[Zawgyi]
ပါပါးနဲ႔ညေနစာစားဖို႔ ခ်ိန္းထားတဲ့ဆိုင္က ဗီအိုင္ပီသီးသန္႔ခန္းကို ေရွာင္းက်န္တို႔ေရာက္ေတာ့ ပါပါးက ႀကိဳေရာက္ေနၿပီျဖစ္တယ္။ ေရေသာက္လက္စျဖစ္ေနတဲ့ပါပါးက ပါးစပ္မအားေသးေတာ့ ရိေပၚကို မ်က္ေစာင္းထိုးၿပီး ဘာလို႔ေနာက္က်သလဲဆိုတဲ့ အၾကည့္နဲ႔ၾကည့္တယ္။
" ေတာင္းပန္ပါတယ္ ပါပါး ... လမ္းပိတ္ေနလို႔ "
ေရွာင္းက်န္႔က ခပ္တိုးတိုးေတာင္းပန္ေတာ့ ပါပါးက ေရခြက္ကို စားပြဲေပၚျပန္တင္ရင္း ၿပံဳးျပတယ္။
" ပါးလည္း ခုနေလးတင္ကမွေရာက္တာ သားက်န္႔ ... ထိုင္ "
" ကြၽန္ေတာ္လည္းပါတယ္ေနာ္ ဝမ္ဗိုက္ပူ "
" မင္းဘာသာမင္း ထိုင္ပါလား "
" ရိေပၚရယ္ ... ပါပါးကို ျပႆနာသြားမရွာပါနဲ႔ "
စကားနိုင္လုဖို႔ ဆိုင္းျပင္ေနတဲ့ သားအစ္ဖနွစ္ေယာက္ေၾကာင့္ ေရွာင္းက်န္႔ကပဲ ၾကားကေနဝင္ၿပီး ဖ်န္ေျဖေပးရတယ္။ ဝမ္ပါပါးကို အလယ္မွာထားလို႔ ရိေပၚနဲ႔ ေရွာင္းက်န္႔က တစ္ဖက္တစ္ခ်က္စီမွာဝင္ထိုင္ေတာ့ ဝမ္ပါပါးက ၾကည့္ရင္းၿပံဳးတယ္။
" ထူးထူးဆန္းဆန္း ငါ့နားလာထိုင္ေနတယ္ ... ဘာလိုခ်င္ျပန္ၿပီလဲ "
" ပါး ... "
" အရင္က မင္းကိုကိုနားမွာထိုင္တာေလ "
ပါပါးက ပခံုးပင့္ကာေျပာေတာ့ ရိေပၚက ထေတာ့မလိုလုပ္ေၾကာင့္ ေရွာင္းက်န္႔မွာ မ်က္ရိပ္မ်က္ကဲျပၿပီး ျပန္ထိုင္ဖို႔ေျပာရတယ္။
" ကဲကဲ ... ဗိုက္ဆာေလာက္ေရာေပါ့ ... ႀကိဳက္တာမွာ "
" ပါပါးရွင္းမွာမလို႔လား "
" ဒီကေလးေတာ့ ... "
ေခါင္းေခါက္ဖို႔ လက္႐ြယ္လာတဲ့ပါပါးေၾကာင့္ ရိေပၚက ကိုယ္ေလးကို ေနာက္ရို႔လိုက္တယ္။ ဝမ္ဗိုက္ပူဘယ္ေလာက္လက္သံေျပာင္သလဲဆိုတာ ရိေပၚအသိ။
စားသမွ်ေသာက္သမွ်ရဲ႕ကုန္က်စရိတ္က ဝမ္ဗိုက္ပူအိတ္ထဲက ထြက္မွာဆိုေတာ့ ကိစၥမရွိဘူး။ ရိေပၚက ဝမ္ဗိုက္ပူမျမင္ေအာင္ လူယုတ္မာအၿပံဳးေလးၿပံဳးလို႔ ေစ်းအျမင့္ဆံုးဟင္းလ်ာေတြကို ဆက္တိုက္လက္ညႇိဳးေထာက္တယ္။
တဟမ္းဟမ္းနဲ႔ ေခ်ာင္းဟန္႔ေနတဲ့ ဝမ္ဗိုက္ပူကေတာ့ သိပ္မၾကာခင္ ေသြးတက္ေတာ့မွာကို ျမင္ေယာင္ၿပီး ရိေပၚႀကိတ္ၿပံဳးလိုက္တယ္။
ရိေပၚက လူယုတ္မာကေလးလုပ္ေနေပမယ့္ ဝမ္ဗိုက္ပူေလးႀကိဳက္တဲ့ နွစ္ရွည္ဝိုင္တစ္မ်ိဳးကိုမွာဖို႔နဲ႔ ဟင္းလွ်ာထဲမွာ အခ်စ္မႀကိဳက္တဲ့ ခရမ္းသီးဟင္းမပါေစေအာင္ ဂရုျပဳဖို႔လည္း မေမ့ျပန္ဘူး။
ရိေပၚက ဆိုးေပမယ့္ လိမ္လည္းလိမ္မာပါတယ္။
ရိေပၚမွာသမွ်ကိုမွတ္ၿပီး ဝိတ္တာေလးက သီးသန္႔ခန္းထဲကေနထြက္သြားတယ္။ ေရွာင္းက်န္႔လည္း ေရဆာသလိုလိုရွိတာေၾကာင့္ ေရခြက္ရွိရာကို လက္လွမ္းေတာ့ အလိုက္သိတဲ့ ရိေပၚက ေရွာင္းက်န္႔အတြက္ ေရလွမ္းထည့္ေပးတယ္။
ရိေပၚနဲ႔ ေရွာင္းက်န္႔တို႔နွစ္ေယာက္ၾကားက ဝမ္ပါပါးကေတာ့ ရင္နွစ္သည္းျခာေလးနဲ႔ သားမက္ေလာင္းေလးကိုၾကည့္ႀကီး အရမ္းကို ၾကည္ႏူးေနေတာ့တာပဲ။
" အဟမ္း ... ဝမ္ရိေပၚ . အလုပ္ေျပးေနတာေတြရပ္ေနာ္ ... ကုမၸဏီကို မွန္မွန္သြားစမ္း "
" ဟာ ပါးကလည္း ... သားမသြားလည္းရလို႔ေပါ့ "
" ဒီအခ်ိန္ကတည္းက အလုပ္မွန္မွန္လုပ္ၿပီး ပိုက္ဆံရွာေလ ... ငါ့သားမက္ကို မင္းေကာင္းေကာင္းထားနိုင္ေအာင္ "
" ပါးပိုက္ဆံေတြက သားဟာေတြပဲကို "
ရိေပၚစကားေၾကာင့္ ဝမ္ပါပါးေတာ့ မသိေပမယ့္ ေရွာင္းက်န္႔က ၾကားထဲကေန နင္သြားရတယ္။
" မင္းကုမၸဏီတစ္ခုတည္းနဲ႔ မရေတာ့ဘူးေနာ္ ... ပါပါးကုမၸဏီအလုပ္ေတြလည္း ဝင္သင္ေတာ့ "
အတည္ေပါက္ေျပာေနပံုရတဲ့ ဝမ္ဗိုက္ပူေလးေၾကာင့္ ရိေပၚရဲ႕မ်က္နွာက ခ်က္ခ်င္းဆိုသလို တည္တံ့သြားတယ္။
" သားကုမၸဏီနဲ႔လည္း အခ်စ္ကို ေကာင္းေကာင္းထားနိုင္ပါတယ္ေနာ္ "
" ေအး လက္ထပ္ၾကေတာ့ "
" အမ္ ... "
အမ္ ဆိုတဲ့အသံက ေရွာင္းက်န္႔ဆီကေန ထြက္လာတာျဖစ္တယ္။ ခ်စ္သူျဖစ္တဲ့လအပိုင္းအျခားက လက္သံုးေခ်ာင္းေတာင္ မျပည့္ေသးတာမလို႔ ဝမ္ပါပါးရဲ႕အႀကံျပဳခ်က္က သိပ္ကိုေစာလြန္းတာပဲ။
ဝမ္ရိေပၚတို႔ သြက္လက္ေနရတဲ့ အေၾကာင္းအရင္းကို ေရွာင္းက်န္႔နည္းနည္းရိပ္မိလာတယ္။ ဝမ္ပါပါးနဲ႔ ဝမ္ရိေပၚက သားအဖလို႔ ေျပာစရာမလိုေအာင္ကို တစ္ေထရာတည္းပဲ။
" အဲ့တာက်ေတာ့ေလ ပါပါး ... "
အင္တင္တင္ထြက္လာတဲ့ ေရွာင္းက်န္႔အသံေတာင္မဆံုးေသး ရိေပၚရဲ႕မ်က္ေစာင္းက ေရွာင္းက်န္႔ဆီဒိုင္းခနဲပဲ။ ဘာျငင္းမလို႔လဲဆိုတဲ့ မ်က္နွာေဘးနဲ႔။ လက္ထဲကိုင္ထားဆဲေရခြက္နဲ႔ ေကာက္ထုပစ္လိုက္ရ မေကာင္းရွိေတာ့မွာပါပဲ။
" အရမ္းေစာေနတယ္ဆိုတာ ပါပါးသိပါတယ္ ... ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ေနၾကတာပဲ ... ဒီအဖိုးႀကီးက မေသခ်င္ေျမးခ်ီခ်င္ေသးတယ္ "
" ပါး !!! "
" ဘာလဲ ... ငါျဖစ္ခ်င္တာ ငါေျပာတာေလ "
" အဲ့လိုမေျပာပဲနဲ႔ "
ရိေပၚက ရုတ္တရက္ႀကီး ထေအာ္ေတာ့ ေရွာင္းက်န္႔လန္႔သြားရေပမယ့္ ေနာက္ဆက္တြဲ ထပ္ေျပာလာတဲ့စကားေၾကာင့္ ၿပံဳးမိရေသးတယ္။
" ဝမ္ဗိုက္ပူကလည္း ... မဟုတ္တာေတြ "
ရိေပၚက ပါပါးပခံုးကိုဖက္ၿပီး မ်က္နွာအပ္လိုက္ေတာ့ ပါပါးက ရိေပၚရဲ႕ဆံပင္ငုတ္စိေလးေတြကို လက္နဲ႔ပြတ္ေပးတယ္။
" ပါးက ... "
ရုတ္တရက္ တံခါးေခါက္သံၾကားရၿပီး ပြင့္လာတဲ့တံခါးေၾကာင့္ ဝမ္ပါပါးေျပာလက္စ စကားက ရပ္သြားရတယ္။ အျပင္လူဝင္လာတာေၾကာင့္ ဝမ္ပါပါးပခံုးေပၚမွီၿပီးခြၽဲေနတဲ့ ရိေပၚက ခ်က္ခ်င္းေခါင္းျပန္ေထာင္လာၿပီး ခပ္တည္တည္နဲ႔ ျပန္ထိုင္ေနေတာ့တာပဲ။
ရိေပၚမွာလိုက္တဲ့ ဟင္းလ်ာေတြက ေစ်းႀကီးႀကီးေတြခ်ည္းမလို႔ ေမႊးရနံ႔ေတြကလည္း မေခလွဘူး။
" အရင္စားၾကတာေပါ့ ... ၿပီးမွဆက္ေျပာမယ္ ... သားေရွာင္းထည့္စား "
" ဟုတ္ကဲ့ ပါး "
အရင္ဦးဆံုးအေနနဲ႔ ရိေပၚက ဝမ္ဗိုက္ပူေလးပန္းကန္ထဲ ဝမ္ဗိုက္ပူေလးႀကိဳက္တတ္တဲ့ ဟင္းေတြကိုခပ္ထည့္ေပးတယ္။ ဝမ္ဗိုက္ပူကေတာ့ ဘာမွမေျပာပဲ ရိေပၚထည့္ေပးသမွ်ကို စားေတာ့တာပဲ။ ေနာက္မွ ဟင္းထည့္ေပးခအေနနဲ႔ ပါပါးနားကပ္ၿပီးမုန္႔ဖိုးေတာင္းဖို႔ ရိေပၚေတြးထားလိုက္တယ္။
ညစာစားၿပီးၾကေတာ့ စကားနည္းနည္းပါးပါးေျပာၿပီး ပါပါးက အရင္ျပန္သြားတယ္။ ဝိုင္ေသာက္ၿပီး နည္းနည္းေထြေနတဲ့ ဝမ္ဗိုက္ပူေလးကို ဂရုစိုက္ဖို႔ လာႀကိဳတဲ့အိမ္ေတာ္ထိန္းႀကီးကို ရိေပၚက ေသခ်ာမွာရေသးတယ္။
လက္ထပ္ဖို႔ကိစၥကို ညစာမစားခင္တုန္းက ပါပါးက စကားစလာေပမယ့္ အခ်စ္က အဆင္သင့္ျဖစ္ေသးပံုမရေတာ့ေၾကာင့္ ပါပါးက မတိုက္တြန္းေတာ့ဘူး။ ေျမးခ်ီခ်င္ေနတဲ့ ဝမ္ဗိုက္ပူေလးကိုနားလည္သလို အဆင္သင့္မျဖစ္ရွာေသးတဲ့ အခ်စ္ကိုလည္းနားလည္တယ္။
ရိေပၚခ်စ္ရတဲ့ကိုကိုက ေယာက္်ားေလးတစ္ေယာက္မလို႔ ရင္ေသြးအတြက္ စိတ္ပူရေပမယ့္ တိုးတက္ေနတဲ့ေခတ္ႀကီးမွာ လိုသလိုလုပ္လို႔ရေနတာ ရိေပၚအသိပဲ။ ဒါေပမယ့္ ကိုကိုသာ ဝန္ထုပ္ဝန္ပိုးျဖစ္မယ္ဆို ရိေပၚက တိုက္တြန္းမွာေတာ့ မဟုတ္ဘူး။
" ေအးေနလား အခ်စ္ "
" ဟင့္အင္း ရိေပၚ "
" လာ ... ကိုယ့္အိပ္ကပ္ထဲထည့္ထား "
ကိုကို႔လက္ေခ်ာင္းေလးေတြကို ရိေပၚလက္ဖဝါးႀကီးႀကီးေတြနဲ႔အုပ္ကိုင္ၿပီး ဝတ္ထားတဲ့ဟူဒီရဲ႕ အိတ္ကပ္ထဲ ထိုးထည့္ထားလိုက္တယ္။ ညနက္လာတာနဲ႔အမွ် ရာသီဥတုကလည္း ေအးခ်င္လာတယ္။
" ေရွာင္ပင္းကို အလုပ္ရႈပ္ေအာင္ လုပ္မိလားမသိဘူးေနာ္ ရိေပၚ "
" သူအားေနတာပဲဟာ ... အားမနာနဲ႔ အခ်စ္ "
ပါပါးနဲ႔ေတြ႕ဖို႔ အလာတုန္းကေမာင္းလာတဲ့ကားကို ထားခဲ့ၿပီး ရိေပၚနဲ႔အခ်စ္က အိမ္ကိုလမ္းေလွ်ာက္ျပန္ၾကတယ္။ က်န္ေနခဲ့တဲ့ကားကို ေရွာင္ပင္းဆီဖုန္းဆက္ၿပီး လာယူခိုင္းထားတာမလို႔ အခ်စ္က အားနာေနပံုရတယ္။
" ပထမဆံုးနွင္းက်ရင္ ဘယ္သြားၾကမလဲ အခ်စ္ "
" ပထမဆံုးနွင္းက်ဖို႔ အေဝးႀကီးလိုေသးတယ္မလား ရိေပၚ "
" ႀကိဳစဥ္းစားထားရေအာင္ေလ "
" ေမာင္ အဆင္ေျပသလိုပဲ "
အခ်စ္ဆီကေန ေမာင္ဆိုတဲ့နာမ္စားထြက္လာတိုင္း ရိေပၚမွာ ရင္ေတြအဆမတန္ခုန္ရတယ္။ အက်ႌအိပ္ကပ္ထဲထည့္ထားတဲ့ အခ်စ္ရဲ႕လက္ကို ဖ်စ္ညႇစ္လိုက္ေတာ့ အခ်စ္က ရွက္ၿပံဳးေလးၿပံဳးၿပီး ေခါင္းငံု႔သြားတယ္။
" အခ်စ္ ~ "
" ဟင္ ~ "
ရိေပၚက ခပ္တိုးတိုးေခၚေတာ့ အခ်စ္ကလည္း ခပ္တိုးတိုးျပန္ထူးတယ္။
" ပါပါးေျပာတာေတြ စိတ္ထဲမထားပါနဲ႔ ... အခ်း္အတြက္ ဝန္ထုပ္ဝန္ပိုးမျဖစ္ေစခ်င္ဘူး "
ရိေပၚစကားဆံုးေတာ့ အခ်စ္က လမ္းေလွ်ာက္ေနရာကေန ရပ္လိုက္တာမလို႔ ရိေပၚလည္း ရပ္လိုက္မိတယ္။ အခုရိေပၚတို႔ရပ္ေနတဲ့ေနရာက အသြားအလာသိပ္မရွိေတာ့တဲ့ လမ္းမက်ယ္ႀကီးေဘးမွာပဲ။
" အဲ့လိုမျဖစ္ပါဘူး ရိေပၚ ... နည္းနည္းစဥ္းစားေနတာ "
" ဘာကိုလဲအခ်စ္ ... ကိုယ့္ကိုမယံုလို႔စဥ္းစားေနတာလား "
ေရွာင္းက်န္႔ ေခါင္းအသာရမ္းျပလိုက္တယ္။ တကယ္လည္း စဥ္းစားေနတဲ့အခ်က္က ရိေပၚေျပာသလိုမွ မဟုတ္တာ။
" ခုနက ျငင္းမိသလိုျဖစ္သြားေတာ့ ပါပါးစိတ္ကြက္သြားမလားမသိဘူးလို႔ စဥ္းစားေနတာပါ "
" ဟားးး ... အခ်စ္ရယ္ "
ရိေပၚက အခ်စ္ရဲ႕ အျပင္ကလက္ေနာက္တစ္ဖက္ကိုဆြဲယူလို႔ အက်ႌအိပ္ကပ္ထဲ ထပ္ထည့္လိုက္တယ္။ ရိေပၚကေတာ့ အခ်စ္နဲ႔မ်က္နွာခ်င္းဆိုင္မွာရပ္ၿပီး လက္နွစ္ဖက္လံုးနဲ႔ အခ်စ္ရဲ႕ပါးေလးေတြကို ပင့္ကိုင္လိုက္တယ္။
" ဝမ္ဗိုက္ပူေလးက အခ်စ္ကို စိတ္မကြက္ပါဘူး ... အခ်စ္အဆင္သင့္မျဖစ္တာသိလို႔ ထပ္မေျပာတာပဲၾကည့္ေလ "
" ငါအရမ္းဆိုးေနလားဟင္ "
" ဟာကြာ ... စိတ္ႀကိဳက္ဆိုးပစ္လိုက္စမ္း အခ်စ္ရယ္ "
အေျပာရဲ႕ေနာက္မွာ ရိေပၚရဲ႕နႈတ္ခမ္းေႏြးေႏြးက ေရွာင္းက်န္႔ရဲ႕ နဖူးျပင္ထက္ ပိက်လာတယ္။ ေရွာင္းက်န္႔ကလည္း အေလးအနက္ထားလို႔ မ်က္လံုးေတြကို မွိတ္ထားရင္းခံယူလိုက္တယ္။
" ကိုယ္တို႔ခ်စ္သူဘဝကို အခ်ိန္အၾကာႀကီးျဖတ္သန္းၾကမလား အခ်စ္ "
" ဟမ္ "
" အခ်စ္နဲ႔ကိုယ္နဲ႔ေတြ႕တာ အခ်ိန္တိုေလးပဲရွိေသးတာ အခ်စ္ေရာ ကိုယ္ေရာသိတယ္ေလ ... တစ္ေယာက္အေၾကာင္းတစ္ေယာက္ ဒီထက္ပိုၿပီးသိေအာင္ ကိုယ္နဲ႔အတူတူျဖတ္သန္းခ်င္ရဲ႕လား အခ်စ္ "
ရိေပၚရဲ႕အေမးကို ေရွာင္းက်န္႔ ျပန္ေျဖလိုက္တဲ့အေျဖက တစ္ခြန္းတည္းပါပဲ။
" အင္း ... အတူျဖတ္သန္းရမယ့္သူက မင္းဆိုရင္ေပါ့ "
ေရွာင္းက်န္႔ဟာ ရိေပၚေၾကာင့္ ရူးၿပီးရင္းရူးရတယ္။
" အတူတူေပါ့ အခ်စ္ရယ္ "
ရိေပၚက အခ်စ္ကို ခပ္တင္းတင္းဆြဲဖက္ပစ္လိုက္တယ္။
ရိေပၚက အခ်စ္ကို ရင္ေငြ႕နဲ႔ေႏြးေထြးေစၿပီး အရိပ္နဲ႔ ေအးခ်မ္းေစမယ္။
__________
To be continue ...
Note-Plot ရယ္လို႔ ေရေရရာရာမခ်ထားပဲ စိတ္ကူးတည့္ရာ လက္တန္းေရးေနတာမလို႔ ဖတ္ရတာအဆင္မေျပျဖစ္ရင္ ေတာင္းပန္ပါတယ္ရွင္။
12th July,2021(Mon)
call_me_Tylor
[Unicode]
ပါပါးနဲ့ညနေစာစားဖို့ ချိန်းထားတဲ့ဆိုင်က ဗီအိုင်ပီသီးသန့်ခန်းကို ရှောင်းကျန်တို့ရောက်တော့ ပါပါးက ကြိုရောက်နေပြီဖြစ်တယ်။ ရေသောက်လက်စဖြစ်နေတဲ့ပါပါးက ပါးစပ်မအားသေးတော့ ရိပေါ်ကို မျက်စောင်းထိုးပြီး ဘာလို့နောက်ကျသလဲဆိုတဲ့ အကြည့်နဲ့ကြည့်တယ်။
" တောင်းပန်ပါတယ် ပါပါး ... လမ်းပိတ်နေလို့ "
ရှောင်းကျန့်က ခပ်တိုးတိုးတောင်းပန်တော့ ပါပါးက ရေခွက်ကို စားပွဲပေါ်ပြန်တင်ရင်း ပြုံးပြတယ်။
" ပါးလည်း ခုနလေးတင်ကမှရောက်တာ သားကျန့် ... ထိုင် "
" ကျွန်တော်လည်းပါတယ်နော် ဝမ်ဗိုက်ပူ "
" မင်းဘာသာမင်း ထိုင်ပါလား "
" ရိပေါ်ရယ် ... ပါပါးကို ပြဿနာသွားမရှာပါနဲ့ "
စကားနိုင်လုဖို့ ဆိုင်းပြင်နေတဲ့ သားအစ်ဖနှစ်ယောက်ကြောင့် ရှောင်းကျန့်ကပဲ ကြားကနေဝင်ပြီး ဖျန်ဖြေပေးရတယ်။ ဝမ်ပါပါးကို အလယ်မှာထားလို့ ရိပေါ်နဲ့ ရှောင်းကျန့်က တစ်ဖက်တစ်ချက်စီမှာဝင်ထိုင်တော့ ဝမ်ပါပါးက ကြည့်ရင်းပြုံးတယ်။
" ထူးထူးဆန်းဆန်း ငါ့နားလာထိုင်နေတယ် ... ဘာလိုချင်ပြန်ပြီလဲ "
" ပါး ... "
" အရင်က မင်းကိုကိုနားမှာထိုင်တာလေ "
ပါပါးက ပခုံးပင့်ကာပြောတော့ ရိပေါ်က ထတော့မလိုလုပ်ကြောင့် ရှောင်းကျန့်မှာ မျက်ရိပ်မျက်ကဲပြပြီး ပြန်ထိုင်ဖို့ပြောရတယ်။
" ကဲကဲ ... ဗိုက်ဆာလောက်ရောပေါ့ ... ကြိုက်တာမှာ "
" ပါပါးရှင်းမှာမလို့လား "
" ဒီကလေးတော့ ... "
ခေါင်းခေါက်ဖို့ လက်ရွယ်လာတဲ့ပါပါးကြောင့် ရိပေါ်က ကိုယ်လေးကို နောက်ရို့လိုက်တယ်။ ဝမ်ဗိုက်ပူဘယ်လောက်လက်သံပြောင်သလဲဆိုတာ ရိပေါ်အသိ။
စားသမျှသောက်သမျှရဲ့ကုန်ကျစရိတ်က ဝမ်ဗိုက်ပူအိတ်ထဲက ထွက်မှာဆိုတော့ ကိစ္စမရှိဘူး။ ရိပေါ်က ဝမ်ဗိုက်ပူမမြင်အောင် လူယုတ်မာအပြုံးလေးပြုံးလို့ ဈေးအမြင့်ဆုံးဟင်းလျာတွေကို ဆက်တိုက်လက်ညှိုးထောက်တယ်။
တဟမ်းဟမ်းနဲ့ ချောင်းဟန့်နေတဲ့ ဝမ်ဗိုက်ပူကတော့ သိပ်မကြာခင် သွေးတက်တော့မှာကို မြင်ယောင်ပြီး ရိပေါ်ကြိတ်ပြုံးလိုက်တယ်။
ရိပေါ်က လူယုတ်မာကလေးလုပ်နေပေမယ့် ဝမ်ဗိုက်ပူလေးကြိုက်တဲ့ နှစ်ရှည်ဝိုင်တစ်မျိုးကိုမှာဖို့နဲ့ ဟင်းလျှာထဲမှာ အချစ်မကြိုက်တဲ့ ခရမ်းသီးဟင်းမပါစေအောင် ဂရုပြုဖို့လည်း မမေ့ပြန်ဘူး။
ရိပေါ်က ဆိုးပေမယ့် လိမ်လည်းလိမ်မာပါတယ်။
ရိပေါ်မှာသမျှကိုမှတ်ပြီး ဝိတ်တာလေးက သီးသန့်ခန်းထဲကနေထွက်သွားတယ်။ ရှောင်းကျန့်လည်း ရေဆာသလိုလိုရှိတာကြောင့် ရေခွက်ရှိရာကို လက်လှမ်းတော့ အလိုက်သိတဲ့ ရိပေါ်က ရှောင်းကျန့်အတွက် ရေလှမ်းထည့်ပေးတယ်။
ရိပေါ်နဲ့ ရှောင်းကျန့်တို့နှစ်ယောက်ကြားက ဝမ်ပါပါးကတော့ ရင်နှစ်သည်းခြာလေးနဲ့ သားမက်လောင်းလေးကိုကြည့်ကြီး အရမ်းကို ကြည်နူးနေတော့တာပဲ။
" အဟမ်း ... ဝမ်ရိပေါ် . အလုပ်ပြေးနေတာတွေရပ်နော် ... ကုမ္ပဏီကို မှန်မှန်သွားစမ်း "
" ဟာ ပါးကလည်း ... သားမသွားလည်းရလို့ပေါ့ "
" ဒီအချိန်ကတည်းက အလုပ်မှန်မှန်လုပ်ပြီး ပိုက်ဆံရှာလေ ... ငါ့သားမက်ကို မင်းကောင်းကောင်းထားနိုင်အောင် "
" ပါးပိုက်ဆံတွေက သားဟာတွေပဲကို "
ရိပေါ်စကားကြောင့် ဝမ်ပါပါးတော့ မသိပေမယ့် ရှောင်းကျန့်က ကြားထဲကနေ နင်သွားရတယ်။
" မင်းကုမ္ပဏီတစ်ခုတည်းနဲ့ မရတော့ဘူးနော် ... ပါပါးကုမ္ပဏီအလုပ်တွေလည်း ဝင်သင်တော့ "
အတည်ပေါက်ပြောနေပုံရတဲ့ ဝမ်ဗိုက်ပူလေးကြောင့် ရိပေါ်ရဲ့မျက်နှာက ချက်ချင်းဆိုသလို တည်တံ့သွားတယ်။
" သားကုမ္ပဏီနဲ့လည်း အချစ်ကို ကောင်းကောင်းထားနိုင်ပါတယ်နော် "
" အေး လက်ထပ်ကြတော့ "
" အမ် ... "
အမ် ဆိုတဲ့အသံက ရှောင်းကျန့်ဆီကနေ ထွက်လာတာဖြစ်တယ်။ ချစ်သူဖြစ်တဲ့လအပိုင်းအခြားက လက်သုံးချောင်းတောင် မပြည့်သေးတာမလို့ ဝမ်ပါပါးရဲ့အကြံပြုချက်က သိပ်ကိုစောလွန်းတာပဲ။
ဝမ်ရိပေါ်တို့ သွက်လက်နေရတဲ့ အကြောင်းအရင်းကို ရှောင်းကျန့်နည်းနည်းရိပ်မိလာတယ်။ ဝမ်ပါပါးနဲ့ ဝမ်ရိပေါ်က သားအဖလို့ ပြောစရာမလိုအောင်ကို တစ်ထေရာတည်းပဲ။
" အဲ့တာကျတော့လေ ပါပါး ... "
အင်တင်တင်ထွက်လာတဲ့ ရှောင်းကျန့်အသံတောင်မဆုံးသေး ရိပေါ်ရဲ့မျက်စောင်းက ရှောင်းကျန့်ဆီဒိုင်းခနဲပဲ။ ဘာငြင်းမလို့လဲဆိုတဲ့ မျက်နှာဘေးနဲ့။ လက်ထဲကိုင်ထားဆဲရေခွက်နဲ့ ကောက်ထုပစ်လိုက်ရ မကောင်းရှိတော့မှာပါပဲ။
" အရမ်းစောနေတယ်ဆိုတာ ပါပါးသိပါတယ် ... ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတာပဲ ... ဒီအဖိုးကြီးက မသေချင်မြေးချီချင်သေးတယ် "
" ပါး !!! "
" ဘာလဲ ... ငါဖြစ်ချင်တာ ငါပြောတာလေ "
" အဲ့လိုမပြောပဲနဲ့ "
ရိပေါ်က ရုတ်တရက်ကြီး ထအော်တော့ ရှောင်းကျန့်လန့်သွားရပေမယ့် နောက်ဆက်တွဲ ထပ်ပြောလာတဲ့စကားကြောင့် ပြုံးမိရသေးတယ်။
" ဝမ်ဗိုက်ပူကလည်း ... မဟုတ်တာတွေ "
ရိပေါ်က ပါပါးပခုံးကိုဖက်ပြီး မျက်နှာအပ်လိုက်တော့ ပါပါးက ရိပေါ်ရဲ့ဆံပင်ငုတ်စိလေးတွေကို လက်နဲ့ပွတ်ပေးတယ်။
" ပါးက ... "
ရုတ်တရက် တံခါးခေါက်သံကြားရပြီး ပွင့်လာတဲ့တံခါးကြောင့် ဝမ်ပါပါးပြောလက်စ စကားက ရပ်သွားရတယ်။ အပြင်လူဝင်လာတာကြောင့် ဝမ်ပါပါးပခုံးပေါ်မှီပြီးချွဲနေတဲ့ ရိပေါ်က ချက်ချင်းခေါင်းပြန်ထောင်လာပြီး ခပ်တည်တည်နဲ့ ပြန်ထိုင်နေတော့တာပဲ။
ရိပေါ်မှာလိုက်တဲ့ ဟင်းလျာတွေက ဈေးကြီးကြီးတွေချည်းမလို့ မွှေးရနံ့တွေကလည်း မခေလှဘူး။
" အရင်စားကြတာပေါ့ ... ပြီးမှဆက်ပြောမယ် ... သားရှောင်းထည့်စား "
" ဟုတ်ကဲ့ ပါး "
အရင်ဦးဆုံးအနေနဲ့ ရိပေါ်က ဝမ်ဗိုက်ပူလေးပန်းကန်ထဲ ဝမ်ဗိုက်ပူလေးကြိုက်တတ်တဲ့ ဟင်းတွေကိုခပ်ထည့်ပေးတယ်။ ဝမ်ဗိုက်ပူကတော့ ဘာမှမပြောပဲ ရိပေါ်ထည့်ပေးသမျှကို စားတော့တာပဲ။ နောက်မှ ဟင်းထည့်ပေးခအနေနဲ့ ပါပါးနားကပ်ပြီးမုန့်ဖိုးတောင်းဖို့ ရိပေါ်တွေးထားလိုက်တယ်။
ညစာစားပြီးကြတော့ စကားနည်းနည်းပါးပါးပြောပြီး ပါပါးက အရင်ပြန်သွားတယ်။ ဝိုင်သောက်ပြီး နည်းနည်းထွေနေတဲ့ ဝမ်ဗိုက်ပူလေးကို ဂရုစိုက်ဖို့ လာကြိုတဲ့အိမ်တော်ထိန်းကြီးကို ရိပေါ်က သေချာမှာရသေးတယ်။
လက်ထပ်ဖို့ကိစ္စကို ညစာမစားခင်တုန်းက ပါပါးက စကားစလာပေမယ့် အချစ်က အဆင်သင့်ဖြစ်သေးပုံမရတော့ကြောင့် ပါပါးက မတိုက်တွန်းတော့ဘူး။ မြေးချီချင်နေတဲ့ ဝမ်ဗိုက်ပူလေးကိုနားလည်သလို အဆင်သင့်မဖြစ်ရှာသေးတဲ့ အချစ်ကိုလည်းနားလည်တယ်။
ရိပေါ်ချစ်ရတဲ့ကိုကိုက ယောက်ျားလေးတစ်ယောက်မလို့ ရင်သွေးအတွက် စိတ်ပူရပေမယ့် တိုးတက်နေတဲ့ခေတ်ကြီးမှာ လိုသလိုလုပ်လို့ရနေတာ ရိပေါ်အသိပဲ။ ဒါပေမယ့် ကိုကိုသာ ဝန်ထုပ်ဝန်ပိုးဖြစ်မယ်ဆို ရိပေါ်က တိုက်တွန်းမှာတော့ မဟုတ်ဘူး။
" အေးနေလား အချစ် "
" ဟင့်အင်း ရိပေါ် "
" လာ ... ကိုယ့်အိပ်ကပ်ထဲထည့်ထား "
ကိုကို့လက်ချောင်းလေးတွေကို ရိပေါ်လက်ဖဝါးကြီးကြီးတွေနဲ့အုပ်ကိုင်ပြီး ဝတ်ထားတဲ့ဟူဒီရဲ့ အိတ်ကပ်ထဲ ထိုးထည့်ထားလိုက်တယ်။ ညနက်လာတာနဲ့အမျှ ရာသီဥတုကလည်း အေးချင်လာတယ်။
" ရှောင်ပင်းကို အလုပ်ရှုပ်အောင် လုပ်မိလားမသိဘူးနော် ရိပေါ် "
" သူအားနေတာပဲဟာ ... အားမနာနဲ့ အချစ် "
ပါပါးနဲ့တွေ့ဖို့ အလာတုန်းကမောင်းလာတဲ့ကားကို ထားခဲ့ပြီး ရိပေါ်နဲ့အချစ်က အိမ်ကိုလမ်းလျှောက်ပြန်ကြတယ်။ ကျန်နေခဲ့တဲ့ကားကို ရှောင်ပင်းဆီဖုန်းဆက်ပြီး လာယူခိုင်းထားတာမလို့ အချစ်က အားနာနေပုံရတယ်။
" ပထမဆုံးနှင်းကျရင် ဘယ်သွားကြမလဲ အချစ် "
" ပထမဆုံးနှင်းကျဖို့ အဝေးကြီးလိုသေးတယ်မလား ရိပေါ် "
" ကြိုစဉ်းစားထားရအောင်လေ "
" မောင် အဆင်ပြေသလိုပဲ "
အချစ်ဆီကနေ မောင်ဆိုတဲ့နာမ်စားထွက်လာတိုင်း ရိပေါ်မှာ ရင်တွေအဆမတန်ခုန်ရတယ်။ အင်္ကျီအိပ်ကပ်ထဲထည့်ထားတဲ့ အချစ်ရဲ့လက်ကို ဖျစ်ညှစ်လိုက်တော့ အချစ်က ရှက်ပြုံးလေးပြုံးပြီး ခေါင်းငုံ့သွားတယ်။
" အချစ် ~ "
" ဟင် ~ "
ရိပေါ်က ခပ်တိုးတိုးခေါ်တော့ အချစ်ကလည်း ခပ်တိုးတိုးပြန်ထူးတယ်။
" ပါပါးပြောတာတွေ စိတ်ထဲမထားပါနဲ့ ... အချ်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး "
ရိပေါ်စကားဆုံးတော့ အချစ်က လမ်းလျှောက်နေရာကနေ ရပ်လိုက်တာမလို့ ရိပေါ်လည်း ရပ်လိုက်မိတယ်။ အခုရိပေါ်တို့ရပ်နေတဲ့နေရာက အသွားအလာသိပ်မရှိတော့တဲ့ လမ်းမကျယ်ကြီးဘေးမှာပဲ။
" အဲ့လိုမဖြစ်ပါဘူး ရိပေါ် ... နည်းနည်းစဉ်းစားနေတာ "
" ဘာကိုလဲအချစ် ... ကိုယ့်ကိုမယုံလို့စဉ်းစားနေတာလား "
ရှောင်းကျန့် ခေါင်းအသာရမ်းပြလိုက်တယ်။ တကယ်လည်း စဉ်းစားနေတဲ့အချက်က ရိပေါ်ပြောသလိုမှ မဟုတ်တာ။
" ခုနက ငြင်းမိသလိုဖြစ်သွားတော့ ပါပါးစိတ်ကွက်သွားမလားမသိဘူးလို့ စဉ်းစားနေတာပါ "
" ဟားးး ... အချစ်ရယ် "
ရိပေါ်က အချစ်ရဲ့ အပြင်ကလက်နောက်တစ်ဖက်ကိုဆွဲယူလို့ အင်္ကျီအိပ်ကပ်ထဲ ထပ်ထည့်လိုက်တယ်။ ရိပေါ်ကတော့ အချစ်နဲ့မျက်နှာချင်းဆိုင်မှာရပ်ပြီး လက်နှစ်ဖက်လုံးနဲ့ အချစ်ရဲ့ပါးလေးတွေကို ပင့်ကိုင်လိုက်တယ်။
" ဝမ်ဗိုက်ပူလေးက အချစ်ကို စိတ်မကွက်ပါဘူး ... အချစ်အဆင်သင့်မဖြစ်တာသိလို့ ထပ်မပြောတာပဲကြည့်လေ "
" ငါအရမ်းဆိုးနေလားဟင် "
" ဟာကွာ ... စိတ်ကြိုက်ဆိုးပစ်လိုက်စမ်း အချစ်ရယ် "
အပြောရဲ့နောက်မှာ ရိပေါ်ရဲ့နှုတ်ခမ်းနွေးနွေးက ရှောင်းကျန့်ရဲ့ နဖူးပြင်ထက် ပိကျလာတယ်။ ရှောင်းကျန့်ကလည်း အလေးအနက်ထားလို့ မျက်လုံးတွေကို မှိတ်ထားရင်းခံယူလိုက်တယ်။
" ကိုယ်တို့ချစ်သူဘဝကို အချိန်အကြာကြီးဖြတ်သန်းကြမလား အချစ် "
" ဟမ် "
" အချစ်နဲ့ကိုယ်နဲ့တွေ့တာ အချိန်တိုလေးပဲရှိသေးတာ အချစ်ရော ကိုယ်ရောသိတယ်လေ ... တစ်ယောက်အကြောင်းတစ်ယောက် ဒီထက်ပိုပြီးသိအောင် ကိုယ်နဲ့အတူတူဖြတ်သန်းချင်ရဲ့လား အချစ် "
ရိပေါ်ရဲ့အမေးကို ရှောင်းကျန့် ပြန်ဖြေလိုက်တဲ့အဖြေက တစ်ခွန်းတည်းပါပဲ။
" အင်း ... အတူဖြတ်သန်းရမယ့်သူက မင်းဆိုရင်ပေါ့ "
ရှောင်းကျန့်ဟာ ရိပေါ်ကြောင့် ရူးပြီးရင်းရူးရတယ်။
" အတူတူပေါ့ အချစ်ရယ် "
ရိပေါ်က အချစ်ကို ခပ်တင်းတင်းဆွဲဖက်ပစ်လိုက်တယ်။
ရိပေါ်က အချစ်ကို ရင်ငွေ့နဲ့နွေးထွေးစေပြီး အရိပ်နဲ့ အေးချမ်းစေမယ်။
__________
To be continue ...
Note-Plot ရယ်လို့ ရေရေရာရာမချထားပဲ စိတ်ကူးတည့်ရာ လက်တန်းရေးနေတာမလို့ ဖတ်ရတာအဆင်မပြေဖြစ်ရင် တောင်းပန်ပါတယ်ရှင်။
12th July,2021(Mon)
call_me_Tylor