Commando🍁(Complete)

De NandarMyintMoh

38.1K 3K 276

Zawgyi~ #Seke &Seke -ဘုန္းဆက္ရိွန္ဝါ (Zeus) -ညီေစမင္းေသာ္(Dragon) ဤဇာတ္လမ္းပါအေၾကာင္းအရာမ်ားသည္စာေရးသူ၏စိတ္... Mais

Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)

P - 16🍁

626 79 4
De NandarMyintMoh

Zawgyi

"ကိုယ့္အသက္၁၀ႏွစ္အထိ ကိုယ့္မွာမိသားစုေလးေယာက္ရိွခဲ့တယ္၊ ေဖေဖရယ္ေမေမရယ္ ညီမေလးရယ္ ကိုယ္ရယ္ေပါ့.....ကိုယ္တို႔က ၿမိဳ႔ျပနဲ႔အေတာ္အလွမ္းေဝးတဲ့ ေတာရြာေလးတစ္ခုက ၊ရြာမွာ လယ္လုပ္ ကိုင္းလုပ္ၿပီးအေတာ္အသင့္ေနႏိုင္စားႏိူင္ေလာက္တဲ့အေနအထားမွာရိွတယ္။

"အင္း"

ညီေစမင္းေသာ္က ေဆးေသတၲာကိုအဆင့္သင့္လွပ္ထားၿပီး Beterdineဗူးနဲ႔အရက္ျပန္ဗူးကိုလဲအဆင္သင့္အဖံုးဖြင့္ထားသည္။လက္ကခြဲစိတ္ဓားတစ္ခုကိုအိတ္ထဲကေဖာက္ၿပီး လက္ေမာင္းက က်ည္ဆံနစ္ဝင္ေနတဲ့ေနရာနားကိုခြဲဖို႔အဆင္သင့္လုပ္ထားလိုက္သည္။
"အင္း"ဆိုတဲ့စကားေထာက္ေပးလိုက္ေတာ့ ေျပာေနတဲ့လူရဲ့စကားကိုနားေထာင္ၿပီးအသိအမွတ္ျပဳေၾကာင္းျပဳသလို သူ႔ကိုဆက္ေျပာဖို႔အတြက္ ခြင့္ျပဳလိုက္တာလဲျဖစ္သည္။

"ကိုယ့္ညီမေလးက ကိုယ့္ထက္၇ႏွစ္ႏွစ္ေတာင္ငယ္တယ္ ၊ တစ္ေန့ေပါ့...အဲ့ေန့က ကိုယ္တို႔မိသားစုအတြက္ကံဆိုးမိုးေမွာင္က်ၿပီး ကိုယ့္ကမ႓ာႀကီးၿပိဳကြဲသြားတဲ့ေန့......အဲ့ေန့ကကိုယ္တို႔စိုက္ခင္းကထြက္တဲ့ အသီးအႏွံေတြကိုၿမိဳ႔က ပြဲရံုေတြမွာသြားေရာင္းခ် ၾကေတာ့ မိသားစုေလးေယာက္စလံုးရြာက ေထာ္လာဂ်ီေလးနဲ႔လိုက္သြားခဲ့ၾကတယ္....

"အင္း ဆက္ေျပာပါအံုး ေထာ္လာဂ်ီေလးနဲ႔ဆိုေတာ့ေပ်ာ္ဖို႔ေကာင္းမွာပဲေနာ္"

ခြဲစိတ္ဓားနဲ႔ခပ္နက္နက္ခြဲထုပ္ၿပီး ေဘးက ၫွပ္ကပ္ေၾကးကိုအလ်ွင္အျမန္ဆြဲယူၿပီး ေခါင္းျပဴေနတဲ့က်ည္ဆံတစ္ခုကိုဆြဲထုပ္လိုက္သည္။
ေသြးေတြစိမ့္ထြက္လာမႈကိုရပ္သြားေအာင္ပတ္တီးအလိပ္လိုက္နဲ႔ဖြဖြေလး ဖိသုပ္ေပးလိုက္သည္။
အရက္ျပန္ေတြအလ်ွင္အျမန္ေလာင္းခ်ၿပီးပါးစပ္ကလဲတစ္ဖူးဖူးမႈတ္ေပးရသည္။

"အားးးးး"

ဒီလိုအစိမ္းခြဲစိတ္တာကဘယ္ေလာက္ေတာင္နာက်င္သလဲဆိုရင္ အသည္းခိုက္ေအာင္နာက်င္ပါတယ္၊ ေယာက်ာ္းရင့္မာႀကီးေတြေတာင္ မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ေစပါတယ္....ဘုန္းဆက္လိုအေသအလဲေလ့က်င့္ထားတဲ့Commandoေတြေတာင္ အသည္းခိုက္မတတ္နာက်င္ရေပမယ့္ ဒီအခ်ိန္မွာ နာက်င္ေနလဲ ျဖသိမ့္စရာက ညီေစ့ရဲ့မ်က္ႏွာေလးကိုၾကည့္ေနဖို႔နဲ႔ သူတို႔ရဲ့ရင္နာစရာမိသားစုအေၾကာင္းကိုဆက္ေျပာဖို႔သာတတ္ႏိုင္ေတာ့သည္။
ညီေစ့ရဲ့စြဲေဆာင္မႈအရိွဆံုးအခ်ိန္က တစ္စံုတစ္ခုကိုစိတ္ပါ၀င္စားစြာ ျပဳလုပ္ေနၿပီး မ်က္လံုးစူးစူးေတြကိုတစ္ေနရာမွာပဲအာရံုစိုက္ထားတဲ့အခ်ိန္ပါပဲ ၊

"ဟုတ္တယ္အရမ္းေပ်ာ္ဖို႔ေကာင္းတယ္ အဲ့ေန့က ညီမေလးကၿမိဳ႔ကိုလိုက္ရမယ္ဆိုေတာ့ ပန္းေရာင္ကာဝန္ကားကားေလးနဲ႔သိပ္လွေနရွာတာ ၊ေမေမနဲ႔ေဖေဖကလဲ သီးႏွံေတြေရာင္းထြက္ရင္ပိုက္ဆံေတြရေတာ့မယ္ဆိုၿပီးေပ်ာ္ေနရွာတာ ၊ေနြေရာက္ရင္ ကိုယ့္ကိုရွင္ျပဳျပီးညီမေလးကိုနားသမယ္ဆိုၿပီး ေဖေဖကအားခဲထားတာ......

ဘုန္းဆက္ရဲ့မ်က္၀န္းထဲမွာ မ်က္ရည္ေလးေတြကရစ္ဝိုင္းလို႔ေနသည္၊ နာက်ည္းစရာအတိတ္ကိုျပန္ေျပာျပေနရေပမယ့္ ေပ်ာ္ရႊင္ခဲ့ရတဲ့သူတို႔မ္သားစုေလးရဲ့အေၾကာင္းကို သူျမတ္ႏိုးတန္ဖိုးထားရတဲ့တစ္စံုတစ္ေယာက္ေရ႔ွမွာဖြင့္ေျပာျပေနရေတာ့ ေက်နပ္ပီတိျဖစ္ေနရွာသည္။

"ကိုယ္တို႔ၿမိဳ႔ကိုေရာက္ၿပီး ပြဲရံုမွာသီးႏွံေတြေရာင္းၿပီးေတာ့ ပိုက္ဆံထုပ္ႀကီး လက္ေမာင္းမွာလြယ္ၿပီး ေမေမက ေပ်ာ္မဆံုးတစ္ၿပံဳးၿပံဳးပါပဲ....
ၿမိဳ႔ကိုေရာက္ဖို႔ကလဲႀကံဳေတာင့္ႀကံဳခဲျဖစ္ေနေတာ့ စားခ်င္တာေတြေသာက္ခ်င္တာေတြအကုန္ဝယ္ေကြၽးၿပီး အဝတ္အစားအသစ္ေတြလဲ အမ်ားႀကီးဝယ္လာခဲ့ၾကတာ ၊လမ္းမွာစားဖို႔မုန္႔ေတြနဲ႔ဟင္းသီးဟင္းရြက္ေတြကို ေထာ္လာဂ်ီေပၚတင္ၿပီး ကိုယ္တို႔ရြာကိုျပန္လာခဲ့ၾကတယ္......."

"အင္း...စိတ္ဝင္စားဖို႔ေကာင္းတယ္ ဆက္ေျပာပါအံုး"

ဘုန္းဆက္ရိွန္ဝါ ရဲ့မ်က္ဝန္းထဲကမ်က္ရည္စေတြက အစိမ္းလိုက္ခြဲစိတ္မႈကေန နာက်င္မႈေၾကာင့္က်လာတဲ့မ်က္ရည္ေတာ့မျဖစ္ႏိုင္......သူ႔ငယ္ဘဝကအမွတ္တရေတြကိုျပန္ေျပာင္းသတိရၿပီး လြမ္းဆြတ္ေၾကကြဲေနသလိုပါ....

"အျပန္လမ္းမွာ ဓားျမေတြရဲ့ တိုက္ခိုက္မႈကိုခံရတယ္၊ ကိုယ္တို႔ကို ရွင္ျပဳနားသေပးဖို႔အတြက္ရည္ရြယ္ထားတဲ့ပိုက္ဆံေတြကို ဓားျမေတြရဲ့လက္ထဲကိုထည့္ေပးလိုက္ဖို႔အတြက္ ေမေမက ခြင့္မျပဳခဲ့ဘူး၊
ဓားျမဆိုတာကလဲ ေငြအသာတစ္ၾကည္မေပးရင္ အသက္ သတ္ျပစ္မယ္ဆိုတာမ်ိဳးေလ ၊
ေမေမရဲ့ေငြထုပ္ကိုေပးလိုက္ဖို႔တြန္႔တိုေနမႈအတြက္ဓားျမေခါင္းေဆာင္ျဖစ္ဟန္တူတဲ့လူက ဒါဏ္ေပးတာက ကိုယ့္ညီမေလးရဲ့လည္ကို လွီးျဖတ္ျပစ္လိုက္တာပဲ၊

ေဒါသ သံေတြပါ ပါလာၿပီးလက္သီးကိုက်စ္က်စ္ပါေအာင္စုပ္ၿပီး ေမးရိုးေတြကားထြက္လာတဲ့အထိ အံက်ိတ္ေနတဲ့ ဘုန္းဆက္ရဲ့ပံုစံကိုၾကည့္ရင္ သူ႔ရဲ့ရင္ထဲက ခံျပင္းမႈအတိမ္အနက္ကိုပါ မွန္းဆႏိုင္သည္။

"ညီမေလးမွာအသံတစ္ခ်က္ေတာင္မထြက္လိုက္ရပဲအသက္စိဝိန္ခ်ဳပ္ၿငိမ္းသြားရွာတာ၊ ညီမေလးက သိပ္ငယ္ေသးတဲ့ အျပစ္ကင္းစင္တဲ့ကေလးေလးပါ ၊ ေမေမက ညီမေလး ရဲ့အျဖစ္ကိုျမင္ၿပီးအဲ့နားမွာတင္ႏွလံုးရပ္ၿပီးေသသြားခဲ့ျပန္တယ္....."

ညီေစမင္းေသာ္ရဲ့ပါးစပ္ကေန အင္းဆိုတဲ့စကားကိုထုပ္ေျပာဖို႔အတြက္ေတာင္ ႏႈတ္ကဖြင့္ဟမရခဲ့ေတာ့ပါ၊ ဘယ္လိုေတာင္လူမဆန္တဲ့လုပ္ရပ္လဲ ၊
အျပစ္မဲ့တဲ့ကေလးငယ္တစ္ၪီးနဲ႔အားႏြဲ႔တဲ့မိန္းမသားေတြကိုဒီလိုပဲ သတ္ခ်င္သလို သတ္ျဖတ္ေနေတာ့တာပဲလား၊လူစိတ္မရိွတဲ့ လူ႔တိရစၧာန္ေတြပဲကိုးးးး

"ေဖေဖ ကေမေမနဲ႔ညီေမေလးကိုၾကည့္ၿပီးေၾကာင္အမ္းေနတဲ့အခ်ိန္မွာ ကိုယ္လုပ္ရမယ့္အလုပ္ကတစ္ခုပဲရိွတယ္၊ေမေမရင္ဘတ္ထဲကပိုက္ဆံအိတ္ကိုဆြဲယူၿပီး ဓားျမေခါင္းေဆာင္ရဲ့မ်က္ႏွာကိုပိုက္ဆံထုပ္နဲ႔ျပစ္ေပါက္လိုက္တယ္....ေသြးရူးေသြးတန္းနဲ႔ ထၿပီးလက္သီးေတြနဲ႔ထိုး ကန္ေက်ာက္ေအာ္ဟစ္ဆဲဆိုေနတဲ့ေဖေဖ့ကိုလဲ ႏွလံုးတည့္တည့္ဓါးနဲ႔ထိုးခ်ၿပီးသတ္ျပစ္ခဲ့တယ္။

"သူတို႔ကိုမေလးမစားလုပ္တဲ့ကိုယ့္ကို ေသေအာင္မသတ္ပဲ သတိေမ့သြားေအာင္လည္ကုတ္ကိုလက္ေစာင္းရိုက္ခ်ျပစ္လိုက္ၾကတယ္၊အဲ့ေနာက္ဘာေတြဆက္ျဖစ္လဲကိုယ္မသိလိုက္ေတာ့ဘူး...ကိုယ့္ညီမေလးေရာ ေဖေဖနဲ႔ေမေမေရာ ဘယ္ေရာက္ေနခဲ့လဲကိုယ္မသိေတာ့ဘူး၊ကိုယ္ကမ႓ာတစ္ခုလံုးကအေမွာင္အတိႀကီးစိုးသြားခဲ့ေတာ့တယ္......
သူတို႔ေတြအမွားအႀကီးႀကီးတစ္ခုလုပ္ခဲ့ၾကတယ္ေလ ၊ကိုယ့္ကိုမသတ္ပဲ သတိေမ့ေအာင္ပဲလုပ္ခဲ့ျခင္းက သူတို႔အတြက္ ေသမင္းတမန္ကို စတင္ေမြးျမဴလိုက္ျခင္းပဲ....

ေတာရြာဘက္ကို ဘုန္းႀကီးေက်ာင္းပညာေရးပို႔ခ်ဖို႔ေရာက္လာတဲ့ ဘုန္းႀကီးကားတစ္စီးက ကိုယ္တို႔ကားကိုေတြ့ၿပီး ၾကည့္ရႈ႔ခဲ့တာမွာ မ်က္ရည္ေတြစီးက်ေနၿပီး လက္သီးက်စ္က်စ္ပါေအာင္ဆုပ္ထားတဲ့ကိုယ့္ကိုျမင္ေတာ့ အသက္မေသေသးတာကိုသိၿပီး ေက်ာင္းထိုင္ဥပဇင္းက ၿမိဳ႔က ဘုန္းႀကီးေက်ာင္းကိုေခၚသြားခဲ့တယ္...."

လက္ေမာင္းက က်ည္ဆံႏွစ္ေတာင့္လံုးလဲထုပ္ၿပီးၿပီ၊ အနာကိုပိုးမဝင္ေအာင္ေသခ်ာသန္႔စင္ေပးၿပီးခ်ဳပ္ႀကိဳးနဲ႔ေသေသခ်ာခ်ာခ်ဳပ္ေပးလိုက္သည္။ပတ္တီးအေခါက္လိုက္ကေလးကို
ေဆးဝါရည္ထဲႏွစ္ခ်ၿပီး ခ်ဳပ္ရိုးေၾကာင္းေပၚကိုအုပ္ၿပီး ပတ္တည္းပါေသေသခ်ာခ်ာစည္းေပးထားလိုက္သည္။လက္ေမာင္းကလႈပ္ရွားမႈမ်ားရင္ ခ်ဳပ္ရိုးေၾကာင္းကြဲၿပီးေသြးထြက္မွာေၾကာင့္လည္ပင္းမွာပဲ ႀကိဳးသိုင္းလုပ္ေပးထားလိုက္သည္။
ဒဏ္ရာအတြက္လုပ္တာကိုင္တာကၿပီးသြားေပမယ့္ ဘုန္းဆက္ရိွန္ဝါရဲ့ဘဝအေၾကာင္းကအခုမွတစ္ဝက္ပဲေျပာလို႔ၿပီးေသးသည္။

"အင္းးးး"

"ကိုယ္ကသတိေမ့ေနခဲ့တာဆိုေတာ့ ဘုန္းႀကီးေက်ာင္းကိုေရာက္မွသတိျပန္ရလာခဲ့တယ္၊ သတိျပန္ရလာခ်င္း ကိုယ္ေရာက္ေနတဲ့ေနရာက ကိုယ္တစ္ခါမွမရင္းႏွီးတဲ့ေနရာတစ္ခု ၊
ကိုယ္ေဖေဖနဲ႔ေမေမရယ္နဲ႔ညီမေလးတို႔ကို ဓားျမတိုက္မႈျဖစ္ခဲ့တဲ့ရြာက
သုသာန္မွာပဲေျမျမႇပ္ခဲ့တယ္တဲ့ ၊ ကိုယ္ေရာက္ေနတဲ့ဘုန္းႀကီးေက်ာင္းနဲ႔ကိုယ္တို႔ရြာဆိုတာက အေတာ္ေလးကိုအလွမ္းေဝးခဲ့တာ၊ ကိုယ္တစ္ခါမွမၾကားဘူးတဲ့ေနရာ တစ္ခုရဲ့ဘုန္း​ႀကီးေက်ာင္းမွာပဲ ကိုရင္ဝတ္ၿပီး ဘုန္းႀကီးေက်ာင္းပညာေရးနဲ႔ပညာဆက္လက္သင္ခဲ့ရတယ္၊

"ညဘက္ေတြ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့အခ်ိန္တိုင္း ကိုယ့္ကိုအလန္႔တၾကားႏိုးထလာေစတဲ့ အိပ္မက္ဆိုးတစ္ခုလိုကိုယ့္ဘဝကိုအၿမဲလႊမ္းမိုးထားခဲ့တယ္။
ကိုယ္ဆယ္တန္းေျဖၿပီးတဲ့ႏွစ္မွာ ႏိုင္ငံျခားခရီးသြားလင္မယားက ကိုယ္တို႔ဘုန္းႀကီးေက်ာင္းရဲ့ဘုန္းႀကီးေက်ာင္းပညာေရးကိုမွတ္တမ္းတင္မႈတစ္ခုျပဳလုပ္ဖို႔ လာရင္း ပညာအရာမွာထူခြၽန္လြန္းလွၿပီး ရုပ္ရည္ရူပကာ ထူးျခားလြန္းတဲ့ ကိုရင္ေလးကိုယ့္ကို ထူးခြၽန္ထက္ျမက္ေအာင္ပညာသင္ေပးခ်င္တာေၾကာင့္သူတို႔ရဲ့ အေမြစားအေမြခံသားအျဖစ္ေမြးစားခဲ့တယ္၊
ဘုန္းဘုန္းကလဲ ကိုယ့္ဘဝ အၫြန္႔တလူလူျဖစ္ေနမွာကို မပိတ္ပင္ခဲ့ပဲ ေသခ်ာအပ္ႏွံၿပီး ႏိုင္ငံျခားလင္မယားနဲ႔ထည့္လႊတ္လိုက္တယ္။

ကိုယ္အခုလို Commandoေကာင္းတစ္ေယာက္အျဖစ္ရပ္တည္ႏိုင္ေအာင္ ပံပိုးခဲ့တာက U.Sက ကိုယ့္ရဲ့ပါးပါးနဲ႔မားမားပဲ ၊"

"သူတို႔ လဲအခုသက္ရိွထင္ရွားရိွေနေသးတယ္မလား?"

"ရိွတယ္ USမွာပဲ ....ကိုယ္က မိဘေတြအတြက္တရားမ်ွတမႈမရခဲ့ပဲ ႏိုင့္ထက္စီးနင္းျပဳျပီး အသက္၁ေခ်ါင္းကိုလြယ္လြယ္သတ္ျဖတ္ခဲ့တဲ့လူေတြကို ကိုယ့္လက္နဲ႔ကိုယ္တိုင္အျပစ္ေပးခ်င္လို႔ ဒီအလုပ္ကိုေရြးခ်ယ္ခဲ့ၿပီး ျပန္လာခဲ့တာပဲ...."

"အခုေကာ အဲ့လူေတြကိုေတြ့ၿပီလား?"

"သူတို႔ ရဲ့သတင္းကို ကိုယ္ဒီႏိုင္ငံျပန္ေရာက္တဲ့ႏွစ္တစ္ႏွစ္လံုးလံုးသူတို႔အေၾကာင္းလိုက္စံုစမ္းခဲ့တယ္၊ အရင္ ကိုယ္ငယ္စဥ္တုန္းက ဓားျမလုပ္ၿပီးလုပ္သတ္ခဲ့တဲ့လူေတြက အခုေတာ့ဂိုဏ္းေတြဖြဲ႔စည္းၿပီးဒုစရိုက္မႈမွန္သမ်ွကိုလုပ္ေနတယ္လို႔ၾကားတယ္၊
သူတို႔ရဲ့ေခါင္းေဆာင္က အထက္ပိုင္းေတြနဲ႔အခ်ိတ္အဆက္ရိွၿပီး အေကာင္ႀကီးႀကီးေတြကသူ႔လက္ေအာက္မွာပဲ ....တစ္ေန့ကိုယ့္လက္နဲ႔ သူတို႔ကို သတ္ႏိုင္မယ္ဆိုတာကိုယ္ယံုၾကည္တယ္.....

"အင္း ခင္ဗ်ားလက္စားေခ်ဖို႔ လိုအပ္ေနရင္ ကြၽန္ေတာ့္ကိုအကူအညီေတာင္းလို႔ရတယ္သိလား....အခု ခင္ဗ်ားနဲ႔ကြၽန္ေတာ္က ကံတူအက်ိဳးေပးလို႔ေျပာရမလား?အတူတူ ေရွာင္ပုန္းေနရတယ္ဆိုတာေလ "

"အင္းးးးးးးကိုယ္အိပ္ခ်င္ေနၿပီ ခဏေလာက္အိပ္အံုးမယ္....

"ခဏေလးေနအံုး...ေရာ့ အကိုက္အခဲေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးေလးေသာက္ၿပီးမွ အိပ္ "

အစာမစားရေသးရင္ေဆးေတြမေသာက္သင့္ေပမယ့္ ဘာအစာမွလဲမရိွေသးတဲ့အျပင္ အနာပိုးဝင္မွာကလဲေၾကာက္ရေသးေတာ့ ပိုးသတ္ေဆးအရင္ေသာက္ခိုင္းလိုက္ရသည္။

"အဲ အဲေနအံုးေနအံုးမေသာက္နဲ႔အံုး!! အခန္းထဲမွာၾကက္ဥေတြ့ခဲ့တယ္ ၾကက္ဥအစိမ္းလိုက္ေသာက္ၿပီးမွေဆးေသာက္ ခဏေနအံုးသြားယူအံုးမယ္...

ညီေစသည္ အခန္းထဲကို၀င္သြားၿပီးခဏအၾကာၾကက္ဥ ၅လံုးေလာက္ကိုယူခ်လာၿပီး ဘုန္းဆက္ရိွန္ဝါလက္ထဲထည့္ေပးလိုက္သည္။

"တစ္လံုးေတာင္မနည္းေသာက္ရမွာ ကိုယ္အစိမ္းမေသာက္တတ္ဘူး ၫွီတယ္ "

မ်က္ႏွာရႈံ႔မဲ့ၿပီးၾကက္ဥအစိမ္းက ၫွီလို႔မေသာက္ခ်င္ေၾကာင္း ျငင္းဆန္ေနပံုက ကေလးငယ္ေလးတစ္ေယာက္လို......ဟင္းးးးအသည္းယားစရာေလးးးးးးး
ဒဏ္ရာကိုအစိမ္းလိုက္ခြဲၿပီး ခ်ဳပ္တုန္းကေတာင္မ်က္ႏွာတစ္ခ်က္မပ်က္ မညည္းၫူတဲ့လူက ၾကက္ဥစိမ္းနဲ႔မွ ေခါင္းတစ္ခါခါ လက္တစ္ခါခါနဲ႔...

"တစ္လံုးေတာ့ေသာက္လိုက္ ေဆးေသာက္ရမွာမလို႔....."

"ေရ လဲမရိွပဲနဲ႔ "

"ကဲ.....ကိုဘုန္းဆက္ရိွန္ဝါေရ!! ဂ်စ္မေနပါနဲ႔ဗ်ာ... အိပ္ခ်င္ေနၿပီဆို.....ေသာက္ၿပီးအိပ္ေတာ့!!အိပ္ရာႏိုးရင္ေရေသာက္ရမယ္ဟုတ္ၿပီလား ....ခင္ဗ်ားအိပ္မွေခ်ာင္းထဲကေရသြားခပ္လိုက္အံုးမယ္"

"အင္းပါ...."

အသံမာမာနဲ႔ေျပာလိုက္မွပဲကေလးဆိုးႀကီးလိုဂ်ီက်ေနတာကေန ၾကက္ဥတစ္လံုးကိုလက္ျပစ္ဗံုးျပစ္ထည့္သလို အခြံအျမန္ေဖာက္ၿပီးပါးစပ္ထဲျပစ္ထည့္ၿပီး ေဆး၂ျပါးကိုပါ ေရာထည့္ၿပီးအတင္းမ်ိဳခ်ေနေတာ့သည္။

မ်က္စိသိပ္လ်င္လွပါတယ္ဆိုတဲ့Commandoႀကီး ညီေစမင္းေသာ္တစ္ေယာက္ဟာလက္လႈပ္ရွားမႈကပိုျမန္တဲ့Commandoဘုန္းဆက္ရိွန္ဝါ ရဲ့လွည့္ပတ္မႈကိုခံလိုက္ရသည္။

ေဆးျပားေလးေတြက ေျပာေနေရာ့မယ္ အစာအိမ္ထဲေရာက္ရမယ့္ငါတို႔ေတြဟာလဲ ေဆးေၾကာက္တဲ့လူေတြနဲ႔ေတြ့တိုင္းေျမျပင္ကိုသာ ေရာဂါကုသေနရတယ္ဆိုၿပီးေတာ့ေပါ့......

ဘုန္းဆက္ရိွန္ဝါသည္ ဘာအခင္းအက်င္းမွမပါသလို ၊အံုးစရာေခါင္းအံုးလဲမပါ၊ၿခံဳစရာေစာင္လဲမရိွတဲ့ ကုတင္ေလးေပါမွာပဲ ဒဏ္ရာမရိွတဲ့ဘယ္ဘက္လက္ကေလးေခါင္းအံုးၿပီး အိပ္ေနေတာ့သည္။ ၂ရက္ေလာက္မနားမေန ေျပးေနရသလို ဘာအစားမွလဲမစားရေသးေတာ့ ပင္ပန္းမႈေတြေရာၿပီး ခဏေလးအတြင္းမွာပဲႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေတာ့သည္။

ဘုန္းဆက္အိပ္ေပ်ာ္သြားတာေသခ်ာမွ ညီေစက Logoအဖြဲ႔ကိုဆက္သြယ္ရန္ ရိွေသးတာေၾကာင့္ တဲအိမ္ထဲကေနထြက္သြားေတာ့သည္။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#25.6.2021
#Nandar Myint Moh

I really want Your Feedback and Voting😘

Unicode

"ကိုယ့်အသက်၁၀နှစ်အထိ ကိုယ့်မှာမိသားစုလေးယောက်ရှိခဲ့တယ်၊ ဖေဖေရယ်မေမေရယ် ညီမလေးရယ် ကိုယ်ရယ်ပေါ့.....ကိုယ်တို့က မြို့ပြနဲ့အတော်အလှမ်းဝေးတဲ့ တောရွာလေးတစ်ခုက ၊ရွာမှာ လယ်လုပ် ကိုင်းလုပ်ပြီးအတော်အသင့်နေနိုင်စားနိူင်လောက်တဲ့အနေအထားမှာရှိတယ်။

"အင်း"

ညီစေမင်းသော်က ဆေးသေတ္တာကိုအဆင့်သင့်လှပ်ထားပြီး Beterdineဗူးနဲ့အရက်ပြန်ဗူးကိုလဲအဆင်သင့်အဖုံးဖွင့်ထားသည်။လက်ကခွဲစိတ်ဓားတစ်ခုကိုအိတ်ထဲကဖောက်ပြီး လက်မောင်းက ကျည်ဆံနစ်ဝင်နေတဲ့နေရာနားကိုခွဲဖို့အဆင်သင့်လုပ်ထားလိုက်သည်။
"အင်း"ဆိုတဲ့စကားထောက်ပေးလိုက်တော့ ပြောနေတဲ့လူရဲ့စကားကိုနားထောင်ပြီးအသိအမှတ်ပြုကြောင်းပြုသလို သူ့ကိုဆက်ပြောဖို့အတွက် ခွင့်ပြုလိုက်တာလဲဖြစ်သည်။

"ကိုယ့်ညီမလေးက ကိုယ့်ထက်၇နှစ်နှစ်တောင်ငယ်တယ် ၊ တစ်နေ့ပေါ့...အဲ့နေ့က ကိုယ်တို့မိသားစုအတွက်ကံဆိုးမိုးမှောင်ကျပြီး ကိုယ့်ကမ္ဘာကြီးပြိုကွဲသွားတဲ့နေ့......အဲ့နေ့ကကိုယ်တို့စိုက်ခင်းကထွက်တဲ့ အသီးအနှံတွေကိုမြို့က ပွဲရုံတွေမှာသွားရောင်းချ ကြတော့ မိသားစုလေးယောက်စလုံးရွာက ထော်လာဂျီလေးနဲ့လိုက်သွားခဲ့ကြတယ်....

"အင်း ဆက်ပြောပါအုံး ထော်လာဂျီလေးနဲ့ဆိုတော့ပျော်ဖို့ကောင်းမှာပဲနော်"

ခွဲစိတ်ဓားနဲ့ခပ်နက်နက်ခွဲထုပ်ပြီး ဘေးက ညှပ်ကပ်ကြေးကိုအလျှင်အမြန်ဆွဲယူပြီး ခေါင်းပြူနေတဲ့ကျည်ဆံတစ်ခုကိုဆွဲထုပ်လိုက်သည်။
သွေးတွေစိမ့်ထွက်လာမှုကိုရပ်သွားအောင်ပတ်တီးအလိပ်လိုက်နဲ့ဖွဖွလေး ဖိသုပ်ပေးလိုက်သည်။
အရက်ပြန်တွေအလျှင်အမြန်လောင်းချပြီးပါးစပ်ကလဲတစ်ဖူးဖူးမှုတ်ပေးရသည်။

"အားးးးး"

ဒီလိုအစိမ်းခွဲစိတ်တာကဘယ်လောက်တောင်နာကျင်သလဲဆိုရင် အသည်းခိုက်အောင်နာကျင်ပါတယ်၊ ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျစေပါတယ်....ဘုန်းဆက်လိုအသေအလဲလေ့ကျင့်ထားတဲ့Commandoတွေတောင် အသည်းခိုက်မတတ်နာကျင်ရပေမယ့် ဒီအချိန်မှာ နာကျင်နေလဲ ဖြသိမ့်စရာက ညီစေ့ရဲ့မျက်နှာလေးကိုကြည့်နေဖို့နဲ့ သူတို့ရဲ့ရင်နာစရာမိသားစုအကြောင်းကိုဆက်ပြောဖို့သာတတ်နိုင်တော့သည်။
ညီစေ့ရဲ့စွဲဆောင်မှုအရှိဆုံးအချိန်က တစ်စုံတစ်ခုကိုစိတ်ပါ၀င်စားစွာ ပြုလုပ်နေပြီး မျက်လုံးစူးစူးတွေကိုတစ်နေရာမှာပဲအာရုံစိုက်ထားတဲ့အချိန်ပါပဲ ၊

"ဟုတ်တယ်အရမ်းပျော်ဖို့ကောင်းတယ် အဲ့နေ့က ညီမလေးကမြို့ကိုလိုက်ရမယ်ဆိုတော့ ပန်းရောင်ကာဝန်ကားကားလေးနဲ့သိပ်လှနေရှာတာ ၊မေမေနဲ့ဖေဖေကလဲ သီးနှံတွေရောင်းထွက်ရင်ပိုက်ဆံတွေရတော့မယ်ဆိုပြီးပျော်နေရှာတာ ၊နွေရောက်ရင် ကိုယ့်ကိုရှင်ပြုပြီးညီမလေးကိုနားသမယ်ဆိုပြီး ဖေဖေကအားခဲထားတာ......

ဘုန်းဆက်ရဲ့မျက်၀န်းထဲမှာ မျက်ရည်လေးတွေကရစ်၀ိုင်းလို့နေသည်၊ နာကျည်းစရာအတိတ်ကိုပြန်ပြောပြနေရပေမယ့် ပျော်ရွှင်ခဲ့ရတဲ့သူတို့မ်သားစုလေးရဲ့အကြောင်းကို သူမြတ်နိုးတန်ဖိုးထားရတဲ့တစ်စုံတစ်ယောက်ရှေ့မှာဖွင့်ပြောပြနေရတော့ ကျေနပ်ပီတိဖြစ်နေရှာသည်။

"ကိုယ်တို့မြို့ကိုရောက်ပြီး ပွဲရုံမှာသီးနှံတွေရောင်းပြီးတော့ ပိုက်ဆံထုပ်ကြီး လက်မောင်းမှာလွယ်ပြီး မေမေက ပျော်မဆုံးတစ်ပြုံးပြုံးပါပဲ....
မြို့ကိုရောက်ဖို့ကလဲကြုံတောင့်ကြုံခဲဖြစ်နေတော့ စားချင်တာတွေသောက်ချင်တာတွေအကုန်ဝယ်ကျွေးပြီး အဝတ်အစားအသစ်တွေလဲ အများကြီးဝယ်လာခဲ့ကြတာ ၊လမ်းမှာစားဖို့မုန့်တွေနဲ့ဟင်းသီးဟင်းရွက်တွေကို ထော်လာဂျီပေါ်တင်ပြီး ကိုယ်တို့ရွာကိုပြန်လာခဲ့ကြတယ်......."

"အင်း...စိတ်ဝင်စားဖို့ကောင်းတယ် ဆက်ပြောပါအုံး"

ဘုန်းဆက်ရှိန်ဝါ ရဲ့မျက်ဝန်းထဲကမျက်ရည်စတွေက အစိမ်းလိုက်ခွဲစိတ်မှုကနေ နာကျင်မှုကြောင့်ကျလာတဲ့မျက်ရည်တော့မဖြစ်နိုင်......သူ့ငယ်ဘဝကအမှတ်တရတွေကိုပြန်ပြောင်းသတိရပြီး လွမ်းဆွတ်ကြေကွဲနေသလိုပါ....

"အပြန်လမ်းမှာ ဓားမြတွေရဲ့ တိုက်ခိုက်မှုကိုခံရတယ်၊ ကိုယ်တို့ကို ရှင်ပြုနားသပေးဖို့အတွက်ရည်ရွယ်ထားတဲ့ပိုက်ဆံတွေကို ဓားမြတွေရဲ့လက်ထဲကိုထည့်ပေးလိုက်ဖို့အတွက် မေမေက ခွင့်မပြုခဲ့ဘူး၊
ဓားမြဆိုတာကလဲ ငွေအသာတစ်ကြည်မပေးရင် အသက် သတ်ပြစ်မယ်ဆိုတာမျိုးလေ ၊
မေမေရဲ့ငွေထုပ်ကိုပေးလိုက်ဖို့တွန့်တိုနေမှုအတွက်ဓားမြခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက ဒါဏ်ပေးတာက ကိုယ့်ညီမလေးရဲ့လည်ကို လှီးဖြတ်ပြစ်လိုက်တာပဲ၊

ဒေါသ သံတွေပါ ပါလာပြီးလက်သီးကိုကျစ်ကျစ်ပါအောင်စုပ်ပြီး မေးရိုးတွေကားထွက်လာတဲ့အထိ အံကျိတ်နေတဲ့ ဘုန်းဆက်ရဲ့ပုံစံကိုကြည့်ရင် သူ့ရဲ့ရင်ထဲက ခံပြင်းမှုအတိမ်အနက်ကိုပါ မှန်းဆနိုင်သည်။

"ညီမလေးမှာအသံတစ်ချက်တောင်မထွက်လိုက်ရပဲအသက်စိဝိန်ချုပ်ငြိမ်းသွားရှာတာ၊ ညီမလေးက သိပ်ငယ်သေးတဲ့ အပြစ်ကင်းစင်တဲ့ကလေးလေးပါ ၊ မေမေက ညီမလေး ရဲ့အဖြစ်ကိုမြင်ပြီးအဲ့နားမှာတင်နှလုံးရပ်ပြီးသေသွားခဲ့ပြန်တယ်....."

ညီစေမင်းသော်ရဲ့ပါးစပ်ကနေ အင်းဆိုတဲ့စကားကိုထုပ်ပြောဖို့အတွက်တောင် နှုတ်ကဖွင့်ဟမရခဲ့တော့ပါ၊ ဘယ်လိုတောင်လူမဆန်တဲ့လုပ်ရပ်လဲ ၊
အပြစ်မဲ့တဲ့ကလေးငယ်တစ်ဦးနဲ့အားနွဲ့တဲ့မိန်းမသားတွေကိုဒီလိုပဲ သတ်ချင်သလို သတ်ဖြတ်နေတော့တာပဲလား၊လူစိတ်မရှိတဲ့ လူ့တိရစ္ဆာန်တွေပဲကိုးးးး

"ဖေဖေ ကမေမေနဲ့ညီမေလေးကိုကြည့်ပြီးကြောင်အမ်းနေတဲ့အချိန်မှာ ကိုယ်လုပ်ရမယ့်အလုပ်ကတစ်ခုပဲရှိတယ်၊မေမေရင်ဘတ်ထဲကပိုက်ဆံအိတ်ကိုဆွဲယူပြီး ဓားမြခေါင်းဆောင်ရဲ့မျက်နှာကိုပိုက်ဆံထုပ်နဲ့ပြစ်ပေါက်လိုက်တယ်....သွေးရူးသွေးတန်းနဲ့ ထပြီးလက်သီးတွေနဲ့ထိုး ကန်ကျောက်အော်ဟစ်ဆဲဆိုနေတဲ့ဖေဖေ့ကိုလဲ နှလုံးတည့်တည့်ဓါးနဲ့ထိုးချပြီးသတ်ပြစ်ခဲ့တယ်။

"သူတို့ကိုမလေးမစားလုပ်တဲ့ကိုယ့်ကို သေအောင်မသတ်ပဲ သတိမေ့သွားအောင်လည်ကုတ်ကိုလက်စောင်းရိုက်ချပြစ်လိုက်ကြတယ်၊အဲ့နောက်ဘာတွေဆက်ဖြစ်လဲကိုယ်မသိလိုက်တော့ဘူး...ကိုယ့်ညီမလေးရော ဖေဖေနဲ့မေမေရော ဘယ်ရောက်နေခဲ့လဲကိုယ်မသိတော့ဘူး၊ကိုယ်ကမ္ဘာတစ်ခုလုံးကအမှောင်အတိကြီးစိုးသွားခဲ့တော့တယ်......
သူတို့တွေအမှားအကြီးကြီးတစ်ခုလုပ်ခဲ့ကြတယ်လေ ၊ကိုယ့်ကိုမသတ်ပဲ သတိမေ့အောင်ပဲလုပ်ခဲ့ခြင်းက သူတို့အတွက် သေမင်းတမန်ကို စတင်မွေးမြူလိုက်ခြင်းပဲ....

တောရွာဘက်ကို ဘုန်းကြီးကျောင်းပညာရေးပို့ချဖို့ရောက်လာတဲ့ ဘုန်းကြီးကားတစ်စီးက ကိုယ်တို့ကားကိုတွေ့ပြီး ကြည့်ရှု့ခဲ့တာမှာ မျက်ရည်တွေစီးကျနေပြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ကိုယ့်ကိုမြင်တော့ အသက်မသေသေးတာကိုသိပြီး ကျောင်းထိုင်ဥပဇင်းက မြို့က ဘုန်းကြီးကျောင်းကိုခေါ်သွားခဲ့တယ်...."

လက်မောင်းက ကျည်ဆံနှစ်တောင့်လုံးလဲထုပ်ပြီးပြီ၊ အနာကိုပိုးမဝင်အောင်သေချာသန့်စင်ပေးပြီးချုပ်ကြိုးနဲ့သေသေချာချာချုပ်ပေးလိုက်သည်။ပတ်တီးအခေါက်လိုက်ကလေးကို
ဆေးဝါရည်ထဲနှစ်ချပြီး ချုပ်ရိုးကြောင်းပေါ်ကိုအုပ်ပြီး ပတ်တည်းပါသေသေချာချာစည်းပေးထားလိုက်သည်။လက်မောင်းကလှုပ်ရှားမှုများရင် ချုပ်ရိုးကြောင်းကွဲပြီးသွေးထွက်မှာကြောင့်လည်ပင်းမှာပဲ ကြိုးသိုင်းလုပ်ပေးထားလိုက်သည်။
ဒဏ်ရာအတွက်လုပ်တာကိုင်တာကပြီးသွားပေမယ့် ဘုန်းဆက်ရှိန်ဝါရဲ့ဘဝအကြောင်းကအခုမှတစ်ဝက်ပဲပြောလို့ပြီးသေးသည်။

"အင်းးးး"

"ကိုယ်ကသတိမေ့နေခဲ့တာဆိုတော့ ဘုန်းကြီးကျောင်းကိုရောက်မှသတိပြန်ရလာခဲ့တယ်၊ သတိပြန်ရလာချင်း ကိုယ်ရောက်နေတဲ့နေရာက ကိုယ်တစ်ခါမှမရင်းနှီးတဲ့နေရာတစ်ခု ၊
ကိုယ်ဖေဖေနဲ့မေမေရယ်နဲ့ညီမလေးတို့ကို ဓားမြတိုက်မှုဖြစ်ခဲ့တဲ့ရွာက
သုသာန်မှာပဲမြေမြှပ်ခဲ့တယ်တဲ့ ၊ ကိုယ်ရောက်နေတဲ့ဘုန်းကြီးကျောင်းနဲ့ကိုယ်တို့ရွာဆိုတာက အတော်လေးကိုအလှမ်းဝေးခဲ့တာ၊ ကိုယ်တစ်ခါမှမကြားဘူးတဲ့နေရာ တစ်ခုရဲ့ဘုန်း​ကြီးကျောင်းမှာပဲ ကိုရင်ဝတ်ပြီး ဘုန်းကြီးကျောင်းပညာရေးနဲ့ပညာဆက်လက်သင်ခဲ့ရတယ်၊

"ညဘက်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အချိန်တိုင်း ကိုယ့်ကိုအလန့်တကြားနိုးထလာစေတဲ့ အိပ်မက်ဆိုးတစ်ခုလိုကိုယ့်ဘဝကိုအမြဲလွှမ်းမိုးထားခဲ့တယ်။
ကိုယ်ဆယ်တန်းဖြေပြီးတဲ့နှစ်မှာ နိုင်ငံခြားခရီးသွားလင်မယားက ကိုယ်တို့ဘုန်းကြီးကျောင်းရဲ့ဘုန်းကြီးကျောင်းပညာရေးကိုမှတ်တမ်းတင်မှုတစ်ခုပြုလုပ်ဖို့ လာရင်း ပညာအရာမှာထူချွန်လွန်းလှပြီး ရုပ်ရည်ရူပကာ ထူးခြားလွန်းတဲ့ ကိုရင်လေးကိုယ့်ကို ထူးချွန်ထက်မြက်အောင်ပညာသင်ပေးချင်တာကြောင့်သူတို့ရဲ့ အမွေစားအမွေခံသားအဖြစ်မွေးစားခဲ့တယ်၊
ဘုန်းဘုန်းကလဲ ကိုယ့်ဘဝ အညွန့်တလူလူဖြစ်နေမှာကို မပိတ်ပင်ခဲ့ပဲ သေချာအပ်နှံပြီး နိုင်ငံခြားလင်မယားနဲ့ထည့်လွှတ်လိုက်တယ်။

ကိုယ်အခုလို Commandoကောင်းတစ်ယောက်အဖြစ်ရပ်တည်နိုင်အောင် ပံပိုးခဲ့တာက U.Sက ကိုယ့်ရဲ့ပါးပါးနဲ့မားမားပဲ ၊"

"သူတို့ လဲအခုသက်ရှိထင်ရှားရှိနေသေးတယ်မလား?"

"ရှိတယ် USမှာပဲ ....ကိုယ်က မိဘတွေအတွက်တရားမျှတမှုမရခဲ့ပဲ နိုင့်ထက်စီးနင်းပြုပြီး အသက်၁ခေျါင်းကိုလွယ်လွယ်သတ်ဖြတ်ခဲ့တဲ့လူတွေကို ကိုယ့်လက်နဲ့ကိုယ်တိုင်အပြစ်ပေးချင်လို့ ဒီအလုပ်ကိုရွေးချယ်ခဲ့ပြီး ပြန်လာခဲ့တာပဲ...."

"အခုကော အဲ့လူတွေကိုတွေ့ပြီလား?"

"သူတို့ ရဲ့သတင်းကို ကိုယ်ဒီနိုင်ငံပြန်ရောက်တဲ့နှစ်တစ်နှစ်လုံးလုံးသူတို့အကြောင်းလိုက်စုံစမ်းခဲ့တယ်၊ အရင် ကိုယ်ငယ်စဥ်တုန်းက ဓားမြလုပ်ပြီးလုပ်သတ်ခဲ့တဲ့လူတွေက အခုတော့ဂိုဏ်းတွေဖွဲ့စည်းပြီးဒုစရိုက်မှုမှန်သမျှကိုလုပ်နေတယ်လို့ကြားတယ်၊
သူတို့ရဲ့ခေါင်းဆောင်က အထက်ပိုင်းတွေနဲ့အချိတ်အဆက်ရှိပြီး အကောင်ကြီးကြီးတွေကသူ့လက်အောက်မှာပဲ ....တစ်နေ့ကိုယ့်လက်နဲ့ သူတို့ကို သတ်နိုင်မယ်ဆိုတာကိုယ်ယုံကြည်တယ်.....

"အင်း ခင်ဗျားလက်စားချေဖို့ လိုအပ်နေရင် ကျွန်တော့်ကိုအကူအညီတောင်းလို့ရတယ်သိလား....အခု ခင်ဗျားနဲ့ကျွန်တော်က ကံတူအကျိုးပေးလို့ပြောရမလား?အတူတူ ရှောင်ပုန်းနေရတယ်ဆိုတာလေ "

"အင်းးးးးးးကိုယ်အိပ်ချင်နေပြီ ခဏလောက်အိပ်အုံးမယ်....

"ခဏလေးနေအုံး...ရော့ အကိုက်အခဲပျောက်ဆေးနဲ့ ပိုးသတ်ဆေးလေးသောက်ပြီးမှ အိပ် "

အစာမစားရသေးရင်ဆေးတွေမသောက်သင့်ပေမယ့် ဘာအစာမှလဲမရှိသေးတဲ့အပြင် အနာပိုးဝင်မှာကလဲကြောက်ရသေးတော့ ပိုးသတ်ဆေးအရင်သောက်ခိုင်းလိုက်ရသည်။

"အဲ အဲနေအုံးနေအုံးမသောက်နဲ့အုံး!! အခန်းထဲမှာကြက်ဥတွေ့ခဲ့တယ် ကြက်ဥအစိမ်းလိုက်သောက်ပြီးမှဆေးသောက် ခဏနေအုံးသွားယူအုံးမယ်...

ညီစေသည် အခန်းထဲကို၀င်သွားပြီးခဏအကြာကြက်ဥ ၅လံုးလောက်ကိုယူချလာပြီး ဘုန်းဆက်ရှိန်ဝါလက်ထဲထည့်ပေးလိုက်သည်။

"တစ်လုံးတောင်မနည်းသောက်ရမှာ ကိုယ်အစိမ်းမသောက်တတ်ဘူး ညှီတယ် "

မျက်နှာရှုံ့မဲ့ပြီးကြက်ဥအစိမ်းက ညှီလို့မသောက်ချင်ကြောင်း ငြင်းဆန်နေပုံက ကလေးငယ်လေးတစ်ယောက်လို......ဟင်းးးးအသည်းယားစရာလေးးးးးးး
ဒဏ်ရာကိုအစိမ်းလိုက်ခွဲပြီး ချုပ်တုန်းကတောင်မျက်နှာတစ်ချက်မပျက် မညည်းညူတဲ့လူက ကြက်ဥစိမ်းနဲ့မှ ခေါင်းတစ်ခါခါ လက်တစ်ခါခါနဲ့...

"တစ်လုံးတော့သောက်လိုက် ဆေးသောက်ရမှာမလို့....."

"ရေ လဲမရှိပဲနဲ့ "

"ကဲ.....ကိုဘုန်းဆက်ရှိန်ဝါရေ!! ဂျစ်မနေပါနဲ့ဗျာ... အိပ်ချင်နေပြီဆို.....သောက်ပြီးအိပ်တော့!!အိပ်ရာနိုးရင်ရေသောက်ရမယ်ဟုတ်ပြီလား ....ခင်ဗျားအိပ်မှချောင်းထဲကရေသွားခပ်လိုက်အုံးမယ်"

"အင်းပါ...."

အသံမာမာနဲ့ပြောလိုက်မှပဲကလေးဆိုးကြီးလိုဂျီကျနေတာကနေ ကြက်ဥတစ်လုံးကိုလက်ပြစ်ဗုံးပြစ်ထည့်သလို အခွံအမြန်ဖောက်ပြီးပါးစပ်ထဲပြစ်ထည့်ပြီး ဆေး၂ပြါးကိုပါ ရောထည့်ပြီးအတင်းမျိုချနေတော့သည်။

မျက်စိသိပ်လျင်လှပါတယ်ဆိုတဲ့Commandoကြီး ညီစေမင်းသော်တစ်ယောက်ဟာလက်လှုပ်ရှားမှုကပိုမြန်တဲ့Commandoဘုန်းဆက်ရှိန်ဝါ ရဲ့လှည့်ပတ်မှုကိုခံလိုက်ရသည်။

ဆေးပြားလေးတွေက ပြောနေရော့မယ် အစာအိမ်ထဲရောက်ရမယ့်ငါတို့တွေဟာလဲ ဆေးကြောက်တဲ့လူတွေနဲ့တွေ့တိုင်းမြေပြင်ကိုသာ ရောဂါကုသနေရတယ်ဆိုပြီးတော့ပေါ့......

ဘုန်းဆက်ရှိန်ဝါသည် ဘာအခင်းအကျင်းမှမပါသလို ၊အုံးစရာခေါင်းအုံးလဲမပါ၊ခြုံစရာစောင်လဲမရှိတဲ့ ကုတင်လေးပေါါမှာပဲ ဒဏ်ရာမရှိတဲ့ဘယ်ဘက်လက်ကလေးခေါင်းအုံးပြီး အိပ်နေတော့သည်။ ၂ရက်လောက်မနားမနေ ပြေးနေရသလို ဘာအစားမှလဲမစားရသေးတော့ ပင်ပန်းမှုတွေရောပြီး ခဏလေးအတွင်းမှာပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

ဘုန်းဆက်အိပ်ပျော်သွားတာသေချာမှ ညီစေက Logoအဖွဲ့ကိုဆက်သွယ်ရန် ရှိသေးတာကြောင့် တဲအိမ်ထဲကနေထွက်သွားတော့သည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#25.6.2021
#Nandar Myint Moh

I really want Your Feedback and Voting😘

Continue lendo

Você também vai gostar

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...