ညနေပိုင်းလောက်ရောက်တော့ တစ်မိသားစုလုံး ဘယ်မှမသွား၊
စူးရှတို့အတွဲရော အဖေနှစ်ယောက်ကပါ ငြိမ်နေကြသည်။
အမြဲ အပြင်ထွက်လေ့ရှိသည့် လင်းလတ်ကပင် အာကာမင်းထက်အား အရိပ်တကြည့်ကြည့်နှင့်။
"ကျွန်တော် တကယ် အဆင်ပြေပါတယ်။
ရုတ်တရက် မို့ နည်းနည်းဝမ်းနည်းသွားတာ။
အဖေနဲ့ ဒယ်ဒီရော ညီတွေရော၊ ညီမလေးအွန်မ်ကိုပါ ကျေးဇူးတင်ပါတယ် "
အဆင်ပြေတယ်ဟုဆိုနေပေမယ့် ဘယ်သူမှ မယုံချင်သေး။
ညစာကိုအတူစားကြပြီး စကားဝိုင်းဖွဲ့ပြောနေကြသည်အထိ အာကာမင်းထက်သည်
ဘာမှမဖြစ်သလိုနေနိုင်ခဲ့သည်။
" အကိုတစ်ယောက်ထဲ ဖြစ်ပါတယ်"
ညအိပ်ချိန်ရောက်တော့ ကိုယ်စီကိုယ်င အခန်းတွေထဲဝင်ကုန်ကြပေမယ့်
လင်းလတ်က တစ်ဦးတည်းသော ချစ်ရသူအား စိတ်မချသောကြောင့်
အခန်းထဲ အတူလိုက်အိပ်ဖို့လုပ်နေသည်ကို အာကာရိပ်မိသွားသည်။
လင်းလတ်၏စိုးရိမ်မျက်ဝန်းတို့က ပါက်ထွက်တာ့မည့်အလား
"ကိုကို တကယ် အဆင်ပြေပါတယ်ဆို"
"ဒါပေမဲ့ ..."
"ကိုယ့်အခန်းကိုယ်ပြန်ပါ။ အဖေတို့ ရိပ်မိကုန်မယ်"
"နောက်လည်း သိရမှာပဲကို"
လင်းလတ်ကို တွန်းထုပ်ပေမယ့်
အာကာမင်းထက်၏ လက်ချောင်းသွယ်သွယ်လေးများကို ဆုတ်ကိုင်ကာ သူ့ခါးတွင် ဖက်တွယ်စေလိုက်သည်။
အာကာ၏လက်များက အလိုက်တသိပင် လင်းလတ်ခါးကို ဖက်တွယ်ထားပေးလိုက်သည်။
"အင့် နမ်းအုံး"
ချွန်ပေးလာသော နှုတ်ခမ်းကို မဆိုင်းမတွ စက္ကန့်ဝက်လောက် ထိတွေ့မိသည်။
ဝမ်းနည်းစရာကောင်းသလို ကြည်နူးစရာကောင်းသလို
သူ့အခန်းပြန်သွားသော လင်းလတ်၏ ကျောပြင်လေးအား
နောက် မြင်တွေ့ခွင့်မရတော့မှာကို သိတော့ ရင်ဘက်ထဲက ခပ်စူးစူးအောင့်တက်လာပြန်သည်။
"ကိုကို တောင်းပန်ပါတယ် ညီ"
**********
"ကိုကို.."
တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာနေပေမယ့် အရိပ်အယောင် ပင်မတွေ့။
မနေ့ညက အဆင်ပြေဟန်ဆောင်ခဲ့ခြင်း၏ အဓိပ္ပာယ် ကို သူတို့နားလည်သဘောပေါက်ခဲ့ရပြီ။
"အဲ့လိုမှန်းသိရင် ညက ကိုကို့အနားနေပေးခဲ့ပါတယ်"
လင်းလတ်က သူ့ကိုယ်သူ ယူကျုံးမရ ။
နံရံကို လက်သီးဖြင့်ထိုးသည်။
အကြိမ်ကြိမ်ထိုးသည်။
စူးရှနှင့် အွန်မ်စင်က တားနေပေမယ့် မရ။
အဖေတွေကလည်း မူးနောက်နေခဲ့ပြီ။
အလုပ်ရှုပ်နေပြီ။
ဖုန်းဆက်ကြည့်သည်။ ဖုန်းက အခန်းထဲတွင် ရှိလျက်သား။
သွားလေ့ရှိတဲ့နေရာမရှိ။
တစ်ယောက်ထဲနေသော အိမ်ကလေးကို လင်းလတ်သွားကြည့်ခဲ့ပြီးဖြစ်သည်။
အိမ်လေးသည် သင်္ကြန်မတိုင်ခင်အတိုင်း မပျက်မယွင်း။
သူနှင့်ခင်တဲ့လူသိပ်ပေါပေါများများရှိမနေ။
တစ်ယောက်စ နှစ်ယောက်စကိုစုံစမ်းတော့လည်းမစိပါတဲ့။
သွားတက်သည့်နေရာလည်းမရှိ၊ အပေါင်းအသင်း များများစားစား မရှိသော သားကြီးတစ်ယောက်
ဘယ်ရောက်လို့ဘယ်ပေါက်နေမည်လဲ
စိတ်ပူနေကြသော
အဖေတွေဖြစ်သူများမှာတော့ အတွေးများကြားချာချာလည်ခဲ့ပြီ။
ညနေ၆နာရီအထိ စောင့်ကြည့်ခဲ့ပြီးတော့ အခြေအနေမထူးတာမို့ရဲ့စခန်းတိုင်ကြားခဲ့ရသည်။
ရဲစခန်း က ၂၄နာရီပြည့်သည့်အခါ လူပျောက်ကြော်ညာပေးမည်တဲ့။
ဒီကြာထဲ သူတို့ ကူညီကာ ရှာဖွေမည်ဟုဆို၏။
တစ်မိသားစုလုံးလည်း နေရာအနှံ့လိုက်ရှာသည်။
အာကာမင်းထက်နှင့်တူသည့်အရိပ်အယောင်ပင်မတွေ့ရ။
နှစ်ဆန်းတစ်ရက်ရေညက်သည့်တိုင် ဘာမျှအခြေအနေမထူး။
နှစ်ရက်၊သုံးရက်။
ဘာသတင်းမှမကြား။
အဖေသည် ငိုသည်။
စူးရှလည်း ငိုသည်။ လင်းလတ်ကတော့ အံကိုကြိတ်ကာ
ဒေါသတွေထွက်၊ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းဖိသုတ်ရင်း
တစ်ချိန်လုံးအိမ်မကပ်။
ကားတစ်စီးနှင့် ရန်ကုန်တစ်မြို့လုံး ပိုက်စိပ်တိုက် ရှာသည်။
သူငယ်ချင်းအပေါင်းအသင်းတွေအကူအညီဖြင့်ရှာသည်။
သက်ဆိုင်ရာ မှလည်းရှာကူသည်၊
နေ့စဥ်သတင်းစာတွေထဲ ထည့်သည်။
ဘာသတင်းအစအနမှမရကြ။
စိုးရိမ်မှု က ငယ်ထိပ် တက်လာခဲ့ချေပြီ။
အာကာမင်းထက် ပျောက်သွားခဲ့တာ
နှစ်ပတ်ကျော်ပြီ။
သက်ဆိုင်ရာ က လက်လျှော့ ချင်နေပြီ ဖြစ်သော်လည်း
ငွေပေးတော့ ဆက်လက်ရှာကူသည်။
နိုင်ငံခြားတွေထွက်သွားမလားထင်လို့ လေဆိတ်က လူဝင်လူထွက် စာရင်း တွေကို သက်ဆိုင်ရာက ယူစစ်ခဲ့ပြီးဖြစ်သည်။
မရ။
တစ်နိုင်ငံလုံးလိုလို လူအများကြီးနှင့်ရှာပေမယ့် အစအနသေးသေးလေးတောင်မရ။
တစ်လလောက်အကြာမှာ အွန်မ်စင် ဘန်ကောက်ကိုပြန်ဖို့ဖြစ်လာခဲ့သည်၊
အစက ရက်နည်းနည်းပဲနေဖို့ဆိုပေမယ့် လူပျောက်ကိစ္စနှင့် သူမ မပြန်ဖြစ်ခဲ့။
အခုမပြန်လို့မရတော့တာမို့ စူးရှတစ်ယောက်ထဲလိုက်ပို့ဖြစ်သည်။
"အလာတုန်းက နွေးနွေးထွေးထွေး ကြိုဆိုဖြစ်ပေမယ့် အပြန်မှာ ဝမ်းနည်း စရာတွေ လက်ဆောက်ပေးနေမိသလိုဖြစ်နေပြီကွယ်"
စူးရှအဖေက စိတ်မကောင်း စွာဆို၏။
အွန်မ်စင် နားလည်သည့်သဘောဖြင့် ခေါင်းခါပြသည်။
အမှန်ဆို မပြန်ချင်သေးပေမယ့်
သူမိလည်းကိစ္စတွေရှိနေသည်ပဲလေ။
"P'ArKar သတင်းကြားရင် သမီးကို ပြောအုံးနော်"
သို့သော် သူမပြန်ပြီး တစ်လလောက်အထိ ဘာသတင်းမှမကြားခဲ့။
လင်းလတ်နဲ့အတူ အဖေတွေရော စူးရှပါ ဆက်လက်ရှာဖွေနေခဲ့ကြသည်၊
သို့သော်...
၆လခန့်ကြာသည်အထိ အကြောင်းမထူးခဲ့။
*********
ညဘက်မို့ ထီသည်တွေက သီတင်းကျွတ် သီချင်းတွေဖွင့်ကာ ထီလှည့်ရောင်းနေသံတွေက တိုက်ခန်း ထဲအထိကြားနေရသည်။
ပြတင်းပေါက် ဖွင့်ထားတာမို့ လေအေးအေးက လိုက်ကာကို တလူလူဖြစ်နေစေသည်။
တော်သလင်းလမို့ တစ်နေ့လုံးမိုးအုံ့နေသည်။
အမြဲတမ်း ပြတင်းပေါက်ဖွင့်ထားတာမို့ ယခုလည်း မိုးရွာလာသည့်တိုင် ထပိတ်လိုက်ဖို့ စိတ်မကူးမိ။
ပြတင်းပေါက်နှင့် စားပွဲ အနည်းငယ်ဝေးပေမယ့်
စားပွဲ တွင်ထိုင်ကာ ပြတင်းပေါက် မှ လေငွေ့လေးတွေကို
ခံစားရသည်။
အတိတ်ကအချိန်တချို့ကို သတိရပေမယ့်
အတက်နိုင်ဆုံး မေ့နိုင်ကြိုးစားသည်၊
တစ်ယောယောက်က အစားထိုးမဟုတ်သည့်တိုင် တစ်ယောက်ယောက်၏နေရာ အစားထိုးသလိုခံစားချက်မျိုးနှင့်
သူနေပျော်သည်။
" ကိုကို မိုးအေးနေတာကို ပြတင်းပေါက် မပိတ်ထားပြန်ဘူး"
" ရပါတယ် ညီမလေးရဲ့ ကိုကိုက အဲ့လို မျိုး ခံစားချက်လေးကို ကြိုက်လို့"
ညီမလေးက သူ့အနားလာထိုင်သည်၊
လွန်ခဲ့တဲ့ ၆လကျော်လောက်တုန်းက စာအုပ်ဆိုင်တစ်ခုတွင် ဆုံခဲ့သော ကောင်မလေး။
လွန်ခဲ့တဲ့ ၆လတုန်းက မေတ္တာ တွေလွှမ်းခြုံထားသော အရိပ်တစ်ခုအောက်က ထွက်ပြေးလာခဲ့ချိန်က
အမှတ်မထင် လမ်းထဒ ထိုကောင်မလေးနှင့်ပြန်ဆုံခဲ့သည်။
အသက်ရှူကျပ် နေသည့်ကောင်မလေးကို ကူညီပေးရင်း ဆေးရုံခေါ်သွားဖို့လည်းလက်မခံတာနဲ့ သူ့အိမ်ပြန်ခေါ်လာခဲ့ပေးရသည်၊
အကြောင်းအရာတွေ စကားစကြရင်း အနှီကောင်မလေးသည်
သူ့အား အကိုအရင်းသဖွယ် သဘောထားကာ သူ့အိမ်တွင်ပုန်းနေစေခဲ့သည်။
"ရော့.."
သတင်းစာကို ညဘက်မှ တကူးတက ဝယ်ခဲ့ပေးတက်သည့်ကောင်မလေး၊တနည်းအားဖြင့် ညီမလေး။
သူ့နာမည်က ယုယမေ တဲ့။
တစ်ခါတလေ ညီမလေးက အိမ်မက်ထဲက သွားပိုးစားသော ကောင်မလေးနှင့်သိပ်ဆင်တူသည်။
သူ့ကိုယ်သူ အိမ်မက်ထဲက ကိုကိုဟူသော ကောင်လေးတစ်ယောက်လို ခံစားမိလာတက်ပြန်သည်။
ထိုအိမ်မက်နှင့်ပက်သက်လျှင် ယုယမေအား မေတ္တာ အစစ်အမှန် နှင့် ဖြူစင်စွာခင်တွယ်မိသည်။
ဆက်တွေးမိလျှင်တော့ အရုပ်ဆိုးအကျည်းတန်သော သူ့ဘဝဆိုးကြီးကို သတိရမိသည်။
"ဒီနေ့လည်း သတင်းစာ ထဲပါလာတယ်"
နေ့တိုင်းလိုလိုသတင်းစာထဲပါလာတက်သော သူ့ပုံနှင့်
လူပျောက်ကြော်ညာကို သူအမြဲ ဖတ်ရသည်။
ပထမ ဆုံးနေ့က သတင်းစားကို ယုယမေယူလာခဲ့ပေးစဥ်က
ပြန်ဆက်သွယ်ကာ သတင်းပေးလိုက်မည်ဟုထင်ပေမယ့်
သူမှားသွားသည်။
ယူယမေသည် သူမကိုယ်တိုင်မှလွဲ ဒီအိမ်တွင် သူစိမ်းယောကျ်ားလေးရောက်နေတာကို ဘယ်သူမှပေးမသိခဲ့ပါ။
ဒီအိမ်ကိုလည်း ဧည့်သည်တွေဘာတွေလည်းမလာတာကြောင့်အဆင်ပြေသည်။
နေတာကြာလာသည်နှင့်အမျှ မောင်နှမ အရင်းသဖွယ်ခံစားမှုက နွေးထွေးရပြန်သည်။
အိမ်ထဲမှ အပြင်မထွက်ပေမယ့် စကားပြောနည်းသူမို့ အဆင်ပြေသည်။
တစ်ခါတလေ ညီမလေးယုယမေနှင့် ပြောသည်။
သူမကလေးသည် နေမကောင်းဖြစ်ဟန်ရှိသည်။
သောက်စရာဆေးတွေလည်းတွေ့သည်။
ဆေးသောက်တာတေ့မတွေ့။
နောက်ပိုင်းများတော့ သူ့ဆေးသောက်ချိန်ကိုမှတ်ထားပေးကာ
ဆေးသောက်လိုင်းရသည်က အလုပ်တစ်ခုဖြစ်လာခဲ့သည်။
ဒါကိုပင် သူကျေနပ်နေမိပြန်သည်။
"ကိုကိုက အလုပ်မရှိမလုပ်ရှာ"
ညီမလေးသည် တစ်ခါတလေ ထိုသို့ ငြူစူတက်ပြန်သေးသည်။
တွေ့ကာစတုန်းကလို မာမာဖန်ထန်ကလေးမလေးဟုတ်မနေခဲ့။
ဆေးသောက်ခိုင်းသည့်အခါ ဟန်ဆောင်သောက်ပြီး လွှစ်ပစ်တက်သည်။
တစ်ခါတလေ သူအိပ်နေပြီဟုထင်ကူ ဝရန်တာထွက် ဆေးလိပ်သောက်ကာ တိတ်တိတ်လေး ခိုးငိုနေတာတွေ့ဖူးသည်။
ညီမလေး အကြောင်းတော့ သူအပြည့်အစုံမသိပါ။
ယုယမေဟူသည့်ဖြစ်တည်မှုလေးက
သူ့အတွက်ပြည့်စုံနေသလို။