Blood of MIN

By ibeingme

56.5K 3.3K 260

"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it."... More

Part 02
Part 03
Part 04*
Part 05**
Part 06
Part 07
Part 08
Part 09
Part 10*
Part 11
Part 12*
Part 13
Part 14
Part 15
Part 16
Correction: I apologize
Part 17
Part 18
MIN
Part 19

Part 01

7.1K 209 0
By ibeingme

(unicode)
မည်းနက်သည့် ဝေဟင်ဝယ် တိမ်စိုင်တွေဟာ မှိုင်းမှိုင်းညို့လို့။ သစ်ပင်ပေါ်က ငှက်အမေကြီးမှာတော့ အသိုက်ထဲက သူ့သားလေးကိုတစ်လှည့် သူ့သမီးလေးကိုတစ်ကျော့ကြည့်ရင်း ဇောချွေးတွေ ရွှဲနေလေရဲ့။

လေကြမ်းတွေကြောင့် သူ့အတောင်တွေသည် ကျွတ်ကျလုမတတ် တလှပ်လှပ်။ သို့ပေမယ့် ဒါကို သူ ဂရုမစိုက်နိုင်။ မကြာမီ မိုးပြင်းချတော့မည်။ အရွယ်ရောက်နေသည့်သူက လွတ်အောင်ပြေးနိုင်ပေမယ့် သူ့သားနှင့်သမီး၊ အတောင်မစုံသေးသည့် သူ့သားနှင့်သမီးအတွက် ရင်တွေလေးရသည်။

မိုးတွေ သိပ်မပြင်းပါစေနဲ့။ လေတွေ သိပ်မချပါစေနဲ့။ သိကြားမင်းကြီး အမျက်တော်တွေ ပြေပါစေတော့။

*ဒိုင်း*

ငှက်အမေကြီး​၏ ဆုတောင်းကို ဘုရားသခင်က အသိအမှတ်ပြုလေသလား။ ဘယ်ကနေ ဘယ်လိုနည်းနဲ့ ထွက်လာသလဲမသိတဲ့ ခပ်ကျယ်ကျယ်အသံတစ်စုံနော က် အသိုက်ထဲက ငှက်ပေါက်နှစ်ကောင်ဟာ ခေါင်းထောင်လို့ ကြည့်လာသည်။

ဒါဟာ ဘာအသံပါလိမ့်။ မိုးခြိမ်းသံလား။

ဟင့်အင်း၊ မဖြစ်နိုင်။ အတောင်မစုံသေးပေမယ့် မိုးခြိမ်းသံကို သူတို့သိသည်။ ခုနက အသံသည် ကျိန်းသေပေါက် မိုးခြိမ်းသံ မဟုတ်ပါ။ ဘာအသံလည်းဆိုတာ သူတို့သိချင်သည်။ သူတို့အမေကို မေးဖို့လိုအပ်နေပြီ။ သို့သော် လွန်ခဲ့သော တစ်စက္ကန့်ကအထိ သူတို့ရှေ့မှာရှိခဲ့သော သူတို့အမေကြီးသည် ယခုအခါ မရှိတော့။

​နှစ်ကောင်သား ဘေးဘီဝဲကြည့်သည်။ သူတို့အမေကို ရှာမတွေ့။

​သစ်ပင်အောက်က မြေပြင်ပေါ်ငုံ့ကြည့်သည်။ ဟော၊ တွေ့ပါပြီ။ တွေ့ခဲ့ပါပြီ။ ငှက်ထီးလေးဟာ ငြိမ်နေသလောက် ငှက်မလေးဟာ တကြော်ကြော်ဟစ်လို့ ငိုနေခဲ့ပြီ။

သွေးအိုင်ထဲက ငှက်အမေကြီးသည် ခေါင်းတခြား ကိုယ်တခြား၊ ဘေးတွင်မူ ကျည်တစ်တောင့်က အခန့်သား။ ခုနက ဒိုင်းဆိုသည်မှာ သေနတ်သံဖြစ်ကြောင်း သူတို့အမေကြီးကို မမေးရဘဲ တန်းသိသွားပြီ။

"ဒီပုံအတိုင်း ရေငုံနှုတ်ပိတ်နေမယ်ဆို နောက်ထပ်ကျည်တစ်တောင့်က မင်းရဲ့ဦးနှောက်အတွက် ဖြစ်သွားလိမ့်မယ်။ ငါမေးတာ​ကို ဖြေစမ်း ယံ။ မင်းကို ဘယ်သူခိုင်းတာလဲ"

အန္တရာယ်အငွေ့အသက်တွေနှင့် ခြိမ်းခြောက်သံက အသက်မဲ့သည့် သစ်ရွက်ကလေးတွေကိုပါ လှုပ်ယမ်းသွားစေသည်အထိ။ သေနတ်ကို လက်တစ်ဖက်တည်းဖြင့် ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ထားပြီး ကျန်လက်တစ်ဖက်က မြက်ခင်းပေါ် လဲနေသည့် ယံ့ဆံပင်တစ်ဆုပ်စာကို ရက်ရက်စက်စက် ဆွဲဆောင့်ထားသည်မှာ ချောမောလှသည့် ရုပ်ရည်လေးနှင့်ပင် မလိုက်။ မျက်နှာသည် နူးညံ့သလောက် အပြုအမူတွေသည် အရိုင်းဆန်လို့။ သေနတ်သံသည် ကြောက်ဖို့ကောင်းသလို သေနတ်ကိုင်ထားသည့် ထိုလူချောသည် လန့်ဖို့ကောင်း​၏။

"ငါ..."

မြက်ခင်းပေါ် လဲနေသည့် ယံသည် ထိုလူချောအား မော့ကြည့်လို့ အားယူကာဆိုသည်။ အားမယူလို့လည်း မရ။ လက်ချောင်းတွေ ခြေဖြင့်နင်းခံထားရသည်။ ရေအနှစ်ခံထား၍ မွန်းကြပ်နေစဉ် မျက်နှာကို တရစပ်အထိုးခံထားရသည်။ နာရီနှင့်ချီအောင် ညှဉ်းပန်းနှိပ်စက်ခံထားရ၍ သူ့တစ်ကိုယ်လုံး ထုံကျဉ်ကိုက်ခဲနေပြီ။

"ငါ မပြောဘူး Blood"

ပါးစပ်ထဲတွင် သွေးများပြည့်လျှံနေ၍ ယံ့စကားသံများသည် ဝူးဝူးဝါးဝါး။ သို့ပေမယ့် ဒီလိုအသံတွေနှင့် စိမ်းမနေတော့သော Blood က သူ့စကားကို အပြည့်အဝ နားလည်သည့်အလျောက် သူ့ဆံပင်တွေကို ပိုမိုဆောင့်လို့လာသည်မှာ ဦးရေပြားပင် ကွာတော့မယ့်အထိ။ သူ့ဦးရေပြား ကွာကျသွားရင်တောင် Blood ဆိုသည့်လူက အလွတ်ပေးမည် မဟုတ်ပါ။

Blood... နီသည်။ ရဲသည်။ အရိုင်းဆန်သည်။

Blood လို အကွက်စေ့သော လူမျိုးကိုမှ သစ္စာဖောက်ခဲ့မိတာ ယံ့အမှားပဲ။ အင်း၊ သစ္စာဖောက်တယ်လို့တော့ တစ်ထစ်ချကြီး မဆိုနိုင်။ ယံဟာ နဂိုကတည်းက Blood အပေါ်မှာ သစ္စာမှ မရှိခဲ့ဘဲ။ ယံ့သခင်သည် Blood မဟုတ်။ ယံ့သခင်၊ ယံချစ်ရသောသခင်သည် ဤကမ္ဘာတွင် တစ်ဦးတည်း။ သခင်ပေးသည့် တာဝန်ကြောင့် Blood လက်အောက် ရအောင်ဝင်၊ Spy လုပ်ရင်း ချက်ကောင်းကို စောင့်နေခြင်းပင်။

Blood ပိုင်နက်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်သည့် မနေ့ညက ယံ့အတွက်တော့ အချိန်ကောင်းဖြစ်ခဲ့သည်။ မျက်နှာဖုံးနှင့် လူတစ်စုကြောင့် Blood က ခြံထဲဆင်းကာ ကိုယ်တိုင်တိုက်စစ်ဆင်သည်။ ထိုအခါ ယံသည် Blood မရှိသည့် စံအိမ်အပေါ်ထပ်က အိပ်ခန်းအတွင်း ခိုးဝင်မည်။ ပြီးလျှင် သခင်သတ်ခိုင်းထားသည့် Blood ​၏ လူကြီးအား လျင်လျင်မြန်မြန် သတ်မည်။ ပြီးနောက် ခြေရာလက်ရာမပျက် ပြန်ထွက်ပြီး ဗြောင်းဆန်နေသည့် တိုက်ပွဲကြားထဲ ချော်လဲရောထိုင်လုပ်မည်။ ဒါပါပဲ။

သို့ပေမယ့် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည့်အချိန်၊ ယံတစ်ယောက် အကြံအစည် ကျရှုံးပြီဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်။ Blood ကို လျှော့မတွက်ခဲ့ပေမယ့် ယံ သတ်ရမည့် ထိုလူကြီးကို အထင်သေးမိခဲ့တာ အကြီးမားဆုံးသော မဟာအမှားပဲ။

ဖြစ်စဉ်အစအဆုံးကို ယံ ပြန်မတွေးချင်ပါ။ ခေါင်းပွင့်လုမတတ် အရိုက်ခံထားရ၍ မတွေးနိုင်တော့တာဆို ပိုမှန်မည်။ သို့သော် သခင်က မေးလျှင်တော့ ခရေစေ့တွင်းကျ တစ်လုံးမချန် ပြန်ပြောရမည်။ ယံသာ အသက်ရှိသေးရင်၊ စကားပြောနိုင်သေးရင်ပေါ့လေ။

"မပြောဘူးတဲ့လား"

Blood သည် အံ့ကိုကြိတ်လျက် မာန်ဖီ​၏။ ဆွဲထားသည့် ဆံသားတွေကို မလွှတ်ပေးသည့်အပြင် နားထင်ပေါ်ထောက်ထားသည့် သေနတ်က အားပိုပါလာသည်။ သို့သော် ယံသည် ခေါင်းမာစွာ ခေါင်းခါမြဲ။ အခုနေ Blood လက်ထဲ သေရမည်ဆို ရဲရဲကြီး သေပေးလိုက်မည်။ သခင့် အမည်ကိုတော့ သူအသက်ရှိနေသရွေ့ ထုတ်ဖော်ပြောမည်မဟုတ်။ ယံ့ကြောင့် သခင် မထိခိုက်စေလို။ သခင့်သိက္ခာတွေနှင့်ယှဉ်လျှင် ယံဆိုသည်မှာ ဘာမှအရေးမပါသော အမှုန်အမွှားလေးပဲ မဟုတ်လား။

"ယံ၊ မင်းက သစ္စာရှိတဲ့ ခွေးကလေးပဲ။ ဒါပေမဲ့ ငါ့ခွေးမဟုတ်တာ ဆိုးတယ်"

"ငါ့ကို လာကိုက်တဲ့ ခွေးမှန်သမျှ သေလမ်းပဲ သွားရမယ်" ဆိုတာကို ပါးစပ်က ထုတ်မပြောပေမယ့် သွေးရောင်လွှမ်းသည့် မျက်ဝန်းတွေက အတိအလင်း ကြေညာနေ​၏။

သွေးဆူနေသော Blood က သေနတ်ကို မောင်းဖြုတ်သည်။ မြန်ဆန်လိုက်တာမှ ချောက်ခနဲရယ်မို့ ယံက မျက်လုံးတွေကို ဖျတ်ခနဲ မှိတ်ပစ်လိုက်သည်။ စိတ်မှန်းဖြင့် သခင့်ပုံရိပ်ကို မြင်ယောင်ကြည့်တော့ တည်တံ့သော သခင်က ယံ့ကို ပြုံးပြလျက်။ ရက်ရက်ရောရော ပြုံးခြင်းမျိုးမဟုတ်ဘဲ နှုတ်ခမ်းထောင့်က မဆိုစလောက်လေး ကော့တက်သွားရုံပါ။ အကြိမ်ရေအားဖြင့်လည်း ယံ့တစ်သက်တွင် တစ်ကြိမ်ကလေးပင်။ သို့ပေမယ့် ယံသည် သခင့်အပြုံးအား ဦးနှောက်အပြင် နှလုံးသားထဲအထိပါ မှတ်ကျောက်တင်ထား​၏။ ယံသေသွားခဲ့ရင် ဝိဉာဉ်ဘဝဖြင့် သခင့်နံဘေး ခစားရပါစေသား။

"ရပ်လိုက်"

ဒိုင်းဆိုသည့် သေနတ်အသံအစား ဩရှရှအသံတစ်စုံသည် လေထုကို လွှမ်းခြုံလို့။ အသံနက်နက်က ကျယ်လောင်စွာ ဟိန်းထွက်မနေပေမယ့် လှုပ်ခါနေသည့် သစ်ရွက်တွေကို ရပ်တန့်စေသလို ယံ့အပေါ်က Blood ​၏ အသံရှူသံတို့ကိုပါ စက္ကန့်ဝက်ခန့် ချုပ်ငြိမ်းသွားစေသည်အထိ အာဏာပြင်းရှ​၏။

မှိတ်ထားသော မျက်လုံးတွေ ပြန်ပွင့်လာရပြီ။ ယံ မသေတော့ဘူးလား။

ရပ်လိုက်ဆိုသည်မှာ ယံ့အနေနှင့် စကားတစ်ခွန်းထက်မပိုပေမယ့် လူသတ်ဖို့လုပ်နေသည့် Blood အတွက်မူ အမိန့်တစ်စုံထက်ပင် ပို​သာနေကြောင်း ဆိုင်သူတွေသာ သိပေလိမ့်မည်။

"Min..."

Blood နှုတ်ဖျားမှ ရေရွတ်သံသည် ခုနက ကြိမ်းမောင်းဆဲဆိုသံတို့နှင့် လားလားမှ မဆိုင်သည်ကို ယံ သတိမူမိလိုက်သည်။ Min ဆိုသည်မှာ ယံ လုပ်ကြံသတ်ဖြတ်ရမည့်၊ ယံ အထင်သေးခဲ့သည့်၊ Blood ဘေးကလူကြီးပင်။ Blood အပါအဝင် ဤအမှောင်လောကထဲက လူအတော်များများနှင့် ကွဲပြားစွာ Min သည် ကြည့်လိုက်တိုင်း အဖြူအပြာစသည့် အရောင်ဖျော့ဖျော့တွေပဲ ဝတ်ဆင်ထားတတ်သည်။ Blood နှင့်ယှဉ်လျှင် လူကောင်ချင်း သိပ်မကွာပေမယ့် သေချာကြည့်လျှင် ရင်အုပ်နှင့်ပုခုံးက Blood ထက် ပိုကျယ်သယောင်။

Min သည် သူတို့လို မှောင်ခိုနယ်ပယ်က မဟုတ်။ ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ တိရစ္ဆာန်ဆေးခန်းလေး ဖွင့်ထားသည့် အေးအေးချမ်းချမ်း veterinarian (vet) တစ်ယောက်ဖြစ်သည်။ ဒါကြောင့်လည်း ယံ အထင်သေးခဲ့သည် မဟုတ်လား။

Min လို တိရစ္ဆာန်ဆေးကုဆရာဝန်လေးက အမှောင်လောက​၏ လူမိုက်ရာဇာ Blood နှင့် ဘယ်လိုဆုံခဲ့သလဲ ဆိုတာကို ယံမသိ။ သိစရာလည်း မလိုပါလေ။ သို့သော် ဆန်းကြယ်သည်မှာ ယံ့သခင်က ဒါဆို ယံလည်း ဒါပဲဖြစ်သလို Min က တစ်ခွန်းဆို Blood သည်လည်း အဲဒီတစ်ခွန်းပင်ဖြစ်ကြောင်း အငွေ့အသက်များ ရနေ​၏။

"ရပ်လိုက်"

Min ဟာ ဘယ်လိုလူမျိုးပါလိမ့်။ ဒီလောက်သွေးဆိုးသည့် Blood ကို စကားလေး နှစ်ခွန်းဖြင့် ငြိမ်ဝပ်ပိပြားသွားအောင် ထိန်းနိုင်သည်မှာ တော်ရုံတန်ရုံ အရည်အချင်းမျိုးနှင့်တော့ မဟုတ်နိုင်ပါ။ Min ဆိုသည့်လူကြီးဟာ ဘာပါလိမ့်နော်။ စူးစမ်းလိုစိတ်က ဦးဆောင်တော့ မျက်နက်ဝန်းတစ်စုံနှင့် ရင်ဆိုင်ရသည်။ လောင်မြိုက်နေသော Blood နှင့် ခြားနားစွာ Min ​၏ အကြည့်တွေသည် အေးစက်နေ၏။ ထိုမျက်ဝန်းအေးအေးတွေက သက်သေခံသည်။ ယံ အသက်ဆက်ရှင်မှာ သေချာပြီတဲ့။

ယံ နားမလည်နိုင်ပါ။ မနေ့ညက အိပ်ခန်းထဲအထိ သေနတ်ကိုင်လို့ ဝင်လာသည့် သူ့ကို စစ်ကူခေါ်ပြီး မဖမ်းခိုင်းတဲ့အပြင် သွားတော့ဟု ခပ်ပြတ်ပြတ်ဆိုကာ လွှတ်ပေးသေးသည်။ အပြေးမတော်လို့ Blood လက်ထဲပြန်မိပြီး အခု အသတ်ခံရဆဲဆဲမှာပဲ သူ့​ကို ကယ်ထုတ်ပြန်သည်။ ကိုယ့်ကိုလာသတ်သည့် လူသတ်သမားကို ပြန်လွှတ်ပေးရတဲ့အထိ Min ဆိုသည့်လူကြီးဟာ သဘောတွေ ကောင်းလွန်းသည်တဲ့လား။

Min က သဘောကောင်းပေမယ့် Blood က သဘောဆိုးသည်။ ယံ့အား စူးစူးရဲရဲစိုက်ကြည့်ကာ Min အလစ်တွင် သေနတ်မောင်းကိုဆွဲဖို့ ကြံရွယ်နေ​၏။

"အခုချက်ချင်း ရပ်လိုက်"

Blood အကြောင်း နောကြေနေပုံရသော Min က ခပ်နက်နက် မိန့်သည်။ အသံတွင် ဒေါသတို့ ရောယှက်မနေပေမယ့် စိတ်မရှည်မှုတွေက အထင်အရှား။ စဉ်းစားကြည့်တော့ ဒါသည် သုံးကြိမ်မြောက် သတိပေးခြင်းဖြစ်သည်။ လေးကြိမ်မြောက်ဆို Blood ဘာဆက်ဖြစ်မှာလဲ။

ရှေ့ဆက်မတိုးရဲတော့သည့် Blood သည် သူ့လက်ထဲက သေနတ်အား Min ဆီအပ်​၏။ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေရယ်မို့ ယံ့မျက်အိမ်တွင် ပြူးကျယ်ကုန်ရသည်။

ပြီးနောက် Blood သည် သူ့လက်တွေကို နောက်ပစ်လျက် ခပ်မတ်မတ် ပြန်ရပ်သည်။ ခေါင်းကိုတော့ ငုံ့မထားပေမယ့် မျက်လွှာတွေကို ချထား​၏။ အမှောင်လောက​၏ ဒိတ်ဒိတ်ကြဲ Blood က တိရစ္ဆာန်ဆေးကုဆရာဝန်လေး Min ​၏ စတုတ္ထအကြိမ်မြောက် သတိပေးခြင်းကို လွန်စွာတုန်လှုပ်ရှာသည်ဟု အံ့ဩစွာ ကောက်ချက်ချမိသည်။

Min က Blood ကို ခေါင်းစခြေဆုံး တစ်ချက်ကြည့်သည်။ ဖိနပ်ထိပ်ပေါ်က သွေးတစ်စက်ကို မြင်လိုက်ရတော့ မျက်မှောင်တွေ အလိုလို ကြုတ်သွား​၏။ ဒီသွေးတွေ ဘယ်ကပါလိမ့်ဟု စဉ်းစားနေမည်ထင်။ မြက်ခင်းမှာလည်း ဟိုတစ်စ ဒီတစ်စ ပေကျံနေသည်။ ဒါဆို ယံ့ဆီကပေါ့။ စကားပြောရင်း ပါးစပ်ထဲက သွေးတွေလျှံကျတာပဲ ဖြစ်ပါလိမ့်မည်။ Blood ဆီက မဟုတ်မှန်း သေချာတော့မှ Min ​၏ နှုတ်ခမ်းနှစ်ဖက်က ပွင့်ဟလာတော့သည်။

"ဒီတစ်ပတ်အတွင်း ဘာသေနတ်သံမှ မကြားချင်ဘူးလို့ ကိုယ်သတိပေးခဲ့လား မပေးခဲ့ဘူးလား"

Min အသံသည် ရေသေအိုင်လို တည်တည်ငြိမ်ငြိမ်ပေမယ့် Blood ပုံကြည့်ရတာ ကြက်သီးတွေ ထနေသလို။

"Min... ဒီကောင်က Min ကိုသတ်ဖို့ ကြံစည်ခဲ့တာနော်။ ဒီတစ်ကြိမ် ကျရှုံးပေမယ့် နောက်တစ်ကြိမ် မရှိဘူးလို့ အာမ မခံနိုင်ဘူး"

Blood က ယံ့အား လက်ညိုးငေါက်ငေါက်ထိုး၍ မကျေနပ်စွာ အထွန့်တက်​၏။ ခပ်ဆတ်ဆတ် ဖြစ်နေသော်လည်း အသံကို ယခုထက် ပိုမကျယ်ရဲ။ Blood သည် Min ကို အော်ပြောရဲသည့်ပုံ မပေါ်ပါ။

"မေးတာကိုပဲ ဖြေ"

အနောက်ပစ်ထားသော Blood ​၏ လက်နှစ်ဖက်က မမျှော်လင့်ဘဲ ရှေ့ပြန်ရောက်လာတော့ Min က မျက်ခုံးပင့်​၏။ Blood ကိုယ်နေဟန်ထားကို ပြန်ထိန်းလိုက်ရသည်။ ယံ့လို လူစိမ်းအရှေ့တွင် သူ အဆူမခံချင်ဘူးထင်ပါရဲ့။

"သတိပေးခဲ့ပါတယ် Min"

"ကိုယ်ဘယ်လို အပြစ်ပေးရမလဲ သွေး"

ဉာဏ်ပြေးသော ယံက တစ်စုံတစ်ရာကို သဘောပေါက်လိုက်ပြီ။

Blood... နီသည်။ ရဲသည်။ အရိုင်းဆန်သည်။
သွေး... နီသည်။ ရဲသည်။ သိမ်မွေ့သည်။

—————

Love,
Me.
21.07.02

(Zawgyi)
မည္းနက္သည့္ ေဝဟင္ဝယ္ တိမ္စိုင္ေတြဟာ မွိုင္းမွိုင္းညိဳ႕လို႔။ သစ္ပင္ေပၚက ငွက္အေမႀကီးမွာေတာ့ အသိုက္ထဲက သူ႔သားေလးကိုတစ္လွည့္ သူ႔သမီးေလးကိုတစ္ေက်ာ့ၾကည့္ရင္း ေဇာေခၽြးေတြ ရႊဲေနေလရဲ့။

ေလၾကမ္းေတြေၾကာင့္ သူ႔အေတာင္ေတြသည္ ကၽြတ္က်လုမတတ္ တလွပ္လွပ္။ သို႔ေပမယ့္ ဒါကို သူ ဂ႐ုမစိုက္နိုင္။ မၾကာမီ မိုးျပင္းခ်ေတာ့မည္။ အရြယ္ေရာက္ေနသည့္သူက လြတ္ေအာင္ေျပးနိုင္ေပမယ့္ သူ႔သားႏွင့္သမီး၊ အေတာင္မစုံေသးသည့္ သူ႔သားႏွင့္သမီးအတြက္ ရင္ေတြေလးရသည္။

မိုးေတြ သိပ္မျပင္းပါေစနဲ႔။ ေလေတြ သိပ္မခ်ပါေစနဲ႔။ သိၾကားမင္းႀကီး အမ်က္ေတာ္ေတြ ေျပပါေစေတာ့။

*ဒိုင္း*

ငွက္အေမႀကီး​၏ ဆုေတာင္းကို ဘုရားသခင္က အသိအမွတ္ျပဳေလသလား။ ဘယ္ကေန ဘယ္လိုနည္းနဲ႔ ထြက္လာသလဲမသိတဲ့ ခပ္က်ယ္က်ယ္အသံတစ္စုံေနာ က္ အသိုက္ထဲက ငွက္ေပါက္ႏွစ္ေကာင္ဟာ ေခါင္းေထာင္လို႔ ၾကည့္လာသည္။

ဒါဟာ ဘာအသံပါလိမ့္။ မိုးၿခိမ္းသံလား။

ဟင့္အင္း၊ မျဖစ္နိုင္။ အေတာင္မစုံေသးေပမယ့္ မိုးၿခိမ္းသံကို သူတို႔သိသည္။ ခုနက အသံသည္ က်ိန္းေသေပါက္ မိုးၿခိမ္းသံ မဟုတ္ပါ။ ဘာအသံလည္းဆိုတာ သူတို႔သိခ်င္သည္။ သူတို႔အေမကို ေမးဖို႔လိုအပ္ေနၿပီ။ သို႔ေသာ္ လြန္ခဲ့ေသာ တစ္စကၠန႔္ကအထိ သူတို႔ေရွ႕မွာရွိခဲ့ေသာ သူတို႔အေမႀကီးသည္ ယခုအခါ မရွိေတာ့။

​ႏွစ္ေကာင္သား ေဘးဘီဝဲၾကည့္သည္။ သူတို႔အေမကို ရွာမေတြ႕။

​သစ္ပင္ေအာက္က ေျမျပင္ေပၚငုံ႔ၾကည့္သည္။ ေဟာ၊ ေတြ႕ပါၿပီ။ ေတြ႕ခဲ့ပါၿပီ။ ငွက္ထီးေလးဟာ ၿငိမ္ေနသေလာက္ ငွက္မေလးဟာ တေၾကာ္ေၾကာ္ဟစ္လို႔ ငိုေနခဲ့ၿပီ။

ေသြးအိုင္ထဲက ငွက္အေမႀကီးသည္ ေခါင္းတျခား ကိုယ္တျခား၊ ေဘးတြင္မူ က်ည္တစ္ေတာင့္က အခန႔္သား။ ခုနက ဒိုင္းဆိုသည္မွာ ေသနတ္သံျဖစ္ေၾကာင္း သူတို႔အေမႀကီးကို မေမးရဘဲ တန္းသိသြားၿပီ။

"ဒီပုံအတိုင္း ေရငုံႏွုတ္ပိတ္ေနမယ္ဆို ေနာက္ထပ္က်ည္တစ္ေတာင့္က မင္းရဲ့ဦးေႏွာက္အတြက္ ျဖစ္သြားလိမ့္မယ္။ ငါေမးတာ​ကို ေျဖစမ္း ယံ။ မင္းကို ဘယ္သူခိုင္းတာလဲ"

အႏၲရာယ္အေငြ႕အသက္ေတြႏွင့္ ၿခိမ္းေျခာက္သံက အသက္မဲ့သည့္ သစ္ရြက္ကေလးေတြကိုပါ လွုပ္ယမ္းသြားေစသည္အထိ။ ေသနတ္ကို လက္တစ္ဖက္တည္းျဖင့္ ကၽြမ္းကၽြမ္းက်င္က်င္ ထိန္းခ်ဳပ္ထားၿပီး က်န္လက္တစ္ဖက္က ျမက္ခင္းေပၚ လဲေနသည့္ ယံ့ဆံပင္တစ္ဆုပ္စာကို ရက္ရက္စက္စက္ ဆြဲေဆာင့္ထားသည္မွာ ေခ်ာေမာလွသည့္ ႐ုပ္ရည္ေလးႏွင့္ပင္ မလိုက္။ မ်က္ႏွာသည္ ႏူးညံ့သေလာက္ အျပဳအမူေတြသည္ အရိုင္းဆန္လို႔။ ေသနတ္သံသည္ ေၾကာက္ဖို႔ေကာင္းသလို ေသနတ္ကိုင္ထားသည့္ ထိုလူေခ်ာသည္ လန႔္ဖို႔ေကာင္း​၏။

"ငါ..."

ျမက္ခင္းေပၚ လဲေနသည့္ ယံသည္ ထိုလူေခ်ာအား ေမာ့ၾကည့္လို႔ အားယူကာဆိုသည္။ အားမယူလို႔လည္း မရ။ လက္ေခ်ာင္းေတြ ေျချဖင့္နင္းခံထားရသည္။ ေရအႏွစ္ခံထား၍ မြန္းၾကပ္ေနစဥ္ မ်က္ႏွာကို တရစပ္အထိုးခံထားရသည္။ နာရီႏွင့္ခ်ီေအာင္ ညႇဥ္းပန္းႏွိပ္စက္ခံထားရ၍ သူ႔တစ္ကိုယ္လုံး ထုံက်ဥ္ကိုက္ခဲေနၿပီ။

"ငါ မေျပာဘူး Blood"

ပါးစပ္ထဲတြင္ ေသြးမ်ားျပည့္လၽွံေန၍ ယံ့စကားသံမ်ားသည္ ဝူးဝူးဝါးဝါး။ သို႔ေပမယ့္ ဒီလိုအသံေတြႏွင့္ စိမ္းမေနေတာ့ေသာ Blood က သူ႔စကားကို အျပည့္အဝ နားလည္သည့္အေလ်ာက္ သူ႔ဆံပင္ေတြကို ပိုမိုေဆာင့္လို႔လာသည္မွာ ဦးေရျပားပင္ ကြာေတာ့မယ့္အထိ။ သူ႔ဦးေရျပား ကြာက်သြားရင္ေတာင္ Blood ဆိုသည့္လူက အလြတ္ေပးမည္ မဟုတ္ပါ။

Blood... နီသည္။ ရဲသည္။ အရိုင္းဆန္သည္။

Blood လို အကြက္ေစ့ေသာ လူမ်ိဳးကိုမွ သစၥာေဖာက္ခဲ့မိတာ ယံ့အမွားပဲ။ အင္း၊ သစၥာေဖာက္တယ္လို႔ေတာ့ တစ္ထစ္ခ်ႀကီး မဆိုနိုင္။ ယံဟာ နဂိုကတည္းက Blood အေပၚမွာ သစၥာမွ မရွိခဲ့ဘဲ။ ယံ့သခင္သည္ Blood မဟုတ္။ ယံ့သခင္၊ ယံခ်စ္ရေသာသခင္သည္ ဤကမၻာတြင္ တစ္ဦးတည္း။ သခင္ေပးသည့္ တာဝန္ေၾကာင့္ Blood လက္ေအာက္ ရေအာင္ဝင္၊ Spy လုပ္ရင္း ခ်က္ေကာင္းကို ေစာင့္ေနျခင္းပင္။

Blood ပိုင္နက္အတြင္း ႐ုန္းရင္းဆန္ခတ္ျဖစ္သည့္ မေန႔ညက ယံ့အတြက္ေတာ့ အခ်ိန္ေကာင္းျဖစ္ခဲ့သည္။ မ်က္ႏွာဖုံးႏွင့္ လူတစ္စုေၾကာင့္ Blood က ၿခံထဲဆင္းကာ ကိုယ္တိုင္တိုက္စစ္ဆင္သည္။ ထိုအခါ ယံသည္ Blood မရွိသည့္ စံအိမ္အေပၚထပ္က အိပ္ခန္းအတြင္း ခိုးဝင္မည္။ ၿပီးလၽွင္ သခင္သတ္ခိုင္းထားသည့္ Blood ​၏ လူႀကီးအား လ်င္လ်င္ျမန္ျမန္ သတ္မည္။ ၿပီးေနာက္ ေျခရာလက္ရာမပ်က္ ျပန္ထြက္ၿပီး ေျဗာင္းဆန္ေနသည့္ တိုက္ပြဲၾကားထဲ ေခ်ာ္လဲေရာထိုင္လုပ္မည္။ ဒါပါပဲ။

သို႔ေပမယ့္ အိပ္ခန္းတံခါးကို တြန္းဖြင့္လိုက္သည့္အခ်ိန္၊ ယံတစ္ေယာက္ အႀကံအစည္ က်ရွုံးၿပီျဖစ္ေၾကာင္း ခ်က္ခ်င္းသိလိုက္ရသည္။ Blood ကို ေလၽွာ့မတြက္ခဲ့ေပမယ့္ ယံ သတ္ရမည့္ ထိုလူႀကီးကို အထင္ေသးမိခဲ့တာ အႀကီးမားဆုံးေသာ မဟာအမွားပဲ။

ျဖစ္စဥ္အစအဆုံးကို ယံ ျပန္မေတြးခ်င္ပါ။ ေခါင္းပြင့္လုမတတ္ အရိုက္ခံထားရ၍ မေတြးနိုင္ေတာ့တာဆို ပိုမွန္မည္။ သို႔ေသာ္ သခင္က ေမးလၽွင္ေတာ့ ခေရေစ့တြင္းက် တစ္လုံးမခ်န္ ျပန္ေျပာရမည္။ ယံသာ အသက္ရွိေသးရင္၊ စကားေျပာနိုင္ေသးရင္ေပါ့ေလ။

"မေျပာဘူးတဲ့လား"

Blood သည္ အံ့ကိုႀကိတ္လ်က္ မာန္ဖီ​၏။ ဆြဲထားသည့္ ဆံသားေတြကို မလႊတ္ေပးသည့္အျပင္ နားထင္ေပၚေထာက္ထားသည့္ ေသနတ္က အားပိုပါလာသည္။ သို႔ေသာ္ ယံသည္ ေခါင္းမာစြာ ေခါင္းခါျမဲ။ အခုေန Blood လက္ထဲ ေသရမည္ဆို ရဲရဲႀကီး ေသေပးလိုက္မည္။ သခင့္ အမည္ကိုေတာ့ သူအသက္ရွိေနသေရြ႕ ထုတ္ေဖာ္ေျပာမည္မဟုတ္။ ယံ့ေၾကာင့္ သခင္ မထိခိုက္ေစလို။ သခင့္သိကၡာေတြႏွင့္ယွဥ္လၽွင္ ယံဆိုသည္မွာ ဘာမွအေရးမပါေသာ အမွုန္အမႊားေလးပဲ မဟုတ္လား။

"ယံ၊ မင္းက သစၥာရွိတဲ့ ေခြးကေလးပဲ။ ဒါေပမဲ့ ငါ့ေခြးမဟုတ္တာ ဆိုးတယ္"

"ငါ့ကို လာကိုက္တဲ့ ေခြးမွန္သမၽွ ေသလမ္းပဲ သြားရမယ္" ဆိုတာကို ပါးစပ္က ထုတ္မေျပာေပမယ့္ ေသြးေရာင္လႊမ္းသည့္ မ်က္ဝန္းေတြက အတိအလင္း ေၾကညာေန​၏။

ေသြးဆူေနေသာ Blood က ေသနတ္ကို ေမာင္းျဖဳတ္သည္။ ျမန္ဆန္လိုက္တာမွ ေခ်ာက္ခနဲရယ္မို႔ ယံက မ်က္လုံးေတြကို ဖ်တ္ခနဲ မွိတ္ပစ္လိုက္သည္။ စိတ္မွန္းျဖင့္ သခင့္ပုံရိပ္ကို ျမင္ေယာင္ၾကည့္ေတာ့ တည္တံ့ေသာ သခင္က ယံ့ကို ျပဳံးျပလ်က္။ ရက္ရက္ေရာေရာ ျပဳံးျခင္းမ်ိဳးမဟုတ္ဘဲ ႏွုတ္ခမ္းေထာင့္က မဆိုစေလာက္ေလး ေကာ့တက္သြား႐ုံပါ။ အႀကိမ္ေရအားျဖင့္လည္း ယံ့တစ္သက္တြင္ တစ္ႀကိမ္ကေလးပင္။ သို႔ေပမယ့္ ယံသည္ သခင့္အျပဳံးအား ဦးေႏွာက္အျပင္ ႏွလုံးသားထဲအထိပါ မွတ္ေက်ာက္တင္ထား​၏။ ယံေသသြားခဲ့ရင္ ဝိဉာဥ္ဘဝျဖင့္ သခင့္နံေဘး ခစားရပါေစသား။

"ရပ္လိုက္"

ဒိုင္းဆိုသည့္ ေသနတ္အသံအစား ဩရွရွအသံတစ္စုံသည္ ေလထုကို လႊမ္းျခဳံလို႔။ အသံနက္နက္က က်ယ္ေလာင္စြာ ဟိန္းထြက္မေနေပမယ့္ လွုပ္ခါေနသည့္ သစ္ရြက္ေတြကို ရပ္တန႔္ေစသလို ယံ့အေပၚက Blood ​၏ အသံရွူသံတို႔ကိုပါ စကၠန႔္ဝက္ခန႔္ ခ်ဳပ္ၿငိမ္းသြားေစသည္အထိ အာဏာျပင္းရွ​၏။

မွိတ္ထားေသာ မ်က္လုံးေတြ ျပန္ပြင့္လာရၿပီ။ ယံ မေသေတာ့ဘူးလား။

ရပ္လိုက္ဆိုသည္မွာ ယံ့အေနႏွင့္ စကားတစ္ခြန္းထက္မပိုေပမယ့္ လူသတ္ဖို႔လုပ္ေနသည့္ Blood အတြက္မူ အမိန႔္တစ္စုံထက္ပင္ ပို​သာေနေၾကာင္း ဆိုင္သူေတြသာ သိေပလိမ့္မည္။

"Min..."

Blood ႏွုတ္ဖ်ားမွ ေရရြတ္သံသည္ ခုနက ႀကိမ္းေမာင္းဆဲဆိုသံတို႔ႏွင့္ လားလားမွ မဆိုင္သည္ကို ယံ သတိမူမိလိုက္သည္။ Min ဆိုသည္မွာ ယံ လုပ္ႀကံသတ္ျဖတ္ရမည့္၊ ယံ အထင္ေသးခဲ့သည့္၊ Blood ေဘးကလူႀကီးပင္။ Blood အပါအဝင္ ဤအေမွာင္ေလာကထဲက လူအေတာ္မ်ားမ်ားႏွင့္ ကြဲျပားစြာ Min သည္ ၾကည့္လိုက္တိုင္း အျဖဴအျပာစသည့္ အေရာင္ေဖ်ာ့ေဖ်ာ့ေတြပဲ ဝတ္ဆင္ထားတတ္သည္။ Blood ႏွင့္ယွဥ္လၽွင္ လူေကာင္ခ်င္း သိပ္မကြာေပမယ့္ ေသခ်ာၾကည့္လၽွင္ ရင္အုပ္ႏွင့္ပုခုံးက Blood ထက္ ပိုက်ယ္သေယာင္။

Min သည္ သူတို႔လို ေမွာင္ခိုနယ္ပယ္က မဟုတ္။ ဆိတ္ၿငိမ္ရပ္ကြက္ထဲမွာ တိရစၧာန္ေဆးခန္းေလး ဖြင့္ထားသည့္ ေအးေအးခ်မ္းခ်မ္း veterinarian (vet) တစ္ေယာက္ျဖစ္သည္။ ဒါေၾကာင့္လည္း ယံ အထင္ေသးခဲ့သည္ မဟုတ္လား။

Min လို တိရစၧာန္ေဆးကုဆရာဝန္ေလးက အေမွာင္ေလာက​၏ လူမိုက္ရာဇာ Blood ႏွင့္ ဘယ္လိုဆုံခဲ့သလဲ ဆိုတာကို ယံမသိ။ သိစရာလည္း မလိုပါေလ။ သို႔ေသာ္ ဆန္းၾကယ္သည္မွာ ယံ့သခင္က ဒါဆို ယံလည္း ဒါပဲျဖစ္သလို Min က တစ္ခြန္းဆို Blood သည္လည္း အဲဒီတစ္ခြန္းပင္ျဖစ္ေၾကာင္း အေငြ႕အသက္မ်ား ရေန​၏။

"ရပ္လိုက္"

Min ဟာ ဘယ္လိုလူမ်ိဳးပါလိမ့္။ ဒီေလာက္ေသြးဆိုးသည့္ Blood ကို စကားေလး ႏွစ္ခြန္းျဖင့္ ၿငိမ္ဝပ္ပိျပားသြားေအာင္ ထိန္းနိုင္သည္မွာ ေတာ္႐ုံတန္႐ုံ အရည္အခ်င္းမ်ိဳးႏွင့္ေတာ့ မဟုတ္နိုင္ပါ။ Min ဆိုသည့္လူႀကီးဟာ ဘာပါလိမ့္ေနာ္။ စူးစမ္းလိုစိတ္က ဦးေဆာင္ေတာ့ မ်က္နက္ဝန္းတစ္စုံႏွင့္ ရင္ဆိုင္ရသည္။ ေလာင္ၿမိဳက္ေနေသာ Blood ႏွင့္ ျခားနားစြာ Min ​၏ အၾကည့္ေတြသည္ ေအးစက္ေန၏။ ထိုမ်က္ဝန္းေအးေအးေတြက သက္ေသခံသည္။ ယံ အသက္ဆက္ရွင္မွာ ေသခ်ာၿပီတဲ့။

ယံ နားမလည္နိုင္ပါ။ မေန႔ညက အိပ္ခန္းထဲအထိ ေသနတ္ကိုင္လို႔ ဝင္လာသည့္ သူ႔ကို စစ္ကူေခၚၿပီး မဖမ္းခိုင္းတဲ့အျပင္ သြားေတာ့ဟု ခပ္ျပတ္ျပတ္ဆိုကာ လႊတ္ေပးေသးသည္။ အေျပးမေတာ္လို႔ Blood လက္ထဲျပန္မိၿပီး အခု အသတ္ခံရဆဲဆဲမွာပဲ သူ႔​ကို ကယ္ထုတ္ျပန္သည္။ ကိုယ့္ကိုလာသတ္သည့္ လူသတ္သမားကို ျပန္လႊတ္ေပးရတဲ့အထိ Min ဆိုသည့္လူႀကီးဟာ သေဘာေတြ ေကာင္းလြန္းသည္တဲ့လား။

Min က သေဘာေကာင္းေပမယ့္ Blood က သေဘာဆိုးသည္။ ယံ့အား စူးစူးရဲရဲစိုက္ၾကည့္ကာ Min အလစ္တြင္ ေသနတ္ေမာင္းကိုဆြဲဖို႔ ႀကံရြယ္ေန​၏။

"အခုခ်က္ခ်င္း ရပ္လိုက္"

Blood အေၾကာင္း ေနာေၾကေနပုံရေသာ Min က ခပ္နက္နက္ မိန႔္သည္။ အသံတြင္ ေဒါသတို႔ ေရာယွက္မေနေပမယ့္ စိတ္မရွည္မွုေတြက အထင္အရွား။ စဥ္းစားၾကည့္ေတာ့ ဒါသည္ သုံးႀကိမ္ေျမာက္ သတိေပးျခင္းျဖစ္သည္။ ေလးႀကိမ္ေျမာက္ဆို Blood ဘာဆက္ျဖစ္မွာလဲ။

ေရွ႕ဆက္မတိုးရဲေတာ့သည့္ Blood သည္ သူ႔လက္ထဲက ေသနတ္အား Min ဆီအပ္​၏။ လက္ႏွစ္ဖက္ျဖင့္ ရိုရိုေသေသရယ္မို႔ ယံ့မ်က္အိမ္တြင္ ျပဴးက်ယ္ကုန္ရသည္။

ၿပီးေနာက္ Blood သည္ သူ႔လက္ေတြကို ေနာက္ပစ္လ်က္ ခပ္မတ္မတ္ ျပန္ရပ္သည္။ ေခါင္းကိုေတာ့ ငုံ႔မထားေပမယ့္ မ်က္လႊာေတြကို ခ်ထား​၏။ အေမွာင္ေလာက​၏ ဒိတ္ဒိတ္ၾကဲ Blood က တိရစၧာန္ေဆးကုဆရာဝန္ေလး Min ​၏ စတုတၳအႀကိမ္ေျမာက္ သတိေပးျခင္းကို လြန္စြာတုန္လွုပ္ရွာသည္ဟု အံ့ဩစြာ ေကာက္ခ်က္ခ်မိသည္။

Min က Blood ကို ေခါင္းစေျခဆုံး တစ္ခ်က္ၾကည့္သည္။ ဖိနပ္ထိပ္ေပၚက ေသြးတစ္စက္ကို ျမင္လိုက္ရေတာ့ မ်က္ေမွာင္ေတြ အလိုလို ၾကဳတ္သြား​၏။ ဒီေသြးေတြ ဘယ္ကပါလိမ့္ဟု စဥ္းစားေနမည္ထင္။ ျမက္ခင္းမွာလည္း ဟိုတစ္စ ဒီတစ္စ ေပက်ံေနသည္။ ဒါဆို ယံ့ဆီကေပါ့။ စကားေျပာရင္း ပါးစပ္ထဲက ေသြးေတြလၽွံက်တာပဲ ျဖစ္ပါလိမ့္မည္။ Blood ဆီက မဟုတ္မွန္း ေသခ်ာေတာ့မွ Min ​၏ ႏွုတ္ခမ္းႏွစ္ဖက္က ပြင့္ဟလာေတာ့သည္။

"ဒီတစ္ပတ္အတြင္း ဘာေသနတ္သံမွ မၾကားခ်င္ဘူးလို႔ ကိုယ္သတိေပးခဲ့လား မေပးခဲ့ဘူးလား"

Min အသံသည္ ေရေသအိုင္လို တည္တည္ၿငိမ္ၿငိမ္ေပမယ့္ Blood ပုံၾကည့္ရတာ ၾကက္သီးေတြ ထေနသလို။

"Min... ဒီေကာင္က Min ကိုသတ္ဖို႔ ႀကံစည္ခဲ့တာေနာ္။ ဒီတစ္ႀကိမ္ က်ရွုံးေပမယ့္ ေနာက္တစ္ႀကိမ္ မရွိဘူးလို႔ အာမ မခံနိုင္ဘူး"

Blood က ယံ့အား လက္ညိဳးေငါက္ေငါက္ထိုး၍ မေက်နပ္စြာ အထြန႔္တက္​၏။ ခပ္ဆတ္ဆတ္ ျဖစ္ေနေသာ္လည္း အသံကို ယခုထက္ ပိုမက်ယ္ရဲ။ Blood သည္ Min ကို ေအာ္ေျပာရဲသည့္ပုံ မေပၚပါ။

"ေမးတာကိုပဲ ေျဖ"

အေနာက္ပစ္ထားေသာ Blood ​၏ လက္ႏွစ္ဖက္က မေမၽွာ္လင့္ဘဲ ေရွ႕ျပန္ေရာက္လာေတာ့ Min က မ်က္ခုံးပင့္​၏။ Blood ကိုယ္ေနဟန္ထားကို ျပန္ထိန္းလိုက္ရသည္။ ယံ့လို လူစိမ္းအေရွ႕တြင္ သူ အဆူမခံခ်င္ဘူးထင္ပါရဲ့။

"သတိေပးခဲ့ပါတယ္ Min"

"ကိုယ္ဘယ္လို အျပစ္ေပးရမလဲ ေသြး"

ဉာဏ္ေျပးေသာ ယံက တစ္စုံတစ္ရာကို သေဘာေပါက္လိုက္ၿပီ။

Blood... နီသည္။ ရဲသည္။ အရိုင္းဆန္သည္။
ေသြး... နီသည္။ ရဲသည္။ သိမ္ေမြ႕သည္။

—————

Love,
Me.
21.07.02

Continue Reading

You'll Also Like

12.8K 449 11
Izuku Midoriya, formerly known as Yagi was treated like a plague For something beyond his control, he was diagnosed as Quirkless His mother Inko Yagi...
156K 6.8K 30
!Adult/Possessive and Asshole!
32.4K 729 22
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...
16K 639 39
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...