Selenophile || NoMin

Od Dayeon_Park

32.2K 3.3K 156

(n.) a person who loves the moon || Completed || Viac

Raison d'être
Volery
Trouvaille
Laconic
Redamancy
Sundreesoro
Herzschmerz
Lacuna
Busticate
Feuillemorte
selcouth
dystychiphobia
Lastimando
Serendipity
Gunnen
Acrasia
La Douler Exquise
Tacenda
Absquatulate
Selenophile ( 𝓯𝓲𝓷𝓪𝓵 )
ကျေးဇူးတင်လွှာ
Eternal

Ephialtes

1K 147 7
Od Dayeon_Park

Ephialtes
(n.) A nightmare

................................

အချိန် တစ်ပတ်က ဘာလို့ သိပ်ကိုနှေးနှေးလည်ပတ်နေတယ် သူမသိ ။
ဟန်နီနဲ့သူနဲ့ အဆင်ပြေခဲ့ကြတဲ့ တစ်ပတ်ဆိုတဲ့ အချိန်အပိုင်းအခြားလေးတုန်းကတော့ သူက သိပ်မြန်တယ် ထင်ခဲ့ဖူးသည် ..။

ဟန်နီမရှိတဲ့ နေ့တွေ .. ညတွေ ။
အဲ့ဒီနေ့ည ပြီးကတည်းက သူဟန်နီ့ကို မတွေ့ဖြစ်ခဲ့တော့ပါ ။

‌ဒီတစ်ပတ်လုံး သူက ကျောင်းတက်ခဲ့ပေမယ့် ဟန်နီက ကျောင်းမလာ ။
DongHyuckကိုတော့ ဖုန်းဆက်သည် .. မနက်ဖြန် သူကျောင်းလာမည်တဲ့ ။
Jenoက အဲ့နေ့မှာ ကျောင်းမတက်ဖို့ကို ရွေးချယ်ခဲ့ပါသည် ။

နောက်ဆုံး စာမေးပွဲက နောက်နှစ်ပတ်နေရင် စတော့မည်ဖြစ်သည်မို့ အကုန်လုံးက အကြိတ်အနယ် စာလုပ်နေကြရပြီ ။
စာမေးပွဲနေ့မှာတော့ သူဟန်နီ့ကို တွေ့ရလောက်ဦးမည် ။

ဒီနှစ်ပတ်ပြီးလို့ ကျောင်းတက်ရက်တွေ ပြီးဆုံးသွားရင် သူတို့ရော အရာအားလုံး ပြီးဆုံးသွားမှာလား ?
နောက်ထပ် စာသင်နှစ် စတဲ့အခါ ဟန်နီက ဒီမှာဆက်ရှိနေပါတော့မလား မသေချာ ..။
သေချာသည်ကတော့ ပိုင်ရှင်ရှိတဲ့ ဟန်နီ့ကို သူ မကြည့်နေနိုင်လောက်ပါ ။

စာကြည့်စားပွဲပေါ်က သူတို့နှစ်ယောက် ငယ်ငယ်က ဓာတ်ပုံလေးကို မှောက်မိလိုက်သည် ။
သူ အခုအချိန်မှာ ဘာမှ ခေါင်းထဲ မထည့်ချင် ။

စာလုံးတွေကို ကြည့်နေရင်း မိုက် ခနဲ မူးလည်သွားတဲ့ ခေါင်းက ညက မအိပ်မိလို့များလား ..။

အိပ်ရာပေါ်ကို သွားမလို့ ပြင်လိုက်တော့ ထမိလိုက်တာကိုတောင် ယိုင်နေတဲ့ ခြေလှမ်းတွေ ။
ကုတင်ကြီးက ဘာလို့ သုံးလုံးဖြစ်ရလောက်အောင် သူ့ခေါင်းက ချာလည်နေရပါသလဲ ။

အိပ်ရာပေါ်ကိုရောက်ပြီး မရရအောင် အိပ်ကြည့်လည်း မရ ။
ပိုပြီးထိုးကိုက်လာသည့် ခေါင်းက သူ့ကို နောက်နေသယောင် ..
တစ်နာရီနီးပါး ကြာမှ ခေါင်းကိုက်တာ လျော့လာပြီး အိပ်ပျော်သွားနိုင်တော့သည် ။

.................….................

သူက အမှားလုပ်ထားသည့်သူလည်း မဟုတ်ပါပဲ သူကရှောင်နေမိတာ ဘာကြောင့်လဲ သူမသိပါ ။
ဟန်နီ့ကို နေရမခက်စေချင်လို့များလား .. ‌သူ့မသိစိတ်က ဘာတွေဖြစ်နေတာလဲဆိုတာ သူတစ်ခါတစ်လေ နားလည်မိချင်သည် ။

ဟန်နီ့ကို သူမမြင်ရတာ နှစ်ပတ် ။
ရာသီဥတုက တော်တော်ကိုအေးလာသည် ။
အအေးကို မုန်းသည့် သူကတော့ ခဏခဏကို နှာခေါင်းသွေးလျှံတတ်လာသည် ။
မနှစ်ကလည်း ဖြစ်ပေမယ့် ဒီနှစ်က အအေးပိုသည်ကြောင့် ဖြစ်မည် ။

ညဘက်တွေ အိပ်မပျော်တာကလည်း ပိုဆိုးလာပြီး ခက်တာက ခေါင်းထဲက ထွက်မသွားပါသည့် ဟန်နီ့အကြောင်းတွေ ..။

နောက်သုံးလနေရင် Jaeminရဲ့ မင်္ဂလာပွဲ ဖြစ်နိုင်တယ် ဟု သဘောတကျ မေမေ့ကိုပြောပြနေသော ဖေဖေ့စကားတွေက သူ့ရင်ထဲကို ဓားတွေလို ၀င်လာသည် ။
သူဘာတစ်ခုကိုမှ နားမလည်ချင်ခဲ့ပါ ။

DongHyuckက ထပ်ပြီး သူတို့နှစ်ယောက် ရန်ဖြစ်ထားသည်ဟု ထင်နေပုံရသည် ။
Jaeminကျောင်းတက်မယ့် နေ့ဆို သူ့ကိုလာကြိုပြောတတ်ပြီး သူက အမြဲအဲ့ရက်တွေ ကျောင်းမသွားခဲ့ပါ ။

အခုတော့ အအေးမိသလားမသိ ။
လည်ချောင်းတွေက သိသိသာသာကို နာနေသည် ။
စာမေးပွဲနား နီးလာလို့ များလား .. စာမေးပွဲကို ကြောက်ရအောင် ကလေးအရွယ်လည်း မဟုတ်တော့ပါ ။

ချာချာလည်နေတဲ့ ခေါင်းနဲ့အတူ တဟွတ်ဟွတ်ချိုးနေတဲ့ချောင်းက ကလေးတုန်းက စာမေးပွဲနားနီးတဲ့အခါ နေမကောင်းချင်ယောင်ဆောင်ခဲ့သည့် အချိန်တွေကို အမှတ်ရစေသည် ။

လည်ချောင်းထဲက ကွဲနေသလို သွေးစတွေပါ ပါလာသည့် ချောင်းဆိုးဟန်က မူမမှန်မှန်းတော့ သူသိသည် ။
ဒါပေမယ့် ဘာမှမဖြစ်ဟန် ဆောင်ရင်းသာ စာဆက်လုပ်နေလိုက်တော့သည် ။

.........................

ဒီနေ့က စာမေးပွဲတွေစပြီ ။
ကျောင်းရှေ့ကို ခြေလှမ်းတော့ ခြောက်ယောက်စုံနေသည့် သူငယ်ချင်းအုပ်စုက သူ့ကိုစောင့်နေကြသည် .. ဟန်နီအပါအ၀င် ။

သူက မမြင်ချင်ယောင်ဆောင်ရင်း သူ့ကိုမမြင်ချင်ယောင်ဆောင်နေသည့် ဟန်နီ့ကို တွေ့ရသည် ။
ပုံမှန်အတိုင်း တစ်ကိုယ်လုံးကို အနက်ရောင် ၀တ်ထားရင်း စာမေးပွဲခန်းထဲ အရင်၀င်နှင့်သည့် ဟန်နီက သူ့ကိုကျောခိုင်းသွားသည် ။

Déjà Vu ဖြစ်နေသလိုမျိုး .. သူဒီအပြုအမူတွေကို ကြုံခဲ့ဖူးပြီးသားပင် ။
အရင်ကဆို ဟန်နီ ကျောခိုင်းသွားသည့်နောက်ကနေ တကောက်ကောက်ထပ်လိုက်ခဲ့သေးသည့်သူမို့ ..။

ခုံနံပတ်လေး ရှေ့နောက်ကပ်လွဲတော့ သူနှင့်ဟန်နီက စာဖြေရမည့် အခန်းမတူ ။
DongHyuckတို့က ဒီဘက်အဆောင်က သူ့ကို နှုတ်ဆက်ပြီး သူတို့အဆောင်ဘက် ထွက်သွား‌ပြီ ဖြစ်သည် ။

နောက်တစ်ရက်လည်း အဲ့ဒီလို အတူတူ ..။
နောက်ထပ်တစ်ရက် .. သုံးရက်မြောက်နေ့မှာ သူက သိသိသာသာကို နွမ်းလျနေသည် ။

ပုံမှန်အတိုင်း စာမေးပွဲဖြေပြီး သူငယ်ချင်းတွေစုံကြတော့ ရှေ့ကနှစ်ရက်လို ဟန်နီက ပြန်နေနှင့်ပြီ ။
ပဟေဠိ အများကြီး ရှိနေသလို သူငယ်ချင်းတွေက သူ့ကိုတော့ ဘာမှ မမေးခဲ့ကြပါ ။

ဒီနေ့က နောက်ဆုံးနေ့များလား .. မနက်က ကျောင်းအရောက် နောက်ကျလို့ သူဟန်နီ့မျက်နှာလေးကိုတောင် မငေးခဲ့ရ ။

ကိုယ်က တင်းနေအောင် ဆွဲရင် ပြတ်မှာစိုးတဲ့ စိတ်နဲ့ ကြိုးကလေးကို လျှော့ချမိတော့ တစ်ဖက်လူက ဒီကြိုးစလေး နောက်တစ်ဖက်ကို ကိုင်တောင်မထားမှန်း သတိရမိသည် ။

ဒီလို .. အရာအားလုံးကို သူတစ်ဖက်တည်းကသာ ဖြစ်နေခဲ့သလို .. ဟန်နီက သူ့ကို ပစ်ချထားခဲ့သလို ..။

" DongHyuck .. ငါ မင်းအိမ်လာလို့ရလား "

အိမ်အပြန်ကားမောင်းနေရင်း အိမ်မှာ ဘယ်သူမှ မရှိသည်ကို တွေးမိတော့ DongHyuckအိမ်ဘက်ကို ပြောင်းပြီး မောင်းမိသည် ။ ကျောင်းနှင့်က ပိုပြီးလည်း နီးသည်မို့ ..။

" ငါလာခဲ့မလို့ .. အင်း .. ခဏနေတွေ့မယ် "

ကားမောင်းရင်းနှင့်မှ ပြန်မူးလာသည့် ခေါင်းကို သူခဏခဏ ခါမိသည် ။ လမ်းမပေါ်မှာတော့ ဘာတစ်ခုမှ ဖြစ်လို့မရပါ ။

ဒီလိုပဲ ဖြည်းဖြည်းချင်း မောင်းလာရင်းနှင့် DongHyuckအိမ်ရှေ့ရောက်တော့ ခုနက စောထွက်သွားနှင့်သည့်သူက အိမ်ရှေ့မှာ စောင့်နေပေးသည်ကို မြင်လိုက်ရသည် ။

ကားပေါ်က ထွက်ပြီး လက်ပြမိလိုက်တဲ့အချိန် ရုတ်တရက် ထိုးကိုက်လာတဲ့ခေါင်းနှင့် သူ့ကိုလက်ပြန်ပြနေသည့် DongHyuckကို ငါးယောက်လောက် ဖြစ်အောင် ပြနေသည့် အမြင်အာရုံတွေ ..။

" Dong .. Hyuck "

မြေကြီးပေါ်ကို ပစ်ကျသွားသည့် လက်မောင်းတစ်ခြမ်းက နာသလား မသိလိုက် ။ အမြင်အာရုံတွေ လုံး၀ပိတ်ကျ မသွားခင်မှာတော့ DongHyuckက သူ့ဆီကို အော်ပြီးလာတာကို မြင်ခဲ့ရသေးသည် ။

.................................

" DongHyuck Lee "

အိပ်ရာက နိုးနိုးချင်း ပတ်၀န်းကျင်ကို ကြည့်မိတော့ သူရောက်နေသည်က ဆေးရုံ .. အထင်မမှားရင် DongHyuckဖေဖေ ရှိနေသည့် ဆေးရုံဖြစ်မည် ။

ခုနက သူ DongHyuckအိမ်ရှေ့မှာ မေ့လဲသွားတာပဲ သူသိတော့သည် ..။

ဘေးမှာ အိပ်နေသည်ထင်ရပေမယ့် သူခေါ်လိုက်တာနှင့် ထလာသည့် DongHyuckkieရဲ့ မျက်လုံးက ငိုထားသည်ထင်သည် .. မို့အစ်နေ၏ ။

" နိုးပြီလား "

" ဘယ်နှစ်ရက်ရှိပြီလဲ "

" မင်းမေ့လဲသွားတာတော့ နှစ်ရက်ရှိပြီ "

DongHyuckပြောစကားကို သူမယုံချင် ..။
သူ့အထင် ခုနကမှ သူမေ့လဲသွားတာ လို့သာ ထင်နေတုန်း ။

" Jenoရယ် .. "

‌အဲ့စကားပြောပြီး သူ့ကိုဖက်လာသည့် DongHyuckkieက တဖြည်းဖြည်း ဖက်ပြီးကို ငိုလာတော့သည် ။ အခုမှ နိုးလာသည့် သူက ဘာမှ မသိ ၊ ဘာမှမသိတော့ ဘယ်လိုချော့ရမှန်းလဲမသိပါ ။

ကျောကုန်းကို ခပ်ဖွဖွလေး ပွတ်ပေးတော့ ပိုတောင် တရှုံ့ရှုံ့ဖြစ်လာသည့် သူ့သူငယ်ချင်းက ဆရာ၀န်တွေ ၀င်လာတော့ သူ့ကို ဖယ်သွားရင်း ထောင့်နားလေးမှာ မျက်ရည်တွေ သွားသုတ်နေပြန်သည် ။

" Jeno ဘယ်လိုနေသေးလဲ "

" ကျွန်တော် အခုမှ နိုးတာ ဦး .. ရေဆာနေတယ် "

သူအဲ့လိုပြောတော့ DongHyuck ဖေဖေက သူ့ကို ပြုံးပြီး ရေခွက်လေး ကမ်းပေးလာသည် ။
ကျန်တဲ့ဆရာ၀န်တွေက အလိုက်တသိ ထွက်သွားပေးတော့ ဒီဆေးရုံခန်းထဲ သူရယ် ၊ DongHyuckရယ် ၊ DongHyuckဖေဖေရယ်သာ ကျန်ခဲ့ရသည် ။
ဒီလေထုကြီးက ဘာလို့ အငွေ့အသက် မကောင်းနေလဲ သူမသိ ။

" DongHyuckက မင်းအိမ်ကို မပြောခိုင်းတာနဲ့ .. မင်းမိဘတွေကိုတော့ မင်းတို့သူငယ်ချင်းနှစ်ယောက် ခရီးထွက်သွားတယ်လို့ ပြောပေးထားတယ် "

" မေမေက အလုပ်များနေတာ ဒီရက်ပိုင်း အဲ့တာကြောင့် DongHyuckက အဲ့လိုပြောတာထင်တယ် "

သူ့ ဆေးရုံကုတင်ဘေးမှာ DongHyuckက သူ့လက်ကို လာဆွဲလာသည် ။ မျက်ရည်မကုန်သေးသည့် သူ့သူငယ်ချင်း မျက်၀န်းတွေက တကယ်ကို ဝိုင်းစက်လို့ ။

" ဖေဖေ .. ကျွန်တော် Jenoနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ် "

သူ့ဖေဖေကို နှင်ထုတ်သည့် DongHyuckက သူ့လက်ကိုတော့ လွှတ်မ‌ထား ။
ပြုံးပြပြီး ထွက်သွားသည့် ဦးလေးကြောင့်လည်း သူ့စိတ်ထဲ ကောင်းမနေပါ ။

" ဖေဖေ့ကို ဘာလို့ .. "

" ငါတို့ အမေရိကကို ခရီးထွက်ကြမလား Jeno .. "

" ဘာတွေပြောနေတာလဲ .. "

အဆက်အစပ်မရှိ ပြောတဲ့စကားကြောင့် သူက ကြောင်တောင်တောင် ဖြစ်လာရသည် ။

" မင်း နှာခေါင်းသွေးလျှံနေတာတွေ .. ခေါင်းမူးတယ် ခဏခဏပြောနေတာတွေ .. အခုနောက်ဆုံး ဒီလိုမေ့လဲတဲ့အထိ မင်းဘယ်လိုများနေခဲ့လဲ "

သူ့ကို စူးစိုက်ပြီး ကြည့်နေသည့် DongHyuckက တစ်ခုခုတော့ မူမှန်မနေခဲ့ပါ ။

" သေလောက်တဲ့ ရောဂါ တစ်ခုခုရနေလို့လား "

" ...... "

" ...... "

" အသည်းကင်ဆာ နောက်ဆုံးအဆင့်တဲ့ .. "

အကြာကြီး တကယ်ကို အကြာကြီးကြာပြီးမှ အဲ့စကားကို ထုတ်ပြောလာတဲ့ သူ့သူငယ်ချင်းက သူ့ကိုမကြည့်ဘဲ ငိုသည် ။

မကွယ်ဝှက်ထားတာပဲ တော်သေးသည်လို့ ပြောဖို့ကျတော့လည်း သူက လက်ခံနိုင်ဖို့ ခဲယဉ်းလွန်းနေသည့် စကားမျိုးပင် ။

" အစားထိုးတာပဲ လုပ်လို့ရမယ်တဲ့ ။ ဒီနေရာမှာ .. ဒီနိုင်ငံမှာ .. လုပ်ဖို့ဆို အကြာကြီးစောင့်ရမှာ ။ မင်းဒီကြားထဲ သေသွားနိုင်တယ်တဲ့ "

ရှိုက်ရှိုက်ပြီးငိုနေတဲ့ DongHyuckကို သူက ပြန်ပြီး ဖက်ထားပေးရသည် ။
DongHyuckပြောတဲ့ ရောဂါလက္ခဏာတွေက သူဖြစ်နေတာနှင့် ထပ်တူပင် ။

" ငါတို့ ‌အမေရိကကို ထွက်သွားကြရအောင် Jenoရယ် .. နော် "

" .... "

" ငါဘယ်သူ့ကိုမှ ဒီဟာ မပြောထားဘူး ။ ဘယ်သူ့ကိုမှလည်း ငါမပြောချင်ဘူး ။ မင်းသေလို့တော့ မဖြစ်ဘူး .. "

" ..... "

" မင်းအမေသိရင် နှလုံးဖောက်ပြီး ချက်ချင်းသေ‌သွားလောက်တယ် ။ ငါတို့ အမေရိကကို သွားလိုက်လို့ မ‌ဖြစ်ဘူးလား ။ မင်းကို ဒီအတိုင်းတော့ အဆုံးရှုံးမခံနိုင်လို့ .. ဖေဖေက သူကုပေးလို့ ရနိုင်တဲ့ အတိုင်းအတာကို ကျော်နေခဲ့ပြီတဲ့ "

DongHyuckစကားတွေကြားမှာ သူက သူ့ကိုယ်သူ အဖတ်ဆယ်လို့မရ ။
တစ်ခွန်းစီကို သေချာနားလည်ပြီးဖို့က တစ်နာရီလောက် ကြာလိုက်ရသည် ။

" Mark Hyungကို ပြောကြမလား Je "

" အင်း .. "

" ငါတို့သုံးယောက် အမေရိက သွားကြမယ် .. ငါ မင်းကို ရအောင်ကယ်ပါ့မယ် "

သူ့ကိုထပ်ပြီး ဖက်လာတဲ့သူငယ်ချင်းလေးက အငိုမရပ်တော့သလို သူကပါ ထပ်ပြီး ငိုမိလာခဲ့သည် ။

ဘာလို့ သူမှလဲ .. ဘာလို့ သူ့ကိုမှလဲ ..
ပင်ပန်းစရာ ၊ နာကျင်စရာ ၊ ပြီးတော့ မုန်းစရာ ..။
သူက ကံဆိုးတဲ့သူထင်သည် .. လူတွေ မလိုချင်သမျှအရာတိုင်း ရရှိနေခဲ့တာ ။

သူက ဟန်နီ့ကို လက်လွှတ်နိုင်အောင် ကြိုးစားမလို့ ကြံရုံလေးတင်ပါ ။
ဘာလို့ သူ့ကို ထွက်သွားရလောက်တဲ့ ရောဂါတွေ ပေးပစ်လိုက်တာ ..။

ကံတရားက သူ့အပေါ်တော့ တော်တော့်ကို ရက်စက်ခဲ့ပါသည် .. ဟန်နီ့ထက်ကို ပိုပြီး ..။

............................

" Hyungရောက်ပြီလား "

" မင်းတို့နှစ်ယောက် ခရီးသွားနေကြတာဆို .. အခုဘယ်လို "

ဆေးရုံကုတင်ပေါ်က သူ့ကိုကြည့်ပြီး Mark Hyungက အံ့ဩဟန်ပြသည် ။
ပြီးတော့ မျက်နှာတွေနီရဲနေအောင် ငိုထားတဲ့ DongHyuckကို ကြည့်ပြီး သူက တစ်ခုခုတော့ ကြိုပြီး ခံစားမိနေလောက်ပါပြီ ..။

" Jeno အဆင်ပြေရဲ့လား "

" အင်း .. အခုတော့ ဘာမှမဖြစ်ဘူး "

ဆေးရုံကုတင်ဘေးမှာ တစ်ယောက် ခုံတစ်လုံးနဲ့ ၀င်ထိုင်ပြီး Markနဲ့ DongHyuckက သူ့ကို ကြည့်နေကြသည် ။

" ငါပြောလိုက်မယ် .. DongHyuckkie .. "

သူငယ်ချင်းလေး ထပ်ငိုမှာ စိုးတာမို့ Mark Hyungကို သူကပဲ တည့်တည့်ကြည့်လိုက်သည် ။

" Hyung အားတယ်မလား .. နောက်ထပ် စာသင်နှစ် မတိုင်ခင်အထိ "

" အင်း "

" ကျွန်တော်တို့ သုံးယောက် အမေရိက သွားကြမယ်‌ "

" အင်း .. "

" ကျွန်တော့်မှာ အသည်းကင်ဆာ နောက်ဆုံးအဆင့်တဲ့ "

" အစားထိုးဖို့က ဒီမှာ မဖြစ်နိုင်တော့ဘူးလား "

" အဲ့တာကြောင့် .. "

" ဘယ်သူ့ကိုမှ မပြောပြတော့ဘူးလား .. "

" အခြေအနေကောင်းလာရင်ပေါ့ .. "

Markက အကြီးပီပီပဲ .. ငြိမ်သွားတဲ့ သူတို့အစ်ကိုက ခဏလေးပဲ လေထုကို ရပ်တန့်ခံလိုက်ပြီး စကားတွေ ပြန်ပြောလာတယ် ။

" အိုကေ .. အမေရိကကို အပန်းဖြေခရီးထွက်တယ်လို့ သဘောထားကြတာပေါ့ ။ ငါတို့သုံးယောက်တည်းအတူတူ တစ်ခါမှ အပြင်မသွားဘူးသေးဘူး‌လေ "

" ကျေးဇူးပဲ Hyung "

" အဲ့ဒီအစား နောက်ထပ် နှစ်ရှစ်ဆယ်လောက်အထိ ငါ့ကိုပြုစုသွား "

မရယ်နိုင်ခဲ့တဲ့ ဟာသတွေ ..
သူတို့တွေ တစ်ယောက်ကို တစ်ယောက် ပြုံးပဲ ပြမိခဲ့ကြပါတော့တယ် ..။

..…........................

ပင်ပန်းနေတဲ့သူကိုမှ
ပိုပင်ပန်းအောင် လုပ်တတ်လေ့ရှိတဲ့ ကံမျိုး ..
ငါက သားကောင်ဖြစ်ခဲ့တယ်

..............................

( ZawGyi )

Ephialtes
(n.) A nightmare

................................

အခ်ိန္ တစ္ပတ္က ဘာလို႔ သိပ္ကိုႏွေးႏွေးလည္ပတ္ေနတယ္ သူမသိ ။
ဟန္နီနဲ႕သူနဲ႕ အဆင္ေျပခဲ့ၾကတဲ့ တစ္ပတ္ဆိုတဲ့ အခ်ိန္အပိုင္းအျခားေလးတုန္းကေတာ့ သူက သိပ္ျမန္တယ္ ထင္ခဲ့ဖူးသည္ ..။

ဟန္နီမရွိတဲ့ ေန႕ေတြ .. ညေတြ ။
အဲ့ဒီေန႕ည ၿပီးကတည္းက သူဟန္နီ႕ကို မေတြ႕ျဖစ္ခဲ့ေတာ့ပါ ။

ဒီတစ္ပတ္လုံး သူက ေက်ာင္းတက္ခဲ့ေပမယ့္ ဟန္နီက ေက်ာင္းမလာ ။
DongHyuckကိုေတာ့ ဖုန္းဆက္သည္ .. မနက္ျဖန္ သူေက်ာင္းလာမည္တဲ့ ။
Jenoက အဲ့ေန႕မွာ ေက်ာင္းမတက္ဖို႔ကို ေ႐ြးခ်ယ္ခဲ့ပါသည္ ။

ေနာက္ဆုံး စာေမးပြဲက ေနာက္ႏွစ္ပတ္ေနရင္ စေတာ့မည္ျဖစ္သည္မို႔ အကုန္လုံးက အႀကိတ္အနယ္ စာလုပ္ေနၾကရၿပီ ။
စာေမးပြဲေန႕မွာေတာ့ သူဟန္နီ႕ကို ေတြ႕ရေလာက္ဦးမည္ ။

ဒီႏွစ္ပတ္ၿပီးလို႔ ေက်ာင္းတက္ရက္ေတြ ၿပီးဆုံးသြားရင္ သူတို႔ေရာ အရာအားလုံး ၿပီးဆုံးသြားမွာလား ?
ေနာက္ထပ္ စာသင္ႏွစ္ စတဲ့အခါ ဟန္နီက ဒီမွာဆက္ရွိေနပါေတာ့မလား မေသခ်ာ ..။
ေသခ်ာသည္ကေတာ့ ပိုင္ရွင္ရွိတဲ့ ဟန္နီ႕ကို သူ မၾကည့္ေနနိုင္ေလာက္ပါ ။

စာၾကည့္စားပြဲေပၚက သူတို႔ႏွစ္ေယာက္ ငယ္ငယ္က ဓာတ္ပုံေလးကို ေမွာက္မိလိုက္သည္ ။
သူ အခုအခ်ိန္မွာ ဘာမွ ေခါင္းထဲ မထည့္ခ်င္ ။

စာလုံးေတြကို ၾကည့္ေနရင္း မိုက္ ခနဲ မူးလည္သြားတဲ့ ေခါင္းက ညက မအိပ္မိလို႔မ်ားလား ..။

အိပ္ရာေပၚကို သြားမလို႔ ျပင္လိုက္ေတာ့ ထမိလိုက္တာကိုေတာင္ ယိုင္ေနတဲ့ ေျခလွမ္းေတြ ။
ကုတင္ႀကီးက ဘာလို႔ သုံးလုံးျဖစ္ရေလာက္ေအာင္ သူ႕ေခါင္းက ခ်ာလည္ေနရပါသလဲ ။

အိပ္ရာေပၚကိုေရာက္ၿပီး မရရေအာင္ အိပ္ၾကည့္လည္း မရ ။
ပိုၿပီးထိုးကိုက္လာသည့္ ေခါင္းက သူ႕ကို ေနာက္ေနသေယာင္ ..
တစ္နာရီနီးပါး ၾကာမွ ေခါင္းကိုက္တာ ေလ်ာ့လာၿပီး အိပ္ေပ်ာ္သြားနိုင္ေတာ့သည္ ။

..................................

သူက အမွားလုပ္ထားသည့္သူလည္း မဟုတ္ပါပဲ သူကေရွာင္ေနမိတာ ဘာေၾကာင့္လဲ သူမသိပါ ။
ဟန္နီ႕ကို ေနရမခက္ေစခ်င္လို႔မ်ားလား .. သူ႕မသိစိတ္က ဘာေတြျဖစ္ေနတာလဲဆိုတာ သူတစ္ခါတစ္ေလ နားလည္မိခ်င္သည္ ။

ဟန္နီ႕ကို သူမျမင္ရတာ ႏွစ္ပတ္ ။
ရာသီဥတုက ေတာ္ေတာ္ကိုေအးလာသည္ ။
အေအးကို မုန္းသည့္ သူကေတာ့ ခဏခဏကို ႏွာေခါင္းေသြးလွ်ံတတ္လာသည္ ။
မႏွစ္ကလည္း ျဖစ္ေပမယ့္ ဒီႏွစ္က အေအးပိုသည္ေၾကာင့္ ျဖစ္မည္ ။

ညဘက္ေတြ အိပ္မေပ်ာ္တာကလည္း ပိုဆိုးလာၿပီး ခက္တာက ေခါင္းထဲက ထြက္မသြားပါသည့္ ဟန္နီ႕အေၾကာင္းေတြ ..။

ေနာက္သုံးလေနရင္ Jaeminရဲ႕ မဂၤလာပြဲ ျဖစ္နိုင္တယ္ ဟု သေဘာတက် ေမေမ့ကိုေျပာျပေနေသာ ေဖေဖ့စကားေတြက သူ႕ရင္ထဲကို ဓားေတြလို ၀င်လာသည် ။
သူဘာတစ္ခုကိုမွ နားမလည္ခ်င္ခဲ့ပါ ။

DongHyuckက ထပ္ၿပီး သူတို႔ႏွစ္ေယာက္ ရန္ျဖစ္ထားသည္ဟု ထင္ေနပုံရသည္ ။
Jaeminေက်ာင္းတက္မယ့္ ေန႕ဆို သူ႕ကိုလာႀကိဳေျပာတတ္ၿပီး သူက အၿမဲအဲ့ရက္ေတြ ေက်ာင္းမသြားခဲ့ပါ ။

အခုေတာ့ အေအးမိသလားမသိ ။
လည္ေခ်ာင္းေတြက သိသိသာသာကို နာေနသည္ ။
စာေမးပြဲနား နီးလာလို႔ မ်ားလား .. စာေမးပြဲကို ေၾကာက္ရေအာင္ ကေလးအ႐ြယ္လည္း မဟုတ္ေတာ့ပါ ။

ခ်ာခ်ာလည္ေနတဲ့ ေခါင္းနဲ႕အတူ တဟြတ္ဟြတ္ခ်ိဳးေနတဲ့ေခ်ာင္းက ကေလးတုန္းက စာေမးပြဲနားနီးတဲ့အခါ ေနမေကာင္းခ်င္ေယာင္ေဆာင္ခဲ့သည့္ အခ်ိန္ေတြကို အမွတ္ရေစသည္ ။

လည္ေခ်ာင္းထဲက ကြဲေနသလို ေသြးစေတြပါ ပါလာသည့္ ေခ်ာင္းဆိုးဟန္က မူမမွန္မွန္းေတာ့ သူသိသည္ ။
ဒါေပမယ့္ ဘာမွမျဖစ္ဟန္ ေဆာင္ရင္းသာ စာဆက္လုပ္ေနလိုက္ေတာ့သည္ ။

.........................

ဒီေန႕က စာေမးပြဲေတြစၿပီ ။
ေက်ာင္းေရွ႕ကို ေျခလွမ္းေတာ့ ေျခာက္ေယာက္စုံေနသည့္ သူငယ္ခ်င္းအုပ္စုက သူ႕ကိုေစာင့္ေနၾကသည္ .. ဟန္နီအပါအ၀င္ ။

သူက မျမင္ခ်င္ေယာင္ေဆာင္ရင္း သူ႕ကိုမျမင္ခ်င္ေယာင္ေဆာင္ေနသည့္ ဟန္နီ႕ကို ေတြ႕ရသည္ ။
ပုံမွန္အတိုင္း တစ္ကိုယ္လုံးကို အနက္ေရာင္ ၀တ်ထားရင်း စာေမးပြဲခန္းထဲ အရင္၀င္ႏွင့္သည့္ ဟန္နီက သူ႕ကိုေက်ာခိုင္းသြားသည္ ။

Dj Vu ျဖစ္ေနသလိုမ်ိဳး .. သူဒီအျပဳအမူေတြကို ႀကဳံခဲ့ဖူးၿပီးသားပင္ ။
အရင္ကဆို ဟန္နီ ေက်ာခိုင္းသြားသည့္ေနာက္ကေန တေကာက္ေကာက္ထပ္လိုက္ခဲ့ေသးသည့္သူမို႔ ..။

ခုံနံပတ္ေလး ေရွ႕ေနာက္ကပ္လြဲေတာ့ သူႏွင့္ဟန္နီက စာေျဖရမည့္ အခန္းမတူ ။
DongHyuckတို႔က ဒီဘက္အေဆာင္က သူ႕ကို ႏႈတ္ဆက္ၿပီး သူတို႔အေဆာင္ဘက္ ထြက္သြားၿပီ ျဖစ္သည္ ။

ေနာက္တစ္ရက္လည္း အဲ့ဒီလို အတူတူ ..။
ေနာက္ထပ္တစ္ရက္ .. သုံးရက္ေျမာက္ေန႕မွာ သူက သိသိသာသာကို ႏြမ္းလ်ေနသည္ ။

ပုံမွန္အတိုင္း စာေမးပြဲေျဖၿပီး သူငယ္ခ်င္းေတြစုံၾကေတာ့ ေရွ႕ကႏွစ္ရက္လို ဟန္နီက ျပန္ေနႏွင့္ၿပီ ။
ပေဟဠိ အမ်ားႀကီး ရွိေနသလို သူငယ္ခ်င္းေတြက သူ႕ကိုေတာ့ ဘာမွ မေမးခဲ့ၾကပါ ။

ဒီေန႕က ေနာက္ဆုံးေန႕မ်ားလား .. မနက္က ေက်ာင္းအေရာက္ ေနာက္က်လိဳ႕ သူဟန္နီ႕မ်က္ႏွာေလးကိုေတာင္ မေငးခဲ့ရ ။

ကိုယ္က တင္းေနေအာင္ ဆြဲရင္ ျပတ္မွာစိုးတဲ့ စိတ္နဲ႕ ႀကိဳးကေလးကို ေလွ်ာ့ခ်မိေတာ့ တစ္ဖက္လူက ဒီႀကိဳးစေလး ေနာက္တစ္ဖက္ကို ကိုင္ေတာင္မထားမွန္း သတိရမိသည္ ။

ဒီလို .. အရာအားလုံးကို သူတစ္ဖက္တည္းကသာ ျဖစ္ေနခဲ့သလို .. ဟန္နီက သူ႕ကို ပစ္ခ်ထားခဲ့သလို ..။

" DongHyuck .. ငါ မင္းအိမ္လာလို႔ရလား "

အိမ္အျပန္ကားေမာင္းေနရင္း အိမ္မွာ ဘယ္သူမွ မရွိသည္ကို ေတြးမိေတာ့ DongHyuckအိမ္ဘက္ကို ေျပာင္းၿပီး ေမာင္းမိသည္ ။ ေက်ာင္းႏွင့္က ပိုၿပီးလည္း နီးသည္မို႔ ..။

" ငါလာခဲ့မလို႔ .. အင္း .. ခဏေနေတြ႕မယ္ "

ကားေမာင္းရင္းႏွင့္မွ ျပန္မူးလာသည့္ ေခါင္းကို သူခဏခဏ ခါမိသည္ ။ လမ္းမေပၚမွာေတာ့ ဘာတစ္ခုမွ ျဖစ္လို႔မရပါ ။

ဒီလိုပဲ ျဖည္းျဖည္းခ်င္း ေမာင္းလာရင္းႏွင့္ DongHyuckအိမ္ေရွ႕ေရာက္ေတာ့ ခုနက ေစာထြက္သြားႏွင့္သည့္သူက အိမ္ေရွ႕မွာ ေစာင့္ေနေပးသည္ကို ျမင္လိုက္ရသည္ ။

ကားေပၚက ထြက္ၿပီး လက္ျပမိလိုက္တဲ့အခ်ိန္ ႐ုတ္တရက္ ထိုးကိုက္လာတဲ့ေခါင္းႏွင့္ သူ႕ကိုလက္ျပန္ျပေနသည့္ DongHyuckကို ငါးေယာက္ေလာက္ ျဖစ္ေအာင္ ျပေနသည့္ အျမင္အာ႐ုံေတြ ..။

" Dong .. Hyuck "

ေျမႀကီးေပၚကို ပစ္က်သြားသည့္ လက္ေမာင္းတစ္ျခမ္းက နာသလား မသိလိုက္ ။ အျမင္အာ႐ုံေတြ လုံး၀ပိတ္က် မသြားခင္မွာေတာ့ DongHyuckက သူ႕ဆီကို ေအာ္ၿပီးလာတာကို ျမင္ခဲ့ရေသးသည္ ။

.................................

" DongHyuck Lee "

အိပ္ရာက နိုးနိုးခ်င္း ပတ္၀န္းက်င္ကို ၾကည့္မိေတာ့ သူေရာက္ေနသည္က ေဆး႐ုံ .. အထင္မမွားရင္ DongHyuckေဖေဖ ရွိေနသည့္ ေဆး႐ုံျဖစ္မည္ ။

ခုနက သူ DongHyuckအိမ္ေရွ႕မွာ ေမ့လဲသြားတာပဲ သူသိေတာ့သည္ ..။

ေဘးမွာ အိပ္ေနသည္ထင္ရေပမယ့္ သူေခၚလိုက္တာႏွင့္ ထလာသည့္ DongHyuckkieရဲ႕ မ်က္လုံးက ငိုထားသည္ထင္သည္ .. မို႔အစ္ေန၏ ။

" နိုးၿပီလား "

" ဘယ္ႏွစ္ရက္ရွိၿပီလဲ "

" မင္းေမ့လဲသြားတာေတာ့ ႏွစ္ရက္ရွိၿပီ "

DongHyuckေျပာစကားကို သူမယုံခ်င္ ..။
သူ႕အထင္ ခုနကမွ သူေမ့လဲသြားတာ လို႔သာ ထင္ေနတုန္း ။

" Jenoရယ္ .. "

အဲ့စကားေျပာၿပီး သူ႕ကိုဖက္လာသည့္ DongHyuckkieက တျဖည္းျဖည္း ဖက္ၿပီးကို ငိုလာေတာ့သည္ ။ အခုမွ နိုးလာသည့္ သူက ဘာမွ မသိ ၊ ဘာမွမသိေတာ့ ဘယ္လိုေခ်ာ့ရမွန္းလဲမသိပါ ။

ေက်ာကုန္းကို ခပ္ဖြဖြေလး ပြတ္ေပးေတာ့ ပိုေတာင္ တရႈံ႕ရႈံ႕ျဖစ္လာသည့္ သူ႕သူငယ္ခ်င္းက ဆရာ၀န္ေတြ ၀င်လာတော့ သူ႕ကို ဖယ္သြားရင္း ေထာင့္နားေလးမွာ မ်က္ရည္ေတြ သြားသုတ္ေနျပန္သည္ ။

" Jeno ဘယ္လိုေနေသးလဲ "

" ကြၽန္ေတာ္ အခုမွ နိုးတာ ဦး .. ေရဆာေနတယ္ "

သူအဲ့လိုေျပာေတာ့ DongHyuck ေဖေဖက သူ႕ကို ၿပဳံးၿပီး ေရခြက္ေလး ကမ္းေပးလာသည္ ။
က်န္တဲ့ဆရာ၀န္ေတြက အလိုက္တသိ ထြက္သြားေပးေတာ့ ဒီေဆး႐ုံခန္းထဲ သူရယ္ ၊ DongHyuckရယ္ ၊ DongHyuckေဖေဖရယ္သာ က်န္ခဲ့ရသည္ ။
ဒီေလထုႀကီးက ဘာလို႔ အေငြ႕အသက္ မေကာင္းေနလဲ သူမသိ ။

" DongHyuckက မင္းအိမ္ကို မေျပာခိုင္းတာနဲ႕ .. မင္းမိဘေတြကိုေတာ့ မင္းတို႔သူငယ္ခ်င္းႏွစ္ေယာက္ ခရီးထြက္သြားတယ္လို႔ ေျပာေပးထားတယ္ "

" ေမေမက အလုပ္မ်ားေနတာ ဒီရက္ပိုင္း အဲ့တာေၾကာင့္ DongHyuckက အဲ့လိုေျပာတာထင္တယ္ "

သူ႕ ေဆး႐ုံကုတင္ေဘးမွာ DongHyuckက သူ႕လက္ကို လာဆြဲလာသည္ ။ မ်က္ရည္မကုန္ေသးသည့္ သူ႕သူငယ္ခ်င္း မ်က္၀န္းေတြက တကယ္ကို ဝိုင္းစက္လို႔ ။

" ေဖေဖ .. ကြၽန္ေတာ္ Jenoနဲ႕ ႏွစ္ေယာက္တည္း စကားေျပာခ်င္တယ္ "

သူ႕ေဖေဖကို ႏွင္ထုတ္သည့္ DongHyuckက သူ႕လက္ကိုေတာ့ လႊတ္မထား ။
ၿပဳံးျပၿပီး ထြက္သြားသည့္ ဦးေလးေၾကာင့္လည္း သူ႕စိတ္ထဲ ေကာင္းမေနပါ ။

" ေဖေဖ့ကို ဘာလို႔ .. "

" ငါတို႔ အေမရိကကို ခရီးထြက္ၾကမလား Jeno .. "

" ဘာေတြေျပာေနတာလဲ .. "

အဆက္အစပ္မရွိ ေျပာတဲ့စကားေၾကာင့္ သူက ေၾကာင္ေတာင္ေတာင္ ျဖစ္လာရသည္ ။

" မင္း ႏွာေခါင္းေသြးလွ်ံေနတာေတြ .. ေခါင္းမူးတယ္ ခဏခဏေျပာေနတာေတြ .. အခုေနာက္ဆုံး ဒီလိုေမ့လဲတဲ့အထိ မင္းဘယ္လိုမ်ားေနခဲ့လဲ "

သူ႕ကို စူးစိုက္ၿပီး ၾကည့္ေနသည့္ DongHyuckက တစ္ခုခုေတာ့ မူမွန္မေနခဲ့ပါ ။

" ေသေလာက္တဲ့ ေရာဂါ တစ္ခုခုရေနလို႔လား "

" ...... "

" ...... "

" အသည္းကင္ဆာ ေနာက္ဆုံးအဆင့္တဲ့ .. "

အၾကာႀကီး တကယ္ကို အၾကာႀကီးၾကာၿပီးမွ အဲ့စကားကို ထုတ္ေျပာလာတဲ့ သူ႕သူငယ္ခ်င္းက သူ႕ကိုမၾကည့္ဘဲ ငိုသည္ ။

မကြယ္ဝွက္ထားတာပဲ ေတာ္ေသးသည္လို႔ ေျပာဖို႔က်ေတာ့လည္း သူက လက္ခံနိုင္ဖို႔ ခဲယဥ္းလြန္းေနသည့္ စကားမ်ိဳးပင္ ။

" အစားထိုးတာပဲ လုပ္လို႔ရမယ္တဲ့ ။ ဒီေနရာမွာ .. ဒီနိုင္ငံမွာ .. လုပ္ဖို႔ဆို အၾကာႀကီးေစာင့္ရမွာ ။ မင္းဒီၾကားထဲ ေသသြားနိုင္တယ္တဲ့ "

ရွိုက္ရွိုက္ၿပီးငိုေနတဲ့ DongHyuckကို သူက ျပန္ၿပီး ဖက္ထားေပးရသည္ ။
DongHyuckေျပာတဲ့ ေရာဂါလကၡဏာေတြက သူျဖစ္ေနတာႏွင့္ ထပ္တူပင္ ။

" ငါတို႔ အေမရိကကို ထြက္သြားၾကရေအာင္ Jenoရယ္ .. ေနာ္ "

" .... "

" ငါဘယ္သူ႕ကိုမွ ဒီဟာ မေျပာထားဘူး ။ ဘယ္သူ႕ကိုမွလည္း ငါမေျပာခ်င္ဘူး ။ မင္းေသလို႔ေတာ့ မျဖစ္ဘူး .. "

" ..... "

" မင္းအေမသိရင္ ႏွလုံးေဖာက္ၿပီး ခ်က္ခ်င္းေသသြားေလာက္တယ္ ။ ငါတို႔ အေမရိကကို သြားလိုက္လို႔ မျဖစ္ဘူးလား ။ မင္းကို ဒီအတိုင္းေတာ့ အဆုံးရႈံးမခံနိုင္လို႔ .. ေဖေဖက သူကုေပးလို႔ ရနိုင္တဲ့ အတိုင္းအတာကို ေက်ာ္ေနခဲ့ၿပီတဲ့ "

DongHyuckစကားေတြၾကားမွာ သူက သူ႕ကိုယ္သူ အဖတ္ဆယ္လို႔မရ ။
တစ္ခြန္းစီကို ေသခ်ာနားလည္ၿပီးဖို႔က တစ္နာရီေလာက္ ၾကာလိုက္ရသည္ ။

" Mark Hyungကို ေျပာၾကမလား Je "

" အင္း .. "

" ငါတို႔သုံးေယာက္ အေမရိက သြားၾကမယ္ .. ငါ မင္းကို ရေအာင္ကယ္ပါ့မယ္ "

သူ႕ကိုထပ္ၿပီး ဖက္လာတဲ့သူငယ္ခ်င္းေလးက အငိုမရပ္ေတာ့သလို သူကပါ ထပ္ၿပီး ငိုမိလာခဲ့သည္ ။

ဘာလို႔ သူမွလဲ .. ဘာလို႔ သူ႕ကိုမွလဲ ..
ပင္ပန္းစရာ ၊ နာက်င္စရာ ၊ ၿပီးေတာ့ မုန္းစရာ ..။
သူက ကံဆိုးတဲ့သူထင္သည္ .. လူေတြ မလိုခ်င္သမွ်အရာတိုင္း ရရွိေနခဲ့တာ ။

သူက ဟန္နီ႕ကို လက္လႊတ္နိုင္ေအာင္ ႀကိဳးစားမလို႔ ႀကံ႐ုံေလးတင္ပါ ။
ဘာလို႔ သူ႕ကို ထြက္သြားရေလာက္တဲ့ ေရာဂါေတြ ေပးပစ္လိုက္တာ ..။

ကံတရားက သူ႕အေပၚေတာ့ ေတာ္ေတာ့္ကို ရက္စက္ခဲ့ပါသည္ .. ဟန္နီ႕ထက္ကို ပိုၿပီး ..။

............................

" Hyungေရာက္ၿပီလား "

" မင္းတို႔ႏွစ္ေယာက္ ခရီးသြားေနၾကတာဆို .. အခုဘယ္လို "

ေဆး႐ုံကုတင္ေပၚက သူ႕ကိုၾကည့္ၿပီး Mark Hyungက အံ့ဩဟန္ျပသည္ ။
ၿပီးေတာ့ မ်က္ႏွာေတြနီရဲေနေအာင္ ငိုထားတဲ့ DongHyuckကို ၾကည့္ၿပီး သူက တစ္ခုခုေတာ့ ႀကိဳၿပီး ခံစားမိေနေလာက္ပါၿပီ ..။

" Jeno အဆင္ေျပရဲ႕လား "

" အင္း .. အခုေတာ့ ဘာမွမျဖစ္ဘူး "

ေဆး႐ုံကုတင္ေဘးမွာ တစ္ေယာက္ ခုံတစ္လုံးနဲ႕ ၀င်ထိုင်ပြီး Markနဲ႕ DongHyuckက သူ႕ကို ၾကည့္ေနၾကသည္ ။

" ငါေျပာလိုက္မယ္ .. DongHyuckkie .. "

သူငယ္ခ်င္းေလး ထပ္ငိုမွာ စိုးတာမို႔ Mark Hyungကို သူကပဲ တည့္တည့္ၾကည့္လိုက္သည္ ။

" Hyung အားတယ္မလား .. ေနာက္ထပ္ စာသင္ႏွစ္ မတိုင္ခင္အထိ "

" အင္း "

" ကြၽန္ေတာ္တို႔ သုံးေယာက္ အေမရိက သြားၾကမယ္ "

" အင္း .. "

" ကြၽန္ေတာ့္မွာ အသည္းကင္ဆာ ေနာက္ဆုံးအဆင့္တဲ့ "

" အစားထိုးဖို႔က ဒီမွာ မျဖစ္နိုင္ေတာ့ဘူးလား "

" အဲ့တာေၾကာင့္ .. "

" ဘယ္သူ႕ကိုမွ မေျပာျပေတာ့ဘူးလား .. "

" အေျခအေနေကာင္းလာရင္ေပါ့ .. "

Markက အႀကီးပီပီပဲ .. ၿငိမ္သြားတဲ့ သူတို႔အစ္ကိုက ခဏေလးပဲ ေလထုကို ရပ္တန႔္ခံလိုက္ၿပီး စကားေတြ ျပန္ေျပာလာတယ္ ။

" အိုေက .. အေမရိကကို အပန္းေျဖခရီးထြက္တယ္လို႔ သေဘာထားၾကတာေပါ့ ။ ငါတို႔သုံးေယာက္တည္းအတူတူ တစ္ခါမွ အျပင္မသြားဘူးေသးဘူးေလ "

" ေက်းဇူးပဲ Hyung "

" အဲ့ဒီအစား ေနာက္ထပ္ ႏွစ္ရွစ္ဆယ္ေလာက္အထိ ငါ့ကိုျပဳစုသြား "

မရယ္နိုင္ခဲ့တဲ့ ဟာသေတြ ..
သူတို႔ေတြ တစ္ေယာက္ကို တစ္ေယာက္ ၿပဳံးပဲ ျပမိခဲ့ၾကပါေတာ့တယ္ ..။

..........................

ပင္ပန္းေနတဲ့သူကိုမွ
ပိုပင္ပန္းေအာင္ လုပ္တတ္ေလ့ရွိတဲ့ ကံမ်ိဳး ..
ငါက သားေကာင္ျဖစ္ခဲ့တယ္ ။

Pokračovať v čítaní

You'll Also Like

676K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
951K 72.7K 36
╻there is this one cat who keeps on bothering him╹ ❀ jaeno / nomin ❀ chogiwanese ━┅ ✎ this is made out of pure entertainment and a hundr...
8.9K 938 21
Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available*
581K 13K 40
In wich a one night stand turns out to be a lot more than that.