စေလိုရာစေ(Completed)
By Syringa99
386K 18.9K 411
ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပြီးပြီမို့.. သူစေလိုရာစေ.. နေဖို့အဆင်သင့်... Main Character-မှော်စက္ခ❤ လေညှင်းသွဲ့ Star... More
Ep(1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep (8)
Ep (9)
Ep(10)
Ep(11)
Ep(12)
Ep(13)
Ep(14)
Ep(15)
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep (21)
Ep(22)
Ep(23)
Ep(24)
Ep(25)
Ep(26)
Ep(28)
Ep(29)
Ep(30)
Ep(31)
Ep(32)
Ep(33)
Ep(34)
Ep(35)
Ep(36)
EP(37)
Ep (38)
Ep(39)
Ep(40)
Ep(41)
Ep(42)
Ep(43)
Ep(44)
Ep(45)
Ep(46)
Ep(47)
Ep(48)
Ep(49)
Ep(50)
Ep(51)
Ep(52)
Ep(53)
Ep(54)
Ep(55)
*Final
ကျေးဇူးတင်လွှာ
Extra
Ep(27)
5.5K 292 0
By Syringa99
စေလိုရာစေ...
(Unicode)
"မဟုတ်ဘူး..ဦးစံ..ဦးစံ အထင်လွဲနေတာ..သား..ဦးစံကို ဘာတစ်ခုမှ ဖုံးကွယ်ထားတာမရှိပါဘူး..သားကိုယုံကြည်ပေးပါ..ဦးစံ"
"အဲ့ဒါဆို စေ့စပ်ပွဲနေ့က..လပ်ထပ်စာချုပ်နဲ့ မဏ္ဍပ်တိုင်တက်သွားတဲ့ သူက ဘယ်သူလဲ..ပြီးတော့ အမအသည်းအသန်ဖြစ်နေတာတောင်..ဖုန်းပိတ်ပြီး ​ခြေရာဖျောက်သွားတာကရော..ငါ့တူဘာပြောမလဲ..ဒါတွေအားလုံးက
ငါ့တူ လုံးဝမသိပါဘူးလို့ မပြောနဲ့နော်..စာချုပ်မှာ ငါ့တူလက်မှတ် အထင်းသား ပါဝင်နေတာ ဦးစံမျက်စိနဲ့ တပ်အပ်မြင်ခဲ့ပြီးသား..ဒါကို အထင်လွဲနေတာပါလို့ ဆင်ခြင်ပေးဦးမယ်ဆိုရင်တော့ ..ဦးစံ ငါ့တူဆီက ဘာဖြေရှင်းချက် မှ ထပ်မလိုချင်တော့ဘူး"
"မဟုတ်ဘူး..ဦးစံ..အဲ့လူက သားကိုရည်ရွယ်ချက်ရှိရှိ အကွက်ချပြီး အနိုင်ယူသွားခဲ့တာ..သားဘာဆိုဘာမှမသိခဲ့ပါဘူး..သားကိုယုံပေးပါ..ဦးစံ..အခုလည်း လေညှင်း အဲ့လူဆီကနေ လွတ်မြောက်ဖို့လမ်းစရှာမတွေ့လို့ ဦးစံကို ဖုန်းဆက်အကူညီတောင်းတာပါ..ဦးစံ..သားကိုနောက်ဆုံးအနေနဲ့ ကူညီပေးပါနော်"
" ဒီမှာ ငါ့တူ..မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သဘောကျလို့ တရားဝင်လပ်ထပ်ပြီးခဲ့ပြီ..အဲ့တော့ ဦးစံ ပြောချင်တာက..
ကိုယ်မှန်တယ်ထင်လို့ ရွေးချယ်ခဲ့ပြီးသား လမ်းတစ်ခုအတွက် ဘယ်တော့မှ နောင်တမရပါနဲ့..ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ငါ့တူ
ဆက်လျောက်ပါ..
တနေ့တော့ ငါ့တူလိုချင်တဲ့ ပျော်ရွင်မှုကို ရှာတွေ့ပါစေလို့ ဦးစံမျော်လင့်ပါတယ်..ပြီးတော့ လတ်တလော ဦးစံဖုန်းကိုင်ဖြစ်မယ်မထင်ဘူး..စင်ကာပူမှာ ဆေးရုံခွဲတစ်ခု ထပ်ဖွင့်ဖို့ သွားမှာမို့လို့ အနည်းဆုံး နှနှစ်လောက်ကြာလိမ့်မယ်..ပြန်လာမှ ဦးစံတို့ထပ်တွေ့ကြတာပေါ့ကွာ..အခုတော့ ဦးစံoperation caseတစ်ခုရှိလို့ ဖုန်းချလိုက်တော့မယ်နော်..ပျော်ရွင်ပါစေ..ငါ့တူလေညှင်းသွဲ့..bye"
"တီ"
တိတ်ဆိတ်သွားပြီဖြစ်တဲ့ ဖုန်းလေးကို ငေးကြည့်ရင်း မျက်ရည်စလေးတွေ တဖန်ဝေ့သီလာသည်။
အခုတော့ လေညှင်းရဲ့ နောက်ဆုံးမျှော်လင့်ချက်လည်း ပျက်ပြယ်သွားခဲ့ပြီ။လောကကြီးမှာ တစ်ဦးတည်းသော ကျန်သေးတဲ့ ဦးစံကလည်း သူ့ကို ဥပေက္ခာပြုသွားခဲ့ပြီ။
ငါချစ်ရတဲ့သူတွေ မင်းကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် မင်းလည်း တဖန်ပြန်ခံစားစေရမယ် မှော်စက္ခ။တစ်တိတိနဲ့ ခံစားရအောင် မင်းကို ငါလက်စားချေမယ်။ငါဘာခိုင်းခိုင်း နာခံမယ်ဆိုတဲ့မင်း ခံနိုင်ရည်ရှိပါစေ။
လေညှင်း ဆက်မအိပ်ချင်တော့တာကြောင့် အခန်းအပြင်ကို ထွက်လာလိုက်သည်။အိမ်ထဲအရိပ်ခြေ ကြည့်တော့ မိုးစက်ရော မှော်စက္ခရဲ့ အရိပ်ယောင်တောင်မတွေ့ရ။
ကြည့်ရတာ မရဏဂိုဏ်းမှာ ကိစ္စကြီးတစ်ခုရှိနေပုံရသည်။ဒါဆိုရင်တော့ အခုချိန်က သူ့အတွက်
အခွင့်ကောင်းပဲ။မရဏလုံခြုံရေးက ဘယ်လောက်ထိ တင်းကြပ်ထားလည်း သူမသိပေမယ့် လေညှင်း ဒီက​နေ လွတ်မြောက်အောင် လုပ်မယ်။
ခဏနေတော့ စံအိမ်ရဲ့ အပြင်ဘက် အမှောင်ထုအနည်းငယ် ဖုံးလွှမ်းနေသည့် နေရာကိုရောက်လာသည်။သူဒီရောက်ကတည်းက မရဏစံအိမ်ကို တစ်ခါမှ မရောက်ဖူးပေမယ့် အဲ့ဒီအရှေ့ကနေတော့ မှော်စက္ခကားနဲ့ နှစ်ကြိမ်ဖြတ်ဖူးသည်။ထို့ကြောင့် ညဘက်ဆို တစ်ခြံလုံး မီးအလင်းရောင် အနည်းငယ်သာ ထွန်းထားသည့် ခြံဝန်းကြီးက သူလွတ်မြောက်ဖို့ အခွင့်ရေးတစ်ခုပဲ။
-
-
-
စက္ခ လျို့ဝှက် မြေအောက်ခန်းထဲ ဝင်သွားသည်နှင့် မိုးစက်နှင့်ဆုံသည်။
"ဘယ်လိုလဲ..အခြေနေ"
"အတော်ခေါင်းမာတယ် ဆရာ..နည်းမျိုးစုံနဲ့ စစ်ပြီးပြီ..အခုထိ ရေငုံနူတ်ပိတ်ပဲ..ကြည့်ရတာ ဒီကောင် ဂိုဏ်းထဲခိုးဝင်လာတာ MKဂိုဏ်းက လွှတ်လိုက်တာ တစ်ခုတည်းကြောင့် မဖြစ်နိုင်ဘူး"
"ဟက်..အရှုပ်တွေ.."
မိုးစက် ဦးဆောင်ပြီး မြေအောက်ရှိ
အမှောင်ကျနေသည့် အခန်းရှိရာ  ရောက်လာသည်။ဒီမြေအောက်ခန်းက ဂိုဏ်းကို သစ္စာဖောက်တဲ့ ဂိုဏ်းသားတွေဖြစ်စေ အဖွဲ့ထဲက အကြောင်းတစ်ခုခုကြောင့် နူတ်ထွက်ချင်သည်ဖြစ်စေ အပြစ်ပေးသည့်နေရာဖြစ်သည့်အပြင် မရဏကိုလာရှုပ်တဲ့ ဂိုဏ်းအဖွဲ့ဝင်တွေကိုလည်း ဇီဝိန်ခြွေသည့်နေရာဆိုလည်းမမှား။
"မင်းတို့ဘယ်လိုလုပ်လုပ်..ငါဘာမှဖြေမှာမဟုတ်ဘူး.. ဟိုကောင် မှော်စက္ခသာ ငါ့ဆီခေါ်လာခဲ့!!"
"ဟား..ဒီကောင်!!ကဲကွာ..ခွပ်!..ခွပ်!..မင်း​ေ-ာက်ဆင့်နဲ့များ..ငါတို့ဆရာကို နာမည်တောင်ခေါ်ခွင့်မရှိဘူးဆိုတာ မင်းအရိုးစွဲနေအောင် မှတ်ထား!!"
အခန်းနားရောက်တာနဲ့ အပြန်လှန် ဆူဆဲသံ ထိုးနှက်သံတွေက ဆီးကြိုလို့နေသည်။
စက္ခ အခန်းထဲဝင်သွားတော့ မိုးစက် တပည့်တွေက ဦးညွတ်လာ​ြကပြီး ဘေးဘက်ကို ရှဲသွားကြသည်။
"ထွီ!မင်းတို့က ဟိုကောင်လိုပဲ!.. သတ္တိမရှိတဲ့ ခွေးမျိူးတွေ..တစ်ခုခုဆိုတာနဲ့ အုပ်လိုက် ဝိုင်းကိုက်ဖို့ပဲ သိကြတယ်..ဟက်!"
စက္ခလာလို့ တိတ်ဆိတ်သွားတဲ့နောက် အခန်းထဲမှာ  မျက်နှာခေါင်းစွပ်ထားလျက် သံကြိုးကွင်းတွေနဲ့ ဇောက်ထိုး ဆွဲခံထားရတဲ့လူဆီက ခနဲ့တဲ့တဲ့ အသံထွက်ပေါ်လာသည်။
စက္ခ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး အဓိပ္ပါယ်ဖော်ရခက်တဲ့ အပြုံးမျိုး ဟန်ပါပါ ပြုံးလိုက်ပြီးနောက် ခုံပေါ်က ဓားတိုတစ်ချောင်းကို ထိုလူ၏ လက် မောင်းတည့်တည့်ကို လှစ်ခနဲ ပစ်ထည့်လိုက်သည်။ဓား၏ ချွန်ထက်မှုကြောင့် ငြီးငြူသံ တစိချက် ထွက်ပေါ်လာပြီးနောက် သွေးတွေက
တမဟုတ်ချင်း ဖြာထွက်လာသည်။
"ဆိုပါဦး..ငါ့ကို တွေ့ချင်နေရတဲ့ အကြောင်းလေး"
ပြောပြီးပြီးချင်း လက်အရိပ်ကဲ တစ်ချက်ပြလိုက်တော့ မိုးစက်က ထိုသူ၏ မျက်နှာစွပ်ကို ဖယ်ချလိုက်သည်။
"မိုးစက်!"
"ဟုတ်ကဲ့..ဆရာ"
"သေချာလား..ဒီကောင်က MKကဆိုတာ..မင်းဘယ်လိုသိလဲ"
"သူတို့ဂိုဏ်းသားတွေ နောက်ကျောမှာ MKအမှတ်သား..ပါတယ်ဆရာ.."
"ကောင်းပြီ..ဟက်..လက်စသတ်တော့ မင်းက MKကလူကိုး..အသေးလေးကို ဖုံးဖိထားတာများ
ပိရိချက်..ဒါနဲ့ ရှိသေးလား မင်းရဲ့လူမသိသူမသိ နေနေရတဲ့ ကိုယ်တူစိတ်ခွဲတွေ ကျန်သေးလား..ရှိသေးရင် တခါတည်းပြော.. ငါဒီနေရာမှာပဲ အပြီးသတ်ပေးမလို့..ဒါမှမင်း ငါတို့နှစ်ယောက်ကြား လာဝင်မရှုပ်တော့မှာ"
"ဟ..ဟား..ရယ်ရတယ်..မှော်စက္ခ..မင်းက သူခိုးလူပြန်ဟစ်နေတာပဲ..သေချာ ပြန်စဥ်းစား​ြက​ည့်စမ်းပါ..ငါလပ်ထပ်မယ့် ငါ့ချစ်သူကို ဘယ်သူက အရင်သူခိုးကျင့်သူခိုးကြံ ကြံသွားခဲ့တာလဲ"
"အဟွန်း..ထားပါ..ငါက အသေးလေးကို မင်းလက်ထဲက လုခဲ့တာပဲဆိုပါတော့..ဒါပေမယ့် မင်းသိလား..အသေးလေးက မင်းကိုချစ်လို့ ပြန်လက်ခံခဲ့တာမဟုတ်ဘူး..ပြီးတော့ မင်းရဲ့အမှောင်ဖက်ခြမ်းကို သူသိသွားခဲ့ရင် မင်းနဲ့ဇာတ်
လမ်းက ဒ​ီမှာ တစ်ခန်းရပ်ပြီ..​​ေဩာ်..တစ်ခုကျန်သေးတယ်..မျိုးထက်သာ..မင်းက MKဂိုဏ်းချုပ် ဦးမင်းခစိုင်းနဲ့ တထေရာတည်းပဲနော်..ဟက်..ဟက်"
စက္ခရဲ့ ခြောက်ကပ်ကပ် လှောင်ရယ်သံအဆုံး မျိုးထက်သာ၏ အညိုအမဲစွဲနေသည့် မျက်နှာသည် သိသိသာသာ ပျက်ယွင်းလို့သွားသည်။မျိုးထက်သာ ဒီကို ခိုးဝင်လာတဲ့ ရည်ရွယ်ချက်က ကလေးကို ကယ်ထုတ်ပြီး သူ့ဘက်ပါလာအောင်လုပ်ပြီး မှော်စက္ခကို လက်စားချေဖို့။
ကလေးနဲ့ပြန်တွေ့တဲ့အချိန်ကနေ မှော်စက္ခ သူ့အရှေ့ ပေါ်မလာမီအချိန်ထိ မျိုးထက်သာ ကလေးကို အမှန်တကယ် ပိုင်ဆိုင်ချင်မိသည်။ဒါပေမယ့် ကလေးကို မှော်စက္ခ ကားတင်ပြေးသွားပြီး သူ့တပည့်တွေ ဝိုင်းရိုက်ကြတဲ့နေ့က မျိုးထက်သာရဲ့ ဦးတည်ချက် ပြောင်းလို့သွားခဲ့သည်။
အဲ့ဒါကတော့ မှော်စက္ခကို သူ့အဖေအစား လက်စားချေဖို့။အခု MK ခေါင်းဆောင် ဦးမင်းခစိုင်း မျိုးထက်သာအဖေက မှောင်ခိုလုပ်နေသေး ပေမယ့် သာမန်လူလို လှုပ်ရှားမသွားလာနိုင်
သည့် ခြေထောက်တစ်ဖက်ပြတ်နေသည့် ဒုက္ခိတတစ်ယောက်။အဲ့လိုဖြစ်သွားခဲ့တာလည်း
မှော်စက္ခလက်ချက်ကြောင့်မို့ သူလက်တုံ့ပြန်နိုင်
မယ့်အချိန်ကို စောင့်နေခဲ့တာ ကြာပြီ။
အရင်က မထင်မရှား ဂိုဏ်းအသေး တစ်ခုတည်ထောင်စဥ်က မရဏနဲ့သွားပက်သက် မိလို့ ရလာတဲ့အကျိုးဆက်ဆိုလည်းမမှားဘူး။လူပေါင်းရာချီ လက်စဖျောက်ခဲ့တဲ့ မှော်စက္ခက မမှတ်မိနိုင်တော့ပေမယ့် သူကတော့ အခုထိ မှတ်မိနေဆဲ။တနေ့ လက်စားပြန်ချေဖို့ ကြုံးဝါးခဲ့တာမို့ အခုတော့ မှော်စက္ခ အလှည့် ပြန်ရောက်လာခဲ့ပြီ။
မှော်စက္ခရဲ့ တစ်ခုတည်းသော မဟာအားနည်းချက်က ကလေးပဲ။အဲ့ဒီတော့ ကလေးကို ခုတုံးလုပ်ပြီး မှော်စက္ခကို လက်တုံ့ပြန်မယ်။သူ့အဖေ ခံစားခဲ့ရသလိုမျိုး မှော်စက္ခလည်း
တစိမ့်စိမ့် ပြန်ခံစားစေရမယ်။ကလေးကို ချစ်ပေမယ့် အမုန်းတရားကသာ အနိုင်ယူသွားသည်မို့ မှော်စက္ခကို လက်တုံ့ပြန်မယ့် အစီစဥ်မှာ ကလေးဟာ မျိုးထက်သာအတွက် လက်နက်ကောင်းတစ်ခုဖြစ်သွားခဲ့တယ်။
မင်းရဲ့ဖြူစင်မှုလေးကို အသုံးချတော့မှာမို့လို့
အကို့ကို သေတဲ့အထိ ခွင့်မလွှတ်ပါနဲ့ ကလေးငယ်။
#Thanks for reading😍😘
Syringa
***************************************
စေလိုရာစေ...
(Zawgyi)
ဆက်လျောက်ပါ..
"တီ"
-
-
-
"ဘယ်လိုလဲ..အခြေနေ"
"ဟက်..အရှုပ်တွေ.."
စက္ခ အခန်းထဲဝင်သွားတော့ မိုးစက် တပည့်တွေက ဦးညွတ်လွာကပြီး ဘေးဘက်ကို ရှဲသွားကြသည်။
"ထွီ!မင်းတို့က ဟိုကောင်လိုပဲ!.. သတ္တိမရှိတဲ့ ခွေးမျိုးတွေ..တစ်ခုခုဆိုတာနဲ့ အုပ်လိုက် ဝိုင်းကိုက်ဖို့ပဲ သိကြတယ်..ဟက်!"
"မိုးစက်!"
"ဟုတ်ကဲ့..ဆရာ"
"ဟ..ဟား..ရယ်ရတယ်..မှော်စက္ခ..မင်းက သူခိုးလူပြန်ဟစ်နေတာပဲ..သေချာ ပြန်စဉ်းစာြး​က​ည့်စမ်းပါ..ငါလပ်ထပ်မယ့် ငါ့ချစ်သူကို ဘယ်သူက အရင်သူခိုးကျင့်သူခိုးကြံ ကြံသွားခဲ့တာလဲ"
#Thanks for reading😍😘
Syringa
***************************************
Continue Reading
You'll Also Like
1.2M 89.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
4.5K 130 11
"ခင်ဗျားပြန်လာတဲ့အထိ ဒီခရေပင်ကြီး အောက်မှာစောင့်နေပါမယ်လို့ ခရေတွေနဲ့အတူသစ္စာတည်ပါတယ်...." ကောင်းရိပ်ညို ခေရေ...
297K 10.9K 59
မောင်တစ်ယောက်တည်းသာပိုင်ဆိုင်ချင်တယ်လို့ ပြောခဲ့တဲ့မောင်ကိုယ်တိုင်က တခြားတစ်ယောက်ရဲ့အပိုင်ဖြစ်နေတဲ့အခါ ညမွှေးပန်းတွေဟာ ငိုတတ်သလားမောင် ... ဟင့်အင်း...