ဆန်းဆန်းကြီး system

By thethmue1005

1M 122K 6.7K

ကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့ More

ဆန်းဆန်းကြီး system
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14
Arc 4.15
Arc 4.16
Arc 4.17
Arc 4.18
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
New Fic
One shot
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Arc 5.19
Arc 5.20
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.12

Arc 6.13

13.3K 923 230
By thethmue1005

ရှောင်းကျန့် သူချောင်းနားထောင်သည်ကို
Jolly ဆိုတဲ့လူ မသိစေရန် ပုန်းနေသည့်နေရာမှာ နာရီဝက်လောက် ငြိမ်ငြိမ်လေးနေလိုက်ရသေး​သည် ခြေထောက်လေးများပင် တောင့်လို့ ပြီးမှ Jollyရုံးခန်းသို့ ဟန်မပျက်ဝင်သွားလိုက်သည်
Jollyက သူလာလည်သည်ကို မလိုလားဟန်ပြပေမယ့်
သူချောင်းနားထောင်ခဲ့သည်ကို ရိပ်မိပုံမပေါ်
တော်သေးသည်
ဒီနေ့တော့ ဒီလောက်သိရရင်လုံလောက်ပြီ မလို့ ဒီနေရာမှာ ကြာကြာမနေလိုတော့
နောက်ပြီး Tonကလည်း လျှောက်မသွားဘဲ သူ့အနားမှာ နေဖို့ တဖွဖွပြောနေတာကြောင့်
ဒီနေ့တစ်ရက်တော့ ​သွားပေးလိုက်ပါ့မယ်လေ

"Khun Jolly........ ကျနော် "

"ဟေးးး မင်းးး ဒီကိုနေ့တိုင်းလာနေတာ မပျင်းဘူးလား
ဒါမှမဟုတ် မင်းအတွက် ဒီမှာ အရေးကြီးကိစ္စ ရှိနေလို့များလား "

ရောက်ကြောင်းပြောပြီး ပြန်မလို့ပါဆို
စကားကိုပြီးအောင်နားမထောင်ဘဲ ဇွတ်တွေ သံသယဝင်နေပြန်ပြီ
ကိုယ်တိုင်က မရိုးသားမှတော့ သူများအပေါ် မယုံကြည်တာလည်း မဆန်းပါဘူး

"Khun ကျနော် ဒီနေ့ လာမလည်တော့ဘူးဆိုတာ လာပြောတာပါ
ကျွန်တော့ကို မယုံမကြည်နဲ့
Khunကြောင့်သာ မဟုတ်ရင် ကျနော်လည်း နေ့တိုင်းလာနေမှာမဟုတ်ဘူး
အပြစ်တင်ချင်ရင် ခန့်ညာ​းနေတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက် "

သံသယမှ လွတ်မြောက်ရန် ထင်ချင်ထင်ဆိုပြီးပြောပလိုက်သည်
သိပ်အရေးကြီးတာလည်း မဟုတ်
ပြောချင်ရာ ပြောပြီးတာနဲ့ ချာခနဲ လှည့်ထွက်လာသည်
သံသယအကြည့်တွေအောက်မှာ မနေလို
ကိုယ်တိုင်ကလည်း ဒီလူ့ လျှို့ဝှက်ချက်တွေ စုံစမ်းနေတာဆိုတော့
တွေးစရာများလွန်းသည် ကမ္ဘာကြီးရဲ့ ကယ်တင်ရှင် ဖြစ်လာမယ့်သူက
အပင်လူသားတွေကို ချနင်းတဲ့အပြင် လျှို့ဝှက်ချက်လည်း များလွန်းသည်
နောက်ပြီး သူတို့အချင်းချင်းပြောနေတဲ့ ပရောဂျက်ကြီး ဆိုတာ ဘာပါလိမ့်

"အနှောင့်အသွားမလွတ်တဲ့ စကား​ကိုရွေးပြောသွားတယ် လူလည်ကောင်လေးပဲ
ဉာဏ်များလိုက်တာ
အရည်အသွေးကောင်းတဲ့ အပင်လူသားလေး
ငါ့အတွက်အများကြီးအသုံးဝင်လာအုံးမှာ
ဖမ်းဖို့ မစောင့်ချင်တော့ဘူး
ဒီကောင်လေးသွေးနဲ့သာဆို
အောင်မြင်မှုက လက်တစ်ကမ်းမှာ"

အကြံကြီးသူပီပီ လူတွေဆီက အမြတ်ထုတ်ဖို့ပဲ တွေးနေတတ်တဲ့ Jolly ဟာ ယခုလည်းထိုကဲ့သို့ပင်
ကိုယ်ကျိုးအတွက်သာ စဥ်းစားနေမြဲ
လောဘနဲ့အတ္တဟာ ကြောက်စရာကောင်းလွန်းသည်

~~~~~~

Tonဆီမှ Location မေးကာ
Tonရဲ့ လုပ်ငန်းခွင်ရှိရာသို့ ရှောင်းကျန့် လိုက်သွားရသည်
အလုပ်မခိုင်းဘဲ တင်ကျွေးထားသော ထမင်းရှင်စကား ဒီလောက်တော့ နားထောင်ပေးမှ တော်ကာကျမည်
လိုအပ်လျှင်သုံးဖို့ မုန့်ဖိုးလည်းပေးသေးသည့် လူကြီးက ရက်ရောတာတော့အမှန်

ဒါနဲ့ ကလေးပေါက်ကိုတောင် သတိရသွားပြီ
ကျောင်းမှာ တစ်ယောက်တည်းပျင်းနေရောပေါ့ ဒီရက်ပိုင်း ကလေးပေါက်​က သူ့အနား အရင်လို မကပ်နိုင်သဖြင့် ရှောင်းကျန့်မှာ ဟာတာတာကြီး ဖြစ်နေရသည်
ပညာရေးလောဘကြီးလွန်းတဲ့Tonက
မူလတန်းသာရှိသော ကလေးပေါက်အား
Guide နှစ်ယောက်တောင်ငှားထားပေးသည်
ဒါကြောင့် ကလေးပေါက်မှာ မအားလပ်နိုင်ရှာ
ကလေးပေါက် ဘယ်လောက်တောင် ပျင်းနေလိုက်မလဲ

Ton ဆီသွားတဲ့ လမ်းတစ်လျှောက်လုံး
ကလေးပေါက်အကြောင်းပဲ တွေးဖြစ်နေသည်
အခုမှ တွေးချိန်ရတာလည်း ပါတာပေါ့

နောက်ဆုံးတော့ ပြုပြင်နေဆဲအဆောက်အအုံကြီး တစ်ခုနား ရောက်တော့ ကားရပ်လိုက်တာမို့ ရှောင်းကျန့် Taxiပေါ်မှ ဆင်းလိုက်သည်
ဤပြုပြင်နေသော အဆောက်အအုံကြီးမှာ
ယခင်က Tonရဲ့ ဆေးလုပ်ငန်း သိုလှောင်ရုံမှန်း ရိပ်စားမိပါသည်
မသမာသူတစ်ချို့ကြောင့် ဖျက်စီးခံထားရ၍ Ton ပြန်လည်ပြုပြင် ကြီးကြပ်နေရပုံပေါ်သည်
အဆောက်အအုံရှေ့နားလေးမှာတင် လူတစ်ယောက်နှင့် စကားပြောနေသော Ton အနား
ရှောင်းကျန့်သွားလိုက်ပြီး

"ကျွန်တော်ရောက်ပြီ Ton "

"အင်းးး ရောက်လာပြီလား
ကိုယ်စောင့်နေတာ "

"ဘာကူပေးရမလဲ
လုပ်ငန်းပိုင်းမကျွမ်းရင်တောင်
တောက်တိုမယ်ရတော့ အဆင်ပြေမှာပါ "

"အလုပ်ခိုင်းဖို့ မဟုတ်ရပါဘူးဗျာ
ခင်ဗျားလေးကို အသုံးအဆောင်ပစ္စည်းတွေ လိုက်ဝယ်ပေးမလို့ပါ
ခနစောင့်ပေးအုံးနော် မန်နေဂျာကောင်လေးကို မှာခဲ့စရာလေးရှိလို့ "

"မဟုတ်တာ Ton ရယ် အလုပ်ပျက်ခံလို့ ကျွန်တော့ အတွက် မလိုပါဘူး
ကဒ်လေးပဲ ပေးလိုက် ကိုယ့်အားကိုယ်ကိုးပြီး သွားဝယ်လိုက်မယ် ဟီးဟီးးးးးး"

အတည်ပေါက်နဲ့နောက်တာမဟုတ်ပါ
Tonကိုအားနာလွန်းလို့ပါ
နောက်ပြီးဈေးဝယ်တဲ့နေရာ လူထက် ကဒ်က ပိုပြီးအရေးကြီးတာလေ

"အားမနာနဲ့ Plant
ကိုယ်တွေက အားနာရမယ့် လူတွေမဟုတ်ဘူး
ဒါကြောင့်မငြင်းနဲ့ ကိုယ်ပဲ လိုက်ပို့မယ်
ဟိုမယ် ပတ်ဖိုက်လည်း ရောက်လာပြီ "

Tonမေးငေါ့ပြရာ လိုက်ကြည့်မိတော့
သူတို့ဆီတည့်တည့်လာနေတဲ့ လူတစ်ယောက် ​ပြုပြင်ဆဲ အဆောက်အအုံထဲထွက်လာတဲ့ ထိုလူ
နီးကပ်လာလေ ပိုပြီးသေချာလေ
ဒီလူ....ဒီလူ.... ဒီလူက အစောက လူမဟုတ်ဘူးလား
Jolly ရုံးခန်းထဲက ထွက်လာတဲ့လူလေ
Jollyရဲ့ကြံရာပါ

"Ohhhh Khun Ton ကျွန်တော့ကို ခေါ်ထားသေးတယ်ဆို "

"ဟုတ်တယ် ပတ်ဖိုက်
အကို ပြန်တော့မို့ ဒီမှာ မင်းကြီးကြပ်ထားပေးပါအုံး"

"ဟုတ်ကဲ့ Khun Ton စိတ်ချပါ"

စိတ်ချဟုတ်လား Tonအတွက်ရင်လေးတယ်
မြွေပွေးမှ ခါးပိုက်ပိုက်ထားမိရတယ်လို့
ဒီလူက အကြံသမားဆိုတာ Tonသိအောင် ဘယ်လိုပြောပြရမလဲ

အဲ့နေ့ကတစ်နေ့လုံး Tonခေါ်ရာ တကောက်ကောက်ပတ်လိုက်မိနေပေမယ့်
စိတ်ထဲမှာတော့ ဟိုလူကိစ္စ ဘယ်လို ရှင်းပေးရမလဲ စဥ်းစာနေမိတယ်
ကိုယ့်လူသူ့ဘက်သားဖြစ်နေတဲ့ အဲ့ဒီလူမှာ အကြံတစ်ခုခုမရှိဘဲ မနေ
လူယုတ်မာမှန်းသိတဲ့ အလျောက်
အစဆွဲထုတ်ဖို့ကတော့ အခက်သား

Tonနဲ့နေရာစုံလျှောက်သွားပြီး အိမ်ကို မှောင်တဲ့အချိန်မှသာ ပြန်ရောက်တယ်
ခေါင်းထဲက ပြသနာအတွက် အဖြေမထွက်သေး

"Plant ကောင်းကောင်းအနားယူနော်
ဒီနေ့ပင်ပန်းသွားပြီ "

"မဟုတ်တာ ဝယ်ပေးတဲ့ ပစ္စည်းတွေအတွက် ကျေးဇူးပါ "

လက်ထဲမှ အထုပ်ကြီးအထုပ်ငယ်အသွယ်သွယ်ကို မြှောက်ပြ၍
ကျေးဇူးတင်ကြောင်းပြောတော့ Tonမှာ ကျေနပ်ခြင်းအတိ
ဒီအပင်လူသားလေးနဲ့ တနေကုန်အတူရှိနေရခြင်းကိုက Tonအတွက် ဆုလာဒ်တစ်မျိုးပင်
နောက်ဆုံးတော့ Tonတစ်ယောက် ဘဝရဲ့ပျော်ရွှင်မှုလေးကို ရှာတွေ့သွားခဲ့ပြီ
အလှလေးထံကျရှုံးရခြင်းသုခက ဒီနေ့မှ ပြည့်စုံသွားတာ

.....................

"ပိ​စိလေး....................... "

အခန်းထဲဝင်ဝင်ခြင်း ကလေးပေါက်က အသံဆာဆာနဲ့ပြေးလာတာမို့ ရှောင်းကျန့်စိတ်လေးပျော်ရွှင်သွားရသည်
သို့ပေမဲ့ ခနသာ
နောက်ဆက်တွဲ ကလေးပေါက်လုပ်ရပ်ကြောင့် အလန့်တကြား လက်ထဲက အိတ်ထုပ်တွေပါ လွှတ်ပစ်​မိတဲ့ အထိ

"Pe....Pe.... Peter................. မင်းးးး"

"ကိုကြီးက ပိစိလေးကို အရမ်းလွမ်းနေတာ "

ခါးလောက်သာရှိသည့် အရပ်
သေးငယ်သော လက်ကလေးများကို အသုံးပြုကာ ကျစ်ကျစ်ပါကောင် ဖက်ထားသည့်ကလေးပေါက်အား
ပုခုံးမှ ဆွဲခွာကာ မယုံနိုင်စွာ ကလေးပေါက်မျက်နှာလေးအား စေ့စေ့ကြည့်ပြီးနောက်
ကလေးပေါက်အရပ်နှင့် တစ်တန်းတည်းဖြစ်အောင်ထိုင်ချကာ

"ကလေးပေါက် ငါ့ကို ပြန်ဖက်ကြည့်စမ်း......."

ဘာမှနားမလည်နိုင်သည့်
ကလေးပေါက်က  ခနတာ ကြောင်သွားပြီးနောက်အတွေးပေါက်ကာ
"သိပြီ ပိစိလည်း ကိုကြီးကို သိပ်လွမ်းနေခဲ့တာပဲ "ဆိုကာ တင်းတင်းကြပ်ကြပ်လေး ဖက်ပေးလာသည်

နောက်ဆုံးတော့ ရှောင်းကျန့် သဘောပေါက်သွားခဲ့ပြီ ကလေးပေါက်စ သူ့ကိုအရမ်းကပ်တဲ့ အကြောင်းအရင်းကို
လူဆိုးပေါက်စလေး
ဒီတစ်ခါရှောင်းကျန့် ပြန်ကြံဖို့ အခွင့်အရေးရပြီထင်ပါ့

🐰Xiao Paing🐰

🐇Zawgyi🐇

ေရွာင္းက်န့္ သူေခ်ာင္းနားေထာင္သည္ကို
Jolly ဆိုတဲ့လူ မသိေစရန္ ပုန္းေနသည့္ေနရာမွာ နာရီဝက္ေလာက္ ၿငိမ္ၿငိမ္ေလးေနလိုက္ရေသး​သည္ ေျခေထာက္ေလးမ်ားပင္ ေတာင့္လို႔ ၿပီးမွ Jolly႐ုံးခန္းသို႔ ဟန္မပ်က္ဝင္သြားလိုက္သည္
Jollyက သူလာလည္သည္ကို မလိုလားဟန္ျပေပမယ့္
သူေခ်ာင္းနားေထာင္ခဲ့သည္ကို ရိပ္မိပုံမေပၚ
ေတာ္ေသးသည္
ဒီေန႕ေတာ့ ဒီေလာက္သိရရင္လုံေလာက္ၿပီ မလို႔ ဒီေနရာမွာ ၾကာၾကာမေနလိုေတာ့
ေနာက္ၿပီး Tonကလည္း ေလွ်ာက္မသြားဘဲ သူ႕အနားမွာ ေနဖို႔ တဖြဖြေျပာေနတာေၾကာင့္
ဒီေန႕တစ္ရက္ေတာ့ ​သြားေပးလိုက္ပါ့မယ္ေလ

"Khun Jolly........ က်ေနာ္ "

"ေဟးးး မင္းးး ဒီကိုေန႕တိုင္းလာေနတာ မပ်င္းဘူးလား
ဒါမွမဟုတ္ မင္းအတြက္ ဒီမွာ အေရးႀကီးကိစၥ ရွိေနလို႔မ်ားလား "

ေရာက္ေၾကာင္းေျပာၿပီး ျပန္မလို႔ပါဆို
စကားကိုၿပီးေအာင္နားမေထာင္ဘဲ ဇြတ္ေတြ သံသယဝင္ေနျပန္ၿပီ
ကိုယ္တိုင္က မရိုးသားမွေတာ့ သူမ်ားအေပၚ မယုံၾကည္တာလည္း မဆန္းပါဘူး

"Khun က်ေနာ္ ဒီေန႕ လာမလည္ေတာ့ဘူးဆိုတာ လာေျပာတာပါ
ကြၽန္ေတာ့ကို မယုံမၾကည္နဲ႕
Khunေၾကာင့္သာ မဟုတ္ရင္ က်ေနာ္လည္း ေန႕တိုင္းလာေနမွာမဟုတ္ဘူး
အျပစ္တင္ခ်င္ရင္ ခန့္ညာ​းေနတဲ့ ကိုယ့္ကိုယ္ကိုယ္ပဲ အျပစ္တင္လိုက္ "

သံသယမွ လြတ္ေျမာက္ရန္ ထင္ခ်င္ထင္ဆိုၿပီးေျပာပလိုက္သည္
သိပ္အေရးႀကီးတာလည္း မဟုတ္
ေျပာခ်င္ရာ ေျပာၿပီးတာနဲ႕ ခ်ာခနဲ လွည့္ထြက္လာသည္
သံသယအၾကည့္ေတြေအာက္မွာ မေနလို
ကိုယ္တိုင္ကလည္း ဒီလူ႕ လွ်ို႔ဝွက္ခ်က္ေတြ စုံစမ္းေနတာဆိုေတာ့
ေတြးစရာမ်ားလြန္းသည္ ကမၻာႀကီးရဲ႕ ကယ္တင္ရွင္ ျဖစ္လာမယ့္သူက
အပင္လူသားေတြကို ခ်နင္းတဲ့အျပင္ လွ်ို႔ဝွက္ခ်က္လည္း မ်ားလြန္းသည္
ေနာက္ၿပီး သူတို႔အခ်င္းခ်င္းေျပာေနတဲ့ ပေရာဂ်က္ႀကီး ဆိုတာ ဘာပါလိမ့္

"အႏွောင့္အသြားမလြတ္တဲ့ စကား​ကိုေ႐ြးေျပာသြားတယ္ လူလည္ေကာင္ေလးပဲ
ဉာဏ္မ်ားလိုက္တာ
အရည္အေသြးေကာင္းတဲ့ အပင္လူသားေလး
ငါ့အတြက္အမ်ားႀကီးအသုံးဝင္လာအုံးမွာ
ဖမ္းဖို႔ မေစာင့္ခ်င္ေတာ့ဘူး
ဒီေကာင္ေလးေသြးနဲ႕သာဆို
ေအာင္ျမင္မႈက လက္တစ္ကမ္းမွာ"

အႀကံႀကီးသူပီပီ လူေတြဆီက အျမတ္ထုတ္ဖို႔ပဲ ေတြးေနတတ္တဲ့ Jolly ဟာ ယခုလည္းထိုကဲ့သို႔ပင္
ကိုယ္က်ိဳးအတြက္သာ စဥ္းစားေနၿမဲ
ေလာဘနဲ႕အတၱဟာ ေၾကာက္စရာေကာင္းလြန္းသည္

~~~~~~

Tonဆီမွ Location ေမးကာ
Tonရဲ႕ လုပ္ငန္းခြင္ရွိရာသို႔ ေရွာင္းက်န့္ လိုက္သြားရသည္
အလုပ္မခိုင္းဘဲ တင္ေကြၽးထားေသာ ထမင္းရွင္စကား ဒီေလာက္ေတာ့ နားေထာင္ေပးမွ ေတာ္ကာက်မည္
လိုအပ္လွ်င္သုံးဖို႔ မုန့္ဖိုးလည္းေပးေသးသည့္ လူႀကီးက ရက္ေရာတာေတာ့အမွန္

ဒါနဲ႕ ကေလးေပါက္ကိုေတာင္ သတိရသြားၿပီ
ေက်ာင္းမွာ တစ္ေယာက္တည္းပ်င္းေနေရာေပါ့ ဒီရက္ပိုင္း ကေလးေပါက္​က သူ႕အနား အရင္လို မကပ္နိုင္သျဖင့္ ေရွာင္းက်န့္မွာ ဟာတာတာႀကီး ျဖစ္ေနရသည္
ပညာေရးေလာဘႀကီးလြန္းတဲ့Tonက
မူလတန္းသာရွိေသာ ကေလးေပါက္အား
Guide ႏွစ္ေယာက္ေတာင္ငွားထားေပးသည္
ဒါေၾကာင့္ ကေလးေပါက္မွာ မအားလပ္နိုင္ရွာ
ကေလးေပါက္ ဘယ္ေလာက္ေတာင္ ပ်င္းေနလိုက္မလဲ

Ton ဆီသြားတဲ့ လမ္းတစ္ေလွ်ာက္လုံး
ကေလးေပါက္အေၾကာင္းပဲ ေတြးျဖစ္ေနသည္
အခုမွ ေတြးခ်ိန္ရတာလည္း ပါတာေပါ့

ေနာက္ဆုံးေတာ့ ျပဳျပင္ေနဆဲအေဆာက္အအုံႀကီး တစ္ခုနား ေရာက္ေတာ့ ကားရပ္လိုက္တာမို႔ ေရွာင္းက်န့္ Taxiေပၚမွ ဆင္းလိုက္သည္
ဤျပဳျပင္ေနေသာ အေဆာက္အအုံႀကီးမွာ
ယခင္က Tonရဲ႕ ေဆးလုပ္ငန္း သိုေလွာင္႐ုံမွန္း ရိပ္စားမိပါသည္
မသမာသူတစ္ခ်ိဳ႕ေၾကာင့္ ဖ်က္စီးခံထားရ၍ Ton ျပန္လည္ျပဳျပင္ ႀကီးၾကပ္ေနရပုံေပၚသည္
အေဆာက္အအုံေရွ႕နားေလးမွာတင္ လူတစ္ေယာက္ႏွင့္ စကားေျပာေနေသာ Ton အနား
ေရွာင္းက်န့္သြားလိုက္ၿပီး

"ကြၽန္ေတာ္ေရာက္ၿပီ Ton "

"အင္းးး ေရာက္လာၿပီလား
ကိုယ္ေစာင့္ေနတာ "

"ဘာကူေပးရမလဲ
လုပ္ငန္းပိုင္းမကြၽမ္းရင္ေတာင္
ေတာက္တိုမယ္ရေတာ့ အဆင္ေျပမွာပါ "

"အလုပ္ခိုင္းဖို႔ မဟုတ္ရပါဘူးဗ်ာ
ခင္ဗ်ားေလးကို အသုံးအေဆာင္ပစၥည္းေတြ လိုက္ဝယ္ေပးမလို႔ပါ
ခနေစာင့္ေပးအုံးေနာ္ မန္ေနဂ်ာေကာင္ေလးကို မွာခဲ့စရာေလးရွိလို႔ "

"မဟုတ္တာ Ton ရယ္ အလုပ္ပ်က္ခံလို႔ ကြၽန္ေတာ့ အတြက္ မလိုပါဘူး
ကဒ္ေလးပဲ ေပးလိုက္ ကိုယ့္အားကိုယ္ကိုးၿပီး သြားဝယ္လိုက္မယ္ ဟီးဟီးးးးးး"

အတည္ေပါက္နဲ႕ေနာက္တာမဟုတ္ပါ
Tonကိုအားနာလြန္းလို႔ပါ
ေနာက္ၿပီးေဈးဝယ္တဲ့ေနရာ လူထက္ ကဒ္က ပိုၿပီးအေရးႀကီးတာေလ

"အားမနာနဲ႕ Plant
ကိုယ္ေတြက အားနာရမယ့္ လူေတြမဟုတ္ဘူး
ဒါေၾကာင့္မျငင္းနဲ႕ ကိုယ္ပဲ လိုက္ပို႔မယ္
ဟိုမယ္ ပတ္ဖိုက္လည္း ေရာက္လာၿပီ "

Tonေမးေငါ့ျပရာ လိုက္ၾကည့္မိေတာ့
သူတို႔ဆီတည့္တည့္လာေနတဲ့ လူတစ္ေယာက္ ​ျပဳျပင္ဆဲ အေဆာက္အအုံထဲထြက္လာတဲ့ ထိုလူ
နီးကပ္လာေလ ပိုၿပီးေသခ်ာေလ
ဒီလူ....ဒီလူ.... ဒီလူက အေစာက လူမဟုတ္ဘူးလား
Jolly ႐ုံးခန္းထဲက ထြက္လာတဲ့လူေလ
Jollyရဲ႕ႀကံရာပါ

"Ohhhh Khun Ton ကြၽန္ေတာ့ကို ေခၚထားေသးတယ္ဆို "

"ဟုတ္တယ္ ပတ္ဖိုက္
အကို ျပန္ေတာ့မို႔ ဒီမွာ မင္းႀကီးၾကပ္ထားေပးပါအုံး"

"ဟုတ္ကဲ့ Khun Ton စိတ္ခ်ပါ"

စိတ္ခ်ဟဳတ္လား Tonအတြက္ရင္ေလးတယ္
ေႁမြေပြးမွ ခါးပိုက္ပိုက္ထားမိရတယ္လို႔
ဒီလူက အႀကံသမားဆိုတာ Tonသိေအာင္ ဘယ္လိုေျပာျပရမလဲ

အဲ့ေန႕ကတစ္ေန႕လုံး Tonေခၚရာ တေကာက္ေကာက္ပတ္လိုက္မိေနေပမယ့္
စိတ္ထဲမွာေတာ့ ဟိုလူကိစၥ ဘယ္လို ရွင္းေပးရမလဲ စဥ္းစာေနမိတယ္
ကိုယ့္လူသူ႕ဘက္သားျဖစ္ေနတဲ့ အဲ့ဒီလူမွာ အႀကံတစ္ခုခုမရွိဘဲ မေန
လူယုတ္မာမွန္းသိတဲ့ အေလ်ာက္
အစဆြဲထုတ္ဖို႔ကေတာ့ အခက္သား

Tonနဲ႕ေနရာစုံေလွ်ာက္သြားၿပီး အိမ္ကို ေမွာင္တဲ့အခ်ိန္မွသာ ျပန္ေရာက္တယ္
ေခါင္းထဲက ျပသနာအတြက္ အေျဖမထြက္ေသး

"Plant ေကာင္းေကာင္းအနားယူေနာ္
ဒီေန႕ပင္ပန္းသြားၿပီ "

"မဟုတ္တာ ဝယ္ေပးတဲ့ ပစၥည္းေတြအတြက္ ေက်းဇူးပါ "

လက္ထဲမွ အထုပ္ႀကီးအထုပ္ငယ္အသြယ္သြယ္ကို ျမႇောက္ျပ၍
ေက်းဇူးတင္ေၾကာင္းေျပာေတာ့ Tonမွာ ေက်နပ္ျခင္းအတိ
ဒီအပင္လူသားေလးနဲ႕ တေနကုန္အတူရွိေနရျခင္းကိုက Tonအတြက္ ဆုလာဒ္တစ္မ်ိဳးပင္
ေနာက္ဆုံးေတာ့ Tonတစ္ေယာက္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈေလးကို ရွာေတြ႕သြားခဲ့ၿပီ
အလွေလးထံက်ရႈံးရျခင္းသုခက ဒီေန႕မွ ျပည့္စုံသြားတာ

.....................

"ပိ​စိေလး....................... "

အခန္းထဲဝင္ဝင္ျခင္း ကေလးေပါက္က အသံဆာဆာနဲ႕ေျပးလာတာမို႔ ေရွာင္းက်န့္စိတ္ေလးေပ်ာ္႐ႊင္သြားရသည္
သို႔ေပမဲ့ ခနသာ
ေနာက္ဆက္တြဲ ကေလးေပါက္လုပ္ရပ္ေၾကာင့္ အလန့္တၾကား လက္ထဲက အိတ္ထုပ္ေတြပါ လႊတ္ပစ္​မိတဲ့ အထိ

"Pe....Pe.... Peter................. မင္းးးး"

"ကိုႀကီးက ပိစိေလးကို အရမ္းလြမ္းေနတာ "

ခါးေလာက္သာရွိသည့္ အရပ္
ေသးငယ္ေသာ လက္ကေလးမ်ားကို အသုံးျပဳကာ က်စ္က်စ္ပါေကာင္ ဖက္ထားသည့္ကေလးေပါက္အား
ပုခုံးမွ ဆြဲခြာကာ မယုံနိုင္စြာ ကေလးေပါက္မ်က္ႏွာေလးအား ေစ့ေစ့ၾကည့္ၿပီးေနာက္
ကေလးေပါက္အရပ္ႏွင့္ တစ္တန္းတည္းျဖစ္ေအာင္ထိုင္ခ်ကာ

"ကေလးေပါက္ ငါ့ကို ျပန္ဖက္ၾကည့္စမ္း......."

ဘာမွနားမလည္နိုင္သည့္
ကေလးေပါက္က  ခနတာ ေၾကာင္သြားၿပီးေနာက္အေတြးေပါက္ကာ
"သိၿပီ ပိစိလည္း ကိုႀကီးကို သိပ္လြမ္းေနခဲ့တာပဲ "ဆိုကာ တင္းတင္းၾကပ္ၾကပ္ေလး ဖက္ေပးလာသည္

ေနာက္ဆုံးေတာ့ ေရွာင္းက်န့္ သေဘာေပါက္သြားခဲ့ၿပီ ကေလးေပါက္စ သူ႕ကိုအရမ္းကပ္တဲ့ အေၾကာင္းအရင္းကို
လူဆိုးေပါက္စေလး
ဒီတစ္ခါေရွာင္းက်န့္ ျပန္ႀကံဖို႔ အခြင့္အေရးရၿပီထင္ပါ့

🐰Xiao Paing🐰

Continue Reading

You'll Also Like

97.8K 4.8K 25
ជាប្រលោមលោកខ្នាតខ្លី កំសត់ សើចសប្បាយ 18+
542K 106K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
43.1K 7.9K 42
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
229K 41.8K 53
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)