แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

362K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แ‚.แ {U}

5.6K 1K 82
By Hot_Tofu1

Unicode

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 2.1

ON JULY 9, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

ယောင်းယီ ယခုဆေးရုံ၌အလုပ်ဆင်းသည်မှာ
တစ်လကျော်ရုံလေးသာရှိသေးသော်လည်း၊
ထိုအချိန်ကာလအတွင်း
အန်းလင်ကို အကြိမ်အနည်းငယ်သာ
မြင်ဖူးသည်။သို့သော်လည်း၊တစ်ဖက်လူ၏
မှတ်သားရလောက်သည်အထိ ထူးခြားသော
ခန္ဓာကိုယ်အစိတ်အပိုင်းများကြောင့်၊
ယောင်းယီသည် ထိုလူအပေါ်တွင်
ကောင်းမွန်သည့်ထင်မြင်ချက်ရှိသည်။

အန်လင်းသည် ထွားသည်၊အရပ်မှာ ၆ ပေ ၇ လက်မနီးပါးမြင့်ကာ ကြီးမားထွားကျိုင်းသော ခန္ဓာကိုယ်ရှိသည်။ယခုလို မြို့ငယ်လေးထဲရှိ အမျိုးသားအများစု၏ပုံမှန်အရပ်မှာ
၅ ပေ ၆ လက်မတောင်မကျော်သည့်အတွက်၊
အန်းလင်သည် လူများကြားထဲတွင် အမြဲထင်းနေလေ့ရှိသည်။
ခေတ်ဟောင်းစတိုင် လုံခြုံရေးဝတ်စုံကို
ဝတ်ဆင်ထားတာတောင်မှ၊
သူနှင့်လိုက်ဖက်နေဆဲဖြစ်သည်။
ခန္ဓာကိုယ်ရှိ ကြွက်သားများသည် စမတ်ကျကာတောင့်တင်းနေသော်လည်း၊
ဗလကြီးများကဲ့သို့ ပြန့်ကားမနေ။သူ၏ခန္ဓာကိုယ်
ကောက်ကြောင်းမှာ ချောမွေ့ပြီး အားမာန်အပြည့်နှင့်
ဖြစ်သည်။

အကယ်၍ သူ၏ခြေလက်အင်္ဂါကသာ
ပုံမှန်လူတစ်ယောက်အတိုင်း
ကျန်းမာနေပါလျှင်၊
ယခုလို သန်မာသည့်ကိုယ်လုံးကိုယ်ပေါက်နဲ့သာဆို
အမျိုးသမီးများအကြားအလွန်
ရေပန်းစားမည့်လူဖြစ်သည်။
သို့သော် သနားစရာကောင်းစွာဖြင့်၊
အန်းလင်၏ ဘယ်ခြေထောက်သည် ထိခိုက်ထားပြီး၊သူ၏မျက်နှာတစ်ဝက်တိတိကို မွေးရာပါအမှတ်သားကြီးက ဖုံးအုပ်ထားလေသည်။
အခြားလူအပေါ် သက်တောင့်သက်သာမဖြစ်စေသော သူ၏ပုံပန်းသွင်ပြင်နှင့် ခန္ဓာကိုယ်ထွားကျိုင်းမှုတို့
ပေါင်းစပ်လိုက်သည့်အခါ တစ်ဖက်လူအများ၏
အကြောက်တရားနှင့်ရွံရှာမှုတို့၏ သားကောင်ဖြစ်သွားခဲ့ရသည်။ ပုံမှန်မဟုတ်သည့်မွေးရာပါ
ထိုအရာများကြောင့်၊ယခုဆေးရုံတွင်
အန်းလင်၏အဆင့်အတန်း
အတော်လေးနိမ့်ပါးသည်မှာ ထုံးစံဖြစ်သည်။

အန်းလင်အနေဖြင့် နူးညံ့ကြင်နာကာ၊
ဆရာဝန်များနှင့်သူနာပြုများအတွက်
ဆေးဘက်ဆိုင်ရာ
စက်ကိရိယာအလေးကြီးများကို ကူညီပြီး
သယ်ဆောင်ပေးလေ့ရှိနေတာတောင်မှ၊
သူ့ကို ဘယ်သူကမှ သဘောမကျကြပေ။
ထို့အပြင် ပို၍ဆိုးရွားသည်မှာ၊
အန်းလင်လုပ်စရာမလိုသည့်
အောက်ခြေသိမ်းကိစ္စများစွာကိုပါ အမြဲလိုလို
တမင်တကာကာ ခိုင်းစေလေ့ရှိပြီး၊
တစ်ဖက်လူအပေါ်ပြောင်ပြောင်တင်းတင်း
ပျက်ရည်ပြု သရော်လေ့ရှိသည်။
အခြားလူများ၏ လူတစ်ဖက်သားအပေါ်
ပျက်စီးဒုက္ခရောက်စေလိုသည့်
လုပ်ဆောင်ချက်များအားလုံးကို ခါးစည်းခံရင်း၊
အန်းလင်သည် တိတ်ဆိတ်စွာ သည်းငြီးခံ၍
ပြန်လည်ခုခံခြင်း လုံးဝမရှိပေ။

ယောင်းယီသည် ထိုအရာများအားလုံးကို
မြင်တွေ့နေရပြီးအန်းလင်၏
ဒူပေနာပေခံနိုင်မှုအပေါ်
စိတ်မကောင်းဖြစ်ရသလို၊
ထိုလူ၏ကံဆိုးမှုအပေါ်လည်း အပြတ်အသတ်
ဝမ်းနည်းမိသည်။ အမှန်တိုင်းပြောရမည်ဆိုပါက၊
သူအနေဖြင့် ယခုလူကောင်ကြီးအား အနိုင်ကျင့်ခံရခြင်းမှ
ကူညီပေးမည့်အကြောင်း မတွေးပေးဖူးတာတော့
မဟုတ်ပေ၊သို့သော်လည်း ပြန်လည်ခုခံလိုခြင်းမရှိသည့်
လူတစ်ဖက်သားအပေါ်ကူညီရန် ပါဝင်ပတ်သတ်ခြင်းက
ဘာအတွက်များ အသုံးဝင်ပါ့မလဲ။ အဆုံးသတ်မှာတော့
အခြားလူများ၏ကိစ္စများထဲ၌ မဆီမဆိုင်ဝင်ပါသည်ဟု
စွပ်စွဲခံရခြင်းဖြင့်သာ အဆုံးသတ်သွားနိုင်သည်။

အတိုချုံပြောရမည်ဆိုပါက၊ ယောင်းယီခံစားခဲ့ရသည့် သူ၏လုပ်ဖော်ကိုင်ဖက်များထံမှ ဖယ်ကြဉ်ခံရမှုသည်၊
အန်းလင်ခံစားနေရသည့် အနိုင်ကျင့်ခံရမှုများနှင့်
နှိုင်းယှဉ်လိုက်သည့်အခါ မပြောပလောက်တော့ပေ။

အမှန်တိုင်းဝန်ခံရမည်ဆိုပါက၊
သူ၏လုပ်ကိုင်ဖော်ဆရာဝန်များထံမှ
မသိမသာဖယ်ကြဉ်ခံရစဉ်အချိန်ကာလများ၌
ထိုအတွေးများဖြင့် သူ့ကိုယ်သူနှစ်သိမ့်လေ့ရှိသည်။

""မဟုတ်တာဗျာ။
ဒါကဘာမှဖြစ်တဲ့အရာမှမဟုတ်ဘဲ။
ဒေါက်တာယောင်းအနေနဲ့ ဒုက္ခခံပြီး
ဆေးထည့်ပေးစရာမလိုပါဘူး။ ""

အန်းလင်သည် သေသပ်သည့်လုံခြုံရေးဝတ်စုံရှည်ကို
ဝတ်ဆင်ထားသည်။ နက်ပြာရောင်ယူနီဖောင်းအင်္ကျီ၌
မညီမညာ ရေကွက်များစွန်းထင်းနေပြီး၊အထူးသဖြင့်
ထိုအမျိုးသား၏ ဘယ်ဘက်လက်ဖျံနေရာသည်
ရေအများဆုံးစိုရွှဲနေသည့်နေရာ ဖြစ်သည်။
အပူလောင်ထားသည့် အန်းလင်၏လက်မောင်းသည်
ဝက်အူရစ်သဖွယ်
နှင်းဆီပုတ်ရောင်ဖြစ်နေသည်။
ကြည့်ရသည်မှာ၊အင်္ကျီအောက်ရှိ
အရေပြားသည် အတော်လေးဆိုးဆိုးရွားရွား
အပူလောင်သွားပုံရသည်။

ယခုကဲ့သို့သောဒဏ်ရာမျိုးနှင့်ရင်ဆိုင်ရသည့်အခါ
သာမန်လူတစ်ယောက်အတွက်တော့
နာကျင်မှုကြောင့် အော်ဟစ်စေဖို့အတော်လေး
လုံလောက်သည်။ အန်းလင်ကတော့
အတော်လေးသည်းခံနိုင်စွမ်းမြင့်မားသည့်ပုံပင်။

သူ၏လက်မောင်းမှ မီးလောင်ဒဏ်ရာကို သူ၏အခြားလက်တစ်ဖက်ဖြင့် အုပ်ကိုင်ထားပြီး၊ခေါင်းကိုငုံ့ကာ၊
သူအနေဖြင့် အလွန်တရာဆိုးရွားလှသည့်
အမှားအချို့ကိုပြုလုပ်ထားမိသည့်အလား
ကိုယ်ကိုကျုံထားလေသည်။

""အခုလိုဖြစ်ရတာ အကုန်ကျွန်တော့်အမှားတွေပါ။
ကျွန်တော်သွားမဲ့လမ်းကိုကြည့်မနေတဲ့အပြင်
လမ်းမှာဒေါက်တာရှိနေတယ်ဆိုတာကိုပါ
သတိမထားမိခဲ့အတွက်
တကယ်တောင်းပန်ပါတယ်။
ကျွန်တော် တကယ်တောင်းပန်ပါတယ်ဗျာ
ဒေါက်တာယောင်း...""

အန်းလင်သည် အကျင့်အတိုင်း
သူ၏ခေါင်းအားငုံ့ကာ၊တောင်းပန်နေသည်မှာ၊
အတော်လေးကြောက်လန့်တကြားဖြစ်နေသည့်ပုံပင်။

တိုကပ်နေအောင်ညှပ်ထားသည့်
ပိတုန်းကေသာရောင်ဆံသားများကြားထဲ၌
ပုန်းကွယ်နေသည့် နီရဲနေသော
နားရွက်ထိပ်ဖျားလေးများကသာလျှင်
သူ၏နှလုံးသားထဲမှယောက်ယှက်ခတ်နေသော
လှိုင်းလုံးလေးများ၏
ပုတ်ခတ်မှုကိုထုတ်ဖော်ပြသလို့ နေလေသည်။ သူ၏စိတ်အာရုံတစ်ခုလုံးမှာလည်း၊
တဖြည်းဖြည်းချင်းစီ နီးကပ်လာသည့်
ယောင်းယီ၏နွေးထွေးလှသော
ခန္ဓာကိုယ်ပေါ်သို့သာ ကျရောက်လို့နေသည်။

ယောင်းယီ သူ၏ဒဏ်ရာကို ကြည့်ရှုပေးနေသည့်
အခွင့်အရေးအားဆုပ်ကိုင်ကာ၊
သူ့အရပ်၏ အားသာချက်ဖြင့်
သူရှေ့တွင်စိုးရိမ်မှုကြောင့် ဂရုတစိုက်
ကြည့်ပေးနေသော ယောင်းယီအား
တိတ်တဆိတ် မော်ခိုးကြည့်လိုက်သည်။
ရင်ဘတ်ထဲရှိ သူ၏နှလုံးသားမှာ
တဒုတ်ဒုတ်နှင့်ခုန်လို့နေကာ၊
အတွေးများမှာလည်း
ဗလာနိတ္တဖြစ်သွားရခဲ့သည်။

သူ့နှလုံးသား၏ဟိုးအနက်ဆုံးထဲမှ၊ သူလိုရုပ်ဆိုးသည့်လူတစ်ယောက်သည် ဒေါက်တာယောင်းလို လူမျိုးနှင့်
နီးကပ်စွာမနေသင့်ကြောင်း သိနေခဲ့ပြီးသားဖြစ်သည်။ထို့ကြောင့် နီးကပ်ရန်ကြိုးစားချင်နေသည့် သူ၏စိတ်မှာ ရွံရှာစရာကောင်းလှသည်။ သို့သော်လည်း၊
သူ့ရင်ထဲမှပေါက်ဖွားလာသည့် အချစ်အား
ဖိနှိပ်ထားဖို့ရန် သူမတတ်နိုင်ခဲ့ပေ။
သူအနေဖြင့် ယောင်းရီကို
လောဘကြီးလုမတတ် စိုက်ကြည့်ရင်း၊ နူးညံ့အိစက်နေမည့်ပါးမို့လေးများ၏
အနားသတ်လေးအား သူ၏မျက်လုံးများဖြင့်
အကြိမ်ကြိမ် ခြေရာကောက်နေမိတော့သည်။

ဒေါက်တာယောင်း၊ယခုအချိန်မှာပထမဆုံးအကြိမ်
ဒေါက်တာယောင်းသည် သူနှင့်အလွန်
နီးကပ်နေခဲ့ခြင်းဖြစ်ပြီး....
အကယ်၍သာ ဒေါက်တာယောင်းနှင့် ယခုလိုမျိုး
အမြဲတမ်းအတူတူနေသွားရလျှင်၊
သူတို့အနေဖြင့် စကားဘဲပြောခွင့်ရှိပါစေအုန်း
ဘယ်လောက်တောင်ကောင်းလိုက်မလဲ။

မည်သို့ပင်ဆိုစေကာမူ၊ သူ့လိုမျိုး အမှိုက်မျိုးသည်
ဒေါက်တာယောင်းလိုလူမျိုးနှင့် မည်ကဲ့သို့
တစ်တန်းတည်းရပ်တည်နေနိုင်ပါ့မလဲ။
ဒေါက်တာယောင်းကိုသာ အရှက်ရစေလိမ့်မည်။

အန်းလင်ထံမှ သူ့နာမည်ပြောလိုက်သံကို
ကြားလိုက်ရသည့်အခါ၊ ယောင်းယီ
နောက်သို့ဆုတ်လိုက်သည်။ သူအနေဖြင့်
တစ်ခါမှစကားမပြောဖူးသည့်လုံခြုံရေးဝန်ထမ်းသည် သူ၏နာမည်ကိုမှတ်မိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သို့သော်ယခုအချိန်သည် ထိုအကြောင်းအရာအား
တွေးနေရမည့်အချိန်မဟုတ်။အပူလောင်သွားသော
လက်အား ဒိုင်းသဖွယ်ကာစီးထားသည့်
အန်းလင်၏လက်အား ညင်သာစွာဖယ်ကာ

""အဲ့လိုမပြောပါနဲ့၊အခုလိုဖြစ်ရတာ
အမြန်လျှောက်လာမိတဲ့ ကျွန်တော့်ကြောင့်ပါ။
ကျွန်တော်ကသာ တောင်းပန်ရမဲ့သူပါ။
ဒါကြောင့်ကျွန်တော်နဲ့လိုက်ခဲ့ပါ၊
ဒဏ်ရာအတွက် ဆေးလိမ်းပေးပါ့ရစေ""

ကံကောင်းစွာဖြင့်၊အပူလောင်မှုမှာ
အရမ်းကြီးမဆိုးရွားခဲ့ပေ။
အချိန်မှီကုပါက၊
မြန်မြန်အနာကျက်နိုင်ခြေရှိသည့်အတွက်၊
ဒဏ်ရာကိုမြင်လိုက်ရပြီးနောက်
ယောင်းယီ၏ရင်ထဲမှ အပြစ်စိတ်သည်အနည်းငယ်တော့ သက်သာရာရသွားခဲ့သည်။

အန်းလင်သည် ခဏလောက်တော့
တုံ့ဆိုင်းနေပါသော်လည်း၊
ယောင်းယီ၏ အလေးနက်ထားသည့်စိတ်ကို
မြင်လိုက်ရသည့်အခါ၊
ရုံးခန်းနောက်သို့လိုက်သွားတော့သည်။
အန်းလင်သည် သူ၏မသန်မစွမ်းဖြစ်နေသော
ဘယ်ခြေထောက်ကြောင့်၊
သူ၏ခြေလှမ်းအမှားများကို
အခြားလူများ သတိမထားမိစေရန်၊
တစ်ကြိမ်စီ၌ တစ်လှမ်းခြင်းစီလျှောက်ကာ၊
အမြဲတမ်းလိုလို သတိထားလျှောက်လေ့ရှိသည်။
သို့သော်လည်း သူအနေဖြင့် မည်သို့ပင်
အကောင်းဆုံးဖုံးကွယ်ကာလ
ျှောက်လှမ်းနေပါစေ၊
သူ၏မညီညာသောခြေလှမ်းများသည်
အရာရာကိုသိသာစေဖို့အတွက်
လုံလောက်ပြီးသားဖြစ်သည်။

အန်းလင် ဘေးတွင်လျှောက်နေသည့် ယောင်းယီသည်၊ အန်းလင်၏သိမ်ငယ်မှုကို ဂရုပြုမိသည့်အတွက် သူ၏အကြည့်များကို
အရှေ့သို့သာပို့ထားပါသော်လည်း
အန်လင်းအတွက် တကယ်ကိုသနားစိတ်ဝင်မိသည့်
အတွက် ရင်ထဲမှတိတ်တဆိတ် သက်ပြင်းချမိသည်။
အဆုံးမှာတော့၊အန်းလင်သည် သနားစရာကောင်းသည့်လူဖြစ်သည်။
ထို့ကြောင့် အခုချိန်မှစတင်၍၊
အန်းလင်အား သူအနေနှင့်တတ်နိုင်သမျှ
ကူညီမည်ဟုတွေးလိုက်သည်။

ယောင်းယီသည် အိမ်ထောင်ကွဲမိသားစုမှ
မွေးဖွားလာသည့်သူဖြစ်သည်။
သူ၏မိဘများသည်
အိမ်ထောင်ရေးပြဿနာများကို
လျှို့ဝှက်မထားခဲ့သည့်အတွက်၊သူ့ဆီတွင်
ကောင်းမွန်သောငယ်ဘဝမရရှိခဲ့သော်လည်း၊
အနည်းဆုံးတော့ ချမ်းသာကြွယ်ဝသည့်မိသားစုတွင်
မွေးဖွားလာသည့်အတွက် အစားအသောက်၊အဝတ်အစားကတော့ စိုးရိမ်ပူပန်စရာမလိုပေ။
ကောလိပ်မှဘွဲ့မရခင်အထိ သူအနေဖြင့် တစ်ခါမှငွေရေးကြေးရေးအတွက်
စိတ်ပူစရာမလိုခဲ့ပေ။ သူယခုဆေးရုံ၌ အလုပ်မဆင်းခင်အထိ၊ လူတစ်ယောက်သည် ဖုန်မှုန့်လောက်သာရှိသည့်ငွေကြေးအတွက် ဤမျှလောက်အထိ အောက်ကျခံနိုင်လိမ့်မည်ဟု စိတ်တောင်မကူးဖူးပေ။

မပြောပလောက်သည့်ငွေစလေးသာပေးသည့်
ယခုအလုပ်အား ထိန်းသိမ်းထားနိုင်ရန်၊
လုံခြုံရေးဝန်ထမ်း အန်းလင်သည်
သူတတ်နိုင်သည်ထက် အကောင်းဆုံးကြိုးစားခဲ့သည်။ အရင်တုန်းကတည်းကနေ အခုချိန်ထိ
သူ့အပေါ်မတော်မတရား အနိုင်ကျင့်မှုမှန်သမျှကို
အားငယ်သူသဖွယ်ဟန်ဆောင်ရကာ၊ သူ့အဆင့်အား
နှိမ့်နိုင်သမျှနှိမ့်ကျအောင်နေနေရသည်မှာ အတော်လေးသည်းခံဖို့ခက်ခဲမည့်ပုံပင်။ ဘဝကိုယခုလိုမျိုးဆိုးရွားစွာ
နေထိုင်ရအောင်လည်း သူအနေဖြင့်
ဘာအမှားများလုပ်ခဲ့မိလို့လဲ။

အရင်ကဆိုအန်းလင်အပေါ်
"သံကိုအပူပေးနိုင်ရုံဖြင့် သံမဏိဖြစ်လာမည်မဟုတ်[1]"
ဆိုသော အတွေးကို တွေးမိခဲ့သည့်
ယောင်းယီ တစ်ယောက် မတတ်နိုင်စွာ သူကိုယ်သူအရှက်ရမိသည်။

သူ့ဘဝသည် အန်းလင်ဘဝလောက်
တစ်ခါမှ အခြေအနေမဆိုးဝါးခဲ့ဖူးပေ။ ယခုသူလက်ရှိရောက်ရှိနေသည့် နေရာနှင့်နှိုင်းယှဉ်လိုက်မည်ဆိုပါက
သူသည်အလွန်စိတ်ကြီးဝင်နေခဲ့တာဖြစ်သည်။
တကယ်လို့ ထိုလူကသာ
လေးစားထိုက်စရာကောင်းသည့် ဂုဏ်အရည်အချင်းမျိုးဖြင့်နေထိုင်နိုင်မည်ဆိုပါက၊ သူအနေဖြင့်အခြားလူများအပေါ်
ဦးညွှတ်ခယချင်မည်ဟုထင်ပါသလား။

နောက်ဆုံးတော့လည်း၊သူသိရသလောက်ဆို၊
အန်းလင်သည် မသန်မစွမ်းဖြစ်ကာ နိမ့်ပါးသည့်
ပညာအရည်အချင်းရှိသူဖြစ်သည်။ထို့ကြောင့်
သူ့ဆီတွင် ရှာဖွေစားသောက်နိုင်မည့်
အလုပ်ကိုင်အခွင့်အရေးမှာ များများစားစားမရှိပေ။
တကယ်လို့သူသာ ယခုအလုပ်ပြုတ်သွားပါက၊
သူ၏ဘဝမှာပိုပြီးတော့တောင်
စိတ်မချမ်းမြေ့စဖွယ်ဖြစ်သွားလိမ့်မည်။

သူတို့ရုံးခန်းသို့ရောက်သည်နှင့်၊ အချိန်ဆွဲမနေတော့ဘဲ
ယောင်းယီတစ်ယောက် ချက်ချင်းကိုထိုင်ကာ
ဒဏ်ရာကို ဆေးလိမ်းပေးတော့သည်။
အပူခံ ဆေးရည်ကြည်မလိမ်းခင်၊ အပူလောင်ထားသောအရေပြားအား အချိန်အတော်ကြာ ရေအေးအေးဖြင့်
လောင်းချကာအပူကျစေပြီးတော့မှ၊ဆေးအား ဂရုတစိုက်လိမ်းကာ အန်းလင်၏လက်ဖျံအား ပိတ်ကျဲဖြင့် ရစ်ပတ်လိုက်သည်။

ဒဏ်ရာကိုကုသသည့်
အချိန်ကာလသည် အရမ်းလည်း
မကြာသလို၊အရမ်းလည်း မမြန်ပေ၊
အဘယ့်ကြောင့်ဆိုသော ယောင်းယီသည်
အလွန်အာရုံစိုက်ခဲ့သောကြောင့်
အချိန်ကုန်မြန်သည်ဟု ခံစားရသည်။
ယောင်းရီအနေဖြင့် ထိုအမျိုးသားသည် ကိုယ်တွင်းအပူကန်ခြင်း[2]
ကိုခံစားနေရသည်ဟု သံသယဝင်မိသော်လည်း၊
လုံခြုံရေးဝန်ထမ်းအန်းလင်သည်
သူ၏ယခုလက်ရှိလူနာဖြစ်သည်။
ထိုလူ၏မျက်နှာပေါ်ရှိ ရှင်းပြရန်ခက်ခဲသော ရှက်သွေးဖြာမှုနှင့် တသိမ့်သိမ့်တုန်နေသော ခန္ဓာကိုယ်မှလွဲလျှင်၊အရာအားလုံး
အဆင်ပြေချောမွေ့စွာပြီးဆုံးသွားခဲ့သည်။

ဆေးလိမ်းမှုပြီးစီးသည့်အခါ၊ယောင်းရီ သူ့ဖုန်းထုတ်ကာ အချိန်ကိုကြည့်လိုက်သည်။

အန်းလင်ကို ကုသရန် နာရီဝက်ကြာအချိန်ယူခဲ့ရသည့်အတွက်၊
ယခုဆိုလျှင် ၁၂:၂၅ ရှိပြီဖြစ်သည်။

ဟုတ်ပြီလေ၊ဒါဆိုလည်း ထုံးစံအတိုင်းအိမ်ကို
သန်းခေါင်ကျော်မှ ပြန်ရတာပေါ့။

ယောင်းယီအနေဖြင့်
ယနေ့အိမ်သို့စောစောပြန်နိုင်မည်
ဟုတွေးမိခဲ့ခြင်းသည် အပျော်အလွန်စောခဲ့ခြင်းဖြစ်သည်ဟု
လေးနက်စွာခံစားလိုက်မိသည်။

[1] သံကိုအပူပေးတိုင်းလည်း
သံမဏိဖြစ်မလာနိုင်ဘူးဆိုတာစကားပုံတစ်ခုပါ။
တစ်စုံတစ်ယောက်အပေါ်
မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ၊
တိုးတက်မှုမြင်လာရဖို့ကို စိတ်မရှည်တော့တဲ့အခါ၊
တစ်စုံတစ်ယောက်အပေါ်
ကျေနပ်မှုမရှိတဲ့အခါမျိုးမှာအသုံးပြုပါတယ်။
ယောင်းရီပြောချင်တဲ့သဘောက သူအနေနဲ့
အနည်းဆုံးတော့ အန်းလင်အနေနဲ့ သူကိုယ်သူ
အနည်းငယ်လောက်တော့ အနိုင်ကျင့်ခံရခြင်းမှ
ခုခံကာကွယ်ဖို့ မျှော်လင့်ခဲ့တဲ့အတွက်ကြောင့်ပါ။

ဒါပေမဲ့လည်း ယောင်းယီ
ပြန်တွေးကြည့်လိုက်တဲ့အခါ
အန်းလင်မှာ အဲ့လိုမျိုးရပ်တည်နိုင်ဖို့
အင်အားမရှိတာမို့ သည်းခံနေရတဲ့အကြောင်း၊
လူတိုင်းက ယောင်းယီလိုမျိုး ချမ်းသာတဲ့မိသားစုကနေ
မွေးဖွားလာတာမဟုတ်တဲ့အတွက် ထမင်းစားဖို့အတွက် ငွေလိုအပ်တဲ့တာမို့ မသည်းခံချင်လည်းသည်းခံမှရတယ်ဆိုတဲ့အကြောင်း အသိဝင်သွားတာမို့ သူကိုယ်သူရှက်သွားတာပါ။

[2] တရုတ်ရိုးရာဆေးပညာအရတော့
"ကိုယ်တွင်းအပူကန်မှု"ဟာ ခန္ဓာကိုယ်အတွင်း
ယင်နဲ့ယန်မညီမျှလို့ဖြစ်တာပါ။
အခုကိစ္စမှာကျတော့
အန်းလင်က ယောင်းယီကြောင့်
ရှက်ပြီးပါးတွေနီရဲနေတာကို ယောင်းယီက
ကိုယ်တွင်းအပူကန်နေတယ်လို့ထင်နေတာပါ။

thoughts of hotfu :

အခုဝတ္ထုကလေ စတာနဲ့ပြူးကနည်း၊
ပြဲကနည်းခြောက်နေအောင်
တဲ့ဝတ္ထုမျိုးမဟုတ်တဲ့
slow burn horror မျိုးပါ။
အဲ့ဒါကြောင့်မို့ ဖတ်နေရင်းနဲ့တစိမ့်စိမ့်ခံစားရစေမယ်လို့
ကြိုပြောခဲ့ပါတယ်။အခုလက်ရှိမှာတော့ ပေါ်မလာသေးတဲ့အရာတွေကိုဘဲ ကြိုကြောက်ထားရမလား၊
အန်းလင်ကိုသနားလို့ တစ်ရှူးဘဲဆောင်ထားရမလားဆိုကိုတော့ ၊ မသဲကွဲတော့တာအမှန်ပါ။

ဒါနဲ့လေ အခုဝတ္ထုကိုဖတ်ရတာထောက်နေရင်ပြောနော်၊
အမှားတွေပါနေတယ်ဆိုလည်း အားမနာဘဲ
ထောက်ပြပေးကြပါ။တို့ဖူးပြန်ပြင်ပေးပါမယ်။

Continue Reading

You'll Also Like

152K 11.7K 49
แ€กแ€™แ€พแ€ฑแ€ฌแ€„แ€บ แ€กแ€ฑแ€ฌแ€€แ€บแ€€ โ€Œแ€€แ€ปแ€ฌแ€ธแ€›แ€ฒ แ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ทแ€™แ€ปแ€€แ€บแ€แ€”แ€บแ€ธแ€œแ€ญแ€ฏ แ€žแ€ฝแ€ฑแ€ธแ€†แ€ฌ แ€”แ€ฑแ€แ€ฒแ€ท แ€™แ€ปแ€€แ€บแ€œแ€ฏแ€ถแ€ธ แ€…แ€ญแ€™แ€บแ€ธแ€…แ€ญแ€™แ€บแ€ธ แ€แ€ฑแ€ฌแ€€แ€บแ€แ€ฑแ€ฌแ€€แ€บแ€แ€ฝแ€ฑ แ€žแ€ฝแ€ฑแ€ธแ€Šแ€พแ€ฎแ€”แ€ถแ€ท แ€Ÿแ€ฑแ€ฌแ€„แ€บแ€‘แ€ฝแ€€แ€บแ€”แ€ฑแ€แ€ฒแ€ท แ€กแ€แ€”แ€บแ€ธแ€แ€ฝแ€ฑ แ€‘แ€ฒ แ€€ แ€กแ€œแ€ฑแ€ฌแ€„แ€บแ€ธแ€แ€ฝแ€ฑ แ€žแ€แ€„แ€บแ€ธ...
123K 13.4K 140
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - Horroe, Romance แ€กแ€™แ€ปแ€ญแ€ฏแ€ธแ€กแ€…แ€ฌแ€ธแ€™แ€ญแ€ฏแ€ท แ€”แ€Šแ€บแ€ธแ€”แ€Šแ€บแ€ธแ€แ€ฑแ€ฌแ€ท แ€žแ€Šแ€บแ€ธแ€‘แ€ญแ€แ€บแ€›แ€„แ€บแ€–แ€ญแ€ฏแ€œแ€ฑแ€ธแ€แ€ฝแ€ฑ แ€•แ€ซแ€™แ€šแ€บแ€”แ€ฑแ€ฌแ€บแ‹ Romance แ€œแ€Šแ€บแ€ธ แ€•แ€ซแ€แ€ฑแ€ฌแ€ท แ€แ€ปแ€ญแ€ฏแ€แ€ปแ€ญแ€ฏ แ€€แ€ผแ€ฑแ€ฌแ€€แ€บแ€€แ€ผแ€ฑแ€ฌแ€€แ€บ.. แ€แ€ปแ€ญแ€ฏแ€€แ€ผแ€ฑแ€ฌแ€€แ€บแŠ แ€€แ€ผแ€ฑ...
74.4K 9.1K 65
แ€žแ€›แ€ฒแ€”แ€พแ€ญแ€™แ€บแ€”แ€„แ€บแ€ธแ€แ€ฒแ€ท แ€™แ€ญแ€žแ€ฌแ€ธแ€…แ€ฏแ€€แ€†แ€„แ€บแ€ธแ€žแ€€แ€บแ€œแ€ฌแ€แ€ฒแ€ท แ€แ€™แ€บแ€แ€ปแ€”แ€บแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€Ÿแ€ฌ แ€žแ€›แ€ฒแ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ท แ€€แ€ปแ€ญแ€”แ€บแ€…แ€ฌแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€•แ€ผแ€ฎแ€ธ แ€™แ€ญแ€žแ€ฌแ€ธแ€…แ€ฏแ€กแ€™แ€ฝแ€ฑแ€€แ€ญแ€ฏ แ€™แ€†แ€€แ€บแ€แ€ถแ€”แ€ญแ€ฏแ€„แ€บแ€แ€ฒแ€ทแ€•แ€ซแ€˜แ€ฐแ€ธ... แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€™แ€พ...
35.4K 1.7K 199
(แ€แ€€แ€šแ€บแ€–แ€ผแ€…แ€บแ€›แ€•แ€บแ€™แ€šแ€บแ€™แ€ปแ€ฌแ€ธ) แ€•แ€›แ€œแ€ฑแ€ฌแ€€/แ€กแ€ญแ€™แ€บ**) แ€‚แ€›แ€ฏแ€€แ€”แ€ฑแ€แ€ฝแ€ฑแ€ทแ€œแ€ญแ€ฏcopyแ€œแ€ฌแ€แ€ฌแ€•แ€ซแ€›แ€พแ€„แ€ทแ€บ แ€•แ€ญแ€ฏแ€„แ€บแ€›แ€พแ€„แ€บแ€™แ€ปแ€ฌแ€ธแ€•แ€ผแ€”แ€บแ€–แ€ปแ€แ€บแ€แ€ญแ€ฏแ€„แ€บแ€ธแ€›แ€„แ€บแ€–แ€ปแ€แ€บแ€•แ€ฑแ€ธแ€•แ€ซแ€™แ€šแ€บแ€›แ€พแ€„แ€ทแ€บ