Unicode
အခန်း(၂၈၀) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
ယန်ထျန်းဟန်မှာအချိန်ဘယ်လောက်ကြာမြင့်သွားလဲဆိုတာကိုပင်သတိမပြုလိုက်မိပေ။သူနောက်တစ်ကြိမ်ပြန်ကြည့်လိုက်တဲ့အချိန်မှာမှောင်တောင်မှောင်နေပြီဖြစ်သည်။
လင်ရွှမ်းဇီပြုလုပ်ထားတဲ့အသံကူးပြောင်းခေါင်းလောင်းကတစ်ခါသုံးမှော်ပစ္စည်းမျိုးဖြစ်သည်။အထဲမှာချီစွမ်းအင်သိပ်မပါပဲအကယ်၍အသုံးပြုလိုက်ပြီးပြီဆိုရင်လုံးဝကိုအသုံးမဝင်တော့ဘူးဖြစ်သွားလိမ့်မည်။ထို့ကြောင့်လည်းအသုံးပြုသူအများစုအတွက်ကတော့အရေးကြီးအချိန်မျိုးမှာစာပို့ဖို့လောက်သာအသုံးပြုကြသည်။
မမျှော်လင့်ပဲလင်ရွှမ်းဇီနဲ့ယန်ထျန်းဟန်တို့လက်ထဲမှာတော့အဖိုးတန်လှသည့်ထိုအသံကူးပြောင်းခေါင်းလောင်းကစကားစမည်ပြောတဲ့ကိရိယာအဖြစ်သာအသုံးချခံလိုက်ရသည်။နှစ်နာရီအတောအတွင်းမှာနှစ်ယောက်သားအသံကူးပြောင်းခေါင်းလောင်းလေးလုံးကိုကိုယ်စီကိုယ်စီအသုံးချပြီးသွားပြီဖြစ်၏။အကယ်၍ဒီအကြောင်းကိုသွမ့်ယွီယန်သာသိရင်သေချာပေါက်ဆုံးရှုံးမှုအတွက်ခါးသက်သက်ငိုကြွေးမိလိမ့်မည်။
သိရမည်မှာတစ်ခါသုံးအသံကူးပြောင်းခေါင်းလောင်းတစ်ခုအတွက်ရွှေစငါးစလိုအပ်သည်။အကြိမ်အနည်းငယ်အသုံးပြုနိုင်တဲ့ခေါင်းလောင်းဆိုရင်ဈေးကွက်အတွင်းမှာရွှေစတစ်ရာလောက်နဲ့ပင်ရောင်းချတာဖြစ်၏။
ဒါပေမဲ့လင်ရွှမ်းဇီကတော့လုံးဝကိုစိတ်သောကရောက်မနေပဲယန်ထျန်းဟန်နဲ့သာဆက်ပြီးစကားပြောချင်နေမိသည်။
သူ့အတွက်သာဆိုရင်ငွေကြေးဆိုတာဘာမှမဟုတ်ဘူး;အားဟန်ကပိုပြီးအရေးကြီးတယ်
သို့သော်လည်းယန်ထျန်းဟန်ကတော့အစောကတည်းကအသည်းကွဲနေပြီဖြစ်ပြီးဆက်ပြီးမပြောနိုင်တော့ပေ။ငါးလုံးမြောက်ခေါင်းလောင်းဆီကဝိဉာဏ်ချီများကုန်ခါနီးမှာတော့ယန်ထျန်းဟန်ကအံကိုကြိတ်လိုက်ပြီးလင်ရွှမ်းဇီရဲ့နောက်လာမယ့်စကားများကိုဖြတ်ပြောလိုက်ရသည်။
"အကိုကြီး,ပြီးမှတွေ့ကြရအောင်..အကိုကြီးကျွန်တော့အတွက်ပြင်ဆင်ပေးထားတဲ့အသံကူးပြောင်းခေါင်းလောင်းဆယ်လုံးမှာငါးလုံးသုံးပြီးနေပြီအဲ့ဒါကတကယ့်ကိုဖြုန်းတီးတာပဲ"
လင်ရွှမ်းဇီကသဘောမတူချင်။
"ဒါကဘယ်လိုလုပ်ဖြုန်းတီးတာဖြစ်မလဲ?မင်းအတွက်ဆိုရင်တော့ထိုက်တန်တယ်"
ယန်ထျန်းဟန်ကထငိုသည်။
လင်ရွှမ်းဇီကအလျင်စလိုမေး၏။
"ဘာဖြစ်လို့လဲ?"
ယန်ထျန်းဟန်ကနှစ်ချက်လောက်တစ်ခစ်ခစ်ရယ်ပြီးမှပြန်ဖြေသည်။
"အရမ်းချိုတာပဲ....ကျန်တော်သွားတောင်ကိုက်နေပြီ"
လင်ရွှမ်းဇီသည်လည်းပြုံးသွားရသည်။
"နောက်တစ်ခေါက်တွေ့ကြရင်အကိုကြီးမင်းရဲ့သွားတွေသွားပိုးစားနေပြီလားဆိုတာကိုကောင်းကောင်းစစ်ဆေးမှပါ"
ယန်ထျန်းဟန်ကလင်ရွှမ်းဇီမြင်လားမမြင်လားဆိုတာကိုဂရုမစိုက်ပဲခေါင်းညိတ်ပြလိုက်ပြီးသက်ပြင်းချသည်။
"ကျွန်တော်တကယ်ပဲအကိုကြီးနဲ့စောစောလေးတွေ့ချင်တယ်"
လင်ရွှမ်းဇီသည်လည်းတစ်ယောက်နဲ့တစ်ယောက်တစ်ရက်လောက်မတွေ့ရတာတောင်စိတ်အားထက်သန်နေသလိုခံစားရတာကြောင့်အသံတိုးတိုးဖြင့်သက်ပြင်းချလိုက်ပြီးရုတ်တရက်တွေးလိုက်မိသည်။
"ငါမင်းကိုအခုလာရှာရင်ရော?"
"မလုပ်နဲ့!" ယန်ထျန်းဟန်ကသူ့ကိုအလျင်စလိုရပ်တန့်စေသည်
"နစ်မြှုပ်ဓားတောင်ထွတ်ကနေကျိုးပျက်ဓားတောင်ထွတ်ဆီထိဆိုရင်ခရီးစဉ်ကအဝေးကြီး,အဲ့ဒီမြူခိုးထူထူကြီးတွေကလည်းချိုးဖြတ်ဝင်ဖို့မလွယ်ဘူး...အဲ့ဒါအပြင်အကိုကြီးအဲ့ဒီလေပြင်းတောင်စွန်းနဲ့လိုက်လျောညီထွေဖြစ်လာတာကအခုမှစတာ...အကိုကြီးအရမ်းပင်ပန်းနေလိမ့်မယ်အဲ့ဒါကြောင့်စောစောအနားယူသင့်တယ်...ကျွန်တော်တို့ဒီကပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကျဖြစ်သွားပြီဆိုတော့မှထပ်တွေ့ကြလဲနောက်မကျသေးပါဘူး"
ယန်ထျန်းဟန်ရဲ့အစီစဉ်ကျတဲ့စကားများကိုနားထောင်ပြီးလင်ရွှမ်းဇီသည်စိတ်ထဲမှာပင်တွေးမိသည်။
အားဟန်ရဲ့အတွေးတွေကအတော်လေးရင့်ကျက်လာပြီပဲ
ယန်ထျန်းဟန်ကအလွန်အကျိုးကြောင်းသင့်လှသည့်အချက်များကိုထောက်ပြသွားခြင်းပင်။
ပထမအချက်အနေနဲ့,လင်ရွှမ်းဇီအခုလက်ညှိုးလေးတစ်ချောင်းလှုပ်ဖို့တောင်ပင်ပန်းနေသည်။သူ့ဝိဉာဏ်ချီစွမ်းအင်တွေဘယ်နှစ်ကြိမ်လောက်ကုန်ဆုံးသွားခဲ့လဲတောင်မသိတော့ပဲအခုကအားနည်းနေတဲ့အချိန်ဖြစ်နေသည်။ဒုတိယအချက်အနေနဲ့,သူတို့နှစ်ယောက်လုံးကအခုမှသူတို့ဆရာများဆီကစတင်သင်ကြားနေကြခြင်းပင်။သေချာတာကတော့သူတို့ကျင့်ကြံခြင်းမှာပိုပြီးအာရုံစိုက်ထားကြသင့်သည်။ဘယ်လိုများတစ်ခြားနေရာကိုလျှောက်သွားနေဖို့စဉ်းစားလို့ရမှာလဲ?
မဟာအကြီးအကဲလန်ယွဲ့ကတော့အဆင်ပြေပေမယ့်မဟာအကြီးအကဲဟွိုင်ယွီကဘယ်လိုဆရာမျိုးလဲဆိုတာကိုသူမသိဘူးလေ။
ဒါ့အပြင်နှစ်ခုလုံးကနက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့ပင်မတောင်များထဲမှာပါဝင်သည်ဆိုသော်ငြားအရေးတကြီးသိသင့်သည်ကဂိုဏ်းတစ်ခုလုံးကိုတောင်ပေါင်း(100,000)နဲ့ဖွဲ့စည်းထားပြီးအရှေ့ဘက်တိုက်မကြီးကတိုင်းပြည်တစ်ချိုု့ထက်ပင်ကြီးမားသေးသည်။နစ်မြှုပ်ဓားတောင်ထွတ်နဲ့ကျိုးပျက်ဓားတောင်ထွတ်တို့ကရိုးရိုးရှင်းရှင်းတစ်နာရီလောက်ဓားလေးစီးသွားတာနဲ့အဲ့ဒီကိုရောက်သွားနိုင်တာမဟုတ်တာကြောင့်ရိုးရိုးလေးပြောရရင်တော့ကျော်ဖြတ်ဖို့မလွယ်ကူလှလေဘူး
အမျိုးမျိုးဆင်ခြင်သုံးသပ်ပြီးနောက်မှာတော့လင်ရွှမ်းဇီသည်သူလုပ်ချင်တာကိုမလုပ်ရတော့တာသေချာနေသည်ပင်။သူဘာလို့အဲ့ဒီလိုပြောခဲ့လဲဆိုတာကတော့အဲ့ဒါကခံစားချက်ကြောင့်ပဲ..သူလည်းဘာမှမတတ်နိုင်ဘူးလေ။
သူတို့စကားအနည်းငယ်ဆက်ပြောနေကြပြီးနောက်လင်ရွှမ်းဇီရဲ့အသံကူးပြောင်းခေါင်းလောင်းကအကြိမ်အနည်းငယ်အသံပျောက်သွားပြီးနောက်မှာတော့လုံးဝကိုအသုံးမဝင်သည့်ကျောက်တုန်းများအဖြစ်ကူးပြောင်းသွားတော့သည်။
လင်ရွှမ်းဇီကနောက်ခေါင်းလောင်းတစ်ခုကိုကောက်ယူဖို့လွန်ဆွဲနေပြီးမှခဏလောက်စောင့်နေလိုက်သည်။ယန်ထျန်းဟန်ဘက်ကမည်သည့်အသံမှထပ်မပို့လာသည့်အခါမှသာသူ့လက်ကိုပြန်ရုပ်သိမ်းလိုက်ပြီးမျက်လုံမှိတ်ကာအနားယူနေလိုက်တော့လေသည်။
တစ်ခြားတစ်ဖက်မှာတော့ယန်ထျန်းဟန်ကစိတ်ဓာတ်ကျဆင်းစွာဖြင့်သူ့နှာခေါင်းလေးကိုထိလိုက်သည်။ထို့နောက်အိပ်ယာပေါ်မှထကာအဝတ်အစားလဲလှယ်ပြီးအပြင်ဘက်သို့ထွက်သွားသည်။သူဝါးအိမ်လေးကနေအပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက်စိမ်းပုတ်ရောင်ဝတ်စုံနဲ့မဟာအကြီးအကဲဟွိုင်ယွီအားတွေ့လိုက်ရသည်။သူကအိမ်အားထောက်ကန်ရန်သုံးထားသည့်ဝါးတိုင်လေးကိုမှီထားပြီးလက်ပိုက်ကာသူ့ကိုမျက်လုံးမှေးကြည့်နေ၏။
ယန်ထျန်းဟန်ကသူ့လမ်းကြောင်းကိုရပ်တန့်လိုက်ပြီးထိုနေရာကိုလျှောက်သွားလိုက်သည်။
"ဆရာ"
မဟာအကြီးအကဲဟွိုင်ယွီ၏ဆံပင်များကသူ့ပုခုံးပေါ်မှာလျော့တိလျော့ရဲရှိနေဆဲဖြစ်တာကြောင့်သူ့ပုံစံကဘာမထီသောဟန်နှင့်ကန့်သတ်ချုပ်ချယ်မှုမရှိသည့်ပုံစံမျိုးဖြစ်နေကာသူ့နှုတ်ခမ်းများကိုကွေးညွှတ်လိုက်ရင်းဖြင့်ယန်ထျန်းဟန်ကိုငုံ့ကြည့်နေသည်။
"မင်းရဲ့အကိုကြီးနဲ့စကားပြောလို့ပြီးသွားပြီလား?"
ယန်ထျန်းဟန်ကပြန်ဖြေသည်။
"ကျွန်တော်ပြီးသွားပါပြီ"
"မင်းဘာကိုသုံးတာလဲပြစမ်းပါဦး"
ယန်ထျန်းဟန်ကသူ့သိုလှောင်အိတ်ထဲမှအသံကူးပြောင်းခေါင်းလောင်းလေးကိုလိမ်လိမ်မာမာနဲ့ထုတ်ယူလိုက်သည်။သူအဲ့ဒါကိုမဟာအကြီးအကဲဟွိုင်ယွီထံပေးဖို့ပြင်လိုက်စဉ်မှာပဲအသံကူးပြောင်းခေါင်းလောင်းလေးကမမြင်ရတဲ့ကြိုးမျှင်တစ်ခုနဲ့ဆွဲယူခံလိုက်ရသလိုမျိုးလေထံသို့ပျံသန်းတက်သွားကာမဟာအကြီးအကဲဟွိုင်ယွီရဲ့လက်ပေါ်သို့တည့်တည့်သက်ဆင်း၏။
သူကအဲ့ဒါကိုအကြိမ်အနည်းငယ်မျှကြည့်ပြီးနောက်အထင်အမြင်သေးဟန်တစ်ချို့ဖြင့်ပြောလေသည်။
"အသေးအဖွဲလှည့်စားမှုတစ်ခုပဲ"
ယန်ထျန်းဟန်ကအဲ့ဒါအရမ်းကိုအသုံးဝင်ပါတယ်လို့ငြင်းဆန်ချင်မိသည်။သို့သော်သူပြောရန်ပြင်လိုက်စဉ်မှာပင်ဟွိုင်ယွီကခေါင်းလောင်းလေးအားသူ့သိုလှောင်လက်စွပ်ထဲကောက်ထည့်လိုက်ပြီးသူ့ကိုဆန့်ကျင်ဘက်ပြောလာသည်။
"ရှိသေးတယ်မှတ်လား,အကုန်လုံးငါ့ကိုပေးထား!ဘယ်သူကမင်းကိုအပြင်ကလူတွေနဲ့အဆက်အသွယ်လုပ်ခွင့်ပေးလို့လဲ?စည်းမျဉ်းစည်းကမ်းကိုမလိုက်နာတဲ့သူတွေအတွက်သင်ကြားပြသပေးဖို့လိုအပ်နေတာပဲ"
ယန်ထျန်းဟန်, "..."
ခါးသက်သက်မျက်နှာဖြင့်ပင်ယန်ထျန်းဟန်ကသူ့သိုလှောင်အိတ်လေးကိုဆုပ်ထားပြီးစိတ်ပျက်အားငယ်စွာအော်လေသည်။
"ဆရာ,ကျွန်တော့မှာနှစ်ခုပဲကျန်တော့တာ...ကျွန်တော့အကိုကြီးကိုပြောဖို့လိုသေးတယ်...အကယ်၍ကျွန်တော့အကိုကြီးသာကျွန်တော့ကိုဆက်သွယ်လို့မရဘူးဆိုရင်သူအရမ်းစိတ်ပူနေလိမ့်မယ်"
မဟာအကြီးအကဲဟွိုင်ယွီကအထူးတလှယ်ကိုအရှက်ကင်းမဲ့စွာဖြင့်ပြန်ပြောသည်။
"တပည့်တစ်ယောက်အနေနဲ့ဘယ်လိုများမင်းမှာရိုသေလေးစားမှုမရှိရတာလဲ?စည်းမျဉ်းစည်းကမ်းအရဆိုရင်ငါ့တံခါးအောက်ရောက်တာနဲ့ငါကမင်းအတွက်အစားအစာ၊အဝတ်အထည်၊နေထိုင်စားသောက်စရိတ်တွေပြီးတော့မင်းကိုသင်ကြားပြသပေးဖို့အတွက်ကိုပါအင်အားစိုက်ထုတ်ရမှာ...အဲ့ဒီအတွက်မင်းသင်တန်းကြေးပေးဖို့လိုအပ်တာပေါ့...အခု,အကယ်၍မင်းမှာမင်းဆရာကိုပေးစရာငွေကြေးမရှိဘူးဆိုရင်ဒီလိုကျိုးပဲ့နေတဲ့ခေါင်းလောင်းလေးတွေနဲ့ပဲဖြစ်ဖြစ်ရိုသေလေးစားမှုပြရမှာပေါ့..အဲ့ဒါလေးတောင်မလုပ်ချင်ဘူးလား?"
မဟာအကြီးအကဲဟွိုင်ယွီရဲ့စကားများကိုနားထောင်ပြီးနောက်ယန်ထျန်းဟန်သည်ဒေါသထွက်လွန်းလို့အော်ဟစ်ပြီးတောင်ငိုကြွေးလိုက်ချင်မိသည်။ဒါပေမဲ့လည်းအခုဆရာဖြစ်သူကဒီလိုပြောနေပြီဆိုမှတော့သူ့အနာဂတ်ဘဝလေးပိုပြီးလွယ်ကူသွားစေရန်အတွက်ယန်ထျန်းဟန်သည်ရွေးချယ်စရာမရှိတော့ပဲကျန်တဲ့ခေါင်းလောင်းလေးနှစ်ခုအားအလွန်အမင်းနာကျင်စွာဖြင့်ပင်သူ့ရဲ့ဈေးပေါတဲ့ဆရာကိုဆက်သလိုက်ရသည်။
ယန်ထျန်းဟန်မှာအလွန်ခါးသက်စွာဖြင့်အနိုင်ကျင့်ခံလိုက်ရသလိုမျိုးခံစားရသည်။တစ်ခြားသူတွေရဲ့ဆရာတွေကသူတို့တပည့်တွေကိုလက်ဆောင်တွေပေးကြပေမယ့်သူ့ဆရာကတော့သူ့ကိုတစ်စုံတစ်ခုပေးရမယ့်အစားသူ့တပည့်ဆီကရိုသေလေးစားမှုလက်ဆောင်ကိုပါလိုချင်နေသေးသည်လေ။
ဒါပေမဲ့လည်းကျန်တဲ့နှစ်ခုရှိသေးတာကိုထုတ်မပြောဖို့အတွက်သူအလျင်အမြန်တွေးတတ်သွားလို့တော်သေးတာပေါ့..လက်ထဲကျန်တာလေးနဲ့သူ့ကိုကြီးကိုလျို့ဝှက်စကားတစ်ခွန်းနှစ်ခွန်းလောက်ပြောလို့ရသေးတယ်...
ခေါင်းလောင်းသုံးလုံးကိုလက်ခံရပြီးနောက်ဟွိုင်ယွီကစိတ်ကျေနပ်ပျော်ရွှင်သွားသည်။
"ကောင်းပြီ,ငါဒါတွေကိုအရင်ဆုံးစမ်းသပ်ကြည့်လိုက်ဦးမယ်..အကယ်၍ငါသုံးလို့ရတယ်ဆိုရင်လင်ရွှမ်းဇီကိုမင်းဆီလာလည်ဖို့ခွင့်ပြုပေးမယ်"
ယန်ထျန်းဟန်ကရုတ်တရက်ခေါင်းလေးမော့၍မျက်လုံးလေးများတစ်လက်လက်တောက်ပကာသူ့ဆရာကိုကြည့်လိုက်ပြီးစိတ်အားထက်သန်စွာပြောလိုက်သည်။
"ဒီခေါင်းလောင်းလေးတွေကတကယ့်ကိုကောင်းမွန်ပြီးအသုံးဝင်ပါတယ်..အဲ့ဒါကဟိုးအဝေးကလူတွေဆီထိအသံရောက်နိုင်ပြီးစကားတွေလည်းအများကြီးပြောလို့ရတယ်!"
မဟာအကြီးအကဲဟွိုင်ယွီကပြန်ပြောသည်။
"ဘာကိုအလျင်လိုနေတာလဲ?ငါ့ဘာသာငါဆုံးဖြတ်မယ်..ပြီးတော့ငါကြားတာမင်းရဲ့အကိုကြီးကအခုလက်မှုပညာရှင်ဖြစ်နေပြီဆို...သူကတော်တော်လေးကောင်းလား?"
ယန်ထျန်းဟန်ကခေါင်းညိတ်ပြပြီးဂုဏ်ယူဝံ့ကြွားစွာပြန်ပြောသည်။
"သေချာတာပေါ့,ကျွန်တော့အကိုကြီးကအကောင်းဆုံးပဲ"
"ကောင်းပြီ" မဟာအကြီးအကဲဟွိုင်ယွီကခေါင်းညိတ်သည်။
"သူနောက်တစ်ခေါက်လာလည်ရင်ငါ့အတွက်လက်ဆောင်တစ်ချို့ယူလာခိုင်းဖို့မမေ့နဲ့မင်းအဲ့ဒါကိုလာဘ်ပေးလာဘ်ယူလို့ပြောလည်းရတယ်...ငါမင်းကိုဘယ်လိုသင်မလဲဘယ်လောက်အတိုင်းအတာထိသင်ပေးမလဲဆိုတာကသူ့ရဲ့စိတ်ရင်းမှန်မှုပေါ်မူတည်တယ်"
ယန်ထျန်းဟန်မှာချက်ချင်းပင်ကြောင်အသွားပြီးသူ့ဆရာကိုစိုက်ကြည့်မိသည်။
ဒါကအရမ်းကိုရဲရင့်ပြီးတည့်တိုးမဆန်လွန်းဘူးလား?
သူ့တုန့်ပြန်မှုကိုမြင်သောအခါဟွိုင်ယွီကမျက်လုံးကိုသာလှန်ပြီးခါးသီးစွာရှင်းပြသည်။
"ကောင်လေး,ငါကကြုံသလိုမင်းကိုတပည့်အဖြစ်လက်ခံလိုက်တယ်လို့ထင်နေလား?အကယ်၍ငါ့ရဲ့စီနီယာအကိုကသူ့ပါးစပ်ကိုမဖွင့်ခဲ့ဘူးဆိုရင်ငါမင်းကိုနောက်တစ်ခေါက်တောင်ကြည့်နေမှာမဟုတ်ဘူး...လင်ရွှမ်းဇီအနေနဲ့သွေးနည်းနည်းလောက်တော့ပေးဆပ်ရမှာပေါ့"
ယန်ထျန်းဟန်ပါးစပ်မဖွင့်နိုင်သေးခင်မှာပင်မဟာအကြီးအကဲဟွိုင်ယွီကစကားဆက်သည်။
"အော်...ဒါနဲ့,အခုချိန်ကစပြီးအနောက်ဘက်ကဝိညာဉ်စိုက်ခင်းထဲကပေါင်းပင်တွေကိုနေ့တိုင်းမင်းဂရုစိုက်ပေးရမယ်..အကယ်၍ဝိညာဉ်ပင်တစ်ပင်လောက်ကိုဖျက်ဆီးရဲတယ်ဆိုရင်ဝိညာဉ်ပင်ဆယ်ပင်ကိုပြန်စိုက်ရမယ်...ဒါမှမဟုတ်မင်းအကိုဆီကနေကုန်ကျငွေကိုပြန်တောင်းမယ်...ပြီးတော့အဲ့ဒီကြက်တွေနဲ့ဘဲတွေကိုလည်းမင်းပဲအစာကြွေးရမယ်...မှတ်ထားနော်,တစ်နေ့ကိုအစာအကြိမ်များများကြွေးရမယ်ဒါပေမဲ့ကျွေးတဲ့အကြိမ်တိုင်းပမာဏကိုလျော့ထား,အများကြီးမကျွေးနဲ့..မဟုတ်ရင်သူတို့ဝိညာဉ်ချီတွေအပြည့်အဝသွပ်သလိုဖြစ်ပြီးသေကုန်လိမ့်မယ်...ငါသစ်သီးသစ်ရွက်စိုက်ခင်းတစ်ခုလည်းစိုက်ထားသေးတယ်;ဘာလုပ်ရမလဲမင်းသိမှာပါ...အိုးဟုတ်သားပဲ,ဖရုံနဲ့သစ်သီးပင်တွေကလည်းမင်းတာဝန်ပဲ..နေဦးထပ်စဉ်းစားလိုက်ဦးမယ်....မင်းဟင်းရောချက်နိုင်လား?"
ယန်ထျန်းဟန်ယောင်နနဖြစ်နေဆဲဖြစ်သော်လည်းအလိုလိုခေါင်းခါပြမိဆဲပင်။
"ဟင့်အင်း"
ဟွိုင်ယွီကခေါင်းညိတ်သည်။
"အကယ်၍မလုပ်နိုင်ဘူးဆိုရင်လည်းကိုယ့်ဘာသာကိုလေ့လာဖို့ကြိုးစားကြည့်...တစ်နေ့ကိုသုံးကြိမ်ထမင်းဟင်းချက်ဖို့ကိုမင်းတာဝန်ယူရမယ်...အရသာဆိုးရင်တော့ငါကလူရိုက်တတ်တယ်..ကောင်းပြီ,အခုတော့ဒီလောက်လေးပဲပြောဦးမယ်...မနက်ရောက်ရင်ဝိညာဉ်စိုက်ခင်းကိုဂရုသွားစိုက်လိုက်ဦး"
ဟွိုင်ယွီကအသံကူးပြောင်းခေါင်းလောင်းသုံးလုံးဖြင့်ကစားရင်းသူ့အိမ်ထဲရှိရာသို့ခြေဗလာဖြင့်ပြန်ဝင်သွားကာယန်ထျန်းဟန်တစ်ယောက်တည်းကိုသာလေဟာပြင်ထဲချန်ထားရစ်သည်။
ယန်ထျန်းဟန်ကထိုနေရာမှာအချိန်အတော်ကြာသည်အထိရပ်နေပြီးမှသူ့ကိုသူ့ဆရာကတပည့်အဖြစ်လက်ခံလိုက်ခြင်းသည်ဒီလိုအိမ်မှုကိစ္စတွေလုပ်ဖို့များလားဆိုပြီးနားလည်သွားမိသည်။
ယန်ထျန်းဟန်မှာရုတ်တရက်ရယ်ရမလားငိုရမလားမသိတော့ပေ။ဘယ်လိုပဲဖြစ်ဖြစ်သူကတော့ဟွိုင်ယွီပြောခဲ့တဲ့ဝိညာဉ်စိုက်ခင်းကိုသွားဖို့စီစဉ်ထားလိုက်တော့သည်။
ထိုနေ့သူနိုးလာတဲ့အချိန်မှာအဝေးကိုလျှောက်သွားနေတဲ့ဖုန်ကျင်းယွီကကျားပေါက်လေးနှစ်ကောင်နောက်ကလိုက်ပါလာရင်းဖြင့်ပြန်ရောက်လာသည်။
ဖုန်ကျင်းယွီကယန်ထျန်းဟန်ရဲ့ခေါင်းပေါ်မှာနားလိုက်ပြီးသူ့နှဖူးအားစိတ်လှုပ်ရှားစွာဖြင့်ရိုက်လိုက်ကာခရစ်ခရစ်လုပ်နေသည်။
"မဟာအကြီးအကဲဟွိုင်ယွီကတကယ့်ကိုချမ်းသာကြွယ်ဝတဲ့သူတစ်ယောက်ပဲ!သူ့ကိုမင်းဆရာအဖြစ်လက်ခံလိုက်တာတကယ်တန်တယ်!"
'ချမ်းသာကြွယ်ဝတယ်' ဆိုတဲ့စကားကိုကြားတော့ယန်ထျန်းဟန်သည်ချက်ချင်းသူ့နှတ်ခမ်းကိုကွေးညွှတ်လိုက်ပြီးကဲ့ရီဟန်ဖြင့်ပြောသည်။
"ငါတော့မမြင်ပါဘူး....သူကငါ့ရဲ့အသံကူးပြောင်းခေါင်းလောင်းတွေကိုပါယူသွားတယ်...ဘယ်လိုချမ်းသာတဲ့လူတစ်ယောက်ကအဲဒီလိုလုပ်မှာလဲ?"
"အဲ့ဒီအသံကူးပြောင်းခေါင်းလောင်းလောက်ကိုပေးတာဘယ်လိုသောက်ရေးပါလို့လဲ!" ဖုန်ကျင်းယွီသည်ထိုကောင်စုတ်လေးရဲ့စိတ်ကမြန်မြန်မရင့်ကျက်သေးသည်အားခါးသီးသွားမိသည်။
"သူ့ရဲ့တောင်နောက်ကဝိညာဉ်စိုက်ခင်းကဘယ်လောက်ဧရိယာတောင်ရှိလဲသိရဲ့လား?အနည်းဆုံးတစ်ထောင်ကွ!အဲ့ဒီသဘောတရားကိုနားလည်ရဲ့လား?"
ယန်ထျန်းဟန်သည်လည်းအံ့အားသင့်သွားမိသည်။ဝိညာဉ်စိုက်ခင်းဆိုတာအသီးအနှံစိုက်ခင်းမျိုးမဟုတ်ပေ။အကယ်၍မျိုးနွယ်စုတစ်ခုကဧရိယာရာချီလောက်ရှိတဲဝိညာဉ်စိုက်ခင်းတစ်ခုရှိလျှင်ပင်အတော်လေးအိတ်ဖောင်းသည်ဟုပင်ဆိုလို့ရသည်။
နက်ရှိုင်းကောင်းကင်ဂိုဏ်းမှာဘယ်လောက်ဧရိယာထိရှိလဲသူသိပ်မရှင်းသော်လည်းလင်မိသားစုရဲ့ဝိညာဉ်စိုက်ခင်းမှာအရင်တုန်းကပေါင်းပင်နှုတ်တဲ့သူအဖြစ်အလုပ်လုပ်ဘူးတာကြောင့်လင်မိသားစုထဲမှာဝိညာဉ်စိုက်ခင်းဒါဇင်လောက်သာရှိကြောင်းတော့သူသိထားသည်။
ယန်ထျန်းဟန်သည်ထိုအရေအတွက်တစ်ခုတည်းနဲ့တင်ငိုကြွေးမိလုနီးနီးဖြစ်သွားရသည်။
သေချာပေါက်အဲ့ဒါကသူ့ဆရာဘယ်လောက်တောင်ချမ်းသာလဲဆိုတာသိလို့ငိုတာမဟုတ်ဘူး....မဟာအကြီးအကဲဟွိုင်ယွီကသူ့ကိုဝိညာဉ်စိုက်ခင်းအကုန်လုံးကိုဂရုစိုက်ဖို့ပြောသွားလို့!
အဲ့ဒီမှာဝိညာဉ်ပင်ဘယ်လောက်တောင်ရှိနေလဲ?
ဧကထောင်ချီ!
အဲ့ဒါကလူတွေကိုသေလောက်အောင်ခြောက်လှန့်ဖို့လုံလောက်နေပြီ
ယန်ထျန်းဟန်ရဲ့မျက်လုံးများစတင်၍ဗလာဖြစ်လာပြီးသူ့မျက်နှာကဖြူဖျော့လာကာသူ့တစ်ကိုယ်လုံးပြိုလဲကျလာပြီးချွေးများစတင်ထွက်လာတော့သည်။
သို့သော်ဖုန်ကျင်းယွီကတော့ဘာကိုမှအာရုံမစိုက်ထားပဲစိတ်လှုပ်ရှားစွာဖြင့်စကားဆက်နေ၏။
"ဒါပေမဲ့အဲ့ဒီထောင်ချီတဲ့မြေတွေကအကောင်းဆုံးအစိတ်အပိုင်းမဟုတ်သေးဘူး!ဘယ်အပိုင်းကအကောင်းဆုံးလဲသိလား?အဲ့ဒီဧရိယာထောင်ချီတဲ့မြေကြီးမှာတစ်ဝက်လောက်ကအထက်တန်းအဆင့်နဲ့ထိပ်တန်းအဆင့်ဝိညာဉ်ပင်တွေကြီးပဲ!ဒါကတကယ့်ကိုရတနာမြေပဲ...ဟွိုင်ယွီကတကယ့်ကိုကြီးမားတဲ့လယ်သမားကြီးတစ်ယောက်လို့ပြောလို့ရတယ်...အကယ်၍မင်းသာသူ့နောက်လိုက်မယ်ဆိုရင်မင်းသေချာပေါက်ဆုံးရှုံးမှာမရှိဘူး!"
ရုတ်တရက်ကျယ်လောင်တဲ့အသံတစ်ခုကိုကြားလိုက်ရပြီးလေထဲမှာဖုန်ထသွားသည်။
"အား-အားဟန်,ဘာလို့မေ့လဲသွားရတာလဲ?"
"Ao ao ao!" အားပိုင်ကဟိန်းသံပေးသည်။
"Ao!" ဟူပိုသည်လည်းအသံထွက်လာလေသည်။
ဟွိုင်ယွီအားသူ့ဆရာအဖြစ်အသိအမှတ်ပြုလိုက်တဲ့နှစ်ရက်ထဲနဲ့ယန်ထျန်းဟန်တကယ့်ကိုသေချင်သွားမိသည်။
*****
ရာသီဥတုကသာယာလှပပြီးငှက်ကလေးတွေကတေးဆိုနေတယ်ပန်းမာန်တွေကလည်းရနံ့သင်းပျံ့နေတယ်ဒါပေမဲ့ယန်ထျန်းဟန်ရဲ့အမူအယာကတော့လူသေတစ်ယောက်လိုပဲငိုကြွေးမည်တမ်းနေလေတယ်...
သူကမဟာအကြီးအကဲဟွိုင်ယွီ၏နောက်မှစိတ်လှုပ်ရှားစွာပြေးသွားနေတဲ့ကျားပေါက်လေးနှစ်ကောင်နဲ့အတူဝိညာဉ်စိုက်ခင်းရှိရာကိုသွားနေသည်။
ယန်ထျန်းဟန်ရဲ့မျက်လုံးများကကျားပေါက်လေးနှစ်ကောင်အားမနာလိုအားကျစွာကြည့်နေမိသည်။
ဒီလွတ်လပ်ပေါ့ပါးနေတဲ့အကောင်ပေါက်လေးနှစ်ကောင်ကတကယ့်ကိုဘဝရဲ့အနိုင်ရသူတွေပဲဟုတ်တယ်ဟုတ်?
သို့သော်လည်းယန်ထျန်းဟန်ကဟွိုင်ယွီနဲ့အတူအချိုးအကွေ့ပေါင်းများစွာကိုကျော်ဖြတ်ပြီးနောက်မှာတကယ့်ဝိညာဉ်စိုက်ခင်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့ထိတ်လန့်သွား၏!
တစ်ချက်ကြည့်တာနဲ့တင်ဝိညာဉ်ဆေးပင်များကအဆုံးသတ်မယ့်လက္ခဏာမရှိပဲမိုင်အဝေးကြီးထိတောင်မြင်နေရသည်လေ။ထူးခြားတဲ့ရနံ့များကသူ့နှာခေါင်းဝထိပ်သို့ရောက်ရှိလာသည်။ဝိညာဉ်ပင်လေးများကလေယူရာတိမ်းနေကြပြီးသူ့အားဆေးလုံးလုပ်ပါလုပ်ပါဟုဖိတ်ခေါ်နေသလိုပင်.....
"ဒါ-ဒါကအများကြီးပဲ!" ယန်ထျန်းဟန်ကရေရွတ်လိုက်သည်။
"ဒီမှာဝိညာဉ်ပင်ဘယ်လောက်တောင်ရှိနေတာလဲ?"
မဟာအကြီးအကဲဟွိုင်ယွီကအတော်လေးမာနထောင်လွှားနေဟန်ဖြင့်ပြုံးသည်။
"ဘယ်လောက်လဲ?ငါလည်းမသိဘူးဒါပေမဲ့အခုမင်းပြောမှပဲငါ့စိတ်ဝင်စားမှုကိုနှိုးဆွပေးလိုက်ပြီ...မင်းကိုနောက်ထပ်တာဝန်တစ်ခုထပ်ချပေးရင်ပိုကောင်းလိမ့်မယ်...တစ်နှစ်အတွင်းကျေးဇူးပြုလို့ဒီမှာရှိတဲ့ဝိညာဉ်ပင်အရေအတွက်ကိုရေပေးထားပါ"
ယန်ထျန်းဟန်ရဲ့နှုတ်ခမ်းထောင့်များကပြင်းထန်စွာရှုံ့တွလာပြီးမဟာအကြီးအကဲဟွိုင်ယွီအားဝမ်းနည်းကြေကွဲနေသည့်အမူအယာလေးဖြင့်လှည့်ကြည့်သည်။
"ဆရာ,ဒါကတော့သိပ်မကောင်းဘူးထင်တယ်နော်?"
လက်တစ်ဖက်ကိုဝှေ့ယမ်းရင်းဖြင့်ပင်မဟာအကြီးအကဲဟွိုင်ယွီကပြန်ပြောသည်။
"မင်းဆရာကတော့အဲ့ဒါကိုအရမ်းကောင်းတယ်လို့ထင်တယ်...အကယ်၍ငါ့မှာရှိတဲ့ဝိညာဉ်ပင်အရေအတွက်တောင်ငါမသိဘူးဆိုရင်ငါဘယ်လောက်ချမ်းသာလဲဆိုတာဘယ်လိုလုပ်သိမှာလဲ!"
ယန်ထျန်းဟန်, "....."
ဘာလို့စကားတွေအများကြီးပြောလိုက်ရတာလဲ,ဘာလို့ကိုယ့်ပါးစပ်ကိုယ်မပိတ်ထားနိုင်ရတာလဲ,ဘာလို့ကိုယ့်သေကြောင်းကိုရှာရတာလဲ?!
===============================
Translator's Note
မနေ့ကစာအုပ်ရောင်းလို့ရတဲ့ငွေနဲ့သပ်သပ်ထပ်ထည့်ပေးလာတဲ့ငွေကိုနည်းနည်းထပ်ဖြည့်ပြီးလှူလိုက်ပါတယ်နော်။
စာအုပ်ဝယ်ပေးတဲ့သူရော၊သပ်သပ်ထည့်ပေးတဲ့သူရော၊တစ်ခြားပုံစံမျိုးစုံနဲ့တတ်အားသ၍ပါဝင်နေပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။
အကယ်၍လှူချင်ရင်အောက်ကအမဆီသွားလိုက်ပါနော်
======================
Next Episode
တစ်ခြားတောင်ထွတ်
=======================
Zawgyi
အခန္း(၂၈၀) - မေရမတြက္ႏိုင္ေသာဝိညာဥ္ပင္မ်ား
ယန္ထ်န္းဟန္မွာအခ်ိန္ဘယ္ေလာက္ၾကာျမင့္သြားလဲဆိုတာကိုပင္သတိမျပဳလိုက္မိေပ။သူေနာက္တစ္ၾကိမ္ျပန္ၾကည့္လုိက္တဲ့အခ်ိန္မွာေမွာင္ေတာင္ေမွာင္ေနျပီျဖစ္သည္။
လင္ရႊမ္းဇီျပဳလုပ္ထားတဲ့အသံကူးေျပာင္းေခါင္းေလာင္းကတစ္ခါသံုးေမွာ္ပစၥည္းမ်ိဳးျဖစ္သည္။အထဲမွာခ်ီစြမ္းအင္သိပ္မပါပဲအကယ္၍အသံုးျပဳလုိက္ျပီးျပီဆိုရင္လံုးဝကိုအသံုးမဝင္ေတာ့ဘူးျဖစ္သြားလိမ့္မည္။ထို႔ေၾကာင့္လည္းအသံုးျပဳသူအမ်ားစုအတြက္ကေတာ့အေရးၾကီးအခ်ိန္မ်ိဳးမွာစာပို႔ဖို႔ေလာက္သာအသံုးျပဳၾကသည္။
မေမ်ွာ္လင့္ပဲလင္ရႊမ္းဇီနဲ႔ယန္ထ်န္းဟန္တို႔လက္ထဲမွာေတာ့အဖိုးတန္လွသည့္ထိုအသံကူးေျပာင္းေခါင္းေလာင္းကစကားစမည္ေျပာတဲ့ကိရိယာအျဖစ္သာအသံုးခ်ခံလိုက္ရသည္။နွစ္နာရီအေတာအတြင္းမွာနွစ္ေယာက္သားအသံကူးေျပာင္းေခါင္းေလာင္းေလးလံုးကိုကိုယ္စီကုိယ္စီအသံုးခ်ျပီးသြားျပီျဖစ္၏။အကယ္၍ဒီအေၾကာင္းကိုသြမ့္ယြီယန္သာသိရင္ေသခ်ာေပါက္ဆံုးရွံုးမွုအတြက္ခါးသက္သက္ငိုေၾကြးမိလိမ့္မည္။
သိရမည္မွာတစ္ခါသံုးအသံကူးေျပာင္းေခါင္းေလာင္းတစ္ခုအတြက္ေရႊစငါးစလိုအပ္သည္။အၾကိမ္အနည္းငယ္အသံုးျပဳနုိင္တဲ့ေခါင္းေလာင္းဆိုရင္ေစ်းကြက္အတြင္းမွာေရႊစတစ္ရာေလာက္နဲ႔ပင္ေရာင္းခ်တာျဖစ္၏။
ဒါေပမဲ့လင္ရႊမ္းဇီကေတာ့လံုးဝကိုစိတ္ေသာကေရာက္မေနပဲယန္ထ်န္းဟန္နဲ႔သာဆက္ျပီးစကားေျပာခ်င္ေနမိသည္။
သူ႔အတြက္သာဆိုရင္ေငြေၾကးဆုိတာဘာမွမဟုတ္ဘူး;အားဟန္ကပိုျပီးအေရးၾကီးတယ္
သို႔ေသာ္လည္းယန္ထ်န္းဟန္ကေတာ့အေစာကတည္းကအသည္းကြဲေနျပီျဖစ္ျပီးဆက္ျပီးမေျပာနုိင္ေတာ့ေပ။ငါးလံုးေျမာက္ေခါင္းေလာင္းဆီကဝိဉာဏ္ခ်ီမ်ားကုန္ခါနီးမွာေတာ့ယန္ထ်န္းဟန္ကအံကိုၾကိတ္လုိက္ျပီးလင္ရႊမ္းဇီရဲ႔ေနာက္လာမယ့္စကားမ်ားကိုျဖတ္ေျပာလုိက္ရသည္။
"အကုိၾကီး,ျပီးမွေတြ႔ၾကရေအာင္..အကိုၾကီးက်ြန္ေတာ့အတြက္ျပင္ဆင္ေပးထားတဲ့အသံကူးေျပာင္းေခါင္းေလာင္းဆယ္လံုးမွာငါးလံုးသံုးျပီးေနျပီအဲ့ဒါကတကယ့္ကိုျဖဳန္းတီးတာပဲ"
လင္ရႊမ္းဇီကသေဘာမတူခ်င္။
"ဒါကဘယ္လိုလုပ္ျဖဳန္းတီးတာျဖစ္မလဲ?မင္းအတြက္ဆိုရင္ေတာ့ထိုက္တန္တယ္"
ယန္ထ်န္းဟန္ကထငိုသည္။
လင္ရႊမ္းဇီကအလ်င္စလိုေမး၏။
"ဘာျဖစ္လို႔လဲ?"
ယန္ထ်န္းဟန္ကနွစ္ခ်က္ေလာက္တစ္ခစ္ခစ္ရယ္ျပီးမွျပန္ေျဖသည္။
"အရမ္းခ်ိဳတာပဲ....က်န္ေတာ္သြားေတာင္ကိုက္ေနျပီ"
လင္ရႊမ္းဇီသည္လည္းျပံဳးသြားရသည္။
"ေနာက္တစ္ေခါက္ေတြ႔ၾကရင္အကိုျကီးမင္းရဲ႔သြားေတြသြားပိုးစားေနျပီလားဆိုတာကိုေကာင္းေကာင္းစစ္ေဆးမွပါ"
ယန္ထ်န္းဟန္ကလင္ရႊမ္းဇီျမင္လားမျမင္လားဆုိတာကိုဂရုမစုိက္ပဲေခါင္းညိတ္ျပလိုက္ျပီးသက္ျပင္းခ်သည္။
"က်ြန္ေတာ္တကယ္ပဲအကိုၾကီးနဲ႔ေစာေစာေလးေတြ႔ခ်င္တယ္"
လင္ရႊမ္းဇီသည္လည္းတစ္ေယာက္နဲ႔တစ္ေယာက္တစ္ရက္ေလာက္မေတြ႔ရတာေတာင္စိတ္အားထက္သန္ေနသလိုခံစားရတာေၾကာင့္အသံတိုးတိုးျဖင့္သက္ျပင္းခ်လုိက္ျပီးရုတ္တရက္ေတြးလိုက္မိသည္။
"ငါမင္းကိုအခုလာရွာရင္ေရာ?"
"မလုပ္နဲ႔!" ယန္ထ်န္းဟန္ကသူ႔ကိုအလ်င္စလိုရပ္တန္႔ေစသည္
"နစ္ျမွုပ္ဓားေတာင္ထြတ္ကေနက်ိဳးပ်က္ဓားေတာင္ထြတ္ဆီထိဆိုရင္ခရီးစဥ္ကအေဝးၾကီး,အဲ့ဒီျမဴခိုးထူထူၾကီးေတြကလည္းခ်ိဳးျဖတ္ဝင္ဖို႔မလြယ္ဘူး...အဲ့ဒါအျပင္အကိုၾကီးအဲ့ဒီေလျပင္းေတာင္စြန္းနဲ႔လိုက္ေလ်ာညီေထြျဖစ္လာတာကအခုမွစတာ...အကိုၾကီးအရမ္းပင္ပန္းေနလိမ့္မယ္အဲ့ဒါေျကာင့္ေစာေစာအနားယူသင့္တယ္...က်ြန္ေတာ္တို႔ဒီကပတ္ဝန္းက်င္နဲ႔အံဝင္ခြင္က်ျဖစ္သြားျပီဆိုေတာ့မွထပ္ေတြ႔ၾကလဲေနာက္မက်ေသးပါဘူး"
ယန္ထ်န္းဟန္ရဲ႔အစီစဥ္က်တဲ့စကားမ်ားကိုနားေထာင္ျပီးလင္ရႊမ္းဇီသည္စိတ္ထဲမွာပင္ေတြးမိသည္။
အားဟန္ရဲ႔အေတြးေတြကအေတာ္ေလးရင့္က်က္လာျပီပဲ
ယန္ထ်န္းဟန္ကအလြန္အက်ိဳးေၾကာင္းသင့္လွသည့္အခ်က္မ်ားကိုေထာက္ျပသြားျခင္းပင္။
ပထမအခ်က္အေနနဲ႔,လင္ရႊမ္းဇီအခုလက္ညွိဳးေလးတစ္ေခ်ာင္းလွဳပ္ဖို႔ေတာင္ပင္ပန္းေနသည္။သူ႔ဝိဉာဏ္ခ်ီစြမ္းအင္ေတြဘယ္နွစ္ၾကိမ္ေလာက္ကုန္ဆံုးသြားခဲ့လဲေတာင္မသိေတာ့ပဲအခုကအားနည္းေနတဲ့အခ်ိန္ျဖစ္ေနသည္။ဒုတိယအခ်က္အေနနဲ႔,သူတို႔နွစ္ေယာက္လံုးကအခုမွသူတို႔ဆရာမ်ားဆီကစတင္သင္ၾကားေနၾကျခင္းပင္။ေသခ်ာတာကေတာ့သူတို႔က်င့္ၾကံျခင္းမွာပိုျပီးအာရံုစိုက္ထားၾကသင့္သည္။ဘယ္လိုမ်ားတစ္ျခားေနရာကိုေလ်ွာက္သြားေနဖို႔စဥ္းစားလို႔ရမွာလဲ?
မဟာအၾကီးအကဲလန္ယြဲ႔ကေတာ့အဆင္ေျပေပမယ့္မဟာအၾကီးအကဲဟြိုင္ယြီကဘယ္လိုဆရာမ်ိဳးလဲဆိုတာကိုသူမသိဘူးေလ။
ဒါ့အျပင္နွစ္ခုလံုးကနက္ရွိုင္းေကာင္းကင္ဂိုဏ္းရဲ႔ပင္မေတာင္မ်ားထဲမွာပါဝင္သည္ဆိုေသာ္ျငားအေရးတၾကီးသိသင့္သည္ကဂိုဏ္းတစ္ခုလံုးကိုေတာင္ေပါင္း(100,000)နဲ႔ဖြဲ႔စည္းထားျပီးအေရွ႔ဘက္တိုက္မၾကီးကတုိင္းျပည္တစ္ခ်ိုဳ႔ထက္ပင္ၾကီးမားေသးသည္။နစ္ျမွဳပ္ဓားေတာင္ထြတ္နဲ႔က်ိဳးပ်က္ဓားေတာင္ထြတ္တို႔ကရိုးရိုးရွင္းရွင္းတစ္နာရီေလာက္ဓားေလးစီးသြားတာနဲ႔အဲ့ဒီကိုေရာက္သြားနုိင္တာမဟုတ္တာေၾကာင့္ရိုးရိုးေလးေျပာရရင္ေတာ့ေက်ာ္ျဖတ္ဖို႔မလြယ္ကူလွေလဘူး
အမ်ိဳးမ်ိဳးဆင္ျခင္သံုးသပ္ျပီးေနာက္မွာေတာ့လင္ရႊမ္းဇီသည္သူလုပ္ခ်င္တာကိုမလုပ္ရေတာ့တာေသခ်ာေနသည္ပင္။သူဘာလုိ႔အဲ့ဒီလိုေျပာခဲ့လဲဆိုတာကေတာ့အဲ့ဒါကခံစားခ်က္ေၾကာင့္ပဲ..သူလည္းဘာမွမတတ္နိုင္ဘူးေလ။
သူတို႔စကားအနည္းငယ္ဆက္ေျပာေနၾကျပီးေနာက္လင္ရႊမ္းဇီရဲ႔အသံကူးေျပာင္းေခါင္းေလာင္းကအၾကိမ္အနည္းငယ္အသံေပ်ာက္သြားျပီးေနာက္မွာေတာ့လံုးဝကိုအသံုးမဝင္သည့္ေက်ာက္တုန္းမ်ားအျဖစ္ကူးေျပာင္းသြားေတာ့သည္။
လင္ရႊမ္းဇီကေနာက္ေခါင္းေလာင္းတစ္ခုကိုေကာက္ယူဖို႔လြန္ဆြဲေနျပီးမွခဏေလာက္ေစာင့္ေနလိုက္သည္။ယန္ထ်န္းဟန္ဘက္ကမည္သည့္အသံမွထပ္မပို႔လာသည့္အခါမွသာသူ႔လက္ကိုျပန္ရုပ္သိမ္းလိုက္ျပီးမ်က္လံုမွိတ္ကာအနားယူေနလုိက္ေတာ့ေလသည္။
တစ္ျခားတစ္ဖက္မွာေတာ့ယန္ထ်န္းဟန္ကစိတ္ဓာတ္က်ဆင္းစြာျဖင့္သူ႔နွာေခါင္းေလးကိုထိလုိက္သည္။ထို႔ေနာက္အိပ္ယာေပၚမွထကာအဝတ္အစားလဲလွယ္ျပီးအျပင္ဘက္သို႔ထြက္သြားသည္။သူဝါးအိမ္ေလးကေနအျပင္သို႔ေရာက္သည္နွင့္တစ္ျပိဳင္နက္စိမ္းပုတ္ေရာင္ဝတ္စံုနဲ႔မဟာအၾကီးအကဲဟြိုင္ယြီအားေတြ႔လိုက္ရသည္။သူကအိမ္အားေထာက္ကန္ရန္သံုးထားသည့္ဝါးတိုင္ေလးကိုမွီထားျပီးလက္ပိုက္ကာသူ႔ကိုမ်က္လံုးေမွးၾကည့္ေန၏။
ယန္ထ်န္းဟန္ကသူ႔လမ္းေၾကာင္းကိုရပ္တန္႔လုိက္ျပီးထိုေနရာကိုေလ်ွာက္သြားလိုက္သည္။
"ဆရာ"
မဟာအၾကီးအကဲဟြိုင္ယြီ၏ဆံပင္မ်ားကသူ႔ပုခံုးေပၚမွာေလ်ာ့တိေလ်ာ့ရဲရွိေနဆဲျဖစ္တာေၾကာင့္သူ႔ပံုစံကဘာမထီေသာဟန္နွင့္ကန္႔သတ္ခ်ဳပ္ခ်ယ္မွုမရွိသည့္ပံုစံမ်ိဳးျဖစ္ေနကာသူ႔နွုတ္ခမ္းမ်ားကိုေကြးညႊတ္လုိက္ရင္းျဖင့္ယန္ထ်န္းဟန္ကိုငံု႔ၾကည့္ေနသည္။
"မင္းရဲ႔အကိုၾကီးနဲ႔စကားေျပာလို႔ျပီးသြားျပီလား?"
ယန္ထ်န္းဟန္ကျပန္ေျဖသည္။
"က်ြန္ေတာ္ျပီးသြားပါျပီ"
"မင္းဘာကိုသံုးတာလဲျပစမ္းပါဦး"
ယန္ထ်န္းဟန္ကသူ႔သိုေလွာင္အိတ္ထဲမွအသံကူးေျပာင္းေခါင္းေလာင္းေလးကိုလိမ္လိမ္မာမာနဲ႔ထုတ္ယူလိုက္သည္။သူအဲ့ဒါကုိမဟာအၾကီးအကဲဟြိုင္ယြီထံေပးဖို႔ျပင္လုိက္စဥ္မွာပဲအသံကူးေျပာင္းေခါင္းေလာင္းေလးကမျမင္ရတဲ့ၾကိဳးမ်ွင္တစ္ခုနဲ႔ဆြဲယူခံလုိက္ရသလိုမ်ိဳးေလထံသို႔ပ်ံသန္းတက္သြားကာမဟာအၾကီးအကဲဟြိုင္ယြီရဲ႔လက္ေပၚသို႔တည့္တည့္သက္ဆင္း၏။
သူကအဲ့ဒါကိုအၾကိမ္အနည္းငယ္မ်ွၾကည့္ျပီးေနာက္အထင္အျမင္ေသးဟန္တစ္ခ်ိဳ႔ျဖင့္ေျပာေလသည္။
"အေသးအဖြဲလွည့္စားမွုတစ္ခုပဲ"
ယန္ထ်န္းဟန္ကအဲ့ဒါအရမ္းကိုအသံုးဝင္ပါတယ္လို႔ျငင္းဆန္ခ်င္မိသည္။သို႔ေသာ္သူေျပာရန္ျပင္လုိက္စဥ္မွာပင္ဟြိုင္ယြီကေခါင္းေလာင္းေလးအားသူ႔သိုေလွာင္လက္စြပ္ထဲေကာက္ထည့္လုိက္ျပီးသူ႔ကိုဆန္႔က်င္ဘက္ေျပာလာသည္။
"ရွိေသးတယ္မွတ္လား,အကုန္လံုးငါ့ကိုေပးထား!ဘယ္သူကမင္းကိုအျပင္ကလူေတြနဲ႔အဆက္အသြယ္လုပ္ခြင့္ေပးလုိ႔လဲ?စည္းမ်ဥ္းစည္းကမ္းကိုမလုိက္နာတဲ့သူေတြအတြက္သင္ၾကားျပသေပးဖို႔လိုအပ္ေနတာပဲ"
ယန္ထ်န္းဟန္, "..."
ခါးသက္သက္မ်က္နွာျဖင့္ပင္ယန္ထ်န္းဟန္ကသူ႔သိုေလွာင္အိတ္ေလးကိုဆုပ္ထားျပီးစိတ္ပ်က္အားငယ္စြာေအာ္ေလသည္။
"ဆရာ,က်ြန္ေတာ့မွာနွစ္ခုပဲက်န္ေတာ့တာ...က်ြန္ေတာ့အကိုၾကီးကိုေျပာဖို႔လိုေသးတယ္...အကယ္၍က်ြန္ေတာ့အကိုၾကီးသာက်ြန္ေတာ့ကိုဆက္သြယ္လို႔မရဘူးဆိုရင္သူအရမ္းစိတ္ပူေနလိမ့္မယ္"
မဟာအၾကီးအကဲဟြိုင္ယြီကအထူးတလွယ္ကိုအရွက္ကင္းမဲ့စြာျဖင့္ျပန္ေျပာသည္။
"တပည့္တစ္ေယာက္အေနနဲ႔ဘယ္လိုမ်ားမင္းမွာရိုေသေလးစားမွုမရွိရတာလဲ?စည္းမ်ဥ္းစည္းကမ္းအရဆိုရင္ငါ့တံခါးေအာက္ေရာက္တာနဲ႔ငါကမင္းအတြက္အစားအစာ၊အဝတ္အထည္၊ေနထိုင္စားေသာက္စရိတ္ေတြျပီးေတာ့မင္းကိုသင္ၾကားျပသေပးဖို႔အတြက္ကိုပါအင္အားစိုက္ထုတ္ရမွာ...အဲ့ဒီအတြက္မင္းသင္တန္းေၾကးေပးဖို႔လိုအပ္တာေပါ့...အခု,အကယ္၍မင္းမွာမင္းဆရာကိုေပးစရာေငြေၾကးမရွိဘူးဆိုရင္ဒီလိုက်ိဳးပဲ့ေနတဲ့ေခါင္းေလာင္းေလးေတြနဲ႔ပဲျဖစ္ျဖစ္ရိုေသေလးစားမွုျပရမွာေပါ့..အဲ့ဒါေလးေတာင္မလုပ္ခ်င္ဘူးလား?"
မဟာအၾကီးအကဲဟြိုင္ယြီရဲ႔စကားမ်ားကိုနားေထာင္ျပီးေနာက္ယန္ထ်န္းဟန္သည္ေဒါသထြက္လြန္းလို႔ေအာ္ဟစ္ျပီးေတာင္ငိုေၾကြးလိုက္ခ်င္မိသည္။ဒါေပမဲ့လည္းအခုဆရာျဖစ္သူကဒီလိုေျပာေနျပီဆိုမွေတာ့သူ႔အနာဂတ္ဘဝေလးပိုျပီးလြယ္ကူသြားေစရန္အတြက္ယန္ထ်န္းဟန္သည္ေရြးခ်ယ္စရာမရွိေတာ့ပဲက်န္တဲ့ေခါင္းေလာင္းေလးနွစ္ခုအားအလြန္အမင္းနာက်င္စြာျဖင့္ပင္သူ႔ရဲ႔ေစ်းေပါတဲ့ဆရာကိုဆက္သလုိက္ရသည္။
ယန္ထ်န္းဟန္မွာအလြန္ခါးသက္စြာျဖင့္အနိုင္က်င့္ခံလိုက္ရသလိုမ်ိဳးခံစားရသည္။တစ္ျခားသူေတြရဲ႔ဆရာေတြကသူတို႔တပည့္ေတြကိုလက္ေဆာင္ေတြေပးၾကေပမယ့္သူ႔ဆရာကေတာ့သူ႔ကိုတစ္စံုတစ္ခုေပးရမယ့္အစားသူ႔တပည့္ဆီကရိုေသေလးစားမွုလက္ေဆာင္ကိုပါလိုခ်င္ေနေသးသည္ေလ။
ဒါေပမဲ့လည္းက်န္တဲ့နွစ္ခုရွိေသးတာကိုထုတ္မေျပာဖို႔အတြက္သူအလ်င္အျမန္ေတြးတတ္သြားလို႔ေတာ္ေသးတာေပါ့..လက္ထဲက်န္တာေလးနဲ႔သူ႔ကိုၾကီးကိုလ်ိဳ႔ဝွက္စကားတစ္ခြန္းနွစ္ခြန္းေလာက္ေျပာလို႔ရေသးတယ္...
ေခါင္းေလာင္းသံုးလံုးကိုလက္ခံရျပီးေနာက္ဟြိုင္ယြီကစိတ္ေက်နပ္ေပ်ာ္ရႊင္သြားသည္။
"ေကာင္းျပီ,ငါဒါေတြကိုအရင္ဆံုးစမ္းသပ္ၾကည့္လုိက္ဦးမယ္..အကယ္၍ငါသံုးလို႔ရတယ္ဆိုရင္လင္ရႊမ္းဇီကိုမင္းဆီလာလည္ဖို႔ခြင့္ျပဳေပးမယ္"
ယန္ထ်န္းဟန္ကရုတ္တရက္ေခါင္းေလးေမာ့၍မ်က္လံုးေလးမ်ားတစ္လက္လက္ေတာက္ပကာသူ႔ဆရာကိုၾကည့္လုိက္ျပီးစိတ္အားထက္သန္စြာေျပာလုိက္သည္။
"ဒီေခါင္းေလာင္းေလးေတြကတကယ့္ကိုေကာင္းမြန္ျပီးအသံုးဝင္ပါတယ္..အဲ့ဒါကဟိုးအေဝးကလူေတြဆီထိအသံေရာက္နုိင္ျပီးစကားေတြလည္းအမ်ားၾကီးေျပာလို႔ရတယ္!"
မဟာအၾကီးအကဲဟြိုင္ယြီကျပန္ေျပာသည္။
"ဘာကိုအလ်င္လိုေနတာလဲ?ငါ့ဘာသာငါဆံုးျဖတ္မယ္..ျပီးေတာ့ငါၾကားတာမင္းရဲ႔အကိုၾကီးကအခုလက္မွုပညာရွင္ျဖစ္ေနျပီဆုိ...သူကေတာ္ေတာ္ေလးေကာင္းလား?"
ယန္ထ်န္းဟန္ကေခါင္းညိတ္ျပျပီးဂုဏ္ယူဝံ့ၾကြားစြာျပန္ေျပာသည္။
"ေသခ်ာတာေပါ့,က်ြန္ေတာ့အကိုၾကီးကအေကာင္းဆံုးပဲ"
"ေကာင္းျပီ" မဟာအၾကီးအကဲဟြိုင္ယြီကေခါင္းညိတ္သည္။
"သူေနာက္တစ္ေခါက္လာလည္ရင္ငါ့အတြက္လက္ေဆာင္တစ္ခ်ိဳ႔ယူလာခိုင္းဖို႔မေမ့နဲ႔မင္းအဲ့ဒါကိုလာဘ္ေပးလာဘ္ယူလို႔ေျပာလည္းရတယ္...ငါမင္းကိုဘယ္လိုသင္မလဲဘယ္ေလာက္အတိုင္းအတာထိသင္ေပးမလဲဆိုတာကသူ႔ရဲ႔စိတ္ရင္းမွန္မွုေပၚမူတည္တယ္"
ယန္ထ်န္းဟန္မွာခ်က္ခ်င္းပင္ေၾကာင္အသြားျပီးသူ႔ဆရာကိုစိုက္ၾကည့္မိသည္။
ဒါကအရမ္းကိုရဲရင့္ျပီးတည့္တိုးမဆန္လြန္းဘူးလား?
သူ႔တုန္႔ျပန္မွုကိုျမင္ေသာအခါဟြိုင္ယြီကမ်က္လံုးကိုသာလွန္ျပီးခါးသီးစြာရွင္းျပသည္။
"ေကာင္ေလး,ငါကၾကံဳသလိုမင္းကိုတပည့္အျဖစ္လက္ခံလုိက္တယ္လို႔ထင္ေနလား?အကယ္၍ငါ့ရဲ႔စီနီယာအကိုကသူ႔႔ပါးစပ္ကိုမဖြင့္ခဲ့ဘူးဆိုရင္ငါမင္းကိုေနာက္တစ္ေခါက္ေတာင္ၾကည့္ေနမွာမဟုတ္ဘူး...လင္ရႊမ္းဇီအေနနဲ႔ေသြးနည္းနည္းေလာက္ေတာ့ေပးဆပ္ရမွာေပါ့"
ယန္ထ်န္းဟန္ပါးစပ္မဖြင့္နိုင္ေသးခင္မွာပင္မဟာအၾကီးအကဲဟြိုင္ယြီကစကားဆက္သည္။
"ေအာ္...ဒါနဲ႔,အခုခ်ိန္ကစျပီးအေနာက္ဘက္ကဝိညာဥ္စိုက္ခင္းထဲကေပါင္းပင္ေတြကိုေန႔တုိင္းမင္းဂရုစိုက္ေပးရမယ္..အကယ္၍ဝိညာဥ္ပင္တစ္ပင္ေလာက္ကိုဖ်က္ဆီးရဲတယ္ဆိုရင္ဝိညာဥ္ပင္ဆယ္ပင္ကိုျပန္စိုက္ရမယ္...ဒါမွမဟုတ္မင္းအကိုဆီကေနကုန္က်ေငြကိုျပန္ေတာင္းမယ္...ျပီးေတာ့အဲ့ဒီၾကက္ေတြနဲ႔ဘဲေတြကိုလည္းမင္းပဲအစာေၾကြးရမယ္...မွတ္ထားေနာ္,တစ္ေန႔ကိုအစာအၾကိမ္မ်ားမ်ားေၾကြးရမယ္ဒါေပမဲ့ေက်ြးတဲ့အၾကိမ္တိုင္းပမာဏကိုေလ်ာ့ထား,အမ်ားၾကီးမေက်ြးနဲ႔..မဟုတ္ရင္သူတို႔ဝိညာဥ္ခ်ီေတြအျပည့္အဝသြပ္သလိုျဖစ္ျပီးေသကုန္လိမ့္မယ္...ငါသစ္သီးသစ္ရြက္စိုက္ခင္းတစ္ခုလည္းစိုက္ထားေသးတယ္;ဘာလုပ္ရမလဲမင္းသိမွာပါ...အိုးဟုတ္သားပဲ,ဖရံုနဲ႔သစ္သီးပင္ေတြကလည္းမင္းတာဝန္ပဲ..ေနဦးထပ္စဥ္းစားလိုက္ဦးမယ္....မင္းဟင္းေရာခ်က္နုိင္လား?"
ယန္ထ်န္းဟန္ေယာင္နနျဖစ္ေနဆဲျဖစ္ေသာ္လည္းအလိုလိုေခါင္းခါျပမိဆဲပင္။
"ဟင့္အင္း"
ဟြိုင္ယြီကေခါင္းညိတ္သည္။
"အကယ္၍မလုပ္နုိင္ဘူးဆိုရင္လည္းကိုယ့္ဘာသာကိုေလ့လာဖို႔ၾကိဳးစားၾကည့္...တစ္ေန႔ကိုသံုးၾကိမ္ထမင္းဟင္းခ်က္ဖို႔ကိုမင္းတာဝန္ယူရမယ္...အရသာဆိုးရင္ေတာ့ငါကလူရိုက္တတ္တယ္..ေကာင္းျပီ,အခုေတာ့ဒီေလာက္ေလးပဲေျပာဦးမယ္...မနက္ေရာက္ရင္ဝိညာဥ္စိုက္ခင္းကိုဂရုသြားစိုက္လုိက္ဦး"
ဟြိုင္ယြီကအသံကူးေျပာင္းေခါင္းေလာင္းသံုးလံုးျဖင့္ကစားရင္းသူ႔အိမ္ထဲရွိရာသို႔ေျခဗလာျဖင့္ျပန္ဝင္သြားကာယန္ထ်န္းဟန္တစ္ေယာက္တည္းကိုသာေလဟာျပင္ထဲခ်န္ထားရစ္သည္။
ယန္ထ်န္းဟန္ကထိုေနရာမွာအခ်ိန္အေတာ္ၾကာသည္အထိရပ္ေနျပီးမွသူ႔ကိုသူ႔ဆရာကတပည့္အျဖစ္လက္ခံလိုက္ျခင္းသည္ဒီလိုအိမ္မွုကိစၥေတြလုပ္ဖို႔မ်ားလားဆိုျပီးနားလည္သြားမိသည္။
ယန္ထ်န္းဟန္မွာရုတ္တရက္ရယ္ရမလားငိုရမလားမသိေတာ့ေပ။ဘယ္လိုပဲျဖစ္ျဖစ္သူကေတာ့ဟြိုင္ယြီေျပာခဲ့တဲ့ဝိညာဥ္စိုက္ခင္းကိုသြားဖို႔စီစဥ္ထားလုိက္ေတာ့သည္။
ထိုေန႔သူနိုးလာတဲ့အခ်ိန္မွာအေဝးကိုေလ်ွာက္သြားေနတဲ့ဖုန္က်င္းယြီကက်ားေပါက္ေလးနွစ္ေကာင္ေနာက္ကလိုက္ပါလာရင္းျဖင့္ျပန္ေရာက္လာသည္။
ဖုန္က်င္းယြီကယန္ထ်န္းဟန္ရဲ႔ေခါင္းေပၚမွာနားလိုက္ျပီးသူ႔နွဖူးအားစိတ္လွုပ္ရွားစြာျဖင့္ရုိက္လိုက္ကာခရစ္ခရစ္လုပ္ေနသည္။
"မဟာအၾကီးအကဲဟြိုင္ယြီကတကယ့္ကိုခ်မ္းသာၾကြယ္ဝတဲ့သူတစ္ေယာက္ပဲ!သူ႔ကိုမင္းဆရာအျဖစ္လက္ခံလုိက္တာတကယ္တန္တယ္!"
'ခ်မ္းသာၾကြယ္ဝတယ္' ဆိုတဲ့စကားကိုၾကားေတာ့ယန္ထ်န္းဟန္သည္ခ်က္ခ်င္းသူ႔နွတ္ခမ္းကိုေကြးညႊတ္လုိက္ျပီးကဲ့ရီဟန္ျဖင့္ေျပာသည္။
"ငါေတာ့မျမင္ပါဘူး....သူကငါ့ရဲ႔အသံကူးေျပာင္းေခါင္းေလာင္းေတြကိုပါယူသြားတယ္...ဘယ္လိုခ်မ္းသာတဲ့လူတစ္ေယာက္ကအဲဒီလိုလုပ္မွာလဲ?"
"အဲ့ဒီအသံကူးေျပာင္းေခါင္းေလာင္းေလာက္ကိုေပးတာဘယ္လိုေသာက္ေရးပါလုိ႔လဲ!" ဖုန္က်င္းယြီသည္ထိုေကာင္စုတ္ေလးရဲ႔စိတ္ကျမန္ျမန္မရင့္က်က္ေသးသည္အားခါးသီးသြားမိသည္။
"သူ႔ရဲ႔ေတာင္ေနာက္ကဝိညာဥ္စိုက္ခင္းကဘယ္ေလာက္ဧရိယာေတာင္ရွိလဲသိရဲ႔လား?အနည္းဆံုးတစ္ေထာင္ကြ!အဲ့ဒီသေဘာတရားကိုနားလည္ရဲ႔လား?"
ယန္ထ်န္းဟန္သည္လည္းအ့ံအားသင့္သြားမိသည္။ဝိညာဥ္စိုက္ခင္းဆုိတာအသီးအနွံစိုက္ခင္းမ်ိဳးမဟုတ္ေပ။အကယ္၍မ်ိဳးႏြယ္စုတစ္ခုကဧရိယာရာခ်ီေလာက္ရွိတဲဝိညာဥ္စုိက္ခင္းတစ္ခုရွိလ်ွင္ပင္အေတာ္ေလးအိတ္ေဖာင္းသည္ဟုပင္ဆိုလုိ႔ရသည္။
နက္ရွိုင္းေကာင္းကင္ဂိုဏ္းမွာဘယ္ေလာက္ဧရိယာထိရွိလဲသူသိပ္မရွင္းေသာ္လည္းလင္မိသားစုရဲ႔ဝိညာဥ္စိုက္ခင္းမွာအရင္တုန္းကေပါင္းပင္နွုတ္တဲ့သူအျဖစ္အလုပ္လုပ္ဘူးတာေၾကာင့္လင္မိသားစုထဲမွာဝိညာဥ္စုိက္ခင္းဒါဇင္ေလာက္သာရွိေၾကာင္းေတာ့သူသိထားသည္။
ယန္ထ်န္းဟန္သည္ထိုအေရအတြက္တစ္ခုတည္းနဲ႔တင္ငိုေၾကြးမိလုနီးနီးျဖစ္သြားရသည္။
ေသခ်ာေပါက္အဲ့ဒါကသူ႔ဆရာဘယ္ေလာက္ေတာင္ခ်မ္းသာလဲဆုိတာသိလုိ႔ငိုတာမဟုတ္ဘူး....မဟာအၾကီးအကဲဟြိုင္ယြီကသူ႔ကိုဝိညာဥ္စိုက္ခင္းအကုန္လံုးကိုဂရုစိုက္ဖို႔ေျပာသြားလို႔!
အဲ့ဒီမွာဝိညာဥ္ပင္ဘယ္ေလာက္ေတာင္ရွိေနလဲ?
ဧကေထာင္ခ်ီ!
အဲ့ဒါကလူေတြကိုေသေလာက္ေအာင္ေျခာက္လွန္႔ဖို႔လံုေလာက္ေနျပီ
ယန္ထ်န္းဟန္ရဲ႔မ်က္လံုးမ်ားစတင္၍ဗလာျဖစ္လာျပီးသူ႔မ်က္နွာကျဖူေဖ်ာ့လာကာသူ႔တစ္ကိုယ္လံုးျပိဳလဲက်လာျပီးေခ်ြးမ်ားစတင္ထြက္လာေတာ့သည္။
သို႔ေသာ္ဖုန္က်င္းယြီကေတာ့ဘာကိုမွအာရံုမစိုက္ထားပဲစိတ္လွုပ္ရွားစြာျဖင့္စကားဆက္ေန၏။
"ဒါေပမဲ့အဲ့ဒီေထာင္ခ်ီတဲ့ေျမေတြကအေကာင္းဆံုးအစိတ္အပို္င္းမဟုတ္ေသးဘူး!ဘယ္အပိုင္းကအေကာင္းဆံုးလဲသိလား?အဲ့ဒီဧရိယာေထာင္ခ်ီတဲ့ေျမျကီးမွာတစ္ဝက္ေလာက္ကအထက္တန္းအဆင့္နဲ႔ထိပ္တန္းအဆင့္ဝိညာဥ္ပင္ေတြၾကီးပဲ!ဒါကတကယ့္ကိုရတနာေျမပဲ...ဟြိုင္ယြီကတကယ့္ကိုၾကီးမားတဲ့လယ္သမားၾကီးတစ္ေယာက္လို႔ေျပာလုိ႔ရတယ္...အကယ္၍မင္းသာသူ႔ေနာက္လုိက္မယ္ဆိုရင္မင္းေသခ်ာေပါက္ဆံုးရွံုးမွာမရွိဘူး!"
ရုတ္တရက္က်ယ္ေလာင္တဲ့အသံတစ္ခုကိုၾကားလုိက္ရျပီးေလထဲမွာဖုန္ထသြားသည္။
"အား-အားဟန္,ဘာလို႔ေမ့လဲသြားရတာလဲ?"
"Ao ao ao!" အားပိုင္ကဟိန္းသံေပးသည္။
"Ao!" ဟူပိုသည္လည္းအသံထြက္လာေလသည္။
ဟြိုင္ယြီအားသူ႔ဆရာအျဖစ္အသိအမွတ္ျပဳလုိက္တဲ့နွစ္ရက္ထဲနဲ႔ယန္ထ်န္းဟန္တကယ့္ကိုေသခ်င္သြားမိသည္။
*****
ရာသီဥတုကသာယာလွပျပီးငွက္ကေလးေတြကေတးဆိုေနတယ္ပန္းမာန္ေတြကလည္းရနံ႔သင္းပ်ံ႔ေနတယ္ဒါေပမဲ့ယန္ထ်န္းဟန္ရဲ႔အမူအယာကေတာ့လူေသတစ္ေယာက္လုိပဲငိုေၾကြးမည္တမ္းေနေလတယ္...
သူကမဟာအၾကီးအကဲဟြိုင္ယြီ၏ေနာက္မွစိတ္လွဳပ္ရွားစြာေျပးသြားေနတဲ့က်ားေပါက္ေလးနွစ္ေကာင္နဲ႔အတူဝိညာဥ္စိုက္ခင္းရွိရာကိုသြားေနသည္။
ယန္ထ်န္းဟန္ရဲ႔မ်က္လံုးမ်ားကက်ားေပါက္ေလးနွစ္ေကာင္အားမနာလိုအားက်စြာၾကည့္ေနမိသည္။
ဒီလြတ္လပ္ေပါ့ပါးေနတဲ့အေကာင္ေပါက္ေလးနွစ္ေကာင္ကတကယ့္ကိုဘဝရဲ႔အနုိင္ရသူေတြပဲဟုတ္တယ္ဟုတ္?
သို႔ေသာ္လည္းယန္ထ်န္းဟန္ကဟြိုင္ယြီနဲ႔အတူအခ်ိဳးအေကြ႔ေပါင္းမ်ားစြာကိုေက်ာ္ျဖတ္ျပီးေနာက္မွာတကယ့္ဝိညာဥ္စိုက္ခင္းကိုျမင္လုိက္ရတဲ့အခ်ိန္မွာေတာ့ထိတ္လန္႔သြား၏!
တစ္ခ်က္ၾကည့္တာနဲ႔တင္ဝိညာဥ္ေဆးပင္မ်ားကအဆံုးသတ္မယ့္လကၡဏာမရွိပဲမိုင္အေဝးၾကီးထိေတာင္ျမင္ေနရသည္ေလ။ထူးျခားတဲ့ရနံ႔မ်ားကသူ႔နွာေခါင္းဝထိပ္သို႔ေရာက္ရွိလာသည္။ဝိညာဥ္ပင္ေလးမ်ားကေလယူရာတိမ္းေနၾကျပီးသူ႔အားေဆးလံုးလုပ္ပါလုပ္ပါဟုဖိတ္ေခၚေနသလိုပင္.....
"ဒါ-ဒါကအမ်ားၾကီးပဲ!" ယန္ထ်န္းဟန္ကေရရြတ္လိုက္သည္။
"ဒီမွာဝိညာဥ္ပင္ဘယ္ေလာက္ေတာင္ရွိေနတာလဲ?"
မဟာအၾကီးအကဲဟြိုင္ယြီကအေတာ္ေလးမာနေထာင္လႊားေနဟန္ျဖင့္ျပံဳးသည္။
"ဘယ္ေလာက္လဲ?ငါလည္းမသိဘူးဒါေပမဲ့အခုမင္းေျပာမွပဲငါ့စိတ္ဝင္စားမွုကိုနွိဳးဆြေပးလုိက္ျပီ...မင္းကိုေနာက္ထပ္တာဝန္တစ္ခုထပ္ခ်ေပးရင္ပိုေကာင္းလိမ့္မယ္...တစ္နွစ္အတြင္းေက်းဇူးျပဳလုိ႔ဒီမွာရွိတဲ့ဝိညာဥ္ပင္အေရအတြက္ကိုေရေပးထားပါ"
ယန္ထ်န္းဟန္ရဲ႔နွုတ္ခမ္းေထာင့္မ်ားကျပင္းထန္စြာရွံဳ႔တြလာျပီးမဟာအၾကီးအကဲဟြိုင္ယြီအားဝမ္းနည္းေၾကကြဲေနသည့္အမူအယာေလးျဖင့္လွည့္ၾကည့္သည္။
"ဆရာ,ဒါကေတာ့သိပ္မေကာင္းဘူးထင္တယ္ေနာ္?"
လက္တစ္ဖက္ကိုေဝွ႔ယမ္းရင္းျဖင့္ပင္မဟာအၾကီးအကဲဟြိုင္ယြီကျပန္ေျပာသည္။
"မင္းဆရာကေတာ့အဲ့ဒါကိုအရမ္းေကာင္းတယ္လို႔ထင္တယ္...အကယ္၍ငါ့မွာရွိတဲ့ဝိညာဥ္ပင္အေရအတြက္ေတာင္ငါမသိဘူးဆိုရင္ငါဘယ္ေလာက္ခ်မ္းသာလဲဆိုတာဘယ္လိုလုပ္သိမွာလဲ!"
ယန္ထ်န္းဟန္, "....."
ဘာလို႔စကားေတြအမ်ားၾကီးေျပာလိုက္ရတာလဲ,ဘာလို႔ကိုယ့္ပါးစပ္ကိုယ္မပိတ္ထားနုိင္ရတာလဲ,ဘာလို႔ကိုယ့္ေသေၾကာင္းကိုရွာရတာလဲ?!
===============================
Translator's Note
မေန႔ကစာအုပ္ေရာင္းလို႔ရတဲ့ေငြနဲ႔သပ္သပ္ထပ္ထည့္ေပးလာတဲ့ေငြကိုနည္းနည္းထပ္ျဖည့္ျပီးလွဴလိုက္ပါတယ္ေနာ္။
စာအုပ္ဝယ္ေပးတဲ့သူေရာ၊သပ္သပ္ထည့္ေပးတဲ့သူေရာ၊တစ္ျခားပံုစံမ်ိဳးစံုနဲ႔တတ္အားသ၍ပါဝင္ေနေပးတဲ့သူအားလံုးကိုေက်းဇူးတင္ပါတယ္။
အကယ္၍လႉခ်င္ရင္ေအာက္ကအမဆီသြားလိုက္ပါေနာ္
=======================
Next Episode
တစ္ျခားေတာင္ထြတ္
=======================