(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

715K 153K 8.6K

ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(283) - အမြင်ကျဉ်းမြောင်းတယ်

3.7K 887 79
By Xiao_Yiii

Unicode

အခန်း(၂၈၃) - အမြင်ကျဉ်းမြောင်းတယ်

အကယ်၍သင်ကမဟာအကြီးအကဲဟွိုင်ယွီဟာလေ့လာသင်ကြားပေးတဲ့အပေါ်မှာလေးနက်နေပါတယ်လို့ပြောမယ်ဆိုရင်ဗဟုသုတအများကြီးအတွက်သူ့ပါးစပ်ကိုခြောက်သွေ့အောင်လုပ်ခြင်းကိုလေးနက်တယ်ဟုပြောနိုင်သည်။ဒါပေမဲ့သူကသင်ကြားမှုအပေါ်မှာမလေးနက်ပါဘူးဆိုရင်ဘယ်လိုသာမာန်လူတစ်ယောက်ကဒီလောက်များပြားလှတဲ့အရာတွေအားလုံးကိုတစ်ခါတည်းနဲ့မှတ်မိနိုင်ပါ့မလဲ?

ဒါပေမဲ့ယန်ထျန်းဟန်ကတတ်နိုင်တယ်

ယန်ထျန်းဟန်ကလည်ချောင်းတစ်ချက်ရှင်းလိုက်ပြီးယုံကြည်ချက်အပြည့်ဖြင့်ပြန်ဖြေသည်။

"ဒီပန်းမှာပွင့်ချပ်ဆယ့်နှစ်ချပ်ရှိပြီးတော့နှင်းဖြူသစ်ခွလို့ခေါ်တဲ့ဝိညာဉ်မြက်အစိတ်အပိုင်းရှစ်ဆယ့်ရှစ်ပိုင်းရှိတယ်...သူကယန်စွမ်းအင်ကိုနှစ်သက်ပြီးတော့ယင်စွမ်းအင်ကိုပယ်ဖျက်ပေးတယ်ပြီးတော့ရေနဲ့မြေဆီလွှာသဘောသဘာဝနှစ်ခုနဲ့သက်ဆိုင်တာ....သူကအဆင့်သုံးမွေးရာပါဝိညာဉ်ပင်ဖြစ်ပြီးတော့အပူနဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်၊ဆေးလုံးထဲကအဆိပ်တွေကိုလည်းသန့်စင်ပေးပြီးတော့ဝိညာဉ်ပင်တွေရဲ့ပြင်းထန်တဲ့မီးသဘာဝကိုသဘာဝအလျောက်ပျက်ပြားစေနိုင်တယ်...သူ့ကိုမီးစွမ်းအင်ချိုးဖြတ်နိုင်တဲ့ဆေးလုံးလိုဆေးမျိုးကိုသန့်စင်ဖို့လည်းအသုံးပြုနိုင်ပြီးတော့ဆေးလုံးပြုလုပ်တဲ့နေရာမှာအောင်မြင်မှုနှုန်းမြင့်မားအောင်တစ်ခုတည်းသုံးရင်လည်းရတယ်..ကြိုတင်ကာကွယ်ရေးအတွက်ကတော့..."

ယန်ထျန်းဟန်ကပွင့်ဖူးနေသည့်ဝိညာဉ်ပင်အားကြည့်ပြီးဆက်ပြောသည်။

"သူတို့ကရေကြိုက်ပေမယ့်မကြာခဏတော့ရေလောင်းပေးလို့မရဘူး..မဟုတ်ရင်သူတို့ရဲ့အမြစ်တွေပိုပွားလာပြီးပေါင်းပင်တွေကလည်းအာဟာရအတွက်ယှဉ်ပြိုင်ဖို့ပတ်ဝန်းကျင်မှာအလွယ်တကူပေါ်လာလိမ့်မယ်..အဲ့ဒါကြောင့်ကျွန်တော့်အနေနဲ့ပေါင်းပင်နှုတ်ဖို့ကိုအများကြီးအာရုံစိုက်ထားစရာမလိုဘူး၊ဒါပေမဲ့,ဒီနှင်းဖြူသစ်ခွကတော့တစ်ခုနဲ့တစ်ခုအရမ်းကြီးနီးနီးကပ်ကပ်ထားလို့မဖြစ်ဘူးမဟုတ်ရင်အချင်းချင်းပြန်စားကြလိမ့်မယ်...ယေဘုယျပြောရရင်တော့ဒီလိုဝိညာဉ်ပင်မျိုးကထိန်းသိမ်းဖို့လွယ်ကူပေမယ့်လည်းသူ့ကြီးထွားနှုန်းကတော့နှေးကွေးတယ်...ဝိညာဉ်ချီစွမ်းအင်လုံလောက်မှုအပေါ်မူတည်ပြီးအပင်ပွင့်ဖို့ဆယ်နှစ်လောက်ကြာနိုင်တယ်"

မဟာအကြီးအကဲဟွိုင်ယွီကခေါင်းတစ်ဆတ်ဆတ်ငြိမ့်သည်။

"မဆိုးဘူး,သိပ်မဆိုးဘူး"

ယန်ထျန်းဟန်ကဒီနေရာကိုရောက်တာနှစ်ရက်ပဲရှိသေးသော်လည်းထိုနှစ်ရက်ကပင်သူ့အားမဟာအကြီးအကဲဟွိုင်ယွီရဲ့စိတ်ဓာတ်နဲ့ပတ်သတ်ပြီးပထမဆုံးတွေ့ကြုံခြင်းများပေးစွမ်းနိုင်သည်။မဟာအကြီးအကဲဟွိုင်ယွီရဲ့ပါးစပ်ကနေချီးကျူးတဲ့စကားလေးတစ်ခွန်းလောက်ကြားဖို့တောင်မလွယ်ကူမှန်းသူသိထားသည်။ထို့ကြောင့်မဟာအကြီးအကဲဟွိုင်ယွီကအခုချိန်မှာသူ့အဖြေကိုကျေနပ်အားရနေကြောင်းလည်းသူသိသည်။

ဟွိုင်ယွီသည်စိုက်ပျိုးထားသောအရေအတွက်နည်းသည့်ဝိညာဉ်ပင်တစ်ချို့နဲ့အနည်းငယ်အဆင့်မြင့်မားတဲ့ဝိညာဉ်ပင်တစ်ချို့ကိုလည်းလက်ညှိုးထိုးပြပြိးယန်ထျန်းဟန်အားခွဲခြားစေသည်။ယန်ထျန်းဟန်ကတစ်ခုပြီးတစ်ခုပြန်ရှင်းပြကာဟွိုင်ယွီကသူ့ကိုရှင်းပြပေးခဲ့သည့်အချက်များနဲ့ကွဲပြားခြားနားမှုမရှိပေ။

မဟာအကြီးအကဲဟွိုင်ယွီကအပေါ်ယံမှာတော့ဘာကိုမှမဖော်ပြထားပေမယ့်စိတ်ထဲမှာတော့အတော်လေးအံ့အားသင့်နေမိတာဖြစ်သည်။သူကယန်ထျန်းဟန်ရဲ့နားလည်မှုအဆင့်ကိုစစ်ဆေးချင်တာကြောင့်ဒီဝိညာဉ်ပင်အားလုံးကိုယန်ထျန်းဟန်ဆီရှင်းပြထားသော်လည်းစာပြန်နွေးနိုင်မယ့်အချိန်မပေးထားခဲ့ဘူးလေ။

ရလဒ်ကတော့သူ့မျှော်လင့်ချက်များထက်ပင်ကျော်လွန်သေးတော့သည်။

ယန်ထျန်းဟန်ကဆယ်ပင်မြောက်ဝိညာဉ်ပင်၏အခြေခံအသိပညာများကိုအတိအကျရှင်းပြပေးပြီးနောက်မှာတော့မဟာအကြီးအကဲဟွိုင်ယွီကသူ့ကိုစာစစ်နေတဲ့နေရာမှာအချိန်ထပ်မဖြုန်းတော့ပေ။

မဟာအကြီးအကဲဟွိုင်ယွီကထိုအလွန်ထူးချွန်လှသည့်ဆယ်ကျော်သက်လေးအားစူးစိုက်ကြည့်လိုက်ပြီးမေးလိုက်သည်။

"မင်းမှာဘယ်အရာကိုမှမမေ့တတ်တဲ့ပါရမီမျိုးရှိတာလား?"

ယန်ထျန်းဟန်ကသူ့ခေါင်းလေးကိုကုတ်သည်။

"ဟုတ်မှာပေါ့?ကျွန်တော့အဖေကကျွန်တော့ကိုဖတ်ခိုင်းခဲ့တဲ့စာအုပ်တွေအားလုံးကိုလည်းကျွန်တော်ရှင်းရှင်းလင်းလင်းမှတ်မိနေပြီးတစ်ခုကိုမှမမေ့ဘူးဘူး"

မဟာအကြီးအကဲဟွိုင်ယွီကပြောသည်။

"အကယ်၍မင်းမှာအဲ့ဒီလိုပါရမီစွမ်းရည်မျိုးရှိတယ်ဆိုရင်တောင်အရမ်းကြီးအထင်ကြီးမနေနဲ့...ဒီကမ္ဘာပေါ်ကကျင့်ကြံဆင့်မြင့်တဲ့သူအများစုကဘယ်အရာကိုမှမမေ့တတ်ကြဘူး...မင်းကဘာမှထူးခြားနေတာမဟုတ်ဘူး"

ယန်ထျန်းဟန်ကနာခံစွာဖြင့်ခေါင်းညိတ်ပြသည်။

"ဆရာမှန်ပါတယ်,ဒီတပည့်ကလည်းဘယ်တော့မှမာနာထောင်လွှားတာတွေကိုယ့်ကိုကိုယ်အထင်ကြီးတာတွေမရှိပါဘူး"

"မင်းနားလည်နေရင်ပြီးတာပဲ" မဟာအကြီးအကဲဟွိုင်ယွီကကျေနပ်အားရစွာဖြင့်ခေါင်းညိတ်လိုက်ပြီးမှထပ်ပေါင်းပြောသည်။

"မင်းရဲ့ဆရာရှေ့မှာဆိုရင်တော့ကိုယ့်အကြောင်းကိုသိတာကောင်းတယ်....ဒါပေမဲ့,အပြင်ထွက်သွားမယ်ဆိုရင်တော့အကယ်၍များကိုယ့်ကိုကိုယ်နှိမ့်ချရဲတယ်ဆိုရင်ငါ့ဆီပြန်လာတွေ့စရာမလိုတော့ဘူး"

ယန်ထျန်းဟန်, "...အာ?"

"အာ? ဘာကို 'အာ'လဲ?"

မဟာအကြီးအကဲဟွိုင်ယွီကသူ့လျှာကိုဖိကိုက်လိုက်သည်။

"ကိုယ့်ဘာသာကိုယ်သွားစဉ်းစားချေ,ဒီအရှင်သခင်ရဲ့အဆင့်ကမင်းအခုချက်ချင်းနားလည်နိုင်တဲ့အရာမျိုးမို့လို့လား?"

ယန်ထျန်းဟန်ကနက်နက်ရှိုင်းရှိုင်းကိုရှက်ရွံမိသွားပြီးအကြိမ်ကြိမ်ခေါင်းညိတ်ပြမိတော့သည်။

သူအများကြီးရှာမတွေ့ပါဘူးဒါပေမဲ့ယန်ထျန်းဟန်ကမဟာအကြီးအကဲဟွိုင်ယွီရဲ့ကိုယ့်ကိုကိုယ်အထင်ကြီးလေးစားပြီးထောင်လွှားတတ်တဲ့သဘာဝကိုကိုယ်တိုင်တွေ့ကြုံခံစားလိုက်ရတာပင်။

မဟာအကြီးအကဲဟွိုင်ယွီကကောင်လေးဘာတွေစဉ်းစားနေတာလဲဆိုတာကိုမသိပဲရုတ်တရက်ထမေးသည်။

"မင်းအဂ္ဂီရတ်ပညာကိုလေ့ကျင့်တဲ့အချိန်မှာဘယ်လိုနည်းစနစ်မျိုးကိုအသုံးပြုလဲ?"

ယန်ထျန်းဟန်ကခဏမျှရပ်တန့်သွားပြီးမှအနည်းငယ်အနေခက်စွာဖြင့်ပြန်ဖြေသည်။

"ကျွန်တော့အတွက်ပြောဖို့သိပ်တော့မလွယ်ဘူး...အကယ်၍ကျင့်ကြံခြင်းလက်ဆွဲကကျွန်တော့ပစ္စည်းဆိုရင်တော့တစ်ခြားစကားမဆိုပဲပြောပြလို့ရပေမယ့်အဲ့ဒါကတစ်ယောက်ယောက်ကကျွန်တော့ကိုပေးထားတာမို့လို့,ပြီးတော့သူတို့ကလည်းတစ်ခြားသူတွေကိုပြောလို့ရတယ်လို့မပြောထားဘူး.....ဆရာ,မဟာအကြီးအကဲတစ်ယောက်အနေနဲ့,ဆရာကအရမ်းကိုသည်းခံစိတ်ရှိပါတယ်အဲ့ဒါကြောင့်ကျေးဇူးပြုပြီးမမေးပါနဲ့နော်"

မဟာအကြီးအကဲဟွိုင်ယွီကသူ့ကိုမျက်လုံးမှေးကြည့်သည်။

"အကယ်၍မင်းမမေးစေချင်ဘူးဆိုရင်ငါမမေးပါဘူး,ယုန်သေးသေးလေး,မင်းကအရမ်းကိုဖြောင့်မတ်တယ်ဆိုတာငါမသိခဲ့ဘူးပဲ"

အပြုံးတစ်ခုနဲ့အတူယန်ထျန်းဟန်ကသူ့ကိုမြှောက်ပင့်ပြောသည်။

"အဲ့ဒါကမလိုပါဘူးဗျာ,မဟုတ်ရင်ကျွန်တော်ကဘယ်လိုများဆရာ့တပည့်ဖြစ်နိုင်ပါ့မလဲ?"

မဟာအကြီးအကဲဟွိုင်ယွီကယန်ထျန်းဟန်ရဲ့စကားကိုအလွန်အမင်းသဘောတူလေသည်။

"ဒါတော့အမှန်ပဲ"

ယန်ထျန်းဟန်ကသူ့မျက်လုံးများကိုအနည်းငယ်လှည့်လိုက်မိတော့သည်။

"ဆရာ,ကျွန်တော့ကိုလေ့ကျင့်စေဖို့အတွက်ဘယ်လိုနည်းစနစ်မျိုးကိုများသင်ပေးမှာပါလဲ?"

ဟွိုင်ယွီကပြန်ဖြေသည်။

"ဘယ်လိုဖြစ်လို့ဒီလောက်အလျင်လိုနေရတာလဲ?အဂ္ဂီရတ်ပညာကိုသင်ဖို့ကဒီကဝိညာဉ်စွမ်းအင်ပင်ဘိုးအေတွေအကုန်လုံးကိုဘယ်လိုအလုပ်အကြွေးပြုရမလဲဆိုတာသင်ပြီးမှသင်လည်းနောက်မကျသေးပါဘူး"

"ဒါပေမဲ့..."

ယန်ထျန်းဟန်ကတကယ့်ကိုအနည်းငယ်စိတ်ပူပန်နေမိတာပင်။

"ဝိညာဉ်ပင်စိုက်တာနဲ့အဂ္ဂီရတ်ပညာကြားထဲမှာဆက်သွယ်မှုမှမရှိတာ,အဂ္ဂီရတ်ပညာကအဂ္ဂီရတ်ပညာပဲလေပြီးတော့အပင်စိုက်တာကလည်းအပင်စိုက်တာပဲ...ကျွန်တော်လင်မိသားစုအိမ်တော်မှာတုန်းကဆိုရင်ဝိညာဉ်ပင်ကိုကိုယ်တွယ်ဖို့အထူးတာဝန်ယူထားတဲ့သူကသက်သက်ရှိတာပဲ...အဂ္ဂီရတ်ပညာရှင်တွေကဘယ်တုန်းကမှသူတို့ကိုယ်တိုင်အပင်မစိုက်ကြဘူး"

မဟာအကြီးအကဲဟွိုင်ယွီကသူ့စကားများကိုပုခုံးတစ်ချက်တွန့်ပြီးတော့သာပြန်ဖြေသည်။

"ကောင်စုတ်လေး,မင်းကဘာသိလို့လဲ?အပင်စိုက်တဲ့အသိပညာကအရမ်းကိုကြီးကျယ်မြင့်မြတ်ပြီးလေးနက်တယ်...မင်းရဲ့မျက်လုံးကိုငါ့အတွက်ဖွင့်ပြီးကောင်းကောင်းကြီးကြည့်လိုက်စမ်းပါ!"

ပြောပြီးတာနဲ့မဟာအကြီးအကဲဟွိုင်ယွီကအဆင့်တစ်ဝိညာဉ်ပင်စိုက်ခင်းရှိရာကိုလျှောက်သွားလိုက်ပြီးထိုနေရာမှာအချိန်အတော်ကြာသည်အထိဂရုမစိုက်ထားတဲ့ပေါင်းပင်များစွာရှိနေသည်။သူ့ရဲ့ပျင်းရိနေတဲ့မျက်လုံးများပွင့်လာကာလက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့်အတူသူကလျို့ဝှက်နည်းစနစ်တစ်ခုကိုသုံးလိုက်ပြီးဝိညာဉ်ပင်စိုက်ခင်းအားနွေးထွေးသော်လည်းအားကောင်းတဲ့ချီများဖြင့်ရုတ်တရက်လွှမ်းခြုံပစ်လိုက်သည်။

ခဏလောက်အကြာမှာမဟာအကြီးအကဲဟွိုင်ယွီကသူ့လက်ကိုပြန်မြှောက်လိုက်သောအခါရာကျော်တဲ့ပေါင်းပင်များကမယုံနိုင်လောက်အောင်ပင်အမြစ်မှကျွတ်ပါလာပြီးဝိညာဉ်ပင်များကတော့ထိုအားကောင်းလှတဲ့ဝိညာဉ်ချီရဲ့သက်ရောက်မှုလုံးဝမရှိသလိုမျိုးမမျှော်လင့်စွာပင်ဒီအတိုင်းလှုပ်ရှားမှုမရှိပဲဆက်ကျန်ရစ်ခဲ့သည်ကိုယန်ထျန်းဟန်မြင်လိုက်ရသည်။

ယန်ထျန်းဟန်ပုံစံကအလွန်ကိုအံ့အားသင့်နေမိပြီးသူ့တစ်ကိုယ်လုံးကစကားမပြောနိုင်တော့သည့်ပုံပင်

သူကမထိန်းချုပ်နိုင်စွာဖြင့်သူ့မျက်လုံးများကိုပွတ်လိုက်ပြီးအဖြစ်မှန်ကိုမယုံကြည်နိုင်ဖြစ်နေမိ၏။

သူအိမ်မက်မက်နေတာပဲဖြစ်ရမယ်

"ကောင်လေး,ဘယ်လိုဖြစ်လဲ?ရှင်းရှင်းလင်းလင်းမြင်ရပြီလား?"

မဟာအကြီးအကဲဟွိုင်ယွီကလက်ပိုက်လိုက်သည်။

"ငါကမင်းကိုဒီပေါင်းပင်တွေနှုတ်ဖို့ပြောတာကိုဒီဆရာကမင်းကိုတမင်သက်သက်ရှက်ရွံ့ရအောင်လုပ်ဖို့ကြိုးစားနေတယ်လို့တော့မထင်ပါဘူးနော်..မင်းက,ငါမင်းကိုရှက်ရွံ့ရအောင်လုပ်ဖို့လောက်ထိကောင်းနေတာလည်းမဟုတ်ဘူး"

ယန်ထျန်းဟန်ကထိုနေရာကိုပြေးသွားပြီးဝိညာဉ်ပင်စိုက်ခင်းထဲကိုပဆစ်တုတ်ထိုင်ချလိုက်ကာသူတို့ရဲ့အမြစ်များကိုစမ်းသပ်မိသည်။

ပြစ်မျိုးမှဲ့မထင်,ပြီးပြည့်စုံတယ်

သူနောက်တစ်ခေါက်ကြိုးစားကြည့်သည်။

နဂိုအတိုင်းဖြစ်နေဆဲပဲ

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ယန်ထျန်းဟန်ကမယုံကြည်နိုင်စွာပင်ရေရွတ်မိသည်။

"ဒါကဘယ်လိုလုပ်မဖြစ်နိုင်ရမှာလဲ?" မဟာအကြီးအကဲဟွိုင်ယွီကပြန်မေးသည်။

"အကယ်၍သာဒါကမဖြစ်နိုင်ဘူးဆိုရင်မင်းရဲ့အင်အားစိုက်ထုတ်မှုကမလုံလောက်သေးပဲမင်းရဲ့ကျင့်ကြံဆင့်ကလည်းလုံလောက်အောင်မကောင်းသေးဘူးလို့ဆိုလိုတာပဲပေါ့...အထက်ဘုံကမင်းမျိုးနွယ်ဝင်မိသားစုတိုင်းကတပည့်တွေအားလုံးမင်းအရွယ်လောက်ကတည်းကဒီလိုပေါင်းပင်နှုတ်တဲ့နည်းလမ်းကိုသင်ယူကြရတယ်..ဘာမှရှားပါးတဲ့အရာမဟုတ်ဘူး"

ယန်ထျန်းဟန်ကအသိစိတ်ပြန်ဝင်လာပြီးထပ်ဆင့်ပြန်ပြောသည်။

"အထက်ဘုံ?"

ဟွိုင်ယွီကသူ့နှုတ်ခမ်းကိုကိုက်လိုက်သည်။

"နယ်မြေကြီးကိုးခုလို့လည်းသိကြတယ်"

ယန်ထျန်းဟန်ကမတ်တပ်ထရပ်သည်။

"နယ်မြေကြီးကိုးခုကအဲ့ဒီအထက်တန်းလွှာတွေအားလုံးကအရမ်းအင်အားကြီးကြတာလား?"

"မင်းကိုလိမ်စရာဘာအကြောင်းရှိလို့လဲ?" မဟာအကြီးအကဲဟွိုင်ယွီကယန်ထျန်းဟန်အားစိုက်ကြည့်လိုက်သည်။

"မင်းကလေရေတွင်းအောက်ခြေကဖားလိုပဲ...အဲ့ဒီမှာပဲထိုင်နေပြီးကောင်းကင်ကိုပဲကြည့်လို့ရတယ်...အကယ်၍သာငါကမင်းကြည့်ရအောင်အရောင်တစ်ချို့မပေးဘူးဆိုရင်မင်းဘယ်လောက်ဆိုးဝါးနေလဲဆိုတာဘယ်တော့မှသိမှာမဟုတ်ဘူး...အကယ်၍မင်းတစ်ချိန်တည်းမှာအခြေခံအဆင့်ဆေးလုံးတွေအများကြီးလုပ်နိုင်တယ်ဆိုရင်တောင်ကိုယ့်ကိုကိုယ်ကောင်းနေပြီလို့မထင်နဲ့...မင်းနယ်မြေကြီးကိုးခုကိုရောက်တဲ့အချိန်ဆိုရင်အကောင်းဆုံးအခြေခံအဆင့်ဆေးလုံးတွေလုပ်နိုင်မှာဒါပေမဲ့အဲ့ဒါကလည်းအနိမ့်ဆုံးအဆင့်ရဲ့အကောင်းဆုံးပဲဖြစ်လိမ့်မယ်....အကယ်၍သာမင်းကသူတို့ရဲ့အဆင့်ထိရောက်အောင်ဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင်မင်းကအရှက်တကွဲအကျိုးနည်းစရာပဲဖြစ်သွားလိမ့်မယ်"

ယန်ထျန်းဟန်ကအနားကိုတိုးလာပြီးမဟာအကြီးအကဲဟွိုင်ယွိအားစိတ်လှုပ်ရှားစွာဖြင့်အလျင်အမြန်ကြားဖြတ်ပြောလိုက်သည်။

"ဆရာ,ကျေးဇူးပြုပြီးကျွန်တော့ကိုနယ်မြေကြီးကိုးခုအကြောင်းပိုပြောပြပါလား...အဲ့ဒီမှာရှိတဲ့လူတိုင်းကပြင်းထန်ကြတာလား?"

"ပေါက်ကရတွေ,အကယ်၍မပြင်းထန်ဘူးဆိုရင်ဘယ်လိုများအထက်ဘုံလို့ခေါ်လို့ရပါ့မလဲ?"

မဟာအကြီးအကဲဟွိုင်ယွီကအတော်လေးစိတ်အခြေအနေအကောင်းနေဟန်တူသည်။သူကစကားအနည်းငယ်ထပ်ပြောလာသည်။

"အထက်ဘုံကမြင့်မြတ်တော်ဝင်တဲ့မျိုးနွယ်စုတွေရဲ့အငယ်တန်းမျိုးဆက်သစ်တွေအားလုံးကထူးခြားတဲ့လက်ဆောင်တွေနဲ့မွေးဖွားလာကြတာ...မွေးဖွားလာကတည်းကသူတို့ရဲ့ကျင့်ကြံဆင့်ကအနည်းဆုံးသန့်စင်တဲ့ချီအဆင့်ပဉ္စမအလွှာမှာရှိကြတယ်...သူတို့ထဲကတစ်ချို့ဆိုရင်မိခင်ဝမ်းကြာတိုက်ထဲမှာကတည်းကသူတို့ရဲ့အခြေတည်အဆင့်ကိုတိုက်ရိုက်တည်ဆောက်နိုင်ကြတယ်...မင်းအသက်အရွယ်လောက်ဆိုရင်အများစုကခက်ခဲတဲခန္တာအဆင့်ကိုရောက်နေကြပြီ,ပြီးတော့ပဏာမအဆင့်ဘုံကိုရောက်နေတဲ့သူတွေကလည်းအနည်းစုပဲမဟုတ်ဘူး"

ယန်ထျန်းဟန်ရဲ့မျက်လုံးများပြုးကျယ်သွားရသည်။

ဆယ့်သုံးနှစ်ဒါမှမဟုတ်ဆယ့်လေးနှစ်လောက်ကျင့်ကြံသူတစ်ယောက်ကခက်ခဲတဲ့ခန္တာအဆင့်

သူ့အကိုကြီးလည်းသူ့အသက်လောက်မှာခက်ခဲတဲ့ခန္တာအဆင့်ကျင့်ကြံသူဖြစ်ခဲ့တာကြောင့်သူလုံးဝယုံကြည်သည်။ဒါဆိုသူ့အကိုကြီးကလည်းဘယ်တုန်းကမှမကြားဘူးမမြင်ဘူးခဲ့တဲ့သူ့အမေရဲ့ဗိုက်ထဲမှာကတည်းကအခြေတည်အဆင့်ကိုတည်ဆောက်နိုင်ခဲ့တာပဲဖြစ်ရမယ်

ဒါကလုံးဝကိုမယုံနိုင်လောက်အောင်ပဲ!

မဟာအကြီးအကဲဟွိုင်ယွီကယန်ထျန်းဟန်ရဲ့အမူအယာကိုကြည့်လိုက်ပြိးကောင်လေးကကြောက်လန့်နေတာဖြစ်မယ်လို့တွေးလိုက်သည်။သူကသူ့မျက်နှာလေးကိုဆွဲညှစ်လိုက်ပြီးပြောလိုက်၏။

"ဘာလဲ,မင်းကိုယ်မင်းအရမ်းကိုစိတ်ပျက်စရာကောင်းလောက်အောင်အားနည်းတယ်လို့တွေးနေတာလား?ကိုယ့်ကိုကိုယ်တို့ဖူးနဲ့သေအောင်ရိုက်သတ်ဖို့တောင်မစောင့်နိုင်တော့ဘူးပေါ့?"

ယန်ထျန်းဟန်ကမဟာအကြီးအကဲဟွိုင်ယွီအားတောက်လောင်နေတဲ့မျက်လုံးလေးများနဲ့စူးစိုက်ကြည့်လိုက်ပြီးစိတ်လှုပ်ရှားစွာပြောလိုက်သည်။

"အထက်ဘုံအဆင့်ကလူတွေတောင်ကျွန်တော့အသက်မှာခက်ခဲတဲ့ခန္တာအဆင့်ကိုရောက်နိုင်ကြတယ်...ကြည့်ရတာကျွန်တော့အကိုကြီးကအထက်ဘုံမှာဆိုရင်အရမ်းကိုအင်အားကြီးတဲ့သူတစ်ယောက်လို့သတ်မှတ်လို့ရမယ်ထင်တယ်နော်?"

မဟာအကြီးအကဲဟွိုင်ယွီ, "...."

ဒီကလေးရဲ့ဦးနှောက်ပတ်လမ်းကလင်ရွှမ်းဇီနဲ့ပဲပြည့်နေပုံပဲဟုတ်တယ်မှတ်လား?

မဟာအကြီးအကဲဟွိုင်ယွီသည်မူလကတော့သူ့ကိုရိုက်ပစ်လိုက်ချင်သော်လည်းယန်ထျန်းဟန်ရဲ့တစ်လက်လက်တောက်ပြီးမျှော်လင့်တကြီးဖြစ်နေတဲ့မျက်လုံးလေးများကိုမြင်သောအခါသူ့ကိုအနည်းငယ်စိတ်မကောင်းဖြစ်သွားစေသည်။

ရလဒ်ကတော့မဟာအကြီးအကဲဟွိုင်ယွီကဒီလိုသာပြောလိုက်သည်လေ

"မင်းရဲ့အကိုကြီး,သူကတော့ထူးခြားတဲ့အနေအထားမှာရှိနေတယ်"

နယ်မြေကြီးကိုးခုမှာနေရာချလိုက်မယ်ဆိုရင်တောင်လင်ရွှမ်းဇီကအကောင်းဆုံးပဲဖြစ်လိမ့်မယ်..ဒါပေမဲ့အဲ့ဒါကသူ့သွေးနဲ့တစ်နည်းနည်းဆက်နွယ်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်

မိသားစုမျိုးရိုးနဲ့အနွယ်ဝင်များသည်နယ်မြေကြီးကိုးခုမှာအထူးလေးစားမှုကိုခံကြရသည်။အကြောင်းကတော့အနွယ်ဖွားကပိုပြီးအဆင့်မြင့်မားလေလေကောင်းကင်ဘုံရဲ့လက်ဆောင်ကိုရရှိတဲ့အနာဂတ်မျိုးဆက်တွေရဲ့ပါရမီကပိုပြီးသန်မာအားကောင်းလာလေလေပင်။

အကယ်၍ယန်ထျန်းဟန်သာစည်းတံဆိပ်နဲ့ခပ်နှိပ်ခြင်းမခံထားရဘူးဆိုရင်ဒီအချိန်မှာသူ့ကျင့်ကြံဆင့်ကလင်ရွှမ်းဇီအောက်လုံးဝလျော့ကျနေမှာမဟုတ်ဘူး

"ကျွန်တော်သိသားပဲ,ဟားဟားဟား!"

ယန်ထျန်းဟန်ကပျော်ရွှင်မြူးတူးနေပြီးတစ်ခုခုလုပ်ဖို့ကိုအလွန်အမင်းပျော်ရွှင်သွားသည်။

"ကျွန်တော့အကိုကြီးကအင်အားအကြီးဆုံးဆိုတာကျွန်တော်သိသားပဲ...အကိုကြီးကဘယ်မှာပဲရှိနေပါစေသူကအကောင်းဆုံးပဲ!"

မဟာအကြီးအကဲဟွိုင်ယွီ, "...."

သူဒီကောင်လေးကိုစကားဆက်မပြောချင်တော့ဘူး

ဘယ်လိုပဲဖြစ်နေပါစေ,သူဘာပဲပြောနေပါစေဒီယုန်လေးကသူ့အကိုကြီးဆီပဲပြေးသွားမှာပဲ

သူဒီကောင်စုတ်လေးကိုဘာမှသနားနေစရာအကြောင်းမရှိဘူး!

မဟာအကြီးအကဲဟွိုင်ယွီကယန်ထျန်းဟန်ခေါင်းလေးကိုဖတ်ခနဲရိုက်ထည့်လိုက်ပြီးအေးစက်စက်ပြောလိုက်သည်။

"ကောင်းပြီ,အော်နေတာရပ်လိုက်တော့,အဲ့ဒါကမင်းအကိုကြီး,မင်းမဟုတ်ဘူး...ဘာကိုဒီလောက်ဂုဏ်ယူနေရတာလဲ?"

ယန်ထျန်းဟန်ကပြုံးသည်။

"ကျွန်တော့ကိုကြီးကကျွန်တော့ထက်ပိုပြီးအင်အားကြီးတယ်လေ...သေချာပေါက်ကျွန်တော်ကသူ့ကိုဂုဏ်ယူတာပေါ့..သူကကျွန်တော့အကိုကြီးလေ!"

မဟာအကြီးအကဲဟွိုင်ယွီကထိုစကားကိုကြားသောအခါမနေနိုင်စွာဖြင့်နှာခေါင်းရှုံမိသည်။

"သိပ်ပြီးနုံအမနေနဲ့အရူးရဲ့...မင်းကသူ့ထပ်ပိုပြီးအင်အားကြီးလာရမယ်...အနည်းဆုံးတော့မင်းသူ့ဆီကနေအလွယ်တကူအရိုက်မခံစေရဘူး"

ယန်ထျန်းဟန်ကခေါင်းညိတ်ပြသည်။

"တကယ်တော့ကျွန်တော်လည်းအဲ့ဒီလိုပဲထင်တယ်မဟုတ်ရင်,ဘယ်လိုများကျွန်တော့ကိုကြီးကိုကျွန်တော်ကာကွယ်ပေးဖို့အကြောင်းပြောလို့ရမှာလဲ?"

မဟာအကြီးအကဲဟွိုင်ယွီ, "...."

မင်းအမေကိုပဲ!

ဒီအရှင်သခင်ကအနာဂတ်မှာမင်းလင်ရွှမ်းဇီကိုသေအောင်ရိုက်နိုင်မလားဆိုတာကိုပဲဂရုစိုက်တာ..မင်းသူ့ကိုကာကွယ်နိုင်မလားဆိုတာကိုဘယ်သူကဂရုစိုက်နေလို့လဲ?!

မဟာအကြီးအကဲဟွိုင်ယွီမှာဒေါသဖြင့်ပေါက်ကွဲထွက်တော့မတတ်ပင်။သူကမျက်လုံးများကိုလှည့်ပြီးတစ်ဖက်သို့လှည့်ကာထွက်သွားတော့သည်။သူသည်ကယ်တင်လို့မရတော့တဲ့ထိုသစ်ကိုင်းသေကြီးအားအာရုံစိုက်ဖို့ပင်ပျင်းရိလွန်းနေပေပြီ။

ညနေပိုင်းမှာတော့ယန်ထျန်းဟန်ကတစ်ချို့ဝိညာဉ်ပင်များကိုအမျိုးအစားခွဲပြီးမှမြွေသားကင်ရန်သတိရသွားသည်။

သူကမြွေအရေခွံအားစမ်းချောင်းလေးဘေးမှာသွားခွာလိုက်သည်။ယန်ထျန်းဟန်သည်သူ့အကိုကြီးကသူ့ကိုပေးထားတဲ့ဓားမြှောင်လေးကြောင့်စိတ်သောကရောက်နေမိသည်။ထိုဓားမြှောင်လေးအားအဝတ်နဲ့သေသေချာချာသုတ်ပြီးနောက်မှာဂရုတစိုက်နဲ့ပြန်သိမ်းထားလိုက်သည်။

ထို့နောက်သစ်ကိုင်းတစ်ချို့နဲ့မြက်ခြောက်တစ်ချို့ကိုရှာလိုက်၏။ပြီးတာနဲ့ယန်ထျန်းဟန်ကမြွေသားအားကျွမ်းကျင်စွာဖြင့်သစ်ကိုင်းမှာထိုးလိုက်ပြီးသူကိုယ်တိုင်လုပ်ထားတဲ့ကြပ်ခိုးစင်ပေါ်တင်လိုက်သည်။

ထို့နောက်သစ်ကိုင်းခြောက်နဲ့မြက်ခြောက်များအားမီးညှိ၍မီးပုံဘေးမှာပဆစ်တုတ်ထိုင်ကာမြွေသားကျက်သည်အထိစောင့်နေသည်။

သိပ်မကြာခင်မှာပဲမဟာအကြီးအကဲဟွိုင်ယွီကအနံ့အတိုင်းလိုက်လာသည်။

သူကရှည်လျားတဲ့ဝတ်ရုံတစ်ခုကိုပေါ့ပေါ့ပါးပါးဝတ်ဆင်ထားကာသူ့ရင်ဘက်အပေါ်ပိုင်းကိုပွင့်ဟထားသည်။သူ့ဆံပင်ရှည်ကြီးများကလည်းကျောနောက်မှာဝဲဖြာကျနေပြီးမြေကြီးပေါ်တရွတ်တိုက်မတတ်ပင်။

"အနံကတော့အရသာရှိပုံပဲ"

မဟာအကြီးအကဲဟွီုင်ယွီကအနားကိုရောက်လာပြီးယန်ထျန်းဟန်ဘေးမှာထိုင်လိုက်ကာအနံခံကြည့်လိုက်၍အမိန့်ပေးသည်။

"အရသာမြည့်းကြည့်ရအောင်ငါ့အတွက်ယူပေး"

ယန်ထျန်းဟန်ကပြန်ပြောသည်။

"မကျက်သေးဘူးလေ"

သူသည်မြေပြင်ပေါ်ကိုကျနေတဲ့မဟာအကြီးအကဲဟွိုင်ယွီရဲ့ဆံပင်ရှည်ကြီးများကိုကူကယ်ရာမဲ့စွာဖြင့်ကြည့်ပြီးသူ့နှလုံးသားထဲမှာတစ်စုံတစ်ရာတွားသွားတက်လာသလိုမျိုးယားယံမှုကိုခံစားနေရသည်။

"ဘာတွေကြည့်နေတာလဲ?"

မဟာအကြီးအကဲဟွိုင်ယွီသည်သူ့ကိုတစ်ချိန်လုံးကြည့်နေတဲ့ယန်ထျန်းဟန်ရဲ့မျက်လုံးများကိုသတိပြုလိုက်မိတာကြောင့်ပြန်စိုက်ကြည့်လိုက်သည်။

"မင်းကငါ့အကြိုက်မဟုတ်ဘူးနော်,ကိုယ့်ဆရာကိုယ်ပြန်ပြီးစဉ်းစားဖို့မကြိုးစားနဲ့"

ယန်ထျန်းဟန်သည်ပထမတော့မဟာအကြီးအကဲဟွိုင်ယွီရဲ့စကားအဓိပ္ပါယ်ကိုနားမလည်သော်လည်းနားလည်သွားတဲ့အချိန်မှာသူ့မျက်နှာကနီရဲတက်သွားရသည်။

"ကျွန်တော်လည်းအဲ့ဒီလိုမတွေးပါဘူး,ခင်ဗျားကကျွန်တော့ဆရာလေ..ဘယ်လိုများဆရာ့ဆီမှာအဲ့ဒီလိုညစ်ပတ်တဲ့အတွေးတွေရှိနိုင်ရတာလဲ?" ယန်ထျန်းဟန်ကပြန်အော်သည်။

မဟာအကြီးအကဲဟွီုင်ယွီကသူ့ရဲ့မျက်နှာသေးသေးလေးကိုဆွဲညှစ်လိုက်ပြီးဝမ်းမြောက်ဝမ်းသာဖြင့်ပြန်ပြောသည်။

"အာယား,အရမ်းရိုးသားတာပဲ...မင်းရဲ့မျက်လုံးတွေကအခုလေးတင်ငါ့အဝတ်တွေကိုဆွဲဖြဲချင်သလိုမျိုးကြည့်နေတာလေ"

=========================

ယန်ထျန်းဟန်နဲ့သူ့ရဲ့တစ်ခုတည်းသောဦးနှောက်ပတ်လမ်း

ဟွိုင်ယွီ : မင်းအကိုကြီးက—

ယန်ထျန်းဟန် : အလှဆုံးပဲ!

ဟွိုင်ယွီ : အဲ့ဒီလိုမဟုတ် —

ယန်ထျန်းဟန် : အလှဆုံးပဲ!

ဟွိုင်ယွီ : ငါ —

ယန်ထျန်းဟန် : ကျွန်တော့အကိုကြီးကအကောင်းဆုံးပဲ! ဟားဟားဟားဟား!

ဟွိုင်ယွီ : ကောင်စုတ်လေးမင်းသူ့ထက်ပိုပြီးအင်အားကြီးရမယ်!

 ယန်ထျန်းဟန် : အမှန်ပဲ

ယန်ထျန်းဟန် : ကျွန်တော်အကိုကြီးကိုကာကွယ်ဖို့လိုအပ်တယ်!

 ဟွိုင်ယွီ : ....ငါမင်းကိုငြင်းဆန်ဖို့အသင့်ပဲ

=========================

English Translator's Note

ရေတွင်းအောက်ခြေကဖားလိုပဲ...အဲ့ဒီမှာပဲ ထိုင်နေပြီးကောင်းကင်ကိုပဲကြည့်လို့ရတယ်

ဒီစာကြောင်းကမှတကယ့်ခေါင်းစဉ်နာမည်ပါဒါပေမဲ့အရမ်းရှည်လွန်းလို့သူ့အဓိပ္ပါယ်'အမြင်ကျဉ်းမြောင်းတယ်'ဆိုတာကိုပဲယူလိုက်ပါတယ်

Next Episode

အားကောင်းတဲ့ကျင့်ကြံမှု

=========================
Zawgyi

























ယန်ထျန်းဟန်, "...အာ?"

"အာ? ဘာကို 'အာ'လဲ?"














"ဒါတော့အမှန်ပဲ"





"ဒါပေမဲ့..."






















"အထက်ဘုံ?"












































မင်းအမေကိုပဲ!













"မကျက်သေးဘူးလေ"


"ဘာတွေကြည့်နေတာလဲ?"







=========================






ဟွိုင်ယွီ : ငါ —



 ယန်ထျန်းဟန် : အမှန်ပဲ



=========================




Next Episode


=========================

Continue Reading

You'll Also Like

365K 72.4K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
112K 15.6K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
207K 18.9K 168
Main CP - ရွှမ်းကျီး၊ ရှန့်လင်ယွမ်း AUTHOR - Priest Original Manhua link - https://b22.top/PdDIV2z
491K 33.7K 31
story description>>>>> start-5/10/2021 end-1/1/2022