Lop_Eared Guard (နားရွက်ကျလေး...

By Wine-Y

64.8K 5.4K 421

ငါ အိမ်ပြန်တိုင်း နှင်းဆီပန်းလေးတစ်ပွင့် အမြဲယူသွားတယ်။.... ငါ့ရဲ့ Alphaက ငါ့ကိုတစ်ချက်လောက် စောင်းငဲ့ကြည့်မယ... More

Lop_Eared Guard
အခန်း(၁) uni
အခန်း(၁)Zawgyi
အခန်း(၂)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)

အခန်း(၃)

2.8K 428 58
By Wine-Y

လုရှန်းကျင်က ယန်ယိကို စိုက်ကြည့်နေသည်။

ထိုအကြည့်တစ်ချက်က ဘာမှလုပ်စရာမလိုပဲ ခြေကျိုးသွားတဲ့ငှက်တစ်ကောင်လို ယန်ယိကို ကြောက်လန့်မှုတို့နဲ့ ပျော့ခွေသွားစေသည်။

'ဟုတ်တယ် ယန်ယိသိပ်ချစ်ရတဲ့ အယ်လ်ဖာက ဤမျှလောက်အထိ လွှမ်းမိုးနိုင်စွမ်းကြီးပြီး အကယ်၍ ယန်ယိရဲ့အရှေ့မှာ UMP9 သေနတ်ဆယ်လက်နဲ့ ချိန်ထားမယ် ဆိုရင်တောင် လုရှန်းကျင်ရဲ့အကြည့်တစ်ချက်လောက် သူ့ကိုတားဆီးနိုင်စွမ်းရှိမှာ မဟုတ်ပေ။

တုန်လှုပ်မှုကြောင့် ယန်ယိရဲ့ နှာခေါင်းလေးတွေပင် နီရဲနေပြီ။

"ဆေးရုံကားခေါ်လိုက်"

လုရှန်းကျင်က ယန်ယိအရှေ့ကို ဖုန်းပစ်ပေးပြီး ပြောလိုက်သည်။

တုန်ရီနေတဲ့ ယန်ယိရဲ့လက်တွေက ဖုန်းကိုလည်း မဖမ်းလိုက်နိုင်ပဲ သူ့ရင်ဘတ်ကို ထိမှန်သွားသည်။ ပြင်းထန်သည့် အားတစ်ခုနှင့် သူ့ရဲ့ ရင်ညွန့်ရိုးကို ထိခတ်ပြီး နာကျင်သွားပေမယ့် ယန်ယိကတော့ ထိုနာကျင်မှုကို လစ်လျူရှုပြီး ဖုန်းနံပါတ်တွေကို ရိုက်နှိပ်လိုက်သည်။

"ဟုတ်ကဲ့ ။ လူသားအိုမီဂါတစ်ယောက်ပါ ။ သူ့ဆဲလ်ကလင်းတွေ တုံ့ပြန်မှုမရှိတော့ဘဲ ထိခိုက်မှုနည်းနည်းဆိုးနေတာပါ။ အရိုးကျိုးသွားတာ ထင်တယ်။ "

ဖုန်းပြောပြီးနောက် ယန်ယိက လုရှန်းကျင်ကို ပြန်ကြည့်လိုက်သည်။

အိုမီဂါများက မူရင်းကပင် အထိအခိုက်လွယ်ပြီး တစ်ခုခုဖြစ်တာနဲ့ သူတို့ရဲ့ ဆဲလ်ကလင်းတွေလည်း တုံ့ပြန်မှုရပ်တန့်သွားတတ်သည်။ သာမန်အိုမီဂါတွေနဲ့ မတူဘဲ လူသားအိုမီဂါတွေက ပိုပြီး အားနည်းတတ်ကြသလို ခုခံနိုင်မှုအားလည်း နည်းကြသည်။
နာကျင်မှုကြောင့် ရီဝေဝေဖြစ်နေတဲ့ ပုံစံနဲ့ပဲ ယွမ်မိက လုရှန်းကျင်ဆီကို အားနည်းစွာ လက်ကမ်းနေသည်။

လုရှန်းကျင်က ယွမ်မိအနားသွားပြီး ကိုယ်ကိုကိုင်းကာ ပွေ့ဖက်ထားလိုက်သည်။ သူ့ရဲ့ ဟော်မုန်းတွေကို ယွမ်မိကိုယ်ထဲ စီးဝင်စေပြီး အသည်းခိုက်လုမတတ်နာကျင်နေတဲ့ အိုမီဂါကို သက်သာရာရစေဖို့ ပြုလုပ်ပေးနေသည်။
ယွမ်မိက သူ့နာကျင်မှုကိုသက်သာအောင် ပြုလုပ်ပေးနိုင်တဲ့ လုရှန်းကျင်ရဲ့ခန္ဓာကိုယ်ကိုတွေ့သည်နှင့် လက်မောင်းတွေထဲ အတင်းတိုးဝင်ပြီး သူ့လက်တွေကိုလည်း လုရှန်းကျင်ရဲ့ လည်းပင်မှာ တင်းကြပ်နေအောင် တွယ်ဖက်ထားလိုက်သည်။ အထိန်းအချုပ်ကင်းမဲ့နေသည့်အလား နေရာအနှံ့သို့ ပျံ့နှံ့လာသည့် ဟော်လ်မုန်းနံ့တွေက ပြင်းထန်နေပြီး လုရှန်းကျင်ရဲ့ ရင်ခွင်ထဲက အိုမီဂါကတော့ သူ့ကိုဒီထက်ပိုပြီး တင်ကြပ်နေအောင် ဖက်ထားပေးဖို့ တောင်းဆိုနေသည်။

ယွမ်မိရဲ့ Weibo ပေါ်က မှတ်ချက်တစ်ခုက သူ့မှာ သရုပ်ဆောင်စွမ်းရည်း လုံးဝမရှိဘူး ဟူ၍ဖြစ်သည် ။ ' ထိုအကြောင်းကို ယန်ယိလည်း သိထားပြီး သို့ပေမယ့် အခုဖြစ်နေတဲ့ ယွမ်မိရဲ့ ပုံစံကိုကြည့်ပြီး မှတ်ချက်နှင့် ကွဲလွဲစွာ သူက သိပ်ကိုသရုပ်ဆောင်ကောင်းတာပဲ ဟု သတ်မှတ်လိုက်မိသည်။
ဒီလိုပုံစံနဲ့ အပြောအဆိုတွေကို မှတ်တမ်းယူပြီး သူ့ရဲ့ဖန်တွေသိအောင် လုပ်ပေးလိုက်ရင်ကောင်းမှာ။

ယန်ယိက သူတို့နှစ်ယောက်ကို ငြိမ်သက်စွာရပ်ကြည့်နေပြီး တစ်ဖက်က ဆရာဝန်‌ပြောတဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း နားထောင်နေသည်။

"အခုလက်ရှိ လူနာအခြေအနေ ဘယ်လိုရှိလဲ။ ဆေးရုံကားနဲ့ အကူဝန်ထမ်းတွေတော့ လွှတ်ပေးလိုက် .."

"မလွှတ်နဲ့တော့ .... သူ သေသွားပြီ၊ "

တစ်ဖက်က ဆရာဝန်၏စကားပင်မဆုံးလိုက် ယန်ယိက ဖုန်းကိုချပြီး စားပွဲပေါ်ပြန်တင်လိုက်သည်။ ထို့နောက် သူ့အိတ်ထောင်ထဲက လက်ကိုင်ပုဝါလေးကို သေသပ်အောင် ပြန်လုပ်ပြီး လုရှန်းကျင်တို့အနားသို့ တိုးသွားလိုက်သည်။

"တောင်းပန်ပါတယ် ဆရာ ... ကျွန်တော်သူ့ကို ဂရုစိုက်လိုက်ပါ့မယ်...၊ ဆရာက အလုပ်သွားလိုက်ပါ။ အလုပ်ကပိုပြီး အရေးကြီးပါတယ် "

လုရှန်းကျင်အတွက် အလုပ်ကသာ အရေးအကြီးဆုံးဖြစ်ပြီး အချိန်ဇယားအားလုံးကလည်း အလုပ်တွေနဲ့ပဲ ပြည့်နေကာ ဒီလို ဒဏ်ရာရနေတဲ့ အိုမီဂါတစ်ယောက်ကို ဂရုစိုက်ပေးဖို့ အချိန်လေး နည်းနည်းတောင် မရှိပေ။
လုရှန်းကျင်က သူ့လက်ထဲက ယွမ်မိကို ယန်ယိလက်ထဲ လွှဲပြောင်းပေးလိုက်သည်။ အနားတိုးကပ်လာသည့် ယန်ယိ၏ နားထဲသို့ တိုးသဲ့တဲ့ သတိပေးစကားတစ်ခွန်းကိုလည်း မလွဲမသေပြောခဲ့သေးသည်။

"ငါ ပြန်လာမှ အပြစ်ပေးဖို့အတွက် စကားပြောတာပေါ့"

"ဟုတ်ကဲ့ပါ ဆရာ "

လုရှန်းကျင်က ယန်ယိလက်ထဲ ယွမ်မိကိုထည့်ပေးပြီးနောက် အပြင်ဝတ်ကုတ်ကို ယူပြီး အိမ်ထဲမှ ကားထားသည့်နေရာသို့ ထွက်သွားခဲ့သည်။ ကြီးမားပြီး တိတ်ဆိတ်သည့် ဗီလာထဲတွင် အိုမီဂါနှစ်ယောက်သာ ကျန်နေခဲ့သည်။

ယွမ်မိက အိုမီဂါတွေရဲ့ ခက်ခဲတဲ့အခြေအနေနဲ့ ကြမ်းတမ်းမှုတွေကို အတွေ့အကြုံရှိနေပြီးသားဖြစ်သည်။ ထိုအချိန်က လုရှန်းကျင်ရဲ့ ပွေ့ဖက်မှုကြောင့် နာကျင်နေတဲ့ သူ့ဝေဒနာကိုတောင် မခံစားမိတော့ချေ။ သို့ပေမယ့် ပေါင်ရိုးကျိုးသွားတာကြောင့် လှုပ်ရှားဖို့ခက်ခဲနေပြီး ယန်ယိရဲ့လုပ်ရပ်အပေါ် သည်းမခံနိုင်အောင် ဒေါသထွက်သွားပေမယ့် မတတ်မသာနဲ့ပဲ သူ့ရဲ့ ဝင့်ကြွားလွန်းတဲ့ ပုံစံကို စွန့်လွှတ်လိုက်ရသည်။ စိတ်လှုပ်ရှားမှုနှင့် နာကျင်မှုတို့ကြောင့် ဟော်လ်မုန်းတွေလည်း အထိန်းအချုပ်မဲ့စွာ ပျံ့လွင့်လာပြီး ဧည့်ခန်းတစ်ခုလုံးက အိုင်းရစ်ရေမွှေးနံ့လို ဟော်လ်မုန်းနံ့တို့ဖြင့် ဖုံးလွှမ်းသွားသည်။

ယန်ယိက အေးစက်နေသော မျက်နှာထားဖြင့် ယွမ်မိကို ဗီလာ၏အပြင်ဘက်သို့ တွဲခေါ်လာသည်။ ထိုပုံစံက အဝတ်အစားအဟောင်းအနွမ်းတွေကို မသတီစရာပုံစံဖြင့် ကိုင်ထားပြီး ဂရုမစိုက်ပဲ ဖြစ်သလိုနဲ့ တွေ့ကရာအမှိုက်ပုံးထဲ ပစ်ထည့်လိုက်ဖို့ အဆင်သင့်ဖြစ်နေသည့် အလားပင်။

ပေါင်ရိုးကျိုးသည်က နည်းနည်းနောနောနာကျင်မှုမဟုတ်သည့်အတွက် ယွမ်မိ၏ပုံစံက လုံးဝကိုနွမ်းနယ်ကျနေသည်။ သို့ပေမယ့် မခံမရပ်နိုင်ဖြစ်ရသည်မို့ သူက နောက်ဆုံးလက်ကျန်အင်အားနဲ့ ယန်ယိကိုအံကြိတ်ကာ ပြောလေသည်။

"မင်း စောင့်နေ အကိုကျင်က မင်းကို သတ်လိမ့်မယ်"

"အဲ့တာ ငါတို့ ကိစ္စပါ။ ငါတို့နှစ်ယောက်ကြားက ကိစ္စ "

ကော့တက်သွားသော နှုတ်ခမ်းထောင့်စွန်းလေးဖြင့် ယန်ယိက ယဉ်ကျေးစွာဖြင့် ပြန်ဖြေလိုက်သည်။

ယန်ယိအတွက် လုရှန်းကျင်က သူ့ကိုထိတွေ့မယ်ဆိုရင် အပြစ်ပေးခြင်းဖြစ်နေရင်တောင် လက်ခံလိုက်ဖို့ အသင့်ဖြစ်နေပြီးသားပင်။

ရှပ်အင်္ကျီအပါးလေးသာ ဝတ်ထားသောကြောင့် ယွမ်မိ၏ဖြူသွယ်သော ခြေတံရှည်ရှည်၌ ကြက်သီးမွှေးညင်းတွေ ထနေသည်ကိုပင် မြင်နိုင်ပြီး အတွင်းကြေဖြစ်သွားတဲ့ ပေါင်ရိုး၏ ငေါထွက်နေခြင်းကိုလည်း မြင်နေရသည်။
နာကျင်မှုတွေက မခံမရပ်နိုင်အောင် များနေသည့်တိုင် ယွမ်မိက နှုတ်ခမ်းကိုကိုက်ပြီး အခဲမကျေနိုင်စွာ ပြန်ပြောလိုက်သည်။

"မင်းက သူနဲ့ဇာတ်လမ်းဖြစ်ခဲ့တဲ့ အိုမီဂါ ဟုတ်တယ်မလား။ မျှော်လင့်ချက်မှိန်မှိန်နဲ့ ခံစားချက်ဟောင်းတွေအတွက် ပြန်ပြီးကြင်နာမှုကို လိုချင်နေတာလား။ သူ့ဘေးမှာနေပြီး ပေးဆပ်မှုတွေလုပ်နေတာ ဘာကို လိုချင်နေလို့လဲ။"

ယွမ်မိရဲ့ စကားတွေကြောင့် ယန်ယိမျက်ခုံးကြုံ့လိုက်သည်။ တည်ငြိမ်ပြီး ပြေပြစ်နေတဲ့ မျက်ဝန်းအကြည့်တွေမှာ အားငယ်ခြင်းတွေ ပြည့်နှက်သွားသည်။

"မင်းကရော ဘာတွေ ကြံစည်နေတာလဲ။ သူ့ရဲ့လွှမ်းမိုးနိုင်မှုကို မက်မောတာလား ၊ နောက်ခံကောင်းလို့လား ဒါမှမဟုတ် သူ့ဟော်လ်မုန်းရဲ့ ဒုတိယအမိန့်ပေးခြင်းကို ခံစားရဖို့ ဆန္ဒပြင်းပြနေတာလား။ "

ယန်ယိက ယွမ်မိကို စိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။

"အကယ်၍ လိင်ဆက်ဆံချင်တာသက်သက်ပဲဆိုရင် မင်းဒီနေ့ အော်ဟစ်နေရသလိုမျိုး ငါလည်း လုပ်ပေးနိုင်တယ်။ "

ယွမ်မိရဲ့မျက်နှာတစ်ခုလုံးက ယန်ယိပြောလိုက်တဲ့ စကားကြောင့် ပြာနှမ်းသွားပြီး သူ့အမြင်အာရုံတောင် အဖြူချည်းသက်သက်လွှမ်းသွားသလို ဝေဝါးကုန်သည်။
ယန်ယိက အဓိပ္ပါယ်မရှိတဲ့ အရည်မရအဖက်မရစကားတွေကို ထပ်မပြောတော့ပဲ ရပ်လိုက်သည်။ ယန်ယိ၏ မြင်မားသော ကိုယ်ထည်က အနည်းငယ်ကုန်းနေပြီး သူ့ခြေထောက်တွေက အနည်းငယ်ကွေးညွတ်နေကာ ယွမ်မိကိုတွဲပြီး ဗီလာ၏အရှေ့ဘက်သို့ ထွက်လာခဲ့သည်။ ယန်ယိရဲ့ခြေလှမ်းတွေက လျင်မြန်နေသယောင်ရှိပြီး သူက ပေါင်ရိုးကျိုးနေတဲ့ ယွမ်မိကိုတွဲကာ အနီးအနားက အိမ်တစ်ချို့၏ ဟိုဒီတစ်စုစီရှိနေသော ပန်းခြံများကို ခေါက်တုံ့ခေါက်ပြန် ဖြတ်၍ လျင်လျင်မြန်မြန်သွားနေသည်။

ယွမ်မိကတော့ ယန်ယိရဲ့ ကော်လံစကိုသာ အားပြုဆွဲထားပြီး နိမ့်လိုက် မြင့်လိုက်ဖြစ်နေတဲ့ မြေပြင်ကိုစိုက်ကြည့်ကာ သူ့အမြင်အာရုံတွေက နီးလာလိုက် ဝေးသွားလိုက်ဖြစ်နေသောကြောင့် အတော်ကို စိတ်ပျက်နေလေသည်။ သူက ယန်ယိရဲ့ ခံစားချက်မရှိဘဲ ဗလာကျင်းနေတဲ့ မျက်နှာကို ကြောက်ရွံ့စွာမော့ကြည့်လိုက်သည်။

'ဒီအိုမီဂါရဲ့ ... အဖုအကျိတ်မှာရှိတဲ့ ရနံ့ဆဲလ်တွေက တစ်ခြားသောအိုမီဂါတွေနဲ့ယှဉ်ရင် သိပ်ကိုကွဲပြားခြားနားနေပြီး ဘယ်လောက်အဆင့်မှာ ရှိသလဲ ဆိုတာလဲ မသိနိုင်ပေ။

အိုမီဂါတွေရဲ့ ကလင်းဆဲလ်နဲ့ပတ်သတ်ပြီး ကွဲပြားခြားနားမှုက တကယ်တော့ ပြောစမှတ်တွင်ရလောက်အောင် အလွန်အကြူးကွဲပြားမှုရှိနေတာ မဟုတ်ပင်။ အားလုံးက အယ်လ်ဖာရဲ့ ဟော်လ်မုန်းအခြေအနေပေါ်တွင် မူတည်ပြီးသာ ပြောင်းလဲနိုင်ကြသည်။

အိုမီဂါတစ်ယောက်၏ ကလင်းဆဲလ်က အယ်လ်ဖာ၏ ပထမအဆင့် လှုံ့ဆော်မှုမှာတင် ပြောင်းလဲမှုဖြစ်သွားပါက ထိုအိုမီဂါအတွက် ရုပ်ပိုင်းဆိုင်ရာလှပမှုလည်း မလိုသလို နောက်ခံအသိုင်းအဝိုင်းကောင်းခြင်း ဆိုးခြင်းအပေါ်လည်း မမူတည်တော့ဘဲ အလိုအလျောက်ကို လက်ရွေးစင်အယ်လ်ဖာတစ်ယောက်အဖြစ် စာရင်းဝင်သွားပြီး သူတို့ရဲ့ ပိုးပန်းခြင်း ကိစ္စလည်း ပြီးမြောက်သွားသည်။

ဘာကြောင့်လည်းဆိုတော့ ဒါက တကယ့်ကို ဂုဏ်ကျက်သရေနဲ့ပြည့်စုံပြီး ထူးချွန်ထက်မြတ်သော အိုမီဂါ၏ သွေးနမူနာ ဖြစ်နေတဲ့အပြင် အကောင်းမွန်ဆုံး လွှမ်းမိုးမှုအမြင့်ဆုံးဖြစ်သည့် မျိုးဆက်တွေကို မွေးထုတ်ပေးနိုင်တာကြောင့် ဖြစ်သည်။

ယွမ်မိက ထပ်ပြီးစကားမဆိုရဲတော့ဘဲ တိတ်ဆိတ်သွားသည်။

'သူက ဤကဲ့သို့ မျက်နှာထားသုန်မှုန်နေပြီး ပြတ်သားလှစွာ စကားဆိုသည့် ယုန်မျိုးစိတ်အိုမီဂါနှင့် မယှဉ်နိုင်သလို သူ့ရဲ့ ပြိုင်ဘက်က လူပေါင်းတစ်သန်းမှာ တစ်ယောက်သာရှိသည့် လက်ရွေးစင်အိုမီဂါလည်း ဖြစ်နေနိုင်သည်လေ။

"မင်း မင်း နာမည်ဘယ်လိုခေါ်လဲ" ယွမ်မိက တစ်ခုခုကို စမ်းသပ်လိုသောစိတ်ဖြင့် မေးလိုက်သည်။

"ယန်ယိ" သူက ပြန်ဖြေသည်။

ထိုအဖြေကြောင့် ယွမ်မိရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး မယုံကြည်နိုင်ခြင်း များစွာဖြင့် ယန်ယိကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။

ဒဏ္ဍရီက ပုံပြင်ဆန်ပြီး စိတ်ကူးယဉ်အကြောင်းအရာတစ်ခုနှင့် တူပေမယ့် ဖြစ်ရပ်မှန်ကို အခြေခံထားပြီး တည်ရှိလာသော ဆန်းကြယ်သည့် အကြောင်းအရာတစ်ခုကို ရည်ညွှန်းလေသည်။
ထိုကဲ့သို့ ဆန်းကြယ်မှုရှိသည့် ဒဏ္ဍရီထဲ၌ လုရှန်းကျင်၏ ဇနီး ဆိုသည့် အကြောင်းအရာနှင့် ပုံပြင်တစ်ပုဒ်လည်းရှိပြီး နှစ်များစွာကြာခဲ့သည်အထိ အချိန်အကြာကြီးတည်ရှိခဲ့သည့် ထိုဇနီးက ယန်ယိ ဖြစ်လေသည်။

'သူ တကယ်ပဲ လုရှန်းကျင်ရဲ့ အိမ်မှာ အိမ်တော်ထိန်းအဖြစ် အလုပ်လုပ်နေတာပဲ။"

လွန်ခဲ့တဲ့ သုံးရက်က လုရှန်းကျင် ဗီလာကို ပြန်မလာခဲ့ဘဲ ရှိနေပြီး အခုပြန်လာတော့လည်း လုရှန်းကျင်ရဲ့ ပါတနာကို စောင့်ရှောက်ပေးဖို့ ယန်ယိ တာဝန်ရခဲ့သည်။

ဒါက တကယ့်ကို ပြောစရာစကားပင် ရှာမရအောင်ဖြစ်ရသည့် အရှက်ကွဲခြင်းပင်။

ယန်ယိက ဖုန်းစခရင်လ်ကိုပိတ်လိုက်ပြီး VIP ခန်း၏အပြင်ဘက်၌ နံရံကိုမှီကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် သူ့အိတ်ကပ်ထဲက စီးကရက်ကို ထုတ်ပြီး နှုတ်ခမ်းပါး၌ တေ့ကာ ရှိုက်ဖွာလိုက်သည်။

'လုရှန်းကျင်က သိပ်ကို ညှာတာမှုကင်းမဲ့ပြီး တကယ်ကိုလည်း အကြင်နာကင်းမဲ့သည်။'

***

ရုံးခန်းထဲ၌ လုရှန်းကျင်က မှန်ပြတင်းပေါက်ကြီး၏အရှေ့တွင် ထိုင်နေပြီး အခုလေးတင် ဗီဒီယိုဖြင့် ဆွေးနွေးမှုပြုလုပ်ပြီးသွားခြင်း ဖြစ်သည်။ သူ့လက်ထဲက ကော်ဖီခွက်က ပူနွေးမှုမရှိတော့ဘဲ အေးစက်နေကာ မျက်ဝန်းတွေက သူ့လက်ထောက်ပို့လာပေးသည့် ယုန်လေး၏ပုံရိပ်တွင် ရှိနေသည်။

ဆေးရုံခန်း၏ အပြင်ဘက်၌ စီးကရက်တစ်လိပ်ကို လက်ကြားထည့်ပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ ယုန်ကလေးက ကြမ်းပြင်ကို ခံစားချက်မဲ့စွာ ခေါင်းငိုက်စိုက်ပြီး ကြည့်နေသည်။

'အထီးကျန်ခြင်းနှင့် အဖော်မဲ့ခြင်းက သူ့တစ်ကိုယ်လုံးကို ရစ်ပတ်နှောင်တွယ်ထားသလိုပင်'

လုရှန်းကျင်က သူ့ဖုန်းထဲက ယုန်ကလေး၏ပုံကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး စီးကရက်ကိုမီးညှိကာ ရှိုက်ဖွာလိုက်သည်။

သူတို့နှစ်ယောက်ရဲ့ ဟော်လ်မုန်းထပ်တူညီမှုက ၇၅ % သာရှိပြီး မပျက်မစီးဘဲ တည်ရှိနေသည့် ဤဆက်ဆံရေးက အချစ်တစ်ခုတည်းကြောင့်သာ ဖြစ်လေသည်။
ဒါက သိပ်မကြာခင်အချိန်မှာ ပျက်စီးမှုကို ဖြစ်လာစေတော့မှာ ဖြစ်ပြီး ကလင်းဆဲလ်တွေရဲ့ ဒုတိယအဆင့် ကွဲပြားမှုကို ပိုင်ဆိုင်ထားသည့် အယ်လ်ဖာတစ်ယောက်အနေဖြင့် ကြီးကျယ်လှသော ကမ္ဘာမြေကြီး၏ ဆွဲဆောင်မှုများကို မရေမတွက်နိုင်အောင် ရင်ဆိုင်ရသည်။ သူ့အနေနဲ့ ဟော်လ်မုန်းထပ်တူညီမှု ၈၀ အောက်လျော့တဲ့ အိုမီဂါတစ်ယောက်ကို လက်ထပ်ပြီး အတူနေဖို့ ရွေးချယ်ခြင်းက အချိန်တွေကုန်ဆုံးသွားလေ သူတို့နှစ်ယောက်ကြားက မှေးမှိန်သွားမယ့် ဆက်ဆံရေးကို ထိုင်ကြည့်ဖို့ ရွေးချယ်လိုက်သလိုပင်။ ဒါက ဘယ်လိုတောင် ဝမ်းနည်းစရာကောင်းလိုက်တဲ့ လက်ထပ်ခြင်းမျိုး ဖြစ်မလဲ။

'ချစ်ခဲ့တယ်..'

နားရွက်ကျယုန်ကလေးက ရိုမန့်တစ်လည်းဆန်ပြီး တစ်ဖက်သားအပေါ် ညှာတာမှုလည်း ရှိသည်။ သူ့လက်နှစ်ဖက်လုံးမှာ camouflage uzi (ပျောက်ကြားယူဇီ) သေနတ်တစ်လက်စီကိုင်ထားပြီး နှင်းဆီပန်းလေးကိုက်ထားတဲ့ နှုတ်ခမ်းပါးလေးတွေနဲ့ ပြုံးပြလာတဲ့အချိန်...
ထိုအချိန်မှာ အယ်လ်ဖာတိုင်းရဲ့ နှလုံးသားက မြင်းတစ်ကောင်လို ခုန်ပေါက်သွားကြလိမ့်မည်။

'ဒါပေမယ့် ပင်ပန်းနေပြီ။'

ဟော်လ်မုန်း ထပ်တူညီမှု ၈၀% ထက်ပိုတဲ့ သူ့အနားက ဘယ်အိုမီဂါနဲ့မဆိုအတူရှိတိုင်း လုရှန်းကျင်ရဲ့ ဟော်လ်မုန်းတွေက သူ့ကို ပိုပြီး နူးညံ့စေပြီး ခံစားမှုကိုပိုလို့ကောင်းမွန်စေသည်။ ဟော်လ်မုန်းထပ်တူညီမှု ၈၅ % နှင့် ၉၀% ရှိသည့်အိုမီဂါကိုမဆိုအုန်းနှင့် ထိုထပ်တူညီမှုထက် ပိုသော သူတွေတောင် လုရှန်းကျင်ကို သံလွင်ခတ်တွေ ပစ်ပေးပြီး ငြိမ်းချမ်းမှုအတွက် ကမ်းလှမ်းကြသည်။ အယ်လ်ဖာဆိုတာက ဟော်လ်မုန်းရဲ့ခိုင်းစေချက်ကိုသာ လိုက်နာသည့် တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး အချစ်အတွက်နဲ့ ပိုပြီးသင့်လျော်မှုရှိတဲ့အိုမီဂါကို လစ်လျူရှူမည့် အယ်လ်ဖာဆိုတာလည်း ရှိကိုမရှိချေ။

'သူက သိပ်ကိုထက်မြတ်ပြီး အကောင်းတကာ့အကောင်းဆုံး ဖြစ်နေတော့ရော ဘာထူးလဲ။'

လုရှန်းကျင်က ကော်ဖီနွေးနွေးလေးလောင်းထည့်ဖို့ သူ့လက်ကိုမြှောက်လိုက်ပြီး လက်ထောက်အား ကော်ဖီအသစ်တစ်ခွက်ဖျော်ပေးဖို့ ပြောလိုက်သည်။

ထိုစဉ် လုရှန်းကျင်၏ဖုန်းမှ 'လုလင်း' ဟူသောအမည်ဖြင့် ဖုန်းဝင်လာသည်။ လုရှန်းကျင်က ဖုန်းပြန်ဖြေဖို့အတွက် စခရင်လ်အား စိတ်မရှည်စွာ လက်နဲ့ဖိပွတ်လိုက်သည်။

လုရှန်းကျင်ဘက်မှ ဖုန်းပြန်ဖြေသည်နှင့် တစ်ဖက်မှ သက်လတ်ပိုင်းအရွယ်ရှိသော အယ်လ်ဖာ၏ နက်ရှိုင်းသောအသံထွက်ပေါ်လာပြီး အသက်ကိုအပြည့်အဝရှူကာ မေးခွန်းထုတ်သော လေသံဖြင့် မေးလာသည်။

"နောက်တစ်ခါ ငါ ဒီဖုန်းနံပါတ်ကို ထပ်ဆက်ရရင် ငါ့ဘက်က စွန့်လွှတ်မှုတစ်ခုကို ပြုလုပ်တော့မယ်။ အဲ့တာက မင်း လုမိသားစုထဲက ထွက်သွားဖို့ပဲ။ ငါ့မှာ မင်းလို သားမျိုးမရှိဘူး။ "

"အလုပ်များနေတယ်"

တစ်ဖက်က လုလင်း၏လေသံက မည်သို့ပင်ဖြစ်စေကာမူ လုရှန်းကျင်ကတော့ သက်ပြင်းချပြီး စိတ်မဝင်စားသည့်အတိုင်း ပေါ့ပျက်ပျက်ပင် ပြန်ဖြေသည်။ ထိုအခါ လုလင်း၏ မဖြစ်မနေလုပ်ရမည်ဟူသော ရာဇသံပေးသံက ခပ်ပြတ်ပြတ်က တင်းမာစွာ ထွက်ပေါ်လာသည်။

"အကယ်၍ ဒီအပတ်ပိတ်ရက်မှာ ငါ မင်းမျက်နှာကိုမတွေ့ရဘဲ ယန်ယိကိုလည်း ပြန်မခေါ်လာဘူးဆိုရင် ငါ့အိမ်ရိပ်ထဲ ခြေတစ်လှမ်းတောင် ချဖို့မစဉ်းစားနဲ့"

လုရှန်းကျင်က သူ့လည်ပင်းကို လက်ဖြင့် ပွတ်သပ်လိုက်သည်။

"အထက်တန်းလွှာမိသားစုထဲက အိုမီဂါတွေ အများကြီးရှိပါတယ်။ ဘယ်တစ်ယောက်ကိုပဲ လက်ထပ်ထပ် အကုန်တူတူပဲ။ ကျွန်တော် ယန်ယိနဲ့ လမ်းခွဲခဲ့တာကြာပြီ။ သူနဲ့ကျွန်တော်က ကိုက်ညီမှုလည်း မရှိသလို အပျော်အပျက်ကစားနေရတာလည်း ကျွန်တော် စိတ်ပျက်လာပြီ။"

လုလင်း၏အသံက စိတ်ဆိုးမာန်ဆိုးနှင့် ဒေါသသံပိုပေါက်လာသည်။

"အဲ့လောက်အဆင့်နဲ့ အိုမီဂါကို စွန့်လွှတ်ရမှာလား။ အေး ယန်ယိအဆင့်နဲ့ တူတဲ့ အိုမီဂါမျိုး မင်းရှာနိုင်ရင် ခေါ်လာခဲ့လိုက် ငါ ဘာစကားမှ ထပ်မပြောတော့ဘူး။"

ဒါက သူ့အဖေဆိုရင်တောင် လုရှန်းကျင်၏ စိတ်ရှည်စွာစကားပြောခြင်းအတိုင်းအတာက ကုန်ဆုံးနေပြီဖြစ်ပြီး သူက ပျင်းရိစွာဖြင့် ပေါ့ပျက်ပျက်ပြန်ဖြေလိုက်သည်။

"သူက ယုန်လေ။ ကျွန်တော်တို့နှစ်ယောက်ကြားက ဟော်လ်မုန်းတူညီမှုက ၁၅ % ပဲရှိတယ်။ အဲ့ဒီအပြင် သူ့ဘက်ကလည်း လူသားအယ်လ်ဖာတစ်ယောက်ကို ငါးကြိမ်မှာတစ်ကြိမ်ပဲ မွေးပေးနိုင်တယ်။ ကံမကောင်းရင် လွှမ်းမိုးနိုင်မှုအားကောင်းတဲ့ အယ်လ်ဖာမြေးတစ်ယောက်ကိုတောင် မွေးပေးနိုင်မှာမဟုတ်ဘူး။ ယုန်အိုမီဂါတစ်ယောက်က အသုံးမဝင်တဲ့ ယုန်တစ်ကောင်ကိုပဲ မွေးပေးနိုင်မယ်။ လုမိသားစုရဲ့ မျိုးရိုးအစဉ်အဆက်က သူတို့ရဲ့ မျိုးဆက်အတွက် အိုမီဂါတစ်ယောက်အပေါ် မှီခိုနေဖို့ မလိုဘူး။"

လုရှန်းကျင်၏စကားဆုံးသည်အထိ လုလင်းမှာ တိတ်ဆိတ်နေပြီး သေချာပေါက် ထိုစကားတွေအတွက် မခံမရပ်နိုင်အောင်လည်း ဒေါသထွက်နေပြီဖြစ်သည်။ စူးရှကျယ်လောင်သောအော်သံက ဖုန်း၏တစ်ဖက်မှ ထွက်ပေါ်လာပြီး ထိုအသံကြောင့် ဖုန်းလိုင်းပင် ပြတ်တောက်လုမတတ်ဖြစ်သွားတော့မည် ထင်ရသည်။ လုရှန်းကျင်က ဖုန်းကိုချပြီး တစ်ဖက်သို့ ပစ်ထုတ်လိုက်သည်။

သူ့အဖေ၏အတောမသတ်နိုင်သော ဖိအားတွေကြောင့်ပဲ ယန်ယိအပေါ်ထားတဲ့ လုရှန်းကျင်၏ခံစားချက်တွေက စိတ်ပျက်ငြီးငွေ့ခြင်းအဖြစ်သို့ ပိုပိုပြီးပြောင်းလဲသွားခဲ့တာဖြစ်သည်။ ချောမောလှပလွန်းသည့် ယန်ယိ၏မျက်နှာကို ဘယ်အချိန်ပဲတွေ့တွေ့ ရင်ခုန်ရသည်ထက် စိတ်ပျက်ခြင်းများကိုသာ လုရှန်းကျင် ခံစားနေရသည်။

ဆေးရုံ၏အထူးကြပ်မတ်ဆောင်အပြင်ဘက်တွင် ယန်ယိတစ်ယောက်တည်း နံရံကိုမှီပြီးစောင့်နေသည်မှာ အချိန်တောင် အတော်ကြာနေပြီး ထိုအေးစက်စက်နံရံကိုမှီထားရင်းပဲ ယန်ယိအိပ်ပျော်သွားခဲ့သည်။ သက်တောင့်သက်သာမရှိလှသော ထိုအိပ်စက်ခြင်းက ရုတ်တရက်ထမြည်လာသော စာဝင်သံကြောင့် အလန့်တကြားနှင့် နိုးသွားခဲ့သည်။

'ယုန်တွေက သိပ်ကို ကြောက်လန့်တုန်လှုပ်လွယ်ကြသည်။'

ယန်ယိက ဖုန်းကို လက်ထဲဆုပ်ကိုင်ထားပြီး ပြင်းထန်စွာအသက်ရှူသွင်းရှူထုတ်လုပ်နေသည်။ သူ့နှလုံးသားက ရုတ်တရက်ကြီး တင်းကြပ်လာပြီး ယန်ယိအတွက်တော့ သာမန်ဟုထင်ရသော ဖုန်း၏တုန်ခါမှုသည်ပင် နျူကလိယားဗုံးပေါက်ကွဲသွားသလို ကျယ်လောင်မှုမျိုး ဖြစ်နေသည်။ ယန်ယိ၏ခန္ဓာကိုယ်တစ်ခုလုံးက ပုံမှန်အတိုင်းပြန်မဖြစ်ခင်အထိ သုံးမိနစ်မျှ တုန်ရီနေခဲ့သည်။

စာဝင်လာတာကြောင့် ဖုန်းစခရင်လ်က လင်းသွားပေမယ့် ပြန်ပြီးပိတ်သွားသည်မှာ တော်တော်တောင် ကြာနေခဲ့ပြီ။ ဖုန်းကိုပြန်ဖွင့်ပြီးနောက် ပထမဦးဆုံးပို့ထားသည့်စာက ယန်ယိ၏မျက်ဝန်း ဖမ်းစားလိုက်သည်။

"ဒီည အိမ်ပြန်နောက်ကျမယ်။"

နူးညံ့လွန်းသော ယုန်၏နားရွက်များက တုန်ရီသွားပြီး သခင်၏ဆင့်ခေါ်မှုကို ခံလိုက်ရသလို ယန်ယိ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နာခံမှုအပြည့်ဖြစ်သွားသည်။ တိုတိုတုတ်တုတ်သာ ပို့လာသော ထိုစာ၏နောက်မှာ ဘယ်လိုအပြစ်ပေးမှုမျိုးက စီးကြိုနေမလဲလို့ ယန်ယိက တွေးနေခဲ့သည်။

ခန္ဓကိုယ်တစ်ခုလုံးကို အချုပ်အနှောင်ခံပြီး ကြီးမားသည့် စမ်းသပ်ခံစက်ကြီးထဲသို့ ထပ်ပြီးမဝင်ချင်တော့ပါ။ ထိုစမ်းသပ်ခံစက်ကြီးထဲတွင် ဆယ့်နှစ်နာရီကြာအောင် ခန္ဓာကိုယ်ကို နှိပ်နယ်ခံရပြီး နာကျင်မှုများနှင့် အလင်းရောင်မရှိသော ထိုအခန်းကြီးက ယန်ယိအား ပြင်းထန်သော ကြောက်လန့်မှုကိုသာ ဖြစ်စေသည်။

ဤကဲ့သို့ ဝမ်းနည်းစရာကောင်းသော အပြစ်ပေးခြင်းအတွက် ကြိုတင်တွေးထားရခြင်းမှာ ... ယန်ယိက အိပ်ရာထဲမှာဆို အမြဲတမ်း တိုးတိုးလေးမေးနေတတ်သည့် စကားတစ်ခွန်းကြောင့် ဖြစ်သည်။

" အကိုကျင် ကျွန်တော့်ကို အမှတ်အသားလုပ်ပေးနိုင်မလား"

သို့ပေမယ့် လုရှင်းကျင်ထံမှ ရသောစာက ထိုတစ်ကြောင်းထဲသာ ဖြစ်ပြီး ယန်ယိအတွက် အပြစ်ပေးမည့် ကိစ္စလည်း မပြောသလို ယွမ်မိဒဏ်ရာအတွက် သက်သာကြောင်းမေးသည့် စာတောင် ထပ်ဝင်မလာပေ။

'ကြည့်ရတာ လုရှန်းကျင်က ယွမ်မိကို သိပ်ပြီးနှစ်သက်ပုံမရဘူးထင်သည်။ သေချာပေါက် ယွမ်မိကို သူတကယ်မကြိုက်ဘူးပေါ့။

'နှစ်သက်မြတ်နိုးခြင်းဆိုတာကို ယန်ယိကတော့ တစ်ချိန်တစ်ခါက ပိုင်ဆိုင်ခဲ့ရဖူးပြီး ထိုအတိတ်နှင့်ပတ်သတ်သည့် မှတ်ဉာဏ်များကလည်း ယနေ့ထိတိုင် အသက်ဝင်နေတုန်း ဖြစ်နေသည်။

ယွမ်မိက သူပိုင်ဆိုင်ရခဲ့ဖူးသလို နှစ်သက်ခြင်းမျိုး မရဘူးဆိုတာ သိလိုက်ရတော့ ယန်ယိသိပ်ကိုကျေနပ်သွားပြီး အပိုအထွာအဖြစ် သူပြုမိသည့် သဝန်တိုမှုများကိုလည်း အဝေးသို့ ပစ်ထုတ်လိုက်သည်။

ဆေးရုံ၌ အချိန်တစ်နာရီခွဲကြာအောင် ထပ်နေခဲ့ပြီးနောက် ယန်ယိက ဗီလာသို့ ပြန်လာခဲ့သည်။ သူ့ရဲ့ အိမ်တော်ထိန်းဝတ်စုံကို ပြောင်းဝတ်လိုက်ပြီး နေ့စဉ်အလုပ်တွေအတွက် အဆင်သင့်ဖြစ်နေခဲ့သည်။ လက်ဖမိုးပေါ်က ဓားနဲ့အထိုးခံထားရတဲ့ ဒဏ်ရာကလည်း သိပ်ပြီး မပြင်းထန်တော့ပေ။ သူ့ခန္ဓာကိုယ်ပေါ်က ကျည်ဆန်ပေါက်ရာတွေနဲ့ ယှဉ်ရင်တော့ ဒါက ဘာမှမပြောပလောက်သည့် ဒဏ်ရာလေးတစ်ခုသာ ဖြစ်သည်။ ယန်ယိက ဆေးပလတ်စတာတစ်ခုယူပြီး လက်ဖမိုးက ဒဏ်ရာပေါ်တွင်အုပ်ထားလိုက်သည်။ ဒဏ်ရာက စဖြစ်ကတည်းက သွေးအများကြီးမထွက်ထားပေမယ့် ဆေးပလတ်စတာနဲ့ကပ်ထားတာက ယန်ယိအတွက် အကာအကွယ်တစ်ခုလိုဖြစ်စေပြီး မာကျောသောအရာများနှင့် ထိမိရင်တောင် သိပ်ပြီးနာကျင်ရမှာ မဟုတ်တာကြောင့် ဖြစ်သည်။

ယန်ယိက ညစာအတွက် အသီးအနှံတွေကို ဆေးကြောနေရင်း နရံပေါ်က ညနေသုံးနာရီအတိကိုညွှန်ပြနေသော နာရီကို မော့ကြည့်လိုက်သည်။

လုရှန်းက ဒီနေ့ သူနောက်ကျမယ်လို့ ' ပြောထားသည်။ ညစာချက်ဖို့ကြာမည့်အချိန်နှင့် လုရှန်းကျင်ပြန်လာနိုင်မည့် အချိန်ကို တွက်ချက်ပြီးနောက် ယန်ယိက အသီးအနှံထားသည့် စင်မှမုန်လာဥနီကိုယူပြီး ဆိုဖာတွင် ခွေခွေလေးထိုင်ကာ ရုပ်ရှင်ကြည့်ဖို့အတွက် ဇာတ်ကားတစ်ချို့ရွေးလိုက်သည်။

ဟိုအရင်အချိန်တွေတုန်းက လုရှန်းကျင်က ယန်ယိကို ရုပ်ရှင်ကြည့်ဖို့အတွက် ရုပ်ရှင်ရုံသို့ ခေါ်သွားဖူးသည်။ ယန်ယိက ထိုအမှတ်တရများကို အမြဲတမ်းအသက်ပြန်သွင်းပြီး လုရှန်းကျင်က သူ့အနားမှာ ရှိနေသကဲ့သို့ စိတ်ကူးနဲ့ပုံဖော်ကြည့်ကာ လက်ချောင်းလေးတွေနဲ့ ထိုပုံရိပ်ကိုထိခတ်ကြည့်ရင်း အနမ်းတစ်ခုပေးတတ်သည်။
တိကျ သေချာသော မှတ်ဉာဏ်များနှင့် ယန်ယိနမ်းလိုက်သည်က လေဟာနယ်ကိုမဟုတ်ပဲ သူ့စိတ်ကူးထဲက လုရှန်းကျင်ကို ဖြစ်လေသည်။

'ယန်ယိ သိပ်ကို သဘောကျရသည်။'

လုရှန်းကျင်ရဲ့ လက်မောင်းထဲခိုဝင်ပြီး နီးကပ်လွန်းနေတဲ့ လုရှန်းကျင်၏မျက်နှာကိုမော့ကြည့်ကာ ခေါင်းလေးမော့ပြီး နှုတ်ခမ်းပါးထောင့်ကို အနမ်းပေးရသည်ကို ယန်ယိသိပ်ကို သဘောကျသည်။

"မစ္စတာ ကျွန်တော် ဒါကို ကြိုက်တယ်"

ယန်ယိအခုကြည့်နေတဲ့ ဇာတ်ကားက ထွက်ထားတာကြာပြီဖြစ်တဲ့ ဇာတ်ကားဟောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းပါအကြောင်းအရာများက ယန်ယိအား အတိတ်ကိုပြန်လည်ဆွေးမြေ့စေပြီး နာကျင်ခံစားရစေသည်။

နူးညံ့သည့် ယုန်နားရွက်များက စီးကျလာသောမျက်ရည်များကို အသာအယာပွတ်သုတ်လိုက်ပြီး ချိုမြကာ ကျွတ်ရွသောမုန်လာဥနီအား နည်းနည်းချင်းစီ ကိုက်စား‌နေသည်။
မုန်လာဥနီတစ်လုံး လုံးစားကုန်သွားပြီးနောက် ယန်ယိက ဆိုဖာပေါ်မှထပြီး CD ခွေကိုထုတ်ကာ လျှို့ဝှက်အံဆွဲထဲရှိမှတ်စုစာအုပ်၏အောက်တွင် ပြန်ထားလိုက်သည်။ ထို့နောက် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ညစာပြင်ဖို့အတွက် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

သို့ပေမယ့် ယန်ယိပင် မီးဖိုချောင်ထဲသို့ မရောက်သေးခင် အပြင်ဘက်မှ အိမ်ထဲဝင်ဖို့ သော့ဖွင့်နေသည့် အသံကို ကြားလိုက်ရသည်။

'လုရှန်းကျင်ကိုယ်တိုင် တံခါးဖွင့်ပြီး အိမ်ထဲဝင်တာက မရှိလိုသည့် ကိစ္စပင်။ '

'ညစာတောင် မချက်ရသေးဘူးကို ဘာလို့ သူက အစောကြီးပြန်လာတာလဲ။'

ယန်ယိက အစောကြီးပြန်လာသည့် လုရှန်းကျင်ကြောင့် အတွေးတွေရှုပ်ထွေးသွားပြီး သူ့လက်ထဲက ကျန်နေတဲ့မုန်လာဥနီ သေးသေးလေးတစ်ဝက်ကို အိတ်ထဲထည့်လိုက်ကာ မလုံမလဲဖြစ်နေသည့် စိတ်ခံစားချက်ဖြင့် လုရှန်းကျင်၏ ကုတ်အင်္ကျီကို ကမ်းယူလိုက်သည်။

လုရှန်းကျင်က အိမ်ထဲဝင်ဖို့ ဖိနပ်လဲစီးနေရင်း သူ့အိတ်ထဲက အမဲရောင်လက်ဆောင်ဗူးလေးထုတ်ကာ ယန်ယိဆီပစ်ပေးလိုက်သည်။

ယန်ယိက လုရှန်းကျင်ပစ်ပေးသည့် လက်ဆောင်ဗူးကို ဖမ်းယူပြီး သူ့နားအနားကပ်ကာ အထဲက မည်သည့်ပစ္စည်းရှိမည်ကို အသံနားထောင်၍ ခန့်မှန်းကြည့်နေသည်။

"မစ္စတာ ကျွန်တော့်အတွက်လား။"

"ဒီနေ့က မင်းမွေးနေ့မဟုတ်လား။"

နွေဦးမှာစီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခုလို ခြောက်သွေ့နေတဲ့ မြေလွှာကြား ဖြည်းဖြည်းချင်းစီ တိုးဝင်စီးဆင်းပြီး ရေဓာတ်ဖြည့်ပေးလိုက်သကဲ့သို့ လုရှန်းကျင်၏ လေးနက်ခြင်းလည်းမပါသလို ပေါ့လွန်းသည့် ခံစားမှုမျိုးလည်း မရသည့် ထိုစကားလုံးများက မျိုးစေ့လေးတွေကို မျိုးအောင်စေဖို့ ထောက်ကူပေးရင်း သေးငယ်တဲ့အဖူးအညွှန့်လေးတွေကိုပင် တိုးထွက်လာအောင် ပြုလုပ်ပေးလိုက်သကဲ့သို့ သက်ရောက်မှုရှိလေသည်။ ရှင်သန်မှုတစ်ခုကို ဖြစ်စေပြီး ပန်းရောင် ပန်းပွင့်သေးသေးလေးများကိုပင် ဖူးပွင့်လာစေသည်။

"ဒီနေ့က သူ့မွေးနေ့။" အက်ရှနေသော လေသံဖြင့် ယန်ယိက ရေရွတ်လိုက်သည်။ သို့ပေမယ့် ဒါက အဓိကပြဿနာမဟုတ်ပါဘူး။ လုရှန်းကျင်က သူ့မွေးနေ့ကို အခုထိမှတ်မိနေတာကိုက သူ့ကို စိတ်လှုပ်ရှားမှုဖြစ်စေဖို့ လုံလောက်နေပေသည်။

'သူ လက်ဆောင်မရတော့တာ . နှစ်နဲ့ချီပြီးတောင် ကြာနေခဲ့ပြီ။'

နူးညံ့စွာပြုံးလာသည့် နှုတ်ခမ်းလေးများနှင့် အဖော်ပြုကာ ယန်ယိ၏မျက်ဝန်းများသည်လည်း လခြမ်းလေးလို ကွေးညွတ်နေသည်။ လက်ဆောင်ဗူးလေးပေါ်မှ ဖဲကြိုးကိုဖြေနေသည့် လက်ချောင်းလေးများက လွယ်လွယ်နဲ့ဖြေလို့မရသည့် ဖဲကြိုးအား အကြိမ်များစွာ ဖြေဖို့ ကြိုးစားရင်း အလုပ်များနေသည်။ ယန်ယိကတော့ သူ့ကိုယ်သူ တည်ငြိမ်ဖို့ကို အတတ်နိုင်ဆုံးကြိုးစားနေသည်။

'အကိုကျင်က အပိုလုပ်တာတွေကို မကြိုက်ဘူး။'

"ဒါက ဂျာမန်မာဖလာ အသစ်တစ်ခုလား။ စနိုက်ပါ မှန်ဝိုင်းလေးလား။ ဒါမှမဟုတ် ထပ်ပြီးမထုတ်တော့တဲ့ ကိုးလက်မခေါက်ချိုး ပလက်တီနမ် သေနတ် ပြောင်းစွပ်လား။ "

ယန်ယိက လက်ဆောင်ဗူးတွင်ပတ်ထားသော ဖဲကြိုးကို ဖြေရင်းမေးလိုက်သည်။ လက်ဆောင်ဗူးထဲတွင်တော့ သူပြောလိုက်တာတွေနဲ့ မတူပဲ လင်းလက်ပြီးတောက်ပနေတဲ့ မုန်လာဥနီပုံစံ ရင်ထိုးလေး ရှိနေသည်။

အချိန်တွေက ထိုတစ်ခန၌ ခေတ္တမျှရပ်တန့်သွားခဲ့ပြီး ယန်ယိက သူ့လက်ထဲကလက်ဆောင်ဗူးကိုကိုင်ထားရင်းပင် ဘာစကားမှထပ်မဆိုနိုင်ပဲ ငြိမ်သက်စွာ ရပ်နေခဲ့သည်။

"ဒီဇိုင်နာက အဲ့ဒီတစ်ခုပဲ လုပ်ထားတာ။ တစ်ခုတည်းရှိတဲ့ ဒီဇိုင်း။"

လုရှန်းကျင်က ရုပ်ရှင်ကြည့်ဖို့ ဇာတ်ကားတစ်ကားကို ပျင်းရိစွာရွေးနေရင်း တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

'သေချာတာပေါ့ ဒါက ကန့်သတ်ထုတ်ပစ္စည်းလို့ ဆိုရင်တောင် ဒီလိုထူးဆန်းတဲ့ပုံစံမျိုးနဲ့ ရင်ထိုးကိုတော့ ရောင်းကြမှာ မဟုတ်ပေ။'

လုရှန်းကျင်အနေနဲ့ပြောရရင် သူက အိုမီဂါတွေရဲ့ အလှအပအပေါ်ခံစားမှုကိုနားမလည်သလို ဒီရင်ထိုးကဘာရည်ရွယ်ချက်နဲ့ ထုတ်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း မသိပေ။ မဟုတ်လည်း အဲ့ဒီရင်ထိုးကို အားနည်းတဲ့ နားရွက်ကျယုန်အိုမီဂါလေးတွေအတွက်ပဲ ထုတ်ထားတာ ဖြစ်မည်။

ယန်ယိက ရင်ထိုးကို သူ့ရဲ့ အမဲရောင်အိမ်တော်ထိန်းဝတ်စုံ၏ ကော်လံပေါ်မှာ တပ်လိုက်ပြီး လက်ဆောင်ဗူးကိုကိုင်ထားရင်း ပြောလိုက်သည်။

"ကျွန်တော် အရမ်းကြိုက်တယ်။"

ယန်ယိ၏ သဘောကျကြောင်းပြောလာသည့် စကားအား လုရှန်းကျင်က ခေါင်းကိုသာညိတ်ပြီး အသိအမှတ်ပြုလိုက်သည်။

"ငါ ဗိုက်ဆာနေပြီ။ ညစာပြင်ဖို့ သွားတော့"

"ဟုတ်ကဲ့ ... ပါ။ "

ယန်ယိက သူ့ရဲ့ခေါင်းလေးကို ငုံ့ပြီး ရင်ဘတ်ပေါ်က မုန်လာဥနီရင်ထိုးလေးကို သဘောကျစွာ ကြည့်နေသည်။ နူးညံ့သည့် ယုန်နားရွက်လေးတွေက သွေးကြောလေးများပါ ထင်းပြီး နီရဲနေသည်။ ယန်ယိက မည်သို့ပင် သူ့ခံစားချက်တွေကို ထိန်းထားသည်ဟု ပြောနေပါစေ သူအရမ်းပျော်နေတာကိုတော့ လူတိုင်းက ပြောနိုင်သည်။

"ကျေးဇူးတင်ပါတယ် အကိုကျင်"

ဒါက သိပ်ကိုပျော်ရွှင်ပြီး ကျေးဇူးတင်ကြောင်းကိုလည်း မပြောပဲ မနိုင်ဖြစ်နေသော ယန်ယိ၏နှုတ်ထွက်စကားနှင့် သက်သေအဖြစ်  ခါးပတ်၏အပေါ်ဘက်သို့ အနည်းငယ်ထောင်တက်နေသော ယုန်အမြီးလေးကို တွေ့ရပေမည်။

"သွားတော့ .. "

လုရှန်းကျင်က သူ့မျက်ဝန်းတွေကို မှေးကျဉ်းပြီး ဖျော့တော့သောလေသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။

🥕🥕🥕🥕🥕🥕🥕🥕

Lop_eared Guard
Words-5210
Jul/3/2021
Wine.

🥕🥕🥕🥕🥕🥕🥕🥕

သေနတ်ပြောင်းစွပ်။

For my lovely zawgyi readers.

🥕🥕🥕🥕🥕🥕🥕🥕

လုရွန္းက်င္က ယန္ယိကို စိုက္ၾကည့္ေနသည္။

ထိုအၾကည့္တစ္ခ်က္က ဘာမွလုပ္စရာမလိုပဲ ေျခက်ိဳးသြားတဲ့ငွက္တစ္ေကာင္လို ယန္ယိကို ေၾကာက္လန႔္မႈတို႔နဲ႕ ေပ်ာ့ေခြသြားေစသည္။

'ဟုတ္တယ္ ယန္ယိသိပ္ခ်စ္ရတဲ့ အယ္လ္ဖာက ဤမွ်ေလာက္အထိ လႊမ္းမိုးနိုင္စြမ္းႀကီးၿပီး အကယ္၍ ယန္ယိရဲ႕အေရွ႕မွာ UMP9 ေသနတ္ဆယ္လက္နဲ႕ ခ်ိန္ထားမယ္ ဆိုရင္ေတာင္ လုရွန္းက်င္ရဲ႕အၾကည့္တစ္ခ်က္ေလာက္ သူ႕ကိုတားဆီးနိုင္စြမ္းရွိမွာ မဟုတ္ေပ။

တုန္လႈပ္မႈေၾကာင့္ ယန္ယိရဲ႕ ႏွာေခါင္းေလးေတြပင္ နီရဲေနၿပီ။

"ေဆး႐ုံကားေခၚလိုက္"

လုရွန္းက်င္က ယန္ယိအေရွ႕ကို ဖုန္းပစ္ေပးၿပီး ေျပာလိုက္သည္။

တုန္ရီေနတဲ့ ယန္ယိရဲ႕လက္ေတြက ဖုန္းကိုလည္း မဖမ္းလိုက္နိုင္ပဲ သူ႕ရင္ဘတ္ကို ထိမွန္သြားသည္။ ျပင္းထန္သည့္ အားတစ္ခုႏွင့္ သူ႕ရဲ႕ ရင္ၫြန႔္ရိုးကို ထိခတ္ၿပီး နာက်င္သြားေပမယ့္ ယန္ယိကေတာ့ ထိုနာက်င္မႈကို လစ္လ်ဴရႈၿပီး ဖုန္းနံပါတ္ေတြကို ရိုက္ႏွိပ္လိုက္သည္။

"ဟုတ္ကဲ့ ။ လူသားအိုမီဂါတစ္ေယာက္ပါ ။ သူ႕ဆဲလ္ကလင္းေတြ တုံ႕ျပန္မႈမရွိေတာ့ဘဲ ထိခိုက္မႈနည္းနည္းဆိုးေနတာပါ။ အရိုးက်ိဳးသြားတာ ထင္တယ္။ "

ဖုန္းေျပာၿပီးေနာက္ ယန္ယိက လုရွန္းက်င္ကို ျပန္ၾကည့္လိုက္သည္။

အိုမီဂါမ်ားက မူရင္းကပင္ အထိအခိုက္လြယ္ၿပီး တစ္ခုခုျဖစ္တာနဲ႕ သူတို႔ရဲ႕ ဆဲလ္ကလင္းေတြလည္း တုံ႕ျပန္မႈရပ္တန႔္သြားတတ္သည္။ သာမန္အိုမီဂါေတြနဲ႕ မတူဘဲ လူသားအိုမီဂါေတြက ပိုၿပီး အားနည္းတတ္ၾကသလို ခုခံနိုင္မႈအားလည္း နည္းၾကသည္။
နာက်င္မႈေၾကာင့္ ရီေဝေဝျဖစ္ေနတဲ့ ပုံစံနဲ႕ပဲ ယြမ္မိက လုရွန္းက်င္ဆီကို အားနည္းစြာ လက္ကမ္းေနသည္။

လုရွန္းက်င္က ယြမ္မိအနားသြားၿပီး ကိုယ္ကိုကိုင္းကာ ေပြ႕ဖက္ထားလိုက္သည္။ သူ႕ရဲ႕ ေဟာ္မုန္းေတြကို ယြမ္မိကိုယ္ထဲ စီးဝင္ေစၿပီး အသည္းခိုက္လုမတတ္နာက်င္ေနတဲ့ အိုမီဂါကို သက္သာရာရေစဖို႔ ျပဳလုပ္ေပးေနသည္။
ယြမ္မိက သူ႕နာက်င္မႈကိုသက္သာေအာင္ ျပဳလုပ္ေပးနိုင္တဲ့ လုရွန္းက်င္ရဲ႕ခႏၶာကိုယ္ကိုေတြ႕သည္ႏွင့္ လက္ေမာင္းေတြထဲ အတင္းတိုးဝင္ၿပီး သူ႕လက္ေတြကိုလည္း လုရွန္းက်င္ရဲ႕ လည္းပင္မွာ တင္းၾကပ္ေနေအာင္ တြယ္ဖက္ထားလိုက္သည္။ အထိန္းအခ်ဳပ္ကင္းမဲ့ေနသည့္အလား ေနရာအႏွံ႕သို႔ ပ်ံ့ႏွံ႕လာသည့္ ေဟာ္လ္မုန္းနံ႕ေတြက ျပင္းထန္ေနၿပီး လုရွန္းက်င္ရဲ႕ ရင္ခြင္ထဲက အိုမီဂါကေတာ့ သူ႕ကိုဒီထက္ပိုၿပီး တင္ၾကပ္ေနေအာင္ ဖက္ထားေပးဖို႔ ေတာင္းဆိုေနသည္။

ယြမ္မိရဲ႕ Weibo ေပၚက မွတ္ခ်က္တစ္ခုက သူ႕မွာ သ႐ုပ္ေဆာင္စြမ္းရည္း လုံးဝမရွိဘူး ဟူ၍ျဖစ္သည္ ။ ' ထိုအေၾကာင္းကို ယန္ယိလည္း သိထားၿပီး သို႔ေပမယ့္ အခုျဖစ္ေနတဲ့ ယြမ္မိရဲ႕ ပုံစံကိုၾကည့္ၿပီး မွတ္ခ်က္ႏွင့္ ကြဲလြဲစြာ သူက သိပ္ကိုသ႐ုပ္ေဆာင္ေကာင္းတာပဲ ဟု သတ္မွတ္လိုက္မိသည္။
ဒီလိုပုံစံနဲ႕ အေျပာအဆိုေတြကို မွတ္တမ္းယူၿပီး သူ႕ရဲ႕ဖန္ေတြသိေအာင္ လုပ္ေပးလိုက္ရင္ေကာင္းမွာ။

ယန္ယိက သူတို႔ႏွစ္ေယာက္ကို ၿငိမ္သက္စြာရပ္ၾကည့္ေနၿပီး တစ္ဖက္က ဆရာဝန္‌ေျပာတဲ့ အေသးစိတ္ အခ်က္အလက္ေတြကိုလည္း နားေထာင္ေနသည္။

"အခုလက္ရွိ လူနာအေျခအေန ဘယ္လိုရွိလဲ။ ေဆး႐ုံကားနဲ႕ အကူဝန္ထမ္းေတြေတာ့ လႊတ္ေပးလိုက္ .."

"မလႊတ္နဲ႕ေတာ့ .... သူ ေသသြားၿပီ၊ "

တစ္ဖက္က ဆရာဝန္၏စကားပင္မဆုံးလိုက္ ယန္ယိက ဖုန္းကိုခ်ၿပီး စားပြဲေပၚျပန္တင္လိုက္သည္။ ထို႔ေနာက္ သူ႕အိတ္ေထာင္ထဲက လက္ကိုင္ပုဝါေလးကို ေသသပ္ေအာင္ ျပန္လုပ္ၿပီး လုရွန္းက်င္တို႔အနားသို႔ တိုးသြားလိုက္သည္။

"ေတာင္းပန္ပါတယ္ ဆရာ ... ကြၽန္ေတာ္သူ႕ကို ဂ႐ုစိုက္လိုက္ပါ့မယ္...၊ ဆရာက အလုပ္သြားလိုက္ပါ။ အလုပ္ကပိုၿပီး အေရးႀကီးပါတယ္ "

လုရွန္းက်င္အတြက္ အလုပ္ကသာ အေရးအႀကီးဆုံးျဖစ္ၿပီး အခ်ိန္ဇယားအားလုံးကလည္း အလုပ္ေတြနဲ႕ပဲ ျပည့္ေနကာ ဒီလို ဒဏ္ရာရေနတဲ့ အိုမီဂါတစ္ေယာက္ကို ဂ႐ုစိုက္ေပးဖို႔ အခ်ိန္ေလး နည္းနည္းေတာင္ မရွိေပ။
လုရွန္းက်င္က သူ႕လက္ထဲက ယြမ္မိကို ယန္ယိလက္ထဲ လႊဲေျပာင္းေပးလိုက္သည္။ အနားတိုးကပ္လာသည့္ ယန္ယိ၏ နားထဲသို႔ တိုးသဲ့တဲ့ သတိေပးစကားတစ္ခြန္းကိုလည္း မလြဲမေသေျပာခဲ့ေသးသည္။

"ငါ ျပန္လာမွ အျပစ္ေပးဖို႔အတြက္ စကားေျပာတာေပါ့"

"ဟုတ္ကဲ့ပါ ဆရာ "

လုရွန္းက်င္က ယန္ယိလက္ထဲ ယြမ္မိကိုထည့္ေပးၿပီးေနာက္ အျပင္ဝတ္ကုတ္ကို ယူၿပီး အိမ္ထဲမွ ကားထားသည့္ေနရာသို႔ ထြက္သြားခဲ့သည္။ ႀကီးမားၿပီး တိတ္ဆိတ္သည့္ ဗီလာထဲတြင္ အိုမီဂါႏွစ္ေယာက္သာ က်န္ေနခဲ့သည္။

ယြမ္မိက အိုမီဂါေတြရဲ႕ ခက္ခဲတဲ့အေျခအေနနဲ႕ ၾကမ္းတမ္းမႈေတြကို အေတြ႕အႀကဳံရွိေနၿပီးသားျဖစ္သည္။ ထိုအခ်ိန္က လုရွန္းက်င္ရဲ႕ ေပြ႕ဖက္မႈေၾကာင့္ နာက်င္ေနတဲ့ သူ႕ေဝဒနာကိုေတာင္ မခံစားမိေတာ့ေခ်။ သို႔ေပမယ့္ ေပါင္ရိုးက်ိဳးသြားတာေၾကာင့္ လႈပ္ရွားဖို႔ခက္ခဲေနၿပီး ယန္ယိရဲ႕လုပ္ရပ္အေပၚ သည္းမခံနိုင္ေအာင္ ေဒါသထြက္သြားေပမယ့္ မတတ္မသာနဲ႕ပဲ သူ႕ရဲ႕ ဝင့္ႂကြားလြန္းတဲ့ ပုံစံကို စြန႔္လႊတ္လိုက္ရသည္။ စိတ္လႈပ္ရွားမႈႏွင့္ နာက်င္မႈတို႔ေၾကာင့္ ေဟာ္လ္မုန္းေတြလည္း အထိန္းအခ်ဳပ္မဲ့စြာ ပ်ံ့လြင့္လာၿပီး ဧည့္ခန္းတစ္ခုလုံးက အိုင္းရစ္ေရေမႊးနံ႕လို ေဟာ္လ္မုန္းနံ႕တို႔ျဖင့္ ဖုံးလႊမ္းသြားသည္။

ယန္ယိက ေအးစက္ေနေသာ မ်က္ႏွာထားျဖင့္ ယြမ္မိကို ဗီလာ၏အျပင္ဘက္သို႔ တြဲေခၚလာသည္။ ထိုပုံစံက အဝတ္အစားအေဟာင္းအႏြမ္းေတြကို မသတီစရာပုံစံျဖင့္ ကိုင္ထားၿပီး ဂ႐ုမစိုက္ပဲ ျဖစ္သလိုနဲ႕ ေတြ႕ကရာအမွိုက္ပုံးထဲ ပစ္ထည့္လိုက္ဖို႔ အဆင္သင့္ျဖစ္ေနသည့္ အလားပင္။

ေပါင္ရိုးက်ိဳးသည္က နည္းနည္းေနာေနာနာက်င္မႈမဟုတ္သည့္အတြက္ ယြမ္မိ၏ပုံစံက လုံးဝကိုႏြမ္းနယ္က်ေနသည္။ သို႔ေပမယ့္ မခံမရပ္နိုင္ျဖစ္ရသည္မို႔ သူက ေနာက္ဆုံးလက္က်န္အင္အားနဲ႕ ယန္ယိကိုအံႀကိတ္ကာ ေျပာေလသည္။

"မင္း ေစာင့္ေန အကိုက်င္က မင္းကို သတ္လိမ့္မယ္"

"အဲ့တာ ငါတို႔ ကိစၥပါ။ ငါတို႔ႏွစ္ေယာက္ၾကားက ကိစၥ "

ေကာ့တက္သြားေသာ ႏႈတ္ခမ္းေထာင့္စြန္းေလးျဖင့္ ယန္ယိက ယဥ္ေက်းစြာျဖင့္ ျပန္ေျဖလိုက္သည္။

ယန္ယိအတြက္ လုရွန္းက်င္က သူ႕ကိုထိေတြ႕မယ္ဆိုရင္ အျပစ္ေပးျခင္းျဖစ္ေနရင္ေတာင္ လက္ခံလိုက္ဖို႔ အသင့္ျဖစ္ေနၿပီးသားပင္။

ရွပ္အကၤ်ီအပါးေလးသာ ဝတ္ထားေသာေၾကာင့္ ယြမ္မိ၏ျဖဴသြယ္ေသာ ေျခတံရွည္ရွည္၌ ၾကက္သီးေမႊးညင္းေတြ ထေနသည္ကိုပင္ ျမင္နိုင္ၿပီး အတြင္းေၾကျဖစ္သြားတဲ့ ေပါင္ရိုး၏ ေငါထြက္ေနျခင္းကိုလည္း ျမင္ေနရသည္။
နာက်င္မႈေတြက မခံမရပ္နိုင္ေအာင္ မ်ားေနသည့္တိုင္ ယြမ္မိက ႏႈတ္ခမ္းကိုကိုက္ၿပီး အခဲမေက်နိဳင္စြာ ျပန္ေျပာလိုက္သည္။

"မင္းက သူနဲ႕ဇာတ္လမ္းျဖစ္ခဲ့တဲ့ အိုမီဂါ ဟုတ္တယ္မလား။ ေမွ်ာ္လင့္ခ်က္မွိန္မွိန္နဲ႕ ခံစားခ်က္ေဟာင္းေတြအတြက္ ျပန္ၿပီးၾကင္နာမႈကို လိုခ်င္ေနတာလား။ သူ႕ေဘးမွာေနၿပီး ေပးဆပ္မႈေတြလုပ္ေနတာ ဘာကို လိုခ်င္ေနလို႔လဲ။"

ယြမ္မိရဲ႕ စကားေတြေၾကာင့္ ယန္ယိမ်က္ခုံးႀကဳံ႕လိုက္သည္။ တည္ၿငိမ္ၿပီး ေျပျပစ္ေနတဲ့ မ်က္ဝန္းအၾကည့္ေတြမွာ အားငယ္ျခင္းေတြ ျပည့္ႏွက္သြားသည္။

"မင္းကေရာ ဘာေတြ ႀကံစည္ေနတာလဲ။ သူ႕ရဲ႕လႊမ္းမိုးနိုင္မႈကို မက္ေမာတာလား ၊ ေနာက္ခံေကာင္းလို႔လား ဒါမွမဟုတ္ သူ႕ေဟာ္လ္မုန္းရဲ႕ ဒုတိယအမိန႔္ေပးျခင္းကို ခံစားရဖို႔ ဆႏၵျပင္းျပေနတာလား။ "

ယန္ယိက ယြမ္မိကို စိုက္ၾကည့္ၿပီး ဆက္ေျပာလိုက္သည္။

"အကယ္၍ လိင္ဆက္ဆံခ်င္တာသက္သက္ပဲဆိုရင္ မင္းဒီေန႕ ေအာ္ဟစ္ေနရသလိုမ်ိဳး ငါလည္း လုပ္ေပးနိုင္တယ္။ "

ယြမ္မိရဲ႕မ်က္ႏွာတစ္ခုလုံးက ယန္ယိေျပာလိုက္တဲ့ စကားေၾကာင့္ ျပာႏွမ္းသြားၿပီး သူ႕အျမင္အာ႐ုံေတာင္ အျဖဴခ်ည္းသက္သက္လႊမ္းသြားသလို ေဝဝါးကုန္သည္။
ယန္ယိက အဓိပၸါယ္မရွိတဲ့ အရည္မရအဖက္မရစကားေတြကို ထပ္မေျပာေတာ့ပဲ ရပ္လိုက္သည္။ ယန္ယိ၏ ျမင္မားေသာ ကိုယ္ထည္က အနည္းငယ္ကုန္းေနၿပီး သူ႕ေျခေထာက္ေတြက အနည္းငယ္ေကြးၫြတ္ေနကာ ယြမ္မိကိုတြဲၿပီး ဗီလာ၏အေရွ႕ဘက္သို႔ ထြက္လာခဲ့သည္။ ယန္ယိရဲ႕ေျခလွမ္းေတြက လ်င္ျမန္ေနသေယာင္ရွိၿပီး သူက ေပါင္ရိုးက်ိဳးေနတဲ့ ယြမ္မိကိုတြဲကာ အနီးအနားက အိမ္တစ္ခ်ိဳ႕၏ ဟိုဒီတစ္စုစီရွိေနေသာ ပန္းၿခံမ်ားကို ေခါက္တုံ႕ေခါက္ျပန္ ျဖတ္၍ လ်င္လ်င္ျမန္ျမန္သြားေနသည္။

ယြမ္မိကေတာ့ ယန္ယိရဲ႕ ေကာ္လံစကိုသာ အားျပဳဆြဲထားၿပီး နိမ့္လိုက္ ျမင့္လိုက္ျဖစ္ေနတဲ့ ေျမျပင္ကိုစိုက္ၾကည့္ကာ သူ႕အျမင္အာ႐ုံေတြက နီးလာလိုက္ ေဝးသြားလိုက္ျဖစ္ေနေသာေၾကာင့္ အေတာ္ကို စိတ္ပ်က္ေနေလသည္။ သူက ယန္ယိရဲ႕ ခံစားခ်က္မရွိဘဲ ဗလာက်င္းေနတဲ့ မ်က္ႏွာကို ေၾကာက္႐ြံ႕စြာေမာ့ၾကည့္လိုက္သည္။

'ဒီအိုမီဂါရဲ႕ ... အဖုအက်ိတ္မွာရွိတဲ့ ရနံ႕ဆဲလ္ေတြက တစ္ျခားေသာအိုမီဂါေတြနဲ႕ယွဥ္ရင္ သိပ္ကိုကြဲျပားျခားနားေနၿပီး ဘယ္ေလာက္အဆင့္မွာ ရွိသလဲ ဆိုတာလဲ မသိနိုင္ေပ။

အိုမီဂါေတြရဲ႕ ကလင္းဆဲလ္နဲ႕ပတ္သတ္ၿပီး ကြဲျပားျခားနားမႈက တကယ္ေတာ့ ေျပာစမွတ္တြင္ရေလာက္ေအာင္ အလြန္အၾကဴးကြဲျပားမႈရွိေနတာ မဟုတ္ပင္။ အားလုံးက အယ္လ္ဖာရဲ႕ ေဟာ္လ္မုန္းအေျခအေနေပၚတြင္ မူတည္ၿပီးသာ ေျပာင္းလဲနိုင္ၾကသည္။

အိုမီဂါတစ္ေယာက္၏ ကလင္းဆဲလ္က အယ္လ္ဖာ၏ ပထမအဆင့္ လႈံ႕ေဆာ္မႈမွာတင္ ေျပာင္းလဲမႈျဖစ္သြားပါက ထိုအိုမီဂါအတြက္ ႐ုပ္ပိုင္းဆိုင္ရာလွပမႈလည္း မလိုသလို ေနာက္ခံအသိုင္းအဝိုင္းေကာင္းျခင္း ဆိုးျခင္းအေပၚလည္း မမူတည္ေတာ့ဘဲ အလိုအေလ်ာက္ကို လက္ေ႐ြးစင္အယ္လ္ဖာတစ္ေယာက္အျဖစ္ စာရင္းဝင္သြားၿပီး သူတို႔ရဲ႕ ပိုးပန္းျခင္း ကိစၥလည္း ၿပီးေျမာက္သြားသည္။

ဘာေၾကာင့္လည္းဆိုေတာ့ ဒါက တကယ့္ကို ဂုဏ္က်က္သေရနဲ႕ျပည့္စုံၿပီး ထူးခြၽန္ထက္ျမတ္ေသာ အိုမီဂါ၏ ေသြးနမူနာ ျဖစ္ေနတဲ့အျပင္ အေကာင္းမြန္ဆုံး လႊမ္းမိုးမႈအျမင့္ဆုံးျဖစ္သည့္ မ်ိဳးဆက္ေတြကို ေမြးထုတ္ေပးနိုင္တာေၾကာင့္ ျဖစ္သည္။

ယြမ္မိက ထပ္ၿပီးစကားမဆိုရဲေတာ့ဘဲ တိတ္ဆိတ္သြားသည္။

'သူက ဤကဲ့သို႔ မ်က္ႏွာထားသုန္မႈန္ေနၿပီး ျပတ္သားလွစြာ စကားဆိုသည့္ ယုန္မ်ိဳးစိတ္အိုမီဂါႏွင့္ မယွဥ္နိုင္သလို သူ႕ရဲ႕ ၿပိဳင္ဘက္က လူေပါင္းတစ္သန္းမွာ တစ္ေယာက္သာရွိသည့္ လက္ေ႐ြးစင္အိုမီဂါလည္း ျဖစ္ေနနိုင္သည္ေလ။

"မင္း မင္း နာမည္ဘယ္လိုေခၚလဲ" ယြမ္မိက တစ္ခုခုကို စမ္းသပ္လိုေသာစိတ္ျဖင့္ ေမးလိုက္သည္။

"ယန္ယိ" သူက ျပန္ေျဖသည္။

ထိုအေျဖေၾကာင့္ ယြမ္မိရဲ႕မ်က္လုံးေတြ ျပဴးက်ယ္သြားၿပီး မယုံၾကည္နိုင္ျခင္း မ်ားစြာျဖင့္ ယန္ယိကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနခဲ့သည္။

ဒ႑ရီက ပုံျပင္ဆန္ၿပီး စိတ္ကူးယဥ္အေၾကာင္းအရာတစ္ခုႏွင့္ တူေပမယ့္ ျဖစ္ရပ္မွန္ကို အေျခခံထားၿပီး တည္ရွိလာေသာ ဆန္းၾကယ္သည့္ အေၾကာင္းအရာတစ္ခုကို ရည္ၫႊန္းေလသည္။
ထိုကဲ့သို႔ ဆန္းၾကယ္မႈရွိသည့္ ဒ႑ရီထဲ၌ လုရွန္းက်င္၏ ဇနီး ဆိုသည့္ အေၾကာင္းအရာႏွင့္ ပုံျပင္တစ္ပုဒ္လည္းရွိၿပီး ႏွစ္မ်ားစြာၾကာခဲ့သည္အထိ အခ်ိန္အၾကာႀကီးတည္ရွိခဲ့သည့္ ထိုဇနီးက ယန္ယိ ျဖစ္ေလသည္။

'သူ တကယ္ပဲ လုရွန္းက်င္ရဲ႕ အိမ္မွာ အိမ္ေတာ္ထိန္းအျဖစ္ အလုပ္လုပ္ေနတာပဲ။"

လြန္ခဲ့တဲ့ သုံးရက္က လုရွန္းက်င္ ဗီလာကို ျပန္မလာခဲ့ဘဲ ရွိေနၿပီး အခုျပန္လာေတာ့လည္း လုရွန္းက်င္ရဲ႕ ပါတနာကို ေစာင့္ေရွာက္ေပးဖို႔ ယန္ယိ တာဝန္ရခဲ့သည္။

ဒါက တကယ့္ကို ေျပာစရာစကားပင္ ရွာမရေအာင္ျဖစ္ရသည့္ အရွက္ကြဲျခင္းပင္။

ယန္ယိက ဖုန္းစခရင္လ္ကိုပိတ္လိုက္ၿပီး VIP ခန္း၏အျပင္ဘက္၌ နံရံကိုမွီကာ ေဆာင့္ေၾကာင့္ထိုင္လိုက္သည္။ ထို႔ေနာက္ သူ႕အိတ္ကပ္ထဲက စီးကရက္ကို ထုတ္ၿပီး ႏႈတ္ခမ္းပါး၌ ေတ့ကာ ရွိုက္ဖြာလိုက္သည္။

'လုရွန္းက်င္က သိပ္ကို ညွာတာမႈကင္းမဲ့ၿပီး တကယ္ကိုလည္း အၾကင္နာကင္းမဲ့သည္။'

***

႐ုံးခန္းထဲ၌ လုရွန္းက်င္က မွန္ျပတင္းေပါက္ႀကီး၏အေရွ႕တြင္ ထိုင္ေနၿပီး အခုေလးတင္ ဗီဒီယိုျဖင့္ ေဆြးေႏြးမႈျပဳလုပ္ၿပီးသြားျခင္း ျဖစ္သည္။ သူ႕လက္ထဲက ေကာ္ဖီခြက္က ပူေႏြးမႈမရွိေတာ့ဘဲ ေအးစက္ေနကာ မ်က္ဝန္းေတြက သူ႕လက္ေထာက္ပို႔လာေပးသည့္ ယုန္ေလး၏ပုံရိပ္တြင္ ရွိေနသည္။

ေဆး႐ုံခန္း၏ အျပင္ဘက္၌ စီးကရက္တစ္လိပ္ကို လက္ၾကားထည့္ၿပီး ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ ယုန္ကေလးက ၾကမ္းျပင္ကို ခံစားခ်က္မဲ့စြာ ေခါင္းငိုက္စိုက္ၿပီး ၾကည့္ေနသည္။

'အထီးက်န္ျခင္းႏွင့္ အေဖာ္မဲ့ျခင္းက သူ႕တစ္ကိုယ္လုံးကို ရစ္ပတ္ေႏွာင္တြယ္ထားသလိုပင္'

လုရွန္းက်င္က သူ႕ဖုန္းထဲက ယုန္ကေလး၏ပုံကို လက္ျဖင့္ ပြတ္သပ္လိုက္ၿပီး စီးကရက္ကိုမီးညွိကာ ရွိုက္ဖြာလိုက္သည္။

သူတို႔ႏွစ္ေယာက္ရဲ႕ ေဟာ္လ္မုန္းထပ္တူညီမႈက ၇၅ % သာရွိၿပီး မပ်က္မစီးဘဲ တည္ရွိေနသည့္ ဤဆက္ဆံေရးက အခ်စ္တစ္ခုတည္းေၾကာင့္သာ ျဖစ္ေလသည္။
ဒါက သိပ္မၾကာခင္အခ်ိန္မွာ ပ်က္စီးမႈကို ျဖစ္လာေစေတာ့မွာ ျဖစ္ၿပီး ကလင္းဆဲလ္ေတြရဲ႕ ဒုတိယအဆင့္ ကြဲျပားမႈကို ပိုင္ဆိုင္ထားသည့္ အယ္လ္ဖာတစ္ေယာက္အေနျဖင့္ ႀကီးက်ယ္လွေသာ ကမာၻေျမႀကီး၏ ဆြဲေဆာင္မႈမ်ားကို မေရမတြက္နိုင္ေအာင္ ရင္ဆိုင္ရသည္။ သူ႕အေနနဲ႕ ေဟာ္လ္မုန္းထပ္တူညီမႈ ၈၀ ေအာက္ေလ်ာ့တဲ့ အိုမီဂါတစ္ေယာက္ကို လက္ထပ္ၿပီး အတူေနဖို႔ ေ႐ြးခ်ယ္ျခင္းက အခ်ိန္ေတြကုန္ဆုံးသြားေလ သူတို႔ႏွစ္ေယာက္ၾကားက ေမွးမွိန္သြားမယ့္ ဆက္ဆံေရးကို ထိုင္ၾကည့္ဖို႔ ေ႐ြးခ်ယ္လိုက္သလိုပင္။ ဒါက ဘယ္လိုေတာင္ ဝမ္းနည္းစရာေကာင္းလိုက္တဲ့ လက္ထပ္ျခင္းမ်ိဳး ျဖစ္မလဲ။

'ခ်စ္ခဲ့တယ္..'

နား႐ြက္က်ယဳန္ကေလးက ရိုမန႔္တစ္လည္းဆန္ၿပီး တစ္ဖက္သားအေပၚ ညွာတာမႈလည္း ရွိသည္။ သူ႕လက္ႏွစ္ဖက္လုံးမွာ camouflage uzi (ေပ်ာက္ၾကားယူဇီ) ေသနတ္တစ္လက္စီကိုင္ထားၿပီး ႏွင္းဆီပန္းေလးကိုက္ထားတဲ့ ႏႈတ္ခမ္းပါးေလးေတြနဲ႕ ၿပဳံးျပလာတဲ့အခ်ိန္...
ထိုအခ်ိန္မွာ အယ္လ္ဖာတိုင္းရဲ႕ ႏွလုံးသားက ျမင္းတစ္ေကာင္လို ခုန္ေပါက္သြားၾကလိမ့္မည္။

'ဒါေပမယ့္ ပင္ပန္းေနၿပီ။'

ေဟာ္လ္မုန္း ထပ္တူညီမႈ ၈၀% ထက္ပိုတဲ့ သူ႕အနားက ဘယ္အိုမီဂါနဲ႕မဆိုအတူရွိတိုင္း လုရွန္းက်င္ရဲ႕ ေဟာ္လ္မုန္းေတြက သူ႕ကို ပိုၿပီး ႏူးညံ့ေစၿပီး ခံစားမႈကိုပိုလို႔ေကာင္းမြန္ေစသည္။ ေဟာ္လ္မုန္းထပ္တူညီမႈ ၈၅ % ႏွင့္ ၉၀% ရွိသည့္အိုမီဂါကိုမဆိုအုန္းႏွင့္ ထိုထပ္တူညီမႈထက္ ပိုေသာ သူေတြေတာင္ လုရွန္းက်င္ကို သံလြင္ခတ္ေတြ ပစ္ေပးၿပီး ၿငိမ္းခ်မ္းမႈအတြက္ ကမ္းလွမ္းၾကသည္။ အယ္လ္ဖာဆိုတာက ေဟာ္လ္မုန္းရဲ႕ခိုင္းေစခ်က္ကိုသာ လိုက္နာသည့္ တိရစာၦန္တစ္ေကာင္ျဖစ္ၿပီး အခ်စ္အတြက္နဲ႕ ပိုၿပီးသင့္ေလ်ာ္မႈရွိတဲ့အိုမီဂါကို လစ္လ်ဴရႉမည့္ အယ္လ္ဖာဆိုတာလည္း ရွိကိုမရွိေခ်။

'သူက သိပ္ကိုထက္ျမတ္ၿပီး အေကာင္းတကာ့အေကာင္းဆုံး ျဖစ္ေနေတာ့ေရာ ဘာထူးလဲ။'

လုရွန္းက်င္က ေကာ္ဖီေႏြးေႏြးေလးေလာင္းထည့္ဖို႔ သူ႕လက္ကိုျမႇောက္လိုက္ၿပီး လက္ေထာက္အား ေကာ္ဖီအသစ္တစ္ခြက္ေဖ်ာ္ေပးဖို႔ ေျပာလိုက္သည္။

ထိုစဥ္ လုရွန္းက်င္၏ဖုန္းမွ 'လုလင္း' ဟူေသာအမည္ျဖင့္ ဖုန္းဝင္လာသည္။ လုရွန္းက်င္က ဖုန္းျပန္ေျဖဖို႔အတြက္ စခရင္လ္အား စိတ္မရွည္စြာ လက္နဲ႕ဖိပြတ္လိုက္သည္။

လုရွန္းက်င္ဘက္မွ ဖုန္းျပန္ေျဖသည္ႏွင့္ တစ္ဖက္မွ သက္လတ္ပိုင္းအ႐ြယ္ရွိေသာ အယ္လ္ဖာ၏ နက္ရွိုင္းေသာအသံထြက္ေပၚလာၿပီး အသက္ကိုအျပည့္အဝရႉကာ ေမးခြန္းထုတ္ေသာ ေလသံျဖင့္ ေမးလာသည္။

"ေနာက္တစ္ခါ ငါ ဒီဖုန္းနံပါတ္ကို ထပ္ဆက္ရရင္ ငါ့ဘက္က စြန႔္လႊတ္မႈတစ္ခုကို ျပဳလုပ္ေတာ့မယ္။ အဲ့တာက မင္း လုမိသားစုထဲက ထြက္သြားဖို႔ပဲ။ ငါ့မွာ မင္းလို သားမ်ိဳးမရွိဘူး။ "

"အလုပ္မ်ားေနတယ္"

တစ္ဖက္က လုလင္း၏ေလသံက မည္သို႔ပင္ျဖစ္ေစကာမူ လုရွန္းက်င္ကေတာ့ သက္ျပင္းခ်ၿပီး စိတ္မဝင္စားသည့္အတိုင္း ေပါ့ပ်က္ပ်က္ပင္ ျပန္ေျဖသည္။ ထိုအခါ လုလင္း၏ မျဖစ္မေနလုပ္ရမည္ဟူေသာ ရာဇသံေပးသံက ခပ္ျပတ္ျပတ္က တင္းမာစြာ ထြက္ေပၚလာသည္။

"အကယ္၍ ဒီအပတ္ပိတ္ရက္မွာ ငါ မင္းမ်က္ႏွာကိုမေတြ႕ရဘဲ ယန္ယိကိုလည္း ျပန္မေခၚလာဘူးဆိုရင္ ငါ့အိမ္ရိပ္ထဲ ေျခတစ္လွမ္းေတာင္ ခ်ဖိဳ႕မစဥ္းစားနဲ႕"

လုရွန္းက်င္က သူ႕လည္ပင္းကို လက္ျဖင့္ ပြတ္သပ္လိုက္သည္။

"အထက္တန္းလႊာမိသားစုထဲက အိုမီဂါေတြ အမ်ားႀကီးရွိပါတယ္။ ဘယ္တစ္ေယာက္ကိုပဲ လက္ထပ္ထပ္ အကုန္တူတူပဲ။ ကြၽန္ေတာ္ ယန္ယိနဲ႕ လမ္းခြဲခဲ့တာၾကာၿပီ။ သူနဲ႕ကြၽန္ေတာ္က ကိုက္ညီမႈလည္း မရွိသလို အေပ်ာ္အပ်က္ကစားေနရတာလည္း ကြၽန္ေတာ္ စိတ္ပ်က္လာၿပီ။"

လုလင္း၏အသံက စိတ္ဆိုးမာန္ဆိုးႏွင့္ ေဒါသသံပိုေပါက္လာသည္။

"အဲ့ေလာက္အဆင့္နဲ႕ အိုမီဂါကို စြန႔္လႊတ္ရမွာလား။ ေအး ယန္ယိအဆင့္နဲ႕ တူတဲ့ အိုမီဂါမ်ိဳး မင္းရွာနိုင္ရင္ ေခၚလာခဲ့လိုက္ ငါ ဘာစကားမွ ထပ္မေျပာေတာ့ဘူး။"

ဒါက သူ႕အေဖဆိုရင္ေတာင္ လုရွန္းက်င္၏ စိတ္ရွည္စြာစကားေျပာျခင္းအတိုင္းအတာက ကုန္ဆုံးေနၿပီျဖစ္ၿပီး သူက ပ်င္းရိစြာျဖင့္ ေပါ့ပ်က္ပ်က္ျပန္ေျဖလိုက္သည္။

"သူက ယုန္ေလ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားက ေဟာ္လ္မုန္းတူညီမႈက ၁၅ % ပဲရွိတယ္။ အဲ့ဒီအျပင္ သူ႕ဘက္ကလည္း လူသားအယ္လ္ဖာတစ္ေယာက္ကို ငါးႀကိမ္မွာတစ္ႀကိမ္ပဲ ေမြးေပးနိုင္တယ္။ ကံမေကာင္းရင္ လႊမ္းမိုးနိုင္မႈအားေကာင္းတဲ့ အယ္လ္ဖာေျမးတစ္ေယာက္ကိုေတာင္ ေမြးေပးနိုင္မွာမဟုတ္ဘူး။ ယုန္အိုမီဂါတစ္ေယာက္က အသုံးမဝင္တဲ့ ယုန္တစ္ေကာင္ကိုပဲ ေမြးေပးနိုင္မယ္။ လုမိသားစုရဲ႕ မ်ိဳးရိုးအစဥ္အဆက္က သူတို႔ရဲ႕ မ်ိဳးဆက္အတြက္ အိုမီဂါတစ္ေယာက္အေပၚ မွီခိုေနဖို႔ မလိုဘူး။"

လုရွန္းက်င္၏စကားဆုံးသည္အထိ လုလင္းမွာ တိတ္ဆိတ္ေနၿပီး ေသခ်ာေပါက္ ထိုစကားေတြအတြက္ မခံမရပ္နိုင္ေအာင္လည္း ေဒါသထြက္ေနၿပီျဖစ္သည္။ စူးရွက်ယ္ေလာင္ေသာေအာ္သံက ဖုန္း၏တစ္ဖက္မွ ထြက္ေပၚလာၿပီး ထိုအသံေၾကာင့္ ဖုန္းလိုင္းပင္ ျပတ္ေတာက္လုမတတ္ျဖစ္သြားေတာ့မည္ ထင္ရသည္။ လုရွန္းက်င္က ဖုန္းကိုခ်ၿပီး တစ္ဖက္သို႔ ပစ္ထုတ္လိုက္သည္။

သူ႕အေဖ၏အေတာမသတ္နိုင္ေသာ ဖိအားေတြေၾကာင့္ပဲ ယန္ယိအေပၚထားတဲ့ လုရွန္းက်င္၏ခံစားခ်က္ေတြက စိတ္ပ်က္ၿငီးေငြ႕ျခင္းအျဖစ္သို႔ ပိုပိုၿပီးေျပာင္းလဲသြားခဲ့တာျဖစ္သည္။ ေခ်ာေမာလွပလြန္းသည့္ ယန္ယိ၏မ်က္ႏွာကို ဘယ္အခ်ိန္ပဲေတြ႕ေတြ႕ ရင္ခုန္ရသည္ထက္ စိတ္ပ်က္ျခင္းမ်ားကိုသာ လုရွန္းက်င္ ခံစားေနရသည္။

ေဆး႐ုံ၏အထူးၾကပ္မတ္ေဆာင္အျပင္ဘက္တြင္ ယန္ယိတစ္ေယာက္တည္း နံရံကိုမွီၿပီးေစာင့္ေနသည္မွာ အခ်ိန္ေတာင္ အေတာ္ၾကာေနၿပီး ထိုေအးစက္စက္နံရံကိုမွီထားရင္းပဲ ယန္ယိအိပ္ေပ်ာ္သြားခဲ့သည္။ သက္ေတာင့္သက္သာမရွိလွေသာ ထိုအိပ္စက္ျခင္းက ႐ုတ္တရက္ထျမည္လာေသာ စာဝင္သံေၾကာင့္ အလန႔္တၾကားႏွင့္ နိုးသြားခဲ့သည္။

'ယုန္ေတြက သိပ္ကို ေၾကာက္လန႔္တုန္လႈပ္လြယ္ၾကသည္။'

ယန္ယိက ဖုန္းကို လက္ထဲဆုပ္ကိုင္ထားၿပီး ျပင္းထန္စြာအသက္ရႉသြင္းရႉထုတ္လုပ္ေနသည္။ သူ႕ႏွလုံးသားက ႐ုတ္တရက္ႀကီး တင္းၾကပ္လာၿပီး ယန္ယိအတြက္ေတာ့ သာမန္ဟုထင္ရေသာ ဖုန္း၏တုန္ခါမႈသည္ပင္ န်ဴကလိယားဗုံးေပါက္ကြဲသြားသလို က်ယ္ေလာင္မႈမ်ိဳး ျဖစ္ေနသည္။ ယန္ယိ၏ခႏၶာကိုယ္တစ္ခုလုံးက ပုံမွန္အတိုင္းျပန္မျဖစ္ခင္အထိ သုံးမိနစ္မွ် တုန္ရီေနခဲ့သည္။

စာဝင္လာတာေၾကာင့္ ဖုန္းစခရင္လ္က လင္းသြားေပမယ့္ ျပန္ၿပီးပိတ္သြားသည္မွာ ေတာ္ေတာ္ေတာင္ ၾကာေနခဲ့ၿပီ။ ဖုန္းကိုျပန္ဖြင့္ၿပီးေနာက္ ပထမဦးဆုံးပို႔ထားသည့္စာက ယန္ယိ၏မ်က္ဝန္း ဖမ္းစားလိုက္သည္။

"ဒီည အိမ္ျပန္ေနာက္က်မယ္။"

ႏူးညံ့လြန္းေသာ ယုန္၏နား႐ြက္မ်ားက တုန္ရီသြားၿပီး သခင္၏ဆင့္ေခၚမႈကို ခံလိုက္ရသလို ယန္ယိ၏ခႏၶာကိုယ္တစ္ခုလုံးမွာ နာခံမႈအျပည့္ျဖစ္သြားသည္။ တိုတိုတုတ္တုတ္သာ ပို႔လာေသာ ထိုစာ၏ေနာက္မွာ ဘယ္လိုအျပစ္ေပးမႈမ်ိဳးက စီးႀကိဳေနမလဲလို႔ ယန္ယိက ေတြးေနခဲ့သည္။

ခႏၶကိုယ္တစ္ခုလုံးကို အခ်ဳပ္အေႏွာင္ခံၿပီး ႀကီးမားသည့္ စမ္းသပ္ခံစက္ႀကီးထဲသို႔ ထပ္ၿပီးမဝင္ခ်င္ေတာ့ပါ။ ထိုစမ္းသပ္ခံစက္ႀကီးထဲတြင္ ဆယ့္ႏွစ္နာရီၾကာေအာင္ ခႏၶာကိုယ္ကို ႏွိပ္နယ္ခံရၿပီး နာက်င္မႈမ်ားႏွင့္ အလင္းေရာင္မရွိေသာ ထိုအခန္းႀကီးက ယန္ယိအား ျပင္းထန္ေသာ ေၾကာက္လန႔္မႈကိုသာ ျဖစ္ေစသည္။

ဤကဲ့သို႔ ဝမ္းနည္းစရာေကာင္းေသာ အျပစ္ေပးျခင္းအတြက္ ႀကိဳတင္ေတြးထားရျခင္းမွာ ... ယန္ယိက အိပ္ရာထဲမွာဆို အၿမဲတမ္း တိုးတိုးေလးေမးေနတတ္သည့္ စကားတစ္ခြန္းေၾကာင့္ ျဖစ္သည္။

" အကိုက်င္ ကြၽန္ေတာ့္ကို အမွတ္အသားလုပ္ေပးနိုင္မလား"

သို႔ေပမယ့္ လုရွင္းက်င္ထံမွ ရေသာစာက ထိုတစ္ေၾကာင္းထဲသာ ျဖစ္ၿပီး ယန္ယိအတြက္ အျပစ္ေပးမည့္ ကိစၥလည္း မေျပာသလို ယြမ္မိဒဏ္ရာအတြက္ သက္သာေၾကာင္းေမးသည့္ စာေတာင္ ထပ္ဝင္မလာေပ။

'ၾကည့္ရတာ လုရွန္းက်င္က ယြမ္မိကို သိပ္ၿပီးႏွစ္သက္ပုံမရဘူးထင္သည္။ ေသခ်ာေပါက္ ယြမ္မိကို သူတကယ္မႀကိဳက္ဘူးေပါ့။

'ႏွစ္သက္ျမတ္နိုးျခင္းဆိုတာကို ယန္ယိကေတာ့ တစ္ခ်ိန္တစ္ခါက ပိုင္ဆိုင္ခဲ့ရဖူးၿပီး ထိုအတိတ္ႏွင့္ပတ္သတ္သည့္ မွတ္ဉာဏ္မ်ားကလည္း ယေန႕ထိတိုင္ အသက္ဝင္ေနတုန္း ျဖစ္ေနသည္။

ယြမ္မိက သူပိုင္ဆိုင္ရခဲ့ဖူးသလို ႏွစ္သက္ျခင္းမ်ိဳး မရဘူးဆိုတာ သိလိုက္ရေတာ့ ယန္ယိသိပ္ကိုေက်နပ္သြားၿပီး အပိုအထြာအျဖစ္ သူျပဳမိသည့္ သဝန္တိုမႈမ်ားကိုလည္း အေဝးသို႔ ပစ္ထုတ္လိုက္သည္။

ေဆး႐ုံ၌ အခ်ိန္တစ္နာရီခြဲၾကာေအာင္ ထပ္ေနခဲ့ၿပီးေနာက္ ယန္ယိက ဗီလာသို႔ ျပန္လာခဲ့သည္။ သူ႕ရဲ႕ အိမ္ေတာ္ထိန္းဝတ္စုံကို ေျပာင္းဝတ္လိုက္ၿပီး ေန႕စဥ္အလုပ္ေတြအတြက္ အဆင္သင့္ျဖစ္ေနခဲ့သည္။ လက္ဖမိုးေပၚက ဓားနဲ႕အထိုးခံထားရတဲ့ ဒဏ္ရာကလည္း သိပ္ၿပီး မျပင္းထန္ေတာ့ေပ။ သူ႕ခႏၶာကိုယ္ေပၚက က်ည္ဆန္ေပါက္ရာေတြနဲ႕ ယွဥ္ရင္ေတာ့ ဒါက ဘာမွမေျပာပေလာက္သည့္ ဒဏ္ရာေလးတစ္ခုသာ ျဖစ္သည္။ ယန္ယိက ေဆးပလတ္စတာတစ္ခုယူၿပီး လက္ဖမိုးက ဒဏ္ရာေပၚတြင္အုပ္ထားလိုက္သည္။ ဒဏ္ရာက စျဖစ္ကတည္းက ေသြးအမ်ားႀကီးမထြက္ထားေပမယ့္ ေဆးပလတ္စတာနဲ႕ကပ္ထားတာက ယန္ယိအတြက္ အကာအကြယ္တစ္ခုလိုျဖစ္ေစၿပီး မာေက်ာေသာအရာမ်ားႏွင့္ ထိမိရင္ေတာင္ သိပ္ၿပီးနာက်င္ရမွာ မဟုတ္တာေၾကာင့္ ျဖစ္သည္။

ယန္ယိက ညစာအတြက္ အသီးအႏွံေတြကို ေဆးေၾကာေနရင္း နရံေပၚက ညေနသုံးနာရီအတိကိုၫႊန္ျပေနေသာ နာရီကို ေမာ့ၾကည့္လိုက္သည္။

လုရွန္းက ဒီေန႕ သူေနာက္က်မယ္လို႔ ' ေျပာထားသည္။ ညစာခ်က္ဖို႔ၾကာမည့္အခ်ိန္ႏွင့္ လုရွန္းက်င္ျပန္လာနိုင္မည့္ အခ်ိန္ကို တြက္ခ်က္ၿပီးေနာက္ ယန္ယိက အသီးအႏွံထားသည့္ စင္မွမုန္လာဥနီကိုယူၿပီး ဆိုဖာတြင္ ေခြေခြေလးထိုင္ကာ ႐ုပ္ရွင္ၾကည့္ဖို႔အတြက္ ဇာတ္ကားတစ္ခ်ိဳ႕ေ႐ြးလိုက္သည္။

ဟိုအရင္အခ်ိန္ေတြတုန္းက လုရွန္းက်င္က ယန္ယိကို ႐ုပ္ရွင္ၾကည့္ဖို႔အတြက္ ႐ုပ္ရွင္႐ုံသို႔ ေခၚသြားဖူးသည္။ ယန္ယိက ထိုအမွတ္တရမ်ားကို အၿမဲတမ္းအသက္ျပန္သြင္းၿပီး လုရွန္းက်င္က သူ႕အနားမွာ ရွိေနသကဲ့သို႔ စိတ္ကူးနဲ႕ပုံေဖာ္ၾကည့္ကာ လက္ေခ်ာင္းေလးေတြနဲ႕ ထိုပုံရိပ္ကိုထိခတ္ၾကည့္ရင္း အနမ္းတစ္ခုေပးတတ္သည္။
တိက် ေသခ်ာေသာ မွတ္ဉာဏ္မ်ားႏွင့္ ယန္ယိနမ္းလိုက္သည္က ေလဟာနယ္ကိုမဟုတ္ပဲ သူ႕စိတ္ကူးထဲက လုရွန္းက်င္ကို ျဖစ္ေလသည္။

'ယန္ယိ သိပ္ကို သေဘာက်ရသည္။'

လုရွန္းက်င္ရဲ႕ လက္ေမာင္းထဲခိုဝင္ၿပီး နီးကပ္လြန္းေနတဲ့ လုရွန္းက်င္၏မ်က္ႏွာကိုေမာ့ၾကည့္ကာ ေခါင္းေလးေမာ့ၿပီး ႏႈတ္ခမ္းပါးေထာင့္ကို အနမ္းေပးရသည္ကို ယန္ယိသိပ္ကို သေဘာက်သည္။

"မစၥတာ ကြၽန္ေတာ္ ဒါကို ႀကိဳက္တယ္"

ယန္ယိအခုၾကည့္ေနတဲ့ ဇာတ္ကားက ထြက္ထားတာၾကာၿပီျဖစ္တဲ့ ဇာတ္ကားေဟာင္းတစ္ခုျဖစ္ၿပီး ဇာတ္လမ္းပါအေၾကာင္းအရာမ်ားက ယန္ယိအား အတိတ္ကိုျပန္လည္ေဆြးေျမ့ေစၿပီး နာက်င္ခံစားရေစသည္။

ႏူးညံ့သည့္ ယုန္နား႐ြက္မ်ားက စီးက်လာေသာမ်က္ရည္မ်ားကို အသာအယာပြတ္သုတ္လိုက္ၿပီး ခ်ိဳျမကာ ကြၽတ္႐ြေသာမုန္လာဥနီအား နည္းနည္းခ်င္းစီ ကိုက္စား‌ေနသည္။
မုန္လာဥနီတစ္လုံး လုံးစားကုန္သြားၿပီးေနာက္ ယန္ယိက ဆိုဖာေပၚမွထၿပီး CD ေခြကိုထုတ္ကာ လွ်ို႔ဝွက္အံဆြဲထဲရွိမွတ္စုစာအုပ္၏ေအာက္တြင္ ျပန္ထားလိုက္သည္။ ထို႔ေနာက္ စိုးရိမ္ပူပန္ျခင္းမရွိဘဲ ညစာျပင္ဖို႔အတြက္ မီးဖိုေခ်ာင္ထဲသို႔ ဝင္သြားခဲ့သည္။

သို႔ေပမယ့္ ယန္ယိပင္ မီးဖိုေခ်ာင္ထဲသို႔ မေရာက္ေသးခင္ အျပင္ဘက္မွ အိမ္ထဲဝင္ဖို႔ ေသာ့ဖြင့္ေနသည့္ အသံကို ၾကားလိုက္ရသည္။

'လုရွန္းက်င္ကိုယ္တိုင္ တံခါးဖြင့္ၿပီး အိမ္ထဲဝင္တာက မရွိလိုသည့္ ကိစၥပင္။ '

'ညစာေတာင္ မခ်က္ရေသးဘူးကို ဘာလို႔ သူက အေစာႀကီးျပန္လာတာလဲ။'

ယန္ယိက အေစာႀကီးျပန္လာသည့္ လုရွန္းက်င္ေၾကာင့္ အေတြးေတြရႈပ္ေထြးသြားၿပီး သူ႕လက္ထဲက က်န္ေနတဲ့မုန္လာဥနီ ေသးေသးေလးတစ္ဝက္ကို အိတ္ထဲထည့္လိုက္ကာ မလုံမလဲျဖစ္ေနသည့္ စိတ္ခံစားခ်က္ျဖင့္ လုရွန္းက်င္၏ ကုတ္အကၤ်ီကို ကမ္းယူလိုက္သည္။

လုရွန္းက်င္က အိမ္ထဲဝင္ဖို႔ ဖိနပ္လဲစီးေနရင္း သူ႕အိတ္ထဲက အမဲေရာင္လက္ေဆာင္ဗူးေလးထုတ္ကာ ယန္ယိဆီပစ္ေပးလိုက္သည္။

ယန္ယိက လုရွန္းက်င္ပစ္ေပးသည့္ လက္ေဆာင္ဗူးကို ဖမ္းယူၿပီး သူ႕နားအနားကပ္ကာ အထဲက မည္သည့္ပစၥည္းရွိမည္ကို အသံနားေထာင္၍ ခန႔္မွန္းၾကည့္ေနသည္။

"မစၥတာ ကြၽန္ေတာ့္အတြက္လား။"

"ဒီေန႕က မင္းေမြးေန႕မဟုတ္လား။"

ေႏြဦးမွာစီးဆင္းေနတဲ့ စမ္းေခ်ာင္းေလးတစ္ခုလို ေျခာက္ေသြ႕ေနတဲ့ ေျမလႊာၾကား ျဖည္းျဖည္းခ်င္းစီ တိုးဝင္စီးဆင္းၿပီး ေရဓာတ္ျဖည့္ေပးလိုက္သကဲ့သို႔ လုရွန္းက်င္၏ ေလးနက္ျခင္းလည္းမပါသလို ေပါ့လြန္းသည့္ ခံစားမႈမ်ိဳးလည္း မရသည့္ ထိုစကားလုံးမ်ားက မ်ိဳးေစ့ေလးေတြကို မ်ိဳးေအာင္ေစဖို႔ ေထာက္ကူေပးရင္း ေသးငယ္တဲ့အဖူးအၫႊန႔္ေလးေတြကိုပင္ တိုးထြက္လာေအာင္ ျပဳလုပ္ေပးလိုက္သကဲ့သို႔ သက္ေရာက္မႈရွိေလသည္။ ရွင္သန္မႈတစ္ခုကို ျဖစ္ေစၿပီး ပန္းေရာင္ ပန္းပြင့္ေသးေသးေလးမ်ားကိုပင္ ဖူးပြင့္လာေစသည္။

"ဒီေန႕က သူ႕ေမြးေန႕။" အက္ရွေနေသာ ေလသံျဖင့္ ယန္ယိက ေရ႐ြတ္လိုက္သည္။ သို႔ေပမယ့္ ဒါက အဓိကျပႆနာမဟုတ္ပါဘူး။ လုရွန္းက်င္က သူ႕ေမြးေန႕ကို အခုထိမွတ္မိေနတာကိုက သူ႕ကို စိတ္လႈပ္ရွားမႈျဖစ္ေစဖို႔ လုံေလာက္ေနေပသည္။

'သူ လက္ေဆာင္မရေတာ့တာ . ႏွစ္နဲ႕ခ်ီၿပီးေတာင္ ၾကာေနခဲ့ၿပီ။'

ႏူးညံ့စြာၿပဳံးလာသည့္ ႏႈတ္ခမ္းေလးမ်ားႏွင့္ အေဖာ္ျပဳကာ ယန္ယိ၏မ်က္ဝန္းမ်ားသည္လည္း လျခမ္းေလးလို ေကြးၫြတ္ေနသည္။ လက္ေဆာင္ဗူးေလးေပၚမွ ဖဲႀကိဳးကိုေျဖေနသည့္ လက္ေခ်ာင္းေလးမ်ားက လြယ္လြယ္နဲ႕ေျဖလို႔မရသည့္ ဖဲႀကိဳးအား အႀကိမ္မ်ားစြာ ေျဖဖို႔ ႀကိဳးစားရင္း အလုပ္မ်ားေနသည္။ ယန္ယိကေတာ့ သူ႕ကိုယ္သူ တည္ၿငိမ္ဖို႔ကို အတတ္နိုင္ဆုံးႀကိဳးစားေနသည္။

'အကိုက်င္က အပိုလုပ္တာေတြကို မႀကိဳက္ဘူး။'

"ဒါက ဂ်ာမန္မာဖလာ အသစ္တစ္ခုလား။ စနိုက္ပါ မွန္ဝိုင္းေလးလား။ ဒါမွမဟုတ္ ထပ္ၿပီးမထုတ္ေတာ့တဲ့ ကိုးလက္မေခါက္ခ်ိဳး ပလက္တီနမ္ ေသနတ္ ေျပာင္းစြပ္လား။ "

ယန္ယိက လက္ေဆာင္ဗူးတြင္ပတ္ထားေသာ ဖဲႀကိဳးကို ေျဖရင္းေမးလိုက္သည္။ လက္ေဆာင္ဗူးထဲတြင္ေတာ့ သူေျပာလိုက္တာေတြနဲ႕ မတူပဲ လင္းလက္ၿပီးေတာက္ပေနတဲ့ မုန္လာဥနီပုံစံ ရင္ထိုးေလး ရွိေနသည္။

အခ်ိန္ေတြက ထိုတစ္ခန၌ ေခတၱမွ်ရပ္တန႔္သြားခဲ့ၿပီး ယန္ယိက သူ႕လက္ထဲကလက္ေဆာင္ဗူးကိုကိုင္ထားရင္းပင္ ဘာစကားမွထပ္မဆိုနိုင္ပဲ ၿငိမ္သက္စြာ ရပ္ေနခဲ့သည္။

"ဒီဇိုင္နာက အဲ့ဒီတစ္ခုပဲ လုပ္ထားတာ။ တစ္ခုတည္းရွိတဲ့ ဒီဇိုင္း။"

လုရွန္းက်င္က ႐ုပ္ရွင္ၾကည့္ဖို႔ ဇာတ္ကားတစ္ကားကို ပ်င္းရိစြာေ႐ြးေနရင္း တည္ၿငိမ္ေသာေလသံျဖင့္ ေျပာလိုက္သည္။

'ေသခ်ာတာေပါ့ ဒါက ကန႔္သတ္ထုတ္ပစၥည္းလို႔ ဆိုရင္ေတာင္ ဒီလိုထူးဆန္းတဲ့ပုံစံမ်ိဳးနဲ႕ ရင္ထိုးကိုေတာ့ ေရာင္းၾကမွာ မဟုတ္ေပ။'

လုရွန္းက်င္အေနနဲ႕ေျပာရရင္ သူက အိုမီဂါေတြရဲ႕ အလွအပအေပၚခံစားမႈကိုနားမလည္သလို ဒီရင္ထိုးကဘာရည္႐ြယ္ခ်က္နဲ႕ ထုတ္ထားတယ္ဆိုတဲ့ အဓိပၸါယ္ကိုလည္း မသိေပ။ မဟုတ္လည္း အဲ့ဒီရင္ထိုးကို အားနည္းတဲ့ နား႐ြက္က်ယဳန္အိုမီဂါေလးေတြအတြက္ပဲ ထုတ္ထားတာ ျဖစ္မည္။

ယန္ယိက ရင္ထိုးကို သူ႕ရဲ႕ အမဲေရာင္အိမ္ေတာ္ထိန္းဝတ္စုံ၏ ေကာ္လံေပၚမွာ တပ္လိုက္ၿပီး လက္ေဆာင္ဗူးကိုကိုင္ထားရင္း ေျပာလိုက္သည္။

"ကြၽန္ေတာ္ အရမ္းႀကိဳက္တယ္။"

ယန္ယိ၏ သေဘာက်ေၾကာင္းေျပာလာသည့္ စကားအား လုရွန္းက်င္က ေခါင္းကိုသာညိတ္ၿပီး အသိအမွတ္ျပဳလိုက္သည္။

"ငါ ဗိုက္ဆာေနၿပီ။ ညစာျပင္ဖို႔ သြားေတာ့"

"ဟုတ္ကဲ့ ... ပါ။ "

ယန္ယိက သူ႕ရဲ႕ေခါင္းေလးကို ငုံ႕ၿပီး ရင္ဘတ္ေပၚက မုန္လာဥနီရင္ထိုးေလးကို သေဘာက်စြာ ၾကည့္ေနသည္။ ႏူးညံ့သည့္ ယုန္နား႐ြက္ေလးေတြက ေသြးေၾကာေလးမ်ားပါ ထင္းၿပီး နီရဲေနသည္။ ယန္ယိက မည္သို႔ပင္ သူ႕ခံစားခ်က္ေတြကို ထိန္းထားသည္ဟု ေျပာေနပါေစ သူအရမ္းေပ်ာ္ေနတာကိုေတာ့ လူတိုင္းက ေျပာနိုင္သည္။

"ေက်းဇူးတင္ပါတယ္ အကိုက်င္"

ဒါက သိပ္ကိုေပ်ာ္႐ႊင္ၿပီး ေက်းဇူးတင္ေၾကာင္းကိုလည္း မေျပာပဲ မနိုင္ျဖစ္ေနေသာ ယန္ယိ၏ႏႈတ္ထြက္စကားႏွင့္ သက္ေသအျဖစ္  ခါးပတ္၏အေပၚဘက္သို႔ အနည္းငယ္ေထာင္တက္ေနေသာ ယုန္အၿမီးေလးကို ေတြ႕ရေပမည္။

"သြားေတာ့ .. "

လုရွန္းက်င္က သူ႕မ်က္ဝန္းေတြကို ေမွးက်ဥ္းၿပီး ေဖ်ာ့ေတာ့ေသာေလသံျဖင့္ ျဖည္းညင္းစြာ ေျပာလိုက္သည္။

🥕🥕🥕🥕🥕🥕🥕🥕

Lop_eared Guard
Words-5210
Jul/3/2021
Wine.

🥕🥕🥕🥕🥕🥕🥕🥕

Continue Reading

You'll Also Like

437K 38.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
340K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
308K 17.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
855K 58.4K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)