왜 나야?? Why Me??(Z+U)
By RJ_Moonie
1.5K 230 29
Taejinkook Owncreation Unicode Seok Jin-ငါမင်းကိုသေလောက်အောင်ကိုမုန်းတယ်Tae Hyung မင်းကိုငါ့မျက်စိရှေ့ကနေလုံ... More
အပိုင်း-2
အပိုင်း-3
အပိုင်း-4
အပိုင်း-5
အပိုင်း-1
588 55 8
By RJ_Moonie
Unicode***
" ဒီနေ့အတွက်တင်ပြချင်တဲ့သတင်းကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံးသော J Groupဟာဆိုရင် အခွန်လိမ်လည်မှုဖြင့် ထိန်းသိမ်းခံထားရပါသည်.....J groupဘက်မှရှယ်ယာဝင်များရဲ့ဆူပူမှုများကြောင့် သတင်းထောက်များသာမက တစ်ခြားဝန်ထမ်းများ၏ရှုတ်ချမှုတို့ကြုံနေရပါတယ်..J Groupရဲ့ဆက်ခံသူဖြစ်တဲ့Kim Seok Jinဆိုသည့် သူမှာပျောက်ဆုံးနေလျက်ရှိပြီးရှာဖွေနေဆဲလဲဖြစ်ပါတယ်.နောက်ထပ်သတင်းများကိုအချိန်နဲ့တပြေးညီတင်ပေးသွားပါမယ်...ကျွန်မကတော့ KBSမှသတင်းတောင် Eun Soo Jinဖြစ်ပါတယ်.."
TV screenပေါ်မှတင်ဆက်နေသည့်သတင်းအား ပြုံးရိပ်သန်းကာကြည့်နေသည့်သူတစ်ဦး....။
ထို့နောက်မိမိ၏နောက်တွင်ရှိနေသည့် အမှောင်ထဲမှလူတစ်ဦးအား ရယ်ရင်းဖြင့်သာTae Hyungဆိုလိုက်သည်...။
" ကိုကိုတွေ့လား..သူတို့အကုန်လုံးကလေအရူးတွေလိုပဲ..ကိုကိုကျွန်တော့်အနားမှာရှိနေတာကို သူတို့ကကို့ကိုကိုလိုက်ရှာနေကြတယ်..ဟားဟားဟားဟား .ပြီးတော့ကိုကိုရောပဲ..ကိုကိုလဲအရူးပဲ..ကျွန်တော့်အနားမှာပဲနေနေရင်ရရဲ့သားနဲ့...ဘာဖြစ်လို့ခွဲထွက်ချင်ရတာလဲ Kim Seok Jin..ဟမ်!!?"
အမှောင်ထဲမှထိုသူသည် မိမိရှေ့မှသူပြောသမျှကိုသာငြိမ်နားထောင်နေသည်..လက်၌ချည်နှောင်ထားသည့်ကြိုးများ ကထိုသူအားခုခံခွင့်မပေးခဲ့ချေ...။ခြေထောက်မှသံခြေချင်းတို့ကလဲ ဝေးဝေးပြေးခွင့်မရခဲ့ချေ....။
မိမိအရှေ့မှလူပြောသမျှတို့အားလဲ နှုတ်ခမ်းမှ ပိတ်လှောင်ထားသည့်တိတ်အဝါတို့က ရပ်တန့်နေစေ၏....။
" ကိုကိုပြောလေ..ကျွန်တော်ကကိုကို့ကိုပဲစကားတွေပြောနေရတာ...ဟက်..ဟုတ်သားပဲ ကိိုကိုကအဆုံးထိ မဟုတ်ဘူးအစတည်းကကျွန်တော့်ကိုဆိုဂရုမစိုက်ခဲ့တာ.."
" အွင်း..အွင်း.."
ထိုမှသတိရသွားသောပုံစံဖြင့်....
" အာ..ကိုကို..တောင်းပန်ပါတယ်..ကျွန်တော်ကိုကို့ကိုပါးစပ်ပိတ်ထားမိတာကို..ကျွန်တော့်ကိုစိတ်မဆိုးနဲ့နော်??.. ဟုတ်တယ်မလားစိတ်မဆိုးဘူးမလားဟင်??"
မျက်ဝန်းထဲမှာတောင်နီရဲကာခပ်ငေးငေးကြည့်ရင်းမေးနေမိသည်
ထိုသူသည်ရှေ့မှလူ၏နှုတ်ခမ်းမှတိတ်အားခွာယူလိုက်၏.....။
" ငါမင်းကိုမုန်းတယ်.."
" ဟင့်အင်း..ကိုကိုဘာတွေပြောနေတာလဲ. ကျွန်တော်မေးတာအဲ့ဒါမဟုတ်ဘူးလေ..ကိုကို့ကိုအဲ့ဒါဖြေဖို့ပါးစပ်ဖွင့်ပေးတာမဟုတ်ဘူးလေ...အဲ့လိုမပြောနဲ့...ကျွန်တော်မကြားချင်ဘူးမို့လို့..မပြောနဲ့နော်ကိုကို.."
အရူးတစ်ယောက်သဖွယ်မိမိအရှေ့မှKim Seok Jinဆိုသည့် ထိုသူအားတောင်းပန်မှုအပြီးတွင်တော့
" ငါမင်းကိုအရမ်းမုန်းတယ် မင်းနဲ့ပတ်သက်ပြီးငါ့အတွေးထဲမှာရော ဦးနှောက်ထဲမှာရောရှိတာတွေအားလုံးကမင်းကိုမုန်းတယ်ဆိုတာပဲ Kim Tae Hyung!! "
"Kim Tae hyung ??? အရင်လို Hyung-ahဆိုတဲ့နာမည်လေး အဲ့လိုပဲပြန်ခေါ်ပေး မဟုတ်ရင်.."
" မဟုတ်ရင်ဘာဖြစ်လဲ???သတ်ချင်လို့လား...Hae Seongကိုသတ်သလိုလေသတ်လိုက်စမ်းပါ.."
"မဟုတ်ဘူး..ကျွန်တော်မဟုတ်ဘူး..ကျွန်တော်မဟုတ်ဘူး..သူ့ဘာသာ"
" မင်းရဲ့အလိမ်တွေထဲမှာငါနစ်မြောရတာတော်သင့်ပြီ..ငါမကြားချင်ဘူး..ငါ့ကိုလွှတ်ပေးရင်လွှတ်ပေး..မဟုတ်ရင်ငါ့ကိုသတ်လိုက်တော့....အဲ့တုန်းတည်းကငါအမုန်းဆုံးအနေနဲ့မင်းပေါ်လာရမှာKim Tae hyung"
ထိုမှောင်မိုက်နေသည့်အခန်းလေးမှ...အရင်ကာလများသို့...
တဖြည်းဖြည်း ပြောင်းရွေ့သွား၏...။
....................................................................
" ဆယ်ယောင်း ဝင်လေ! လာသားလေးလာခဲ့!"
တံခါးဖွင့်သံနဲ့အတူ ယောကျာ်းတစ်ယောက်၏အသံကမည်မျှပင်တိုးသော်လည်း အအိပ်စက်တဲ့ကလေးငယ်အဖို့တော့ နိုးထလာဖို့လုံလောက်သည်
ကင်မ်ဆော့ဂျင်း သူနိုးတော့သူ့အဖေကမိန်းမတစ်ဦးနှင့် ကလေးငယ်တစ်ယောက်ကိုခေါ်ကာဝင်လာသည် ကလေးငယ်လို့သာဆိုတာ သူ့နဲ့တော့မတိမ်းမယိမ်းပုံစံပါပဲ ပြီးတော့အဲ့ကောင်လေးကချောလိုက်တာ ပန်းပွင့်လေးလိုပဲ နူးနူးညံ့ညံ့ရှိတဲ့ပုံစံမျိုး သူ့ဘေးကအမျိုးသမီးကတော့ အဲ့ကောင်လေး၏မိခင်ဖြစ်ပုံပေါ်သည်
" အာပါး...."
အိပ်ချင်နေတဲ့မျက်လုံးကိုအတင်းပွတ်ရင်းအဖေ့ဆီပြေးသည် သူ့အဖေကတော့အနူးညံဆုံးပြုံးပြရင်း သူ့ကိုချီသည်
ပြီးတော့အမျိုးသမီးနှင့်ကောင်လေးဘက်ကိုလှည့်ရင်း
"ဆယ်ယောင်း!ဒါကိုယ့်သားကင်မ်ဆော့ဂျင်းလေ သားလေး သူတို့ကအခုဖေဖေတို့နဲ့နေမှာသိလား??ေဖဖေ့ရဲ့မိတ်ဆွေတွေ... ဒါကမင်ဆယ်ယောင်းတဲ့ ပြီးတော့သူလေးက ကင်မ်ထယ်ယောင်းတဲ့ သားရဲ့ညီလေးပေါ့ "
"ဟုတ်.. သားယောင်းလေးကိုချစ်တယ် ချောတယ် ယောင်းလေးကမေမေနဲ့တူတာလားဟင်"
သူ့ကိုမော့ကြည့်နေတဲ့ကောင်လေးကိုကြည့်ပြီးမေးလိုက်တော့သူ့ကိုပဲကြောင်ကြည့်နေရင်းဘာမှဆက်မပြော.. ပြီးနောက်သူ့အမေ၏ဂါဝန်အနောက်သို့ဝင်ပုန်းသည်...
ဒါကိုသူ့အဖေကသဘောတကျရယ်ရင်းနဲ့
"သားဆော့ဂျင်းလေးကအလှသိပ်ကြိုက်တာလေ သူ့အဖေနဲ့တူတာ အဟက်!"
အဖေတို့ပြောနေတာသူလုံးဝနားမလည်ပေမဲ့လဲသူလှတာကြိုက်တာတော့သိပါတယ် အထူးသဖြင့်သူ့ကိုယ်သူပေါ့!
ပြီးတော့အရှေ့ကအန်တီကြီးကဖေဖေ့စကားကြားတော့မျက်နှာကနီရဲသွားသည်....
သနားပါတယ် အပြင်မှာအရမ်းအေးနေပုံပဲ!
"ဖေဖေ သား ယောင်းလေးကို သားအခန်းထဲခေါ်ထားလို့ရလားဟင် သားနဲ့အတူတူအိပ်လို့လဲရပါတယ်!"
"အဟားဟား ဟုတ်ပါပြီဗျာ..နောက်ကျနေပြီ သွားအိပ်တော့နော်!"
"ထယ်ယောင်းလေး..သားကိုကိုနဲ့လိုက်သွားနော် မေမေကဦးဦးနဲ့စကားပြောချင်လို့!"
"ဟင့်အင်း ဟင့်အင်း မရဘူးမေမေပါလိုက်ခဲ့ အဲ့ဦးလေးကြီးကလူဆိုးကြီး!"
"ဟင်?"
ဆော့ဂျင်းအံသြတာတော့အမှန် ပြီးတော့သူ့အဖေကအရမ်းသဘောကောင်းတာပါနော် သူ့ကိုအမြဲဂရုစိုက်ပြီးစားချင်တာအကုန်ဝယ်ကျွေးတာ သူ့အခန်းထဲမှာဆို တစ်ခြားကလေးတွေလိုအရုပ်တွေနဲ့ပြည့်နေတာတောင်မဟုတ်ပဲမုန့်တွေနဲ့ပြည့်နေတာ
အင်း...အရုပ်ဆိုလို့RJလေးပဲရှိတာ ဘာဖြစ်ဖြစ်သူ့အဖေကိုအကောင်းဆုံးလို့မှတ်ထားတာလေ ဒါကိုများဟွန့်?
ရုပ်လေးချောလို့ခွင့်လွှတ်ပေးလိုက်မယ်!
"သား ထယ်ယောင်း မေမေလူကြီးကိုအဲ့လိုပြောရမယ်မှာထားတာလား??"
" အဟင့်!မေမေ?"
"ရပါတယ် ဆယ်ယောင်းရယ် ကလေးကိုမဆူပါနဲ့ သားလေး သားမေမေကိုဦးလေးဘာမှမလုပ်ဘူးနော်စကားပဲပြောမှာ ဆော့ဂျင်းလေး ညီလေးကိုခေါ်သွားနော်"
"ဟုတ် အာပါး!"
ဆော့ဂျင်းဆွဲရာနောက်ယက်ကန်ယက်ကန်ပါလာတဲ့ကောင်လေးကတော့အနောက်ကိုလှည့်ကြည့်ရင်းဖြင့်သာ...
အခန်းထဲကိုရောက်တော့....မမှီမကန်းနဲ့ဗီဒိုအပေါ်ဆင့်က သူ့အဝတ်ကိုယူလိုက်ပြီး ကုတင်ပေါ်ထိုင်နေသည့်ကောင်လေးကိုပေးလိုက်သည်
"ရော့..ဒါငါ့အဝတ်လေ ယောင်းလေးကငါ့နဲ့မကွာတော့ ဝတ်လို့ရတယ် "
သူ့အဝတ်ကိုပြန်ကြည့်ရင်း မယူသေးသည့်ကောင်လေးကြောင့်..
ဘာလဲဒီအရောင်ကိုမကြိုက်တာလား??
"ဒါငါအကြိုက်ဆုံးလေ ပန်းရောင်က..ငါယောင်းလေးကိုချစ်လို့ပေးဝတ်တာ "
"ပန်းရောင်မကြိုက်ဘူး!"
"ဟွန့်..ဘာလို့လဲ ဒီလောက်ချစ်စရာကောင်းတာကို"
"....."
"ဒါဆိုလဲဟိုမှာဗီဒိုထဲကကြိုက်တာယူဝတ်လေနော်!"
ထသွားသည့်ကောင်လေးကသူ့အဝတ်တွေကပန်းရောင်ရှပ်၌ အဖြူနှင့်အနက်စပ်ထားသည့်တစ်ထည်ကိုယူသည်...
အဝတ်တွေထဲမှာထူးထူးခြားခြားကာလာစက်နေတာဆိုလို့အဲ့တစ်ထည်ပဲရှိတာ ပြီးတော့သူမကြိုက်လို့ထိုးထည့်ထားတာဘယ်လိုမြင်သွားပါလိမ့်...
ဒါလဲကောင်းပါတယ်ပန်းရောင်မကြိုက်တော့သူလဲမလုရတော့ဘူးပေါ့!
နောက်ဆိုဖေဖေ့ကို ယောင်းလေးအတွက်ပန်းရောင်မဟုတ်တာဝယ်ခိုင်းရမယ်....
"ရေချိုးပြီးရင်ဒီမှာလာအိပ်နော်..ရေချိုးခန်းကဟိုဘက်မှာ ရလား??ငါကူပေးရမလား???"
"ကလေးမဟုတ်ဘူး!"
"ဟုတ်ပါပြီ...."
တစ်အောင့်ကြာရေချိုးခန်းထဲကထွက်လာတဲ့ကောင်လေးကအထဲမှာအင်္ကျီတစ်ခါတည်းလဲလာတယ်ထင်သည်
ဘောင်းဘီကတော့သူမထုတ်ပေးမိထား၍ရေစိုစိုနဲ့ပေကပ်ရပ်နေဆဲ...
"အာ..မေ့သွားတာ"
"......"
"ဒါလေးဝတ်...အဲ့ဒါလေးအတွက်ဘောင်းဘီကအနက်လေးမို့လို့ ရတယ်မလား??"
_"omm..ကြိုက်တယ် ကျေးဇူး"
တော်ပါသေးရဲ့အနက်သဘောကျလို့...
"ယောင်းလေးကဘာအရောင်အကြိုက်ဆုံးလဲ??"
ရ်နေဆဲကောင်လေးကိုသူ့ကုတင်မှာလာအိပ်ဖို့လက်ယက်ခေါ်လိုက်တော့ တွန့်ဆုတ်ဆုတ်သူ့ဆိီရောက်လာသည်...
"အပြာရောင်"
" ဟူတ်လား..ကိုကိုမှတ်ထားမယ်"
"ကိုကို??"
"omm..နောက်ဆို ကိုကိုလို့ခေါ်လေ ကိုကိုက1992ခုဖွား"
" ကျွန်တော်က1995"
" သုံးနှစ်ကွာတာပဲ!မှတ်ထားနော်နောက်ဆိုဒီကကင်မ်ဆော့ဂျင်းက ဒီကကင်မ်ထယ်ယောင်းရဲ့ကိုကို အဟိ!ကံကြမ္မာပဲလား?ကင်မ် တဲ့မျိုးရိုးကအစတူတာပဲ"
အဲ့တုန်းက ယောင်းရဲ့မျက်ဝန်းတွေကိုမဖတ်တတ်ခဲ့တာတော့အမှန်!!!!
ယောင်းကသိပ်ကိုသီးသန့်ဆန်တာ သူ့တစ်ယောက်တည်းအတွက်ပေါ့!
*********************************
Zawgyi***
" ကိုကိုပြောလေ..ကျွန်တော်ကကိုကို့ကိုပဲစကားတွေပြောနေရတာ...ဟက်..ဟုတ်သားပဲ ကိုကိုကအဆုံးထိ မဟုတ်ဘူးအစတည်းကကျွန်တော့်ကိုဆိုဂရုမစိုက်ခဲ့တာ.."
" အွင်း..အွင်း.."
" ငါမင်းကိုမုန်းတယ်.."
....................................................................
" အာပါး...."
"ဟင်?"
" အဟင့်!မေမေ?"
"ဟုတ် အာပါး!"
"ပန်းရောင်မကြိုက်ဘူး!"
"....."
"ကလေးမဟုတ်ဘူး!"
"ဟုတ်ပါပြီ...."
"အာ..မေ့သွားတာ"
"......"
_"omm..ကြိုက်တယ် ကျေးဇူး"
"အပြာရောင်"
"ကိုကို??"
" ကျွန်တော်က1995"
*********************************
Continue Reading
You'll Also Like
502K 7.6K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
600K 30.3K 59
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
135K 5.6K 100
a sister who's actions are untamed, and a brother who's feelings are untamed. With complete different personalities, yet an awesome bond, the sibling...
88K 793 13
I accidentally summoned a tentacle monster in the middle of the night. He wants to show me why eight arms are better than two. I said yes, and now I...