Commando🍁(Complete)
By NandarMyintMoh
38.1K 3K 276
Zawgyi~ #Seke &Seke -ဘုန်းဆက်ရှိန်ဝါ (Zeus) -ညီစေမင်းသော်(Dragon) ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်... More
Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)
P - 7🍁
714 92 0
By NandarMyintMoh
Zawgyi
အရေးကြီးတဲ့အချက်အလက်တွေပါတဲ့Laptopကိုယူသွားတာကလင်မယားနှစ်ယောက်ဉီးစီးတဲ့အဖွဲ့လေးတစ်ဖွဲ့.....
....Maybe it's not forever......
"ညီစေ....."
"အေး ညီ​စေရာ ငါအခုမင်းထက်Condoမှာ ညနေMissionအကြောင်းပြောမလို့ကွာ "
"အေးပြောလေကွာ ဘာဖြစ်လို့လဲ"
"အဲ.....ဒါနဲ့ အဲ့စောက်အဖိုးကြီးက Barအခန်းထဲရောက်နေတာတောင်ဘာမှမမေးပဲ ပြန်သွားတယ်ဆိုတော့ ငါနဲ့Kissingဆွဲခဲ့တာကိုလဲမေ့သွားမှာပေါ့....ရားးးးးးးးစောက်အဖိုးကြီး!!!သူများ first kissကိုယူပြီး မေ့ပြစ်တယ်!!တွေ့မယ်....အသေကိုF**kပြစ်မယ်ခင်ဗျားကို!!"
၎ယောက်မှာ အကုန်လုံးက မိစုံဖစုံ အသက်ရှိထင်ရှားရှိကြသည်။
၎ယောက်မှာ ညီစေကသူ့အနားကိုဘယ်သူမှအကပ်မခံပေ......Kristနဲ့မင်းထက်ကသာ ကောင်လေးတွေ၊ကောင်မလေးတွေအနားခေါ်ထားပေမယ့် ညီစေတစ်ယောက်ကတော့Allergicဖြစ်မှာကြောက်တဲ့အတိုင်းကိုပဲအနားကိုအကပ်မခံတာ......မာန်ပြာ့်က မာမားBoyလေ သူကဘာမှမလုပ်ဘူး သောက်တာကတော့ အတော်သောက်သည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
#19.6.2021
#Nandar Myint Moh
Unicode
Zawgyi
ဒီနေ့......အင်းဒီနေ့က Missionစထွက်ရမယ့်နေ့....
ည၁၀နါရီမှPrivate Jackနဲ့ဝန်ကြီးချုပ်ရဲ့ခေါင်မိုးထပ်ကနေသွားမှာ ၊ဘယ်ကိုလဲဆိုတော့ မြန်မာ တရုတ်နယ်စပ် ၊
ဒီတစ်ခါMissionက "တိမ်မယောင်နဲ့နက် လွယ်မယောင်နဲ့ခက်"ဆိုသလိုပဲ ရိုးရှင်းမယ်ထင်ရပေမယ့်တစ်ကယ်တော့ တစ်ကယ့်ချီးထုပ်အကြီးကြီးပဲ.....
ဝန်ကြီးချုပ်ရဲ့အိမ်ဖြူတော်ထဲကို အိမ်ရှေ့ပေါက်ကနေအသာလေးဝင်လာတယ်တဲ့၊ပြီးတော့လဲအိပ်ခန်းထဲကမီးခံသေတ္တာထဲက Laptopကိုယူပြီးပြန်ထွက်သွားသတဲ့ ၊ပြန်ထွက်ခါနီးမှဝန်ကြီးချုပ်နဲ့တွေ့သွားလို့ ဇက်ပိုးအုပ်ထားခဲ့လို့သတိမေ့သွားယုံလောက်ပဲ......
အိမ်ဖြူတော်မှာသက်တော်စောင့်တို့ လုံခြုံရေးတို့မရှိတာမျိုးတော့မဟုတ်လောက်ပါဘူးနော်......
အရေးကြီးတဲ့အချက်အလက်တွေပါတဲ့Laptopကိုယူသွားတာကလင်မယားနှစ်ယောက်ဦးစီးတဲ့အဖွဲ့လေးတစ်ဖွဲ့.....
ဟော....အခုဖြစ်ရပြန်တာက အဲ့လင်မယားနဲ့ကသဘောတူညီမှုတစ်ခုလုပ်လို့တဲ့၊ Laptopနဲ့အတူ လင်မယားနှစ်ယောက်ကိုဘာထိခိုက်နာကျင်မှုမှမရှိစေပဲ အိမ်ဖြူတော်ကိုခေါ်ဆောင်လာခဲ့ပါတဲ့......
ညနေ သွားမယ့်ခရီးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုLuggageထဲထည့်ရသည်။  Luggageထဲကိုအများဆုံးထည့်ရတာကတော့Leather JacketတွေT Shirtတွေနဲ့ဂျင်းပင်တွေသာပဲ၊ ရွေးနေစရာမလိုပဲအသာလေးကောက်ထည့်လိုက်ရုံပဲ၊
🎼📱Maybe we're perfect stranger
....Maybe it's not forever......
ပစ္စည်းတွေထည့်နေရင်းဖုန်း၀င်လာလို့ ကြည့်လိုက်တော့ Contactမှာအထန်ကောင် မင်းထက်တဲ့....
"Hello...... သားကြီး မင်းထက် ပြောဟေ့ရောင်"
"ညီစေ....."
"အေး  Krist  လား မင်းကမင်းထက်အိမ်ရောက်နေတာလား"
"အေး ညီ​ေစရာ ငါအခုမင်းထက်Condoမှာ ညနေMissionအကြောင်းပြောမလို့ကွာ "
"အေးပြောလေကွာ ဘာဖြစ််လိူ့လဲ"
"ညနေ Missionကိုငါမလိုက်ဖြစ်တော့ဘူး မင်းထက်လိုက်မှာ "
"သြော်အေး မင်းကဘာလို့လဲ ကိုကြီးသက်နောင်ကိုရောပြောပြီးပြီလား"
"သြစီမှာရောက်နေတဲ့ငါ့Mommy ဆီကိုခဏသွားရမှာ ငါသူ့ဆီမသွားတာ ၃နှစ်ရှိပြီလေ..... Daddyကဒီတစ်ခါMissionကိုလွှတ်ပြီး သွားရင်သွားတဲ့ မဟုတ်ရင်Commandoအဖြစ်ဆက်နေရဖို့မသေချာတော့ဘူးတဲ့ ......အဲ့ဒါကိုကြီးသက်နောင်ကိုပြောတော့ အဆင်ပြေတယ် မင်းထက်ကိုပြောကြည့်တော့လဲအဆင်ပြေနေတာနဲ့ ငါလဲလက်လွှတ်ရပြီပေါ့ကွာ......"
"အေးပါကွာ မင်းအဆင်ပြေရင်ပြီးတာပဲ.....သြစီမှာဂရုစိုက်အုံးနော်သားကြီး "
"ငါကအပန်းဖြေခရီးထွက်ရမှာ မင်းတို့ကMissionသွားရမှာနော် မင်းတို့သာကိုယ့်ဘာသာဂရုစိုက်.. အန္တရာယ်ကိုကြည့်ရှောင် "
"အေးပါကွာ ဒီထက်အန္တရာယ်များတာတွေတောင်လုပ်လာပြီးမှ ဒီလောက်ကဘာဖြစ်မှာမလို့လဲ.....မင်းသာမင်းထက်ကိုပစ္စည်းတွေကူထည့်ပေးလိုက်အုံး..."
"အဲ့ဒါမင်းပူစရာမပါဘူး....ငါကိုယ်တိုင်လိုက်ပို့မှာမင်းထက်ကို...မင်းသာZeusနဲ့ရန်ပဲဖြစ်မနေနဲ့.... မမြင်ချင်ရင်ရှောင်နေလိုက်ကြားလား ညီစေ !!"
"အေးပါကွာ မင်းသာ ဆွဲအစားမခံရစေနဲ့ "
"ဟားးးးဟားးးမဖြစ်နိုင်တာကြီးကိုတွေးပူနေပြန်ပြီ.... ညီစေ ငါကဘယ်သူမလို့လဲကွ!!Kristပါ အပေါ်ထပ်ကမဆင်းပါဘူး.... အဟွန်းဟွန်းးးးး"
"ရယ်တဲ့အသံကိုကလူယုတ်မာရယ်သံနဲ့ မင်းကအပေါ်ထပ်တွေအောက်ထပ်တွေပြောနေရအောင် မင်းကဘယ်သူနဲ့နေလိုက်လို့လဲ....အဟားဟားဟားးးးးးရှက်လဲမရှက်ဘူးကွာ!!BisexualပါဆိုပြီးCome outလုပ်ထားပေမယ့်လဲ
ခုချိန်ထိစော်ကောဘဲကောမရသေးတဲ့မင်းကိုငါကသိပ်သနားတာပဲ.....အဟားဟားးးးး"
"ရယ်လို့မှကောင်းရဲ့လားညီစေမင်းသော်!!မင်းကငါ့ကိုတော့ပြောပြီးမင်းကကောခုနေရည်းစားမရှိတဲ့လူတွေဖမ်းပါမယ်ဆိုရင် ဘယ်ချောင်ဝင်ခိုနေရမှန်းမသိတဲ့ကောင်ကများ ဟားးးးးဟားးးဟားညီစေရာ မင်းကဟာသကြီးပဲ"
"ဟေ့ရောင်!!!!ဒါပဲကွာ မင်းနဲ့ပြောရတာ ချီးလိုပဲ!!!"
ဒါပဲ ...အဲ့ဒါပဲ ညီစေမင်းသော်ကိုအနိုင်လိုချင်ရင်အဲ့ဒီFAဖြစ်နေတဲ့အကြောင်းသာပြောချလိုက်....တစ်ခါတည်းပတ်ပိတ်ပဲဘာမှကိုမပြောရဲတော့တာ.....ဘယ်​ပြောရဲမလဲ အသက်ကဖြင့်၂၅ပြည့်ပြီးနေပြီ.... ခုချိန်ထိရည်းစားမရ​ှိတာပဲ....ငယ်တုန်းကတော့ ကောင်လေး ကောင်မလေးတွေ ထည်လဲတွဲပြီး လိုချင်တာဝယ်ပေးလိုက် အတူသွားအတူလာလုပ်ပြီး နှုတ်ခမ်းလေးလာက်တောင်နမ်းမလာပဲ လက်ကိုင်ရုံလောက်နဲ့ပဲ ကျေနပ်ခဲ့တဲ့ ညီစေ ကဘယ်သူနဲ့မှကိုပဲ တစ်ပတ်ထက်ပိုမကြာခဲ့ဘူး၊
နောက်တော့ အာရုံနောက်လို့တဲ့ ဘယ်သူ့မှကိုအနားအကပ်မခံတော့ဘူး....
အဲ......နောက်တစ်ခုက kristလဲFAပါပဲ!!!!
တစ်ဖွဲ့လုံးကအတည်တကျအတွဲတွေမရှိကြဘူး......
BisexualဆိုပြီးCome out လုပ်ပြီးကတည်းကကောင်လေးလဲတွဲတယ်၊ကောင်မလေးလဲတွဲတယ်၊ရုပ်ရှိရေလျှံတွေအတွက်က လွယ်ပါတယ်၊ခက်နေတာက အတည်ချစ်ရမယ့်သူမရှိ​သေးတာ
၊ကိုယ့်နှလုံးသားကိုခုန်ပေါက်လာအောင်လုပ်နိုင်စွမ်းတဲ့သူမရှိသေးတာပဲ........
တစ်ဖက်မှာတော့ သူ့ကိုFAဆိုပြီးဖဲ့သွားလို့ zeusကို မေတ္တာတွေပို့နေတဲ့ ညီစေရယ်ပါလေ....
"စောက်အဖိုးကြီး!!ကျုပ်ကို FAလို့ပြောသွားတယ် ငါရိုးမ zeus!!ခင်ဗျားဆီကို ကျုပ်နှလုံးသားပါသွားပြီ!!စောက်အဖိုးကြီး ငါ့ကိုဒင်းကကျေးဇူးမတင်တဲ့အပြင် ကားကိုပါတက်စောင့်သွားသေးတယ်....အေးပါ စောင့်နေလိုက်zeus!!ခင်ဗျားက ကျူပ်ကားဖင်ကိုစောင့်တာ....ကျုပ်က ခင်ဗျားဖင်ကိုတက်စောင့်ပြမယ်!!ဟားဟားးးဟားးးးညီစေမင်းသော်ကိုလာမကြောနဲ့ ခေါသွားမယ်(သွား)....ဟားဟားဟားးးးး
ပစွည်းတွေကိုဘုန်းဆက်အမှတ်နဲ့ Luggageအိတ်ထဲကိုပြစ်ထည့်လိုက် တစ်ခုနဲ့တစ်ခုရိုက်လိုက် ပါးစပ်ကလဲပြောပြောဆိုဆိုနဲ့ မဆိုင်လဲဆဲ ဆိုင်လဲဆဲ လုပ်နေတဲ့ ညီစေမင်းသော်ဟာ တစ်ကယ့်ကို ဘုန်းဆက်ပေးတဲ့နာမည်နဲ့ကလဲလိုက်ဖက်ပါဘိ....
"အဲ.....ဒါနဲ့ အဲ့စောက်အဖိုးကြီးက Barအခန်းထဲရောက်နေတာတောင်ဘာမှမမေးပဲ ပြန်သွားတယ်ဆိုတော့ ငါနဲ့Kissingဆွဲခဲ့တာကိုလဲမေ့သွားမှာပေါ့....ရားးးးးးးးစောက်အဖိုးကြီး!!!သူများ first kissကိုယူပြီး မေ့ပြစ်တယ်!!တေွ့မယ်....အသေကိုF**kပြစ်မယ်ခင်ဗျားကို!!"
လူက အပြစ်တွေတင်နေရင်း ရင်ထဲမှာလဲအောင့်သက်သက်နဲ့ရယ်.....ကိုယ့်မှာတော့ ရင်ခုန်သံပိုင်ရှင်လေးဆိုပြီး တစ်နေ့တစ်နေ့ပြစ်မှားပြီးရင်တွေခုန်လိုက် မှန်းထုလိုက်နဲ့၊ ဟင်!!ဒီဖေ... ကဘာမှသတိမရတော့ဘူးဆိုတော့ ဟက်ကော့ကြီးကျန်ခဲ့ပြီပေါ့.......
"အဲ....Facebookသုံးလားရှာကြည့်ရမယ်"
ကိုယ့်ဘာသာပြောပြောဆိုဆို Laptopကိုသွားယူပြီး Facebookထဲက တစ်ခါတစ်လေမှသုံးဖြစ်တဲ့ကိုယ့်Accountလေးထဲဝင်လိုက်သည်။
Search listမှာနာမည်ရိုက်ရှာခါနီးတော့ ဘာနာမည်ဖြစ်မလဲစဥ်းစားရပြန်သည်။
"သူ့နာမည်Zeusက Commandoနာမည်ဖြစ်မယ်...သူ့နာမည်အရင်းမှငါမသိတာကြီး ချီးထဲမှ!!
Laptopကို ကုတင်ပေါ်ပြစ်တင်ပြီး အောက်မှာပဲစိတ်ပျက်လက်ပျက်နဲ့ တုံးလုံးလှဲချလိုက်တော့သည်။ညီစေမင်းသော်ရဲ့အခုပုံစံလေးက သူများတွေ သဘောကျနေတဲ့ညီစေမဟုတ်တော့ပဲ Crushက သောက်ဂရုမစိုက်လို့ကြေ ကွဲနေရှာတဲ့ ကြက်ဥလေးလိုပဲ.....
"မင်းထက်ရေ....ငါလဲလေ ညီစေလေးကိုတစ်ကယ်သနားနေပြီကွာ"
"ဟ Kristရ ခုမှဘာထဖြစ်တာလဲ မင်းအဲ့လို သနားတယ်ပြောတာကို ညီစေသိရင်တော့ အခွက်ပျောက်အောင်ထိုးလွှတ်လိုက်မယ်"
"ဟာ...ငါပြောတာက သူ့မိသားစုရေးမဟုတ်ဘူးကွ!!သူ့အချစ်ရေး"
"သူများ ပူနေရအောင်မင်းကကော!!"
"အမ်!!မင်းထက်.....ငါ့ပါးစပ်သာပိတ်လိုက်ပါပြီကွာ!!
ဒီကောင်တွေကိုပြောပြလို့မဖြစ်သေးဘူး ၊Kristကတစ်ကယ်တော့ရင်ခုန်သံအစစ်အမှန်ကိုတွေ့ပြီးပြီဖြစ်သည်။
Logoအဖွဲ့ကအထူးအဖွဲ့ဝင်တွေထဲက လူချောကြီးတွေလို့နာမည်ကြီးလှတဲ့ ၄ယောက်အဖွဲ့ကို Logoက တပ်သားတွေကတစ်ခါတစ်လေ F4လို့ခေါ်ကြသည်။သူတို့နဲ့ရုပ်တူလို့တော့မဟုတ်ဘူး.........
၄ယောက်မှာ အကုန်လုံးက မိစုံဖစုံ အသက်ရှိထင်ရှားရှိကြသည်။
အတူတူမနေကြတာတစ်ခုပါပဲ၊........
ညီစေဆိုရင် သူ့မိဘတွေက ကိုယ့်အိမ်ထောင်နဲ့ကိုယ်တွေ၊ တီလေးတစ်ယောက်ရှိပေမယ့်အဲ့တီလေးကရာသက်ပန် ယောဂီဝတ်သွားပြီ.....
ညီစေ့မိဘတွေက ညီစေတစ်သက်တင်မဟုတ်ဘူး မြေးအထိသုံးလို့ရတဲ့အမွေတွေကိုလဲပေးထားခဲ့ပါတယ်.....မိဘမေတ္တာတော့မပေးနိုင်ဘူးထင်ပါရက် .......တစ်ယောက်ထဲပဲထားပြစ်ခဲ့ကြပြီး မိသားစုအသစ်တွေနဲ့ပဲပျော်နေကြသည်။
Kristကတော့ သံအမတ်ရဲ့သား ၊သူ့မာမီက သြစီမှာ သူနဲ့သူ့ဒယ်ဒီက မြန်မာနိုင်ငံမှာ ၊Kristကတော့သူ့ဒယ်ဒီနဲ့အတူနေသည်။ သူ့မာမီဆီကိုတော့သူသွားချင်ရင်သွားခွင့်ပေးထားသည်။
Krist ဒယ်ဒီနဲ့မာမီက ကွာရှင်းထားကြလားမထားကြလားတော့မသိဘူး ၊ ဖုန်းအဆက်အသွယ်မပြတ်ပေမယ့်ကိုယ်ဇာတိမှာကိုယ်ပဲနေနေကြသည့် အတ္တသမားတွေ၊
နောက်ထပ် မင်းထက်ကတော့ အဖွဲ့ထဲမှာ စော်ကြည်ဘဲကြည် တော်ကီလဲကြွယ်လှသည့် စားဘဲကြီး၊
သူ့မှာတော့ Daddyပဲရှိသည်၊ Hotel ၃ခု ပိုင်ပြီး သူကိုယ်တိုင်ကလဲ စားဖားကြီးပဲ၊
အတူတူလဲမနေသလို တစ်လလုံးနေလို့လဲ တစ်ခါတောင်မတွေ့ကြတဲ့ နွေးထွေးလှတဲ့ သားအဖသံယောဇဥ်ကြီး...
အကုန်လုံးထဲမှာ မာန်ပြည့်ကတော့ မာမားBoyလေး ၊သူ့မှာအမေတစ်ယောက်ပဲရှိပြီး စားနိူင်သောက်နိုင်နဲ့ မာန်ပြည့်လုပ်စာတစ်ခုပဲရှိပေမယ့် အလယ်အလတ်အတန်းစားထဲတော့လိုက်သည်။မာန်ပြည့်အိမ်ကိုလိုက်သွားတိုင်း မာန့်မေမေကိုပဲ အကုန်လုံးကအမေလို့ခေါ်ပြီး Missionသွားတိုင်းဝင်ကန့်တော့ပြီး ဆုမွန်ကောင်းတောင်းခိုင်းရသည့်အကုန်လုံးရဲ့ အမေ၊
သူငယ်ချင်းလေးယောက်စကားပြောတဲ့အချိန်တိုင်းနာမည်အရင်းတွေကိုပဲခေါ်ပြောတတ်ကြသည်။Kristတစ်ယောက်ပဲ နာမာ်ကတစ်မျိုးထဲပဲ....အချေတစ်လိုင်းအဲ့Kristက.....
လှို့ဝှက်နာမည်နဲ့ကဒီလူ ဒီလူဆိုတာကိုတွဲမသိကြတာကများသည်။
နောက်တစ်ခုက ညီစေတို့အဖွဲ့က လုံးဝကြီးInocenceတော့မဟုတ်ဘူး.....Gay Barလဲရောက်သလို၊ ရိုးရိုးBarတွေလဲရောက်သည်။
Missionတွေလုပ်ဆောင်ရင်းလဲရောက်သလိုသူငယ်ချင်းတွေ Missionတွေကပြန်လာရင်လဲသွားကြသည်။
Boyနဲ့လဲတွဲသလိုGirlနဲ့လဲမလွတ်ပါဘူး....အပျော်ရှာယုံနဲ့အတွေ့အကြုံရယုံလောက်ပါပဲ...
အိပ်တဲ့အဆင့်ထိအောင်တော့ဘယ်သူနဲ့မှမရောက်ဘူးပေမယ့်လို့ပေါ့....
၄ယောက်မှာ ညီစေကသူ့အနားကိုဘယ်သူမှအကပ်မခံပေ......Kristနဲ့မင်းထက်ကသာ ကောင်လေးတွေ၊ကောင်မလေးတွေအနားခေါ်ထားပေမယ့် ညီစေတစ်ယောက်ကတော့Allergicဖြစ်မှာကြောက်တဲ့အတိုင်းကိုပဲအနားကိုအကပ်မခံတာ......မာန်ပြာ့်က မာမားBoyလေ သူကဘာမှမလုပ်ဘူး သောက်တာကတော့ အတော်သောက်သည်။
ညီစေရဲ့စိတ်ကူးလေးက သူ့ရဲ့ ဘဝလက်တွဲဖော်အတွက် အလွန်ဂုဏ်ယူစရာကောင်းသည်။သူ့နှလုံးသားကိုလှုပ်ခါသွားနိုင်အောင်လုပ်နိုင်ပြီး...သူ့ရင်ထဲကနေလှိုက်လှိုက်လှဲလှဲချစ်တဲ့သူအတွက်ပဲ သူ့ရဲ့ပထမဆုံးသောKissတွေကောအိပ်ယာပေါ်ကအရာတွေကောလုပ်ပါမယ်တဲ့ .....
သူ့အနားကိုကပ်ချင်တဲ့လူတွေရှိလာရင်တောင်ညီစေဘက်ကငြင်းမလာခင်ကတည်းကသူငယ်ချင်း၃ယောက်က ကာကွယ်ပေးထားကြသည်။
တစ်ခုခုဖြစ်သွားခဲ့ရင်ညီစေကလုံးဝအဲ့လူကိုအလွတ်မပေးပဲအသေသတ်ပြစ်မယ်ဆိုတာကြိုသိနေလို့ပဲ...............
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
#19.6.2021
#Nandar Myint Moh
I Really Want you feedback and Voting😍😘
Continue Reading
You'll Also Like
37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...