Selenophile || NoMin

By Dayeon_Park

32.2K 3.3K 156

(n.) a person who loves the moon || Completed || More

Raison d'Γͺtre
Volery
Trouvaille
Laconic
Redamancy
Sundreesoro
Ephialtes
Lacuna
Busticate
Feuillemorte
selcouth
dystychiphobia
Lastimando
Serendipity
Gunnen
Acrasia
La Douler Exquise
Tacenda
Absquatulate
Selenophile ( 𝓯𝓲𝓷π“ͺ𝓡 )
α€€α€»α€±α€Έα€‡α€°α€Έα€α€„α€Ία€œα€½α€Ύα€¬
Eternal

Herzschmerz

1K 153 22
By Dayeon_Park

Herzschmerz
(n.) Heartache ; An emotional pain in the heart

.............................

အိမ်ပြန်နေတဲ့ လမ်းတွေက ပုံမှန်ထက် လေးလံနေတယ် .. လေးဆမက ။
ဘာဖြစ်လို့ .. ဘာဖြစ်လို့ ဒီလိုအဖြစ်မျိုးက သူ့ဆီမှာမှ ။

ဟန်နီက မနေ့ကတင် သူ့ကို သဘောတကျ နမ်းရှိုက်ခဲ့သေးတာ ..။
တစ်ယောက်တည်း သူလျှောက်လာတဲ့ ဒီလမ်းက တစ်နေ့ကမှ ဟန်နီနဲ့အတူ လျှောက်နေခဲ့သေးတာလေ ။

အိပ်မက်တွေများလား .. သူရူးခဲ့တာလား ..။
ဒီကိစ္စတွေက တကယ်မဖြစ်ခဲ့ဘူးလို့တော့ သူ့ကို မပြောကြပါနဲ့ ..။
ဒါပေမယ့် ဟန်နီက တကယ်ပဲ သူ့ကိုရက်စက်ခဲ့တယ်လို့လည်း သူမထင်နိုင်သေးဘူး ။

သူဘယ်လိုလုပ်ပြီး အခန်းထဲရောက်လာမှန်းလည်း မသိဘူး ။
ချုပ်တည်းထားသမျှတွေကို ဖွင့်ထုတ်မိမလို့ ကြံတော့ အသံက ထွက်မလာတော့ဘူး .. အဲ့ဒီအစား မျက်ရည်တွေ ..။

" Jaemin ah .. "

သူ့ရင်ဘတ်ကိုသူ ဖိထားရင်း ငိုနေမိတာက ဘယ်လောက်ကြာနေမှန်းမသိ ..

" မင်းက တကယ်ပဲ .. ဟန်နီရေ .. "

အသက်ရှူတွေကျပ်လာတာက သူပျော့ညံ့လို့များလား ။
သူက ပျော့ညံ့လွန်းနေတဲ့သူများလား ..။

[ " မင်း ငါ့ကို မုန်းခဲ့ဖူးလား .. "

" ဟင့်အင်း .. တစ်ခါမှ "

" ငါ့ကို တစ်ခါလောက်ပဲဖြစ်ဖြစ် မင်း ချစ်ခဲ့ဖူးလား "

" ငါ ဒီလိုမျိုး အဖြေ‌ပြန်ပေးလို့ ဖြစ်လား " ]

အတွေးတွေ ..
ပြန့်ကျဲနေတဲ့ အတွေးစတွေ ၊
အိပ်မက်ယောင်လို အထိအတွေ့တွေ ။

အမေရီကာနို အရသာ မပြယ်ခဲ့သေးတဲ့ ပထမဆုံး အနမ်းရဲ့ အဆုံးသတ်က သိပ်ကို ခါးလိုက်တာ ဟန်နီရေ ..။

ရူးနှမ်းလိုက်ရတာ .. တကယ်ကို ငါ အရာအားလုံး ပုံအပ်ထားလိုက်ရတာ ။
ဟန်နီရယ် ငါက မင်းကို အဲ့ဒီလို ..။

သူမငိုခဲ့တာ ဘယ်လောက်ကြာပြီလဲ ။
အခုတော့ ပြင်းပြင်းထန်ထန် .. မရပ်တန့်နိုင်လောက်အောင် သူ့မှာ နာနာကျင်ကျင် ငိုနေမိ ။
မျက်ရည်မကျတာ ဘယ်လောက်ကြာခဲ့ပြီလဲ သူမသိတော့ ။

တကယ်ကို ခက်ခဲလိုက်တာ ။
တကယ်ကို လွတ်ထွက်သွားချင်လောက်အောင် တင်းကြပ်လိုက်တဲ့ ခံစားချက်တွေ ..။

သူငို‌ထားတာ ဘယ်လောက်ကြာသွားမှန်းမသိ ။
ဖေဖေ့ဆီက ဖုန်း၀င်လာတာကို မကိုင်ဘဲ ထိုင်ကြည့်နေမိသည် ..။

ခဏကြာမှ မျက်နှာသွားသစ်မိတော့ မှန်ထဲက သူ့မျက်နှာက တကယ်ကို ကြည့်ရှုချင်စရာမရှိ ။

ရှုပ်ပွနေတဲ့ ဆံပင်တွေက .. ဟန်နီပွတ်သပ်ခဲ့တဲ့ ဆံပင်တွေ ။
နီရဲနေတဲ့ မျက်လုံးက ဟန်နီ့မျက်၀န်းလှလှတွေနဲ့ အကြည့်တွေ ဖလှယ်ခဲ့ဖူးပြီး ကိုယ့်ဘာသာကိုက်ခဲထားမိတဲ့ ဒီနှုတ်ခမ်းတွေက .. ဟန်နီ သူ့ကို နမ်းရှိုက်ခဲ့ဖူးတဲ့ နှုတ်ခမ်းတွေလေ ။

ခဏနေမှ ဖေဖေ့ကို ဖုန်းပြန်ဆက်မိတော့ တစ်ဖက်က ဖေဖေ့အသံက မြူးတူးစွာ ရယ်နေပုံပေါက်သည် ။

" ဖေဖေ ဖုန်းခေါ်ထားတုန်းက သားရေချိုးနေလို့ "

အလိမ်အညာတွေ ။
သူဘယ်တုန်းက အဲ့ဒီလို လိမ်ညာတတ်သွားတာလဲ ..။
ဟန်နီ့ကြောင့် မနာကျင်ပါဘူးလို့ ဟန်ဆောင်တတ်ခါစတည်းက များလား ။

" Jeno "

" ဟုတ် ဖေဖေ "

" ခုနက သားများ အပြင်မှာ ညစာအတူစားချင်မလား မေးမလို့ပါကွ ။ Jaeminဖေဖေနဲ့ တွေ့နေကြတာလေ အခု"

သူ့လက်တွေက တုန်ယင်နေတာ ထိန်းမရ ။

" Jaeminရော ပါလား ဖေဖေ "

" မပါဘူး .. ချွေးမလေးရမယ့် ငါ့သူငယ်ချင်းကို လာဂုဏ်ပြုတာကွ ။ ခဏနေရင် သွားသောက်ဦးမှာ ။ ခုနက ခေါ်ချင်ခဲ့ပေမယ့် အခုတော့ လူငယ်လေးက မလာနဲ့တော့ "

ဖေဖေ့စကားတွေက သူ့ရင်ကို ခွဲနေသလို ။
ချွေးမလေး .. ဟုတ်တာ‌ပေါ့ .. ဟန်နီ့ဘေးနေရာလွတ်မှာ ၀င်ပါလာမယ့် အမျိုးသမီးလေး ။

" ဟုတ် ဖေဖေ .. ပျော်ခဲ့နော် "

ဖုန်းကိုချလိုက်ပြီး သူ အိပ်ရာပေါ် ပစ်လှဲမိလိုက်သည် ။
သူ့ရင်ဘတ်ထဲက ခံစားချက်တွေက ပေါက်ကွဲထွက်မတတ်ကို တင်းကြပ်နေခဲ့တာ ..။

ဘာလုပ်ရမလဲ .. သူအခု ဘာလုပ်ရမလဲ ။
ဟန်နီ့ဆီ သွားဖို့ တွေးလိုက်တဲ့ ခြေလှမ်းတွေက အိပ်ခန်းထဲမှာတင် ခေါက်တုံ့ခေါက်ပြန် ။

နောက်ဆုံး ဆုံးဖြတ်ချက်က အိပ်ခန်းတံခါးကို ဖွင့်ပြီး သူ့ကားထဲကို ၀င်ထိုင်မိတာပင် ။

" တစ်ခါပဲ .. တစ်ခါပါပဲ .. "

ဟန်နီ့အိမ်ကို ကားမောင်းရတာက ကားမမောင်းတတ်ခင်ကထက်တောင် ပိုခက်နေခဲ့ ။
အလွဲလွဲအချော်ချော် မှား၀င်မိတဲ့ လမ်းတွေက သူ့ကိုလှောင်သည် .. " မင်းက ရူးနေပြီ " တဲ့ ။
သူက တကယ်ကို ရူးနေခဲ့ရပါသည် ။

ကားရပ်လိုက်သည်နှင့် Jeno မဆင်းနိုင်သေးပါ ။
အားမွေးနေရတာ အဲ့သည်လောက်တောင် ခက်ခဲသလား ..
ဟန်နီ သူ့ကို ပစ်ပစ်ခါခါ ဆက်ဆံ‌ခဲ့သည့် အချိန်တွေတုန်းကတောင် သူ‌ဒီလောက် နောက်မတွန့်တတ်ခဲ့သေးပါ ။

ကားပေါ်က ဆင်းပြီး bellကို နှိပ်တော့ အိမ်ရှေ့ကို ထွက်မလာတဲ့ ဟန်နီက သူလာတာ သိလို့များလား ..။
သူမို့လို့ ထွက်မလာတာများလား ။

ဆယ်မိနစ်လောက် စောင့်ပြီးတဲ့နောက်မှာ သူ့ဖုန်းကိုထုတ်ရင်း ဟန်နီ့ဆီကို စာပို့လိုက်သည် ။
စာကြောင်းရေ တိုတိုလေးကို ပို့တာတောင် သူ့မှာတုန်ရီနေခဲ့ရ ။

✉️ - ငါပါ .. ကျေးဇူးပြုပြီး ငါ့ကို ထွက်တွေ့ပေးပါ ..

နောက်ထပ် ငါးမိနစ်လောက်နေမှ ထွက်လာတဲ့ ဟန်နီက မနေ့ကလို ပျော်မြူးနေတဲ့ ကလေးလေးမဟုတ်တော့ ။
မိုးပြာရောင် ဆွယ်တာလေးနဲ့ ဆံပင်အုပ်အုပ်ကလေး မဟုတ်တော့ ..။

အရင်ကအတိုင်း အမည်းရောင် Hoodieကို ခေါင်းပါ စွပ်ထားပေမယ့် နဖူးပေါ် ဝဲကျမနေတဲ့ ဆံပင်တွေက သေသေချာချာ ပြင်ဆင်ထားခဲ့သည်နေမှာ.. သူတို့ရဲ့စေ့စပ်ပွဲအတွက်ဆိုတာ အသေအချာ ။

Hoodieအိတ်ထဲကို သူ့ရှေ့ရောက်မှ လက်နှစ်ဖက်လုံး ထိုးထည့်လိုက်တဲ့ ဟန်နီ့ရဲ့ ညာဘက် လက်ညှိုးလေးမှာ မနေ့က သူပေးခဲ့တဲ့ လက်စွပ်ကလေး မရှိတော့တဲ့အစား ဘယ်ဘက် လက်သန်းကြွယ်မှာတော့ စိန်စီထားတဲ့ စေ့စပ်လက်စွပ်လေး ၀တ်ထားတာကို သူမြင်လိုက်ရသည် ။

" ဟား ... "

သူက လှောင်ရယ်မိလိုက်သည် ထင်သည် ။
ဒီတစ်ခါတော့ .. သူက နင့်နင့်နဲနဲ လှောင်ရယ်ခဲ့မိသည် ။

သူ့ကို စိုက်ကြည့်နေသည့် ဟန်နီ့မျက်လုံးသေတွေက စူးရှလို့ ။
ဘာအမူအရာမှ ပြောင်းလဲဟန်မပြတဲ့ မျက်နှာက သူ့နှလုံးသားကို ဖြည်းဖြည်းချင်း မွှန်းနေသလို ..။

" ဘယ်ကနေ စပြီး ပြောရပါ့မလဲ Jaem .. "

" ..... "

" ငါ စကားတွေ အများကြီး တွေးလာခဲ့တာ ။
မင်းကို မြင်လိုက်တော့ ဘာစကားမှ ထွက်မလာတော့ဘူး .. ဘယ်လိုလုပ်ရမလဲ "

" ...... "

" ငါ မင်းကို ဘယ်စကားလုံးမျိုးကနေ စပြောသင့်လဲဟင် .."

သူ့စကားသံတွေက တကယ်ကို တုန်ယင်နေခဲ့တာ သိသိသာသာ ။

အေးစက်စက် တိုက်တဲ့ ည‌ချမ်းလေက ဟန်နီ့အကြည့်တွေလောက် အေးစက်ပါရဲ့လား ..။

ဟန်နီ့ခြံရှေ့က ကျွမ်းခါနီးနေတဲ့ မီးလုံးက မှိတ်ကျသွားတော့မယ့်အခြေအနေနဲ့ တူတဲ့ သူတို့ရဲ့ ဆက်ဆံရေးကို မီးမှောင်းထိုးပြနေသလို ။

" ပျော်ခဲ့ရတယ်မလား .. မင်း‌ပျော်ခဲ့တယ်မလား .. "

" .... "

" ငါနဲ့အတူတူရှိခဲ့တဲ့ ဒီရက်တွေမှာ .. "

" ..... "

" မင်း ပျော်ခဲ့ရင် ရပါပြီ .. မင်းပျော်နေခဲ့ရင်ရပြီ ။
ငါက အရေးမကြီးတာမို့လေ "

မျက်လုံးသေတွေနဲ့ ကြည့်နေပေမယ့် ဟန်နီ့မျက်၀န်းအိမ်တွေက လှုပ်ခတ်နေတာများလား ..
ဟန်နီ့ မျက်၀န်းတွေကလေ .. တုန်လှုပ်နေတာများလား ။

နောက်ဆုံးတစ်ခေါက်လောက်ဖြစ်ဖြစ် နစ်၀င်ကြည့်ချင်တဲ့ နှုတ်ခမ်းပါးတွေက တင်းတင်းစေ့လို့ သူ့ကို အမူအရာမပျက် ငေးကြည့်နေခဲ့တာ ။

" အမြဲတမ်း မင်းပျော်‌ရွှင်နေမယ် ဆိုရင် .. အဲ့ဒီမိန်းကလေးနဲ့ပဲဖြစ်ဖြစ် မင်းပျော်နေမယ်ဆိုရင် ရပါပြီ "

ငါ့ကို ချစ်ခဲ့ဖူးလားလို့ နောက်တစ်ခေါက် ထပ်မမေးချင်တော့ဘူး .. ဟန်နီက သူ့ကို ချစ်တယ်လို့မှ မဖြေဖူးခဲ့တာလေ ။
သူကသာ တစ်ဖက်သတ် ပျော်ရွှင်နေခဲ့တာ .. ရယ်စရာ ။

" ဒါပေမယ့် .. ဒါပေမယ့်လေ .. ဟန်နီရယ် .. "

သူ့နှုတ်က ထွက်သွားတဲ့ အခေါ်အဝေါ်ကြောင့် ၊ သူခေါ်လိုက်မိတဲ့ အသုံးအနှုန်းကြောင့် တင်းတင်းစေ့ထားတဲ့ ဟန်နီ့နှုတ်ခမ်းပါးတွေက တုန်ယင်လာခဲ့သည် ။
မျက်၀န်းသေတွေက ပိုပြီး ဝိုင်းစက်လာခဲ့တဲ့ အကြည့်တွေဆီ ပြောင်းလာခဲ့ပေမယ့် ခေတ္တခဏလေးပဲ ကြာရှည်ခံခဲ့ပါသည် ..။

ဘာလို့ အဲ့ဒီလောက် လွယ်လွယ် ပျက်စီးသွားခဲ့ကြတာလဲ လို့ မေးမလို့ ပြင်ပြီးမှ ဟန်နီက လွယ်လွယ်လေးဆောက်ခဲ့တဲ့ ဆက်ဆံရေးမှန်း သတိရသည် ။
သူ့နှလုံးသားကို စုတ်ဖြဲပစ်လိုက်တာကမှ ခံသာပါဦးမည် ..။

" အနာဂတ် .. အဲ့ဒီအနာဂတ်မှာ မင်းကို ‌တွယ်ကပ်နေမယ့် ငါက ရှိတော့မှာ မဟုတ်ဘူး ။ မင်းလက်ကို .. ပိုင်ရှင်ရှိလာမယ့် လူတစ်ယောက်ရဲ့လက်ကို ဆက်ပြီး ဆွဲထားဖို့ ငါမရဲတင်းနိုင်တော့ဘူး "

" ...... "

" ငါ နာကျင်လိုက်တာ Jaeminရယ် ။
မင်း မသိပေမယ့်လေ .. ဒီနေရာ .. ဒီနေရာက စုတ်ပြတ်သတ်နေပြီနဲ့ တူတယ် .. ငါဘယ်လိုလုပ်ရပါ့မလဲ "

သူ့ရင်ဘတ်ကို သူထုပြီး စကားပြောရင်း ငိုမိလာသည် ။
ဟန်နီ့ရှေ့မှာ ဒီပုံစံ မပြချင်ခဲ့ပေမယ့် သူထိန်းမရခဲ့တော့ပါ ။

" ငါ မင်းကို စပြီး ချစ်ခဲ့ကတည်းက ငါနာကျင်ရမယ်လို့ သိခဲ့ပြီးသားပါ ။ ငါခံနိုင်ခဲ့တာလည်း မင်းသိပါတယ် .. ဒါပေမယ့် ဒီတစ်ခေါက်တော့ ငါရူးသွားတော့မယ်ထင်တယ် ။
ငါ့နှလုံးသားကလည်း သူပင်ပန်းနေပြီလို့ ငါ့ကိုပြောနေတယ် .. "

" ...... "

" ငါမင်းကို လွှတ်ချခဲ့လိုက်ရင် သက်သာသွားမှာလား ။
မင်းငါ့ကို ဒီလို ဘာမဟုတ်သလို ပစ်ချခဲ့တဲ့အတိုင်း ငါမင်းကို လွှတ်ချခဲ့ရင် ဒီနေရာက သက်သာသွားမှာလား ။
ငါမလုပ်နိုင်သေးဘူး ထင်တယ် .. ဘယ်လိုလုပ်ရမလဲ .. အဲ့လို ဒီတိုင်းကြည့်‌မနေဘဲ တစ်ခုခုပြောစမ်းပါ .. ငါဘယ်လို လုပ်ရပါ့မလဲ "

" ...... "

ဘာစကား တစ်ခွန်းမှ ဟမလာတဲ့ ဟန်နီ့ရဲ့ ပါးတစ်ဖက်ကို သူအုပ်ကိုင်မိတော့ မရုန်းတဲ့ ဟန်နီက အထူးအဆန်းလို .. ဒါပေမယ့် ထူးဆန်းမနေတော့ ။

" တောင်းပန်ပါတယ် .. ငါမင်းကို လက်လွှတ်ခဲ့လိုက်တော့မယ် ။ ငါက မင်းကို တွယ်ကပ်နေရတဲ့ ဘ၀ကို မင်းသဘောအတိုင်း ငါလွှတ်ချပစ်ခဲ့လိုက်တော့မယ် ။
အဲ့ဒီအစား ကတိတစ်ခုတော့ပေးပါ .. ကျိန်းသေပေါက် မင်းက ငါ့ထက် အဆတွေအများကြီး ပိုပြီး ပျော်ရွှင်ပေးရမယ် "

မျက်ရည်တွေနဲ့ သူပြောမိတဲ့စကားက ရင်ထဲက စကားတွေမှန်း ဟန်နီက ကောင်းကောင်း သိမှာပါ ။
မျက်ရည်တွေကို သုတ်ပြီး သူပြုံးပြလိုက်မိတယ် .. နာနာကျင်ကျင်အပြုံးမျိုးကို ဟန်နီက အရင်းနှီးခဲ့ဆုံးလူပါပဲ ။

" ဆယ်စက္ကန့်လောက် .. ဆယ်စက္ကန့်လောက် မင်းကို ဖက်ထားခွင့်ပေးပါ "

ခွင့်တောင်းစကားဆိုပေမယ့် ခွင့်ပြုချက်ကို စောင့်မနေဘဲ ရင်ခွင်ထဲ ထည့်ထားလိုက်မိတယ် ။
အလိုက်သင့်မဟုတ်ပေမယ့် သူဖက်လိုက်လို့ ရင်ခွင်ထဲရောက်လာတဲ့ အဲ့ဒီကောင်လေးက သူ့ကို ပြန်တော့ ဖက်မလာခဲ့ ။

// 1..2..3..4.. //

အချိန်တွေက ဒီနေ့ သိပ်မြန်တာပဲ ။

// 5..6..7..8 //

ငါ အမြဲတမ်း အမှတ်ရနေပါ့မယ် .. ။
ဒီကိုယ်သင်းနံ့လေး .. ဒီခန္ဓာကိုယ်လေး ..။

// 9..10 //

ငါတို့ တစ်သက်လုံး ‌ဝေးသွားကြတာပေါ့ ဟန်နီရေ ။
ငါမင်းကို လက်လွှတ်ပေးခဲ့ပါတယ် ။

ဖက်နေရာကနေ ခွာလိုက်ပြီး သူဟန်နီ့ကို နောက်တစ်ခေါက် ထပ်ပြီး ပြုံးပြလိုက်တယ် ။
စိတ်လိုလက်ရ .. နှစ်နှစ်ကာကာ .. တကယ်ကို ပျော်ရွှင်နေတဲ့ဟန်နဲ့ပဲ ။

" အိမ်ထဲ ၀င်တော့ .. ငါခဏနေရင် ပြန်တော့မယ် "

သူ့ကို ဆယ်စက္ကန့်လောက် စိုက်ကြည့်နေခဲ့တဲ့ ဟန်နီက ပြီးမှ တစ်လှမ်းချင်း တရွေ့ရွေ့နဲ့ အိမ်ထဲ၀င်သွားတယ် ။

အိမ်တံခါးလေး ပိတ်သွားတဲ့အထိ ငေးကြည့်ပြီးတော့မှ သူကားပေါ်ကို တက်လာခဲ့တယ် ။
ကားစက်လည်း မနှိုးရသေး ၊ သူဒီအတိုင်း အကြာကြီး ငေးကြည့်နေခဲ့မိတယ် ဒီအိမ်ကလေး ။

စောင့်နေမိခဲ့တာက ဟန်နီ နောက်တစ်ခေါက်လောက် ပြန်ထွက်လာဖို့ကိုလား ..?
ဒါမှမဟုတ် ကျွမ်းခါနီးနေတဲ့ မီးလုံး မှိတ်သွားတာကိုလား ?

ဟန်နီ့အိမ်ရှေ့က မီးလုံးလေးက ပြန်မလင်းလာနိုင်လောက်အောင် ပိတ်ကျသွားတယ် ။
မီးကျွမ်းသွားတဲ့ မီးလုံးက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးလိုပဲ အမှောင်ကျသွားခဲ့ပြီ ။

သူကားမောင်းပြီး ထွက်လာခဲ့လိုက်တော့တယ် ..
အသွားကထက် စာရင် ပိုပြီးပေါ့ပါးနေသလား မသိတော့တဲ့ စိတ်တွေ ..။

နှာခေါင်းထဲက တစ်ခုခုစီးကျလာတာကို လက်နဲ့ခံထားမိလိုက်တော့ ထပ်ပြီး နှာခေါင်းသွေးတွေ ယိုနေပြန်တယ် ။
‌ကားပေါ်မှာ တစ်ရှူးတွေ ဘူးလိုက်ရှိနေတာ တော်ပါသေးရဲ့ ။

နှာခေါင်း၀မှာ တစ်ရှူးကို ဆို့ပြီး ကားဆက်မောင်းနေမိတယ် ။
ဒီနေ့အဖို့ မျက်ရည်တွေက ကုန်သွားသလိုပဲ .. သူမငိုချင်တော့ပေမယ့် လမ်းမပေါ်မှာတော့ ဟန်နီ့မျက်၀န်းတွေနဲ့ ပြည့်နှက်နေခဲ့ ။

ခလုတ်မှားနှိပ်မိလို့ ပွင့်လာတဲ့ Radioက သီချင်းက သူ့ကိုပြောင်နေသလို ..။

[ It's impossible to get you off my mind .
I think about 100 thoughts and you are 99 .
I've understood that you will never be mine .
That's fine . I'm just breaking inside . ]

မှားနှိပ်မိတဲ့ ခလုတ်ကို သူပိတ်ချလိုက်မိတယ် ။
ဟန်နီရေ .. ငါမင်းကို တကယ် သိပ်ချစ်ခဲ့ပါတယ် ။

...............................

ငါမချစ်လည်း ဖြစ်တဲ့သူကိုမှ
ငါချစ်ခဲ့မိပါတယ် ။
ငါမရှိလည်း ဖြစ်တဲ့သူကိုမှ
ငါတွယ်ကပ်မိခဲ့ ။

မင်းကို လက်လွှတ်လိုက်တော့မယ် ဟန်နီရေ ..
အရောင်စုံတဲ့ ငါ့ရဲ့ လိပ်ပြာကလေး
ဟိုးအဝေးကြီးမှာလည်း မင်းပျော်ပါစေ ။

.................................

( ZawGyi )

Herzschmerz
(n.) Heartache ; An emotional pain in the heart

.............................

အိမ္ျပန္ေနတဲ့ လမ္းေတြက ပုံမွန္ထက္ ေလးလံေနတယ္ .. ေလးဆမက ။
ဘာျဖစ္လို႔ .. ဘာျဖစ္လို႔ ဒီလိုအျဖစ္မ်ိဳးက သူ႕ဆီမွာမွ ။

ဟန္နီက မေန႕ကတင္ သူ႕ကို သေဘာတက် နမ္းရွိုက္ခဲ့ေသးတာ ..။
တစ္ေယာက္တည္း သူေလွ်ာက္လာတဲ့ ဒီလမ္းက တစ္ေန႕ကမွ ဟန္နီနဲ႕အတူ ေလွ်ာက္ေနခဲ့ေသးတာေလ ။

အိပ္မက္ေတြမ်ားလား .. သူ႐ူးခဲ့တာလား ..။
ဒီကိစၥေတြက တကယ္မျဖစ္ခဲ့ဘူးလို႔ေတာ့ သူ႕ကို မေျပာၾကပါနဲ႕ ..။
ဒါေပမယ့္ ဟန္နီက တကယ္ပဲ သူ႕ကိုရက္စက္ခဲ့တယ္လို႔လည္း သူမထင္နိုင္ေသးဘူး ။

သူဘယ္လိုလုပ္ၿပီး အခန္းထဲေရာက္လာမွန္းလည္း မသိဘူး ။
ခ်ဳပ္တည္းထားသမွ်ေတြကို ဖြင့္ထုတ္မိမလို႔ ႀကံေတာ့ အသံက ထြက္မလာေတာ့ဘူး .. အဲ့ဒီအစား မ်က္ရည္ေတြ ..။

" Jaemin ah .. "

သူ႕ရင္ဘတ္ကိုသူ ဖိထားရင္း ငိုေနမိတာက ဘယ္ေလာက္ၾကာေနမွန္းမသိ ..

" မင္းက တကယ္ပဲ .. ဟန္နီေရ .. "

အသက္ရႉေတြက်ပ္လာတာက သူေပ်ာ့ညံ့လို႔မ်ားလား ။
သူက ေပ်ာ့ညံ့လြန္းေနတဲ့သူမ်ားလား ..။

[ " မင္း ငါ့ကို မုန္းခဲ့ဖူးလား .. "

" ဟင့္အင္း .. တစ္ခါမွ "

" ငါ့ကို တစ္ခါေလာက္ပဲျဖစ္ျဖစ္ မင္း ခ်စ္ခဲ့ဖူးလား "

" ငါ ဒီလိုမ်ိဳး အေျဖျပန္ေပးလို႔ ျဖစ္လား " ]

အေတြးေတြ ..
ျပန႔္က်ဲေနတဲ့ အေတြးစေတြ ၊
အိပ္မက္ေယာင္လို အထိအေတြ႕ေတြ ။

အေမရီကာနို အရသာ မျပယ္ခဲ့ေသးတဲ့ ပထမဆုံး အနမ္းရဲ႕ အဆုံးသတ္က သိပ္ကို ခါးလိုက္တာ ဟန္နီေရ ..။

႐ူးႏွမ္းလိုက္ရတာ .. တကယ္ကို ငါ အရာအားလုံး ပုံအပ္ထားလိုက္ရတာ ။
ဟန္နီရယ္ ငါက မင္းကို အဲ့ဒီလို ..။

သူမငိုခဲ့တာ ဘယ္ေလာက္ၾကာၿပီလဲ ။
အခုေတာ့ ျပင္းျပင္းထန္ထန္ .. မရပ္တန႔္နိုင္ေလာက္ေအာင္ သူ႕မွာ နာနာက်င္က်င္ ငိုေနမိ ။
မ်က္ရည္မက်တာ ဘယ္ေလာက္ၾကာခဲ့ၿပီလဲ သူမသိေတာ့ ။

တကယ္ကို ခက္ခဲလိုက္တာ ။
တကယ္ကို လြတ္ထြက္သြားခ်င္ေလာက္ေအာင္ တင္းၾကပ္လိုက္တဲ့ ခံစားခ်က္ေတြ ..။

သူငိုထားတာ ဘယ္ေလာက္ၾကာသြားမွန္းမသိ ။
ေဖေဖ့ဆီက ဖုန္း၀င္လာတာကို မကိုင္ဘဲ ထိုင္ၾကည့္ေနမိသည္ ..။

ခဏၾကာမွ မ်က္ႏွာသြားသစ္မိေတာ့ မွန္ထဲက သူ႕မ်က္ႏွာက တကယ္ကို ၾကည့္ရႈခ်င္စရာမရွိ ။

ရႈပ္ပြေနတဲ့ ဆံပင္ေတြက .. ဟန္နီပြတ္သပ္ခဲ့တဲ့ ဆံပင္ေတြ ။
နီရဲေနတဲ့ မ်က္လုံးက ဟန္နီ႕မ်က္၀န္းလွလွေတြနဲ႕ အၾကည့္ေတြ ဖလွယ္ခဲ့ဖူးၿပီး ကိုယ့္ဘာသာကိုက္ခဲထားမိတဲ့ ဒီႏႈတ္ခမ္းေတြက .. ဟန္နီ သူ႕ကို နမ္းရွိုက္ခဲ့ဖူးတဲ့ ႏႈတ္ခမ္းေတြေလ ။

ခဏေနမွ ေဖေဖ့ကို ဖုန္းျပန္ဆက္မိေတာ့ တစ္ဖက္က ေဖေဖ့အသံက ျမဴးတူးစြာ ရယ္ေနပုံေပါက္သည္ ။

" ေဖေဖ ဖုန္းေခၚထားတုန္းက သားေရခ်ိဳးေနလို႔ "

အလိမ္အညာေတြ ။
သူဘယ္တုန္းက အဲ့ဒီလို လိမ္ညာတတ္သြားတာလဲ ..။
ဟန္နီ႕ေၾကာင့္ မနာက်င္ပါဘူးလို႔ ဟန္ေဆာင္တတ္ခါစတည္းက မ်ားလား ။

" Jeno "

" ဟုတ္ ေဖေဖ "

" ခုနက သားမ်ား အျပင္မွာ ညစာအတူစားခ်င္မလား ေမးမလို႔ပါကြ ။ Jaeminေဖေဖနဲ႕ ေတြ႕ေနၾကတာေလ အခု"

သူ႕လက္ေတြက တုန္ယင္ေနတာ ထိန္းမရ ။

" Jaeminေရာ ပါလား ေဖေဖ "

" မပါဘူး .. ေခြၽးမေလးရမယ့္ ငါ့သူငယ္ခ်င္းကို လာဂုဏ္ျပဳတာကြ ။ ခဏေနရင္ သြားေသာက္ဦးမွာ ။ ခုနက ေခၚခ်င္ခဲ့ေပမယ့္ အခုေတာ့ လူငယ္ေလးက မလာနဲ႕ေတာ့ "

ေဖေဖ့စကားေတြက သူ႕ရင္ကို ခြဲေနသလို ။
ေခြၽးမေလး .. ဟုတ္တာေပါ့ .. ဟန္နီ႕ေဘးေနရာလြတ္မွာ ၀င်ပါလာမယ့် အမ်ိဳးသမီးေလး ။

" ဟုတ္ ေဖေဖ .. ေပ်ာ္ခဲ့ေနာ္ "

ဖုန္းကိုခ်လိဳက္ၿပီး သူ အိပ္ရာေပၚ ပစ္လွဲမိလိုက္သည္ ။
သူ႕ရင္ဘတ္ထဲက ခံစားခ်က္ေတြက ေပါက္ကြဲထြက္မတတ္ကို တင္းၾကပ္ေနခဲ့တာ ..။

ဘာလုပ္ရမလဲ .. သူအခု ဘာလုပ္ရမလဲ ။
ဟန္နီ႕ဆီ သြားဖို႔ ေတြးလိုက္တဲ့ ေျခလွမ္းေတြက အိပ္ခန္းထဲမွာတင္ ေခါက္တုံ႕ေခါက္ျပန္ ။

ေနာက္ဆုံး ဆုံးျဖတ္ခ်က္က အိပ္ခန္းတံခါးကို ဖြင့္ၿပီး သူ႕ကားထဲကို ၀င်ထိုင်မိတာပင် ။

" တစ္ခါပဲ .. တစ္ခါပါပဲ .. "

ဟန္နီ႕အိမ္ကို ကားေမာင္းရတာက ကားမေမာင္းတတ္ခင္ကထက္ေတာင္ ပိုခက္ေနခဲ့ ။
အလြဲလြဲအေခ်ာ္ေခ်ာ္ မွား၀င္မိတဲ့ လမ္းေတြက သူ႕ကိုေလွာင္သည္ .. " မင္းက ႐ူးေနၿပီ " တဲ့ ။
သူက တကယ္ကို ႐ူးေနခဲ့ရပါသည္ ။

ကားရပ္လိုက္သည္ႏွင့္ Jeno မဆင္းနိုင္ေသးပါ ။
အားေမြးေနရတာ အဲ့သည္ေလာက္ေတာင္ ခက္ခဲသလား ..
ဟန္နီ သူ႕ကို ပစ္ပစ္ခါခါ ဆက္ဆံခဲ့သည့္ အခ်ိန္ေတြတုန္းကေတာင္ သူဒီေလာက္ ေနာက္မတြန႔္တတ္ခဲ့ေသးပါ ။

ကားေပၚက ဆင္းၿပီး bellကို ႏွိပ္ေတာ့ အိမ္ေရွ႕ကို ထြက္မလာတဲ့ ဟန္နီက သူလာတာ သိလို႔မ်ားလား ..။
သူမို႔လို႔ ထြက္မလာတာမ်ားလား ။

ဆယ္မိနစ္ေလာက္ ေစာင့္ၿပီးတဲ့ေနာက္မွာ သူ႕ဖုန္းကိုထုတ္ရင္း ဟန္နီ႕ဆီကို စာပို႔လိုက္သည္ ။
စာေၾကာင္းေရ တိုတိုေလးကို ပို႔တာေတာင္ သူ႕မွာတုန္ရီေနခဲ့ရ ။

- ငါပါ .. ေက်းဇူးျပဳၿပီး ငါ့ကို ထြက္ေတြ႕ေပးပါ ..

ေနာက္ထပ္ ငါးမိနစ္ေလာက္ေနမွ ထြက္လာတဲ့ ဟန္နီက မေန႕ကလို ေပ်ာ္ျမဴးေနတဲ့ ကေလးေလးမဟုတ္ေတာ့ ။
မိုးျပာေရာင္ ဆြယ္တာေလးနဲ႕ ဆံပင္အုပ္အုပ္ကေလး မဟုတ္ေတာ့ ..။

အရင္ကအတိုင္း အမည္းေရာင္ Hoodieကို ေခါင္းပါ စြပ္ထားေပမယ့္ နဖူးေပၚ ဝဲက်မေနတဲ့ ဆံပင္ေတြက ေသေသခ်ာခ်ာ ျပင္ဆင္ထားခဲ့သည္ေနမွာ.. သူတို႔ရဲ႕ေစ့စပ္ပြဲအတြက္ဆိုတာ အေသအခ်ာ ။

Hoodieအိတ္ထဲကို သူ႕ေရွ႕ေရာက္မွ လက္ႏွစ္ဖက္လုံး ထိုးထည့္လိုက္တဲ့ ဟန္နီ႕ရဲ႕ ညာဘက္ လက္ညွိုးေလးမွာ မေန႕က သူေပးခဲ့တဲ့ လက္စြပ္ကေလး မရွိေတာ့တဲ့အစား ဘယ္ဘက္ လက္သန္းႂကြယ္မွာေတာ့ စိန္စီထားတဲ့ ေစ့စပ္လက္စြပ္ေလး ၀တ်ထားတာကို သူျမင္လိုက္ရသည္ ။

" ဟား ... "

သူက ေလွာင္ရယ္မိလိုက္သည္ ထင္သည္ ။
ဒီတစ္ခါေတာ့ .. သူက နင့္နင့္နဲနဲ ေလွာင္ရယ္ခဲ့မိသည္ ။

သူ႕ကို စိုက္ၾကည့္ေနသည့္ ဟန္နီ႕မ်က္လုံးေသေတြက စူးရွလို႔ ။
ဘာအမူအရာမွ ေျပာင္းလဲဟန္မျပတဲ့ မ်က္ႏွာက သူ႕ႏွလုံးသားကို ျဖည္းျဖည္းခ်င္း မႊန္းေနသလို ..။

" ဘယ္ကေန စၿပီး ေျပာရပါ့မလဲ Jaem .. "

" ..... "

" ငါ စကားေတြ အမ်ားႀကီး ေတြးလာခဲ့တာ ။
မင္းကို ျမင္လိုက္ေတာ့ ဘာစကားမွ ထြက္မလာေတာ့ဘူး .. ဘယ္လိုလုပ္ရမလဲ "

" ...... "

" ငါ မင္းကို ဘယ္စကားလုံးမ်ိဳးကေန စေျပာသင့္လဲဟင္ .."

သူ႕စကားသံေတြက တကယ္ကို တုန္ယင္ေနခဲ့တာ သိသိသာသာ ။

ေအးစက္စက္ တိုက္တဲ့ ညခ်မ္းေလက ဟန္နီ႕အၾကည့္ေတြေလာက္ ေအးစက္ပါရဲ႕လား ..။

ဟန္နီ႕ၿခံေရွ႕က ကြၽမ္းခါနီးေနတဲ့ မီးလုံးက မွိတ္က်သြားေတာ့မယ့္အေျခအေနနဲ႕ တူတဲ့ သူတို႔ရဲ႕ ဆက္ဆံေရးကို မီးေမွာင္းထိုးျပေနသလို ။

" ေပ်ာ္ခဲ့ရတယ္မလား .. မင္းေပ်ာ္ခဲ့တယ္မလား .. "

" .... "

" ငါနဲ႕အတူတူရွိခဲ့တဲ့ ဒီရက္ေတြမွာ .. "

" ..... "

" မင္း ေပ်ာ္ခဲ့ရင္ ရပါၿပီ .. မင္းေပ်ာ္ေနခဲ့ရင္ရၿပီ ။
ငါက အေရးမႀကီးတာမို႔ေလ "

မ်က္လုံးေသေတြနဲ႕ ၾကည့္ေနေပမယ့္ ဟန္နီ႕မ်က္၀န္းအိမ္ေတြက လႈပ္ခတ္ေနတာမ်ားလား ..
ဟန္နီ႕ မ်က္၀န္းေတြကေလ .. တုန္လႈပ္ေနတာမ်ားလား ။

ေနာက္ဆုံးတစ္ေခါက္ေလာက္ျဖစ္ျဖစ္ နစ္၀င္ၾကည့္ခ်င္တဲ့ ႏႈတ္ခမ္းပါးေတြက တင္းတင္းေစ့လို႔ သူ႕ကို အမူအရာမပ်က္ ေငးၾကည့္ေနခဲ့တာ ။

" အၿမဲတမ္း မင္းေပ်ာ္႐ႊင္ေနမယ္ ဆိုရင္ .. အဲ့ဒီမိန္းကေလးနဲ႕ပဲျဖစ္ျဖစ္ မင္းေပ်ာ္ေနမယ္ဆိုရင္ ရပါၿပီ "

ငါ့ကို ခ်စ္ခဲ့ဖူးလားလို႔ ေနာက္တစ္ေခါက္ ထပ္မေမးခ်င္ေတာ့ဘူး .. ဟန္နီက သူ႕ကို ခ်စ္တယ္လို႔မွ မေျဖဖူးခဲ့တာေလ ။
သူကသာ တစ္ဖက္သတ္ ေပ်ာ္႐ႊင္ေနခဲ့တာ .. ရယ္စရာ ။

" ဒါေပမယ့္ .. ဒါေပမယ့္ေလ .. ဟန္နီရယ္ .. "

သူ႕ႏႈတ္က ထြက္သြားတဲ့ အေခၚအေဝၚေၾကာင့္ ၊ သူေခၚလိုက္မိတဲ့ အသုံးအႏႈန္းေၾကာင့္ တင္းတင္းေစ့ထားတဲ့ ဟန္နီ႕ႏႈတ္ခမ္းပါးေတြက တုန္ယင္လာခဲ့သည္ ။
မ်က္၀န္းေသေတြက ပိုၿပီး ဝိုင္းစက္လာခဲ့တဲ့ အၾကည့္ေတြဆီ ေျပာင္းလာခဲ့ေပမယ့္ ေခတၱခဏေလးပဲ ၾကာရွည္ခံခဲ့ပါသည္ ..။

ဘာလို႔ အဲ့ဒီေလာက္ လြယ္လြယ္ ပ်က္စီးသြားခဲ့ၾကတာလဲ လို႔ ေမးမလို႔ ျပင္ၿပီးမွ ဟန္နီက လြယ္လြယ္ေလးေဆာက္ခဲ့တဲ့ ဆက္ဆံေရးမွန္း သတိရသည္ ။
သူ႕ႏွလုံးသားကို စုတ္ၿဖဲပစ္လိုက္တာကမွ ခံသာပါဦးမည္ ..။

" အနာဂတ္ .. အဲ့ဒီအနာဂတ္မွာ မင္းကို တြယ္ကပ္ေနမယ့္ ငါက ရွိေတာ့မွာ မဟုတ္ဘူး ။ မင္းလက္ကို .. ပိုင္ရွင္ရွိလာမယ့္ လူတစ္ေယာက္ရဲ႕လက္ကို ဆက္ၿပီး ဆြဲထားဖို႔ ငါမရဲတင္းနိုင္ေတာ့ဘူး "

" ...... "

" ငါ နာက်င္လိုက္တာ Jaeminရယ္ ။
မင္း မသိေပမယ့္ေလ .. ဒီေနရာ .. ဒီေနရာက စုတ္ျပတ္သတ္ေနၿပီနဲ႕ တူတယ္ .. ငါဘယ္လိုလုပ္ရပါ့မလဲ "

သူ႕ရင္ဘတ္ကို သူထုၿပီး စကားေျပာရင္း ငိုမိလာသည္ ။
ဟန္နီ႕ေရွ႕မွာ ဒီပုံစံ မျပခ်င္ခဲ့ေပမယ့္ သူထိန္းမရခဲ့ေတာ့ပါ ။

" ငါ မင္းကို စၿပီး ခ်စ္ခဲ့ကတည္းက ငါနာက်င္ရမယ္လို႔ သိခဲ့ၿပီးသားပါ ။ ငါခံနိုင္ခဲ့တာလည္း မင္းသိပါတယ္ .. ဒါေပမယ့္ ဒီတစ္ေခါက္ေတာ့ ငါ႐ူးသြားေတာ့မယ္ထင္တယ္ ။
ငါ့ႏွလုံးသားကလည္း သူပင္ပန္းေနၿပီလို႔ ငါ့ကိုေျပာေနတယ္ .. "

" ...... "

" ငါမင္းကို လႊတ္ခ်ခဲ့လိုက္ရင္ သက္သာသြားမွာလား ။
မင္းငါ့ကို ဒီလို ဘာမဟုတ္သလို ပစ္ခ်ခဲ့တဲ့အတိုင္း ငါမင္းကို လႊတ္ခ်ခဲ့ရင္ ဒီေနရာက သက္သာသြားမွာလား ။
ငါမလုပ္နိုင္ေသးဘူး ထင္တယ္ .. ဘယ္လိုလုပ္ရမလဲ .. အဲ့လို ဒီတိုင္းၾကည့္မေနဘဲ တစ္ခုခုေျပာစမ္းပါ .. ငါဘယ္လို လုပ္ရပါ့မလဲ "

" ...... "

ဘာစကား တစ္ခြန္းမွ ဟမလာတဲ့ ဟန္နီ႕ရဲ႕ ပါးတစ္ဖက္ကို သူအုပ္ကိုင္မိေတာ့ မ႐ုန္းတဲ့ ဟန္နီက အထူးအဆန္းလို .. ဒါေပမယ့္ ထူးဆန္းမေနေတာ့ ။

" ေတာင္းပန္ပါတယ္ .. ငါမင္းကို လက္လႊတ္ခဲ့လိုက္ေတာ့မယ္ ။ ငါက မင္းကို တြယ္ကပ္ေနရတဲ့ ဘ၀ကို မင္းသေဘာအတိုင္း ငါလႊတ္ခ်ပစ္ခဲ့လိုက္ေတာ့မယ္ ။
အဲ့ဒီအစား ကတိတစ္ခုေတာ့ေပးပါ .. က်ိန္းေသေပါက္ မင္းက ငါ့ထက္ အဆေတြအမ်ားႀကီး ပိုၿပီး ေပ်ာ္႐ႊင္ေပးရမယ္ "

မ်က္ရည္ေတြနဲ႕ သူေျပာမိတဲ့စကားက ရင္ထဲက စကားေတြမွန္း ဟန္နီက ေကာင္းေကာင္း သိမွာပါ ။
မ်က္ရည္ေတြကို သုတ္ၿပီး သူၿပဳံးျပလိုက္မိတယ္ .. နာနာက်င္က်င္အၿပဳံးမ်ိဳးကို ဟန္နီက အရင္းႏွီးခဲ့ဆုံးလူပါပဲ ။

" ဆယ္စကၠန႔္ေလာက္ .. ဆယ္စကၠန႔္ေလာက္ မင္းကို ဖက္ထားခြင့္ေပးပါ "

ခြင့္ေတာင္းစကားဆိုေပမယ့္ ခြင့္ျပဳခ်က္ကို ေစာင့္မေနဘဲ ရင္ခြင္ထဲ ထည့္ထားလိုက္မိတယ္ ။
အလိုက္သင့္မဟုတ္ေပမယ့္ သူဖက္လိုက္လို႔ ရင္ခြင္ထဲေရာက္လာတဲ့ အဲ့ဒီေကာင္ေလးက သူ႕ကို ျပန္ေတာ့ ဖက္မလာခဲ့ ။

// 1..2..3..4.. //

အခ်ိန္ေတြက ဒီေန႕ သိပ္ျမန္တာပဲ ။

// 5..6..7..8 //

ငါ အၿမဲတမ္း အမွတ္ရေနပါ့မယ္ .. ။
ဒီကိုယ္သင္းနံ႕ေလး .. ဒီခႏၶာကိုယ္ေလး ..။

// 9..10 //

ငါတို႔ တစ္သက္လုံး ေဝးသြားၾကတာေပါ့ ဟန္နီေရ ။
ငါမင္းကို လက္လႊတ္ေပးခဲ့ပါတယ္ ။

ဖက္ေနရာကေန ခြာလိုက္ၿပီး သူဟန္နီ႕ကို ေနာက္တစ္ေခါက္ ထပ္ၿပီး ၿပဳံးျပလိုက္တယ္ ။
စိတ္လိုလက္ရ .. ႏွစ္ႏွစ္ကာကာ .. တကယ္ကို ေပ်ာ္႐ႊင္ေနတဲ့ဟန္နဲ႕ပဲ ။

" အိမ္ထဲ ၀င်တော့ .. ငါခဏေနရင္ ျပန္ေတာ့မယ္ "

သူ႕ကို ဆယ္စကၠန႔္ေလာက္ စိုက္ၾကည့္ေနခဲ့တဲ့ ဟန္နီက ၿပီးမွ တစ္လွမ္းခ်င္း တေ႐ြ႕ေ႐ြ႕နဲ႕ အိမ္ထဲ၀င္သြားတယ္ ။

အိမ္တံခါးေလး ပိတ္သြားတဲ့အထိ ေငးၾကည့္ၿပီးေတာ့မွ သူကားေပၚကို တက္လာခဲ့တယ္ ။
ကားစက္လည္း မႏွိုးရေသး ၊ သူဒီအတိုင္း အၾကာႀကီး ေငးၾကည့္ေနခဲ့မိတယ္ ဒီအိမ္ကေလး ။

ေစာင့္ေနမိခဲ့တာက ဟန္နီ ေနာက္တစ္ေခါက္ေလာက္ ျပန္ထြက္လာဖို႔ကိုလား ..?
ဒါမွမဟုတ္ ကြၽမ္းခါနီးေနတဲ့ မီးလုံး မွိတ္သြားတာကိုလား ?

ဟန္နီ႕အိမ္ေရွ႕က မီးလုံးေလးက ျပန္မလင္းလာနိုင္ေလာက္ေအာင္ ပိတ္က်သြားတယ္ ။
မီးကြၽမ္းသြားတဲ့ မီးလုံးက သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးလိုပဲ အေမွာင္က်သြားခဲ့ၿပီ ။

သူကားေမာင္းၿပီး ထြက္လာခဲ့လိုက္ေတာ့တယ္ ..
အသြားကထက္ စာရင္ ပိုၿပီးေပါ့ပါးေနသလား မသိေတာ့တဲ့ စိတ္ေတြ ..။

ႏွာေခါင္းထဲက တစ္ခုခုစီးက်လာတာကို လက္နဲ႕ခံထားမိလိုက္ေတာ့ ထပ္ၿပီး ႏွာေခါင္းေသြးေတြ ယိုေနျပန္တယ္ ။
ကားေပၚမွာ တစ္ရႉးေတြ ဘူးလိုက္ရွိေနတာ ေတာ္ပါေသးရဲ႕ ။

ႏွာေခါင္း၀မွာ တစ္ရႉးကို ဆို႔ၿပီး ကားဆက္ေမာင္းေနမိတယ္ ။
ဒီေန႕အဖို႔ မ်က္ရည္ေတြက ကုန္သြားသလိုပဲ .. သူမငိုခ်င္ေတာ့ေပမယ့္ လမ္းမေပၚမွာေတာ့ ဟန္နီ႕မ်က္၀န္းေတြနဲ႕ ျပည့္ႏွက္ေနခဲ့ ။

ခလုတ္မွားႏွိပ္မိလို႔ ပြင့္လာတဲ့ Radioက သီခ်င္းက သူ႕ကိုေျပာင္ေနသလို ..။

[ It's impossible to get you off my mind .
I think about 100 thoughts and you are 99 .
I've understood that you will never be mine .
That's fine . I'm just breaking inside . ]

မွားႏွိပ္မိတဲ့ ခလုတ္ကို သူပိတ္ခ်လိဳက္မိတယ္ ။
ဟန္နီေရ .. ငါမင္းကို တကယ္ သိပ္ခ်စ္ခဲ့ပါတယ္ ။

...............................

ငါမခ်စ္လည္း ျဖစ္တဲ့သူကိုမွ
ငါခ်စ္ခဲ့မိပါတယ္ ။
ငါမရွိလည္း ျဖစ္တဲ့သူကိုမွ
ငါတြယ္ကပ္မိခဲ့ ။

မင္းကို လက္လႊတ္လိုက္ေတာ့မယ္ ဟန္နီေရ ..
အေရာင္စုံတဲ့ ငါ့ရဲ႕ လိပ္ျပာကေလး
ဟိုးအေဝးႀကီးမွာလည္း မင္းေပ်ာ္ပါေစ

Continue Reading

You'll Also Like

951K 72.7K 36
β•»there is this one cat who keeps on bothering himβ•Ή ❀ jaeno / nomin ❀ chogiwanese ━┅ ✎ this is made out of pure entertainment and a hundr...
244K 6K 52
⎯⎯⎯⎯⎯⎯⎯ ΰͺœβ€βž΄ 𝐅𝐄𝐄𝐋𝐒 π‹πˆπŠπ„ .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1M 54.7K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
5.4K 94 8
Queen Bridget Tudor is the youngest daughter of Henry VII and Elizabeth Of York, born in 1502. Named for her mother's sister. She becomes Queen of F...