္ႏွင့္တၿပိဳင္နက္ နာၾကည္းမႈမ်ားက စုပုံလာၿပီး ၎က ရက္စက္ၾကမ္းၾကဳတ္သည့္ တေစၧသရဲတစ္ေကာင္ျဖစ္သြားသည္။
___ဒီအသက္႐ွင္ေနသည့္ လူငယ္ေလး၏ခႏၶာကိုယ္ထဲတြင္ေတာ့ နက္ေမွာင္ေအးစက္သည့္ တေစၧစြမ္းအားမ်ား ကိန္းဝပ္ေန၏။
ေစးကပ္ၿပီးမဲေမွာင္သည္၊ ေအးစက္ကာ မေကာင္းဆိုးဝါးဆန္သည္။
သူက တည္တည္ၿငိမ္ၿငိမ္ပင္ မ်က္လုံးကိုေမွးစင္းလိုက္သည္။ မ်က္ႏွာေပၚတြင္ တျခားမည္သည့္အမူအရာမွ ႐ွိမေနေခ်။ သူ႕ျဖစ္တည္မႈတစ္ခုလုံးက ဒီကမ႓ာ၏အေဝးတစ္ေနရာတြင္ မတ္တပ္ရပ္ေနသည့္ အရာခပ္သိမ္းကိုသိ႐ွိႏိုင္သည့္ ပုဂၢိဳလ္တစ္ေယာက္ကဲ့သို႔ပင္ သူ႕ေ႐ွ႕ကသရဲအား အေပၚစီးမွငုံ႔ၾကည့္ေနခဲ့သည္။
သူ၏လူသားခႏၶာကိုယ္မွ လႊမ္းမိုးႏိုင္စြမ္းႀကီးမားလွသည့္ စြမ္းအင္တစ္မ်ိဳး ထြက္ေပၚလာၿပီး သူ၏ခြၽန္ထက္ၿပီး ေၾကာက္စရာေကာင္းလွသည့္ လက္သည္းမ်ားကို တိတ္တဆိတ္လွစ္ဟျပလာသည္။