"သခင်လေးJeon ကော်ဖီရပါပီ"
အကြောက်လွန်နေတာကြောင့်တုန်ရီနေသော
လက်တွေနှင့်ကော်ဖီခွက်ကိုအိမ်အကူကောင်မလေး
ကဖြေးဖြေးလေးချပေးလာသည်။
Jeonသည်ထမင်းစားခန်းအကျယ်ကြီးထဲက
စားပွဲထိပ်ဆုံးတွင်ထိုင်နေကာမာထန်နေသော
မျက်နှာထားမျိုးနှင့်။
သခင်မကြီးနဲ့ရှိတုန်းကလည်းဒီလိုပုံစံအတိုင်း
တပုံစံထဲထိုင်တတ်ကာ စိတ်အလိုမကျသမျှ
အိမ်အကူတစ်ယောက်ချင်းစီကိုပြသနာမျိုးစုံ
ရှာကာအနိုင်ကျင့်တတ်သည်။
အာဏာပြအနိုင်ယူခြင်းဖြစ်ရပ်တွေကိုJeonက
ငယ်ငယ်လေးထဲကအမြင်ရိုးနေကာ
Jeonအိမ်တော်ကအလုပ်သမားတွေကို
ဘယ်သော်အခါမှကောင်းမွန်စွာပြောဆိုပြုမူခြင်းမရှိခဲ့။
ငွေပေးထားတာပဲသူဘယ်လိုပဲဆက်ဆံဆက်ဆံ
ပါးစပ်ပိတ်ခေါင်းငုံ့ပုံသေနည်းကိုသာ
Jeonအသုံးပြုခဲ့ပါသည်။
မေမေက လူအားလုံးအပေါ်ဩဇာငြောင်းခဲ့တယ်
မေမေ ကိုမြင်တာနဲ့အားလုံးကဦးချိုးကြတယ်...
ဒါကို Jeonသိပ်သဘောကျခဲ့တယ်...
မေမေ့ မျက်လုံးတွေကသိပ်လှတယ်...
ထူးဆန်းတဲ့ အတွေးအခေါ်အယူအဆတွေ
ခေါင်းထဲကိုရိုက်သွင်းပေးတဲ့အချိန်တွေတိုင်း
စီးကရက်ဖွာကာခပ်ပြုံးပြုံးမေမေ့ပုံစံက
Jeonမြင်ဖူးသမျှထဲသဘောအကျရဆုံးမြင်ကွင်း။
ကလေးလေးJeonမသိခဲ့တာက
သိပ်ထက်မြက်ပြီး သိပ်စိတ်ဓာတ်ပြင်းထန်ကာ
မာကျောလှသောမိန်းမတစ်ယောက်မှာလည်း
အရှုံးခံယောကျ်ားတစ်ယောက်ရှိနေပြီး
ထိုယောကျ်ားရဲ့ မကြင်နာပေးမှု
ထိုယောကျ်ားရဲ့ဖောက်ပြန်မှု မချစ်ပေးနိုင်မှု
တွေကြောင့် သွားလေသူဟာ မာနမျက်နှာဖုံး
သန်မာခြင်းမျက်နှာဖုံး မောဟမျက်နှာဖုံး
တွေတပ်ခဲ့တယ်ဆိုတာ.....။
Jeonဟာ စားစရာတွေကိုတချက်ကြည့်လိုက်ပြီး
စိတ်ထဲအိပ်ယာနိုးလာထဲကအဆင်မပြေ
တာကြောင့်ဘာမှလည်းမစားချင်...။
ဘေးဘီကိုကြည့်လိုက်ပြီးမေးခွန်းတစ်ခု
ထွက်ကျလာခဲ့သည်။
"ဟိုလူရော......"
ပထမဆုံးစမေးသောမေးခွန်းအားတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ကာအတ္တိအရှိဆုံး
ခေါင်းဆောင်လို လူကြီးတစ်ယောက်က
ရှေ့နားနည်းနည်းတိုးလာကာဖြေပေးသည်။
"ညထဲက ထွက်သွားတာပါ...
ခုချိန်ဆိုရင်တော့ Company မှာရှိနိုင်ပါတယ်
သခင်လေး....."
နာကျင်ကိုက်ခဲနေသောတကိုယ်လုံးနှင့်
ဆေးလုံးဝမထည့်ရသေးသောဒဏ်ရာတွေ။
မနေ့ကညက ထည့်ခိုင်းပေမယ့်တချက်မှ
စောင်းငဲ့ပင်မကြည့်ဘဲထွက်သွားတဲ့သူ။
ပြောရင်ဘယ်သောအခါမှတစ်ခွန်းထဲမရခဲ့ဖူး။
ပြီးတော့သူအဖျားတက်ပြီးအိပ်ပျော်သွားတယ်
ParkJimin ကအိမ်ပြန်တောင်မအိပ်ဘူးတဲ့။
JeonJungkook ပြန်မအိပ်ရင်အပြစ်မရှိပေမယ့်
ParkJimin ကအိမ်ပြန်မအိပ်ရင်အပြစ်ရှိသည်။
ဘာကြောင့်လဲဆိုရင်တော့
သူရှည်ရှည်ဝေးဝေးတွေမရှင်းပြချင်ပါ။
လက်ထပ်ပြီးပြီလေ လွယ်လွယ်ကူကူ
ကားမောင်းထွက်သွားလိုက်ရင်အားလုံး
ရှင်းပြီထင်နေသလားမသိ။
သူ့ရဲ့တရားလွန်စိတ်မထိန်းချူပ်နိုင်မှုမှာ
ဘယ်လောက်မကျေနပ်ခဲ့စေအုန်းတော့
သွေးစိမ်ရှင်ရှင်ထွက်နေသောဟက်တက်ကွဲ
ဒဏ်ရာကို တည့်တည့်ကြီးကန်ခဲ့ပြီးပြီပဲ
ကျေပီလေ.....။
တစ်ယောက်ထဲတဖက်သတ်နာနေရတာမှ
မဟုတ်တာကို...။
Jeonပိုင်ဆိုင်ခဲ့ရတဲ့မိသားစုဖွဲ့စည်းပုံ...
Jeonသိပ်ချစ်ခဲ့တဲ့Jeonအမေရဲ့
အတ္တဆိပ်တွေဟာ လူရယ်လို့သိလာထဲက
ကလေးငယ်ငယ်လေးရဲ့နှလုံးသားထဲ
တဖက်သတ်အတွေးတွေပဲအမွေပေးခဲ့သည်။
Jeonဟာ အတ္တကြီးတာထက်ပိုသော
Jeonဟာ မာနကြီးတာထက်ပိုသော
Jeonဟာမောဟ တရားတွေထက်ပိုသော
မကောင်းသောအဆိပ်အတောက်တွေကိုပဲ
နားထောင်ခဲ့ရတယ် လက်တွေ့ကျင့်သုံးခဲ့တယ်။
Jeonဟာ ဗီလိန်တစ်ယောက်ဖြစ်လာတယ်။
တဖက်ကိုတွေးပေးတတ်တာမျိုးတွေ
ကိုယ်ချင်းစာတတ်မှုတွေ နားလည်စာနာသနားမှုတွေ
Jeonနှလုံးသားထဲမှာဟာလာဟင်းလင်းပဲ...။
အကြောင်းပြချက်မရှိ နိုးတဝက်အိမ်မက်ဆိုး
ကြောင့် ထိခိုက်အောင်လုပ်မိသွားလည်း
မှားသွားပြီလို့တော့JeonJungkook ဟာ
ဘယ်တော့မှတွေးမည်မဟုတ်...
သူလည်းပြန်လုပ်တာပဲဆိုတဲ့ အဓိပ္ပာယ်မဲ့
တဖက်စောင်းနင်းအတွေးနဲ့သက်သာရာရယူသည်။
Jimin မိသားစုကိုကယ်ထားတာ...
Jiminကသူဘာပဲလုပ်လုပ်
ခံနေရမယ့်အရုပ်လေးတစ်ရုပ်လို့
ဟိုးအစထဲက သူကတွေးပီးသား...။
မျက်လုံးတွေကိုရူးခါနေအောင်မုန်းရသည့်ကြား
ဒီလို ပညာပြသွားသောအကွက်မျိုးတွေ
လုပ်သွားတိုင်း ပိုပိုပြသနာရှာချင်လာသည်။
သွားဆိုသွား ရပ်ဆိုရပ်ပဲ....
တလောကလုံးက JeonJungkook ကို
ဒီလိုရိုကျိုးပေးနေကြတာ လက်ထပ်ထားသော
ယောကျ်ားသေးသေးလေးကျမှ
အရှုံးဘက်ကိုသွားရမယ်ပေါ့...ဝေးပါသေးတယ်...။
"သခင်လေး အနာတွေဆေးထည့်ပေးပါ့မယ်....
အားလုံးစီစဉ်ထားပြီးပါပြီ.."
အနာဆေးထည့်မယ်....။ညကတကယ်နာလို့
ဆေးထည့်ခိုင်းရာကအပြတ်အသတ်ငြင်းကာ
ခြေသံပြင်းပြင်းနဲ့ထွက်သွားခဲ့သူရဲ့
ဒေါသမျက်နှာလေးကိုပြေးမြင်လာသည်။
အဆင်သင့်စားပွဲပေါ်ရှိနေသောဆေးဗူးတွေ
ကိုတချက်ကြည့်လိုက်ကာမျက်ခုံးတဖက်
ပင့်သွားပြီးနောက် ခပ်မဲ့မဲ့ပြုံးလိုက်သည်။
"နင်တို့ထည့်ပေးစရာမလိုဘူး...
အဲ့တာတွေအကုန် အိတ်တအိတ်ထဲစုထည့်ပေး
ငါအပြင်သွားမယ်"
"ဟုတ်ကဲ့ သခင်လေး....."
Jeonဟာမနက်စာစားခြင်းကိုရပ်လိုက်ပြီး
အပြင်သွားရန်ပြင်ဖို့ဆင်ဖို့အပေါ်ထပ်
သို့ပြန်တက်သွားသည်။
အနက်ရောင်TShirtတထည်နှင့်အပေါက်အပြဲ
တွေအများကြီးပါသောဂျင်းဘောင်းဘီကို
လဲလိုက်ကာ နားပေါက်တွေအားလုံးထဲ
နားကွင်းတွေနားဆွဲတွေကိုနေရာချလိုက်သည်။
တခြားAccessories တွေကိုလည်းသူ့နေရာနဲ့သူ
နေရာဝတ်စားပီးတဲ့နောက်မှန်ကြည့်နေရင်း
မှန်ထဲတွင်အလုပ်စားပွဲလေးကိုမြင်နေရသည်။
အိမ်ပြန်မလာသောရက်တွေအတွင်း
အခန်းက ParkJimin နေနေလို့
ဘာမှထွေထွေထူးထူးပြောင်းလဲမနေပေမယ့်
Labtop တစ်လုံး..ရေဗူးတစ်ဗူး
နောက်ပြီးဆေးဗူးတွေ...တစ်သျှူးလိပ်တလိပ်
စာအုပ်နှစ်အုပ်သုံးအုပ်နှင့် ခေါတ်နောက်ကျလွန်း
သောစားပွဲခင်းအဆင်ဟောင်းတစ်ခုကိုခင်းထားသည်။
အမွှေးဖယောင်းတိုင်ခွက်တစ်ခုနှင့်
စာကြည့်မျက်မှန်တလက်လည်းရှိနေသည်။
"ဘယ်လိုပစ္စည်းမျိုးတွေလဲ....
ရိုးရိုးကြီးတွေ.....ဒါကအလုပ်အရမ်းလုပ်ပီး
ဘဝင်တအားမြင့်တဲ့သူတွေရဲ့အထာလား...
ParkJimin လိုလူမျိုးတွေကဒီလိုပဲ
စနစ်တကျရှင်းရှင်းရိုးရိုးနေတတ်တာလား.."
Jeonသည်တက်တူးတွေပြည့်နေသော
လက်ချောင်းတွေနှင့်စာကြည့်မျက်မှန်ကို
မနှစ်သက်သောအရာဝတ္တုတခုကိုကိုင်နေရသလို
ခပ်မဲ့မဲ့အကြည့်တွေနဲ့ကိုင်ကြည့်ပီး
ပြန်ပစ်ချလိုက်သည်။
"ကြီးကြီးကျယ်ကျယ်နဲ့....."
အနာရှိ၍ရိုးရိုးဖိနပ်ကိုသာစီးနိုင်ခဲ့ပြီး
နောက်ဆုံးအကြိမ်မှန်ကိုတချက်ပြန်ကြည့်
လိုက်ကာလူကြီးလူကောင်းရုပ်
ဘယ်နေရာမှမပေါက်တာသေချာတော့မှ
အခန်းအပြင်ထွက်ခဲ့သည်။
ဆေးဗူးတွေထည့်ထားသောအိတ်ကို
ယူပြီးကလန်ကဆန်လုပ်သွားသော
ဆေးထည့်မပေးချင်သောသူ
ဆေးထည့်ပေးကိုပေးရအောင်
ရှိမယ့်နေရာသို့သွား ကန့်လန့်တိုက်ရမည်။
တကယ်ပါ..ရည်းစားနဲ့ကမ်းခြေမှာ
မင်္ဂလာဆောင်ပီးပီချင်းသွားအနားယူ
တာထက်တရားဝင်ယူထားသော
ယောကျ်ားလေးဆီပြန်လာပြီး
ဒီလိုဒုက္ခလေးတွေပေးနေရတာက
ပိုပျော်ဖို့ကောင်းနေသလို...
365ရက်ပဲ လက်ထပ်ဖို့ စိတ်ကူးထားပေမယ့်
365မျိုး နေ့တိုင်းနေ့တိုင်းအနှောက်အယှက်
လေးတွေပေးလိုက်ရရင် အချိန်ကုန်တာ
ပိုမြန်ပါလိမ့်မည်....။
Jeonသည်အသံထွက်အောင်ပင်
ကားမောင်းရင်ထရီမိသည်...။
ParkGroupရှေ့တွင်ကားကိုကြုံသလို
ရပ်လိုက်ကာ ထုံးစံအတိုင်းမျက်မှန်
ခရမ်းနုရောင်ကိုတပ်ကာဝင်လာလိုက်သည်။
ပထမတစ်ခေါက်ကလိုMDကချိန်းထားမှတွေ့
လို့ရတာပါ ဘာညာပလီပလာတွေလာမပြောကြတော့။
သူတို့ပိုင်ရှင်ကို အရုပ်ကလေးလိုပွေ့ချီပြီး
ခေါ်သွားထဲက မှတ်မှတ်သားသားရှိသွား
ကြသည်ထင်ပါသည်။
ParkJimin ၏ရုံးခန်းကိုသိနေပြီမို့
တန်းတန်းမတ်မတ်လျှောက်သွားကာ
တံခါးဆွဲဖွင့်ဝင်သွားပေမယ့်
အခန်းထဲတွင်လူတစ်ယောက်မှမရှိနေ....။
မျက်မှောင်တချက်ကျုံ့သွားကာ
စိတ်ကအလိုမကျလာတော့...။
အခန်းထဲကထွက်လာပြီးမြင်တဲ့
ဝန််ထမ်းတစ်ယောက်ဆီလျှောက်သွားလိုက်သည်။
"ParkJimin ရော....."
ဝန်ထမ်းကောင်မလေးသည်ရုတ်တရက်ကြီး
အမေးခံလိုက်တာကြောင့်လန့်သွားကာ
ချက်ချင်းပင်စကားသံထွက်မလာနိုင်။
"ဟို..Meeting လုပ်နေပါတယ်ရှင်....
ပီးတော့မှာပါ...."
"ဘယ်မှာလုပ်နေတာလဲ...ငါ့ကိုပြ..."
"ဟို..Meeting ချိန်တော့ဝင်သွားလ်ို့မရဘူးအစ်ကို
ခုMeeting ကအရမ်းအရေးကြီးတော့လေ..."
"ငါကသူ့ယောကျ်ားလေ...
ငါပိုအရေးကြီးတယ်...လိုက်ပို့ခုချက်ချင်း...."
ဝန်ထမ်းကောင်မလေးသည်ဘာလုပ်ရမှန်းမသိ
တော့။MDကိုယ်တိုင်ကတောင်မန်ိုင်သော
သူမို့သူတို့ကအဝေးကြီးမှာပါ။
နီးရာဓားကြောက်ရမှာပဲ...
ပီးမှMDဆူချင်လည်းဆူပါစေတော့..
မျက်စိရှေ့က MDယောကျ်ားဆိုသူသည်
ပိုရက်ရက်စက်စက်ပုံပေါက်နေသည်။
"ဟုတ်...ဟုတ်ကဲ့"
ဝန်ထမ်းကောင်မလေးခေါ်ရာနောက်
လိုက်သွားကာပီကေတခုဖောက်ဝါးလိုက်သည်။
လူကြီးလူကောင်းတွေနဲ့ကြီးကြီးကျယ်ကျယ်
တွေတိုင်ပင်ဆွေးနွေးနေမယ့်အချိန်
ဖျက်လိုဖျက်ဆီးဝင်အာဏာပြရမှာကို
အထူးတလည်တက်ကြွပါ၏။
"ဒီအခန်းပါ...ခဏလေးပဲစောင့်ရတော့မှာပါ
ဆယ်မိနစ် လောက်ပေါ့....ဟိုလေ.."
"နင်သွားတော့....လျှာရှည်တယ်...."
ကောင်မလေးသည်စူးခနဲကြည့်ပေးလိုက်ရုံနဲ့
ထွက်ပြေးသွားတော့သည်။
Jeonသည်ဆေးဗူးတွေထည့်ထားသော
အိတ်က်ိုဆွဲလျှက်အခန်းတံခါးဖွင့်ကာ
ဝင်သွားလိုက်သည်။
အခန်းထဲတွင်လုပ်ငန်းရှင်ပေါင်းများစွာရှိနေကာ
Aircon ကလည်းအေးစိမ့်နေလျှက်..။
ParkJimin ကိုတော့ခက်ခက်ခဲခဲရှာစရာမလို
စားပွဲရှည်ကြီးထိပ်တည့်တည့်တွင်ထိုင်နေပြီး
စာရွက်စာတန်းတွေနဲ့အလုပ်ရှုပ်နေလျှက်ရှိသည်။
အပြင်လူတစ်ယောက်မှအဝင်မခံသော
Private Meeting ကိုခွင့်ပင်မတောင်းဘဲ
ဖွင့်ဝင်လာသောတံခါးသံကြောင့်Jimin
အလုပ်ကိစ္စကိုအပြင်းအထန်ငြင်းခုန်
ညှိနှိုင်းနေရာမှလှမ်းကြည့်လိုက်သည်။
Shirtအကျီတထည်ပုခုံးပေါ်တင်ကာ
အထုတ်တထုတ်ဆွဲလျှက်ဝင်လာသူ လူဆိုးကောင်။
လန့်သွားပါသည်.....။
မလန့်ဘူးဆိုရူးနေလို့ပဲဖြစ်မယ့်အခြေအနေပါ
လက်ရှိအခန်းထဲတွင်လူကြီးလူကောင်း
လုပ်ငန်းရှင်တွေကြီးထိုင်နေကာ
တခုလေးမှမှားယွင်းလို့မရ.....။
လန့်ဖျန့်ကာဝိုင်းစက်သွားသော
မျက်လုံးလေးတွေသည်...ရင်ထဲနိမ့်လိုက်
မြင့်လိုက်ဖြစ်သွားတာမို့Jeonနှလုံးသားက
အလိုက်ကန်းဆိုးမသိစွာအခုန်မြန်လာပြန်သည်။
လန့်သွားတဲ့ပုံတော့...ငြိမ်ငြိမ်နေလေ
ကောင်းကျိုးမပေးရယ်....။
Jeonဝင်လာတော့အားလုံးကဝိုင်းကြည့်လာသည်။
ပေစောင်စောင်ဖြင့်ပီကေဖောက်ကာ
လမ်းလျှောက်လာပုံသည် မိုက်တိမိုက်ကမ်း
မထီသလို....။
Jimin ထိုင်နေရာ နေရာအထိလျှောက်သွား
ကာပြုံးပြတော့Jimin မျက်နှာပျက်နေပြီ...။
ပြောလက်စစကားတွေလည်းအားလုံး
ရပ်ကာအာရုံတွေသည်သူတို့နှစ်ယောက်ဆီမှာ
စုပြုံနေလျက်ရှိသည်။
လူတစ်ယောက်ဖြတ်ဝင်လာတာမို့
ဘာမှဆက်ပြော၍မရတော့...။
ဘာအထာလဲ ဆိုတဲ့ အကြည့်တွေနဲ့Jeonကို
သာစူးစူးရဲရဲကြည့်နေကြသည်။
"အားနာလိုက်တာ..Meeting ကို
နှောက်ယှက်မိသလိုဖြစ်သွားပီထင်တယ်
Sorry...နော်...."
တန်းစီထိုင်နေသောလူတွေကိုJeon
ကအပြုံးတုတစ်ခုဖြင့် လှမ်းပေါ့ပျက်ပျက်ပြော
သည်။
"မင်း...ဘာလာလုပ်တာလဲ....."
ဒေါသထွက်နေတာသေချာနေသော
အသံသည်မနည်းထိန်းပြောနေရမှန်း
သိသာလွန်းတာမို့Jeonပထမဆုံးအနေနဲ့
ကျေနပ်သွားသည်။
ဝုန်းဝုန်းဒိုင်းဒိုင်းကလည်းထလုပ်၍မရ
မလွန့်သာမလူးသာParkJimin ပုံစံဟာ
ရင်ထဲဘယ်လောက်လောင်မြိုက်နေလိမ့်မလဲ။
ဆွဲလားရမ်းလားလုပ်ဖို့လာတာဆိုပေမယ့်
လူကြီးလူကောင်းတွေ စီးပွါးရေးး
သမားတွေရှေ့ကျစိတ်ကပြောင်းလဲသွားသည်။
ကွယ်ရာမှာသာတစ်ယောက်တပြန်ရိုက်ချင်
ရိုက်နေချင်ပေမယ့် ဒီလိုလူစုံရင်တော့
Jeon JungKookက ParkJimin အချစ်ခံလေးက
ဖြစ်ချင်လာပြန်ရော....။
ဒါကဒီလူကို ပိုထိစေမယ့်နည်းမလား။
JEonသည် မထီတထီမျက်နှာကိုအနည်းငယ်
ပြင်ဆင်လိုက်ကာညိုးငယ်သွားသည်။
"Hyung မောင့် ကို မနက်က ဆေးထည့်မပေး
သွားလို့လေ...."
ဘောပင်ကိုင်ထားသောJimin လက်ချောင်း
တွေတုန်ခနဲ...။ဘယ်လိုအသံနူန်းနဲ့
ဘယ်လိုအခေါ်အဝေါ်တွေစီးဆင်းလာရတာလဲ။
ParkJimin လ်ု့အသံကုန်အော်တတ်သော
အသံ၏ဆယ်ပုံပုံတပုံတောင်မရှိတော့သော
အတိုးအဖျော့သည် AirConအေးစက်စက်ထဲ
နွေးသွားသလို....။
အံ့အံ့ဩဩလူဆိုးကောင်ကိုကြည့်မိလိုက်
တော့သနားစရာကောင်းသော
မျက်လုံးတွေနှင့်ငေးကြည့်နေသည်။
ချက်ချင်းမျက်နှာကိုလွှဲချလိုက်ရသည်။
အင်အားတွေမရှိတော့သလို အယောင်ယောင်
အမှားမှား....။
မောင်တဲ့........သူလိုကောင်ကအနူးညံ့ဆုံး
အဓိပ္ပာယ်ရှိလွန်းသောနာမ်စားကို
မလိုက်မဖက်ယူသုံးစွဲပစ်လိုက်တာ....။
မောင်....မောင်...နားထဲ သူကတစ်ခါပဲ
သုံးစွဲလိုက်ပေမယ့် ပဲ့ထင်ထပ်သွားမှုက
မိနစ်ပိုင်းတွေအထိ.....။
ကိုယ့်ကိုကိုယ်လည်း အခေါ်အဝေါ်လေးတစ်ခု
အပေါ်မှာတောင် လှုပ်လှုပ်ရှားရှားဖြစ်သွား၍
အံ့ဩလို့မဆုံး..။
ဒါပေမယ့်
ခေတ္တခဏလေးပါ....ခဏလေးပါပဲ
JeonJungkook လိုလူမျိုးက
မောင် တွေ ကိုကို တွေ ယောကျ်ားအထိ
ပတ်ပတ်လည်အခေါ်ခံနေရမယ့်
အမျိုးအစားမို့ ခဏလေး နွေးသွားခြင်းကို
မေ့ပစ်လိုက်ကာ စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်လိုက်သည်။
ပြီးပြီဒီလောက်ပဲ...။
ပြသနာရှာချင်ရုံပေါပေါလောလောသုံးလာတဲ့
အသုံးအနူန်းတစ်ခုအပေါ်ဘာတွေဖြစ်နေရမှာလဲ။
အိတ်ထဲကဆေးဗူးတွေကိုအလုပ်လုပ်နေသော
စာရွက်တွေအပေါ်ပစ်ချပေးလာတဲ့သူ...။
"Hyung ဘယ်တုန်းကဒီလိုပစ်ထားလို့
ရခဲ့လို့လဲ....မောင် ဘယ်လောက်ဝမ်းနည်းနေရလဲ
သိလား ခြေထောက်ကလည်းကိုက်တာနေမရဘူး..."
စူးခနဲကြည့်လာသောအလှလေးသည်...
ဘယ်လောက်ဒေါသထွက်နေပြီလဲ
ခန့်မှန်းရန်မလိုတော့။
"အစည်းအဝေးကိုမြန်မြန်လုပ်ပီး
ဒီကလူကို ဂရုစိုက်ပါအုန်း
အနာတွေနာတော့ အားငယ်တယ်Hyung ရဲ့...."
လူတွေသည်Jimin ကိုဝိုင်းကြည့်လာကြသည်။
ပုံမှန်စိတ်ဆိုရင်တော့တစ်ချက်လောက်
ရိုက်ပီးပီဆိုပေမယ့်တကယ့်လူတွေရှေ့မှာ
Jimin လေသံပင်မာမာထွက်၍မဖြစ်။
Jiminဟာငွေကြောင့်အိမ်ထောင်ပြုခဲ့ပြီး
အိမ်ထောင်ရေးကလည်းအဆင်မပြေပါဘူးဟု
လူတွေထပ်ထပ်မေးငေါ့မှာမလိုချင်။
သေချာတာကတော့ သူနဲ့JungKook
တစ်ယောက်တစ်ခွန်းရန်ထဖြစ်၍မရ။
Jimin ရဲ့ Character ဟာလူအားလုံး
အမြင်မှာ ပြီးပြည့်စုံပြီး သိပ်တော်တဲ့သူ
သိပ်ယဉ်ကျေးတဲ့သူလေ..။
စိတ်တွေဘယ်လောက်တိုတိုသက်ပြင်းတချက်
ခိုးချလိုက်ကာ
"Hyung..ကို ခဏတော့စောင့်ပေးလေ..
Meeting မြန်မြန်လုပ်ပီးရင် မင်းကို
ဆေးထည့်ပေးပါ့မယ်...လိမ္မာတယ်မလားJeonက
Hyungရုံးခန်းမှာစောင့်နေပေးနော်...."
JEonသည်ပီကေဝါးနေရာမှရပ်သွားသည်။
ထအော်မယ်ထင်ခဲ့ပေမယ့်....
အားပြိုင်မှုတစ်ခုကိုကျတော်မေ့သွားတယ်။
Hyung...ဆိုတဲ့နာမ်စားကိုပထမဆုံး
အကြိမ်လေသံပျော့ပျော့လေးနဲ့ယူသုံးပြီး
လိမ္မာတယ်မလားJeonက ဆိုတဲ့နေရာတွင်
ပီကေကိုယောင်ယမ်းမြိုချမိသွားသည်။
ဦးနှောက်တစ်ခုလုံးယောက်ယက်ခတ်သွားကာ
ဟန်ဆောင်ပန်ဆောင်လူရှေ့မို့
ပြသနာမတက်အောင်ပြောနေတာမှန်းသိပေမယ့်
JEonမျက်နှာသည်ဘာမှမသိသော
ကလေးလေးတစ်ယောက်လိုကြောင်အအလေး
ဖြစ်နေသည်။
"မစောင့်ခိုင်းပါနဲ့တော့ MD Parkရယ်
ကျတော်တို့ Brakeလိုက်မယ်
အဆင်လည်းပြေနေပီပဲဟာ....
ကလေးက တကယ်နာလာလို့ထင်တယ်...
ဂရုစိုက်ပေးလိုက်ပါ..."
ဘယ်မှာအဆင်ပြေလို့လဲ...။
ဆွေးနွေးနေတာပြီးမှမပီးသေးတာ..
သူတို့ကို Complain တက်နေတာ
မပြတ်သေးတဲ့ဟာကို...မြန်မြန်ဇာတ်လမ်းဖြတ်
ချင်တာနဲ့ ဟိုလူဆိုးကိုအသုံးချလိုက်ကြပြန်ပြီ။
နေပါအုန်းလို့လုပ်၍မရ...အားလုံးက
ရှောင်ပေးသလိုလို အရိပ်သုံးပါးနားလည်
သလိုလိုနှင့်ထွက်သွားတော့မည့်ဟန်ပြင်ကြတော့သည်။
ဒီအကောင်ဒီလိုပေါက်ကရတွေလာလုပ်မှတော့
ဒီလိုဖြစ်ပီပေါ့...။
မBrakeဘူးလို့ပြောလို့မရတော့
JeonJungkook မျက်နှာသည် ချက်ချင်း
လဲသေသွားတော့မလို......
တကယ့် မာယာတသိန်းကောင်....။
"မနက်ဖြန်ပြန်တွေ့ကြတာပေါ့....
ကျတော်သေချာပေါက်ပြန်ချိန်းပါ့မယ်...."
လက်ကတော့မလျှော့နိုင်သေးပါ..။
ခေါင်းတွေညိတ်ပြပြီးပစ္စည်းကိုယ်စီ
ယူကာထသွားကြသည်။
အလုပ်လုပ်ရင် လက်စသတ်တာ
တိတိကျကျအောင်မြင်တာမျိုးကိုပဲ
ကြိုက်သည်။
ခုလိုအခြေအနေမျိုးကိုသေလောက်အောင်
မုန်းတာကြောင့် မူယာမာယာများနေသော
မျက်နှာကိုတချက်စိုက်ကြည့်ပီးနောက်
စာရွက်စာတမ်းတွေယူကာရုံးခန်းသို့
ခြေလှမ်းကျဲကျဲလှမ်းသွားလိုက်သည်။
နောက်ကလိုက်လာသောခြေသံတွေကို
ကြားပါသည်။
အခန်းတံခါးဖွင့်ကာဒေါသတရား
အပြည့်ဖြင့်ဆောင့်ပိတ်လိုက်သည်။
လူဆိုးကောင်သည်နံရံမှာမှီရပ်ရင်းမှ
ပြုံးသွားသည်ကိုသေချာမြင်လိုက်ရသည်။
"မင်းဘာဖြစ်ချင်နေတာလဲ JeonJungkook
ဒီနေ့Meeting ဘယ်လောက်အရေးကြီးလဲ
မင်းသိရဲ့လား မင်းရဲ့အရေမရမဖတ်မရ
ကိစ္စကြောင့်.....!!!"
စာရွက်တွေကိုမျက်နှာတည့်တည့်ပစ်
ပေါက်ကာအော်ပြောလာတဲ့သူ..။
"ကျတော် ညက ခင်ဗျားကို ခိုင်းတယ်လေ
ခင်ဗျားမှမလုပ်ပေးတာ...
ဘယ်လိုအိမ်ထောင်သည်လဲ ညတောင်ပြန်မအိပ်ဘူး
စည်းကမ်းမဲ့လိုက်တာ..."
"မင်းနဲ့ငါက အိမ်ထောင်ရေးတစ်ခုကို
တည်ဆောက်ထားလို့လား
မင်္ဂလာဆောင်ပြီးထဲက သေမှန်းမသိရှင်မှန်းမသိ
ပြန်မလာခဲ့တာမင်းပါ နေလက်စနဲ့ မင်းပျော်တဲ့
အရပ်မှာ တသက်လုံးနေနေလိုက်ပါလား
ဘာလို့ပေါ်လာတာလဲ....ငါအိပ်ချင်တဲ့နေရာမှာ
ငါအိပ်မယ်"
"ခု ပြန်လာတယ်လေ...ပီးပီပေါ့..
ဘာလဲ ခင်ဗျားက မျှော်နေလို့လား....."
"မင်းလိုကောင်မျိုးတချက်ကလေး
များသတိတရဖြစ်မိရင်တောင်
ခေါင်းထလျှော်လိုက်မယ်...."
"အို....အဲ့လောက်တောင်....."
"သွားပြန်တော့...ငါစိတ်မကြည်ဘူး
မင်းဒီလောက်အဖျက်အမှောက်လုပ်ရ
တော်ပီပေါ့ ငါစိတ်ဒုက္ခတကယ်ရောက်ရတယ်
ကျေနပ်တယ်မလား...ပြန်တော့...."
"ဆေးထည့်ပေး.....ထည့်ပေးပီးရင်ပြန်မယ်..."
"ဘာ...."
ခေါင်းမာတာထက်ပိုကာ ဒါဆိုဒါ အနိုင်ယူချင်
သောJeonJungkook ၏ တဇွတ်ထိုး
ပုံစံသည် ရှားမှရှားအနွယ်။
စိတ်သည်မကြည်လင်တာထက်
အလုပ်ကိစ္စကသသိကအောက်ဖြစ်သွားတာမို့
ဒေါသနဲ့ဝမ်းနည်းမှုတွေလည်းရှိနေသေးသည်။
ဒီကိစ္စဟာမြန်မြန်ပီးမှမြန်မြန်အေးမှာမို့
သူ့လက်ထဲက ဆေးဗူးအိတ်ကိုဆွဲယူလိုက်သည်။
ပြသနာရှာဖို့များ အိမ်ကနေဆေးဗူးတွေ
တကူးတကအိတ်ထဲထည့်ယူပြီး
Company အထိ အရောက်လာတယ်လို့...
ဒီကောင်လေးကအပူဓာတ်သိပ်များပါသည်။
"အေး...ထည့်ပေးမယ် ပီးရင်မင်းပြန်နော်
ငါမင်းကိုလုံးဝမမြင်ချင်နေလို့"
"ကျတော်လည်းခင်ဗျားကိုမြင်ချင်မနေပါဘူး..."
ဆိုဖာဆီသွားကာထိုင်လိုက်သောသူသည်
ဖိနပ်ကို ခက်ခက်ခဲခဲချွတ်နေကာ
ဖိနပ်ကျွတ်သွားသည် နှင့်ခြေထောက်ရှည်ရှည်
သည်သူ့ပေါင်ပေါ်သို့တင်တင်စီးစီးရောက်လာသည်။
"မတင်နဲ့....အောက်ချ ခုံပေါ်မှာပဲထားစမ်းပါ.."
"တင်ချင်နေတယ်...အနာပိုသက်သာလို့.."
"ငါမင်းထက်အသက်အများကြီးကြီးတယ်နော်
မခန့်လေးစားအပြုအမူတွေမင်းရပ်သင့်ပီ.."
"လိမ်းတော့ နားညီးတယ်..."
ပေါင်ပေါ်မှခြေထောက်ကိုဆွဲဖယ်လိုက်တော့
သူကပြန်တင်သည်။ဖယ်ရပြန်သည်။
JeonJungkook သည်အလျှော့မပေး
ပြန်တင်ပြန်သည်။ခြေထောက်နဲ့လက်ရှုပ်
နေစဉ်မှာပဲ အနာကိုမရည်ရွယ်ပေမယ့်သွား
ရိုက်မိသလိုဖြစ်တော့ ထအော်လာတော့သည်။
"အားးးး ခင်ဗျား....!!!!"
လည်တိုင်ကအကြောတွေပေါ်တဲ့အထိ
အံကြိတ်အော်လိုက်ပုံသည်တော်ရုံတန်ရုံနာ၍
မဟုတ်မှန်းJimin သိပါသည်။
ဘာမှမလုပ်ဘဲ ထားသောအရွဲ့တိုက်ခံ
အနာသည်ရင်းနေပြီ...။
စာနာစိတ်နဲ့ကိုယ်ချင်းစာစိတ်လေးသူ့ထက်စာရင်
ပိုသာသူမို့ ထပ်ဖယ်မနေတော့ဘဲ
ဆေးသာထည့်ဖို့ပြင်ဆင်လိုက်သည်။
"ငြိမ်ငြိမ်နေ...ထပ်ထိမိရင် ငါတာဝန်မယူဘူးနော်..."
အစကတော့စေတနာလုံးဝမရှိပေမယ့်
ဆေးထည့်ပေးနေရင်း
အနာသည်များလွန်းကာယောင်ကိုင်းနေတာမို့
ရိုးသားစွာတော်တော်နာနေမှာပဲဆိုတဲ့အတွေးလေး
တချက်တော့ဝင်လာပြီး မထိန်းနိုင်စွာမေးလိုက်မိသော
စကား....
"ဘာနဲ့ထိလာတာလဲ...အရမ်းများတာပဲ..."
"ရန်ဖြစ်တာ..ဘာနဲ့ထိလို့ထိမိမှန်းတောင်မသိဘူး.."
Jeonသည်ခြေထောက်ကိုတင်တင်စီးစီး
လှမ်းတင်ထားပြီးလူကခပ်ခွါခွါထိုင်နေရာမှ
အနားပိုနီးသွားအောင်တိုးလိုက်တော့
မျက်မှောင်လေးကျုံ့ကာအနာဆေးထည့်နေရာ
မှကြည့်လာသောမျက်လုံးလေးတွေ....။
ဖြစ်သလိုတော့လုပ်နေတာမျိုးမဟုတ်ပါ..။
အခြေခံစိတ်ဓာတ်ကောင်းလွန်းသူမလို့
သေချာလေးလုပ်ကိုင်ပေးနေရှာပါသည်။
"ကျတော်ရန်ဖြစ်လို့အနာတွေရလာတိုင်း
အိမ်ပြန်လာတယ်....မေမေရှိတယ်လေ...
မေမေ့ဆီကို ပြေးလာပြီးဆေးထည့်ခိုင်းလိုက်တာပဲ
မေမေသေသွားတာကိုသတိလက်လွတ်
ဖြစ်ပြီး အိမ်ပြန်လာမိတာ.."
"............"
"ကျတော်စကားပြောနေရင်း
ပြန်ပြော...မတန်သလိုပုံစံလုပ်မနေနဲ့...."
"ငါဒီကိုလည်းအာရုံစိုက်ရတယ်
မင်းစကားတွေကိုပါအာရုံစိုက်ရအုန်းမှာလား
ငါစိတ်ရှည်တဲ့အထဲမပါဘူးနော် Jungkook"
"ကျတော်အိမ်ပြန်မနေလို့ ဒယ်ဒီအရမ်းပွါးနေတာ
စာချူပ်ကိုဖျက်မယ်ကြီးလုပ်နေလို့
အိမ်မှာခင်ဗျားနဲ့အတူတူနေမှဖြစ်လိမ့်မယ်"
"ငါ့အတွက်မင်းရှိခြင်းမရှိခြင်းက
မဆန်းကြယ်ဘူး ငါ့ဆုံးဖြတ်ချက်နဲ့
မင်းကိုငါလက်ထပ်ခဲ့တယ်
အတူတူနေရမယ်ဆိုတာငါနားလည်ပီးသား
မင်းမနေချင်လို့ပျောက်နေလည်း
ငါဂရုစိုက်မှာမဟုတ်သလို
နေမယ်ဆိုလည်း ဘာမှမဖြစ်ဘူး....
ဒါတွေက စကားလုပ်ပီးပြောနေဖို့ကိုမလိုအပ်တဲ့
ကိစ္စတွေပါ...."
"ကျတော်တကယ်ကြီး အိမ်ထောင်ကျသွား
ပြီပေါ့နော်..."
"ငါ ရင့်ကျက်မှု မရှိ ပေါ့ပေါ့တန်တန်
မင်းလိုဟာတွေကိုသိပ်မုန်းတာပဲသိလား..."
ပတ်တီးသေချာစည်းပေးရင်းမှတလုံးချင်း
သေချာပြောနေတဲ့သူ...။
Jeonသည်အနီးကပ်လေးမျက်နှာကို
ငေးစိုက်ကြည့်နေမိပြန်သည်။
အနာကိုအာရုံစိုက်နေ၍သူအပေါ်စီးမှ
ကြည့်နေသည်ကိုတော့Jimin မသိနေပါ။
သိပ်ကြည့်ကောင်းလွန်းသောမျက်နှာလှလှလေး
သည် သူ့ခြေထောက်ကိုအလုံးစုံအာရုံ
စူးစိုက်လျှက် စိတ်ပါလက်ပါလေး
လုပ်ပေးနေပုံသည် ရင်ထဲမွန်းကျပ်လာသည်။
ညကရိုက်မိထားသောအရှိန်ကြောင့်ရဲနေသေး
သောပါးတဖက်သည်မသိမသာယောင်နေသေးလျက်။
ကြည့်နေရင်း ကြည့်နေရင်းက လှုပ်ရှားလွန်းလာ
သောစိတ်နှင့် ပေါက်ကွဲထွက်မတတိခုန်မြန်နေသော
နှလုံးသားသည် ရိုးသားခဲ့ပါသည်။
......ငါ့မျက်နှာကိုမြင်တာနဲ့အရူးလိုစွဲလန်းချစ်မြတ်နိုးပြီး
မင်းနှလုံးသားရဲ့ချစ်ပေးနိုင်တဲ့စွမ်းအားတွေထက်
လွန်ကြူးပြီးငါ့ကိုမြတ်နိုးရပါစေ.......။
လျှောက်ပြောခဲ့တာမှမဟုတ်ဘဲမျက်ရည်ကို
ရင်းဆုတောင်းတွေကိုအသက်သွင်းခဲ့သူ
အိမ်ရှေ့စံသည် ဘဝဆက်တိုင်းအတွက်
အမျှော်အမြင်အရှိဆုံးလူသား။
ဖျက်ခနဲပါးတဖက်ကိုဖွဖွလေးလာကိုင်သူ
ကြောင့်Jimin လှုပ်ရှားမှုတွေရပ်သွားသည်။
ထိရုံလေး...ပဲ့ကြွေသွားတော့မယ့်
ပွင့်ချပ်လေးတစ်ခုကိုထိနေရသလို
ဖွဖွရွရွလေး....။
ဖျက်ခနဲမော့ကြည့်လိုက်တော့
ဝိုင်းစက်ပြီး လှလွန်းသောမျက်လုံးတွေနဲ့
ကြိုဆိုနေတဲ့သူ။
အိမ်မက်လှလှလေးတွေကမျက်လုံးတွေပဲ။
တထပ်ထဲ...အိမ်မက်ထဲမှာကြီးမားဝိုင်းစက်
သောမျက်အိမ်တွေနဲ့စိုက်ကြည့်ပြီး
နူတ်ခမ်းလေးတွေများညွှတ်ကိုင်းကျသွားရင်
သူဟာနိုးလာတဲ့အထိတောင်ရင်ခုန်လို့မဝ....။
အိမ်မက်ထဲကအစွဲဟာ
သေချာပေါက် ဒီလူဆိုး ဖြစ်နေတာလား။
ကံကြမ္မာရေးဆွဲသူနောက်လိုက်ပြန်ပြီထင်သည်။
ပါးတဖက်ကိုလက်ဖဝါးတွေဖြင့်နူးနူးညံ့ညံ့
ကိုင်ထားပြီးမျက်နှာကိုဆွဲမော့လာတဲ့သူ။
ခြေထောက်ကိုလည်းပေါင်ပေါ်မှရုတ်သိမ်း
သွားကာစိုက်ကြည့်နေဆဲ။
ပန်းနုရောင်သန်းနေသောနူတ်ခမ်းဖူးဖူးသည်
အလွန်လှပါသည်....။
မဟုတ်ဘူး...အရာခပ်သိမ်းလှနေတာ...။
နမ်းချင်လာသောစိတ်....
ထိတွေ့ချင်နေသောစိတ်သည် ကြည့်နေရင်း
ဘယ်လိုမှထိန်းမရ...။
တကိုယ်လုံးကိုအစုန်အဆန်ထိလိုက်ချင်သော
စိတ်ရိုင်းဟုခေါ်လို့ရသောစိတ်တွေသည်
အလုအယက်ဝငိလာသည်။
အရင်လိုသက်သက်ရိုင်းပစ်ချင်လို့
မဟုတ်.....အသွေးအသားထဲက
ဆာလောင်စွာတောင်းဆိုလာခဲ့သော
ခံစားမှုတွေ...။
အများကြီးစဉ်းစားမနေပါ..
ထိန်းမရရင်မထိန်းရုံမို့ အဆင်သင့်စောင့်နေသလို
နူတ်ခမ်းတွေကိုဖိကပ်နမ်းရှိုက်လိုက်သည်။
နူတ်ခမ်းဖူးဖူးကိုစိတ်တိုင်းကျစုတ်ယူ
ထိတွေ့လိုက်ရတော့မှအဆင်ပြေသွားသလို
သူဟာ အတွေ့အကြုံမရှိသောလူလို
ထိန်းမရသိမ်းမရ...။
ကြည့်နေရင်းမှ မမျှော်လင့်စွာ
မွတ်မွတ်သိပ်သိပ်နမ်းလာသူ၏
အနမ်းအတတ်ပညာသည်
သေသပ်လွန်းတာကြောင့်စထိပီး
မိနစ်ပိုင်းမှရုန်းရမယ်မှန်းသတိရတဲ့အထိ။
အတွေ့အကြုံရင့်သန်သူJeonJungkook
၏အထိအတွေ့သည်ဘယ်ကိုထိရင်ဘာဖြစ်မယ်
ဆိုတာကျမ်းကြေနေသလိုကျွမ်းကျင်လွန်းလှပါသည်။
ဘာခေါင်းစဉ်မှမရှိ စိုက်ကြည့်နေရင်းမှ
အသဲအမဲ နမ်းနေသော ဒီလူဆိုးကို
သူနားမလည်ပါ...။
ရုန်းကန်ဖို့ရာကလည်း.....
ရုန်းတယ်ဆိုရုံပဲ...။
သူမရုန်းချင်နေ...။
ဒီယောကျ်ားရဲ့ နူးနူးညံ့ညံ့လက်ဖဝါးပါးပေါ်
လာထိထဲက သူအတွေးချိတ်ဆက်တွေ
လွတ်ထွက်ကုန်တာ...။
ဆိုဖာပေါ်တွန်းလှဲကာအပေါ်စီးမှထပ်မံနမ်း
နေသူ၏လက်တွေသည်Jimin၏ဆံပင်အနက်ရောင်
တွေထဲလည်းထိုးဖွနေသည်။
အပေါ်တလှည့်အောက်တလှည့်ပြင်းထန်လှသော
အရှိန်တွေနဲ့ထိတွေ့နေရင်းခံစားမှုသည်
တိမ်တွေပေါ်တောင်ရောက်နေခဲ့သလို။
နှစ်ယောက်စလုံးဘာတွေများဖြစ်နေကြတာလဲ....။
....မင်းမျက်နှာကိုမြင်ရုံနဲ့မကောင်းသော
စိတ်ခံစားမှုတွေကိုပဲဖြစ်တည်စေပြီး
မင်းကိုအမြဲတမ်းစိတ်ဆင်းရဲမှုတွေပဲ
ပေးနိုင်တဲ့သူဖြစ်ပါစေ.....
ဒိန်းခနဲတက်ဆောင့်သွားသော
နှလုံးခုန်သံနှင့်မျက်လုံးတွေမှိတ်ကာ
စီးမျောနေရာမှ လှုပ်နိုးလိုက်သလို
ခံစားရကာ ချက်ချက်းဆိုသလို
မက်မက်မောမောနမ်းမိသောနူတ်ခမ်း
တွေကိုလွှတ်လိုက်ကာ အုပ်မိုးထားမိသော
အနေအထားမှထထိုင်လိုက်သည်။
Jeonသည် ထိန်းမရစွာဖြစ်ပျက်သွား
သောမိမိကိုယ်လည်းမယုံန်ိုင်။
မိန်းမယောကျ်ား များစွာတွေ့ဆုံဖြတ်သန်း
ခဲ့သော်လည်း ဒီလိုပူပူလောင်လောင်
တခါမှမဖြစ်ခဲ့ဖူး....။
တခါလည်းမဟုတ်...နှစ်ခါလည်းမဟုတ်
မျက်နှာနုနုကို ငေးမိတိုင်း
ပြန်ခုန်တက်၍မရတော့အောင်ဆင်ထားသော
ထောက်ချောက်တစ်ခုလိုဖြစ်နေပါသည်။
ခဏလေးအတွင်းဖရိုဖရဲဖြစ်သွားသော
Jimin သည် လည်းအကျီတွေအား
နေရာသေချာပြန်ချကာ ဘာပြောရမှန်းမသိ။
ရန်ထလုပ်ဖို့ကလည်း သူကိုယ်တိုင်က
သာယာမိနေသလိုဖြစ်သွားတာမို့ခက်ချေပြီ။
ဒါမျိုးက ဘလိုင်းကြီး ဘောင်ကျော်တာလေ
သေချာပေါက်ပဲ့ကျသွားအောင်ပြောသင့်
တယ်ဆိုပေမယ့် JeonJungkook နူတ်ခမ်း
တွေသည် သူ့ကိုချိနဲ့သွားစေပါသည်။
ဘာကြောင့်များလဲ....။
"ဆေးထည့်ပီးပီလေ...ပြန်တော့....."
Jeon သည်နမ်းမိခြင်းကိုမကျေနပ်နေပါ။
Jimin စိတ်ထဲ လည်းတမျိုးတွေထင်မှာစိုး
၍လက်ညိုးတချောင်းမျက်နှာလှလှလေးဆီသို့
ထိုးကာ
"ခင်ဗျား ဖြားယောင်းလို့ ကျတော်နမ်းမိတာ
နောက်တစ်ခါ နီးနီးကပ်ကပ်လာ မမြူစွယ်ပါနဲ့..."
ဂယောက်ဂယက်အခြေအနေလေးသည်
ကြာကြာမခံပါ..။အချိုးမပြေသူ
အသက်၂၀ကောင်လေး၏
အဓိပ္ပာယ်မရှိတဖက်စောင်းနင်းစကားသည်
ဆယ်ခါပြန်သေပစ်လိုက်လို့ရနေပီ..။
"ကပ်လာတာ မင်းလေ အရူးအနှမ်းကောင်ရဲ့
ပြန်ရင် စိတ်ကျန်းမာရေးဆေးရုံဝင်ပြီး
စစ်ကြည့်အုန်း ချောင်နေပီလားလို့....
မင်းလိုချာတိတ်ကို မြူစွယ်နေဖို့မလိုဘူးမှတ်ထား
ငါ့မျက်လုံးထဲ ဟိုမရောက်ဒီမရောက်
အရွယ်တခုမလို့ ဦးနှောက်လည်းသိပ်မကောင်းဘူး
ထင်လို့ မင်းကိုငါအတတ်နိုင်ဆုံးရှောင်ကိုရှောင်နေတာ
ငါတကယ်မြူစွယ်ရင် မင်းဒီနေရာတင်
ခေါက်ခနဲသေသွားလိမ့်မယ်...."
မျက်လုံးကြီးတွေသည်ဒေါသကြောင့်လား
မသိပြူးကျယ်လာကာလူဆိုးကောင်
သည်သူ့စကားမှားသွားပြီမို့ဘာမှတော့
ပြန်မပြောတော့။ထမတ်တပ်ရပ်ကာ
ပြန်ဖို့လုပ်နေသည်။
"ညနေခြောက်နာရီ အိမ်အပြန်အရောက်နော်
ပြန်ရောက်မလာရင် အကြောင်းသိမယ်..."
နောက်ဆုံးအချိန်အထိလုံးဝမလျှော့သွား
လက်ညိုးသွယ်သွယ်ကမျက်လုံးထဲ
ဝင်မတတ်ထိုးစိုက်ကာပြောပြီး
ထွက်သွားသည်။
တံခါးပိတ်သံ...ခြေသံပြင်းပြင်းတွေ
ဝေးသွားမှJimin သည်
မျက်လုံးတွေမှိတ်ချလိုက်ကာဆိုဖာပေါ်
သို့ပစ်လဲချလိုက်သည်။
.......
နမ်းချင်လွန်းလို့
ငေးကြည့်နေခဲ့ဖူးတဲ့နူတ်ခမ်းတွေ...
ရှားပါးနူတ်ခမ်းတွေ....
တခါလား...အင်း..တခါလေးပဲ အိမ်ရှေ့စံနမ်းခွင့်ရခဲ့တာ
အဲ့ဒီတခါဟာ....လုံးဝကျောက်စာတချပ်လို
မပြိုပျက်သွားခဲ့ပါဘယ်ဘဝတွေရောက်ရောက်ပေါ့..။
မှဲ့နက်တစ်ခုနဲ့နူတ်ခမ်းတစ်စုံဆို
ဘယ်ဆီပဲမျောရမျောရ....
သေလောက်အောင်မြတ်နိုးနှစ်သက်လှပါသည်။
အားနည်းချက်ကိုပြပါဆို...
Jeon နူတ်ခမ်းတွေဖြစ်ပီး
အားသာချက်ဆိုလည်းJeonနူတ်ခမ်းတွေပဲဖြစ်ပါသည်။
အံ့ဖွယ်ရာ....အစွဲတွေပင်.....။
............
"Hello....SeokjinHyung....ကျတော် JungKook..
ကျတော့်ကို အိပ်ဆေးအပြင်
တခြားဆေးတွေလည်းစီစဉ်ပေးပါအုန်း
ကျတော်လေ..ကြည့်မရတဲ့သူမြင်တာနဲ့
နမ်းချင်နေလို့ ခုလည်းနမ်းလာပီးပီ
နမ်းပီးမှ...ပြန်နူတ်လို့လည်းမရတော့ဘူးဗျာ
ဟိုလူက သူ့ကိုစိတ်ဝင်စားနေတယ် ခံစားနေတယ်
လို့လည်းထင်နေမှာစိုးတယ်....
နမ်းမိတဲ့တခြားသူတော့မဟုတ်ဘူး
ကျတော့်ယောကျ်ား ParkJiminပါ
ဆေးလေးဘာလေးလုပ်ပါအုန်း......."
ကိုယ်ယူထားတဲ့ယောကျ်ားကိုယ်နမ်းတဲ့ကိစ္စ
ပြသနာတရပ်လိုပြောနေသော
JungKookသည်ဘယ်အသက်အပိုင်းအခြား
တွေကိုရောက်မှပုံမှန်ဖြစ်မလဲ.....။
"ကိုယ့်ယောကျ်ားကိုယ်နမ်းချင်တာ
ရောဂါမှမဟုတ်တာ JungKookရာ
Hyung မအားဘူးကွာ ဒါပဲနော်...."
"Hyung ဆရာဝန်ဖြစ်ပီး....ဆေးမကုလို့
ဘာလုပ်မှာလဲ ကျတော်ဒီနေ့Hyung
ဆေးခန်းကိုလာခဲ့မယ်....
စစ်ဆေးပေးပါ...."
"အေးအေးလာခဲ့....ဒါပဲနော်အချိန်ကပ်နေလို့...."
SeokJinသည်ဖုန်းကိုချလိုက်ကာအဖြူရောင်
အိပ်ယာလေးထဲကခြေထောက်တွေကို
အဖြူရောင်နူးနူးညံ့ညံ့အခင်းတစ်ခုအပေါ်
ချလိုက်သည်။စားပွဲပေါ်ကနာရီလေးသည်
ဆယ်နာရီတိတိသို့ထိုးပြတဲ့အခါ
ဝတ်ရုံနို့နှစ်ရောင်လေးထပ်ဝတ်ပြီး
အခန်းပြင်ဝရံတာသို့ပြေးထွက်သွားခဲ့သည်။
Kim SeokJinဟာအဖြူရောင်တွေကို
သိပ်မြတ်နိုးတဲ့သူ.....။
အညိုနုရောင်ဆံပင်လေးတွေသည်
ဝရံတာဆီသို့ရောက်သည်နှင့်လွင့်မျောသွားပြီး
ပြီးပြည့်စုံစွာချောရက်လွန်းသောမျက်နှာလေး
သည်နေရောင်အရှိန်ကြောင့်လင်းလက်နေလျှက်။
လမ်းကြားလေးအတိုင်းစီးနင်းလာတဲ့
စက်ဘီးတစ်စီးနဲ့ကောင်လေးသည်
စက်ဘီးခြင်းထဲစာအုပ်တချို့ထည့်ကာ
မနက်ဆယ်နာရီတိတိတွေSeokJin၏
အိမ်ရှေ့သို့ဖြတ်သန်းစီးနင်းသွားခဲ့သည်။
ကွေးညွှတ်သွားသောSeokJin၏
နူတ်ခမ်းတွေသည်စက်ဘီးနင်းသွားသော
ကောင်လေးမြင်ကွင်းမှတဖြည်းဖြည်းပျောက်ကွယ်
သွားအထိမရပ်သေး....။
မနက်ဆယ်နာရီတိုင်းဝရံတာမှ
စာအုပ်ဆိုင်ကကောင်လေး...
မြစ်ကမ်းဘေးစာအုပ်သွားသွားဖတ်ခြင်း
ကိုခိုးခိုးကြည့်နေရတာ လပေါင်းဘယ်လောက်
ကြာပီလဲ....။
စိတ်ကျန်းမာရေးဆရာဝန်မို့....
သူပဲထူးထူးဆန်းဆန်းတွေဖြစ်နေရလား....
တိတ်တဆိတ်စုံစမ်းထားသော
နာမည်လေးပဲသိခွင့်ရသော KimNamjoon
ဆိုတဲ့ကောင်လေးကတော့ တခါလေးမှ
ဝရံတာကိုမော့ကြည့်မလာသေး...။
Joon....ဆိုတဲ့စာအုပ်ဆိုင်သေးသေးလေးမှာ
စာအုပ်တအုပ်သွားဝယ်ဖို့အရှိန်ယူ
နေရတာလည်း ခုထိမဖြစ်မြောက်သေး...။
မနက်ဖြန်တော့ Hyung စာအုပ်တအုပ်သေချာပေါက်
လာဝယ်ပါ့မယ်
သိပ်သဘောကျရသောသဘာဝတရားJoonရေ.....။
......................................
အရှုံးခံယောက်ျားတစ်ယောက်ရှိနေပြီး
ထိုယောက်ျားရဲ့ မကြင်နာပေးမှု
ထိုယောက်ျားရဲ့ဖောက်ပြန်မှု မချစ်ပေးနိုင်မှု
တွေတပ်ခဲ့တယ်ဆိုတာ.....။
ထွက်ကျလာခဲ့သည်။
"ဟိုလူရော......"
"ညထဲက ထွက်သွားတာပါ...
သခင်လေး....."
ကျေပီလေ.....။
မဟုတ်တာကို...။