Busticate
(n.) To break into pieces
........................
" Jen Fighting ! ငါနဲ့ Mark Hyung တစ်ချိန်လုံး ဒီမှာ ရှိနေမှာ ။ ကောင်းကောင်းလုပ်ပြီး ပြန်လာခဲ့ရမှာ သိတယ်မလား "
" အင်း "
" ငါမင်းကို ချစ်တယ်နော် "
သူ့နဖူးကို ငုံ့ပြီးနမ်းတဲ့ DongHyuckkieက မကြာခင် ပြိုတော့မယ့် မိုးလို ..။
ဒီသူငယ်ချင်းလေးက ဘယ်လောက် နူးညံ့ပြီး ဘယ်လောက်တောင် သူ့အတွက် တန်ဖိုးရှိပါတယ်ဆိုတဲ့အကြောင်းတော့ သူက နေကောင်းလာရင် ပြောပြရဦးမည် ။
" ငါတို့တွေ အကုန် မင်းကိုစောင့်နေမယ် .. Fighting "
သူက တာ့တာပြပြီးတော့ Aliceနဲ့ Benက သူ့ကို ခွဲစိတ်ခန်းထဲဆီ တွန်းသွားသည် ။
" Jen .. ကြောက်စရာ သိပ်မကောင်းပါဘူး ။ မင်းခဏ အိပ်မက်လေး မက်ရုံလောက်လို့ တွေးလိုက် "
" I know .. Ben
ငါပြန်ကောင်းလာမှာပါ .. စိတ်မပူတော့ဘူး "
ဆရာ၀န်ကြီးတွေပါ ရောက်လာပြီး သူ့ကိုခဏနေတော့ မေ့ဆေးပေးလိုက်ကြချိန်အထိ သူအသိရှိနေသေးပေမယ့် ဆေးအရှိန်ကြောင့် သူအိပ်ပျော်သွားတော့သည် ။
ပြန်နိုးလာရင် .. ငါက လူကောင်းတစ်ယောက် ပြန်ဖြစ်တော့မှာ ..။
.........................
" ဟန်နီ "
ဟိုးအဝေးက မှုန်ပျပျ အရိပ်ကလေးက ဟန်နီ ။
သူက လမ်းအရှည်ကြီးကို လျှောက်နေတာ ။
အရင်ကလို ပြေးလိုက်လည်း နီးမသွား ..။
ဆက်တိုက် ပြေးလိုက်ခဲ့ပြီးတဲ့နောက်မှာ သူလက်လျှော့ဖို့ ထိုင်ချလိုက်တော့ သူ့ဘက်ကို ပြန်ပြေးလာသည့် ဟန်နီ့ကို တွေ့သည် ။
" Jeno "
" Jaem .. "
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး သူတို့တွေ အကြာကြီး ရပ်နေမိတော့ ပြုံးပြလာသည့် ဟန်နီက တကယ်ကို အပြုံးအကြီးကြီးနှင့် ..။
" လမ်းလျှောက်ထွက်ကြမလား အတူတူ "
" အင်း .. မင်းသဘော "
ထပ်တူကျနေတဲ့ ခြေလှမ်းတွေ ၊ မရဲတရဲ ဆုပ်ကိုင်ထားတဲ့လက်တွေ ..။
ငါ့ဘ၀မှာ အပြည့်မြောက်ချင်ခဲ့ဆုံးဆုတောင်းက မင်းကိုပိုင်ဆိုင်ရချင်ခဲ့တာ ဆိုတဲ့အကြောင်း သူဟန်နီ့ကို မပြောပြဖြစ်ခဲ့သေးဘူး ။
အရှေ့ကိုပဲ ကြည့်လျှောက်နေပြီး ဘေးကို ပြန်ကြည့်တော့ ဘယ်သူမှမရှိတော့ ။
သူ့လက်ထဲမှာလည်း ဘယ်သူ့လက်မှ မရှိတော့ ..။
အဝေးကြီးက မှုန်ပျပျ အရိပ်ကလေးက ဟန်နီဖြစ်နေပြန်တာလား ..။
ဘာလို့ သူ့ကိုထားသွားပြန်တာလဲ ။
" ဟန်နီရေ !!! "
" Jeno .. ကောင်းကောင်းနေ "
ရယ်သံလေးနဲ့ ပြောသွားတဲ့ ဟန်နီ့စကားသံက ပေါ့ပါးလို့နေသည် ။
ရယ်သံကလေးဟာ သဘောတကျ ၊ အားရပါးရ ။
သူမကြားရခဲ့တာ ကြာခဲ့သည့် ဒီအသံလေး ..။
" Jeno ! Jeno !! "
သူ့လက်ကို လှုပ်ဆွဲရင်း ခေါ်လာသည့် DongHyuckကြောင့် သူနိုးလာသည် ။
" မင်း နိုးလာပြီ "
" DongHyuckk .. "
" ငါ့ကောင် အသက်ရှင်ပြီကွ!! ငါဆရာ၀န်သွားခေါ်ဦးမယ် "
သူ့ဆီကနေ အပြေးတစ်ပိုင်းထွက်သွားတဲ့ DongHyuckကြောင့် သူက ပုံမှန်လောကကြီးဆီ အခုမှပြန်ရောက်လာမှန်းသိရတော့သည် ။
မျက်လုံးထောင့်က မျက်ရည်စက သူ့ဗိုက်ပေါ်က ခွဲကြောင်းကြောင့် နာလို့ မဟုတ်မှန်း သူပဲသိသည် ။
Aliceနဲ့ Benက အရင်ဆုံးအပြေး၀င်လာပြီး သူ့ကိုမြင်တော့ သူ့တို့အချင်းချင်း ဖက်ထားကြသည် ။
" မင်းတို့ကလည်းကွာ ငါ့ကိုစာနာကြပါဦး "
သူကအဲ့ဒီလိုပြောတော့ Aliceနဲ့ Benက ရယ်သည် ။
ခဏနေ ဆရာ၀န်ကြီးတွေ ရောက်လာပြီးတော့ သူ့ကို တစ်ပတ်လောက် အနီးကပ်စောင့်ကြည့်ဖို့သာ ပြောသွားတော့သည် ။
" ကောင်းကောင်းလုပ်နိုင်ခဲ့လို့ ချီးကျူးတယ် Mr.Lee "
" ကျေးဇူး Sir "
........................................
ဆရာ၀န်ပြောတဲ့ တစ်ပတ်ကလည်း မြန်မြန်ကုန်လာခဲ့သည် ။
DongHyuckkieက သူ့ကို လေ့ကျင့်ခန်းလုပ်ပေးတာတွေ ၊ အတူတူလမ်းလျှောက်တာတွေ အကုန်တာ၀န်ယူထားပြီး တစ်ချိန်လုံး သူ့အနားနားနေသည် ။
" Hyuck .. Hyungက Violetကို သွားကြိုနေတာလား "
" အင်း .. Aliceတို့ ခွဲခန်း၀င်နေရလို့ "
ရယ်ရသည်က Aliceနဲ့ Benမအားတိုင်း Violetကို ကျောင်းသွားကြိုသည့် သူက Markဖြစ်လာတာပင် ။
" ဒီနေ့ တိမ်တွေချည်းပဲ ။ နေလည်း မမြင်ရဘူး ။
မိုးလည်းရွာလောက်တာ မဟုတ်ဘဲနဲ့ .. "
Jenoက တိမ်တွေဆီငေးရင်း Hyuckကို စကားပြောမိသည် ။ ဒါပေမယ့် ပြန်ရလာတဲ့ စကားသံတွေက Hyuckဆီက မဟုတ်ခဲ့ပါ ။
" ရာသီဥတု သာယာတယ် ဆိုတဲ့ အဆင့်လောက်ပေါ့ "
" မိုးတအားရွာစေချင်နေတာလား "
" နေပူတာက ကောင်းမှမကောင်းတာ "
" ဒါပေမယ့် အခုက သာယာနေတာလေ !! "
" Renjun !? Chenle !? Jisung !? "
အသံတွေကြောင့် နောက်လှည့်ကြည့်တော့ သူ့သူငယ်ချင်းလေး သုံးယောက်ကို တွေ့ပြီး သူ့မှာ အံ့ဩသွားရသည် ။
" Long Time No See Brother !
ငါတို့ကို မခေါ်သွားတဲ့ ခရီးအတွက် နေပြန်ကောင်းလာရင် မင်းဖင်ကို လိုက်ရိုက်မှာ " - RJ
" နောက်ကျမှ သိရတဲ့အတွက် စိတ်ထဲမှာ လကမ္ဘာစာလောက် အစိုင်အခဲကြီး ဖြစ်နေတယ် ။ ကျွန်တော်တို့ကို အဲ့ဒီလောက်တောင် မယုံတာပဲလား " - Js
" အမေရိက ခရီးက ပျော်ဖို့ကောင်းမယ် ထင်နေတာ ။ Lee Jenoကို ထိုင်ကြည့်နေရတာ ပိုပျော်ဖို့ကောင်းမယ့် ပုံပဲ " - Cl
" Chenle yaa .. ငါ့ကို မငြီးခိုင်းပဲ မင်းတို့ခုမှ လာငြီးနေလိုက်ကြ "
သူ့သူငယ်ချင်းတွေကို ကြည့်ပြီး Jenoက ရယ်မိသည် ။
ဒီလို ဂယက်တွေကို သူမတွေ့ရတာ သုံးလလောက်တောင် ကြာခဲ့ပြီလေ ။
" ငါ နေကောင်းသွားပါပြီ "
" အင်း .. သိပါတယ် "
သူ့အခန်းထဲဆီ အကုန်လုံးကို ခေါ်လာတော့ ဟိုဟာဒီဟာ မြင်သမျှ လျှောက်ကိုင်နေကြသည့် သူ့သူငယ်ချင်းတွေ ။
" Violetကို ဒီကို ခေါ်လာမယ်ပြောလား Hyuckkie "
" ခုနက ဖုန်းဆက်တော့ ခေါ်လာခဲ့မယ်ပြောတယ် "
" Violetက ဘယ်သူလဲ ? "
" ငါ့ Nurse Aliceရဲ့ သမီးလေး "
ဘာမှ ဆက်မပြောဘဲ သူတို့ဘာသာ စကားတွေပြောနေကြသည့် သူငယ်ချင်းကောင်တွေကို ဆေးရုံကုတင်ပေါ်ကနေ Jenoက ထိုင်ကြည့်နေခဲ့သည် ။
" ဒါနဲ့ မင်းတို့ ဘာစားလာကြလဲ "
" ဆန်ပြုတ် "
Chenleခြေထောက်ကို Renjunက တက်နင်းလိုက်တာကိုတော့ဖြင့် သူက မြင်ဖြစ်အောင် မြင်လိုက်သေးသည် ။ ဒီနှစ်ယောက်က ရန်ဖြစ်နေကျလေ ..။
" ခုနက ဒီကိုလာတော့ ဘာမှမစားရသေးတာနဲ့ ဆေးရုံကန်တင်းမှာ ဆန်ပြုတ်တောင်းသောက်ခဲ့ကြတာ "
" အဲ့လိုလေးတော့ ဖြစ်လိုက်ရမှ "
DongHyuckက ငေါ့တော့ သူက ရယ်မိသည် ။
ဒီသူငယ်ချင်းတွေက သူ့အတွက်တော့ အားဆေးတွေလိုပင် ။
" တောင်းပန်ပါတယ် မပြောမိခဲ့လို့ .. အလဟဿ ပူနေကြမှာ စိုးလို့ပါ "
သူကတောင်းပန်တော့ သူ့သူငယ်ချင်းတွေက ပြုံးပြကြသည် ။ အဲ့ဒီအချိန်မှာ ရောက်လာသူက Markနှင့် Violet ..
" Uncle J !! "
" Aiyoo Violet "
ဆေးသွင်းထားသည့် သူ့လက်ကလေးကို လာအုပ်ကိုင်သည့် ကလေးလက်ပိစိလေးတွေ ။
" ကိုယ် ပူပူ "
" ပူဘူး နေကောင်းတယ် "
သူ့အရပ်နဲ့ မမီတဲ့ နဖူးကို သူက စမ်းချင်သည်မို့ Jenoက ခါးလေးနည်းနည်းကိုင်းပေးလိုက်တော့ သူ့အလိုကျ စမ်းလို့ရပြီးမှ ကလေးလေးက ပြုံးလာသည် ။
" မာမီရော .. ဒယ်ဒီရော "
" Operating Roomထဲမှာ ကလေးလေးရဲ့ ..
Uncle Markက အဲ့တာကြောင့် လာကြိုတာပေါ့ "
" Violet ! ငါ့ကိုကျ မေ့ပြီပေါ့ "
Jenoကိုပဲ စကားသွားပြောနေတဲ့ Violetကို Hyuckkieက စတော့ ငလည်မလေးက Hyuckkieကို ပြေးဖက်သည် ။
" များကြီးပဲ "
" လူတွေလား .. "
" အင်း "
" သူငယ်ချင်းတွေလေ .. Uncle Jနဲ့ တူတူ သူငယ်ချင်းတွေ "
" အွန်း "
" Uncle Ji , Uncle Lele , Uncle Ren "
" ဟီးဟီး "
Violetကို ဝိုင်းပြီး အသည်းယားနေကြတဲ့ သူ့သူငယ်ချင်းတွေကိုကြည့်ပြီး သူဟန်နီ့ကိုလွမ်းလာခဲ့သည် ။
ကလေးသိပ်ချစ်တတ်တဲ့ ဟန်နီက ဒီကလေးမလေးကို မြင်ရင် ချီထားဦးမှာ မလွှတ်တမ်းလေ ..။
" Jaeminnieရှိရင် ကောင်းမှာပဲ "
တိတ်တိတ်ကလေး ရေရွတ်မိတာကို သူ့သူငယ်ချင်းတွေက ကြားပါ့မလား သူမသိ ။
ဟန်နီ့အကြောင်း မပြောရင်က ပိုကောင်းမလားလေ ..။
" Baby "
" မာမီ "
Aliceက အခန်းထဲ ၀င်လာတော့ Hyuckkieပေါင်ပေါ်ကနေ Aliceဆီကို Violetက ပြေးသွားသည် ။
" Jen သူငယ်ချင်းတွေ ရောက်နေတာလား "
" အင်း ကိုရီးယားက လာကြတာတဲ့ .. ဒါက Aliceပါ Violetမေမေလေ "
ဆက်ပြီး Hyuckkieက တစ်ယောက်ချင်းစီ မိတ်ဆက်ပေးနေတော့ သူက ထိုင်ပြီးပဲ ကြည့်နေလိုက်သည် ။
ခဏနေတော့ သူ့သူငယ်ချင်းတွေက ပြန်ဖို့ပြင်ကြပြီ ။
" မင်းတို့ ပစ္စည်းတွေက ဘယ်မှာထားခဲ့လဲ "
" Hyuckအိမ် .. အဲ .. ငါတို့ရောက်ရောက်ချင်း သူက လိပ်စာပြောပြတာနဲ့ သွားထားလိုက်တာ "
" အာ .. ဂရုစိုက်ပြန်ကြ "
" မင်းလည်း နေကောင်းအောင်နေဦး ..
မနက်ဖြန် ပြန်လာခဲ့မယ် "
" Hyung Bye byeee "
ကလေးတွေနဲ့ Renjunက ပြန်ဖို့ ပြင်ကြတော့ သူက နှုတ်ဆက်ပြီး ပြန်အိပ်တော့သည် ။
...............................
ထပ်ပြီး အဲ့ဒီလိုအိပ်မက် ။
မီးရောင် မှိန်ပျပျတွေကြားမှာ ဟန်နီက လမ်းလျှောက်နေသည် ။
သူက ထိုင်ခုံပေါ်က ထမရ ။
တဖြည်းဖြည်း သူ့ကိုကျော်သွားသည့် ဟန်နီ့ခြေလှမ်းတွေ ..
" ဟန်နီ .. "
" Jaem .. "
" Jaemin ah ! "
သူဘယ်လောက် အာခေါင်ခြစ်ပြီး အော်နေပါစေ အသံထွက်မလာခဲ့ပါ ။
ဟန်နီ့က သူ့ကို တစ်ချက်လေး လှည့်ကြည့်ပြီး ပြုံးပြရင်း ဆက်လမ်းလျှောက်သွားသည် ။
တစ်စိတ် .. ဟိုရှေ့မှာ ချောက်အနက်ကြီး ။
အောက်ကို မကြည့်ဘဲ လမ်းလျှောက်နေသည့် ဟန်နီက ပြုတ်ကျတော့မှာ .. ဟန်နီ ပြုတ်ကျတော့မှာ ။
" Na Jaemin .. မင်း ဆက်မသွားနဲ့ !!!!! "
ရုတ်တရက် နိုးလာတော့ တစ်ကိုယ်လုံးမှာ ချွေးတွေ ။
ဒါဘယ်လို အိပ်မက်ကြီးလဲ .. ဘယ်လိုအိပ်မက်ကြီးမျိုးလဲ ..။
" ဟန်နီ "
တိတ်တိတ်ကလေး ခေါ်ကြည့်တော့ အသံက အခုမှ ထွက်လာသည် ။ ခေါင်းကိုခါလိုက်ရင်း ရေသောက်မလို့ ကြည့်တော့ ရေဘူးက နီးနီးနားနားမှာမရှိ ။
တံခါးနားမှာတော့ Hyuckkieရေသန့်ဘူးတွေ စီထားတာရှိသည်မို့ ထယူဖို့ပဲ ပြင်ရတော့သည် ။
သူ့အခန်းတံခါးက သေချာ စိအောင် မပိတ်ထား ..
ရေသန့်ဘူး ယူပြီး ဖန်ခွက်ထဲ ရေထည့်တော့ Hyuckkieနဲ့ Renjunစကားပြောနေသံ ကြားရသည်မို့ ထောင့်နားတိုးပြီး နားစွင့်လိုက်မိသည် ။
" Jaeminnie ဘယ်လိုနေလဲ "
" ဒီအတိုင်းပဲ .. "
ဟန်နီက ဘာဖြစ်လို့များလဲ ..။
" အခုထိပဲလား "
" သတိမရသေးဘူးကွာ .. Jisungက ညက ငိုတယ် ။
ဒီလိုနဲ့ သတိပြန်မရတော့ရင် ဘယ်လိုလုပ်မလဲတဲ့ "
" ငါ အဲ့လို အဖြစ်မခံပါဘူး .. ငါ သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုမှ လက်လွှတ်မှာမဟုတ်ဘူး "
" Jaeminက ပုံမှန်ဂဏန်းတွေမှာ မရှိဘူး ။ နှလုံးခုန်နှုန်းရော သွေးပေါင်ရောက တက်လိုက်ကျလိုက်နဲ့ .. ငါစိတ်ညစ်တယ် Hyuckရယ် "
" .... "
ဟန်နီက ဘာတွေ ဖြစ်နေတာများလဲ ။
ဟန်နီက ဘာနေမကောင်းဖြစ်တာလဲ ။
" Chenleနဲ့ Jisungက Jaeminအခန်းထဲမှာပဲလား "
" အင်း .. emergency ထဲမှာ "
Emergency ??
Chenle ? Jisung ?
သူ့အတွေးတွေ ရှုပ်လာတယ် ။
Chenleနဲ့ Jisungက မပြန်ရသေးဘူးလေ ..။
အဲ့တာဆို ဟန်နီက ဒီမှာလား ?
" Jenoကို ငါတို့ ဘယ်လိုပြောရမလဲ မသိဘူး ..
မပြောပြတာ ကောင်းမယ် ဆိုပေမယ့် Jaeminက မပြောပြဖို့ ပြောခဲ့တယ် ဆိုပေမယ့် .. သူ့ကို အစားထိုးပေးထားတဲ့ အသည်းတစ်၀က်က Jaeminရဲ့ဟာဆိုတာ သူသိရင် ရူးသွားလောက်တယ် Renjunရယ် .. "
သူ့လက်ထဲက ဖန်ခွက်က ကြမ်းခင်းပေါ်ကို ပြုတ်ကျပြီး ကွဲသွားတယ် .. အစိတ်စိတ်အမွှာမွှာ ..။
" Jeno !!! "
Hyuckနဲ့ Renjunက ဖန်ကွဲစတွေကိုရှောင်ရင်း သူ့ဆီကို ပြေးလာကြတယ် ။
" Jeno .. "
" Hyuck မင်းခုနက ပြောတာ မဟုတ်ဘူးမလား ..
မင်းခုနက ငါ့ကို ညာနေတာမလား "
" Jen .. ငါတို့ .. "
" ငါတို့ တောင်းပန်ပါတယ် Jeno .. Jaeminက မပြောခိုင်းလို့ပါ "
ဘာလို့လဲ .. ဒီကမ္ဘာပေါ်မှာ အဲ့လောက် လူတွေ အများကြီးရှိတဲ့ထဲကမှ ဘာလို့လဲ ။
ခက်ခဲတယ်ဆို .. ကိုက်ညီတဲ့ အသည်းရှိမှ အစားထိုးလို့ရမှာဆို ..
တစ်ချိန်လုံးရှာနေခဲ့တဲ့ အဲ့ဒီဟာက ဘာလို့ ဟန်နီ့ဆီမှာမှ ကိုက်ညီနေခဲ့တာလဲ ..
ပြီးတော့ ဘာလို့ ဟန်နီက အစားထိုးပေးခဲ့တာလဲ ..
" ငါ့ကို လိုက်ပို့ !! ငါ့ကို Jaeminဆီ လိုက်ပို့ !! "
" Jeno .. "
" Alice .. Alice .. ငါ့ကို သူ့ဆီ လိုက်ပို့ပေးပါ .. "
အခန်းတံခါးကို ဖွင့်၀င်လာတဲ့ Aliceကို သူသွားပြောမိတယ် ။ ကြည့်ရတာ သူ့သူငယ်ချင်းနှစ်ယောက်က သူ့ကို ဟန်နီ့ဆီ မပို့ချင်တဲ့ပုံပဲ ။
" Jen .. "
" သူက ငါ့အတွက် တစ်ဦးတည်းသောသူ မို့လို့ပါ ..
ကျေးဇူးပြုပြီး ငါက သူ့မျက်နှာလေးတော့ မြင်ရမှာမို့လို့ပါ ..
ကျွန်တော် တောင်းပန်ပါတယ် Aliceရယ် Please .. "
" Hyuck "
" သွားကြတာပေါ့ .. ငါတို့ Jaeminဆီ မင်းကိုပို့ပေးမယ် ။
သွားကြတာပေါ့ "
သူ့ မျက်ရည်တွေကို သုတ်ရင်း Hyuckက သူ့လက်ကို လာဆွဲတယ် ။
ဗိုက်က ခွဲရာကြောင့် ပြေးသွားလို့ မရတာကို သူမုန်းမိတော့တာပဲ ။ တစ်လှမ်းချင်း လှမ်းနေရတဲ့ ခြေလှမ်းတွေက လေးနေလိုက်တာ သိပ်ကို ..။
ဟန်နီရှိနေတယ်ဆိုတဲ့ အခန်းတံခါးကို ဖွင့်တော့ သူ့ကိုမြင်လိုက်တဲ့ Ben , Mark Hyung , Chenleနဲ့ Jisungက အံ့ဩသွားကြသည် ။ ပြီးတော့ သူတို့က အနောက်ကို ဆုတ်လာကြရင်း Jenoဖို့ နေရာပြင်ပေးကြသည် ။
Benကလည်း ဒီထဲမှာ ရှိနေခဲ့တာပဲ ။
အကုန်လုံးက သိပြီးသားလူတွေ ဖြစ်ပြီး သူ့ကိုအဲ့ဒီလို ညာခဲ့ကြတယ် ။
Jenoကို Jaeminမေ့မျောနေတဲ့ ကုတင်ရဲ့ဘေးမှာ နေရာချပြီး ကျန်တဲ့သူတွေ အကုန်လုံးက ထွက်သွားပေးကြသည် ။
မေ့မျောနေတဲ့ အဲ့ဒီကောင်လေးက သူနဲ့ နောက်ဆုံးစကားပြောခဲ့တာ လွန်ခဲ့တဲ့ လေးလကျော်က ။
သူ့ကို မျက်နှာချင်းဆိုင်ရင်း နှုတ်ဆိတ်နေခဲ့တုန်းကအတိုင်း ..။
ပိန်ကျသွားတဲ့ မျက်နှာလေး ..
သူအမြတ်တနိုး ဖမ်းကိုင်ချင်ခဲ့ဖူးတဲ့ လက်ချောင်းလှလှလေးတွေ ။
ဘယ်ဘက်လက်က စေ့စပ်လက်စွပ်မရှိတော့ဘူး ..
အမြဲတမ်း ဖုံးထားတဲ့ Hoodieအနက် မဟုတ်တော့ ဆေးရုံ၀တ်စုံကနေ မြင်နေရတဲ့ လည်တိုင် ကျော့ရှင်းရှင်းပေါ်မှာ သူနဲ့ဆင်တူ လက်စွပ်ကလေးကို လည်ဆွဲလေးနဲ့ ဆွဲထားလို့ ။
" Jaeminnie .. "
လက်ချောင်းလေးတွေကို ဆုပ်ကိုင်တော့ အရင်ကလို မရုန်းတာ ဘာကြောင့်ပါလိမ့် ။
" Jaemin ah .. "
မေ့မျောနေတဲ့ မျက်နှာနုနုဟာ သူ့ကိုအနှောင့်အယှက်ပေးလို့ ဆိုပြီး ဘယ်အချိန် သူ့ကို ထငေါက်ဦးမှာ ။
" ငါ့ကို အဲ့ဒီလို မနောက်ပါနဲ့ .. ထပါ .. "
" ထပါတော့ ဟန်နီရယ် .. အဲ့လို မလုပ်ပါနဲ့ "
မျက်ရည်တွေ ကျလာတာကို မသုတ်မိဘူး ။
အဲ့ဒီအစား ပိုပြီး ငိုပစ်မိလိုက်တယ် ။
" ဘာလို့လဲ .. ဘာလို့ ငါ့ကို ဒီလို .. "
" မဟုတ်ဘူးလေ ဟန်နီရယ် ..
ပျော်နေပါလို့ ငါပြောခဲ့တာကို မင်းက ဘာလို့ "
ရုပ်ရှင်တွေထဲကလို သူငိုနေတဲ့အချိန်မှာ လက်ကလေး လှုပ်လာမလား .. ဖမ်းဆုပ်ကိုင်ထားတဲ့ လက်ကလေးကို သူက သတိထားနေမိတာ ။
" ငါ့ကို ဒီလို မလုပ်ဘဲနဲ့လေ .. ထပြီး ဒီလက်ကို ရုန်းလိုက်တာပဲဖြစ်ဖြစ် ။ ထပ်ပြီး ငါ့ကို မင်းအနားက ထွက်သွားဖို့ နှင်ထုတ်တာပဲဖြစ်ဖြစ် လုပ်ပါတော့လား .. "
" ငါအသက်ဆက်ရှင်ဖို့ လှူခဲ့တဲ့သူက မင်းဆိုတာ ..
ငါဘယ်လိုလုပ်ရမလဲ ဟန်နီရယ် ငါဘယ်လို လုပ်ရပါ့မလဲ .."
ပိတ်ထားတဲ့ တံခါးက ပွင့်လာပြီး Hyuckkieက ၀င်လာသည် ။
" လိမ်ခဲ့တာ တောင်းပန်ပါတယ် Jen ..
Jaeminက မပြောဖို့ ပြောခဲ့လို့ .. "
" မင်္ဂလာပွဲက .. ဖြစ်ခဲ့တယ်ဆို "
" ဟင့်အင်း .. မင်း အသည်းအသန် ဖြစ်နေတဲ့ရက်က Renjunကို သူတို့သိသင့်ပြီဆိုပြီး ငါကြောက်ပြီး ဖုန်းဆက်ခဲ့တာ ။ အဲ့ဒီမှာ Jaeminကလည်း ရှိနေခဲ့ပြီး သူတို့သိသွားခဲ့ကြတယ် ။
အချိန်အတိုင်းအတာ ကွာတာတွေကို သတိမထားမိခဲ့တော့ ငါဖုန်းဆက်လိုက်တဲ့အချိန် သူတို့က မင်္ဂလာပွဲအတွက် ပြင်နေကြပြီတဲ့ ။ Jaeminက မင်္ဂလာဆောင်ကနေ ထွက်လာခဲ့တာ ။ ပွဲပျက်သွားတယ် "
" ...... "
" ပြီးတော့ သူတို့ ဒီကိုရောက်တယ် ။ လေးယောက်စလုံးက စစ်ကြည့်ခဲ့ပေမယ့် ငါနဲ့ Mark Hyungလို ကျန်တဲ့သုံးယောက်က မကိုက်ညီခဲ့ပေမယ့် Jaeminကတော့ မင်းရဲ့အသည်းနဲ့ ကိုက်ညီတဲ့သူ ဖြစ်ခဲ့တယ် ။ သူက နောက်မတွန့်ခဲ့ဘူး .. အလှူရှင်နေရာကို သူကလက်ခံခဲ့တယ် ။ ဒါပေမယ့် ငါတို့ကိုတော့ မင်းကို မပြောဖို့ တောင်းဆိုခဲ့တယ် "
" ....... "
အသံမထွက်ဘဲ ဟန်နီ့မျက်နှာကို ကြည့်ရင်း မျက်ရည်တွေကျနေတဲ့သူ့ကို Hyuckက ပခုံးလေး ခပ်ဖွဖွပုတ်ပေးရုံသာ တတ်နိုင်ခဲ့သည် ။
" ဒါကိုပြောလို့ ကောင်းပါ့မလား မသိပေမယ့် သူက မင်းနဲ့ သူနဲ့ရဲ့ အကြောင်းတွေ ငါတို့ကို ပြောခဲ့သေးတယ် ။
မင်းက ဒီကိစ္စကို သိသွားရင် ပင်ပန်းလိမ့်မယ် ၊ မင်းငိုလိမ့်မယ်တဲ့ ။ ဆရာ၀န်က မင်းရော သူရော 50/50ပဲလို့ ပြောတာကိုတောင် မင်းကိုတော့ သေချာပေါက် အသက်ရှင်အောင် လုပ်ပေးဖို့ ပြောခဲ့တာ သူက .. "
" ငါဘယ်လို လုပ်ရမလဲ Hyuck ရယ် ..
သူမရှိလည်း နေနိုင်တယ် ထင်ခဲ့ပေမယ့် ငါသူ့ကို ချစ်လို့ ရူးလိမ့်မယ် ။ ဒါတွေအကုန်လုံး သိပြီး ငါဘယ်လိုစိတ်နဲ့ နေရပါ့မလဲ .. သူသာတစ်ခုခုဖြစ်ရင် ငါဘယ်လို အသက်ဆက်ရှင်ရပါ့မလဲ "
Hyuckကို လှည့်ပြီးဖက်ရင်း သူငိုနေမိသည် ။
ဟန်နီကလေ .. ဟန်နီက အဲ့ဒီလို ပြင်ဆင်ခဲ့တာဆိုတဲ့အကြောင်း ကြားရတော့ ရင်က ပိုနာသည် ။
" အခုက ဘာမှ သူ့မှာရောဂါအခံရှိလို့ မဟုတ်ဘူး ။ ဒီအတိုင်း ခွဲစိတ်မှုအပြီး shockရသွားတာပဲလို့ ပြောပေမယ့် ကိုမာ၀င်သွားနိုင်တယ်တဲ့ .. "
" .... "
" ပြီးတော့ .. "
သူ့ကို ဖက်ထားတဲ့ လက်တွေကို လွှတ်ချပြီး ဆေးရုံဗီရို အံဆွဲထဲကနေ Hyuckက ထုတ်ရင်း ကမ်းပေးလာသည်က စာအုပ်ကလေးတစ်အုပ်နဲ့ လက်ကိုင်ပုဝါလေးတစ်ထည် ။
သိုးမွေးထည်လေးနဲ့ သေချာ ထိုးထားတဲ့ လက်ကိုင်ပုဝါအဖြူလေးက အဝါရောင် အနားကွပ်လေးတွေနဲ့ ။
လက်ကိုင် ပုဝါပေါ် ကပ်ထားတဲ့ စာကလေးက သူ့ကို ပိုပြီး ငိုအောင်လုပ်တော့တာပဲ ။
" အဝါရောင်က ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတာ ဆိုပြီး မင်းပြောဖူးတာမှတ်မိတယ် ။ ငါကလည်း မင်းကို အမြဲတမ်းပျော်အောင်နေပါလို့ ပြောချင်လို့ .. "
" ဒီဟာ သူကိုယ်တိုင် ထိုးထားခဲ့တာ ..
နောက်ထပ် ရှိသေးပေမယ့် အိမ်မှာ ဖြစ်နေလို့ ။
သူမင်းကို ပေးခိုင်းခဲ့တာတွေ ကျန်သေးတယ် "
တကယ်ပဲ ဘယ်လိုအခြေအနေတွေအထိ တွေးပြီး ထားခဲ့တာများလဲ ။
" နောက်ဆုံးဖြစ်မလားမသိလို့ ငါတောင်းပန်ပါတယ် Jen .."
ဟန်နီပေးခဲ့သည်ဆိုသည့် စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာကို လှန်ရုံလေးနဲ့ Jenoပြန်ပိတ်လိုက်ရသည် ။
// မင်းဆီပို့မယ်တွေးထားတဲ့ ငါ့စာတွေက
မင်းဆီ မရောက်ခဲ့ရဘဲ
ငါတစ်ခါမှမမျှော်လင့်ခဲ့ရတဲ့
မင်းဆီကစာတွေက ငါ့ဆီရောက်လာခဲ့တယ် //
ဟင့်အင်း သူ ဒါကိုဖတ်ချင်တာ မဟုတ်ဘူး ..
သူက သူ့ရှေ့က မေ့မျောနေတဲ့ ကောင်ကလေးရဲ့ ရှင်းပြချက်တွေကိုပဲ နားထောင်ချင်ခဲ့တာ ။
သူတို့အတူတူရှိနေရဖို့ ဘယ်လောက်ထိဝေးကြရဦးမှာလဲ ..
ပြီးတော့ အတူတူပျော်နေနိုင်ရဖို့ ဘယ်လောက်ထိအောင် သူတို့တွေ ကြေကွဲကြရဦးမှာတဲ့လဲ ..။
" ကျေးဇူးပြုပြီး ဟန်နီရယ် .. ငါ့ဆီပြန်လာခဲ့ပေးပါ ..
ငါဒီလို တောင်းပန်နေတာမို့ .. ဘယ်ကိုမှ မသွားဘဲ
ငါ့ဆီကိုပဲ ပြန်လာခဲ့ပေးပါ "
.....................................
မင်းနဲ့အတူတူလို့ တွေးထားတဲ့ စိတ်ကူးအိပ်မက်တွေ
ငါ့မှာ အများကြီး ရှိတယ် ။
နောက်ဆုံးတဲ့လား ဟန်နီရယ် ..
မချည်နှောင်နိုင်ခဲ့တဲ့ ကြိုးလေး ချည်ချင်သေးတယ် ။
မပေးခဲ့ဖူးတဲ့ ကတိတွေ ပေးချင်သေးတယ် ။
ချစ်ခြင်းမေတ္တာအကြောင်း ပြောရင်း ငါက
မင်းလက်ကို ရဲရဲဆွဲချင်သေးတယ် ။
မင်း နိုးလာတဲ့အခါကျရင်တော့
ဒီကမ္ဘာကို မင်းနဲ့အတူ ဘယ်လိုပတ်ချင်တဲ့အကြောင်း
မင်းအပြုံးလေးကို ကြည့်ပြီး ငါပြောပြဦးမယ် ။
.....................................
3326 Words ..
Selenophileရဲ့ရေးခဲ့သမျှ အပိုင်းတွေထဲ အရှည်ဆုံး အပိုင်းပါပဲ ❤️
.....................................
( ZawGyi )
Busticate
(n.) To break into pieces
........................
" Jen Fighting ! ငါနဲ႕ Mark Hyung တစ္ခ်ိန္လုံး ဒီမွာ ရွိေနမွာ ။ ေကာင္းေကာင္းလုပ္ၿပီး ျပန္လာခဲ့ရမွာ သိတယ္မလား "
" အင္း "
" ငါမင္းကို ခ်စ္တယ္ေနာ္ "
သူ႕နဖူးကို ငုံ႕ၿပီးနမ္းတဲ့ DongHyuckkieက မၾကာခင္ ၿပိဳေတာ့မယ့္ မိုးလို ..။
ဒီသူငယ္ခ်င္းေလးက ဘယ္ေလာက္ ႏူးညံ့ၿပီး ဘယ္ေလာက္ေတာင္ သူ႕အတြက္ တန္ဖိုးရွိပါတယ္ဆိုတဲ့အေၾကာင္းေတာ့ သူက ေနေကာင္းလာရင္ ေျပာျပရဦးမည္ ။
" ငါတို႔ေတြ အကုန္ မင္းကိုေစာင့္ေနမယ္ .. Fighting "
သူက တာ့တာျပၿပီးေတာ့ Aliceနဲ႕ Benက သူ႕ကို ခြဲစိတ္ခန္းထဲဆီ တြန္းသြားသည္ ။
" Jen .. ေၾကာက္စရာ သိပ္မေကာင္းပါဘူး ။ မင္းခဏ အိပ္မက္ေလး မက္႐ုံေလာက္လို႔ ေတြးလိုက္ "
" I know .. Ben
ငါျပန္ေကာင္းလာမွာပါ .. စိတ္မပူေတာ့ဘူး "
ဆရာ၀န္ႀကီးေတြပါ ေရာက္လာၿပီး သူ႕ကိုခဏေနေတာ့ ေမ့ေဆးေပးလိုက္ၾကခ်ိန္အထိ သူအသိရွိေနေသးေပမယ့္ ေဆးအရွိန္ေၾကာင့္ သူအိပ္ေပ်ာ္သြားေတာ့သည္ ။
ျပန္နိုးလာရင္ .. ငါက လူေကာင္းတစ္ေယာက္ ျပန္ျဖစ္ေတာ့မွာ ..။
.........................
" ဟန္နီ "
ဟိုးအေဝးက မႈန္ပ်ပ် အရိပ္ကေလးက ဟန္နီ ။
သူက လမ္းအရွည္ႀကီးကို ေလွ်ာက္ေနတာ ။
အရင္ကလို ေျပးလိုက္လည္း နီးမသြား ..။
ဆက္တိုက္ ေျပးလိုက္ခဲ့ၿပီးတဲ့ေနာက္မွာ သူလက္ေလွ်ာ့ဖို႔ ထိုင္ခ်လိဳက္ေတာ့ သူ႕ဘက္ကို ျပန္ေျပးလာသည့္ ဟန္နီ႕ကို ေတြ႕သည္ ။
" Jeno "
" Jaem .. "
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ၿပီး သူတို႔ေတြ အၾကာႀကီး ရပ္ေနမိေတာ့ ၿပဳံးျပလာသည့္ ဟန္နီက တကယ္ကို အၿပဳံးအႀကီးႀကီးႏွင့္ ..။
" လမ္းေလွ်ာက္ထြက္ၾကမလား အတူတူ "
" အင္း .. မင္းသေဘာ "
ထပ္တူက်ေနတဲ့ ေျခလွမ္းေတြ ၊ မရဲတရဲ ဆုပ္ကိုင္ထားတဲ့လက္ေတြ ..။
ငါ့ဘ၀မွာ အျပည့္ေျမာက္ခ်င္ခဲ့ဆုံးဆုေတာင္းက မင္းကိုပိုင္ဆိုင္ရခ်င္ခဲ့တာ ဆိုတဲ့အေၾကာင္း သူဟန္နီ႕ကို မေျပာျပျဖစ္ခဲ့ေသးဘူး ။
အေရွ႕ကိုပဲ ၾကည့္ေလွ်ာက္ေနၿပီး ေဘးကို ျပန္ၾကည့္ေတာ့ ဘယ္သူမွမရွိေတာ့ ။
သူ႕လက္ထဲမွာလည္း ဘယ္သူ႕လက္မွ မရွိေတာ့ ..။
အေဝးႀကီးက မႈန္ပ်ပ် အရိပ္ကေလးက ဟန္နီျဖစ္ေနျပန္တာလား ..။
ဘာလို႔ သူ႕ကိုထားသြားျပန္တာလဲ ။
" ဟန္နီေရ !!! "
" Jeno .. ေကာင္းေကာင္းေန "
ရယ္သံေလးနဲ႕ ေျပာသြားတဲ့ ဟန္နီ႕စကားသံက ေပါ့ပါးလို႔ေနသည္ ။
ရယ္သံကေလးဟာ သေဘာတက် ၊ အားရပါးရ ။
သူမၾကားရခဲ့တာ ၾကာခဲ့သည့္ ဒီအသံေလး ..။
" Jeno ! Jeno !! "
သူ႕လက္ကို လႈပ္ဆြဲရင္း ေခၚလာသည့္ DongHyuckေၾကာင့္ သူနိုးလာသည္ ။
" မင္း နိုးလာၿပီ "
" DongHyuckk .. "
" ငါ့ေကာင္ အသက္ရွင္ၿပီကြ!! ငါဆရာ၀န္သြားေခၚဦးမယ္ "
သူ႕ဆီကေန အေျပးတစ္ပိုင္းထြက္သြားတဲ့ DongHyuckေၾကာင့္ သူက ပုံမွန္ေလာကႀကီးဆီ အခုမွျပန္ေရာက္လာမွန္းသိရေတာ့သည္ ။
မ်က္လုံးေထာင့္က မ်က္ရည္စက သူ႕ဗိုက္ေပၚက ခြဲေၾကာင္းေၾကာင့္ နာလို႔ မဟုတ္မွန္း သူပဲသိသည္ ။
Aliceနဲ႕ Benက အရင္ဆုံးအေျပး၀င္လာၿပီး သူ႕ကိုျမင္ေတာ့ သူ႕တို႔အခ်င္းခ်င္း ဖက္ထားၾကသည္ ။
" မင္းတို႔ကလည္းကြာ ငါ့ကိုစာနာၾကပါဦး "
သူကအဲ့ဒီလိုေျပာေတာ့ Aliceနဲ႕ Benက ရယ္သည္ ။
ခဏေန ဆရာ၀န္ႀကီးေတြ ေရာက္လာၿပီးေတာ့ သူ႕ကို တစ္ပတ္ေလာက္ အနီးကပ္ေစာင့္ၾကည့္ဖို႔သာ ေျပာသြားေတာ့သည္ ။
" ေကာင္းေကာင္းလုပ္နိုင္ခဲ့လို႔ ခ်ီးက်ဴးတယ္ Mr.Lee "
" ေက်းဇူး Sir "
........................................
ဆရာ၀န္ေျပာတဲ့ တစ္ပတ္ကလည္း ျမန္ျမန္ကုန္လာခဲ့သည္ ။
DongHyuckkieက သူ႕ကို ေလ့က်င့္ခန္းလုပ္ေပးတာေတြ ၊ အတူတူလမ္းေလွ်ာက္တာေတြ အကုန္တာ၀န္ယူထားၿပီး တစ္ခ်ိန္လုံး သူ႕အနားနားေနသည္ ။
" Hyuck .. Hyungက Violetကို သြားႀကိဳေနတာလား "
" အင္း .. Aliceတို႔ ခြဲခန္း၀င္ေနရလို႔ "
ရယ္ရသည္က Aliceနဲ႕ Benမအားတိုင္း Violetကို ေက်ာင္းသြားႀကိဳသည့္ သူက Markျဖစ္လာတာပင္ ။
" ဒီေန႕ တိမ္ေတြခ်ည္းပဲ ။ ေနလည္း မျမင္ရဘူး ။
မိုးလည္း႐ြာေလာက္တာ မဟုတ္ဘဲနဲ႕ .. "
Jenoက တိမ္ေတြဆီေငးရင္း Hyuckကို စကားေျပာမိသည္ ။ ဒါေပမယ့္ ျပန္ရလာတဲ့ စကားသံေတြက Hyuckဆီက မဟုတ္ခဲ့ပါ ။
" ရာသီဥတု သာယာတယ္ ဆိုတဲ့ အဆင့္ေလာက္ေပါ့ "
" မိုးတအား႐ြာေစခ်င္ေနတာလား "
" ေနပူတာက ေကာင္းမွမေကာင္းတာ "
" ဒါေပမယ့္ အခုက သာယာေနတာေလ !! "
" Renjun !? Chenle !? Jisung !? "
အသံေတြေၾကာင့္ ေနာက္လွည့္ၾကည့္ေတာ့ သူ႕သူငယ္ခ်င္းေလး သုံးေယာက္ကို ေတြ႕ၿပီး သူ႕မွာ အံ့ဩသြားရသည္ ။
" Long Time No See Brother !
ငါတို႔ကို မေခၚသြားတဲ့ ခရီးအတြက္ ေနျပန္ေကာင္းလာရင္ မင္းဖင္ကို လိုက္ရိုက္မွာ " - RJ
" ေနာက္က်မွ သိရတဲ့အတြက္ စိတ္ထဲမွာ လကမၻာစာေလာက္ အစိုင္အခဲႀကီး ျဖစ္ေနတယ္ ။ ကြၽန္ေတာ္တို႔ကို အဲ့ဒီေလာက္ေတာင္ မယုံတာပဲလား " - Js
" အေမရိက ခရီးက ေပ်ာ္ဖို႔ေကာင္းမယ္ ထင္ေနတာ ။ Lee Jenoကို ထိုင္ၾကည့္ေနရတာ ပိုေပ်ာ္ဖို႔ေကာင္းမယ့္ ပုံပဲ " - Cl
" Chenle yaa .. ငါ့ကို မၿငီးခိုင္းပဲ မင္းတို႔ခုမွ လာၿငီးေနလိုက္ၾက "
သူ႕သူငယ္ခ်င္းေတြကို ၾကည့္ၿပီး Jenoက ရယ္မိသည္ ။
ဒီလို ဂယက္ေတြကို သူမေတြ႕ရတာ သုံးလေလာက္ေတာင္ ၾကာခဲ့ၿပီေလ ။
" ငါ ေနေကာင္းသြားပါၿပီ "
" အင္း .. သိပါတယ္ "
သူ႕အခန္းထဲဆီ အကုန္လုံးကို ေခၚလာေတာ့ ဟိုဟာဒီဟာ ျမင္သမွ် ေလွ်ာက္ကိုင္ေနၾကသည့္ သူ႕သူငယ္ခ်င္းေတြ ။
" Violetကို ဒီကို ေခၚလာမယ္ေျပာလား Hyuckkie "
" ခုနက ဖုန္းဆက္ေတာ့ ေခၚလာခဲ့မယ္ေျပာတယ္ "
" Violetက ဘယ္သူလဲ ? "
" ငါ့ Nurse Aliceရဲ႕ သမီးေလး "
ဘာမွ ဆက္မေျပာဘဲ သူတို႔ဘာသာ စကားေတြေျပာေနၾကသည့္ သူငယ္ခ်င္းေကာင္ေတြကို ေဆး႐ုံကုတင္ေပၚကေန Jenoက ထိုင္ၾကည့္ေနခဲ့သည္ ။
" ဒါနဲ႕ မင္းတို႔ ဘာစားလာၾကလဲ "
" ဆန္ျပဳတ္ "
Chenleေျခေထာက္ကို Renjunက တက္နင္းလိုက္တာကိုေတာ့ျဖင့္ သူက ျမင္ျဖစ္ေအာင္ ျမင္လိုက္ေသးသည္ ။ ဒီႏွစ္ေယာက္က ရန္ျဖစ္ေနက်ေလ ..။
" ခုနက ဒီကိုလာေတာ့ ဘာမွမစားရေသးတာနဲ႕ ေဆး႐ုံကန္တင္းမွာ ဆန္ျပဳတ္ေတာင္းေသာက္ခဲ့ၾကတာ "
" အဲ့လိုေလးေတာ့ ျဖစ္လိုက္ရမွ "
DongHyuckက ေငါ့ေတာ့ သူက ရယ္မိသည္ ။
ဒီသူငယ္ခ်င္းေတြက သူ႕အတြက္ေတာ့ အားေဆးေတြလိုပင္ ။
" ေတာင္းပန္ပါတယ္ မေျပာမိခဲ့လို႔ .. အလဟႆ ပူေနၾကမွာ စိုးလို႔ပါ "
သူကေတာင္းပန္ေတာ့ သူ႕သူငယ္ခ်င္းေတြက ၿပဳံးျပၾကသည္ ။ အဲ့ဒီအခ်ိန္မွာ ေရာက္လာသူက Markႏွင့္ Violet ..
" Uncle J !! "
" Aiyoo Violet "
ေဆးသြင္းထားသည့္ သူ႕လက္ကေလးကို လာအုပ္ကိုင္သည့္ ကေလးလက္ပိစိေလးေတြ ။
" ကိုယ္ ပူပူ "
" ပူဘူး ေနေကာင္းတယ္ "
သူ႕အရပ္နဲ႕ မမီတဲ့ နဖူးကို သူက စမ္းခ်င္သည္မို႔ Jenoက ခါးေလးနည္းနည္းကိုင္းေပးလိုက္ေတာ့ သူ႕အလိုက် စမ္းလို႔ရၿပီးမွ ကေလးေလးက ၿပဳံးလာသည္ ။
" မာမီေရာ .. ဒယ္ဒီေရာ "
" Operating Roomထဲမွာ ကေလးေလးရဲ႕ ..
Uncle Markက အဲ့တာေၾကာင့္ လာႀကိဳတာေပါ့ "
" Violet ! ငါ့ကိုက် ေမ့ၿပီေပါ့ "
Jenoကိုပဲ စကားသြားေျပာေနတဲ့ Violetကို Hyuckkieက စေတာ့ ငလည္မေလးက Hyuckkieကို ေျပးဖက္သည္ ။
" မ်ားႀကီးပဲ "
" လူေတြလား .. "
" အင္း "
" သူငယ္ခ်င္းေတြေလ .. Uncle Jနဲ႕ တူတူ သူငယ္ခ်င္းေတြ "
" အြန္း "
" Uncle Ji , Uncle Lele , Uncle Ren "
" ဟီးဟီး "
Violetကို ဝိုင္းၿပီး အသည္းယားေနၾကတဲ့ သူ႕သူငယ္ခ်င္းေတြကိုၾကည့္ၿပီး သူဟန္နီ႕ကိုလြမ္းလာခဲ့သည္ ။
ကေလးသိပ္ခ်စ္တတ္တဲ့ ဟန္နီက ဒီကေလးမေလးကို ျမင္ရင္ ခ်ီထားဦးမွာ မလႊတ္တမ္းေလ ..။
" Jaeminnieရွိရင္ ေကာင္းမွာပဲ "
တိတ္တိတ္ကေလး ေရ႐ြတ္မိတာကို သူ႕သူငယ္ခ်င္းေတြက ၾကားပါ့မလား သူမသိ ။
ဟန္နီ႕အေၾကာင္း မေျပာရင္က ပိုေကာင္းမလားေလ ..။
" Baby "
" မာမီ "
Aliceက အခန္းထဲ ၀င်လာတော့ Hyuckkieေပါင္ေပၚကေန Aliceဆီကို Violetက ေျပးသြားသည္ ။
" Jen သူငယ္ခ်င္းေတြ ေရာက္ေနတာလား "
" အင္း ကိုရီးယားက လာၾကတာတဲ့ .. ဒါက Aliceပါ Violetေမေမေလ "
ဆက္ၿပီး Hyuckkieက တစ္ေယာက္ခ်င္းစီ မိတ္ဆက္ေပးေနေတာ့ သူက ထိုင္ၿပီးပဲ ၾကည့္ေနလိုက္သည္ ။
ခဏေနေတာ့ သူ႕သူငယ္ခ်င္းေတြက ျပန္ဖို႔ျပင္ၾကၿပီ ။
" မင္းတို႔ ပစၥည္းေတြက ဘယ္မွာထားခဲ့လဲ "
" Hyuckအိမ္ .. အဲ .. ငါတို႔ေရာက္ေရာက္ခ်င္း သူက လိပ္စာေျပာျပတာနဲ႕ သြားထားလိုက္တာ "
" အာ .. ဂ႐ုစိုက္ျပန္ၾက "
" မင္းလည္း ေနေကာင္းေအာင္ေနဦး ..
မနက္ျဖန္ ျပန္လာခဲ့မယ္ "
" Hyung Bye byeee "
ကေလးေတြနဲ႕ Renjunက ျပန္ဖို႔ ျပင္ၾကေတာ့ သူက ႏႈတ္ဆက္ၿပီး ျပန္အိပ္ေတာ့သည္ ။
...............................
ထပ္ၿပီး အဲ့ဒီလိုအိပ္မက္ ။
မီးေရာင္ မွိန္ပ်ပ်ေတြၾကားမွာ ဟန္နီက လမ္းေလွ်ာက္ေနသည္ ။
သူက ထိုင္ခုံေပၚက ထမရ ။
တျဖည္းျဖည္း သူ႕ကိုေက်ာ္သြားသည့္ ဟန္နီ႕ေျခလွမ္းေတြ ..
" ဟန္နီ .. "
" Jaem .. "
" Jaemin ah ! "
သူဘယ္ေလာက္ အာေခါင္ျခစ္ၿပီး ေအာ္ေနပါေစ အသံထြက္မလာခဲ့ပါ ။
ဟန္နီ႕က သူ႕ကို တစ္ခ်က္ေလး လွည့္ၾကည့္ၿပီး ၿပဳံးျပရင္း ဆက္လမ္းေလွ်ာက္သြားသည္ ။
တစ္စိတ္ .. ဟိုေရွ႕မွာ ေခ်ာက္အနက္ႀကီး ။
ေအာက္ကို မၾကည့္ဘဲ လမ္းေလွ်ာက္ေနသည့္ ဟန္နီက ျပဳတ္က်ေတာ့မွာ .. ဟန္နီ ျပဳတ္က်ေတာ့မွာ ။
" Na Jaemin .. မင္း ဆက္မသြားနဲ႕ !!!!! "
႐ုတ္တရက္ နိုးလာေတာ့ တစ္ကိုယ္လုံးမွာ ေခြၽးေတြ ။
ဒါဘယ္လို အိပ္မက္ႀကီးလဲ .. ဘယ္လိုအိပ္မက္ႀကီးမ်ိဳးလဲ ..။
" ဟန္နီ "
တိတ္တိတ္ကေလး ေခၚၾကည့္ေတာ့ အသံက အခုမွ ထြက္လာသည္ ။ ေခါင္းကိုခါလိုက္ရင္း ေရေသာက္မလို႔ ၾကည့္ေတာ့ ေရဘူးက နီးနီးနားနားမွာမရွိ ။
တံခါးနားမွာေတာ့ Hyuckkieေရသန႔္ဘူးေတြ စီထားတာရွိသည္မို႔ ထယူဖို႔ပဲ ျပင္ရေတာ့သည္ ။
သူ႕အခန္းတံခါးက ေသခ်ာ စိေအာင္ မပိတ္ထား ..
ေရသန႔္ဘူး ယူၿပီး ဖန္ခြက္ထဲ ေရထည့္ေတာ့ Hyuckkieနဲ႕ Renjunစကားေျပာေနသံ ၾကားရသည္မို႔ ေထာင့္နားတိုးၿပီး နားစြင့္လိုက္မိသည္ ။
" Jaeminnie ဘယ္လိုေနလဲ "
" ဒီအတိုင္းပဲ .. "
ဟန္နီက ဘာျဖစ္လို႔မ်ားလဲ ..။
" အခုထိပဲလား "
" သတိမရေသးဘူးကြာ .. Jisungက ညက ငိုတယ္ ။
ဒီလိုနဲ႕ သတိျပန္မရေတာ့ရင္ ဘယ္လိုလုပ္မလဲတဲ့ "
" ငါ အဲ့လို အျဖစ္မခံပါဘူး .. ငါ သူတို႔ႏွစ္ေယာက္ထဲက ဘယ္သူ႕ကိုမွ လက္လႊတ္မွာမဟုတ္ဘူး "
" Jaeminက ပုံမွန္ဂဏန္းေတြမွာ မရွိဘူး ။ ႏွလုံးခုန္ႏႈန္းေရာ ေသြးေပါင္ေရာက တက္လိုက္က်လိဳက္နဲ႕ .. ငါစိတ္ညစ္တယ္ Hyuckရယ္ "
" .... "
ဟန္နီက ဘာေတြ ျဖစ္ေနတာမ်ားလဲ ။
ဟန္နီက ဘာေနမေကာင္းျဖစ္တာလဲ ။
" Chenleနဲ႕ Jisungက Jaeminအခန္းထဲမွာပဲလား "
" အင္း .. emergency ထဲမွာ "
Emergency ??
Chenle ? Jisung ?
သူ႕အေတြးေတြ ရႈပ္လာတယ္ ။
Chenleနဲ႕ Jisungက မျပန္ရေသးဘူးေလ ..။
အဲ့တာဆို ဟန္နီက ဒီမွာလား ?
" Jenoကို ငါတို႔ ဘယ္လိုေျပာရမလဲ မသိဘူး ..
မေျပာျပတာ ေကာင္းမယ္ ဆိုေပမယ့္ Jaeminက မေျပာျပဖို႔ ေျပာခဲ့တယ္ ဆိုေပမယ့္ .. သူ႕ကို အစားထိုးေပးထားတဲ့ အသည္းတစ္၀က္က Jaeminရဲ႕ဟာဆိုတာ သူသိရင္ ႐ူးသြားေလာက္တယ္ Renjunရယ္ .. "
သူ႕လက္ထဲက ဖန္ခြက္က ၾကမ္းခင္းေပၚကို ျပဳတ္က်ၿပီး ကြဲသြားတယ္ .. အစိတ္စိတ္အမႊာမႊာ ..။
" Jeno !!! "
Hyuckနဲ႕ Renjunက ဖန္ကြဲစေတြကိုေရွာင္ရင္း သူ႕ဆီကို ေျပးလာၾကတယ္ ။
" Jeno .. "
" Hyuck မင္းခုနက ေျပာတာ မဟုတ္ဘူးမလား ..
မင္းခုနက ငါ့ကို ညာေနတာမလား "
" Jen .. ငါတို႔ .. "
" ငါတို႔ ေတာင္းပန္ပါတယ္ Jeno .. Jaeminက မေျပာခိုင္းလို႔ပါ "
ဘာလို႔လဲ .. ဒီကမၻာေပၚမွာ အဲ့ေလာက္ လူေတြ အမ်ားႀကီးရွိတဲ့ထဲကမွ ဘာလို႔လဲ ။
ခက္ခဲတယ္ဆို .. ကိုက္ညီတဲ့ အသည္းရွိမွ အစားထိုးလို႔ရမွာဆို ..
တစ္ခ်ိန္လုံးရွာေနခဲ့တဲ့ အဲ့ဒီဟာက ဘာလို႔ ဟန္နီ႕ဆီမွာမွ ကိုက္ညီေနခဲ့တာလဲ ..
ၿပီးေတာ့ ဘာလို႔ ဟန္နီက အစားထိုးေပးခဲ့တာလဲ ..
" ငါ့ကို လိုက္ပို႔ !! ငါ့ကို Jaeminဆီ လိုက္ပို႔ !! "
" Jeno .. "
" Alice .. Alice .. ငါ့ကို သူ႕ဆီ လိုက္ပို႔ေပးပါ .. "
အခန္းတံခါးကို ဖြင့္၀င္လာတဲ့ Aliceကို သူသြားေျပာမိတယ္ ။ ၾကည့္ရတာ သူ႕သူငယ္ခ်င္းႏွစ္ေယာက္က သူ႕ကို ဟန္နီ႕ဆီ မပို႔ခ်င္တဲ့ပုံပဲ ။
" Jen .. "
" သူက ငါ့အတြက္ တစ္ဦးတည္းေသာသူ မို႔လို႔ပါ ..
ေက်းဇူးျပဳၿပီး ငါက သူ႕မ်က္ႏွာေလးေတာ့ ျမင္ရမွာမို႔လို႔ပါ ..
ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ Aliceရယ္ Please .. "
" Hyuck "
" သြားၾကတာေပါ့ .. ငါတို႔ Jaeminဆီ မင္းကိုပို႔ေပးမယ္ ။
သြားၾကတာေပါ့ "
သူ႕ မ်က္ရည္ေတြကို သုတ္ရင္း Hyuckက သူ႕လက္ကို လာဆြဲတယ္ ။
ဗိုက္က ခြဲရာေၾကာင့္ ေျပးသြားလို႔ မရတာကို သူမုန္းမိေတာ့တာပဲ ။ တစ္လွမ္းခ်င္း လွမ္းေနရတဲ့ ေျခလွမ္းေတြက ေလးေနလိုက္တာ သိပ္ကို ..။
ဟန္နီရွိေနတယ္ဆိုတဲ့ အခန္းတံခါးကို ဖြင့္ေတာ့ သူ႕ကိုျမင္လိုက္တဲ့ Ben , Mark Hyung , Chenleနဲ႕ Jisungက အံ့ဩသြားၾကသည္ ။ ၿပီးေတာ့ သူတို႔က အေနာက္ကို ဆုတ္လာၾကရင္း Jenoဖို႔ ေနရာျပင္ေပးၾကသည္ ။
Benကလည္း ဒီထဲမွာ ရွိေနခဲ့တာပဲ ။
အကုန္လုံးက သိၿပီးသားလူေတြ ျဖစ္ၿပီး သူ႕ကိုအဲ့ဒီလို ညာခဲ့ၾကတယ္ ။
Jenoကို Jaeminေမ့ေမ်ာေနတဲ့ ကုတင္ရဲ႕ေဘးမွာ ေနရာခ်ၿပီး က်န္တဲ့သူေတြ အကုန္လုံးက ထြက္သြားေပးၾကသည္ ။
ေမ့ေမ်ာေနတဲ့ အဲ့ဒီေကာင္ေလးက သူနဲ႕ ေနာက္ဆုံးစကားေျပာခဲ့တာ လြန္ခဲ့တဲ့ ေလးလေက်ာ္က ။
သူ႕ကို မ်က္ႏွာခ်င္းဆိုင္ရင္း ႏႈတ္ဆိတ္ေနခဲ့တုန္းကအတိုင္း ..။
ပိန္က်သြားတဲ့ မ်က္ႏွာေလး ..
သူအျမတ္တနိုး ဖမ္းကိုင္ခ်င္ခဲ့ဖူးတဲ့ လက္ေခ်ာင္းလွလွေလးေတြ ။
ဘယ္ဘက္လက္က ေစ့စပ္လက္စြပ္မရွိေတာ့ဘူး ..
အၿမဲတမ္း ဖုံးထားတဲ့ Hoodieအနက္ မဟုတ္ေတာ့ ေဆး႐ုံ၀တ္စုံကေန ျမင္ေနရတဲ့ လည္တိုင္ ေက်ာ့ရွင္းရွင္းေပၚမွာ သူနဲ႕ဆင္တူ လက္စြပ္ကေလးကို လည္ဆြဲေလးနဲ႕ ဆြဲထားလို႔ ။
" Jaeminnie .. "
လက္ေခ်ာင္းေလးေတြကို ဆုပ္ကိုင္ေတာ့ အရင္ကလို မ႐ုန္းတာ ဘာေၾကာင့္ပါလိမ့္ ။
" Jaemin ah .. "
ေမ့ေမ်ာေနတဲ့ မ်က္ႏွာႏုႏုဟာ သူ႕ကိုအႏွောင့္အယွက္ေပးလို႔ ဆိုၿပီး ဘယ္အခ်ိန္ သူ႕ကို ထေငါက္ဦးမွာ ။
" ငါ့ကို အဲ့ဒီလို မေနာက္ပါနဲ႕ .. ထပါ .. "
" ထပါေတာ့ ဟန္နီရယ္ .. အဲ့လို မလုပ္ပါနဲ႕ "
မ်က္ရည္ေတြ က်လာတာကို မသုတ္မိဘူး ။
အဲ့ဒီအစား ပိုၿပီး ငိုပစ္မိလိုက္တယ္ ။
" ဘာလို႔လဲ .. ဘာလို႔ ငါ့ကို ဒီလို .. "
" မဟုတ္ဘူးေလ ဟန္နီရယ္ ..
ေပ်ာ္ေနပါလို႔ ငါေျပာခဲ့တာကို မင္းက ဘာလို႔ "
႐ုပ္ရွင္ေတြထဲကလို သူငိုေနတဲ့အခ်ိန္မွာ လက္ကေလး လႈပ္လာမလား .. ဖမ္းဆုပ္ကိုင္ထားတဲ့ လက္ကေလးကို သူက သတိထားေနမိတာ ။
" ငါ့ကို ဒီလို မလုပ္ဘဲနဲ႕ေလ .. ထၿပီး ဒီလက္ကို ႐ုန္းလိုက္တာပဲျဖစ္ျဖစ္ ။ ထပ္ၿပီး ငါ့ကို မင္းအနားက ထြက္သြားဖို႔ ႏွင္ထုတ္တာပဲျဖစ္ျဖစ္ လုပ္ပါေတာ့လား .. "
" ငါအသက္ဆက္ရွင္ဖို႔ လႉခဲ့တဲ့သူက မင္းဆိုတာ ..
ငါဘယ္လိုလုပ္ရမလဲ ဟန္နီရယ္ ငါဘယ္လို လုပ္ရပါ့မလဲ .."
ပိတ္ထားတဲ့ တံခါးက ပြင့္လာၿပီး Hyuckkieက ၀င်လာသည် ။
" လိမ္ခဲ့တာ ေတာင္းပန္ပါတယ္ Jen ..
Jaeminက မေျပာဖို႔ ေျပာခဲ့လို႔ .. "
" မဂၤလာပြဲက .. ျဖစ္ခဲ့တယ္ဆို "
" ဟင့္အင္း .. မင္း အသည္းအသန္ ျဖစ္ေနတဲ့ရက္က Renjunကို သူတို႔သိသင့္ၿပီဆိုၿပီး ငါေၾကာက္ၿပီး ဖုန္းဆက္ခဲ့တာ ။ အဲ့ဒီမွာ Jaeminကလည္း ရွိေနခဲ့ၿပီး သူတို႔သိသြားခဲ့ၾကတယ္ ။
အခ်ိန္အတိုင္းအတာ ကြာတာေတြကို သတိမထားမိခဲ့ေတာ့ ငါဖုန္းဆက္လိုက္တဲ့အခ်ိန္ သူတို႔က မဂၤလာပြဲအတြက္ ျပင္ေနၾကၿပီတဲ့ ။ Jaeminက မဂၤလာေဆာင္ကေန ထြက္လာခဲ့တာ ။ ပြဲပ်က္သြားတယ္ "
" ...... "
" ၿပီးေတာ့ သူတို႔ ဒီကိုေရာက္တယ္ ။ ေလးေယာက္စလုံးက စစ္ၾကည့္ခဲ့ေပမယ့္ ငါနဲ႕ Mark Hyungလို က်န္တဲ့သုံးေယာက္က မကိုက္ညီခဲ့ေပမယ့္ Jaeminကေတာ့ မင္းရဲ႕အသည္းနဲ႕ ကိုက္ညီတဲ့သူ ျဖစ္ခဲ့တယ္ ။ သူက ေနာက္မတြန႔္ခဲ့ဘူး .. အလႉရွင္ေနရာကို သူကလက္ခံခဲ့တယ္ ။ ဒါေပမယ့္ ငါတို႔ကိုေတာ့ မင္းကို မေျပာဖို႔ ေတာင္းဆိုခဲ့တယ္ "
" ....... "
အသံမထြက္ဘဲ ဟန္နီ႕မ်က္ႏွာကို ၾကည့္ရင္း မ်က္ရည္ေတြက်ေနတဲ့သူ႕ကို Hyuckက ပခုံးေလး ခပ္ဖြဖြပုတ္ေပး႐ုံသာ တတ္နိုင္ခဲ့သည္ ။
" ဒါကိုေျပာလို႔ ေကာင္းပါ့မလား မသိေပမယ့္ သူက မင္းနဲ႕ သူနဲ႕ရဲ႕ အေၾကာင္းေတြ ငါတို႔ကို ေျပာခဲ့ေသးတယ္ ။
မင္းက ဒီကိစၥကို သိသြားရင္ ပင္ပန္းလိမ့္မယ္ ၊ မင္းငိုလိမ့္မယ္တဲ့ ။ ဆရာ၀န္က မင္းေရာ သူေရာ 50/50ပဲလို႔ ေျပာတာကိုေတာင္ မင္းကိုေတာ့ ေသခ်ာေပါက္ အသက္ရွင္ေအာင္ လုပ္ေပးဖို႔ ေျပာခဲ့တာ သူက .. "
" ငါဘယ္လို လုပ္ရမလဲ Hyuck ရယ္ ..
သူမရွိလည္း ေနနိုင္တယ္ ထင္ခဲ့ေပမယ့္ ငါသူ႕ကို ခ်စ္လို႔ ႐ူးလိမ့္မယ္ ။ ဒါေတြအကုန္လုံး သိၿပီး ငါဘယ္လိုစိတ္နဲ႕ ေနရပါ့မလဲ .. သူသာတစ္ခုခုျဖစ္ရင္ ငါဘယ္လို အသက္ဆက္ရွင္ရပါ့မလဲ "
Hyuckကို လွည့္ၿပီးဖက္ရင္း သူငိုေနမိသည္ ။
ဟန္နီကေလ .. ဟန္နီက အဲ့ဒီလို ျပင္ဆင္ခဲ့တာဆိုတဲ့အေၾကာင္း ၾကားရေတာ့ ရင္က ပိုနာသည္ ။
" အခုက ဘာမွ သူ႕မွာေရာဂါအခံရွိလို႔ မဟုတ္ဘူး ။ ဒီအတိုင္း ခြဲစိတ္မႈအၿပီး shockရသြားတာပဲလို႔ ေျပာေပမယ့္ ကိုမာ၀င္သြားနိုင္တယ္တဲ့ .. "
" .... "
" ၿပီးေတာ့ .. "
သူ႕ကို ဖက္ထားတဲ့ လက္ေတြကို လႊတ္ခ်ၿပီး ေဆး႐ုံဗီရို အံဆြဲထဲကေန Hyuckက ထုတ္ရင္း ကမ္းေပးလာသည္က စာအုပ္ကေလးတစ္အုပ္နဲ႕ လက္ကိုင္ပုဝါေလးတစ္ထည္ ။
သိုးေမြးထည္ေလးနဲ႕ ေသခ်ာ ထိုးထားတဲ့ လက္ကိုင္ပုဝါအျဖဴေလးက အဝါေရာင္ အနားကြပ္ေလးေတြနဲ႕ ။
လက္ကိုင္ ပုဝါေပၚ ကပ္ထားတဲ့ စာကေလးက သူ႕ကို ပိုၿပီး ငိုေအာင္လုပ္ေတာ့တာပဲ ။
" အဝါေရာင္က ေပ်ာ္႐ႊင္ျခင္းကို ကိုယ္စားျပဳတာ ဆိုၿပီး မင္းေျပာဖူးတာမွတ္မိတယ္ ။ ငါကလည္း မင္းကို အၿမဲတမ္းေပ်ာ္ေအာင္ေနပါလို႔ ေျပာခ်င္လို႔ .. "
" ဒီဟာ သူကိုယ္တိုင္ ထိုးထားခဲ့တာ ..
ေနာက္ထပ္ ရွိေသးေပမယ့္ အိမ္မွာ ျဖစ္ေနလို႔ ။
သူမင္းကို ေပးခိုင္းခဲ့တာေတြ က်န္ေသးတယ္ "
တကယ္ပဲ ဘယ္လိုအေျခအေနေတြအထိ ေတြးၿပီး ထားခဲ့တာမ်ားလဲ ။
" ေနာက္ဆုံးျဖစ္မလားမသိလို႔ ငါေတာင္းပန္ပါတယ္ Jen .."
ဟန္နီေပးခဲ့သည္ဆိုသည့္ စာအုပ္ရဲ႕ ပထမဆုံးစာမ်က္ႏွာကို လွန္႐ုံေလးနဲ႕ Jenoျပန္ပိတ္လိုက္ရသည္ ။
// မင္းဆီပို႔မယ္ေတြးထားတဲ့ ငါ့စာေတြက
မင္းဆီ မေရာက္ခဲ့ရဘဲ
ငါတစ္ခါမွမေမွ်ာ္လင့္ခဲ့ရတဲ့
မင္းဆီကစာေတြက ငါ့ဆီေရာက္လာခဲ့တယ္ //
ဟင့္အင္း သူ ဒါကိုဖတ္ခ်င္တာ မဟုတ္ဘူး ..
သူက သူ႕ေရွ႕က ေမ့ေမ်ာေနတဲ့ ေကာင္ကေလးရဲ႕ ရွင္းျပခ်က္ေတြကိုပဲ နားေထာင္ခ်င္ခဲ့တာ ။
သူတို႔အတူတူရွိေနရဖို႔ ဘယ္ေလာက္ထိေဝးၾကရဦးမွာလဲ ..
ၿပီးေတာ့ အတူတူေပ်ာ္ေနနိုင္ရဖို႔ ဘယ္ေလာက္ထိေအာင္ သူတို႔ေတြ ေၾကကြဲၾကရဦးမွာတဲ့လဲ ..။
" ေက်းဇူးျပဳၿပီး ဟန္နီရယ္ .. ငါ့ဆီျပန္လာခဲ့ေပးပါ ..
ငါဒီလို ေတာင္းပန္ေနတာမို႔ .. ဘယ္ကိုမွ မသြားဘဲ
ငါ့ဆီကိုပဲ ျပန္လာခဲ့ေပးပါ "
.....................................
မင္းနဲ႕အတူတူလို႔ ေတြးထားတဲ့ စိတ္ကူးအိပ္မက္ေတြ
ငါ့မွာ အမ်ားႀကီး ရွိတယ္ ။
ေနာက္ဆုံးတဲ့လား ဟန္နီရယ္ ..
မခ်ည္ႏွောင္နိုင္ခဲ့တဲ့ ႀကိဳးေလး ခ်ည္ခ်င္ေသးတယ္ ။
မေပးခဲ့ဖူးတဲ့ ကတိေတြ ေပးခ်င္ေသးတယ္ ။
ခ်စ္ျခင္းေမတၱာအေၾကာင္း ေျပာရင္း ငါက
မင္းလက္ကို ရဲရဲဆြဲခ်င္ေသးတယ္ ။
မင္း နိုးလာတဲ့အခါက်ရင္ေတာ့
ဒီကမၻာကို မင္းနဲ႕အတူ ဘယ္လိုပတ္ခ်င္တဲ့အေၾကာင္း
မင္းအၿပဳံးေလးကို ၾကည့္ၿပီး ငါေျပာျပဦးမယ္ ။
.....................................
3326 Words ..
Selenophileရဲ႕ေရးခဲ့သမွ် အပိုင္းေတြထဲ အရွည္ဆုံး အပိုင္းပါပဲ