Unicode
အိမ်ပြန်ရောက်တော့ ဦးဓနဂုဏ်တို့အိမ်ကို အရင်မဝင်ဘဲ ဦးထက်မြတ်တို့၏အိမ်ကိုသာ ဝင်လိုက်တော့တယ်……
ကလေးနှစ်ယောက်မှာ သူတို့အပြစ်နှင့်သူတို့ဖြစ်တာကြောင့် ဘယ်သူမှမလှုပ်ရဲကြ ထိုအခြေအနေကို ဦးထက်မြတ်က စတင်ဖြိုခွဲလိုက်တော့တယ်
“ အဟမ်း…… ဂုဏ်လေးနဲ့ နေလေး ဆိုပါဦး အရမ်းလိမ်မာကြတယ်ဟုတ် အသက်ကအခုမှ ၁၀ နှစ် အရမ်းကို လူမိုက်လုပ်ချင်နေကြတယ်ပေါ့ ဟင်ပြောကြပါဦး…. မနက်က ဖေဖေ ဘာပြောခဲ့လဲ ဘာတွေ ကတိတောင်းလာခဲ့လဲ ဘာတွေတားမြစ်ခဲ့လဲ ဘယ်သူတွေက ကတိတွေပေးခဲ့လဲ ပြောကြလေ အခုမှ အသံတိတ်နေကြတာ လုပ်ပါဦး hero တွေ လူစွမ်းကောင်းနှစ်ကောင်ရဲ့”
“ဖေဖေ့မှာ ဝမ်းသာလိုက်ရတာ ငါ့သားလေးတွေ အရမ်းလိမ္မာကြလို့ တော်ပါတယ်ဆိုမှ ယောက်မမြင်းစီးလုပ်ကြတယ်ပေါ့ ဟုတ်လား”
ထိုအခါဂုဏ်လေးက ဖေထက်စကားမှားသွားတာကို ကြားတော့ ချက်ချင်းပြန်ထောက်တယ်
“ဖေ့ထက် ယောင်းမလောက်တော့လုပ်ပါ ယောက်မဖြစ်နေတယ် ယောင်းမနဲ့ ယောက်မက တူမှမတူတာ မြင်းစီးထွက်တာ မြင်းစီးလုပ်ကြတာမဟုတ်ဘူး” ဟုပြန်ပြောတော့
ဦးထက်မြတ် ပါးစပ်က အဟသား အံဩမှုတွေနဲ့ နင်သွားတယ်…
အမေတွေကလဲ ဂုဏ်လေးပြောတာကို သဘောကြပြီး ရယ်ကြဲကြဲနဲ့ ပြုံးနေကြတော့တယ်…
“ကဲ ဘယ်လိုဖြစ်ဖြစ် လူတက်ကြီးပြောပါဦး မနက်က ဘာပြောခဲ့လဲ ကျောင်းလိုက်ပို့ရင်း ဂုဏ်လေး “ ပြောလိုက်တော့
“ရန်မဖြစ်ရဘူး လို့ပြောလိုက်တယ် ဖေ့ထက်” ဟု မျက်နှာလေးအောက်ချပြီး တိုးတိုးလေးပြောလိုက်တယ်
ထို့နောက်ဆက်ပြီး ဦးထက်မြတ်က
“ အသံတိတ်ကိုယ်တော် လေး နေထက်မြတ် ပြော ကြည့်ပါဦး အခုမှအသံကမထွက်ဘူး အသံဝင်နေလို့လားဟင် အသံလေးဘာလေးထွက်ပါဦး အလိမ္မာလေးရဲ့” ဟုဆက်ပြောလိုက်တယ်
“ဟုတ်ဖေဖေ မနက်ကကျောင်းလိုက်ပို့ရင်း ရန်မဖြစ်ရဘူးလို့ ဖေဖေမှာထားပါတယ်”လို့ နေလေးကပြောလိုက်တော့
ဦးထက်မြတ်က “ဟုတ်ပြီ အခုတော့ ကိုယ့်အမှားကိုယ်သိကြလား “ဟုမေးလိုက်ကြတော့
နှစ်ယောက်သား
“ဟုတ်” “ဟုတ်” ဟု အသံလေးများထွက်လာကြတယ်….
“ကိုယ့်အမှားကိုယ်သိကြတာမို့ အပြစ်ခံယူသင့်လား မသင့်ဘူးလားပြော”ဟု ဦးထက်မြတ်ကပြောတော့
ထုံးစံအတိုင်း အသွက်ကိုယ်တော်လေး ဂုဏ်ရည်လွှမ်းကဘဲ
“ဖေ့ထက်ပြောစကားကို သားတို့မတည်လို့ အမှားဆိုတာကလက်ခံပါတယ် အခုဟာက ကိုယ်ထိလက်ရောက်စော်ကားတာဆိုတော့ ဘယ်လိုမှသည်းခံလို့မရတဲ့ အချေအနေ ကိုယ့်ကိုအနိုင်ကျင့်စော်ကားတာကို သည်းခံခွင့်လွတ်ပေးဖို့က သားတို့ကကလေးတွေဘဲရှိသေးတယ် ဖေ့ထက်စကားကို စဉ်းစားပါသေးတယ် မရတော့တဲ့ စိတ်အချေအနေအရ သူတို့မှပြောလို့မရတော့လဲ ရတဲ့နည်းနဲ့ လုပ်လိုက်ရတာပေါ့ ဖေ့ထက် သူတို့သားတို့ကို တံတွေးထွေး သွေးထွက်အောင်လုပ် သူများစားမယ့် အစားအစာကိုလုပြီး အနိုင်ကျင့်ပြီး ခြေထောက်အောက်နင်းချေနေတာကို ရန်ဖြစ်လိုက်လို့ ဖေ့ထက် မကြိုက်ဘူးဆိုရင် ဖေ့ထက်ကြိုက်တဲ့အပြစ်ပေးပါ ဖြစ်လာတဲ့အကျိုးဆက်အတွက် ပြန်ပေးဆပ်ရမှာဘဲ သားတို့ ကျေကျေနပ်နပ်လက်ခံပါ့မယ် “ ဟု ပြောလိုက်တော့
လူကြီးများအားလုံး ပြောစရာစကားလုံးအကုန် ပြောက်ရှကုန်ပြီး ဘယ်လိုဆက်ပြောရမှန်းမသိဖြစ်ကုန်ကြတော့တာပေါ့ ဂုဏ်လေးဟာ အပြောကြွယ်အေးဆေးပြီး လုပ်ပြီးရင် ဖြစ်လာမည့်အကြိုးဆက်ကို နားလည်လက်ခံသည့်ကလေးဖြစ်မှန်း သေချာကို သိသွားပါတော့တယ်…
အလျှောက်ကောင်းလို့ အထောင်းသက်သာဆိုသလို ကလေးများပြောသည်မှာ မှန်သည့်အတွက် ဦးထက်မြတ် ညိမ်နေလိုက်တော့တယ်
"ပြောစရာရှိတာနောက်မှပြောကြတော့ အခုသားနေနဲ့ သားဂုဏ်ကိုဆေးထည့်ပေးရမယ် ဆေးမထည့်ခင် သားတို့ ရေသွားချိုးချည် ချိုးပြီးရင် မေမေတို့ဆေးထည့်ပေးမယ် သွားတော့သားတို့ သားနေ့အခန့်မှာဘဲ ရေချိုး အဝတ်စားလဲလာခဲ့တော့ ကြားလားသားတို့" ဒေါ်မာလာပြောလိုက်ပြီး သားနှစ်ယောက်ကလဲ
"ဟုတ်""ဟုတ်" ဟု ပြိုင်တူ ပြောပြီးရေချိုးရန် နေထက်မြတ်အခန်းကို ဝင်သွားကြတော့တယ်...
ကလေးများထွက်သွားတော့ လူကြီး ၄ယောက်လဲ စဉ်းစားခန်းဆွေးနွေးခန်းကို ရောက်သွားတော့တယ်.....
ဦးစွာ ဒေါ်ရွှေရည်က "ကလေးတွေကို အဲ့ကျောင်းမှာ ဆက်ထားရင် စိတ်ချရပါ့မလား ကို ကျွန်မကတော့ စိတ်မချဘူး ဖြစ်သွားတဲ့ အခြားတစ်ဖက်က ကလေးက ဦးတိုက်ထွန်းတူ ဆရာမကလည်း သူ့အဒေါ်ဖြစ်နေတာ တော်ကြာ ကျွန်မတို့သားတွေကို အညှိုးထားမှဖြင့် အရှည်အရှည်ထက်ဖြစ်နေရင်မကောင်းဘူး ကို" ဟု ပြောပြီး
ဒေါ်မာလာကပါ " ဟုတ်တယ် ထက်မြတ်ရဲ့ ငါလည်း သားနေနဲ့ သားဂုဏ်ကို စိတ်မချဘူး နင်ကော အခြားစဉ်းစားထားတဲ့ အစီစဉ်မရှိဘူးလား ငါကတော့ စိတ်ထဲ ဘဝင်မကျဘူးဟ"
ဦးဓနဂုဏ် က " မိန်းမ နဲ့ ရွှေရည် အရမ်းကြီးလဲ မစိုးရိမ်ပါနဲ့ ဦးတိုက်ထွန်းအကြောင်းငါအသိဆုံးပါ ငါလဲ အဲ့ကျောင်းမှာ ရှဲယာဝင်ထားတာဘဲ သူ့က ကျောင်းအုပ်ဆိုပေမယ့် ငါတို့ရှယ်ယာတွေရှိနေတော့ လက်လွတ်စပယ်လုပ်ရဲမှာမှမဟုတ်တာ ဖြစ်သွားတဲ့ကလေး အဖေကလဲ ငါ့ကုမ္ပဏီက မန်နေဂျာ နောက်နေ့ကြည့်လိုက် အဲ့ကလေးတွေ ကျောင်းပြောင်းခိုင်းထားပြီးဖြစ်နေလိမ့်မယ် ဦးတိုက်ထွန်းက သူ့အကျိုးစီးပွားအထိမခံဘူး ကလေးတွေကို တစ်ခုခု လုပ်ရင် ငါ့ဘက်ကလဲညိမ်နေမှာမှမဟုတ်တာ ငါကိုယ်တိုင် အဲ့ကျောင်းကို လွှဲယူထားနိုင်တဲ့ လုပ်ပိုင်ခွင့်အပြည့်ရှိတာဘဲလေ အရမ်းမစိုးရိမ်ပါနဲ့ ဟုတ်ပြီလား..." ဟုပြောလိုက်တယ်..
ဦးထက်မြတ်ကလဲ သဘောတူတယ်....
ကလေးများစကားပြောရင်းနဲ့ ဆင်းလာတာကိုတွေ့တော့စကားများရပ်ကာ ဆေးထည့်ပေးဖို့ ပြင်ရတော့တယ်...
"သားဂုဏ်မေမေ့ဆီလာ ဆေးလိမ်းပေးမယ် ဗိုက်လှန်လိုက် "ဆိုတော့ လှန်ပေးလိုက်တော့ အညိုအမဲ အရာကိုတွေ့တော့ စိတ်မကောင်း ဦးဓနကတော့ တောက်တစ်ခေါက်ခေါက် ဒါပေမယ့် ဟိုဘက်ကကလေးက ဂုဏ်လေးလက်ချက်နဲ့ ပိုအထိနာသွားတာကိုတွေးမိတော့ ကိုယ်ချင်းတော့ မစာမိဘူး ဂုဏ်လေးက မိမိရင်သွေးဖြစ်နေတာမို့
ထိုအခါ ဂုဏ်လေးက "မေမေ သားသက်သာပါတယ် နေလေးက ပိုဆိုးတယ် ရေချိုးရင်းကြည့်လိုက်တာ ကြောတွေကော ရင်ဘက်မှာပါ အမဲတွေကြီးဘဲ ခေါင်းနောက်စေ့ လဲ ပေါက်သွားပြီး မျက်လုံးလဲ ပန်ဒါဖြစ်နေတယ် သူ့ကို ကူလိမ်းပေးလိုက်မေမေ" ဟုပြောလိုက်တော့ကြည့်မိရာ အမှန်ပင် သားနေမှာ ညိုမဲစွဲရာတွေ.....
ဦးထက်မြတ်ကတော့ ပြောမနေဖြစ်တော့ဘူး ထိုင်သာကြည့်နေတော့တယ် ယောင်္ကျားလေး ဒီလောက်တော့ရှိမှာဘဲ လုပ်ရဲရင်ခံရမှာပေါ့ဟု တွေးနေလိုက်တယ်
အသက် ၁၀ နှစ်ကလေးတွေရဲ့ အသိဉာဏ် နဲ့မလိုက်အောင် ဂုဏ်လေးက အရမ်းတက်နေသည်မှာ လူကြီးလေးအတိုင်း မာနကလဲကြီးတယ် give and take စကား ပေးဆပ်ရမယ် ဆိုတဲ့ စကား အမြဲတမ်းပြောတယ်..... တစ်ဖက်သူကို ပေးဆပ်ရမယ်လို့ ပြောလိုက်ရင် တကယ်ပေးဆပ်ရအောင်လုပ်လေ့ရှိတာ သတိပြုစရာလေးပေါ့ဟု လူကြီးလေးဦးလုံး အတွေးထဲရောက်လာကြတော့တယ် ....
Zawgyi
နှစ်ယောက်သား