Selenophile || NoMin

By Dayeon_Park

32.2K 3.3K 156

(n.) a person who loves the moon || Completed || More

Raison d'être
Volery
Trouvaille
Laconic
Redamancy
Sundreesoro
Herzschmerz
Ephialtes
Lacuna
Busticate
Feuillemorte
selcouth
Lastimando
Serendipity
Gunnen
Acrasia
La Douler Exquise
Tacenda
Absquatulate
Selenophile ( 𝓯𝓲𝓷𝓪𝓵 )
ကျေးဇူးတင်လွှာ
Eternal

dystychiphobia

1.1K 124 7
By Dayeon_Park

dystychiphobia
(n.) The fear of hurting someone

................................

" Jaemin "

နောက်ကအသံကြောင့် တစ်ချက်လှည့်ကြည့်လိုက်မိပြီး ပြေးလာတဲ့ Jenoကို သူမြင်ရသည်နှင့် အရှေ့ကို ပြန်လှည့်မိလိုက်သည် ။

တစ်ချက်လေးတောင် မျက်နှာ မပျက်သွားတဲ့ ကောင်လေးက ဒီအတိုင်း သူ့နောက်ကနေ ပြေးလိုက်လို့ ..။

နှစ်နှစ် .. နှစ်နှစ်ရှိခဲ့ပြီ ။
သူကတော့ Jenoက သူ့ကို ထားပစ်ခဲ့တော့ဖို့အတွက် တွေးနေခဲ့ရတာ ။
အဲ့ဒီ‌ရက်က သူတအားပင်ပန်းခက်ခဲတာဆိုပေမယ့် .. သူကတော့ နာကျင်တာတွေ ဆက်မပေးရက်နိုင်လို့ တစ်ခါတည်း Jenoကို ထွက်သွားစေချင်ခဲ့တာ ။

တစ်ပတ်ပဲ ခံခဲ့တယ် အဲ့ဒီအမျိုးသားက ။
တစ်ပတ်လောက် သူ့ရှေ့က ပျောက်သွားခဲ့ပေမယ့် .. တကယ်ကို ပြီးဆုံးသွားပြီလို့ သူကထင်ခဲ့ပေမယ့် ..
Jenoက ပြန်ပြီး သူ့ရှေ့ ပြန်ပေါ်လာခဲ့တယ် ။

တင်းခံနေရတဲ့ သူ့စိတ်က မလွယ် ၊
နာကျင်နေရမယ့် Jenoကလည်း မလွယ် ၊
သူအခါခါလွှတ်ချခဲ့လည်း
Jenoက သူ့ကိုလွှတ်မပေးခဲ့ ။

အခုလည်း ထပ်ပြီး သူ့ရှေ့ကို ရောက်လာပြန်ပြီ ဖြစ်သည် ။
အဲ့ဒီ Jenoကလေ .. သူ့ကို နာကျင်အောင် လုပ်နေတာတောင် ၊ သူ့စကားတွေကို တစ်ခွန်းမှ နားမထောင်တာတောင် ဘာလို့ အဲ့ဒီလို တွယ်ကပ်နေသေးတာလဲ မသိတော့ဘူး ..။

" မကြားချင်ယောင် ဆောင်ပြန်ပြီ မင်း "

" အကြောင်း မရှိဘဲ လာတာဆို ပြန်လိုက်တော့ စိတ်အခြေအနေ မကောင်းနေဘူး "

လက်ရှည်နှစ်ထပ်နဲ့ ဖုံးကွယ်ထားတဲ့ အောက်မှာက လူမမြင်နိုင်တဲ့ ဒဏ်ရာတွေ ..။

ဟိုတစ်နေ့က မေမေ့နှစ်ပတ်လည်မို့ အတွေးတွေလွန်ပြီး ဖြတ်ရှဒဏ်ရာတွေပေါ် သူဒဏ်ရာနည်းနည်း ထပ်လုပ်မိခဲ့သေးတာ .. စာကြည့်စားပွဲပေါ်က အဲ့ဒီဓားနဲ့ ။

" Jaemin .. "

" Lee Jeno ကျေးဇူးပြုပြီး တစ်ရက်လောက် ငါ့ကို လိုက်မကပ်ဘဲနေလို့ မရဘူးလား ? "

နေ့တိုင်းနီးပါး ပြောနေခဲ့ရတဲ့ ဒီစကား‌တွေ ။
သူ့ကို မြင်တိုင်း ပြေးလာတဲ့ Jenoကို မြင်ရင် သူက လက်ဆန့်တန်းပြီးပဲ ကြိုချင်ခဲ့တာ .. ကြိုရမယ် ထင်ခဲ့တာ ။
အဲ့ဒီ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ..။

" ငါက ဒီအတိုင်း မင်းပျော်အောင် .. "

ဟင့်အင်း .. သေးသေးလေးတောင် မပျော်ပါဘူး ။
မင်းကို နာကျင်အောင် ပြောလိုက်တဲ့ ပြတ်ရှစကားတွေကြောင့် မင်းမျက်နှာ ပျက်သွားရတာတွေ ..
မင်းက ငါ့အနားကို ရောက်လာတိုင်း အဲ့ဒီလို နှင်လွှတ်ပစ်မိရလို့ ငါကလည်းပျော်မနေခဲ့ပါဘူး ။

" မင်းနဲ့ အတူရှိလို့ ငါပျော်နေမယ်ဆို ငါမင်းကို ငါ့နားကနေ နှင်ထုတ်မနေဘူး "

ဒီလိုစကားတွေ ပြောမိနေတာကြောင့် မင်းကို ငါ့အနား မရောက်လာစေချင်ဘူး ..။
အချစ်သိပါတယ် .. မင်းရော ငါရော ပျော်မနေနိုင်ကြဘူး ။

" ဒါပေမယ့် .. "

စကားပြောနေရင်း တန်းလန်းကို နားမထောင်ဘဲ နားကြပ်ကို ကောက်တပ်လိုက်မိသည် ။

ဒါက ပုံမှန်အတိုင်းပါပဲ ။
' ဒါပေမယ့် ' ရဲ့ နောက်မှာ ဆက်ပြီး လိုက်လာမယ့် Jenoရဲ့ စကားတွေကို သူနားမထောင်ချင်တော့ဘူး ။

ခြေရာတွေ ထပ်နေပြီးသား ဒီလမ်းက အရင်က အတူတူ ပြုံးရယ်ပြီး လျှောက်ခဲ့ကြတဲ့လမ်း ၊ အတူတူထိုင်ခဲ့ဖူးတဲ့ ဒီခုံတန်းတွေ .. ပြုံးရယ်နေခဲ့ကြတဲ့အချိန်ကို သိပ်လွမ်းတာပဲ။
ဒါပေမယ့် Jenoနဲ့အတူ ပြုံးရယ်နေဖို့ ထပ်ပြီး စိတ်ကူးမရှိတော့ဘူး ။

သူက Jenoကို သူ့ကို မုန်းသွားစေချင်ခဲ့တဲ့လူ ။
ဒီလောက် လုပ်နေတာတောင် Jenoက သူ့ကို ကပ်နေတုန်းမို့ ပိုဆိုးသည် ။
ဖြစ်နိုင်ရင် အခုထိ Jenoက သူ့ကို ထားသွားပစ်လိုက်ဖို့ သူက မျှော်နေတုန်း ..။

မဖြစ်နိုင်တော့တဲ့ အနာဂတ်ကြီးကို သူက လက်ခံပြီးနေပြီးသား‌မို့လို့လေ ။

// ငါက မင်းအပေါ် သိပ်ဆိုးတာပဲ .. အဲ့ဒီလို //

Jenoက ခေါင်းကို ငိုက်စိုက်ချလိုက်ရင်း သူ့မျက်နှာကို ပြင်သည် .. ပြန်မော့လာတဲ့အချိန်မှာ ပုံမှန်အတိုင်း အပြုံးတစ်ခုက ချိတ်ထားပြန်ပြီ ။

သူ အရင်တုန်းကတော့ ရူးလောက်အောင် သဘောကျခဲ့တဲ့ အပြုံးတွေ ၊ အခုတော့ သူနာနာကျည်းကျည်း မုန်းပစ်ချင်တဲ့ အပြုံးတွေ ။

Jenoက ခံစားချက်မရှိတဲ့လူလို .. အရူးတစ်ယောက်လို အဲ့ဒီ အပြုံးတုတွေနဲ့ နေပြတိုင်း သူကရော သဘောတကျ ပျော်ရွှင်နေတယ်လို့ ထင်ခဲ့ပါသလား ..။

ကြေကွဲနေတဲ့ အပိုင်းအစတွေက ကောက်မရအောင် ကျိုးပဲ့ပျက်စီးနေတာ .. သူတို့ရဲ့ဆက်ဆံရေးက အဲ့ဒီလိုမျိုး ။

Jenoက ဟန်ဆောင်ပြရင်း နာကျင်နေခဲ့ရ ၊
သူက အဲ့တာကို သိလို့ နာကျင်နေခဲ့ရ ၊
ဒီသံသရာထဲမှာ နှစ်နဲ့ချီအောင် လည်နေလည်း
သူဆက်တိုက်တွန်းထုတ်နေခဲ့တဲ့ တစ်ဦးတည်းသောသူက ထွက်သွားဖို့ ကြံစည်တာ‌တောင် ရှိပုံမရ ။

" ညနေကျရင် Mark Hyungက ‌ဘတ်စကတ်ဘော ဆော့ကြမလို့တဲ့ မင်းရော လိုက်မယ်မလား .. "

" ... "

" Jaemin .. "

" ... "

သီချင်းသံ မလာသည့် နားကြပ်ကို တပ်ထားသည်မို့ Jenoပြောသမျှကို အကုန်ကြားနေခဲ့ရလည်း သူက ဒီအတိုင်း လမ်းကို ဆက်လျှောက်နေမိသည်မို့ Jenoက သူ့နားကြပ်ကို ဆွဲဖြုတ်ပစ်လိုက်သည် ။

ရုတ်တရက် ဒေါသထွက်စပြုလာသည့် မျက်လုံးသေတွေနှင့် Jenoကို ကြည့်မိတော့ သူမြင်ရသမျှက အဲ့ဒီ လခြမ်းကွေးလို မျက်၀န်းတွေ ။
အပြုံးအကြီးကြီးဆိုပေမယ့် မနည်းအားတင်းယူထားတာမှန်း ဒီလူကို ငယ်ငယ်လေးတည်းက သိလာတဲ့ သူက မသိဘူးလို့ သူထင်လေရော့သလား ။

" ငါ ပြောထားတယ်နော် .. မင်းကို .. အဲ့လို "

" Mark Hyungက ညနေ ‌ဘတ်စကတ်ဆော့မလို့ဆိုပြီး ခေါ်ထားတဲ့ အကြောင်း ပြောမလို့ "

တင်းတင်းဖက်ပစ်လိုက်ချင်စိတ်ကို ထိန်းချုပ်ထားရတဲ့ လက်တွေ ။
သူက နာကျင်စရာတွေ မပြောချင်သလို Jenoကလည်း ကြားချင်မှာ မဟုတ်ဘူးလေ ..။

" မလိုက်ဘူး "

" ဒါပေမယ့် Mark Hyungက .. "

ဒါပေမယ့် Jenoက သူ့ကို ဒီအတိုင်း လွှတ်မထားခဲ့ပါ ။

" အဟက် .. Mark Hyungမဟုတ်ဘူး .. မင်းက "

အဲ့ဒီ ခြောက်ကပ်ကပ် ရယ်သံက သူ့အတွေးတွေကို ကြိုသိနေကြောင်း ထုတ်ပြောပြချင်ရုံ သက်သက်သာ ..။
Jenoက သူ့ကို ပြုံးပြလာသည် .. ပြီးတော့ ဇွဲမလျှော့စတမ်း ဆက်ပြောနေသည်မို့ သူက စိတ်‌ရှုပ်လာသည်မှာ အမှန် ။

" လိုက်လာခဲ့ပါ Jaeminရာ "

" မလာချင်ဘူး .. အိမ်ပြန်ပြီး အိပ်မှာ "

သူ့လက်ကို ဆွဲလာတဲ့ Jenoလက်ကို သူ စူးစိုက်ပြီး ကြည့်မိလိုက်သည် ။
ပူနွေးနေသည့် အဲ့ဒီလက်ဖဝါးတွေက အရင်ကဆို ဒီလိုမျိုး ကြောက်ရွံ့မနေခဲ့ဘဲ သူ့ပခုံးပေါ်မှာ ရစ်သိုင်းနေခဲ့တာ ။

" Jaemin Na "

အတင်း သူ့ကို လိုက်ဆွဲနေတဲ့ Jenoက ဒီအတိုင်း သူ့ကို လွှတ်ပေးမည့် ပုံ မပေါ်တော့ ။
ကြည့်ရတာ သူဒီနေ့ နည်းနည်း စကားများနေမိလိုက်သည် ထင်သည် ။

ထပ်ပြီး အဲ့ဒီ သောက်ကျိုးနည်း သမိုင်းပေးတာ၀န်ကြီး ..
ထပ်ပြီး အဲ့ဒီ သောက်ကျိုးနည်းအောင် စိတ်ပျက်စရာကောင်းတဲ့ နာကျင်စရာ စကားတွေ သူထုတ်ပြောမိရဦးမည် ။

" Jeno Lee .. ငါ့ဘ၀ကို ငါ့ဆုံးဖြတ်ချက်နဲ့ ငါ့ဘာသာ နေခွင့်ပေး ။ အရာအားလုံး မင်း သဘောအတိုင်း ဖြစ်မလာနိုင်ဘူး ။ ၀င်ပြီး စွက်ဖက်မနေနဲ့ ။ မင်းနဲ့ ငါက ဘာမှမဆိုင်ဘူး "

သူပြန်ပြောလိုက်တဲ့ စကားကြောင့် Jenoက ရပ်ပြီး ကျန်နေခဲ့သည် ။

// မင်းနဲ့ ငါက ဘာမှမဆိုင်ဘူး ..
အချစ် .. ငါ့ကို နည်းနည်းလေးဖြစ်ဖြစ် မုန်းသွားပေးမလား ။
မင်းနဲ့ ငါက ဘာမှမဆိုင်ဘူး ..
ငါ့ကို နည်းနည်းလေးဖြစ်ဖြစ် .. အချစ်က လွှတ်ချပစ်ပေးမလား  //

အနောက်က ရယ်သံ‌တိုးတိုးလေးကို ကြားလိုက်ရပေမယ့် သူက လမ်းဆက်လျှောက်လာခဲ့လိုက်သည် ။ ထောင့်ချိုးလေးရောက်တော့ Jenoသူ့ကို မမြင်နိုင်လောက်သည့် နေရာကနေ သူလှမ်းကြည့်လိုက်မိသည် ။

ဝေ့ဝဲနေသည့် မျက်ရည်တွေကို ပုတ်ထုတ်ပြီး အဲ့ဒီနေရာမှာ Jenoက ဆက်ပြီး ရယ်နေခဲ့သည် ။
ဘာအကြောင်း ကိစ္စမှ မရှိဘဲ .. ဒီအတိုင်း ‌သူတစ်ခုခုကို ဟားတိုက်သလိုကို ရယ်နေခဲ့သည် ။

ပြီးတော့ Jaeminက အဲ့တာ ဘာကြောင့်လဲဆိုတာကိုပါ သိနေခဲ့သည် ။
Jenoက မငိုချချင်တဲ့ အချိန်တိုင်း အဲ့ဒီလို ရယ်နေခဲ့လေ့ရှိသည်တဲ့ ..။
အတိတ်က သူ့မှတ်ဉာဏ်တွေထဲမှာ Lee Jeno ပါ၀င်မှုက နည်းတာမှ မဟုတ်တာလေ ..။

ငိုချင်စရာ ကောင်းမနေတဲ့ ငိုချင်စရာ ဇာတ်လမ်း ။
Jenoက သူ့ကို လွှတ်မပေးခဲ့ပေမယ့် သူကအဲ့ဒီလွှတ်မပေးတဲ့လက်ကို ပုတ်ထုတ်နေခဲ့ ။

ချောက်ကမ်းပါးထဲ ပြုတ်ကျပါတော့မယ့် လူတစ်ယောက်ကို
ကမ်းပေးလာတဲ့ လက်ကလည်း ကယ်တင်နိုင်မှာ မဟုတ်မှန်း သိနေပြီးမှ နှစ်ဖက်စလုံး ပင်ပန်းအောင် သူက ဘယ်လိုနည်းနဲ့ ဆွဲထားရမှာ ။

ချောက်ကမ်းပါးထဲ ကျသွားရမယ့် လူက ပြုတ်ကျသေဆုံးသွားရင် ပြီးပြီ မဟုတ်ဘူးလား ။
မနိုင်၀န်ကို ဆွဲနေရမယ့် ကယ်တင်သူကလည်း သူပင်ပန်းရမယ့်အစား ပစ်ချလိုက်ရင် ပြီးပြီမဟုတ်ဘူးလား ။

ပြီးတော့လည်း ဒီအတိုင်း ကိုယ့်လမ်းကိုယ် သွားကြရမှာ ။
သူ့ဘက်က အတွေးဆိုရင် ပြီးဆုံးသွားပြီဖြစ်တဲ့ ဆက်ဆံရေး မဟုတ်ချေဘူးလား ။

တိပ်အထပ်ထပ် လာကပ်တဲ့ Jenoက ကွဲသွားတဲ့ ဖန်ခွက်ကလေးကို ဒီအတိုင်း ပြန်ကိုင်ထားတဲ့ လူလို .. ရှရာတွေနဲ့ ။

သူက အတင်းကပ်နေတာပဲလို့ ပါးစပ်က ထုတ်ပြောမိတဲ့အခါတိုင်း ဘာလို့ ငါက ဒီလို ခွာချနေရတာလဲလို့ နာနာကျင်ကျင်တွေးမိရတဲ့ အချိန်တွေ ။

နောက်ဆုတ်ဖို့ စိတ်ကူးမရှိတဲ့ Jeno ..
သူ့ကိုရှေ့တစ်လှမ်းလေးတောင် ဆက်တိုးမလာစေချင်တဲ့ စိတ်ပဲရှိတဲ့ Jaemin ..

တစ်ဖက်တည်းကပဲ သဘောကျနေရင် ပြီးပြီ ဆိုပြီးတော့များ Jenoက တွေးလေသလားတော့ မသိပေမယ့် ခက်ခက်ထန်ထန် စကားတွေပြောမိတိုင်း နာကျင်နေရတဲ့ သူ့ကိုတော့ Jenoက သိလိမ့်မည် မထင်ပါ ..
သူ့နာကျင်မှုတွေကိုလည်း သိနိုင်လိမ့်မည် မဟုတ်ပါ ။

ဟန်ဆောင်ပြီး ပြုံးရယ်နေတဲ့ Jenoကို ကြည့်တိုင်း ရူးသွားမတတ်ဖြစ်နေတဲ့ အဲ့ဒီစိတ်က Lee Jenoကို ဘာဖြစ်လို့ ဟန်ဆောင်နေတာလဲ ဆိုပြီး ဆွဲဆတ်ဆောင့်ပြီး မေးပစ်ချင်တဲ့အထိ ။

သူတို့နှစ်ယောက်ကြားမှာက အပြုံးတွေ ဝေနေစရာ လေထု မရှိတော့ .. သူတို့ဆက်ဆံရေးမှာရှိနေသမျှက တစ်ယောက်က ဟန်ဆောင်ပြုံးတွေပန်ထားပြီး နောက်တစ်ယောက်က ခံစားချက်မရှိတဲ့လူ ဖြစ်လာသည် ။

သူ့ကို မုန်းတီးသွားစေချင်လို့ Jenoကို သူက မုန်းပြရတိုင်း ၊ ဒေါသထွက်ဟန်ဆောင်ပြရတိုင်း အဲ့ဒီ Jenoရဲ့ အပြုံးတုတွေက သူ့ကို ခြောက်လှန့်နေခဲ့သည် ။

'မင်းကို ပျော်စေချင်လို့' ဆိုသည့် စကားကို အမြဲတမ်း ကိုင်ထားသည့် Jenoက သူ့ဘာသာရော ပျော်ရွှင်‌ချိန် ရှိနေခဲ့ပါရဲ့လား ..

ဖြစ်နိုင်ရင် အချိန်တွေကို နောက်ပြန်လှည့်ချင်သည် ။
အဲ့ဒီ ခုံတန်းလျားတွေမှာ ပြုံးရယ်ပြီး Jeno၀ယ်ပေးသည့် အမေရီကာနိုသောက်ရင်း စကားတွေ တစ်၀ကြီး ပြောပစ်ချင်သေးသည် ၊ ကလေးတစ်ယောက်လို ဂရုစိုက်ခံရချင်သေးသည် ။

အမှတ်တရတွေက တကယ်ပဲ အမှတ်တရ ဆိုတဲ့နေရာမှာ နေခဲ့တော့မှာမို့ သူက အတွေးထဲက ဘယ်လောက်ထုတ်ဖို့ ကြိုးစားကြိုးစား ဒီနေရာမှာပဲ ပြန်ပြီး ပတ်ချာလည်နေရသည် ။

သူက ရှင်သန်ရမယ့် အကြောင်းပြချက် ပျောက်နေသည့်လူ ဖြစ်မည် .. ။
ဒီအတိုင်း ပါပါးကြိုးဆွဲရာ ကနေသည့် အရုပ်ဘ၀ကြီးမှာ သူက ဘယ်လို အဆင်ပြေနေခဲ့သလဲဆိုတာ သူကိုယ်တိုင်လည်းမသိ ။

ဖြစ်နိုင်ရင်တော့ .. Jenoလက်မောင်းတွေကြားမှာ မှေးပြီးအိပ်နေချင်သေးသည် ။
အဲ့ဒီကနေ တစ်ဘ၀လုံး နိုးထမလာတော့ရင် ကောင်းမလားလေ ..။

" အချစ်ရယ် .. ငါလေ ပင်ပန်းလိုက်တာ တကယ်ပဲ "

| ထပ်ပြီး မထူးခြားတဲ့ နောက်တစ်ရက် ..
ဒီလို နာနာကျင်ကျင် စိတ်ပျက်စရာ နောက်တစ်ရက်တွေ ..။

ငါဘယ်လောက် ကြုံရဦးမလဲ အချစ် ။
ငါဘယ်လောက် မင်းကို နာကျင်အောင် ပြောရဦးမလဲ ..
မင်းကရော ဘယ်လောက် နာကျင်ရဦးမလဲ ။

နှစ်နှစ်ကျော်လာလည်း မနားတဲ့ မင်းရဲ့ အဲ့ဒီ ဘာမဟုတ်တဲ့ဇွဲက ချီးကျူးလောက်စရာကောင်းပြီး တစ်ချိန်တည်းမှာလည်း စိတ်ပျက်စရာ ကောင်းလောက်ရတာမျိုး ။

ရယ်ရတယ် .. မင်းထွက်သွားဖို့ကိုပဲ ရူးလောက်အောင် ကြိုးစားနေတဲ့ငါက ညနေက မင်းထွက်သွားရင် ဆိုတဲ့ အတွေးကို တွေးမိခဲ့တယ် ။
သေလောက်အောင် နာကျင်ရမှာပဲတဲ့ ။

ငါက သောက်ကျိုးနည်း မကောင်းတဲ့ကောင် ။
မင်းက နာကျင်နေရတာကို အဲ့ဒီဟာ တွေးတုန်းက မေ့သွားမိတယ် ။
မင်းရဲ့ ဟန်ဆောင်အပြုံးတွေကို အဲ့ဒီအချိန်မှာ မေ့သွားခဲ့မိတယ် ။

မင်းသိလား Jeno .. လူတွေက သူတို့ဘ၀မှာ မချစ်သင့်တဲ့ လူ‌တစ်ယောက်ကိုတော့ ချစ်ဖူးကြလိမ့်မယ်တဲ့ ။
ငါကတော့ ငါချစ်ခဲ့တဲ့ .. ချစ်နေဆဲလူက ငါမချစ်သင့်တော့တဲ့လူ ဖြစ်နေခဲ့ ။

ငါကလေ ဒီလို တစ်သက်လုံးရှင်သန်သွားရတော့မှာ ထင်တယ် ။
မင်းကို အားနာတဲ့စိတ် .. မင်းအပေါ် အပြစ်ရှိစိတ်တွေနဲ့ ။

ငါ မင်းကို အရူးတစ်ယောက်လို ဖက်ထားချင်နေခဲ့တယ် အချစ်ရယ် ..
ချုပ်တည်းထားခဲ့ရတဲ့ လက်တွေအကြောင်းကိုတော့ မင်းမသိရင် ပိုပြီး ကောင်းမှာပဲ ..။ |

.............................

ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ မချစ်သင့်တဲ့ လူတစ်ယောက်ကိုတော့ တစ်ခါလောက် ဖြစ်ဖြစ် ချစ်ဖူးကြမှာပဲ ။

မဖြစ်နိုင်ဘူးဆိုတာ သူနားလည်သွားအောင် လုပ်ဖို့အတွက်
ရူးရူးနှမ်းနှမ်းနာကျင်စရာတွေကို ကျွန်တော်တို့ဘ၀တွေထဲ ဆေးရောင်ထည့်ခြယ်မိခဲ့တယ် ။

.

............................

dystychiphobia
(n.) The fear of hurting someone

................................

" Jaemin "

ေနာက္ကအသံေၾကာင့္ တစ္ခ်က္လွည့္ၾကည့္လိုက္မိၿပီး ေျပးလာတဲ့ Jenoကို သူျမင္ရသည္ႏွင့္ အေရွ႕ကို ျပန္လွည့္မိလိုက္သည္ ။

တစ္ခ်က္ေလးေတာင္ မ်က္ႏွာ မပ်က္သြားတဲ့ ေကာင္ေလးက ဒီအတိုင္း သူ႕ေနာက္ကေန ေျပးလိုက္လို႔ ..။

ႏွစ္ႏွစ္ .. ႏွစ္ႏွစ္ရွိခဲ့ၿပီ ။
သူကေတာ့ Jenoက သူ႕ကို ထားပစ္ခဲ့ေတာ့ဖို႔အတြက္ ေတြးေနခဲ့ရတာ ။
အဲ့ဒီရက္က သူတအားပင္ပန္းခက္ခဲတာဆိုေပမယ့္ .. သူကေတာ့ နာက်င္တာေတြ ဆက္မေပးရက္နိုင္လို႔ တစ္ခါတည္း Jenoကို ထြက္သြားေစခ်င္ခဲ့တာ ။

တစ္ပတ္ပဲ ခံခဲ့တယ္ အဲ့ဒီအမ်ိဳးသားက ။
တစ္ပတ္ေလာက္ သူ႕ေရွ႕က ေပ်ာက္သြားခဲ့ေပမယ့္ .. တကယ္ကို ၿပီးဆုံးသြားၿပီလို႔ သူကထင္ခဲ့ေပမယ့္ ..
Jenoက ျပန္ၿပီး သူ႕ေရွ႕ ျပန္ေပၚလာခဲ့တယ္ ။

တင္းခံေနရတဲ့ သူ႕စိတ္က မလြယ္ ၊
နာက်င္ေနရမယ့္ Jenoကလည္း မလြယ္ ၊
သူအခါခါလႊတ္ခ်ခဲ့လည္း
Jenoက သူ႕ကိုလႊတ္မေပးခဲ့ ။

အခုလည္း ထပ္ၿပီး သူ႕ေရွ႕ကို ေရာက္လာျပန္ၿပီ ျဖစ္သည္ ။
အဲ့ဒီ Jenoကေလ .. သူ႕ကို နာက်င္ေအာင္ လုပ္ေနတာေတာင္ ၊ သူ႕စကားေတြကို တစ္ခြန္းမွ နားမေထာင္တာေတာင္ ဘာလို႔ အဲ့ဒီလို တြယ္ကပ္ေနေသးတာလဲ မသိေတာ့ဘူး ..။

" မၾကားခ်င္ေယာင္ ေဆာင္ျပန္ၿပီ မင္း "

" အေၾကာင္း မရွိဘဲ လာတာဆို ျပန္လိုက္ေတာ့ စိတ္အေျခအေန မေကာင္းေနဘူး "

လက္ရွည္ႏွစ္ထပ္နဲ႕ ဖုံးကြယ္ထားတဲ့ ေအာက္မွာက လူမျမင္နိုင္တဲ့ ဒဏ္ရာေတြ ..။

ဟိုတစ္ေန႕က ေမေမ့ႏွစ္ပတ္လည္မို႔ အေတြးေတြလြန္ၿပီး ျဖတ္ရွဒဏ္ရာေတြေပၚ သူဒဏ္ရာနည္းနည္း ထပ္လုပ္မိခဲ့ေသးတာ .. စာၾကည့္စားပြဲေပၚက အဲ့ဒီဓားနဲ႕ ။

" Jaemin .. "

" Lee Jeno ေက်းဇူးျပဳၿပီး တစ္ရက္ေလာက္ ငါ့ကို လိုက္မကပ္ဘဲေနလို႔ မရဘူးလား ? "

ေန႕တိုင္းနီးပါး ေျပာေနခဲ့ရတဲ့ ဒီစကားေတြ ။
သူ႕ကို ျမင္တိုင္း ေျပးလာတဲ့ Jenoကို ျမင္ရင္ သူက လက္ဆန႔္တန္းၿပီးပဲ ႀကိဳခ်င္ခဲ့တာ .. ႀကိဳရမယ္ ထင္ခဲ့တာ ။
အဲ့ဒီ လြန္ခဲ့တဲ့ ႏွစ္ႏွစ္တုန္းက ..။

" ငါက ဒီအတိုင္း မင္းေပ်ာ္ေအာင္ .. "

ဟင့္အင္း .. ေသးေသးေလးေတာင္ မေပ်ာ္ပါဘူး ။
မင္းကို နာက်င္ေအာင္ ေျပာလိုက္တဲ့ ျပတ္ရွစကားေတြေၾကာင့္ မင္းမ်က္ႏွာ ပ်က္သြားရတာေတြ ..
မင္းက ငါ့အနားကို ေရာက္လာတိုင္း အဲ့ဒီလို ႏွင္လႊတ္ပစ္မိရလို႔ ငါကလည္းေပ်ာ္မေနခဲ့ပါဘူး ။

" မင္းနဲ႕ အတူရွိလို႔ ငါေပ်ာ္ေနမယ္ဆို ငါမင္းကို ငါ့နားကေန ႏွင္ထုတ္မေနဘူး "

ဒီလိုစကားေတြ ေျပာမိေနတာေၾကာင့္ မင္းကို ငါ့အနား မေရာက္လာေစခ်င္ဘူး ..။
အခ်စ္သိပါတယ္ .. မင္းေရာ ငါေရာ ေပ်ာ္မေနနိုင္ၾကဘူး ။

" ဒါေပမယ့္ .. "

စကားေျပာေနရင္း တန္းလန္းကို နားမေထာင္ဘဲ နားၾကပ္ကို ေကာက္တပ္လိုက္မိသည္ ။

ဒါက ပုံမွန္အတိုင္းပါပဲ ။
' ဒါေပမယ့္ ' ရဲ႕ ေနာက္မွာ ဆက္ၿပီး လိုက္လာမယ့္ Jenoရဲ႕ စကားေတြကို သူနားမေထာင္ခ်င္ေတာ့ဘူး ။

ေျခရာေတြ ထပ္ေနၿပီးသား ဒီလမ္းက အရင္က အတူတူ ၿပဳံးရယ္ၿပီး ေလွ်ာက္ခဲ့ၾကတဲ့လမ္း ၊ အတူတူထိုင္ခဲ့ဖူးတဲ့ ဒီခုံတန္းေတြ .. ၿပဳံးရယ္ေနခဲ့ၾကတဲ့အခ်ိန္ကို သိပ္လြမ္းတာပဲ။
ဒါေပမယ့္ Jenoနဲ႕အတူ ၿပဳံးရယ္ေနဖို႔ ထပ္ၿပီး စိတ္ကူးမရွိေတာ့ဘူး ။

သူက Jenoကို သူ႕ကို မုန္းသြားေစခ်င္ခဲ့တဲ့လူ ။
ဒီေလာက္ လုပ္ေနတာေတာင္ Jenoက သူ႕ကို ကပ္ေနတုန္းမို႔ ပိုဆိုးသည္ ။
ျဖစ္နိုင္ရင္ အခုထိ Jenoက သူ႕ကို ထားသြားပစ္လိုက္ဖို႔ သူက ေမွ်ာ္ေနတုန္း ..။

မျဖစ္နိုင္ေတာ့တဲ့ အနာဂတ္ႀကီးကို သူက လက္ခံၿပီးေနၿပီးသားမို႔လို႔ေလ ။

// ငါက မင္းအေပၚ သိပ္ဆိုးတာပဲ .. အဲ့ဒီလို //

Jenoက ေခါင္းကို ငိုက္စိုက္ခ်လိဳက္ရင္း သူ႕မ်က္ႏွာကို ျပင္သည္ .. ျပန္ေမာ့လာတဲ့အခ်ိန္မွာ ပုံမွန္အတိုင္း အၿပဳံးတစ္ခုက ခ်ိတ္ထားျပန္ၿပီ ။

သူ အရင္တုန္းကေတာ့ ႐ူးေလာက္ေအာင္ သေဘာက်ခဲ့တဲ့ အၿပဳံးေတြ ၊ အခုေတာ့ သူနာနာက်ည္းက်ည္း မုန္းပစ္ခ်င္တဲ့ အၿပဳံးေတြ ။

Jenoက ခံစားခ်က္မရွိတဲ့လူလို .. အ႐ူးတစ္ေယာက္လို အဲ့ဒီ အၿပဳံးတုေတြနဲ႕ ေနျပတိုင္း သူကေရာ သေဘာတက် ေပ်ာ္႐ႊင္ေနတယ္လို႔ ထင္ခဲ့ပါသလား ..။

ေၾကကြဲေနတဲ့ အပိုင္းအစေတြက ေကာက္မရေအာင္ က်ိဳးပဲ့ပ်က္စီးေနတာ .. သူတို႔ရဲ႕ဆက္ဆံေရးက အဲ့ဒီလိုမ်ိဳး ။

Jenoက ဟန္ေဆာင္ျပရင္း နာက်င္ေနခဲ့ရ ၊
သူက အဲ့တာကို သိလို႔ နာက်င္ေနခဲ့ရ ၊
ဒီသံသရာထဲမွာ ႏွစ္နဲ႕ခ်ီေအာင္ လည္ေနလည္း
သူဆက္တိုက္တြန္းထုတ္ေနခဲ့တဲ့ တစ္ဦးတည္းေသာသူက ထြက္သြားဖို႔ ႀကံစည္တာေတာင္ ရွိပုံမရ ။

" ညေနက်ရင္ Mark Hyungက ဘတ္စကတ္ေဘာ ေဆာ့ၾကမလို႔တဲ့ မင္းေရာ လိုက္မယ္မလား .. "

" ... "

" Jaemin .. "

" ... "

သီခ်င္းသံ မလာသည့္ နားၾကပ္ကို တပ္ထားသည္မို႔ Jenoေျပာသမွ်ကို အကုန္ၾကားေနခဲ့ရလည္း သူက ဒီအတိုင္း လမ္းကို ဆက္ေလွ်ာက္ေနမိသည္မို႔ Jenoက သူ႕နားၾကပ္ကို ဆြဲျဖဳတ္ပစ္လိုက္သည္ ။

႐ုတ္တရက္ ေဒါသထြက္စျပဳလာသည့္ မ်က္လုံးေသေတြႏွင့္ Jenoကို ၾကည့္မိေတာ့ သူျမင္ရသမွ်က အဲ့ဒီ လျခမ္းေကြးလို မ်က္၀န္းေတြ ။
အၿပဳံးအႀကီးႀကီးဆိုေပမယ့္ မနည္းအားတင္းယူထားတာမွန္း ဒီလူကို ငယ္ငယ္ေလးတည္းက သိလာတဲ့ သူက မသိဘူးလို႔ သူထင္ေလေရာ့သလား ။

" ငါ ေျပာထားတယ္ေနာ္ .. မင္းကို .. အဲ့လို "

" Mark Hyungက ညေန ဘတ္စကတ္ေဆာ့မလို႔ဆိုၿပီး ေခၚထားတဲ့ အေၾကာင္း ေျပာမလို႔ "

တင္းတင္းဖက္ပစ္လိုက္ခ်င္စိတ္ကို ထိန္းခ်ဳပ္ထားရတဲ့ လက္ေတြ ။
သူက နာက်င္စရာေတြ မေျပာခ်င္သလို Jenoကလည္း ၾကားခ်င္မွာ မဟုတ္ဘူးေလ ..။

" မလိုက္ဘူး "

" ဒါေပမယ့္ Mark Hyungက .. "

ဒါေပမယ့္ Jenoက သူ႕ကို ဒီအတိုင္း လႊတ္မထားခဲ့ပါ ။

" အဟက္ .. Mark Hyungမဟုတ္ဘူး .. မင္းက "

အဲ့ဒီ ေျခာက္ကပ္ကပ္ ရယ္သံက သူ႕အေတြးေတြကို ႀကိဳသိေနေၾကာင္း ထုတ္ေျပာျပခ်င္႐ုံ သက္သက္သာ ..။
Jenoက သူ႕ကို ၿပဳံးျပလာသည္ .. ၿပီးေတာ့ ဇြဲမေလွ်ာ့စတမ္း ဆက္ေျပာေနသည္မို႔ သူက စိတ္ရႈပ္လာသည္မွာ အမွန္ ။

" လိုက္လာခဲ့ပါ Jaeminရာ "

" မလာခ်င္ဘူး .. အိမ္ျပန္ၿပီး အိပ္မွာ "

သူ႕လက္ကို ဆြဲလာတဲ့ Jenoလက္ကို သူ စူးစိုက္ၿပီး ၾကည့္မိလိုက္သည္ ။
ပူႏြေးေနသည့္ အဲ့ဒီလက္ဖဝါးေတြက အရင္ကဆို ဒီလိုမ်ိဳး ေၾကာက္႐ြံ႕မေနခဲ့ဘဲ သူ႕ပခုံးေပၚမွာ ရစ္သိုင္းေနခဲ့တာ ။

" Jaemin Na "

အတင္း သူ႕ကို လိုက္ဆြဲေနတဲ့ Jenoက ဒီအတိုင္း သူ႕ကို လႊတ္ေပးမည့္ ပုံ မေပၚေတာ့ ။
ၾကည့္ရတာ သူဒီေန႕ နည္းနည္း စကားမ်ားေနမိလိုက္သည္ ထင္သည္ ။

ထပ္ၿပီး အဲ့ဒီ ေသာက္က်ိဳးနည္း သမိုင္းေပးတာ၀န္ႀကီး ..
ထပ္ၿပီး အဲ့ဒီ ေသာက္က်ိဳးနည္းေအာင္ စိတ္ပ်က္စရာေကာင္းတဲ့ နာက်င္စရာ စကားေတြ သူထုတ္ေျပာမိရဦးမည္ ။

" Jeno Lee .. ငါ့ဘ၀ကို ငါ့ဆုံးျဖတ္ခ်က္နဲ႕ ငါ့ဘာသာ ေနခြင့္ေပး ။ အရာအားလုံး မင္း သေဘာအတိုင္း ျဖစ္မလာနိုင္ဘူး ။ ၀င်ပြီး စြက္ဖက္မေနနဲ႕ ။ မင္းနဲ႕ ငါက ဘာမွမဆိုင္ဘူး "

သူျပန္ေျပာလိုက္တဲ့ စကားေၾကာင့္ Jenoက ရပ္ၿပီး က်န္ေနခဲ့သည္ ။

// မင္းနဲ႕ ငါက ဘာမွမဆိုင္ဘူး ..
အခ်စ္ .. ငါ့ကို နည္းနည္းေလးျဖစ္ျဖစ္ မုန္းသြားေပးမလား ။
မင္းနဲ႕ ငါက ဘာမွမဆိုင္ဘူး ..
ငါ့ကို နည္းနည္းေလးျဖစ္ျဖစ္ .. အခ်စ္က လႊတ္ခ်ပစ္ေပးမလား //

အေနာက္က ရယ္သံတိုးတိုးေလးကို ၾကားလိုက္ရေပမယ့္ သူက လမ္းဆက္ေလွ်ာက္လာခဲ့လိုက္သည္ ။ ေထာင့္ခ်ိဳးေလးေရာက္ေတာ့ Jenoသူ႕ကို မျမင္နိုင္ေလာက္သည့္ ေနရာကေန သူလွမ္းၾကည့္လိုက္မိသည္ ။

ေဝ့ဝဲေနသည့္ မ်က္ရည္ေတြကို ပုတ္ထုတ္ၿပီး အဲ့ဒီေနရာမွာ Jenoက ဆက္ၿပီး ရယ္ေနခဲ့သည္ ။
ဘာအေၾကာင္း ကိစၥမွ မရွိဘဲ .. ဒီအတိုင္း သူတစ္ခုခုကို ဟားတိုက္သလိုကို ရယ္ေနခဲ့သည္ ။

ၿပီးေတာ့ Jaeminက အဲ့တာ ဘာေၾကာင့္လဲဆိုတာကိုပါ သိေနခဲ့သည္ ။
Jenoက မငိုခ်ခ်င္တဲ့ အခ်ိန္တိုင္း အဲ့ဒီလို ရယ္ေနခဲ့ေလ့ရွိသည္တဲ့ ..။
အတိတ္က သူ႕မွတ္ဉာဏ္ေတြထဲမွာ Lee Jeno ပါ၀င္မႈက နည္းတာမွ မဟုတ္တာေလ ..။

ငိုခ်င္စရာ ေကာင္းမေနတဲ့ ငိုခ်င္စရာ ဇာတ္လမ္း ။
Jenoက သူ႕ကို လႊတ္မေပးခဲ့ေပမယ့္ သူကအဲ့ဒီလႊတ္မေပးတဲ့လက္ကို ပုတ္ထုတ္ေနခဲ့ ။

ေခ်ာက္ကမ္းပါးထဲ ျပဳတ္က်ပါေတာ့မယ့္ လူတစ္ေယာက္ကို
ကမ္းေပးလာတဲ့ လက္ကလည္း ကယ္တင္နိုင္မွာ မဟုတ္မွန္း သိေနၿပီးမွ ႏွစ္ဖက္စလုံး ပင္ပန္းေအာင္ သူက ဘယ္လိုနည္းနဲ႕ ဆြဲထားရမွာ ။

ေခ်ာက္ကမ္းပါးထဲ က်သြားရမယ့္ လူက ျပဳတ္က်ေသဆုံးသြားရင္ ၿပီးၿပီ မဟုတ္ဘူးလား ။
မနိုင္၀န္ကို ဆြဲေနရမယ့္ ကယ္တင္သူကလည္း သူပင္ပန္းရမယ့္အစား ပစ္ခ်လိဳက္ရင္ ၿပီးၿပီမဟုတ္ဘူးလား ။

ၿပီးေတာ့လည္း ဒီအတိုင္း ကိုယ့္လမ္းကိုယ္ သြားၾကရမွာ ။
သူ႕ဘက္က အေတြးဆိုရင္ ၿပီးဆုံးသြားၿပီျဖစ္တဲ့ ဆက္ဆံေရး မဟုတ္ေခ်ဘဴးလား ။

တိပ္အထပ္ထပ္ လာကပ္တဲ့ Jenoက ကြဲသြားတဲ့ ဖန္ခြက္ကေလးကို ဒီအတိုင္း ျပန္ကိုင္ထားတဲ့ လူလို .. ရွရာေတြနဲ႕ ။

သူက အတင္းကပ္ေနတာပဲလို႔ ပါးစပ္က ထုတ္ေျပာမိတဲ့အခါတိုင္း ဘာလို႔ ငါက ဒီလို ခြာခ်ေနရတာလဲလို႔ နာနာက်င္က်င္ေတြးမိရတဲ့ အခ်ိန္ေတြ ။

ေနာက္ဆုတ္ဖို႔ စိတ္ကူးမရွိတဲ့ Jeno ..
သူ႕ကိုေရွ႕တစ္လွမ္းေလးေတာင္ ဆက္တိုးမလာေစခ်င္တဲ့ စိတ္ပဲရွိတဲ့ Jaemin ..

တစ္ဖက္တည္းကပဲ သေဘာက်ေနရင္ ၿပီးၿပီ ဆိုၿပီးေတာ့မ်ား Jenoက ေတြးေလသလားေတာ့ မသိေပမယ့္ ခက္ခက္ထန္ထန္ စကားေတြေျပာမိတိုင္း နာက်င္ေနရတဲ့ သူ႕ကိုေတာ့ Jenoက သိလိမ့္မည္ မထင္ပါ ..
သူ႕နာက်င္မႈေတြကိုလည္း သိနိုင္လိမ့္မည္ မဟုတ္ပါ ။

ဟန္ေဆာင္ၿပီး ၿပဳံးရယ္ေနတဲ့ Jenoကို ၾကည့္တိုင္း ႐ူးသြားမတတ္ျဖစ္ေနတဲ့ အဲ့ဒီစိတ္က Lee Jenoကို ဘာျဖစ္လို႔ ဟန္ေဆာင္ေနတာလဲ ဆိုၿပီး ဆြဲဆတ္ေဆာင့္ၿပီး ေမးပစ္ခ်င္တဲ့အထိ ။

သူတို႔ႏွစ္ေယာက္ၾကားမွာက အၿပဳံးေတြ ေဝေနစရာ ေလထု မရွိေတာ့ .. သူတို႔ဆက္ဆံေရးမွာရွိေနသမွ်က တစ္ေယာက္က ဟန္ေဆာင္ၿပဳံးေတြပန္ထားၿပီး ေနာက္တစ္ေယာက္က ခံစားခ်က္မရွိတဲ့လူ ျဖစ္လာသည္ ။

သူ႕ကို မုန္းတီးသြားေစခ်င္လို႔ Jenoကို သူက မုန္းျပရတိုင္း ၊ ေဒါသထြက္ဟန္ေဆာင္ျပရတိုင္း အဲ့ဒီ Jenoရဲ႕ အၿပဳံးတုေတြက သူ႕ကို ေျခာက္လွန႔္ေနခဲ့သည္ ။

'မင္းကို ေပ်ာ္ေစခ်င္လို႔' ဆိုသည့္ စကားကို အၿမဲတမ္း ကိုင္ထားသည့္ Jenoက သူ႕ဘာသာေရာ ေပ်ာ္႐ႊင္ခ်ိန္ ရွိေနခဲ့ပါရဲ႕လား ..

ျဖစ္နိုင္ရင္ အခ်ိန္ေတြကို ေနာက္ျပန္လွည့္ခ်င္သည္ ။
အဲ့ဒီ ခုံတန္းလ်ားေတြမွာ ၿပဳံးရယ္ၿပီး Jeno၀ယ်ပေးသည့် အေမရီကာနိုေသာက္ရင္း စကားေတြ တစ္၀ႀကီး ေျပာပစ္ခ်င္ေသးသည္ ၊ ကေလးတစ္ေယာက္လို ဂ႐ုစိုက္ခံရခ်င္ေသးသည္ ။

အမွတ္တရေတြက တကယ္ပဲ အမွတ္တရ ဆိုတဲ့ေနရာမွာ ေနခဲ့ေတာ့မွာမို႔ သူက အေတြးထဲက ဘယ္ေလာက္ထုတ္ဖို႔ ႀကိဳးစားႀကိဳးစား ဒီေနရာမွာပဲ ျပန္ၿပီး ပတ္ခ်ာလည္ေနရသည္ ။

သူက ရွင္သန္ရမယ့္ အေၾကာင္းျပခ်က္ ေပ်ာက္ေနသည့္လူ ျဖစ္မည္ .. ။
ဒီအတိုင္း ပါပါးႀကိဳးဆြဲရာ ကေနသည့္ အ႐ုပ္ဘ၀ႀကီးမွာ သူက ဘယ္လို အဆင္ေျပေနခဲ့သလဲဆိုတာ သူကိုယ္တိုင္လည္းမသိ ။

ျဖစ္နိုင္ရင္ေတာ့ .. Jenoလက္ေမာင္းေတြၾကားမွာ ေမွးၿပီးအိပ္ေနခ်င္ေသးသည္ ။
အဲ့ဒီကေန တစ္ဘ၀လုံး နိုးထမလာေတာ့ရင္ ေကာင္းမလားေလ ..။

" အခ်စ္ရယ္ .. ငါေလ ပင္ပန္းလိုက္တာ တကယ္ပဲ "

| ထပ္ၿပီး မထူးျခားတဲ့ ေနာက္တစ္ရက္ ..
ဒီလို နာနာက်င္က်င္ စိတ္ပ်က္စရာ ေနာက္တစ္ရက္ေတြ ..။

ငါဘယ္ေလာက္ ႀကဳံရဦးမလဲ အခ်စ္ ။
ငါဘယ္ေလာက္ မင္းကို နာက်င္ေအာင္ ေျပာရဦးမလဲ ..
မင္းကေရာ ဘယ္ေလာက္ နာက်င္ရဦးမလဲ ။

ႏွစ္ႏွစ္ေက်ာ္လာလည္း မနားတဲ့ မင္းရဲ႕ အဲ့ဒီ ဘာမဟုတ္တဲ့ဇြဲက ခ်ီးက်ဴးေလာက္စရာေကာင္းၿပီး တစ္ခ်ိန္တည္းမွာလည္း စိတ္ပ်က္စရာ ေကာင္းေလာက္ရတာမ်ိဳး ။

ရယ္ရတယ္ .. မင္းထြက္သြားဖို႔ကိုပဲ ႐ူးေလာက္ေအာင္ ႀကိဳးစားေနတဲ့ငါက ညေနက မင္းထြက္သြားရင္ ဆိုတဲ့ အေတြးကို ေတြးမိခဲ့တယ္ ။
ေသေလာက္ေအာင္ နာက်င္ရမွာပဲတဲ့ ။

ငါက ေသာက္က်ိဳးနည္း မေကာင္းတဲ့ေကာင္ ။
မင္းက နာက်င္ေနရတာကို အဲ့ဒီဟာ ေတြးတုန္းက ေမ့သြားမိတယ္ ။
မင္းရဲ႕ ဟန္ေဆာင္အၿပဳံးေတြကို အဲ့ဒီအခ်ိန္မွာ ေမ့သြားခဲ့မိတယ္ ။

မင္းသိလား Jeno .. လူေတြက သူတို႔ဘ၀မွာ မခ်စ္သင့္တဲ့ လူတစ္ေယာက္ကိုေတာ့ ခ်စ္ဖူးၾကလိမ့္မယ္တဲ့ ။
ငါကေတာ့ ငါခ်စ္ခဲ့တဲ့ .. ခ်စ္ေနဆဲလူက ငါမခ်စ္သင့္ေတာ့တဲ့လူ ျဖစ္ေနခဲ့ ။

ငါကေလ ဒီလို တစ္သက္လုံးရွင္သန္သြားရေတာ့မွာ ထင္တယ္ ။
မင္းကို အားနာတဲ့စိတ္ .. မင္းအေပၚ အျပစ္ရွိစိတ္ေတြနဲ႕ ။

ငါ မင္းကို အ႐ူးတစ္ေယာက္လို ဖက္ထားခ်င္ေနခဲ့တယ္ အခ်စ္ရယ္ ..
ခ်ဳပ္တည္းထားခဲ့ရတဲ့ လက္ေတြအေၾကာင္းကိုေတာ့ မင္းမသိရင္ ပိုၿပီး ေကာင္းမွာပဲ ..။ |

.............................

ကြၽန္ေတာ္တို႔ရဲ႕ ဘ၀ေတြမွာ မခ်စ္သင့္တဲ့ လူတစ္ေယာက္ကိုေတာ့ တစ္ခါေလာက္ ျဖစ္ျဖစ္ ခ်စ္ဖူးၾကမွာပဲ ။

မျဖစ္နိုင္ဘူးဆိုတာ သူနားလည္သြားေအာင္ လုပ္ဖို႔အတြက္
႐ူး႐ူးႏွမ္းႏွမ္းနာက်င္စရာေတြကို ကြၽန္ေတာ္တို႔ဘ၀ေတြထဲ ေဆးေရာင္ထည့္ျခယ္မိခဲ့တယ္ ။


............................

Continue Reading

You'll Also Like

1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
5.4K 94 8
Queen Bridget Tudor is the youngest daughter of Henry VII and Elizabeth Of York, born in 1502. Named for her mother's sister. She becomes Queen of F...
61.9K 3.1K 78
He's sickeningly sweet, shameless, mischievous, and most of all, he's Toxic. his eyes, his lips, his smile, his face, his aura, his body, his voice, ...
1.6M 91.6K 42
╻a secret they need to hide╹ ❀ jaeyong ❀ chogiwanese ━┅ ✎ this is made out of pure entertainment and a hundred percent FICTION. the char...