ရည္ရြယ္၍.........! (ရည်ရွယ်၍...

By Tokebloom

4.1K 320 24

Wang Ruo Lin × Li Dai Kun (9.6.2021 to 19.6.2021) More

အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)

ဇာတ္သိမ္းပိုင္း

357 21 4
By Tokebloom

"Kun Kun ဥစၥာ ျပန္ေပး"

"မေပးဘူး၊ မေပးဘူး... ဟား ဟား "

ျခံက်ယ္ႀကီးတစ္ခုအတြင္း ကေလးေလးေတြ ေျပးလႊားေဆာ့ကစား ေနၾကသည္။

ထိုအထဲမွာမွ ေကာင္ေလးတစ္ေယာက္ကို ရြယ္တူေကာင္ေလးေတြက အုပ္စုဖြဲ႕အႏိုင္က်င့္ေနၾကဟန္တူသည္။

ထိုျခံက်ယ္ႀကီးကေတာ့ မိဘမဲ့ကေလးေတြကို ျပဳစုေစာင့္ေရွာက္ရာေနရာျဖစ္သည္။

ႀကီးႏိုင္ငယ္ၫွင္း သေဘာသဘာဝက ေနရာတိုင္းမွာ အသားက်ေနဟန္တူသည္။

Dai Kunအေသးေလးသည္ လူရွင္းသည့္ ျခံေထာင့္တစ္ေနရာတြင္ထိုင္ကာ မိခင္ျဖစ္သူ၏ပစၥည္းျဖစ္သည့္ ဗူးေသးေသးေလးထဲက ပစၥည္းတစ္ခုကို တယုတယ ထုတ္ၾကည့္ေနျခင္းျဖစ္သည္။

ထိုစဥ္မွာပဲ သစ္သားဗူးေလးကို လက္တစ္စံုက လုယူသြားေတာ့သည္မို႔ Dai Kun အေသးေလးမွာ ငိုမဲ့ ငိုမဲ့ ျဖစ္ေနေလၿပီ။

"Kun Kunဥစၥာ ျပန္ေပး အီး ဟီး အီး"

Li Dai Kun အေသးေလးသည္ ေျခတံတိုတိုေလးမ်ားျဖင့္ ပစၥည္းယူေျပးသူေတြေနာက္ကို ေျပးလိုက္ေနေလသည္။

"ဘုတ္...အင့္!!!"

ေျပးလႊားရင္း တစ္စံုတစ္ေယာက္ကို ဝင္တိုက္မိေလသည္။

"ကေလး ဘယ္နားနာသြားေသးလဲ"

Kun Kunအေရွ႔က အရပ္ရွည္ရွည္ႏွင့္ ေခ်ာေမာသည့္ အကိုျကီးကို ပုလဲခေနေသာ မ်က္လံုးရြဲျကီးမ်ားျဖင့္ ေမာ့ျကည့္လိုက္ေလသည္။

" Kun Kun ဥစၥာ ဟီး Kun Kun ဥစၥာကို ...."

"ဘာျဖစ္လို႔လဲ၊ ကေလးပစၥည္းကို ဟိုေကာင္ေလးေတြ ယူသြားလို႕လား"

ေျပးထြက္သြားသည့္ ကေလးေတြဘက္ကို လွည့္ၾကည့္ကာ ေမးလိုက္သည္။

"ဟုတ္"

ေခါင္းတဆတ္ဆတ္ ညိတ္ျပေနသည့္ ကေလးေလးကို ေစြ႕ကနဲ ဆြဲခ်ီလိုက္သည့္ Wang Huo Lin။

"တတိယသခင္ေလး ဒါ.."

ေနာက္နားက အတူတူေလွ်ာက္လာသည့္ အိမ္ထိန္းႀကီးမွာ ဒီတိုင္းေတြ႕တဲ့ကေလးကို ေကာက္ခ်ီလိုက္တဲ့ တတိယသခင္ေလးေၾကာင့္ တအ့ံတၾသ။

"အိမ္ေတာ္ထိန္းႀကီးပဲ ကားေပၚအရင္သြားႏွင့္လိုက္ပါ ကၽြန္ေတာ္ ခဏေနျပန္လာခဲ့မယ္"

အဲ့သည္ေန႔က (၁၄)ႏွစ္သား Wang Huo Linသည္ (၄)ႏွစ္အရြယ္ Li Dai Kunကိုခ်ီကာ ေဂဟာရံုးခန္းထဲ ေရာက္ျဖစ္ခဲ့သည္။

ေဂဟာမွဴးက အလွဴရွင္မို႔ ျပာျပာသလဲ ေမးေလသည္။

"သခင္ေလး ကၽြန္မကေလးေတြမ်ား ျပႆနာရွာလိုက္လားရွင္"

"မဟုတ္ပါဘူးဗ်၊ Kun Erကို တျခားကေလးေတြ အႏိုင္က်င့္ၿပီး တစ္ခုခုယူေျပးသြားၾကတယ္ထင္တယ္"

"သား Kun Kun ဟုတ္လား"

"ဟုတ္၊ Kun Kunက Kun Kunေမေမ ေပးထားတာကို ၾကည့္ေနတာ၊ အဲ့ဒါ သူတို႔က ယူေျပးသြားတယ္ ဟင့္"

" မငိုနဲ႔ မငိုနဲ႔ ၊ ေဂဟာမွဴးက Kun Kunပစၥည္းကို ျပန္ယူေပးမွာ"

တစ္ခါမွ မရင္းနီးဖူးတဲ့ ကေလးကို ႏွစ္သိမ့္လိုက္သည္။

မ်က္ရည္ဥႀကီးေတြ ေပါက္ကနဲ ေပါက္ကနဲ က်လာတဲ့ Kun Kunလို႔ နာမ္စားထည့္ေျပာတတ္ေသာ ကေလးေလး၏မ်က္ရည္မ်ားကို စိတ္ရွည္လက္ရွည္ သုတ္ေပးမိသည္။

ထိုေန႔က ကေလးေတြ ယူေျပးသြားတဲ့ သစ္သားဗူးေလးကို Wang Huo Linျမင္ဖူးခဲ့ေလသည္။

"ကိုကို ေက်းဇူးတင္ပါတယ္၊ Kun Kun ႀကီးလာရင္ ကို႔ကိုကို လာရွာမယ္ေနာ္ "

"တာ့တာ...!"

ေဂဟာမွဴးနဲ႔အတူတူရပ္ကာ လက္ျပရင္း က်န္ခဲ့ေသာ ထိုကေလးေလး၏ ေဂဟာကို Wang Huo Lin မေရာက္ျဖစ္ေပမယ့္လည္း ကေလးေလး၏ မ်က္လံုးရြဲႀကီးမ်ားကို မွတ္မိေနေတာ့သည္။

ထိုေန့က နာရီပိုင္းမ်ွ ရင္းနီးခဲ့တဲ့ ကေလးငယ္တစ္ေယာာက္သည္ Wang Huo Lin ၏ႏွလံုးသားထဲ တစ္ေနရာစာ ဝင္ယူခဲ့ေလေတာ့သည္။

_____________________________________

"ေဒါက္ ေဒါက္ ေဒါက္... Dai Kunေရ မင္းေနာက္က်ေနမယ္ေနာ္"

ဒီေန႔ Dai Kunတစ္ေယာက္ အခ်ိန္ပိုင္းအလုပ္တစ္ခုကို စတင္အလုပ္ဆင္းရမည့္ေန႔ ျဖစ္ေလသည္မို႔ တိုက္ခန္း စပ္တူငွားေနသူကို သတိေပးခိုင္းထားျခင္း ျဖစ္သည္။

"ၿပီးၿပီ...ၿပီးၿပီ ေက်းဇူးပဲ"

လြယ္အိတ္ထဲ ပစၥည္းေတြ ပစ္ထည့္ကာ ေနာက္ဆံုးမွ မိမိဘယ္သြားသြား သယ္သြားတတ္သည့္ သစ္သားဗူးေလးကို ေကာက္ထည့္လိုက္သည္။

အခ်ိန္ပိုင္းအလုပ္ရွိရာ အေဆာက္အအံုေရာက္ေတာ့ Dai Kun ထံ ဆက္သြယ္လာသည္။

"Li Dai Kun ေရ ဘယ္ေရာက္ေနၿပီလဲ၊ ငါ အေနာက္ေပါက္မွာ ေစာင့္ေနတယ္"

"ကၽြန္ေတာ္ လာၿပီ"

ေျပးေျပးလႊားလႊားနဲ႔ ေရာက္သြားၿပီး သတ္မွတ္ဝတ္စံုကို ဝတ္လိုက္ကာ သစ္သားဗူးေလးကို အက်ႌရင္ဘတ္ထဲ ထည့္လိုက္ကာ လက္ျဖင့္ ဖြဖြပုတ္လိုက္သည္။

ဒီပစၥည္းေလးက မိခင္ေပးထားတာမို႔ မိမိကို စိတ္လံုျခံဳမွဳအေပးဆံုး ျဖစ္ေလသည္။

ၿပီးေနာက္ အိတ္ႏွင့္အဝတ္အစားမ်ားကို Lockerထဲ ထည့္သိမ္းလိုက္သည္။

အထက္တန္းၿပီးစ ေက်ာင္းသားေလး Li Dai Kunသည္ တကၠသိုလ္စရိတ္ရရန္အတြက္ ေငြေၾကးစုေဆာင္းေနသူျဖစ္သည္။

တိုက္ခန္းတစ္ခုကို (၂)ေယာက္စပ္တူငွားကာ ေနထိုင္ၿပီး ခ်ိဳးျခံေႁခြတာတတ္သူ အထက္တန္းေက်ာင္းသားေလး ျဖစ္သည္။

အလုပ္ေတာ္ေတာ္မ်ားမ်ားက အသက္မျပည့္ေသးသူ အထက္တန္းေက်ာင္းသားေလးေတြကို မခိုင္းခ်င္ၾကသလို၊ ခိုင္းရင္လည္း လုပ္အားခႏွိမ္တတ္ေသးသည္။

" Dai Kunေရ ဝိုင္းေတြဘက္ကို မသြားနဲ႔ မလုပ္တက္ဘဲေနမယ္"

"စိတ္ခ် ကၽြန္ေတာ္ ဂ႐ုစိုက္ပါ့မယ္"

သြက္လက္သည့္ (၁၇)ႏွစ္သားအရြယ္ Li Dai Kunသည္ ေပါ့ပါးေသာ ေျခလွမ္းမ်ားျဖင့္ ပြဲက်င္းပေနရာ ေနရာသို႔ သြားေလသည္။

အေရာင္အေသြး စံုလင္သည့္ လူပုဂၢိဳလ္မ်ားၾကားထဲ Dai Kun တစ္ေယာက္ မအားလပ္ေအာင္ ျဖစ္ေနေလသည္။

မၾကာ မၾကာဆိုသလို မိမိရင္ဘတ္ကိုလည္း စမ္းၾကည့္ကာ ျပံဳးမိေသးသည္။

"Sorry....! အာ ဝိတ္တာေလး Sorry... sorry"

ေျခလွမ္းမမွန္ခ်င္သည့္ အမ်ိဳးသားတစ္ေယာက္သည္ ေဘးနားကတြဲထားသည့္ အမ်ိဳးသမီးငယ္တစ္ေယာက္ ပါတာေတာင္ သူ႔မွာယိုင္ထိုးေနသည္။

Dai Kun လြတ္က်သြားသည့္ ဗန္းအလြတ္ကို ျပန္ေကာက္လိုက္ကာ သူကိုယ္တိုင္က အဆင္ေျပတာေၾကာင့္ ဘာမွမေျပာဘဲ ထြက္လာခဲ့လိုက္သည္။

ပြဲၿပီးခ်ိန္တြင္ Dai Kunသည္ သူ၏ပစၥည္းေလးကို သတိတရ စမ္းၾကည့္လိုက္သည္။

ဘယ္အခ်ိန္က လက္လြတ္စပယ္ ျပဳတ္က်သြားမွန္းမသိသည့္ ပစၥည္းေလးက Dai Kunတြင္ ရွိမေနေတာ့ေပ။

ထိုစဥ္က ပြဲေနရာ၌ ႏွံ႕ႏွ႕ံစပ္စပ္ ရွာေဖြေသာ္ျငားလည္း မေတြ႕သည့္အဆံုး အိမ္ကိုျပန္သြားရေတာ့သည္။

ပစၥည္းေပ်ာက္သည့္ေန႔မွစ၍ တစ္ရက္ေတာင္ ေမ့မရသည့္အျပင္ မိခင္ျဖစ္သူ၏ အေမြပစၥည္းမို႔ ပို၍ႏွေျမာမိသည္။

_______________________________________

"ကိုယ္ Kun Erရဲ႕ (၄)ႏွစ္သားအရြယ္ေလးကိုလည္း ေမ့မရခဲ့သလို၊ ေနာက္တစ္ေခါက္က လူခ်င္းမေတြ႕ရေပမယ့္ မွတ္မွတ္ရရ ဒါေလးက တစ္ခါျမင္ဖူးရင္ မေမ့ႏိုင္ေအာင္ လက္ရာေကာင္းတဲ့ ပစၥည္းေလးမို႔ ကိုယ့္လက္ထဲကို ေရာက္လာတာက ေက်းဇူးတင္စရာေကာင္းတယ္"

သစ္သားဗူးေလးထဲက အျပာေရာင္ေက်ာက္ေလးက အရင္ကလို သီးသန္႔ျဖစ္တည္ေနျခင္း မဟုတ္ေတာ့ဘဲ ေဘးပတ္လည္တြင္ ေဘာင္ကြပ္ထားကာ ေလာ့ကတ္ပံု ျပဳလုပ္ထားၿပီး ႀကိဳးတစ္ခုတြင္ ခ်ိတ္ဆြဲထားသည္။

" အဲ့ဒီေန႔က ကိုယ္ဒါေလးကို ရခဲ့တယ္ "

ႀကိဳး၏ခ်ိတ္ဆက္ထားရာကို ျဖဳတ္လိုက္ျပီး Dai Kun၏ လည္တိုင္တြင္ ဝတ္ဆင္ေပးလိုက္သည္။

" မနက္ေစာေစာ ကိုယ့္အလုပ္ခရီးထြက္ရမွာမို႔ ျပန္သြားရေပမယ့္ ေနာက္တစ္ေခါက္ Kun Erနဲ႔ေတြ႕ဖို႔ ကိုယ္ မေလာဘူး"

Wang Huo Lin၏ ႏွဳတ္ထြက္စကားတို႔သည္ တစ္ခ်ိန္က အတိတ္ကို အေျပးအလႊား ေရာက္သြားေလဟန္ျဖင့္ ထိုစဥ္က ခံစားခ်က္အတိုင္း ေျပာေနေလသည္။

" ဘာလို႔လဲဆိုရင္ ကိုယ့္တို႕ေရစက္ဆံုၾကမယ္ဆိုတာ ကိုယ္သိေနလို႔"

Dai Kun မ်က္လံုးေလးေတြ ဝိုင္းကနဲ ျဖစ္သြားသည္။

" ေရစက္မဆံုခဲ့ရင္လည္း ကိုယ္က ဆံုေအာင္လုပ္မွာမို႔"

တကယ္လည္း သူထိုသို႔ လုပ္ေဆာင္ခဲ့သည္ပဲ။

" ဘိုးဘိုးေမြးေန႔ကိုလာတုန္းက Kun Erကို ညမီးတိုင္ေအာက္မွာ ေတြ႕လိုက္ရတုန္းက ကိုယ္ဘယ္ေလာက္ စိတ္လွဳပ္ရွားခဲ့ရတယ္မွတ္လဲ"

အဲ့ဒီညက Wang Huo Linသည္ ေသခ်ာျခင္း၊ မေသခ်ာျခင္းရဲ႕ၾကားထဲ လြန္ဆြဲေနေလသည္။

"ကိုယ္တို႕ျခံထဲမွာ ထပ္ေတြ႕ေတာ့ ကိုယ့္ေကာင္ေလးကို အထပ္ထပ္အခါခါၾကည့္ၿပီး ေသခ်ာေအာင္လုပ္ၿပီးေတာ့မွ အစီစဥ္ေတြ ဆြဲရတာ"

ဒီၾကားထဲ Wang Luက ေျပးလႊားခဲ့ရသည္။ ဟန္ေဆာင္ရည္းစားလုပ္ခိုင္းၿပီး လစာပါေပး၍ အနားေနေစခဲ့သည္။

" ကိုယ္မွတ္မိေနခဲ့တဲ့ မ်က္လံုးရြဲႀကီးေတြ"

Huo Linဘဝမွာ အလွဆံုးမ်က္ဝန္းတစ္စံု ျဖစ္ေလသည္။

" ကိုယ့္ Kun Erေလးက ငယ္ငယ္ကအတိုင္းပဲ မေျပာင္းလဲဘူး"

" ကိုယ္မမွတ္မိေလာက္တဲ့အထိ မေျပာင္းလဲသြားလို႔ ကိုယ္ကေက်းဇူးတင္ပါတယ္"

Wang Huo Linေျပာေနသည့္ စကားလံုးတို႔သည္ Li Dai Kun၏ ငယ္ဘဝကို ေျပးေျပးလႊားလႊား ေရာက္သြားေစသည္။

ေသးငယ္တဲ့ မွတ္ဉာဏ္ထဲမွာေတာ့ Dai Kunကို ကူညီခဲ့သည့္ အကိုႀကီးတစ္ေယာက္ ရွိခဲ့ေပမယ့္ မပီဝိုးတဝါး ပံုရိပ္သာ က်န္ေနေလသည္။

"ဘာေတြးေနတာလဲ ေကာင္ေလး"

Wang Huo Linသည္ မိမိမ်က္ႏွာကို ေငးၾကည့္ေနသည့္ေကာင္ေလးေၾကာင့္ ထုတ္ေမးလိုက္ရသည္။

"အာာာ ကၽြန္ေတာ္ေသးေသးေလးတုန္းက အေၾကာင္း စဥ္းစားေနတာ"

သေဘာတက်ျဖင့္ ေကာင္ေလးကလည္း ျပန္ေျဖခဲ့သည္။

"ဘာလဲ ကတိမတည္လို႔ ကိုယ့္Kun Erေလးက ဝမ္းနည္းေနတာလား"

ငယ္စဥ္ကတည္းက ကတိေတြ ထားခဲ့ၾကတဲ့ သူတို႔ႏွစ္ေယာက္ေပါ့။

" ဘာ ဘာကတိလဲ"

ခပ္ေရးေရးသာ မွတ္မိေတာ့သည့္ စကားလံုးအခ်ိဳ႕ေၾကာင့္ Dai Kunမွာ တျပန္ေမးရသည္။

"Kun Kunႀကီးလာရင္ ကိုကို႔ကို လာရွာမယ္ဆို ဟင္"

Dai Kunကိုယ္ေလးကို ေပြ႕ဖက္ထားရင္း Wang Huo Linတစ္ေယာက္ စေနာက္ေနေလသည္။

"အဲ့ အဲ့ဒါက "

အဲ့ဒါက ငယ္တုန္းက ခင္တြယ္ရာအကိုႀကီးကို ေျပာမိတဲ့စကားသပ္သပ္ပဲကို။

"အခုက်ေတာ့ ကိုယ္ကပဲ ကေလးကို ၾကံရစည္ရနဲ႔ ကိုယ့္အနားမွာ ထားထားရတယ္"

"ကၽြန္ေတာ္မွ မမွတ္မိတာ"

" အခုေရာ မွတ္မိၿပီလား"

"ဟုတ္"

"ကိုယ္ လြန္ခဲ့တဲ့(၂)ႏွစ္က ေဂဟာကို ျပန္သြားရွာခဲ့တယ္၊ Kun Erတို႔ ေဂဟာကို တျခားေဂဟာကို ေရြ႕လိုက္တယ္လို႔ ေဘးျခံေတြက ေျပာတယ္"

Huo Lin. သစ္သားဗူးေလးကိုရေတာ့ Dai Kunကို မွတ္မွတ္ရရ ျပန္သြားရွာခဲ့သည္။

ဟိုေရာက္ေတာ့ ေျမကြက္လပ္ႀကီးက စီးႀကိဳေနသည္။

"အင္း ကၽြန္ေတာ္ ႏွစ္ဝက္ေလာက္ၾကာေတာ့ ေႏြးေထြးေမတၱာကို ေရာက္သြားတာ၊ ကၽြန္ေတာ္ေနခဲ့တဲ့ အရင္ေဂဟာက ပိုင္ရွင္ေတြ Accidentနဲ႔ ဆံုးသြားတဲ့ေနာက္ ကၽြန္ေတာ္တို႔လည္း ေျပာင္းေရြ႕ခံလိုက္ရတယ္"

"Kun Er..."

ၾသရွရွေခၚသံက နားစည္ကို ျဖတ္သန္းကာ အသံလွိဳင္းက ဦးေႏွာက္ေသြးေၾကာေတြထဲအထိ စီးဝင္သြားသည္။

"ဟင္"

"ကိုယ့္စြဲလန္းမႈက ကိုယ့္သက္တမ္းတစ္ဝက္ကို အထီးက်န္ေစတယ္"

အရြယ္ေရာက္ကတည္းက လွပတဲ့ေကာင္မေလးေတြနဲ႔ ေတြ႕ဆံုခဲ့ေသာ္လည္း ထိုမိန္းမလွေလးေတြေရွ႕ ေရာက္သြားတိုင္း မ်က္လံုးရြဲႀကီးေတြကိုသာ ေျပးျမင္မိေလသည္။

"...."

"ဒါေၾကာင့္ ကိုယ့္က်န္တဲ့ သက္တမ္းတစ္ဝက္ကို ကိုယ္နဲ႔အတူတူ ကုန္ဆံုးေပးပါ"

"ဟုတ္"

"ကတိ"

"ဟုတ္...ကတိ"

" ကိုယ့္ေကာင္ေလးနဲ႔ကိုယ္ အတူတူျဖတ္သန္းမယ့္ ေန႔ရက္ေတြကို စိတ္လွဳပ္ရွားေနၿပီ"

တင္းၾကပ္စြာ ေပြ႕ဖက္ရင္း Huo Lin ကတိစကားတို႔ကို ေပးမိသည္။ သူေျပာသမွ်ဟာ တစ္ဘဝလံုးစာ ရည္ရြယ္ပါေၾကာင္း ေကာင္ေလးသိေအာင္ သက္ေသျပပါအံုးမည္။

"ကၽြန္ေတာ္ေရာပဲ... ဒါ အိပ္မက္လားလို႔ ထင္ေနတုန္းပဲ"

" အစစ္အမွန္ဆိုတာ ကိုယ္က သက္ေသျပေပးမယ္"

"အ!!! Lin Ge"

ဗီလာထဲရွိ ဧည့္ခန္းက်ယ္ထဲမွ ပ်ံ႕လြင့္လာေသာ သာယာေပ်ာ္ရႊင္ရယ္ေမာသံေတြက ပတ္ဝန္းက်င္အႏွံ႕ ေလေျပတို႔၏ ေခၚေဆာင္ရာေနာက္ ပါသြားေလသည္။

________________________________________

နတ္ဘုရားWangနဲ႔ ေက်ာင္းအလွေလး!

ယေန႔လူမွဳကြန္ယက္ေပၚတြင္ေတာ့ အမ်ိဳးသမီးထုႀကီးရဲ႕ ပြက္ေလာ႐ိုက္ေနသည့္ ေန႔တစ္ေန႔ ျဖစ္လို႔ေနသည္။

ငါ့အခ်စ္က မ်က္ေပတံုးေလး/// " Wang Huo Linႀကီး ေနာက္ဆံုးေတာ့ ေကြးသြားတယ္ေဟ့"

ရွိသမွ်အဆင္ ငါ့လင္/// " ဇာတ္လမ္းအစ/အဆံုး အရေတာ့ နတ္ဘုရား Wangက အစကတည္းက ေဂးေနရွာတာလို႕ ငါျမင္တယ္"

အစစ္မေတြေဘးဖယ္ Shouေလးလာေနၿပီ/// " ငါကေရာ နတ္ဘုရားWangလို ေကာင္ေခ်ာေလး ဘယ္ေတာ့ရမလဲပဲ"

ဗူးဆိုဖရံုမသီးတဲ့ သမီးအလိမၼာေလး/// " သားေလး အားမငယ္နဲ႔ မားကို အားကိုးလို႕ရတယ္ **အစစ္မေတြေဘးဖယ္ Shouေလးလာေနၿပီ"

မိဘလုပ္စာ ထိုင္စားေနတဲ့ငါ/// Wang Huo Linႀကီးရဲ႕ အခ်စ္က ေလးနက္တည္ၾကည္တယ္။ ေလးစားပါတယ္ နတ္ဘုရား Wang"

ကိုႀကီးနဲ႔ မနီးစပ္မခ်င္း ႀကိဳးစားမယ္/// " ကိုႀကီးWangလို ဘဲေခ်ာႀကီးတစ္ေယာက္ေလာက္ လိုခ်င္ပါတယ္။ ကိုျကီးWangတို႔စံုတြဲ ေပ်ာ္ရႊင္ပါေစ"

တေလာကလံုး ငါအေခ်ာဆံုး/// " အေပၚက အမေရ အတူတူဆုေတာင္းရေအာင္ **ကိုႀကီးနဲ႔ မနီးစပ္မခ်င္း ႀကိဳးစားမယ္** "

Wang ေကာေကာ ရင္ေငြ႕ခံုလွံဳေနတဲ့ အေခ်ာေလး/// " ဒီေန႔ကစၿပီး ရင္ေငြ႕ေျပာင္းလွံဳမယ္ေဟ့။ နတ္ဘုရားWangတို႔စံုတြဲ သက္ဆံုးတိုင္ ေပ်ာ္ရႊင္ပါေစ "
ငါကနံပါတ္ဝမ္း /// " နတ္ဘုရား Wangတို႔အတြဲကို ဆုေတာင္းေပးေနပါတယ္ "

ေလာကမွာ မိဘက အေရးႀကီးဆံုး/// " ငါ့အတြက္ စစ္မွန္တဲ့ CPႀကီး ရၿပီ(အငိုအီမိုဂ်ီ) ။ LinKun Cp ေပ်ာ္ရႊင္ပါေစ"

Wang Huo Linက ငါ့ေယာက်ာ္း/// " ဒီေန႔ကစ မအိုစီေတာ့ပါဘူး။ LinKun Cpရဲ႕ အဓိကေထာက္ခံသူအျဖစ္ ဆက္ရွိသြားပါ့မယ္။ "

ထိုသို႔ဂယက္ထေနစဥ္မွာပဲ တစ္ခါမွ မျမင္ဖူးတဲ့ နိမ္းေလးတစ္ခုက တက္လာခဲ့ေလသည္။

ေကာေကာရဲ႕မ်က္လံုးရြဲေလး /// " အေပၚကဆုေတာင္းေတြအတြက္ အားလံုးကို ေက်းဇူးတင္ပါတယ္ဗ်။ "

ထိုစာေလးတစ္ေၾကာင္းက ထိုသူကို မည္သူမွန္း သိသာသြားေစကာ ထိုေအာက္တြင္ မန္႔မ်ား ရာနဲ႔ခ်ီတက္လာခဲ့ကာ အြန္လိုင္းသံုးစြဲသူတို႔သည္ အေျပးအလႊား ေရာက္ရွိလာပါေတာ့သည္။

လူမွဳနယ္ပယ္မွာေတာ့ ခ်ီးမြမ္းသူေရာ၊ ကဲ့ရဲ႕သူပါ ရွိေနခဲ့ေပမယ့္ Wang Huo Linႏွင့္ Li Dai Kunတို႔မွာ အနာဂတ္ခရီးစဥ္မွာ ေပ်ာ္ရႊင္ၾကည္ႏူးမႈမ်ား၊ စိတ္ဆိုးစိတ္ေကာက္မွဳမ်ားျဖင့္ ေရွ႕ဆက္ေလွ်ာက္လွမ္းေနမည္မွာ အမွန္ပင္ျဖစ္သည္။

________________________________________

AN_ ပထမဆံုး ေရးဖူးတဲ့ Wang Huo Lin & Li Dai Kunတို႔ရဲ့ fanficေလးတစ္ခုျဖစ္ပါတယ္။ လိုအပ္ခ်က္ေတြ အမ်ားျကီးရွိေသးတဲ့ အေရးအသားကို တကူးတကလာဖတ္ေပးျကတဲ့ စာဖတ္သူ အားလံုးကို ေက်းဇူးတင္ပါတယ္ရွင္။ ဒီ CPကိုေရးဖို႔လာေျပာတဲ့ အသက္၊ ေန့တိုင္းမပ်င္းမရိ လာဖတ္ေပးျပီး Cover ppေရာ လာေပးတဲ့ မမ ကိုလည္း ေက်းဇူးတင္ပါတယ္ေနာ္။ အစ/ဆံုး တူတူရွိခဲ့ျကတဲ့ စာဖတ္သူတို႔ကို ေက်းဇူးတင္စြာျဖင့္။

BLOOM
19.6.2021
(3:21)pm



🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾





"Kun Kun ဥစ္စာ ပြန်ပေး"

"မပေးဘူး၊ မပေးဘူး... ဟား ဟား "

ခြံကျယ်ကြီးတစ်ခုအတွင်း ကလေးလေးတွေ ပြေးလွှားဆော့ကစား နေကြသည်။

ထိုအထဲမှာမှ ကောင်လေးတစ်ယောက်ကို ရွယ်တူကောင်လေးတွေက အုပ်စုဖွဲ့အနိုင်ကျင့်နေကြဟန်တူသည်။

ထိုခြံကျယ်ကြီးကတော့ မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ရာနေရာဖြစ်သည်။

ကြီးနိုင်ငယ်ညှင်း သဘောသဘာဝက နေရာတိုင်းမှာ အသားကျနေဟန်တူသည်။

Dai Kunအသေးလေးသည် လူရှင်းသည့် ခြံထောင့်တစ်နေရာတွင်ထိုင်ကာ မိခင်ဖြစ်သူ၏ပစ္စည်းဖြစ်သည့် ဗူးသေးသေးလေးထဲက ပစ္စည်းတစ်ခုကို တယုတယ ထုတ်ကြည့်နေခြင်းဖြစ်သည်။

ထိုစဉ်မှာပဲ သစ်သားဗူးလေးကို လက်တစ်စုံက လုယူသွားတော့သည်မို့ Dai Kun အသေးလေးမှာ ငိုမဲ့ ငိုမဲ့ ဖြစ်နေလေပြီ။

"Kun Kunဥစ္စာ ပြန်ပေး အီး ဟီး အီး"

Li Dai Kun အသေးလေးသည် ခြေတံတိုတိုလေးများဖြင့် ပစ္စည်းယူပြေးသူတွေနောက်ကို ပြေးလိုက်နေလေသည်။

"ဘုတ်...အင့်!!!"

ပြေးလွှားရင်း တစ်စုံတစ်ယောက်ကို ဝင်တိုက်မိလေသည်။

"ကလေး ဘယ်နားနာသွားသေးလဲ"

Kun Kunအရှေ့က အရပ်ရှည်ရှည်နှင့် ချောမောသည့် အကိုကြီးကို ပုလဲခနေသော မျက်လုံးရွဲကြီးများဖြင့် မော့ကြည့်လိုက်လေသည်။

" Kun Kun ဥစ္စာ ဟီး Kun Kun ဥစ္စာကို ...."

"ဘာဖြစ်လို့လဲ၊ ကလေးပစ္စည်းကို ဟိုကောင်လေးတွေ ယူသွားလို့လား"

ပြေးထွက်သွားသည့် ကလေးတွေဘက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဟုတ်"

ခေါင်းတဆတ်ဆတ် ညိတ်ပြနေသည့် ကလေးလေးကို စွေ့ကနဲ ဆွဲချီလိုက်သည့် Wang Huo Lin။

"တတိယသခင်လေး ဒါ.."

နောက်နားက အတူတူလျှောက်လာသည့် အိမ်ထိန်းကြီးမှာ ဒီတိုင်းတွေ့တဲ့ကလေးကို ကောက်ချီလိုက်တဲ့ တတိယသခင်လေးကြောင့် တအ့ံတသြ။

"အိမ်တော်ထိန်းကြီးပဲ ကားပေါ်အရင်သွားနှင့်လိုက်ပါ ကျွန်တော် ခဏနေပြန်လာခဲ့မယ်"

အဲ့သည်နေ့က (၁၄)နှစ်သား Wang Huo Linသည် (၄)နှစ်အရွယ် Li Dai Kunကိုချီကာ ဂေဟာရုံးခန်းထဲ ရောက်ဖြစ်ခဲ့သည်။

ဂေဟာမှူးက အလှူရှင်မို့ ပြာပြာသလဲ မေးလေသည်။

"သခင်လေး ကျွန်မကလေးတွေများ ပြဿနာရှာလိုက်လားရှင်"

"မဟုတ်ပါဘူးဗျ၊ Kun Erကို တခြားကလေးတွေ အနိုင်ကျင့်ပြီး တစ်ခုခုယူပြေးသွားကြတယ်ထင်တယ်"

"သား Kun Kun ဟုတ်လား"

"ဟုတ်၊ Kun Kunက Kun Kunမေမေ ပေးထားတာကို ကြည့်နေတာ၊ အဲ့ဒါ သူတို့က ယူပြေးသွားတယ် ဟင့်"

" မငိုနဲ့ မငိုနဲ့ ၊ ဂေဟာမှူးက Kun Kunပစ္စည်းကို ပြန်ယူပေးမှာ"

တစ်ခါမှ မရင်းနီးဖူးတဲ့ ကလေးကို နှစ်သိမ့်လိုက်သည်။

မျက်ရည်ဥကြီးတွေ ပေါက်ကနဲ ပေါက်ကနဲ ကျလာတဲ့ Kun Kunလို့ နာမ်စားထည့်ပြောတတ်သော ကလေးလေး၏မျက်ရည်များကို စိတ်ရှည်လက်ရှည် သုတ်ပေးမိသည်။

ထိုနေ့က ကလေးတွေ ယူပြေးသွားတဲ့ သစ်သားဗူးလေးကို Wang Huo Linမြင်ဖူးခဲ့လေသည်။

"ကိုကို ကျေးဇူးတင်ပါတယ်၊ Kun Kun ကြီးလာရင် ကို့ကိုကို လာရှာမယ်နော် "

"တာ့တာ...!"

ဂေဟာမှူးနဲ့အတူတူရပ်ကာ လက်ပြရင်း ကျန်ခဲ့သော ထိုကလေးလေး၏ ဂေဟာကို Wang Huo Lin မရောက်ဖြစ်ပေမယ့်လည်း ကလေးလေး၏ မျက်လုံးရွဲကြီးများကို မှတ်မိနေတော့သည်။

ထိုနေ့က နာရီပိုင်းမျှ ရင်းနီးခဲ့တဲ့ ကလေးငယ်တစ်ယောာက်သည် Wang Huo Lin ၏နှလုံးသားထဲ တစ်နေရာစာ ဝင်ယူခဲ့လေတော့သည်။

_____________________________________

"ဒေါက် ဒေါက် ဒေါက်... Dai Kunရေ မင်းနောက်ကျနေမယ်နော်"

ဒီနေ့ Dai Kunတစ်ယောက် အချိန်ပိုင်းအလုပ်တစ်ခုကို စတင်အလုပ်ဆင်းရမည့်နေ့ ဖြစ်လေသည်မို့ တိုက်ခန်း စပ်တူငှားနေသူကို သတိပေးခိုင်းထားခြင်း ဖြစ်သည်။

"ပြီးပြီ...ပြီးပြီ ကျေးဇူးပဲ"

လွယ်အိတ်ထဲ ပစ္စည်းတွေ ပစ်ထည့်ကာ နောက်ဆုံးမှ မိမိဘယ်သွားသွား သယ်သွားတတ်သည့် သစ်သားဗူးလေးကို ကောက်ထည့်လိုက်သည်။

အချိန်ပိုင်းအလုပ်ရှိရာ အဆောက်အအုံရောက်တော့ Dai Kun ထံ ဆက်သွယ်လာသည်။

"Li Dai Kun ရေ ဘယ်ရောက်နေပြီလဲ၊ ငါ အနောက်ပေါက်မှာ စောင့်နေတယ်"

"ကျွန်တော် လာပြီ"

ပြေးပြေးလွှားလွှားနဲ့ ရောက်သွားပြီး သတ်မှတ်ဝတ်စုံကို ဝတ်လိုက်ကာ သစ်သားဗူးလေးကို အကျႌရင်ဘတ်ထဲ ထည့်လိုက်ကာ လက်ဖြင့် ဖွဖွပုတ်လိုက်သည်။

ဒီပစ္စည်းလေးက မိခင်ပေးထားတာမို့ မိမိကို စိတ်လုံခြုံမှုအပေးဆုံး ဖြစ်လေသည်။

ပြီးနောက် အိတ်နှင့်အဝတ်အစားများကို Lockerထဲ ထည့်သိမ်းလိုက်သည်။

အထက်တန်းပြီးစ ကျောင်းသားလေး Li Dai Kunသည် တက္ကသိုလ်စရိတ်ရရန်အတွက် ငွေကြေးစုဆောင်းနေသူဖြစ်သည်။

တိုက်ခန်းတစ်ခုကို (၂)ယောက်စပ်တူငှားကာ နေထိုင်ပြီး ချိုးခြံခြွေတာတတ်သူ အထက်တန်းကျောင်းသားလေး ဖြစ်သည်။

အလုပ်တော်တော်များများက အသက်မပြည့်သေးသူ အထက်တန်းကျောင်းသားလေးတွေကို မခိုင်းချင်ကြသလို၊ ခိုင်းရင်လည်း လုပ်အားခနှိမ်တတ်သေးသည်။

" Dai Kunရေ ဝိုင်းတွေဘက်ကို မသွားနဲ့ မလုပ်တက်ဘဲနေမယ်"

"စိတ်ချ ကျွန်တော် ဂရုစိုက်ပါ့မယ်"

သွက်လက်သည့် (၁၇)နှစ်သားအရွယ် Li Dai Kunသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ပွဲကျင်းပနေရာ နေရာသို့ သွားလေသည်။

အရောင်အသွေး စုံလင်သည့် လူပုဂ္ဂိုလ်များကြားထဲ Dai Kun တစ်ယောက် မအားလပ်အောင် ဖြစ်နေလေသည်။

မကြာ မကြာဆိုသလို မိမိရင်ဘတ်ကိုလည်း စမ်းကြည့်ကာ ပြုံးမိသေးသည်။

"Sorry....! အာ ဝိတ်တာလေး Sorry... sorry"

ခြေလှမ်းမမှန်ချင်သည့် အမျိုးသားတစ်ယောက်သည် ဘေးနားကတွဲထားသည့် အမျိုးသမီးငယ်တစ်ယောက် ပါတာတောင် သူ့မှာယိုင်ထိုးနေသည်။

Dai Kun လွတ်ကျသွားသည့် ဗန်းအလွတ်ကို ပြန်ကောက်လိုက်ကာ သူကိုယ်တိုင်က အဆင်ပြေတာကြောင့် ဘာမှမပြောဘဲ ထွက်လာခဲ့လိုက်သည်။

ပွဲပြီးချိန်တွင် Dai Kunသည် သူ၏ပစ္စည်းလေးကို သတိတရ စမ်းကြည့်လိုက်သည်။

ဘယ်အချိန်က လက်လွတ်စပယ် ပြုတ်ကျသွားမှန်းမသိသည့် ပစ္စည်းလေးက Dai Kunတွင် ရှိမနေတော့ပေ။

ထိုစဉ်က ပွဲနေရာ၌ နှံ့န့ှံစပ်စပ် ရှာဖွေသော်ငြားလည်း မတွေ့သည့်အဆုံး အိမ်ကိုပြန်သွားရတော့သည်။

ပစ္စည်းပျောက်သည့်နေ့မှစ၍ တစ်ရက်တောင် မေ့မရသည့်အပြင် မိခင်ဖြစ်သူ၏ အမွေပစ္စည်းမို့ ပို၍နှမြောမိသည်။

_______________________________________

"ကိုယ် Kun Erရဲ့ (၄)နှစ်သားအရွယ်လေးကိုလည်း မေ့မရခဲ့သလို၊ နောက်တစ်ခေါက်က လူချင်းမတွေ့ရပေမယ့် မှတ်မှတ်ရရ ဒါလေးက တစ်ခါမြင်ဖူးရင် မမေ့နိုင်အောင် လက်ရာကောင်းတဲ့ ပစ္စည်းလေးမို့ ကိုယ့်လက်ထဲကို ရောက်လာတာက ကျေးဇူးတင်စရာကောင်းတယ်"

သစ်သားဗူးလေးထဲက အပြာရောင်ကျောက်လေးက အရင်ကလို သီးသန့်ဖြစ်တည်နေခြင်း မဟုတ်တော့ဘဲ ဘေးပတ်လည်တွင် ဘောင်ကွပ်ထားကာ လော့ကတ်ပုံ ပြုလုပ်ထားပြီး ကြိုးတစ်ခုတွင် ချိတ်ဆွဲထားသည်။

" အဲ့ဒီနေ့က ကိုယ်ဒါလေးကို ရခဲ့တယ် "

ကြိုး၏ချိတ်ဆက်ထားရာကို ဖြုတ်လိုက်ပြီး Dai Kun၏ လည်တိုင်တွင် ဝတ်ဆင်ပေးလိုက်သည်။

" မနက်စောစော ကိုယ့်အလုပ်ခရီးထွက်ရမှာမို့ ပြန်သွားရပေမယ့် နောက်တစ်ခေါက် Kun Erနဲ့တွေ့ဖို့ ကိုယ် မလောဘူး"

Wang Huo Lin၏ နှုတ်ထွက်စကားတို့သည် တစ်ချိန်က အတိတ်ကို အပြေးအလွှား ရောက်သွားလေဟန်ဖြင့် ထိုစဉ်က ခံစားချက်အတိုင်း ပြောနေလေသည်။

" ဘာလို့လဲဆိုရင် ကိုယ့်တို့ရေစက်ဆုံကြမယ်ဆိုတာ ကိုယ်သိနေလို့"

Dai Kun မျက်လုံးလေးတွေ ဝိုင်းကနဲ ဖြစ်သွားသည်။

" ရေစက်မဆုံခဲ့ရင်လည်း ကိုယ်က ဆုံအောင်လုပ်မှာမို့"

တကယ်လည်း သူထိုသို့ လုပ်ဆောင်ခဲ့သည်ပဲ။

" ဘိုးဘိုးမွေးနေ့ကိုလာတုန်းက Kun Erကို ညမီးတိုင်အောက်မှာ တွေ့လိုက်ရတုန်းက ကိုယ်ဘယ်လောက် စိတ်လှုပ်ရှားခဲ့ရတယ်မှတ်လဲ"

အဲ့ဒီညက Wang Huo Linသည် သေချာခြင်း၊ မသေချာခြင်းရဲ့ကြားထဲ လွန်ဆွဲနေလေသည်။

"ကိုယ်တို့ခြံထဲမှာ ထပ်တွေ့တော့ ကိုယ့်ကောင်လေးကို အထပ်ထပ်အခါခါကြည့်ပြီး သေချာအောင်လုပ်ပြီးတော့မှ အစီစဉ်တွေ ဆွဲရတာ"

ဒီကြားထဲ Wang Luက ပြေးလွှားခဲ့ရသည်။ ဟန်ဆောင်ရည်းစားလုပ်ခိုင်းပြီး လစာပါပေး၍ အနားနေစေခဲ့သည်။

" ကိုယ်မှတ်မိနေခဲ့တဲ့ မျက်လုံးရွဲကြီးတွေ"

Huo Linဘဝမှာ အလှဆုံးမျက်ဝန်းတစ်စုံ ဖြစ်လေသည်။

" ကိုယ့် Kun Erလေးက ငယ်ငယ်ကအတိုင်းပဲ မပြောင်းလဲဘူး"

" ကိုယ်မမှတ်မိလောက်တဲ့အထိ မပြောင်းလဲသွားလို့ ကိုယ်ကကျေးဇူးတင်ပါတယ်"

Wang Huo Linပြောနေသည့် စကားလုံးတို့သည် Li Dai Kun၏ ငယ်ဘဝကို ပြေးပြေးလွှားလွှား ရောက်သွားစေသည်။

သေးငယ်တဲ့ မှတ်ဉာဏ်ထဲမှာတော့ Dai Kunကို ကူညီခဲ့သည့် အကိုကြီးတစ်ယောက် ရှိခဲ့ပေမယ့် မပီဝိုးတဝါး ပုံရိပ်သာ ကျန်နေလေသည်။

"ဘာတွေးနေတာလဲ ကောင်လေး"

Wang Huo Linသည် မိမိမျက်နှာကို ငေးကြည့်နေသည့်ကောင်လေးကြောင့် ထုတ်မေးလိုက်ရသည်။

"အာာာ ကျွန်တော်သေးသေးလေးတုန်းက အကြောင်း စဉ်းစားနေတာ"

သဘောတကျဖြင့် ကောင်လေးကလည်း ပြန်ဖြေခဲ့သည်။

"ဘာလဲ ကတိမတည်လို့ ကိုယ့်Kun Erလေးက ဝမ်းနည်းနေတာလား"

ငယ်စဉ်ကတည်းက ကတိတွေ ထားခဲ့ကြတဲ့ သူတို့နှစ်ယောက်ပေါ့။

" ဘာ ဘာကတိလဲ"

ခပ်ရေးရေးသာ မှတ်မိတော့သည့် စကားလုံးအချို့ကြောင့် Dai Kunမှာ တပြန်မေးရသည်။

"Kun Kunကြီးလာရင် ကိုကို့ကို လာရှာမယ်ဆို ဟင်"

Dai Kunကိုယ်လေးကို ပွေ့ဖက်ထားရင်း Wang Huo Linတစ်ယောက် စနောက်နေလေသည်။

"အဲ့ အဲ့ဒါက "

အဲ့ဒါက ငယ်တုန်းက ခင်တွယ်ရာအကိုကြီးကို ပြောမိတဲ့စကားသပ်သပ်ပဲကို။

"အခုကျတော့ ကိုယ်ကပဲ ကလေးကို ကြံရစည်ရနဲ့ ကိုယ့်အနားမှာ ထားထားရတယ်"

"ကျွန်တော်မှ မမှတ်မိတာ"

" အခုရော မှတ်မိပြီလား"

"ဟုတ်"

"ကိုယ် လွန်ခဲ့တဲ့(၂)နှစ်က ဂေဟာကို ပြန်သွားရှာခဲ့တယ်၊ Kun Erတို့ ဂေဟာကို တခြားဂေဟာကို ရွေ့လိုက်တယ်လို့ ဘေးခြံတွေက ပြောတယ်"

Huo Lin. သစ်သားဗူးလေးကိုရတော့ Dai Kunကို မှတ်မှတ်ရရ ပြန်သွားရှာခဲ့သည်။

ဟိုရောက်တော့ မြေကွက်လပ်ကြီးက စီးကြိုနေသည်။

"အင်း ကျွန်တော် နှစ်ဝက်လောက်ကြာတော့ နွေးထွေးမေတ္တာကို ရောက်သွားတာ၊ ကျွန်တော်နေခဲ့တဲ့ အရင်ဂေဟာက ပိုင်ရှင်တွေ Accidentနဲ့ ဆုံးသွားတဲ့နောက် ကျွန်တော်တို့လည်း ပြောင်းရွေ့ခံလိုက်ရတယ်"

"Kun Er..."

သြရှရှခေါ်သံက နားစည်ကို ဖြတ်သန်းကာ အသံလှိုင်းက ဦးနှောက်သွေးကြောတွေထဲအထိ စီးဝင်သွားသည်။

"ဟင်"

"ကိုယ့်စွဲလန်းမှုက ကိုယ့်သက်တမ်းတစ်ဝက်ကို အထီးကျန်စေတယ်"

အရွယ်ရောက်ကတည်းက လှပတဲ့ကောင်မလေးတွေနဲ့ တွေ့ဆုံခဲ့သော်လည်း ထိုမိန်းမလှလေးတွေရှေ့ ရောက်သွားတိုင်း မျက်လုံးရွဲကြီးတွေကိုသာ ပြေးမြင်မိလေသည်။

"...."

"ဒါကြောင့် ကိုယ့်ကျန်တဲ့ သက်တမ်းတစ်ဝက်ကို ကိုယ်နဲ့အတူတူ ကုန်ဆုံးပေးပါ"

"ဟုတ်"

"ကတိ"

"ဟုတ်...ကတိ"

" ကိုယ့်ကောင်လေးနဲ့ကိုယ် အတူတူဖြတ်သန်းမယ့် နေ့ရက်တွေကို စိတ်လှုပ်ရှားနေပြီ"

တင်းကြပ်စွာ ပွေ့ဖက်ရင်း Huo Lin ကတိစကားတို့ကို ပေးမိသည်။ သူပြောသမျှဟာ တစ်ဘဝလုံးစာ ရည်ရွယ်ပါကြောင်း ကောင်လေးသိအောင် သက်သေပြပါအုံးမည်။

"ကျွန်တော်ရောပဲ... ဒါ အိပ်မက်လားလို့ ထင်နေတုန်းပဲ"

" အစစ်အမှန်ဆိုတာ ကိုယ်က သက်သေပြပေးမယ်"

"အ!!! Lin Ge"

ဗီလာထဲရှိ ဧည့်ခန်းကျယ်ထဲမှ ပျံ့လွင့်လာသော သာယာပျော်ရွှင်ရယ်မောသံတွေက ပတ်ဝန်းကျင်အနှံ့ လေပြေတို့၏ ခေါ်ဆောင်ရာနောက် ပါသွားလေသည်။

________________________________________

နတ်ဘုရားWangနဲ့ ကျောင်းအလှလေး!

ယနေ့လူမှုကွန်ယက်ပေါ်တွင်တော့ အမျိုးသမီးထုကြီးရဲ့ ပွက်လောရိုက်နေသည့် နေ့တစ်နေ့ ဖြစ်လို့နေသည်။

ငါ့အချစ်က မျက်ပေတုံးလေး/// " Wang Huo Linကြီး နောက်ဆုံးတော့ ကွေးသွားတယ်ဟေ့"

ရှိသမျှအဆင် ငါ့လင်/// " ဇာတ်လမ်းအစ/အဆုံး အရတော့ နတ်ဘုရား Wangက အစကတည်းက ဂေးနေရှာတာလို့ ငါမြင်တယ်"

အစစ်မတွေဘေးဖယ် Shouလေးလာနေပြီ/// " ငါကရော နတ်ဘုရားWangလို ကောင်ချောလေး ဘယ်တော့ရမလဲပဲ"

ဗူးဆိုဖရုံမသီးတဲ့ သမီးအလိမ္မာလေး/// " သားလေး အားမငယ်နဲ့ မားကို အားကိုးလို့ရတယ် **အစစ်မတွေဘေးဖယ် Shouလေးလာနေပြီ"

မိဘလုပ်စာ ထိုင်စားနေတဲ့ငါ/// Wang Huo Linကြီးရဲ့ အချစ်က လေးနက်တည်ကြည်တယ်။ လေးစားပါတယ် နတ်ဘုရား Wang"

ကိုကြီးနဲ့ မနီးစပ်မချင်း ကြိုးစားမယ်/// " ကိုကြီးWangလို ဘဲချောကြီးတစ်ယောက်လောက် လိုချင်ပါတယ်။ ကိုကြီးWangတို့စုံတွဲ ပျော်ရွှင်ပါစေ"

တလောကလုံး ငါအချောဆုံး/// " အပေါ်က အမရေ အတူတူဆုတောင်းရအောင် **ကိုကြီးနဲ့ မနီးစပ်မချင်း ကြိုးစားမယ်** "

Wang ကောကော ရင်ငွေ့ခုံလှုံနေတဲ့ အချောလေး/// " ဒီနေ့ကစပြီး ရင်ငွေ့ပြောင်းလှုံမယ်ဟေ့။ နတ်ဘုရားWangတို့စုံတွဲ သက်ဆုံးတိုင် ပျော်ရွှင်ပါစေ "
ငါကနံပါတ်ဝမ်း /// " နတ်ဘုရား Wangတို့အတွဲကို ဆုတောင်းပေးနေပါတယ် "

လောကမှာ မိဘက အရေးကြီးဆုံး/// " ငါ့အတွက် စစ်မှန်တဲ့ CPကြီး ရပြီ(အငိုအီမိုဂျီ) ။ LinKun Cp ပျော်ရွှင်ပါစေ"

Wang Huo Linက ငါ့ယောကျာ်း/// " ဒီနေ့ကစ မအိုစီတော့ပါဘူး။ LinKun Cpရဲ့ အဓိကထောက်ခံသူအဖြစ် ဆက်ရှိသွားပါ့မယ်။ "

ထိုသို့ဂယက်ထနေစဉ်မှာပဲ တစ်ခါမှ မမြင်ဖူးတဲ့ နိမ်းလေးတစ်ခုက တက်လာခဲ့လေသည်။

ကောကောရဲ့မျက်လုံးရွဲလေး /// " အပေါ်ကဆုတောင်းတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ "

ထိုစာလေးတစ်ကြောင်းက ထိုသူကို မည်သူမှန်း သိသာသွားစေကာ ထိုအောက်တွင် မန့်များ ရာနဲ့ချီတက်လာခဲ့ကာ အွန်လိုင်းသုံးစွဲသူတို့သည် အပြေးအလွှား ရောက်ရှိလာပါတော့သည်။

လူမှုနယ်ပယ်မှာတော့ ချီးမွမ်းသူရော၊ ကဲ့ရဲ့သူပါ ရှိနေခဲ့ပေမယ့် Wang Huo Linနှင့် Li Dai Kunတို့မှာ အနာဂတ်ခရီးစဉ်မှာ ပျော်ရွှင်ကြည်နူးမှုများ၊ စိတ်ဆိုးစိတ်ကောက်မှုများဖြင့် ရှေ့ဆက်လျှောက်လှမ်းနေမည်မှာ အမှန်ပင်ဖြစ်သည်။

________________________________________

AN_ ပထမဆုံး ရေးဖူးတဲ့ Wang Huo Lin & Li Dai Kunတို့ရဲ့ fanficလေးတစ်ခုဖြစ်ပါတယ်။ လိုအပ်ချက်တွေ အများကြီးရှိသေးတဲ့ အရေးအသားကို တကူးတကလာဖတ်ပေးကြတဲ့ စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ဒီ CPကိုရေးဖို့လာပြောတဲ့ အသက်၊ နေ့တိုင်းမပျင်းမရိ လာဖတ်ပေးပြီး Cover ppရော လာပေးတဲ့ မမ ကိုလည်း ကျေးဇူးတင်ပါတယ်နော်။ အစ/ဆုံး တူတူရှိခဲ့ကြတဲ့ စာဖတ်သူတို့ကို ကျေးဇူးတင်စွာဖြင့်။

BLOOM
19.6.2021
(3:21)pm

Continue Reading

You'll Also Like

23K 1.5K 15
ခများက ကျတော့်နှလုံးသားကိုပါသတ်ရက်တဲ့..လူသတ်သမား ~~~~~~~~~~~~~~~~~~~~~~~~ ခမ်ားက က်ေတာ့္ႏွလုံးသားကိုပါသတ္ရက္တဲ့..လူသတ္သမား ~~~~~~~~~~~~~~~~~~~~~~~~ (...
1.5K 75 21
မင်းကငါ့ဘဝ❣️ ကြီးကျယ်ခမ်းနားတဲ့အိမ်တအိမ်မှာရယ်မောသံတွေ ပျော်ရွှင်မှုတွေအပြည့်ဖုုံးလွှမ်းနေတယ် မာနခဲလေးနှယောက်ရဲ့အချစ်ကဘယ်လိုဖြစ်လာမလဲ တယောက်ကအနိုင်ယူ...
4.3K 403 17
ေနာင္တကင္းေသာ ခ်စ္ျခင္းတရားကိုသာ လိုလားပါ၏။... နောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... ဒီ fiction ကို @matdarlinmawyi အတြက္ေရးပါသည္။ ChanBa...
1M 54.9K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...