Selenophile || NoMin
By Dayeon_Park
32.2K 3.3K 156
(n.) a person who loves the moon || Completed || More
Raison d'Γͺtre
Volery
Trouvaille
Laconic
Redamancy
Sundreesoro
Herzschmerz
Ephialtes
Lacuna
Busticate
selcouth
dystychiphobia
Lastimando
Serendipity
Gunnen
Acrasia
La Douler Exquise
Tacenda
Absquatulate
Selenophile ( 𝓯𝓲𝓷π“ͺ𝓡 )
α€€α€»α€±α€Έα€‡α€°α€Έα€α€„α€Ία€œα€½α€Ύα€¬
Eternal
Feuillemorte
1.2K 141 1
By Dayeon_Park
feuillemorte
(n.) The colour of the dying leaf
..........................
" Renjunက အိမ်ပြန်ပြီး ဒါကို ယူလာလို့ .. "
ဘူးပါးပါးလေးတစ်ခုကို DongHyuckက သူ့ဆီ ကမ်းပေးလာသည် ။
သူအခုထိ သူ့အခန်းသူ မပြန်ရသေး .. တာ၀န်ခံ Nurseက ဒီမှာရှိနေမှတော့ ပြန်စရာလည်း လိုမည်မထင်ပါ ။
" Jaeminnie ပေးခဲ့တဲ့ဟာ ..
သူကိုယ်တိုင်ထိုးထားခဲ့တာ "
သူက မေးခွန်းတွေ ထုတ်မမေးပေမယ့် DongHyuckကတော့ ဖြေခဲ့သည် ။
ဘူးပါးပါးလေးကို ဖွင့်ကြည့်တော့ ဦးထုပ်ကလေးတစ်ခု ။
သူကိုယ်တိုင်ထိုးထားသည့် beanieလေးက Jenoနှင့် လိုက်သည့်အကြောင်း အရင်ကပြောခဲ့ဖူးသည့် နက်ပြာရောင်လေး ..။
" လာမယ့် မွေးနေ့အတွက် လက်ဆောင်
မင်းက ဦးထုပ်ဆောင်းရတာ သဘောကျတတ်လို့ "
ဟိုးအရင်က Jenoမွေးနေ့အတွက် Jaeminက နက်ပြာရောင် beanieလေး ၀ယ်ပေးခဲ့ဖူးသည် ။
အခုလည်း ထပ်ပြီး မရောက်သေးတဲ့ မွေးနေ့အတွက် လက်ဆောင်က ကြိုပြီး အပေးခံထားခဲ့ရတာတဲ့လား ..
ထိပ်နားလေးမှာ အဝါရောင်လေးနှင့် J ဟု ထိုးထားသည့် စာတန်းက သူ့အပိုင်ဟူသည့် လက်ဆောင်ကလေး ..။
" မင်းက တကယ် အများကြီး ပြင်ဆင်ပြီး ငါ့ကိုထားဖို့ ကြံစည်ခဲ့တာပဲ .. ဆိုးလိုက်တာ ဟန်နီရယ် .. "
Beanieလေးကို ကိုင်ပြီး အောက်ဆီဂျင်ပိုက်တွေကြားက ဟန်နီ့မျက်နှာကို ကြည့်ရင်း သူ ငိုင်နေမိသည် ။
ငိုနိုင်တော့ပါ့မလား သူမသိ ။
" ကျွန်တော့်ကို ဒီအခန်းထဲမှာပဲ နေလို့ရအောင် လုပ်ပေးပါလား Alice "
" ရသလောက် လုပ်ပေးကြည့်မယ် Jen .."
အဲ့ဒီညက ကြယ်တွေ မတောက်ဘူး ။
သူ့ကြယ်ကလေးကတော့ မျက်တောင်ကော့လေးတွေ မှေးစင်းလို့ .. လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ထွက်ပြေးလို့ ကောင်းနေခဲ့တယ် ။
ရုတ်တရက် တတီတီ မြည်လာတဲ့ ဟန်နီ့ဘေးနားက monitorစက်သံကြောင့် အပြေး၀င်လာတဲ့ Benက ဆရာ၀န်တွေကိုပါ ခေါ်လာသည် ။
ဟန်နီ့ နှလုံးခုန်နှုန်းက ရူးလောက်အောင်ကို ကျနေခဲ့သည်တဲ့ ။
Hyuckက သူ့ကို အခန်းပြင် ဆွဲထုတ်ပေမယ့် သူက မထွက်ချင် ။
" Jeno မင်း ခေါင်းမမာနဲ့ "
" ဟင့်အင်း ဟန်နီက .. "
" သူအဆင်ပြေသွားမှာ .. သူအဆင်ပြေသွားမှာပါ "
သူ့ကို ဖက်ထားခဲ့သည့် Hyuckရဲ့ ပခုံးတွေပေါ် ထပ်ပြီး ငိုခဲ့သလား သူမသိတော့ ။
နိမ့်ချည် မြင့်ချည် ဖြစ်နေတဲ့ ဟန်နီ့ရဲ့ ရင်ဘတ် ..။
'1,2,3' ပြိုင်တူအော်ပြီး ဟန်နီ့ရင်ဘတ်ပေါ်ကို သူတို့တွေ shockရိုက်နေကြတာ .. ဆရာ၀န်တွေက ဟန်နီ့ကို နာအောင် လုပ်နေကြတာ ။
" Hyuckkie .. Jaeminကို ကယ်ပါဦး "
အခန်းအပြင်ကနေ ငိုနေရင်း သူက အော်နေမိသည် ။
ဘေးနားကနေ Mark Hyungကပါ သူ့ကိုဖက်လာပြီး ကျောကို ခပ်ဖွဖွပုတ်ပေးနေပေမယ့် ဟန်နီ့ရဲ့ မျက်နှာနုနုကလေးကို မြင်မိတော့ သူက အငိုမရပ်နိုင်ပါ ။
" Hyung .. Jaeminnieကို သူတို့တွေနာအောင် လုပ်နေကြတယ် "
သူနှင့်အတူတူ ငိုနေသည်က Jisung ။
Hyuckနဲ့ Chenleက Jisungကို သွားပြီး ဖက်ထားကြသည် .. Renjunကတော့ ထောင့်နားလေးကပ်လို့ ။
ခဏနေတော့မှ အခြေအနေ ငြိမ်သွားလို့ ဆရာ၀န်တွေက ထွက်သွားကြသည် ။
" နောက်တစ်ခေါက် ဒီလိုထပ်ဖြစ်ရင် သူ့အခြေအနေကို ကျွန်တော်တို့ အာမခံနိုင်တော့မှာ မဟုတ်ဘူးထင်တယ် "
ဒါက ဆရာ၀န်တစ်ယောက် ပြောရမှာတဲ့လား ..
လူနာကို ကုဖို့က သူတို့တာ၀န် မဟုတ်ဘူးလား ..!
ခါးသီးလိုက်တဲ့စကားတွေ ..
Jenoက မကြားချင်ယောင်ပဲ ဆောင်နေရသည် ။
Shockရိုက်ပြီး ပုံမှန်ပြန်ဖြစ်အောင် လုပ်ထားရတဲ့ ဟန်နီ့ရဲ့ နှလုံးခုန်နှုန်း ..။
သေချာ ပြန်ပြီး ၀တ်ပေးထားပေမယ့် အင်္ကျီလက်က အပေါ်ကို မြောက်တက်နေတော့ သူထူးဆန်းတာ တစ်ခုကို မြင်လိုက်ရသည် ။
ဟန်နီ့ လက်.. ဟန်နီ့လက် အပေါ်နားမှာ ဓားရှရာတွေ ။
" Hyuck .. Hyuck .. !! "
" ငါ သိခဲ့ပြီးသား .. Jen "
" ဘာဖြစ်တာလဲ .. ဒီဟာ ဘာတွေလဲ !
နည်းနည်းလေးလည်း မဟုတ်ဘူး ။ ဒီဓားရှရာတွေက ဘာတွေလဲ "
" ဓားရှရာတွေ မဟုတ်ဘူးလေ Jeno ..
ဓားနဲ့ မွှန်းထားတဲ့ ဒဏ်ရာတွေ "
Hyuckက သူ့ကို စကားဆက်မပြောဘဲ အခန်းပြင်ကို ထွက်သွားသည် ။ ပြီးတော့ Jisungက ၀င်လာပြီး သူ့ကို ထူသည် ။
ယိုင်လဲချင်နေသည့် ခြေထောက်တွေက လူနာစောင့်အတွက် ထည့်ပေးထားတဲ့ ဆေးရုံကုတင်ပေါ်ကို ရောက်မှ အဆင်ပြေတော့သည် .. မဟုတ်ရင် သူတကယ်ကို ပြိုလဲတော့မှာ ။
ဒါပေမယ့် သူ အဲ့ဒီညက ဟန်နီ့အခန်းမှာ ‌အတူတူနေခွင့်မရခဲ့ပါ ။
သူ အိပ်မပျော်ခဲ့တဲ့ ည ။
သူ့အခန်းမှာ လူနာစောင့်ပေးဖို့ နေခဲ့တဲ့ Mark Hyungနှင့် Chenleက တကယ်ကို အိပ်ပျော်နေတာမို့ .. အိပ်မပျော်နိုင်သည့် သူက တစ်ယောက်တည်းပဲ ထထိုင်နေရသည် ။
ဘာမှ လုပ်စရာမရှိတော့ သူ့လက်တွေရွေ့နေသည်က သူ့ခေါင်းအုံးအောက်မှာထားထားတဲ့ ဟန်နီသူ့ကို ပေးခဲ့သည်ဆိုသည့် စာအုပ်ကလေးဆီ ။
ပထမစာရွက်ကို ထပ်မဖတ်ချင်တာမို့ ကျော်လိုက်တော့ ဒုတိယစာရွက်က "Diary" တဲ့ ။
လေးလံနေတဲ့ လက်တွေက နောက်တစ်ရွက်ကို ‌ဖြည်းဖြည်းချင်း လှန်နေမိသည် ။
ရင်းနှီးခဲ့ဖူးသည့် လက်ရေးတွေက စာတစ်မျက်နှာ အပြည့်နေရာယူလို့ ..။
သူသိခဲ့လိုက်ရတာက ပင်ပန်းနေခဲ့တာ သူတစ်ယောက်တည်း မဟုတ်ကြောင်း ..
ဟန်နီကလည်း သူ့ကို ချစ်ခဲ့တဲ့အကြောင်း ..။
.............................................
( ဒီနေရာကနေ စပြီး Jeno Point Of Viewအဆုံးသတ်ပြီး Jaemin ရဲ့ Point Of View စပါပြီ ။ စာအုပ်ထဲမှာ Jaeminရေးထားမယ့် စာသားတွေကို နောက်ဆုံးအပိုဒ်မှာ |•| နဲ့ ရေးပေးသွားပါမယ် ။ ကြားကအကုန် Jaeminရဲ့ အတွေးတွေ ချည်းပါပဲ )
.............................................
" Jaemin "
" အင်း ? "
" Americano "
‌" ကျေးဇူး Jennnn "
မေဂျာမတူသည့် သူငယ်ချင်း ငါးယောက်က အတန်းချိန် မပြီးသေးတော့ ကျောင်းထဲက သူတို့ ခုနစ်ယောက် စုတဲ့နေရာလေးမှာ Jenoနှင့်သူ စောင့်ရင်း စာလုပ်နေကြတုန်း ရုတ်တရက် ထသွားသည့် Jenoက ပြန်လာတော့ လက်ထဲမှာ သူအကြိုက်ဆုံး Americanoဘူးလေး ကိုင်လို့ ။
Jenoနဲ့ သူ့ရဲ့ ဆက်ဆံရေးက ညီအစ်ကို သူငယ်ချင်း ..
သူတို့ရဲ့ အနာဂတ်ကတော့ .. အချင်းချင်း သဘောကျနေတဲ့ ဆက်ဆံရေး ။
အင်း .. သူက Jenoကို သဘောကျသည် ။
အထက်တန်းကတည်းက .. သူက Jenoကို သဘောကျခဲ့ရသည် ။
ပြီးတော့ လွန်ခဲ့သည့် နှစ်ပတ်က ကျောင်း Christmasပွဲမှာ အမည်မဖော်ဘဲ ရေးစာတွေ ချိတ်ထားကြသည့်နေရာကို အဲ့ဒီနေရာမပိတ်ခင် သူသွားမိတော့ သူ့ကိုသဘောကျနေကြောင်း ပြောထားသည့် စာလေးကို သူတွေ့ခဲ့ရသည် ။
ပြီးတော့ .. ‌နောက်တစ်လလောက်နေရင် ဖွင့်ပြောပါ့မယ်ဆိုလား ?
လက်ရေးက သူအရင်းနှီးဆုံးလူ .. တစ်နည်း Jeno၏ လက်ရေးဖြစ်သည်မို့ သူပိုပြီး အံဩခဲ့ရသည် ။
Jenoက သူ့ကို ဒီနေရာဆီ တစ်ခါမှ ခေါ်မလာခဲ့ဖူးပါ ။
နာမည်မတပ်ထားလည်း သူရင်းနှီးနေသည့် ဒီလက်ရေးက ပြောင်းလဲသွားမှာ မဟုတ်ပါလေ ..။
" Jeno Jeno "
" ဟင် ? "
" ဒါနဲ့လေ Christmasတုန်းက ဟို အမည်မဖော်ဘဲ စာရေးလို့ရတယ်ဆိုလား ဘာလား အဲ့တာကိုလေ Hyuckkieပြောတာ ငါကြားလိုက်တယ် ။ ငါ မရောက်လိုက်ရဘူး မင်းရော သွားလိုက်ရလား "
" ဟမ် .. ‌အာ .. ဟင့်အင်း "
စကားတွေ ထစ်နေသည့် Jenoကို ကြည့်ပြီး သူတိတ်တိတ်ကလေး ပြုံးမိရသည် ။
သူ့ရှေ့က ဒီတစ်ယောက်က ဘာလို့ အဲ့လိုပုံ ဖြစ်သွားရသည်တုန်း !
" မသွားဖူးဘူးဆိုလည်း မသွားဖူးဘူးပေါ့လေ ။
ဒါနဲ့ Jeno .. Americanoက ဒီနေ့သောက်လို့ ပိုကောင်းနေတယ် ဟီးဟီး "
ရယ်ပြလိုက်တော့ သူ့ကိုပြန်ပြီး ပြုံးကြည့်လာသည့် Jenoက မှိတ်ကျသွားသည့် လခြမ်းကွေးလို မျက်လုံးလေးတွေနှင့် ။
သူသဘောတကျ လိုက်ပြီး ထပ်ရယ်မိလိုက်ရသည် ။
" မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဘာတွေရယ်နေတာလဲ "
" ဘာမှ မဟုတ်ဘူး မင်းတို့လာရင် အတူ ပြန်ကြမယ်လေ .. မင်းတို့ကို စောင့်နေတာ "
" ‌ငါတို့ ဒီနေ့ညနေ မေဂျာကိစ္စ လုပ်စရာရှိသေးတယ် ။ မင်းတို့ဘာသာ အိမ်ပဲ ပြန်လိုက်ကြတော့ "
" စောင့်နေရတာ မတန်လိုက်တာ "
သူက ဆူဆောင့်မိတော့ Hyuckက သူ့ကို မျက်စောင်းထိုးလာသည် ။
" ‌ပြန်ပြီ ပြန်ပြီ ! လူဆိုးကောင်တွေ !
Jeno သွားကြရအောင် ! "
Jenoကို ဆွဲရင်း သူတို့နှစ်ယောက် ထွက်လာကြတာ တော်တော်ဝေးဝေးအထိ ။
" Jaem .. ငါ့ကားက ဒီမှာလေ "
" ငါ ကားမပါလာဘူး "
" ငါမင်းကို ပြန်ပို့ပေးမယ် အဲ့တာဆို "
Lover Seatမှာ နေရာ၀င်ယူလိုက်သည့် သူ့ကို Jenoက ပြုံးကြည့်နေသည်မို့ မျက်လုံးပြူးပြလိုက်ရသေးသည် ။
" မင်းတို့အိမ်နားက အရုပ်ဆိုင်မှာ ကားရပ်ပေး‌နော် ။
ငါဒီနေ့ အရုပ်လိုချင်နေလို့ "
" တစ်လကြာရင် ကုတင်အောက်ထဲ ရောက်သွားဦးမှာပဲကို "
" ဟင့်အင်း ပိစိလေး ၀ယ်မှာ မင်းကလည်း "
Jenoက အဲ့လိုပြောပေမယ့် သူ့ကို တကယ် အရုပ်ဆိုင်ကို ပို့ပေးခဲ့သည် ။
သူသဘောအကျဆုံး အရုပ်က Ryan !
သူက လက်တစ်ဆုပ်စာ ပိစိလေးကို ၀ယ်သော်လည်း Jenoက ခေါင်းအုံးလို့ ရတဲ့ အရွယ်လေးကို ကောင်တာပေါ် တင်လာသည်မို့ ကြောင်ကြည့်မိရသေးသည် ။
" လက်ဆောင်ပေးတာ .. ကုတင်အောက်တော့ တအားမြန်မြန် မရောက်စေနဲ့ပေါ့ "
" အိုက်ယားးး ကျေးဇူးတင်ပါတယ် Jeno ssi !! "
Jenoက သူ့ကိုစသည်မို့ သူက ပိုပြီး ပျော်နေမိသည် ။
ကိုယ်သဘောကျသည့် သူက ကိုယ့်ကိုပြန်ပြီး သဘောကျနေသည့်ခံစားချက် .. ဘုရားက ပြန်ပေးလိုက်သည့် ဆုထင်သည် ။
" Jeno မင်းသိလား .. ငါ့အကြိုက်ဆုံးအရောင်က ဘာအရောင်လဲဆိုတာ "
" အဖြူရောင်လေ ! "
" အခု အဝါရောင်လည်း နည်းနည်းပိစိလေး ကြိုက်တယ် "
" အဝါရောင်က ပျော်ရွှင်ခြင်းရဲ့ အရောင်တဲ့ ။ မင်းနဲ့ လိုက်ပါတယ် .. အဲ့လို အမြဲတမ်း ပျော်နေတဲ့ ပုံလေးနဲ့ "
ကားပေါ်ကို ပြန်တက်လာကြပြီး ရောက်တတ်ရာရာ လျှောက်ပြောသည့် သူ့ကို ဂရုတစိုက် သေချာနားထောင်ပြီး စကားတွေ‌ပြန်ပြောပေးနေသည့် Jenoက ကားမောင်းတဲ့နေရာမှာ စတိုင်ကျကြောင်းတော့ ၀န်ခံရမည် ။
" သွား အိမ်ထဲ၀င်တော့ .. "
" တာ့တာ .. ဂရုစိုက်မောင်း "
ကားမောင်းတတ်ခါစ Jenoကို တာ့တာပြပြီး အိမ်ထဲ ၀င်လာတော့ ပါပါးက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်လို့ ။
ပါပါးမျက်နှာက အပြုံးအရယ်မရှိ တည်ကြည်နေသည် ။
" Jaemin .. ဒီကို လာထိုင်ဦး ပါပါးပြောစရာရှိလို့ "
" ဟုတ် "
သူထိုင်လိုက်သည်နှင့် စူးစိုက်ကြည့်လာသည့် ပါပါးကြောင့် လက်ထဲက Ryanကိုသာ ပိုပြီး ဖက်ကိုင်လိုက်မိတော့၏ ။
" မင်းမှာ ရည်းစားရှိနေလား "
" မရှိပါဘူး ဘာလို့လဲဟင် "
သူ့ဆီက အဲ့ဒီအဖြေကို ကြားတော့ ပြုံးလာတဲ့ ပါပါးရဲ့ နောက်ထပ်စကားက သူ့ရဲ့ပျော်ရွှင်မှုတွေကို ဖျက်ဆီးပစ်လိုက်သည် ။
" ပါပါးကုမ္ပဏီရဲ့ မိတ်ဖက် ကုမ္ပဏီကြီးလေ .. မင်းသိတယ်မလား "
" ဟုတ် "
" သူတို့သမီးက မင်းထက် ငယ်တယ် ။
မင်းအကြောင်းကို သိလို့ မင်းနဲ့ အိမ်ထောင်ချပေးချင်လို့တဲ့လေ .. အခုတော့ မဟုတ်ပေမယ့် ကလေးမလေး အသက်ပြည့်တဲ့အခါ စေ့စပ်ကြဖို့ ပြောလာလို့ ပါပါးလက်ခံခဲ့တယ် .. ဟားဟား ။
မင်းက ကံကောင်းလိုက်တာ "
ပါပါးက အဲ့ဒီလို အမြဲ ။
အမေ မရှိတော့ သူ့မှာ ငြင်းခွင့်မရှိ ၊ သူ့ဘက်က ကာပေးတဲ့သူမရှိ ။ သူက အမြဲ ပါပါးကို မငြင်းဆန်ရဲခဲ့တာ ။
အခုက သူ့ဘ၀လေ .. သူ့ဘ၀ကိစ္စကိုပါ သူ့ကို မပြောဘဲ လက်ခံပစ်ခဲ့တာတဲ့လား ..
" ဘယ်လိုကြီးလဲဟင် ပါပါး .. ကျွန်တော့်ကို မပြောဘဲနဲ့လေ ?? ကျွန်တော် ငြင်း .."
" မင်း ကောင်းဖို့အတွက်လေ Na Jaemin ..
မင်းကောင်းဖို့အတွက် ။ မင်းမှာ ငြင်းခွင့်မရှိတာ မင်းသိပါတယ် "
" ဟင့်အင်း .. ကျွန်တော့်ဖို့မဟုတ်ပါဘူး ။
ပါပါးကောင်းဖို့ .. ပါပါးကုမ္ပဏီ ကောင်းစားဖို့ .. "
လည်ထွက်သွားတဲ့ ပါးတစ်ခြမ်းက ပူတက်လာ‌တော့မှ ရုတ်တရက် ဘာဖြစ်သွားမှန်း သူနားလည်လိုက်သည် ။
သူ ခဏတာ မေ့လျော့သွားခဲ့သည် .. သူ့အဖေက သူချပေးထားတဲ့စည်းအတွင်းမှာပဲနေပြီး သူချပေးထားသည့်လမ်းပေါ်မှာပဲ လျှောက်ရမည်ဟူသည့် တစ်ယူသန် လူစွဲကြီးပင် ။
" မင်းက ဘာမှ မလုပ်လို့ ဘာမှ မသိတဲ့သူလေ ။
ငါတို့ ကုမ္ပဏီက ဒီအတိုင်းဆို ပြိုလဲသွားတော့မှာ ..
အဲ့ဒီကုမ္ပဏီကြောင့်သာ ဆက်ပြီး သွားနေနိုင်တာ ။
ဒေဝါလီ ခံရတော့မယ့် အရေးက ကယ်ပေးလိုက်တဲ့သူကို ကျေးဇူးဆပ်ရမှာမို့ ငါက လက်ခံခဲ့တာ ။
ငြင်းလိုက်လေ .. မင်းငြင်းလိုက် ။
မင်းရော ငါရော ဒီအိမ်ကို သူများတွေကို ပေးပြီး လမ်းဘေးထွက်ထိုင်ချင်‌နေရင် မင်းငြင်းလိုက် "
သူက ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ အပေါ်ထပ် တက်လာပြီး အခန်းတံခါးကို ပိတ်ထားလိုက်မိသည် ။
ရင်ဘတ်ထဲက တင်းကျပ်လာတာက ငိုချလို့လည်းမရ ..
သူမွန်းကြပ်လာသည် ။
စာကြည့်စားပွဲရှေ့မှာ ထိုင်ချမိတော့ သူနဲ့ Jenoငယ်ငယ်က ပုံကလေးထဲ သူတို့က အတောက်ပဆုံး ပြုံးရယ်နေခဲ့ကြသည် ။
သူ Jenoကို ဒီကိစ္စတွေ ပေးသိနိုင်သလား ..
ဟင့်အင်း .. မလုပ်နိုင်ပါ ။
ဒီခေတ်ကြီးထဲမှာတောင် ဒီလိုမျိုး ကိစ္စတွေ ..
Jenoတင်မဟုတ် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ သူပေးသိနိုင်မည် မဟုတ်ပါ ။
အဲ့ဒီဓာတ်ပုံဘေးမှာ တင်ထားတာက မနေ့က စက္ကူ ညှပ်ခဲ့သည့် ဘရိတ်ဓား ။ သူ့အတွေးတွေက မိုက်ရူးရဲဆန်သလား သူမသိချင် .. သူသိတာက သူအခု အော်ဟစ်ပြီး ငိုချလိုက်ဖို့ လိုနေတာ ။
ဒီအတိုင်း မွန်းကြပ်နေရင် သူရူးသွားတော့မှာ ။
သူ့အသားပေါ် ဖြည်းဖြည်းချင်း မွှန်းကြည့်တော့ ဖြတ်ရှသွားသည့် ဓားဒဏ်ရာအတိုင်း သွေးတွေထွက်လာသည်နှင့်အတူ
သူမျက်ရည်တွေ ကျလာမိသည် ။
သူ့ဘ၀က အခုမှ စမှာပါ ..
သူက အေးအေးချမ်းချမ်း Jeno နဲ့ ပျော်ရွှင်ရမယ့် ဘ၀လေးတစ်ခုကို လိုချင်ခဲ့ရုံလေ ။
ဘာကြောင့်များ .. သူ့ကို ဒီလို ..
သူငိုနေတာ ဒဏ်ရာက နာလို့ မဟုတ်ခဲ့ ။
သွေးကြောက်တတ်သည့် သူက ‌အခုတော့ အဲ့ဒီသွေးတွေကို စိုက်ကြည့်လို့ ..။
ငြင်းဆန်လို့ မရတော့တဲ့ မထူးဇာတ်ကြီးထဲ သူက ရောက်မှန်းမသိဘဲ ရောက်နေခဲ့ရတာ ၊ ပါ၀င်မှန်းမသိဘဲ ပါ၀င်နေခဲ့ရ ။
" Jeno .. "
Phoneကို ကောက်ကိုင်လိုက်ပြီးမှ ပါပါးစကားတွေ နားထဲကြားယောင်လာတော့ ပြန်ချလိုက်ရသည် ။
" ငြင်းလိုက်လေ .. မင်းငြင်းလိုက် ။
မင်းရော ငါရော ဒီအိမ်ကို သူများတွေကို ပေးပြီး လမ်းဘေးထွက်ထိုင်ချင်‌နေရင် မင်းငြင်းလိုက် "
မေမေရဲ့ နောက်ဆုံးအငွေ့အသက်တွေ ရှိနေတဲ့ ဒီအိမ်ကလေးကို သူဘယ်သူ့လက်ထဲကိုမှ ထည့်မပေးလိုက်နိုင်ပါ ။
ဒါက မေမေ့ရဲ့အိမ် .. သူနဲ့မေမေရဲ့ နေအိမ်ကလေး .. ပြီးတော့ မေမေနဲ့ ပတ်သက်ပြီး ကျန်ခဲ့တဲ့ တစ်ခုတည်းသောအရာ ။
ပါပါးကတော့ ပျော်နေမှာ .. သူ့စကားတွေကို မငြင်းဆန်တဲ့ သူကြိုးဆွဲတိုင်း ကပေးနိုင်တဲ့ ဒီအရုပ်ရှိလို့ ပျော်နေမှာ ။
သူက ပါပါးရဲ့ သားမှ မဟုတ်ခဲ့တာ ..။
| ဒီနေ့ ဖေဖေက ငါ့ကို လက်ထပ်ဖို့ကိစ္စ ဆိုပြီး ပြောခဲ့တယ် ။ သူလက်ခံခဲ့ပြီးပြီမို့ ငြင်းဆန်လို့ မရဘူးတဲ့ ။
ငါတစ်ခါမှ မမြင်ဖူးတဲ့သူကို ငါလက်ထပ်ဖို့အတွက် .. ငါ့အတွေးကို မမေးဘဲ သူ့သဘောနဲ့ သူလုပ်ပစ်ခဲ့တာ ။
မင်းပေးတဲ့ Ryanကိုပဲ ငါက ဖက်ပြီး ငိုနေမိခဲ့တယ် ။
အချစ်ရဲ့ .. ဓားရှရာက ရင်ဘတ်ထဲက အနာကို မီမနေတာ ခက်တယ် ။
မင်းနဲ့ အတူတူရှိမယ့် အနာဂတ်လို့ တွေးမိတဲ့နေ့က ..
အဲ့ဒီအနာဂတ် ကျပျောက်သွားခဲ့ရတယ် ငါ့မှာ ။
ငါ ဘယ်သူ့ကိုမှ ပေးမသိဖို့ ဆုံးဖြတ်ခဲ့ရတယ် .. အထူးသဖြင့် မင်းကို ။
ပါပါးက ငါ့ကို သူ့သဘောအတိုင်း ခြယ်လှယ်နေခဲ့တာ ။
မင်းကို ငါက ချစ်တဲ့အကြောင်း ငါတစ်သက်လုံး ထုတ်မပြောနိုင်တော့ဘူး ထင်တယ် ..။
ငါသာ ဒီဟာကို လက်မခံရင် ကုမ္ပဏီက ဒေဝါလီခံရပြီး ငါ့အိမ်‌ကလေးကို သူများတွေက သိမ်းသွားလိမ့်မယ်တဲ့ ။
ငါကြောက်တယ် .. မေမေ့ရဲ့အိမ်ကလေး .. မေမေ့ရဲ့ နောက်ဆုံးအငွေ့အသက်တွေ .. ဒါကို ဆုံးရှုံးသွားရမှာ ငါအရမ်းကြောက်တယ် ။
မင်းနဲ့ အတူရှိမယ်ဆိုတဲ့ အနာဂတ်ကို အိပ်မက်ဆက်မက်ခွင့် မရမှာလည်း ငါကြောက်ပေမယ့် တောင်းပန်ပါတယ် .. ငါမေမေ့အိမ်ကလေးကို ပိုပြီး ရွေးချယ်လိုက်တော့မယ် ။
Jeno .. ငါတကယ် တောင်းပန်ပါတယ် ။
ထွက်ပြေးချင်ပေမယ့် ထွက်မပြေးနိုင်ခဲ့တဲ့ငါက မင်းဆီ ဖုန်းဆက်ဖို့ကိုတောင် မလုပ်နိုင်တော့ဘူးတဲ့ ။
ငါ ဒီလှောင်အိမ်ထဲမှာပဲ နေခဲ့ဖို့ ရွေးချယ်ခဲ့ပြီးပြီ ထင်တယ် ။
ဗလောင်းဗလဲစကားတွေ ဆိုပေမယ့် စီစဉ်ထားပြီးသားဆိုတဲ့ အဲ့ဒီအနာဂတ်မှာ ငါဘယ်လို ရှင်သန်ရပါ့မလဲ ..
ငါဘယ်လို ရှင်သန်ရပါ့မလဲ အချစ်ရယ် ။ |
................................
အဲ့ဒီနေ့က လေညွှန်ရာ ယိမ်းထိုးနေတဲ့ သစ်ရွက်ကလေး
အကြောင်းမရှိ ကြွေကျခဲ့တယ် ။
ဂရုစိုက်မခံရတဲ့ သစ်ရွက်ကြွေလေးက
နာကျင်နေခဲ့ပေမယ့် အရောင်စုံနေခဲ့တုန်းပဲတဲ့ ။
................................
(ZawGyi)
feuillemorte
(n.) The colour of the dying leaf
..........................
" ဟင့်အင်း ဟန်နီက .. "
" Hyuck .. Hyuck .. !! "
" ငါ သိခဲ့ပြီးသား .. Jen "
သူ အိပ်မပျော်ခဲ့တဲ့ ည ။
.............................................
.............................................
" Jaemin "
" အင်း ? "
" Americano "
" ကျေးဇူး Jennnn "
" Jeno Jeno "
" ဟင် ? "
" ဟမ် .. အာ .. ဟင့်အင်း "
Jeno သွားကြရအောင် ! "
" Jaem .. ငါ့ကားက ဒီမှာလေ "
" ငါ ကားမပါလာဘူး "
" ဟင့်အင်း ပိစိလေး ၀ယျမှာ မင်းကလည်း "
" အဖြူရောင်လေ ! "
ကားပေါ်ကို ပြန်တက်လာကြပြီး ရောက်တတ်ရာရာ လျှောက်ပြောသည့် သူ့ကို ဂရုတစိုက် သေချာနားထောင်ပြီး စကားတွေပြန်ပြောပေးနေသည့် Jenoက ကားမောင်းတဲ့နေရာမှာ စတိုင်ကျကြောင်းတော့ ၀နျခံရမညျ ။
" သွား အိမ်ထဲဝင်တော့ .. "
" တာ့တာ .. ဂရုစိုက်မောင်း "
ကားမောင်းတတ်ခါစ Jenoကို တာ့တာပြပြီး အိမ်ထဲ ၀ငျလာတော့ ပါပါးက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်လို့ ။
" ဟုတ် "
" ဟုတ် "
ပါပါးက အဲ့ဒီလို အမြဲ ။
သူမွန်းကြပ်လာသည် ။
သူ့ဘ၀က အခုမှ စမှာပါ ..
" Jeno .. "
................................
................................
Continue Reading
You'll Also Like
23.9K 707 38
(Remake of Who made a Mother) People stated that people get reincarnated due to a regret they had in their previous life. Diana Rose, the reincarnat...
1M 54.3K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.1M 48.5K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
19.4K 2K 26
Uni & Zawgyi Cover Photo By @Minus_from_Minus20 γ€Š Start Date : 24 June 2021 End Date : 1 Dec 2021 》