လူဆိုးကောင် (completed)
By AyeMon687
125K 9K 987
ကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။ More
🤍အပိုင်းနှစ်🤍
🤍အပိုင်းသုံး🤍
🤍အပိုင်းလေး🤍
🤍အပိုင်းငါး🤍
🤍အပိုင်းခြောက်🤍
🤍အပိုင်းခုနစ်🤍
🤍အပိုင်းရှစ်🤍
🤍အပိုင်းကိုး🤍
🤍အပိုင်းတစ်ဆယ်🤍
🤍အပိုင်းတစ်ဆယ့်တစ်🤍
🤍အပိုင်းတစ်ဆယ့်နှစ်🤍
🤍အပိုင်းတစ်ဆယ့်သုံး🤍
🤍အပိုင်းတစ်ဆယ့်လေး🤍
🤍အပိုင်းတစ်ဆယ့်ငါး🤍
🤍အပိုင်းတစ်ဆယ့်ခြောက်🤍
🤍အပိုင်းတစ်ဆယ့်ခုနစ်🤍
🤍အပိုင်းတစ်ဆယ့်ရှစ်🤍
🤍ဇာတ်သိမ်းပိုင်း🤍
🤍အချပ်ပို🤍
အချပ်ပိုနှစ်🤎
🤍အပိုင်းတစ်🤍
19.2K 745 21
By AyeMon687
[Unicode]
( အပိုင်း၁ )
* နှင်းကျနေပြီပဲ။ဒီနှစ်ရဲ့ ပထမဆုံးနှင်း....။ *
​ဖွေးဖွေးစွတ်၍သည်းသည်းလှုပ် ကျဆင်းနေပါသောနှင်းမှုန်စလေးများက တစ်ခြံလုံးအနှံ
ကိုပြန့်ကျဲနေလိုက်တာများ၊အဖြူရောင်
ကမ္ဗလာစခင်းပေးထားသည့်နှယ် လွန်စွာကိုနှစ်လိုဖွယ်ကောင်းနေခဲ့သည်။
ကန်လန်ကာလေး၏နောက်ကွယ်ကနေပြီး ခေါင်းလေးထုတ်၍ သဘာဝတရားကြီးရဲ့ငြိမ်းချမ်းနေမှုကို ခံစားနေသူအမျိုးသားငယ်လေးခမျာ နွေးနွေးထွေးထွေးလေးပြုံးရှာ၏။
ပြတင်းပေါက်နှင့်အခန်းငယ်ကိုကန့်လျက်ကွယ်ချထားသည့် အဝါနုရောင်ကန်လန်ကာလေး၏အနားစကိုလှစ်မထားရာကနေ ခပ်ဟဟလေးပဲဖွင့်ထားခဲ့မိတဲ့ပြတင်းတံခါးကို တွန်းဖွင့်ပစ်ရင်းဖက်လတ်စ ဆေးစာအုပ်ထူကြီးကိုပြန်ကောက်ကိုင်သည်။
စာမျက်နှာတစ်မျက်နှာချင်းစီတိုင်း၊စကားစုတစ်လုံးချင်းစီတိုင်းကို သေချာစိတ်ဝင်စားပြီးဖတ်နေခဲ့၍ သူ့မျက်လုံးလေးများကပင် အရောင်တလဲ့လဲ့တောက်ပနေသေး၏။စာရွက်ကိုလှန်လှောနေတဲ့လက်ချောင်းနုနုလေးတွေကအစ မြတ်နိုးယုယပေးချင်စရာ..။
သူဆိုတာက ပတ်ခ်ဂျီမင်ကိုရည်ညွှန်းနေခြင်းပါ။အဲ့ဒါအပြင် သူက ဆေးကျောင်းက နောက်ဆုံးနှစ်ကျောင်းသားလေး။အဝါရောင်တွေဆို သိပ်ခုံခုံမင်မင်ရိှသည့်ဆရာဝန်လောင်းလေးမို့ အဝါရောင်တွေနဲ့သာ အတူတူတွေ့မြင်ရလေ့ရှိတယ်။
-----------
* ဂျီမင်နား...ရုပ်ရှင်သွားကြည့်ရအောင် *
အခန်းတံခါးခေါက်သံမပြုပဲ ဝင်ချလာကာ
စွာကျယ်ကျယ်အသံလေးနှင့် စာဖတ်နေသူအားအနှောက်အယှက်ပြုရှာသူသည် ကင်မင်ဟီဖြစ်ပြီး၊သူမသည် ပတ်ခ်ဂျီမင်၏အရင်းနှီးဆုံးမိန်းကလေးလည်းဖြစ်သည်။ထိုအသံကိုနားယဥ်နေပုံရသောဂျီမင်သည်သူမရှိရာဘက်ကို လှည့်မကြည့်လာပါ။
အခန်းထဲလျှောက်ဝင်လာသောသူမသည် ယောကျာ်းပျိုလေးတစ်ဦးပမာ ပြောင်ပြောင်ရှင်းရှင်းမျက်နှာလေးနှင့်။သူမက မိတ်ကပ်ထူထူလိမ်းခြယ်ရတာကိုမကြိုက်နှစ်သက်ပေမယ့် နှုတ်ခမ်းဆိုးဆေးခြယ်ရတာကိုတော့သဘောတကျရှိလှတယ်။
မိန်းကလေးမဆန်ပေမယ့် ရည်းစားထားရတာကိုတော့ သဘောကျတယ်။အထူးသဖြင့်
တစ်ပါးသူရဲ့နှလုံးနဲ့မှ ဆော့ကစားချင်တာမျိုး..။
* ရား!...ရုပ်ရှင်သွားကြည့်မယ်လို့။နင့်ရဲ့အဲ့စာအုပ်ကိုချထားပြီး ငါ့ကိုကြည့်စမ်းပါ *
ကင်မင်ဟီကိုဘယ်တုန်းကများ လျစ်လျူရှုလို့ရဖူးလို့လဲ။အာရုံစိုက်လို့မရတော့သည့်အဆုံး စာအုပ်ကိုပိတ်ချပစ်ပြီး ကိုယ့်ခုတင်ပေါ်မှာအကျအနဝင်ထိုင်နေလျက်၊ခြေတံရှည်လေးနှစ်ချောင်းကိုလွှဲဆော့နေတဲ့သူမအား မျက်ခုံးပင့်ပြမိသည်။
ထိုအခါမင်ဟီက ပခုံးတစ်ချက်တွန့်ပြ၍ မထိတထိပြုံးပြရင်း ခုတင်ခေါင်းရင်းဘေးတွင်ထောင်ထားသည့်ဂီတာညိုလေးကို ဆွဲယူကာ လက်ချောင်းထိပ်လေးများနှင့်အသာအယာကြိုးညှိသည်။ဘယ်လိုမိန်းကလေးပါလိမ့်။
ဂီတာတီးတာကိုအဲ့လောက်ထိနှစ်ခြိုက်ရသလား။အဲ့အစားမိန်းကလေးပြီပြီ ဟင်းချက်တာတို့၊ပန်းချီဆွဲတာတို့၊ချည်ထိုးတာတို့ကို ဝါသနာပါပါတော့လား။ကင်မင်ဟီက ကင်မင်ဟီမို့ တစ်မူထူးနေတာပါပဲ။
* ဘာလာရှုပ်ပြန်ပြီလဲ မိမင်ဟီ၊ဘယ်ရုပ်ရှင်မှလည်းမလိုက်နိုင်ဘူး နင်ပြန်တော့ *
* နင်အဲ့လိုငြင်းမယ်မှန်းငါသိပြီးသားနော်။အပိုတွေလုပ်မနေနဲ့သွားမယ် ထ! *
မင်ဟီတစ်ယောက် ဂီတာကိုဆော့ကစားနေရာမှ မျက်လုံးလှန်ကြည့်လာခဲ့ပြီး လှစ်ခနဲပြုံးပြလာပြန်သည်။
* ငြင်းလို့မရမှန်းသိလို့ကို ကြိုငြင်းထားတာရှင်းပြီလား *
* လုပ်စမ်းပါဂျီမင်ရာ ငါ သူနဲ့ချိန်းထားပြီးသားဖြစ်နေပြီ။သူအချိန်ပေးနိုင်တဲ့ရက်လေးပဲ ဒိတ်ရတာကို။ဂျီမင် အကျင့်မယုတ်နဲ့ဟာ*
ရုပ်ရှင်သွားကြည့်ဖို့တကူးတကလာခေါ်နေကတည်းက ကိုယ့်ကိုစေတနာရှိလွန်းလို့လိုက်ပြတာမဟုတ်မှန်းသိပြီးသား။မင်ဟီက မလွယ်လှတဲ့မိန်းကလေးမို့ ဒီလိုရည်းစားတွေထဲကတစ်ယောက်ယောက်နဲ့ဲဒိတ်တိုင်း သူ့ကိုအပူလာကပ်ပြီ။
မသိရင် ပတ်ခ်ဂျီမင်ကပဲ အန္တရာယ်ကင်းအဆောင်ကြီးလိုလို၊ဘော်ဒီဂတ်ကြီးလိုလို၊ရှုပ်ချင်သလိုရှုပ်ထားပြီးရင် မျက်နှာငယ်လေးနဲ့ရောက်ချလာမယ်။ကိုယ့်ကိုကိုယ် မိန်းကလေးမှန်းသိသေးလို့တော်ပါသေးရဲ့။
* နင့်အရှုပ်တွေလိုက်ရှင်းခိုင်းမလို့ လာခေါ်နေတာမလား။ငါမသိဘူးထင်မနေနဲ့ *
* ဟီးဟီးဂျီမင်ကလည်း ခဏလေးပဲလိုက်ခဲ့ပေးနော်။ဂျွန်နဲ့မတွေ့ရတာကြာနေပြီဟ။တကယ်ခဏလေးပဲလေ...မရဘူးလားလို့ *
မင်ဟီက ခုတင်ပေါ်ထိုင်နေရာမှနေ လွှားခနဲခုန်ဆင်းလိုက်ပြီး ဂျီမင်းလည်ပင်းကိုနောက်ကနေသိုင်းဖက်ထားကာ စတင်၍ချွဲနွဲ့သည်။Dream bedတွင်အကျအနထိုင်နေသူ၏
ကိုယ်လုံးလေးအား အသာအယာလှုပ်ရမ်းပစ်လိုက်ရင်း အတင်းကိုကြိုးစားရှာသည်။
* ကင်မင်ဟီ..!နင်ဘာလာဖြစ်နေတာလဲ တော်လိုက်တော့။ *
စိတ်မရှည်သလိုလေး မျက််မှောင်ကျုံ့ကြည့်မိတော့ဟီးခနဲရယ်ပြလာပြီး ခဏလေးပဲလိုက်ခဲ့ပေးပါဟု နှုတ်ခမ်းလှုပ်ရုံလေးသာပြောရှာပြီး သူ့ပခုံးတွေကိုထုထောင်းပေးလာသည်။
* အခုသွားတွေ့မယ့်တစ်ယောက်က ဂျွန်ဂျောင်ကုလား *
* အွန်း...နင်သိရဲ့သားနဲ့ဘာလို့လာမေးနေတာလဲ *
ကင်မင်ဟီက ကင်မင်ဟီမဆန်စွာရှက်ဝဲဝဲလေးပြုံးနေသည်။ဟိုကောင့်ရဲ့နာမည်လေးကြားရုံနဲ့တင် အခုလိုအရှက်သည်းနေစရာဘာလိုလို့လဲ။အချစ်ကြောင့် ​ြဒီအရူးမလေး ဆေးမမှီတော့ဘူး။
ချစ်သူနဲ့ချိန်းတွေ့တာကိုတောင် အကျောကြီးနဲ့သူအဆင်ပြေတဲ့နေ့!သူ့ဘက်ကလာတွေ့လို့ပြောတဲ့နေ့ကိုမှသွားတွေပေးရမည်တဲ့လား။ကင်မင်ဟီက ကင်မင်ဟီမဟုတ်တော့သလိုပဲ ဒီကောင်နဲ့ကျမှ ခေါင်းငုံခံအညံ့ပေးနေတာက ဟုတ်ကိုဟုတ်မနေဘူး။
သေချာတာတစ်ခုပြောပြရမည်ဆို ဂျွန်ဂျောင်ကုဟာ ကမ်းကုန်အောင်ကိုဆိုးသွမ်းနေတဲ့ မိမနိုင်ဖမနိုင်လူဆိုးကောင်ဆိုတာပါပဲ။ကြားရသမျှသတင်းတွေအရဆို ကောင်းတဲ့အချက်တစ်ခုတောင်ရှိမနေဘူးလေ။ဒါနဲ့တောင်မှလား..?။
* အဲ့ကောင်အကြောင်းကိုနင်မသိဘူးလို့တော့မပြောနဲ့နော်။မတွဲပါနဲ့လို့ ငါအတန်တန်မှာထားရက်နဲ့ နင်ဟာလေကင်မင်ဟီမဟုတ်တဲ့အတိုင်းပဲ။ဒီကောင်နဲ့တွေ့မှ နင့်မာနတွေဘယ်ရောက်သွားပြီလဲ *
သူ၏အားမလိုအားမရဖြစ်ရခြင်းတွေကို မင်ဟီက အရေးမစိုက်စွာဘဲ ခပ်ဟဟရယ်ပြလာခဲ့ပြီးပခုံးတစ်ဖက်ကိုဆက်ခနဲတွန့်ပြလာသည်။လုပ်ပြနေပုံကိုကြည့်ပါဦး အသည်းယားစရာကောင်းအောင်လို့!။
* ချစ်သူတွေကြားမှာမာနထားစရာလိုလို့လား။သူကငါ့ချစ်သူပဲ သူနဲ့သက်ဆိုင်လာရင် ဘာမာနမှမထားနိုင်ပါဘူး။ *
* ချစ်သူ?နင့်လိုမျိုးသူ့ဘက်ကရော ချစ်သူလို့သတ်မှတ်ထားတာသေချာရဲ့လားဟမ်!ဟိုကောင်ရဲ့ဘယ်နှယောက်မှန်းမသိတဲ့အပျော်ရည်းစားအဆင့်မှာ နေပျော်နေတာလားမင်ဟီရှီ!...*
* ဟုတ်တယ် ငါက သူ့အပျော်ရည်းစားဆိုတာမှန်တယ်ဂျီမင်။ဒါပေမယ့်ငါသူ့ကိုချစ်တယ်လေ။ငါ့အချစ်ကစစ်ရင် ငါအပေါ် သူလေးနက်လာမှာလို့ငါယုံတယ် *
* ယုံကြည်တယ်တဲ့လား~~?!။တစ်ခုတော့ကြိုပြောထားမယ် အဲ့လိုကောင်အတွက်နဲ့ဘာတစ်ခုမှအောက်ကျို့ခံပေးမနေနဲ့ မာနလေးလည်းထားဦးဟုတ်ပြီလား *
* ဟီး အဲ့ဒါတော့မသေချာသေးဘူး။အခုတော့ အောက်ကျို့ပါရစေအုန်းဟယ်။ငါသူကိုတကယ်ကြွေနေတာဂျီမင်ရဲ့ ။သူကလွဲရင်ငါမာနထားနိုင်တယ် *
* ကောင်းပါ့ကွာ။နင့်ကိုတော့လက််မြှောက်လိုက်ပြီ ဟူး! *
ကင်မင်ဟီချစ်သူနဲ့တွေ့ဖို့အချိန်းကောင်းတာနဲ့ သူ့မှာ အတွဲစောင့်နတ်ဖြစ်ရပေဦးမည်။နောက်ဆုံးတော့လည်းလက််မြှောက်အရှုံးပေးလိုက်ရကာ အဝတ်ဘီဒိုရှေ့ ခြေစုံရပ်နေခဲ့ရပြီ။
စိတ်မပါလက််မပါဖြင့် အဝတ်တွေကိုလှန်လှောကြည့်နေမိစဥ္ မိမင်ဟီ၏တွန်းထုတ်ခြင်းကိုခံလိုက်ရပြီး သူမလက်ချက်ကြောင့်ပွစိတတ်သွားတဲ့ အဝတ်ဘီဒိုတစ်ခုလုံးကိုကြည့်ပြီး သက်ပြင်းအခါခါချမိ၏။
ညကျရင် ပြန်ရှင်းရပေဦးမည်။
* ဒါတော့ နင်မှမချစ်တတ်သေးပဲ။ချစ်တတ်လာတဲ့တစ်နေ့ ငါ့ကိုကိုယ်ချင်းစာတတ်လာမှာပါ *
* လုံးဝပဲနော်!ငါ့ကိုယ်ငါကလဲွဲပြီးဘယ်တစ်ယောက်ကိုမှ ခွဲမချစ်ပေးနိုင်ဘူး *
မင်ဟီက သူ့ခုတင်ပေါ်ကိုပစ်လှဲကာအိပ်ချလိုက်တာမို့ သူ့မှာသူသက်ပြင်းတွင်တွင်ချလိုက်ရင်း အဝတ်လဲခန်းထဲဝင်လိုက်ရတော့သည်။ဘယ်လိုမိန်းကလေးကများ ယောကျာ်းလေးတစ်ယောက်ရဲ့အခန်းထဲမှာ ဒီလောက်ထိရဲတင်းရတာပါလိမ့်။
* * * * * * * * * * * * * * * * * * * * * * * *
ပြင်ဆင်လို့အားလုံးပြီးနောက် အောက်ထပ်သို့ခပ်ရို့ရို့လေးဆင်သွားရှာသည့်မင်ဟီမှာ ဉာဏ်နီဉာဏ်နက်သိပ်များပါသည်။မိန်းကလေးဖြစ်ပြီး အပြုအမူတွေကတစ်စက်လေးမှ ညင်သာခြင်းမရှိ။ဒါနဲ့တောင် ဟိုလူဆိုးကောင်နဲ့ချစ်သူတွေ ရအောင်ဖြစ်သွားသေးသတဲ့။
ဂျွန်ဂျောင်ကုက အလှအပဆိုတအားမက််တဲ့ကောင်၊မိန်းကလေးဆိုလည်း နူးနူးညံညံလေးမှ သိမ်သိမ်မွေ့မွေ့လေးဖြစ်နေမှတွဲဖို့စိတ်ကူးရှိတဲ့ကောင်!ကင်မင်ဟီလို ဘာတစ်ခုမှရင်ဖိုစရာမကောင်းတဲ့မိန်းကလေးမျိုးကို ဘာအကြောင်းနဲ့တွဲနေရသလဲ စဥ္းစားလို့တောင်မရဘူး။
ထို့နောက်တွင်တော့ ကင်မင်ဟီအလိုတော်ကျ ရုပ်ရှင်ရုံဆီသို့လိုက်ပို့ပေးရတော့သည်။ထိုသို့
သွားနေရင်းနဲ့မီးပွိုင့်မိရာ တစ်နေရာအရောက်တွင်တော့...
* မင်ဟီ~~ *
သူခပ်တိုးတိုးခေါ်မိလေတော့ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့သူမက လှည့်ကြည့်လာပေးသည်။သို့သော် ပေါ့ပေါ့တန်တန်လှည့်ကြည့်တာမျိုးမဟုတ်ဘဲနဲ့ တကယ့်ကိုလေးလေးနက်နက်အာရုံစိုက်ပေးခြင်းမျိုးဖြစ်တယ်။
* ပြောလေ။အထူအဆန်းခေါ်လို့ ပြောမှာသာပြောစမ်းပါဟဲ့ *
အတန်ကြာတဲ့အထိနှုတ်ဆိတ်နေမိတာမို့
မင်ဟီက မျက်လုံးပြူပြလာခဲ့ပြီးစကားထောက်ပေးရှာပေမယ့် ဆေကျောင်းသားမှာစကားထစ်နေမိသည်။
* နင် ...ဟိုလေဟာ နင်....*
* ဘာတုန်းဟာ တနင်နင်နဲ့.! နင်နဲ့ငါ့ကြားမှာစကားထစ်စရာလိုလား *
* ငါဝင်စွတ်ဖက်သလိုဖြစ်သွားမှာစိုးလို့ပေါ့။ဒါဆို ငါတည့်(ဒဲ့)ပဲမေးမယ်။နင် ဂျွန်ဂျောင်ကုကိုတကယ်ချစ်လား *
* ငါမသိဘူးဂျီမင် ဒါပေမယ့်ငါသူ့ကိုရင်ခုန်တယ် *
အခု ကင်မင်ဟီက ဘာဖြစ်ချင်နေတာလဲ?။
* မှားနေပြီ ကင်မင်ဟီ။နင်လမ်းလွဲနေပြီ ရင်ခုန်နေရုံနဲ့ပြီးသွားရောလား?ငါထပ်ပြောမယ်...ဂျွန်ဂျောင်ကုကို နင်ရင်ခုန်ရုံလေးနဲ့
အဲ့ဒါက အချစ်မဖြစ်သွားဘူး *
* အံမယ် နင်ကများ လာသေးတယ်။ရည်းစားလေးတစ်ယောက်တောင်ဖြစ်မြှောက်အောင်မထားနိုင်ဘဲနဲ့ အချစ်ဒဿနတွေဆိုလို့ *
* ပြောင်စပ်စပ်မလုပ်စမ်းနဲ့..ဒါ နင့်အတွက်ပြောနေတာ *
* ဟုတ်ပါပြီ ငါသိပါတယ်နော်။အခုကစပြီးနင်စိတ်မပူတော့လည်းရတယ်...အချိန်တစ်ခုရောက်လာရင် ဂျွန်က ငါ့ကိုချစ်လာမှာပါ။ဘာလို့ဆို ငါ့ရင်ခုန်သံနဲ့သူ့ကိုချည်ပစ်ထားတော့မှာလေ *
ငါသိတဲ့ကင်မင်ဟီက ဒီလိုစိတ်ကူးယဥ္တတ်တဲ့မိန်းကလေးလား..!။ဒီစကားကိုကြားကြားချင်းငါဖြင့်အော်ကြီးဟစ်ကျယ်ရယ်ချပစ်လိုက်ချင်တာပဲသိတော့တယ်။ဂျွန်ဂျောင်ကုလိုလူက အဲ့လိုလွယ်လွယ်လေးချည်တိုင်းအသာတကြည်ငြိမ်ခံပေးနေမယ်တဲ့လား။
* ကျစ်...!ရေရာမှုမရှိလိုက်တာ။တော်ပြီ စကားဆက်ပြောချင်စိတ်လည်းမရှိတော့ဘူး လေကုန်တယ် *
* နင့်သဘောပဲ။ပြောချင်လည်း ပြောနော်။ဘာမှအားမနာနဲ့သိလား။အပျင်းပြေတာပေါ့လို့ အဟင်း!...*
* မျက်နှာရူးမ!! *
မီးပိွုင့်လွတ်သည်နှင့်ကားစတီယာတိုင်ကို
ပိုင်ပိုင်နိုင်နိုင်ဖမ်းဆုပ်လိုက်ကာ လမ်းချိုးပေါ်ကနေ မိန်းလမ်းမကြီးပေါ်သို့ထောင်တက်လိုက်သည်။ဘေးနားရှိမိမင်ဟီကတော့
ဘာတွေဆိုနေမှန်းမသိတဲ့ဝူးဝူးဝါးဝါးသီချင်းတစ်ပုဒ်ကိုဖွင့်ထားရင်း ခေါင်းတခါခါလက်တလှုပ်လှုပ်ဖြင့်။
* ဒါနဲ့မင်ဟီ ဒီကောင်နဲ့အကြောင်းကို နင့်အိမ်ကသိသွားပြီလား *
* ဟင့်အင်း။ဒါကလုံးဝလျို့ဝှက်ချက်လေ။အိမ်ကသိလို့ဘယ်ဖြစ်ပါ့မလဲ *
* ကိုယ့်အကြောင်းတော့ကိုယ်သိသေးသားပဲ *
ထိုအခါသူမက အေးဆေးပါဟူသောသဘောမျိုးနှင့် ပခုံးတစ်ဖက်ကိုဟန်ပါပါတွန့်ပြလာသည်။
* ဂျွန်ဂျောင်ကုနဲ့ဘယ်အချိန်ထိခရီးဆက်ဖို့
စဥ်းစားထားလဲ *
* ခရီးဆုံးထိ *
* ဘုရား.!နင်တော်တော်သတ္တိကောင်းနေတာပဲကင်မင်ဟီ *
* အဟွန်း!...အချစ်ကပေးတဲ့စွမ်းအားတွေကြောင့်ပေါ့ *
* ရူးနေလိုက် *
ဒီကောင်မလေးကတော့ တကယ့်ကိစ္စအကြီးကြီးကိုကျူးလွန်နေတာတောင်အေးအေးလူလူနဲ့မျက်နှာပြောင်နိုင်သေးတယ်။ကိုယ့်အခြေအနေကိုယ်မသိတာလည်း မဟုတ်ဘူး။ဒါနဲ့တောင် ခရီးဆုံးထိဆက်လျှောက်ဖို့တွေးထားရဲသေးတာလား?..။
* ဟုတ်ပြီ နင်ပြောသလိုခရီးဆုံးထိလျှောက်ကြပါပြီတဲ့။နင့်အိမ်ကိုဘယ်လိုရင်ဆိုင်ကြမလဲ။နင့်ကိုကို ကိုနင်ဘာလုပ်မှာလဲဟမ်! *
* ငါ့မှာအဖြေရှိပြီးသားပါ *
မင်ဟီကထိုမျှသာ တိုပြတ်ပြတ်ပြောလာခဲ့ပြီးစကားထပ်မဆက်တော့ပေ။အကြောင်းစုံတွေသိနေတဲ့ကိုယ်ကသာ ကြားထဲကနေစိတ်မောလူမောဖြစ်ရတယ်။လုပ်ချင်ရာတွေလျှောက်လုပ်နေတဲ့လူက ဘယ်လိုနေသလဲမိပေမယ့်...
သူကတော့ ကြားထဲနေ မျက်နှာပူနေရပြီ။
တကယ်ပါ။
မင်ဟီရဲ့ကိုကိုဆိုသော ထိုလူကို သူမသိပါ။
မြင်လည်းမမြင်ဖူးဘူး။တစ်ခါလေးတောင်မှပေါ့။တစ်ချိန်ချိန်မှာမင်ဟီရဲ့အိမ်ထောင်ဖက်ဖြစ်လာမယ့်လူက ဆရာဝန်တစ်ယောက်ဆိုတာပဲ သူသိထားတယ်။ဒီလောက်ပါပဲ..။
* ငါဘာမှဆက််မပြောချင်တော့ဘူးကင်မင်ဟီ။နင်ရွေးလိုက်တဲ့လမ်းကို နင်ပဲဆက်လျှောက်ရမှာ။တစ်ခုပဲ ဂျွန်ဂျောင်ကုဘက်ကရောနင်နဲ့ထပ်တူကျရဲ့လား? ငါစိတ်ပူတာအဲ့ဒါပဲမင်ဟီ *
* ဂျွန်က ငါ့ကိုသံယောဇဥ်ရှိပါတယ်။တွဲလာတာဖြင့် ဒီလောက်နှစ်တွေကြာနေပြီကို သူ့ဘက်က ဖြတ်စကားအခုထိမပြောသေးဘူးလေ *
* ဪဪ..ဂျွန်ဂျောင်ကုကသူတော်ကောင်းကြီးပေါ့လေ!​။ *
* ဂျွန်ကချစ်စရာလေးပါအဟိ!...ပြောရင်းတောင်သူ့မျက်နှာလေးကိုလွမ်းလာပြီ *
ပြောလည်းထူးမည်မဟုတ်။ဂျွန်ဂျောင်ကုရောဂါ မင်ဟီမှာစွဲကပ်နေပြီ။ဒီရောဂါက ကြောက်စရာအကောင်းဆုံးပဲ ကုရာနတ္ထိဆေးမမှီတော့ဘူး။
* ဂျွန်ဂျောင်ကုကို ရွေးခြယ်လိုက်ရင်လည်းထားတော့...၊ငါတစ်ခုပဲမှာချင်တယ်။အဲ့ကောင့်ကိုနင့်ရင်တစ်လုံးနဲ့ရင်းပြီး မချစ်မိစေနဲ့မင်ဟီ!အလျော့အတင်းလေးနဲ့ချစ် နားလည်လား *
* ဟုတ်ပါပြီ ငါသိပါတယ်နော်။အဖိုးကြီးကျနေတာပဲ စကားသိပ်များလိုက်တာ။ငါ့ရင်ခုန်သံကမညာတတ်ပါဘူး ဂျီမင်ရယ်။
ငါတို့ရှေ့ဆက်နိုင်လိမ့်မယ်လို့ ငါယုံတယ်။
အိမ်ကတော့ ဒီလိုပဲရင်ဆိုင်ရမှာပေါ့။နင်သိတဲ့အတိုင်းပဲ ကိုကိုကသူ့ဆေးစာအုပ်တွေလောက်တောင် ငါ့ကိုအာရုံရှိတာမဟုတ်ဘူး။*
မင်ဟီရဲ့စကားသံတွေက လိုတာထက်ပိုကာအနည်းငယ်မာကြောနေတာမို့ စကားလုံးတွေထဲကနေ ဒီကောင်မလေးဘယ်လိုတွေ ခံစားနေရသလဲ သူနားလည်ပေးနိုင်ပါတယ်။
ရင်တွင်းရှုပ်ပုံကြားမှာ မဆီမဆိုင်ဖြင့်ရင်မောရသူက ကိုယ်!။လူနှစ်ယောက်ပေါင်းဖက်ဖို့ရာမှာ သေချာပေါက်အချစ်ကိုလိုအပ်တာမှန်လို့လား။
သာယာတဲ့မိသားစုဘဝတစ်ခုကိုအရယူနိုင်ဖို့ဆို အချစ်ထက်အရေးကြီးတာတွေလည်း ရှိပါသေး၏။တစ်ခါတစ်လေမှာဆို နှလုံးသားနဲ့ဆုံးဖြတ်လိုက်တာထက် ဦးနှောက်နဲ့ရွေးချယ်လိုက်တာက ကိုယ်တွေဘဝကိုပိုကောင်းမွန်သွားစေတာတွေလဲ ရှိနေသေးသည်လေ။
မင်ဟီအတွက် အချစ်ဆိုတာကဂျွန်ဂျောင်ကုဖြစ်နေတာများလား?..။မထောက်မညှာဝေဖန်ရမည်ဆို ကင်မင်ဟီက အချစ်ကိုကိုးကွယ်လွန်းနေပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(ဖတ်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါသည်။)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(Zawgyi)
{လူဆိုးကောင်}
ပရစ်ဖူးသဏ္ဍာန်နှုတ်ခမ်းလေးများက ဘေးတစ်ဖက်တစ်ချပ်ဆီသို့ အနည်းငယ်မကတွန်းကွေးသွားလေပြီး သွားတန်းဖြူဖြူဥဥလေးများပေါ်ရော်သည်အထိ နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးလိုက်မိတဲ့တစ်ခဏ...သူ၏ကျက်သရေရှိရှိအရောင်အဆင်းများက ထင်းခနဲလင်းခနဲပါပဲ။
ပြတင်းပေါက်နှင့်အခန်းငယ်ကိုကန့်လျက်ကွယ်ချထားသည့် အဝါနုရောင်ကန်လန်ကာလေး၏အနားစကိုလှစ်မထားရာကနေ အပြင်ဘက်ရှိနှင်းကျနေပါသောမြင်ကွင်းကို အပြည့်အဝခံစားစေနိုင်ဖို့ရာအတွက် လိုက်ကာအားဆွဲမ၍ဖယ်ပစ်လိုက်ကာ ခပ်ဟဟလေးပဲဖွင့်ထားခဲ့မိတဲ့ပြတင်းတံခါးကို တွန်းဖွင့်ပစ်လေသည်။
ပြီးသည်နှင့်ဖက်လတ်စ ဆေးစာအုပ်ထူကြီးကိုပြန်ကောက်ကိုင်လိုက်ပြီး စာမျက်နှာတစ်မျက်နှာချင်းစီတိုင်း...၊စကားစုတစ်လုံးချင်းစီတိုင်းကို သေချာဈာန်ဝင်ပြီးဖတ်နေလိုက်တာများ မျက်လုံးလေးများတောင်အရောင်တလဲ့လဲ့တောက်ပနေသလားလို့။စာရွက်ကိုလှန်လှောနေတဲ့လက်ချောင်းနုနုလေးတွေကအစ မြတ်နိုးယုယပေးချင်စရာအတိ။စာဖတ်နေပါသောသူ၏ပုံစံယဉ်စစလေးမှာ အနုပညာလက်ရာမြှောက်လွန်းလို့ ဘယ်ပန်းချီရေးလို့မှီနိုင်တော့မည်မထင်။
အသက်နှစ်ဆယ်စွန်းစွန်းသာရှိအုံးမည့် အမျိုးသားငယ်လေးသည် မနက်ခင်းစောစောတွင်ကျဆင်းနေခဲ့သော နှင်းစက်မှုန်များနဲ့အပြိုင် လှပကျော့ရှင်းနေပေသည်။
အမျိုးသားတစ်ယောက်ကိုလှပသည်ဟုသုံးနှုန်းလိုက်တာက သိပ်ကိုရိုးပျနေမှန်း
ဆိုးရွားနေမှန်းသိပေမယ့်လည်း မနှုန်းမိဘဲနှင့်ကို မနေနိုင်တာအမှန်ပါ။သူဟာယောကျာ်းဆန်ဆန်ခန့်ငြားမှုတွေနဲ့ပြည့်စုံနေသလောက်
အလွန်တရာမှကိုလည်း လှပကျော့ရှင်းတွေမှာခငြောင်းနေပြန်သေးသည်။
သူ့မျက်နှာပေါ်ကအစက်အပြောက်လေးတွေတစ်ခုချင်းစီတိုင်းဟာ သိပ်ကိုတန်ဖိုးကြီးလှတာမို့ ရတနာတစ်ပါးသဖွယ်မြတ်နိုးပစ်ချင်စရာအတိပြီးနေမည်။ခပ်ပြေပြေနဖူးနုနုလေးက ယောကျာ်းဆန်မှုတွေချည်းပဲကိန်းအောင်းနေသည်ဟုထင်ရပေမယ့်လည်း သိပ်ပြီးကိုလှလှပပလေးဖြစ်တည်နေပြန်သည်။
ဒါ့အပြင်ခပ်နက်နက်မျက်ခုံးတန်းနှစ်သွယ်အောက်က မျက်လုံးမှေးလေးတွေမှာဆို
ညို့ချက်ပြင်းပြင်းနှင့်စွဲဆောင်မှုရှိလှ၏။
အကြည့်တစ်ချက်အောက်မှာ ရင်တုန်ပန်းတုန်ဖြစ်ရတယ်တို့...၊ယူ့အကြည့်အောက်မှာတို့ကမ္ဘာကြီးတည်သွားရပြီတို့...၊မျက်လုံးလေးလှန်ကြည့်လိုက်ရင်ကျရှုံးပေးဖို့အဆင့်သင့်ပါပဲဟူသည့် မိန်းကလေးတော်တော်များများရဲ့အဲ့လိုအခြေအမြစ်မရှိတဲ့လက်သုံးစကားကိုကြားရပါများလွန်းလို့
နားယဉ်နေပါပြီ။
ဒါကထားပါလေ ပတ်ခ်ဂျီမင်ရဲ့ပုံပမာကိုပဲဆက်ပြီးဖွဲ့နွဲ့သီကုံးပါ့မယ်။အဲ့ဒီလိုမျက်ဝန်းအိမ်လှလှလေးတွေကိုကျော်ပြီးကြည့်လိုက်ရင် နီစွေးစွေးလုသန်းနေသည့်မက်မွန်ရောင်ပါးပြင်ဥဥလေးနှစ်ဖက်နှင့် ပရစ်ဖူးသဏ္ဍာန်ရှိသော နှုတ်ခမ်းဖူးလေးတစ်စုံကိုအတူယှဉ်တွဲပြီး ရှု့မြင်ကြရပါလိမ့်မည်။
မျက်နှာလေး၏ဖွဲ့စည်းပုံမှာ သူ့ဟာနှင့်သူအချိုးအစားကျနလှပြီး လှပကျော့ရှင်းမှုနှင့်
ခန့်ငြားနေမှာ ပနံသင့်စွာအတွဲညီညီဖြစ်တည်နေပေတာမို့ ပတ်ခ်ဂျီမင်ဟာဂုဏ်ကျက်သရေရှိပါပေသောအမျိုးငယ်လေးပင်ဖြစ်သည်။
ပြိုင်စံရှားမည့်မျက်နှာပေါက်မျိုးနှင့်မိမိမိုက်မိုက်ကိုယ်လုံးကိုယ်ထည်ကိုပိုင်ဆိုင်ထားလေတဲ့အမျိုးသားငယ်လေးအား မြင်ရသူအဖို့
စွဲစွဲမက်မက်ဖြစ်ကြရမှာ သေချာပါသည်။
သူ၏ခန့်ခန့်​ငြားငြားရုပ်ရည်သွင်ပြင်မှာအမြဲလိုလိုပြုံးနေတတ်ပေမယ့်လည်း မျက်လုံးလေးများကတော့လူရှိန်ချင်စရာသိပ်ကောင်းပါပေသည်။တည်တည်တံ့တံ့မျက်နှာပိုင်ရှင်လေးက ပတ်ဝန်းကျင်မှာလည်းရောရောထွေးထွေးမနေတတ်ပြန်ဘူး။အပိုအလိုစကားတွေနဲ့လည်း လူတွင်ကျယ်ကြီးလုပ်ပြီး မဟုတ်မမှန်စကားဆိုတစ်ခွန်းတောင်မဆိုတတ်တာမို့
သူ့အား မည်သူကမျှမထိပါးရဲခဲ့ပေ။
ဆေးကျောင်းနောက်ဆုံးနှစ်တက်နေတဲ့လူငယ်တစ်ယောက်လို့မပြောရဘူး။ဖက်ရှင်းပိုင်းကတော့လုံးဝကိုသန့်သန့်ပြန့်ပြန့်နေတတ်၏။အဝါရောင်ကိုပဲ နှစ်ခြိုက်လှသည်ထင်ပါရဲ့။သူနဲ့ဆက်နွယ်နေသမျှ၊ထိကိုင်သုံးစွဲနေသမျှ အရာဝတ္ထုသေးသေးကြီးကြီးကအစ အဝါရောင်ကိုသာအများဆုံးသူရွေးချယ်တတ်သည်။
အိမ်ခန်းတစ်ခုလုံးကိုလည်း အဝါနုရောင်နံရံဆေးလေးပဲ ခြယ်သထားသည်။အိပ်ရာခင်းစွပ် ခေါင်းအုံး၊ဖက်လုံးအစွပ်ကအစ ညအိပ်မီးအိမ်လေးတွေထိကိုပါ အဝါရောင်တွေကိုချည်း နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲထားလေသည်။အဝါရောင်တွေကို သိပ်ခုံခုံမင်မင်ရှိလိုက်ပုံများပတ်ခ်ဂျီမင်ကိုမြင်လိုက်ရင် အဝါရောင်ကိုပြေးမြင်ရတဲ့အထိပါပဲ။
ထိလွယ်ရှလွယ်၊စွန်းပေလွယ်တဲ့အရောင်လေးကိုမှတခုပ်တရနှစ်သက်ခဲ့သည်။သူနှစ်ခြိုက်မိတဲ့အရောင်လေးအတိုင်း သူကိုယ်တိုင်ရဲ့ဖြစ်တည်နေမှုမှာလည်း နူးညံလွန်းနေလို့
အကြမ်းပတမ်းထိတွေ့လိုက်ရင်ကို ပဲ့ကြွေသွားရမှာစိုးရသည်။ဆရာဝန်လောင်းလေးသည် သူ့ဂုဏ်ပုဒ်လေးနဲ့သူသာလျှင်ရဲရဲဝံဝံလေးရပ်တည်နေခဲ့ပြီး!...မသမာသူတွေလက်လှမ်း၍မမှီနိုင်တဲ့ နေရာတစ်ခုမှာခန့်ထည်စွာရှိနေခဲ့ပါသည်။သူ၏အရိပ်လေး
ဖြစ်တည်နေမှုကအစ ဝင့်ဝင့်ကြွားကြွားပါပဲ။
အခန်းတံခါးခေါက်သံမပေးကာ ဝင်ချလာပြီးမှစွာကျယ်ကျယ်အသံလေးနှင့် စာဖတ်နေသူအားအနှောက်အယှက်ပြုရှာသည်။ထိုအခါ
ဂျီမင်ဆိုသူသည် ဒီအသံကိုနားယဉ်နေပုံရပါရဲ့ထူးထွေပြီးလှည့်မကြည့်လာကာ နဂိုထိုင်နေခဲ့တဲ့အတိုင်းပဲ Dream Bedမှာသာအေးအေးလူလူကျောပေးပြီးထိုင်နေခဲ့လေသည်။
ဘယ်သူလဲဆိုတာကိုလှည့်ကြည့်စရာမလိုအောင်ကို ဒီအသံ၏ပိုင်ရှင်အား သူသိပ်သိတာပေါ့။သူ့ဘဝမှာနှစ်ယောက်ပင်ထပ်မရှိနိုင်တော့တဲ့ ငယ်သူငယ်ချင်းမ "ကင်မင်ဟီ"ပဲမဟုတ်ပေလား။ခြံချင်းကပ်ရပ်နေခဲ့ကြတာမို့လို့ ငယ်စဉ်ကတည်းက ဒီဂျစ်တူးမိန်းကလေးနှင့်ပဲကစားဖော်ဖြစ်ခဲ့ရတယ်။
အခုလိုအရွယ်ရောက်လာကြသည့်တိုင်
သူမဟာ ကျွန်ုပ်၏တစ်ဦးတည်းသောရောင်းရင်းသူငယ်ချင်းလေးဖြစ်ခဲ့ရတယ်ဆိုပါတော့။ကင်မင်ဟီတဲ့ နာမည်ကိုသာကြည့်လိုက်တော့လေ။မိန်းမသားမဆန်လိုက်တာများ ယောကျာ်းဆန်ဆန်နာမတစ်ခုနှင့်အညီ အပြုအမူလုပ်ရပ်တိုင်းကလည်း ယောကျာ်းဆန်နေလိမ့်မည်။
မိတ်ကပ်ထူထူမလိမ်းခြယ်တတ်ပေမယ့် နှုတ်ခမ်းဆိုးဆေးခြယ်ရတာကိုတော့သဘောတကျရှိလှတဲ့သူမဟာ ဘောင်းဘီများကိုတော့ အတို၊အရှည်ဒီဇိုင်းမျိုးစုံနဲ့ဖက်ရှင်မိမိဝတ်စားတတ်တဲ့မိန်းကလေးမဆန်လှသောမိန်ကလေးတစ်ယောက်သာဖြစ်သည်။
သို့ပေတိ ပုံစံလေးကသာမိန်းမသားမဆန်သည့်တိုင် ချစ်သူရည်းစားထားရာမှာတော့အင်မတန်မကိုရှုပ်ပွေလီလှသည်။သွက်သွက်လက်လက်ပြောဟန်လေးနဲ့ အရာရာကိုအပူအပင်ကင်းကင်းနေတတ်တဲ့သူမဟာ ရည်းစားတွေထည်လည်းတွဲရင်း ခံစားချက်မရှိတော့အခါအမေးအမြန်းမရှိ ဖြတ်ချပစ်တတ်သေးသည်။
ယောကျာ်းလေးတစ်ယောက်လို လွတ်လွတ်လပ်လပ်နေတတ်ပြီး အလှအပမကြိုက်တာမှန်ပေမယ့်လည်း ရည်းစားရှုပ်လှသော
"ကင်မင်ဟီ"နှင့် ယောကျာ်းလေးဖြစ်နေသည့်တိုင်တည်တည်တံ့တံ့လေးသာနေတတ်ခဲ့သော"ပတ်ခ်ဂျီမင်" ... ။ဆန်ကျင်ဘက်မြှားနှစ်စင်းလိုမျိုး ဦးတည်ချက်မတူသည့်သူတို့နှစ်ယောက်လုံးက အဘယ့်ကြောင့်နဲ့များ
အခုချိန်ထိသံယောဇဉ်မပြတ်တောက်သွားရသလဲ။နောက်နှစ်များစွာအထိ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ရှိနေကြဦးမှာက ဧကန်မုချပဲဖြစ်သည်။
* ရား!...ရုပ်ရှင်သွားကြည့်မယ်ဆို။အဲ့စာအုပ်ကိုချထားလိုက်စမ်းပါဟာ။ငါ့ကိုကြည့် *
ထိုအခါမင်ဟီက ပခုံးတစ်ချက်တွန့်ပြ၍ မထိတထိပြုံးပြလာကာ ခုတင်ခေါင်းရင်းဘေးတွင်ထောင်ထားသည့်ဂီတာညိုလေးကိုဆွဲယူ၍ လက်ချောင်းထိပ်လေးများနှင့်အသာအယာကြိုးညှိ့သည်။ပိုင်ပိုင်နိုင်နိုင်ပါပဲ သံစဉ်တစ်ခုကိုအစပျိုး၍တီးခေါက်နေပုံမှာ ဂီတာနှင့်အကျွမ်းတဝင်ရှိလှမှန်းသိသာစေသည်။
ဝတ်ထားတဲ့ဒီဇိုင်းကိုကြည့်ဦး။ဟွတ်ဒီခေါင်းဆောင်းအင်္ကျီပွချောင်ချောင်နှင့် စကင်းနီးဂျင်းပြာရောင်ကိုခုံခုံမင်မင်ဝတ်ထားတာများမိန်းကလေးတစ်ယောက်မှဟုတ်ပါစလေ။
* ဘာလာရှုပ်ပြန်ပြီလဲ မိမင်ဟီ၊ဘယ်ရုပ်ရှင်မှလည်းမလိုက်နိုင်ဘူး နင်ပြန်တော့သွား *
ဘက်ပြိုင်ပြီး ဘယ်တုန်းကများငြင်းလို့ရဖူးသလဲပတ်ခ်ဂျီမင်ရယ် *
မသိ။ဒီလိုမိန်းကလေးကိုမှ သဘောကျလှပါချည်ဆိုတဲ့ ယောကျာ်းသားများကလည်းဒီလောကကြီးမှာရှိကြသေးသတဲ့။ကင်မင်ဟီဆီမှာ ပလေးခံချင်နေတဲ့ယောကျာ်းတွေများအုံလိုက်ကျင်းလိုက်ပါပဲဗျာ။
လာမရှုပ်စမ်းပါနဲ့။ *
နင်အကျင့်မယုတ်နဲ့နော် ဂျီမင် *
ရုပ်ရှင်သွားကြည့်ဖို့တကူးတကလာခေါ်နေကတည်းက ကိုယ့်ကိုစေတနာရှိလွန်းလို့လိုက်ပြတာမဟုတ်မှန်းသိပြီးသားပါ။မင်ဟီကမလွယ်လှတဲ့မိန်းကလေးမို့ သူမရည်းစားတွေထဲကတစ်ယောက်ယောက်နဲ့ဒိတ်တိုင်း ဂျီမင်ကိုအဖော်ညှိ့တတ်သည်။ကိုယ်ရံတော်ကြီးလိုမျိုးဂျီမင်က လိုက်စောင့်ရှောက်ပေးရတာပေါ့။
မိန်းကလေးဆိုတော့လည်း ရည်းစားများတိုင်းကိုယ့်အတွက်မကောင်းတာကို သူမသိပုံရသည်။အန္တရယ်မကြုံရလေအောင် ဂျီမင်အားသူမသွားလေရာတိုင်း အဖော်အဖြစ်နဲ့ခေါ်သွားတတ်သည်။တစ်စုံတစ်ခုအခြေအနေမဟန်ရင်ပဲဖြစ်ဖြစ်၊အခန့်မသင့်ရင်ပဲဖြစ်ဖြစ်
ပတ်ခ်ဂျီမင်ကသာ ဟီးရိုးဝင်လုပ်ရပြီးသူ့သူငယ်ချင်းမကို ပထုတ်သွားတတ်သည်လေ။
ဒါမှမဟုတ် ဒိတ်လုပ်သည့်နေရာမှာနောက်ရည်းစားတစ်ယောက်ယောက်နဲ့ထိပ်တိုက်တွေ့ခဲ့ရင် ဆရာဝန်လေးကပဲဖြေရှင်းပေးရစမြဲပေါ့။သူမကပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေတတ်သူမို့ အပျော်ရည်းစားထားရုံအပြင်ယုတ်ယုတ်လွန်လွန်တွေမနေထိုင်တတ်ပါ။ကောင်လေးတွေနဲ့ဒိတ်ရင်လည်း ကော်ဖီဒိတ်တို့၊မူဗွီဒိတ်တို့လောက်ပဲ စိတ်ဝင်စားတတ်သည်။စိတ်အပျော်ရှာရုံပဲဖြစ်လို့ အပျော်ထက်အပျက်မကြူးချင်ပုံရသည်။
ဒါ့ကြောင့်လည်း ယောကျာ်းလေးသူငယ်ချင်းဖြစ်တဲ့ပတ်ခ်ဂျီမင်ကို မရမကခေါ်သွားတတ်သည်။ပြီးပြန်ရင်လည်း ကော်ဖီဒိတ်ဆို
သူမတို့ဝိုင်းနဲ့ခပ်လှမ်းလှမ်းဝိုင်းမှာထိုင်ပေးရပြီး စောင့်ကြည့်အကဲခတ်ပေးရသည်။မူဗွီဒိတ်ဆိုလည်းထိုနည်း၎င်းပါပဲ။သူတို့နှစ်ယောက်မှာ အဲ့လိုမျိုးနေထိုင်ကြတာမှန်ပေမယ့်လည်း တစ်ဦးပေါ်မှာတစ်ဦးကရိုးသားကြပါသည်။
နှစ်ယောက်လုံးက တစ်ဦးတည်းသောသားသမီးများဖြစ်ကြတာမို့ တွယ်တာစရာမောင်နှမလည်းမရှိကြဘူးလေ။တိုင်ပင်စရာ၊အကူအညီတောင်းစရာဘေးလူလည်းမရှိကြတာချင်းအတူတူပဲမို့ ရင်ဘက်ချင်းနီးတဲ့အကောင်းဆုံးသောသူစိမ်းလေးတွေသာဖြစ်ကြသည်။မိဘတွေကကြောင်းလမ်းလာပေးရင်လည်း သူတို့ငြင်းကြမှာကမလွဲမသွေပဲပေါ့။ဘာလို့ဆို သူတို့ဟာရိုးသားကြတယ်လေ။
ငါစာကြည့်ဖို့ရှိသေးတယ်။နင်ပြန်တော့ဟာ *
မင်ဟီက ခုတင်ပေါ်ထိုင်နေရာမှနေလွှားခနဲခုန်ဆင်းလိုက်ပြီး ဂျီမင်းလည်ပင်းကိုနောက်ကနေသိုင်းဖက်ထားကာ စတင်၍ချွဲနွဲ့ကြည့်ရှာသည်။Dream bedတွင်အကျအနထိုင်နေသူ၏ကိုယ်လုံးလေးအား အသာအယာလှုပ်ရမ်းပစ်လိုက်ရင်း အတင်းကိုမဲဆွယ်နေပြန်ပါသည်။
စိတ်မရှည်သလိုလေး မျက်မှောင်ကျုံ့၍
* မင်ဟီ~နင်အခုသွားတွေ့မယ့်တစ်ယောက်က ဂျွန်ဂျောင်ကုများလား *
ဒီကောင်နဲ့ငါအဆင်မပြေမှန်းသိရက်နဲ့ တွဲဖြစ်အောင်ကိုတွဲပြီး ငါ့ကိုအဖော်ခေါ်နေတာဘာသဘောလဲ။ပြသနာဖြစ်ရအောင်လို့လား။
သူ့အကောင်အချိုးနဲ့ဆို ကြိမ်းပေါက်ကိုရန်ပွဲဖြစ်ရမှာပဲ။ဒါကလည်းအခုမှ မကျေလည်မှုတွေဖြစ်ခဲ့ရတာမဟုတ်ဘူး။
မင်ဟီကျောင်းမပြီးစဉ်ကတည်းက ဒီကောင်နဲ့မပြေလည်မှုတွေဖြစ်ခဲ့ရတာ။မင်ဟီနဲ့ဂျွန်ဂျောင်ကုက တစ်ကျောင်းတည်းအတန်းဖော်တွေလေ။အဲ့အရူးကောင်က တစ်ကျောင်လုံးရဲ့မေဂျာကင်းပေါ့။ရုပ်ကလည်းလန်ပြန်ထွက်နေအောင်ကိုချောပါပေ့တယ်။
ပိုက်ဆံရှိသားသမီးဆိုပြီးထင်တိုင်းကြဲခဲ့သမျှက သူ့ရုပ်ရည်အောက်မှာပမွှားပမာ ကြေပျက်သွားရတာချည်းပဲ။ပွေလိုက်ရှုပ်လိုက်တာလည်းလက်ကုန်ပဲမို့တစ်ကျောင်းလုံးကအချောအလှလေးတွေနဲ့မငြိစွန်းဖူးတာမရှိ။ကျောင်းပြင်မှာရော...တစ်ခြားကျောင်းတွေထိပါနယ်ကျူးရုံအားမရလို့Club၊Barsတွေမှာပါ ခြေရှုပ်လွန်းတဲ့ကောင်က ဂျွန်ဂျောင်ကုပဲလေ။
ငြိစွန်းတယ်လို့စွပ်စွဲလိုက်တာက ရိုင်းကောင်းရိုင်းလိမ့်မယ်။ဒါပေမယ့်အဲ့ကောင်က တကယ်ပက်စက်လှတဲ့လူရိုင်းပဲလေ။အခွင့်အရေးပေးရင် ဟိုတယ်ခန်းထဲထိရောက်သွားဖို့ဝန်မလေးလို့!ဘယ်နှခေါက်ဘယ်နှခါများရောက်သွားပြီးပြီးလဲ ကိုယ်တွေမသိနိုင်။ကြားခဲ့ရသမျှသတင်းစကားတွေအရဆို ဘာတစ်ခုမှကိုယ့်ကျင့်သိက္ခာကောင်းမနေဘူး။
နာမည်ဆိုးနဲ့ကိုမှ ဟိုးလေးတကျော်ကျော်
ရုပ်ဆိုးအကျဉ်းတန်လွန်းတဲ့အဲ့လိုကောင်ကိုမှဘာတွေမက်မက်သက်သက်ဖြစ်တာလဲ မင်ဟီရဲ့။ကိုယ်နဲ့ဆိုလည်း မကြာခဏဆိုသလိုပြသနာတက်ခဲ့ဖူးတယ်။မှတ်မိသလောက်ဆို ဒီကောင်နဲ့ငြိတာ လေးငါးခါမကဘူး။
ဂျွန်ဂျောင်ကုကို ဘယ်နည်းနဲ့မှအမြင်ကြည်နိုင်တော့မှာမဟုတ်လို့ တွေ့တိုင်းရန်ဖြစ်ဖို့ဆောင်နေရဦးမှာပဲ။တစ်စက်လေးမှကြည့်လို့ကိုမရဘူး။အချိုးမပြေတဲ့ကောင်!တွေ့လိုက်တိုင်း ပီကေတဝါးဝါးတဖော်းက်ဖောက်နဲ့
ဂေါ်ချင်သလိုဂေါ်ထွက်နေတဲ့ဒီဇိုင်းက လမ်းသရဲကောင်နဲ့ထူးမခြားနားပင်။
လူကိုမြင်ရင်မတေ့တထေ့ပြုံးပြတတ်ပြီး မျက်ခုံးပင့်ပြတတ်တာကိုလည်း ငါ့အနေနဲ့တစ်စက်လေးမှကြည့်လို့ရခဲ့တာမဟုတ်ဘူး။
အကြောင်းအရင်းရေရေရာရာမရှိဘဲနဲ့ မင်ဟီအနားကိုကပ်လာတတ်တွေက ဘာအထာလဲ။
အဲ့တုန်းကတော့ မင်ဟီကိုကာကွယ်ပေးချင်တာပဲသိခဲ့လို့ ထိပ်တိုက်တွေ့ခဲ့ရတာတွေလည်းအကြိမ်းပေါင်း မနည်းကိုရှိခဲ့တယ်။
ဒီကောင်မင်ဟီကို တကယ်မကြွေပါဘူး။
မင်ဟီလိုယောကျာ်းဆန်ဆန်မိန်းကလေးကို သူစိတ်မဝင်စားမှန်းအသိအသာကြီးလေ။
မင်ဟီကျောင်းကိုလိုက်သွားမိတိုင်း အဲ့ကောင်နဲ့ဆုံကိုဆုံဖြစ်တတ်တယ်။ဆုံဖြစ်အောင်လည်းခဏတိုင်းဆိုသလိုဆုံတတ်ကြပါတယ်။
ပြီးရင် ပါးစပ်သရမ်းတတ်တဲ့အရူးလိုကောင်က မင်ဟီကိုငါကာကွယ်ပေးနေတာကအိုဗာဖြစ်နေကြောင်းနဲ့ အပိုတွေလုပ်တတ်တဲ့ငါ့ကိုသူအရမ်းကြည့်မရဖြစ်နေကြောင်းတွေကို မထိတထိနဲ့လာပြောတတ်သေးတာပေါ့။
သူ့ဘက်ပိုင်းခံစားချက်က ငါနဲ့ဘာဆိုင်လို့
ဘလိုင်းကြီးရန်လိုက်စရတာလဲ။
ငါ့ကိုကြည့်မရဘူးဆိုလည်း မင်ဟီနားကခွာလိုက်ရောပေါ့။ကင်မင်ဟီနဲ့ပတ်ခ်ဂျီမင်ကတော့ဘယ်တော့မှကျောခိုင်းစရာအကြောင်းမရှိလို့ ကြည့်မရဖြစ်နေတဲ့သူကပဲထွက်သွားပေးရမှာမဟုတ်ဘူးလား။ဘယ်လိုကောင်မှန်းကိုမသိလို့ ကြည့်လို့ကိုမရဘူး။
ဒီလောက်ထိကင်းကင်းရှင်းရှင်းနေနေခဲ့တာတောင်"ကင်မင်ဟီမ"ကမျက်နှာချင်းဆိုင်ခိုင်းအုံးမယ်တဲ့။မင်ဟီနဲ့ကိုယ်နဲ့နှစ်ယောက်တည်းရှိနေရင်ကို သူ့မှာဘာတွေအလိုမကျဖြစ်နေမှန်းကိုမသိတာပါ။ယောကျာ်းကြီးတန်မဲ့နဲ့
ရွဲ့စောင်းတတ်တာကလည်း လွန်ရောကျွံရောပဲ။မတိတထိနဲ့အငေါ့်အတူးစကားတွေပဲ ပြောတတ်တာများလား။
သေချာတာတစ်ခုပြောပြရမည်ဆို ဂျွန်ဂျောင်ကုကကမ်းကုန်အောင်ကိုဆိုးသွမ်းနေတဲ့ မိမနိုင်ဖမနိုင်လူဆိုးကောင်ဆိုတာပါပဲ။ဒီလောကကြီးမှာ သူ့လောက်ရိုင်းတဲ့လူဘယ်သူကများထပ်ရှိပါ့မလဲ။ဂျွန်ဂျောင်ကုကိုကြည့်လို့မရတာတော့အမှန်ပဲ။ကြည့်လို့လည်းမရဘူး!...
အထင်လည်းမကြီးဘူး။မျက်နှာချင်းလည်း
မဆိုင်ချင်ဘူး။
ဒီလိုကောင်ကိုမှ တက်တက်မက်မက်ရူးနေတဲ့ မင်ဟီကိုလည်းကြည့်မရဖြစ်နေပြီဆိုတာတော့ငြင်းလို့မရပါဘူး။ဂျွန်...ဂျွန်နဲ့နားကြားမြင်းကပ်စရာကောင်းလောက်အောင်ကို
လာဂျွန်နေတဲ့ အရူးမ။ဘာဂျွန်တုန်း!မကောင်းတာတွေလုပ်လွန်းလို ငရဲသွားရမယ့်ကောင်ကိုများ ကြိုက်ရတယ်လို့။လောကကြီးမှာယောကျာ်းတွေအဲ့လောက်တောင်မှရှားကုန်လို့လားဟမ်!ဒီကောင့်လို အခြေလွတ်ကောင်ကိုမှရွေးကြိုက်ရသလား ကင်မင်ဟီရှီ!...။
ဆေးကျောင်းသားလေး၏အားမလိုအားမရမြည်တွန်တောက်တီးသံကို အရေးမစိုက်စွာဘဲ ခပ်ဟဟရယ်ပြလာခဲ့ပြီးပခုံးတစ်ဖက်ကိုဆက်ခနဲတွန့်ပြလာသည်။လုပ်ပြနေပုံကိုကြည့်ပါဦး အသည်းယားစရာကောင်းအောင်လို့!မိမင်ဟီ...နင်သာငါ့ညီမဖြစ်ကြည့်ပါလား
ငါနင့်ကိုနရင်းအုပ်မိမယ်ထင်တယ်။
* ချစ်သူတွေကြားမှာမာနထားစရာလိုလို့လားဂျီမင်ရယ်။သူကငါ့ချစ်သူပဲ ငါသူနဲ့သက်ဆိုင်လာရင် ဘာမာနမှမထားနိုင်ဘူးဟာ။ *
* ယုံကြည်တယ်တဲ့လား~~ထားပါလေနင်စိတ်ချမ်းသာနေဖို့ပဲပိုအရေးကြီးတာပါ
ဟုတ်တယ်မလား။တစ်ခုတော့ကြိုပြောထားမယ်နော် အဲ့လိုကောင်အတွက်နဲ့ဘာတစ်ခုမှအောက်ကျို့ခံပေးမနေနဲ့ မာနလေးလည်း
ထားအုံးဟုတ်ပြီလား *
* ဟီးဒါတော့မသေချာဘူးလေ။ငါဘယ်လို
* ကောင်းပါ့ကွာ။နင့်ကိုတော့လက်မြှောက်ပေးလိုက်ပါပြီ။ဒီလိုကောင်ကိုမှ သွားချစ်မိရတယ်လို့ ဟူး! *
ထိုအခါမင်ဟီက ခုတင်ဇောင်းတွင်​ခြေလွှဲထိုင်နေရာမှ ဖြတ်ခနဲခုန်ဆင်းချလာပြီးကုလားထိုင်တွင်သာ ကျောက်ချနေလေသူအားလက်ကောက်ဝတ်မှနေ ဆွဲလွှဲမရှာသည်။ကင်မင်ဟီချစ်သူနဲ့တွေ့ဖို့အချိန်းကောင်းတာနဲ့ သူ့ဟာသူအေးအေးဆေးဆေးလေးစာဖတ်နေတဲ့ဆေးကျောင်းသားလေးခမျာ အတွဲစောင့်နတ်ဖြစ်ရပေဦးမည်။
နောက်ဆုံးတွင်တော့လက်မြှောက်အရှုံးပေးရသူက ပတ်ခ်ဂျီမင်တစ်ယောက်ပါပဲ။အထူးတလည်လုပ်ပြီးငြင်းဆန်နေလဲ ဘာတုန်းကများ ​ငြင်းလို့ရဖူးတာရှိခဲ့လို့လဲ။အခုလဲမနက်စောစောစီးစီးလာပြီးသောင်းကျန်းနေတဲ့ ဒီသူငယ်ချင်းမကြောင့် သူမချောဆွဲရာနောက် ကောက်ကောက်ပါအောင်လျှောက်လိုက်ရတော့မည်လေ။
မင်ဟီရဲ့တစစ်ဇွတ်ထိုးဆွဲထူပေးမှုနောက်မှာတော့ ဆေးကျောင်းသားလေးခမျာအဝတ်ဘီဒိုရှေ့ ခြေစုံရပ်နေခဲ့ရပြီ။စိတ်မပါလက်မပါဖြင့် မှုန်ကုပ်ကုပ်မျက်နှာထားကိုပါထပ်ဆောင်းလောင်းထည့်လိုက်ပြီး စိတ်လက်မကြည်သာစွာ အဝတ်တွေကိုလှန်လှောကြည့်နေမိတုန်း
ရှိသေး မိမင်ဟီ၏တွန်းထုတ်ခြင်းကိုခံလိုက်ရပြန်သည်။
ကြည့်ရတာ လှုပ်စိလှုပ်စိအိပဲ့အိပဲ့လေးနဲ့ မထိတထိအဝတ်ရွေးနေရှာတဲ့ကောင်လေးကို ကြည့်မနေနိုင်တော့ဘူးထင်ပါရဲ့။သူမကိုယ်တိုင် ဘီဒိုရှေ့ရောက်သွားပြီးအဝတ်တွေတစ်ထပ်လိုက်ကြီးကိုဖြိုချကာအပြီအပြင်ကိုမွှေနေပြီပေါ့။ပွစိတတ်သွားတဲ့သူ့အဝတ်ဘီဒိုတစ်ခုလုံးကိုကြည့်ပြီး သက်ပြင်းအခါခါချရသူမှာ အဘယ်သူနည်း။ညကျရင်တော့ ပြန်ရှင်းရပေဦးမပေါ့လေ။
* * * * * * * * * * * * * * * * * * * * * * * *
ဒီမိန်းမကတော့ အိမ်ကိုရောက်ရောက်ချလာပြီးလာသောင်းကျန်းတာများနေပြီ။အဆိုးဆုံးကတော့ လူကိုအဲ့လိုတွေလုပ်တတ်တာပါပဲ။
ပါးစပ်ကပြောရင်​မြွေထပေါက်မှာစိုးလို့လား။
လူကိုသူ့အရုပ်လေးလိုပြုမူနေတာ လွန်လွန်းနေပြီ။
တစ်ယောက်ကစပ်စပ်လူးနီးပါးထိလတ်လတ်ထနေသော ယောကျာ်းမကျ မိန်းမပျိုလေးနှင့် ယောကျာ်းလေးတန်မယ့်ကိုသိမ့်မွေ့တည်ငြိမ်လှသောယောကျာ်းပျိုလေး!ဒီလိုလူနှစ်ဦးက သူငယ်ချင်းတွေလာဖြစ်နေတာတဲ့လား။ဒါကိုရှေးရေစက်တစ်ခုလို့ပဲ ပြောရလိမ့်ထင်တယ်။
* လုံးဝပဲနော်!ငါ့ကိုယ်ငါကလွဲပြီးဘယ်တစ်ယောက်ကိုမှ ခွဲမချစ်ပေးနိုင်ဘူး *
ပြီးသည်နှင့်မင်ဟီက သူ့ခုတင်ပေါ်ကိုပစ်လှဲကာအိပ်ချလိုက်တာမို့ သူ့မှာသူသက်ပြင်းတွင်တွင်ချလိုက်ရင်း အဝတ်လဲခန်းထဲဝင်လိုက်ရတော့သည်။ဘယ်လိုမိန်းကလေးကများ ယောကျာ်းလေးတစ်ယောက်ရဲ့အခန်းကိုဒီလောက်ထိရဲတင်းရတာပါလိမ့်။
ငယ်ကအကျင့်ကြီးတဲ့အထိပါဆိုသလိုပေါ့
ဂျီမင်အပေါ်မှာဗိုလ်ကျအနိုင်ယူတတ်တာတွေ၊အခုလိုမျိုးတွေ အိပ်ခန်းထဲစွက်ခနဲဝင်လာတတ်တာတွေ၊မပြောမဆိုနဲ့ခုတင်ပေါ်ပစ်လှဲအိပ်တတ်တာတွေက အရိုးစွေးနေပြီဖြစ်တဲ့ကင်မင်ဟီရဲ့အကျင့်တွေပါပဲ။ပတ်ဝန်းကျင်ကဘယ်လိုတွေသမုတ်နေသလဲပြန်ကြားရသည့်တိုင် ကင်မင်ဟီကတော့နည်းနည်းလေးမှ အချိုးပြောင်းလဲမည်မဟုတ်ပါဘူး။
* * * * * * * * * * * * * * * * * * * * * * * *
ဟိုကောင်က အလှအပမက်တဲ့ကောင်၊မိန်းကလေးဆိုလည်း နူးနူးညံညံလေးမှ သိမ်သိမ်မွေ့မွေ့လေးဖြစ်နေမှတွဲဖို့စိတ်ကူးယဉ်တတ်တဲ့ကောင်!အဲ့လိုမှမဟုတ်လည်းကလေးဆန်ဆန် Cutie Typeလေးတွေကိုမှရင်ခုန်တတ်တဲ့ကောင်က ဘာတစ်ခုမှရင်ဖိုစရာမကောင်းတဲ့မင်ဟီလိုမိန်းကလေးမျိုးကို ဘာအကြောင်းနဲ့တွဲနေရသလဲ 'သူ'မတွေးတောတတ်တော့ပါ။
သွားနေရင်းနဲ့မီးပွိုင့်မိရာတစ်နေရာတွင်တော့ ဂျီမင်အနေဖြင့် သူ့စိတ်ထဲမှာမတင်မကျဖြစ်နေလေတဲ့ အကြောင်းအရာတစ်ခုကိုမေးကြည့်ရန်ဆုံးလိုက်မိသည်နှင့် နှုတ်ခမ်းဖူးဖူးလေးကိုတကိကိကိုက်ပြီးမှဘေးနားရှိဂျစ်တူမလေးကိုတစ်ချက်တစ်ချက်လှည့်ကြည့်ဖြစ်သည်။
ဘယ်လောက်ထိရင်းနှီးကြတဲ့လူရင်းတွေပဲဖြစ်နေပါစေ တစ်ဖက်သားရဲ့ကိုယ်ရေးကိုယ်တာကိုမေးကြည့်ဖို့ရာမှာနှုတ်မဝံတာတော့အမှန်ပါပဲ။ကိုယ်နဲ့မဆိုင်တာကြီးကို ဝင်စွတ်ဖက်သလိုများဖြစ်နေမလားလို့တွေး၍ပူရသေးသည်။
* မင်ဟီ~~ *
မင်ဟီက မျက်လုံးပြူပြလာခဲ့ပြီးစကားထောက်ပေးရှာသည်။ငယ်သူငယ်ချင်းတွေဆိုပေမယ့်လည်း အခုလိုထိတော့ဝင်မပါချင်ဘူး။ကိုယ်ရေးကိုယ်တာအကန့်တွေဖြစ်နေလို့ ပိုလိုတောင်အားနာမိသားဗျ။
* နင် ...ဟိုလေဟာ နင်....*
* ဘာတုန်းဟာ တနင်နင်နဲ့ နင်နဲ့ငါ့ကြားမှာစကားထစ်စရာအကန့်တွေရှိသေးလို့လား ကိုကိုဂျီမင်ရှီ *
* ငါမသိဘူးဂျီမင် ဒါပေမယ့်ငါသူ့ကိုတော့ရင်ခုန်တယ် *
မိမင်ဟီတစ်ယောက် ဘာဖြစ်ချင်နေတာများလဲ။အဖြေပေးတာပြတ်သားမှုမရှိလိုက်တာ။မတိမကျ မရှင်းမလင်းနဲ့ရည်းစားထားတာကိုအလွယ်လေးတွေးထားပုံပဲ။အရင်ရည်းစားတွေထားခဲ့တုန်းက ကိုယ့်အနေနဲ့ဘာများဝင်စွတ်ဖူးတာရှိခဲ့သလဲ။အကုန်နောက်ကြောင်းရှင်းရင်ပြီးရော ကိုယ်ကိုတိုင်တောင်အဖော်လိုက်ပေးခဲ့တာချည်းပဲလေ။
အခုကအရင်အခါတွေတုန်းကလောက်မရိုးရှင်းနိုင်တော့ဘူး။ဂျွန်ဂျောင်ကုအပေါ်တကယ်ကြီးကြွေနေပုံရလို့ စိုးရိမ်နေရတာ။
အရင်ခါတွေလိုလမ်းခွဲပြီးရောမဟုတ်တော့ဘူး။ပြတ်ကျဟေ့ဆို ကိုယ့်သူငယ်ချင်းပဲရင်နာကျန်ခဲ့ရမယ့်အဖြစ်။ဟိုကောင့်ပုံစံကိုအကဲခတ်ရသလောက်ဆိုဘာလေးနက်မှုမှကိုမရှိတာပါ။ပေါ့ပေါ့တန်တန်လေးကောက်တွဲပြီး ချောင်ထိုးသွားမယ့်အရေးကိုကြိုမြင်နေလို့ ဟိုးအစကတည်းကနေလိုက်တားခဲ့ရတာလေ။
* ဘယ်လိုတောင်လဲမင်ဟီရာ။ဒီအခြေအနေထိပဲရောက်လာပြီ နင့်ရင်ထဲရင်ခုန်နေရုံနဲ့ပြီးသွားရောလား။ရင်ခုန်တိုင်းအချစ်မဟုတ်ဘူးနော် *
* အံမယ် နင်ကများ လာလာချည်သေးနော်။ရည်းစားလေးတစ်ယောက်တောင်ဖြစ်မြှောက်အောင်မထားနိုင်ဘဲနဲ့ အချစ်ဒဿနတွေဆိုလို့ပါလား။ *
* ပြောင်စပ်စပ်မလုပ်စမ်းနဲ့ ငါနင့်အတွက်အတည်ပြောနေတာ။အားလုံးဟာနင့်အတွက်ချည်းပဲ။အခုအခြေအနေက နောက်ပြန်လှည့်လို့ရသေးတယ်ဟ။နှလုံးသားတစ်ခုလုံး နယ်
မကျွံခင် နင်ပြန်စဉ်းစားပါဦး *
* အေးပါငါသိပါတယ်နော် အေးဆေးပေါ့လို့။
အချစ်ရေးမှာလောတိုင်းမကောင်းဘူးကွ။သူ့အရှိန်လေးနဲ့သူလွှတ်ပေးထားလိုက်ရုံပဲ။အချိန်တစ်ခုကြာရင် သူငါကိုသံယောဇဉ်တွယ်လာစေရမယ်လို့ ငါယုံတယ်။ဘာလို့ဆိုငါသူ့အပေါ်ရင်ခုန်နေတယ်လေ ငါ့ရင်ခုန်သံနဲ့သူ့ကိုချည်ပစ်မှာဟ *
မဖြစ်နိုင်တာကိုမှ စိတ်ကူးယဉ်နေတဲ့လူတစ်ယောက်လိုပါပဲလား မင်ဟီရယ်။အပြန်အလှန်အချစ်ပေးရင်းတောင်မမြဲကြသေးတာကို ရေရေရာရာမရှိတဲ့ရင်ခုန်သံနဲ့ချည်ထားဦးမတဲ့။အဲ့စကားကိုကြားကြားချင်းငါဖြင့်အော်ကြီးဟစ်ကျယ်ရယ်ချပစ်လိုက်ချင်တာပဲသိတော့တယ်။ဂျွန်ဂျောင်ကုကိုဘာကောင်လို့မှတ်နေတာလဲ။ဟိုကသူချည်တိုင်းအသာတကြည်ငြိမ်ခံပေးနေမယ့်ခပ်ညံ့ညံ့လူမဟုတ်ဘူး။
ဒါတွေကိုနားဝင်အောင်ပြောပြပေးချင်ပေမယ့်လည်း မင်ဟီကိုယ်တိုင်ကိုကဒီကောင်မှဒီကောင်အချစ်စိတ်တက်နေတော့​ကိုယ့်စကားတွေမှာအရာမထင်ခဲ့ပေ။လေထုထဲကို လေငွေ့မှုတ်ထုတ်လိုက်သလိုမျိုးပဲ ဘာတစ်ခုမှလက်ဆုပ်လက်ကိုင်ပြစရာရယ်လို့မရှိခဲ့ပါ။ပြောခဲ့သမျှစကားတွေမှာအချည်းအနှီးချည်းပဲမို့ ကိုယ့်ဘက်ကဒီထက်ပိုပြီးမတားမြစ်ပေးနိုင်တော့ဘူး။လက်လျော့ပေးဖို့သာဆုံးဖြတ်လိုက်ရင်း အချစ်စိတ်မွှန်နေသောမင်ဟီအား
ငဲ့ကြည့်ဖြစ်သည်။
* အဟက်!...ရေရာမှုမရှိလိုက်တာ။နင့်အဖြေကယုတ္တိရှိလွန်းလို့ ငါပဲရင်မောရမှာ!တော်ပြီဆက်ပြောချင်စိတ်လည်းမရှိတော့ဘူး *
* မျက်နှာရူးမ!! *
မီးပွိုင့်လွတ်သည်နှင့်ကားစတီယာတိုင်ကို
* ခရီးဆုံးထိ *
* ဘုရားရေ!နင်တော်တော်သတ္တိတွေကောင်းနေပါလားဟမ် *
* အဟွန်း!...အချစ်ကပေးတဲ့စွမ်းအားပေါ့ဟယ် *
မင်ဟီနဲ့လူကြီးချင်းသဘောတူထားတဲ့ မင်ဟီရဲ့ကိုကိုဆိုသော ထိုလူကိုသူမသိပါ။မြင်ကိုမမြင်ဖူးတာဆိုပို၍ပင်မှန်လိမ့်မည်။မင်ဟီနဲ့ကခြံချင်းကပ်ငယ်သူငယ်ချင်းဆိုပေမယ့်လည်း
အတွင်းကျကျတော့သိပ်ပြီးမသိကြပေ။ထိုလူက မင်ဟီတို့နယ်ဘက်ကပါပဲ။ပြောရမယ်ဆိုရပ်ဆွေရပ်မျိုးပေါ့လေ။လူကြီးချင်းတွေကလူရင်းတွေဖြစ်နေမှတော့ သားသမီးတွေကိုနေရာချဖို့စီစဉ်ကြတာက ဘာအဆန်းလဲ။ကြည့်နေကျဒရမ်မာထဲကလိုပါပဲ...။
တစ်ချိန်ချိန်မှာမင်ဟီရဲ့အိမ်ထောင်ဖက်ဖြစ်လာမယ့်လူကဆရာဝန်တစ်ယောက်ဆိုတာရယ်...၊ယခုလက်ရှိမှာပါရီမြို့မှာဘွဲ့လွန်ဆက်တက်နေပြီးအဲ့မြို့ကဆေးရုံမှာ ပါရဂူတစ်ယောက်အဖြစ်တာဝန်ယူထားရကြောင်းဒီလောက်သာသိထားခဲ့သည်။ကျန်တာကတော့ ဂဂဏဏသိပ်မသိပေ။မသိဆို သူများအိမ်တွင်းရေးကိုအထူးတလည်လုပ်ပြီးမေးမကြည့်ချင်တာလည်းပါသည်။
* ငါဘာမှဆက်မပြောချင်တော့ဘူးကင်မင်ဟီ။နင့်နှလုံးသားရေးရာကို နင်ပဲရွေးချယ်ရမှာ။နင်ရွေးလိုက်တဲ့လမ်းကို နင်ပဲဆက်လျှောက်ရမှာပေါ့။တစ်ခုပဲ သူ့ဘက်ကရော
နင့်လိုတွေးထားရဲ့လား?။နင်နဲ့ထပ်တူကျပါ့မလား? ငါစိတ်ပူတာအဲ့ဒါပဲမင်ဟီ *
* ဪမယ်မင်းကြီးမ ဂျွန်ဂျောင်ကုကသူတော်ကောင်းကြီးပေါ့လေ!ပြောနေပုံကိုကအချိုးမပြေဘူး။တွဲလာတဲ့(၂)နှစ်တွင်း အဲ့ကောင်ပွေရှုပ်ခဲ့တာဘယ်နှစ်ယောက်မို့လို့လဲဟမ်။နင်နဲ့တောင်အပြိုင်သုံး လေးယောက်လောက်အသာလေးတွဲခုတ်ခဲ့သေးတာကိုမေ့ပစ်လိုက်တာလား။နင်မို့လို့မာနတွေအကျခံပြီးဆက်ချစ်နေသေးတာ ...နင်သည်းခံပေးသလောက် သူနင့်အပေါ်မှာဘာများကောင်းတာရှိခဲ့လို့လဲမင်ဟီရယ်။အဲ့လိုအပေအတေအညတရကောင်ကိုငါဖြင့် တစ်စက်လေးမှကြည့်လို့မရဘူး *
* အဟွန်း!ဒါကတော့ဟာ ကြည့်မရဖြစ်နေတာနင်လေ။ဂျွန့်ဘက်က အေးဆေးပါပဲ။ဘာအထာမှကိုင်မနေဘူး။ငါလည်း အဲ့တာလေးကိုပဲကြွေသွားခဲ့တာထင်ပါရဲ့ဟယ်။နင်ကြည့်မရပေမယ့် ငါတော့ကြည့်လို့ရတယ်ဟ။ဂျွန်ကချစ်စရာလေးပါကွာအဟိ!...ပြောရင်းတောင်သူ့မျက်နှာလေးကိုလွမ်းလာပြီ *
ပြောလည်းထူးမည်မဟုတ်။ဂျွန်ဂျောင်ကုရောဂါ မင်ဟီမှာစွဲကပ်နေပြီလေ။ရောဂါကျွမ်းလုနေပြီမို့ လွှတ်ပေးထားရုံအပြင်ဘာများတတ်နိုင်ပါဦးမလဲ။
* အတည်ကြီးရွေးလိုက်ပြီလား။ဒီအကြောင်းတွေကိုထားပါတော့လေ အဲ့အစားငါမှာချင်တာတစ်ခုတည်းပဲရှိတယ်။နင့်ဘက်ကလိုက်နာပေးနိုင်ပါ့မလားမသိပေမယ့်
အမှန်တိုင်းပြောရင်ကြွားရာရောက်ပါဦးမယ်ကိုကို့နှလုံးသားထဲမှာငါ့အတွက်နေရာရှိဖို့မပြောနဲ့ လူချင်းတောင်ဘယ်နှခါလာတွေ့ဖူးလို့လဲ နင်အမြင်နင်အသိပဲဂျီမင်။နှစ်တွေနဲ့ချီပြီး ငါ့ကိုထားခဲ့နိုင်တာက ငါ့အပေါ်ဘာခံစားချက်မှရှိမနေတာနဲ့အတူတူပဲလေ။မောင်နှမလိုသံယောဇဉ်ကလွဲရင် သူနဲ့ငါကြားမှာဘယ်တုန်းကများရင်နှီးခဲ့ဖူးလို့လဲ။ *
မမြင်နိုင်တော့ပါ။
* အဟွန်း!...မချစ်တဲ့သူချင်းပေါင်းဖက်ကြတော့ရော ရင်ခုန်သံတွေနီးစပ်လာမယ်လို့
နင်ထင်နေတာလားဟင်။နိုးနိုး...ငါတော့အဲ့ဝါဒကြီးကိုလက်ခံမှာမဟုတ်လို့ ငါချစ်တဲ့လူကိုပဲငါရွေးချယ်မှာ။ဒါကိုမှငါ့အလွန်လို့မြင်နေလဲ နင့်သဘောပဲဂျီမင်။စိတ်ချပါ ငါရွေးလိုက်တဲ့လူကဂျွန်ဆိုတာသေချာရင် ငါကိုကိုနဲ့ကြောင်းလမ်းမှုကိုအပြတ်ရှင်းပစ်တော့မှာ။ကိုကိုလည်းငါ့လိုပဲနေမှာပါ သူတကယ်ချစ်ရတဲ့သူတွေလာရင်ငါ့ကှိုရှင်းထုတ်မှာပဲလေ။ဘာလို့ဆို သူဖတ်နေကျဆေးစာအုပ်တွေလောက် ငါ့ကိုတန်ဖိုးမထားလို့ပဲဟ။ငါ့ကိုမလေးနက်မှန်း ငါရိပ်မိခဲ့ပြီးသား...အားလုံးဟာအေးဆေးပေါ့ဂျီမင်ရယ် အချိန်တန်ရင်သူ့ဟာနဲသူဖြစ်သွားပါလိမ့်မယ် *
ကိုယ့်အနေနဲ့အခုလိုမျိုးမစာမနာဝေဖန်နေတာက တစ်ဖက်သားအပေါ်ကိုယ်ချင်းမစာတတ်သေးလို့များလားဟင်။မင်ဟီပြောသလိုမျိုးမချစ်တတ်သေးလို့လေ အဲ့လိုမျိုးများလား။ဒီနေ့မင်ဟီကို ဝေဖန်နေမိသလိုမျိုးတစ်ချိန်ချိန်မှာ ကိုယ့်အလှည့်ရောက်လာခဲ့ရင်ရော ကျနော်ဘာကိုရွေးချယ်ရမှာလဲ။အချစ်အတွက်နဲ့ မင်ဟီလိုမျိုးသတ္တိရှိပါ့မလား။ဒါမှမဟုတ် အားလုံးနဲ့ဝေးရာဆီကိုထွက်ပြေးမိသွားမလားဘဲ။
မင်ဟီအတွက် အချစ်ကဂျွန်ဂျောင်ကုဆို ငါ့အတွက်အချစ်ကရော ဘယ်သူများပါလိမ့်။
သူတို့လိုမျိုး ငါ့အနာဂတ်ချစ်သူကို ငါချစ်ပေးနိုင်ပါ့မလား။မင်ဟီရဲ့ရင်ခုန်သံက ဂျွန်ဂျောင်ကုဆို ငါ့အတွက်ရင်ခုန်သံကရော ဘယ်မှာများလဲ...?။
Continue Reading
You'll Also Like
83.8K 5.6K 40
" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"
385K 11.7K 91
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
Fake Love By :)
Fanfiction
146K 3.4K 50
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
11.9K 414 8
The third and final book of Divergent (Four's Sister).