C E O J e o n👑☑️ Completed

By bae079

311K 28.9K 1.7K

အထင်မှားနေမှာမို့ ကြို ပြောလိုက်မယ် ၊ ကျတော်အကြိုက်က ကိုယ်ထက် အသက် ငါးနှစ်တောင်ကြီးတဲ့ ဦးလေးကြီး မဟုတ်ဘူး။ ဒါ... More

intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
29
30
31
32
33
✌️
34
35
36
37 final episode]

28

6.4K 725 43
By bae079

အစည်းအဝေးခန်းမထဲ အားကြိုးမာန်တက်ဖြင့် kpop boy groupတွေအကြောင်း ရှင်းပြနေသော ဆော့ဂျင်ကို
အမြင်တော်တော်ကပ်လာချေပြီ။

ဒါကိုသိစေရန် မျက်နှာရိပ်မျက်နှာကဲ ပြဖို့ကြိုးစားပေမယ့်ဒင်းလေးက သူဘက်တောင် တစက်မှလှည်မကြည့်လာပါ။

အစည်းအဝေးပြီးတော့လဲ အကိုဟိုဆော့နဲ့ အတူထွက်သွားပြန်ရင်း မျက်လုံးတွေအရောင်တောက်စွာနဲ့
  နောက်ထပ် boy groupနမည်‌တွေကို ရွတ်ပြနေပြန်တာ...။

ဒီလိုမြင်ကွင်းတွေကြောင့် သူစိတ်မကျေနပ် ဖြစ်ခဲ့ရတာမို့
ညနေအပြန် ဆော့ဂျင်ကို မစောင့်ဘဲ အိမ်ပြန်သွားခဲ့လိုက်မိသည်။
သို့ပေမယ့် ဆော့ဂျင်က ဘယ်လိုမှမနေပါ။

သူကိုဖုန်းလဲမဆက်လာသလို ၊
မက်ဆေ့တစောင်လေးတောင်
မပို့လာခဲ့ပါ။

သူစိတ်ဆိုးနေသည်ကိုတောင်သိခဲ့ပုံမရ။
ဒါက ဒေါသထွက်စေလွန်းတာမို့ သူဘက်ကစပြီ လုံးဝမဆက်သွယ်ဘူးဟု စိတ်ပိုင်းဖြတ်ခဲ့ပေမယ့်

မာနနဲ့ အချစ်က လွန်ဆွဲနေလို
ဆော့ဂျင် မသိအောင်တော့ ဆော့ဂျင်ရှိရာနေရာတွေကိုတော့
သွားချောင်းကြည့်မိပါတယ်။

ပိုချစ်တဲ့သူက ပိုပင်ပန်းခံရတယ်မဟုတ်လား!!

ဒီလိုနဲ့ တပတ်ပြည်လုနီးချေပြီ ၊
ဆော့ဂျင် နဲ့သူ
သူစိမ်းဆန်စွာနေခဲ့ရသည်က ။

ဒါဟာ ဟို boy group
အဖွဲ့တွေကြောင့်မို့
ဒင်းတို့ကို သူ လုံးဝမကျေနပ်ပါ။

သူအကြောင်းတွေထက် ဒင်းတို့ရဲ့ အကြောင်းတွေပို
သိရအောင် ဒင်းတို့က သူထက် ဘယ်လောက်များသာလို့လဲ
ဆိုတာသိရအောင် ရှာဖွေမိတော့....။

"Hight 185!!!!!"

အဟက် အရပ်ပဲရှည်ကြတာပါ ရုပ်တွေက~~~
...ဟုတ်တယ် ငါလောက်နီးနီးပဲချောတာ ငါထက် မချောဘူး

အသံတွေကလဲ~~~အဟမ်း
မဆိုးတော့မဆိုးပါဘူး

ဒါပေမယ့် အသံကောင်း‌တော့ဘာလုပ်လိုရမလဲ

အသံက ပြုတ်စားလိုမရဘူး ၊
ရုပ်ရည်နဲ့ အရပ်ကလည်း စားလိုမရဘူး~~~

ဘေးနားမှာအမြဲရှိပြီး ကာကွယ်ပေးနိုင်ဖို့က အဓိကမဟုတ်ဘူးလား!!"

ဂျောင်ကုတယောက် ရှာဖွေမူတွေအပီ့း
သုံးသတ်ချက်တချို့ကိုချလိုက်ကာ
လက်ထဲက ဖုန်းလေးကိုဆိုဖာခုံပေါ်ပြစ်ချလိုက်ချိန် မနက်ဝေလီဝေလင်းပင်ဖြစ်ချေပြီ။
ဒါကြောင့် သူ မအိပ်တော့ဘဲ အလုပ်သွားဖို့ပြင်ဆင်လိုက်တော့သည်။

ဒီနေ့ ဟိုအဖွဲ့ companyကို လာမည်မဟုတ်လား။
‌ဒါကြောင့် ထိုအဖွဲ့ထက်သာအောင် သူဝတ်စားသွားရပေမည်။
နံရံကပ်ဗီတိုကျယ်ကြီး နှစ်ခုကို ဖွင့်ရင်း အကောင်းဆုံးဖြစ်မည့် အဝတ်အစားတွေကိုရှာဖွေမိတော့သည်။

"အကျီကရပြီ ဖိနပ်က ဘာစီးရမလဲ!!!

နာရီကဘာအရောင်ပတ်ရမလဲ !!!

အကျီ ကြယ်သီးတလုံးလောက်ဖြုတ်ရင်ကောင်းမလား!!

ဆွဲကြိုးဝတ်လိုက်ရင်အဆင်ပြေမယ် ထင်တယ်!!

ဆံပင်က အကုန်လှန်တင်တာထက် တဝက်ချတာပိုမိုက်မလား?
မေးရိုထင်းပြီးးပေါ်အောင် ဘယ်လို ဆံပင်ပုံစံလုပ်ရင်ကောင်းမလဲ?

ဆံပင်ညှပ်ဆိုင် သွားလိုက်တာပဲ‌ကောင်းမယ်!!

အကျီလဲ အသစ်ဝယ်လိုက်တာပဲကောင်းမယ်!!!

____________________ceo JEON 👑

"Wowး စီအီးအိုစတိုင်က ဒီနေ့လုံးဝအလန်း!!
နားကပ်တပ်ထားသလို ၊ ဆံပင်ကေအသစ်နဲ့ wow
လုံးဝ အလွှင့်ဘဲ"

"ဟုတ်တယ်စီအီးအိုပုံက fashion showတခုခုသွားမယ့် ပုံစံနဲ့တူတယ် "

"ဒီနေ့ ငါတို့companyမှာ ဘာပွဲရှိလို့လဲ!!
ငါသိသလောက်တော့ txtအဖွဲ့လာမယ်ဆိုတာပဲသိတယ်"

"ဟုတ်လား!! Txt membersတွေကို ကြိုဆိုတဲ့ အနေနဲ့
အခုလိုဝတ်လာတာများလား!!"

တယောက်တမျိုးစီပြောနေတဲ့ စကားသံကို
ဂျောင်ကု
မကြားချင်ဟန်ဆောင်ရင်း ဓာတ်လှေခါးရှိရာသို့ ဝတ်လာခဲ့လိုက်သည်။ ဓာတ်လှေခါး မှန်နံရံတွေမှတဆင့် ထင်ဟတ်နေသော သူပုံရိပ်ကိုကြည့်ကာ သဘောတကျပြုံးမိလိုက်‌ေသးသည်။

"အဟက်!! ငါရုပ်ရည်က
ဟိုချာတိတ်တွေနဲ့ ယှဉ်လိုမရအောင်
သာနေလွန်းတာ
ဘယ်လိုရပါ့မလဲ အဟက်!!!

ကင်မ်ဆော့ဂျင် !!
ခင်ဗျား idolsတွေနဲ့ ကျတော်နဲ့ ဘယ်သူက
ပိုကြည့်ကောင်းနေလဲဆိုတာ အခုကြည့်လိုက်စမ်းပါ!!!"

ယုံကြည်မူတွေလွန်ကဲနေသည့်
ဂျောင်ကုတယောက် ဓာတ်လှေခါးကထွက်ချိန် ဆော့ဂျင်ကို
တွေ့လိုက်ပေမယ့် သူပုံစံကိုအခုချိန် မတွေ့စေချင်သေးတာမို့
ရှောင်ပြီးရအောင်ထွက်လာခဲ့လိုက်သည်။

__________________________ceo JEON 👑

"CEO ~~
txt membersတွေ ရောက်နေကြပါပြီ"

နာယောင်းကအသိပေးလာလို သူအထဲဝင်လာဖို့ပြောလိုက်ပေမယ့် နာယောင်းမျက်နှာဟာ ပြုံးစစဖြစ်နေတာမို့။

"မျက်နှာက ဘာဖြစ်နေတာလဲ နာယောင်း!!"

"ဘာ ဘာမှမဖြစ်ပါဘူး စီအီးအို
ဒီနေ့ စီအီးအိုက အရမ်းမိုက်နေလိုပါ "

"သိတယ်  ငါက အခု လာနေတဲ့ txt
membersတွေထက်ပို မိုက်နေတယ်ဆိုတာ!

"ရှင့်!!! ဟုတ် ဟုတ် တာပေါ့ !!"

မကြာပါ သူအခန်းထဲရောက်လာတဲ့ txt members
တွေဝတ်ထားတဲ့ အဝတ်အစားတွေကြောင့် ဂျောင်ကု သူအကျီသူပြန်ငုတ်ကြည့်မိတော့သည်။

JK : T~~T shirtလေးတွေပဲ ဝတ်လာကြတာပဲ!!"

NY"နွေဦးရောက်တော့မှာမို့ ပေါ့ပေါ့ပါးပါးပေါ့
စီအီးအိုရယ် "

ကြားထဲကဝင်ပြောလာတဲ့ နာယောင်းကို သူမျက်မှောင်ကြုတ်ကာကြည့်လိုက်ရင်း
အရင်နေ့တွေထက် ထင်ပေါ် ထူးခြားစွာဝတ်လာမိတဲသူဝတ်စုံကို သဘောမကျဖြစ်မိသွားသည်။

ဒါပေမယ့် သူကိုယ်သူအားပေးသည့်အနေနဲ့

~~ဘာပဲဖြစ်ဖြစ် အာ့ ငါး‌ေယာက်ထဲ
ငါအထင်ပေါ်ဆုံးဖြစါနေဖို့အဓိကပဲ~~
ဟုတွေးမိလိုက်သေးပြန်သည်။

"အားလုံးပဲမဂ်လာပါ ~~!!"

ထိုအချိန်သူအခန်းထဲရောက်လာခဲ့တဲ့ အကိုဟိုဆော့ နဲ့အတူ
နောက်မှာ ကပ်လျက်ပါတဲ့ ဆော့ဂျင်။

ဒါကြောင့် သူထိုင်နေသည့်အနေအထားကိုပြင်ကာ
ထိုကောင်လေးငါးယောက်ကို ထိုင်စေရင်း နာယောင်းကို
သောက်စရာတချို့ပြင်ဆင်ခိုင်းလိုက်သည်။

"Ceo jeon today your so cool!!'

ဟိုဆော့က မျက်စိတဖက်မှိတ်ပြကာ သူကိုချီးကျူးလာတော့
ပြုံးရုံသာပြုံးပြလိုက်ရင်း ဆော့ဂျင်ရှိရာသို့သူအကြည့်ကိုပို့လိုက်မိသည်။

~ကင်မ်ဆော့ဂျင် ကိုယ်ကို ကြည့်စမ်း
ကိုယ်ဒီနေ့ ဘယါလောက်တောင်‌မိုက်‌နေ~~~
နေစမ်းပါအုန်း ကင်မ်ဆော့ဂျင် မင်းမျက်လုံးတွေက ဘာလို့
ဟိုတယောကါဆီပဲရောက်နေရတာလဲ!!!~

အာ့တယောက်က အဖွဲ့ထဲမှာ အရပ်အရှည်ဆုံးဆိုတဲ့တယောက်မဟုတ်လား!!
ကင်မ်ဆော့ဂျင် မင်းတကယ်ပဲ!!

စာချုပ်ကိစ္စမှာသူ အာရုံသိပ်မရောက်ဖြစ်နေတာကို သတိထားမိပုံရတဲ့ ဟိုဆော့က သူအစားဝင်ဆွေးနွေးနေတာမို့
သူအလိုက်သင့်တာ ပြောနေမိသည်။

နာယောင်းနဲ့အတူ တိုးတီးစွာဖြင့် ပြောနေတဲ့ စကားသံတွေကို
ကြားရတော့ သူသွေးတွေ နားထင်ရောက်ကုန်သည်။
သူတယောက်လုံး ဒီမှာရှိနေလျက်နဲ့ အလောက်တောင်ငမ်းချင်နေသော ဆော့ဂျင်ကို အခန်းပြင်ထွက်သွားဖို့ ပြောမိတော့။

"ကျတော်ကအပြင်အလုပ်မရှိပါဘူး
ဒါကြောင့် ဒါရိုက်တာကြီးနဲ့အတူလိုက်လာရတာပါ"တဲ့လေ

ဂျောင်ကု အံကြိတ်ကာ အခန်းပြင်ထွက်ဖို့ အမူအရာပြနေမိတုန်း ဆော့ဂျင် မျက်လုံးတွေဟာ သူဆီကနေလွဲသွားချေပြီ။

~~တောက်~~

သူအမူအယာတွေသိနေလျက်နဲ့တမင်လုပ်နေတာလား?
ဒါမှမဟုတ်လုံးဝဘဲမသိတာလားဆိုတာ မသဲကွဲသော အကိုဟိုဆော့က
ဆော့ဂျင်အကြောင်း ထိုကောင်လေးတွေကိုပြောပြရင်း
ထိုကောင်လေးတွေမှ တဆင့် စနောက်လာတော့ သူငြိမ်မနေနိုင်တော့ပါ။

"သူကမငယ်တော့ပါဘူး
အသက်သုံးဆယ်ကျော်နေပြီ!!"

သူထင်သည်အတိုင်း အရပ်အရှည်ဆုံးကောင်လေး
နမည်က ဆိုဘီ လား ဆိုဘင်း လား
မသိတဲ့ တယောက်က
ဆော့ဂျင် အကြိုက်ဆုံးတယောက်ဖြစ်နေကာ ထို‌ကောင်လေးနဲ့ ဆော့ဂျင်ကဖက်မည်ဟန်ပင်ပြင်ကြလေသည်။

သူအရှေ့ မှာ
သူငုတ်တုပ်ကြီးထိုင်နေတဲ့အရှေ့မှာလေ!!!!!!

"အမှန်တော့ ကျတော်က ဆိုဘင်းအကြောင်း
Googleမ‌ှာရှာဖူးတဲ့ fanပါ
ဒါကြောင့် ကျတော်နဲ့ပဲဖက်ရအောင်!!!"

ဆော့ဂျင်နဲ့ဒီကောင်လေးမဖက်ရင်ပြီးရောဆိုပြီး
သူကိုယ်တိုင်တောင်မသိဘဲ  ပါးစပ်ကထွက်လာခဲ့တဲ့စကား
တွေနဲ့အတူ ထိုကောင်လေးကို သူဘက်ဆွဲခေါ်ကာ ပွေ့ဖက်လိုက်မိသည်။

______________________ceo JEON 👑

"ဂျောင်ကု မင်း ကို မထင်ထားမိဘူး
Fanboyတယောက်ဖြစ်နေလိမ့်မယ်လို!!!"

ဟိုဆော့ရဲ့ ရယ်ကျဲကျဲစကားကို ဘာမှမတုံပြန်မိတော့
ဟိုဆော့ကသူယူလာခဲ့တဲ့ ဖိုင်တွဲလေးကိုယူကာ အခန်းထဲက
ပြန်ဖို့ပြင်တော့ ။

Jk :ဟို အဖွဲ့ ပြန်သွားပြီလား "

HS :ဘာလို့လဲ ဓာတ်ပုံတူတူမရိုက်လိုက်ရလို့လား"

JK: ရူးနေလို့လား!!  "

HS: မသိပါဘူး ဓာတ်ပုံရိုက်ချင်လို့များလာလို့!!

ဟိုဆော့တယောက် အခန်းတံခါးရှိရာသို့ လျှောက်သွားပြီးခါမှ
ဂျောင်ကုရှိရာဘက်လှည့်ကာ ပြုံးစစမျက်နှာဘေးဖြင့် ။

"ဆော့ဂျင်တောင်txtတွေနဲ့ ဓာတ်ပုံအတူရိုက်ဖို့ ခေါင်မိုးထက်ကိုတက်သွားပြီ!!!"

"ဘာ!!"

__________________________ceo JEON 👑
See you next episode ❤️
မနေ့ထဲက အပ်ပေးဖို့ပဲ ချစ်လေးတို့ရေ😅
စိတ်အခြေအနေလုံးဝမကောင်းလို့ ဒီနေ့မှအပ်ဖြစ်တာ
ခွင့်လွှတ်ပေးပါနော် 😁😁

Feedbackလေးတွေနဲ့ နောက်တပိုင်းအမြန်အပ်နိုင်အောင် အားဆေးလေးတွေပေးကြပါအုန်းလို့။🤨🤨


Continue Reading

You'll Also Like

4.3K 84 5
Lan Wangji suffers from a nightmare. Fortunately, Wei Wuxian is there to provide warmth. Tags Used on AO3 include : Smut, Anal Sex, Creampie, Cock Wa...
66.2K 1.4K 14
When Ray decides to fire Henry, Henry's life turns upside down. His friends, Jasper and Charlotte, stay with Ray. Henry's parents see him as a disapp...
2.3M 135K 45
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
39.5K 453 25
It all started with that little knock💫