အချစ်တို့နှင်းအပ်ရာ (အခ်စ္တို...
By AungKhant266
75.3K 3K 72
အချစ်ဆိုတာကို ကျွန်တော်မယုံဘူး လက်တွေ့ဆန်တဲ့ ငွေကိုသာယုံကြည်တာ အချစ်ကလက်တွေ့မဆန်ဘူးအကို... နှင်းခါးဝိုင် သံသရ... More
အခန်း.၁
အခန်း.၂
အခန်း.၃
အခန်း.၄
အခန်း.၅
အပိုင်း.၆
အခန်း.၇
အခန်း.၈
အခန်း.၉
အခန်း.၁၀
အခန်း.၁၁
Fiction Nameပြောင်းခြင်း
အခန်း.၁၂
အခန်း.၁၃
အခန်း.၁၄
အခန်း.၁၅
အခန်း.၁၆
အခန်း.၁၇
အခန်း.၁၈
အခန်း.၁၉
အခန်း.၂၀
အခန်း.၂၁
အခန်း.၂၂
အခန်း.၂၃
အခန်း.၂၄
အခန်း.၂၅
အခန်း.၂၇
အခန်း.၂၈
အခန်း.၂၉
အခန်း.၃၀
အပိုင်း.၃၁
အခန်း.၃၂(🔞)
ဇာတ်သိမ်းပိုင်း
အခန်း.၂၆
1.4K 74 1
By AungKhant266
[Unicode]
" ခါး ခါးထတော့လေ။ ကိုယ်တို့ချောင်းသာရောက်ပြီ။"
ကားခုံပေါ်မှာ အိပ်ပျော်နေရှာတဲ့ခါးကို စစ်သည်မနိုးချင်ပေမယ့် အချိန်အကြာကြီးအိပ်လာတာမို့ လည်ပင်းနာနေမှာဆိုးတာကြောင့် နှိုးလိုကိခြင်းဖြစ်သည်။ ဘာကြောင့်ဒီလောက်တောင် စိတ်ပျက်အားငယ်ပြီး သည်းထန်စွာငိုကြွေးနေခဲ့သလဲဆိုတဲ့ အဖြေဟာ စစ်သည်အတွက်ခေါင်းခဲစေသည်။ ချောင်းသာမရောက်ဖူးဘူးဆိုတဲ့ ခါးကိုစစ်သည်နဲ့အတူ ချောင်းသာကိုရောက်အောင်လာခဲ့သည်။ ထိုကောင်လေးခါးကို သူဂရုစိုက်ချင်သည်။ ကာကွယ်ပေးချင်သည်။ အားငယ်နေတဲ့အချိန်တိုင်း အနားမှာရှိနေပေးချင်မိသည်။ ခါးနဲ့မတွေ့ရလျှင် စစ်သည်လွမ်းနေတက်ပြီး ခါးနဲ့အနေနီးလွန်းရင် စစ်သည်ရင်တွေအတိုင်းအဆမရှိ ခုန်လာရပြန်သည်။ စစ်သည်ချစ်တယ်ဆိုတဲ့စကားမပြောခင် ကိုယ့်ကိုအရင်စမ်းစစ်ရသေး၏။ Sexကြောင့်ခါးအပေါ်သာယာလာတာလား။ ဒီအတိုင်းခါးဆိုတဲ့ဖြသ်တည်မှု့ကြောင့် ချစ်လာသလားဆိုတဲ့ တိကျတဲ့အဖြေထွက်လာအောင် စောင့်နေခြင်းဖြစ်သည်။ ခါးကိုချစ်တယ်လို့ပြောလိုက်တဲ့ အချိန်မှာ ခါးဘက်ကနေငြင်းဆန်ခွင့်မရှိတဲ့ အချစ်ကိုလိုချင်မိသည်။ သို့ပေမယ့်ခါးဖက်ကနေ အတွေးမှားတချိူ့ဝင်ကာ သူ့အချစ်ကိုမယုံကြည်မှာလဲ စိုးရိမ်နေမိပြန်သည်။ မျက်နာဖြူနုနုလေးအပေါ်  ကားမှန်ကနေကျော်လွန်ကာ ခါးရဲ့မျက်နာပေါ်နေရောင်ဖြာကျလို့နေသည်။ ချစ်စရာကောင်းတဲ့ ခါးရဲ့မျက်နာလေးဟာအပြစ်ကင်းစင်လှသည်။ မိန်းကလေးများလို နှုတ်ခမ်းနီဆိုးမထားပါပဲ ပန်းရောင်းသမ်းနေတဲ့ နှုတ်ခမ်းပါးပါးဟာလဲ စစ်သည်ကိုဆွဲဆောင်လျှက်ရှိနေသည်။
စစ်သည်လက်တစ်ဖက်က ခါးရဲ့အုပ်လုံးလုံးဆံပင်တွေကို ခါဖွလိုက်သည်။ ခါးကသူ့ဆံပင်တွေကို ဖွတာမကြိုက်သော်လည်း နောက်ပိုင်းပြောမရတာကြောင့် သူ့ကိုမပြောတော့ခြင်းဖြစ်သည်။ ခါးကတစ်ဖက်သို့ မျက်နာလှည့်ကာ အိပ်နေပြန်သည်။
" ခါး ထတော့လို့။ အခန်းထဲရောက်တော့မှဆက်အိပ်တော့။ ကြာရင်လည်ပင်းနာလာလိမ့်မယ်။"
" အင်း အင်း ခနလေး ခနလေးနော်။"
စစ်သည်ရှေ့က ချစ်စရာပိုးဟပ်ဖြူလိုကောင်လေးခါးက လက်ကလေးတပြပြနဲ့ ပြန်အိပ်ပျော်နေရှာသည်။ အခုချိန်မှာနှုတ်ခမ်းလေးကို စစ်သည်ဆွဲစုပ်ကာ အကြင်နာတွေပေးပစ်လိုက်ချင်သည်။
စိတ်ထိန်း စိတ်ထိန်း စစ်သည်။ လူမြင်ကွင်းကြီးမှာ။
စစ်သည်ကိုယ့်ကို သတိပြန်ပေးနေခြင်းဖြစ်သည်။
" ခါးထမလား မထဘူးလား။ မဟုတ်ရင်ကိုယ် ခါးရဲ့နှုတ်ခမ်းတွေထူအမ်းလာအောင်နမ်းပစ်မှာနော်။"
စစ်သည်ရဲ့ခြိမ်းခြောက်မှု့က အသုံးဝင်လှသည်။ ခါးရဲ့မျက်လွှာလေးနှစ်ခုက ဖျတ်ခနဲပွင့်လာသည်။ မှီအိပ်နေရာမှ ချက်ချင်းကိုယ်မတ်ခနဲထထိုင်လာသည်။
" ဟင်..."
နှင်းခါးဝိုင်မျက်လုံးပွင့်ပွင့်ချင်း ပထမဦးဆုံးမြင်လိုက်ရတာက ကမ်းခြေကရေပြာပြာတွေကိုပင်။ ဒါဆိုသူချောင်းသာကိုရောက်နေခဲ့တာပေါ့။
" အကို ကျွန်တော်ချောင်းသာကိုရောက်နေတာလားဟင်။"
" ဟုတ်တယ်လေ။ ခါးကချောင်းသာမရောက်ဖူးဘူးလို့ ကိုယ့်ကိုပြောဖူးတယ်မဟုတ်လား။ ကိုယ်ကခါးနဲ့ချောင်းသာကို တစ်နေ့အတူတူသွားမယ်ဆိုပြီး စီစဥ်ထားတာ။ အကြောင်းတိုက်ဆိုင်စွာနဲ့ ဒီနေ့ကိုရောက်လာခဲ့တာ။"
" အားးး  ကျွန်တော်ပျော်လိုက်တာ။ "
အပျော်လွန်ကာ မျက်ရည်များကြားမှ နှင်းခါးဝိုင်စစ်သည်ကို လည်ပင်းကနေသိုင်းဖက်လိုက်သည်။ သူတကယ်ရောက်ဖူးချင်နေခဲ့သော ချောင်းသာ။ ကမ်းစပ်မှာရေကစားချင်ခဲ့သော သူ့အိပ်မက်ကို အကိုကအကောင်ထည်ဖော်ပေးခြင်းဖြစ်သည်။
နှင်းခါးဝိုင်ကားထဲကနေပြေးထွက်ကာ ကမ်းခြေကိုအပြေးသွားလေသည်။
ခုန်ပေါက်ကာကလေးတစ်ယောက်လို အော်ဟစ်ရင်း ကမ်းခြေကိုပြေးလွှားနေတဲ့ ခါးကိုကြည့်ရင်း စသ်သည်အလိုလိုပြုံးလာမိသည်။
ကမ်းခြေကိုတကယ်ကြိုက်တဲ့ကောင်လေးပဲ။ ကမ်းခြေကိုရောက်လို့ ပျော်နေရှာတာကလေးလေးတစ်ယောက်လိုပဲ။ တစ်လမ်းလုံးစိတ်မကောင်းဖြစ်ကာ ငိုလာတဲ့ခါးက ကမ်းခြေရောက်လို့ပျော်နေတဲ့ ခါးနဲ့လုံးဝမှသက်ဆိုင်ချင်းမရှိ။
မင်းလေးပျော်နေတာကိုပဲ မြင်ချင်ခဲ့တာကောင်လေးရေ။ ကိုယ်ရင်းနှီးလိုက်ရတဲ့ အရာရာတိုင်းက မင်းလေးပျော်နေတာကိုမြင်ရတာနဲ့ ကိုယ့်ရင်းနှီးတွေကလုံးဝတန်သွားပြီ။
စစ်သည်ကားထဲမှထွက်လာကာ ဟိုတယ်ကို check inဝင်လိုက်သည်။
ဟိုတယ်ခန်းထဲမှာ စစ်သည်ကြာကြာမနေရဲ။ ဟိုမျောက်ကလေးက ကမ်းခြေရောက်တာ စိတ်လွတ်ကိုယ်လွတ်ပျော်ကာ ရေအကြာကြီးစိမ်နေရင် ဖျားမှာလဲကြောက်ရသေးပြန်၏။
စစ်သည် အဝတ်အစားလဲကာ ကမ်းခြေဖက်သို့အပြေးလိုက်ရပြန်သည်။ စစ်သည်ထင်တဲ့အတိုင်းပင်။ ရေလှိုင်းထဲမှာ ဘောကွင်းလေးနဲ့ရေကစားနေတဲ့ ကောင်လေးကို စစ်သည်လှမ်းမြင်လိုက်ရသည်။ ခါးကသူ့ကိုလှမ်းပြီးလက်ပြလို့နေသည်။ စစ်သည်လဲ ခါးကိုပြန်လည်လက်ပြကာ ခါးရှိရာရေထဲသို့ သူပါဆင်းလာခဲ့သည်။
" အကိုလာ ကျွန်တော်ရေကူးချင်တယ်။ ဘောကွင်းခနကိုင်ထားပေး။"
နှင်းခါးဝိုင် အကို့ကိုဘောကွင်းကမ်းပေးရင် ရေလှိုင်းများနဲ့အတူ ဆော့ကစားနေသည်။
" ခါးအရမ်းကြီးမဆော့နဲ့။ တော်ကြာမျက်လုံးထဲကိုရေတွေဝင်ကုန်ရင် စပ်နေလိမ့်မယ့်။"
" ရတယ်အေးဆေးအကို။"
စစ်သည်အပြောကို ခါးကအဆင်ပြေတယ်ဟူသော သဘောဖြင့်လက်မနဲ့လက်ညိုးလေးကို ဝိုင်းကာOkတယ်ဟု ပြန်ပြောလာသည်။ ကမ်းစပ်ကို ရေ
လှိုင်းများက တအုန်းအုန်းနဲ့ ထိခပ်ကြည်စယ်နေသည်။ ထိုရေလှိုင်းတွေကြားထဲမှာ ရွှေငါးဖြူလေးတစ်ကောင်ကူးခပ်ဆော့ကစားနေသလိုပင်။ ရေလှိုင်းများကြောင့် ပေါ်လိုက်မြှုပ်လိုက်နဲ့ ခါးရဲ့ခန္ဓာကိုယ်လေးက လှုပ်စိလှုပ်စိပင်။
" အကိုလာ ကမ်းစပ်နားက တဲလေး
ထဲမှာ အုန်းရည်သွားသောက်ရအောင်။"
ခါးပုံစံက ရေကူးရတာဝလို့ ကမ်းပေါ်တက်ကာအုန်းရည်သောက်ရန်ကြံနေပုံရသည်။ ရှေ့ကနေဦးဆောင်ကာ ကမ်းပေါ်ကိုတက်သွားတဲ့ ခါးနောက်ကနေ စစ်သည်ဘောကွင်းလေးကိုင်ကာ ထပ်ချပ်မကွာလိုက်လာသည်။
အခုကျတော့လဲ သူမဟုတ်သလို ပျော်နေရှာပြန်သည်။
အုန်းသီးနှစ်လုံးကို အပေါ်အလွှာခွာကာ ပိုက်တစ်ချောင်းဆီတပ်ကာ စစ်သည် ခါးရှိရာကိုလျှောက်လာခဲ့သည်။
နှင်းခါးဝိုင်ထန်းလက်များနဲ့မိုးထားတဲ့ အမိုးအောက်ကခုံလေးမှာ တသ်ယောက်ထဲထိုင်ကာ ကမ်းခြေကိုငေးကြည့်နေမိသည်။ သူရောက်ဖူးချင်ခဲ့သော ကမ်းခြေ။ ငယ်ငယ်လေးထဲက မက်ခဲ့ဖူးသောအိပ်မက်က အကိုကြောင့်အကောင်အထည်ပေါ်ခဲ့ရပြီ။ အကိုကသူ့အတွက် အုန်းရည်သွားဝယ်နေခြင်းဖြစ်သည်။ ကမ်းခြေက ဘယ်လောက်ပင် လှလိုက်သလဲ။ သူငေးကြည့်နေရတာကိုပင် သဘောကျလှသည်။ ချောသ်းသာကမ်းခြေဟာ သူ့ရဲ့ပိုင်နက်ထဲကို ဘယ်သူတွေဘယ်လို ကျူးကျော်ဝင်ရောက်လာပါစေ ဂရုမစိုက်။ သူ့ရဲ့လှုပ်ရှားမှု့ သူ့ရဲ့ဖြစ်အင်အတိုင်း အသက်ဝင်လို့နေသည်။ လူကြီးလူငယ် ကလေးများ တဝုန်းဝုန်းနဲ့ ရေကစားနေကြသော်လည်း ကမ်းခြေကြီးကတော့ ပုံစံမပျက် ကမ်းခြေကမြေဆီလွှာတို့ကို လာရောက်တိုက်စားလို့နေသည်။
" ရော့ ခါး"
နှင်းခါးဝိုင်မျက်နာရှေ့တည့်တည့်သို့ အစိမ်းရောင်စိုပြေပြေအုန်းသီးတစ်လုံး။ အကိုကသူ့နဲ့မျက်နာချင်းဆိုင် ခုံမှာနေရာယူလိုက်သည်။ အကိုပုံစံကလေ ရုပ်ရှင်လောကထဲကနေ သေသွားတဲ့မင်းသား ကိုသားငယ်(ဒေွး)ရဲ့စတိုင်လိုပင်။ အဖြူရောင်လက်ရှည်ကို အောက်ကနေအဖြူရောင်စွပ်ကျယ် အောက်ကဘောင်းဘီဖြူကိုတွဲဖက်ဝတ်ဆင်ထားသည်။
" ကျေးဇူးအကို"
ခန့်ညးလွန်းတဲ့အကိုကို နှင်းခါးဝိုင်ငေးကြည့်နေမိဆဲ။
ခါးကသူ့မျက်နာကို ငေးကြည့်နေရင်းကနေ ပြုံးစိစိမျက်နာပေးရယ်မို့ စစ်သည်သူ့ကိုယ်သူမလုံမလဲဖြစ်ရသည်။ မျက်နာမှာတစ်ခုခုပေနေတယ်လို့ထင်မိသည်။
" ဘာရယ်တာလဲခါး"
" ဘာမှမဟုတ်ပါဘူးအကိုကလဲ။"
" ဘာမှမဟုတ်ဖူးတာဆိုတယ် ခါးကပြုံးစိစိကြီးလုပ်နေတော့ ကိုယ့်မျက်နာမှာ တစ်ခုခုပေနေလို့လား။"
" ဘာမှမပေပါဘူးအကိုရ။"
" ဒါဆို ဘာလို့"
" အကို့ပုံစံက မင်းသားဒွေးရဲ့စတိုင်လ်နဲ့မို့ ပြုံးမိတာပါဗျာ။"
ခါးရဲ့ဘေးနားသို့ စစ်သည်ဝင်ထိုင်လိုက်သည်။ ခါးကခေါင်းလေးငုံ့ကာ အုန်းရည်သောက်နေသည်။ စစ်သည်ဘောင်းဘီအိတ်ကပ်ထဲကနေ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။ပြီးလျှင်လက်ထဲကို အနည်းငယ်ညစ်ထည့်လိုက်သည်။ အဖြူရောင်အနှစ်တွေကို လက်ဖဝါးနှစ်ဖက်နဲ့ဝိုက်ကာပွတ်နေရင်းက ခါးရဲ့လက်တစ်ဖက်ကိုဆွဲယူလိုက်သည်။
နှင်းလားဝိုင်အုန်းရည်သောက်နေရာမှ အကို့ရဲ့အပြုအမူကြောင့်ခေါင်းမော့ကာ ကြည့်လာမိသည်။ အကိုကသူ့လက်ကို နေလောင်ခံခရင်မ်အချို့ကို သူ့လက်ထဲထည့်ကာ လိမ်းပေးနေခြင်းဖြစ်သည်။
" ဘယ်အချိန်ထဲက ဒါတောင်ဆောင်ထားတာလဲ။"
" ခါးကမ်းခြေကိုသွားချင်တယ်ဆိုတဲ့အချိန်ထဲက ကိုယ်လိုအပ်မယ်ထင်တဲ့ အရာတွေမေးမြန်းပြီးဝယ်ထားတာ။ ခါးရဲ့အသားဖြူဖြူလေးမှာ နေလောင်ကွက်တွေဖြစ်နေမှာကို ကိုယ်မကြည့်ချင်ဘူး။"
အကို့အပြောကြောင့် နှင်းခါးဝိုင်ရှက်သလိုလို မျက်နာပူလာရသည်။ အကိုကတည်ငြိမ်စွာနဲ့ သူ့ရှေ့မှာရှိနေသေးသော်လည်း အကို့မျက်နာကိုသူမော့မကြည့်ရဲသေး။ အကိုကတည်ငြိမ်နေသလောက် နှင်းခါးဝိုင်နှလုံးသားလေးကတော့ ဗရမ်းပတာနဲ့ခုန်လို့နေသည်။
နှင်းခါးဝိုင်ပုံစံက ကမ်းစပ်နဲ့တူကာ အကိုကတော့လှိုင်းလုံးကြီးများနဲ့ဆင်တူသည်။ အကိုကကမ်းစပ်ကိုလာရောက်တိုက်စားတဲ့ လှိုင်းလုံးများဖြစ်သလို နှင်းခါးဝိုင်ဆိုတဲ့သူကတော့ အတိုက်စားခံရမည့် ကမ်းစပ်ကသဲမှုန်စလေးမျာပင်ဖြစ်သည်။
" ကျေးဇူးတင်ပါတယ်အကို"
" ကိုယ်ကလဲခါးကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့အိပ်ပျော်နေရှာတဲ့ နှလုံးသားလေးကို လာရောက်လှုပ်နှိုးနိုင်တဲ့ တစ်ဦးတည်းသောကောင်လေးအဖြစ်နဲ့ရောက်လာခဲ့လို့။"
အကို့ဆီကနွေးထွေးမှု့တို့သည် သူ့ကိုလုံခြုံနွေးထွေးစေသည်။
" ရေကစားအုံးမှာလားခါး။"
"ဟုတ်ကဲ့အကို ကစားအုံးမှာ။"
" လာ ဒါဆိုကိုတို့အတူတူရေကစားကြမယ်။"
ခါးလုပ်ချင်တဲ့အရာမှန်သမျှကို စစ်သည်ဖြည့်ဆည်းပေးရန်အသင့်ဖြစ်လို့နေသည်။ သံပုရာရောင်လက်ကျ အိကျီ်လေးကို ဂျင်းဘောင်းဘီအောက်ရှုးနဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ ခါးရဲ့ပုံစံကချစ်စရာကောင်းနေသည်။ နတ်​ပြည်ကနတ်သားလေးတစ်ပါး ကမ်းခြေကိုရေဆင်းကစားသည့်နှယ်။
ရေကစားလို့ဝတော့မှ ဗိုက်ဆာတာကိုသတိရတဲ့ စစ်သည်ရဲ့ကောင်ဇိုးလေးခါး။ ကလေးတစ်ယောက်ကို ချစ်မိတဲ့စစ်သည်ရဲ့အဖြစ်။ လှိုင်းလုံးတွေအကြား နှစ်မြှုပ်သွားမှာကြောက်လို့ ဘောကွင်းနဲ့ ရေစကားစေချင်သော်လည်း ခါးကဒီအတိုင်းသာဆော့နေသည်။
" အကိုဗိုက်ဆာတယ်။"
ကမ်းပေါ်ရောက်တော့ ဗိုက်ကလေးပွတ်ကာသပ်ကာနဲ့ စူပုတ်ပုတ်မျက်နာလေးနဲ့ သူ့ကိုကပ်ချွဲနေတဲ့ခါး။ အသည်းတွေယားလွန်းကာ ပါးလေးတွေကို ကိုပစ်ချင်နေတဲ့သူ။ စစ်သည်အတွေးထဲကအတိုင်း ခါးရဲ့ပါးလေးကို မကိုက်ဖြစ်သော်လည်း လက်ကလေးနဲ့တော့ပါးကိုဆွဲညစ်လိုက်သည်။
" အခန်းအရင်ပြန်မယ်။ ရေချိုးပြီးရင် အဆင်သင့်ဖြစ်နေစေရမယ်။ အိုကေလား။"
နှင်းခါးဝိုင်ဘာလုပ်လုပ် နောက်ကနေအပြစ်မပြောပဲ အကုန်ဖြည့်ဆည်းပေးတဲ့အကို။ စတွေ့တဲ့ အချိန်ကနေစလို အခုချိန်အထိ သူ့ရဲ့အားနည်းချက်ကိုတောင် လျစ်လျှူကာ ညီရင်းသဖွယ်ဂရုစိုက်ပေးတဲ့အကို။ ဘယ်အရာကတော့မှန်တယ် ဘယ်အရာကတော့မှားတယ်ဆိုတာကို သိနားလည်အောင်ဆုံးမတက်တဲ့အကို။
" ခါး နှစ်ယောက်အတူတူရေချိုးကြမလား။"
အကိုဘက်ကတောင်းဆိုလာတဲ့အရာ။ နှင်းခါးဝိုင်အကို့ကိုကြည့်လိုက်တော့ အတော်ချမ်းနေပုံရသည်။
" အွန်း..."
နှင်းခါးဝိုင်ရေချိုးကန်ထဲတွင်
ရေပူနဲ့ရေအေးအချိုးအစားညီမျှစွာ စပ်လိုက်သည်။ နှင်းခါးဝိုင် အိကျီ်နဲ့အတူ သူ့ရဲ့ဂျင်းဘောင်းဘီကိုပါအတူချွတ်လိုက်သည်။ အတွင်းခံအဖြူလေး တစ်ထည်ကလွဲရင် ကျန်တာဘာမှမရှိတော့။ ရေချိုးကန်ထဲဆင်ကာ ရေစိမ်နေလိုက်သည်။
ခါးရဲ့လှုပ်ရှားမှု့တိုင်းကို မျက်တောင်မခတ်တမ်းငေးကြည့်နေမိတဲ့ စစ်သည်။ ခါးကတော့ သူရှိနေတာကို ဘာမှမဖြစ်သလို အဝတ်အစားတွေချွတ်နေပေမယ့် သူ့အတွက်ကျခန္ဓာကိုယ်တစ်ခုလုံးသာမက အသွေးအသားထဲကပါ ပူနွေးလာသည်။ စစ်သည်သဘောကျတဲ့ ခါးရဲ့အလှတရားတို့ကိုမြင်ရချိန်တွင် စစ်သည်စိတ်တို့ထကြွသောင်းကျန်းချင်လာသည်။
" အကို့လာလေ တော်ကြာအအေးမိနေအုံးမယ်။"
စစ်သည်ရေချိုးကန်ဘေးတွင် ရပ်ကာတွေဝေလို့နေသည်။ အပြစ်အနာအဆာမရှိတဲ့ ခါးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများကြောင့် စစ်သည်ရဲ့အောက်ပိုင်းက ညီငယ်လေးက သွေးတို့ဆူကြွလာတာမို့ အိမ်သာထဲကိုသာ စစ်သည်ပြေးရတော့သည်။
ရေအတူချိုးမယ်ဆိုပြီး သူ့ဆီကခွင့်ပြုချက်တောင်းတဲ့အကို။ သူခေါ်တော့ ဘာကြောင့်ထွက်ပြေးရသလဲ။ အဲ့ဒီလိုပဲ အကိုကရှက်တက်သူပေါ့။ အကိုနဲ့သူစတွေ့တဲ့အချိန်လေးကိုပင် သတိရလို့သွားရသည်။ အကိုကဦးဆောဂ်သူမဟုတ်ပဲ သူကသာအိပ်ယာပေါ်မှာ ဦးဆောင်လာတော့မှ အကိုကသူခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
နှင်းခါးဝိုင်အကို့ကိုစိတ်ပူလာသည်။ အိမ်သာထဲဝင်သွားတာ အချိန်နည်းနည်းကြာလို့နေပြီရယ်။
" အကို့အဆင်ပြေရဲ့လား။"
တံခါးလေးပုတ်ကာ အပြင်ကနေမေးလာတဲ့ခါး။ မသိလို့မေးလာတံခါးအတွက်ကျ အဆင်ပြေပေမယ့် သူ့အတွက်ကျအဆင်မပြေလှ။ ဘယ်လိုပြန်ဖြေရမှန်းမသိ။
စစ်သည်အိမ်သာထဲတွင် ညီငယ်လေးကို လက်နဲ့စုန်ချီဆန်ချီပွတ်တိုက်နေမိသည်။ ထိုအချိန်ခါးရဲ့အသံလေးကြားရတာကြောင့် စစ်သည်ပိုလို့ပင်စိတ်ကြွလာမိသည်။
" အ့ အ​့ ခါး ကောင်းလိုက်တာ။"
.စစ်သည်လက်တို့ကို မရပ်မနားလှုပ်ရှားရင်း ပါးစပ်ကလဲ ခါးရဲ့နာမည်ကိုခေါ်နေမိသည်။ မျက်လုံးထဲတွင် ခါးရဲ့ပုံရိပ်တို့ကကြီးစိုးလာသည်။
အိမ်သာခန်းထဲက အကိုကသူ့နာမည်ကိုခေါ်နေတော့ နှင်းခါးဝိုင်အနည်းငယ်တော့ရိပ်မိလိုက်သည်။ အကိုကသူ့ကိုမလိုချင်တာကြောင့် အခုလိုအိမ်သာခန်းထဲမှာ တသ်ယောက်ထဲဝင်ဖြေရှင်းနေတယ်။ အကိုကသူ့ကိုမလိုချင်လို့နဲ့တူတယ်။ အတွေးနဲ့အတူ နာကျင်လာရသော ရင်ဘတ်။ နာကျင်မှု့နဲ့အတူပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်များ။
စစ်သည်တံခါးဖွင့်လိုက်တော့ မျက်ရည်တွေနဲ့မြင်လိုက်ရတဲ့ခါး။
" ခါးဘာလို့ငိုနေတာလဲ။ ဘာဖြစ်လို့လဲဟင်။"
စစ်သည်စိတ်ပူကာ ခါးရဲ့ပုခုံးနှစ်ဖက်ကို လက်နဲ့ဖိညှစ်ကာမေးနေခြင်းဖြစ်သည်။
" အကို့က အကိုကလေ....ကျွန်တော့ကိုမလိုချင်လို့ တစ်ယောက်ထဲဖြေရှင်းနေတာမဟုတ်လား။ ကျွန်တော့ကိုရွံရှာနေလို့မဟုတ်လား။"
မျက်ရည်အဝိုင်းသားနဲ့ ပြောရှာလာတဲ့ကောင်လေး။ သူ့ကိုအထင်လွဲနေပုံရသည်။ သူ့ကိုမလိုချင်လို့ တစ်ယောက်ထဲအိမ်သာထဲ ဖြေရှင်းနေပါတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေပုံရသည်။
ကိုယ်ချစ်ရတဲ့သူကို ထပ်ပြီးမနာကျင်စေချင်တော့တာ ကိုယ့်ရဲ့စိတ်ရင်းအမှန်ပါခါး။
" ခါးအထင်မှားနေပြီ။ ကိုယ်ကခါးကိုချစ်တာ။ ခါးသိလား။ ကိုယ်တို့ရဲ့တွေဆုံမှု့ကာ ရိုးရှင်းနေတာမျိုးမဟုတ်ပေမယ့် ကိုယ့်ရဲ့အချစ်ကတော့ မင်းအပေါ်ရိုးရှင်းလွန်းချင်တယ်။ ကိုယ်ခါးကိုချစ်တယ်။ ဒါပေမယ့် ခါးစိတ်ထဲမှာ Sexကြောင့်ကိုယ်ကခါးကိုချစ်လာတယ်ဆိုတဲ့ စိတ်ဝင်နေမှာဆိုးတယ်။ ကိုယ်ကခါးရဲ့ခွင့်ပြုချက်အပြင် ခားဆီကကိုယ့်ကိုချစ်ပါတယ်ဆိုတာကိုလိုချင်သေးတာ။"
နှင်းခါးဝိုင် အကို့ရဲ့နှုတ်ခမ်းတွေကို နမ်းလိုက်သည်။ နှင်းခါးဝိုင်စိတ်ကြိုက်နမ်းပြီးတဲ့အခါမှ အကို့နှုတ်ခမ်းပေါ်က သူ့နှုတ်ခမ်းတို့ကို ဖယ်ရှားလိုက်သည်။
ရေချိုးခန်းထဲကနေ လုပ်ချင်ရာလုပ်ပြီးထွက်ပြေးသွားတဲ့ခါး။ ဘယ်အချိန် ဘယ်နေရာအချိန်အခါမရွေး ခါးရဲ့နှုတ်ခမ်းလေးနဲ့ထိတွေလိုက်ချိန်မှာ နွေးထွေးနေဆဲ နှုးညံ့နေဆဲ။ တစ်ဖက်လူကို အသည်းယားအောင်ပြုမှုတက်တဲ့ သူချစ်ရတဲ့ခါး။
တစ်သက်လုံးကိုယ့်ရဲ့အနားမှာနေပေးပါ့လားခါးရယ်။
အခုတလော အလုပ်တွေကပင်ပန်းနေတာကြောင့် စာမရေးဖြစ်တာကြာနေတာရယ်။ အခုကရေးပြီးသားအနည်းငယ်ကို ထပ်ဖြည့်ရေးပြီးတင်ပေးလိုက်တယ်နော်။ Update ကြာလို့တောင်းပန်ပါတယ်။ အားလုံးလဲကျန်းမာရေးဂရုစိုက်ကြပါလို့။
Wednesday
7.7.2021
[Zawgyi]
" ဟင်..."
" ရတယ်အေးဆေးအကို။"
" ရော့ ခါး"
" ကျေးဇူးအကို"
" ဘာရယ်တာလဲခါး"
" ဘာမှမပေပါဘူးအကိုရ။"
" ဒါဆို ဘာလို့"
" ကျေးဇူးတင်ပါတယ်အကို"
" ရေကစားအုံးမှာလားခါး။"
" အကိုဗိုက်ဆာတယ်။"
" အွန်း..."
" အကို့အဆင်ပြေရဲ့လား။"
" ခါးဘာလို့ငိုနေတာလဲ။ ဘာဖြစ်လို့လဲဟင်။"
Wednesday
7.7.2021
Continue Reading
You'll Also Like
1.1M 58.6K 48
1.3M 55.5K 54
"မောင့်အရိပ်က ပြောပြပါအုံး...မောင့်ကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ" စာလုံးပေါင်းမမှန်တာတွေ လက်တစ်လောပြန်မပြင်နိုင်သေးတာကြောင့်...အဆင်ပြေမှဖတ်ပါရှင့်။ ...
299K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
141K 4.8K 49
တစ်ခါချစ်မိပြီးရင် တစ်သက်တာလုံးအတွက် ဒီတစ်ယောက်ကိုပဲ ချစ်တော့မယ်လို့ နှလုံးသားက သံဓိဌာန် ထားတယ်ထင်။ တခြားသူအစားထိုးလို့မရအောင် နှလုံးသားရဲ့အနက်ရှိုင...