အခန်း.၂၇

1.4K 74 0
                                    

[Unicode]

" ရှင်းရဲ့အခန်းလေးက သပ်သပ်ရပ်ကလေးနဲ့ နေချင်စဖွယ်ကွာ။"

ရှင်းရဲ့အပြင်ပုံစံက ခပ်ချေချေမဟုတ်သော်လည်း ယောကျ်ားတစ်ယောက်ရဲ့ အမူအယာ စတိုင်အချို့ကိုသူတွေ့ရသည်။ ရှင်းပုံစံကိုသိသာအောင်ပြောရမယ်ဆိုရင် သိပ်ကိုရင့်ကျက်လွန်းတဲ့ သူတစ်ယောက်လိုပင်။ ရှင်းရဲ့ အိပ်ခန်းကိုမတွေ့ရသေးခင်းအထိပေါ့။

ရှင်းရဲ့အခန်းထဲကအိပ်ယာပေါ်မှာ အရုပ်ကြီးတစ်ရုပ်ကနေရာယူထားတယ်မဟုတ်လား။ ဒါကရှင့်ရဲ့ညီ ရှင်းခန့်ကမွေးနေ့လက်ဆောင်အဖြစ်ပေးထားတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခု။ အရုပ်ကိုခွအိပ်ရတာကြိုက်တယ်ဆိုတဲ့ရှင်းက ရန်ကုန်မှာဘယ်လိုအိပ်နေပါသလဲ။ ရှင်းကဘယ်တော့မှ သူ့ရဲ့ကလေးဆန်တဲ့အပြုအမူကို သူချစ်တယ်လို့ပြောခဲ့တဲ့ ကျွန်တော်ကိုတောင် ကလေးဆန်တဲ့အရာတွေတစ်ခုမှ လုပ်မပြသေး။ အမြဲတည်ငြိမ်ရင့်ကျက်စွာနေသည်။

" ညီညီရှင်းခန့်က အမြဲအိပ်ခန်းထဲဝင်ပြီး သန့်ရှင်းရေးလုပ်ပေးနေကြမို့။ ကျွန်တော်လိုဆို အိပ်ခန်းထဲကနေမြွေထွက်လာမှာတောင် ကြောက်ရသေးတယ်။"

အိမ်မှာဆိုအပျင်းကြီးတက်တဲ့သူ့အကြောင်းကိုသိ၍ ရှင်းခန့်ကသာအိမ်အလုပ်တွေအကုန်လုပ်ပေးလေ့ရှိသည်။ အဝတ်လျှော်မီးပူတိုက်ပေးတာကအစပေါ့။ သူကအပြင်မှာ
အလုပ်လုပ်ယုံကလွဲလို့ အိမ်မှု့ကိစ္စတွေကိုမလုပ်ရချေ။ ရှင်းခန့်ကတစ်အိမ်လုံးရဲ့ တာဝန်ကိုထမ်းထားတဲ့သူလိုပင်။

'ကိုကိုကအလုပ်လုပ်ပြီးပြန်လာတော့ ပင်ပန်းတာမို့ အိမ်အလုပ်တွေက သူ့တာဝန်ထားပါ'တဲ့။

ရှင်းတို့မိသားစုလေးက တစ်ယောက်နဲ့တစ်ယောက်နွေးနွေးထွေးထွေးရှိလှသည်။ နှိုင်းမရအောင်တို့ မိသားစုကတော့ အရင်ကလိုနွေးထွေးမှု့သိပ်မရှိတော့ပါ။ သူကgayတစ်ယောက်လို့ မေမေတို့သိသွားချိန်တွင် အရင်လိုစကားတွေမပြောဖြစ်ကြပေ။ အိမ်ကြီးထဲတွင်တိတ်ဆိတ်လို့။ အလုပ်ကိစ္စနဲ့သာ ဖေဖေကစကားပြောသော်လည်း မေမေကတော့ မိခင်တစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုနွေးထွေးမှု့တော့ပေးရှာသည်။

အချစ်တို့နှင်းအပ်ရာ (အချစ်တို့နှင်းအပ်ရာ)🍓(Zawgyi&Unicode)Where stories live. Discover now