" ဟဲ့ Wang Xiao... Wang Xiao ငါခေါ်နေတယ်လေ"
Wang Xiaoက Wang Lu၏ ညီမငယ်လေးဖြစ်ကာ Wang Luနဲ့ Wang Ruo Linတို့က ငယ်စဉ်ကတည်းက ရင်းနှီးဝင်ထွက်နေသည်မို့ Wang Xiaoဟာ ဆွေမျိုးတွေထဲတွင် Wang Ruo Lin၏ မျက်နှာသာပေးခံရသည့် ညီမငယ်လေးထဲ ပါလေသည်။
အသက်(၁၀)နှစ်ကွာသော ညီမငယ်လေးကို ချစ်ခင်သလို Wang Xiaoကလည်း အကိုကြီး Wang Luကို ချစ်သလိုမျိုး Wang Ruo Lin ချစ်ခင်လေသည်။
တချို့တချို့သော ဝမ်းကွဲတွေအတွက် Wang Ruo Linက ရွှေတုံးရွှေခဲလို တန်ဖိုးကြီးပစ္စည်းဆိုလျှင် Wang Xiaoအတွက်က အဖိုးတန်တဲ့အကိုကြီးပင်ဖြစ်သည်။
" မမ Xiao Yue ဘာဖြစ်လို့လဲ"
အဖေဘက်က အမျိုးဖြစ်သည့် ဒီအမကလည်း ကိုကြီးRuo Linကို လိုချင်နေမှန်း မိမိသိလေသည်။
အဒေါ်တွေပြောနေသလိုမျိုး ကိုယ့်အိတ်ထဲဖိတ်ရအောင်လည်း ကိုကြီးRuo Linကို ရည်းစားများတဲ့ မမXiao Yueနဲ့ သဘောမတူပါဘူးနော်။
" ဘာရမှာလဲ ငါ ကိုကိုRuo Linနဲ့ မတွေ့ရသေးဘူး၊ အဲ့ဒါ ငါ့ကို မိတ်ဆက်ဖို့ ခေါ်သွားပေးအုံး"
မိတ်ဆက်ဖို့ ခေါ်သွားရသည်ထက် ကျားဖင်သာပြေးနှိုက်လိုက်ချင်တော့သည်။ ကိုကြီးက သူ့ဖန်တွေကလွဲ မသိတဲ့သူနဲ့ဆို အဖက်မလုပ်တတ်တာ လူတိုင်းသိသည့်ကိစ္စဖြစ်သည်။
"ဟို မမ...."
"ဟိုတွေ ဒီတွေ လုပ်မနေနဲ့ ငါဒီနေ့တွေ့ချင်တာ Wang Xiao ရဲ့ ... ငါ...ဟယ် ကိုကို Ruo Lin"
ပြောလက်စစကားတို့က လေထဲတွင်တန့်သွားပြီး ဂါဝန်စကိုမကာ တစ်ဖက်ဝိုင်းကိုအကူး....
"အာာာာာာားးးးးးးးး!!!"
"ချွမ်း ချလွမ်.......!!!"
" မမ Xiao Yue အဲ !!!"
Wang Xiaoရဲ့ ခေါ်သံတိုးတိုးလေး။
"yue yue...!!!"
အထိတ်တလန့်ဖြင့် Xiao Yue၏ မိဘနှစ်ပါးခေါ်သံ။
"နင် နင် နင်"
သူမဟာ ဘေးသို့ ယိုင်ကျသွားကာ နီးစပ်ရာ စားပွဲကို လှမ်းဆွဲလိုက်တာကြောင့် သူမဝင်တိုက်လိုက်တဲ့ စားပွဲထိုးဝတ်စုံဖြင့်လူငယ်လေးကို ပစ်စလက်ခတ် လဲကျသွားစေခဲ့သည်။
YOU ARE READING
ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)
FanfictionWang Ruo Lin × Li Dai Kun (9.6.2021 to 19.6.2021)