အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ...

By eainsi23

4.3M 461K 27.1K

က်ြန္ေတာ့္ဘဝ ဆက္လက္ရွင္သန္ဖို ့ အခ်စ္ကို လိုတယ္။ မင္းအိမ္မက္က ဘာလဲလို ့ေမးရင္ ေျဖစရာ တခုပဲရွိတယ္ ။ အခ်စ္ကို လ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
🚫
37
38 (zawgyi)
38(uni)
39
40
41
42
43
44
45
46
47
48
49
Extra
လြမ္းခ်င္း၁
တမ္းခ်င္း
အမှတ်တရ
book announcement

50 (Epilogue)

91.2K 8.6K 1.1K
By eainsi23


ခေရပင္ေအာက္မွာ မတ္တပ္ရပ္ပီး ထြက္ခြာသြားတဲ့ ကားေနာက္ပိုင္းေလးေပ်ာက္ကြယ္သြားတဲ့ အခ်ိန္ထိ သက္ပံု ၾကည့္ေနမိသည္။ ကိုေလးက သီခ်င္းဆိုျပီးလို ႔
ညတြင္းခ်င္းျပန္သြားေလသည္။
အႏုပညာရွင္တစ္ေယာက္အေနနဲ ့
တျခား အလုပ္ေတြ ရွိေသးတယ္ဆိုတာ
နားလည္ေပမဲ့ သက္ပံု မျပန္ေစခ်င္ေသးပါ။

"မငိုပါနဲ ့သက္ပံု ရယ္ ။ ဝမ္းသာလို ႔က်တယ္ဆိုရင္ေတာင္ ခင္ဗ်ား မ်က္ရည္က်တာေတာ့
ကြၽန္ေတာ္ တကယ္မျမင္နိုင္ဘူး။
ၿပီးေတာ့ ကိုေလးက မွာခဲ့တယ္ ။
ခင္ဗ်ား ကို တသက္လံုး ၿပံဳးရယ္ေနတာပဲ
ျမင္ခ်င္တယ္တဲ့ ။ "

ေကာင္းခ်ီစကားေတြေၾကာင့္ သက္ပံု
ငိုရင္းၿပံဳးမိသည္။ ေနာက္ဆံုးေတာ့
ကိုေလး သူတို ႔နွစ္ေယာက္ကို
လက္ခံသြားခဲ့ေလၿပီ။

မ်က္ရည္က်တယ္ဆိုရင္ေတာင္ သက္ပံု ေပ်ာ္လြန္းလို ႔ပါ။
ဒါဟာ ေကာင္းခ်ီ အတြက္
သက္ပံု လုပ္ေပးနိုင္တဲ့ တခုတည္းေသာ အသိမွတ္ျပဳ ျခင္းေလးသာ။

ကိုေလးက ကားေပၚတက္ခါနီးမွာ

"မင္းတို ႔ နွစ္ေယာက္ လံုးကို အသိမွတ္ျပဳ
ဖို ႔ငါ့ဖက္မွာ အေတာ္ႀကီး စဥ္းစားခဲ့ရတယ္။ ဒါေပမဲ့ သက္မင္းပံု.... လူဆိုတာ
ကိုယ့္ဖူးစာနဲ ့ကိုယ္လာၿပီးသား။
မင္းဘဝကို မင္းပိုင္တာမို ႔လို ႔ ငါမတားေတာ့ပါဘူး ။ မင္း စိတ္လြတ္လက္လြတ္ေပ်ာ္နိုင္ပါတယ္သက္မင္းပံု  "
ဆိုပီး သက္ပံုတို ႔နွစ္ေယာက္ကို ေျပာသြားခဲ့သည္။

ေကာင္းခ်ီကေတာ့ ထိုစကားကိုပင္ ဆု
တစ္ခုလို ႔ထင္မွတ္ကာ ေပ်ာ္ေနရွာသည္။
ကိုေလးကို သက္ပံု စိတ္ရင္းအမွန္နဲ ့
တကယ္ေက်းဇူးတင္ပါသည္။
ေကာင္းခ်ီက ေရႊေငြ ေတြထက္
ကိုေလး ဆီက လက္ခံတယ္ဆိုတဲ့စကားကပိုပီး အဖိုးထိုက္တန္လို ႔ခံစားေနရမယ္ဆိုတာ သက္ပံု သိ၍ပင္။

"ငါ့ကို ဘယ္ခ်ိန္ထိ ခ်စ္မွာလဲ ေကာင္းခ်ီ"

မ်က္ရည္သုတ္ေပးေနရွာတဲ့ ေကာင္းခ်ီ လက္ေတြသည္ သက္ပံု စကားေၾကာင့္
ရပ္တန္ ႔ကုန္သည္။
မ်က္ရည္စ ကအစ အျမတ္တနိုး သိမ္းဆည္းေပးေနသူသည္ စကားေတြအမ်ားႀကီး
ေျပာမေနပဲေတာင္ ခ်စ္ျခင္းေမတၱာက
သူ ႔အလိုလို ေပၚလြင္ေန၏။

ဒါေပမဲ့ သက္ပံု ၾကားခ်င္ပါသည္။
အၿမဲ တမ္း ထိုေယာက်ာ္းဆီက ခ်စ္စကားတို ႔ကို ေသသည့္အထိ  အျမတ္တနိုးနားဆင္ခ်င္မိတာျဖစ္သည္။

ေကာင္းခ်ီသည္ သက္ပံုကို ဘာစကားမွမေျပာေသးပါ။
သက္ပံု ရဲ႕ ပါးျပင္ေတြကို လက္မနဲ ့
အသာယာထိေတြ ႕ေနပီး သက္ပံု မ်က္ဝန္းေတြကို စူးစိုက္ၾကည့္ေန၏

အေတာ္ၾကာမွ  သူထိကိုင္ထားတဲ့ ပါးျပင္ေပၚကို အၾကည့္တို ႔ေျပာင္းလဲ ၾကည့္ရူ ႔ပီး တိုးတိတ္ၾကည္လင္စြာေျပာလာသည္။

" ခင္ဗ်ားကို ၾကည့္လို ႔ရတဲ့မ်က္လံုးေတြမျမင္ရေတာ့ရင္ ။  ခင္ဗ်ားကို ထိကိုင္ေနတဲ့ကြၽန္ေတာ့္လက္ေတြမရွိေတာ့ရင္။
ခင္ဗ်ား ရဲ႕ အသံေတြကို အၿမဲနားေထာင္ခ်င္ေနတဲ့ ကြၽန္ေတာ့္နားေတြကန္းသြားရင္။
ခင္ဗ်ား အတြက္ သီးသန္ ႔ျဖစ္တည္ေနတဲ့
ကြၽန္ေတာ့္နွလံုးသားေလး မရွိေတာ့တဲ့ အခ်ိန္ ။ ခင္ဗ်ား အေၾကာင္းေတြကို အဆင္အၿမဲ  သိမ္းဆည္းမွတ္သားတက္တဲ့
ကြၽန္ေတာ့္ မွတ္ဥာဏ္ေတြ ေသဆံုးသြားတဲ့အခ်ိန္အထိေပါ့ ခင္ဗ်ားရယ္"

ေလနဲ ့အတူ လြင့္ပါလာတဲ့ ခေရပန္းေတြကသက္ပံုတို ႔နွစ္ေယာက္အေပၚမွာ
တျဖဳတ္ျဖဳတ္က်ေန၏။
သက္ပံု ရဲ႕ စိတ္တို ႔သည္
အရာရာအားလံုးတိတ္ဆိတ္သြားသလို
တနင့္တပိုးႀကီးခံစားလိုက္ရသည္။
တခ်က္တခ်က္ၾကားေနရတဲ့ ဆိုင္းသံဗံုသံေတြလည္းမၾကားရေတာ့ ။
လေရာင္ေအာက္မွာေႂကြက်ေနတဲ့ ခေရ
ပန္းေတြကိုလည္ူ လွတယ္မထင္ေတာ့။
သင္းပ်ံ ့ပ်ံ ့ရေနေသာ ေဒၚေလးျမရင္တို ႔အိမ္ဖက္က ဒန္းပန္း ရနံ ့ကိုလည္း ေမႊးတယ္မထင္ေတာ့။

ေကာင္းခ်ီကိုသာ ျမင္ေနရပီး ေကာင္းခ်ီကိုပင္ ေထြးေပြ ႕ယုယခ်င္တဲ့ စိတ္သာျဖစ္ေပၚလို ႔လာသည္။

"မင္း ေနာက္ကို ဒီလိုေတြမေျပာနဲ ့ေကာင္းစင္သန္ ႔ခ်ီ "

စကားဆံုးေတာ့ ေကာင္းခ်ီရဲ႕ ေပြ ႕ပိုက္ျခင္းခံလိုက္ရသည္။
စိတ္လႈပ္ရွားမူ ႔ေၾကာင့္  လက္ေတြတုန္ေနၿပီး  အေၾကာင္းျပခ်က္ငိုခ်ခ်င္လာ၏။
ထိုေယာက်ာ္းသည္  သက္ပံု စိတ္အစံုကို
အမ်ိဳးမ်ိဳး ေျပာင္းလဲေအာင္လုပ္နိုင္သည္။

"ခင္ဗ်ားကို ခ်စ္လိုက္တာ သက္ပံု ရာ။
ရင္နာေပမဲ့ စိတ္ေပါ့သြားေအာင္ ငိုလိုက္ပါ ။ ဒါၿပီးရင္ေတာ့ ဘယ္ေတာ့မွ မငိုရေတာ့ဘူး ..ကြၽန္ေတာ့္သက္မင္းပံု"

မာေက်ာေပမဲ့ ေႏြးေထြးတဲ့ ေကာင္းခ်ီရင္ခြင္သည္ တသက္လံုး သက္ပံုတစ္ေယာက္ထဲ ခိုနားဖို ႔ရာ ေနရာေလးပင္။
သက္ပံု အပိုင္မို ႔ မည္သူ
တစ္ဦးတစ္ေယာက္ကိုမွ  လွည့္ၾကည့္ခြင့္ကိုပင္ မေပးနိုင္ပါ။
ေကာင္းခ်ီနဲ ့ပတ္သတ္လာရင္
သက္ပံုရဲ႕ေလာဘသည္ ဘယ္ေတာ့မွ
အေတာသတ္နိုင္မယ္မထင္။

ထိုမ်ွအထိ ေကာင္စင္သန္ ႔ခ်ီကို ရူးေလာက္ေအာင္ ခ်စ္ျမတ္နိုးရပါသည္။

___________

ရက္ေတြ လေတြ တေ႐ြ ႕ေ႐ြ ႕ေျပာင္းလာၿပီးတဲ့ေနာက္မွာ   ပံုညာဦးခ်ီဆိုတဲ့ သက္ပံုတို႔သားေလး ကို ဖြားျမင္လာခဲ့ပါသည္။  ထို႔ေၾကာင့္ သက္ပံု တစ္ေယာက္
ဘန္ေကာက္ကိုသြားဖို႔ အျမန္ ျပင္ရေတာ့သည္။
သားေယာက်ာ္းေလးရူးေနေသာ သက္ပံု
အတြက္ ကံေကာင္းတယ္ဆိုရမည္။
ေမ်ွာ္မွန္းထားသလို  ျဖစ္ခဲ့ရသည္မို ႔
ဖုန္းဆက္အေၾကာင္းၾကားတုန္းက
သက္ပံုတစ္ေယာက္ဟာ  ထမင္းမစားဟင္းမစားပဲေတာင္ ေပ်ာ္ခဲ့ရသည္။

မိန္းမ   ျပာသို   ေယာက်ာ္းဝါဆို ဆိုတဲ့အတိုင္း  ပံုညာဦးခ်ီ ဆိုေသာ  သက္ပံုတို ႔သားသည္ ဝါဆိုလ မွာ ေမြးဖြားခဲ့တာျဖစ္သည္။

"သက္ပံု  ခဏဖက္ရေအာင္ "

ေဘးနားမွာ ရစ္သီရစ္သီ လုပ္ေနတဲ့ ေကာင္းခ်ီ ဆီမွ  ထြက္လာေသာစကားေၾကာင့္
အဝတ္ထည့္ေနရာမွ ရပ္ကာ 
ေကာင္းခ်ီကို ေပြ ႕ဖက္လိုက္သည္။

"စိတ္မခ်ဘူး ခင္ဗ်ားရယ္။
မတက္သာလို ႔သာ ေနခဲ့ရမွာ ။ ကြၽန္ေတာ္
တပါတည္း ခင္ဗ်ားနဲ ့လိုက္ခဲ့ခ်င္လိုက္တာ "

"လုပ္ၿပီ ။ သြားခါနီးကို မဟုတ္တာေတြ
မေျပာစမ္းနဲ ့ ေကာင္းခ်ီရာ။ အိမ္မွာ ဒီေလာက္ အလုပ္ေတြပံုေနတာကို မင္းေရာငါေရာ နွစ္ေယာက္လံုးမရွိလို ႔ဘယ္ျဖစ္မွာလဲ။ "

ေကာင္းခ်ီက ဘာမွဆက္မေျပာေတာ့ေပမဲ့
ဖက္ထားတာကိုေတာ့ မလႊတ္ေပး။
ပါးေလးနမ္းလိုက္ ၿငိမ္သြားလိုက္ ။
ဆံပင္ေတြ ၾကားမ်က္နာအပ္လိုက္နဲ ့
အေတာ္ၾကာေအာင္ အလုပ္မ်ားလို ႔ေနသည္။

" ေကာင္းခ်ီ ဖယ္ေတာ့ ငါ့အဝတ္ေတြထည့္ရဦးမယ္"

"....."

ေျပာလဲ မသိခ်င္ေယာင္ေဆာင္ေနသည္မို ႔
သက္ပံု ၿပံဳးကာ နား႐ြက္ဖ်ားေတြကို ဖိကိုက္လိုက္သည္။
တြန္ ႔ခနဲ ျဖစ္သြားရုံကလြဲၿပီး ဖယ္မေပးသည္ေၾကာင့္

"ေကာင္းခ်ီေလး  တစ္လေလးပဲၾကာမွာပါ။
မင္းလြမ္းသလို ငါလည္းလြမ္းေနမွာပဲဟာ။
ျပန္လာရင္ ငါနဲ ့အတူ  ငါတို ႔ကေလးေလးလည္းပါလာမွာေလ ။ တကယ္လို ႔ မင္းတအားလြမ္းေနရင္  ဘယ္ေလာက္မွ မေဝးတာ လိုက္လာခဲ့ေပါ့ ။ ေနာ္  ...သြားခါနီး
ငါစိတ္မေကာင္းေအာင္လို ႔ "

ထိုအခါ ဖယ္ခြာသြားကာ  ...

"ကြၽန္ေတာ္ သိပါတယ္။ တခါမွ ဒီေလာက္ၾကာေအာင္မခြဲဘူးေတာ့  စိတ္ထဲတမ်ိဳးႀကီးျဖစ္ေနလို ႔ပါ။ ကဲပါ  စိတ္မေကာင္းမျဖစ္ပါနဲ ့။ လာ ကြၽန္ေတာ္ အဝတ္ေတြကူထည့္ေပးမယ္ "

သက္ပံု စိတ္မေကာင္းျဖစ္သြားမွာစိုး၍ေကာင္းခ်ီ  ပ်က္႐ြင္းေနေသာ မ်က္နွာကို
ျပင္ကာ သက္ပံုအဝတ္ေတြကိုေခါက္ထည့္ေပးမိသည္။
ညေနပိုင္းေရာက္ေတာ့ ခ်စ္တဲ့သက္ပံု
က ကုန္ကားေခါင္းခန္းမွာထိုင္ၿပီး
တံငါကုန္း႐ြာနဲ ့ေကာင္းခ်ီကို ေခတၲ နႈတ္ဆက္ကာ မႏၲေလးကို ထြက္သြားခဲ့ေလသည္။
သက္ပံုမရွိေတာ့တာနဲ ့ သိသိသာသာ
လစ္ဟာသြားေသာ ရင္ဘတ္ကို လက္နဲ ့ထိန္းကာ ေကာင္းခ်ီ အိမ္ထဲျပန္ဝင္လိုက္သည္။
သက္ပံု အတြက္...။
သက္ပံုခ်စ္ေသာ ပံုညာဦးခ်ီ အတြက္ ။
သူ အလုပ္ဆက္လုပ္ရအုန္းမည္။

တစ္လ  ...တစ္လ ။
သူ သည္းခံရမယ္ေလ

_________

အရာရာအားလံုး  ဟာ သက္ပံုထြက္သြားခဲ့တဲ့ ေန ႔ရက္လိုပါပဲ ။
လြမ္းဆြတ္ျခင္း ကို ေကာင္းခ်ီ ဘယ္နည္း
နဲ ့မွအသားမက်ေသးပါ။
ညတိုင္း ဖုန္းေျပာျဖစ္ေပမဲ့ ပိုတိုးလာတဲ့
အလြမ္းဒဏ္က ေကာင္းခ်ီ ကို တေျမ့ေျမ့
သတ္ေနသလိုျဖစ္ခဲ့သည္။
ဖုန္းဘယ္ေလာက္ေျပာေျပာ ဖုန္းခ်တာ
နဲ ့ေကာင္းခ်ီ ေနလို ႔မရေတာ့။

သက္ပံု မရွိတာ ၁၄ရက္ရွိေနၿပီ။
နွစ္ပတ္ဆိုတဲ့ အားက ေကာင္းခ်ီကို
ဆက္လြမ္းဖို ႔ခြင့္မျပဳခ်င္ေတာ့ေပ။
ထို ႔ေၾကာင့္ သက္ပံု ရွိေနေသာ ေနရာ
ဘန္ေကာက္ၿမိဳ ႕ကို
သူလိုက္သြားခဲ့သည္။

ဆံပင္မဲမဲ နဲ ့မ်က္စိေပါက္မဖြင့္နိုင္ေသးတဲ့
နီတာရဲက သူ ႔သားတဲ့။
ၿပံဳးေပ်ာ္ေနေသာသက္ပံုဟာ အိပ္ေပ်ာ္ေနတဲ့
ကေလးငယ္ကို ပံုရုိက္လို ႔ ပို ႔ေပးလာေပမဲ့
ေသြးသားဆိုတဲ့ စိတ္နဲ ့ အနည္းငယ္ ရင္ခုန္လို ႔သြားတာကလြဲၿပီးသက္ပံု ေလာက္ေတာ့ အၿမဲျမင္ခ်င္ေနတာမ်ိဳးေတာ့မရွိခဲ့။

ေဒၚေလးတို ႔အကုန္လံုးကေတာ့
ပံုညာဦးခ်ီက လူေခ်ာေလးပါတဲ့ ။
ေကာင္းခ်ီမ်က္လံုးထဲမွာေတာ့
ဒီတိုင္း သိပ္ႀကီးေတာ့ထူးဆန္းမေနပါ။
မဲနက္ေနေသာ ေခါင္းေသးေသးထက္က ဆံပင္ေတြက
သက္ပံုရဲ ့ဆံပင္ေပ်ာ့ေပ်ာ့ေလးေလာက္
စိတ္ဝင္စားဖြယ္မေကာင္းတာေတာ့ ေသခ်ာသည္။

လႈပ္စိစိ  နႈတ္ခမ္းပါးေလးေတြက
ဘယ္လို ၾကည့္ၾကည့္  သက္ပံု နႈတ္ခမ္းေတြေလာက္  မလွ။

ဘာပဲေျပာေျပာ ဒါ သူ ႔သားမို ႔
သက္ပံုေလာက္မဟုတ္ေပမဲ့ နည္းနည္းေတာ့ ခ်စ္ပါသည္။

အေတြးေတြနဲ ့ ေကာင္းခ်ီ အလုပ္ရႈပ္ေနတုန္းမွာပဲ အငွားကားေလးသည္ ၿခံစည္းရုိးလွလွေလးနဲ ့ နွင္းဆီပင္တခ်ိဳ ႕စိုက္ပ်ိဳးထားေသာ အျဖဴေရာင္ တစ္ထပ္အိမ္ေလးေရွ ႔ရပ္သြား၏

ကားေပၚက ဆင္းၿပီး ကိုစိုးဝင္းျမတ္ ေပးထားေသာ  အိမ္လိပ္စာေလးကိုထုတ္ကာ
တိုက္စစ္လိုက္သည္။
ဒီအိမ္ေလးသည္ သက္ပံု  ကေလးငယ္ေသးလို ႔ ျပန္မလာရေသးခင္ ေနရေအာင္
ကိုစိုးဝင္းျမတ္ငွားေပးထားျခင္းျဖစ္သည္။

ၿခံတံခါးကို တြန္းဖြင့္ ဝင္လိုက္ေတာ့စိမ္းစိုေနေသာ ျမက္ခင္းျပင္က လွလွပပဆီးႀကိဳေနသည္။
အလယ္က ေက်ာက္ျပားလွလွေလးေတြခင္းထားေသာ လူသြားလမ္းေလးေပၚကေန ေကာင္းခ်ီ တေ႐ြ ႕ေ႐ြ ႕နင္းျဖတ္ရင္း အိမ္ေလးဆီကိုလွမ္းလိုက္သည္။

ဒီေျမ ဒီအိမ္မွာ ခ်စ္တဲ့ သက္ပံုရွိတယ္ဆိုတဲ့ အသိက  ေကာင္းခ်ီရင္တခုလံုးကို ေႏြးေထြးသြားသေယာင္ ။
ေစ့ထားေသာ အျဖဴ ေရာင္ မွန္တံခါးကို တြန္းဖြင့္အံ့ စဲစဲမွာ  သက္ပံု ရဲ႕ သားေခ်ာ့ေတး
ဆိုသံတိုးတိုးကို ၾကားလိုက္ရသည္။

သူ ႔နွလံုးသားသည္ သာယာခ်ိဳေအးေသာ
အသံေအာက္္မွာ  လႈပ္ရွားမရေအာင္
လံုဝက် ရႈံးသြား၏။
အၿမဲမက္ခဲ့ရေသာ သက္ပံု အိမ္မက္သည္
သူ ႔တို ႔နွစ္ေယာက္ၾကားမွာ ခိုင္ၿမဲေစမဲ့
မိသားစုဆိုတဲ့ ႀကိဳးေလး တစ္ေခ်ာင္းပင္ျဖစ္သည္။

ထို ႀကိဳးငယ္ေလးသည္
ပံုညာဦးခ်ီ ဆိုေသာ ေကာင္းခ်ီရဲ႕ မ်ိဳးေစ့
ျဖစ္ၿပီး  သက္ပံု မဟုတ္ေသာ သူစိမ္းမိန္းကေလးနဲ ့ေပါင္းစည္းၿပီး ဖန္တီးခဲ့ေသာ သားျဖစ္သည္။

သက္ပံုသည္ အခ်စ္တစ္ခု အတြက္
သူ ႔ေသြးသား တစံုတရာ မပါဝင္ေသာ
ကေလးငယ္ ကို အျဖဴ ေရာင္ အတၲနဲ ့
ျပဳစုပ်ိဳးေထာင္ဖို ႔ ႀကိဳးစားေန၏။

သက္ပံုလိုပဲ ေကာင္းခ်ီမွာလည္း အတၱတစ္ခု
လက္ဝယ္ ပိုင္ဆိုင္ထားသည္။
သက္ပံုသာ ေပ်ာ္ရႊင္မယ္ဆိုရင္
သူ ႔ေသြးသားကို ေက်နပ္စြာ ေပးအပ္မည္။
ၿပံဳးေပ်ာ္ေနေသာ သက္ပံုကို ေငးကာ က်န္တဲ့ ဘဝသက္တမ္းတေလ်ွာက္ လံုး
ေကာင္းခ်ီကိုယ္တိုင္ေရာ
သူ ႔သား ပံုညာဦးခ်ီ  ေရာ ခ်စ္တဲ့ သက္ပံု
အိုမင္းမစြမ္းတဲ့ အခ်ိန္ထိ
ေဖးမ ေစာင့္ေရွာက္မည္။ 

____

အိပ္ေပ်ာ္သြားတဲ့ သားေလးကို ၾကည့္ပီး
သက္ပံု ပုခတ္ထဲမွာ ခ်သိပ္ရင္းၿပံဳးမိ၏။
သူ႔သားေလးက သိပ္ ခ်စ္စရာေကာင္းတဲ့ကေလးေလး ၊ အငိုနည္းကာ ခ်ထားတဲ့ေနရာမွာ ၿငိမ္ၿငိမ္ေလးသာ ေနတက္သူမို႔
အေတာ္ေလး မပင္ပန္းရေပ။ 
သားက ၁၅ရက္သားရေနၿပီမို ႔ေဆးရုံကေန မေန ႔ကတည္းက ဆင္းလာခဲ့တာျဖစ္ၿပီး
တစ္လျပည့္ရင္ေတာ့ သက္ပံု သားကိုေခၚကာ အိမ္ကိုျပန္ေတာ့မည္။
သူတို ႔ရဲ႕ အိမ္ေလးမွာ တစ္ေယာက္ေသာသူက ေစာင့္ေမ်ွာ္ေနဟန္ကို ေတြးမိေတာ့
နႈတ္ခမ္းပါးက ၿပံဳးမိျပန္သည္။

"လြမ္းလိုက္တာ ေကာင္းခ်ီရယ္"

ခပ္တိုးတိုးေရ႐ြတ္ပီး သက္ပံု အိမ္ေရွ ႔ထြက္ဖို ႔ျပင္သည္။
ပတ္ဝန္းက်င္က သာယာေပမဲ့
တံငါကုန္း႐ြာမွာေနရသလိုေတာ့ သက္ေတာင့္သက္သာမရွိေပ။

ၿပံဳးလ်က္  မွန္တံခါးကို တြန္းဖြင့္လိုက္ေတာ့ျမင္ေနက် ပံုရိပ္ေလးက ေလွကားထစ္မွာ
ေက်ာပိုးအိတ္ေလးေဘးက် ကာ ငုတ္တုတ္ထိုင္ေန၏။ လႈိက္ခုန္သြားတဲ့နွလံုးသားက ပိုင္ရွင္ေတြ႕ေတာ့တဒိတ္ဒိတ္နဲ႔  ေၾကာက္စရာေကာင္ေကာင္းေလာက္ေအာင္ပင္ခုန္၏။

မဝင့္မရဲ စိတ္နဲ ့အတူ ခပ္တိုးတိုးေခၚလိုက္သည္။

"ေကာင္း ..ေကာင္းခ်ီလားဟင္"

သက္ပံု စကားဆံုးေတာ့ လွည္ျပန္လွည့္ ၾကည့္လာတဲ့ မ်က္ဝန္းေလးမွာ
မ်က္ရည္စ တခ်ိဳ ႕နဲ ့။
နင့္ခနဲ ျဖစ္သြားတဲ့ ခံစားခ်က္က ဘာနဲ ့မွမတူပါ။
ကိုယ္တိုင္လည္း ဝမ္းနည္းလာသည္မို ႔
ေကာင္းခ်ီေဘးမွာဝင္ထိုင္ကာ
ေကာင္းခ်ီကို ဆြဲ ေပြ ႕လိုက္သည္။

"ဘာမွမျဖစ္ဘူး။ ဘာမွမျဖစ္ဘူး ေကာင္းခ်ီ
စိတ္ကုိေလ်ာ့ "

ေက်ာကို ပြတ္လို ႔ သက္ပံု ငိုရင္း ေခ်ာ့ေနမိသည္။ တဆတ္ဆတ္တုန္ေနေသာ ကုိယ္လံုးသည္ သက္ပံုအသံ ၾကားေတာ့
တျဖည္းျဖည္းၿငိမ္သက္လာသည္။

"အားနာလြန္းလို ႔ဘယ္လို လုပ္ရမလဲ
ကြၽန္ေတာ့္သက္ပံုရယ္။ ဘာလို ႔ကြၽန္ေတာ္တို ႔က်မွ ခုလို အျဖစ္မ်ိဳးႀကံဳရတာလဲ။
ကြၽန္ေတာ္ေလ ျဖစ္နိုင္ရင္ ခင္ဗ်ားအတြက္
ကိုယ္ဝန္ေဆာင္ေပးလို ႔ရရင္ ေဆာင္ေပးခ်င္လိုက္တာ ဗ်ာ"

ခပ္တိုးတိုးငိုပီးေျပာလာတဲ့စကားေတြက
ရင့္နာဖြယ္ရာ။

"မဟုတ္တာ ေကာင္းခ်ီေလးရာ။
ငါ့ကို ဒီလိုစကားေတြ မေျပာပါနဲ ့။
မင္းေသြးသား မင္းအေငြ ႕သက္ပါရုံနဲ ့
ငါ အဆင္ေျပတာမို ႔ ငါ့ကိုဒီလိုေတြ မေျပာပါနဲ ့လားေကာင္းခ်ီရာ။ မင္းသိလား
မင္းေ႐ြးခ်ယ္ခဲ့တာငါက မိန္းမတစ္ေယာက္
မဟုတ္ခဲ့တာကလြဲၿပီး ဘဝတေလ်ွာက္လံုး
မင္းတို ႔နွစ္ေယာက္ကို စစ္မွန္စြာခ်စ္ေပးနိုင္တယ္ေကာင္းခ်ီ။ ေနာက္ကိုဒီလိုပံုစံမ်ိဳး
ထပ္မလုပ္မိပါေစ "

ေဒါသတႀကီး ေျပာမိတာဟာလည္း
ေကာင္းခ်ီကို မသိမ္ငယ္ေစခ်င္လို ႔ပါ။
ဘဝတေလ်ွာက္လံုးသက္ပံုနဲ ့မသက္ဆိုင္ေသာ သူ ႔ကေလးကို သက္ပံုခ်စ္ေပးမွာကို ေကာင္းခ်ီ မျမင္ရက္တာကို နားလည္သည္။

ဒါေပမဲ့ သက္ပံုက ေပ်ာ့ညံ့တယ္ထင္ရေပမဲ့
မာနႀကီးသလိုစိတ္မာသည္။
မျဖစ္နိုင္တာကို အတင္း ႀကီး ခံစားနာက်င္ေနရေအာင္ သက္မင္းပံုက ဘယ္သူမို ႔လို ႔လဲ။

သူ ႔ထက္ အဆမ်ားစြာသန္မာေပမဲ့
သက္ပံုနဲ ့ပတ္သတ္လာရင္ အၿမဲ အေလ်ာ့ေပး အားငယ္တက္တဲ့ ေကာင္းခ်ီကို
ခပ္တင္းတင္းေပြ ႕ကာ ျမတ္နိုးစြာထပ္ေျပာလိုက္သည္။

"မင္းကို ငါသိပ္ခ်စ္တယ္ ေကာင္းခ်ီ။
ငါက မင္းထင္တာထက္ အတၱလည္းႀကီးတယ္။ ပံုညာဦးခ်ီ ကို ဘာလို ႔ ေမြးဖို ႔ဆံုးျဖတ္တာလဲ မင္းသိခ်င္လား။ ဟားဟား
မင္းမသိဘူးမို ႔လား။ ငါသိပ္ခ်စ္တဲ့ မင္းကို တသက္လံုး မေျပာင္းလဲစြာေဘးနားထားဖို ႔က ဒီနည္းပဲရွိတယ္။ ငါေသြးသားမဟုတ္ပဲ မင္းေသြးသား ျဖစ္တဲ့ ပံုညာဦးခ်ီ
ငါျမတ္နိုးစြာ ပ်ိဳးေထာင္ေနတဲ့ ျမင္ကြင္းကို
မင္း ၾကည့္ပီး ငါ့ကိုတသက္လံုး အားနာၿပီး
ဖယ္ခြာသြားလို ႔မရေအာင္ ငါလုပ္မွာ"

သက္ပံုရဲ႕ ျဖဴ ႏုႏု ဂုတ္ပိုးေလးကိုဖိကပ္နမ္း
ၿပီး ေခါင္းညိမ့္ျပလိုက္သည္။

ခင္ဗ်ားသာ ေက်နပ္မယ္ဆိုရင္
ခင္ဗ်ားသာ ေပ်ာ္ေနမယ္ဆိုရင္
ခင္ဗ်ားသာ ၿပံဳးေနမယ္ဆိုရင္...

ကြၽန္ေတာ္နဲ ့ကြၽန္ေတာ့္သားနွစ္ေယာက္လံုး ခင္ဗ်ား ေျခရင္းမွာ အၿမဲ ဝတ္တြားခယေနမွာ အမွန္ပါ။

ခ်စ္တဲ့ သက္ပံု.. မေမ်ွာ္လင့္ပဲ ခ်စ္မိခဲ့လို ႔ ႔အားနာရပါသည္။

မျပည့္မစံုတဲ့ဘဝမွာ ဆူးခင္းလမ္းေတာင္
မေၾကာက္ ခုန္ဆင္းခဲ့လို ႔အားနာရပါသည္။

ပတ္ဝန္းက်င္ မိသားစု ရဲ႕ နာက်င္ဖြယ္စကားေတြကို မကာကြယ္ေပးနိုင္လို ႔
အားနာရပါသည္။

ကံတူအက်ိဳးေပး ေျပလည္လာတဲ့စီးပြားေရးမွာ ကြၽန္ေတာ္နဲ ့ထပ္တူ စီးပြားရွာခဲ့ရလို ႔အားနာရပါသည္။

ကြၽန္ေတာ္ ခင္ဗ်ားကို သိပ္ခ်စ္ပါတယ္ သက္ပံုေလးရယ္။ အခ်စ္တစ္ခုအတြက္
မိုက္ရူးရဲဆန္ခဲ့ၾကေပမဲ့  တဘဝစာလံုး
ေစာင့္ေရွာက္ျခင္းကို ကြၽန္ေတာ္တို႔ ႔သားအဖကပဲ တာဝန္ယူပါ့မယ္။
စစ္မွန္တဲ့ ခင္ဗ်ား ခ်စ္ျခင္းတရားေတြအတြက္ ဒါဟာ ကြၽန္ေတာ္ ေပးမဲ့လက္ေဆာင္
ပါ ကြၽန္ေတာ့္သက္မင္းပံု။

ကြၽန္ေတာ့္အရိပ္မွာ
ကြၽန္ေတာ့္သား အရိပ္မွာ
ခင္ဗ်ား တသက္လံုး  ေဘးမထိရန္မခပဲ
ေပ်ာ္ပါေစ အခ်စ္ေရ.....

ၿပီးပါပီ.....။


ခ်စ္တဲ့အိမ္စည္။





ခရေပင်အောက်မှာ မတ်တပ်ရပ်ပီး ထွက်ခွာသွားတဲ့ ကားနောက်ပိုင်းလေးပျောက်ကွယ်သွားတဲ့ အချိန်ထိ သက်ပုံ ကြည့်နေမိသည်။ ကိုလေးက သီချင်းဆိုပြီးလို့
ညတွင်းချင်းပြန်သွားလေသည်။
အနုပညာရှင်တစ်ယောက်အနေနဲ့
တခြား အလုပ်တွေ ရှိသေးတယ်ဆိုတာ
နားလည်ပေမဲ့ သက်ပုံ မပြန်စေချင်သေးပါ။

"မငိုပါနဲ့ သက်ပုံ ရယ် ။ ဝမ်းသာလို့ ကျတယ်ဆိုရင်တောင် ခင်ဗျား မျက်ရည်ကျတာတော့
ကျွန်တော် တကယ်မမြင်နိုင်ဘူး။
ပြီးတော့ ကိုလေးက မှာခဲ့တယ် ။
ခင်ဗျား ကို တသက်လုံး ပြုံးရယ်နေတာပဲ
မြင်ချင်တယ်တဲ့ ။ "

ကောင်းချီစကားတွေကြောင့် သက်ပုံ
ငိုရင်းပြုံးမိသည်။ နောက်ဆုံးတော့
ကိုလေး သူတို့ နှစ်ယောက်ကို
လက်ခံသွားခဲ့လေပြီ။

မျက်ရည်ကျတယ်ဆိုရင်တောင် သက်ပုံ ပျော်လွန်းလို့ ပါ။
ဒါဟာ ကောင်းချီ အတွက်
သက်ပုံ လုပ်ပေးနိုင်တဲ့ တခုတည်းသော အသိမှတ်ပြု ခြင်းလေးသာ။

ကိုလေးက ကားပေါ်တက်ခါနီးမှာ

"မင်းတို့  နှစ်ယောက် လုံးကို အသိမှတ်ပြု
ဖို့ ငါ့ဖက်မှာ အတော်ကြီး စဉ်းစားခဲ့ရတယ်။ ဒါပေမဲ့ သက်မင်းပုံ.... လူဆိုတာ
ကိုယ့်ဖူးစာနဲ့ ကိုယ်လာပြီးသား။
မင်းဘဝကို မင်းပိုင်တာမို့ လို့  ငါမတားတော့ပါဘူး ။ မင်း စိတ်လွတ်လက်လွတ်ပျော်နိုင်ပါတယ်သက်မင်းပုံ  "
ဆိုပီး သက်ပုံတို့ နှစ်ယောက်ကို ပြောသွားခဲ့သည်။

ကောင်းချီကတော့ ထိုစကားကိုပင် ဆု
တစ်ခုလို့ ထင်မှတ်ကာ ပျော်နေရှာသည်။
ကိုလေးကို သက်ပုံ စိတ်ရင်းအမှန်နဲ့
တကယ်ကျေးဇူးတင်ပါသည်။
ကောင်းချီက ရွှေငွေ တွေထက်
ကိုလေး ဆီက လက်ခံတယ်ဆိုတဲ့စကားကပိုပီး အဖိုးထိုက်တန်လို့ ခံစားနေရမယ်ဆိုတာ သက်ပုံ သိ၍ပင်။

"ငါ့ကို ဘယ်ချိန်ထိ ချစ်မှာလဲ ကောင်းချီ"

မျက်ရည်သုတ်ပေးနေရှာတဲ့ ကောင်းချီ လက်တွေသည် သက်ပုံ စကားကြောင့်
ရပ်တန့် ကုန်သည်။
မျက်ရည်စ ကအစ အမြတ်တနိုး သိမ်းဆည်းပေးနေသူသည် စကားတွေအများကြီး
ပြောမနေပဲတောင် ချစ်ခြင်းမေတ္တာက
သူ့ အလိုလို ပေါ်လွင်နေ၏။

ဒါပေမဲ့ သက်ပုံ ကြားချင်ပါသည်။
အမြဲ တမ်း ထိုယောကျာ်းဆီက ချစ်စကားတို့ ကို သေသည့်အထိ  အမြတ်တနိုးနားဆင်ချင်မိတာဖြစ်သည်။

ကောင်းချီသည် သက်ပုံကို ဘာစကားမှမပြောသေးပါ။
သက်ပုံ ရဲ့ ပါးပြင်တွေကို လက်မနဲ့ 
အသာယာထိတွေ့ နေပီး သက်ပုံ မျက်ဝန်းတွေကို စူးစိုက်ကြည့်နေ၏

အတော်ကြာမှ  သူထိကိုင်ထားတဲ့ ပါးပြင်ပေါ်ကို အကြည့်တို့ ပြောင်းလဲ ကြည့်ရူ့ ပီး တိုးတိတ်ကြည်လင်စွာပြောလာသည်။

" ခင်ဗျားကို ကြည့်လို့ ရတဲ့မျက်လုံးတွေမမြင်ရတော့ရင် ။  ခင်ဗျားကို ထိကိုင်နေတဲ့ကျွန်တော့်လက်တွေမရှိတော့ရင်။
ခင်ဗျား ရဲ့ အသံတွေကို အမြဲနားထောင်ချင်နေတဲ့ ကျွန်တော့်နားတွေကန်းသွားရင်။
ခင်ဗျား အတွက် သီးသန့် ဖြစ်တည်နေတဲ့
ကျွန်တော့်နှလုံးသားလေး မရှိတော့တဲ့ အချိန် ။ ခင်ဗျား အကြောင်းတွေကို အဆင်အမြဲ  သိမ်းဆည်းမှတ်သားတက်တဲ့
ကျွန်တော့် မှတ်ဥာဏ်တွေ သေဆုံးသွားတဲ့အချိန်အထိပေါ့ ခင်ဗျားရယ်"

လေနဲ့ အတူ လွင့်ပါလာတဲ့ ခရေပန်းတွေကသက်ပုံတို့ နှစ်ယောက်အပေါ်မှာ
တဖြုတ်ဖြုတ်ကျနေ၏။
သက်ပုံ ရဲ့ စိတ်တို့ သည်
အရာရာအားလုံးတိတ်ဆိတ်သွားသလို
တနင့်တပိုးကြီးခံစားလိုက်ရသည်။
တချက်တချက်ကြားနေရတဲ့ ဆိုင်းသံဗုံသံတွေလည်းမကြားရတော့ ။
လရောင်အောက်မှာကြွေကျနေတဲ့ ခရေ
ပန်းတွေကိုလည်ူ လှတယ်မထင်တော့။
သင်းပျံ့ ပျံ့ ရနေသော ဒေါ်လေးမြရင်တို့ အိမ်ဖက်က ဒန်းပန်း ရနံ့ ကိုလည်း မွှေးတယ်မထင်တော့။

ကောင်းချီကိုသာ မြင်နေရပီး ကောင်းချီကိုပင် ထွေးပွေ့ ယုယချင်တဲ့ စိတ်သာဖြစ်ပေါ်လို့ လာသည်။

"မင်း နောက်ကို ဒီလိုတွေမပြောနဲ့ ကောင်းစင်သန့် ချီ "

စကားဆုံးတော့ ကောင်းချီရဲ့ ပွေ့ ပိုက်ခြင်းခံလိုက်ရသည်။
စိတ်လှုပ်ရှားမူ့ ကြောင့်  လက်တွေတုန်နေပြီး  အကြောင်းပြချက်ငိုချချင်လာ၏။
ထိုယောကျာ်းသည်  သက်ပုံ စိတ်အစုံကို
အမျိုးမျိုး ပြောင်းလဲအောင်လုပ်နိုင်သည်။

"ခင်ဗျားကို ချစ်လိုက်တာ သက်ပုံ ရာ။
ရင်နာပေမဲ့ စိတ်ပေါ့သွားအောင် ငိုလိုက်ပါ ။ ဒါပြီးရင်တော့ ဘယ်တော့မှ မငိုရတော့ဘူး ..ကျွန်တော့်သက်မင်းပုံ"

မာကျောပေမဲ့ နွေးထွေးတဲ့ ကောင်းချီရင်ခွင်သည် တသက်လုံး သက်ပုံတစ်ယောက်ထဲ ခိုနားဖို့ ရာ နေရာလေးပင်။
သက်ပုံ အပိုင်မို့  မည်သူ
တစ်ဦးတစ်ယောက်ကိုမှ  လှည့်ကြည့်ခွင့်ကိုပင် မပေးနိုင်ပါ။
ကောင်းချီနဲ့ ပတ်သတ်လာရင်
သက်ပုံရဲ့လောဘသည် ဘယ်တော့မှ
အတောသတ်နိုင်မယ်မထင်။

ထိုမျှအထိ ကောင်စင်သန့် ချီကို ရူးလောက်အောင် ချစ်မြတ်နိုးရပါသည်။

___________

ရက်တွေ လတွေ တရွေ့ ရွေ့ ပြောင်းလာပြီးတဲ့နောက်မှာ   ပုံညာဦးချီဆိုတဲ့ သက်ပုံတို့သားလေး ကို ဖွားမြင်လာခဲ့ပါသည်။  ထို့ကြောင့် သက်ပုံ တစ်ယောက်
ဘန်ကောက်ကိုသွားဖို့ အမြန် ပြင်ရတော့သည်။
သားယောကျာ်းလေးရူးနေသော သက်ပုံ
အတွက် ကံကောင်းတယ်ဆိုရမည်။
မျှော်မှန်းထားသလို  ဖြစ်ခဲ့ရသည်မို့
ဖုန်းဆက်အကြောင်းကြားတုန်းက
သက်ပုံတစ်ယောက်ဟာ  ထမင်းမစားဟင်းမစားပဲတောင် ပျော်ခဲ့ရသည်။

မိန်းမ   ပြာသို   ယောကျာ်းဝါဆို ဆိုတဲ့အတိုင်း  ပုံညာဦးချီ ဆိုသော  သက်ပုံတို့ သားသည် ဝါဆိုလ မှာ မွေးဖွားခဲ့တာဖြစ်သည်။

"သက်ပုံ  ခဏဖက်ရအောင် "

ဘေးနားမှာ ရစ်သီရစ်သီ လုပ်နေတဲ့ ကောင်းချီ ဆီမှ  ထွက်လာသောစကားကြောင့်
အဝတ်ထည့်နေရာမှ ရပ်ကာ 
ကောင်းချီကို ပွေ့ ဖက်လိုက်သည်။

"စိတ်မချဘူး ခင်ဗျားရယ်။
မတက်သာလို့ သာ နေခဲ့ရမှာ ။ ကျွန်တော်
တပါတည်း ခင်ဗျားနဲ့ လိုက်ခဲ့ချင်လိုက်တာ "

"လုပ်ပြီ ။ သွားခါနီးကို မဟုတ်တာတွေ
မပြောစမ်းနဲ့  ကောင်းချီရာ။ အိမ်မှာ ဒီလောက် အလုပ်တွေပုံနေတာကို မင်းရောငါရော နှစ်ယောက်လုံးမရှိလို့ ဘယ်ဖြစ်မှာလဲ။ "

ကောင်းချီက ဘာမှဆက်မပြောတော့ပေမဲ့
ဖက်ထားတာကိုတော့ မလွှတ်ပေး။
ပါးလေးနမ်းလိုက် ငြိမ်သွားလိုက် ။
ဆံပင်တွေ ကြားမျက်နာအပ်လိုက်နဲ့
အတော်ကြာအောင် အလုပ်များလို့ နေသည်။

" ကောင်းချီ ဖယ်တော့ ငါ့အဝတ်တွေထည့်ရဦးမယ်"

"....."

ပြောလဲ မသိချင်ယောင်ဆောင်နေသည်မို့
သက်ပုံ ပြုံးကာ နားရွက်ဖျားတွေကို ဖိကိုက်လိုက်သည်။
တွန့် ခနဲ ဖြစ်သွားရုံကလွဲပြီး ဖယ်မပေးသည်ကြောင့်

"ကောင်းချီလေး  တစ်လလေးပဲကြာမှာပါ။
မင်းလွမ်းသလို ငါလည်းလွမ်းနေမှာပဲဟာ။
ပြန်လာရင် ငါနဲ့ အတူ  ငါတို့ ကလေးလေးလည်းပါလာမှာလေ ။ တကယ်လို့  မင်းတအားလွမ်းနေရင်  ဘယ်လောက်မှ မဝေးတာ လိုက်လာခဲ့ပေါ့ ။ နော်  ...သွားခါနီး
ငါစိတ်မကောင်းအောင်လို့  "

ထိုအခါ ဖယ်ခွာသွားကာ  ...

"ကျွန်တော် သိပါတယ်။ တခါမှ ဒီလောက်ကြာအောင်မခွဲဘူးတော့  စိတ်ထဲတမျိုးကြီးဖြစ်နေလို့ ပါ။ ကဲပါ  စိတ်မကောင်းမဖြစ်ပါနဲ့ ။ လာ ကျွန်တော် အဝတ်တွေကူထည့်ပေးမယ် "

သက်ပုံ စိတ်မကောင်းဖြစ်သွားမှာစိုး၍ကောင်းချီ  ပျက်ရွင်းနေသော မျက်နှာကို
ပြင်ကာ သက်ပုံအဝတ်တွေကိုခေါက်ထည့်ပေးမိသည်။
ညနေပိုင်းရောက်တော့ ချစ်တဲ့သက်ပုံ
က ကုန်ကားခေါင်းခန်းမှာထိုင်ပြီး
တံငါကုန်းရွာနဲ့ ကောင်းချီကို ခေတ္တ နှုတ်ဆက်ကာ မန္တလေးကို ထွက်သွားခဲ့လေသည်။
သက်ပုံမရှိတော့တာနဲ့  သိသိသာသာ
လစ်ဟာသွားသော ရင်ဘတ်ကို လက်နဲ့ ထိန်းကာ ကောင်းချီ အိမ်ထဲပြန်ဝင်လိုက်သည်။
သက်ပုံ အတွက်...။
သက်ပုံချစ်သော ပုံညာဦးချီ အတွက် ။
သူ အလုပ်ဆက်လုပ်ရအုန်းမည်။

တစ်လ  ...တစ်လ ။
သူ သည်းခံရမယ်လေ

_________


အရာရာအားလုံး  ဟာ သက်ပုံထွက်သွားခဲ့တဲ့ နေ့ ရက်လိုပါပဲ ။
လွမ်းဆွတ်ခြင်း ကို ကောင်းချီ ဘယ်နည်း
နဲ့ မှအသားမကျသေးပါ။
ညတိုင်း ဖုန်းပြောဖြစ်ပေမဲ့ ပိုတိုးလာတဲ့
အလွမ်းဒဏ်က ကောင်းချီ ကို တမြေ့မြေ့
သတ်နေသလိုဖြစ်ခဲ့သည်။
ဖုန်းဘယ်လောက်ပြောပြော ဖုန်းချတာ
နဲ့ ကောင်းချီ နေလို့ မရတော့။

သက်ပုံ မရှိတာ ၁၄ရက်ရှိနေပြီ။
နှစ်ပတ်ဆိုတဲ့ အားက ကောင်းချီကို
ဆက်လွမ်းဖို့ ခွင့်မပြုချင်တော့ပေ။
ထို့ ကြောင့် သက်ပုံ ရှိနေသော နေရာ
ဘန်ကောက်မြို့ ကို
သူလိုက်သွားခဲ့သည်။

ဆံပင်မဲမဲ နဲ့ မျက်စိပေါက်မဖွင့်နိုင်သေးတဲ့
နီတာရဲက သူ့ သားတဲ့။
ပြုံးပျော်နေသောသက်ပုံဟာ အိပ်ပျော်နေတဲ့
ကလေးငယ်ကို ပုံရိုက်လို့  ပို့ ပေးလာပေမဲ့
သွေးသားဆိုတဲ့ စိတ်နဲ့  အနည်းငယ် ရင်ခုန်လို့ သွားတာကလွဲပြီးသက်ပုံ လောက်တော့ အမြဲမြင်ချင်နေတာမျိုးတော့မရှိခဲ့။

ဒေါ်လေးတို့ အကုန်လုံးကတော့
ပုံညာဦးချီက လူချောလေးပါတဲ့ ။
ကောင်းချီမျက်လုံးထဲမှာတော့
ဒီတိုင်း သိပ်ကြီးတော့ထူးဆန်းမနေပါ။
မဲနက်နေသော ခေါင်းသေးသေးထက်က ဆံပင်တွေက
သက်ပုံရဲ့ ဆံပင်ပျော့ပျော့လေးလောက်
စိတ်ဝင်စားဖွယ်မကောင်းတာတော့ သေချာသည်။

လှုပ်စိစိ  နှုတ်ခမ်းပါးလေးတွေက
ဘယ်လို ကြည့်ကြည့်  သက်ပုံ နှုတ်ခမ်းတွေလောက်  မလှ။

ဘာပဲပြောပြော ဒါ သူ့ သားမို့ 
သက်ပုံလောက်မဟုတ်ပေမဲ့ နည်းနည်းတော့ ချစ်ပါသည်။

အတွေးတွေနဲ့  ကောင်းချီ အလုပ်ရှုပ်နေတုန်းမှာပဲ အငှားကားလေးသည် ခြံစည်းရိုးလှလှလေးနဲ့  နှင်းဆီပင်တချို့ စိုက်ပျိုးထားသော အဖြူရောင် တစ်ထပ်အိမ်လေးရှေ့ ရပ်သွား၏

ကားပေါ်က ဆင်းပြီး ကိုစိုးဝင်းမြတ် ပေးထားသော  အိမ်လိပ်စာလေးကိုထုတ်ကာ
တိုက်စစ်လိုက်သည်။
ဒီအိမ်လေးသည် သက်ပုံ  ကလေးငယ်သေးလို့  ပြန်မလာရသေးခင် နေရအောင်
ကိုစိုးဝင်းမြတ်ငှားပေးထားခြင်းဖြစ်သည်။

ခြံတံခါးကို တွန်းဖွင့် ဝင်လိုက်တော့စိမ်းစိုနေသော မြက်ခင်းပြင်က လှလှပပဆီးကြိုနေသည်။
အလယ်က ကျောက်ပြားလှလှလေးတွေခင်းထားသော လူသွားလမ်းလေးပေါ်ကနေ ကောင်းချီ တရွေ့ ရွေ့ နင်းဖြတ်ရင်း အိမ်လေးဆီကိုလှမ်းလိုက်သည်။

ဒီမြေ ဒီအိမ်မှာ ချစ်တဲ့ သက်ပုံရှိတယ်ဆိုတဲ့ အသိက  ကောင်းချီရင်တခုလုံးကို နွေးထွေးသွားသယောင် ။
စေ့ထားသော အဖြူ ရောင် မှန်တံခါးကို တွန်းဖွင့်အံ့ စဲစဲမှာ  သက်ပုံ ရဲ့ သားချော့တေး
ဆိုသံတိုးတိုးကို ကြားလိုက်ရသည်။

သူ့ နှလုံးသားသည် သာယာချိုအေးသော
အသံအောက်မှာ  လှုပ်ရှားမရအောင်
လုံဝကျ ရှုံးသွား၏။
အမြဲမက်ခဲ့ရသော သက်ပုံ အိမ်မက်သည်
သူ့ တို့ နှစ်ယောက်ကြားမှာ ခိုင်မြဲစေမဲ့
မိသားစုဆိုတဲ့ ကြိုးလေး တစ်ချောင်းပင်ဖြစ်သည်။

ထို ကြိုးငယ်လေးသည်
ပုံညာဦးချီ ဆိုသော ကောင်းချီရဲ့ မျိုးစေ့
ဖြစ်ပြီး  သက်ပုံ မဟုတ်သော သူစိမ်းမိန်းကလေးနဲ့ ပေါင်းစည်းပြီး ဖန်တီးခဲ့သော သားဖြစ်သည်။

သက်ပုံသည် အချစ်တစ်ခု အတွက်
သူ့ သွေးသား တစုံတရာ မပါဝင်သော
ကလေးငယ် ကို အဖြူ ရောင် အတ္တနဲ့
ပြုစုပျိုးထောင်ဖို့  ကြိုးစားနေ၏။

သက်ပုံလိုပဲ ကောင်းချီမှာလည်း အတ္တတစ်ခု
လက်ဝယ် ပိုင်ဆိုင်ထားသည်။
သက်ပုံသာ ပျော်ရွှင်မယ်ဆိုရင်
သူ့ သွေးသားကို ကျေနပ်စွာ ပေးအပ်မည်။
ပြုံးပျော်နေသော သက်ပုံကို ငေးကာ ကျန်တဲ့ ဘဝသက်တမ်းတလျှောက် လုံး
ကောင်းချီကိုယ်တိုင်ရော
သူ့ သား ပုံညာဦးချီ  ရော ချစ်တဲ့ သက်ပုံ
အိုမင်းမစွမ်းတဲ့ အချိန်ထိ
ဖေးမ စောင့်ရှောက်မည်။ 

____

အိပ်ပျော်သွားတဲ့ သားလေးကို ကြည့်ပီး
သက်ပုံ ပုခတ်ထဲမှာ ချသိပ်ရင်းပြုံးမိ၏။
သူ့သားလေးက သိပ် ချစ်စရာကောင်းတဲ့ကလေးလေး ၊ အငိုနည်းကာ ချထားတဲ့နေရာမှာ ငြိမ်ငြိမ်လေးသာ နေတက်သူမို့
အတော်လေး မပင်ပန်းရပေ။ 
သားက ၁၅ရက်သားရနေပြီမို့ ဆေးရုံကနေ မနေ့ ကတည်းက ဆင်းလာခဲ့တာဖြစ်ပြီး
တစ်လပြည့်ရင်တော့ သက်ပုံ သားကိုခေါ်ကာ အိမ်ကိုပြန်တော့မည်။
သူတို့ ရဲ့ အိမ်လေးမှာ တစ်ယောက်သောသူက စောင့်မျှော်နေဟန်ကို တွေးမိတော့
နှုတ်ခမ်းပါးက ပြုံးမိပြန်သည်။

"လွမ်းလိုက်တာ ကောင်းချီရယ်"

ခပ်တိုးတိုးရေရွတ်ပီး သက်ပုံ အိမ်ရှေ့ ထွက်ဖို့ ပြင်သည်။
ပတ်ဝန်းကျင်က သာယာပေမဲ့
တံငါကုန်းရွာမှာနေရသလိုတော့ သက်တောင့်သက်သာမရှိပေ။

ပြုံးလျက်  မှန်တံခါးကို တွန်းဖွင့်လိုက်တော့မြင်နေကျ ပုံရိပ်လေးက လှေကားထစ်မှာ
ကျောပိုးအိတ်လေးဘေးကျ ကာ ငုတ်တုတ်ထိုင်နေ၏။ လှိုက်ခုန်သွားတဲ့နှလုံးသားက ပိုင်ရှင်တွေ့တော့တဒိတ်ဒိတ်နဲ့  ကြောက်စရာကောင်ကောင်းလောက်အောင်ပင်ခုန်၏။

မဝင့်မရဲ စိတ်နဲ့ အတူ ခပ်တိုးတိုးခေါ်လိုက်သည်။

"ကောင်း ..ကောင်းချီလားဟင်"

သက်ပုံ စကားဆုံးတော့ လှည်ပြန်လှည့် ကြည့်လာတဲ့ မျက်ဝန်းလေးမှာ
မျက်ရည်စ တချို့ နဲ့ ။
နင့်ခနဲ ဖြစ်သွားတဲ့ ခံစားချက်က ဘာနဲ့ မှမတူပါ။
ကိုယ်တိုင်လည်း ဝမ်းနည်းလာသည်မို့
ကောင်းချီဘေးမှာဝင်ထိုင်ကာ
ကောင်းချီကို ဆွဲ ပွေ့ လိုက်သည်။

"ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်ဘူး ကောင်းချီ
စိတ်ကိုလျော့ "

ကျောကို ပွတ်လို့  သက်ပုံ ငိုရင်း ချော့နေမိသည်။ တဆတ်ဆတ်တုန်နေသော ကိုယ်လုံးသည် သက်ပုံအသံ ကြားတော့
တဖြည်းဖြည်းငြိမ်သက်လာသည်။

"အားနာလွန်းလို့ ဘယ်လို လုပ်ရမလဲ
ကျွန်တော့်သက်ပုံရယ်။ ဘာလို့ ကျွန်တော်တို့ ကျမှ ခုလို အဖြစ်မျိုးကြုံရတာလဲ။
ကျွန်တော်လေ ဖြစ်နိုင်ရင် ခင်ဗျားအတွက်
ကိုယ်ဝန်ဆောင်ပေးလို့ ရရင် ဆောင်ပေးချင်လိုက်တာ ဗျာ"

ခပ်တိုးတိုးငိုပီးပြောလာတဲ့စကားတွေက
ရင့်နာဖွယ်ရာ။

"မဟုတ်တာ ကောင်းချီလေးရာ။
ငါ့ကို ဒီလိုစကားတွေ မပြောပါနဲ့ ။
မင်းသွေးသား မင်းအငွေ့ သက်ပါရုံနဲ့
ငါ အဆင်ပြေတာမို့  ငါ့ကိုဒီလိုတွေ မပြောပါနဲ့ လားကောင်းချီရာ။ မင်းသိလား
မင်းရွေးချယ်ခဲ့တာငါက မိန်းမတစ်ယောက်
မဟုတ်ခဲ့တာကလွဲပြီး ဘဝတလျှောက်လုံး
မင်းတို့ နှစ်ယောက်ကို စစ်မှန်စွာချစ်ပေးနိုင်တယ်ကောင်းချီ။ နောက်ကိုဒီလိုပုံစံမျိုး
ထပ်မလုပ်မိပါစေ "

ဒေါသတကြီး ပြောမိတာဟာလည်း
ကောင်းချီကို မသိမ်ငယ်စေချင်လို့ ပါ။
ဘဝတလျှောက်လုံးသက်ပုံနဲ့ မသက်ဆိုင်သော သူ့ ကလေးကို သက်ပုံချစ်ပေးမှာကို ကောင်းချီ မမြင်ရက်တာကို နားလည်သည်။

ဒါပေမဲ့ သက်ပုံက ပျော့ညံ့တယ်ထင်ရပေမဲ့
မာနကြီးသလိုစိတ်မာသည်။
မဖြစ်နိုင်တာကို အတင်း ကြီး ခံစားနာကျင်နေရအောင် သက်မင်းပုံက ဘယ်သူမို့ လို့ လဲ။

သူ့ ထက် အဆများစွာသန်မာပေမဲ့
သက်ပုံနဲ့ ပတ်သတ်လာရင် အမြဲ အလျော့ပေး အားငယ်တက်တဲ့ ကောင်းချီကို
ခပ်တင်းတင်းပွေ့ ကာ မြတ်နိုးစွာထပ်ပြောလိုက်သည်။

"မင်းကို ငါသိပ်ချစ်တယ် ကောင်းချီ။
ငါက မင်းထင်တာထက် အတ္တလည်းကြီးတယ်။ ပုံညာဦးချီ ကို ဘာလို့  မွေးဖို့ ဆုံးဖြတ်တာလဲ မင်းသိချင်လား။ ဟားဟား
မင်းမသိဘူးမို့ လား။ ငါသိပ်ချစ်တဲ့ မင်းကို တသက်လုံး မပြောင်းလဲစွာဘေးနားထားဖို့ က ဒီနည်းပဲရှိတယ်။ ငါသွေးသားမဟုတ်ပဲ မင်းသွေးသား ဖြစ်တဲ့ ပုံညာဦးချီ
ငါမြတ်နိုးစွာ ပျိုးထောင်နေတဲ့ မြင်ကွင်းကို
မင်း ကြည့်ပီး ငါ့ကိုတသက်လုံး အားနာပြီး
ဖယ်ခွာသွားလို့ မရအောင် ငါလုပ်မှာ"

သက်ပုံရဲ့ ဖြူ နုနု ဂုတ်ပိုးလေးကိုဖိကပ်နမ်း
ပြီး ခေါင်းညိမ့်ပြလိုက်သည်။

ခင်ဗျားသာ ကျေနပ်မယ်ဆိုရင်
ခင်ဗျားသာ ပျော်နေမယ်ဆိုရင်
ခင်ဗျားသာ ပြုံးနေမယ်ဆိုရင်...

ကျွန်တော်နဲ့ ကျွန်တော့်သားနှစ်ယောက်လုံး ခင်ဗျား ခြေရင်းမှာ အမြဲ ဝတ်တွားခယနေမှာ အမှန်ပါ။

ချစ်တဲ့ သက်ပုံ.. မမျှော်လင့်ပဲ ချစ်မိခဲ့လို့့အားနာရပါသည်။

မပြည့်မစုံတဲ့ဘဝမှာ ဆူးခင်းလမ်းတောင်
မကြောက် ခုန်ဆင်းခဲ့လို့ အားနာရပါသည်။

ပတ်ဝန်းကျင် မိသားစု ရဲ့ နာကျင်ဖွယ်စကားတွေကို မကာကွယ်ပေးနိုင်လို့
အားနာရပါသည်။

ကံတူအကျိုးပေး ပြေလည်လာတဲ့စီးပွားရေးမှာ ကျွန်တော်နဲ့ ထပ်တူ စီးပွားရှာခဲ့ရလို့ အားနာရပါသည်။

ကျွန်တော် ခင်ဗျားကို သိပ်ချစ်ပါတယ် သက်ပုံလေးရယ်။ အချစ်တစ်ခုအတွက်
မိုက်ရူးရဲဆန်ခဲ့ကြပေမဲ့  တဘဝစာလုံး
စောင့်ရှောက်ခြင်းကို ကျွန်တော်တို့ သားအဖကပဲ တာဝန်ယူပါ့မယ်။
စစ်မှန်တဲ့ ခင်ဗျား ချစ်ခြင်းတရားတွေအတွက် ဒါဟာ ကျွန်တော် ပေးမဲ့လက်ဆောင်
ပါ ကျွန်တော့်သက်မင်းပုံ။

ကျွန်တော့်အရိပ်မှာ
ကျွန်တော့်သား အရိပ်မှာ
ခင်ဗျား တသက်လုံး  ဘေးမထိရန်မခပဲ
ပျော်ပါစေ အချစ်ရေ.....

ပြီးပါပီ.....။

Continue Reading

You'll Also Like

301K 26.6K 49
စစ်နတ်ဘုရားဟံသာဝတီအိမ်ရှေ့မင်းက အင်းဝနန်းတွင်းမာသူလျှိုလုပ်ရင်း အင်းဝမင်းသား‌ငယ်လေးကိုကာကွယ်ချင်လာတဲ့အခါ နောင်တော်တစ်ပါးရဲ့သစ္စာဖောက်မှုကြောင့် အင်းဝ...
634K 60.3K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
245K 23.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.1M 72.3K 74
မင်းရဲ့ အပြုံးအောက် အကြိမ်ကြိမ် ပြိုလဲနေမိပြီ လျှမ်းထက်ဝေ အလျော့ပေးလို့ ဆိုးတယ်ဆိုပြီး အထင်မမှားပါနဲ့ လူကြီး ...