Just To Be With You [ Complet...

By call_me_Tylor

72.5K 6.6K 180

မင္းနဲ႔ အတူသာဆိုရင္ ... More

01
02
03
04
05
06
07
08
10
11
12
13
14
15
16
Final

09

3.1K 358 12
By call_me_Tylor

[Zawgyi]

စေန၊ တနဂၤေႏြ ပိတ္ရက္ေတြရွိရင္ ေသာၾကာေန႔ညဆို ေရွာင္းက်န္႔အိမ္ကို ေရာက္လာတတ္တဲ့ ရိေပၚက ကန္ထုတ္ရင္ေတာင္ မသြားတဲ့ေကာင္ဆိုးေလးမလို႔ ေရွာင္းက်န္႔ကပဲ အၿမဲအေလ်ာ့ေပးၿပီး ညအိပ္လက္ခံရတယ္။

ဝမ္ရိေပၚေတာ္ေတာ္ျဖစ္အေၾကာင္း ေနာေၾကေနတဲ့ ဝမ္ပါပါးကေတာ့ မ်က္စိေနာက္သက္သာတယ္ဆိုၿပီး ေရွာင္းက်န္႔အိမ္ကို ရိေပၚေရာက္ေနရင္ ပိုလို႔ေတာင္ ႀကိဳက္ေသးသတဲ့။

ေရွာင္းက်န္႔အိမ္မွာ အခန္းသတ္သတ္ေပးထားလည္း မေနတဲ့ရိေပၚက ေရွာင္းက်န္႔ရဲ႕ တစ္ေယာက္အိပ္ကုတင္ေလးမွာပဲ လာအိပ္တတ္တယ္။ ေအးလာၿပီျဖစ္တဲ့ ရာသီဥတုေၾကာင့္ ရိေပၚက ေရွာင္းက်န္႔ကို ရင္ခြင္က်ယ္ႀကီးထဲမွာ ဆြဲသိမ္းဖက္ထည့္ထားရင္း အတူတူတိုးေဝွးအိပ္ေတာ့တာပဲ။

ဒီေန႔လည္း အိပ္ခါနီး ဂ်စ္လာတဲ့ လူဆိုးေကာင္ေၾကာင့္ ေရွာင္းက်န္႔မွာ ေျပးေပါက္မွားေတာ့မလိုပဲ။

" ေလ့ . ေလ့က်င့္ခန္းလုပ္ရမယ္ "

" အြန္း "

ကုတင္ေပၚမွာ ထိုင္ၿပီးစာအုပ္ဖတ္ေနတဲ့ေရွာင္းက်န္႔က အထစ္ထစ္အေငါ့ေငါ့နဲ႔ေျပာလိုက္ေတာ့ ကုတင္ေဘးမွာ မတ္တပ္ရပ္ေနတဲ့ ရိေပၚက ေခါင္းကိုတဆတ္ဆတ္ညိတ္ျပတယ္။

" ဟင့္အင္းေနာ္ ရိေပၚ ... ငါအိပ္ေတာ့မွာ "

" ဟာ အခ်စ္ ... မရဘူးေနာ္ ... အခ်စ္ကတစ္ေနကုန္တစ္ေနခမ္း အလုပ္ေတြၾကည့္ထိုင္လုပ္ေနတာ ... ၾကာရင္အေညာင္းမိၿပီး ေနမေကာင္းျဖစ္မွာစိုးလို႔ ေမာင္ကေစတနာနဲ႔ ကူညီမလို႔ေလ "

" ရတယ္ ရိေပၚ ... ရတယ္ေနာ္ ... ကိုကိုမေညာင္းပါဘူး "

" မရဘူး "

လက္ထဲက ဖတ္လက္စ စာအုပ္ေလးကိုပိတ္လိုက္ရင္း ေရွာင္းက်န္႔က ရိေပၚကို အသနားခံေတာ့ ျပတ္ျပတ္သားသားပဲ အျငင္းခံလိုက္ရတယ္။

ေရွာင္းက်န္႔ပါ။ ဒီေလာက္နဲ႔လက္ေလ်ာ့ရင္ ေရွာင္းက်န္႔မဟုတ္ေတာ့ဘူး။

" မဆိုးနဲ႔ကြာ အခ်စ္ ... ေမာင္က အခ်စ္ေနမေကာင္းျဖစ္မွာစိုးလို႔ "

" ဘာလဲ ဘာလဲ ... ငါေနမေကာင္းျဖစ္ရင္ မင္းျပဳစုရမွာစိုးလို႔လား "

အဲ့သေဘာနဲ႔ေျပာတာ မဟုတ္တာကိုသိေပမယ့္ တမင္သတ္သတ္ ရိေပၚအေပၚဆိုရင္ ဆိုးခ်င္ေနတဲ့ ဉာဥ္ဆိုးေလးေၾကာင့္ ေရွာင္းက်န္႔ရဲ႕နႈတ္ခမ္းေတြက အလိုလိုဆူလာေတာ့တယ္။

" က်စ္ ... အဲ့လိုမဟုတ္တာ သိရဲ႕သားနဲ႔အခ်စ္ရယ္ "

" သိပါတယ္ သိပါတယ္ ... မင္းငါ့ကိုစိတ္မရွည္ဘူးမလား "

" ဟာကြာ ... အခ်စ္ "

" အေမ့ ... "

နႈတ္ခမ္းတဆူဆူနဲ႔အခ်စ္ကို အသည္းယားလာတဲ့ရိေပၚက ကုတင္ေပၚကိုလွဲခ်ၿပီး အေပၚကေနအုပ္မိုးပစ္လိုက္တယ္။ ရုတ္တရက္ဆန္သြားတာမလို႔ ေၾကာင္အမ္းအမ္းနဲ႔ၾကည့္လာတဲ့ ယုန္မ်က္ဝန္းေလးေတြကို အရင္ဦးဆံုး ဖိနမ္းပစ္လိုက္တယ္။

" ကိုယ့္ကို ဆိုးခ်င္ေနတယ္ေပါ့ေလ "

" အြန္းအြန္ "

" ခ်စ္ဖို႔ေကာင္းလိုက္တာ အခ်စ္ရယ္ ... နမ္းခ်င္တယ္ "

" မရဘူး ! "

" နမ္းမယ္ကြာ ... "

စကားနားေထာင္တဲ့ ရိေပၚက အခ်စ္နႈတ္ခမ္းေအာက္က မွဲ႔နက္ေလးကို အရင္နမ္းပစ္တယ္။ ၿပီးေတာ့မွ အခ်စ္ရဲ႕ေအာက္နႈတ္ခမ္းကို ဖြဖြကေလး ကိုက္ဆြဲပစ္လိုက္တယ္။

ရိေပၚကို စိတ္ေကာက္ခ်င္ဟန္ေဆာင္ေနတဲ့ အခ်စ္ကေတာ့ ရိေပၚရဲ႕ အေပၚနႈတ္ခမ္းသားေတြကို ကိုက္ဖဲ့လာတယ္။

" စကားနားေထာင္ကြာေနာ္ အခ်စ္ "

" ဟင့္အင္း ... "

" ထပ္နမ္းမယ္ "

ဒီတစ္ခါေတာ့ ရိေပၚရဲ႕ဦးတည္ရာက အခ်စ္ရဲ႕နႈတ္ခမ္းသားေတြ မဟုတ္ေတာ့ပဲ နီရဲေနတဲ့ နား႐ြက္ဖ်ားေလးေတြနဲ႔ ျဖဴေက်ာ့ေက်ာ့လည္တိုင္ကို ေျပာင္းလဲတိုက္စစ္ဆင္တယ္။

ဖိနမ္းလိုက္ ခပ္ဖြဖြေလးကိုက္ဆြဲလိုက္လုပ္ေတာ့ ရိေပၚရဲ႕ရင္ခြင္က်ယ္က်ယ္ေအာက္မွာ အဖိခံထားရတဲ့အခ်စ္က လြန္႔လြန္႔လူးေနေတာ့တယ္။

" အားးး ဟာ ... ရိေပၚ ... ဟ ဟ ယားတယ္ ေတာ္ေတာ့လို႔ ... ရိေပၚ . ေမာင္ ~ ဟိဟိ "

ရယ္သံေလးေတြ မ်ိဳးစံုထြက္လာတဲ့အခ်စ္ကို ရိေပၚက အသည္းယားလို႔ မဆံုးဘူး။ ပိုလို႔ေတာင္ စေနာက္ခ်င္လာတာေၾကာင့္ အခ်စ္ရဲ႕လည္တိုင္အနွံ႔ကို နွာေခါင္းလံုးလံုးေလးနဲ႔ တရႈံ႕ရႈံ႕လိုက္နမ္းတိုးေဝွ႔ပစ္တယ္။

" ေမာင္ ... ေတာ္ၿပီ ေတာ္ၿပီ ... စကားနားေထာင္ . စကားနားေထာင္မယ္ေနာ္ ... ဟ ဟ ေတာ္ၿပီ ... ကိုကိုအရႈံးေပးၿပီ ရပ္ေတာ့ "

ရိေပၚရဲ႕ ကိုကိုအဆိုးေလးက ရိေပၚကိုဘယ္လိုအရာက စိတ္ေပ်ာ့ေစသလဲဆိုတာ တိတိက်က်သိတယ္။ ရိေပၚအႀကိဳက္ဆံုး နာမ္စားေလးေတြသံုးလို႔ ကိုကိုက ရိေပၚရင္ဘတ္ကို ခပ္သာသာတြန္းတယ္။

" အဟြန္း ... လာ ... ထ အခ်စ္ "

" လူဆိုးေကာင္ "

အျဖဴခံေပၚမွာ အျပာစင္းေလးေတြပါတဲ့ ညအိပ္ဝမ္းဆက္ကေလးကို ဝတ္ထားတဲ့အခ်စ္က ရိေပၚကိုမ်က္ေစာင္းထိုးလို႔ ကုတင္ေပၚကေန ဆင္းလာတယ္။

" ဒိုက္ထိုးရေအာင္ အခ်စ္ "

" ဘာ !!! "

ေအာင္ျမင္လွတဲ့အခ်စ္ရဲ႕ ေအာ္သံေၾကာင့္ ရိေပၚမွာ အေနာက္ကိုနွစ္လွမ္းေလာက္ဆုတ္သြားရတယ္။

" ဒီလိုလုပ္မယ္ေလ အခ်စ္ ... အခ်စ္နဲ႔ကိုယ္နဲ႔ၿပိဳင္မယ္ေလ ... အခ်စ္နိုင္ရင္ ~ "

" အင္း ... ငါနိုင္ရင္ ဘာျဖစ္လဲ "

" အခ်စ္နိုင္ရင္ ... အမ္း ... "

" ဝမ္ရိေပၚ "

မ်က္လံုးစံုမွိတ္ၿပီး ေအာ္လိုက္တဲ့အခ်စ္ေၾကာင့္ ရိေပည္ တစ္ဖက္ကိုလွည့္လို႔ ႀကိတ္ရယ္လိုက္တယ္။ အခ်စ္က သိတ္မရွည္ေတာ့ဘူးရယ္။

" ျဖည္းျဖည္းေအာ္ပါ အခ်စ္ရယ္ ... အခ်စ္နိုင္ရင္ ေဟာ့ေပါ့အစပ္လိုက္ေကြၽးမယ္ "

ရိေပၚဆီကေန ေဟာ့ေပါ့ဆိုတဲ့အသံၾကားေတာ့ ေရွာင္းက်န္႔မ်က္လံုးေလးေတြ လက္သြားတယ္။ ဟုတ္လို႔လားဆိုတဲ့သေဘာနဲ႔ မယံုသကၤာ မ်က္လံုးေတြေမွးစင္းလို႔ ရိေပၚကိုၾကည့္လိုက္ေတာ့ ရိေပၚက မ်က္ခံုးပင့္ျပတယ္။

ဘယ္လိုလဲ၊ သေဘာတူလား ဆိုတဲ့ သေဘာနဲ႔မွန္း ေရွာင္းက်န္႔ေကာင္းေကာင္းနားလည္တယ္။

စားခ်င္ေပမယ့္လည္း ကိုယ့္ဟန္ကိုယ့္ဖို႔ဆိုတာ ရွိေသးတယ္မလား။ အဲ့ဒီေတာ့လည္း ...

" သေဘာတူတယ္ "

အစားအေသာက္ဆိုတာ ပဲမ်ားေနလို႔မရဘူး။ ပဲမ်ားေနရင္ ငတ္မွာပဲ။ အိုေကးးး ...

ေရွာင္းက်န္႔ကိုၾကည့္ၿပီး ရိေပၚက ဘာေတြသေဘာက်သြားလဲမသိဘူး။ ေရွာင္းက်န္႔ကို စိုက္ၾကည့္ေနတဲ့ မ်က္နွာေခ်ာေခ်ာေလးက စပ္ၿဖဲၿဖဲျဖစ္လာတယ္။

ကိုယ့္ခ်စ္သူမလို႔ ကိုယ္ေျပာတာမဟုတ္ဘူးရယ္။ ရိေပၚက စပ္ၿဖဲၿဖဲျဖစ္သြားလည္း ေခ်ာပါတယ္။ တကယ္။ အတည္။

" ကိုယ့္အခ်စ္က ခ်စ္ဖို႔ေကာင္းလိုက္တာကြာ ... ခ်စ္လိုက္တာ "

" အင္း ... မ်ားမ်ားခ်စ္ေပး "

ခပ္တည္တည္နဲ႔ ေျပာလိုက္တဲ့အခ်စ္ေၾကာင့္ အေနနိုင္ေတာ့တဲ့ ရိေပၚက အခ်စ္ကိုဆြဲဖက္လို႔ မ်က္နွာအနံွ႔ကို ေနရာလပ္မက်န္ေအာင္ နမ္းပစ္တယ္။ နမ္းမိတာ ရိေပၚအျပစ္မဟုတ္ပဲ နမ္းခ်င္ေအာင္လုပ္တဲ့ ကိုကို႔အျပစ္ပဲရယ္။

" ေတာ္ေတာ့ ရိေပၚ ... "

" ဘယ္သူ အရင္စမလဲ "

" မင္း အရင္စ "

" အိုေခ အခ်စ္ "

ခပ္ျမန္ျမန္ပဲ ရိေပၚက ၾကမ္းျပင္ေပၚေမွာက္လို႔ ဒိုက္ထိုးေတာ့တယ္။ က်ယ္ျပန္႔တဲ့ ရင္အုပ္သားေတြကို မျမင္ရေပမယ့္လို႔ ေဘာ္ဒီဖစ္တီရွပ္ အနက္ေရာင္ဝတ္ထားေပမယ့္ အထင္းသားျမင္ေနရတဲ့ က်စ္လ်စ္ေနတဲ့ လက္ျပင္ေတြေၾကာင့္ ေရွာင္းက်န္႔မွာ တံေတြးေတြ အခါခါမ်ိဳခ်ရတယ္။

" 102 ... 103 ... 104 ... အား ! မရေတာ့ဘူး "

ၾကမ္းျပင္ေပၚေမွာက္ၿပီး အေမာေျဖေနတဲ့ ရိေပၚရဲ႕ ေက်ာျပင္က်ယ္က်ယ္ေပၚ ေရွာင္းက်န္႔ ေဘးတေစာင္းေလး တက္ထိုင္လိုက္တယ္။

" ငါ့အလွည့္ေပါ့ေနာ္ "

" အား ... အခ်စ္ "

" ရိေပၚေလးက ေတာ္လိုက္တာ ... အေခါက္ေရေတြ အမ်ားႀကီးရတယ္ "

" ေဟာ့ေပါ့စားခ်င္ရင္ ကိုယ့္ထက္အႀကိမ္ေရမ်ားေအာင္လုပ္ေနာ္ အခ်စ္ "

ရိေပၚမျမင္နိုင္မွန္းသိေပမယ့္ ေရွာင္းက်န္႔ နွာေခါင္းရႈံ႕ပစ္လိုက္တယ္။ အားကစားနဲ႔တူတာဆိုလို႔ အျပင္ေလးဘာေလးသြားရင္ လမ္းေလွ်ာက္တာေလာက္ပဲရွိတဲ့ ေရွာင္းက်န္႔က ရိေပၚေလာက္ သက္လံုမေကာင္းဘူး။

" ကိုယ့္ေပၚက ဖယ္ေတာ့ေလ အခ်စ္ ... "

" ဟြန္း ... "

ေက်ာေပၚမွာ ထိုင္ေနရာကေန ထသြားတဲ့အခ်စ္ေၾကာင့္ ရိေပၚလည္း ၾကမ္းျပင္ေပၚေမွာက္ရက္သားကေန ထထိုင္လိုက္တယ္။

ညအိပ္ဝတ္လက္ရွည္အစင္းေလးကို တံေတာင္တစ္အထိ ဟန္ပါပါ ဆြဲမေနတဲ့အခ်စ္က အပီအျပင္ကို ေလ့က်င့္ခန္းလုပ္ေတာ့မွာ။

" 51 ...... 52 ...... "

လက္ပန္းက်လာပံုရတဲ့အခ်စ္က အေခါက္ငါးဆယ္ေက်ာ္ ဆက္တိုက္ ဒိုက္ထိုးၿပီးတဲ့အခါမွာ ေနွးေကြးလာတယ္။ အခ်စ္က ေဟာ့ေပါ့မ်က္နွာနဲ႔ ရိေပၚကို အရႈံးေပးခ်င္ပံု မေပၚေသးဘူး။

ဆက္လည္းမလုပ္ပဲ ၾကမ္းျပင္ေပၚေတာင့္ေတာင့္ေလးရွိေနတဲ့ အခ်စ္ကို ေဘးကၾကည့္ၿပီး ရိေပၚၿပံဳးမိတယ္။

ျမတ္နိုးမိလို႔ပါပဲ။

ခ်မ္းေနတဲ့အခ်ိန္မွာေတာင္ နဖူးစပ္မွာ ေခြၽးစစို႔လာတာေၾကာင့္ ရိေပၚကပဲ အေလ်ာ့ေပးဖို႔ ျပင္လိုက္ေတာ့တယ္။

" ေတာ္ၿပီေလ ... ေတာ္ၿပီေနာ္ အခ်စ္ ... ေဟာ့ေပါ့ဝယ္ေကြၽးမယ္ "

" ဟင့္အင္း "

" ဟားးး ... အခ်စ္ရယ္ "

အေလ်ာ့မေပးေသးတဲ့ အခ်စ္ေၾကာင့္ ေဘးမွာထိုင္ေနတဲ့ ရိေပၚက ေမွာက္ရက္ကေလးရွိေနတဲ့အခ်စ္ကို ခုန္အုပ္ပစ္လိုက္တယ္။

အခ်စ္ကလည္း အလစ္အငိုက္ခံလိုက္ရတာေၾကာင့္ နွစ္ေယာက္သားက ၾကမ္းျပင္ေပၚ လံုးေထြးသြားေရာပဲ။

" ဆိုးတယ္ အခ်စ္ရယ္ ... ဆိုးတယ္ ... အခ်စ္က သိပ္ဆိုးတယ္ "

" မင္းလည္း လူဆိုးေကာင္ပဲ ရိေပၚ "

" အင္း အင္း ... ဒီလူဆိုးက အခ်စ္ကို နမ္းခ်င္လာၿပီ "

" နမ္းရဲနမ္းၾကည့္ ... မင္းနႈတ္ခမ္းကို ျပတ္ထြက္ေအာင္ ကိုက္ပစ္မွာ "

" အင္း ကိုက္ ... "

ဒီတစ္ခြန္းပဲေျပာၿပီး အခ်စ္ကို အားကုန္နမ္းမိေတာ့တာပဲ။ နဂိုကတည္းက ေလ့က်င့္ခန္းလုပ္ထားရလို႔ ေမာဟိုက္ေနတဲ့ အခ်စ္က ရိေပၚအနမ္းေတြကို သိပ္ၿပီးခံနိုင္ရည္မရွိေတာ့ဘူး။

" ငါ ... အမ္း ... ေမာတယ္လို႔ ရိေပၚ "

" ခ်စ္တယ္ အခ်စ္ "

နႈတ္ခမ္းေတြကို ေနာက္ဆံုးပိတ္ အသံျမည္တဲ့ပထိ ဖိနမ္းၿပီး ရိေပၚက ခ်စ္စကားဆိုတယ္။ ရိေပၚဘက္က ဒီစကားဆိုတိုင္း ေရွာင္းက်န္႔က လႈိက္လႈိက္လွဲလွဲၿပံဳးရစၿမဲပဲ။

" ခ်စ္တယ္ ရိေပၚ "

" အိပ္ခါနီး ကိုယ့္ကို တစ္ခုမကူညီေပးခ်င္ဘူးလား "

" ဟမ္ "

" လာခဲ့ အခ်စ္ "

ျပဴးေနတဲ့ ယုန္မ်က္ဝန္းေလးကို ရိေပၚက တစ္ခ်က္နမ္းလိုက္ၿပီး ၾကမ္းျပင္ေပၚကထကာ အခ်စ္ကိုလည္း ဆြဲထူလိုက္တယ္။

" ကိုယ့္ေျခေထာက္ေတြကို ဖိထားေပး "

အခ်စ္ရဲ႕ ေမြ့ယာေပၚလွဲခ်လိုက္ရင္း ရိေပၚရဲ႕ဒူးနွစ္ဖက္ကို ေထာင္ထားလိုက္တယ္။ ရိေပၚဆိုလိုခ်င္တာကို နားလည္သြားတဲ့အခ်စ္က ကုတင္ေပၚတက္လာၿပီး ဒူးေလးနွစ္ဖက္ၾကားမွာ ရိေပၚရဲ႕ဒူးေတြကို ညႇပ္ထားေပးတယ္။

" ရိေပၚ !!! "

လက္ဖဝါးနွစ္ဖက္ကို ေခါင္းေနာက္မွာယွက္ထားလိုက္ရင္း အိပ္ယာေပၚကေနႂကြၿပီး အခ်စ္ကို ဖ်တ္ခနဲလွမ္းနမ္းပစ္လိုက္တယ္။ ထံုးစံအတိုင္း အခ်စ္ရဲ႕ ဆူေဆာင့္ေဆာင့္အသံေလးက ခ်က္ခ်င္းထြက္လာတာပဲ။

" အေမာေျပေလ အခ်စ္ရဲ႕ "

အေမာေျပဆိုၿပီး ညာစားေနတဲ့ ရိေပၚက အိပ္ထမတင္တစ္ခါလုပ္တိုင္း ေရွာင္းက်န္႔ရဲ႕ နႈတ္ခမ္းေတြကို တစ္ခါနမ္းတယ္။ တံုးခ်င္ေယာင္ေဆာင္ေနတဲ့ ေရွာင္းယုန္ကေလးကလည္း လူဆိုးေလးဝမ္ အေမာေျပေစဖို႔ နႈတ္ခမ္းေလးကိုေတာင္ ေရွ႕ကိုေထာ္ထားေပးၿပီး အနမ္းခံတာပဲ။

ခ်မ္းေအးစျပဳေနတဲ့ ေပက်င္းၿမိဳ႕ရဲ႕ညကို ခ်စ္သူနွစ္ေယာက္က ဒီလိုကေလးျဖတ္သန္းပါတယ္။

___________

To be continue ...

13th July,2021(Tue)
call_me_Tylor

[Unicode]

စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေရှိရင် သောကြာနေ့ညဆို ရှောင်းကျန့်အိမ်ကို ရောက်လာတတ်တဲ့ ရိပေါ်က ကန်ထုတ်ရင်တောင် မသွားတဲ့ကောင်ဆိုးလေးမလို့ ရှောင်းကျန့်ကပဲ အမြဲအလျော့ပေးပြီး ညအိပ်လက်ခံရတယ်။

ဝမ်ရိပေါ်တော်တော်ဖြစ်အကြောင်း နောကြေနေတဲ့ ဝမ်ပါပါးကတော့ မျက်စိနောက်သက်သာတယ်ဆိုပြီး ရှောင်းကျန့်အိမ်ကို ရိပေါ်ရောက်နေရင် ပိုလို့တောင် ကြိုက်သေးသတဲ့။

ရှောင်းကျန့်အိမ်မှာ အခန်းသတ်သတ်ပေးထားလည်း မနေတဲ့ရိပေါ်က ရှောင်းကျန့်ရဲ့ တစ်ယောက်အိပ်ကုတင်လေးမှာပဲ လာအိပ်တတ်တယ်။ အေးလာပြီဖြစ်တဲ့ ရာသီဥတုကြောင့် ရိပေါ်က ရှောင်းကျန့်ကို ရင်ခွင်ကျယ်ကြီးထဲမှာ ဆွဲသိမ်းဖက်ထည့်ထားရင်း အတူတူတိုးဝှေးအိပ်တော့တာပဲ။

ဒီနေ့လည်း အိပ်ခါနီး ဂျစ်လာတဲ့ လူဆိုးကောင်ကြောင့် ရှောင်းကျန့်မှာ ပြေးပေါက်မှားတော့မလိုပဲ။

" လေ့ . လေ့ကျင့်ခန်းလုပ်ရမယ် "

" အွန်း "

ကုတင်ပေါ်မှာ ထိုင်ပြီးစာအုပ်ဖတ်နေတဲ့ရှောင်းကျန့်က အထစ်ထစ်အငေါ့ငေါ့နဲ့ပြောလိုက်တော့ ကုတင်ဘေးမှာ မတ်တပ်ရပ်နေတဲ့ ရိပေါ်က ခေါင်းကိုတဆတ်ဆတ်ညိတ်ပြတယ်။

" ဟင့်အင်းနော် ရိပေါ် ... ငါအိပ်တော့မှာ "

" ဟာ အချစ် ... မရဘူးနော် ... အချစ်ကတစ်နေကုန်တစ်နေခမ်း အလုပ်တွေကြည့်ထိုင်လုပ်နေတာ ... ကြာရင်အညောင်းမိပြီး နေမကောင်းဖြစ်မှာစိုးလို့ မောင်ကစေတနာနဲ့ ကူညီမလို့လေ "

" ရတယ် ရိပေါ် ... ရတယ်နော် ... ကိုကိုမညောင်းပါဘူး "

" မရဘူး "

လက်ထဲက ဖတ်လက်စ စာအုပ်လေးကိုပိတ်လိုက်ရင်း ရှောင်းကျန့်က ရိပေါ်ကို အသနားခံတော့ ပြတ်ပြတ်သားသားပဲ အငြင်းခံလိုက်ရတယ်။

ရှောင်းကျန့်ပါ။ ဒီလောက်နဲ့လက်လျော့ရင် ရှောင်းကျန့်မဟုတ်တော့ဘူး။

" မဆိုးနဲ့ကွာ အချစ် ... မောင်က အချစ်နေမကောင်းဖြစ်မှာစိုးလို့ "

" ဘာလဲ ဘာလဲ ... ငါနေမကောင်းဖြစ်ရင် မင်းပြုစုရမှာစိုးလို့လား "

အဲ့သဘောနဲ့ပြောတာ မဟုတ်တာကိုသိပေမယ့် တမင်သတ်သတ် ရိပေါ်အပေါ်ဆိုရင် ဆိုးချင်နေတဲ့ ဉာဉ်ဆိုးလေးကြောင့် ရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေက အလိုလိုဆူလာတော့တယ်။

" ကျစ် ... အဲ့လိုမဟုတ်တာ သိရဲ့သားနဲ့အချစ်ရယ် "

" သိပါတယ် သိပါတယ် ... မင်းငါ့ကိုစိတ်မရှည်ဘူးမလား "

" ဟာကွာ ... အချစ် "

" အမေ့ ... "

နှုတ်ခမ်းတဆူဆူနဲ့အချစ်ကို အသည်းယားလာတဲ့ရိပေါ်က ကုတင်ပေါ်ကိုလှဲချပြီး အပေါ်ကနေအုပ်မိုးပစ်လိုက်တယ်။ ရုတ်တရက်ဆန်သွားတာမလို့ ကြောင်အမ်းအမ်းနဲ့ကြည့်လာတဲ့ ယုန်မျက်ဝန်းလေးတွေကို အရင်ဦးဆုံး ဖိနမ်းပစ်လိုက်တယ်။

" ကိုယ့်ကို ဆိုးချင်နေတယ်ပေါ့လေ "

" အွန်းအွန် "

" ချစ်ဖို့ကောင်းလိုက်တာ အချစ်ရယ် ... နမ်းချင်တယ် "

" မရဘူး ! "

" နမ်းမယ်ကွာ ... "

စကားနားထောင်တဲ့ ရိပေါ်က အချစ်နှုတ်ခမ်းအောက်က မှဲ့နက်လေးကို အရင်နမ်းပစ်တယ်။ ပြီးတော့မှ အချစ်ရဲ့အောက်နှုတ်ခမ်းကို ဖွဖွကလေး ကိုက်ဆွဲပစ်လိုက်တယ်။

ရိပေါ်ကို စိတ်ကောက်ချင်ဟန်ဆောင်နေတဲ့ အချစ်ကတော့ ရိပေါ်ရဲ့ အပေါ်နှုတ်ခမ်းသားတွေကို ကိုက်ဖဲ့လာတယ်။

" စကားနားထောင်ကွာနော် အချစ် "

" ဟင့်အင်း ... "

" ထပ်နမ်းမယ် "

ဒီတစ်ခါတော့ ရိပေါ်ရဲ့ဦးတည်ရာက အချစ်ရဲ့နှုတ်ခမ်းသားတွေ မဟုတ်တော့ပဲ နီရဲနေတဲ့ နားရွက်ဖျားလေးတွေနဲ့ ဖြူကျော့ကျော့လည်တိုင်ကို ပြောင်းလဲတိုက်စစ်ဆင်တယ်။

ဖိနမ်းလိုက် ခပ်ဖွဖွလေးကိုက်ဆွဲလိုက်လုပ်တော့ ရိပေါ်ရဲ့ရင်ခွင်ကျယ်ကျယ်အောက်မှာ အဖိခံထားရတဲ့အချစ်က လွန့်လွန့်လူးနေတော့တယ်။

" အားးး ဟာ ... ရိပေါ် ... ဟ ဟ ယားတယ် တော်တော့လို့ ... ရိပေါ် . မောင် ~ ဟိဟိ "

ရယ်သံလေးတွေ မျိုးစုံထွက်လာတဲ့အချစ်ကို ရိပေါ်က အသည်းယားလို့ မဆုံးဘူး။ ပိုလို့တောင် စနောက်ချင်လာတာကြောင့် အချစ်ရဲ့လည်တိုင်အနှံ့ကို နှာခေါင်းလုံးလုံးလေးနဲ့ တရှုံ့ရှုံ့လိုက်နမ်းတိုးဝှေ့ပစ်တယ်။

" မောင် ... တော်ပြီ တော်ပြီ ... စကားနားထောင် . စကားနားထောင်မယ်နော် ... ဟ ဟ တော်ပြီ ... ကိုကိုအရှုံးပေးပြီ ရပ်တော့ "

ရိပေါ်ရဲ့ ကိုကိုအဆိုးလေးက ရိပေါ်ကိုဘယ်လိုအရာက စိတ်ပျော့စေသလဲဆိုတာ တိတိကျကျသိတယ်။ ရိပေါ်အကြိုက်ဆုံး နာမ်စားလေးတွေသုံးလို့ ကိုကိုက ရိပေါ်ရင်ဘတ်ကို ခပ်သာသာတွန်းတယ်။

" အဟွန်း ... လာ ... ထ အချစ် "

" လူဆိုးကောင် "

အဖြူခံပေါ်မှာ အပြာစင်းလေးတွေပါတဲ့ ညအိပ်ဝမ်းဆက်ကလေးကို ဝတ်ထားတဲ့အချစ်က ရိပေါ်ကိုမျက်စောင်းထိုးလို့ ကုတင်ပေါ်ကနေ ဆင်းလာတယ်။

" ဒိုက်ထိုးရအောင် အချစ် "

" ဘာ !!! "

အောင်မြင်လှတဲ့အချစ်ရဲ့ အော်သံကြောင့် ရိပေါ်မှာ အနောက်ကိုနှစ်လှမ်းလောက်ဆုတ်သွားရတယ်။

" ဒီလိုလုပ်မယ်လေ အချစ် ... အချစ်နဲ့ကိုယ်နဲ့ပြိုင်မယ်လေ ... အချစ်နိုင်ရင် ~ "

" အင်း ... ငါနိုင်ရင် ဘာဖြစ်လဲ "

" အချစ်နိုင်ရင် ... အမ်း ... "

" ဝမ်ရိပေါ် "

မျက်လုံးစုံမှိတ်ပြီး အော်လိုက်တဲ့အချစ်ကြောင့် ရိပေည် တစ်ဖက်ကိုလှည့်လို့ ကြိတ်ရယ်လိုက်တယ်။ အချစ်က သိတ်မရှည်တော့ဘူးရယ်။

" ဖြည်းဖြည်းအော်ပါ အချစ်ရယ် ... အချစ်နိုင်ရင် ဟော့ပေါ့အစပ်လိုက်ကျွေးမယ် "

ရိပေါ်ဆီကနေ ဟော့ပေါ့ဆိုတဲ့အသံကြားတော့ ရှောင်းကျန့်မျက်လုံးလေးတွေ လက်သွားတယ်။ ဟုတ်လို့လားဆိုတဲ့သဘောနဲ့ မယုံသင်္ကာ မျက်လုံးတွေမှေးစင်းလို့ ရိပေါ်ကိုကြည့်လိုက်တော့ ရိပေါ်က မျက်ခုံးပင့်ပြတယ်။

ဘယ်လိုလဲ၊ သဘောတူလား ဆိုတဲ့ သဘောနဲ့မှန်း ရှောင်းကျန့်ကောင်းကောင်းနားလည်တယ်။

စားချင်ပေမယ့်လည်း ကိုယ့်ဟန်ကိုယ့်ဖို့ဆိုတာ ရှိသေးတယ်မလား။ အဲ့ဒီတော့လည်း ...

" သဘောတူတယ် "

အစားအသောက်ဆိုတာ ပဲများနေလို့မရဘူး။ ပဲများနေရင် ငတ်မှာပဲ။ အိုကေးးး ...

ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်က ဘာတွေသဘောကျသွားလဲမသိဘူး။ ရှောင်းကျန့်ကို စိုက်ကြည့်နေတဲ့ မျက်နှာချောချောလေးက စပ်ဖြဲဖြဲဖြစ်လာတယ်။

ကိုယ့်ချစ်သူမလို့ ကိုယ်ပြောတာမဟုတ်ဘူးရယ်။ ရိပေါ်က စပ်ဖြဲဖြဲဖြစ်သွားလည်း ချောပါတယ်။ တကယ်။ အတည်။

" ကိုယ့်အချစ်က ချစ်ဖို့ကောင်းလိုက်တာကွာ ... ချစ်လိုက်တာ "

" အင်း ... များများချစ်ပေး "

ခပ်တည်တည်နဲ့ ပြောလိုက်တဲ့အချစ်ကြောင့် အနေနိုင်တော့တဲ့ ရိပေါ်က အချစ်ကိုဆွဲဖက်လို့ မျက်နှာအနှံ့ကို နေရာလပ်မကျန်အောင် နမ်းပစ်တယ်။ နမ်းမိတာ ရိပေါ်အပြစ်မဟုတ်ပဲ နမ်းချင်အောင်လုပ်တဲ့ ကိုကို့အပြစ်ပဲရယ်။

" တော်တော့ ရိပေါ် ... "

" ဘယ်သူ အရင်စမလဲ "

" မင်း အရင်စ "

" အိုခေ အချစ် "

ခပ်မြန်မြန်ပဲ ရိပေါ်က ကြမ်းပြင်ပေါ်မှောက်လို့ ဒိုက်ထိုးတော့တယ်။ ကျယ်ပြန့်တဲ့ ရင်အုပ်သားတွေကို မမြင်ရပေမယ့်လို့ ဘော်ဒီဖစ်တီရှပ် အနက်ရောင်ဝတ်ထားပေမယ့် အထင်းသားမြင်နေရတဲ့ ကျစ်လျစ်နေတဲ့ လက်ပြင်တွေကြောင့် ရှောင်းကျန့်မှာ တံတွေးတွေ အခါခါမျိုချရတယ်။

" 102 ... 103 ... 104 ... အား ! မရတော့ဘူး "

ကြမ်းပြင်ပေါ်မှောက်ပြီး အမောဖြေနေတဲ့ ရိပေါ်ရဲ့ ကျောပြင်ကျယ်ကျယ်ပေါ် ရှောင်းကျန့် ဘေးတစောင်းလေး တက်ထိုင်လိုက်တယ်။

" ငါ့အလှည့်ပေါ့နော် "

" အား ... အချစ် "

" ရိပေါ်လေးက တော်လိုက်တာ ... အခေါက်ရေတွေ အများကြီးရတယ် "

" ဟော့ပေါ့စားချင်ရင် ကိုယ့်ထက်အကြိမ်ရေများအောင်လုပ်နော် အချစ် "

ရိပေါ်မမြင်နိုင်မှန်းသိပေမယ့် ရှောင်းကျန့် နှာခေါင်းရှုံ့ပစ်လိုက်တယ်။ အားကစားနဲ့တူတာဆိုလို့ အပြင်လေးဘာလေးသွားရင် လမ်းလျှောက်တာလောက်ပဲရှိတဲ့ ရှောင်းကျန့်က ရိပေါ်လောက် သက်လုံမကောင်းဘူး။

" ကိုယ့်ပေါ်က ဖယ်တော့လေ အချစ် ... "

" ဟွန်း ... "

ကျောပေါ်မှာ ထိုင်နေရာကနေ ထသွားတဲ့အချစ်ကြောင့် ရိပေါ်လည်း ကြမ်းပြင်ပေါ်မှောက်ရက်သားကနေ ထထိုင်လိုက်တယ်။

ညအိပ်ဝတ်လက်ရှည်အစင်းလေးကို တံတောင်တစ်အထိ ဟန်ပါပါ ဆွဲမနေတဲ့အချစ်က အပီအပြင်ကို လေ့ကျင့်ခန်းလုပ်တော့မှာ။

" 51 ...... 52 ...... "

လက်ပန်းကျလာပုံရတဲ့အချစ်က အခေါက်ငါးဆယ်ကျော် ဆက်တိုက် ဒိုက်ထိုးပြီးတဲ့အခါမှာ နှေးကွေးလာတယ်။ အချစ်က ဟော့ပေါ့မျက်နှာနဲ့ ရိပေါ်ကို အရှုံးပေးချင်ပုံ မပေါ်သေးဘူး။

ဆက်လည်းမလုပ်ပဲ ကြမ်းပြင်ပေါ်တောင့်တောင့်လေးရှိနေတဲ့ အချစ်ကို ဘေးကကြည့်ပြီး ရိပေါ်ပြုံးမိတယ်။

မြတ်နိုးမိလို့ပါပဲ။

ချမ်းနေတဲ့အချိန်မှာတောင် နဖူးစပ်မှာ ချွေးစစို့လာတာကြောင့် ရိပေါ်ကပဲ အလျော့ပေးဖို့ ပြင်လိုက်တော့တယ်။

" တော်ပြီလေ ... တော်ပြီနော် အချစ် ... ဟော့ပေါ့ဝယ်ကျွေးမယ် "

" ဟင့်အင်း "

" ဟားးး ... အချစ်ရယ် "

အလျော့မပေးသေးတဲ့ အချစ်ကြောင့် ဘေးမှာထိုင်နေတဲ့ ရိပေါ်က မှောက်ရက်ကလေးရှိနေတဲ့အချစ်ကို ခုန်အုပ်ပစ်လိုက်တယ်။

အချစ်ကလည်း အလစ်အငိုက်ခံလိုက်ရတာကြောင့် နှစ်ယောက်သားက ကြမ်းပြင်ပေါ် လုံးထွေးသွားရောပဲ။

" ဆိုးတယ် အချစ်ရယ် ... ဆိုးတယ် ... အချစ်က သိပ်ဆိုးတယ် "

" မင်းလည်း လူဆိုးကောင်ပဲ ရိပေါ် "

" အင်း အင်း ... ဒီလူဆိုးက အချစ်ကို နမ်းချင်လာပြီ "

" နမ်းရဲနမ်းကြည့် ... မင်းနှုတ်ခမ်းကို ပြတ်ထွက်အောင် ကိုက်ပစ်မှာ "

" အင်း ကိုက် ... "

ဒီတစ်ခွန်းပဲပြောပြီး အချစ်ကို အားကုန်နမ်းမိတော့တာပဲ။ နဂိုကတည်းက လေ့ကျင့်ခန်းလုပ်ထားရလို့ မောဟိုက်နေတဲ့ အချစ်က ရိပေါ်အနမ်းတွေကို သိပ်ပြီးခံနိုင်ရည်မရှိတော့ဘူး။

" ငါ ... အမ်း ... မောတယ်လို့ ရိပေါ် "

" ချစ်တယ် အချစ် "

နှုတ်ခမ်းတွေကို နောက်ဆုံးပိတ် အသံမြည်တဲ့ပထိ ဖိနမ်းပြီး ရိပေါ်က ချစ်စကားဆိုတယ်။ ရိပေါ်ဘက်က ဒီစကားဆိုတိုင်း ရှောင်းကျန့်က လှိုက်လှိုက်လှဲလှဲပြုံးရစမြဲပဲ။

" ချစ်တယ် ရိပေါ် "

" အိပ်ခါနီး ကိုယ့်ကို တစ်ခုမကူညီပေးချင်ဘူးလား "

" ဟမ် "

" လာခဲ့ အချစ် "

ပြူးနေတဲ့ ယုန်မျက်ဝန်းလေးကို ရိပေါ်က တစ်ချက်နမ်းလိုက်ပြီး ကြမ်းပြင်ပေါ်ကထကာ အချစ်ကိုလည်း ဆွဲထူလိုက်တယ်။

" ကိုယ့်ခြေထောက်တွေကို ဖိထားပေး "

အချစ်ရဲ့ မွေ့ယာပေါ်လှဲချလိုက်ရင်း ရိပေါ်ရဲ့ဒူးနှစ်ဖက်ကို ထောင်ထားလိုက်တယ်။ ရိပေါ်ဆိုလိုချင်တာကို နားလည်သွားတဲ့အချစ်က ကုတင်ပေါ်တက်လာပြီး ဒူးလေးနှစ်ဖက်ကြားမှာ ရိပေါ်ရဲ့ဒူးတွေကို ညှပ်ထားပေးတယ်။

" ရိပေါ် !!! "

လက်ဖဝါးနှစ်ဖက်ကို ခေါင်းနောက်မှာယှက်ထားလိုက်ရင်း အိပ်ယာပေါ်ကနေကြွပြီး အချစ်ကို ဖျတ်ခနဲလှမ်းနမ်းပစ်လိုက်တယ်။ ထုံးစံအတိုင်း အချစ်ရဲ့ ဆူဆောင့်ဆောင့်အသံလေးက ချက်ချင်းထွက်လာတာပဲ။

" အမောပြေလေ အချစ်ရဲ့ "

အမောပြေဆိုပြီး ညာစားနေတဲ့ ရိပေါ်က အိပ်ထမတင်တစ်ခါလုပ်တိုင်း ရှောင်းကျန့်ရဲ့ နှုတ်ခမ်းတွေကို တစ်ခါနမ်းတယ်။ တုံးချင်ယောင်ဆောင်နေတဲ့ ရှောင်းယုန်ကလေးကလည်း လူဆိုးလေးဝမ် အမောပြေစေဖို့ နှုတ်ခမ်းလေးကိုတောင် ရှေ့ကိုထော်ထားပေးပြီး အနမ်းခံတာပဲ။

ချမ်းအေးစပြုနေတဲ့ ပေကျင်းမြို့ရဲ့ညကို ချစ်သူနှစ်ယောက်က ဒီလိုကလေးဖြတ်သန်းပါတယ်။

___________

To be continue ...

13th July,2021(Tue)
call_me_Tylor

Continue Reading

You'll Also Like

195K 18.3K 53
គេគឺជាមនុស្សម្នាក់ដែរអាចធ្វើឲ្យបុរសដូចខ្ញុំលង់ស្រលាញ់ត្រឹមរយះពេលខ្លី គេប្រៀបដូចជាអទិទេពដែរស្រូបយកអ្វីៗគ្រប់យ៉ាងពីខ្ញុំ! ជុងហ្គុក អុីណារៀល X ថេយ៏យ៉ុង...
590K 47.3K 35
Sorry For loving you.. ချစ်မ်ိလို့ တောင်းပန်ပါတယ်
465K 33K 39
ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပိုင်
5.3K 680 21
-Kim Jong In 21ရာစု ရဲ့ထူးချွန်တဲ့သု‌ေတသီလေး _Do Kyung Soo ဂျိုဆွနိးနိုင်ငံတော်ရဲ့ ထူးချွန်ထက်မြတ်တဲ့ အိမ်ရှေ့စံလေးတစ်ပါး။ ဒီလိုအချိန်ကာလခြင်းမတူညီတဲ...