Flying Gulls Never Land [ဘာသာ...

Per noya_shimizu

540K 71.4K 5.1K

English Title - Flying Gulls Never Land Original Author: Hui Nan Que (回南雀) Eng Translator : Jiraiya Status :... Més

Characters Info
Synopsis
1.1
1.2
2.1
2.2
3.1
3.2
4.1
4.2
5.1
5.2
6.1
6.2
7.1
7.2
8.1
8.2
9.1
9.2
10.1
10.2
11
Announcement ⚠️❗️
MANHUA ⚠️❗️
12
13
14
15
16
17
18
19
20 ⚠️
21
22
23.1
23.2
Stay Safe
24
25
26
27 - LADY JUSTICE
28- DO ME A FAVOR
29 - DON'T BE TOO FULL OF YOURSELF
30 - MY BELOVED ELDER BROTHER
31- THIS WAS HIS KINGDOM
32 - A TASTE OF THE HUMAN WORLD
33.1 - ONE, TWO , THREE
33.2 - ONE ,TWO , THREE
34-BE ON YOUR WAY NOW
35-A GOOD PERSON SUFFERING A BAD LIFE
36-DOES IT FEEL GOOD,TOYING WITH ME LIKE THIS
37- I WANT TO BE THAT CAT
39- I CAN WIN ANYWAYS
40-EVEN IF EVERYONE DISAGRESS,I WILL STILL FORGE MY WAY
41-WIND CHARACTER AND WOOD CHARACTER
42- SOME THINGS REALLY COULD NOT BE FORCED
43- I ALSO HAVE SOMETHING THAT I'VE BEEN KEEPING FROM YOU
44- IT'S NOT LIKE I'M THE ONLY ONE FOR YOU
45-WHY DO YOU HAVE A PICTURE OF HIM
46- LURING HIM TOWARDS THE DEPTHS OF THE ABYSS
47 - THE DOOR OPENED
48 - I GIVE UP
49-UH OH, THE KING GOT ANGRY
50- A GRAVE ILLNESS REQUIRES A SERIOUS DOSE OF MEDICINE
51 - TEN YEARS
52 - SOMETHING WAS OFF
53 - THE MARTYR [NSFW⚠️]
54 - THE DEVIL'S DIARY
55- MY DARLING
56 - WAS THAT SINCERE ENOUGH?
57 - STRONG FUCKBOY VIBES
58 - YES
59- I'LL THINK ABOUT IT
60 - IF YOU HAVE ME YOU WON'T BE BITTER ANYMORE
61 - JEALOUSY INCARNATE
62 - IT FEELS LIKE I'M DREAMIMG RIGHT NOW [NSFW]
63 - LIKE FAIRY LOSS
64 - I'M RIGHT HERE

38 - I'VE ALREADY LEFT THAT CLUB AGES AGO,OKAY?

4.3K 697 45
Per noya_shimizu

SCROLL DOWN FOR ZAWGYI

UNICODE

CH38- I'VE ALREADY LEFT THAT CLUB AGES AGO.OKAY?

စိတ်ပျက်အားငယ်မှု မျှော်လင့်ချက်မဲ့မှုတို့ကြားမှ  ထွက်ပေါ်လာခဲ့သော ရူးရူးမူးမူးစွန့်စားခဲ့ခြင်းတစ်မျိုးပင် ။ အလွန်တရာ ကလေးဆန်ပြီး တုံးအလွန်းလှသည် ။ ကြီးပြင်းဆဲဖြစ်သော ကလေးဆိုးတစ်ယောက်ဟု ချီးယန်က သူ့အားခေါ်ခဲ့သည်မှာ အဆန်းမဟုတ် ။ ရှန့်မင်အော်တစ်ယောက် ဤလောက်ထိ ဒေါသထွက်ရခြင်းမှာ... အဆန်းမဟုတ်တော့ ။

မိမိလုပ်ရပ်များအတွက် တစ်ကြိမ်ထက်မက လုဖုန်း နောင်တရကာ ပူဆွေးသောကရောက်ရသည်။

လိုအင်ဆန္ဒဟူသည်ကား ရေတံခွန်ကဲ့သို့အရာ ။ ရေစီးသံတိုးညှင်းညှင်း ရေရှိန်ခပ်နှေးနှေးအချိန်တွင် ခန္ဓာကိုယ်၏သွေးလည်ပတ်မှုကိုတိုးတက်စေကာ အရေပြားအောက် သွေးစုစည်းခြင်းဝေဒနာများကို သက်သာစေပြီး ခန္ဓာကိုယ်ကိုကြံ့ခိုင်စေသည် ။ သို့သော် ရေစီးသန်သည့်အချိန်တွင်မူ ကမ္ဘာပျက်ကိန်းကိုလက်ယပ်ခေါ်သည့်နှယ် ၊ လူများကို ပို၍နက်ရှိုင်းသောချောက်နက်ဆီသို့ဆွဲချကာ ငရဲ၌ထာဝရအပြစ်ခံစေ၏ ။

လူတစ်ဦးတစ်ယောက်ချင်းစီ၌ ထိန်းချုပ်ထားရသော လိုအင်ဆန္ဒများရှိပေသည် ။ ထို လိုအင်ဆန္ဒများကို ပိတ်သိမ်းထားနိုင်သကဲ့သို့ ဖွင့်ထုတ်ခြင်းလည်းပြုလုပ်နိုင်သည် ။လူတိုင်းသည် အန္တရာယ်နှင့်ကြုံတွေ့မရခင်အချိန်အထိ ကျူးကျော်ဝင်ရောက်လာသောအန္တရာယ်ကို သိရှိနားလည်ခြင်းမရှိဘဲ စိုးရိမ်ပူပန်မှုကင်းမဲ့သောဘဝဟု မှားယွင်းသည့်ဟန်ဆောင်မှုအောက်၌သာ ။

နှလုံးသား၏နက်နက်ရှိုင်းရှိုင်းတစ်နေရာတွင် ပုန်းကွယ်တည်ရှိနေသော လိုအင်ဆန္ဒများအကြောင်း ၊ အယ်လ်ကိုဟောက ယူဆောင်လာသော ထင်ယောင်ထင်မှားခံစားချက်များအောက် သူ့ကိုယ်သူ​ပျောက်ဆုံးကာ လက်လွှတ်လိုက်ရခြင်းအကြောင်းတို့ကို ရှန့်မင်အော်က သတိထားမိခဲ့၏ ။

လုဖုန်းအတွက်မူ ရှန့်မင်အော်အပေါ်ထားသည့် လိုအင်ဆန္ဒများက အသိစိတ် ၊ အခြေခံကျသော ဆုံးဖြတ်ချက်ချနိုင်သည့်စွမ်းရည်တို့ကို ဆုံးရှုံးစေကာ မပြောင်းလဲနိုင်သောအမှားတို့ကို ဖြစ်ပေါ်စေ၏ ။

ယခင်က ရှန့်မင်အော်အား ကာကွယ်ပေးမည် ၊ စောင့်ရှောက်ပေးမည်ဟု ကတိပေးခဲ့သောစကားလုံးများမှာ တန်ဖိုးမရှိသောစက္ကူတစ်စပေါ်ရှိ သုံးစားမရသည့် အာမခံချက်များသာ။ မိမိသည် ချီးယန်နှင့် ကွာခြားပါသည်ဟု လုဖုန်းပြောခဲ့ဖူး၏ ။ တကယ်တမ်းနောက်ဆုံးတွင် သူသည် ချီးယန်ထက် ပိုကောင်းသူတစ်ယောက်ပင် မဟုတ်ခဲ့။ စကားလုံးလှလှလေးများသာပြောတတ်သော လုဖုန်းနှင့်မတူညီစွာ အနည်းဆုံးတော့ ချီးယန်က ၎င်း၏စိတ်ဝေဒနာရှင်ဆန်ဆန် အပြုအမူများကို ပြောင်ပြောင်ရှင်းရှင်း ဖွင့်ပြခဲ့သေး၏ ။

ရှန့််မင်အော်ထံမှ ထိုးနှက်ခံရပြီးနောက်ဝယ် မိမိခေါင်းထဲသို့ အသိစိတ်အချို့ အမှန်တကယ် ရိုက်ထည့်ပေးလိုက်သလို လုဖုန်းခံစားလိုက်ရ၏ ။ မျှော်လင့်မထားသော အကြမ်းဖက်မှုမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ စွဲလမ်းမှု ၊ အုတ်အော်သောင်းနင်းဖြစ်မှုတို့ တစ်စတစ်စငြိမ်ကျသွားသကဲ့သို့ပင် ။ လုဖုန်းသည်လည်း အရာရာအပေါ်  ပြန်လည်တွေးတောမိကာ ရယ်စရာကောင်းသော လူတစ်ယောက်ဖြစ်ခဲ့သည်ကို မိမိကိုယ်တိုင် သိရှိနားလည်လိုက်တော့သည် ။

ထိုစာသင်နှစ်အတွက် ကျန်ရှိနေသမျှအချိန်အားလုံးကို ရှန့်မင်အော်အား ဆက်သွယ်ဖို့ရန် ကြိုးပမ်းခြင်းဖြင့် ကုန်လွန်စေသည် ။ လုဖုန်း ရှန့်မင်အော်ကို လူကိုယ်တိုင်သွားတွေ့ဖို့ မဝံ့ရဲ ၊ မျက်နှာပြစရာလည်းမရှိ ။ ထို့ကြောင့် မတတ်သာသည့်အဆုံး ဖုန်းခေါ်လျှင်ခေါ် ၊ မဟုတ်လျှင် စာသာပို့ဖြစ်တော့သည် ။

နေ့စဥ်နေ့တိုင်း ဖုန်းခေါ်ကာ စာရှည်များပေးပို့ခြင်းသည် လုဖုန်းအတွက် သတ်မှတ်ထားသော လုပ်ငန်းဆောင်တာတစ်ခုလိုပင် ။ ထိုစာရှည်များတွင် မည်မည်ရရမဟုတ်သော လုဖုန်း၏နေ့စဥ်ဘဝမှအကြောင်းအရာများ ၊ ဂရုစိုက်ဟန်စကားလုံးများ ၊ စစ်မှန်သော တောင်းပန်စကားများ ပါဝင်ပေ၏ ။ ရံဖန်ရံခါ အကောင်းဘက်သို့ဦးတည်သော ၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်သော စကားလုံးများကို ထည့်ရေးတတ်သေး၏ ။

ရှန့်မင်အော်ကား တစ်ခါမှ ဖုန်းကိုင်ခဲ့ခြင်းမရှိသလို လုဖုန်းပို့ထားသော စာများကိုလည်း ပြန်စာပေးပို့ခဲ့ခြင်းမျိုးမရှိခဲ့ ။ ဤနည်းအားဖြင့် နှစ်လတာကုန်ဆုံးသွားခဲ့ပြီး စာသင်နှစ်ကုန်ဆုံးကာ နွေရာသီအားလပ်ရက်ရောက်ရှိလာခဲ့တော့သည်။

ပုံမှန်ထူးမခြားနားသော နွေရာသီညတစ်ည ။ ထုံးစံအတိုင်း လုဖုန်း ရှန့်မင်အော်ကိုဖုန်းခေါ်လိုက်သည် ။ သို့သော် သည်တစ်ခေါက်တွင်တော့ ပြန်ဖြေလာသောအသံသည် အေးစက်စက် ၊ စက်ရုပ်ဆန်ဆန်အမျိုးသမီးတစ်ယောက်၏အသံမဟုတ်တော့ ။

စကားပြောသံမကြားရ ၊ ထိုအစား လုဖုန်းနားထဲတွင် တစ်ဖက်ခြမ်းမှအသက်ရှူသံတိုးညှင်းညှင်းက ပျံ့လွင့်လျက် ။ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လုဖုန်း အိပ်ရာထက် ပက်လက်လှန်လဲလျောင်းနေရာမှ ချက်ချင်းထထိုင်လိုက်မိသည် ။

"အကို..." လုဖုန်း၏အသံများမှာ တုန်ယင်နေခဲ့လျက် ။

အရင်တစ်ခေါက်က သူတို့နှစ်ယောက်ကြား ရန်ဖြစ်စကားများကြခြင်းကို ရှန့်မင်အော်ကမေ့ထားလိုက်ပုံရသည် ။ သူတို့ငယ်စဥ်အခါက မကြာမကြာသွားလေ့ရှိသော စွန့်ပစ်ခံအဆောက်အအုံဟောင်းကြီးတွင်  သူ့ကို မနက်ဖြန်လာတွေ့ရန် ရှန့်မင်အော်က ပြောလာခဲ့၏ ။

တည်နေရာက အတန်ငယ်ထူးဆန်းနေသော်ငြား လုဖုန်း မည်သည့်အရာကိုမှ မေးခွန်းမထုတ်ဖြစ်ခဲ့ ။ ရှန့်မင်အော်က သူ့အားလာစေချင်သောအခါ လုဖုန်းအနေဖြင့် ရှန့်မင်အော်ပြောသမျှကိုလိုက်နာကာ သတ်မှတ်ထားသောအချိန်တွင် ထိုနေရာဆီရောက်အောင်သွားလိမ့်မည် ။

ထိုနေရာကား လုဖုန်းနေသည့်နေရာနှင့် သိပ်မဝေးပေ ။ သူရောက်သွားသည့်အခါ ချိန်းထားသည့်အချိန်ထက် အနည်းငယ်စောနေခဲ့သေး၏ ။ သို့သော် ရှန့်မင်အော်အား ထိုနေရာတွင်မတွေ့ ။ ထိုအစား အချိန်အတော်ကြာ ထိုင်စောင့်နေခဲ့ဟန်ပေါ်သော ချီးယန်နှင့်သာ မထင်မှတ်ပဲဆုံတွေ့ရတော့သည်...။

----------

ဒူးခေါင်းနောက်ခြမ်းဆီမှ နာကျင်ခြင်းက ပိုမိုဆိုးရွာလာခြင်းနှင့်အတူ လုဖုန်း ရေအိမ်ကိုလက်ဖြင့်ထောက်လျက် တစ်ဖက်ခြမ်းဆီသို့ ယိုင်တိယိုင်တိုင်ဖြင့် ဒူးထောက်ကျသွားတော့သည် ။ လှည့်ကြည့်မိသောအခါ သမင်ဦးချိုတပ်တုတ်ကောက်ကို ပြန်လည်ရုပ်သိမ်းသွားသော ရှန့်မင်အော် ။

သန့်စင်ခန်းတံခါးကိုနောက်ကျောပေးထားလျက် ရှန့်မင်အော်က တုတ်ကောက်ဖြင့် လုဖုန်း၏မေးစေ့ကိုဆွဲမော့ကာ အထင်သေးဟန်ဖြင့် ကြည့်လာခဲ့၏ ။

"ဟန်ဆောင်နေတာတွေ ၊ ငါ့ကို တစ်ချိန်လုံးအာရုံစိုက်ဟန်ပြနေတာတွေ တော်သင့်ပြီ ၊ မင်း ငါ့ကို မကာကွယ်မစောင့်ရှောက်နိုင်ဘူး ၊ မင်းနဲ့စာရင် ဒီလောကမှာဘယ်လိုရှင်သန်ရမယ်ဆိုတဲ့အကြောင်း ငါကပိုတောင်နားလည်သဘောပေါက်သေးတယ်"

ရှန့်မင်အော်လက်ထဲရှိ တုတ်ကောက်က အောက်သို့ဖြည်းညင်းစွာလျှောဆင်းသွားပြီးနောက် ညှပ်ရိုးများကိုဖြတ်သန်းကာ လုဖုန်း၏နှလုံးတည်ရှိရာနေရာ၌ ရပ်တန့်သွားခဲ့၏ ။

"မင်းငါ့အတွက် ဘာလုပ်ပေးနိုင်မယ်လို့ထင်နေတာလဲ ? ကားတောင် ကောင်းကောင်းမမောင်းနိုင်ဘဲ ငါ့အတွက်  အလင်းပြပေးသလိုလို လမ်းပြပေးသလိုလို ကိုယ့်ကိုယ်ကိုထင်နေသေးတာလား ?  ၊ မင်း ဘယ်သူ့ကိုမှကာကွယ်မပေးနိုင်ဘူး ၊ လုဖုန်း "

လုဖုန်း မလှုပ်မယှက်ဘဲ ရှန့်မင်အော်ကိုသာစိုက်ကြည့်လျက်

"အကိုပြောတာမှန်တယ် ၊ ကျွန်တော်က ဟန်ပြလုပ်နေခဲ့တာ "

ရှန့်မင်အော်၏မျက်ခုံးများက လုဖုန်း၏တုံ့ပြန်စကား၌ အနည်းငယ်တွန့်ကွေးသွားခဲ့၏ ။ လုဖုန်း ပြုံးလိုက်ကာ

"အကို့ကို ဒီလိုမျိုး လိုက်နှောင့်ယှက်နေရတာကလည်း ခံစားလို့ကောင်းတယ်လေ "

ရှန့်မင်အော်၏မျက်နှာအမူအရာကား အတန်ငယ်ကြောက်စရာကောင်းသော ပုံစံဆီသို့ ကူးပြောင်းသွားခဲ့ပြီး လုဖုန်းရင်ဘတ်ပေါ်ရှိ တုတ်ကောက်၌လည်း ပို၍ပင် ဖိအားများလာလျက် ။

"မင်း..."

ရှန့်မင်အော်က နောက်ထပ်သတိပေးစကားဆိုမလာနိုင်ခင်မှာပင် လုဖုန်းက အလျင်ဖြင့် တုတ်ကောက်ကို အားနဲ့ဆွဲချလိုက်၏ ။ ရှန့်မင်အော်တစ်ယောက် သတိလက်လွတ်ဖြစ်သွားချိန်တွင် လုဖုန်းက ရှန့်မင်အော်၏ခေါင်းနောက်ဘက်ကို လက်ဖြင့်တွယ်ချိတ်လိုက်၏ ။ ထို့နောက် နောက်တစ်ကြိမ်မစဥ်းစားတော့ဘဲ ရှေ့သို့တိုးကာ ရှန့်မင်အော်၏နှုတ်ခမ်းကိုကိုက်လိုက်လေတော့သည် ။

တစ်ကောင်နှင့်တစ်ကောင် ကိုက်ဖြတ်ဆွဲဖြဲနေသော ၊ ခုခံတိုက်ခိုက်နေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတိရစ္ဆာန်နှစ်ကောင်နှယ် ။

အနံ့အသက်အချို့က လုဖုန်း၏အနံ့ခံအာရုံထဲ ချဥ်းနင်းဝင်ရောက်လာခဲ့၏ ။ ရှန့်မင်အော်၏ သန့်ရှင်းသပ်ရပ်သောရှပ်အင်္ကျီအပေါ် လုဖုန်းလက်ပေါ်ရှိ မသန့်ရှင်းသောအရည်တစ်ချို့ ပေစွန်းသွားခဲ့ပုံရသည် ။ ညစ်ပတ်သည်ဟု လုဖုန်းခံစားရမည့်အစား နတ်ဘုရားအချို့၏အသရေကို ဖျက်ဆီးလိုက်ရသည့်နှယ် သာယာမှုတစ်စုံတစ်ရာက တိုးထွက်လာလျက် ။ ရှန့်မင်အော်၏ဆံနွယ်များထဲ လုဖုန်းလက်ချောင်းများကို တိုးဝင်ရောယှက်စေသည် ။ အရာရာသည် စိုစွတ်ပူလောင်နေခဲ့ပြီး ရေမှန်း ချွေးမှန်း မခွဲခြားနိုင် ။

ဤအရာကား လုံးဝဥဿုံ အနမ်းတစ်ပွင့်ဟု ဆို၍မရ ။ ကြင်နာမှုအရိပ်အရောင် ရေးရေးလေးသော်မှ မပါဝင်ခဲ့သောကြောင့်ပင် ။ အစပထမ၌ လုဖုန်းကသာ ရှန့်မင်အော်ကို တစ်ဖက်သတ်တိုက်ခိုက်နေခဲ့ခြင်းဖြစ်၏ ။ အသားထဲထိုးဖောက်နစ်ဝင်သည်အထိ နှုတ်ခမ်းများကို ကိုက်ဆွဲလျက် သွေးတို့ကိုထွက်စေသည် ။ ရှန့်မင်အော်ကလည်း သူ့ကို ပြင်းပြင်းထန်ထန်ပင် ခုခံ၏ ။ သို့သော် ဤကဲ့သို့ ကျဥ်းကျုပ်လှသောနေရာမျိုးတွင် သူက ရှန့်မင်အော်အား ကော်ကဲ့သို့ကပ်နေချိန်၌ လုဖုန်းအားခွာချဖို့ရန် ခက်ခဲလှ၏ ။

ကိုယ်တိုင် တံခါးကိုလော့ခ်ချခဲ့သော ရှန့်မင်အော်အား ဤအရာက သင်ခန်းစာကောင်းတစ်ခု သင်ပေးလိမ့်မည် ။

ထို့နောက် ရှန့်မင်အော်ကား လုဖုန်း၏လုပ်ရပ်များအောက် အစပျိုးခံရပုံရသည် ။ တန်ပြန်တိုက်ခိုက်မှုတို့ကို စတင်လုပ်ဆောင်လာခဲ့တော့၏ ။ ပိုလွန်သော နာကျင်မှုများကိုပေးကာ ရှန့်မင်အော်က လုဖုန်းအား အကြွေးပြန်ဆပ်သည် ။ တစ်ခါတစ်ခါ လုဖုန်း၏လျှာကိုပင် ကိုက်မိတော့မတတ် ။

ဤအရာပြီးဆုံးချိန်ကို အနမ်းတစ်ပွင့်၏အဆုံးသတ်ဟုခေါ်ရပေမည်လား ၊ စစ်ပွဲတစ်ပွဲ၏ အဆုံးသတ်ဟုပင်ခေါ်ရပေမည်လား လုဖုန်းမသေချာ ။ သို့သော် သူတို့နှစ်ယောက်လုံး အဆုံးသတ်ချိန်တွင် မောဟိုက်နေခဲ့ကြ၏ ။

ရှန့်မင်အော်၏နှုတ်ခမ်းထက် လုဖုန်းကိုက်ဖြတ်ခဲ့သောအရာတစ်ချို့နှင့်အတူ အနီရောင်အစွန်းအထင်းများပါ တည်ရှိနေလျက် ။ လုဖုန်း၏အမြင်ထဲတွင် ရှန့်မင်အော်၏မျက်နှာအမူအရာကား  အချို့သောတဏှာရူးများထံမှ အသားယူခံရသော မိန်းမငယ်လေးတစ်ယောက်နှယ် အမျိုးမျိုးပြောင်းလဲနေခဲ့၏ ။

မိမိ၏နှုတ်ခမ်းများမှာလည်း ရှန့်မင်အော်ထက် မဆိုးလျှင်တောင် ဒဏ်ရာမနည်းလောက် ။ နှုတ်ခမ်းထက်ရှိ ပြတ်ရှရာများကို ထိတွေ့ချင်မိ၍ လက်ကိုမြှောက်ဖို့ပြင်လိုက်၏ ။ သို့သော် ရုတ်တရက် လက်ပေနေသည်ကို သတိရလိုက်မိသည်ဖြစ်ရာ လုဖုန်း မထိဖြစ်တော့ဘဲ လက်ကိုအောက်ပြန်ချထားလိုက်တော့သည် ။

"အကို ၊ အခု ကျွန်တော့်ကိုဒေါသထွက်လို့ရပြီ "

လုဖုန်း ထိုင်နေရာမှထကာ ရေအိမ်အဖုံးပေါ်တက်ထိုင်လိုက်၏ ။ ယခုလက်ရှိ မိမိကိုယ်မိမိ မည်မျှလောက်ထိ အရှက်မဲ့နေမှန်း သိလျက်နှင့်ပင် ထိုစကားကို လုဖုန်းပြောလိုက်ခြင်း ။ သေပြီးသားဝက်တစ်ကောင်က ရေနွေးပူပူဖြင့်ပြုတ်ခံရမည်ကို မကြောက်ဟူသော စကားပုံပင်ရှိသေးသည်မလား ။ လုဖုန်း ခံယူထားသောစိတ်နေစိတ်ထားကလည်း ထိုစကားပုံ၏သဘောတရားအတိုင်းပင် ။

လွန်လေပြီးသော ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း လက်ထဲမှပြုတ်ကျသွားသောတုတ်ကောက်ကို ရှန့်မင်အော်က ကောက်ယူလိုက်သည် ။ လုဖုန်းအား ပြစ်တင်စကားဆိုဖို့ ရှန့်မင်အော်က ပြင်နေစဥ်မှာပင် တံခါးအပြင်ဘက်ဆီမှ လူသံအချို့ချဥ်းကပ်လာသည်ကို ကြားလိုက်ရတော့သည် ။

ရှန့်မင်အော်ကား ခေတ္တမျှ တောင့်တင်းသွားပြီးနောက်တွင် ခန္ဓာကိုယ်သက်တောင့်သက်သာဖြစ်အောင် စိတ်ကိုလျှော့ချလိုက်ပုံရသည် ။ လုဖုန်း ရှန့်မင်အော်အား စိတ်ဝင်တစားကြည့်နေမိရင်း ရုတ်တရက် တစ်စုံတစ်ခုကို သိချင်စိတ်များဖြစ်ပေါ်လာရ၏ ။
ရှန့်မင်အော်တစ်ယောက် အသံထွက်လိမ့်မည်လော ...ဤသန့်စင်ခန်းငယ်အတွင်း ညီငယ်ဖြစ်သူနှင့် မပြောနိုင်လောက်အောင်ဆိုးရွားသောကိစ္စမျိုးလုပ်ဆောင်နေသည်ကို အခြားသူများအား ပေးသိလိမ့်မည်လော ဆိုသည့်အရာပင် ။

လုဖုန်း ရှန့်မင်အော်၏ခြေထောက်များပေါ် လက်ကိုတင်လိုက်သည် ။ ထို့နောက် အသံမထွက်စေဘဲ အထက်ပိုင်းဆီသို့ ညင်ညင်သာသာ ဖြေးဖြေးညင်းညင်း ခရီးဆက်သည် ။ အထူးသဖြင့် ရှန့်မင်အော်၏ အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဆီသို့ ။

ရှန့်မင်အော်က လုဖုန်းအား စူးစူးရဲရဲစိုက်ကြည့်လာခဲ့၏ ။ အကြည့်များကာ ကြောက်မက်ဖွယ်အငွေ့အသက် ၊ အန္တရာယ်အငွေ့အသက်တို့ဖြင့် ဖုံးလွှမ်းလျက် ။ သို့သော် ရှန့်မင်အော်ကား လုဖုန်းကို ရပ်တန့်ဖို့ရန် တစ်ခွန်းပင်မပြော ၊ အသံပင်မထွက် ။ ရှန့်မင်အော်သည်းခံနိုင်သော အတိုင်းအတာတစ်ခုအတွင်း ရှိနေသေးကြောင်း လုဖုန်းသိနေခဲ့ပါ၏ ။

"အောက်ထပ်က စားသောက်ဆိုင်က အတော်မိုက်တယ် ၊ အသစ်ထုတ်ထားတဲ့ နာနတ်သီးပေါင်မုန့်ဆို အတော်စားလို့ကောင်းပဲ ...."

"သောက်ပြီးရင် ညဘက်တော်တော်နဲ့ မအိပ်နိုင်တာကလွဲလို့ milk tea လည်း ကောင်းတဲ့အထဲပါတယ် .."

သန့်စင်ခန်းထဲဝင်လာသူနှစ်ဦးမှာ စကားစမြည်ပြောနေကြပြီး ရှန့်မင်အော်နှင့်မိမိ၏တည်ရှိမှုကို သိရှိသေးပုံမပေါ် ။

ဤသည်ကိုအခွင့်ကောင်းယူကာ ပို၍တွန်းအားပေးဖို့ လုဖုန်းပြင်လိုက်သည် ။ အသံတိုးနိုင်သမျှတိုးအောင် ကြိုးပမ်းလျက် ​ဘောင်းဘီဇစ်ကို ​ဖြေးဖြေးချင်း ဆွဲချလိုက်၏ ။

ရှန့်မင်အော်က သူ့လက်ကိုဆွဲကိုင်လာသည့်တိုင် စကားတစ်လုံးတော့မပြောခဲ့ ။

ဤနေရာကား ရှန့်မင်အော်အုပ်စိုးရာနယ်မြေ ၊ စီမံအုပ်ချုပ်ရာနယ်မြေ ။ သို့ဖြစ်ရာ ရှန့်မင်အော်တစ်ယောက် သူ၏ကြည့်ရှုဖို့မသင့်တော်သောအခြေအနေမျိုးကို လက်အောက်ငယ်သားများအား အဘယ်သို့ မြင်စေဝံ့မည်နည်း ?

ရှန့်မင်အော်တစ်ယောက် အသံလုံးဝမထွက်ဘဲ အဆုံးထိတောင့်ခံမည်ကို လုဖုန်းသိနေခဲ့သည် ။ ထို့ကြောင့် ပိုလို့ပင်ရဲတင်းလာကာ အဆင်အခြင်မဲ့လာခဲ့၏ ။

ရှန့်မင်အော်က သူ့တံတောင်ဆစ်အား ဆွဲကိုင်လာသည့်တိုင် လုဖုန်းပြန်မတုံ့ပြန်သေး ။ ထိုအစား အကြည့်တို့ကိုသာ အထက်သို့မြှောက်တင်ကာ ရှန့်မင်အော်နှင့်အကြည့်ချင်းဆုံစေပြီး စိတ်ဆွသလိုဖြစ်စေရန် တစ်ချက်​ပြုံးပြလိုက်သည် ။ ထို့နောက်  ခန္ဓာကိုယ်ကို အောက်သို့ ဖြည်းဖြည်းညင်း နှိမ့်ချ၏ ။

"ကြက်အူချောင်းကလည်း စားကောင်းတာပဲ ၊ ကြီးလည်းကြီးတယ် ၊ ရှည်လည်းရှည်သေးတယ်.."

သူပြောလိုက်သောစကားက အခြားအဓိပ္ပာယ်သက်ရောက်နိုင်သေးကြောင်း သတိပြုမိသွားသောထိုလူက စကားပြောနေရင်း ရပ်တန့်သွားခဲ့၏ ။ ထို့နောက်တွင်မှ ကိုးရိုးကားယားနှင့်ပင် ဆက်ပြောလာတော့၏ ။

"ဘယ်လိုပဲဖြစ်ဖြစ် ၊ အဲ့ကြက်အူချောင်းတွေက စားကောင်းတယ်."

သို့သော် တစ်ဖက်လူကား ထိုလူ့စကားလုံးများ၏အောက်ခြေ၌ ငုပ်လျိုးနေသောအဓိပ္ပာယ်ကို ရိပ်မိပုံမရ ။ စောစောက စကားကိုတုံ့ပြန်လာခဲ့၏ ။

"ဟုတ်တယ် ၊ အရမ်းပူတာကလွဲလို့ အထဲမှာ ချိစ်လေးတွေဖြည့်ထားတာတော့ အရမ်းစားကောင်းတယ် ၊ အရင်တစ်ခေါက် ငါစားတုန်းက အရမ်းပူတော့ လျှာကျက်သွားသေးတယ် .."

"သူတို့ရဲ့ အရည်ရွှမ်းတဲ့အသားလုံးရောပဲ ၊  တော်တော်စားလို့ကောင်းတယ်...."

[ Eng translator's note - juicy beef balls , အရည်ရွှမ်းတဲ့အသားလုံးဟင်းပွဲက တရုတ်မှာနာမည်ကြီးပါတယ် ၊ တရုတ်မှာကတော့ Pissing beef ball လို့လဲ ဟာသအနေနဲ့ခေါ်ကြပါသေးတယ် ၊ ဘာလို့ဆို သူကကိုက်လိုက်တာနဲ့ အပေါ့သွားသလို  အသားလုံးထဲက အရည်ပန်းထွက်လာလို့ပါ ၊ နာမည်ကသိပ်မကောင်းပေမဲ့ အထဲမှာ တကယ်အရည်ရွှမ်းပါတယ်တဲ့ XDDD ]

'မင်းတို့တွေ သန့်စင်ခန်းထဲမှာ ကြက်အူချောင်းတွေ ၊ အသားလုံးတွေအကြောင်း အသေအလဲ မဆွေးနွေးပဲ နေလို့ရမလား !? ငါအခု နားထောင်ပြီးတော့ ဗိုက်တောင်ဆာနေပြီ 'ဟု လုဖုန်း စိတ်ထဲကနေ ဟစ်အော်လိုက်မိသည် ။

လုဖုန်း ရည်ရွယ်ထားသည်ထက် အားပိုသုံးမိသွားခဲ့၏ ။ တစ်ပြိုင်နက်တည်းမှာပင် လုဖုန်းအထက်မှ အောင့်အီးသည်းခံမြိုသိပ်ထားရသောအသံတစ်ခုကထွက်ပေါ်လာခဲ့ပြီး လုဖုန်း၏ဆံပင်များမှာလည်း အားအပြည့်ဖြင့်ဆွဲဆုပ်ခြင်း ခံထားရလျက် ။ ရှန့်မင်အော်ကား လုဖုန်းကို အဝေးတစ်နေရာသို့ ဆွဲခေါ်သွားချင်နေပုံရသည်။

အပြင်ဘက်ရှိ လူနှစ်ယောက်မှာ ထိုစားသောက်ဆိုင်၏စားကောင်းသောက်ဖွယ်များအကြောင်း ဆက်လက်ဆွေးနွေးနေခဲ့ကြပြီးနောက် လက်ဆေးကာ အေးဆေးသောအရှိန်နှုန်းဖြင့် သန့်စင်ခန်းထဲမှ ထွက်ခွာသွားခဲ့ကြ၏ ။

ရေတစ်စက်ပြီးတစ်စက်ကျနေသော ရေပိုက်ခေါင်းကိုပိတ်ဖို့ရန်က လွယ်ကူသောအလုပ်တစ်ခု ။ သို့သော် အက်ကြောင်းရှိသော ပိုက်တစ်ခုကိုပိတ်ဖို့ရန်ကမူ ပို၍ပင်ခက်ခဲလှသည်မလား ?

လိုအင်ဆန္ဒသည်လည်း ထိုကဲ့သို့ပင် ။

ယောက်ျားတစ်ယောက်၏လိုအင်ဆန္ဒနှင့်ပတ်သက်လာလျှင်မူ သာလွန်၍ပင် ခက်ခဲလှသေး၏ ။

အမျိုးသားသန့်စင်ခန်းထဲ၌ တစ်ဖန်ပြန်လည်၍ လုဖုန်းနှင့်ရှန့်မင်အော် နှစ်ယောက်တည်းသာကျန်ရစ်တော့သည် ။ တိတ်ဆိတ်မှုကား ဆက်လက်ကြီးစိုးနေဆဲ ။

သေသေချာချာနားစိုက်ထောင်သော် တိတ်ဆိတ်မှုချည်းသာမဟုတ် ။ လူများ၏အတွေးကို အထိန်းအကွပ်မဲ့သောအတိုင်းအတာတစ်ခုအထိ ဦးဆောင်သွားနိုင်သော ကျိုးတိုးကျဲတဲအသံများ ၊ မထင်မှတ်ထားသည့် ဆူညံသံများကိုပါ ကြားနိုင်ပေလိမ့်မည် ။

လူများမတွေ့စေရန် ဆိုသည့်အကြောင်းကိစ္စက သူတို့နှစ်ယောက်လုံး၏စိတ်ထဲတွင် ရှိမနေတော့သကဲ့သို့ တစ်စုံတစ်ယောက် လမ်းလျှောက်ဝင်လာလာ , မဝင်လာလာ ကြောက်ရွံ့စိုးရိမ်ခြင်းလည်း မရှိကြတော့ ။

ရှန့်မင်အော်က လုဖုန်းကိုလွှတ်လိုက်ကာ သန့်စင်ခန်း၏တံခါးထက် နောက်ကျောမှီထားခဲ့၏ ။ တစ်ချက်တစ်ချက် မောဟိုက်လျက် ဆံနွယ်များထဲ လက်ချောင်းများကိုထိုးဖွလျက် ။

လုဖုန်း တစ်ဖက်ခြမ်းသို့လှည့်ကာ ပါးစပ်ထဲရှိအရာများကို ထွေးထုတ်လိုက်ပြီးနောက် ရေဆွဲချလိုက်သည် ။ တစ်ချိန်တည်းမှာပင် နောက်ပါးဆီမှ တံခါးလော့ခ်ဖွင့်သံကို ကြားလိုက်ရတော့၏ ။

လုဖုန်း ခဏအကြာ နောက်လှည့်ကြည့်မိသောအခါ ထင်ထားသည့်အတိုင်းပင် ။ ရှန့်မင်အော်က သန့်စင်ခန်းငယ်ထဲမှ လမ်းလျှောက်ထွက်သွားခဲ့လေပြီ ။

လုဖုန်းလည်း လက်ကိုတစ်သျှူးဖြင့်သုတ်ပြီးနောက် ထိုသန့်စင်ခန်းငယ်ထဲမှ ထွက်လာခဲ့၏ ။

ရှန့်မင်အော်ကား မှန်ထက်မှ ပုံရိပ်ကိုသာစိုက်ကြည့်နေခဲ့၏ ။ တွန့်ကြေနေသောရှပ်အင်္ကျီ ၊ အကိုက်ခံထားရ၍ ရောင်နေသောနှုတ်ခမ်းများနှင့်အတူ ဒေါသထွက်နေဟန်မျက်နှာအမူအရာဖြင့်။

လုဖုန်းက အခြားဘေစင်တစ်ခုတွင် လက်ဆေးနေခဲ့၏ ။ ရှန့်မင်အော်ကို ဤသို့သောပုံစံမျိုးနှင့်မြင်လိုက်ရချိန်တွင် မည်ကဲ့သို့ခံစားလိုက်ရမှန်း လုဖုန်းမသေချာ ။ ရှန့်မင်အော်နားသို့ သူလျှောက်သွားကာ

"တောင်းပန်ပါတယ် ၊ ကျွန်တော်နည်းနည်းလေး ကြမ်းမိသွားတယ် "

လုဖုန်း အားအတော်သုံးခဲ့မိသည်မှာ မှန်သည် ။ သို့သော် ရှန့်မင်အော်ကလည်း သူ့အပေါ်  ငြင်သာမှုမရှိခဲ့ ။ လုဖုန်း လျှာကိုထုတ်ကာ အနည်းငယ်စစ်ဆေးလိုက်သည် ။ ရှန့်မင်အော်က အမှန်တကယ်ပင် သူ့လျှာကိုကိုက်ခဲ့ခြင်းကြောင့်အရေပြားအချို့ပေါက်သွားကြောင်း တွေ့လိုက်ရတော့၏ ။

ကံကောင်းစွာပင် လုဖုန်းအရှောင်မြန်ခဲ့၍သာ သည်လောက်ထိပဲ ဒဏ်ရာရခဲ့ခြင်း ။ ထိုသို့မဟုတ်ဘဲ ရှန့်မင်အော်ကသာ သူ့လျှာကိုကိုက်ချလိုက်နိုင်လျှင် လုဖုန်းအတော်ပင် အထိနာသွားလောက်သည် ။

လုဖုန်း စက္ကူတစ်သျှူးတစ်ခုကို ဆွဲယူလိုက်ကာ လက်ကိုခြောက်အောင်လုပ်ပြီးနောက် ရှန့်မင်အော်၏တည်ရှိမှုကို သိရှိဖို့ရန်မကြိုးစားဘဲ ၊ ရှန့်မင်အော်အား တစ်ချက်မကြည့်ဘဲ သန့်စင်ခန်းထဲမှထွက်လာခဲ့တော့၏ ။

လုဖုန်း ရှေ့နေရုံးခန်းဆီသို့ ပြန်သွားချင်စိတ်လည်းမရှိတော့ ။ ဒုတိယအကြိမ် ကြားနာစစ်ဆေးခြင်းကို တက်ရောက်နိုင်သေးသည်ဟုသာ စိတ်ထဲထည့်ရင်း နောက်တစ်နေ့တွင် အပေါင်ဆိုင်သို့ပြန်ကာ မိမိ၏တာဝန်များကို ဆက်လက်လုပ်ဆောင်ဖို့ ပြင်လိုက်သည် ။

လုဖုန်း ဆိုင်ထဲဝင်ဝင်ချင်းပင် သူ့ထိုင်ခုံတွင်ထိုင်နေသော ဝေ့ရှဲကိုတွေ့လိုက်ရတော့၏ ။ လျိုရွဲ့ကား ထုံးစံအတိုင်း နေကြာစေ့စားကာ တီဗွီမှလွှင့်သာ ဒရာမာကိုကြည့်နေခဲ့၏ ။ သို့သော် ရှန်းရှောင်ရှဲကိုမူ မတွေ့ရ ။

"ဘယ်လိုဖြစ်လို့ စန်းကောဖြစ်နေတာလဲ ?

လုဖုန်း ဂျက်ကက်ကိုချွတ်ကာ ဆိုဖာတစ်ဖက်ခြမ်းဆီသို့ပစ်တင်လိုက်ပြီးနောက် ကောင်တာကိုမှီကာ မေးလိုက်၏ ။

"ကျွန်တော့်ညီလေး ရှောင်ရှဲ ဘယ်ရောက်သွားတာလဲ ? "

ဝေ့ရှဲကား ဖုန်းကိုကြည့်နေရာမှ ခေါင်းမော့လာပြီး အံ့သြတကြီးမေးလာတော့၏ ။

"မင်း ဘာလို့ပြန်လာတာလဲ ? မင်းအကို လုံးဝသက်သာသွားပြီလား ?"

"သူက အာဂ,လူသားဆိုတာ စန်းကောမသိဘူးလား ? ဒုတိယနေ့မှာတင် သူ့ဒဏ်ရာသက်သာသွားတာ "

ဝေ့ရှဲက လုဖုန်းအား မယုံနိုင်သလိုကြည့်ကာ နေရာကိုစနစ်တကျ ရှင်းလင်းရေးလုပ်ပြီးနောက် ထိုင်ခုံကို လုဖုန်းအား ပြန်ပေးလာတော့၏ ။

"ဒီနေ့ ငါက အစားထိုးလာပေးတာ ၊ ရှောင်ရှဲက အိမ်မှာကိစ္စတစ်ချို့ရှိလို့ဆိုပြီး ခွင့်တိုင်လာလို့"

ထိုစကားကိုကြားလိုက်လိုက်ချင်းပင် လုဖုန်းခေတ္တမျှကြောင်သွားသေး၏ ။ လုဖုန်း ရှန်းရှောင်ရှဲကို အချိန်အတော်ကြာသိနေခဲ့ပြီးဖြစ်သော်ငြား မိသားစုနှင့်ပတ်သက်၍ပြောဆိုခြင်းမျိုးကို တစ်ခါမှမကြားခဲ့ဖူးပေ ။ ရှန်းရှောင်ရှဲကား ကမ္ဘာမြေကြီး၏အက်ကြောင်းအတွင်းမှ ထွက်ပေါ်မွေးဖွားလာသူတစ်ယောက်နှယ် ။ အဖေမရှိ ၊ အမေမရှိ ၊ ဆွေမျိုးသားချင်းမရှိ ၊ စကားတစ်လုံးမှမပြောတတ်ခင်ကပင် မည်သို့တိုက်ခိုက်ရမည်ကို သိလာသူတစ်ယောက်နှယ် ။

"သူ့ကို ကောင်မလေးတစ်ယောက်ဖုန်းခေါ်တာ ကြားလိုက်သေးတယ် "
လျိုရွဲ့က စကားဝိုင်းထဲဝင်ပြောလာခဲ့၏ ။

လုဖုန်း ဝေ့ရှဲနှင့်အကြည့်ချင်းဆုံသွားခဲ့သေး၏ ။

"မဖြစ်နိုင်တာ ! ရှောင်ရှဲတစ်ယောက် လူကြီးဖြစ်လာပြီပဲ !"

"ငါ့သားလေးက နောက်ဆုံးတော့ အရွယ်ရောက်သွားပြီ ၊ ဒါလုံးဝ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်လောက်ဘူး ၊ ညနေကျ တကျွမ့်ကိုခေါ်ပြီး ပဲနီထမင်းစားရအောင် "

ဝေ့ရှဲက တံခါးကိုဖွင့်ကာ လုဖုန်းဘေးနားလျှောက်လာပြီးနောက် ပုခုံးကိုလက်ဖြင့်အသာပုတ်ကာ

"အခု ငါတို့မိသားစုထဲမှာ မင်းတစ်ယောက်ပဲကျန်တော့တာ ၊ မင်းမြန်မြန် စသင့်နေပြီနော် "

[Eng translator note - ပဲနီထမင်းက ဂျပန်ယဥ်ကျေးမှုမှာဆိုရင် မင်္ဂလာဆောင်တွေနဲ့ တစ်ခြားပျော်ပွဲရွှင်ပွဲတွေမှာ တည်ခင်းလေ့ရှိတဲ့ အထူးဟင်းပွဲတစ်မျိုးပါ ]

မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကိုမသိသော ဝေ့ရှဲက ထိုကိစ္စကိုအာရုံစိုက်ကာပြောလာခဲ့ခြင်း ။ လွန်ခဲ့သောအချိန်ကြာကြာကတည်းက ထိုကိစ္စက ပြီးခဲ့ပြီးသားဟု လုဖုန်းပြောလိုက်ချင်မိသည် ။

လျိုရွဲ့က နေကြာစေ့ထုတ်ကို ပစ်ချကာ နားနှစ်ဖက်ကို လက်ဖြင့်အုပ်လျက် ဟစ်အော်လာခဲ့၏ ။

"ဘာလို့ ၁၃နှစ်အထက်အကြောင်းအရာတွေ လာပြောနေကြတာလဲ ၊ ကျွန်မက ငယ်ငယ်လေးပဲရှိသေးတာ!"

ထိုညက ဝေ့ရှဲတစ်ယောက် ရှန်းရှောင်ရှဲကို ဆက်သွယ်ပါသော်ငြား လုံးဝဆက်သွယ်လို့မရခဲ့ ။ အကြိမ်ကြိမ် ဖုန်းခေါ်ဖို့ကြိုးစားသော်ငြား ရှန်းရှောင်ရှဲ၏ဖုန်းမှာ ပိတ်ထားဆဲပိတ်ထားမြဲပင် ။ နောက်ဆုံးတွင် ထိုပဲနီထမင်းကို စွပ်ပြုတ်အတွက် အသုံးချလိုက်ရတော့သည် ။

နောက်တစ်နေ့ ထပ်ဆက်သွယ်သော်လည်းမရ ၊ နောက်နေ့များတွင်လည်း မည်သူကမှ ရှန်းရှောင်ရှဲကို ဆက်သွယ်၍မရခဲ့ ။ ရှန်းရှောင်ရှဲကား ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားသူတစ်ယောက်နှယ်။

T/N
နိုယာ့ wattpad profile ထဲမှာ FGNL carrd linkလေးရှိပါတယ်
flyinggulls.carrd.co ပါ
အရင်တစ်ခေါက်ကလည်း တင်ပေးပြီးသားပေမဲ့ အခု Art အသစ်လေးတွေထပ်ထည့်ထားလို့ Remind လာလုပ်တာပါ
[Art တွေကိုကြည့်ရင် Side Cpအတွက် Spoilerလက်ဆောင်လေးပါရမှာပါ XD ]
sound track လေးတွေလည်း နားထောင်ကြည့်ကြပါနော် (≧▽≦)
အားလုံးပဲ ဒီကာလမှာ ဂရုစိုက်ကြပါ ကောင်းကောင်းစားကောင်းကောင်းအိပ်ပြီး စိတ်ချမ်းသာအောင် နေကြပါနော် တို့ဘာသာပြန်လေးက အသည်းကွဲစေတယ်ဆိုရင်တော့ ဆောတီးပါရှင် XDDDD

ZAWGYI

CH38- I'VE ALREADY LEFT THAT CLUB AGES AGO.OKAY?

စိတ္ပ်က္အားငယ္မႈ ေမွ်ာ္လင့္ခ်က္မဲ့မႈတို႔ၾကားမွ  ထြက္ေပၚလာခဲ့ေသာ ႐ူး႐ူးမူးမူးစြန့္စားခဲ့ျခင္းတစ္မ်ိဳးပင္ ။ အလြန္တရာ ကေလးဆန္ၿပီး တုံးအလြန္းလွသည္ ။ ႀကီးျပင္းဆဲျဖစ္ေသာ ကေလးဆိုးတစ္ေယာက္ဟု ခ်ီးယန္က သူ႕အားေခၚခဲ့သည္မွာ အဆန္းမဟုတ္ ။ ရွန့္မင္ေအာ္တစ္ေယာက္ ဤေလာက္ထိ ေဒါသထြက္ရျခင္းမွာ... အဆန္းမဟုတ္ေတာ့ ။

မိမိလုပ္ရပ္မ်ားအတြက္ တစ္ႀကိမ္ထက္မက လုဖုန္း ေနာင္တရကာ ပူေဆြးေသာကေရာက္ရသည္။

လိုအင္ဆႏၵဟူသည္ကား ေရတံခြန္ကဲ့သို႔အရာ ။ ေရစီးသံတိုးညွင္းညွင္း ေရရွိန္ခပ္ေႏွးေႏွးအခ်ိန္တြင္ ခႏၶာကိုယ္၏ေသြးလည္ပတ္မႈကိုတိုးတက္ေစကာ အေရျပားေအာက္ ေသြးစုစည္းျခင္းေဝဒနာမ်ားကို သက္သာေစၿပီး ခႏၶာကိုယ္ကိုႀကံ့ခိုင္ေစသည္ ။ သို႔ေသာ္ ေရစီးသန္သည့္အခ်ိန္တြင္မူ ကမာၻပ်က္ကိန္းကိုလက္ယပ္ေခၚသည့္ႏွယ္ ၊ လူမ်ားကို ပို၍နက္ရွိုင္းေသာေခ်ာက္နက္ဆီသို႔ဆြဲခ်ကာ ငရဲ၌ထာဝရအျပစ္ခံေစ၏ ။

လူတစ္ဦးတစ္ေယာက္ခ်င္းစီ၌ ထိန္းခ်ဳပ္ထားရေသာ လိုအင္ဆႏၵမ်ားရွိေပသည္ ။ ထို လိုအင္ဆႏၵမ်ားကို ပိတ္သိမ္းထားနိုင္သကဲ့သို႔ ဖြင့္ထုတ္ျခင္းလည္းျပဳလုပ္နိုင္သည္ ။လူတိုင္းသည္ အႏၲရာယ္ႏွင့္ႀကဳံေတြ႕မရခင္အခ်ိန္အထိ က်ဴးေက်ာ္ဝင္ေရာက္လာေသာအႏၲရာယ္ကို သိရွိနားလည္ျခင္းမရွိဘဲ စိုးရိမ္ပူပန္မႈကင္းမဲ့ေသာဘဝဟု မွားယြင္းသည့္ဟန္ေဆာင္မႈေအာက္၌သာ ။

ႏွလုံးသား၏နက္နက္ရွိုင္းရွိုင္းတစ္ေနရာတြင္ ပုန္းကြယ္တည္ရွိေနေသာ လိုအင္ဆႏၵမ်ားအေၾကာင္း ၊ အယ္လ္ကိုေဟာက ယူေဆာင္လာေသာ ထင္ေယာင္ထင္မွားခံစားခ်က္မ်ားေအာက္ သူ႕ကိုယ္သူ​ေပ်ာက္ဆုံးကာ လက္လႊတ္လိုက္ရျခင္းအေၾကာင္းတို႔ကို ရွန့္မင္ေအာ္က သတိထားမိခဲ့၏ ။

လုဖုန္းအတြက္မူ ရွန့္မင္ေအာ္အေပၚထားသည့္ လိုအင္ဆႏၵမ်ားက အသိစိတ္ ၊ အေျခခံက်ေသာ ဆုံးျဖတ္ခ်က္ခ်နိဳင္သည့္စြမ္းရည္တို႔ကို ဆုံးရႈံးေစကာ မေျပာင္းလဲနိုင္ေသာအမွားတို႔ကို ျဖစ္ေပၚေစ၏ ။

ယခင္က ရွန့္မင္ေအာ္အား ကာကြယ္ေပးမည္ ၊ ေစာင့္ေရွာက္ေပးမည္ဟု ကတိေပးခဲ့ေသာစကားလုံးမ်ားမွာ တန္ဖိုးမရွိေသာစကၠဴတစ္စေပၚရွိ သုံးစားမရသည့္ အာမခံခ်က္မ်ားသာ။ မိမိသည္ ခ်ီးယန္ႏွင့္ ကြာျခားပါသည္ဟု လုဖုန္းေျပာခဲ့ဖူး၏ ။ တကယ္တမ္းေနာက္ဆုံးတြင္ သူသည္ ခ်ီးယန္ထက္ ပိုေကာင္းသူတစ္ေယာက္ပင္ မဟုတ္ခဲ့။ စကားလုံးလွလွေလးမ်ားသာေျပာတတ္ေသာ လုဖုန္းႏွင့္မတူညီစြာ အနည္းဆုံးေတာ့ ခ်ီးယန္က ၎၏စိတ္ေဝဒနာရွင္ဆန္ဆန္ အျပဳအမူမ်ားကို ေျပာင္ေျပာင္ရွင္းရွင္း ဖြင့္ျပခဲ့ေသး၏ ။

ရွန့္္မင္ေအာ္ထံမွ ထိုးႏွက္ခံရၿပီးေနာက္ဝယ္ မိမိေခါင္းထဲသို႔ အသိစိတ္အခ်ိဳ႕ အမွန္တကယ္ ရိုက္ထည့္ေပးလိုက္သလို လုဖုန္းခံစားလိုက္ရ၏ ။ ေမွ်ာ္လင့္မထားေသာ အၾကမ္းဖက္မႈမ်ိဳးႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ရေသာအခါ စြဲလမ္းမႈ ၊ အုတ္ေအာ္ေသာင္းနင္းျဖစ္မႈတို႔ တစ္စတစ္စၿငိမ္က်သြားသကဲ့သို႔ပင္ ။ လုဖုန္းသည္လည္း အရာရာအေပၚ  ျပန္လည္ေတြးေတာမိကာ ရယ္စရာေကာင္းေသာ လူတစ္ေယာက္ျဖစ္ခဲ့သည္ကို မိမိကိုယ္တိုင္ သိရွိနားလည္လိုက္ေတာ့သည္ ။

ထိုစာသင္ႏွစ္အတြက္ က်န္ရွိေနသမွ်အခ်ိန္အားလုံးကို ရွန့္မင္ေအာ္အား ဆက္သြယ္ဖို႔ရန္ ႀကိဳးပမ္းျခင္းျဖင့္ ကုန္လြန္ေစသည္ ။ လုဖုန္း ရွန့္မင္ေအာ္ကို လူကိုယ္တိုင္သြားေတြ႕ဖို႔ မဝံ့ရဲ ၊ မ်က္ႏွာျပစရာလည္းမရွိ ။ ထို႔ေၾကာင့္ မတတ္သာသည့္အဆုံး ဖုန္းေခၚလွ်င္ေခၚ ၊ မဟုတ္လွ်င္ စာသာပို႔ျဖစ္ေတာ့သည္ ။

ေန႕စဥ္ေန႕တိုင္း ဖုန္းေခၚကာ စာရွည္မ်ားေပးပို႔ျခင္းသည္ လုဖုန္းအတြက္ သတ္မွတ္ထားေသာ လုပ္ငန္းေဆာင္တာတစ္ခုလိုပင္ ။ ထိုစာရွည္မ်ားတြင္ မည္မည္ရရမဟုတ္ေသာ လုဖုန္း၏ေန႕စဥ္ဘဝမွအေၾကာင္းအရာမ်ား ၊ ဂ႐ုစိုက္ဟန္စကားလုံးမ်ား ၊ စစ္မွန္ေသာ ေတာင္းပန္စကားမ်ား ပါဝင္ေပ၏ ။ ရံဖန္ရံခါ အေကာင္းဘက္သို႔ဦးတည္ေသာ ၊ စိတ္ဓာတ္ခြန္အားျမႇင့္တင္ေပးနိုင္ေသာ စကားလုံးမ်ားကို ထည့္ေရးတတ္ေသး၏ ။

ရွန့္မင္ေအာ္ကား တစ္ခါမွ ဖုန္းကိုင္ခဲ့ျခင္းမရွိသလို လုဖုန္းပို႔ထားေသာ စာမ်ားကိုလည္း ျပန္စာေပးပို႔ခဲ့ျခင္းမ်ိဳးမရွိခဲ့ ။ ဤနည္းအားျဖင့္ ႏွစ္လတာကုန္ဆုံးသြားခဲ့ၿပီး စာသင္ႏွစ္ကုန္ဆုံးကာ ေႏြရာသီအားလပ္ရက္ေရာက္ရွိလာခဲ့ေတာ့သည္။

ပုံမွန္ထူးမျခားနားေသာ ေႏြရာသီညတစ္ည ။ ထုံးစံအတိုင္း လုဖုန္း ရွန့္မင္ေအာ္ကိုဖုန္းေခၚလိုက္သည္ ။ သို႔ေသာ္ သည္တစ္ေခါက္တြင္ေတာ့ ျပန္ေျဖလာေသာအသံသည္ ေအးစက္စက္ ၊ စက္႐ုပ္ဆန္ဆန္အမ်ိဳးသမီးတစ္ေယာက္၏အသံမဟုတ္ေတာ့ ။

စကားေျပာသံမၾကားရ ၊ ထိုအစား လုဖုန္းနားထဲတြင္ တစ္ဖက္ျခမ္းမွအသက္ရႉသံတိုးညွင္းညွင္းက ပ်ံ့လြင့္လ်က္ ။ စိတ္လႈပ္ရွားမႈအျပည့္ျဖင့္ လုဖုန္း အိပ္ရာထက္ ပက္လက္လွန္လဲေလ်ာင္းေနရာမွ ခ်က္ခ်င္းထထိုင္လိုက္မိသည္ ။

"အကို..." လုဖုန္း၏အသံမ်ားမွာ တုန္ယင္ေနခဲ့လ်က္ ။

အရင္တစ္ေခါက္က သူတို႔ႏွစ္ေယာက္ၾကား ရန္ျဖစ္စကားမ်ားၾကျခင္းကို ရွန့္မင္ေအာ္ကေမ့ထားလိုက္ပုံရသည္ ။ သူတို႔ငယ္စဥ္အခါက မၾကာမၾကာသြားေလ့ရွိေသာ စြန့္ပစ္ခံအေဆာက္အအုံေဟာင္းႀကီးတြင္  သူ႕ကို မနက္ျဖန္လာေတြ႕ရန္ ရွန့္မင္ေအာ္က ေျပာလာခဲ့၏ ။

တည္ေနရာက အတန္ငယ္ထူးဆန္းေနေသာ္ျငား လုဖုန္း မည္သည့္အရာကိုမွ ေမးခြန္းမထုတ္ျဖစ္ခဲ့ ။ ရွန့္မင္ေအာ္က သူ႕အားလာေစခ်င္ေသာအခါ လုဖုန္းအေနျဖင့္ ရွန့္မင္ေအာ္ေျပာသမွ်ကိုလိုက္နာကာ သတ္မွတ္ထားေသာအခ်ိန္တြင္ ထိုေနရာဆီေရာက္ေအာင္သြားလိမ့္မည္ ။

ထိုေနရာကား လုဖုန္းေနသည့္ေနရာႏွင့္ သိပ္မေဝးေပ ။ သူေရာက္သြားသည့္အခါ ခ်ိန္းထားသည့္အခ်ိန္ထက္ အနည္းငယ္ေစာေနခဲ့ေသး၏ ။ သို႔ေသာ္ ရွန့္မင္ေအာ္အား ထိုေနရာတြင္မေတြ႕ ။ ထိုအစား အခ်ိန္အေတာ္ၾကာ ထိုင္ေစာင့္ေနခဲ့ဟန္ေပၚေသာ ခ်ီးယန္ႏွင့္သာ မထင္မွတ္ပဲဆုံေတြ႕ရေတာ့သည္...။

----------

ဒူးေခါင္းေနာက္ျခမ္းဆီမွ နာက်င္ျခင္းက ပိုမိုဆိုး႐ြာလာျခင္းႏွင့္အတူ လုဖုန္း ေရအိမ္ကိုလက္ျဖင့္ေထာက္လ်က္ တစ္ဖက္ျခမ္းဆီသို႔ ယိုင္တိယိုင္တိုင္ျဖင့္ ဒူးေထာက္က်သြားေတာ့သည္ ။ လွည့္ၾကည့္မိေသာအခါ သမင္ဦးခ်ိဳတပ္တုတ္ေကာက္ကို ျပန္လည္႐ုပ္သိမ္းသြားေသာ ရွန့္မင္ေအာ္ ။

သန့္စင္ခန္းတံခါးကိုေနာက္ေက်ာေပးထားလ်က္ ရွန့္မင္ေအာ္က တုတ္ေကာက္ျဖင့္ လုဖုန္း၏ေမးေစ့ကိုဆြဲေမာ့ကာ အထင္ေသးဟန္ျဖင့္ ၾကည့္လာခဲ့၏ ။

"ဟန္ေဆာင္ေနတာေတြ ၊ ငါ့ကို တစ္ခ်ိန္လုံးအာ႐ုံစိုက္ဟန္ျပေနတာေတြ ေတာ္သင့္ၿပီ ၊ မင္း ငါ့ကို မကာကြယ္မေစာင့္ေရွာက္နိုင္ဘူး ၊ မင္းနဲ႕စာရင္ ဒီေလာကမွာဘယ္လိုရွင္သန္ရမယ္ဆိုတဲ့အေၾကာင္း ငါကပိုေတာင္နားလည္သေဘာေပါက္ေသးတယ္"

ရွန့္မင္ေအာ္လက္ထဲရွိ တုတ္ေကာက္က ေအာက္သို႔ျဖည္းညင္းစြာေလွ်ာဆင္းသြားၿပီးေနာက္ ညွပ္ရိုးမ်ားကိုျဖတ္သန္းကာ လုဖုန္း၏ႏွလုံးတည္ရွိရာေနရာ၌ ရပ္တန့္သြားခဲ့၏ ။

"မင္းငါ့အတြက္ ဘာလုပ္ေပးနိုင္မယ္လို႔ထင္ေနတာလဲ ? ကားေတာင္ ေကာင္းေကာင္းမေမာင္းနိုင္ဘဲ ငါ့အတြက္  အလင္းျပေပးသလိုလို လမ္းျပေပးသလိုလို ကိုယ့္ကိုယ္ကိုထင္ေနေသးတာလား ?  ၊ မင္း ဘယ္သူ႕ကိုမွကာကြယ္မေပးနိုင္ဘူး ၊ လုဖုန္း "

လုဖုန္း မလႈပ္မယွက္ဘဲ ရွန့္မင္ေအာ္ကိုသာစိုက္ၾကည့္လ်က္

"အကိုေျပာတာမွန္တယ္ ၊ ကြၽန္ေတာ္က ဟန္ျပလုပ္ေနခဲ့တာ "

ရွန့္မင္ေအာ္၏မ်က္ခုံးမ်ားက လုဖုန္း၏တုံ႕ျပန္စကား၌ အနည္းငယ္တြန့္ေကြးသြားခဲ့၏ ။ လုဖုန္း ၿပဳံးလိုက္ကာ

"အကို႔ကို ဒီလိုမ်ိဳး လိုက္ေႏွာင့္ယွက္ေနရတာကလည္း ခံစားလို႔ေကာင္းတယ္ေလ "

ရွန့္မင္ေအာ္၏မ်က္ႏွာအမူအရာကား အတန္ငယ္ေၾကာက္စရာေကာင္းေသာ ပုံစံဆီသို႔ ကူးေျပာင္းသြားခဲ့ၿပီး လုဖုန္းရင္ဘတ္ေပၚရွိ တုတ္ေကာက္၌လည္း ပို၍ပင္ ဖိအားမ်ားလာလ်က္ ။

"မင္း..."

ရွန့္မင္ေအာ္က ေနာက္ထပ္သတိေပးစကားဆိုမလာနိုင္ခင္မွာပင္ လုဖုန္းက အလ်င္ျဖင့္ တုတ္ေကာက္ကို အားနဲ႕ဆြဲခ်လိဳက္၏ ။ ရွန့္မင္ေအာ္တစ္ေယာက္ သတိလက္လြတ္ျဖစ္သြားခ်ိန္တြင္ လုဖုန္းက ရွန့္မင္ေအာ္၏ေခါင္းေနာက္ဘက္ကို လက္ျဖင့္တြယ္ခ်ိတ္လိုက္၏ ။ ထို႔ေနာက္ ေနာက္တစ္ႀကိမ္မစဥ္းစားေတာ့ဘဲ ေရွ႕သို႔တိုးကာ ရွန့္မင္ေအာ္၏ႏႈတ္ခမ္းကိုကိုက္လိုက္ေလေတာ့သည္ ။

တစ္ေကာင္ႏွင့္တစ္ေကာင္ ကိုက္ျဖတ္ဆြဲၿဖဲေနေသာ ၊ ခုခံတိုက္ခိုက္ေနေသာ ရက္စက္ၾကမ္းၾကဳတ္သည့္ သားရဲတိရစာၦန္ႏွစ္ေကာင္ႏွယ္ ။

အနံ႕အသက္အခ်ိဳ႕က လုဖုန္း၏အနံ႕ခံအာ႐ုံထဲ ခ်ဥ္းနင္းဝင္ေရာက္လာခဲ့၏ ။ ရွန့္မင္ေအာ္၏ သန့္ရွင္းသပ္ရပ္ေသာရွပ္အကၤ်ီအေပၚ လုဖုန္းလက္ေပၚရွိ မသန့္ရွင္းေသာအရည္တစ္ခ်ိဳ႕ ေပစြန္းသြားခဲ့ပုံရသည္ ။ ညစ္ပတ္သည္ဟု လုဖုန္းခံစားရမည့္အစား နတ္ဘုရားအခ်ိဳ႕၏အသေရကို ဖ်က္ဆီးလိုက္ရသည့္ႏွယ္ သာယာမႈတစ္စုံတစ္ရာက တိုးထြက္လာလ်က္ ။ ရွန့္မင္ေအာ္၏ဆံႏြယ္မ်ားထဲ လုဖုန္းလက္ေခ်ာင္းမ်ားကို တိုးဝင္ေရာယွက္ေစသည္ ။ အရာရာသည္ စိုစြတ္ပူေလာင္ေနခဲ့ၿပီး ေရမွန္း ေခြၽးမွန္း မခြဲျခားနိုင္ ။

ဤအရာကား လုံးဝဥႆုံ အနမ္းတစ္ပြင့္ဟု ဆို၍မရ ။ ၾကင္နာမႈအရိပ္အေရာင္ ေရးေရးေလးေသာ္မွ မပါဝင္ခဲ့ေသာေၾကာင့္ပင္ ။ အစပထမ၌ လုဖုန္းကသာ ရွန့္မင္ေအာ္ကို တစ္ဖက္သတ္တိုက္ခိုက္ေနခဲ့ျခင္းျဖစ္၏ ။ အသားထဲထိုးေဖာက္နစ္ဝင္သည္အထိ ႏႈတ္ခမ္းမ်ားကို ကိုက္ဆြဲလ်က္ ေသြးတို႔ကိုထြက္ေစသည္ ။ ရွန့္မင္ေအာ္ကလည္း သူ႕ကို ျပင္းျပင္းထန္ထန္ပင္ ခုခံ၏ ။ သို႔ေသာ္ ဤကဲ့သို႔ က်ဥ္းက်ဳပ္လွေသာေနရာမ်ိဳးတြင္ သူက ရွန့္မင္ေအာ္အား ေကာ္ကဲ့သို႔ကပ္ေနခ်ိန္၌ လုဖုန္းအားခြာခ်ဖိဳ႕ရန္ ခက္ခဲလွ၏ ။

ကိုယ္တိုင္ တံခါးကိုေလာ့ခ္ခ်ခဲ့ေသာ ရွန့္မင္ေအာ္အား ဤအရာက သင္ခန္းစာေကာင္းတစ္ခု သင္ေပးလိမ့္မည္ ။

ထို႔ေနာက္ ရွန့္မင္ေအာ္ကား လုဖုန္း၏လုပ္ရပ္မ်ားေအာက္ အစပ်ိဳးခံရပုံရသည္ ။ တန္ျပန္တိုက္ခိုက္မႈတို႔ကို စတင္လုပ္ေဆာင္လာခဲ့ေတာ့၏ ။ ပိုလြန္ေသာ နာက်င္မႈမ်ားကိုေပးကာ ရွန့္မင္ေအာ္က လုဖုန္းအား အေႂကြးျပန္ဆပ္သည္ ။ တစ္ခါတစ္ခါ လုဖုန္း၏လွ်ာကိုပင္ ကိုက္မိေတာ့မတတ္ ။

ဤအရာၿပီးဆုံးခ်ိန္ကို အနမ္းတစ္ပြင့္၏အဆုံးသတ္ဟုေခၚရေပမည္လား ၊ စစ္ပြဲတစ္ပြဲ၏ အဆုံးသတ္ဟုပင္ေခၚရေပမည္လား လုဖုန္းမေသခ်ာ ။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္လုံး အဆုံးသတ္ခ်ိန္တြင္ ေမာဟိုက္ေနခဲ့ၾက၏ ။

ရွန့္မင္ေအာ္၏ႏႈတ္ခမ္းထက္ လုဖုန္းကိုက္ျဖတ္ခဲ့ေသာအရာတစ္ခ်ိဳ႕ႏွင့္အတူ အနီေရာင္အစြန္းအထင္းမ်ားပါ တည္ရွိေနလ်က္ ။ လုဖုန္း၏အျမင္ထဲတြင္ ရွန့္မင္ေအာ္၏မ်က္ႏွာအမူအရာကား  အခ်ိဳ႕ေသာတဏွာ႐ူးမ်ားထံမွ အသားယူခံရေသာ မိန္းမငယ္ေလးတစ္ေယာက္ႏွယ္ အမ်ိဳးမ်ိဳးေျပာင္းလဲေနခဲ့၏ ။

မိမိ၏ႏႈတ္ခမ္းမ်ားမွာလည္း ရွန့္မင္ေအာ္ထက္ မဆိုးလွ်င္ေတာင္ ဒဏ္ရာမနည္းေလာက္ ။ ႏႈတ္ခမ္းထက္ရွိ ျပတ္ရွရာမ်ားကို ထိေတြ႕ခ်င္မိ၍ လက္ကိုျမႇောက္ဖို႔ျပင္လိုက္၏ ။ သို႔ေသာ္ ႐ုတ္တရက္ လက္ေပေနသည္ကို သတိရလိုက္မိသည္ျဖစ္ရာ လုဖုန္း မထိျဖစ္ေတာ့ဘဲ လက္ကိုေအာက္ျပန္ခ်ထားလိုက္ေတာ့သည္ ။

"အကို ၊ အခု ကြၽန္ေတာ့္ကိုေဒါသထြက္လို႔ရၿပီ "

လုဖုန္း ထိုင္ေနရာမွထကာ ေရအိမ္အဖုံးေပၚတက္ထိုင္လိုက္၏ ။ ယခုလက္ရွိ မိမိကိုယ္မိမိ မည္မွ်ေလာက္ထိ အရွက္မဲ့ေနမွန္း သိလ်က္ႏွင့္ပင္ ထိုစကားကို လုဖုန္းေျပာလိုက္ျခင္း ။ ေသၿပီးသားဝက္တစ္ေကာင္က ေရေႏြးပူပူျဖင့္ျပဳတ္ခံရမည္ကို မေၾကာက္ဟူေသာ စကားပုံပင္ရွိေသးသည္မလား ။ လုဖုန္း ခံယူထားေသာစိတ္ေနစိတ္ထားကလည္း ထိုစကားပုံ၏သေဘာတရားအတိုင္းပင္ ။

လြန္ေလၿပီးေသာ ႐ုန္းရင္းဆန္ခတ္ျဖစ္မႈအတြင္း လက္ထဲမွျပဳတ္က်သြားေသာတုတ္ေကာက္ကို ရွန့္မင္ေအာ္က ေကာက္ယူလိုက္သည္ ။ လုဖုန္းအား ျပစ္တင္စကားဆိုဖို႔ ရွန့္မင္ေအာ္က ျပင္ေနစဥ္မွာပင္ တံခါးအျပင္ဘက္ဆီမွ လူသံအခ်ိဳ႕ခ်ဥ္းကပ္လာသည္ကို ၾကားလိုက္ရေတာ့သည္ ။

ရွန့္မင္ေအာ္ကား ေခတၱမွ် ေတာင့္တင္းသြားၿပီးေနာက္တြင္ ခႏၶာကိုယ္သက္ေတာင့္သက္သာျဖစ္ေအာင္ စိတ္ကိုေလွ်ာ့ခ်လိဳက္ပုံရသည္ ။ လုဖုန္း ရွန့္မင္ေအာ္အား စိတ္ဝင္တစားၾကည့္ေနမိရင္း ႐ုတ္တရက္ တစ္စုံတစ္ခုကို သိခ်င္စိတ္မ်ားျဖစ္ေပၚလာရ၏ ။
ရွန့္မင္ေအာ္တစ္ေယာက္ အသံထြက္လိမ့္မည္ေလာ ...ဤသန့္စင္ခန္းငယ္အတြင္း ညီငယ္ျဖစ္သူႏွင့္ မေျပာနိုင္ေလာက္ေအာင္ဆိုး႐ြားေသာကိစၥမ်ိဳးလုပ္ေဆာင္ေနသည္ကို အျခားသူမ်ားအား ေပးသိလိမ့္မည္ေလာ ဆိုသည့္အရာပင္ ။

လုဖုန္း ရွန့္မင္ေအာ္၏ေျခေထာက္မ်ားေပၚ လက္ကိုတင္လိုက္သည္ ။ ထို႔ေနာက္ အသံမထြက္ေစဘဲ အထက္ပိုင္းဆီသို႔ ညင္ညင္သာသာ ေျဖးေျဖးညင္းညင္း ခရီးဆက္သည္ ။ အထူးသျဖင့္ ရွန့္မင္ေအာ္၏ အေရးႀကီးေသာ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုဆီသို႔ ။

ရွန့္မင္ေအာ္က လုဖုန္းအား စူးစူးရဲရဲစိုက္ၾကည့္လာခဲ့၏ ။ အၾကည့္မ်ားကာ ေၾကာက္မက္ဖြယ္အေငြ႕အသက္ ၊ အႏၲရာယ္အေငြ႕အသက္တို႔ျဖင့္ ဖုံးလႊမ္းလ်က္ ။ သို႔ေသာ္ ရွန့္မင္ေအာ္ကား လုဖုန္းကို ရပ္တန့္ဖို႔ရန္ တစ္ခြန္းပင္မေျပာ ၊ အသံပင္မထြက္ ။ ရွန့္မင္ေအာ္သည္းခံနိုင္ေသာ အတိုင္းအတာတစ္ခုအတြင္း ရွိေနေသးေၾကာင္း လုဖုန္းသိေနခဲ့ပါ၏ ။

"ေအာက္ထပ္က စားေသာက္ဆိုင္က အေတာ္မိုက္တယ္ ၊ အသစ္ထုတ္ထားတဲ့ နာနတ္သီးေပါင္မုန့္ဆို အေတာ္စားလို႔ေကာင္းပဲ ...."

"ေသာက္ၿပီးရင္ ညဘက္ေတာ္ေတာ္နဲ႕ မအိပ္နိုင္တာကလြဲလို႔ milk tea လည္း ေကာင္းတဲ့အထဲပါတယ္ .."

သန့္စင္ခန္းထဲဝင္လာသူႏွစ္ဦးမွာ စကားစျမည္ေျပာေနၾကၿပီး ရွန့္မင္ေအာ္ႏွင့္မိမိ၏တည္ရွိမႈကို သိရွိေသးပုံမေပၚ ။

ဤသည္ကိုအခြင့္ေကာင္းယူကာ ပို၍တြန္းအားေပးဖို႔ လုဖုန္းျပင္လိုက္သည္ ။ အသံတိုးနိုင္သမွ်တိုးေအာင္ ႀကိဳးပမ္းလ်က္ ​ေဘာင္းဘီဇစ္ကို ​ေျဖးေျဖးခ်င္း ဆြဲခ်လိဳက္၏ ။

ရွန့္မင္ေအာ္က သူ႕လက္ကိုဆြဲကိုင္လာသည့္တိုင္ စကားတစ္လုံးေတာ့မေျပာခဲ့ ။

ဤေနရာကား ရွန့္မင္ေအာ္အုပ္စိုးရာနယ္ေျမ ၊ စီမံအုပ္ခ်ဳပ္ရာနယ္ေျမ ။ သို႔ျဖစ္ရာ ရွန့္မင္ေအာ္တစ္ေယာက္ သူ၏ၾကည့္ရႈဖို႔မသင့္ေတာ္ေသာအေျခအေနမ်ိဳးကို လက္ေအာက္ငယ္သားမ်ားအား အဘယ္သို႔ ျမင္ေစဝံ့မည္နည္း ?

ရွန့္မင္ေအာ္တစ္ေယာက္ အသံလုံးဝမထြက္ဘဲ အဆုံးထိေတာင့္ခံမည္ကို လုဖုန္းသိေနခဲ့သည္ ။ ထို႔ေၾကာင့္ ပိုလို႔ပင္ရဲတင္းလာကာ အဆင္အျခင္မဲ့လာခဲ့၏ ။

ရွန့္မင္ေအာ္က သူ႕တံေတာင္ဆစ္အား ဆြဲကိုင္လာသည့္တိုင္ လုဖုန္းျပန္မတုံ႕ျပန္ေသး ။ ထိုအစား အၾကည့္တို႔ကိုသာ အထက္သို႔ျမႇောက္တင္ကာ ရွန့္မင္ေအာ္ႏွင့္အၾကည့္ခ်င္းဆုံေစၿပီး စိတ္ဆြသလိုျဖစ္ေစရန္ တစ္ခ်က္​ၿပဳံးျပလိုက္သည္ ။ ထို႔ေနာက္  ခႏၶာကိုယ္ကို ေအာက္သို႔ ျဖည္းျဖည္းညင္း ႏွိမ့္ခ်၏ ။

"ၾကက္အူေခ်ာင္းကလည္း စားေကာင္းတာပဲ ၊ ႀကီးလည္းႀကီးတယ္ ၊ ရွည္လည္းရွည္ေသးတယ္.."

သူေျပာလိုက္ေသာစကားက အျခားအဓိပၸာယ္သက္ေရာက္နိုင္ေသးေၾကာင္း သတိျပဳမိသြားေသာထိုလူက စကားေျပာေနရင္း ရပ္တန့္သြားခဲ့၏ ။ ထို႔ေနာက္တြင္မွ ကိုးရိုးကားယားႏွင့္ပင္ ဆက္ေျပာလာေတာ့၏ ။

"ဘယ္လိုပဲျဖစ္ျဖစ္ ၊ အဲ့ၾကက္အူေခ်ာင္းေတြက စားေကာင္းတယ္."

သို႔ေသာ္ တစ္ဖက္လူကား ထိုလူ႕စကားလုံးမ်ား၏ေအာက္ေျခ၌ ငုပ္လ်ိဳးေနေသာအဓိပၸာယ္ကို ရိပ္မိပုံမရ ။ ေစာေစာက စကားကိုတုံ႕ျပန္လာခဲ့၏ ။

"ဟုတ္တယ္ ၊ အရမ္းပူတာကလြဲလို႔ အထဲမွာ ခ်ိစ္ေလးေတြျဖည့္ထားတာေတာ့ အရမ္းစားေကာင္းတယ္ ၊ အရင္တစ္ေခါက္ ငါစားတုန္းက အရမ္းပူေတာ့ လွ်ာက်က္သြားေသးတယ္ .."

"သူတို႔ရဲ႕ အရည္႐ႊမ္းတဲ့အသားလုံးေရာပဲ ၊  ေတာ္ေတာ္စားလို႔ေကာင္းတယ္...."

[ Eng translator's note - juicy beef balls , အရည္႐ႊမ္းတဲ့အသားလုံးဟင္းပြဲက တ႐ုတ္မွာနာမည္ႀကီးပါတယ္ ၊ တ႐ုတ္မွာကေတာ့ Pissing beef ball လို႔လဲ ဟာသအေနနဲ႕ေခၚၾကပါေသးတယ္ ၊ ဘာလို႔ဆို သူကကိုက္လိုက္တာနဲ႕ အေပါ့သြားသလို  အသားလုံးထဲက အရည္ပန္းထြက္လာလို႔ပါ ၊ နာမည္ကသိပ္မေကာင္းေပမဲ့ အထဲမွာ တကယ္အရည္႐ႊမ္းပါတယ္တဲ့ XDDD ]

'မင္းတို႔ေတြ သန့္စင္ခန္းထဲမွာ ၾကက္အူေခ်ာင္းေတြ ၊ အသားလုံးေတြအေၾကာင္း အေသအလဲ မေဆြးေႏြးပဲ ေနလို႔ရမလား !? ငါအခု နားေထာင္ၿပီးေတာ့ ဗိုက္ေတာင္ဆာေနၿပီ 'ဟု လုဖုန္း စိတ္ထဲကေန ဟစ္ေအာ္လိုက္မိသည္ ။

လုဖုန္း ရည္႐ြယ္ထားသည္ထက္ အားပိုသုံးမိသြားခဲ့၏ ။ တစ္ၿပိဳင္နက္တည္းမွာပင္ လုဖုန္းအထက္မွ ေအာင့္အီးသည္းခံၿမိဳသိပ္ထားရေသာအသံတစ္ခုကထြက္ေပၚလာခဲ့ၿပီး လုဖုန္း၏ဆံပင္မ်ားမွာလည္း အားအျပည့္ျဖင့္ဆြဲဆုပ္ျခင္း ခံထားရလ်က္ ။ ရွန့္မင္ေအာ္ကား လုဖုန္းကို အေဝးတစ္ေနရာသို႔ ဆြဲေခၚသြားခ်င္ေနပုံရသည္။

အျပင္ဘက္ရွိ လူႏွစ္ေယာက္မွာ ထိုစားေသာက္ဆိုင္၏စားေကာင္းေသာက္ဖြယ္မ်ားအေၾကာင္း ဆက္လက္ေဆြးေႏြးေနခဲ့ၾကၿပီးေနာက္ လက္ေဆးကာ ေအးေဆးေသာအရွိန္ႏႈန္းျဖင့္ သန့္စင္ခန္းထဲမွ ထြက္ခြာသြားခဲ့ၾက၏ ။

ေရတစ္စက္ၿပီးတစ္စက္က်ေနေသာ ေရပိုက္ေခါင္းကိုပိတ္ဖို႔ရန္က လြယ္ကူေသာအလုပ္တစ္ခု ။ သို႔ေသာ္ အက္ေၾကာင္းရွိေသာ ပိုက္တစ္ခုကိုပိတ္ဖို႔ရန္ကမူ ပို၍ပင္ခက္ခဲလွသည္မလား ?

လိုအင္ဆႏၵသည္လည္း ထိုကဲ့သို႔ပင္ ။

ေယာက္်ားတစ္ေယာက္၏လိုအင္ဆႏၵႏွင့္ပတ္သက္လာလွ်င္မူ သာလြန္၍ပင္ ခက္ခဲလွေသး၏ ။

အမ်ိဳးသားသန့္စင္ခန္းထဲ၌ တစ္ဖန္ျပန္လည္၍ လုဖုန္းႏွင့္ရွန့္မင္ေအာ္ ႏွစ္ေယာက္တည္းသာက်န္ရစ္ေတာ့သည္ ။ တိတ္ဆိတ္မႈကား ဆက္လက္ႀကီးစိုးေနဆဲ ။

ေသေသခ်ာခ်ာနားစိုက္ေထာင္ေသာ္ တိတ္ဆိတ္မႈခ်ည္းသာမဟုတ္ ။ လူမ်ား၏အေတြးကို အထိန္းအကြပ္မဲ့ေသာအတိုင္းအတာတစ္ခုအထိ ဦးေဆာင္သြားနိုင္ေသာ က်ိဳးတိုးက်ဲတဲအသံမ်ား ၊ မထင္မွတ္ထားသည့္ ဆူညံသံမ်ားကိုပါ ၾကားနိုင္ေပလိမ့္မည္ ။

လူမ်ားမေတြ႕ေစရန္ ဆိုသည့္အေၾကာင္းကိစၥက သူတို႔ႏွစ္ေယာက္လုံး၏စိတ္ထဲတြင္ ရွိမေနေတာ့သကဲ့သို႔ တစ္စုံတစ္ေယာက္ လမ္းေလွ်ာက္ဝင္လာလာ , မဝင္လာလာ ေၾကာက္႐ြံ႕စိုးရိမ္ျခင္းလည္း မရွိၾကေတာ့ ။

ရွန့္မင္ေအာ္က လုဖုန္းကိုလႊတ္လိုက္ကာ သန့္စင္ခန္း၏တံခါးထက္ ေနာက္ေက်ာမွီထားခဲ့၏ ။ တစ္ခ်က္တစ္ခ်က္ ေမာဟိုက္လ်က္ ဆံႏြယ္မ်ားထဲ လက္ေခ်ာင္းမ်ားကိုထိုးဖြလ်က္ ။

လုဖုန္း တစ္ဖက္ျခမ္းသို႔လွည့္ကာ ပါးစပ္ထဲရွိအရာမ်ားကို ေထြးထုတ္လိုက္ၿပီးေနာက္ ေရဆြဲခ်လိဳက္သည္ ။ တစ္ခ်ိန္တည္းမွာပင္ ေနာက္ပါးဆီမွ တံခါးေလာ့ခ္ဖြင့္သံကို ၾကားလိုက္ရေတာ့၏ ။

လုဖုန္း ခဏအၾကာ ေနာက္လွည့္ၾကည့္မိေသာအခါ ထင္ထားသည့္အတိုင္းပင္ ။ ရွန့္မင္ေအာ္က သန့္စင္ခန္းငယ္ထဲမွ လမ္းေလွ်ာက္ထြက္သြားခဲ့ေလၿပီ ။

လုဖုန္းလည္း လက္ကိုတစ္သ်ႉးျဖင့္သုတ္ၿပီးေနာက္ ထိုသန့္စင္ခန္းငယ္ထဲမွ ထြက္လာခဲ့၏ ။

ရွန့္မင္ေအာ္ကား မွန္ထက္မွ ပုံရိပ္ကိုသာစိုက္ၾကည့္ေနခဲ့၏ ။ တြန့္ေၾကေနေသာရွပ္အကၤ်ီ ၊ အကိုက္ခံထားရ၍ ေရာင္ေနေသာႏႈတ္ခမ္းမ်ားႏွင့္အတူ ေဒါသထြက္ေနဟန္မ်က္ႏွာအမူအရာျဖင့္။

လုဖုန္းက အျခားေဘစင္တစ္ခုတြင္ လက္ေဆးေနခဲ့၏ ။ ရွန့္မင္ေအာ္ကို ဤသို႔ေသာပုံစံမ်ိဳးႏွင့္ျမင္လိုက္ရခ်ိန္တြင္ မည္ကဲ့သို႔ခံစားလိုက္ရမွန္း လုဖုန္းမေသခ်ာ ။ ရွန့္မင္ေအာ္နားသို႔ သူေလွ်ာက္သြားကာ

"ေတာင္းပန္ပါတယ္ ၊ ကြၽန္ေတာ္နည္းနည္းေလး ၾကမ္းမိသြားတယ္ "

လုဖုန္း အားအေတာ္သုံးခဲ့မိသည္မွာ မွန္သည္ ။ သို႔ေသာ္ ရွန့္မင္ေအာ္ကလည္း သူ႕အေပၚ  ျငင္သာမႈမရွိခဲ့ ။ လုဖုန္း လွ်ာကိုထုတ္ကာ အနည္းငယ္စစ္ေဆးလိုက္သည္ ။ ရွန့္မင္ေအာ္က အမွန္တကယ္ပင္ သူ႕လွ်ာကိုကိုက္ခဲ့ျခင္းေၾကာင့္အေရျပားအခ်ိဳ႕ေပါက္သြားေၾကာင္း ေတြ႕လိုက္ရေတာ့၏ ။

ကံေကာင္းစြာပင္ လုဖုန္းအေရွာင္ျမန္ခဲ့၍သာ သည္ေလာက္ထိပဲ ဒဏ္ရာရခဲ့ျခင္း ။ ထိုသို႔မဟုတ္ဘဲ ရွန့္မင္ေအာ္ကသာ သူ႕လွ်ာကိုကိုက္ခ်လိဳက္နိုင္လွ်င္ လုဖုန္းအေတာ္ပင္ အထိနာသြားေလာက္သည္ ။

လုဖုန္း စကၠဴတစ္သ်ႉးတစ္ခုကို ဆြဲယူလိုက္ကာ လက္ကိုေျခာက္ေအာင္လုပ္ၿပီးေနာက္ ရွန့္မင္ေအာ္၏တည္ရွိမႈကို သိရွိဖို႔ရန္မႀကိဳးစားဘဲ ၊ ရွန့္မင္ေအာ္အား တစ္ခ်က္မၾကည့္ဘဲ သန့္စင္ခန္းထဲမွထြက္လာခဲ့ေတာ့၏ ။

လုဖုန္း ေရွ႕ေန႐ုံးခန္းဆီသို႔ ျပန္သြားခ်င္စိတ္လည္းမရွိေတာ့ ။ ဒုတိယအႀကိမ္ ၾကားနာစစ္ေဆးျခင္းကို တက္ေရာက္နိုင္ေသးသည္ဟုသာ စိတ္ထဲထည့္ရင္း ေနာက္တစ္ေန႕တြင္ အေပါင္ဆိုင္သို႔ျပန္ကာ မိမိ၏တာဝန္မ်ားကို ဆက္လက္လုပ္ေဆာင္ဖို႔ ျပင္လိုက္သည္ ။

လုဖုန္း ဆိုင္ထဲဝင္ဝင္ခ်င္းပင္ သူ႕ထိုင္ခုံတြင္ထိုင္ေနေသာ ေဝ့ရွဲကိုေတြ႕လိုက္ရေတာ့၏ ။ လ်ိဳ႐ြဲ႕ကား ထုံးစံအတိုင္း ေနၾကာေစ့စားကာ တီဗြီမွလႊင့္သာ ဒရာမာကိုၾကည့္ေနခဲ့၏ ။ သို႔ေသာ္ ရွန္းေရွာင္ရွဲကိုမူ မေတြ႕ရ ။

"ဘယ္လိုျဖစ္လို႔ စန္းေကာျဖစ္ေနတာလဲ ?

လုဖုန္း ဂ်က္ကက္ကိုခြၽတ္ကာ ဆိုဖာတစ္ဖက္ျခမ္းဆီသို႔ပစ္တင္လိုက္ၿပီးေနာက္ ေကာင္တာကိုမွီကာ ေမးလိုက္၏ ။

"ကြၽန္ေတာ့္ညီေလး ေရွာင္ရွဲ ဘယ္ေရာက္သြားတာလဲ ? "

ေဝ့ရွဲကား ဖုန္းကိုၾကည့္ေနရာမွ ေခါင္းေမာ့လာၿပီး အံ့ၾသတႀကီးေမးလာေတာ့၏ ။

"မင္း ဘာလို႔ျပန္လာတာလဲ ? မင္းအကို လုံးဝသက္သာသြားၿပီလား ?"

"သူက အာဂ,လူသားဆိုတာ စန္းေကာမသိဘူးလား ? ဒုတိယေန႕မွာတင္ သူ႕ဒဏ္ရာသက္သာသြားတာ "

ေဝ့ရွဲက လုဖုန္းအား မယုံနိုင္သလိုၾကည့္ကာ ေနရာကိုစနစ္တက် ရွင္းလင္းေရးလုပ္ၿပီးေနာက္ ထိုင္ခုံကို လုဖုန္းအား ျပန္ေပးလာေတာ့၏ ။

"ဒီေန႕ ငါက အစားထိုးလာေပးတာ ၊ ေရွာင္ရွဲက အိမ္မွာကိစၥတစ္ခ်ိဳ႕ရွိလို႔ဆိုၿပီး ခြင့္တိုင္လာလို႔"

ထိုစကားကိုၾကားလိုက္လိုက္ခ်င္းပင္ လုဖုန္းေခတၱမွ်ေၾကာင္သြားေသး၏ ။ လုဖုန္း ရွန္းေရွာင္ရွဲကို အခ်ိန္အေတာ္ၾကာသိေနခဲ့ၿပီးျဖစ္ေသာ္ျငား မိသားစုႏွင့္ပတ္သက္၍ေျပာဆိုျခင္းမ်ိဳးကို တစ္ခါမွမၾကားခဲ့ဖူးေပ ။ ရွန္းေရွာင္ရွဲကား ကမာၻေျမႀကီး၏အက္ေၾကာင္းအတြင္းမွ ထြက္ေပၚေမြးဖြားလာသူတစ္ေယာက္ႏွယ္ ။ အေဖမရွိ ၊ အေမမရွိ ၊ ေဆြမ်ိဳးသားခ်င္းမရွိ ၊ စကားတစ္လုံးမွမေျပာတတ္ခင္ကပင္ မည္သို႔တိုက္ခိုက္ရမည္ကို သိလာသူတစ္ေယာက္ႏွယ္ ။

"သူ႕ကို ေကာင္မေလးတစ္ေယာက္ဖုန္းေခၚတာ ၾကားလိုက္ေသးတယ္ "
လ်ိဳ႐ြဲ႕က စကားဝိုင္းထဲဝင္ေျပာလာခဲ့၏ ။

လုဖုန္း ေဝ့ရွဲႏွင့္အၾကည့္ခ်င္းဆုံသြားခဲ့ေသး၏ ။

"မျဖစ္နိုင္တာ ! ေရွာင္ရွဲတစ္ေယာက္ လူႀကီးျဖစ္လာၿပီပဲ !"

"ငါ့သားေလးက ေနာက္ဆုံးေတာ့ အ႐ြယ္ေရာက္သြားၿပီ ၊ ဒါလုံးဝ လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ေလာက္ဘူး ၊ ညေနက် တကြၽမ့္ကိုေခၚၿပီး ပဲနီထမင္းစားရေအာင္ "

ေဝ့ရွဲက တံခါးကိုဖြင့္ကာ လုဖုန္းေဘးနားေလွ်ာက္လာၿပီးေနာက္ ပုခုံးကိုလက္ျဖင့္အသာပုတ္ကာ

"အခု ငါတို႔မိသားစုထဲမွာ မင္းတစ္ေယာက္ပဲက်န္ေတာ့တာ ၊ မင္းျမန္ျမန္ စသင့္ေနၿပီေနာ္ "

[Eng translator note - ပဲနီထမင္းက ဂ်ပန္ယဥ္ေက်းမႈမွာဆိုရင္ မဂၤလာေဆာင္ေတြနဲ႕ တစ္ျခားေပ်ာ္ပြဲ႐ႊင္ပြဲေတြမွာ တည္ခင္းေလ့ရွိတဲ့ အထူးဟင္းပြဲတစ္မ်ိဳးပါ ]

မည္သည့္အရာမ်ားျဖစ္ပ်က္ခဲ့သည္ကိုမသိေသာ ေဝ့ရွဲက ထိုကိစၥကိုအာ႐ုံစိုက္ကာေျပာလာခဲ့ျခင္း ။ လြန္ခဲ့ေသာအခ်ိန္ၾကာၾကာကတည္းက ထိုကိစၥက ၿပီးခဲ့ၿပီးသားဟု လုဖုန္းေျပာလိုက္ခ်င္မိသည္ ။

လ်ိဳ႐ြဲ႕က ေနၾကာေစ့ထုတ္ကို ပစ္ခ်ကာ နားႏွစ္ဖက္ကို လက္ျဖင့္အုပ္လ်က္ ဟစ္ေအာ္လာခဲ့၏ ။

"ဘာလို႔ ၁၃ႏွစ္အထက္အေၾကာင္းအရာေတြ လာေျပာေနၾကတာလဲ ၊ ကြၽန္မက ငယ္ငယ္ေလးပဲရွိေသးတာ!"

ထိုညက ေဝ့ရွဲတစ္ေယာက္ ရွန္းေရွာင္ရွဲကို ဆက္သြယ္ပါေသာ္ျငား လုံးဝဆက္သြယ္လို႔မရခဲ့ ။ အႀကိမ္ႀကိမ္ ဖုန္းေခၚဖို႔ႀကိဳးစားေသာ္ျငား ရွန္းေရွာင္ရွဲ၏ဖုန္းမွာ ပိတ္ထားဆဲပိတ္ထားၿမဲပင္ ။ ေနာက္ဆုံးတြင္ ထိုပဲနီထမင္းကို စြပ္ျပဳတ္အတြက္ အသုံးခ်လိဳက္ရေတာ့သည္ ။

ေနာက္တစ္ေန႕ ထပ္ဆက္သြယ္ေသာ္လည္းမရ ၊ ေနာက္ေန႕မ်ားတြင္လည္း မည္သူကမွ ရွန္းေရွာင္ရွဲကို ဆက္သြယ္၍မရခဲ့ ။ ရွန္းေရွာင္ရွဲကား ကမာၻေျမေပၚမွ ေပ်ာက္ကြယ္သြားသူတစ္ေယာက္ႏွယ္။

T/N
နိုယာ့ wattpad profile ထဲမွာ FGNL carrd linkေလးရွိပါတယ္
flyinggulls.carrd.co ပါ
အရင္တစ္ေခါက္ကလည္း တင္ေပးၿပီးသားေပမဲ့ အခု Art အသစ္ေလးေတြထပ္ထည့္ထားလို႔ Remind လာလုပ္တာပါ
[Art ေတြကိုၾကည့္ရင္ Side Cpအတြက္ Spoilerလက္ေဆာင္ေလးပါရမွာပါ XD ]
sound track ေလးေတြလည္း နားေထာင္ၾကည့္ၾကပါေနာ္ (≧▽≦)
အားလုံးပဲ ဒီကာလမွာ ဂ႐ုစိုက္ၾကပါ ေကာင္းေကာင္းစားေကာင္းေကာင္းအိပ္ၿပီး စိတ္ခ်မ္းသာေအာင္ ေနၾကပါေနာ္ တို႔ဘာသာျပန္ေလးက အသည္းကြဲေစတယ္ဆိုရင္ေတာ့ ေဆာတီးပါရွင္ XDDDD

Continua llegint

You'll Also Like

249K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1M 53.7K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
155K 7.9K 33
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
197K 33.2K 89
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .