Unicode
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 2.2
ON JULY 11, 2021 BY HOT TOFU
Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ
ယောင်းယီ လမ်းမပေါ်ရှိ ပြာမှုန့်များကို
အချိန်ခဏကြာစိုက်ကြည့်လိုက်သည်။
ထို့နောက် နောက်သို့ခြေတစ်လှမ်းပြန်ဆုတ်၍၊
လောင်ကျွမ်းနေသည့် joss paper ပြာမှုန့်များကို
တိမ်းရှောင်ဖို့ရန် ကြိုးစားလိုက်သည်။သို့သော်
ကံမကောင်းစွာဖြင့်၊သူ၏ခြေကျင်းဝတ်သည်
ဒဏ်ရာရထားသည့်အပြင်၊
သူ၏တုံ့ပြန်မှုမှာလည်း
မမြန်ဆန်လှသည့်အတွက်၊သူနောက်သို့ပြန်ဆုတ်လိုက်သည့်အချိန်တွင်၊သူ၏ဖိနပ်အောက်ခြေမှာ
အစောကြီးကတည်းက အဖြူရောင်ပြာမှုန့်များဖြင့်
စွန်းထင်သွားခဲ့ပြီဖြစ်သည်။
ယောင်းယီသည် တစ္ဆေ၊သရဲအစရှိသည်တို့ကို
ယုံကြည်ခြင်းမရှိသော်လည်း ညသန်းခေါင်ယံ
အချိန်မတော်ကာလကြီး၌ တစ်စုံတစ်ယောက်
ပူဇော်ပသကာမီးရှို့ထားသည့်စက္ကူများကို
နင်းမိသည်မှာကံမကောင်းဟုခံစားရသည်။
ထို့ကြောင့်မသိစိတ်၏လှုံဆော်မှုအရ ထိုလမ်းဆုံနှင့်ဝေးရာသို့
ရုတ်တရပ်ဦးတည်ချက်ကိုပြောင်းလိုက်သည်။
သူရှေ့သို့ဆက်လျှောက်နေတုန်း၊ရုတ်တရပ်
သူဝန်ဆောင်မှုကောင်တာအနား၌
ရေရယူနေစဉ် ကြားလိုက်ရသည့် သူနာပြုမများ၏
စကားဝိုင်းကို သတိရသွားတော့သည်။
လူအများသည်သူတို့၏ကံကြမ္မာကို
ပြောင်းလဲရန်နှင့်
သူတို့၏ကံဆိုးမှုများကို စက္ကူပြာမှုန့်အားနင်းမိသည့်
လူထံသို့ ကူးပြောင်းသွားစေရန် လမ်းဆုံ၊လမ်းခွများ၌ joss paper များကို မီးလာရှို့တတ်ကြသည့်
အကြောင်းဖြစ်သည်။
ယောင်းယီ သူ၏ခြေလှမ်းများကို
ခေတ္တရပ်ဆိုင်းလိုက်ပြီးနောက်၊
နီစပ်စပ်ဖြစ်နေသည့်သူ၏
နှာထိပ်ဖျားအားထိကိုင်ကာ၊
အနည်းငယ် တွေဝေနေတော့သည်။
သူသည် ကံတရားနှင့်ကံကောင်းမှုအစရှိသည့်
ကံနှင့်သက်ဆိုင်သောအရာများဖြင့် ရင်ဆိုင်ရတိုင်းအမြဲလိုလို အတိတ်နမိတ်ကောင်းလေ့မရှိပေ။
ယောင်းယီ ကလေးဘဝကာလများ၌၊သူ၏
အဘိုးအဘွားများထံမှ ဟိုးအရင်တုန်းကဆို
လူများစွာသည် သူတို့၏ကံကြမ္မာအား
ပြောင်းလဲနိုင်ရန် အလွန်တရာ
ဆိုးရွားရက်စက်လှသည့်
နည်းလမ်းများစွာဖြင့်
အပေးအယူလုပ်ခဲ့သည့် ရိုးရာပုံပြင်များစွာကို
ကြားခဲ့ဖူးသည်။ ထိုလူများစွန့်ပစ်လိုက်သည့်
ကံဆိုးမှုများစွာကတော့ သေချာပေါက်
အခြားလူထံသို့ ကူးပြောင်းသွားမည်ဖြစ်သည်။
ထို့ကြောင့်၊ ကံကြမ္မာလွှဲပြောင်းခြင်း၏
ရလဒ်သည်စင်ကြယ်သော
ယန်သံသရာစက်ဝန်း[1]
ကိုအလွန်ထိခိုက်စေခဲ့သည်။
ချက်ကျလက်ကျပြောရမည်ဆိုပါက၊
"ကံ"ဆိုသောအရာအားလွှဲပြောင်းပေးခြင်းသည်၊
လူတစ်ယောက်၏သန့်စင်သောယန်ဓာတ်အား
လွှဲပြောင်းပေးခြင်းနှင့်အတူတူဖြစ်သည်။
ကံကောင်းမှုအားလွှဲယူရရှိသွားသည့်လူသည်
တစ်ခဏအတွင်း ကျန်းမာလာမည်ဖြစ်ပြီး၊
တစ်ချိန်တည်းမှာဘဲ၊လွှဲပြောင်းပေးလိုက်သည့်
လူသည်အားနည်းသွားမည်ဖြစ်သည်။ထို့အပြင်
ထိုလူအတွက်နာမကျန်းဖြစ်မှုမှာ
ပုံမှန်လက္ခဏာတစ်ခုဖြစ်လာမည်ဖြစ်သည်။
သို့သော် ထိုကိစ္စတွင်ခြွင်းချက်များစွာရှိသည်။
အားနည်းသောလူများသို့မဟုတ်
ထိခိုက်ဒဏ်ရာရရှိထားသောလူများကဲ့သို့သော
ယန်ဓာတ်အလွန်ဆုံးရှုံးထားသည့်လူများသည်
ယုတ်မာကြမ်းကြုတ်သည့် မမြင်အပ်သောအရာများနှင့်
အလွယ်တကူကြုံတွေ့ရနိုင်သည်။
ထို့ကြောင့်လူများသေဆုံးရသည့်အထိ
ကိစ္စများတောင်ရှိသည်။
ထိုအကြောင်းအားတွေးလိုက်မိသည်နှင့်၊
ယောင်းယီသူနင်းလျှောက်လာခဲ့
လမ်းတစ်လျှောက်
နောက်တွင်ကျန်ရှိနေခဲ့သည့် ပြာမှုန့်ခြေရာအချို့ကို
လှည့်ကြည့်လိုက်မိသည်။
လေသည် ပြာအများစုကို အဝေးသို့
ယူဆောင်တိုက်ခတ်သွားခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ကြည့်လိုက်ရုံနှင့်တင်၊
ရိုးရာပုံပြင်များထဲကလို
ထိုအရာများသည် လူတစ်ယောက်၏
ကံကောင်းမှုအားအဝေးသို့
ယူဆောင်သွားနိုင်သည့်အလား
ညသန်းခေါင်ကျော်အချိန်ကာလအတွင်း၊
လောင်ကျွမ်းနေသည့်အဝါရောင်
စက္ကူအစအနများသည် ပိုပိုပြီး
သိသာထင်ရှားလာခဲ့သည်။
ယောင်းယီ မယုံကြည်ဟန်ပခုံးတွန့်၍၊
သူ၏အကြည့်များအားရုတ်သိမ်းကာ
ထိုပြာမှုန့်များကို လှည့်မကြည့်ဘဲ
ထွက်သွားတော့သည်။
ယခုကဲ့သို့ ကံချကျွေးစနစ်အား ယုံကြည်ကာ
အယူသီးနေသည့်လူများသည် တကယ်ကို
ပညာရေးပိုင်း၌ ကျရှုံးခဲ့သည့်သူများဖြစ်ကြသည်။
ငယ်စဉ်တောင်ကြေးကလေးဘဝကတည်းက၊
သူအနေနှင့် ခဏခဏ
လိမ်လည်လှည့်ဖျားခံခဲ့ရသည်။
ယခုသူကြီးလာသည့်အခါ၊ထိုကဲ့သို့သော
အရာများအပေါ်၌ ယုံကြည်မှုလုံးဝမရှိတော့ပေ။
ထိုကိစ္စများနှင့်ပတ်သတ်၍
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက
ယခုကဲ့သို့သော ရှေးရိုးစဉ်လာပုံပြင်များသည်
ခေတ်နောက်ပြန်ဆွဲနေသည့်လူကြီးများအတွက်
စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုတစ်ခုထက်မပိုပေ။
"ယန်ဓာတ်"သို့မဟုတ်"ကံ"ဆိုသောအရာများနှင့်
ပတ်သတ်၍လည်း သိပ္ပံနည်းကျကျ
ဖြေရှင်းချက်များမရှိပေ။ ကံတရားပြောင်းလဲခြင်း
ဆိုသောအယူအဆသည် ပိုပြီးတော့တောင်
ယုတ္တိမရှိပေ။
လူတစ်ယောက်၏ကံတရားသည်
ထိုလူ၏ကြိုးစားအားထုတ်မှုအပေါ်၌သာ
မူတည်သည်။ ယခုကဲ့သို့သောစက္ကူပြာမှုန့်လေး
တစ်ခုတည်းနှင့် လွှမ်းမိုးခံရမည်ဆိုသည်မှာ
လုံးဝမဖြစ်နိုင်ပေ။
သို့သော်လည်း သူတို့၏ကံတရားကို
လွှဲပြောင်းပေးနိုင်ဖို့အတွက်
မျှော်လင့်နေကြသည်
လူများစွာရှိနေသည်မှာ သနားစရာကောင်းလှသည်။
ယောင်းယီ သူ၏ကော်လံကိုတင်းနေအောင်စေ့လိုက်ပြီး၊
ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ
အရှိန်တင်လိုက်တော့သည်။ ညသည်
ပိုပိုမှောင်လာခဲ့ပြီဖြစ်သော်ကြောင့်၊သူအနေနှင့်
တကယ်ကို အိမ်ပြန်ပြီး အနားယူချင်နေပြီဖြစ်သည်။
ရွှီ—
လေသည်ရွှီကနည်းအသံပြု၍
ယောင်းယီ၏အနက်ရောင်ဘောင်းဘီရှည်ကို
ဖြတ်တိုက်ကာ၊လမ်းမပေါ်ရှိ joss paper
အပိုင်းအစများအား တံမြက်စည်းဖြင့် လှည်းထုတ်လိုက်သည့်အလား
ယူဆောင်သွား၍၊မီးခိုးဖြူရောင်ပြာမှုန့်
အချို့ကိုသာ ချန်ထားရစ်ခဲ့သည်။
သန်းခေါင်ယံကျော်လာသည်နှင့်အမျှ၊
လေများ၏အအေးဓာတ်မှာပိုပြီးစူးရှလာကာ၊
ယောင်းယီ၏ခြေလှမ်းများကို နှောင့်နှေးစေခဲ့သည်။
သို့သော်လည်း ယောင်းယီအနေဖြင့်
ခြေကျင်းဝတ်မှာဒဏ်ရာရထားသည့်အတွက်
အိမ်သို့ပြေးမသွားနိုင်ပေ၊ထို့ကြောင့် မြန်မြန်လေးလေးကသုတ်ကရိုက်သာ
လျှောက်လိုက်ရတော့သည်။
ခြေလှမ်းခပ်စိတ်စိတ်လျှောက်သည့်တစ်လျှောက်တိုက်ခတ်လာသည့်လေအေးများကို ယောင်းယီ ရင်ဆိုင်ရသည်မှာ သိပ်မဝေးကွာလှသော
အကွာအဝေး၌တည်ရှိနေသည့် ရင်းနှီးနေသော
အဆောက်အအုံအားမမြင်ရခင်အထိဖြစ်သည်။
""ဟူး! နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ""
သိပ်ကိုမှညည့်နက်နေပြီဖြစ်သည့်အတွက်၊
ဂိတ်ပေါက်ဝရှိ အခန်းလေးထဲမှ လုံခြုံရေးတောင်
အစောကြီးကတည်းက အိပ်ငိုက်နေခဲ့ပြီဖြစ်သည်။
သူအနေဖြင့် ရေခဲတုံးဖြစ်တော့မည်ဟုတောင်
ယောင်းယီခံစားနေရသည်။ခိုက်ခိုက်တုန်လျက်၊
အဆောက်အဦးထဲသို့ဝင်ရောက်ရန် သူ၏ကတ်အား
ဖြတ်ကာ၊ဓာတ်လှေကားဆီသို့ တစ်ခါတည်း
ဦးတည်လိုက်သည်။ ဓာတ်လှေကား၏တံခါးမှာ
အလုံပိတ်နေခဲ့တာဖြစ်သည်။ ယောင်းယီ
ပြသထားသည့် screen
ဆီသို့မော့ကြည့်လိုက်သည်။ ၁၅ လွှာ၌ရှိနေသောဓာတ်လှေကားသည်၊
၁၃ လွှာသို့ နိမ့်ဆင်းသွားလေသည်။
ကြည့်ရတာတော့ ထိုအလွှာ၌ တစ်စုံတစ်ယောက်
စောင့်ဆိုင်းနေသည့်ပုံပင်။
ယောင်းယီ နီရဲနေသောသူ၏နားရွက်များကို
ကိုင်ထားရင်း၊ဓာတ်လှေကားခလုတ်
အားနှိပ်ကာ၊ပထမထပ်သို့ဆင်းလာရန်မည့်
ဓာတ်လှေကားကိုစောင့်ဆိုင်းနေလိုက်သည်။
ဓာတ်လှေကားသည် အောက်ထပ်သို့
တဖြည်းဖြည်းချင်းစီ နှိမ့်ဆင်း၍လာလေသည်။
ယောင်းယီသည် အေးခဲနေသည့်လက်ဖဝါးများကို
အချင်းချင်းပွတ်သပ်လိုက်ပြီးနောက်၊သတင်းများအားဖတ်ရှုရန် သူ၏ဖုန်းကိုထုတ်လိုက်သည်။
မြို့တွင်းသတင်းခေါင်းစဉ်တစ်ခုသည်
သူ၏အာရုံကိုဖမ်းစားသွားလေသည်။
"သိပ်မကြာသေးခင်ကတင်
ကျောင်းသားအများစုသည် မတူညီသည့်
တိုက်အမြင့်များစွာပေါ်မှ ခုန်ချကာ
သတ်သေခဲ့ကြသည်။ကျောင်းသားအများစု
၏မိသားစုများသည် တုန်လှုပ်ခြောက်ခြားခဲ့ကြပြီး၊
ထိုကျောင်းသားများ၏သေဆုံးမှုသည်လည်း
ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင်နေထိုင်သော
လူများအပေါ်အလွန်အမင်းသောကရောက်စေခဲ့သည်။
ရဲများ၏စုံစမ်းစစ်ဆေးမှုအပြီးမှာတော့၊
သတ်သေရသည့်အကြောင်းအရင်းမှာ ပညာရေးပိုင်းဆိုင်ရာအလွန်အမင်းစိတ်ဖိစီးခဲ့ရာမှစတင်ခဲ့ပုံရပြီး...."
ထိုဆောင်းပါးကိုဖတ်ရှုပြီးချိန်မှာတော့၊
ယောင်းယီ နှလုံးသားထဲ၌
စိတ်မကောင်းဖြစ်သွားတော့သည်။
နောက်ဆုံးတော့လည်း၊
ထိုကလေးများမှာအလွန်ငယ်ရွယ်သေးသည့်
ကျောင်းသားလေးများဖြစ်ကြသည်။
သူတို့၏ဘဝလေးများ ယခုကဲ့သို့
အကြွေစောသွားရသည်မှာ
သနားစရာကောင်းလှသည်။
အခုခေတ်ကာလ ကျောင်းသားများသည်၊
စိတ်လိုက်မာန်ပါပြုလုပ်တတ်ကြသည်။
ဘယ်လောက်ဘဲ စာသင်ရသည်မှာခက်ခဲနေပါစေ၊
ထိုကိစ္စကိုဖြေရှင်းနိုင်မည့်အဖြေမှာ
အမြဲရှိနှင့်ပြီးသားဖြစ်သည်။
ကိုယ့်ဘဝကိုယ် လွယ်လွယ်နှင့် အဆုံးသတ်စရာအကြောင်းတော့မရှိပေ။
ဒင်—
အချိန်အတော်လေးကြာပြီးသည့်နောက်၊
အဆုံးမှာတော့ဓာတ်လှေကားသည်
ပထမလွှာသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ယောင်းယီ သူ၏ဖုန်းအားလွယ်လင့်တကူလော့ချ၍
ဓာတ်လှေကားတံခါးပွင့်လာမည့်အချိန်ကိုစောင့်ဆိုင်းလိုက်သည်။
သူအနေနှင့် အစောကြီးကတည်းက
သူ၏ခံနိုင်ရည်ကိုကျော်လွန်နေသည်အထိ
ပင်ပန်းနေခဲ့တာဖြစ်ပြီး၊အိမ်ပြန်ရောက်သည်နှင့်
ရေနွေးပူပူလေးဖြင့် အနားယူကာရေချိုးရန်
မစောင့်ဆိုင်းနိုင်တော့ပေ။
ဓာတ်လှေကားတံခါး ဖြည်းညင်းစွာ
ပွင့်သွားသည့်အခါ၊ယောင်းယီရှေ့ရှိ
ဓာတ်လှေကားထဲ၌ အဖြူနှင့်အပြာရောင်
ကျောင်းဝတ်စုံအားဝတ်ဆင်ထားသည့်
ဆံပင်ရှည်နှင့်ကျောင်းသူလေးတစ်ဦး
ပေါ်လာလေသည်။
အလယ်တန်းကျောင်းသူလေး၏မျက်နှာသည်
ဖြူဖျော့နေခဲ့ပြီး၊ဓာတ်လှေကား အပေါက်ဝမှ
ဖယ်ပေးရန် လုံးဝစိတ်ကူးမရှိသည့်အလား
ဓာတ်လှေကားအလယ်၌ဆန့်တန်းကာ
မတ်တပ်ရပ်၍နေလေသည်။
ထိုမြင်ကွင်းကြောင့်၊
ယောင်းယီ မသင်္ကာမှုဖြင့်
မျက်တောင်ခတ်လိုက်ပြီး၊
ညင်သာစွာမေးလိုက်သည်။
""ကျေးဇူးပြု၍မေးပါရစေ၊
တစ်ခုခုများမှားယွင်းနေလို့လား ညီမလေး။
အကိုဘာများကူညီပေးရမလဲ""
ညလယ်ကြီး ဓာတ်လှေကားထဲ၌
မိန်းမငယ်တစ်ဦးတည်း
မတ်တပ်ရပ်နေရသည့်
အကြောင်းအရင်းမှာ
တွေးကြည့်ရသလောက်တော့၊
သူမ၏မိဘများနှင့် အတိုက်ခံဖြစ်ကာ
စကားများခဲ့သည့်အတွက်၊စိတ်လိုက်မာန်ပါဖြင့်
အိမ်မှထွက်လာခဲ့သည့်ပုံပင်။
ထိုအလယ်တန်းကျောင်းသူလေးသည်
ယောင်းယီကို ကြည့်လိုက်ပြီး၊သူမ၏
ခေါင်းကိုဖြည်းညင်းစွာ ခါလိုက်သည်မှာ
သူမအနေဖြင့်ဓာတ်လှေကားအပေါက်ဝ၌
ပိတ်ကာရပ်နေမိသည်ကိုသတိထားမိပြီး၊
မလှမ်းချင်လှမ်းချင်ဖြင့် မဖယ်ပေးခင်အထိဖြစ်သည်။
ကျောင်းသူလေးဖယ်ပေးလိုက်သည်နှင့်၊
ယောင်းယီ မကြာခင်ပိတ်သွားတော့မည့်
ဓာတ်လှေကားတံခါးကို မြင်လိုက်ရသည့်အတွက်၊
ပြန်ပွင့်သွားစေရန် ခလုတ်ကိုနောက်တစ်ကြိမ်
ထပ်မံ၍နှိပ်လိုက်သည်။ထို့နောက်
ပြန်လှည့်ကာ သူနှင့်သိပ်မဝေးကွာလှသည့်
နေရာတွင်တိတ်ဆိတ်စွာမတ်တပ်ရပ်နေသည့်
အလယ်တန်းကျောင်းသူလေးထံသို့
""ကလေးမလေး၊ညအရမ်းမိုးချုပ်နေပြီ။
မင်းအိမ်ကိုမြန်မြန်ပြန်တာကောင်းလိမ့်မယ်၊မဟုတ်ရင်မင်းမိဘတွေ မင်းကို စိတ်ပူနေလိမ့်မယ်""
သူခုနကလေးတင် ဖတ်ခဲ့ရသည့်
မြို့တွင်းသတင်းကို
တွေးကြည့်လိုက်ရုံနှင့်တင်၊
ယခုကလေးမသည် ကိစ္စများအပေါ်
အလွန်အမင်းအတည်ယူကာ
တစ်ခုခုလုပ်လိုက်မိမှာကို
ယောင်းယီတစ်ယောက် တကယ်စိုးရိမ်သွားသည်။
ဓာတ်လှေကား၏တံခါးရှေ့၌ မတ်တတ်ရပ်နေခဲ့သည့်
အလယ်တန်းကျောင်းသူလေးသည်၊
ဘာစကားတစ်ခွန်းမှ ပြန်မပြောဘဲ ယောင်းယီအား
အေးစက်စွာစိုက်ကြည့်နေသည့်ပုံမှာ၊
အလွန်အမင်း စိတ်မရှည်တော့သည့်ပုံပင်။
ယောင်းယီ၏နွေးထွေးသောမျက်နှာသည်
ရေအေးအေးဖြင့် အပက်ခံလိုက်ရတော့သည်[2]
ထို့ကြောင့် ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့်၊
သူအနေနှင့် ဓာတ်လှေကားထဲသို့
ဝင်ရုံမှအပ အခြားဘာတစ်ခုမှ
ရွေးချယ်စရာရှိမနေပေ။
သို့သော် ပြန်တွေးကြည့်လိုက်သည့်အခါ၊
အကယ်၍မင်းကိုသာ သူစိမ်းတစ်ယောက်က
ညအချိန်မတော်ကြီးရုတ်တရပ်စကားလာပြောပါက
သေချာပေါက်အဆင်မပြေဖြစ်စေမှာ
အမှန်ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့်
သူ့ကိုလျစ်လျူရှုသည်မှာပုံမှန်ဖြစ်သည်။
ယောင်းယီ သူများအပေါ်အလကားနေရင်း
အလွန်ကြင်နာသနားတတ်သည့် သန့်စင်မွန်မြတ်သော
မိခင်ကြီးသဖွယ်သွားစိတ်ပူမိသည့် သူ့ကိုယ်သူ
တိတ်တဆိတ်ဆူဆဲလိုက်မိသည်။ ထို့နောက်
ကျောင်းသူလေးအပေါ်သူ၏စိုးရိမ်ပူပန်မှုကို
ပြန်လည်ရုတ်သိမ်းကာ၊
ဓာတ်လှေကားထဲသို့ဝင်၍
ဆယ်လွှာသို့သွားမည့်ခလုတ်ကို နှိပ်လိုက်ပြီး၊
တံခါးပိတ်သွားမည့်အချိန်ကိုသာစောင့်နေလိုက်သည်။
သို့သော်...
ဓာတ်လှေကားတံခါးပိတ်သွားသည်နှင့်၊
ဓာတ်လှေကားရှေ့တွင် မတ်တပ်ရပ်နေသော
အလယ်တန်းကျောင်းသူလေးသည် ရုတ်တရပ်
ချဉ်းကပ်လာကာ၊ တံခါးဘောင်ဘေးသို့ မှီချလိုက်သည်။
ယောင်းယီနှင့် သူမ ကြားရှိအကွာအဝေးသည်
ကလေးငယ်တစ်ယောက်၏
လက်မောင်းတစ်ဖက်စာသာရှိ၍၊
ပြူးကျယ်နေသည့်သူငယ်အိမ်နှင့်
မျက်လုံးတစ်စုံသည်ဓာတ်လှေကားထဲရှိ
ယောင်းယီအားစိုက်ကြည့်နေခဲ့ပြီး၊
အန္တာရာယ်ပြုလိုသောအရိပ်အယောင်များဖြင့်
ပြည့်နှက်နေကာ၊အေးစက်မှုများနှင့်ဝင်းလက်နေခဲ့သည်။
ဒင် - ဓာတ်လှေကားတံခါးသည်
အပြည့်အဝပိတ်သွားခဲ့ပြီးနောက်၊
အပေါ်သို့စတင်တက်သွားတော့သည်။
ဓာတ်လှေကားထဲတွင်၊
ယောင်းယီ၏မျက်လုံးများသည် ဝိုင်းစက်သွားခဲ့ပြီး၊
မသိစိတ်၏လှုံ့ဆော်မှုကြောင့်
နောက်သို့ခြေလှမ်းအနည်းငယ်
ဆုတ်လိုက်မိသည်။ထို့နောက် သူ၏
ခန္ဓာကိုယ်တစ်ခုလုံးသည်၊ခေါင်းမှစတင်၍
အေးစက်သည့်ရေခဲပုံးဖြင့်လောင်းချခံလိုက်ရသည့်အလား တောင့်ခဲသွားလေသည်။
အချိန်ခဏလောက်အထိ၊
အသက်ရှုရပ်တန့်နေခဲ့ပြီး
သူ၏မျက်ခုံးများမှာလည်း ကြောက်ရွံမှုကြောင့်
တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
အခုလေးတင် ရုတ်ခနည်းပေါ်လာသည့်
မျက်လုံးတစ်စုံ၏ပုံရိပ်သည် ယောင်းယီသို့
အပေါ်အတော်လေးသက်ရောက်မှုရှိသည်။
ယောင်းယီသည် အစောကြီးကတည်းက၊
ဓာတ်လှေကားတံခါးနှင့်အလွန်နီးကပ်စွာ
ရပ်နေတာဖြစ်သည့်အတွက်၊သာမန်လူတစ်ဦး၏
မျက်လုံးအမျိုးအစားမျိုးထဲတွင်
အစောကြီးကတည်းရှိမနေခဲ့သည့်၊
ဗလာနတ္တထိဖြစ်ကာ အသက်ဝိဉာဉ်ကင်းမဲ့နေသော
ပြူးကျယ်နေသည့်မျက်စိသူငယ်အိမ်နှင့်
ထိုမျက်လုံးများကို အသေအချာကြီး
ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လေသည်။
ဆေးပညာလေ့လာခဲ့သည့် ဘယ်သူမဆို၊
မျက်စိသူငယ်အိမ်ကိုကျော်လွန်သည်အထိ
မည်းနက်နေသောထိုမျက်ဆံများသည်၊
သေဆုံးပြီးသားလူများနှင့်သာ
သက်ဆိုင်သည့်အကြောင်းကို
သိရှိပြီးသားဖြစ်သည်။
ထို့အပြင် ထိုမျက်လုံးများသည် သူ့ကို
မကျေမချမ်းမှုအပြည့်ဖြင့် တည်မြဲစွာ
စိုက်ကြည့်နေခဲ့တာဖြစ်သည်။
လူသေတစ်ဦး၏မျက်လုံးပုံသဏ္ဋာန်
[1] ကွန်ဖြူးယှပ်၏အတွေးအခေါ်များကို
ယုံကြည်သည့်လူများနှင့် ဗုဒ္ဓဘာသာကို
သက်ဝင်ယုံသူများသည် လူမသိသူမသိ
လုပ်ခဲ့သမျှမကောင်းသည့်အရာအားလုံး သို့မဟုတ်အသက်ရှင်စဉ်ကာလအတွင်း
ပြုမူဆောင်ရွက်ခဲ့သည့်
ကောင်းမှုမှန်သမျှတို့သည် ငရဲပြည်ရောက်သည်အထိ
မှတ်မိနေမည်ဖြစ်ကြောင်းဆိုလိုသည့်
အဓိပ္ပါယ်ဖြစ်သည်။
[2] တစ်စုံတစ်ယောက်အပေါ်နွေးထွေးစွာ
ဆက်ဆံပါသော်လည်း၊ထိုလူ၏လျစ်လျုရှုခံရခြင်းဖြင့်သာရင်ဆိုင်ရသည့်အခါပြောချင်သည့်
ဗန်းစကားဖြစ်သည်။