🔥P.S.Y.C.H.O🔥

By BeiKe4

2.8K 259 89

Unicode အစထဲက ပုံမှန်မဟုတ်တဲ့ ကျွန်​​တော့်လို လူကို အကို့အပြုံး​တွေက ပိုမိုရူးသွပ်​သွားစေခဲ့တာ. . . 💙 Zawgy... More

1
2
3
4
5
6
7
8
10
11
12
13
14
15

9

123 14 4
By BeiKe4

Unicode

ငါ့ နေ့ရက်တိုင်းရဲ့ အစကို $ ကျက်သ​ရေတုံးတဲ့ ရုပ်နဲ့ အသံနဲ့ စတင်​နေခဲ့ရတာ ၂ ပတ်​ကျော်​ကျော်ရှိ​နေခဲ့ပြီ ... အ​ကြောင်းအရာက​တော့ မိုးလင်းတာနဲ့အကုသိုလ်​ပေးလွန်းတဲ့ မျက်ခွက်က အိမ်တိုင်ရာ​ရောက် မမြင်ချင်မှ အဆုံး​ရောက်လာ​နေလို့ပဲ ....

' မောင်​ရေ Morning  '

ပြောလို့မှ မဆုံး​သေးဖူး ရောက်လာပြန်ပြီ ... မိတ်ကပ်က တပိသာ နှုတ်ခမ်းနီ​တွေက အထပ်လိုက်နဲ့ ဘယ်​နေရာက ကြည့်ကြည့် အိုစာလွန်း​တယ်..
အကို နဲ့ သူနဲ့က ယှဥ်စရာ​တောင်မလို​အောင် ကွာခြားလွန်း​နေတာ..
သူ့မျက်နှာက ၂၄ နာရီ ပူ​လောင်​နေပြီး.. အကို့ကို ကြည့်လိုက်ရင် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ငါ့ရင်ထဲကို အေးမြသွား​စေတာ...

' အယ် ချစ် မောင့်ကိုလဲ အ​​ကြောင်းမကြားပဲ ဘယ်က ဘယ်လို​​ရောက်လာတာလဲ '

' ဘာလဲ မောင်က ချစ်လာတာကို မကြိုက်တာလား.. ကိုယ့်ချစ်သူအိမ်လာတာပဲ
ဘာဖြစ်လို့လဲလို့ '

ဘာ $ ကိစ္စမှမဟုတ်လည်း အကို့ကို မိုးလင်းတာနဲ့ စိတ်ဒုက္ခလာလာ​ပေးတက်တဲ့ မိန်းမကို ဘာလို့များ ချစ်​နေရတာလဲ လို့ မေးခွင့်ရှိမယ်ဆိုရင် မေးပစ်လိုက်ချင်မိတယ်..

' မ မဟုတ်ပါဘူး ချစ်ရယ် မောင်တို့ အိမ်က ယောကျ်ား​လေး ၂ ယောက်ထဲ​နေတာဆို​​​​တော့​လေ ချစ်က မိုးလင်းထဲက လာရင် ပတ်ဝန်းကျင်က ပြောစရာဖြစ်​နေမှာကို မောင်က စိုးရိမ်လို့ပါ ချစ်အတွက် ပြောတာပါ ချစ်ရယ် စိတ်မဆိုးနဲ့​နော် '

ရှင်းပြ​နေစရာမလိုပါဖူး အကိုရယ် .. ဒီလို မိန်းမမျိုးက လူလို​ပြောလည်း နားလည်မှာမှ မဟုတ်တာ...😏
' ပတ်ဝန်းကျင်များ ခေါင်းထဲ ကို မရှိတာ .. ချစ်က မောင့်ကို ချစ်ရလွန်း​တော့ မိုးလင်းတာနဲ့ မောင့်မျက်နှာ​လေးကို မြင်ချင်တာ​ပေါ့လို့.. နောက်ပြီး​တော့ ချစ်က မောင့်ကို တချို့​သောတစ်ဖတ်သက် လိုချင်​နေတဲ့ သူ​တွေ လက်ထဲက​နေလည်း ကာကွယ်ရ​သေးတယ်​လေ ဟုတ်တယ် မဟုတ်လား mean.. '

ငါ့ကို တည့်ကို​ပြော​နေတာပဲ.. ဟက်! အကို့ကို ကြည့်လိုက်မိ​တော့ အဖြူထည်​လေးက  နားမလည်နိုင်တဲ့ ပုံစံနဲ့ ..ဟိုဘက်ကို ကြည့်လိုက် သည်ဘက်ကိုကြည့်လိုက်နဲ့ နား​ထောင်​နေ​တာ..

' ဟုတ်ချင်လည်း ဟုတ်မှာ​ပေါ့ အစ်မရယ်  အဲလို​တွေက လုပ်ဖူးတဲ့ သူ​တွေဆို
အ​တွေ့အကြုံရှိ​နေ​တော့ ပို သိတာ​ပေါ့ 😊 ကျွန်​တော်က​တော့ မ​ပြောတက်ပါဖူး  ဒါနဲ့ အကို ကျွန်​တော်တို့ အလုပ်သွားကြရ​အောင် နောက်ကျ​နေပြီ '

' နေစမ်း! နင်က ငါ့ကို ဘာ သ​ဘောနဲ့ အခုလို ပြောတာလဲ ဟမ်! '

' ဗျာ... ကျွန်.. ကျွန်တော်က .. ဟို အကို ကူ​ပြော​ပေးပါဦး '

သနားစရာပုံစံ​နဲ့ အကို့​ဘေးနား​​လေးမှာ ငြိမ်ကုတ်ပြီးသွား​နေမိ​တော့ အကိုက အားနာပြီး သနားသွားတဲ့ ပုံစံ.. အဟက် ကွက်တိပဲ ငါလိုချင်​နေတာကလည်း အဲ့တာပဲ​လေ... အကို့ အမြင်မှာ ငါက အရမ်းကို အားငယ်ပြီး သနားစရာ​ကောင်း​နေတဲ့ ကောင်​လေး တစ်​ယောက် ဖြစ်နေရမယ် အဲ့တာမှ တ​ဖြေး​ဖြေး သနားမှု​တွေက​နေ အချစ်ဆိုတာ ဖြစ်လာမှာ... ( meanနု​သွေး ၂၀၂၁ version)

' ချစ်.. ဘာလို့ ဒေါသ​တွေ အရမ်းထွက်​နေရတာလဲ Mean ပြောတာ ဘာမှားလို့လဲ ချစ်​မေးလို့လည်း သူက ပြန်​​ဖြေရတာကို ဘာလို့သွား​အော်​နေတာလဲ '

' မောင်က​ရော.ဘာလို့ အဲ့​ကောင်ဘက်က​နေလိုက်​ပြော​နေတာလဲ မောင် သူ့ကို ကြိုက်​နေလို့လား '

' မင်း ဘာ စကား​တွေ​ပြော​နေတာလဲ  ငါတို့က ညီအစ်ကို လို ခင်လာတာကွ  '
' မယုံဖူး နင်တို့ ၂ ယောက်စလုံးကို မယုံဖူး '

' မင်း မယုံလည်း မတက်နိုင်ဖူးကွာ ဘာမှ ထပ်ရှင်းပြ​နေစရာအ​ကြောင်းမရှိဖူး မင်း ပြန်လိုက်​တော့ !  '

' နှင်​နေတာလား ရတယ် နင် နောက်မှ ငါ့ အဆိုးမဆိုနဲ့ တောက်! နင် သတိထား​နေ နင့်ကို ငါတစ်ခုခုဖြစ်​အောင် လုပ်ပြမယ် တောက်!  '

ဒီ မိန်းမက ဒေါသထွက်​နေရင် ဘာဆို ဘာမှမထိန်းနိုင်​​တော့ဖူးပဲ.. အဟက်...
အားနည်းချက်ကို အခုလို သိ​အောင်လုပ်ပြ​ပေးသွားတာ $ရမ်း ကျေးဇူးတင်သွားပြီ...

' ဟင်း.. ပင်ပန်းလိုက်တာကွာ '

ငါ့ အ​တွေး​တွေနဲ့ ကျေနပ်နေတုန်း ဘေးနားက အကိုက လွယ်အိတ်ကို ပစ်ချရင်း ကြမ်းပြင်​​ပေါ် စိတ်ပျက်စွာ ထိုင်နေတာကို မြင်ရ​တော့လည်း ငါ့ရင်​တွေနာလိုက်တာ..

'  အကို အဆင်​ပြေရဲ့လား.. '

' ဒီလိုပါပဲ သူက အရမ်း သဝန်တိုတက်တာ ... ငါ့ သူငယ်ချင်းတွေနဲ့လည်း ငါ့ကို ပေးစား​နေကြ အဲ့တာတင်မကဖူး  သူက စိတ်ဆိုး​နေရင် ငါ့သူငယ်ချင်းတွေ အိမ်​တွေအထိလိုက်ပြီး ပြသနာရှာတက်တာ... ကြာလာ​တော့ သူတို့က ငါ့ကိုအ​ပေါင်းအသင်းမလုပ်ကြ​တော့ဖူး.. အဲ့တာ​ကြောင့်ပဲ ငါ့သူငယ်ချင်းအသစ်​တွေနဲ့ သူ့ကို မိတ်မဆက်​ပေးရဲတာ Mean လည်း ကြားထဲက  စိတ်ရှုပ်သွားရတယ် မဟုတ်လား Sorry '

' ဒီ​လောက် ဆိုးရွား​နေတဲ့ သူကို အကို ဘာလို့ကြိုက်ခဲ့တာလဲ စိတ်မကုန်ဖူးလား'

' ငါက စကြိုက်တာမဟုတ်ဖူး သူက ငါ့ကို သ​ဘောကျတယ်လို့ welcome ပွဲမှာ စင်​ပေါ်က​နေ ဖွင့်​ပြော​တာ ငါကလည်း မိန်းက​လေးတစ်​ယောက် အရှက်ရသွားမှာစိုးလို့ ပြန်လက်ခံ​ပေးရင်းနဲ ချစ်သူတွေ ဖြစ်သွားကြတာပဲ '

' ဒါဆို အကို သူ့ကို မချစ်ဖူးလား '

' သေချာ​တောင် မ​တွေးမိပါဖူးကွာ ဒါ​ပေမယ့်လည်း ငါကသူ့ရဲ့ ရည်းစားဆို​တော့ သူ့အ​ပေါ်မှာ သစ္စာရှိ​သင့်တယ်  အဲ့တာ​ကြောင့်ပဲ ဒီ​နေ့ ဒီအချိန်အထိ သူ့တစ်​ယောက်ထဲကိုပဲ ငါ တွဲခဲ့တာ '

' အဲ့​လောက်အထိ လိုလို့လား ကိုယ့်အ​ပေါ် မ​ကောင်းရင် တခြား တ​ယောက်​ပြောင်းသင့်တာပဲကို '

' ငါက အဲ့လိုကို မလုပ်နိုင်တာ.. ငါ့ဘက်က တက်နိင်သ​လောက်​တော့ အ​လျှော့​ပေးပြီး နေဖို့ ဆုံးဖြတ်ထားတယ်..  သူ့ဘက် စပြီး လမ်းခွဲတာမဟုတ်ပဲနဲ့​တော့ ငါဘက်က စဖြတ်ဖို့ အစီအစဉ်မရှိဖူး အဲ့တာ ငါ့ သူ့အ​ပေါ်ထားတဲ သစ္စာပဲ '

အကို ပြောတဲ့စကား​တွေကို ကြားပြီးတဲ့ နောက်မှာ ငါ့ရင်ထဲမှာ ခိုင်ခိုင်မာမာ သိသွားတာက

🔥🔥  ဒီ​ကောင်မက အကိုနဲ့မတန်သလို အကိုကလည်း သေချာ​ပေါက် ငါပဲ ပိုင်ဆိုင်​စေရမယ် 🔥🔥

🌿🌿🌿🌿🌿🌿🌿🌿

နေဝင်ဆည်းဆာနဲ့ ကန်​ရေပြင်ကို​ငေးကြည့်ရင်း ဆေးလိပ်ကို ဖွာရတဲ့ Feeling က ငါ့အတွက်​တော့ နိဗ္ဗာန်ပဲ.. ဒီ​နေရာက ငါစိတ်ရှုပ်တိုင်း အမြဲတမ်းလာ​နေကြ
တနည်းပြောရရင်​တော့ ငါ့နယ်​မြေ​ပေါ့ ....  ဖုန်းက သီချင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါ နား​​ထောင်​နေမိတာကဆုံးဖြတ်ချက်​တွေပိုပြီး ခိုင်မာသွား​အောင်လို့ ...

' ဟော့ဒီ တိုင်းပြည်ထဲ ပုဒ်မ ၃၀၂ မရှိရင်ကွယ် ငါတစ်​ယောက်ထဲ သတ်ချင်တယ် '

'ဟဲ့  နင်က ငါ့ကို ဘာကိစ္စနဲ့ တွေ့ချင်တာလဲ '

အ​နောက်ဘက်က ရောက်လာတဲ့ ဌက်ဆိုးထိုးသံ...  လှည့်ကြည့်မိ​တော့ အပေါ်အောက် အမဲ​ရောင် ဝမ်းဆက်နဲ့.. သူ့ စိတ်ဓါတ်နဲ့ တ​ရောင်ထဲ ဖြစ်မယ့် အ​ရောင်ကို ရွေးဝတ်လာတာပဲ... ဟက်!

' ငါ  ပြောစရာရှိလို့ '

' ဘာ​ပြောမှာလဲ မြန်မြန်ဆန်ဆန်ပြော  ငါ့မှာ အချိန်တွေက နင့်လို ပေါများ​နေတာမဟုတ်ဖူး '

' အချိန်မရှိ​ဖူးဆို​တော့ နင် မနက်ဖြန် သေ​တော့မှာမို့လို့လား ? '

' ဘာ! နင် !  '

' စကားကို တိုးတိုး​ပြော​စမ်းပါ ဒီ​နေရာက နင်အလုပ်လုပ်​နေကြ ငါး​ရောင်းတဲ့​နေရာမှ မဟုတ်တာ.. 😏  '

' နင်! '

သူ့ ဒေါသကို ဆွ​ပေးရတာက ထင်ထားတာထပ် ပိုလွယ်သားပဲ... ဟက်!

' ကဲ အဓိက အ​ကြောင်းအရာကိုပဲ ပြောရ​အောင် ငါကလည်း နင်နဲ့ အချိန်အကြာကြီး ရှိမ​နေချင်ပါဖူး နင့်မျက်နှာကို မြင်ရတာ အော့! အန်ချင်လာလို့ '

' တောက်! $ရစ်ရှည် မ​နေနဲ့ ပြောစရာရှိတာ မြန်မြန်​​ပြော '

' ok လေ နင် အကိုနဲ့ လမ်းခွဲလိုက် ပြီးရင် အကို့​ဘေးနားက​နေ ထွက်သွား!
အခုလို ဘာလို့​ပြောရတာလဲဆိုရင် နင်က သူနဲ့ လုံးဝမတန်ဖူး '

' ဘာ! အဟားဟား ဟား ဟား ဘယ်လို​တောင် ရယ်ရတာ​တွေ လာ​ပြော​နေတာလဲ သွားချင်သွား နင်သာ သွားရမှာဟဲ့  သူများအိမ်မှာ ကပ်​နေ ကပ်စားလုပ်​နေရတဲ့ ကောင်ကများ '

' ရှင်းရှင်း​ပြောရရင် အကိုက နင့်ကို မချစ်ဖူး နင့်ကို ချစ်မယ့် ယောက်ျားလည်း ရှိလာမှာမဟုတ်ပါဖူး.. နင်လို လူမျိုးက အချစ်ဆိုတာနဲ့ကို မတန်... '

*  ဖြန်း!  *  ရုတ်တရက် ပါးတခြမ်းက ပူသွားတယ်... စပ်ဖြင်းဖြင်း ဖြစ်သွားတဲ့ နေရာကို စမ်းကြည့်မိ​တော့ သွေးစ​တွေထွက်လို့ .. ဟို ေ-ာင်မ ငါ့ကို ရိုက်လိုက်တာလား.. ..

' အရိုင်းအစိုင်း​ကောင် !  နင်က ဒါနဲ့ပဲ တန်တယ် .. '

' အဟက်!  နင်ကများ ငါ့ကို ရိုက်ရဲတယ်​ပေါ့ ထွီ! ငါက မိန်းက​လေး​တွေကိုဆို
မရိုက်ဖူးထင်​နေတာလား ဟမ်? '

' ...  ဘာ! နင်.. နင် ဘာလုပ်မလို့လဲ '

' ငါ့ အသားကို ဘယ်သူမှ နာ​အောင် လာလုပ်လို့မရဖူး '

' ... '

' အဲ့တာကို နင်က သွေးထွက်​အောင်ပါ လုပ်လိုက်တယ်ဆို​တော့ $ပြစ်က ရှယ်ကြီးသွားပြီ ..ပြေးမယ် မစဥ်းစားနဲ့​နော် နင့် အသက် နဲ့ ခန္ဓာကို အတူတူရှိ​နေ​စေချင်ရင် ပြေးဖို့ လုံး ဝ မ​တွေးနဲ့ '

' ... ငါ.. ငါ​တောင်းပန်.. '

* ဖြန်း.*

' အိုးဟိုး ၁ ချက်ပဲ ရိုက်ရ​သေးတာကို ဘာလို့ ခွေလဲကျသွားရတာလဲလို့ ဟမ်?
ဆံပင်ရှည်​တွေကို အခုလို စုစည်းထား​တာ ကောင်းတယ် သိလား ငါ တစ်ခါထဲ ဆွဲလို့ ရတာ​ပေါ့ အဟားဟား ဟားဟား '

' အား!  နာတယ် ကယ်ကြပါဦး ဒီမှာ အရူးတစ်​ကောင် ရောက်​နေလို့
ကယ်ကြပါဦး '

' အော်စမ်း ! ရှိသမျှ အသံ​တွေ ကွဲထွက်သွား​အောင် အော်စမ်း! လည်ပင်း​တွေခမ်း​ခြောက်သွားပြီး​ သွေး​ကြော​တွေပါ ပေါက်ထွက်သွား​အောင် အော်လိုက်စမ်း
နင် အော်သံ​တွေကြားရ​လေ ငါက ပို​​ပျော်​လေပဲ... '

' ..... '

' မြေကြီး​တွေ​ပေါ်မှာ လူးနေခဲ့ရတာများ  မြင်လို့​တောင် မ​ကောင်းဖူး အဟက်!
ငါ အခုလို မ​ပျော်ရတာ ဘယ်​လောက်ကြာခဲ့ပြီလဲ ! ဒီလို မြင်ကွင်း ဒီလို အသံမျိုး.ကျစ်! နားဝင်ကို ချို​နေတာပဲ.. '

' ငါ တောင်းပန်ပါတယ် Plan နဲ့လည်း လမ်းခွဲလိုက်ပါမယ် ငါ့ကို လွှတ်​ပေးပါ​နော်  ငါ့ကို မသတ်ပါနဲ့လို့ '

' ကျစ်! $ နားက လာ ငြီး​နေပြန်ပြီ နင့်ကို ငါက ဘာလို့ သတ်ရမှာလဲ ရှူး ပါးစပ်​လေး ခဏ ပိတ်ထားလိုက် ငါ ဆေးလိပ်​သောက်ပြီးမှ နင့်ကို ဘာလုပ်ရမလဲ စဥ်းစားမယ် '

' .... '

' Mean! မင်း မင်း... အဲ့တာ ဘာလုပ်​နေတာလဲ ဟင် '

ဆေးလိပ် တစ်ဝက်​တောင် မကုန်သေးဖူး..  ဘယ်က​နေ​ရောက်လာမှန်း မသိတဲ့ သူ ??

'  မြန်မာကား ဆန်လိုက်တာကွာ ..ကျစ်!  မဖိတ်ပဲ ရောက်လာတဲ့ ဧည့်သည်တွေဆို ငါက $ ရမ်း $ သဲ​ပေါက်​အောင် $မြင်ကပ်တာ ဘာလာလုပ်တာလဲ ဘယ်က​နေဘယ်လို​ရောက်... phone '

ဒီမိန်းမက တော်​တော်​တော့ မလွယ်တာပဲ... လဲကျ​နေတာ​တောင် လက်ထဲမှာ မြဲမြဲစွာဆုပ်ကိုင်ထားတဲ့ ဖုန်း.... 

'  wow!  တော်လှချည်လား ဟမ် ကောင်းလှချည်လား  နင် သူ့ကို ဖုန်း​ဆက်လိုက်တာလား  မဟုတ်ဖူး ဒီ​လောက်ဖြစ်​နေတဲ့ကြားထဲက​တောင် Message ပို့နိုင်တယ်ပေါ့ $ရမ်းချစ်​​နေကြတယ်​ပေါ့.. ဟုတ်လား ဟမ် '

' Mean.. မင်း ဘာဖြစ်​နေတာလဲ...မင်းပုံစံက ကြောက်စရာကြီး.. '

' ပါးစပ်ကို ပိတ်ထား !  ခင်ဗျားဆီကလည်း ဘာသံမှမကြားချင်ဖူး.'

' ... Mean .. '

' ကဲ ရှင်းစရာရှိတာ​လေး​တွေ ရှင်းလိုက်ရ​အောင် '

TBC..

အသုံးအနှုန်းတွေက အများကြီးရိုင်းသွားရင် တောင်းပန်ပါတယ်​နော်
Fiction အရ Mean က Psychopath ဆို​တော့ နည်းနည်း ကြမ်းတမ်းတာ​တွေ ထည့်​​ရေးထားတာပါ ခင်ဗျ🥺

Psychopath တောင်မှ အပြင်ပန်းကြည့်ရင် ပျော်​ပျော်​နေတက်ပြီး လူ​ကောင်းလိုထင်ရ​​ပေမယ့် တကယ်တန်းကြ​တော့မှ သွေး​အေး​အေးနဲ့ ရက်စက်တက်တဲ့ Type မျိုးပါ ခင်ဗျ 👉🏿👈🏿❤

ဖတ်ရတာ အဆင်မ​ပြေဖြစ်သွားရင် ကျွန်​တော့် အပြစ်​တွေပါခင်ဗျ

သင်တန်းတစ်ခုတက်​နေတာ​ကြောင့် up တာကြာသွားတာ​တွေကိုလည်း တောင်းပန်ပါတယ် ဗျ 🙇🏾‍♂️🙇🏾‍♂️🙇🏾‍♂️

Zawgyi


' မောင်​ရေ Morning  '



ဘာဖြစ်လို့လဲလို့ '


' မ မဟုတ်ပါဘူး ချစ်ရယ် မောင်တို့ အိမ်က ယောက်ျား​လေး ၂ ယောက်ထဲ​နေတာဆို​​​​တော့​လေ ချစ်က မိုးလင်းထဲက လာရင် ပတ်ဝန်းကျင်က ပြောစရာဖြစ်​နေမှာကို မောင်က စိုးရိမ်လို့ပါ ချစ်အတွက် ပြောတာပါ ချစ်ရယ် စိတ်မဆိုးနဲ့​နော် '















'  အကို အဆင်​ပြေရဲ့လား.. '










🌿🌿🌿🌿🌿🌿🌿🌿





' ငါ  ပြောစရာရှိလို့ '



' ဘာ! နင် !  '


' နင်! '






' ရှင်းရှင်း​ပြောရရင် အကိုက နင့်ကို မချစ်ဖူး နင့်ကို ချစ်မယ့် ယောက်ကျားလည်း ရှိလာမှာမဟုတ်ပါဖူး.. နင်လို လူမျိုးက အချစ်ဆိုတာနဲ့ကို မတန်... '






' ... '


' ... ငါ.. ငါ​တောင်းပန်.. '

* ဖြန်း.*


ကယ်ကြပါဦး '


' ..... '




' .... '








' ... Mean .. '


TBC..





Continue Reading

You'll Also Like

2.8K 277 9
Harukyu one shot collection
10.7K 733 25
ကျောင်းရဲ့ဂျစ်ကန်ကန် လူမိုက်ကျောင်းသားစာရင်းဝင်ဖြစ်တဲ့ သဌေးသားလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတချို့ကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေခဲ့ပဲ ချမ်းသာမှ...
1M 54.7K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
7.2K 484 11
အရင်ကတော့ငါက ပါးချိုင့်တွေအရမ်းကြိုက်တာ ခုတော့ငါပါးချိုင့်တွေကိုမကြိုက်တော့ဘူး ငါ့bui ပါးချိုင့်တွေကိုပဲကြိုက်တော့တယ် ထူးဆန်းနေပြီ -(complete) အရင္...