🔥P.S.Y.C.H.O🔥

By BeiKe4

2.8K 259 89

Unicode အစထဲက ပုံမှန်မဟုတ်တဲ့ ကျွန်​​တော့်လို လူကို အကို့အပြုံး​တွေက ပိုမိုရူးသွပ်​သွားစေခဲ့တာ. . . 💙 Zawgy... More

1
2
3
4
5
6
8
9
10
11
12
13
14
15

7

127 14 10
By BeiKe4

Unicode

နံရံမှာ ချိတ်ထားတဲ့ နာရီ​လေးကိုလှမ်းကြည့်မိ​တော့ 9:45.. အိမ်ထဲလည်း ဟိုဘက်​လျှောက်လိုက် ဒီဘက်​လျှောက်လိုက် လုပ်​နေမိတာ ဘယ်နှခါ​တောင်ရှိ​နေပြီလဲ မသိ​တော့ဖူး.. အ​ကြောင်းက.. ဟို​ကောင် Mean ကြောင့် ...
ည​နေ ဆိုင်သိမ်းတုန်းက​တော့ အတူတူပြန်လာခဲ့ကြ​ပေမယ့် တိုက်​အောက်လည်း ရောက်​တော့..* အကို ကျွန်​တော် အ​ရေးကြီးကိစ္စရှိလို့ * ဆိုပြီး အပြင်ထွက်သွားတာ အခုထိပြန်မလာ​သေးဖူး ...  ဖုန်းဆက်ကြည့်​ပေမယ့်လည်း စက်ပိတ်ထားတယ်ပဲ ပြန်ကြား​နေရတာ​ကြောင့် ကျွန်တော် တော်​တော်​လေး စိတ်ပူ​နေမိတယ်.. တစ်အိမ်ထဲ အတူတူနေတာကြာ​တော့ ဒီကောင်လေးကို ကျွန်​တော့် ညီ​လေး တစ်​ယောက်လို သံ​ယောဇဥ် ဖြစ်​နေမိတာ..

Knock Knock.. 

ဒီအချိန်မှာပဲ အိမ်​ရှေ့က တံခါး​ခေါက်သံကြားလို့အ​ပြေးသွားပြီးဖွင့်ပေးလိုက်​တော့ ခေါင်းကိုငုံထားပြီး Mask  အမဲ​​ရောင်ကိုလည်း တပ်ထား​သေးတယ့် Mean..

'Mean မိုးပဲ ချုပ်​​နေပြီ ဘယ်တွေ​​လျှောက်သွား​နေတာလဲ '

' ကျွန်​​တော် ကိစ္စ​လေးရှိ​နေလို့ပါ အိပ်ငိုက်​နေလို့ အိပ်နှင့်​တော့မယ်​နော် '

ကျွန်တော် မေး​နေတာကို ရှောင်ပြီး​တော့ ခေါင်းငုံကာ အိမ်ထဲကိုဝင်သွားတာ.. သူ့မျက်နှာက ဘာဖြစ်​နေလို့ ကျွန်​တော်ကြည့်တာကို မခံရတာလဲ .. လမ်း​လျှောက်​နေတဲ့ ပုံစံကလည်း ခြေ​ထောက်တစ်ဖက်က နာ​နေသလိုပဲ...တစ်ခုခုဖြစ်လာတာ​တော့ သေချာ​နေပါပြီ..

' Mean '

' ဗျာ '

' ညစာ စားပြီးပြီလား '
' ဟုတ် စားခဲ့တယ်  အကို​​ရော.. '

' ငါက မင်းကို စောင့်​နေတာ ဘယ်လိုလုပ်စားရဦးမှာလဲ မင်း​ပြော​​တော့ ဒီ​နေ့ မင်းချက်မယ်ဆိုလို့ စောင့်​နေတာ​လေ အခုမှပြန်လာ​တော့ ငါက ဘာသွားစားရမှာလဲ '

' တောင်းပန်ပါတယ်​ အကို  ကျွန်တော် အခုပဲ အကိုစားဖို့ တခုခု လုပ်​ပေးပါမယ် '

ကျွန်တော် ညစာစားပြီး​ပေမယ့် သူ့ကို တမင်တကာ​​ပြောလိုက်တာပါ.. သူက​တော့ တကယ်ထင်ပြီး မီးဖိုချောင်ထဲကို ဝင်ကာ တခုခုချက်ဖို့ ပြင်ဆင်​နေတာ..
ပန်းကန် တစ်ခြပ်ကို လှမ်းယူ​နေတဲ့ သူရဲ့လက်က နီရဲ​နေတာပဲ.. ကျွန်တော် ဘေးနားက​နေ သေချာ ကြည့်လိုက်တော့မှ သွေး​တွေထွက်​နေတာပဲ!

' Mean! မင်းရဲ့ လက်မှ သွေးတွေထွက်​နေတယ် '

'....'

ကျွန်တော် သူ့ကို​ပြောလိုက်​တော့ သူက အလန့်တကြားနဲ့ အဲ့လက်ကို ကျွန်​တော်မမြင်​အောင် ဖွက်​နေ​သေးတာ..

' အခုမှ လာပြီး ဖုံးကွယ်မ​နေနဲ့ မင်း လက်က ဘာဖြစ်လာတာလဲ နောက်ပြီးတော့ မျက်နှာက​ရော ဘာလို့ mask တပ်ထားတာလဲ '

' ကျွန်​တော် Mask တပ်ရတာ သ​ဘောကျလို့ style .. '

' တော်စမ်းပါ $ပို​တွေ လာမ​ပြောနဲ့ မင်း ဘယ်တုန်းက mask တပ်ဖူးလို့လဲ '

' ..... '

' mask ကို ချွတ်လိုက်လို့ ပြော​နေတယ်​နော် .. '

'..... '

' မင်း ငါ့စကားကို နားမ​ထောင်​တော့ဖူး​ပေါ့ အဲ့လိုလား! '

' မဟုတ်ပါဖူး.. ကျွန်​တော်က အကို လန့်သွားမှာစိုးလို့ '

' ငါက ဘာလို့ လန့်ရမှာလဲ .. '

' ဘာလို့လဲ ဆို​တော့.. '

စကားကို ဆုံး​အောင်မ​ပြောပဲ Mask ကို​ဖြေး​​ဖြေးချင်း ချွတ်​နေတဲ့ သူ့ရဲ့ မျက်နှာကို ကျွန်တော် မြင်လိုက်ရ​တော့.. ဘာ​ပြောလို့ ပြောရမှန်း​တောင် မသိ​တော့ဖူး..
ဖြူဥ​နေကြ အသား​အ​ရောင်က အခု​တော့ ခရမ်းရောင်​တွေထပြီး ယောင်ကိုင်းလို့ နှုတ်ခမ်း ဒေါင့်နားကလည်း သွေး​တွေက တစိမ့်စိမ့် ထွက်နေ​သေးတာ..
ဝတ်ထားတဲ့ အ​​နွေးထည်ကိုပါ ချွတ်ပစ်လိုက်​တော့မှ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာ​တွေ၊ သွေး​တွေ ၊ ရွှံ​တွေ အလိမ်းလိမ်း နဲ့ကို ဖြစ်​နေတာ..

' Mean!! မင်း ဒဏ်ရာ​တွေ ရလာတာလား ဘာဖြစ်လာတာလဲ မင်းကို ဘယ်သူက ဘာလုပ်လိုက်တာလဲ '

' .... '

' ငါ မေး​နေတယ်​လေ ! မင်းကို ဘယ်သူက လုပ်တာလဲလို့ '

စိတ်ပူတာ​ရော ဒေါသထွက်တာ​ရော​ပေါင်းပြီး ကျွန်တော် အသံ​တွေပါတုန်ယင်​နေတာ မျက်ရည်တွေလည်း ဝဲ​နေမိတယ်.. ဘယ်သူကများ ဒီ​လောက်အထိကို ရက်ရက်စက်စက် လုပ်ရပ်နိုင်ရတာလဲကွာ.. တောက်!

' Mean ငါတို့ ရဲသွားတိုင်ရ​အောင် အဲ့​ကောင်​တွေ မျက်နှာကို မှတ်မိလား.. ငါတို့ ရဲ စခန်းကိုသွားမယ် အမှုဖွင့်မယ် ထောင်ချပစ်မယ်..ငါတို့.. '

' အဲ့လိုလုပ်လို့ မရဖူး အကို '

' ဘာ! ဘာကိစ္စလုပ်လို့မရရမှာလဲ '

' အဲ့တာက ကျွန်​တော့်ရဲ့ နောက်ထပ် အလုပ်တစ်ခုဖြစ်​နေလို့ '

' ဘာ ! '

သူ အခုဘာ​ပြောလိုက်တာလဲ !ဒီလိုမျိုး ကြမ်းတမ်းရက်စက်လွန်းတဲ့ အလုပ်ကသူ့ရဲ့ နောက်အလုပ်တစ်ခုတဲ့လား... ဖြစ်နိုင်ရဲ့လား..

' ဒီ ကိစ္စ တွေကို ပြန် မပြောချင်​ပေမယ့် အခု​တော့ အကို့ကို ပြောပြမှ ဖြစ်​တော့မယ်'

' .... '

' ကျွန်​​တော်  က​လေး ဘဝထဲက အ​ဖေက ဆုံးတယ်.. အ​မေကလည်း ကျွန်​တော့်ကိုမုန်း​နေခဲ့တာ... ကျွန်တော်ရှိ​နေလို့ သူ အ​ဖေ့လက်ထဲက ပြေးမလွတ်ခဲ့တာတဲ့ .သူမ အ​မြဲ​ပြော​နေကြစကားက * နင်ဆိုတာ မွေးကို မလာသင့်တဲ့ ကောင် * တဲ့ ... အ​ဖေ ဆုံးတဲ့​နေ့မှာပဲ သူမက အိမ်က​နေထွက်သွားတယ်
အသက် ၆ နှစ်နဲ့ မိဘမဲ့ ဘဝကို​​ရောက်ခဲ့ရတာ​ပေါ့ .အဟက်..
နောက်​တော့ ကျွန်​တော် လျှောက်သွားရင် အခုအလုပ်ရဲ့ ပိုင်ရှင်နဲ့​တွေ့ခဲ့တာ..
သူက ကျွန်​​တော့်ကို လေ့ကျင့်ပေးတယ် အသက် ၁၈ လောက်ကြ​တော့
ကြေးစား လူမိုက်ဖြစ်လာတယ်...
နောက်ပိုင်းကြ​တော့ ကျွန်တော် ဆက်မလုပ်ချင်​တော့လို့ ရှောင်ပုန်း​နေရင်း
အကို့ဆီ​ရောက်လာတယ်ပဲ ဆိုပါ​တော့...
ဒီ​နေ့လည်း သူ​ဌေးက ပွဲ ရှိတယ်ဆိုလို့ သွားရတာပါ မလုပ်တာကြာပြီ မို့လို့
အခုလို ခံလာရတာ... '

'....'

ငါ ပြောတဲ့ ငါ့ဘဝ အ​ကြောင်းကို နား​ထောင်ရင်း မျက်ရည်လေး​တွေ ဝဲ​နေတဲ့ အကိုရဲ့ မျက်လုံး​လေး​တွေက သိပ်လှတာပဲ... သနား​နေပြီ မဟုတ်လား အကို..

' အကို ကျွန်တော့်ကို ကြောက်သွားတာလား ဟင် '

' Mean  ရာ.. မင်း.. မင်း ဒီ​လောက် ခက်ခဲတာ​တွေ ကြုံလာခဲ့ရမယ်လို့ မထင်ထားဖူး.. 😥 ငါ မင်းအစား ဝမ်းနည်းလိုက်တာကွာ ဟင့် '

ငါ့ အတွက်ဆိုပြီး အကိုက မျက်ရည် ကျ​ပေး​နေတာတဲ့လား.. အခု​နေများ ငါ့ကို သေလို့ ပြောမယ်ဆိုရင်​တောင် သေ​ပျော်​နေပါပြီ... ငါ အရဲစွန့်ပြီး​တော့ အကို့ရဲ့ လက်ဖဝါးနုနု​လေး တစ်ဖက်ကို ဆုပ်ကိုင်မိလိုက်​တော့ သူက မော့ကြည့်လာတယ်...

' မငိုပါနဲ့ အကိုရယ် ကျွန်တော်က ဘာမှဖြစ်​နေတာမှ မဟုတ်တာ '

' ဒီ​လောက် ဒဏ်ရာတွေက ဘာမှ မဖြစ်ဖူးလား အရူးရဲ့  နောက်​ပြီး​တော့ မင်းမှာ အခု ကောင်း​​ကောင်းမွန်မွန်လုပ်ရမယ့် အလုပ်ရှိ​နေပြီ​လေ ဘာလို့ အဲ့တာကို ဆက်လုပ်​နေတာလဲ ချက်ချင်း ထွက်လိုက်လေ'

' အဲ့တာက မလွယ်ဖူး အကို ထွက်ချင်တိုင်း ထွက်လို့မရဖူး '

' မင်း ကလည်း..  '

စိတ်ညစ်​နေတဲ့ ပုံစံနဲ့ ညည်းညူ​နေတဲ့ သူ့ကိုကြည့်ရင်း ငါ  ပြုံးလိုက်မိတယ်...
ဘာလို့များ အဲ့​လောက်​တောင် ဖြူစင်နေရတာလဲ..
' သွား ရေသွားချိုးတော့ '

' ဗျာ. '

' ငါက ဆေးထည့်​ပေးမှာမို့ ရေသွားချိုးလို့ ပြော​နေတာ '

သူ့ရဲ့ လက်နုနု​လေး​တွေက ငါ့မျက်နှာကို ထိ​တွေ့​တော့မှာ​ပေါ့​နော်.. တွေးလိုက်တာနဲ့တင် ရင်ထဲမှာ အ​ကောင်​တွေဝင်​နေသလို ယားကျိကျိနဲ့ ...

' ဟုတ်ကဲ့ '

🌿🌿🌿🌿🌿🌿

' နာ​နေလား ဟင် '

ဆေးထည့်​ပေးရင်း စပ်​နေမှာစိုးလို့တဲ နှုတ်ခမ်း​တွေကလည်း ဟူး ဟူး နဲ့ လေမှုတ်​ပေး​နေတာ.. မျက်စိရှေ့မြင်​နေရတဲ့ သူ့ရဲ့ နှုတ်ခမ်း​တွေရယ် ၊ ပါးပြင်ကို ထိ​တွေ့​နေတဲ့ လက်​နွေး​နွေး​လေး​တွေ​​ကြောင့် ငါစိတ်​တွေ အစိုးမရချင်​တော့ဖူး..

' မင်း အရပ်ကလည်း ထိုင်နေတာ​တောင် ငါ့ထက် မြင့်လိုက်တာကွာ တကယ်ပဲ '

ပြော​နေရင်းနဲ့ ငါ့​​ရှေ့မှာ ဒူးထောက်ထိုင်လိုက်တဲ့ သူ​ကြောင့် အကျီ​လေးဆီက ဆပ်ပြာနဲ့​လေးနဲ့ အတူ သူ့ရဲ့ လည်တိုင်က သူသုံး​နေကြ ရေ​မွှေးလို အနံ့ သင်းသင်းလေးက နှာ​ခေါင်းနား ဝဲလှည့်လို့​နေတယ်...

' အမ​​လေး ဘုရား! '

' ... '

စိတ်​တွေကို လွှတ်လိုက်ကာ သူ့ရဲ့ ခါးက​နေ ဆွဲပြီး ပွေ့ဖက်ထားမိ​တော့ သူကလန့်သွား​ပေမယ့် မတွန်းဖယ်ပဲနဲ့ ငါ့ရဲ့ ကျောပြင်ကို​တောင် က​လေး သိပ်သလို ပုတ်​ပေး​နေ​သေးတာ...
ဘာလို့လဲ​တော့ ငါမ​ပြောတက်​ပေမယ့် အခုအချိန်မှာ ငါ့ရင်ဘတ်ကြီး တစ်ခုလုံးထဲ  ပူ​နွေး​နေသလို ခံစား​နေရတယ်..

' Mean! ငိုချင်​နေတာလား ငိုချပစ်လိုက်​နော် အကို ရှိတယ် '

' ... '

မျက်ရည်ဆိုတာ ငါ့အတွက် မရှိ​တော့ပါဖူး.. ဘာဖြစ်လို့လဲဆို​တော့ ၆ နှစ်သား အရွယ်ထဲကိုက ကုန်သွားခဲ့ပြီ မို့လို့.. ဖက်ထားတဲ့ လက်​တွေကို​ဖြေ​လျှော့​ပေးလိုက်​တော့ အကိုက ငါ့ကို ပြုံးပြီး ကြည့်​နေတယ်..

' အကို စိတ်ဆိုးသွားလား '

' မဆိုးပါဖူး လူတိုင်းက တစ်​နေ့ တခါ​လောက် အဖက်ခံဖို့ လိုတယ်တဲ့ ငါ စာအုပ်ထဲ ဖတ်ဖူးတာရယ်..နောက်​​တော့ ယောကျ်ားလေး အချင်းချင်းဖက်တာပဲ ဘာဖြစ်လဲ အသားကြီး ပဲ့သွားတာမှ မဟုတ်တာ... ကဲ ဆေးထည့်​ပေးပြီးပြီဆို​​တော့ အိပ်တော့ မနက် အလုပ်မသွားနဲ့​တော့ '

' .. ဟုတ်ကဲ့ ...'

' တစ်​ရေးနိုး အဖျား​တွေ ဘာ​တွေ တက်​နေရင်လည်း.ငါ့​ပြော​နော် '

' ဟုတ် . ကောင်း​​သော ညပါ '

' အင်း..မင်း​ရောပဲ '

အိပ်ရာ​ပေါ်မှာ လှဲ​နေရင်း တဒုန်းဒုန်း ခုန်​နေတဲ့ ရင်ခုန်သံ​တွေကို နား​ထောင်ရင်း စိတ်ထဲမှလည်း ..

* တောင်းပန်ပါတယ် အကို ကျွန်​​တော် တကယ်ကို တောင်းပန်ပါတယ် *

ကျွန်​တော်လိုလူက အကို့ အချစ်ကို ရယူဖို့ရာ မတက်နိုင်​တော့ အခုလို တမင် လိမ်ညာနေရတာတွေကိုလည်း တောင်းပန်ပါတယ်..

အကို့ကို ငို​စေခဲ့လိုလည်း တောင်းပန်ပါတယ်..

မတန်မှန်းသိ​ပေမယ့်လည်း ပိုင်ဆိုင်ချင်​နေမိတဲ့အတွက်လည်းတောင်းပန်ပါတယ်..

TBC..

ကျွန်​တော် လက်ကို သွပ်နန်းကြိုးနဲ့ ခြစ်မိသွားလို့ အခုမှ စာပြန်​ရေးနိုင်တယ်
အကြာကြီး​စောင့်​နေရတဲ့ အတွက် တောင်းပန်ပါတယ် ခင်ဗျ 🙏🏼

ဒါနဲ့ ဖတ်ရတာရော အဆင်​ပြေကြရဲ့လား ခင်ဗျ 😞😞

Zawgyi

နံရံမွာ ခ်ိတ္ထားတဲ့ နာရီ​ေလးကိုလွမ္းၾကည့္မိ​ေတာ့ 9:45.. အိမ္ထဲလည္း ဟိုဘက္​ေလွ်ာက္လိုက္ ဒီဘက္​ေလွ်ာက္လိုက္ လုပ္​ေနမိတာ ဘယ္ႏွခါ​ေတာင္ရွိ​ေနၿပီလဲ မသိ​ေတာ့ဖူး.. အ​ေၾကာင္းက.. ဟို​ေကာင္ Mean ေၾကာင့္ ...
ည​ေန ဆိုင္သိမ္းတုန္းက​ေတာ့ အတူတူျပန္လာခဲ့ၾက​ေပမယ့္ တိုက္​ေအာက္လည္း ေရာက္​ေတာ့..* အကို ကြၽန္​ေတာ္ အ​ေရးႀကီးကိစၥရွိလို႔ * ဆိုၿပီး အျပင္ထြက္သြားတာ အခုထိျပန္မလာ​ေသးဖူး ...  ဖုန္းဆက္ၾကည့္​ေပမယ့္လည္း စက္ပိတ္ထားတယ္ပဲ ျပန္ၾကား​ေနရတာ​ေၾကာင့္ ကြၽန္ေတာ္ ေတာ္​ေတာ္​ေလး စိတ္ပူ​ေနမိတယ္.. တစ္အိမ္ထဲ အတူတူေနတာၾကာ​ေတာ့ ဒီေကာင္ေလးကို ကြၽန္​ေတာ့္ ညီ​ေလး တစ္​ေယာက္လို သံ​ေယာဇဥ္ ျဖစ္​ေနမိတာ..

Knock Knock.. 

ဒီအခ်ိန္မွာပဲ အိမ္​ေရွ႕က တံခါး​ေခါက္သံၾကားလို႔အ​ေျပးသြားၿပီးဖြင့္ေပးလိုက္​ေတာ့ ေခါင္းကိုငုံထားၿပီး Mask  အမဲ​​ေရာင္ကိုလည္း တပ္ထား​ေသးတယ့္ Mean..

'Mean မိုးပဲ ခ်ဳပ္​​ေနၿပီ ဘယ္ေတြ​​ေလွ်ာက္သြား​ေနတာလဲ '

' ကြၽန္​​ေတာ္ ကိစၥ​ေလးရွိ​ေနလို႔ပါ အိပ္ငိုက္​ေနလို႔ အိပ္ႏွင့္​ေတာ့မယ္​ေနာ္ '

ကြၽန္ေတာ္ ေမး​ေနတာကို ေရွာင္ၿပီး​ေတာ့ ေခါင္းငုံကာ အိမ္ထဲကိုဝင္သြားတာ.. သူ့မ်က္ႏွာက ဘာျဖစ္​ေနလို႔ ကြၽန္​ေတာ္ၾကည့္တာကို မခံရတာလဲ .. လမ္း​ေလွ်ာက္​ေနတဲ့ ပုံစံကလည္း ေျခ​ေထာက္တစ္ဖက္က နာ​ေနသလိုပဲ...တစ္ခုခုျဖစ္လာတာ​ေတာ့ ေသခ်ာ​ေနပါၿပီ..

' Mean '

' ဗ်ာ '

' ညစာ စားၿပီးၿပီလား '
' ဟုတ္ စားခဲ့တယ္  အကို​​ေရာ.. '

' ငါက မင္းကို ေစာင့္​ေနတာ ဘယ္လိုလုပ္စားရဦးမွာလဲ မင္း​ေျပာ​​ေတာ့ ဒီ​ေန႔ မင္းခ်က္မယ္ဆိုလို႔ ေစာင့္​ေနတာ​ေလ အခုမွျပန္လာ​ေတာ့ ငါက ဘာသြားစားရမွာလဲ '

' ေတာင္းပန္ပါတယ္​ အကို  ကြၽန္ေတာ္ အခုပဲ အကိုစားဖို႔ တခုခု လုပ္​ေပးပါမယ္ '

ကြၽန္ေတာ္ ညစာစားၿပီး​ေပမယ့္ သူ့ကို တမင္တကာ​​ေျပာလိုက္တာပါ.. သူက​ေတာ့ တကယ္ထင္ၿပီး မီးဖိုေခ်ာင္ထဲကို ဝင္ကာ တခုခုခ်က္ဖို႔ ျပင္ဆင္​ေနတာ..
ပန္းကန္ တစ္ျခပ္ကို လွမ္းယူ​ေနတဲ့ သူရဲ႕လက္က နီရဲ​ေနတာပဲ.. ကြၽန္ေတာ္ ေဘးနားက​ေန ေသခ်ာ ၾကည့္လိုက္ေတာ့မွ ေသြး​ေတြထြက္​ေနတာပဲ!

' Mean! မင္းရဲ႕ လက္မွ ေသြးေတြထြက္​ေနတယ္ '

'....'

ကြၽန္ေတာ္ သူ့ကို​ေျပာလိုက္​ေတာ့ သူက အလန္႔တၾကားနဲ႔ အဲ့လက္ကို ကြၽန္​ေတာ္မျမင္​ေအာင္ ဖြက္​ေန​ေသးတာ..

' အခုမွ လာၿပီး ဖုံးကြယ္မ​ေနနဲ႔ မင္း လက္က ဘာျဖစ္လာတာလဲ ေနာက္ၿပီးေတာ့ မ်က္ႏွာက​ေရာ ဘာလို႔ mask တပ္ထားတာလဲ '

' ကြၽန္​ေတာ္ Mask တပ္ရတာ သ​ေဘာက်လို႔ style .. '

' ေတာ္စမ္းပါ $ပို​ေတြ လာမ​ေျပာနဲ႔ မင္း ဘယ္တုန္းက mask တပ္ဖူးလို႔လဲ '

' ..... '

' mask ကို ခြၽတ္လိုက္လို႔ ေျပာ​ေနတယ္​ေနာ္ .. '

'..... '

' မင္း ငါ႔စကားကို နားမ​ေထာင္​ေတာ့ဖူး​ေပါ႔ အဲ့လိုလား! '

' မဟုတ္ပါဖူး.. ကြၽန္​ေတာ္က အကို လန္႔သြားမွာစိုးလို႔ '

' ငါက ဘာလို႔ လန္႔ရမွာလဲ .. '

' ဘာလို႔လဲ ဆို​ေတာ့.. '

စကားကို ဆုံး​ေအာင္မ​ေျပာပဲ Mask ကို​ေျဖး​​ေျဖးခ်င္း ခြၽတ္​ေနတဲ့ သူ့ရဲ႕ မ်က္ႏွာကို ကြၽန္ေတာ္ ျမင္လိုက္ရ​ေတာ့.. ဘာ​ေျပာလို႔ ေျပာရမွန္း​ေတာင္ မသိ​ေတာ့ဖူး..
ျဖဴဥ​ေနၾက အသား​အ​ေရာင္က အခု​ေတာ့ ခရမ္းေရာင္​ေတြထၿပီး ေယာင္ကိုင္းလို႔ ႏႈတ္ခမ္း ေဒါင့္နားကလည္း ေသြး​ေတြက တစိမ့္စိမ့္ ထြက္ေန​ေသးတာ..
ဝတ္ထားတဲ့ အ​​ေႏြးထည္ကိုပါ ခြၽတ္ပစ္လိုက္​ေတာ့မွ သူ့တစ္ကိုယ္လုံးမွာ ဒဏ္ရာ​ေတြ၊ ေသြး​ေတြ ၊ ရႊံ​ေတြ အလိမ္းလိမ္း နဲ႔ကို ျဖစ္​ေနတာ..

' Mean!! မင္း ဒဏ္ရာ​ေတြ ရလာတာလား ဘာျဖစ္လာတာလဲ မင္းကို ဘယ္သူက ဘာလုပ္လိုက္တာလဲ '

' .... '

' ငါ ေမး​ေနတယ္​ေလ ! မင္းကို ဘယ္သူက လုပ္တာလဲလို႔ '

စိတ္ပူတာ​ေရာ ေဒါသထြက္တာ​ေရာ​ေပါင္းၿပီး ကြၽန္ေတာ္ အသံ​ေတြပါတုန္ယင္​ေနတာ မ်က္ရည္ေတြလည္း ဝဲ​ေနမိတယ္.. ဘယ္သူကမ်ား ဒီ​ေလာက္အထိကို ရက္ရက္စက္စက္ လုပ္ရပ္ႏိုင္ရတာလဲကြာ.. ေတာက္!

' Mean ငါတို႔ ရဲသြားတိုင္ရ​ေအာင္ အဲ့​ေကာင္​ေတြ မ်က္ႏွာကို မွတ္မိလား.. ငါတို႔ ရဲ စခန္းကိုသြားမယ္ အမႈဖြင့္မယ္ ေထာင္ခ်ပစ္မယ္..ငါတို႔.. '

' အဲ့လိုလုပ္လို႔ မရဖူး အကို '

' ဘာ! ဘာကိစၥလုပ္လို႔မရရမွာလဲ '

' အဲ့တာက ကြၽန္​ေတာ့္ရဲ႕ ေနာက္ထပ္ အလုပ္တစ္ခုျဖစ္​ေနလို႔ '

' ဘာ ! '

သူ အခုဘာ​ေျပာလိုက္တာလဲ !ဒီလိုမ်ိဳး ၾကမ္းတမ္းရက္စက္လြန္းတဲ့ အလုပ္ကသူ့ရဲ႕ ေနာက္အလုပ္တစ္ခုတဲ့လား... ျဖစ္ႏိုင္ရဲ႕လား..

' ဒီ ကိစၥ ေတြကို ျပန္ မေျပာခ်င္​ေပမယ့္ အခု​ေတာ့ အကို႔ကို ေျပာျပမွ ျဖစ္​ေတာ့မယ္'

' .... '

' ကြၽန္​​ေတာ္  က​ေလး ဘဝထဲက အ​ေဖက ဆုံးတယ္.. အ​ေမကလည္း ကြၽန္​ေတာ့္ကိုမုန္း​ေနခဲ့တာ... ကြၽန္ေတာ္ရွိ​ေနလို႔ သူ အ​ေဖ့လက္ထဲက ေျပးမလြတ္ခဲ့တာတဲ့ .သူမ အ​ၿမဲ​ေျပာ​ေနၾကစကားက * နင္ဆိုတာ ေမြးကို မလာသင့္တဲ့ ေကာင္ * တဲ့ ... အ​ေဖ ဆုံးတဲ့​ေန႔မွာပဲ သူမက အိမ္က​ေနထြက္သြားတယ္
အသက္ ၆ ႏွစ္နဲ႔ မိဘမဲ့ ဘဝကို​​ေရာက္ခဲ့ရတာ​ေပါ႔ .အဟက္..
ေနာက္​ေတာ့ ကြၽန္​ေတာ္ ေလွ်ာက္သြားရင္ အခုအလုပ္ရဲ႕ ပိုင္ရွင္နဲ႔​ေတြ႕ခဲ့တာ..
သူက ကြၽန္​​ေတာ့္ကို ေလ့က်င့္ေပးတယ္ အသက္ ၁၈ ေလာက္ၾက​ေတာ့
ေၾကးစား လူမိုက္ျဖစ္လာတယ္...
ေနာက္ပိုင္းၾက​ေတာ့ ကြၽန္ေတာ္ ဆက္မလုပ္ခ်င္​ေတာ့လို႔ ေရွာင္ပုန္း​ေနရင္း
အကို႔ဆီ​ေရာက္လာတယ္ပဲ ဆိုပါ​ေတာ့...
ဒီ​ေန႔လည္း သူ​ေဌးက ပြဲ ရွိတယ္ဆိုလို႔ သြားရတာပါ မလုပ္တာၾကာၿပီ မို႔လို႔
အခုလို ခံလာရတာ... '

'....'

ငါ ေျပာတဲ့ ငါ႔ဘဝ အ​ေၾကာင္းကို နား​ေထာင္ရင္း မ်က္ရည္ေလး​ေတြ ဝဲ​ေနတဲ့ အကိုရဲ႕ မ်က္လုံး​ေလး​ေတြက သိပ္လွတာပဲ... သနား​ေနၿပီ မဟုတ္လား အကို..

' အကို ကြၽန္ေတာ့္ကို ေၾကာက္သြားတာလား ဟင္ '

' Mean  ရာ.. မင္း.. မင္း ဒီ​ေလာက္ ခက္ခဲတာ​ေတြ ႀကဳံလာခဲ့ရမယ္လို႔ မထင္ထားဖူး.. 😥 ငါ မင္းအစား ဝမ္းနည္းလိုက္တာကြာ ဟင့္ '

ငါ႔ အတြက္ဆိုၿပီး အကိုက မ်က္ရည္ က်​ေပး​ေနတာတဲ့လား.. အခု​ေနမ်ား ငါ႔ကို ေသလို႔ ေျပာမယ္ဆိုရင္​ေတာင္ ေသ​ေပ်ာ္​ေနပါၿပီ... ငါ အရဲစြန္႔ၿပီး​ေတာ့ အကို႔ရဲ႕ လက္ဖဝါးႏုႏု​ေလး တစ္ဖက္ကို ဆုပ္ကိုင္မိလိုက္​ေတာ့ သူက ေမာ့ၾကည့္လာတယ္...

' မငိုပါနဲ႔ အကိုရယ္ ကြၽန္ေတာ္က ဘာမွျဖစ္​ေနတာမွ မဟုတ္တာ '

' ဒီ​ေလာက္ ဒဏ္ရာေတြက ဘာမွ မျဖစ္ဖူးလား အ႐ူးရဲ႕  ေနာက္​ၿပီး​ေတာ့ မင္းမွာ အခု ေကာင္း​​ေကာင္းမြန္မြန္လုပ္ရမယ့္ အလုပ္ရွိ​ေနၿပီ​ေလ ဘာလို႔ အဲ့တာကို ဆက္လုပ္​ေနတာလဲ ခ်က္ခ်င္း ထြက္လိုက္ေလ'

' အဲ့တာက မလြယ္ဖူး အကို ထြက္ခ်င္တိုင္း ထြက္လို႔မရဖူး '

' မင္း ကလည္း..  '

စိတ္ညစ္​ေနတဲ့ ပုံစံနဲ႔ ညည္းညဴ​ေနတဲ့ သူ့ကိုၾကည့္ရင္း ငါ  ၿပဳံးလိုက္မိတယ္...
ဘာလို႔မ်ား အဲ့​ေလာက္​ေတာင္ ျဖဴစင္ေနရတာလဲ..
' သြား ေရသြားခ်ိဳးေတာ့ '

' ဗ်ာ. '

' ငါက ေဆးထည့္​ေပးမွာမို႔ ေရသြားခ်ိဳးလို႔ ေျပာ​ေနတာ '

သူ့ရဲ႕ လက္ႏုႏု​ေလး​ေတြက ငါ႔မ်က္ႏွာကို ထိ​ေတြ႕​ေတာ့မွာ​ေပါ႔​ေနာ္.. ေတြးလိုက္တာနဲ႔တင္ ရင္ထဲမွာ အ​ေကာင္​ေတြဝင္​ေနသလို ယားက်ိက်ိနဲ႔ ...

' ဟုတ္ကဲ့ '

🌿🌿🌿🌿🌿🌿

' နာ​ေနလား ဟင္ '

ေဆးထည့္​ေပးရင္း စပ္​ေနမွာစိုးလို႔တဲ ႏႈတ္ခမ္း​ေတြကလည္း ဟူး ဟူး နဲ႔ ေလမႈတ္​ေပး​ေနတာ.. မ်က္စိေရွ႕ျမင္​ေနရတဲ့ သူ့ရဲ႕ ႏႈတ္ခမ္း​ေတြရယ္ ၊ ပါးျပင္ကို ထိ​ေတြ႕​ေနတဲ့ လက္​ေႏြး​ေႏြး​ေလး​ေတြ​​ေၾကာင့္ ငါစိတ္​ေတြ အစိုးမရခ်င္​ေတာ့ဖူး..

' မင္း အရပ္ကလည္း ထိုင္ေနတာ​ေတာင္ ငါ႔ထက္ ျမင့္လိုက္တာကြာ တကယ္ပဲ '

ေျပာ​ေနရင္းနဲ႔ ငါ႔​​ေရွ႕မွာ ဒူးေထာက္ထိုင္လိုက္တဲ့ သူ​ေၾကာင့္ အက်ီ​ေလးဆီက ဆပ္ျပာနဲ႔​ေလးနဲ႔ အတူ သူ့ရဲ႕ လည္တိုင္က သူသုံး​ေနၾက ေရ​ေမႊးလို အနံ႔ သင္းသင္းေလးက ႏွာ​ေခါင္းနား ဝဲလွည့္လို႔​ေနတယ္...

' အမ​​ေလး ဘုရား! '

' ... '

စိတ္​ေတြကို လႊတ္လိုက္ကာ သူ့ရဲ႕ ခါးက​ေန ဆြဲၿပီး ေပြ႕ဖက္ထားမိ​ေတာ့ သူကလန္႔သြား​ေပမယ့္ မတြန္းဖယ္ပဲနဲ႔ ငါ႔ရဲ႕ ေက်ာျပင္ကို​ေတာင္ က​ေလး သိပ္သလို ပုတ္​ေပး​ေန​ေသးတာ...
ဘာလို႔လဲ​ေတာ့ ငါမ​ေျပာတက္​ေပမယ့္ အခုအခ်ိန္မွာ ငါ႔ရင္ဘတ္ႀကီး တစ္ခုလုံးထဲ  ပူ​ေႏြး​ေနသလို ခံစား​ေနရတယ္..

' Mean! ငိုခ်င္​ေနတာလား ငိုခ်ပစ္လိုက္​ေနာ္ အကို ရွိတယ္ '

' ... '

မ်က္ရည္ဆိုတာ ငါ႔အတြက္ မရွိ​ေတာ့ပါဖူး.. ဘာျဖစ္လို႔လဲဆို​ေတာ့ ၆ ႏွစ္သား အရြယ္ထဲကိုက ကုန္သြားခဲ့ၿပီ မို႔လို႔.. ဖက္ထားတဲ့ လက္​ေတြကို​ေျဖ​ေလွ်ာ့​ေပးလိုက္​ေတာ့ အကိုက ငါ႔ကို ၿပဳံးၿပီး ၾကည့္​ေနတယ္..

' အကို စိတ္ဆိုးသြားလား '

' မဆိုးပါဖူး လူတိုင္းက တစ္​ေန႔ တခါ​ေလာက္ အဖက္ခံဖို႔ လိုတယ္တဲ့ ငါ စာအုပ္ထဲ ဖတ္ဖူးတာရယ္..ေနာက္​​ေတာ့ ေယာက်္ားေလး အခ်င္းခ်င္းဖက္တာပဲ ဘာျဖစ္လဲ အသားႀကီး ပဲ့သြားတာမွ မဟုတ္တာ... ကဲ ေဆးထည့္​ေပးၿပီးၿပီဆို​​ေတာ့ အိပ္ေတာ့ မနက္ အလုပ္မသြားနဲ႔​ေတာ့ '

' .. ဟုတ္ကဲ့ ...'

' တစ္​ေရးႏိုး အဖ်ား​ေတြ ဘာ​ေတြ တက္​ေနရင္လည္း.ငါ႔​ေျပာ​ေနာ္ '

' ဟုတ္ . ေကာင္း​​ေသာ ညပါ '

' အင္း..မင္း​ေရာပဲ '

အိပ္ရာ​ေပၚမွာ လွဲ​ေနရင္း တဒုန္းဒုန္း ခုန္​ေနတဲ့ ရင္ခုန္သံ​ေတြကို နား​ေထာင္ရင္း စိတ္ထဲမွလည္း ..

* ေတာင္းပန္ပါတယ္ အကို ကြၽန္​​ေတာ္ တကယ္ကို ေတာင္းပန္ပါတယ္ *

ကြၽန္​ေတာ္လိုလူက အကို႔ အခ်စ္ကို ရယူဖို႔ရာ မတက္ႏိုင္​ေတာ့ အခုလို တမင္ လိမ္ညာေနရတာေတြကိုလည္း ေတာင္းပန္ပါတယ္..

အကို႔ကို ငို​ေစခဲ့လိုလည္း ေတာင္းပန္ပါတယ္..

မတန္မွန္းသိ​ေပမယ့္လည္း ပိုင္ဆိုင္ခ်င္​ေနမိတဲ့အတြက္လည္းေတာင္းပန္ပါတယ္..

TBC..

ကြၽန္​ေတာ္ လက္ကို သြပ္နန္းႀကိဳးနဲ႔ ျခစ္မိသြားလို႔ အခုမွ စာျပန္​ေရးႏိုင္တယ္
အၾကာႀကီး​ေစာင့္​ေနရတဲ့ အတြက္ ေတာင္းပန္ပါတယ္ ခင္ဗ် 🙏🏼

ဒါနဲ႔ ဖတ္ရတာေရာ အဆင္​ေျပၾကရဲ႕လား ခင္ဗ် 😞😞

Continue Reading

You'll Also Like

675K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
869K 40.3K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
2.4K 171 7
ဂျပန်စီးပွားရေးလုပ်ငန်းရှင်တစ်ဖြစ်လဲငယ်ရွယ်ပြီးနာမည်ကြီးတဲ့ စန္ဒယား ပညာရှင် " ပွန်းနာရာဝစ် " ဟာ မိခင်ဖြစ်သူရဲ့အမိမြေဖြစ်တဲ့ထိုင်းနိုင်ငံကိုပြန်လာခဲ့ပ...
2.8K 277 9
Harukyu one shot collection