#Zawgyi
မိုးရာသီျဖစ္တာေၾကာင့္ စိုစြတ္ေနေသာ
လမ္းမႀကီးထပ္ဝယ္ အေရာင္အေသြးစံုလင္ေသာ လူမ်ားလႈပ္ရွားသြားလာေနၾကေလသည္။
ထိုလူေတြကို သ်ိဳင္းဆက္ ဆိုင္ထဲကေန
အေၾကာင္းမဲ့ ေငးၾကၫ့္ေနရင္း မေန့ညက
အျဖစ္အပ်က္ေတြကို ျပန္ေတြးေနမိသည္။
ထူးဆန္းတယ္ မေန့ညက အဲ့ေလာက္
အပစ္အခတ္ေတျြဖစ္သြားခဲ့တာေတာင္
Tvမွာ အဲ့အေၾကာင္းနဲ႔ပတ္သတ္တဲ့
သတင္းတစ္ခုတစ္ေလေတာင္ တက္မလာဘူး။
ၿပီးေတာ့ မေန့ညက ဇက္ဆိုတဲ့ လူရဲ့ဖုန္းက
သူ႔ဆီပါလာေပမယ့္ ဖုန္းအဝင္ေကာတစ္ေကာ
ေတာင္ဝင္မလာခဲ့။ျပန္ေပးရေအာင္လည္း
သူက ဘယ္မွာေနလို႔ေနမွန္းေတာင္မသိ။
သ်ိဳင္းဆက္ ေဘာင္းဘီအိတ္ကပ္ထဲက
ဖုန္းေလးကို ထုတ္ၾကၫ့္လိုက္ၿပီး
* မဟုတ္မွလြဲေရာ ဆယ္သိန္းေက်ာ္တန္ဖုန္းကို
သူျပန္ယူဖို႔ စိတ္ကူးမရိွေတာ့တာလား *
" မင္း ေနမေကာင္းဘူးဆို "
ရုတ္တရက္ ေနာက္ေက်ာမွ ထြက္လာတဲ့
လင္းနက္ရဲ့အသံေၾကာင့္ ဖုန္းကို
ေဘာင္းဘီအိတ္ထဲ ျပန္ထိုးထၫ့္လိုက္ရသည္။
လင္းနက္က ကြၽန္ေတာ္ထိုင္ေနေသာ
စားပြဲခံုရဲ့ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္ၿပီး
" ဘာျဖစ္တာလဲ "
" မိုးမိတာ "
" မိုးမိရေအာင္ မင္း ထီးကေရာ..
ဘယ္သူ႔ကို ေပးလိုက္ျပန္ၿပီလဲ! "
လြယ္အိတ္ကို ဘုန္းခနဲ ပစ္ခ်လိုက္ၿပီး
စိတ္ဆိုးမာန္ဆိုးနဲ႔ ေျပာလိုက္ေသာ
လင္းနက္ေၾကာင့္ ကြၽန္ေတာ္သာမက
ေဘးဝိုင္းကလူေတြပါ လန႔္သြားရသည္။
" လင္းနက္..တိုးတိုးသက္သာလုပ္ပါဟ
Customer ေတြရိွတယ္ေလ "
" ငါေမးတာကိုသာ ေျဖစမ္းပါ "
"ဘယ္သူ႔ကိုမွ မေပးပါဘူးကြာ
အိမ္မွာ က်န္ခဲ့တာ.."
" မသိဘူးေလ...မင္းက ေမတၲာရွင္ႀကီးဆိုေတာ့
ထီးကို တျခားသူဆီေပးလိုက္ၿပီးေတာ့
မင္းကမိုးေရထဲ ျပန္သြားတာလားလို႔
အဲ့လိုဆို မသနားဘူးလို႔ ေျပာမလို႔ "
လင္းနက္က မ်က္ေစာင္းထိုးလ်ွက္ ေျပာရင္း အေရ႔ွရိွ ပန္းကန္ထဲက ေပါင္မုန႔္တစ္လံုးကို ယူကာ ဖဲ့စားလိုက္သည္။
"ေဆးေရာ ေသာက္ၿပီးၿပီလား "
" မေသာက္ရေသးဘူး...
မနက္တည္းက လူက်ေနတာနဲ႔
ဝယ္ေတာင္ မဝယ္ရေသးဘူး "
" ေဆးခန္းသြားမလား
ငါလိုက္ပို႔ေပးမယ္ေလ "
" ရပါတယ္ကြာ...ဒါနဲ႔ မင္းလာတာအေတာ္ပဲ
ငါမင္းကို ေမးစရာရိွလို႔ "
" ဘာလဲ ေျပာ "
" မင္းtattooနဲ႔ လူေတြအေၾကာင္းသိလား"
" ဘယ္လို tattooနဲ႔လူေတြလည္း
မင္းဟာကလည္း အစမရိွအဆံုးမရိွ "
" ငါေျပာခ်င္တာကကြာ....
မင္းက Internetသံုးတတ္တယ္ဆိုေတာ့
လည္ပင္းေရွ့မွာ ဓါးတစ္လတ္နဲ႔ အေတာင္ပံႏွစ္ဖက္ပံုကို tattoo ထိုးထားတဲ့ လူတစ္ေယာက္ကိုမ်ား မင္းသိမလားလို႔ "
လင္းနက္က ခနစဥ္းစားဟန္လုပ္လိုက္ၿပီး
" ဟင္..ငါသိသလိုပဲ ခနေနဦး "
လင္းနက္သည္ လြယ္အိတ္ထဲက
Laptopကို ထုတ္လိုက္ၿပီး ဖြင့္ကာ
တစ္ခုခုကို ရိုက္ရွာေနေတာ့သည္။
ခနၾကာေတာ့...
" ရၿပီ...မင္းေျပာတာ ဒီလူလား "
လင္းနက္က Laptopကို ကြၽန္ေတာ့ဘက္
လွၫ့္ျပရင္း ေမးသည္။
ကြၽန္ေတာ္ ေသခ်ာယူၾကၫ့္လိုက္ေတာ့
လူတစ္ေယာက္ ကားေပၚမွ
ဆင္းေနသည့္ပံုျဖစ္သည္။
Suitအနက္ေရာင္ကို ဝတ္ဆင္ထားေသာ
ထိုလူ၏ မ်က္ႏွာထားမွာ တင္းမာေနေသာ္လည္း
ေခ်ေမာမႈကိုေတာ့ မဖံုးဖိထားႏိုင္ေပ။
Necktieေပၚက tattooႏွင့္ ထိုလူ႔မ်က္ႏွာကို
ကြၽန္ေတာ္ ခနစိုက္ၾကၫ့္လိုက္ၿပီး
" ဟုတ္တယ္ အဲ့လူပဲ "
" ဘာျဖစ္လို႔လဲ မင္းသူနဲ့ သိလို႔လား "
" မသိပါဘူး သူ႔ဖုန္း..."
သ်ိဳင္းဆက္ ေျပာထြက္ခါနီး စကားတို့ကို
အရိွန္မနည္းသတ္လိုက္ရသည္။
မေန့ညက ကိစၥကို လင္းနက္သိသြားလို႔မျဖစ္။လင္းနက္ကတဆင့္ အေမသိသြားခဲ့ရင္
ႏွလံုးေရာဂါေၾကာင့္ တစ္ခုခုျဖစ္သြားမွာ
စိုးရိမ္ရသည္။လင္းနက္ကိုလည္း
အလကားသက္သက္ စိတ္မပူေစခ်င္ေပ။
" သူ႔ဖုန္း ဘာျဖစ္လို႔လဲ "
" သူ႔ပံု..သူ ့ပံုကို Tv မွာေတြ့ဖူးလို႔
ေမးၾကၫ့္တာ "
သ်ိဳင္းဆက္ တံေတြးကို ၿမိဳခ်လိုက္ရင္း
စကားလမ္းေၾကာင္းလႊဲကာ လိမ္ညာၿပီး
ေျပာလိုက္သည္။လင္းနက္က ရိပ္မိပံုမေပၚ
လက္ထဲရိွ ေပါင္မုန႔္ကိုသာ ဖဲ့စားေနေလကာ
" သူက အၿမဲတမ္း Tvမွာ ပါေနက်ပဲကို.."
" သူကလူေကာင္းတစ္ေယာက္လား လင္းနက္"
" အဲ့ဒါေတာ့ ငါလည္းမသိဘူးေလ...
သူက စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးဆိုတာပဲသိတယ္။ သူပိုင္တဲ့ လုပ္ငန္းေတြမွ အမ်ားႀကီးပဲ..
အခုဒီဆိုင္ကို သူဝယ္ခ်င္ရင္ နာရီပိုင္းအတြင္း
ဝယ္လိုက္လို႔ရတဲ့ထိ ခ်မ္းသာတယ္ ..."
"ဪ "
"ၿပီးေတာ့ အခု...သူ႔Companyမွာ
CEOျဖစ္လာတုန္းက သူ႔အသက္က
16 ႏွစ္ပဲရိွေသးတယ္တဲ့ "
လင္းနက္ ေျပာစကားမ်ားကို သ်ိဳင္းဆက္
ေခါင္းတညိမ့္ညိမ့္နဲ႔သာ နားေထာင္ေနေပမယ့္
ျမင္ေတြ့ခဲ့ရေသာ ထိုသူ႔ပံုစံႏွင့္
အျဖစ္အပ်က္မ်ားသည္ လင္းနက္ေျပာျပေနေသာ အေၾကာင္းအရာမ်ားႏွင့္ ဆန႔္က်င္ဘက္ျဖစ္ေနသလို ခံစားေနရသည္။
စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက
လူသတ္တဲ့ ေသနတ္ေတြနဲ႔ သက္ဆိုင္လို႔လား။
" ၿပီးေတာ့ေလ...သူနဲ႔ ပတ္သတ္တဲ့
ေကာလဟာလ တစ္ခ်ိဳ႕ရိွေသးတယ္ "
လင္းနက္က ကြၽန္ေတာ့မ်က္ႏွာနား ကပ္လာကာ
တိုးလ်ေသာ အသံျဖင့္
" သူCEOမျဖစ္ခင္က သူ႔အေဖကို
ဓါးနဲ႔ အခ်က္ငါးဆယ္ထိုးၿပီး သတ္ပစ္ခဲ့တာတဲ့ "
" ဘယ္လို!..မျဖစ္ႏိုင္တာ
ဘယ္လိုလူက ကိုယ့္အေဖရင္းကိုယ္
ဓါးနဲ႔ အခ်က္ငါးဆယ္ထိုးၿပီး သတ္မွာလဲ...
ေကာလဟာလပဲ ေနမွာပါကြာ "
" မသိပါဘူးကြာ....
ဒါေပမယ့္ သူ႔အေဖက ဓါးနဲ႔အခ်က္ငါးဆယ္
အထိုးခံရၿပီး တကယ္ေသသြားခဲ့တာဟ.."
လင္းနက္ေျပာျပတာေတြ နားေထာင္ၿပီး
သ်ိဳင္းဆက္စိတ္တို႔ ရႈပ္ေထြးသြားရသည္။
တကယ္ပဲ သူက ဘယ္လိုလူမ်ိဳးလဲ..
အဲ့ဒီလူနဲ႔ ေတြ႔ခဲ့ရတာ....
ကံေကာင္းတာလား ကံဆိုးတာလားေတာင္
မသိေတာ့....
အခုထိ အသက္႐ွင္ေနေသးေတာ့
ကံေကာင္းသြားတယ္လို႔ပဲ ေျပာရမည္။
" ဒါနဲ႔ သူနာမည္က ဘာတဲ့လဲ လင္းနက္ "
" မင္းခြန္းဇက္ "
/
/
/
လင္းနက္ျပန္သြားၿပီးေနာက္ ဆိုင္တြင္
လူက်လာ၍ ညေနေစာင္းသည္အထိ
သ်ိဳင္းဆက္ တစ္စက္ကေလးမွ မနားရေသးေခ်။
အဖ်ားေၾကာင့္ တစ္ကိုယ္လံုး ပူထူေနၿပီး
ႏွာရည္ေတြလည္း အဆက္မျပတ္က်ေနတာ
ေၾကာင့္ ဖိပြတ္ေနတာ ႏွာထိပ္ေတြေတာင္
နီရဲေနေလၿပ္ီ။
ခြင့္ယူခ်င္ေသာ္လည္း Sundayရက္ေတြဆို
သူေဌးက ေဘာက္ဆူးေပးတတ္တာေၾကာင့္
အပိုဝင္ေငြေလးရမယ့္ အခြင့္အေရးကိုလည္း
လက္မလႊတ္ခ်င္ေပ။
" သ်ိဳင္းဆက္ေရ..စားပြဲနံပါတ္8ကို
ဒါေလးသြားေပးေပးပါဦး "
" ဟုတ္ကဲ့..လာၿပီ "
Kitchen Roomထဲမွ စားဖိုမွဴးရဲ့ ေခၚသံေၾကာင့္
စားပြဲတစ္ခုအား သန႔္ရွင္းေရးလုပ္ေနသည္ကို
လတ္စသတ္လိုက္ၿပီး သြားရန္ျပင္လိုက္သည္။
နေမာ္နမဲ့ႏွင့္ ေနာက္သို႔လွၫ့္လိုက္စဥ္
အေနာက္မွ လာေသာ ဧၫ့္သည္တစ္ေယာက္ကို သတိမထားမိပဲ ဝင္တိုးမိေလကာ
သူ႔ဖိနပ္ကို သ်ိဳင္းဆက္ တက္နင္းမိသလိုျဖစ္သြားေလသည္။
သ်ိဳင္းဆက္ပူထူသြားကာ ခ်က္ခ်င္းေခါင္းငံု႔လ်ွက္
ေတာင္းပန္လိုက္ရေတာ့သည္။
" ေတာင္း...ေတာင္းပန္ပါတယ္
ေနာက္မွာေရာက္ေနတာ သတိမထားလိုက္မိလို႔ပါ..ကြၽန္ေတာ္ ျပန္သုတ္ေပးပါ့မယ္ "
သ်ိဳင္းဆက္ ေဘာင္းဘီအိတ္ထဲမွ လက္ကိုင္ပုဝါအားထုတ္လိုက္ၿပီး ဖိနပ္ေပၚတြင္ ေပက်ံသြားေသာဖုန္မ်ားကို သုတ္ေပးရန္ ေခါင္းငံု႔လိုက္ခ်ိန္
" ကိုယ့္ေရ႔ွမွာ ေခါင္းငံု႔စရာမလိုဘူး "
" ခင္ ခင္ဗ်ား ...ဇက္"
သူ႔ကို မွတ္မိေနေသာ ထိုကေလးေၾကာင့္
ဇက္အလိုလို ၿပံဳးမိသြားသည္။
Waiter uniformအျဖဴေရာင္ေလးနဲ႔
ဒီကေလးက ျဖဴျဖဴစင္စင္နဲ႔ တမ်ိဳးခ်စ္ဖို႔ေကာင္းေနျပန္သည္။ေငြေရာင္ဆံပင္ ခပ္အုပ္အုပ္ေလးက
နဖူးထက္ ဝဲက်ေနကာ မ်က္ရစ္ေလးေတြေအာက္က ဝိုင္းစက္ေနေသာ မ်က္လံုးေလးေတြမွာ
မိမိအား အံ့အားသင့္စြာ ေငးၾကၫ့္ေနေလသည္။
သို႔ေသာ္ ေဖ်ာ့ေတာ့ေနေသာ မ်က္ႏွာေလးနဲ႔
နီရဲေနသာ ႏွာထိပ္ေလးေၾကာင့္ ဇက္ စိုးရိမ္စိတ္ေတြ ျဖစ္သြားကာ သူ႔ပါးေလးႏွစ္ဖက္ကို
လက္နဲ႔အုပ္မိုးၿပီး ကိုင္ၾကၫ့္လိုက္သည္။
*က်စ္! ပူျခစ္ေနတာပဲ *
" ဘာ..ဘာလုပ္တာလဲ "
ဇက္ စိုးရိမ္တႀကီးနဲ႔ စိုက္ၾကၫ့္ေနစဥ္ လက္ထဲမွ
ရုန္းကာ ထြက္ေျပးသြားေသာ ထိုကေလးေၾကာင့္ ဇက္ရဲ့ တည္ၿငိမ္ေနေသာ စိတ္တို႔ လႈပ္ခတ္သြားသည္။
မင္း ကိုယ့္ေရွ့ကေန ထြက္ေျပးသြားတာ
ႏွစ္ႀကိမ္ရိွသြားၿပီေနာ္....
ေနာက္တစ္ႀကိမ္ေတာ့
ကိုယ္လႊတ္မေပးေတာ့ဘူး...
/
/
/
ရုတ္တရက္ မ်က္ႏွာကို လာကိုင္ကာ
စိုက္ၾကၫ့္ေနေသာ သူ႔ေၾကာင့္
သ်ိဳင္းဆက္ ထိတ္လန႔္သြားကာ
သူ႔လက္သန္သန္ေတြၾကားကေန
ေျပးထြက္လာၿပီး Kitchen Roomထဲ
ဝင္ေနလိုက္သည္။
သူနဲ႔ေတြ့လိုက္တိုင္း ဘာလို႔ ဒီပံုစံပဲ
ျဖစ္ေနရတာလဲ...
သူ႔လက္ထဲက ရုန္းထြက္လိုက္တာကိုေတာင္
သူက မႀကိဳက္တဲ့ပံုႏွင့္ မ်က္ေမွာင္က်ံဳ႔ကာ
စိုက္ၾကၫ့္ေနခဲ့ေသးသည္။
ဘယ္လိုထူးဆန္းတဲ့လူပါလိမ့္...
သ်ိဳင္းဆက္ တံခါးဟကာ အျပင္ကို
ေခ်ာင္းၾကၫ့္လိုက္ေတာ့ ထိုေနရာမွာပင္
တစ္စက္မ်ွမလႈပ္ပဲ ရပ္ေနေသးေသာသူ။
*အား..သူက ဘာလို႔မသြားေသးတာလဲ *
သ်ိဳင္းဆက္ ၾကၫ့္ေနရင္းစိတ္ထဲကေနေျပာလိုက္သည္။
ခနၾကာေတာ့မွ ဇက္သည္ ေနာက္ေက်ာေပးၿပီး
ရပ္ေနရာမွ သ်ိဳင္းဆက္ေခ်ာင္းၾကၫ့္ေနေတဲ့
တံခါးသို႔ တစ္ခ်က္လွၫ့္ၾကၫ့္လာၿပီးေနာက္
ဆိုင္ထဲမွ ထြက္သြားေလေတာ့သည္။
ထိုအခါမွ သ်ိဳင္းဆက္ သက္ျပင္းခ်လိုက္ကာ
" သူက ဒီလိုေနရာကို ဘာလာလုပ္တာလဲ "
မဟုတ္မွလြဲေရာ ဖုန္း..."
သ်ိဳင္းဆက္ ေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းကိုစမ္းလိုက္ၿပီး
" ဟာ သြားပါၿပီ....
ငါ ေၾကာက္ၿပီး ထြက္ေျပးလာတာ..
သူ႔ဖုန္းကို ေပးလိုက္ဖို႔ ေမ့သြားတယ္ "
~~~Thank~~~
________________________________________
Unicode
မိုးရာသီဖြစ်တာကြောင့် စိုစွတ်နေသော
လမ်းမကြီးထပ်ဝယ် အရောင်အသွေးစုံလင်သော လူများလှုပ်ရှားသွားလာနေကြလေသည်။
ထိုလူတွေကို သျိုင်းဆက် ဆိုင်ထဲကနေ
အကြောင်းမဲ့ ငေးကြည့်နေရင်း မနေ့ညက
အဖြစ်အပျက်တွေကို ပြန်တွေးနေမိသည်။
ထူးဆန်းတယ် မနေ့ညက အဲ့လောက်
အပစ်အခတ်တြွေဖစ်သွားခဲ့တာတောင်
Tvမှာ အဲ့အကြောင်းနဲ့ပတ်သတ်တဲ့
သတင်းတစ်ခုတစ်လေတောင် တက်မလာဘူး။
ပြီးတော့ မနေ့ညက ဇက်ဆိုတဲ့ လူရဲ့ဖုန်းက
သူ့ဆီပါလာပေမယ့် ဖုန်းအဝင်ကောတစ်ကော
တောင်ဝင်မလာခဲ့။ပြန်ပေးရအောင်လည်း
သူက ဘယ်မှာနေလို့နေမှန်းတောင်မသိ။
သျိုင်းဆက် ဘောင်းဘီအိတ်ကပ်ထဲက
ဖုန်းလေးကို ထုတ်ကြည့်လိုက်ပြီး
* မဟုတ်မှလွဲရော ဆယ်သိန်းကျော်တန်ဖုန်းကို
သူပြန်ယူဖို့ စိတ်ကူးမရှိတော့တာလား *
" မင်း နေမကောင်းဘူးဆို "
ရုတ်တရက် နောက်ကျောမှ ထွက်လာတဲ့
လင်းနက်ရဲ့အသံကြောင့် ဖုန်းကို
ဘောင်းဘီအိတ်ထဲ ပြန်ထိုးထည့်လိုက်ရသည်။
လင်းနက်က ကျွန်တော်ထိုင်နေသော
စားပွဲခုံရဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး
" ဘာဖြစ်တာလဲ "
" မိုးမိတာ "
" မိုးမိရအောင် မင်း ထီးကရော..
ဘယ်သူ့ကို ပေးလိုက်ပြန်ပြီလဲ! "
လွယ်အိတ်ကို ဘုန်းခနဲ ပစ်ချလိုက်ပြီး
စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်သော
လင်းနက်ကြောင့် ကျွန်တော်သာမက
ဘေးဝိုင်းကလူတွေပါ လန့်သွားရသည်။
" လင်းနက်..တိုးတိုးသက်သာလုပ်ပါဟ
Customer တွေရှိတယ်လေ "
" ငါမေးတာကိုသာ ဖြေစမ်းပါ "
"ဘယ်သူ့ကိုမှ မပေးပါဘူးကွာ
အိမ်မှာ ကျန်ခဲ့တာ.."
" မသိဘူးလေ...မင်းက မေတ္တာရှင်ကြီးဆိုတော့
ထီးကို တခြားသူဆီပေးလိုက်ပြီးတော့
မင်းကမိုးရေထဲ ပြန်သွားတာလားလို့
အဲ့လိုဆို မသနားဘူးလို့ ပြောမလို့ "
လင်းနက်က မျက်စောင်းထိုးလျှက် ပြောရင်း အရှေ့ရှိ ပန်းကန်ထဲက ပေါင်မုန့်တစ်လုံးကို ယူကာ ဖဲ့စားလိုက်သည်။
"ဆေးရော သောက်ပြီးပြီလား "
" မသောက်ရသေးဘူး...
မနက်တည်းက လူကျနေတာနဲ့
ဝယ်တောင် မဝယ်ရသေးဘူး "
" ဆေးခန်းသွားမလား
ငါလိုက်ပို့ပေးမယ်လေ "
" ရပါတယ်ကွာ...ဒါနဲ့ မင်းလာတာအတော်ပဲ
ငါမင်းကို မေးစရာရှိလို့ "
" ဘာလဲ ပြော "
" မင်းtattooနဲ့ လူတွေအကြောင်းသိလား"
" ဘယ်လို tattooနဲ့လူတွေလည်း
မင်းဟာကလည်း အစမရှိအဆုံးမရှိ "
" ငါပြောချင်တာကကွာ....
မင်းက Internetသုံးတတ်တယ်ဆိုတော့
လည်ပင်းရှေ့မှာ ဓါးတစ်လတ်နဲ့ အတောင်ပံနှစ်ဖက်ပုံကို tattoo ထိုးထားတဲ့ လူတစ်ယောက်ကိုများ မင်းသိမလားလို့ "
လင်းနက်က ခနစဉ်းစားဟန်လုပ်လိုက်ပြီး
" ဟင်..ငါသိသလိုပဲ ခနနေဦး "
လင်းနက်သည် လွယ်အိတ်ထဲက
Laptopကို ထုတ်လိုက်ပြီး ဖွင့်ကာ
တစ်ခုခုကို ရိုက်ရှာနေတော့သည်။
ခနကြာတော့...
" ရပြီ...မင်းပြောတာ ဒီလူလား "
လင်းနက်က Laptopကို ကျွန်တော့ဘက်
လှည့်ပြရင်း မေးသည်။
ကျွန်တော် သေချာယူကြည့်လိုက်တော့
လူတစ်ယောက် ကားပေါ်မှ
ဆင်းနေသည့်ပုံဖြစ်သည်။
Suitအနက်ရောင်ကို ဝတ်ဆင်ထားသော
ထိုလူ၏ မျက်နှာထားမှာ တင်းမာနေသော်လည်း
ချေမောမှုကိုတော့ မဖုံးဖိထားနိုင်ပေ။
Necktieပေါ်က tattooနှင့် ထိုလူ့မျက်နှာကို
ကျွန်တော် ခနစိုက်ကြည့်လိုက်ပြီး
" ဟုတ်တယ် အဲ့လူပဲ "
" ဘာဖြစ်လို့လဲ မင်းသူနဲ့ သိလို့လား "
" မသိပါဘူး သူ့ဖုန်း..."
သျိုင်းဆက် ပြောထွက်ခါနီး စကားတို့ကို
အရှိန်မနည်းသတ်လိုက်ရသည်။
မနေ့ညက ကိစ္စကို လင်းနက်သိသွားလို့မဖြစ်။လင်းနက်ကတဆင့် အမေသိသွားခဲ့ရင်
နှလုံးရောဂါကြောင့် တစ်ခုခုဖြစ်သွားမှာ
စိုးရိမ်ရသည်။လင်းနက်ကိုလည်း
အလကားသက်သက် စိတ်မပူစေချင်ပေ။
" သူ့ဖုန်း ဘာဖြစ်လို့လဲ "
" သူ့ပုံ..သူ့ ပုံကို Tv မှာတွေ့ဖူးလို့
မေးကြည့်တာ "
သျိုင်းဆက် တံတွေးကို မြိုချလိုက်ရင်း
စကားလမ်းကြောင်းလွှဲကာ လိမ်ညာပြီး
ပြောလိုက်သည်။လင်းနက်က ရိပ်မိပုံမပေါ်
လက်ထဲရှိ ပေါင်မုန့်ကိုသာ ဖဲ့စားနေလေကာ
" သူက အမြဲတမ်း Tvမှာ ပါနေကျပဲကို.."
" သူကလူကောင်းတစ်ယောက်လား လင်းနက်"
" အဲ့ဒါတော့ ငါလည်းမသိဘူးလေ...
သူက စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဆိုတာပဲသိတယ်။ သူပိုင်တဲ့ လုပ်ငန်းတွေမှ အများကြီးပဲ..
အခုဒီဆိုင်ကို သူဝယ်ချင်ရင် နာရီပိုင်းအတွင်း
ဝယ်လိုက်လို့ရတဲ့ထိ ချမ်းသာတယ် ..."
"ဪ "
"ပြီးတော့ အခု...သူ့Companyမှာ
CEOဖြစ်လာတုန်းက သူ့အသက်က
16 နှစ်ပဲရှိသေးတယ်တဲ့ "
လင်းနက် ပြောစကားများကို သျိုင်းဆက်
ခေါင်းတညိမ့်ညိမ့်နဲ့သာ နားထောင်နေပေမယ့်
မြင်တွေ့ခဲ့ရသော ထိုသူ့ပုံစံနှင့်
အဖြစ်အပျက်များသည် လင်းနက်ပြောပြနေသော အကြောင်းအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသလို ခံစားနေရသည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက
လူသတ်တဲ့ သေနတ်တွေနဲ့ သက်ဆိုင်လို့လား။
" ပြီးတော့လေ...သူနဲ့ ပတ်သတ်တဲ့
ကောလဟာလ တစ်ချို့ရှိသေးတယ် "
လင်းနက်က ကျွန်တော့မျက်နှာနား ကပ်လာကာ
တိုးလျသော အသံဖြင့်
" သူCEOမဖြစ်ခင်က သူ့အဖေကို
ဓါးနဲ့ အချက်ငါးဆယ်ထိုးပြီး သတ်ပစ်ခဲ့တာတဲ့ "
" ဘယ်လို!..မဖြစ်နိုင်တာ
ဘယ်လိုလူက ကိုယ့်အဖေရင်းကိုယ်
ဓါးနဲ့ အချက်ငါးဆယ်ထိုးပြီး သတ်မှာလဲ...
ကောလဟာလပဲ နေမှာပါကွာ "
" မသိပါဘူးကွာ....
ဒါပေမယ့် သူ့အဖေက ဓါးနဲ့အချက်ငါးဆယ်
အထိုးခံရပြီး တကယ်သေသွားခဲ့တာဟ.."
လင်းနက်ပြောပြတာတွေ နားထောင်ပြီး
သျိုင်းဆက်စိတ်တို့ ရှုပ်ထွေးသွားရသည်။
တကယ်ပဲ သူက ဘယ်လိုလူမျိုးလဲ..
အဲ့ဒီလူနဲ့ တွေ့ခဲ့ရတာ....
ကံကောင်းတာလား ကံဆိုးတာလားတောင်
မသိတော့....
အခုထိ အသက်ရှင်နေသေးတော့
ကံကောင်းသွားတယ်လို့ပဲ ပြောရမည်။
" ဒါနဲ့ သူနာမည်က ဘာတဲ့လဲ လင်းနက် "
" မင်းခွန်းဇက် "
/
/
/
လင်းနက်ပြန်သွားပြီးနောက် ဆိုင်တွင်
လူကျလာ၍ ညနေစောင်းသည်အထိ
သျိုင်းဆက် တစ်စက်ကလေးမှ မနားရသေးချေ။
အဖျားကြောင့် တစ်ကိုယ်လုံး ပူထူနေပြီး
နှာရည်တွေလည်း အဆက်မပြတ်ကျနေတာ
ကြောင့် ဖိပွတ်နေတာ နှာထိပ်တွေတောင်
နီရဲနေလေပြ်ီ။
ခွင့်ယူချင်သော်လည်း Sundayရက်တွေဆို
သူဌေးက ဘောက်ဆူးပေးတတ်တာကြောင့်
အပိုဝင်ငွေလေးရမယ့် အခွင့်အရေးကိုလည်း
လက်မလွှတ်ချင်ပေ။
" သျိုင်းဆက်ရေ..စားပွဲနံပါတ်8ကို
ဒါလေးသွားပေးပေးပါဦး "
" ဟုတ်ကဲ့..လာပြီ "
Kitchen Roomထဲမှ စားဖိုမှူးရဲ့ ခေါ်သံကြောင့်
စားပွဲတစ်ခုအား သန့်ရှင်းရေးလုပ်နေသည်ကို
လတ်စသတ်လိုက်ပြီး သွားရန်ပြင်လိုက်သည်။
နမော်နမဲ့နှင့် နောက်သို့လှည့်လိုက်စဉ်
အနောက်မှ လာသော ဧည့်သည်တစ်ယောက်ကို သတိမထားမိပဲ ဝင်တိုးမိလေကာ
သူ့ဖိနပ်ကို သျိုင်းဆက် တက်နင်းမိသလိုဖြစ်သွားလေသည်။
သျိုင်းဆက်ပူထူသွားကာ ချက်ချင်းခေါင်းငုံ့လျှက်
တောင်းပန်လိုက်ရတော့သည်။
" တောင်း...တောင်းပန်ပါတယ်
နောက်မှာရောက်နေတာ သတိမထားလိုက်မိလို့ပါ..ကျွန်တော် ပြန်သုတ်ပေးပါ့မယ် "
သျိုင်းဆက် ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ပုဝါအားထုတ်လိုက်ပြီး ဖိနပ်ပေါ်တွင် ပေကျံသွားသောဖုန်များကို သုတ်ပေးရန် ခေါင်းငုံ့လိုက်ချိန်
" ကိုယ့်ရှေ့မှာ ခေါင်းငုံ့စရာမလိုဘူး "
" ခင် ခင်ဗျား ...ဇက်"
သူ့ကို မှတ်မိနေသော ထိုကလေးကြောင့်
ဇက်အလိုလို ပြုံးမိသွားသည်။
Waiter uniformအဖြူရောင်လေးနဲ့
ဒီကလေးက ဖြူဖြူစင်စင်နဲ့ တမျိုးချစ်ဖို့ကောင်းနေပြန်သည်။ငွေရောင်ဆံပင် ခပ်အုပ်အုပ်လေးက
နဖူးထက် ဝဲကျနေကာ မျက်ရစ်လေးတွေအောက်က ဝိုင်းစက်နေသော မျက်လုံးလေးတွေမှာ
မိမိအား အံ့အားသင့်စွာ ငေးကြည့်နေလေသည်။
သို့သော် ဖျော့တော့နေသော မျက်နှာလေးနဲ့
နီရဲနေသာ နှာထိပ်လေးကြောင့် ဇက် စိုးရိမ်စိတ်တွေ ဖြစ်သွားကာ သူ့ပါးလေးနှစ်ဖက်ကို
လက်နဲ့အုပ်မိုးပြီး ကိုင်ကြည့်လိုက်သည်။
*ကျစ်! ပူခြစ်နေတာပဲ *
" ဘာ..ဘာလုပ်တာလဲ "
ဇက် စိုးရိမ်တကြီးနဲ့ စိုက်ကြည့်နေစဉ် လက်ထဲမှ
ရုန်းကာ ထွက်ပြေးသွားသော ထိုကလေးကြောင့် ဇက်ရဲ့ တည်ငြိမ်နေသော စိတ်တို့ လှုပ်ခတ်သွားသည်။
မင်း ကိုယ့်ရှေ့ကနေ ထွက်ပြေးသွားတာ
နှစ်ကြိမ်ရှိသွားပြီနော်....
နောက်တစ်ကြိမ်တော့
ကိုယ်လွှတ်မပေးတော့ဘူး...
/
/
/
ရုတ်တရက် မျက်နှာကို လာကိုင်ကာ
စိုက်ကြည့်နေသော သူ့ကြောင့်
သျိုင်းဆက် ထိတ်လန့်သွားကာ
သူ့လက်သန်သန်တွေကြားကနေ
ပြေးထွက်လာပြီး Kitchen Roomထဲ
ဝင်နေလိုက်သည်။
သူနဲ့တွေ့လိုက်တိုင်း ဘာလို့ ဒီပုံစံပဲ
ဖြစ်နေရတာလဲ...
သူ့လက်ထဲက ရုန်းထွက်လိုက်တာကိုတောင်
သူက မကြိုက်တဲ့ပုံနှင့် မျက်မှောင်ကျုံ့ကာ
စိုက်ကြည့်နေခဲ့သေးသည်။
ဘယ်လိုထူးဆန်းတဲ့လူပါလိမ့်...
သျိုင်းဆက် တံခါးဟကာ အပြင်ကို
ချောင်းကြည့်လိုက်တော့ ထိုနေရာမှာပင်
တစ်စက်မျှမလှုပ်ပဲ ရပ်နေသေးသောသူ။
*အား..သူက ဘာလို့မသွားသေးတာလဲ *
သျိုင်းဆက် ကြည့်နေရင်းစိတ်ထဲကနေပြောလိုက်သည်။
ခနကြာတော့မှ ဇက်သည် နောက်ကျောပေးပြီး
ရပ်နေရာမှ သျိုင်းဆက်ချောင်းကြည့်နေတေဲ့
တံခါးသို့ တစ်ချက်လှည့်ကြည့်လာပြီးနောက်
ဆိုင်ထဲမှ ထွက်သွားလေတော့သည်။
ထိုအခါမှ သျိုင်းဆက် သက်ပြင်းချလိုက်ကာ
" သူက ဒီလိုနေရာကို ဘာလာလုပ်တာလဲ "
မဟုတ်မှလွဲရော ဖုန်း..."
သျိုင်းဆက် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုစမ်းလိုက်ပြီး
" ဟာ သွားပါပြီ....
ငါ ကြောက်ပြီး ထွက်ပြေးလာတာ..
သူ့ဖုန်းကို ပေးလိုက်ဖို့ မေ့သွားတယ် "
~~~Thank~~~