Zawgyi
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 1.1
ON JULY 7, 2021 BY HOT TOFU
Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ
လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာကတည်းက၊
လူတိုင်းလိုလို လက်ဆုပ်လက်ကိုင်
မဖော်ပြနိုင်သည့်အရာများအား ခေါ်ဆိုကြသည်မှာ
"" သဘာဝလွန်"" ဟူ၍ဖြစ်သည်။
အချိန်တွေ၊ရာသီတွေကူးပြောင်းလာသည်နှင့်အမျှ၊
ဗုဒ္ဓနှစ်ဆန်း သုံးရာစုကုန်ဆုံး၍၊
၂၀၁၈ ပြက္ခဒိန်သို့ရောက်သည့်အခါ၊
ထိုသဘာဝလွန်အရာများ ပြန်လည်
အသက်ဝင်လာတော့သည်။
ဤကမ္ဘာလောကကြီး၌
မကောင်းဆိုးဝါး၊ ဝိဥာဉ်များ မြူးထူးပျော်ပါးနိုင်ခွင့်
တစ်ဖန်ပြန်လည်ရောက်ရှိလာလေသည်။
ကျွန်တော်တို့ ကိုယ်တိုင်တောင်မသိရှိလိုက်ရပါဘဲ၊
ရှေးခေတ်ရာဇဝင်များထဲ၌ ထိတ်လန့်ခြောက်ချားဖွယ်
အရာများအဖြစ် ဖော်ပြခြင်းခံခဲ့ရသောထိုအရာများ
သည် ကျွန်တော်တို့ကြား တိတ်တဆိတ်
စိမ့်ဝင်ထိုးဖောက်လာခဲ့သည်။
ပထမဦးဆုံး အစောပိုင်းကာလအစ၌၊
သူတို့ပေါ်လာသည့်အခါတိုင်း
ယခုကြယ်ပြာ အစိုးရအားလုံးသည် အများပြည်သူများထိတ်လန့်တကြားမဖြစ်စေရန် အမှန်တရားကိုဖုံးကွယ်ဖို့
ရွေးချယ်လေ့ရှိကြသည်။
သို့သော်၊အချိန်ကြာလာသည်နှင့်အမျှ၊
ထိုသဘာဝလွန်အရာများမှာ သာမန်ပြည်သူများအကြား
တဖြည်းဖြည်းချင်းစီ ထွက်ပေါ်လာတော့သည်။
ပထမဆုံးသော သရဲရာဇဝင်မှာ ရင်ခွဲရုံမှမီးဖြစ်သည်။
ထိုရာဇဝင်သည် Gui မြို့ရှိဆေးရုံတစ်ရုံမှ
စတင်ပေါ်ပေါက်လာခဲ့သည်။
ထိုဆေးရုံရှိရင်ခွဲရုံတွင် အလွန်တရာမှကို
ရုပ်ဆိုးအကျည်းတန်း၍ ခြေတစ်ဖက်သိမ်နေသည့်
အချိန်ပြည့်လုံခြုံရေးဝန်ထမ်းတစ်ဦးရှိလေသည်။
ထိုဝန်ထမ်းသည် အမြဲလိုလို မှုန်မှိုင်းနေကာ
တုံဏှိဘာဝေဖြစ်ပြီး၊
ဆေးရုံရှိအခြားသော ဝန်ထမ်းများ၏ ဖယ်ကြဉ်ခြင်းကိုခံထားရသူဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုလူ၏မသန်မစွမ်းမှုနှင့်ပုံပန်းသွင်ပြင်ကြောင့်ဖြစ်ပြီး၊လူတိုင်းလိုလိုက ထိုလုံခြုံရေးဝန်ထမ်းအပေါ် အထင်အမြင်သေးကာ ကပ်ဆိုးကြီးသဖွယ်
ရှောင်ဖယ်ကြသည်။သို့သော်လည်း ထိုလုံခြုံရေးဝန်ထမ်းသည် ဆေးရုံရှိ သူနာပြုမလေးကို တိတ်တခိုးချစ်မိလေသည်။
တစ်နေ့သောအခါ၊ထိုလုံခြုံရေးဝန်ထမ်းသည်
သူနာပြုမလေးအပေါ်ထားရှိသည့် သူ၏ချစ်ခြင်းတရားကိုဝန်ခံရန်အတွက် ပန်းစည်းလေးတစ်စည်း
ဝယ်ပေးခဲ့သည်။သို့သော် သူနာပြုမလေးသည်
အထင်အမြင်အလွန်သေးစွာ ငြင်းဆန်ခဲ့လေသည်။
ထို့နောက်၊ဆေးရုံရှိ ရင်ခွဲရုံ၌ မီးလောင်သောအခါ၊
အထဲထဲ၌ရှင်လျက်ပိတ်မိနေသည့်
ထိုလုံခြုံရေးဝန်ထမ်းမှာလည်း
အသက်ရှူကြပ်ကာ သေဆုံးသွားတော့သည်။
ဤသို့ဖြင့် ရင်ခွဲရုံမှ စတင်ခဲ့သည် မီးမှာပျံ့နှံ့ကာ၊
ဆေးရုံတစ်ခုလုံးလောင်ကျွမ်းသွားခဲ့သည်။
လူတိုင်း၏ပါးစပ်ပြောရာဇဝင်မှာ
ထိုရင်ခွဲရုံမီးလောင်မှုသည် အငြင်းခံခဲ့ရသည့်
လုံခြုံရေးဝန်ထမ်း၏အမုန်းတရားများမှ
ပေါက်ဖွားလာခဲ့သောကြောင့် သူကိုယ်တိုင်စတင်
မီးရှို့ခဲ့သော်လည်း၊မိမိပြုသောကံအပြစ်ကြောင့်
သူကိုယ်တိုင် ရင်ခွဲရုံထဲ၌ ပိတ်မိကာ
သေဆုံးသွားခဲ့ရသည်ဟူ၍ဖြစ်သည်။
ရဲများကလည်း ထဲထဲဝင်ဝင် စုံစမ်းရန် ရည်ရွယ်ချက်မရှိသည့်အတွက်၊
ရလဒ်ကတော့ ထိုအမှုသည်
ချိတ်ပိတ်ခံခဲ့ရသည်။
သို့သော်နောက်ပိုင်းတွင်၊ဆေးရုံမှ အသက်ရှင်လျက်
လွတ်မြောက်သွားခဲ့သော ဆေးရုံဝန်ထမ်းများသည်
အလွန်ကြောက်စရာကောင်းသည့် အရာတစ်ခုနှင့်
ကြုံတွေ့ကြရတော့သည်။
မကြာခဏဆိုသလို၊
ထိုဝန်ထမ်း၏အရိပ်သည် သူတို့၏
အိမ်ထဲတွင် ပေါ်လာလေ့ရှိပြီး၊ ပုံမှန်အတိုင်းရွေ့လျားသွားလာခြင်းမရှိသည့် ပုံရိပ်များ အပြင် မီးလောင်ကျွမ်းသည့်အနံ့များ၊ ပုပ်အက်အက်အသားအနံ့များကိုပါရရှိလာခဲ့
သည်။
တိတ်ဆိတ်သည့် ညအချိန်သို့ရောက်သည့်အခါ၊
သူတို့၏အခန်းတံခါးများရှေ့၌ ခြေတစ်ဖက်ကို
တရွတ်တိုက်ဆွဲရင်း လျှောက်နေသည့် မညီညာ
လမ်းလျှောက်သံများကိုပါ မကြာခဏကြားရလေသည်။
သူတို့သည်အလွန်တရာမှကို ကြောက်ရွံချောက်ခြားခဲ့ကြပြီး၊
ထိုမီးရှို့မှုကျုးလွန်ခဲ့သည့် လုံခြုံရေးဝန်ထမ်းသည် သူတို့ထံ ကလဲ့စားချေဖို့လာနေသည်ဟု
ယုံကြည်ခဲ့ကြသည်။
သူတို့အနေဖြင့် နေ့ရက်များစွာအထိ စိတ်ဖြောင့်ဖြောင့်တောင် မအိပ်နိုင်ခဲ့ဘဲ၊
သူတို့၏စိတ်ဝိဥာဉ်များမှာ ပြိုကျလုနီးပါးဖြစ်ခဲ့ကြသည်။
လူတိုင်းလိုလိုက ထိုရင်ခွဲရုံစောင့်မှာ သေဆုံးသွားခဲ့ပြီ
ဖြစ်ကြောင်းနှင့် ထွက်ပေါ်လာဖို့ဆိုသည်မှာ
လုံးဝဖြစ်နိုင်ခြေမရှိတော့ကြောင်း
ထိုဆေးရုံဝန်ထမ်းများစွာကို ဖြောင့်ဖျခဲ့ကြလျှင်
တောင်မှ၊သူတို့အနေဖြင့် မတည်ငြိမ်နိုင်ကြပေ။
သူတို့၏စိတ်ခံစားမှုများမှာလည်း တဖြည်းဖြည်းချင်းစီ
ထိန်းသိမ်းနိုင်စွမ်းကင်းမဲ့လာတော့သည်။
ထိုဖြစ်ရပ်၏ရလဒ်မှာတော့၊ဆေးရုံမီးလောင်ပြီး
နှစ်ပတ်အကြာမှာတင်၊ မီးလောင်မှုမှ
လွတ်မြောက်လာသူအားလုံး
မျိုးစုံရူးသွပ်ကုန်ကာ၊
စိတ္တဇဆေးရုံဆီသို့ပို့ဆောင်ခြင်းခံခဲ့ရလေသည်။
အချို့မှာတော့ သေသလား၊ရှင်သလားတောင်
မသိရှိရပါဘဲ၊အစအနရှာလို့မရအောင်ကို
ပျောက်ဆုံးသွားခဲ့ကြသည်။ ရဲများကပင် သူတို့ဘယ်ဆီ
ဘယ်ဝယ်ရောက်သွားသလဲဆိုတာကို ခြေရာမခံနိုင်ခဲ့ပေ။
ထိုလုံခြုံရေးအားငြင်းခဲ့သည့် သူနာပြုလေးကရော?
သဘာဝကျစွာဘဲ၊ဘာသတင်းမှ မရရှိတော့ပေ။
ထိုအချိန်မှစ၍၊ Gui မြို့တော်တွင် ထိုသရဲရာဇဝင်သည် လူတိုင်းထံသို့ ပျံ့နှံ့သွားတော့သည်။
တကယ်လို့ မင်းသာ ညဖက်ကြီး
တစ်ယောက်တည်း လမ်းလျှောက်နေတုန်း၊
ထောင့်ချိုးတစ်နေရာ၌ ရုတ်တရပ်
စွန့်ပစ်ခံဆေးရုံကြီးတစ်ခုပေါ်လာပါက
ရပ်ကြည့်မနေသင့်ပေ။မဟုတ်ပါက
တစ်ချိန်တစ်ခါက
အသက်ရှင်ခဲ့ဖူးသော လူများ၏ မသဲမကွဲဝိဥာဉ်များ
နှင့် ကြုံတွေ့ရနိုင်ပြီး၊ပြန်လမ်းမရှိသည့် ထိုဆေးရုံကြီးထဲသို့ ဝင်ရောက်ရန် မင်းကိုသွေးဆောင်လှည့်ဖျားလိမ့်မည်
ဖြစ်သည်။
အကယ်မင်းသာ ထိုဆေးရုံကိုမြင်၍၊ထွက်ပြေးပါက
နောက်ပြန်လှည့်မကြည့်ရန်နှင့် မင်းနောက်ကို
တစ်စုံတစ်ယောက်က တစ်လှမ်းချင်း....
တစ်လှမ်းချင်း...စီလိုက်နေသည့်အသံကြားရပါစေ
လုံးဝကိုပြန်လှည့်မကြည့်ဘဲ ထွက်ပြေးရမည်ဖြစ်သည်။
Gui မြို့တော်ရှိ Renai ဆေးရုံ။
ညအချိန်၊ ခုနစ်နာရီခွဲ။
ဂလောက်-
သူ့လက်ထဲမှ ဘောပင်သည် ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။
ယောင်းယီ ဖြည်းညင်းစွာသက်ပျင်းချလိုက်
ပြီး၊ ပြုတ်ကျသွားသည့် ဘောပင်အားကောက်ယူရန်
ခါးကုန်းကာ ခေါင်းငုံ့ချလိုက်သည်။ထို့ကြောင့်
သူဝတ်ဆင်ထားသည့်ဂျုတီကုတ်
အဖြူလေးသည် ထိုလုပ်ဆောင်မှုကြောင့်
အနားလေးများတွန့်ခေါက်သွားခဲ့သည်။
သူ အတည်တကျအလုပ်ဝင်သည့်
အချိန်မှစတင်၍၊
သူ့ဆီတွင်အနားယူရသည့်အချိန်လေး
တစ်ချိန်တောင်ရှိမနေပေ။ နာရီပေါင်းများစွာ
ဌာနတစ်ခုပြီးတစ်ခု round လှည့်ပြီးသည့်အခါ၊
ထုံးစံအတိုင်း အရေးမပါသည့်စာရွက်စာတမ်းများသာ
လက်မှတ်ထိုးရန် ကျန်ရှိနေခဲ့သည်။
အချိန်ပိုဆင်းရခြင်းသည်
ပိုပြီးတောင် ပုံမှန်ဖြစ်နေသေးသည်။
သူအနေဖြင့် အလုပ်ဆင်းနိုင်ရန် ညတစ်နာရီ၊
နှစ်နာရီအထိ အမြဲအလိုလိုစောင့်ဆိုင်းပြီးမှ
အိမ်ပြန်ရပြီး၊နောက်တစ်နေ့မနက် အလုပ်သို့သွားဖို့
ဘတ်စ်ကားမှီနိုင်ရန် နေမထွက်ခင် အစောကြီးထရလေ့ရှိသည်။
သူသည် အသက်၂၀အစောပိုင်း၌ မကြာသေးခင်ကတင် ကောလိပ်မှ ဘွဲ့ရခဲ့သူတစ်ဦးဖြစ်သည်၊သို့သော်
သူ့လိုအသက်အရွယ်အရ အလွန်ပေါကြွယ်ဝသည့်
အင်အားများဖြင့် ပြည့်နှက်နေသည့်သူပင် အသက်မနည်းလုရှူနေရသည်အထိ နေ့တစ်နေ့တိုင်းစီက
မောပန်းရလေသည်။
ဆေးရုံဖိုင်တွဲထဲသို့ ဘောပင်ကိုပြန်ထိုးထည့်လိုက်ပြီး၊
ယောင်းယီ နောက်ဆုံးရရှိထားသည့်
အချက်အလက်ဖိုင်များကို စီရီလိုက်သည်။နောက်ဆုံးတော့ စိတ်သက်သာရာရသွားကာ၊ပေါ့ပါးစွာဖြင့် သက်ပြင်းချလိုက်တော့သည်။
ယနေ့သည် သက်သာသည်ဟုဆိုနိုင်သည်။ဆေးရုံ၌
လူနာများများစားစားမရှိပေ၊ထို့အပြင် ဆေးရုံအုပ်
ကလည်း သူ့ကိုဘာမှမခိုင်းပေ။
ထို့ကြောင့် ဒီနေ့ ည၁၂ မထိုးခင်တော့
အလုပ်ဆင်းလို့ရလောက်သည်။
ထိုသို့တွေးလိုက်ပြီးသည်နှင့်၊ယောင်းရီ
ခုံပေါ်မှာထိုင်ရင်း ပျင်းကြောဆန့်လိုက်လေသည်။
ထို့နောက် သူ၏ မတ်ခွက်အလွတ်အား ယူကာ၊
ဆရာဝန်များနားနေခန်းထဲရှိ ရေသန့်စက်မှ
ရေရယူလို့ငြား မတ်တပ်ထရပ်လိုက်သည်။
သူအနေဖြင့် အချိန်အကြာကြီး
အလုပ်ရှုပ်နေခဲ့တာဖြစ်ပြီး၊
အစောကြီးကတည်းက ရေဆာနေခဲ့ပြီဖြစ်သည်။
ဒေါက်-
ပျင်းစရာကောင်းသည့်ရေကျသံသည် ရေသန့်စက်ထံမှ
ထွက်ပေါ်လာခဲ့သည်။
ယောင်းယီ ရေပိုက်ခေါင်းမှ ကျဆင်းလာသည့်
နောက်ဆုံးသော ရေစက်ကို တိတ်ဆိတ်စွာစိုက်ကြည့်နေခဲ့
သည်။ ထို့နောက် သူ့ကံဆိုးမှုအတွက်
ခေါင်းခါရုံသာတတ်နိုင်ခဲ့ပြီး
ရေခွက်အားကိုင်ဆောင်ကာ
ဆရာဝန်များနားနေခန်းထဲမှ ထွက်လာခဲ့လေသည်။
သူရေရရှိနိုင်မည့်နေရာမှာ ဆရာဝန်များနားနေခန်းထဲမှ
ရေသန့်စက်အပြင်၊ဟောခန်းမရှိ ဝန်ဆောင်မှုပေးသည့်
ကောင်တာဘေးတွင် ရှိသော အများသုံးရေသန့်စက်မှ
လည်း ရေရယူနိုင်သေးသည်။ ယောင်းရီ၊
အက်ကွဲနေသည့် သူ၏နှုတ်ခမ်းသားများကို လျှာဖြင့်သပ်လိုက်ပြီး၊ကျဉ်းမြောင်းသည့် စင်္ကြန်လေးအား ဖြတ်လျှောက်ကာ၊
ဝန်ဆောင်မှုကောင်တာဆီသို့ ဦးတည်သွားတော့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်လောက်မှစ၍၊
သူ့ပါးစပ်ထဲ၌ အပူဖုပေါက်နေသည်ကို သတိထားမိသည်။
သူအလုပ်များနေသည့်အချိန် မခံစားမိသော်လည်း၊
ယခုလို သူအားနေသည့်အခါ၊
သူ၏ပါးစပ်မှာ တဖြည်းဖြည်း
ခြောက်သွေ့လာပြီး၊ပြည်တည်ဖု တည်ရှိနေသောနေရာသည် တရွရွဖြစ်လာသည်ဟု ခံစားမိသည်။
""ဟဲ့ရေ၊နင်တို့ ကြားခဲ့ကြလား။ မကြာသေးခင်ကတင်၊
ငါတို့မြို့ထဲက လူတွေအတော်များများက ငွေစက္ကူတွေကိုမီးရှို့နေကြတယ်။
သူတို့ရဲ့ကံတရားကိုမြင့်တင်စေနိုင်တဲ့
နည်းလမ်းတစ်မျိုးလို့တော့ ပြောကြတာဘဲ။
ဒါပေမဲ့လည်းဟယ် အဲ့ဒါက နည်းနည်းတော့
တစ်ကိုယ်ကောင်းဆန်တယ်လို့မထင်ဘူးလား။
ပြောတာတော့ အဲ့နည်းလမ်းက အဲ့စက္ကူပြာမှုန့်ကိုနင်းမိတဲ့လူဘယ်သူမဆို အဲ့လူရဲ့ ကံကောင်းမှုတွေအားလုံးက အဝေးယူဆောင်ခံသွားရတာလို့ပြောကြတယ်""
[ Joss paper ၊ သေဆုံးပြီးသားလူတွေအတွက်ပိုက်ဆံ၊
တရုတ်ရိုးရာနတ်ကတော့ပွဲ သို့မဟုတ်
ကွယ်လွန်သွားပြီးသောဝိဥာဉ်များ နောက်ဘဝ၌
ငွေရေးကြေးရေးအပူအပင်မရှိသုံးစွဲနိုင်ဖို့အတွက်
အိမ်သားတွေက ဘိုးဘွားကန်တော်ပွဲတွေမှာ
မီးရှို့ရတဲ့ငွေစက္ကူအဖြစ်သိကြပါတယ်။ ]
""ဟုတ်ပါ့၊ဟုတ်ပါ့။ငါလည်း အဲ့လိုကြားဖူးတယ်။
ဒါပေမဲ့လည်း အဲ့ဒါကြီးကတော့ အယူသီးလွန်းနေတာ
မဟုတ်ဖူးလား""
"" ဒါပေမဲ့လည်း အန္တာရာယ်များတယ်လေ။
ယုံကြည်ဖို့မထိုက်တန်ဘူးလို့တွေးလိုက်တာထက်
ကောလဟာလ အစစ်မှန်ကို
ယုံကြည်လိုက်တာကပိုကောင်းတယ်။
ဒီရက်ပိုင်း ငါတို့မြို့မှာဘယ်လောက်တောင်
ထူးဆန်းတဲ့ အရာတွေ ဖြစ်နေတယ်ဆိုတာ နင်တို့မသိကြဘူးလား။
ဆယ်ကျော်သက်လေးတွေအတော်များများက
အကြောင်းပြချက်မရှိဘဲ တိုက်မြင့်တွေပေါ်ကနေ
ခုန်ချပြီး သေကြောင်းကြံနေကြတယ်လေ။အခုဆို
လူတိုင်းလိုလိုက ထိတ်လန့်နေကြတာ။""
ဝန်ဆောင်မှုကောင်တာ၌ ဂျုတီကျသည့်
သူနာပြုများ အသွားအပြန် အတင်းတုတ်လို့ကောင်းလွန်းနေသည်မှာ၊
ကောင်တာဆီသို့ရေယူရန်လျှောက်လှမ်းလာသည့်
ယောင်းရီကိုတောင် သတိမထားမိကြပေ။
ယောင်းရီ သူတို့ကိုလှမ်းကြည့်လိုက်သည်၊သို့သော်
တစ်နေ့လုံးသူနာပြုများကို ထုံးစံအတိုင်း
ခင်မင်ရလွယ်သည့်တရင်းတနှီးအပြုံးလေးဖြင့်
ဆူခဲ့ရပြီးနောက် အလွန်ပင်ပန်းနေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် တိတ်ဆိတ်စွာဖြင့်၊ရေသန့်စက်မှရေရယူရန်
ရေပိုက်ခေါင်းဆီသို့သာ လက်လှမ်းလိုက်သည်။
""ဟုတ်ပါ့၊အစ်မလီပြောမှဘဲ သတိရတော့တယ်။
ညီမတို့အိမ်နားက ပတ်ဝန်းကျင်မှာဆို
သရဲခြောက်ခံရတယ်ဆိုတဲ့ကောလဟာလတွေ
အများကြီးကြားနေရတယ်။
ညီမကတော့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး မေးဖို့တောင်
မဟရဲဘူး။ ညီမအိမ်က သားငယ်လေးအတွက်
စိတ်ပူလို့၊သူ့ကိုညနေဆို
အိမ်ထဲကအိမ်ပြင်တောင် မထွက်ခိုင်း....""
ထိုအချိန် ရုတ်တရပ်၊ခွက်ထဲသို့ကျဆင်းလာသည့်
ရေနွေးပူပူအသံသည် သူနာပြုမများ၏စကားဝိုင်းကို
နှောင့်ယှက်လိုက်သလိုဖြစ်ကာ၊ရှင်းလင်းနေသော
ဝန်ဆောင်မှုခန်းမထဲ၌ ကိုးရို့ကားယား ပဲ့တင့်သံ
ထွက်ပေါ်လာလေသည်။
T/N ကဲဇာတ်လမ်းကတော့စပြီ။
ဘယ်လိုလာမလဲဆိုတာကိုတော့
ကောမန့်ရေးကာ နေ့စဉ်စောင့်ဖတ်ပေးခြင်း
အစီအစဉ်ဖြင့် အားပေးနိုင်ပါပြီဗျာ။
ကိုယ်တွေ့သရဲအတွေ့အကြုံလေးတွေရှိရင်လည်း sharing လုပ်ပေးနိုင်ကြောင်းပြောကြားအပ်ပါသည်။
တို့ဖူးကတော့ အခုဝတ္ထုမှာပါတဲ့
ငွေစက္ကူပြာမှုန့်ကို
နင်းမိခြင်း၊မနင်းမိခြင်းက ကံတရားနဲ့သက်ဆိုင်သလား
ဆိုတာကို မသိပင်မဲ့၊ တို့ဖူးတို့အိမ်ရဲ့ရိုးရာကတော့
မတူညီတဲ့မျိုးရိုးစုသုံးစုကိုရောနှောထားတာမို့
ရှောင်ရန်တွေကတော့အများကြီးပါဘဲ။
တို့ဖူးကတော့ အယူမသီးတာမို့ အကုန်လုပ်ပင်မဲ့၊
အိမ်ရဲ့အယူအသီးဆုံးတစ်ခုကတော့
ဖိနပ်ဆို နောက်ပိတ်ဖိနပ်တွေစီးခွင့်မရှိတာပါဗျာ။
Joss paper